Tuesday, August 2, 2016

သံသာစက်၌ အပိုင်း (၁၈)

သံသာစက်၌ အပိုင်း (၁၈) 

ဂျင်ကလိ ရေးသည်။

မိုးကာလတွေမှာ ဆိုရင် တဟုန်ထိုးစီးဆင်း တတ်သည်ဆိုသည့် ချောင်းရေက အခုတော့တငြိမ့် ငြိမ့် လေးစီးဆင်း နေသည်။ ရေကလည်း ကျွန်မ ခြေသလုံး တဝက်ကျော်ကျာ်လောက်ပဲရှိ၏။ ရေစီးကြောင်းက ချောင်းအလည်မှာ ဆယ်ပေသာသာလောက်သာကျယ် လို့ ရေစပ်အထိဆင်းပြီး သောင်ပြင်ပေါ်က ကျောက်တုံးလေး တတုံးပေါ်မှာ ထိုင်နေမိသည်။

နောက်ကျိရှုပ်ထွေးနေသည့် ကျွန်မ၏ စိတ်တွေနှင့် ဆန့်ကျင်စွာပင် ချောင်းရေက ကြည်လင်သန့်ရှင်းနေသည်။ အောက်ခြေက ကျောက်တုံးလေးတွေနှင့်  ကူးခတ်နေကြသည့် ငါးသေးသေး ကလေးတွေကို မြင်နေရသည်။ ရေ ထဲမှာ လွတ်လပ်စွာသွားလာနေသည့် ငါးကလေးတွေကို ကျွန်မအားကျမိသည်။ တချိန်မှာ သူတို့ကို ငါးကြီးတွေက ဖြစ်စေ၊ လူတွေကဖြစ်စေ ဖမ်းဆီးစားသောက်လိမ့်မည်။ ဒါပေမယ့် လတ်တလောအခုမှာတော့ သူတို့ ဒါတွေကို မ သိဘဲ၊ သိဖို့ မလိုဘဲ လွတ်လွတ်လပ်လပ် နေနိုင်ကြ၏။ အပယ်ဘုံသားတွေ ချင်းတူတူ သူတို့ ဘဝကမှ ပိုကောင်း သည်ဟု စိတ်နာနာ နှင့်တွေးနေမိ၏။

ညတုန်းက ဘယ်လိုမှ မရှောင်သာသည့် အခြေအနေတွင် ကျွန်မ မောင်မောင်ထွေး နှင့် အိပ်ခဲ့မိ၏။ ကျွန်မ အပေါ် တွင် ကျီစယ်ရက်စက်တတ်လွန်းသည့် ကံကြမ္မာကိုသာအပြစ်ပုံရတော့မည်။ ယောက်ျားတယောက်နှင့် အိပ်ခြင်း က ကျွန်မအတွက် မထူးဆန်းလှပေမယ့် မောင်မောင်ထွေး နှင့်တော့ မဖြစ်လိုပါ။ ကျွန်မ ကို ချစ်ခင်စုံမက်သည့်ဘယ် ယောက်ျားနှင့် မှ မဖြစ်လိုပါ။ ဒီလို ဖြစ်ခြင်းက ကျွန်မအတွက် မကောင်းသလို သူတို့ အတွက်လည်း မ ကောင်း ဆိုတာ ကျွန်မသိနေသည်။ အခုကတော့ ကျွန်မဘယ်လောက်ပင် ရှောင်လွှဲချင်ပါစေ ကံကြမ္မာက အ တင်း တွန်းပို့ ခဲ့သည်။ ဒါကျွန်မ၏ ဝဋ်ကြွေး ဖြစ်သလို သူတို့တွေ၏ ဝဋ်ကြွေးလည်း ဖြစ်နေမည် ထင်ပါသည်။

 ရှောင် ချင်ပါရက်နှင့် ရှောင်လို့ မရခြင်းအတွက်ရင်နာနေရသည်။

ဖြစ်ခဲ့တာတွေ အတွက် မောင်မောင်ထွေးကတော့ ကျေနပ် ပျော်ရွှင်နေမှာကိုလည်း စိတ်မသက်မသာဖြင့် တွေးနေ မိပါသည်။ ညတုန်းကလည်း နားညီးလောက်အောင် အထပ်ထပ်တောင်းပန်နေခဲ့သည်။ ရှက်ရွံ့ခြင်း စိတ်ပျက်ခြင်း တွေ နှင့် ညစ်ညူးနေရသည့် ကျွန်မက အတင်းအော် ထုတ်တော့မှ ကုပ်ကုပ်လေးပြန်ပြေးသွားသည်။ တောင်းပန်လိုက်၊ ကျွန်မကို သူဘယ်လောက်ချစ်တယ် ဆိုတာပြောပြလိုက်နှင့် လုပ်နေသည့် မောင်မောင်ထွေးကို ကျွန်မ စိတ်မရှည်နိုင်တော့ပါ။ သူထွက် သွားမှ ကျွန်မ လည်း ရှိုက်ကြီးတငင် ငိုမိသည်။ ကျွန်မ လုပ်ဖို့ တနည်းသာရှိပါ သည်။ ဒီကထွက်သွားသည့် နည်းပဲဖြစ်၏။ ဒါမှ မောင်မောင်ထွေး ဖက်ကနေရှေ့ဆက်လာမှာတွေကို ရှောင်လွှဲ နိုင် လိမ့်မည်။

အမှန်ကို ဝန်ခံရလျှင် ဒီနေရာလေးမှာ ကျွန်မ ပျော်နေပါသည်။ အခုဖြစ်လာသည့် ကိစ္စ ကလွဲရင် ကျွန်မ အတွက် အရာရာ ငြိမ်းချမ်းသောနေရာဖြစ်သည်။ ထို့ကြောင့် ထွက်သွားဖို့ ဆုံးဖြတ်ချက်ကို လွယ်လွယ်နှင့် မချနိုင်ဘဲ ဖြစ် နေသည်။ ရင်က ဖြစ်သော သားကိုတောင် ခွဲခွာခဲ့ ဖူးပေမယ့် အပူအပင်မဲ့စွာ နေနိုင်သည့် အေးချမ်းသည့် နေရာ လေးကို ခွဲခွာဖို့ကျတော့ နောက်တွန့် နေမိ၏။ မောင်မောင်ထွေးနဲ့ သာ ဘာမှမဖြစ်ခဲ့ရင် ဘယ်လောက်ကောင်း မလဲဟု အထပ်ထပ်တွေးနေမိသည်။

ညက ပြန်သွားပြီးကထဲက မောင်မောင်ထွေးပျောက်နေသည်။ ကျွန်မကလည်း ဒါကိုပဲ သဘောကျပါသည်။ ည တုန်းက ကျွန်မ၏ အရှက်ကင်းခဲ့ မှုတွေကို အမှတ်ရတိုင်း သူ့ကို ရင်ဆိုင်ဖို့ ဝန်လေးနေရသည်။ ဒါတောင်မှ ဝေဒ နာ အချိန်တွေဆိုရင် ကျွန်မက အသိစိတ်ရှိသည်မဟုတ်၊ မှတ်မိသလောက်နှင့် တောင်ဒီလောက်ရှက်နေ ရရင် စိတ်လွတ်နေချိန်တွေမှာ လုပ်ခဲ့တာတွေက ပိုဆိုးပေလိမ့်မည်။

ချဉ်ပေါင်ခင်းထဲမှာ တကြိမ်လုပ်ပြီးနောက် ကျွန်မတို့ အိမ်ပေါ်တက်ပြီး နောက်ထပ်ဖြစ်ကြသေးသည်။ အိမ်ပေါ် ကို သွားကြဖို့ မောင်မောင်ထွေးက ပြောတာလား ကျွန်မက ပြောတာလား ဆိုတာလည်း မမှတ်မိပါ။ ဝါးကြမ်းခင်းက အသံတွေက တကျိုးကျိုး တကျီကျီ မြည်သံတွေက ကျွန်မ နားထဲမှာ ဆူညံနေ၏။ ဒီလို ဖြစ်ချင်တိုင်း ဖြစ်နေကြ ရသည့် အတွက် ရှက်ဖို့ ကျွန်မသတိမရပါ။ အိမ်ခန်းထဲ ရောက်တော့ မောင်မောင်ထွေးက ကျွန်မ၏ အဝတ်အစား တွေကို အကုန်ချွတ်ပစ်သည်။ မတားမြစ်မိသည့် အပြင် ပိုပြီးလွတ်လွတ်လပ်လပ် ချစ်ရတော့မှာမို့ ပျော်နေတာကို သာသိ၏။

အိပ်ယာထဲမှာတော့ ဆွဲစရာ ကန်စရာ ချဉ်ပေါင်ပင်တွေ မရှိပါ။ မောင်မောင်ထွေး ကျောပြင်ကိုသာ တွင်တွင်ကုပ် ခြစ် ရင်း အငမ်းမရအော်နေမိပါသည်။ကျွန်မ အသိပြန်ဝင်လာချိန် မှာတော့ မောင်မောင်ထွေးက ကျွန်မကို ဖက်ပြီး ချစ်တယ်ဆို သည့် အကြောင်းတွေ မရပ်မနားပြောနေသည်။

“ရှက်လို့ ပါကိုထွေးရယ်၊ ဘာမှ မပြောပါနဲ့တော့”

“ခုနကတော့ ချစ်တယ်၊ မရှက်ဖူးဆို”

ရှက်စိတ်က ကျွန်မ တကိုယ်လုံးကို ပျံ့နှံ့ လွှမ်းခြုံသွားသည်။ မပြောပါဘူး ဟု ငြင်းချင်ပေမယ့် ကျွန်မကို ကျွန်မ မသေချာပါ။ ဝေဒနာတက်နေချိန်ဆိုရင် ကျွန်မစိတ်က ထိန်းချုပ်လို့ မရနိုင်မှန်းလည်း သိနေသည်။ ကျွန်မ ငြိမ် နေ မိတော့ မောင်မောင်ထွေးကတောင်းပန်သည်။

“ငါ့ မှာနင့်ကို စော်ကားချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူးဟာ၊ ငါစိတ်လွတ်သွားတယ်၊ အဲဒါကလည်း နင့်ကို ငါ ချစ်လွန်းလို့ ပါမိနွယ်ရယ်”

အဲဒါကိုပဲ ကျွန်မ ကြောက်သည်။ ယောက်ျားတွေက ချစ်တာကို ကျွန်မ မလိုချင်တော့ပါ။ ကျွန်မအတွက်လိုအပ် တာက ဝေဒနာချိန်တွေ ရောက်ရင် ဖြေဖျောက်ပေးနိုင်မည့် သူတယောက်ပဲဖြစ်သည်။ အဲဒီလူကို ကျွန်မ ချစ်ဖို့ မလိုပါ။ ကျွန်မ ကိုလည်းချစ်ရန် မလိုပါ။ ကိစ္စပြီးသည်နှင့် အားလုံးပြီးဆုံးသွားတာမျိုးကိုပဲ လိုချင်ပါသည်။

“ရှာလိုက်ရတာ မိနွယ်ရယ်”

အနောက်ကို လှည့်ကြည့်လိုက်တော့ တမနက်ခင်းလုံးပျောက်နေသည့် မောင်မောင်ထွေး အနားကို ရောက်လာ သည်။ ပုံစံက စိုးရွံ့ သလိုဖြစ်နေပေမယ့် မျက်လုံးတွေထဲမှာတော့ အပျော်ရိပ်တွေကို မြင်နေရသည်။ ရှက်စိတ်ဖြင့် မျက်နှာလွှဲလိုက်သည်။ သူကတော့ ကျွန်မ ဘေးမှာဝင်ထိုင်လိုက်ရင်း

“ငါ့ ကို စိတ်ဆိုးနေတုန်းဘဲလားမိနွယ်ရယ်၊ ငါလဲ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိပါဘူး။”

“ကျွန်မ လည်းဒီလိုပါပဲ၊ ပြန်တောင် မတွေးချင်ဘူး”

“ညက ငါပြန်လှည့်လာသေးတယ်၊ နင်ငိုနေတာကြားတယ်၊ ငါ့ကို ခွင့်လွှတ်ပါ မိနွယ်”

အပျိုစင် ဘဝကို စွန့်လွှတ်လိုက်ရခြင်း အတွက်ဝမ်းနည်း ငိုကြွေးခြင်းလို့ မောင်မောင်ထွေး ထင်နေပါလိမ့်မည်။ ကျွန်မ အတွက် ဘယ်လောက်စိတ်ရှုပ်ထွေးရသည့် အဖြစ်ဆိုတာကိုတော့ သူမသိရှာပါ။ မပြောချင်တဲ့ စကားတွေ ကိုပြောနေရမှာ စိုးလို့ ကျွန်မ နှုတ်ဆိတ်ငြိမ်နေမိသည်။ မောင်မောင်ထွေး ကျွန်မဘေးက သဲပြင်ပေါ်မှာ ဝင်ထိုင် လိုက်၏။

“မိနွယ်”

လှည့်ကြည့်လိုက်တော့ နှစ်သိမ့်ပေးချင်သည့် အပြုံးမျက်နှာဖြင့် မောင်မောင်ထွေးကို မြင်ရသည်။ ချောင်းရေပြင်ဆီ မျက်နှာ ပြန်လွှဲလိုက်မိ၏။

“ငါ့ မှာ အရင်က ရည်းစား တယောက်ရှိဖူးတယ် သိလား၊ ရွာကပဲ၊ သူတို့က ချမ်းသာတယ်လေ၊ ငါနဲ့ သဘောမတူ ဘူး၊ မြို့ပေါ်က ချမ်းသာတဲ့ လူတယောက်နဲ့ အတင်းပေးစားလိုက်ကြတယ်”

ဒီအကြောင်း ကို ကျွန်မ အနည်းအကျဉ်းတော့ ကြားဖူးပါသည်။ ရွာကလူတွေ တခါတလေ မောင်မောင်ထွေးကို စကြ နောက်ကြတာကြားဖူးသည်။ ကျွန်မ နှင့် မဆိုင်သလို စိတ်လည်းစိတ်မဝင်စားလို့ ဘာမှပြန်မပြောဘဲငြိမ်နေ လိုက်သည်။

“သူနဲ့ လည်းလေ … ဟို …ဘာပြောရမလဲ..နင် နဲ့ လိုဖြစ်ဖူးတယ်”

ဘာရယ်မဟုတ်ဘဲ လှည့်ကြည့်လိုက်မိသည်ကို မောင်မောင်ထွေး တမျိုးတွေးပုံရ၏။ ပျာပျာ သလဲရှင်းသည်။

“တခါ ..တခါ ထဲပါ၊ တို့လည်း ငယ်ကြသေးတယ်လေ၊ ဘယ်လိုမှန်းတောင် သေသေချာချာ မသိလိုက်ပါဘူး၊ ဒီ ချောင်းထဲမှာပဲ ချိန်းတွေ့ကြရင်း ဖြစ်သွားတာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ ငါတို့ ဆင်ဆင်ခြင်ခြင်နေကြတာ သူအိမ်ထောင်ကျသွားတဲ့ အထိပါပဲ”

မောင်မောင်ထွေး ဘယ်လိုရည်ရွယ် ချက်နှင့် ဒါတွေကိုလာပြောပြနေသလည်း ဆိုတာ ကျွန်မ နားမလည်ပါ။ နား လည်ချင်စိတ်လည်း မရှိ။ လောလောဆယ်မှာ စိတ်ရှုပ်နေတာပဲ သိသည်။ မနေ့ညက မောင်မောင်ထွေး ဘာအ တွက် နှင့် ကျွန်မဆီကို မိုးချုပ်မှရောက်လာသလဲ ဆိုတာတောင်မှ မေးကြည့်သင့်ပါလျှက် နှင့် မမေးဖြစ်တော့ပါ။

“နင် ဒီမှာကြာပြီလား၊ ငါ အခင်းထဲမှာ ရေလောင်းနေသေးတယ်”

ကြည့်ရတာ ကျွန်မဆီလာဖို့ တွန့်နေတာနှင့် ခြံထဲမှာပဲ သူနေနေ ခြင်းဖြစ်မည်။ ကျွန်မ ကလည်း မနက်စာစားပြီး ကထဲက ဒီနားမှာ လာထိုင်နေလို့ ခြံထဲက အပင်တွေကို လှည့်တောင် မကြည့်ဖြစ်ပေ။ သူပြောမှ ခြံအလုပ်တွေကို သတိရသည်။ ထိုင်ရာကနေ ထရပ်လိုက်တော့ မောင်မောင်ထွေးက ကျွန်မ လက်ကိုဆွဲပြီးတားသည်။

“ငါ အားလုံးလုပ်ခဲ့ ပြီးပါပြီ၊ ထိုင်ပါဦး ..ဟာ”

“မထိုင်ချင်တော့ဘူး၊ ထိုင်ရတာကြာလို့ ညောင်းနေပြီ”

ကျွန်မ ထွက်လာတော့ မောင်မောင်ထွေး ဘေးကနေ ယောင်ချာချာ နှင့်ပါလာသည်။ ညနေရောက်သည်အထိ တနေ ကုန်ကျွန်မ နားမှာတောက်တဲ့လို ကပ်နေဦးမှာလား

ဟု စိတ်မောစွာတွေးလိုက်မိ၏။

“ကိုထွေး တို့ဖက်မှာရော လုပ်စရာဘာမှ မရှိတော့ဘူးလား”

လိုက်မလာစေချင်လို့ တမင်ပြောတာကို မောင်မောင်ထွေးရိပ်မိပုံရသည်။ မျက်နှာညှိုးသွား၏။ ကျွန်မ လည်းအား နာပါသည်။ ဒါကြောင့် မို့လည်း အရင်ထဲက သူရှေ့ကိုတိုးမလာနိုင်အောင်နေခဲ့ခြင်း ဖြစ်သည်။ ဒါပေမယ့် ကံတရား က အခြေအနေ တခုအထိတွန်းပို့ လွှတ်လိုက်၏။ မောင်မောင်ထွေးကတော့ သူနှင့် ကျွန်မ အဆင်ပြေသွားကြပြီလို့ ထင်နေပုံရသည်။ လူစိတ်မရှိသည့် အချိန်တွေတုန်းက ချစ်တယ်လို့ သူ့ကိုပြောခဲ့မိတာ ဟုတ်ပုံရ၏။ မောင် မောင်ထွေး၏ ရိုးသားမှု ကို ကျွန်မ ကောင်းကောင်းသိသည်။

မဟုတ်ဘဲ လီဆည်ပြီးပြော မည့်သူမျိုး မဟုတ်ပေ။ ခုလက်ရှိမှာ တော့ ကျွန်မ မျက်နှာပူနေသည်၊ ရှက်နေသည်လို့ သူထင်နေပေလိမ့်မည်။

“အမေ ခိုင်းစရာ ရှိရင် မတွေ့ဘဲနေဦးမယ်၊ ညနေမှ လာမယ်နော်”

မောင်မောင်ထွေး လမ်းခွဲထွက်သွားတော့ အိမ်ဘေးမှာ ယောင်နန ဖြင့်ကျွန်မ ရပ်ရင်းကျန်ခဲ့သည်။ ဝါးကပ်မိုး၊ ထရံကာ အိမ်ကလေး ၏ အရိပ်က အေးမြပါသည်။ ကျွန်မ ရှေ့မှာ ကျွန်မ၏ လုပ်အားနှင့် ဖြစ်ခဲ့ရသည့် သစ်ပင် တွေ ပန်းခင်း ပန်းအိုးတွေကို မြင်နေရသည်။ ဒီနေရာ လေးမှာ ကျွန်မ ပျော်ပါသည်။ ဒါပေမယ့် ကျွန်မ၏ တဒင်္ဂ စိတ်ချမ်းမြေ့ သွားရမှုတွေက မောင်မောင်ထွေး နှင့် ကျွန်မ၏ အချစ်ပွဲကြောင့် ဖရိုဖရဲ ဖြစ်နေသည့် ချဉ်ပေါင်ခင်း ကို မြင်လိုက်ရသည့် အခါ ပျောက်ဆုံးသွားရပါသည်။ မောင်မောင်ထွေးက သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ် ပေးထားပုံရသော်လည်း ထိုနေရာ ဖြစ်ကြောင်း ကျွန်မ သိနေသည်။ အဲဒီနေရာမှာ အရှက်အကြောက်တရား ကင်း မဲ့ စွာဖြင့်မောင်မောင်ထွေး ပြုသမျှ ကျွန်မ နုခဲ့သည်။ ပြီးတော့ အိမ်ပေါ်မှာ။

လေးတွဲ့သည့် ခြေလှမ်းတွေ ဖြင့် အိမ်ပေါ်ကို လှမ်းတက်လိုက်ပြီး ထရံကို မှီ၍ မျက်စေ့ မှိတ်ထားလိုက်မိသည်။ ကျွန်မ အာရုံထဲမှာ ဒီနေရာ ရောက်သည်အထိ ဖြတ်သန်းခဲ့ရသည့် ပုံရိပ်တွေက တဖျပ်ဖျပ် ခုန်ပေါက်နေသည်။ မမမြတ်၊ မမမြတ်နှင့် တွေ့ခဲ့ရသည့် လူမရှိသည့် အိမ်ကလေး၊ ကိုလင်း၊ ဝဏ္ဏရှိန်၊ သားသား၊ နောက်တော့ ကျွန်မ ရောက်ခဲ့ဖူးသည့် မြို့တွေရွာတွေလူတွေ။ ကျွန်မ နှင့် အိပ်ခဲ့ ဖူးသည့် မရေမတွက်နိုင်သည့် ယောက်ျားတွေ၊ ကာလရှည်ကြာ တွေ့ဖူးသည့် လူတချို့ကလွဲရင် ကျန်တဲ့ ယောက်ျားတွေအားလုံး၏ မျက်နှာတွေက မကွဲပြားပါ။ အားလုံး တူတူချည်းလို မြင်နေရသည်။

မောင်မောင်ထွေး မျက်နှာမှာ ဂိတ်ဆုံးတော့ ကျွန်မ သက်ပြင်းကို သာချလိုက်မိသည်။ ကံကြမ္မာက ဘာကြောင့် များ ရိုးသားဖြူစင်သူတွေကို ကျွန်မ နားကိုရောက်အောင်ပို့ပေးနေရသည် မသိပါ။ ရိုင်းစိုင်းကြမ်းတမ်း သည့် ကို အောင်ဒင်လို လူစားမျိုး၊ ဝဏ္ဏရှိန် နှင့် အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ ဖြစ်စေခဲ့သူ ကိုမိုးဇော်လို လူစားမျိုးတွေ နှင့်ပတ်သက်ရခြင်း အတွက် ကျွန်မ ဝမ်းမနည်းပါ။ ဝဋ်ကြွေး တခုကို ဆပ်ရခြင်းလို့ သာသဘောထားပါသည်။ ရိုးသား ဖြူစင်သည့် လူတွေကိုတော့ ကျွန်မ နှင့်ရောပြီး မထိခိုက် မခံစားစေလိုပါ။ ဝဏ္ဏရှိန် နှင့် တုန်းကဆိုရင် ကြားထဲက သားသားပါ မိခင်မဲ့ ရရှာသည်။

ဒီကနေ ထွက်သွားမှ ဖြစ်မည်ဟု စိတ်ဝင်လာပြီး ထရပ်လိုက်ချိန်တွင် အိမ်ဝကို လူရိပ်တခုရောက်လာသည်။ ဘယ် သူလဲဟု လှမ်းကြည့်လိုက်တော့ မောင်မောင်ထွေး၏ အမေ ဒေါ်ခင်စိန် ဖြစ်နေသည်။

“မိနွယ် ရေသမီး၊ ကြီးကြီး မြို့ထဲဖက်သွားဦးမယ်”

ခေါင်းပေါ်က တဘက်ကြားလေး ကိုလက် နှင့်ပြင်ပတ်ရင်း ပြောသည်။

“ဟုတ်ကဲ့ ကြီးကြီး”

“ရွှေလှိုင် တို့ အလှူ အတွက်ဈေးဝယ်လိုက်ရမှာ မောင်ထွေး ကိုပါခေါ်သွားမယ်၊ အိမ်ဖက်ကို တချက်ကြည့်ပေး ထားပါဦး”

“ဟုတ် ..ဟုတ်ကဲ့”

“မိကျင်မြ ငွေလာရှင်းဖို့ ရှိတယ်ကွဲ့၊ သမီး ယူထားလိုက်သိလား”

“ဟုတ်ကဲ့ပါ ကြီးကြီး”

ဒေါ်ခင်စိန် လာတုန်းကလို ခပ်သွက်သွက်ကလေး ပြန်ထွက်သွားတာကို ငေးကြည့်ရင်း အိမ်စောင့်တာဝန် ကိုဘာ လို့ ယူလိုက်မိပါလိမ့် ဟု စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေသည်။ ဒေါ်ကျင်မြ က ကျွန်မတို့ ဆီက ကုန်စိမ်းတွေ ယူသူ ဖြစ်သည်။ တလမှာ နှစ်ခါလောက်တော့ ငွေလာရှင်းပေး တတ်၏။ ဒီနေ့ မတွေ့လည်း နောက်နေ့တော့ တွေ့မည် ပင်။

အခုပင် အိမ်ကထွက်သွားဖို့ စိတ်ကူးပေါက်ပြီးမှ ကျွန်မ ယောင်ချာချာ နှင့် ထမင်းအိုး ထတည် မိသည်။ မ နေ့က ကျန်သည့် ထမင်းကြမ်းတခဲသာ ကျွန်မ ဗိုက်ထဲမှာရှိ၏။

ကျွန်မ ထမင်းစားပြီး အကြာကြီးနေမှ ဒေါ်ကျင်မြရောက်လာသည်။ ဟိုဖက်ခြံထဲက ခေါ်သံကြားရလို့ ထွက်လိုက် သွားပြီး ဒေါ်ခင်စိန် တို့ မရှိကြောင်းပြောလိုက်တော့ ကျွန်မကိုပိုက်ဆံတွေပေး သွားသည်။ သူတို့ အိမ်တံခါးတွေ သေသေချာချာ ပိတ်ထားမထား ကြည့်ပြီးမှ ပိုက်ဆံလိပ်ကလေး ကိုင်ပြီး အိမ်ဖက်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက် တော့ တံခါးဝမှာ ထိုင်ပြီး အပြင်ကိုငေးနေမိပြန်သည်။ ဘာကြောင့် မှန်းမသိ ဒီနေရာကနေ ထွက်သွားဖို့ အစီအစဉ် ကို ရွှေ့ဆိုင်းထားဦးမည်ဟု ဆုံးဖြတ်လိုက်မိသည်။

အပြင်လောကမှ ကျွန်မ၏ ဘဝသည် လွတ်လပ်သော်လည်း ကြမ်းတမ်းသည်။ ယုတ်ညံ့သည်။ နေရာအိုးအိမ်အ တည်တကျမရှိ။ သိက္ခာမဲ့သော မိန်းမ ဘဝကစက်ဆုပ်ဖွယ်ကောင်းလွန်းသည်။ ဒီမှာက ညဖက်ချိန်တွေမှာ အပြင် ထွက်ရသည်မှ အပ ကျန်သည့် အချိန်တွေမှာ အားလုံးက ခင်မင်နှစ်လိုကြသည့် မိန်းကလေး တယောက်ဖြစ်နေ သည်။ ကြုံရာနေကြုံရာစား မိန်းမပျက်တယောက် ဘဝနှင့် ဆန့်ကျင်ဖက်ဘ၀ လို့ ဆိုနိုင်၏။

ဒီနေရာမှာ ကျွန်မ အတွက်စိတ်အနှောက် အယှက်ဖြစ်စရာက မောင်မောင်ထွေး တယောက်သာရှိသည်။ မနေ့က အိမ်မှာ မတရုတ်မ အကြာကြီးလာမနေခဲ့ ဘူးဆိုလျှင် မောင်မောင်ထွေး နှင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာ မ ဟုတ်ပါ။ ကျွန်မ ဖာသာ အပြင်မှာ ကိုယ့်ကိစ္စကိုယ် လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရနိုင်သည်။ မောင်မောင်ထွေးနှင့် ပတ်သက်ပြီး အဆင်ပြေအောင်လုပ်နိုင်ရင် ဒီကနေ ထွက်သွားစရာ မလိုဟု တွေးမိချိန်တွင် အားတက်သယောင် ယောင် ဖြစ်ရသော်လည်း ဘယ်လိုလုပ်ရမည်ဟု အကြံထွက်မလာသည့် အခါမှာတော့ စိတ်ပျက်လက်ပျက်ဖြစ် ရပြန်သည်။

မောင်မောင်ထွေး တို့သားအမိကလည်း တော်တော်နှင့် ပြန်မလာကြပါ။ အိမ်ထဲမှာ နေရတာညီးငွေ့လာသည့် အခါ ခြံထဲကို ဆင်းပြီး လုပ်စရာရှိတာလေးတွေ လိုက်လုပ်ရင်း ခေါင်းထဲမှာ အမြဲတွေးနေရသည်က ဒီနေရာမှာ အ ရင်လို အေးအေးချမ်းချမ်း ဆက်နေနိုင်ဖို့ ဖြစ်သည်။ ဒီနေရာမှာ ဆက်နေရမည်ဆိုရင် အရင်ကလုပ်ဖူးသလို ကျွန်မ ကိုယ်ကို သွေးစိမ်းရှင်ရှင် ထွက်အောင်ညှဉ်းဆဲ နှိပ်စက်သည့် လမ်းကိုပြန်လိုက်ဖို့ ဝန်မလေးပါ။ ဘယ်သူကမှ လည်း ကျွန်မကို လာလှန်ကြည့်ကြမှာမဟုတ်။ မောင်မောင်ထွေးကလည်း ကျွန်မ အလိုမတူရင် လွန်ကျူးမည့် သူ မျိုး မဟုတ်ပါ။

ညနေတော်တော် စောင်းမှ မောင်မောင်ထွေး တို့သားအမိပြန်ရောက်လာသည်။ သူတို့ဖက်ဆီက စကားပြောသံ လိုလို ကြားရပြီးနောက် မောင်မောင်ထွေး ကျွန်မ ဆီ ကိုရောက်လာသည်။ ထိုအချိန်မှာ ကျွန်မက ညနေစာချက် ဖို့ မီးမွှေးနေသည်။

“ညနေ စာချက်မနေနဲ့တော့ဟေ့၊ ငါ ခေါက်ဆွဲကြော်တွေ ဝယ်လာတယ်”

ရှေ့မှာ ခေါက်ဆွဲထုပ်လေး ချပေးရင်းပြောသည်။ မီးဖိုကို ရေနှင့် ဖျန်းလိုက်ပြီး နောက် နေ့ခင်းက ဒေါ်ကျင်မြ ပေး သွားသည့် ပိုက်ဆံယူဖို့ ကျွန်မ အိမ်ပေါ်ပြန်တက်သွားသည့် အခါ မောင်မောင်ထွေး ယောင်နန ဖြင့်ရပ်ပြီး ကျန် နေခဲ့သည်။ ပိုက်ဆံ ယူလာပြီးပေးတော့

“ဘာတုန်း”

“နေ့ ခင်းက ဒေါ်ကျင်မြ ပေးသွားတာ”

“အော် …အေး၊ အေး၊ နင်စားလိုက်ဦးလေ၊ ငါလဲ သွားမယ်”

“ဟုတ်ကဲ့”

ထွက်သွားပြီးမှ မောင်မောင်ထွေးပြန်လှည့်လာသည်။

“နင် နေ မကောင်းဘူးလားမိနွယ်၊ ကြည့်ရတာ တမျိုးကြီးပဲ”

“ကောင်းပါတယ်၊ စိတ်ထင်လို့ပါ”

ကျွန်မ ကို ရွှန်းရွှန်းစားစားကြည့်ပြီး မောင်မောင်ထွေး ပြန်ထွက်သွားသည်။ သူသွားတော့ မှ ကျွန်မလည်း မရွှင် လန်းသည့် ကိုယ်ကို လန်းဆန်းသွားအောင် ရေချိုးဖို့ စိတ်ကူးရပြီး ရေသွားချိုးသည်။ ရေချိုးပြီးတော့ ခေါက်ဆွဲ ကြော်ကို စိတ်မပါ လက်မပါစားရင်း ဒီညအတွက်ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားနေ၏။ အပြင်ထွက်ရင် ကောင်းမလား၊ အိမ်မှာပဲ အချွန်တခုခု နှင့် ကိစ္စရှင်း လိုက်ရင်ကောင်းမလား ဝေခွဲရခက်နေသည်။ နောက်ပြီး မောင်မောင် ထွေးက လည်းပြောလို့ရတာမဟုတ်။ အသိစိတ်ကင်းမဲ့ နေချိန်ကသူ့ကို ချစ်တယ်ဟု ပြောလိုက်မိတာကိုအ ကြောင်းပြု ပြီး ဒီညလည်း ထပ်ရောက်ချင်ရောက်လာနိုင်သည်။ ကျွန်မ အပြင်ထွက်နေတုန်း သူရောက်လာရင် ခက်မည်။ ဘယ်သွားနေတာလဲ လို့ နောက်နေ့ မေးလာရင် ကျွန်မမှာ အဖြေကမရှိ။ ထို့ အပြင် ကျွန်မကို မတွေ့ လို့ ဟိုရှာဒီရှာ ဟိုမေး ဒီမေးလုပ်မှ ပိုဆိုးတော့မည်။

ညစာစားပြီးနောက် ကျွန်မ ညဖက်အပြင်ထွက်ရင် ဝတ်သည့် အဝတ်အစားတွေထည့်သည့် သေတ္တာလေးနား မှာ ထိုင်ပြီး ချီတုံချတုံ ဖြစ်နေမိသည်။ ဒါပေမယ့် အိမ်ရှေ့က မောင်မောင်ထွေး၏ ခေါ်သံကို ကြားလိုက်ရသည့်အခါ သက်ပြင်းချလိုက်မိပြီး သေတ္တာ ကို စိတ်ပျက်လက်ပျက်နှင့် ပြန်ပိတ်လိုက်မိပါသည်။ အခန်းပြင်ကို ထွက်လိုက် တော့ မှောင်မိုက်နေသည့် ညတညကို မြင်ရသည်။ ထိုအမှောင်ထုထဲမှာ မောင်မောင်ထွေး၏ သွားတွေကဖွေး နေသည်။ သူ၏ အပြုံးအပြည့်နှင့် မျက်နှာကို မမြင်ယောင်ပြုရင်းဘက်ထရီ ကလစ်တွေကို ချိတ်လိုက်တော့ အိမ် ထဲမှာ အလင်းရောင် ရသွား၏။

မောင်မောင်ထွေး အရင်ကထက်ပို ကြည့်ကောင်းနေတာကတော့ အမှန်ပင်။ ဆံပင်ကို ကျော့နေအောင်ဖြီးထား ပြီး အဝတ်အစားကိုလည်း သပ်သပ်ရပ်ရပ် ဝတ်ထားသည်။ကျွန်မ ဖိတ်ခေါ်စကားကိုတောင် မစောင့်တော့ဘဲ အိမ် ပေါ်သို့ လှမ်းတက်လာသည့် အခါ ဝါးကြမ်းခင်းက တကျွိကျွိ အသံတွေမြည်သွား၏။ တောဓလေ့ထုံးစံ အပျိုဆီကို လူပျိုက ညဖက်ရောက်လာခြင်းက မဆန်းပါ။ ဒီအရပ်မှာ ဒီလိုပဲဖြစ်သည်။ ကျွန်မ နှင့် မောင်မောင်ထွေးကလည်း မနေ့ညက ခရီးဆုံးကို ကျော်ခဲ့ကြပြီ ဖြစ်လို့ သူရောက်လာတာကို အပြစ်ဆိုချင်နေလို့ လည်းမရတော့ပါ။ သူလာ ပိုင်ခွင့် ရှိသည်ဟု မောင်မောင်ထွေး တွေးမည်ပင်။

“ခေါက်ဆွဲ စားပြီးပြီလား”

“ပြီးပြီ”

ထိုင်ချလိုက်သည့် မောင်မောင်ထွေး နှင့် မလှမ်းမကမ်းတွင် ကျွန်မ လည်းဝင်ထိုင်လိုက်ရသည်။ စိတ်ထဲမှာလည်း စိုးရွံ့ထိတ်လန့် နေ၏။ မောင်မောင်ထွေး မပြန်ခင် ကျွန်မ၏ အချိန်တွေရောက်လာရင် ခက်တော့မည်။ စိတ်လွတ် ပြီး ကျွန်မက စကာ ဆွဲမိလွဲမိမှာလည်း ကြောက်နေ၏။ ထို့ကြောင့် တမင် အသံကို ငြိမ်အောင်ထိန်း ပြီး

“ထူးထူး ခြားခြား ပါလား၊ ဘာကိစ္စလဲ”

“ဟာ … မိနွယ်ရာ၊ နင်ကလဲဟာ …ဟီး ..ဟီး”

မချိုမချဉ် မျက်နှာထားနှင့် မောင်မောင်ထွေးကို ကြည့်ပြီး ကျွန်မ ဘာဆက်ပြောရမှန်း မသိတော့ပါ။ သူလာတာ အကြောင်းကိစ္စ မယ်မယ်ရရ မရှိ၊ ကျွန်မ နှင့် တွေ့ရဖို့ သက်သက်သာဖြစ်ကြောင်း ကျွန်မ လည်းသိနေသည်ပင်။

“ပြော စရာ စကားတော့ နည်းနည်း ရှိတာပေါ့ဟာ”

“ဒါဆိုလဲ ပြောလေ”

တဖြည်းဖြည်း နှင့် ပိုပြီးနက်မှောင်သိပ်သည်း လာသည့် အပြင်က အမှောင်ထုက ကျွန်မကိုခြိမ်းချောက်နေသည်။ မောင်မောင်ထွေးကို ကြည့်ရသည်မှာ တော်တော်နှင့် ပြန်မယ့်ပုံမရှိပါ။ ဒီလို စိတ်ကျဉ်းကျပ်ခြင်း မျိုး ကျွန်မ တခါ မှ မခံစားရဖူးပါ။ နေ့လည်က စိတ်ကူးရသည့် အချိန်မှာ ထွက်သွားမိရင်ကောင်းသားဟု နောင်တတွေလည်း ရနေ မိ၏။ အားမနာတမ်း အတင်းနှင်လွှတ်ရင်ကောင်း မလားလို့ စဉ်းစားနေစဉ်

“ငါ ..အမေ့ကို ပြောလိုက်ရင် ကောင်းမလားလို့”

ကျွန်မ ရင်ထဲ ဒိန်းကနဲမြည်သွားသည်။

“ဘာ ..ဘာ ကိုလဲ”

“တို့ကိစ္စပေါ့၊ နင်တယောက်ထဲ နေနေရတာ စိတ်မချဘူး လို့ အမေက လည်း ခနခန ပြောနေတာ၊ အဲဒါကြောင့်”

“စဉ်းစားပါ ဦး ကိုထွေးရာ”

“ငါစဉ်းစားပြီး သွားပြီ၊ အမေ့ကို ငါတို့ ကြိုက် ..အဲ..ချစ်နေကြပြီလို့ ပြောထားလိုက်မယ်လေ၊ လက်ထပ်ဖို့ကတော့ နောက် ပိုင်းဆက်လုပ်ကြတာပေါ့ဟာ”

“ကိုထွေး …ကိုထွေးက”

“ငါ နင့်ကို တကယ်ချစ်တာပါဟာ၊ ဖြစ်နိုင်ရင် ချက်ချင်း မင်္ဂလာ ဆောင်လိုက်ချင်တာ၊ အမေမြ ဆုံးသွားတာ မကြာ သေးလို့ သာပေါ့၊”

မောင်မောင်ထွေးကို ကျွန်မ ယုံပါသည်။ ကျွန်မကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမည့်သူဆိုတာလည်း သိ နေသည်။ ဒါပေမယ့် ကျွန်မ က ယောက်ျားတယောက်နှင့် အတည်တကျပေါင်းသင်းနေဖို့ အဆင်ပြေမည့်သူ မဟုတ်ပါ။ နောက်ပြီး မောင်မောင်ထွေးကို ကျွန်မ ခင်ရုံပဲခင်သည်။ မချစ်ပါ။ ကျွန်မ၏ အချစ်တွေက အားလုံး ကို လင်းဆီမှာ ကျန်ခဲ့ပါသည်။ ယောက်ျားတယောက်ကို မချစ်ဘဲ ယူရသည့် အနေခက်မှုတွေကို ဝဏ္ဏရှိန် နှင့်တုန်းက သင်ခန်းစာတွေ ရခဲ့ပြီး ဖြစ်ပါသည်။

“အမေ့ကို ပြောလိုက်မယ် နော် မိနွယ်”

ငြိမ်သက်နေသည့် ကျွန်မ ကို မောင်မောင်ထွေးက ထပ်ပြီးလောဆော်သည်။

“စဉ်းစားပြီးမှ လုပ်တာကောင်းပါတယ် ကိုထွေးရယ်၊ ကျွန်မ အကြောင်း ကိုထွေးက ဘယ်လောက်သိလို့ အတင်း လက်ထပ်ချင်နေရတာလဲ၊ ဘယ်က လာပြီး ဘယ်ကိုသွားမှန်း

မသိတဲ့ မိန်းမကို ကိုထွေး လက်ထပ်ယူရဲလား”

မောင်မောင်ထွေး အားပါးတရပြုံးလိုက်သည်။

“နင့် အကြောင်းသိစရာ မလိုပါဘူး၊ နင့်စိတ်ရင်း ကို သိနေကြတာပဲ၊ နင့် အနေအထိုင် နဲ့ အိန္ဒြေ ကို ငါတောင်မ ဟုတ် ဘူး၊ တရွာလုံးသိတဲ့ ကိစ္စပဲလေ၊ ဘာလိုသေးလို့လဲ”

ညတိုင်းမြို့ဖက်ကိုသွားပြီး ယောက်ျားတကာနှင့် ဖြစ်ချင်တိုင်းဖြစ်နေသည့် မိန်းမ တယောက်ကို အိန္ဒြေ ရှိသည် ဆိုတော့ အကောင်းပြောတဲ့ စကားမှန်းသိသိ နှင့် ကျွန်မ ရယ်ချင်မိသည်။ မြို့ထဲကယောက်ျားတော်တော်များများ နှင့် ကျွန်မ အိပ်ဖူးသည်ဟု သိရရင် တရွာလုံးဘယ်လိုနေမည် မသိပါ။

“ကုန်ကုန် ပြောရရင်ဟာ၊ နင် အမေမြ နဲ့ လိုက်မလာခင် က နင့်ဖာသာ ဘာဖြစ်ခဲ့ဖြစ်ခဲ့ ငါဂရုမစိုက်ဘူး၊ ဒီရောက်မှ ငါတွေ့တဲ့ နွယ်နွယ်ဝင်း က ဘယ်နေရာမှပြောစရာ မရှိတဲ့ မိန်းမကောင်းလေးပဲ၊ ငါ တခြားတွေဘာမှ မတွေးချင်ပါ ဘူး၊ နင့်ကို ချစ်တယ်၊ လက်ထပ်ချင်တာပဲ သိတယ်”

ဇာတ်လမ်းကတော့ စလာပေပြီ။ ကျွန်မ ကြိုတင်စိတ်ပူထားသည့် အတိုင်း ကွက်တိဖြစ်သည်။ ဒါပေမယ့် ခုချိန်မှာ ကျွန်မ ဒီလောက်မပူပါ။ လောလောဆယ် ပူပန်နေတာက ကျွန်မ ၏ အချိန်တွေက တစထက်တစ နီးလာခြင်းပဲ ဖြစ်သည်။

“နင်စဉ်းစားချင်ရင်လည်း စဉ်းစားပါ၊ ငါ့ဖက်ကတော့ အားလုံးပြီးပြီ၊ နောက်ပြီး နင်နဲ့ ငါနဲ့ ကလည်း… ဟိုဟို ..”

ပြောရင်းကြည့်လာသည့် မောင်မောင်ထွေး၏ မျက်လုံးကြောင့် ကျွန်မ ကျောထဲစိမ့်ကနဲဖြစ်သွားသည်။

“ငါ စောင့်ရှောက်ပါရစေမိနွယ်ရယ်”

ကျွန်မလို မိန်းမ တယောက်အတွက်ယောက်ျားတယောက်နှင့် ပတ်သက်ရခြင်းက အဆန်းတကျယ်မဟုတ် ပေ မယ့် သာမန် မိန်းကလေး တယောက်အတွက်ကတော့ အရေးအရာတခုလို့ ဆိုချင်ဆိုနိုင်ပါသည်။ မောင်မောင် ထွေးကလည်း စိတ်ထားကောင်းသည့် ယောက်ျားတယောက်ပီပီ တာဝန်ယူရန် အသင့်ဖြစ်နေ၏။ ခုချိန်ကျမှ ဒါ တွေ အရေးမပါပါ၊ ဖြစ်ခဲ့သည့် ကိစ္စက အရေးမကြီးပါ ဟု ပြောရန် မသင့်တော့ပါ။ ပြောလိုက်ရင် နွယ်နွယ်ဝင်း သည် မိမိ၏ အပျိုရည်ကို အလေးအနက်မထားသည့် မိန်းကလေး တယောက်ဖြစ်သွားနိုင်သည်။

အတွေးထဲကိုရောက်သွားသောကြောင့် ဝေဒနာချိန် ကိုတောင်ခေတ္တမေ့ သွားရသည်။ သိက္ခာ မပျက်စွာငြင်းပယ် နိုင်မည့် နည်းလမ်းက စဉ်းစားလို့ မရသေးပါ။

အဖြစ်က ရိုးရိုးလေးသာ ဖြစ်သည်။ ကျွန်မ တို့ နယ်ကျွံခဲ့ကြ၏။ ကျွန် မ ကလည်း ချစ်သည်ဟု ပြောခဲ့မိသည်။ သာမန်အားဖြင့်တော့ ကန့်ကွက်သူမရှိရင် ပေါင်းသင်း နေထိုင်လိုက်ကြဖို့သာရှိတော့သည်။ ဒါပေမယ့် ကျွန်မက သာမန် မဟုတ်သည့် အတွက်ခက်နေသည်။ ကျွန်မ စဉ်းစားရင်း ငြိမ်နေ သည့် အတွက် မောင်မောင်ထွေးလည်း နှုတ်ဆိတ်နေသည်။ ကျွန်မ တွေးနေမှန်း သိလို့ အနှောက်အယှက်မဖြစ် ရအောင် ငြိမ်နေတာဖြစ်ပါမည်။ ကျွန်မ တို့ ငြိမ်သက်နေတာ အတော်ကြီးကြာသွားပါသည်။

“ဘယ်လိုပြောရမှန်း မသိတော့ပါဘူး ကိုထွေးရယ်”

တိတ်ဆိတ်ခြင်းကို ကျွန်မ က စတင်ပြီးဖြိုခွဲလိုက်၏။ ခေါင်းမော့ပြီး အကြည့်လိုက်တွင် ကျွန်မကို ရွှန်းရွှန်းစားစား ကြည့်နေသည့် မောင်မောင်ထွေး၏ မျက်လုံးတွေနှင့် တည့်တည့်တိုးသည်။ ရင်ထဲမှာ လှိုက်ကနဲဖြစ်သွားလို့ ပုံမှန် မဟုတ်မှန်း သိလိုက်ပြီး စိတ်ကို တင်းပြီးထိန်းသည်။ မရပါ။ ကျွန်မ မျက်လုံးတွေရီဝေလာ၏။ ထို့နောက် မှာတော့ နောက်ကနေ တွန်းလိုက်သလို ကျွန်မ ဆတ်ကနဲတုန်ရီသွားသည်။

“ကိုထွေးက မိနွယ်ကို တကယ်ချစ်တာလား”

ကျွန်မ မပြောသည့်စကားတွေက ပါးစပ်ကနေထွက်လာသည်ကို နားက ကြားနေရသော်လည်း တားဆီးရန် မစွမ်း နိုင်တော့ပါ။

“တကယ်ပါ မိနွယ်ရယ်၊ တကယ်ပါ”

တလက်လက်တောက်နေသည့် မောင်မောင်ထွေး မျက်လုံးတွေထဲသို့ ညှို့မြူသည့် အကြည့်ဖြင့်ကျွန်မ စိုက်ကြည့် နေမိသည်။

“ကိုထွေး ချစ်တယ် ဆိုတာ မနေ့ညကလိုလား၊ အဲဒါမျိုး ချစ်တာကိုပြောတာလား”

“အဲဒါက ..အဲဒါက မိနွယ်ရယ် ….”

ကျွန်မ နားသို့ ဝုန်းကနဲရောက်လာပြီး လက်တွေကို ဖျစ်ညှစ်သည်။ သူ့လက်တွေက တုန်ရီပြီး အေးစက်နေ၏။ ကျွန်မ၏ လက်တွေကတော့ ပူနွေးလို့ နေပါလိမ့်မည်။

မောင်မောင်ထွေး ကျွန်မကို ဖက်လိုက်သည့် အခါ အလိုက် သင့် ပါသွားသည်။ သူကျွန်မ ပါးကိုနမ်း၏။ နှုတ်ခမ်းတွေကို နမ်းသည့် အခါ ကျွန်မက လှိုက်လှိုက်လှဲလှဲကြီးကို တုန့်ပြန်ပေးလိုက်မိသည်။ ကျွန်မ စိတ်ကို မထိန်းချင်တော့ပါ။ ဒီလို အချိန်တွေမှာထိန်းလို့လည်း ဘယ်တုန်းကမှ မရခဲ့ ဖူးတာကိုသိနေသည့် အတွက် စိတ်ကိုလျှော့ချပြီး လွှတ်ပေးလိုက်သည်။

ဖက်ရင်း နမ်းရင်း မောင်မောင်ထွေး မျက်နှာကြီးနီလာသည်။ အသက်ရှုသံလည်း ပြင်းလာ၏။

“အခန်းထဲ သွားကြရအောင် နော်”

ကျွန်မ ခေါင်းညိတ်ပြလိုက်မိပါသည်။ ကျွန်မ တို့ထိုင်နေသောနေရာနှင့် အိပ်ခန်းက ငါးပေတောင်မဝေးပါ။ ခနချင်း ပင် အခန်းထဲသို့ ရောက်သွားကြသည်။ အခန်းထဲမှာ မှောင်မဲနေ၏။ ထရံပေါက်လေးတွေကနေ ဝင်လာသည့် အလင်း ပေါက်ဖျော့ဖျော့လေး တွေက လည်း အနက်ရောင်ကို အံမတုနိုင်ကြပါ။ မတ်တပ်ရပ်လျှက် နမ်းကြရင်း မောင်မောင်ထွေးက ကျွန်မ တင်ပါးတွေကို ညှစ်သည်။

“ကို ထွေး … ကိုထွေးရယ်”

မောင်မောင်ထွေး၏ မာကျောသည့်အတံကြီးက ကျွန်မ ဗိုက်ကို လာထိုးသည့်အခါ ကျွန်မ တကိုယ်လုံးသွက်သွက် ခါရမ်းသွားသည်။ သူ့ကျောပြင်ကို လက်တဖက်နှင့်ဖက်တွယ်ရင်း နောက်ထဖက်နှင့် ထမိန်ကို မသိမသာလေး ဖြည်ချပေးလိုက်သည့် အခါ ထမိန်က ကြမ်းပြင်ပေါ်သို့ ကွင်းလုံးပုံကျသွားသည်။ ဝုန်းဒိုင်းကျဲ ဆူညံနေသော မောင် မောင်ထွေးရင်ခုန်သံတွေကို ကြားနေရသည်။ သူလည်း အချိန်စောင့်ချင်ပုံ မရတော့ပါ။ ကျွန်မ တို့ကြမ်း ပြင်ပေါ်လဲ ကျသွားကြသည်။

ကျွန်မ အင်္ကျ ီ နှင့် ဘရာစီယာကို မှောင်ထဲမှာ ခက်ခက်ခဲခဲ ဖယ်ထုတ်လိုက်ပြီးတာ နှင့်မောင်မောင်ထွေး စလုပ် တော့သည်။  အဝမှာတေ့ မိသည်နှင့် အားပြင်းပြင်း ဖိဆောင့်ချလိုက်ရာ ဝါးကြမ်းခင်း သိမ့်ကနဲတုန်သွားသည်။

“အာ …အား”

ရင်ထဲမှာ အောင့်ပြီးနာသွားပေမယ့် မောင်မောင်ထွေး ကျောပြင်ကို မက်မက်မောမော ဖက်တွယ်လိုက်မိသည်။ ခု ချိန်မှာ ကြမ်းလေ နာလေ ကျွန်မက ကြိုက်လေပင်။

နောက်အချက်တွေမှာ ဆောင့်လို့ ပိုကောင်းအောင် ပေါင်နှစ် ဖက်ကို အတတ်နိုင်ဆုံးဖြဲပြီး ကော့တင်ပေးထားမိ၏။ ဟိုး အတွင်းထဲအထိ နက်နက်ရှိုင်းရှိုင်း ထိရောက်စေချင် သည်။ မောင်မောင်ထွေးက ခွန်အားကောင်းသူဆိုတော့ ကျွန်မ လိုသလောက်ခံစားမှု ကိုပေးစွမ်း နိုင်ပါ၏။

“ကောင်း လိုက်တာ မိနွယ်ရယ်”

“ကိုထွေး သဘောကျရင်ပြီးတာပါပဲ ..ကိုထွေး ရယ် …အင်း …အင်း ”

ကြမ်းပြင်က တဂျွတ်ဂျွတ် မြည်နေသလို အိမ်လေးလည်း သိမ့်သိမ့် ခါနေ၏။ ကျွန်မ ၏ အသိစိတ်တွေလည်း ကိုယ် ထဲက မီးလျှံ အရှိန်တက်လာသည်နှင့် အမျှ တစထက်တစ ေ၀ဝါးလို့လာသည်။ ကျွန်မ ဘာမှမသိတော့ပါ။ ကျွန်မ၏ အာရုံထဲမှာ ကိုယ်ထဲသို့ တဒုတ်ဒုတ် နှင့် အရှိန်ပျင်းပျင်းတိုးဝင်နေသည့် အရာနှင့် အဲဒီကပေးစွမ်း လာသော ဝေဒနာခံစားမှုသာရှိတော့သည်။

.............................................................

အမှောင်ထုထဲမှာ မောင်မောင်ထွေးက ကျွန်မကိုယ်ပေါ်လက်နှင့် လိုက်စမ်းနေသည်။

“တော်ပါတော့ ကိုထွေးရယ်”

ဝေဒနာချိန် လွန်ခဲ့ပြီဖြစ်လို့ ကျွန်မနွမ်းလျနေသည်။ ခြေပစ်လက်ပစ်လဲလျောင်းရင်း မောင်မောင်ထွေးကို တား မြစ်မိသည်။ သူက ကျွန်မ စကားကို နားမထောင်ပါ။ အဖုံးအကွယ်မဲ့နေသော ကျွန်မ ရင်သားတွေကို ခပ်ဖွဖွလေး ပွတ်ပေးနေသည်။

“ကိုင်လို့ အရမ်းကောင်းတာပဲ မိနွယ်ရာ”

ဖက်ပြိုင်မပြောချင်တော့လို့ မျက်လုံးကို မှိတ်ပြီးငြိမ်သက်နေလိုက်သည်။ ခုလေးတင် မီးကုန်ယမ်းကုန် ချစ်ထားကြ ပြီးပြီ ဆိုတော့ မောင်မောင်ထွေး ထပ်ပြီးကြိုးစားတော့မှာ မဟုတ်လို့ ထင်သဖြင့် သူ့ကိုဥပေက္ခာပြုထားလိုက်ပါ သည်။ ရင်သားတွေကို ကိုင်သည်။ ထိပ်ဖျားလေးတွေကို လက်နှင့် အသာညှစ်ပြီးလိမ်၏ စိတ်ညစ်မိပေမယ့် လေ ကုန် မခံချင်တော့ပါ။

ပြောလို့လည်းထူးနေမည် မဟုတ်လို့ သဘောထားလိုက်ပါသည်။ ဒါပေမယ့် သူ့လက်တွေ က ငြိမ်ငြိမ်မနေ၊ အောက်ကို ဆက်ဆင်းလာသည်။ ဗိုက်သား ဆီးစပ်နှင့် အောက်က အမွှေးတွေကို ပွတ်လာ သည့်အခါ သူ့ကိုကျောပေးပြီး တစောင်းအိပ်နေလိုက်သည်။ ဒါတောင်သူက အလျှော့မပေးသေးဘဲ ကျွန်မကို နောက်ကနေ ခွထားသည်။

“ကိုထွေး ဘာဖြစ်နေတာလဲ၊ ပြန်တော့”

“ပြန်မှာပါ ခနလေးပါ မိနွယ်ရာ၊ နင့်ကို ဖက်ထားချင်လို့”

ထပ်မပြောတော့ဘဲကျွန်မ ငြိမ်နေလိုက်သည်။

“ငါအမေ့ကို ပြောလိုက်ပြီသိလား”

“ဘာဖြစ်လို့ ပြောလိုက်ရတာလဲ”

“ငါနင် နဲ့ တူတူနေချင်ပြီဟ”

“အခုလဲ နေနေရတာပဲ မဟုတ်လား”

“ဒါပေမယ့် မတူဘူးလေဟာ၊ နင်ကလဲ”

မောင်မောင်ထွေးကျွန်မ ဆီညတိုင်းလာပါသည်။ သူနှင့် ကိစ္စပြီးနေလို့ အပြင်ထွက်စရာမလိုတာလည်းတော်တော် ကြာနေပါပြီ။ လက်ထပ်ချင်သည်ဟုပြောတိုင်း ကျွန်မ ဝေ့လည်ကြောင်ပတ်လုပ်နေမိ၏။ သူ၏ ရိုးသားမှုကို တော့ အသိအမှတ်ပြုမိပါ၏။ မိန်းကလေး တယောက်ကို လက်မထပ်ဘဲ ညတိုင်းသားမယားပြုခွင့် ရနေပါရက် နှင့် လက်ထပ်ယူလိုခြင်းက မောင်မောင်ထွေး၏ စိတ်ဓါတ်ကိုပေါ်လွင်စေပါသည်။ အခွင့်အရေး ကိုသာကြည့်တတ်သည့် ယောက်ျားစားမျိုးဆိုရင် ဒီအတိုင်းမှိန်းနေမှာ သေချာသည်။

သူနှင့် ညတိုင်းအိပ်နေသော်လည်း ကျွန်မ ဖက်က ဘာမှတစုံတရာ တောင်းဆိုမှုမပြုလျှင် စိတ်ဓါတ်ရေးရာ သိမ်ဖျင်းသူတယောက်ဆိုပါက ဒီလိုလက်ထပ်ဖို့ ပြော လာမှာ မဟုတ်တာသေချာသည်။

ကျွန်မ သူ့ကို တခါမေးကြည့်ဖူးသည်။

“ကိုထွေး ညတိုင်း သန်းခေါင်ကျော်မှပြန်တာ ကြီးကြီးက ဘာမှမပြောဘူးလား”

“ခါတိုင်းလဲ ငါက ရွာထဲ လျှောက်လည်နေကျပဲလေ၊ မထူးပါဘူး၊ အမေ က ငါအပြန်နောက်ကျတာရိုးနေပြီ”

တကယ်တော့ သူက မပြန်ဘဲနေချင်သည်။ ကျွန်မက ကိစ္စပြီးရင် အတင်းပြန်ပြန်လွှတ်လို့သာပြန်ရခြင်း ဖြစ်သည်။ ဒေါ်ခင်စိန်က သံသယဖြစ်စရာ အကြောင်းမရှိဟု သိရသည့်အခါ ကျွန်မ ပိုပြီးစိတ်သက်သာရာရ ရသော်လည်း မောင်မောင်ထွေးကတော့ ယူကြဖို့သာ အမြဲလိုတကျီကျီလုပ်နေတတ်သည်။ အခုတော့ သူဒေါ်ခင်စိန်ကို ဖွင့် ပြော လိုက်ပေပြီ။

“ကြီးကြီးကို ဘာတွေလျှောက်ပြောထားသေးလဲ”

“အကုန်တော့ ပြောမလားဟ၊ နင်နဲ့ ငါကြိုက်နေကြပြီဆိုတာပဲပြောတာပါ”

“ကြီးကြီး ဘာပြောလဲ”

“ငါထင်သားပဲတဲ့”

နေ့လည်ခင်းဆိုရင် အမြဲနီးပါး အတူတူရှိနေကြလို့ ထင်မည်ဆိုရင်လည်း ထင်နိုင်ပါသည်။ ကျွန်မက အိန္ဒြေ မပျက် သော်လည်း မောင်မောင်ထွေး၏ အပြောအဆိုအနေအထိုင်တွေက နည်းနည်းတော့ ပိုသည်လို့ပြောနိုင်ပါသည်။ ဒါ တောင်မှ ညဖက်အခြေအနေ တွေကို ဘယ်သူမှ မသိကြလို့ဖြစ်သည်။

“အမေ ကပြောသေးတယ်၊ ယူမှာဖြင့်လည်း ယူတော့၊ ကလေးမလေး တယောက်ထဲနေနေတာ ငါစိတ်မချဘူးတဲ့၊ အမေကလဲ နင့်ကို ချွေးမတော်ချင်နေတာဟ”

“အလကား အပိုတွေ လျှောက်ပြောနေတာ”

ပါးစပ်က ဒီလိုပြောလိုက်ရသော်လည်း လက်တွေ့မှာတော့ ဒေါ်ခင်စိန် ကျွန်မကို ခင်မင်တာ သိပါသည်။ ချွေးမအ နေနှင့် ဆိုရင်မပြောနိုင်ပေမယ့် ခိုးကိုးရာမဲ့ မိန်းကလေးတယောက် အနေနှင့် ကျွန်မ အပေါ်ကြင်နာစိတ်ထား သည်။ ဒါကတော့ ဒေါ်ခင်စိန် တယောက်ထဲမဟုတ် အိမ်နီးနားချင်းတွေ ရွာထဲကလူတွေလည်း ကျွန်မကို သနား ကြင်နာစွာစောင့်ရှောက်ကြပါသည်။ ဒီလိုစိတ်ထားတွေ ကြောင့်လည်း ကျွန်မ ထွက်မသွားနိုင်ဖြစ်နေခြင်း ဖြစ်ပါ သည်။ အေးချမ်းသော နေရာနှင့် ခင်မင်ဖေါ်ရွေသော ပတ်ဝန်းကျင်ကို စွန့် ခွာဖို့ မဝံ့ မရဲတွေဝေနေမိခဲ့သည်။ ထို သို့ တွေဝေခြင်း၏ အကျိုးဆက်ကတော့ မောင်မောင်ထွေး နှင့် မပတ်သက်ချင်ပါပဲ ပတ်သက်နေရခြင်းဖြစ်ပါတော့ ၏။

မောင်မောင်ထွေးကို ကျွန်မ အားနာသည်။ သူ၏ စိတ်ရင်းကို သိနေသဖြင့် ကျွန်မတွေ့ခဲ့ဖူးသည့် တညတာ၊ ခနတာ ယောက်ျားတွေလိုသဘောထားလို့ မဖြစ်နိုင်မှန်း သိနေသည်။

ပစ်ပစ်ခါခါ မလုပ်ရက်။ သူက လိင်ဆက် ဆံသည့်နေရာမှာ တောင်ရိုးသားသူဖြစ်သည်။ နေ့စဉ်လို ဆက်ဆံကြရင်း လင်မယားတမျှ ဖြစ်လာကြသည့်တိုင် အဆန်းအပြားတွေ မလုပ်တတ်သူ။လုပ်ဖို့ စိတ်ကူးမရှိသူဖြစ်သည်။ ကျွန်မ နှင့် စဖြစ်သည့်နေ့ကထဲက အခုထိ လှေကြီးထိုးရိုးရိုး ပုံစံအတိုင်းသာလုပ်သည်။ ရမ္မက်ကြွလာရင် အားသွန်ပြီးဆောင့်တတ်တာကလွဲလို့ တခြား ယောက်ျားတွေလို ကျွန်မကို ပုံစံအမျိုးမျိုးနှင့် ဆက်ဆံခြင်းမရှိပါ။ ကျွန်မ က သူလုပ်ခိုင်းသမျှ လုပ်ပေးမည့်အခြေ အနေ မျိုးမှာတောင်မှ သူက ရိုးရိုးပင်။ ဒါကြောင့်လည်း သူစိတ်ပျော်လို့ ဟိုဟိုဒီဒီ လက်သရမ်းတာလောက်ကို ကျွန်မ သည်းခံခြင်းလည်းဖြစ်ပါသည်။

“ငါ အမေ့ကို ဘာပြောလိုက်ရမလဲ”

“နေပါဦး ကိုထွေးရာ မိနွယ်စဉ်းစားချင်သေးတယ်”

“ဒီလိုအခြေအနေ ရောက်နေတာတောင် နင်က စဉ်းစားချင်သေးတယ်လား၊ မတော်တဆ ဗိုက်ကြီးသွားရင် ဘယ်လိုလုပ်မလဲ”

“မကြီးပါဘူး၊ ဘာလို့ကြီးရမှာလဲ”

ကျွန်မ လွှတ်ကနဲပြောလိုက်မိသည်။ မောင်မောင်ထွေး ရယ်ပြီးကျွန်မ ပုခုံးကိုညှစ်၏။ သူကတော့ ကျွန်မ တမင် ဂျစ်တိုက်ပြီး ပြောသည်လို့ထင်နေပုံရ၏။ အဲဒီညက တိတိကျကျ အဖြေမရဘဲ မောင်မောင်ထွေး ပြန်သွားရသည်။ နောက်နေ့တွေကျတော့ အဲဒီအကြောင်း သိပ်မပြောတော့၊ ပြောရင်လည်း တနေ့မှ တခါလောက်ပင်။ ညဖက် အိမ်ကို ရောက်လာရင်လည်း  ကျွန်မနှင့် ပျော်ပျော်ရွှင်ရွှင် ချစ်ပွဲဝင်ဖို့လောက်သာ လုံးပန်းနေတတ်၏။ ထို့ကြောင့် သူ စိတ်လျှော့ထားသည်ဟု ထင်မိသည်။

ဒါပေမယ့် ကျေးရွာဥက္ကဌ ဦးလှမောင်တို့ လင်မယား အိမ်ကိုရောက်လာသည့်နေ့ ကျမှ ကျွန်မ အထင်မှားမှန်းသိ သည်။ ထိုအချိန်မှာ သူနှင့် ကျွန်မက ခြံထဲမှာ အလုပ်လုပ်နေသည်။ ဦးလှမောင်ကို မြင်တော့ မောင်မောင်ထွေး သူတို့ ခြံဖက်ကို သုတ်ကနဲ ပြန်ပြေးတော့သည်။ ကျွန်မ လည်းအံ့သြစိတ်ဖြင့် လူကြီးတွေကို ခရီးဦးကြိုပြုပြီး အိမ် ပေါ်ခေါ်လိုက်ရ၏။ ဦးလှမောင် အကျိုးအကြောင်းပြောပြတော့မှ ကျွန်မ ဇာတ်ရည်လည်သည်။

“မိနွယ်၊ သမီးနဲ့ ဟိုကောင်မောင်ထွေး ရည်ငံနေကြတယ်ဆို”

မောင်မောင်ထွေး ဘာတွေလျှောက်ပြောထားမှန်း မသိတာနှင့် မထူးတော့သည့်တူတူ မျက်စိမှိတ်ပြီးခေါင်းညိတ် ပြ လိုက်ရ၏။

“မခင်စိန်က လာပြောလို့၊ မိနွယ်က တကောင်ကြွက်ဆိုတော့ ဘဘ တို့ကပဲ သမီးရဲ့ အုပ်ထိန်းသူတွေ တာဝန်ယူ ပြီး မင်္ဂလာကိစ္စ ဆောင်ရွက်ဖို့ အကူအညီတောင်းတာလေ”

“မိနွယ်မှာ အဒေါ်ရှိတယ်ဆို”

ဦးလှမောင်၏ ဇနီးက ဝင်ပြောသည်။ တကယ်မရှိသည့် အဒေါ်ကို ထုတ်ပြဖို့လည်း မလွယ်တာကြောင့် မရေမရာ နှင့် ရောချလိုက်ရပါသည်။

“အဒေါ်ဆိုပေမယ့် အရင်းလည်း မဟုတ်ပါဘူး၊ နောက်ပြီး သမီးအပေါ် ဒီရွာက လူတွေလောက်တောင် မကောင်း ပါဘူး”

“အင်း … မိနွယ် ဒီရောက်တာကြာလှမှပဲ၊ တူမလေးရယ်လို့ စုံစမ်းတာမျိုး၊ လာကြည့်တာမျိုး မလုပ်ကထဲက တို့များ လဲ သဘောပေါက်ပါတယ်၊ ဒါဆိုရင်တော့ ဘဘတို့ ကြီးကြီးတို့ကပဲ သမီး မိဘနေရာက ဆောင်ရွက်ပေးရတော့ မှာပေါ့”

မောင်မောင်ထွေး အကြံပိုင်လွန်းလှသည်။ ကျွန်မ ငြင်းချင်သော်လည်း ကျွန်မအပေါ်စေတနာထားကြသူတွေကို ငြင်းဆန်ဖို့ စကားလုံးရှာမရ။ ကျွန်မတို့ လက်ထပ်ဖို့ ကိစ္စက အတည်လိုဖြစ်သွားသည်။ တခုကိုတော့ ကျွန်မသိပ် ပြီး မကျေနပ်ချင်ပါ။ စိတ်လှုပ်ရှားနေသည့် လူတယောက်၏ တည်ငြိမ်မှုမရှိသည့် စိတ်အတွေးကို ကျွန်မ ခံစားပြီး သိနိုင်သည်။

ဒါပေမယ့် အခုတော့ နေတိုင်းသူ့ကိုတွေ့နေပါရက် နှင့် သူ၏စိတ်အကြံကို မရိပ်မိနိုင်ခြင်း အတွက် အံ့သြမိခြင်း ဖြစ်သည်။ မောင်မောင်ထွေး က ကိုလင်းလောက် စိတ်တည်ငြိမ်သူမဟုတ်၊ သူ့ မှာ အကြံအစည်ရှိ ရိုး မှန်ရင် ကျွန်မ သိမှာ မလွဲပါ။

“ငါတောင် ဘာမှ သေသေချာချာ မသိပါဘူးဟာ၊ မိနွယ်က ရှက်နေတယ်၊ အမေပဲ ကြည့်လုပ်လိုက်ပါ လို့ ပြော ဖူး တာပဲ ရှိတယ်”

မောင်မောင်ထွေးကို မေးကြည့်တော့ အဖြေကဒါပဲရသည်။ အခုမှ ဒေါ်ခင်စိန် ဒီရက်ပိုင်းမှာ ကျွန်မ၏ အဒေါ်က အဆက် အသွယ် မလုပ်သည့် ကိစ္စမေးတာ ပြန်သတိရ၏။ သူကကျွန်မ ကိုတူမ မတော်ချင်တော့လို့ နေမှာပေါ့ လို့သာ ခပ်လွယ်လွယ် ဖြေပေးလိုက်မိသည်။ ဒါကြောင့် ဒေါ်ခင်စိန်က ဦးလှမောင်တို့လင်မယားကို အကူအညီ သွားတောင်းတာ ဖြစ်မည်။

တခုသော မနက်တွင် ကျွန်မ ကို ရွာထဲက မိန်းမတွေက လှလှပပဝတ်စားဆင်ယင်စေပြီး ရွာလူကြီး ဦးလှမောင် အိမ်သို့ ခေါ်သွားသည်။ ကျွန်မ တို့ရောက်ပြီး သိပ်မကြာမှီပင် မောင်မောင်ထွေး နှင့် ဒေါ်ခင်စိန် တို့က အခြားရပ် မိရပ်ဖ တို့ နှင့် အတူရောက်လာပြီး ဦးလှမောင် လင်မယားနှင့် မင်္ဂလာ ကိစ္စပြောဆိုကြသည်။ ရက်သတ်မှတ်ကြ သည်။

ကျွန်မ ကတော့ ကျုံ့ကျုံ့လေးထိုင်ရင်း မျက်လွှာချပြီးငြိမ်နေမိ၏။ ကံကြမ္မာက ကျွန်မ ကို နောက်ထပ် ယောက်ျားတယောက် ယူဖြစ်စေဖို့ ဖန်တီးလိုက်ပြန်ချေပြီ။ ရှေ့ကို ဘာဆက်ဖြစ်လာမည်နည်းဟု တွေးရင်း ရင်ထဲ မှာမောပန်း နေမိသည်။

လူကြီးတွေ ဘာတွေပြောလို့ ဘာတွေဆွေးနွေး နေကြသည်ကိုလည်း နားထဲမှာ မကြားနိုင်အောင်ဖြစ်နေရသည်။

မောင်မောင်ထွေးလည်း ကျွန်မလိုပဲငြိမ်သက်လို့နေသည်။ သူကတော့ ပြောနေတာကို ကြားလိမ့်မည် ထင်ပါ သည်။ တောက်ပြောင်သော မျက်လုံးတွေ နှင့် ကျွန်မကို ကြည့်ရင်းစကားဝိုင်း ကိုထက်သန်စွာ နားစွင့်နေသည်။

...........................................

ကျွန်မ တို့မင်္ဂလာပွဲကို မောင်မောင်ထွေး တို့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး ကျင်းပခဲ့၏။ ဝဏ္ဏရှိန် နှင့်တုန်းက မင်္ဂလာ ဆောင်ပီပီပြင်ပြင် မလုပ်ခဲ့ရသော်လည်း ဒီတခါတော့ ရှောင်လွှဲလို့ မရတော့ပါ။ မိတ်ကပ်ထူထူ၊ နှုတ်ခမ်းနီ ရဲရဲ နှင့် တောဓလေ့ သတို့သမီး မျက်နှာကို မှန်ထဲမှာ ကျွန်မတောင် မမှတ်မိပါ။ သူများတွေကတော့ လှသည်ဟု ဆိုကြ သည်။ မောင်မောင်ထွေး ကတော့ ပြုံးရွှင်ပျော်မြူးနေ၏။ ကျွန်မ လည်းစိတ်ကို လျှော့ပြီး အတတ်နိုင်ဆုံး အလိုက် အထိုက် ကြိုးစားပြီး ရယ်ကာပြုံးကာနေပေးရပါသည်။

တိုက်ဆိုင်လှစွာ ပင် ထိုနေ့က ကျွန်မ၏ ရာသီရက်ဖြစ်နေလို့ ညဖက်မောင်မောင်ထွေး အချိန်မှီပြန်လာဖို့ စိတ်ပူစွာ စောင့် မျှော်ရခြင်းက သက်သာခွင့်ရကြသည်။ အဝတ်အစား ပြင်ဆင်ပေးသည့် အမျိုးသမီးတွေက ကျွန်မ ၏ ကိစ္စ ကို သိသွားကြသည့် အခါ မောင်မောင်ထွေးတော့ ဒီည ကံဆိုးပြီဟု ပြောပြီးရယ်ပွဲဖွဲ့ကြသည်။ ကျွန်မ ကတော့ ပြုံး လို့ပဲနေလိုက်ပါသည်။ မောင်မောင်ထွေးကလည်း ဝဏ္ဏရှိန် လိုပင် သန်းခေါင်ကျော် လောက်မှပြန်ရောက်လာ သည်။ လမ်းမလျှောက် နိုင်လောက်အောင် မူးနေလို့ သူငယ်ချင်းတွေက ထမ်းပို့ ပေးကြခြင်း ဖြစ်သည်။ သူ့ကိုယ် ကြီးကို ကျွန်မ နှင့် ဒေါ်ခင်စိန် မနိုင်မနင်း တွဲပြီး အသစ်စက်စက် မင်္ဂလာအိပ်ယာပေါ်သို့ ပို့ပေးကြရပါသည်။

ကိုယ် တော်ချောက ခေါင်းချလိုက်သည် နှင့် အိပ်ပျော်သွား၏။

မောင်မောင်ထွေး နှင့် လက်ထပ်လိုက်ပြီးနောက် ကျွန်မ သူတို့ အိမ်ကိုပြောင်းနေရသည်။ ခြံနှစ်ခြံ ကိုလည်းတခြံ ထဲ ပေါင်းလိုက်ပြီး ကျွန်မ အရင်နေခဲ့သည့် အမေ ကြီးဒေါ်မြတင့်၏ တဲကလေးကိုတော့ စိုက်ပျိုးရေး ပစ္စည်းတိုလီ မုတ်စ တွေထားလိုက်သည်။ အိမ်ပြောင်းနေရပေမယ့် ကျွန်မ အတွက်အဆင်ပြေပါသည်။ ဒေါ်ခင်စိန်က တခါတ ရံ ဇီဇာနည်းနည်းကြောင်သည်ကလွဲပြီး သဘောကောင်းပါသည်။ ခိုကိုးရာမဲ့ မိန်းကလေးတယောက်ဟု ကျွန်မကို သိ ထားသည့် အတွက်သနားညှာတာ စိတ်လည်းထားသည်။ မောင်မောင်ထွေးကတော့ ပြောဖွယ်ရာမရှိပါ။ ထို့ ကြောင့် ကျွန်မ နေရထိုင်ရတာ အဆင်ပြေပါသည်။

ထူးခြားတိုက်ဆိုင်မှု တခုကို လည်းသတိပြုမိပါသည်။ ကျွန်မ အိမ်ထောင်နှစ်ခါ ပြုခဲ့သည်။ နှစ်ကြိမ်လုံးတွင် ကျွန်မ နှင့် လက်ထပ်သူတွေက ဖခင်မရှိတော့ဘဲ မိခင်နှင့် အတူ အမေတခုသားတခု နေကြသူတွေ ဖြစ်နေသည်။ ဒါကို တိုက်ဆိုင်မှု သက်သက်လား ကံကြမ္မာက စီမံဖန်တီးခြင်းလား တွေးနေမိပါသည်။ ကျွန်မကတော့ တိုက်ဆိုင်ခြင်း လို့ပဲထင်မိပါ၏။ ဒါပေမယ့် တိုက်ဆိုင်ခြင်းက ဒီတနေရာထဲတွင်သာ မဟုတ် တခြားနေရာတွေမှာပါ တိုက်ဆိုင် လာသည့် အခါမှာတော့ ဇဝေဇဝါ ဖြစ်ရသည်။ မောင်မောင်ထွေးနှင့် ဒေါ်ခင်စိန် သားအမိက ကလေး လိုချင် သည့် နေရာမှာလည်း ဝဏ္ဏရှိန် နှင့် အန်တီနန်း တို့ နှင့် သွားတူနေပြန်သည်။

မောင်မောင်ထွေး နှင့် လက်မထပ်ခင်က စိတ်ထဲမှာ အမျိုးမျိုးဖြစ်ခဲ့ရသေးသော်လည်း လက်ထပ်သည် အထိ ရောက်သွားသည့် အခါ ကျွန်မ စိတ်ကိုလျှော့ချထားလိုက်ပါသည်။ ဖြစ်လာသည့် အခြေအနေမှာ အဆင်အပြေ ဆုံး ဖြစ်အောင် ကြိုးစားသွားဖို့ပဲရှိပါသည်။ ရိုးစင်းပြီး ငြိမ်းအေးသော ဘဝလေးက ကျွန်မ စိတ်ကိုဆွဲဆောင် ထား လိုက်၏။

 မြို့ပေါ်မှာလို မပြည့်စုံသော်လည်း အလုပ်နှင့် လက် မပြတ်အောင်နေနေရခြင်းက ကျွန်မ၏ စိတ်ကို ငြိမ် သက်စေ၏။ ခြံအလုပ်တွေ အိမ်မှုကိစ္စ တွေ နှင့် ကျွန်မမှာ အမြဲလိုရှုပ်နေရသည်။ လုပ်စရာတွေ ရှိနေတော့ စိတ် လည်း သိပ်ပြီးမပျံ့ လွင့်တော့။ ကိုယ့်ဘဝကိုယ်တွေးပြီးရင်နာ နေရသည့် အချိန်တွေ နည်းလာသည်။ ဆက်ဆံ ပေါင်းသင်းရသည့် ပတ်ဝန်းကျင်က လည်း ရိုးသားဖေါ်ရွေသူတွေ ဆိုတော့ စိတ်လက်ချမ်းသာ နေလို့ရသည်။ ထို့ကြောင့် ကျေးလက်ရွာကလေး တခုမှ အိမ်ထောင်ရှင် မိန်းကလေးတယောက်ဘဝတွင် ကျွန်မ တဖြည်းဖြည်း နှင့် အသားကျလာသည် လို့ ဆိုနိုင်ပါသည်။ ဒီနေရာကနေ ထွက်သွားဖို့ အတွေးတွေ သိပ်မတွေးမိတော့ပါ။ ည ဖက် ဝေဒနာချိန်တွေ ဆိုရင်လည်း ကျန်းမာသန်စွမ်းသော မောင်မောင်ထွေးက ကျွန်မ၏ ဆန္ဒရမ္မက်တွေကို ကောင်းကောင်းဖြေဖျောက်ပေး နိုင်၏။

ဒါပေမယ့် အဲဒါတွေက မောင်မောင်ထွေး က ကလေးလိုချင်ကြောင်းပြောမလာသေးခင် အထိဖြစ်သည်။ မောင် မောင်ထွေးကတော့ ဝဏ္ဏရှိန် လို ဆေးစစ်ဖို့ ဆိုတာတွေ ပြောတာတော့ မဟုတ်ပါ။ သူလိုချင်ကြောင်း ဘာလို့ အခုထိ မရသေးတာကို နားမလည်ကြောင်း ပြောတာသက်သက်ပဲ ဖြစ်သည်။ ဒီကိစ္စ ကို ကျွန်မ လုံး၀ ထည့်မတွေးထားပါ။ လက်ထပ်ဖို့ ဖြစ်လာတုန်းက တော့တွေးမိသေးသည်လို့ ထင်ပါသည်။ ခုနောက်ပိုင်းမှာတော့ လုံးလုံး မတွေး မိတာကတော့ အမှန်ပင်။

“အမေ က လည်း မြေးချီချင်နေပြီ၊ သူများတွေ မြေးထိန်းနေတာတွေ့ရင် အရမ်းအားကျနေသတဲ့”

ပြုံးစစ နှင့် ပြောလာသည့် မောင်မောင်ထွေးဆီကနေ မျက်နှာလွှဲပြီး ချောင်းရေပြင်ကို ကျွန်မ ငေးနေမိသည်။ ရေ စီး ထဲမှာ တအိအိ နှင့် မျောပါသွားနေသည့် သစ်ခက်တွေ အမှိုက်တွေကို လိုက်ကြည့်ရင်း ရေစုန်မျောတယ် ဆို တာ ဒါပဲဖြစ်မယ်ဟု တွေးမိ၏။ ရေကြည်ကြည်အောက်က ငါးကလေးတွေကျတော့ စုန်သူစုန်၊ ဆန်သူဆန်၊ ရေ စီးကြောင်း ကို အလျားလိုက်ကူးသူက ကူးနှင့် သူ့တို့ သဘောအတိုင်းလုပ်နေကြသည်။ ဘဝဟူသည်မှာ ရေစီး ကြောင်း တခုဟု ဆိုလျှင် ကျွန်မက မျောပါနေသူလား၊ ကူးခတ်နေသူလား ကျွန်မ မတွေးတတ်ပါ။ သို့သော် လည်း လတ်တလော အခြေအနေမှာ တော့ ကျွန်မသည် မျောပါနေသူလို့ စိတ်ထဲမှာ ခံစားနေရသည်။

“ရချိန် တန်ရင်တော့ ရလာမှာပေါ့ ကိုထွေးရယ်”

ကျွန်မ၏ နှစ်သိမ့် စကားက အသက်မပါပါ။ မောင်မောင်ထွေးကတော့ ကျွန်မလက်ကို ဖျစ်ညှစ်ပြီး အားပေးသလို ပြောသည်။

“ဟုတ်ပါတယ်၊ ငါကလဲ အလောတကြီး မဟုတ်ပါဘူး၊ ဒါပေမယ့် ရရင်တော့လိုချင်တာပေါ့ဟာ၊ အရင်ထက်ပိုပြီး နှစ်ဆ လောက်ကြိုးစားရင်ကောင်း မလားလို့ …ဟား ..ဟား”

သူ့စကားသူသဘောကျပြီး မောင်မောင်ထွေးရယ်သည်။

“ငါတို့ မယူခင်ကလေးတင် မတရုတ်မ မွေးတာနော်၊ အခု သူတောင် နောက်တဗိုက်နဲ့”

“မိနွယ်လည်း ကြိုးစားပါ့မယ် ကိုထွေးရယ်”

ကျွန်မ၏ ဆိုလိုရင်းကို မသိရှာသည့် မောင်မောင်ထွေးကတော့ သူလိုရာသူဆွဲတွေး ပြီး စပ်ဖြီးဖြီး မျက်နှာကြီးဖြင့် လာဖက်သည်။ နောက်တကြိမ်မိခင်ဘ၀ ကိုရယူဖို့ ကျွန်မ စိတ်မရဲတာ အမှန်ပင်။ သားသားကို ထားခဲ့ရသလိုမျိုး တွေ ထပ်မဖြစ်ချင်ပါ။ လူသားမဟုတ်ပေမယ့် ဝမ်းနှင့် လွယ်ကာမွေးရသည့် ရင်သွေးအပေါ်ကျွန်မ၏ မေတ္တာက လူသားမိခင်တွေထက် မသာလျှင်သာရှိမည် လုံး၀ မလျော့ပါ။ သားသားကို ထားခဲ့ရချိန်က ဘယ်လောက်ကြေ ကွဲခဲ့ရသည်။ ခံစားခဲ့ရသည်ကို ကျွန်မ အသိဆုံးဖြစ်ပါသည်။ ပြန်တွေးတိုင်းရင်ထဲမှာ နာလို့ ခုလိုနှစ်တွေကြာလာ သည့် တိုင်အောင် အတတ်နိုင်ဆုံး မတွေးမိအောင်ထိန်းချုပ်နေရဆဲဖြစ်သည်။ တကယ်လို့ ကျွန်မက မောင်မောင် ထွေး နှင့် ကလေး တယောက်မွေးမည် ဆိုရင် နောင်နှစ်ပေါင်း များစွာ ကလေးနှင့် အတူတူ နေနိုင်မှသာဖြစ်မည်။ အမိမဲ့ သားနောက်တယောက်ကို လောကထဲသို့ ထပ်ခေါ်မသွင်းရက်တော့ပါ။

“နင်က ကလေး မလိုချင်ဘူးလားဟင်”

“အဲလိုလဲ မဟုတ်ပါဘူး ကိုထွေးရယ်၊ ဒါပေမယ့် ကြောက်တော့ကြောက်တယ်”

ကျွန်မ က ကြောက်သည်ဟု ဆိုသည့်စကားကို မောင်မောင်ထွေးက တမျိုး နားလည်ပုံရသည်။ သူ့ အမေကို ဘာ တွေ သွားပြောသည် မသိ ဒေါ်ခင်စိန်က ကျွန်မ ကိုတရားဟောပါလေတော့၏။

“ယောက်ျား ဖောင်စီး မိန်းမ မီးနေ ဆိုပေမယ့် အခုခေတ်ကြီးက အရမ်း တိုးတက်နေတာပဲ သမီးရယ်၊ ဆေးတွေ က လည်းကောင်းမှကောင်း၊ အမေတို့ ရွာနီးချုပ်စပ်မှာ ကလေးမွေးပြီး အဖိတ်အစဉ် မရှိတာ ဆယ်နှစ်လောက် ရှိပြီ၊ အမေ ရော ကလေးပါ ကျန်းကျန်း မာမာပဲ”

“ကိုထွေး က အမေ့ကို ဘာပြောလို့လဲ”

အရင်က ကြီးကြီး လို့ခေါ်ပေမယ့် မောင်မောင်ထွေး နှင့် လက်ထပ်ပြီးနောက်မှာတော့ ဒေါ်ခင်စိန်ကို အမေ ဟု ကျွန်မ ပြောင်းခေါ်ပါသည်။ ကျွန်မ အပေါ် ကောင်းသည့် အပြင်သူမ ကိုယ်တိုင်ကလည်း ခေါ်စေချင်ပုံရ လို့ ဖြစ်ပါ သည်။

“အမေ့ ချွေးမ က ကလေးမွေးရမှာ ကြောက်နေတယ်တဲ့၊ အမေပြန်ပြောလိုက်ပါတယ် သူက ငယ်လဲငယ်သေး တယ် အပျို ဆိုတော့ ကြောက်မှာပေါ့လို့”

တကယ်တော့ ကျွန်မက ကလေး မမွေးဖူးလို့ ကြောက်တာမဟုတ်ပါ။ မွေးဖူးလို့ ကြောက်တာဖြစ်ကြောင်း ကျွန်မ ကိုယ်တိုင်ပဲ သိပါသည်။ ဒေါ်ခင်စိန် နှင့် စကားပြောရင်းမမမြတ်ကို အပူတပြင်းတမ်းတ မိသည်။ ဆုံးဖြတ်ဝေခွဲရ ခက်နေသည့် အခုလိုအချိန်မျိုးမှာ မမမြတ်ရှိရင် တိုင်တိုင်ပင်ပင် လုပ်လို့ရသည်။ နောက်ပြီးမမမြတ် ကသာ က လေး ယူလိုက်ဟု တိုက်တွန်းရင် ကျွန်မချက်ချင်းလက်ခံလိုက်မိမည် ဆိုတာကိုလည်း ကိုယ့်ဖာသာသိနေသည်။အ ခုတော့ ကျွန်မ တယောက်ထဲသာ ဆုံးဖြတ်ရတော့ မည့် အခြေအနေ ဖြစ်နေသည်။

ဝဏ္ဏရှိန် နှင့်တုန်းက ကိုယ်ဝန်ရှိခဲ့သည့် အခြေအနေ ကို ပြန်တွေးကြည့်မိသည်။ မမမြတ်ကတော့ ကျွန်မ လိုချင် လို့ ရလာတာဟု ဆိုခဲ့၏။ အခုကျွန်မ မှာ ကလေး လိုချင်စိတ်မရှိတာလည်း အမှန်ပင်ဖြစ်သည်။ ဒီအတိုင်းဆိုရင် ရစရာ အကြောင်းမရှိလို့ ထင်ပါသည်။ ခက်တာက အိမ်ထောင်ပြုပြီးလျှင် ကလေးမွေးရမည်ဟု အများစုက ယုံကြည်လက် ခံနေကြခြင်း ဖြစ်သည်။ မောင်မောင်ထွေး တို့ သားအမိလည်း ဒီအထဲမှာပါသလို ရွာထဲက ကျွန်မ ၏ မိန်းမဖေါ် တွေကလည်း ဒီလိုပဲတွေးကြသည်။ကိုယ်ဝန်ကြီးနှင့် ကျွန်မဆီကိုလာလည်ရင်း မိုးချုပ်သွားရာမှ ကျွန်မ အပြင်ထွက် နောက်ကျပြီး မောင်မောင်ထွေး နှင့် ဇာတ်လမ်း ဖြစ်စေခဲ့သည့် မတရုတ်မ သည်ပင် နောက် တဗိုက် ထွက်နေလေပြီ။ သူ မကလည်း ကျွန်မ ကိုကြုံတိုင်းမေးတတ်၏။

“ကလေး မယူသေးဘူးလား မိနွယ်”

“မယူတာ မဟုတ်သေးဘူး အမရေ မရသေးတာ”

“ဒါဆိုရင်တော့ မောင်ထွေး တော်တော်ညံ့တာပဲ၊ ငါ့ယောက်ျားနဲ့ များကွာပါ့”

မောင်မောင်ထွေး မညံ့၊ ညံ့နေတာက ကျွန်မ ဖြစ်ကြောင်း ဘယ်လိုပြောရမှန်းပင် မသိတော့ပါ။

“ကုသိုလ် ကံကလည်း ရှိသေးတာကိုး ..အမရယ်”

“အောင်မယ် ယောက်ျား ဖက်က နာတယ်ပေါ့၊ မောင်ထွေးကို ငါ့ယောက်ျားဆီ လွှတ်လိုက်စမ်းပါ …ဟား ..ဟား.. အရက်တလုံးလောက် ထောင်ပေးလိုက်လို့ကတော့ အိမ်က လူကလည်း ဒါမျိုး ဆိုသိပ်ဆရာလုပ်ချင်တာ”

အလိုက်သင့် ရယ်နေရပေမယ့် ကျွန်မ စိတ်ထဲမှာသက်တောင့် သက်သာမရှိပါ။ အေးငြိမ်းသော ဘဝလေးကို သ ဘောကျနေရာကနေ မောင်မောင်ထွေး ကိုယူမိတာ မှားပြီလားဟု ပြန်တွေးမိလာသည်။ နောက်ထပ်နှောင်ကြိုး တခု ကို မြင်လိုက်မိတိုင်း ကျွန်မ ရင်မောရသည်။

နှစ်ဆတိုး ကြိုးစားမည်ဟု ပြောခဲ့သည့်အတိုင်း မောင်မောင်ထွေးတကယ် ကြိုးစားသည်။ ကျွန်မ က ဝေဒနာတွေ ကင်းစင်သွားလို့ ပင်ပန်းနွမ်းလျ နေချိန်မှာ သူက နောက်ထပ်လုပ်ဦးမည် တကဲကဲ နှင့် ဆိုတော့ မနည်းဖျောင့်ဖျ တား မြစ်ရသည်။

 “ကိုထွေး ရယ် ဒီတိုင်းဆိုရင် ကလေးမရခင် မိနွယ် သေလိမ့်မယ်”

“မိနွယ် ..နင်က လေ နောက်ဖေးက ချောင်းကျနေတာပဲ”

“ဘာဖြစ်လို့လဲ”

“တောင်ကျရေဆင်း ပြီဆိုရင် ဝိုင်းဒိုင်းကျဲလို့၊ ပြီးရင်တော့ သူမဟုတ်တဲ့ အတိုင်းပဲ၊ နင်လဲ ဒီလိုပဲ အစပိုင်းဆိုရင် တော့ တက်တက်ကြွကြွနဲ့ နောက်ပိုင်းလဲကျရော အီးအဲ နဲ့ မပေးချင်တော့ဘူး”

မှောင်ထဲမှာ ဆိုတော့ ကျွန်မ၏ အရှက်မျက်နှာကို မောင်မောင်ထွေး မမြင်ရပါ။ ဒါပေမယ့် ကျွန်မ သူ့ကိုကျောပေး လိုက်တာကိုတော့ သိသွားပါသည်။ စိတ်ဆိုးသွားသည်ဟုထင်ပြီး နောက်ကနေ ဖက်ကာချော့ရှာပါ၏။

“ငါက စတာပါဟာ၊ စိတ်မဆိုးပါနဲ့ ၊ မနက်ကျရင်လဲ ခြံထဲမှာ အလုပ်တွေက စီနေတာ ငါ ဒီလောက် မိုက်ပါမလား”

ပြန်တွေးကြည့်ရင်တော့ မောင်မောင်ထွေးမှာ လည်း အပြစ်မရှိရှာပါ။ အိမ်ထောင်တခုကို ထူထောင်မိပြီဆိုတော့ သားရယ် သမီးရယ် နှင့် မိသားစုဘဝလေးကို လိုချင်ပေလိမ့်မည်။ ဒါပေမယ့် ကျွန်မ က ထိုမိသားစုလေး အပေါ် မှာ ဘယ်လောက်အထိတာဝန်ယူပေးနိုင်မလဲ၊ အချိန်ပေးနိုင်မလဲဆိုတာ ပြောရတော်တော်ခက်သည့် ကိစ္စဖြစ်နေ သည်။ ကျွန်မ က ကံစီမံရာ က ရသည့်ရုပ်သေးရုပ်စစ်စစ် ဖြစ်နေသည်။

ဒီအသိုင်း အဝိုင်းမှာက ကျွန်မ၏ စိတ်တွေကို ယိမ်းယိုင်စေသည့် ကိုလင်း လည်းမရှိ၊ မိုးဇော်လို ယောက်ျားမျိုး တွေ နှင့် ပတ်သက်မိခြင်းလည်း မရှိလို့ ကံကြမ္မာက သာဖယ်မထုတ်ရင် ကျွန်မ စွန့်ခွာ ထွက်သွားစရာ အကြောင်း အရာ မရှိပါ။ ချောင်းနဘေးက ဒီအိမ်ဒီခြံ လေးထဲမှာ ဘဝကို မြုပ်နှံထားနိုင်မည် ဆိုလျှင် အဆင်ပြေပါသည်။ ကျွန်မ ကြောက်ရမှာက ကျွန်မ၏ ကံတရား တခုသာရှိသည်။

“ကိုထွေး တကယ် ကလေးလိုချင်တာလား”

“လိုချင်တာပေါ့ဟာ၊ လင်ရယ် မယားရယ် ရှိရင် သားသမီးဆိုတာလည်း ရှိသင့်တာပေါ့”

ရိုးသားပြီး ခပ်ရိုးရိုးပင်တွေးတတ်သော မောင်မောင်ထွေးကို ကျွန်မ နားလည်ပေးနိုင်ပါသည်။ ပျော်စရာကောင်း သည့် မိသားစု ဘဝကိုသူလဲလိုချင်ပေလိမ့်မည်။ ကျွန်မ မှာသာ အခက်အခဲတွေမရှိခဲ့ ရင် အေးချမ်းသည့်ဒီနေရာ လေးမှာ မိသားစုလေးတခုနှင့် အတူ ပျော်ပျော်ရွှင်ရွှင်နေသွား ချင်စိတ်ပေါ်မိကောင်းပေါ်မိလိမ့်မည်။ မောင်မောင် ထွေး ကို ကျွန်မ မချစ်သော်လည်း ခင်ပွန်းကောင်းတယောက် လို့ လက်ခံပါသည်။ ဒီကိစ္စ ကိုကျွန်မ ဘယ်လို ဖြေ ရှင်း ရ မလဲ ဟုတွေးတိုင်း မမမြတ်ကိုပဲ တမ်းတနေရသည်။ နင်ကိုယ်တိုင်သိတာ ပိုကောင်းတယ်ဟု ပြောတတ် သော မမမြတ် ဒီတကြိမ်ဆိုရင် ဘယ်လိုအကြံများပေးလေမလဲဟု တွေးကြည့်နေမိသည်။

ဝဏ္ဏရှိန် နှင့် ကိုယ်ဝန်ရတုန်းက နင်လိုချင်လို့ ရတာဟုမမမြတ်ပြောဖူးသည်။ ကျွန်မကလည်း လိုချင်စိတ်ပေါက် သွားမိလို့ ရခဲ့တာဟု လက်ခံခဲ့၏။ ဒါပေမယ့် တကြိမ်ထဲဆိုတော့ ဒီအဖြစ်က ဒီအတိုင်းလို့တော့ပြောလို့ မရပါ။ ထို့ ကြောင့်မောင်မောင်ထွေးကို ကတိပေးလိုက်မိသည်။

“စိတ်ချပါကိုထွေးရယ် မိနွယ် ကိုထွေးကို ကလေးတယောက် မွေးဖြစ်အောင်မွေးပေးပါမယ်”

မောင်မောင်ထွေး က အားပါးတရပြုံးလိုက်ရင်း

“တယောက်ထဲကတော့ နည်းတာပေါ့မိနွယ်ရာ၊ နှစ်ယောက်လောက်တော့လုပ်၊ တယောက်ထဲဆိုတော့ ပျင်းတယ် ဟ၊ မယုံမရှိ နဲ့ ငါ့ကိုယ်တွေ့ ..ဟဲ ..ဟဲ”

မောင်မောင်ထွေးကျေနပ် နှစ်သိမ့်သွားတာကိုမြင်တော့ ကျွန်မလည်း စိတ်ချမ်းသာပါသည်။ သူက ကျွန်မ အပေါ် ကောင်းရှာသည် မဟုတ်လား။

“အဆင်ပြေ သလိုပေါ့ ကိုထွေးရာ..နော်”

ကျွန်မစိတ်ထင်တာလဲဖြစ်ချင်ဖြစ်မည်။ အဲဒီညက မောင်မောင်ထွေး အရင်နေ့တွေကထက် ပိုပြီးတက်ကြွသည်။

“မိနွယ် နင်ဘာလေးလိုချင်လဲဟင်”

“ဘာရရပေါ့”

ဝေဒနာချိန်ရောက်နေလို့ ကျွန်မ စကားများများမပြောနိုင်ပါ။ သူနှင့် အိပ်ဖို့ကိုသာ အာသာပြင်းပြနေ၏။ ကျွန်မ၏ ဂမူးရှူးထိုးတုန့်ပြန်မှုတွေက မောင်မောင်ထွေး ကိုအမြဲလိုသွေးကြွစေတတ်ပါသည်။

“ဟာ ..ဟာ …တောင်ကျရေတွေတော့ ဆင်းပဟ”

ရယ်သံတဝက်နှင့်ပြောရင်း ကျွန်မ စိတ်ကျေနပ်အောင် အားသွန်ခွန်စိုက်ဆောင့်ပေးသည်။ အမှောင်ထဲမှာ သူ့ မျက်နှာကို မမြင်ရသော်လည်း မောင်မောင်ထွေး ကျွန်မ၏ တုန့်ပြန်မှုတွေကို အရမ်းသဘောကျနေမှာ ဖြစ် ကြောင်း သိနေပါသည်။ အားပြင်းပြင်းဆောင့်ချက်တွေက ကျွန်မ ကိုအချက်တိုင်းထိသည်။ တကိုယ်လုံးမှာ ပြည့် နှက်နေသည့် ရမ္မက်သွေး၏ ဆွဲဆောင်မှုကြောင့် မောင်မောင်ထွေး ကျောပြင်ကို ကျွန်မ ကုပ်ခြစ်နေမိသည်။ တ ကိုယ်လုံးတွန့်လိမ်ပြီး အောက်ကနေ စည်းချက်မှန်မှန်နှင့် ပြန်ပြီးကော့တင်ပေးလိုက်သည့် အခါ မောင်မောင် ထွေး ၏ ဆောင့်ချက်တွေက ပိုပြီးတောင်ပြင်းလာသလိုထင်ရသည်။ အားစိုက်ပြီးဆောင့် လိုက်တိုင်းကျွန်မ၏ အင်္ဂါဇာတ်တောင်မှ အတွင်းကို ခွက်ဝင်သွားတော့ မလောက်ပင်။

ကျွန်မ တို့က မီးဖိုဘေး မြေစိုက်အခန်းလေးထဲမှာ အိပ်သည်ဆိုတော့ အိမ်ရှေ့ခန်းမှာအိပ်သည့် ဒေါ်ခင်စိန်ကို အားနာရန် မလိုပါ စိတ်လွတ်လက်လွတ်လုပ်နိုင်ကြသည်။

ထို့ကြောင့် ညစဉ်ညတိုင်း ဒီအခန်းလေးထဲမှာ ရမ္မက် သံတွေနှင့် စီစီညံညံ ရှိသည်ဟုဆိုရင်မှားမည် မဟုတ်ပါ။ အရင်ကတော့ ကျွန်မတို့ အပေါ်က အခန်းလေးထဲမှာ အိပ်ကြသည်။ အဲဒီတုန်းက အပြင်ခန်းက ဒေါ်ခင်စိန် ကို အားနာစောင့်ထိန်းနေကြရလို့ လွတ်လွတ်လပ်လပ် ချစ် ခွင့် မရကြ။ ကျွန်မ လိုပင်စိတ်တိုင်း ကျပုံမရသည့် မောင်မောင်ထွေးက နောက်ကို ပြောင်းလိုက်တော့ ကျွန်မ အ တွက်လည်း အဆင်ပြေသွားသည်။ ဝေဒနာချိန်တွေ ဆိုရင် ကျွန်မက လူမှန်းသိတာမဟုတ်ပါ။ အပေါ်ခန်းမှာဆို ရင် ကျွန်မ၏ တက်ကြွမှုကို မောင်မောင်ထွေး အမှီလိုက်ဖို့ ခက်ဟန်တူပါသည်။

“မိနွယ်”

“ဟင်”

မောင်မောင်ထွေးက ခန ရပ်လိုက်ပြီး လှန်ရုံလှန်ထားသည့် ထမိန်ကို ဆွဲချွန်လိုက်သည်။ ကျွန်မ က သူချွတ်ရ လွယ်အောင် တင်ပါးကို ကော့ကာကြွပေးရင်း အပေါ်က အင်္ကျ ီနှင့် ဘရာစီယာကို ပါချွတ်ပေးလိုက်သည်။ အပေါ် ပိုင်းပါ ချွတ်ပေးလိုက်ကြောင်း မောင်မောင်ထွေး သိသာအောင် သူပြန်တက်လာသည့် အချိန်တွင် လက်တဖက် ကိုဆွဲယူပြီး အကာအကွယ်မဲ့ ရင်သားတွေပေါ်တင်ပေးလိုက်သည်။ သူ၏ လက်ကြမ်းကြမ်း ကြီးတွေဖြင့် ရင်သား တွေကို ညှစ်လိုက်သည့် အခါ ကျွန်မ တကိုယ်လုံး တုန်သွားရသည်။

ညှစ်လို့ အားရတော့မှ လက်ဖြင့်ရွရွ လေး ပွတ် ပေးရင်း ခပ်မှန်မှန် ဆက်ဆောင့်၏။

“ကိုထွေး၊ ကိုထွေး ကြယ်သီးက စူးတယ်”

မောင်မောင်ထွေး ကို သူဝတ်ထားသည့် အင်္ကျ ီကိုပါချွတ်ခိုင်းလိုက်သည်။ နှစ်ယောက်လုံး ကိုယ်လုံးတီးဖြစ်သွား သောအခါ ချစ်ရတာ ပိုလို့ အားရပါးရဖြစ်လာသည်။ မောင်မောင်ထွေးလည်း အရှိန်ပိုရပြီး ကြမ်းတမ်း လာသည်။ ကျွန်မ လိုချင်တာကလည်း ဒါပဲဖြစ်သည့် အတွက် သူဘယ်လောက်ကြမ်းကြမ်း လှိုက်လှိုက်လှဲလှဲ တုန့်ပြန်ပေး နေမိပါ၏။ ကိုယ်လုံးတီးချွတ်ဖို့ မောင်မောင်ထွေးက တောင်းဆိုခဲပါ သည်။ အလိုက်တသိနှင့် ထမိန်လှန်ပေး ရုံလောက်ကို ကျေနပ်နေတတ်သူဖြစ်သည်။ အားမရသည့် ကျွန်မက သာ ခရီးတဝက်လောက်ဆိုရင် သူမ ချွတ်လည်း ကိုယ့် ဖာသာချွတ်ပစ်တတ်သည်။

အားသွန်ခွန်စိုက်လုပ်ရင်း မောင်မောင်ထွေး တကြိမ်ပြီးသွားသည်။ ဒါပေမယ့် သူ့ဟာကြီးကို ပြန်မထုတ်ဘဲ ဆက် သွင်းထားရင်း ကျွန်မ ကိုယ်ပေါ်မှာ မှောက်ပြီးနားသည်။

ကျွန်မ က မတားသည့် အပြင် ပြန်ပြီးတင်းမာလာအောင် အောက်ကနေ လှုပ်ပေးနေမိ၏။ ကျွန်မ၏ ဝေဒနာတွေက ကင်းစင် မသွားသေးပါ။ ဒီနေ့ မောင်မောင်ထွေး ပြီးတာ စောလွန်းသည်။

“နောက် တချီပဲ ရတော့မှာလား”

“ကိုထွေးကလည်း၊ လုပ်တောင်မလုပ်ရသေးဘူး ဈေးဆစ်နေသေးတယ်”

“ငါဒီနေ့ မြန်သလိုပဲနော်”

“အဲဒါတော့ မသိတော့ဘူး၊ စကားသိပ်များတာပဲ”

ခုချိန်မျိုးမှာ ကျွန်မ စကားပြောချင်စိတ်မရှိပါ။ လိင်ဆက်ဆံချင်စိတ်ပဲရှိပါသည်။

“နင်လည်း ကလေးလိုချင်တယ် မဟုတ်လား”

“ဒါပဲပြောနေတာပဲ၊ လိုချင်တယ်လိုချင်တယ်၊ ကျေနပ်ပြီလား၊ စကားပြောနေမှာ ဆိုလဲ ဖယ်တော့”

စိတ်မရှည်စွာ ပြောလိုက်သည့် အဆုံးတွင် မောင်မောင်ထွေးဆီက ရယ်သံသဲ့သဲ့ ထွက်လာသည်။ ကျွန်မ ကိုယ် ပေါ် မှောက်နေရာမှ လက်ထောက်ကာထလိုက်ပြီး ခပ်ဖြည်းဖြည်းချင်း ပြန်ဆောင့်၏။ သူ့ဟာကြီးက နည်း နည်း တော့ ပျော့နေသေးသည်။ အစွမ်းကုန်တင်းမာနေခြင်း မရှိသေးပါ။ ဒါပေမယ့် ကျန်းမာသန်စွမ်းသူဆိုတော့ မကြာ ခင်အချိန် အတွင်းမှာပင် ပြန်လည်တင်းမာလာမည် ဆိုတာ ကျွန်မ သိပါသည်။

“မိနွယ် နင်တကယ်ပြောတာနော်”

“တကယ်ပါဆို၊ လုပ်မယ်ဆိုလဲ လုပ်၊ ညနက်နေပြီ”

ကျွန်မ စိတ်မရှည်တော့တာကို ရိပ်မိသွားသည့် မောင်မောင်ထွေးက ကျွန်မခါးကို တင်းတင်းဆွဲလိုက်ပြီး အရှိန်ပြန် တင်ပြီးဆောင့်ပေးသည်။ သူ့ဟာကြီး တဖြည်းဖြည်းနှင့်သံချောင်းတမျှ ပြန်လည်တင်းမာလာတာကို ကျွန်မ၏ အတွင်း သားတွေက ခံစားလို့သိနေသည်။ ကျွန်မ၏ ကိုယ်တွင်းကို မွှေနှောက်ရာကနေ တကိုယ်လုံးဆီ အထိပျံ့ နှံ့သွားသော ခံစားမှုကြောင့် မောင်မောင်ထွေး၏ လည်တိုင်ကို သိုင်းဖက်လိုက်မိသည်။

“ကိုထွေး ရယ် …အား …မိနွယ်လေ….အင်း ….အင့်”

.................................................................

ဝေဒနာချိန်တွေမှာ ဆိုရင် ကျွန်မ အရှက်တရားမဲ့တာ၊ အသိစိတ်လွတ်တာ မဆန်းတော့ပါ။ ဒီဘ၀ ကိုရောက်ခါစ က လူကောင်းပကတိ အချိန်တွေမှာ ပြန်တွေး ပြန်စဉ်းစားမိရင် ရှက်ခဲ့၏။ စိတ်ပျက်ဝမ်းနည်းခဲ့ရ၏။ ကြာလာတော့ လည်း ဘယ်လိုယောက်ျားမျိုးနှင့် ဘယ်လိုပင်ဖြစ်ခဲ့ ဖြစ်ခဲ့ သာမန် အချိန်တွေမှာ ပြန်မတွေး ဖြစ်အောင်နေနိုင်လာသည်။ ညဖက်မှာ အရှက်မရှိသည့် ကျွန်မသည် အခုနေ့ခင်းက ကျွန်မ မဟုတ်တော့သလိုပင် စိတ်မှာ ထားတော့ ၏။ ထို့ကြောင့် လည်း မောင်မောင်ထွေး ကို ညကပြောခဲ့တာတွေကို နောက်တနေ့မှာ တော်တော်နှင့် ပြန်သတိမ ရပါ။ နဂိုထဲကမှ အာရုံတွေဝေေ၀ဝါးဝါး အချိန်က ကိစ္စတွေ ဖြစ်ရာ သေသေချာချာ ပြန်တွေးမှပေါ်မည့် ဟာတွေကို လုံး၀ ပြန်မတွေးသည့် အချိန်တွင် မှတ်မှတ်ရရ မဖြစ်တာ ကြောင့်လည်း ဖြစ်သည်။

နောက်တနေ့ ညဖက် မှာဝေဒနာ ထမလာတော့မှ ကျွန်မ ရင်ထဲ ဒိတ်ကနဲဖြစ်သွားသည်။ ဝဏ္ဏရှိန် နှင့် တုန်းက လည်း ဝေဒနာတွေ ပျောက်ဆုံးသွားတာ ပြန်တွေးမိ၏။ မနက်တုန်းက ထုံးစံ အတိုင်း ကျွန်မ၏ အင်္ဂ ါကို သန့်ရှင်း ရေးလုပ်ခဲ့သေးသော်လည်း သုတ်ရည်တွေ ပြန်ထွက် မထွက်ကို ဂရုမမူခဲ့မိ။ လုပ်နေကျအတိုင်း လုပ်ခဲ့ခြင်းဖြစ်ပြီး မနက်စောစော

ပန်းတွေသွားပို့ ရမည့် မောင်မောင်ထွေးစားဖို့ ထမင်းကြော်ပေးဖို့ အချိန်မှီရန်သာ စိတ်က ရောက် နေသည်။ညစဉ်လို လုပ်နေကျ အတိုင်းချစ်ပွဲဝင်ဖို့ အနားမှာ အသင့် ရောက်နေသည့် မောင်မောင်ထွေးကိုတောင် ဂရုမစိုက် နိုင်တော့ဘဲ နာရီ တကြည့်ကြည့် နှင့် ကျွန်မ ပျာနေမိသည်။

“မီးငြိမ်း လိုက်တော့မယ်နော်”

“နေဦး ခန ခန”

“မိနွယ် ဘာဖြစ်တာလဲ၊ နေမကောင်း ဘူးလား”

“အိပ်ချင်စိတ် မရှိသေးလို့ ကိုထွေးရာ နေပါဦး”

“ခုမအိပ်ချင်သေးလဲ ပင်ပန်းသွားရင် အိပ်ချင်သွားမှာပါ၊ ထုံးစံအတိုင်းပေါ့”

ကျွန်မ အမူအရာတွေကို နားမလည်သော်လည်း မီး မသတ်သေးဘဲ မောင်မောင်ထွေး စောင့်ပေးရှာပါသည်။ ကြွက် လျှောက်ပေါ်က နာရီကို ထထကြည့်ရတာ စိတ်မရှည်တော့လို့ အနားမှာ ယူထားလိုက်သည်။ ခပ်မှိန်မှန် အလင်းအောက်မှာ စက္ကန့် တံလေးက တချက်ချက်ပြေးနေ၏။ စက္ကန့် တံ တပတ်ပြီးတပတ် လည်သည်နှင့် အမျှ မိနစ်တွေလည်း ပြောင်းသွားသည်။ ဖရောင်းတိုင်လည်း ကုန်လုလုဖြစ်သွားလို့ ကျွန်မဘေးမှာ လာလှဲလျောင်း နေ သည့် မောင်မောင်ထွေး ထသွားပြီးအသစ် တတိုင်ထွန်းပေးသည်။

“မိနွယ် နင့်ကို ကြည့်ရတာ တမျိုးကြီးပဲ”

“ဟုတ်တယ် မိနွယ် စိတ်ထဲမှာ တမျိုးကြီးပဲ”

ရင်ထဲမှာ ဖြစ်နေတာကို တိတိကျကျ ပြောလို့လည်း မရလို့ ဒီလောက်ပဲ သူ့ကိုပြောလိုက်သည်။

“အမေ ဆူလို့လား”

“မဟုတ်ပါဘူး ကိုထွေးရာ၊ စိတ်ထဲမှာ မအီမလည်ကြီး ဖြစ်နေလို့”

“နင် ထမင်းစားတာ နောက်ကျလို့ အစာမကျေတာ ဖြစ်မယ်၊ လျှက်ဆား စားမလား”

“ရတယ်၊ ရတယ်”

“ဒါ ဆိုလှဲနေလိုက်လေ၊ မှောင်ထဲမှာ မနေချင်ရင်လည်း မီး မငြိမ်းသေးဘူး၊ ထွန်းထားလိုက်မယ်”

ဘာလုပ်ရမှန်း မသိ၍ သူပြောသလို လှဲချနေလိုက်သည်။ မောင်မောင်ထွေးလည်း ကျွန်မဘေးမှာ လာအိပ်ပြီး နောက်ကျောကနေ ကျွန်မ ကိုသိုင်းဖက်ထားသည်။ ခါတိုင်းလို လုပ်ချင်လို့လားဟု တွေးမိသေးသော်လည်း မောင် မောင်ထွေး အပွေ့အဖက်က ညင်သာပါသည်။ ကျွန်မ ကို အနှောက်အယှက်ပေး လိုသည့်သဘောမပါ၊ နှစ်သိမ့် ပေးလိုခြင်းသက်သက်ဟု နားလည်လိုက်သည့် အတွက် စိတ်ထဲကနေ ကျိတ်ပြီး ကျေးဇူးတင်မိ၏။ ကျွန်မ၏ မျက် လုံးတွေက တော့ နာရီ ဒိုင်ခွက်ပေါ်က မခွာနိုင်ပါ။

တဖြည်းဖြည်းနှင့် အချိန်တွေက ကုန်သွားသည့် အခါ ဒီညအတွက်တော့ ကျွန်မ၏ ဝေဒနာ ရောက်လာမှာ မဟုတ် တော့တာ သေချာသွားသည်။ မောင်မောင်ထွေးက ဖရောင်းတိုင် နောက်တတိုင်ထွန်း ဖို့ လုပ်တာကိုပင် တားလိုက်သည်။

“ထားလိုက်ပါတော့”

“ဒါဆို ငါခြင်ထောင်ချလိုက်တော့မယ်”

“အင်း”

ကျွန်မမှာ ကိုယ်ဝန်ရှိ သွားရိုးမှန်ပါလျှင် နောက်နေ့တွေမှာလည်း ဝေဒနာက ပေါ်လာမှာမဟုတ်တော့။ ဒါဆိုရင် တော့ မောင်မောင်ထွေး နှင့် လင်မယားလိုနေဖို့က ကျွန်မ အတွက်အခက်အခဲ အကြီးကြီး တခုဖြစ်လာပါတော့ မည်။ ဝေဒနာချိန် အပတွင် လိင်ဆက်ဆံခြင်းက ကျွန်မ အတွက် ငရဲတခုဖြစ်သည်။ ကိုယ်ဝန်ရှိနေပြီဟု တိတိကျ ကျ မသိမချင်း၊ လက်ဆုပ်လက်ကိုင် မပြောနိုင် မချင်း ကျွန်မ ဒီဝဋ်ကို ခံရတော့မည် ဖြစ်သည်။ တခု စိတ်သက် သာဖွယ်ရှိတာက မောင်မောင်ထွေးက ဝဏ္ဏရှိန် လိုဇွတ်တရွတ် မဟုတ်၊ ကျွန်မ စကားကို နားထောင် တတ်လို့ ဖျောင့်ဖျ ပြောဆိုရင် ရမည်လို့တော့ ထင်သည်။

အရင် တခါတုန်းကတော့ မမမြတ်က ကျွန်မ လိုချင်လို့ ကိုယ်ဝန်ရတာ ဟုပြောခဲ့သည်။ အမှန်ဝန်ခံရရင် ဒီတကြိမ် တော့ ကျွန်မ မှာ လိုချင်စိတ် မဖြစ်ခဲ့ပါ။ ပြန်စဉ်းစားလိုက်တော့မှ မနေ့ညက ကလေးမွေးပေး မည်ဟု မောင်မောင် ထွေးကို ကတိ အကြိမ်ကြိမ်ပေးခဲ့တာ ပြန်အမှတ်ရ၏။ ဒီကတိကြောင့် လည်း ဖြစ်နိုင်သည်။ ဒါပေမယ့် တရက် လောက်ဝေဒနာ တွေ ပျောက်သွားရုံ နှင့်တော့ ကိုယ်ဝန်ရပြီဟု တရားသေပြောလို့ မဖြစ်နိုင်သေးပါ။ နောက်ရက် တွေ ဆက်စောင့် ကြည့်ချင်သေးသည်။ စိတ်ကို ဖြေတွေးကြည့်သော်လည်း ခုလို ထူးခြားမှု၏ နောက်ဆက်တွဲ သည် ဘာဖြစ်နိုင်တာ ကို စိတ်က ခံစားပြီးသိနေတော့ သက်ပြင်းပဲချမိတော့သည်။

“မိနွယ် အဆင်ပြေလား”

“ပြေပါတယ်၊ ကိုထွေးရော”

“မပြေဘူး၊ တခုခု လိုနေသလိုပဲ၊ ဟီးဟီး”

ညတိုင်း တဝချစ်ပြီးမှ အိပ်နေကျဆိုတော့ မောင်မောင်ထွေး အတွက်ဒီအတိုင်း အိပ်ရခြင်းသည် အထူးအဆန်း တခုလို ဖြစ်နေနိုင်ပါသည်။ ကျွန်မ ရာသီသွေး ပေါ်သည့် ရက်တွေက လွဲရင် ကျွန်မ တို့ ချစ်နေကျ မဟုတ်ပါ လား။ ကျွန်မ၏ ရာသီစက်ဝန်းက နာရီလက်တံတွေလို တိကျသည့် အတွက်ဒီနေ့ မဟုတ်ကြောင်း မောင်မောင်ထွေး လည်း သိနေမည်ပင်။

တော်တော်ကြီးကြာသည် အထိ မောင်မောင်ထွေး ဆီက တလှုပ်လှုပ်အ သံတွေကြားနေ ရသည်။ သူ့ကိုတမင် ကျောပေးထားရာမှ သူ့ဖက်ကို လှည့်လိုက်ရသည်။

“ကိုထွေး အိပ်မပျော်ဘူး လား”

“မျက်စိကြောင်နေတယ်”

ဘာကြောင့် မျက်စိကြောင်နေတာကျွန်မ သိပါသည်။ ရှက်ရွံ့သော်လည်း စိတ်ကိုတင်းပြီး မှောင်ထဲမှာ သူ့ပေါင် ကြားကို စမ်းကြည့်လိုက်သည်။ သံချောင်းလို မဟုတ်သော်လည်း နည်းနည်း မာနေသည့် သူ့ဟာကြီးကို စမ်း လိုက်မိသည်။

“မိနွယ်”

“ဟိုဒင်းတော့ မလုပ်ပါနဲ့တော့၊ ဒါပေမယ့် ကိုထွေး စိတ်ပြေအောင်လုပ်ပေးမယ်၊ ကျေနပ်နော်”

ပုဆိုးကို ဖြေလျောချလိုက်ပြီး နောက်သူ့ဟာကြီးကို ဆုပ်ကိုင်ကာ အစုန်အဆန် ပွတ်ပေးလိုက်၏။ ယောက်ျားတွေ ကတော့ ဒါကို ဂွင်းတိုက်သည် ဟုခေါ်ကြောင်း ကျွန်မ ကြားဖူးပါသည်။ ကျွန်မ အာသာပြင်းနေချိန်မှာ မောင်မောင် ထွေးက အဆင်သင့် မဖြစ်သေးရင် ဒီလိုပဲ လုပ်ပေးနေကျဆိုတော့ မောင်မောင်ထွေး က သဘောတကျလက်ခံ ပါသည်။ ဒီနည်း နဲ့ အဆင်ပြေရင် နောက်နေ့ တွေကျရင်လည်း ကျွန်မ ဝေဒနာ ထမလာပါက ဒီလိုပဲ လုပ်ပေးပြီး ရှောင်လွှဲ နိုင်ရင် ကောင်းမလားဟု တွေးနေမိပါသေးသည်။

ကျွန်မ ၏ ပုခုံးကိုဖက်ရင်း ဇိမ်ခံနေသည့် မောင်မောင်ထွေး၏ အချောင်းကြီးက လက်ထဲမှာ မာသထက်မာလာ သည်။ စိတ်ကြွလာသည့် မောင်မောင်ထွေး က ကျွန်မ ရင်သားတွေကို လာကိုင်တော့ ကျွန်မ ယောင်ပြီး တွန့် လိုက် မိသည်။ ကျွန်မကရှောင် သလိုဖြစ်သွားတော့ မောင်မောင်ထွေး လည်း လက်ပြန်ရုပ်သွားသည်။ ပြီးတော့ မှ သူစိတ်တက်ကြွပြီး မြန်မြန်ပြီး သွား ဖို့လိုတာကို သတိရလိုက်မိသည်။

“ကိုင်လေ၊ ရပါတယ်၊ ရုတ်တရက် ဆိုတော့ ယောင်သွားတာ”

သူအဆင်ပြေစေဖို့ အင်္ကျ ီကြယ်သီးတွေ ဖြုတ်ပြီး ဘရာစီယာကိုပါ အပေါ်မတင်ပေးထားလိုက်သည်။ ဒီတော့ မှ ကျွန်မ ရင်အုံကို တရွရွပွတ်ရင်း မောင်မောင်ထွေး စည်းစိမ်ယူနိုင်သွားသည်။ အသက်ရှုသံလည်း မြန်လာသည့် အခါ ကျွန်မ ခပ်သွက်သွက်ကလေး လုပ်ပေးလိုက်မိသည်။ နို့တဖက်ကို မှောင်ထဲမှာ စမ်းပြီး စို့လာသည့် အတွက် သူ့ပါးစပ်မှာ သေသေချာချာ တပ်မိအောင်လုပ်ပေး ပြီးနောက် လက်ကိုလည်း အရှိန်မြှင့် ရသည်။ မြန်မြန်ပြီးမှ ဖြစ် မည်။ တဖြည်းဖြည်းနှင့် လက်ကလည်းညောင်းလာသည်။ မြန်မြန်ပြီးအောင် ပါးစပ်နဲ့ စုပ်ပေးလိုက်ချင်သော်လည်း မောင်မောင်ထွေးကို ဒါမျိုးတခါမှ လုပ်မပေးဖူးပါ။ ဒီညမှ လုပ်ပေးလိုက်ရင် ကျွန်မကို သူတမျိုး မြင်သွားမှာစိုးလို့ လုပ်မပေးဖြစ်တော့ပါ။

“ဟား …ကောင်း တယ်…မြန်မြန် …မြန်မြန် …ငါပြီးတော့မယ်”

ပြီးတော့မယ် ဆိုတာနှင့် အံကိုကြိတ်ပြီး အားရပါးရ အဆက်မပြတ်ထုပေးလိုက်သည်။ သိပ်ကြာကြာ မလုပ်လိုက်ရ ပါ ကျွန်မ ရင်သားတွေကို ညှစ်သည့်အားက ပြင်းကာပြင်းကာလာပြီးနောက် အရည်တွေ ပန်းထွက်ကျ လာတော့ သည်။ ကျွန်မ လက်ချောင်းတွေပါ စိုကုန်၏။သူ့ ပုဆိုးလည်း စိုကုန်တော့မည်ထင်သည်။ အရည်ထွက်တာ မရပ်မ ချင်း ကျွန်မက ဆက်ထုပေးနေ မိပြီ်း မောင်မောင်ထွေးတား လာမှရပ်လိုက်သည်။

“တော်ပြီလေ တော်ပြီ၊ ပြန်မာလာရင် နင်ပဲလက်ညောင်းဦးမှာ”

................................................................

ရင်သွေးတယောက်ကို ဝမ်းမှာလွယ်မိပြန်ပြီ ဖြစ်ကြောင်းကို နောက်ရက်တွေမှာလည်း ဝေဒနာ မထတော့သည့် အခါ ကျွန်မ သေသေချာချာ နီးပါးကို ရိပ်စားမိလိုက်ပြီ ဖြစ်သည်။

 ဒီလိုပင် သိနေသော်လည်း လက်မခံချင်သေး သည့် အတွက် နောက်တကြိမ်ရာသီပေါ်မည့် ရက်ကို ရင်တထိတ်ထိတ် နှင့် စောင့်မျှော်နေမိသည်။ တိတိကျကျ မှန်မှန်ကန်ကန် ပွင့်တတ်သည့် ပန်းပွင့်နီနီက လည်းငုပ်လျှိုးပျောက်ကွယ်သွားသည့် အခါ ကျွန်မ၏ သံသယ စိတ် တွေ သေချာသွားခဲ့ပြီ ဖြစ်ပါသည်။ ဒါပေမယ့် မောင်မောင်ထွေး ကိုပြောမပြဖြစ်သည့် အပြင် ဘယ်သူ့ကိုမှလည်း ပြော မပြဖြစ်ပါ။ အချိန်တန်လို့ ဗိုက်ထွက်လာတော့မှ သိကြစေတော့ဟု ထားလိုက်၏။

ကိုယ်ဝန်ကြောင့် ဝေဒနာတွေ ရပ်နားသွားခြင်းက ကျွန်မ အတွက်ကောင်းသလိုလိုနှင့် မကောင်းပါ။ ဘာမှမသိရှာ သည့် မောင်မောင်ထွေးက ကျွန်မနှင့် ပုံမှန်အတိုင်းလိင်ဆက်ဆံဖို့..အားထုတ်လာသည့် အခါမျိုးတွင် သေလု အောင် စိတ်ညစ်ရသည်။ မညားခင်ကထဲက သူ့ကိုလိုက်လျောခဲ့သူက အခုမှငြင်းနေပြန်ရင် မလိုလားအပ်သည့် သံသယတွေ ဖြစ်လာမှာစိုးသည်။ ဒါ့ အပြင်ကလေးမွေး ပြီးသွားပါက ဝေဒနာပြန် ထဦးမည်ဆိုတာသိနေသည့် အ တွက် အခုချိန်မှာငြင်းဖို့ ခက်နေရသည်။

ထို့ကြောင့် အထူးတလည်ရှောင်တိမ်းတားမြစ်မနေတော့ဘဲ အနည်းငယ် ငြင်းကြည့်သည်။ ငြင်းမရရင်တော့ မျက် စေ့ မှိတ်ပြီးလိုက်လျောလိုက်ရတော့သည်။ မောင်မောင်ထွေးကလည်း သူစိတ် အရမ်းပြင်းပြမနေလျှင် ကျွန်မ စကား ကို လိုက်နာရှာပါသည်။ စိတ်ပါရင်တော့ ဇွတ်တရွတ် နှင့် ပြောလို့ မရတော့။ ဒီလိုဖြစ်အောင် အစလုပ်ပေး ခဲ့ သူကလည်း ကျွန်မ ကိုယ်တိုင်ဖြစ်နေတော့ ကိုယ်ဖေါ်တဲ့ဆေး ကိုယ်မှိတ်ကျိတ်စားရတော့သည်။

ဝေဒနာ မတက်ဘဲ လိင်ဆက်ဆံခြင်းသည် ကျွန်မအတွက် တကယ့်ကို ငရဲစစ်စစ်ဖြစ်ပါသည်။ ကိုယ်ထဲက ကလီ စာတွေ ကပြောင်းကပြန်ဖြစ်သွားပြီလားလို့ ထင်ရလောက်အောင် နာကျင်ခံစားရ၏။ လက်သီးကို ကျစ်ကျစ်ပါ အောင် ဆုပ်ရင်း မှောင်ထဲမှာကျွန်မ မျက်ရည်တွေ ကျနေရသည်ကို မောင်မောင်ထွေးကတော့ မသိရှာပါ။ အဲဒီ အချိန်တွေမှာ ဆိုးဝါးသည့် ကံကြမ္မာအတွက် ကျွန်မကြေကွဲခံစားရ၏။ ဒီဝဋ်ကြွေးတွေကနေ မြန်မြန်လွတ်မြောက် ထွက်သွားချင်စိတ်တွေ တားဆီးလို့ မရအောင် တဖွားဖွားပေါ်ရသည်။ ဒါပေမယ့်ဘယ်လောက်တောင် လွတ်ချင် ပါစေ လွယ်လွယ်နှင့် မလွတ်နိုင်ဟုတွေး မိရင်း မောင်မောင်ထွေး မသိအောင်ကျိတ်ကာ ရှိုက်ငိုရသည်။ မောင် မောင်ထွေးကတော့ မှောင်ထဲက ကျွန်မရှိုက်သံကို ရမ္မက်ကြောင့် အော်ညည်းသံ လို့ ထင်ပြီး ပိုအားစိုက်လာ တတ်ခြင်း ကြောင့် ကျွန်မ လိုတာထက်ပိုပြီး အသံ မထွက်ဝံ့ပါ။

တခါတလေတော့လည်း လိင်ငရဲမှာ အလူးအလှိမ့် ခံစားရင်း မဆီမဆိုင် ကိုလင်းကို သတိရမိသည်။ နာကျင်ခြင်း ကနေ လွတ်မြောက်လိုလွတ်မြောက်ငြား ကိုလင်း အကြောင်းတွေ  တွေးကြည့်နေမိ၏။ နှစ်တွေကြာခဲ့ပြီဆိုတော့ ကိုလင်း နိုင်ငံခြားကတော့ ပြန်ရောက်လောက်ပေပြီ။ ဘာတွေလုပ်နေမလဲ၊ ရုပ်ရည်ဘယ်လိုရှိနေ မလဲဟု ရော်ရမ်း တွေးကြည့်နေမိ၏။ အိမ်ထောင်ကျရင်လည်း ကျလောက်ပြီဟု တွေးမိသောအခါ သူ့ကို တကယ်ချစ်သည့် လူသား စစ်စစ် မိန်းမ ကောင်းမိန်းမမြတ် နှင့် ဖြစ်ပါစေလို့ ကျွန်မဆုတောင်းမိသည်။ ကျွန်မ ကိုလင်းကို ချစ်ပါ သည်။ ဒါပေမယ့် ကိုလင်း နှင့် လိုက်ဖက်ပြီး ကိုလင်းလို စိတ်ထားဖြူစင်မြင့်မြတ်သည့် မိန်းမ တယောက်နှင့် ဖူးစာ ဆုံ လက်တွဲသွားနိုင်မည် ဆိုပါက ကိုလင်းအတွက် ကျေနပ်ပျော်ရွှင်ပေးနိုင်မည် ဆိုတာ ကျွန်မကိုယ်ကျွန်မ သိပါ ၏။

ဗိုက်က ပင်ကိုယ်အနေအထားထက်ပိုပြီး စူလာတော့မှ မောင်မောင်ထွေးကို အသိပေးလိုက်သည်။

“ဘာလို့ စောစောက မပြောတာလဲမိနွယ်ရာ”

“သေချာအောင် စောင့်ကြည့်နေတာ”

“အမေ လည်းဝမ်းသာမှာပဲ သိလား”

မောင်မောင်ထွေး တကယ်ပျော်နေရှာပါသည်။ ဒေါ်ခင်စိန်သိသွားတော့လည်း တပြုံးပြုံး နှင့်ကျေနပ်နေ၏။ သူတို့ ပျော်ရွှင်နေကြတာကို ကြည့်ပြီး ကျွန်မလည်း စိတ်ချမ်းသာရသည်။

ကျွန်မ၏ အတိတ်က ဘယ်လိုပင်ရှိခဲ့စေကာ မူ လက်ရှိ အချိန်တွင် ဒေါ်ခင်စိန် နှင့် မောင်မောင်ထွေးက ကျွန်မ၏ မိသားစုတွေ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ပျော်ရွှင် မှုတွေ အတွက်ဖြစ်ရသည့် စိတ်ချမ်းသာမှုကို ငြင်းပယ်ဖို့ မကြိုးစားဘဲ ကျွန်မ လှိုက်လှဲစွာ ကြိုဆိုလက်ခံ ခဲ့ပါသည်။

ပိုပြီး စိတ်ကျေနပ်စရာကောင်းတာက ကျွန်မ မှာကိုယ်ဝန်ရှိနေပြီ ဆိုတာသိလိုက်ရသည့် နောက်ပိုင်းတွင် မောင် မောင်ထွေး က ကျွန်မနှင့် လိင်ဆက်ဆံခြင်း မပြုတော့ဘဲ နေသွားခြင်းကြောင့် ဖြစ်ပါသည်။ မောင်မောင်ထွေး ၏ ဆင်ခြင် နေထိုင်မှုကြောင့် ကျွန်မလည်း နာကျင်ခြင်းဝေဒနာတွေကနေလွတ် မြောက်ခွင့်ရခဲ့ပါသည်။ ကိုယ်ဝန် ဆောင်ရသည့် ရက်တွေမှာလည်း စိတ်အေးချမ်းသာစွာ နေနိုင်ခဲ့သည်။ ခြံအလုပ် အိမ်အလုပ်တွေမှာလည်း ကျွန်မ ကို ပေါ့ပေါ့ပါးပါး အလုပ်မျိုးတွေ လောက်ပဲ လုပ်ခွင့်ပေးကြတော့သည်။ ထို့ကြောင့် ကိုယ်ဝန်ကို အကြောင်းပြုပြီး အရင်လို ပင်ပန်းတာမျိုးတွေ မရှိတော့ဘဲ အားလပ်ချိန်တွေရလာ၏။

အားသည့် အချိန်တွေမှာ ဆိုရင့်တော့ ချောင်းဘေးမှာ သွားထိုင်နေတတ်သည်။ တောရိပ်တောင်ရိပ်နှင့် အေးချမ်း တိတ်ဆိတ်ပြီး ကြည်လင်သောချောင်းရေက ကျွန်မ၏ စိတ်ညစ်ညူးမှုတွေကို ပြေလျော့စေပါသည်။ အခုလက်ရှိ နေနေရသည့် ဘဝလေးကို ပိုခင်တွယ်အောင်လုပ်ပေး၏။ ဒီမှာ ရိုးသားဖြူစင်သည့် မိတ်ဆွေတွေရှိသည်။ ကျွန်မ ကို ချစ်ခင်ယုယသည့် ခင်ပွန်းသည်ရှိသည်။ စိမ်းလန်းပြီး ကြည်နူးစရာ စိုက်ခင်းတွေရှိသည်။ အမေကြီး ဆုံးပြီး နောက် ဒီနေရာက ထွက်မသွားဖြစ်တာ မှန်သည်ဟုပင်တွေးမိလာတတ်ပါသည်။

မကြာမှီ မှာပင် ကျွန်မ တို့ မိ သားစု ထဲသို့ ကလေးငယ်တယောက်ရောက်ရှိလာတော့ မည်။ ထိုရင်သွေးကို ပြုစုစောင့်ရှောက်ရင်း ဒီအရပ်မှာ ပဲ ကျွန်မ၏ အချိန်တွေကို ကုန်ဆုံးစေရမည် ဆိုရင်လည်း ကျွန်မ ဝမ်းနည်းမိမည် မဟုတ်ဟု တွေးမိသောအခါ ကျွန်မ နည်းနည်းတော့ပျော်ရပါသည်။ ကံကြမ္မာ၏ စေရာအတိုင်း နာကျင်ခံစားရသည့် ဘဝတွင် ခေတ္တမျှ အနား ယူချိန်လေးတခု လို့ပဲ စိတ်မှာစွဲမှတ် ထားလိုက်တော့၏။

ကျွန်မ ဗိုက်ထဲက ကလေးသည် မိန်းကလေး ဖြစ်သည်ဟု ကျွန်မဖာသာ သိလာရသောအခါ သားသား တုန်းက ကျွန်မ ဗိုက်ကို စမ်းပြီးယောက်ျားလေး မွေးမယ်ဟု ပြောခဲ့သည့် မမမြတ်ကို သတိရသည်။ မောင်မောင်ထွေးကို လည်း မိန်းကလေး မွေးမည်ဟု ထင်ကြောင်းပြောမိသည်။ ကျွန်မ၏ ယောက္ခမ ဒေါ်ခင်စိန် နှင့် အိမ်နီးချင်းတွေ ကလည်း မိန်းကလေးလို့ ပဲထင်ကြသည်။

“မိနွယ်က ဗိုက်ကြီးလာမှ အသားတွေပို နုလာပြီး ပိုချောလာတယ်၊ ကလေးက မိန်းကလေးပဲ နေမှာ”

ဒီလို မှတ်ချက်စကားတွေ ကြားရတော့ ကျွန်မ ပြုံးမိသည်။ အသားအရည် နုလာတာကတော့ အရင်လောက်နေ ပူ ထဲမှာ အလုပ်တွေ မလုပ်ရတော့တာကြောင့် ဖြစ်ပါလိမ့်မည်။

သက်တောင့်သက်သာ နေပြီး အားရှိတာတွေ စား နေ ရလို့ အရင်ထက်ပိုကြည့်ကောင်းလာတာ ဖြစ်ပါလိမ့်မည်။ ရွာနားက မြို့ကလေး မှာဆေးရုံ ရှိပေမယ့် ခေတ် မှီ စက်ကရိယာတွေ မရှိတော့ မြို့ကြီးတွေမှာလို ဘာလေးမွေးမည်ကို ကြိုကြည့်လို့ မရနိုင်ပါ။ မောင်မောင်ထွေးက တော့ ဘာလေးမွေးမွေး ချစ်မည်လို့ ဆိုရှာပါသည်။

မြို့မှာလို သားဖွားမီးယပ်ဆရာဝန်ကြီးများလည်း မရှိကြတော့ ကျွန်မ ကိုယ်ဝန်ကို မြို့စွန်ဖက်နားမှာ ဆေးခန်း ဖွင့် ထားသည့် ဆရာဝန်မ တယောက်နှင့် ပြပါသည်။ မိခင်အခြေအနေ ကလေး အခြေအနေ အားလုံးကောင်းသည် ဟု သွားပြတိုင်း ဆရာဝန်မ ကပြော၏။ ထိုဆရာဝန်မ လေးက ရုပ်မချောသော်လည်း သဘောကောင်းသည်။ မွေးရင်တော့ ဆေးရုံတက် မွေးဖို့ အကြံပြုသည်။ သူမ ကိုယ်တိုင်လည်း ဆေးရုံက ဆရာဝန်မ ဖြစ်သည်။ သို့သော် လည်း တိုက်ဆိုင်လှစွာပင် ကျွန်မ မွေးဖို့ တလလောက် အလို တွင် ဆရာဝန်မ လေး နယ်ပြောင်းသွားရသည်။ မ ပြောင်းခင် လုပ်ဖေါ်ကိုင်ဖက် ဆရာဝန်မ တယောက်နှင့်ဆက်ပြဖို့ မှာသွားသည်။

အမှန်ပြောရရင် ကလေးမွေးဖို့ ကျွန်မ လုံး၀ မကြောက်တော့ပါ။ ယောက်ျားဖေါင်စီး၊ မိန်းမမီးနေ ဆိုတာ လူသား တွေ အတွက်သာဖြစ်ပါသည်။ ကျွန်မကို ဘာအန ္တရယ်မှမပေးနိုင်ပါ။ ဆရာဝန်မ လေးပြောင်းသွား ခြင်းအတွက် မောင်မောင်ထွေး နှင့် ဒေါ်ခင်စိန်က စိတ်ညစ်ကြသော်လည်း ကျွန်မ ကတော့ ဘာမှစိုးရိမ် ပူပန်စိတ်မဖြစ်ပါ။ ဒါ ကြောင့် နောက်ဆရာဝန်မ နှင့် ပြဖို့ တော်တော်နှင့် မသွားဖြစ်ပါ။ မောင်မောင်ထွေးတို့ သားအမိတွေ ခြံထဲမှာ အလုပ်များနေကြတာ နှင့်လည်း သွားတိုက်ဆိုင်နေသည်။ သူတို့ အတင်းတိုက်တွန်းတော့မှ အိမ်နီးချင်း အမျိုး သမီး တယောက်ကို အဖေါ်ခေါ်ပြီး ဆေးခန်းသို့ ရောက်သည်။ ဆေးခန်း ပိတ်ထားတာ မြင်ရတော့ ဈေးလေး ဘာလေး ဝယ်ပြီး အိမ်ပြန်ခဲ့သည်။ အဖေါ်လိုက်လာသည့် အမျိုးသမီးကိုတော့ ကျွန်မ ဆေးခန်းပြဖြစ်သည်ဟု အိမ်မှာ ပြောပေးဖို့ ကြိုပိတ်ထားလိုက်သည်။

ကျွန်မ ကို ဂရုစိုက်ကြစိတ်ပူကြသည့် စေတနာတွေကို ကျွန်မ နားလည်ပါသည်။ ဒါပေမယ့် ကျွန်မက ကိုယ်ဝန် ပျက်ကျလို့ လည်း မသေနိုင်၊ မီးတွင်းထဲမှာလည်းမွေးရင်းဖွား ရင်း မသေနိုင်သည့်သူဆိုတာ ကိုယ်တိုက်ပဲသိတာ ကြောင့် ခပ်ပေါ့ပေါ့ ပင်နေမိပါသည်။

“ဆရာဝန် က ဘာပြောလဲသမီး”

“လိုသေးတယ်တဲ့ အမေ”

“အင်း အမေလည်း ဒီလိုပဲ ထင်တာပဲ၊ သမီးကလည်း ကျန်းမာတော့ စိတ်ပူစရာ မရှိပါဘူးလေ”

ဒီကလေးက မိန်းကလေး ဖြစ်နေလို့လား မသိပါ သားသား တုန်းကလို သိပ်မလှုပ်၊ တခါတလေမှ သာလှုပ်တတ် သည်။ အေးအေးလူလူ နေလို့ ရနေတော့ ကျွန်မကိုယ်ကျွန်မ ကိုယ်ဝန်ဆောင်နေရသည်ဆိုတာတောင် တခါတ လေ မေ့နေတတ်၏။ ထို့ကြောင့် ဒေါ်ခင်စိန်၏ ဆွေရင်းမျိုးရင်း တယောက်၏ နာရေးပေါ်လာသည့် အခါ နောက် ဆံ မငင်ဘဲ သွားဖို့ ကျွန်မ တိုက်တွန်းမိပါသည်။

“မသွားလို့ လဲမကောင်းဘူးကွယ်၊ သမီးကလဲ မပေါ့မပါး နဲ့ဆိုတော့ မောင်ထွေးကတော့ နေခဲ့မှဖြစ်မယ်”

ဆွေမျိုးအရင်း အချာဆိုတော့ ရက်လည်ပြီးမှ ပြန်လာဖြစ်လိမ့်မည်။

“စိတ်ချပြီးတော့ သွားပါ အမေရယ်၊ သမီးမွေးဖို့ကလည်း လိုပါသေးတယ်၊ ကိုထွေး လည်းရှိတာပဲ”

“ဒါဆိုလည်း ရက်လည်ပြီးမှပဲပြန်လာတော့မယ်”

ဒေါ်ခင်စိန်သွားပြီး နောက်တနေ့မှာ မောင်မောင်ထွေးနှင့် ကျွန်မ ဆေးခန်းသွားကြသေးသည်။ ဆေးခန်း ပိတ်ထား တာနှင့် တိုးပြန်၏။

“တခြားဆေးခန်း သွားမယ်ကွာ”

“ကိုထွေးကလည်း အရင်ဆရာမ က ဒီဆရာမနဲ့ ပြခိုင်းတဲ့ ဥစ္စာ၊ မိနွယ် ဆေးမှတ်တမ်းတွေလဲ လွှဲပေးသွားတယ်၊ နောက်တယောက် ဆီသွားရင် တစ်က ပြန်စနေရမယ်၊ မနက်ဖြန်ပြန်လာတာပေါ့ ကိုထွေးရာ”

ကျွန်မ စကားကိုလက်ခံပြီး ပြန်ခဲ့ကြသည်။ နောက်နေ့ ကျတော့ မောင်မောင်ထွေး အလုပ်ရှုပ်နေလို့ မသွားဖြစ်။

“မနက်ဖြန်မှပေါ့၊ အရင်ဆရာမ ပေးတဲ့ ဆေးတွေလဲ သောက်နေတာပဲ”

တခြားတယောက်နှင့် သွားဖို့ကိုလည်း မောင်မောင်ထွေးက ကိုယ်တိုင်လိုက်ချင်သည် ဆိုတော့ နောက်နေ့မှ သွားဖို့ ဖြစ်လာသည်။ ထိုနေ့ နေ့လည်ခင်း လောက်အထိ အေးအေးဆေးဆေး ပင်ဖြစ်သော်လည်း မွန်းလွဲပြီး နောက်ပိုင်း မှာ ကလေးအထဲကလှုပ်တာစိပ် လာပြီး ဗိုက်နာလာသည်။ အစပိုင်းမှာ နေလို့ရသေးတာ နှင့်မောင် မောင်ထွေးကို မပြောသေးသော်လည်း ညနေပိုင်းကျတော့ အရမ်းနာလာသည်။ ကျွန်မ အမူအရာက အရမ်းသိ သာ လွန်းနေလို့ မောင်မောင်ထွေးရိပ် မိသွားသည်။

“ဘာဖြစ်တာလဲမိနွယ်”

“ဗိုက်ထဲက နည်းနည်း နာလာလို့”

“ဆေးခန်းသွား မလား”

“ပြန်ပျောက်ချင်လည်း ပျောက်သွားမှာပါ၊ စောင့်ကြည့်ပါဦး”

ကျွန်မ တို့ ပြောဆိုနေကြစဉ်မှာ မိုးမှောင်ကြီး ကျလာသည်။ မိုးမရွာ ခင် ခြံထဲမှာ သိမ်းစရာရှိတာ တွေမောင်မောင် ထွေး အပြေးအလွှားသိမ်း နေစဉ် ကျွန်မက အိပ်ရာထဲ ဝင်ခွေနေမိသည်။ လှဲနေတော့လည်း နာတာ သက်သာ သလိုလိုပင်။

 “ဘယ်လိုနေသေးလဲ”

“လှဲနေရင် မနာတော့ဘူး”

“ဒါဆို သက်သာတဲ့ အထိဒီတိုင်းပဲ နေနေဦး၊ ငါ ညနေစာသွားချက်လိုက်ဦးမယ်”

ကျွန်မ ကိုထားခဲ့ပြီး မောင်မောင်ထွေး မီးဖိုထဲ ဝင်သွားသည်။ ထမင်းစားချိန် အရောက်မှာတော့ ခပ်မြှင်းမြှင်းလေး ပဲ နာတော့သည်။ ဒါကြောင့် မောင်မောင်ထွေး လာခေါ်ချိန်မှာ ထမင်းထစားလိုက်သည်။ ထို အချိန်မှာတော့ အ ပြင်ဖက် တွင် မိုးကြီးလေကြီးကျနေလေပြီ။ အိမ်ခေါင်မိုးပေါ်ကို မိုးစက်တွေရိုတ် ခတ်သံကြောင့် စကားပြောရင် တောင် အကျယ်ကြီးအော်ပြောနေရသည်။ စိတ်ထဲမှာ ထင့်နေလို့ ထမင်းကို နည်းနည်းလေးသာစားလိုက်မိ သည်။ စားပြီးတော့ ပန်းကန်ဆေးနေစဉ် ဗိုက်က ပြန်နာလာသည်။

“မဆေးနဲ့ လေ၊ မိုးတွေပက် နေတဲ့ ဟာကို၊ ပေးပေး ငါဆေးလိုက်မယ်”

အားတောင် မနာနိုင်တော့ဘဲ မောင်မောင်ထွေး နှင့် အတူပန်းကန်တွေ ထားခဲ့ပြီး အိပ်ယာထဲပြန်ဝင်လှဲနေ မိ သည်။ ခန ကြာတော့ မောင်မောင်ထွေး ရောက်လာ၏။

“အခုနာသေးလား”

“နဲနဲပါ၊”

မောင်မောင်ထွေး ကျွန်မ ဘေးမှာဝင်လှဲပြီး နောက် ဗိုက်ကို အသာအယာပွတ်ပေးသည်။ စိတ်ထဲမှာ နည်းနည်း သက်သာ သလိုလို ရှိတာကြောင့် ငြိမ်နေလိုက်သည်။ ထမိန်ပေါ်ကနေ ပွတ်ပေးရတာ အားမရလို့ထင်သည် ထမိန်ကို ဖြေချပြီး ပွတ်နေတာကို တောင် မကန့်ကွက်မိပါ။ သက်သာသည်ဆိုသော်လည်း လုံးလုံးလျားလျား တော့ မဟုတ်ပါ။

ခနနေတော့ မောင်မောင်ထွေး ငိုက်မြည်းအိပ်ပျော်သွားသည်။ ထိုအချိန်မှာပင် နာကျင်မှုက တဖြည်းဖြည်း ချင်းပြန်တက်လာသည်။ နောက်ဆုံး မခံ မရပ်နိုင်လွန်းတော့မှ မောင်မောင်ထွေးကို လှုပ်နှိုးမိ သည်။

“အင် …ဘာဖြစ်တာလဲ မိနွယ်”

“ဗိုက်နာလို့”

“တော်တော် နာလား”

“အင်း”

ချွေးသီးချွေးပေါက်တွေ နှင့် ရှုံ့မဲ့နေသော ကျွန်မ မျက်နှာကို မြင်တော့ မောင်မောင်ထွေး လန့်သွားသည်။

“တော်တော် ခံရဆိုးသလား”

“ဟုတ်တယ်”

“ဒါဆိုမွေးတော့ မယ်ထင်တယ်၊ ဆေးခန်း ….အာ ..မိုးက အရမ်း ဒီလောက်ရွာ နေတာ၊ ခန နေဦးဟာ၊ ငါ ဆရာဝန် ပြေးခေါ်မယ်၊ ဘယ်လောက်ပေးရပေးရ ရအောင် ခေါ်ခဲ့မယ်၊ ငြိမ်ငြိမ်လေး နေနော်၊ မလှုပ်နဲ့”

စကားဆုံးသည် နှင့် မောင်မောင်ထွေး ဝုန်းကနဲ ပြေးထွက်သွားသည်။ သဲကြီးမဲကြီး မိုးသံတွေကြားထဲမှာ ကျွန်မ တယောက်ထဲ ကျန်ခဲ့၏။

“အား …နာလိုက်တာ”

နာကျင်မှုကို ခံစားရင်း ဟိုတခါလို မမမြတ်ပေါ်လာလေ မလားလို့ တွေးမိပါသည်။ ခြေရင်း ဖက်မှာမောင်မောင် ထွေး ထွန်းပေးသွားသည့် မီးအိမ်အလင်းရောင် မှိန်မှိန်အောက်တွင် မျက်ရည်နှင့် ေ၀ဝါးနေသော မျက်လုံးများ ဖြင့် မမမြတ်ကို ရှာမိသည်။ ဒီတကြိမ်တော့ မမမြတ် ကိုမမြင်ရပါ။ မောင်မောင်ထွေး သွားတာလည်း ကြာပြီလို့တော့ ထင်သည်။

ဘယ်လောက်ကြာပြီဆိုတာကိုတော့ ကျွန်မ မဝေခွဲနိုင်ပါ။ ကျွန်မ၏ စိတ်ဆန္ဒစောလွန်း နေတာကြောင့် ခနလောက် အချိန်ပိုင်းလေးကိုကြာလွန်းသည်လို့ ထင်နေမိတာလည်း ဖြစ်နိုင်ပါသည်။

အိပ်ယာခင်းကို ကျစ်ကျစ်ပါအောင်ဆွဲလိမ်ရင်း ကျွန်မ မွေးတော့မည်လို့ စိတ်မှာထင်နေသည်။ အနားမှာ ကူမည့် သူ အားပေးမည့်သူလည်း မရှိ။ မသေနိုင်မှန်း သိသော်လည်း ပြင်းထန်သည့် နာကျင်မှုက ကျွန်မကို စိုးရွံ့ ထိတ် လန့်စေသည်။ ထိုအချိန်မှာပင် ကျွန်မ ကိုယ်ထဲက ခပ်နွေးနွေး အရည်တွေ တလဟောစီးဆင်း ကျလာ၏။ စမ်း ကြည့်လိုက်တော့ ထမိန် တထည်လုံးရေလောင်းချလိုက်သည့်ပမာ စိုရွှဲနေသည်။ ဗိုက်ထဲက ကလေးကလည်း အပြင်ကို အတင်းတွန်းထိုးထွက်နေသလို ခံစားရသည်။

ကျွန်မ က လူမဟုတ်လို့ တိရိစ္ဆာန် ပမာ တယောက်ထဲမွေးရသည်လို့ ကိုလင်းကို ပြောဖူးတာ ပြန်သတိရလိုက် မိသည်။ ဒီတခါ ကျွန်မ နားတွင်ဘယ်သူမှမရှိပါ။ မခံမရပ်နိုင်လောက်အောင် နာကျင်နေခြင်းက တွန်းအားပေး လာ သည့် အခါ ထမိန်ကို မတင်လိုက်မိသည်။ ဟိုတခါတုံးကလိုပင် ဒူးကိုထောင်ကာ ပေါင်နှစ်ချောင်းကို အ စွမ်းကုန်ဖြဲ

 ပြီးညှစ်ချလိုက်သည့် အခါ ကလေးက အောက်ကို တရွေ့ရွေ့ ထိုးဆင်းလာသလို ခံစားရသည်။ အံကို တင်းတင်းကျိတ်ပြီး အားစိုက်ကာဖိညှစ်ချလိုက်သည့် အခါ အပြင်ကို လုံးလုံးလျားလျား ထွက်ကျသွား ပြီး ကျွန်မ ဗိုက်လည်းချပ်သွားသည်။ နာကျင်ခြင်းတွေပျောက်ကွယ်သွားသော်လည်း ကျွန်မ မခံမရပ်နိုင်အောင်မော ပန်း လို့နေသည်။ ရုတ်တရက် ကလေးကို ထမကြည့်နိုင်သေးဘဲ အမောဖြေနေစဉ် ကလေးက လှုပ်သလိုလိုပေါင် ကို လာထိသည့် အတွက် အားတင်းပြီး ထထိုင်လိုက်ရသည်။

ကျွန်မ ပေါင်ကြားထဲမှ အရိအရွဲတွေနှင့် ချက်ကြိုးတန်းလန်း ကလေးငယ်ကို ခနတော့ ကြောင်ငေးကြည့်နေမိ သေးသည်။ ပြီးတော့မှ ထမိန်စကို ဖြည်ကာ ခြေထောက်တွေကို ဆွဲထုတ်ပြီးထရပ်လိုက်ရသည်။ ဒီတိုင်းထရပ် လိုက်ရင် ထမိန်ထဲမှာ ဝင်နေသည့် ကလေး ပြုတ်ကျသွားလိမ့်မည်။ အောက်ပိုင်းက ဗလာ ဖြစ်နေတာကို တောင် ဂရုမမူအားဘဲ ဘေးကသေတ္တာထဲမှာ အသင့်ဝယ်ထားသည့် အနှီးတထည် ဆွဲထုတ်ပြီး ကိုယ်ပေါ်က အညစ် အကျေးတွေကို သုတ်သင်ပေးနေမိသည်။ ကလေးက ကျွန်မ သိထားသလို

သမီးလေး ဖြစ်သည်။ ချက် ကြိုး ဖြတ်ဖို့ကိုတော့ ကျွန်မ မဝံ့ပါ။ ပိုးမွှား မဝင်အောင်ကာကွယ်ပေးမည့် ရေနွေးလို အရက်ပျံလိုမျိုးက အနားမှာ အသင့် မရှိ။

မောင်မောင်ထွေး ဆရာဝန်ခေါ်ပြီး ပြန်လာမှလုပ်တော့မည်ဟု စိတ်ကူးပြီး နောက်ထပ် အနှီး အသစ်တထည် ထုတ်၍ သမီးကို လုံသလောက်ထွေးပေးလိုက်သည်။ ရာသီဥတုက မိုးကြောင့် အေးစက်နေလို့ သမီး အအေးမိ မှာစိုး၏။ အနှီးပတ်ပေး နေစဉ် မီးရောင်တန်းတခုက အိမ်ထဲဝင်လာသည်။ မောင်မောင်ထွေး အော်သံလိုလိုလဲ ကြားရ၏။

“မိနွယ်ရေ၊ မိနွယ်”

အိမ်ရှေ့တံခါးပိတ်ထားသည်ဟု ထင်ပြီး ဖွင့်ပေးဖို့ အပြင်ထွက်မည် လုပ်ပြီးမှ အောက်ပိုင်းဗလာ ဖြစ်နေတာကို သတိရပြီး ထမိန်တထည် စွပ်လိုက်ကာ ကလေးကိုကောက်ပွေ့ပြီး အိမ်ရှေ့ခန်းကို ထွက်ခဲ့သည်။ ကျွန်မ ထင်သလို တံခါးပိတ် မထားပါ။မောင်မောင်ထွေး အလောတကြီးနှင့် မေ့ထားခဲ့သည် ထင်သည်။အိမ်နှင့် အတော်လှမ်းလှမ်းမှာ ကားတစီး မီးထိုးပြီးရပ်ထားသည်။ မီးရောင်အောင်တွင် အိမ်ဖက်ကိုကွေ့ကာကောက်ကာနှင့် ပြေး လာနေသည့် မောင်မောင်ထွေး ကိုမြင်ရသည်။

 မောင်မောင်ထွေး နောက်ဖက်မှာ အရပ်မြင့်မြင့် လူတယောက်။ ဆရာဝန် များလားလို့ တွေးနေရင်း ကိုယ်နေဟန်ထားကို ရင်းရင်းနှီးနှီး သိနေသလို ခံစားရသည်။

ဘာကြောင့် မှန်း မသိ ကျွန်မ ရင်တွေ တဒိုင်းဒိုင်းခုန်လာ၏။ အဲဒီအချိန်မှာ လျှပ်ရောင်တဝင်းဝင်းလက်သွားသည်။ ခပ်ဖွဲဖွဲ မိုးစက်တွေကြားမှာ လျှောက်လာနေသူကိုသဲသဲ ကွဲကွဲ မြင်လိုက်ရသည့် အခါ ကျွန်မကိုယ်ထဲက ကလီစာတွေ အကုန်လုံးအပြင်ကိုထွက်ကျသွားသလို ခံစားလိုက် ရသည်။ ကိုလင်း။ ကျွန်မ ဘယ်လိုမှမမှားနိုင်ပါ။ ကျွန်မ အာရုံအသိစိတ်၏ နေရာတိုင်းမှာရှိနေသည့် ပုံရိပ်ကလွဲ မှားဖို့ အကြောင်း မရှိပါ။ နောက်တကြိမ် လျှပ်စီးထပ်လက်လိုက်သည့် အခါမှာပိုပြီး သေချာသွား၏။ အိမ်ရှေ့ခန်း မှာ သမီးကို ချထားလိုက်ပြီး အိမ်နောက်ဖက်ကို တဟုန်ထိုးပြေးခဲ့မိသည်။

ကျွန်မ ကိုလင်းကို အရမ်းတွေ့ချင်ပါသည်။ ဒါပေမယ့် အခုလိုအချိန် အခုလိုအနေအထားမျိုးမှာတော့ မဟုတ်ပါ။ ကိုလင်း ကို ဝဏ္ဏရှိန် ၏ မိန်းမ အဖြစ်နှင့် ကျွန်မ ဆုံတွေ့ခဲ့ရပြီးပြီ။ အခုနောက်တခါ မောင်မောင်ထွေး၏ မိန်းမ အ နေနှင့် ထပ်ပြီးရင်မဆိုင်ချင်တော့ပါ။ ကျွန်မကို သူနားမလည်မှာ၊ ကျွန်မ အတွက်သူစိတ် မကောင်းဖြစ်ရမှာစိုး သည်။

အိမ်နောက်ဖေးတံခါးက တွန်းလိုက်တာနှင့် ပွင့်သွားသည်။ အကျင့်ပါနေသည့် ခြေထောက်က အိမ်ပေါ်ကအဆင်း မှာ တွေ့သည့်ဖိနပ်ကို ကောက်စွပ်လိုက်မိသည်။ ပြီးမှသတိရပြီး ဖိနပ်ကို ဂရုမစိုက်တော့ဘဲ ပြေးထွက်လာခဲ့၏။ ဖိနပ်က တဖက်ပဲပါတော့ ပြေးလို့ မကောင်းလို့ လမ်းမှာချွတ်ပစ်ခဲ့ပြီး ဆက်ပြေးသည်။ ခဲလုံးတွေ၊ ထိကရုံးဆူးတွေ ခြေထောက်ကို တဆစ်ဆစ်စူး ဝင်ကြသော်လည်း ကျွန်မ အပြေးကို မရပ်ပါ။ ကျွန်မ၏ ဦးတည်ရာ တည့်တည့် တွင် တဝေါဝေါ အော်မြည်စီးဆင်းနေသည့် ချောင်းရှိ၏။

ချောင်းကမ်းပါးတွင် ရပ်မိချိန်တွင် နောက်က မောင်မောင်ထွေး ခေါ်သံကြားရသည်။ ကလေးငိုသံလိုလိုလည်း နား ထဲမှာ ကြားလိုက်ရသည့် အခါ ကျွန်မ ရေထဲကို ခုန်ချလိုက်မိတော့သည်။ အရှိန်ပြင်းသည့် ရေစီးကြောင်းက ကျွန် မ ကို ဆွဲယူသွားပြီးသည့် နောက် ရေထဲသို့ မြုပ်သွားသည်။ ခုချိန်ထိ ကျွန်မ ရေမကူးတတ်သေးပါ။

 ရေထဲကို နစ် ဝင်သွားသည့် အခါ ကျွန်မ၏ ပါးစပ်၊ နှာခေါင်းနှင့် နားထဲကို ရေတွေတိုးဝင်လာကြသည်။ကျွန်မ ရေနစ်လို့ တခါသေခဲ့ပြီးပြီ။ ဒီတခါ ထပ်နစ်ရင်လည်း ကျွန်မ အတွက်မရှုံးပါ။ ကျွန်မ စက်ဆုပ်လွန်းသည့် ဘ၀ ကနေလွတ်မြောက်ခွင့်က ဒါပဲရှိသည်။ ထို့ကြောင့်မခံမရပ်နိုင်အောင် မွန်းကြပ်လာချိန်တွင် ဘာကိုမှ သတိ မရတော့ဘဲ ပျော်ရွှင်စွာဖြင့် အမှောင်ထုထဲကို ကျေကျေနပ်နပ် တိုးဝင်သွားမိတော့သည်။

........................................................................

အပိုင်း (စ)

ဧည့်ကြိုကောင်တာမှ မိန်းကလေးက သော့လှမ်းပေးရင်း ကျွန်မ ကို မသက်မသာအမူအရာ ဖြင့်ကြည့်သည်။ ကျွန် မ ကိုယ်ပေါ်က အဝတ်အစားတွေက တွန့်ကျေနေပြီး ဆံပင်ကလည်း ရှုပ်ပွကာဖုန်တွေ ကပ်နေမှာ သေချာသည်။ မျက်နှာကလည်း အိပ်ရေးမဝလို့ ကြည်ကြည်သာသာ ရှိမှာမဟုတ်။ စူးစမ်းသည့် အကြည့်ကို အပြုံး နှင့်တုန့်ပြန် လိုက်ပြီး ဘေးမှာချထားသည့် အိတ်ဆီသို့ လက်ကို လှမ်းလိုက်သည်။ ဘာမှမရှိ။ ကျွန်မ ရင်ထဲ ထိတ်ကနဲဖြစ်သွား သည်။ ဒီနားမှာ ကျွန်မ တို့ နှစ်ယောက်သာရှိသည်။ တခြားတယောက်ယူသွားတာ လည်း မဖြစ်နိုင်ပါ။

“တို့ ဝင်လာတုန်းက လက်ဆွဲအိတ် ကိုင်လာတာမြင်မိလား ဟင်”

မိန်းကလေး၏ မျက်နှာမှာ စိတ်ရှုပ်ထွေးခြင်းတွေ ပိုများသွားသည်။ ကျွန်မကို အထူးအဆန်း တခုပမာကြည့်ရင်း ခေါင်း ကိုသွက်သွက်ခါပြလိုက်၏။

“ဒါဆိုရင်တော့ ကားပေါ်ပါသွားပြီ”

“ဘယ်လို လုပ်မလဲအမ”

“ရပါတယ်၊ အဝတ်အစား နည်းနည်းလောက်ပဲပါသွားတာပါ။ နေပါစေတော့”

ကျွန်မ တည်းရမည့် အခန်းဆီ ထွက်လာရင်း မနေ့ညက ကျွန်မလိုက်လာသည့် ကုန်ကားကြီး၏ ဒရိုင်ဘာခုံ နောက်က အကန့်လေးထဲမှာ အဝတ်အစားအိတ် ကျန်ခဲ့ပြီဆိုတာ သတိရလိုက်သည်။ ဒီတည်းခိုခန်း ရှေ့မှာ ကား ရပ်ပြီး ဆင်းလာတော့ အိတ်ကို ယူဖို့ လုံး၀ သတိမရပါ။ ကားသမားကလည်း ကျွန်မ ဆင်းပြီးသည်နှင့်မောင်းထွက် သွားသည်။

နောက်ကနေ ကားငှားပြီးတော့ လိုက်ရင်မှီနိုင်သေးကြောင့် သိပေမယ့် မလိုက်ချင်တော့ပါ။ အဝတ်သုံး လေး စုံနှင့် တခြားတိုလီမုတ်စ ပစ္စည်းလေးတွေကို နှမျော စိတ်လည်းမဖြစ်မိ။ လက်ကိုင်အိတ်ထဲမှာ ပိုက်ဆံ အတော် အသင့်ရှိနေလို့ ထပ်ဝယ်လိုက်မည်ဟု သာဆုံးဖြတ်လိုက်၏။ ကံကောင်း ထောက်မစွာ ဖြင့် ပိုက်ဆံတွေ က လက်ကိုင်အိတ်ထဲမှာ ရှိနေခဲ့သည်။

အိပ်ယာခင်း ဖြူဖြူစင်စင် နှင့် အခန်းလေးက သိပ်မကျယ်ပေမယ့် သပ်ရပ်ပါသည်။ ဘေးက စားပွဲတင်ပန်ကာ ကို ဖွင့်လိုက်ပြီး ် အိပ်ယာပေါ်လှဲချလိုက်သည်။ ပန်ကာလေက အေးသော်လည်း ရေမချိုးရသေးသည့် ခန္ဓာကိုယ်က ငြီးစီစီ ဖြစ်နေလို့ သက်တောင့် သက်သာမရှိပါ။ ရေချိုးချင်ပေမယ့် ကျွန်မမှာ လဲစရာအဝတ်ပိုမရှိပါ။ အိပ်ယာပေါ် က မထချင်ထချင် နှင့် ပြန်ထပြီး တည်းခိုခန်း နောက်ဖက်အခြမ်းကို သွားကာ ရေချိုးခန်းတွင် မျက်နှာသစ်ရသည်။ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ပြန်ဖြီးရ၏။ မျက်နှာသုတ်သည့်

တဘက်က ကားပေါ်ပါသွားလို့ လက်ကိုင်ပဝါ နှင့် ပဲ သုတ်လိုက်ရသည်။ တွန့်ကျေနေသည့် အဝတ်အစားတွေကို အတတ်နိုင်ဆုံး ပြန့်အောင် ဆွဲဆန့်ပြီး သေသေ သပ်သပ် ဖြစ်လောက်ပြီထင်တော့မှ ဧည့်ခန်းကို ပြန်လာပြီး ကောင်တာက မိန်းကလေး ကိုမေးရသည်။

“အမ အဝတ်အစား ဝယ်ချင်လို့ ဒီနားမှာ ဆိုင်ရှိမလား ညီမလေး”

“ရှေ့က လမ်းအတိုင်း သွားအမ၊ အရင်ဆုံးတွေ့တဲ့ လမ်းမှာ ညာဖက်ကိုချိုးချလိုက်၊ အဲဒါဈေးကို သွားတဲ့ လမ်းပဲ၊ သိပ် မဝေးဘူး၊ နီးနီးလေးပဲ”

မိန်းကလေးပြောသည့် အတိုင်းသွားလိုက်တော့ ဈေးကို တည့်တည့်မတ်မတ် ပင်ရောက်သွားသည်။ ဈေးရှေ့နား မှာ လည်း စတိုးဆိုင်ကြီးတွေ ရှိ၏။ အင်္ကျ ီ နှင့် အတွင်းခံတွေကတော့ စတိုးဆိုင်မှာပင် အဆင်ပြေသွားသည်။ ထမိန်က တော့ အဆင်မပြေလို့ ဈေးထဲက အထည်တန်းကို သွားဝယ်ရ၏်။ အနားမှာ အပ်ချုပ်ဆိုင်တွေ့သည် နှင့် တခါထဲ ချုပ်ယူနိုင်ခဲ့သည်။ ရေချိုး မျက်နှာသုတ်ဖို့ တဘက် နှင့် သွားတိုက်ဆေး၊ ဆပ်ပြာက အစ ဝယ်လိုက်ရ ပြီးနောက် အဝတ်နှစ်စုံ ဖိုးနှင့် ပါပေါင်းလိုက်သည့် အခါ ကျွန်မ အိတ် ထဲက ပိုက်ဆံ အထပ်လေး တော်တော်ပါး သွားပါသည်။ ညရောက်လို့ ပိုက်ဆံ များများစားစား ပေးမည့် သူနှင့် မတွေ့ရင် ကျွန်မ ဒီမှာ နောက်ထပ် တရက် နှစ်ရက် လောက်သာနေနိုင်တော့မည်။

တည်းခိုခန်း ပြန်ရောက်သည် နှင့် ခနနား ပြီးရေပြေးချိုးမိသည်။ နွမ်းနယ်နေသည့် ကိုယ်ပေါ်သို့ ရေတွေ အဆက် မပြတ်လောင်းချမိ၏။ ရေ၏ အေးစိမ့်မှု က အသားကိုဖြတ်ပြီး အရိုးထိရောက်လာတော့မှ ရပ်လိုက်၏။ ကျွန်မ ကြောင့် အုတ်ကန်ထဲက ရေတောင်တော်တော်လျော့သွားသည်ဟု ထင်မိသည်။ ရေချိုးခန်းထဲက အထွက်တွင် နံရံ တခုသာခြားပြီး တံခါးချင်း ယှဉ်လျှက်ရှိသည့် အမျိုးသား ရေချိုးခန်းထဲက လူတယောက်ထွက်လာတာ နှင့် တိုးသည်။ စင်္ကြ ံ လမ်းလေးမှာ ကျွန်မ ကို ဦးစားပေးသယောင်နှင့် နောက်ကို ယို့ပေးလို့ ကျွန်မ ကကျော်တက် ပြီးထွက်လာခဲ့သည်။ သူနောက်ကနေ ကျွန်မ တင်ပါးတွေကို ကြည့်ပြီးလိုက်လာကြောင်း ကျွန်မ သိပါ၏။

အခုကျွန်မ ယူထားသည့် ရုပ်သွင်က အသက်သုံးဆယ်ကျော် လုံးကြီးပေါက်လှ မိန်းမတယောက်၏ သဏ္ဍန် ဖြစ် သည်။ ဒီလို အချိုးအဆက်မျိုးကို ယောက်ျားတွေ သဘောကျတတ်ကြောင်း ကျွန်မ၏ အတွေ့ အကြုံ အရသိနေ လို့ ဒီပုံ ယူထားခြင်း ဖြစ်သည်။ ခပ်ထွားထွား ရင်အုံကို တဘက်ခြုံပြီး ကာကွယ်ထားနိုင်သော်လည်း ဆူဖြိုးသော တင်ပါးတွေကတော့ ရေစို ကိုယ်ပေါ်မှာ ကပ်နေသည့် ထမိန်ကြောင့် နောက်က လူကို ရင်ခုန်စေပါလိမ့်မည်။ သူ့ ဖာသာဘယ်လို နေနေ ကျွန်မ ဂရုမစိုက်ပါ။ ဝေဒနာချိန်မဟုတ် ရင် ကျွန်မ ကယောက်ျားတွေကို လုံး၀ ကြည့်ချင် မြင်ချင် ပတ်သက်ချင်စိတ်မရှိပေ။

မနေ့ညက ကားသမားက တဏှာကြီးသလို မျက်စိလည်းလျှင်၏။ ကျွန်မ လမ်းဘေးမှာ ရပ်နေတာကို အဝေးက ပင် ကားမီးရောင် နှင့် မြင်ပြီး သူ့ရှေ့က ကားဦးသွားမှာ စိုးလို့ အတင်းလုကျော်တက်ပြီး ကျွန်မ ရှေ့ကိုလာရပ် ခဲ့ သည်။ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေမယ့် သိသာသည့် ကိုယ်လုံးကြောင့် သူဒီလို စွန့်စားခဲ့ ကြောင်း ပြောပြပါ သည်။

ကျွန်မ ရယ်လို့ ပဲနေလိုက်၏။

အခန်း ပြန်ရောက်လို့ အဝတ်အစား အသစ်လဲပြီးနောက် တရေးအိပ်ဖို့ ကြိုးစားသည်။ ညတုန်းက ကားပေါ်က အခန်း ကျဉ်းလေး ထဲမှာ ခလောက်ဆန်ပြီး ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။ လမ်းက ကြမ်းသလို ကားသမားက လည်း ရမ်းလွန်း၏။ သူက ဆက်လိုက်ခဲဖို့ခေါ်သော်လည်း ကျွန်မက ကိုယ်လက်တွေ နာပြီး မလိုက်ချင်တော့လို့ ဒီနားမှာပဲ အတင်းဆင်းနေလိုက်ပါသည်။ ဆက်မလိုက်လို့ ပေးရမည့် ပိုက်ဆံကို အပြည့်ပေးမသွား။ ဒါ့ အပြင် ကျွန်မ၏ အဝတ်အိတ်ပါ ကားပေါ်ပါသွားသေးသည်။ ညရောက်ဖို့ ကလည်းလိုသေးသည်။ ဒါကြောင့် ကျွန်မ အနားယူဖို့ စိတ်ကူးထား၏။

အိပ်ချင်ပေမယ့် ကျွန်မ အိပ်လို့ပျော်သလိုလို မပျော်သလိုလို အိပ်မက် မက်နေသလိုလိုနှင့် လုံး ၀ အိပ်မော ကျ သည့် ဆီကို ရောက်မသွားပါ။ အိပ်မက်လိုလို ထဲမှာ ဝဏ္ဏရှိန်နှင့် ကျန်ခဲ့သည့် သားသားကို တွေ့ သည်။ အဖြူ အစိမ်း ကျောင်းဝတ်စုံကလေး နှင့်၊ ကျွန်မ ကြည့်နေသည်ကို မမြင်သည့် အလား ကျောပိုးအိတ်ကို လွယ် ပြီး ခေါင်းလေးငိုက်စိုက် နှင့် သွားနေသည်။ အိပ်မက်ထဲမှာ ကျွန်မ ငိုသည်။ အပြင်မှာ လည်း မျက် ရည်တွေကျ၏။ သားသား အရိပ်လွင့် သွားတော့ သမီး ကိုမြင်ပြန်သည်။ အမိဝမ်းက

ကျွတ်ခါစမှာ ပင် ထားခဲ့ရသည့် သမီးလေး။ မှောင်ရီရီ မှာမို့ မျက်နှာကလေးကိုတောင် သေသေချာချာ ကျွန်မ မြင်ခွင့်မရခဲ့သည့် သမီးလေး ဖြစ်ပါသည်။ ဒါ ပေမယ့် အိပ်မက်ထဲမှာ လက်သီးလေးဆုပ်ပြီးအော်ငိုနေသည့် ကလေးလေးက ကျွန်မ သမီးဆိုတာ စိတ်က အလို လိုသိနေ၏။

မျက်ရည်တွေ ကြောင့် ဝေေ၀ဝါးဝါး ဖြစ်နေသည့် မျက်လုံးထဲမှာ သမီး အပြင် ကိုလင်းကိုပါ မြင်လိုက်ရသည်။ သား သားလို ညှိုးငယ်သည့် မျက်နှာမရှိ၊ သမီးလို ငိုမနေ၊သူ့ကိုမြင်နေကျ အတိုင်း ကြည်လင်ရွှင်ပြုံး နေသည့် ကိုလင်း ကို တွေ့ရသည်။

အိပ်နေရာမှ ကျွန်မ ငေါက်ကနဲ ထထိုင်လိုက်မိသည်။ ဆက်ပြီး အိပ်ချင်စိတ်လဲ မရှိတော့။ ကိုလင်း နှင့် နောက်ဆုံး တွေ့ စဉ်က ဂယောင်ကတန်း နှင့် ကျွန်မ လုပ်ခဲ့သည့် အမှားတွေ ကိုပြန်တွေးမိရင် သမီးကို အားနာသည်။ တ ကယ်တော့ အဲဒီတုန်းက ကျွန်မ ထွက်ပြေးစရာ မလိုပါ။ ကျွန်မ ကဆွေဇင်လတ် မဟုတ်တော့၊ နွယ်နွယ်ဝင်း ဖြစ် နေပြီ။

ကိုလင်း ကျွန်မ ကို ဘယ်လိုမှသိနိုင်မှာ မဟုတ်ပါ။ ဒါပေမယ့် ကိုလင်းကို ပြန်တွေ့ ချိန်မှာ ဒါတွေအားလုံး မေ့ လျော့သွားသည်။ ကိုယ့်ကိုယ်ကို ဆွေဇင်လတ် လို့ပဲ တွေးပြီး ကိုလင်းကိုရှောင်လွှဲဖို့ ကြိုးစားခဲ့၏။ မွေးကင်း စ သမီးငယ်ကို ချထားခဲ့ပြီး ချောင်းထဲသို့ ခုန်ဆင်းခဲ့၏။

ရေထဲမှာ နစ်ပြီးသတိမေ့ မသွားခင် သေတော့မည်ဟု ထင်ပြီးကျွန်မ တကယ်ပင်ပျော်ခဲ့ မိသည်။ ဒါပေမယ့် မသေ ပါ။ တမိုင်လောက် မျောပါသွားပြီး နောက်တွင် ချောင်းထဲကို တခြမ်းပြိုလဲကျနေသည့် သစ်ပင်ကြီးတပင်၏ ကိုင်း မှာ တွယ်ချိတ် မိနေရင်း သတိပြန်ရလာခဲ့သည်။ သေမသွားသည့် အဖြစ်ကို မချိတင်ကဲ ခံစားရင်း ကမ်းပေါ်ပြန် တက်ခဲ့ ရတော့သည်။ ကျွန်မ သတိရလာ ချိန်မှာ မိုးက နောက်ထပ်တကျော သည်းသည်းမဲမဲ ရွာပြန်သည်။ ချောင်း ကမ်းပါးမှာ ထိုင်ရင်း ကိုလင်း ကျွန်မ ကို မှတ်မိမှာ မဟုတ်ဆိုသည်ကို သတိရသွားသော်လည်း နွယ် နွယ် ဝင်း ဘဝကို ပြန်မသွားချင်တော့ပါ။ ပြန်သွားပြီး ချောင်းထဲ ဘာကြောင့် ခုန်ဆင်းရသည် ဆိုသည့် ဖြေရှင်းချက်ကို ပေးဖို့ကို လည်း ဝန်လေးနေမိသည်။ ဘယ်လို အကြောင်းပြရမည် ဆိုတာကိုလည်း တွေးယူလို့ မရ။

ပြန်မသွားတော့ဟု ဆုံးဖြတ်ချက်ကျသည်နှင့် ထိုင်ရာက ငေါက်ကနဲထပြီး ခြေဦးတည့်ရာ လျှောက်နေမိသည်။ ရွာနေသောမိုး ပြန်တိတ်သွားတာကိုလည်း ကျွန်မ မသိပါ။

မနက် အလင်းရောင်ပေါ်လာတော့မှ ဘယ်နေရာ ရောက် နေသည်ကို ကြည့်ဖို့ ခြေလှမ်းတွေကို ရပ်မိ၏။ အရင်လိုပင် လွင့်ရတော့မည့် အခြေအနေ ကိုပြန်ရောက် သွားပြီ ဆိုတာစဉ်းစား မိချိန်မှာတော့ ရင်ထဲမှာ တစစ်စစ် နာခဲ့ရသည်။

အခုအချိန်မှာတော့ အဝေးပြေးလမ်းမ တွေ တလျှောက် ကျွန်မ အစုန်အဆန်သွားလာနေသည်။ နက်မှောင်ရှည် လျားသည့် ဆံပင်ရှည်တွေ နှင့် စိုပြေဖွံ့ထွားသည့် ကျွန်မကို ကားသမားတိုင်းက ကားပေါ်ခေါ်တင်ချင်ကြပါသည်။ ဒီည အတွက်တော့ မစဉ်းစားရသေးပါ။ မြို့ထဲမှာပဲ လူရှာရင်ကောင်းမလား၊ ဒါမှ မဟုတ် အဝေးပြေးပေါ်တက်ပြီး ကား တား ရင်ကောင်း မလား ဝေခွဲလို့ မရသေးပါ။ အစုန် အဆန်လိုက်နေတာ တလကျော်ပြီဆိုတော့ နားလည်း နားချင်သည်။ ဒါကြောင့်စဉ်းစားရင်းနှင့်  မြို့ထဲမှာပဲ လူရှာဖို့ ပိုပြီးစိတ်သန်သွား၏။


အပိုင်း (၁၉) ဆက်ရန် >>>


Print Friendly and PDF

No comments:

Post a Comment