Tuesday, August 2, 2016

သံသာစက်၌ အပိုင်း (၁၄)

သံသာစက်၌ အပိုင်း (၁၄)

ဂျင်ကလိ ရေးသည်။

တရားရုံးမှာ လက်မှတ်ထိုးကြတော့ ကျွန်မဖက်က အသိသက်သေအနေဖြင့် ကိုလင်းလက်မှတ်ထိုးပေးပါသည်။ပြုံးချိုကြည်လင်စွာ ဖြင့် လက်မှတ်ထိုးနေသော ကိုလင်းကိုကြည့်ရင်း ကျွန်မနှလုံးသားတွေ တဖတ်ဖတ်ပဲ့ကျနေ သည်။ ဟန်ဆောင်ရခြင်းသည် ပင်ပန်းလွန်းလှ၏။ အားလုံးက လှသည်ဟု ဝိုင်းပြောနေကြချိန်တွင် ကျွန်မ၏ သတို့သမီး အပြုံးကို ကျွန်မ ပြန်ပြီး မသတီဖြစ်မိပါသည်။

လက်မှတ်ထိုးသည့် အခန်းအနားပြီးဆုံး၍ အပြန်တွင် ဝဏ္ဏရှိန် က အိမ်တခါထဲ လိုက်ခဲ့ဖို့ခေါ်သည်။

“မောင်ပိုင်သွားပြီလေ၊ ဟဲ ဟဲ”

ဝဏ္ဏရှိန် ကို နွမ်းနယ်စွာပြုံးပြရင်း

“ဆွမ်းကျွေး ပြီးမှပေါ့ မောင်ရယ်၊ နော်၊ နှစ်ရက်လောက်ပဲ လိုတော့တာ၊ မမမြတ်လည်း နေလို့မကောင်းလို့ပါ”

ဝဏ္ဏရှိန် သိပ်ကျေနပ်ပုံမရပါ။ ကျွန်မ ကိုလင်းကို အားကိုးတကြီးကြည့်မိသည်။ ကျွန်မ တောင်းသည့်အကူအညီကို နားလည်လိုက်ပုံရသော ကိုလင်းက ဝဏ္ဏရှိန် ကိုပုခုံးဖက်ခေါ်သွားပြီး အကျိုးအကြောင်း ပြောပြနှစ်သိမ့်ပုံရသည်။

ဝဏ္ဏရှိန် မျက်နှာ ငယ်လေးဖြင့် ကျွန်မလက်ကိုကိုင်ပြီး

“ဆောရီး ဆွေဇင်ရာ၊ မောင်က မမမြတ် ရိုးရိုး နေမကောင်းဖြစ်တာလို့ထင်နေတာ၊ ဒီညီအမ နှစ်ယောက်ထဲရှိတာ သူ ဘယ်စိတ်ကောင်း မလဲ”

ကိုလင်း က အန်တီနန်း တို့ကို ပြန်ပို့ပြီး ဝဏ္ဏရှိန်ကတော့ ကျွန်မကို လိုက်ပို့ပါသည်။ လမ်းမှာ ဝဏ္ဏရှိန်က

“မောင်တို့ မမမြတ် ကိုခေါ်ထားရင်ကောင်း မလားဟင်”

“မမမြတ် ကနေမှာ မဟုတ်ဘူး”

“ဒါမှ မဟုတ် မောင်တို့နားမှာပဲ မြေညီထပ် အခန်းရှာပြီး သူ ဆိုင်ဖွင့် ပြီးနေလို့ရအောင်လုပ်ပေးရင်ကောင်း မလား၊ ဆွေဇင် နဲ့ လဲ နီးနီး နားနားနေရတာပေါ့”

ကျွန်မ ခေါင်းကိုသာခါပြမိသည်။

“မမမြတ် အကြောင်း ဆွေဇင် အသိဆုံး၊ လာမှာမဟုတ်ဘူး”

“သူက ဆန်းတယ်နော်”

မမမြတ် အကြောင်းတွေကိုသာသိလျှင် ဝဏ္ဏရှိန် အလွန်အံ့သြသွားမှာ သေချာပါသည်။ ကျွန်မ၏ အကြောင်းတွေ သာထပ်ပြီး သိသွားလျှင် ဝဏ္ဏရှိန် ရူးသွားနိုင်သည်။ ဒါမှ မဟုတ် ကျွန်မနှင့် မမမြတ်ကို အရူးမတွေလို့ ထင်သွား နိုင်ပါသည်။အိမ်ကို ရောက်တော့ မမမြတ်က ဝဏ္ဏရှိန် ကို အားနာစကားပြောပြီး မင်္ဂလာဆွမ်းကျွေးနေ့မှာတော့ မပျက်မကွက် လာပါမည်ဟု ကတိပေးလိုက်၏။

“မမမြတ် အဲဒီနေ့ တကယ်လိုက်မှာလား”

“လိုက်မှာပေါ့၊ မလိုက်လို့ မဖြစ်ဘူးလေ”

လူမှုရေး အရပြောသည်ဟု ကျွန်မထင်မိသော်လည်း ဘာကြောင့် မမမြတ်ဒီလို ပြောသည်ကို ထိုနေ့မှသိရပါသည်။မင်္ဂလာဆွမ်း ကျွေးမည့် မနက်ခင်းရောက်မှ ကျွန်မတို့ ညီအမအစောကြီးထ၍ လာခဲ့မည် ဆိုသည်ကို အန်တီနန်း နှင့် ဝဏ္ဏရှိန် နားမလည်နိုင်ဖြစ်နေ၏။

“ညထဲကလာပြီး အိမ်မှာပဲ အိပ်ကြပေါ့ သမီးရယ်၊ အဆင်မပြေဘူးလား”

ကျွန်မ ဘာပြောရမှန်း မသိဖြစ်နေသည်။ ညဖက်ဆိုလျှင် မမမြတ်နှင့် ကျွန်မ လူတွေကြားထဲ နေလို့မရတာ ကို ထုတ်ပြော ဖို့ကလည်း မဖြစ်နိုင်ပါ။ ဒီတကြိမ်မှာလည်း ကျွန်မကို ကိုလင်း ကယ်တင်ပြန်ပါသည်။

“ဆွေဇင့် အမ က ညီမ ကိုရသလောက်လေး သူနဲ့ နေစေချင်သေးလို့ ဖြစ်မှာပေါ့ အန်တီရယ်၊ ကျွန်တော် မနက် အစောကြီး သွားခေါ်ပေးမယ်၊ ရုံးက ကားတစီး ကျွန်တော် ဆွဲထားလိုက်မယ်”

ကံကြမ္မာက ဒီယောက်ျားကို ကျွန်မ၏နားသို့ ဘာကြောင့် ပို့ပေးလိုက်သည်ကို ကျွန်မနားမလည်ပါ။ ဖြစ်နိုင်လျှင် ထာဝရ အတွက်ပို့ပေးလိုက်စေချင်ပါသည်။ ကျွန်မ၏ အခက်အခဲတွေကို အကူအညီ ပေးဖို့ရန်လောက် အတွက် သာ ဖြစ်နေခြင်း က ကျွန်မအပေါ်ရက်စက်လွန်းပါသည်။ဆွမ်းကျွေးမည့် နေ့ က ကိုလင်း မနက်ဝေလီဝေလင်း လောက်ကထဲက ကား ကလေး  နှင့်ရောက်လာပါသည်။သူ ရောက်လာချိန် မှာ ကျွန်မ အပြင်က ပြန်ရောက်ခါစလေး ရှိပါသေး၏။ ကျွန်မ အဝတ်လဲဖို့ပြင်နေချိန်တွင် မမမြတ် က အနားကပ်ပြီး

“နင် အိပ်ခဲ့ရရဲ့လား”

“ဟုတ်ကဲ့”

တကယ်တော့ ကျွန်မ ခနလောက်လေးသာ မှေးခွင့် ရခဲ့ပါသည်။ ညက ကျွန်မ လိုက်သွားသည့်လူက ရမ္မက် ထန် လွန်းသည့် အပြင် ကျွန်မက လည်း မနက်ကိစ္စ အတွက်စိတ်စောနေ၍ အိပ်ခွင့်ရသည့် သန်းခေါင်ကျော် နောက် ပိုင်း မှာပင် အိပ်လို့ မပျော်ပါ။ ညကထဲက ကျွန်မ အရေးကြီးကိစ္စ ရှိ၍ မနက်လေးနာရီပြန်မည်ဟုကြို ပြောထား သည့် အတွက် ဟိုလူက ကျွန်မတို့ ရပ်ကွက်ထိပ်နား အထိပြန်ပို့ပေးလို့သာတော်တော့သည်။ ကျွန်မ စိတ်ထင် ဟို လူနှင့် ကိုလင်း လမ်းမှာတောင် ကားချင်းဆုံနိုင်သည်။

“ရေချိုးလိုက်ပါလား လန်းသွားအောင်၊ ခပ်မြန်မြန်ချိုးရင် မှီပါတယ်”

ကျွန်မ လည်းရေချိုးချင်စိတ်ရှိလာ၍ ကိုလင်းကို ရေချိုးချင်၍ ခနစောင့်ပေးဖို့ ထွက်ပြောမိပါသည်။ အမှတ်တမဲ့ဖြင့်ထမိန်ရင်လျား ကပိုကရိုဖြင့် ထွက်လာသော ကျွန်မ ကိုမြင်သောအခါ ကိုလင်း မျက်နှာလွှဲသွား၏။ ကျွန်မ လည်းအားနာသွားမိသည်။

“ကန်တော့ နော်ကိုလင်း၊ ဆွေဇင်ရေချိုးချင်လို့ ခန လေးစောင့်နော်”

“ရတယ်၊ ရတယ်”

အသားဖြူလို့ ကိုလင်းမျက်နှာ နီနေတာသိသာ၏။ သနပ်ခါးလိမ်းမည် စိတ်ကူးပြီး ရင်လျားထားသည့် ထမိန်ကိုအောက်သို့တော်တော် လျှော့ချထားမိတာကို အခန်းထဲရောက်မှ သတိ ထားမိသည်။ ကျွန်မ၏ ရင်သားတွေက တ ဝက်လောက် အပြင်ကိုရောက်နေ၏။ ထမိန်စက နို့ သီးဖျားလေးတွေ မှာ ချိတ်မိရုံလေးရှိသည်။ ထို့ကြောင့် ရေချိုးအဝတ်လဲပြီး ပြန်ထွက်လာသည့် အချိန်မှာ ကိုလင်း မျက်နှာကို မကြည့်ဝံ့သလိုဖြစ်နေသည်။ ကိုလင်းကတော့ ကျွန်မ ကို လုံလုံ လဲလဲမြင်ရချိန်တွင် အရင်လိုပင် ပုံမှန်အတိုင်း ကြည့်ပါသည်။

“ဆွေဇင် ဒီနေ့ ဟိုပြောင်းမှာလား”

“ဟုတ်ကဲ့”

“အဝတ်အစား သေတ္တာတွေဘာတွေ မယူတော့ဘူးလား”

“နေ့လည်မှ လာသယ်မယ်”

ကိုလင်းနှင့် စကားပြောရင်း ကျွန်မ မျက်ရည်ဝဲမိသည်။ လက်မှတ်ထိုးသည့် နေ့က ကိုလင်း သက်သေလက်မှတ် ထိုးနေသည့် မြင်ကွင်းကို မြင်ရစဉ်က ခံစားမှုနှင့် တထပ်ထဲဖြစ်သည်။

ကျွန်မ နှင့် ကိုလင်းကြားမှာ စည်းတခုက တဖြည်းဖြည်း ထင်ရှားခိုင်မာလာနေပါသည်။

ကားပေါ်မှာ ကျွန်မလက်ကို မမမြတ် က တလမ်းလုံးဆုပ်ကိုင်ထား၏။ အေးစက်နေသော ကျွန်မလက်ကို ဖျစ်ညှစ် အားပေး သလို ကားမောင်းနေသည့် ကိုလင်းကိုလည်း မမမြတ် ခနခန လှမ်းကြည့်သည်။ ပြီးတော့ ကျွန်မကို ကြည့် ပြီးသက်ပြင်းချသည်။ လူကဲခပ် အလွန်ကောင်းသည့် မမမြတ် ကျွန်မ ခံစားချက်တွေကို ရိပ်မိသွားပြီလား ဟု စိုးရိမ်မိလာလေမှ မမမြတ် က ကျွန်မ ပုခုံးကို နှစ်သိမ့် သလိုဖက်ထားလိုက်၏။ ဝဏ္ဏရှိန် တို့ တိုက်ခန်းရှေ့ ရောက်လို့ ကားပေါ်ကဆင်း ပြီးလှေခါးထစ်တွေ တက်တော့မှ

“အားလုံးကို ကံလို့တော့ ပြောလို့မရဘူး၊ ဒါပေမယ့် ငါထင်တယ် နင့် ဝဋ်ကြွေးတွေထဲမှာ အဲဒီလူလဲ ပါလိမ့်မယ်”

“ရှင်”

တော်သေးသည် ကိုလင်းက ကားပါကင်သွားထိုးနေ၍ နောက်မှာကျန်ခဲ့၏။

“ ခုချိန် မှာ နင်အိမ်ထောင်သည် ဖြစ်နေပြီ၊ ကြွေးသစ် ထပ်မတင်စေနဲ့”

မမမြတ်စကားလုံးတွေက ကျွန်မ နားအုံကို ပိတ်ရိုတ်ပစ်လိုက်သလို ဆူညံနာကျင် ရီဝေသွား၏။ ဝဏ္ဏရှိန် တို့ အ ခန်း ၀ ကိုလည်းရောက်ခဲ့၍ ဆီးကြို နေသည့် ဝဏ္ဏရှိန် ကိုမြင်လိုက်ရသည့် အခါ မမမြတ် ဘာမှဆက် မပြော တော့ပါ။

ကျွန်မ တို့ရောက်ပြီး သိပ်မကြာမှီမှာပင် သံဃာတော်တွေကြွလာ၍ ဆွမ်းကပ်ကြပါသည်။ ဆွမ်းကပ်ပြီးနောက် တရားနာ ဖို့ပြင်နေကြစဉ် မမမြတ် ကျွန်မနားသို့ ကပ်လာပြီး တိုးတိုးလေးပြောသည်။

“ဒါတွေက ငါတို့ နဲ့ သိပ်ပြီးအပ်စပ်တာတွေ မဟုတ်ဘူး။ မမျှော်လင့်တာတွေ လဲဖြစ်ချင်ဖြစ်လာနိုင်တယ်။ စိတ် ကို အတတ်နိုင်ဆုံး ထိန်းပါ၊ ငါနင့်နားမှာ ရှိနေမယ်”

မမမြတ် ဘာကိုဆိုလိုသည်ကို မသိသော်လည်း ရင်ထဲမှာတော့ စိုးထိတ်မိသည်။ တရားနာသည့် အခါ ကျွန်မ နောက်နား လေးမှာ ကပ်၍ မမမြတ်ထိုင်ပါသည်။ ဘုန်းတော်ကြီးက သီလပေးသည်။ ကျွန်မ ပါးစပ်လှုပ်လို့တော့ ရ ပါသည်။ သို့သော် အသံမထွက်ပါ။ တရားဟောသည့် အခါတွင်လည်း ကြားတော့ကြားသည် သို့သော် ဘာတွေ မှန်း မသိ။ ရေစက်ချသည့် အချိန်မှာ အဆိုးဆုံးဖြစ်သည်။ ထုံးစံ အရ ကျွန်မ နှင့် ဝဏ္ဏရှိန်  ရေစက်ချ အမျှေ၀ ရမည် ဖြစ်သော်လည်း ရေစက်ခွက်ကို ကျွန်မ ကိုင်လို့မရပါ။ လက်တွေတဆတ်ဆတ်တုန်ပြီး ကိုင်တာနှင့် လွတ် ကျ၏။ ကျွန်မ အော်ငိုချင်လောက်အောင် စိတ်ပျက်သွားမိပါသည်။ မမမြတ်ကလည်း အခြေအနေ ကိုသိသည့် အ တွက် ကျွန်မ နှင့် လူချင်းထိလုမတတ်ကပ်ထား၏။ နောက်ဆုံး ဝဏ္ဏရှိန် တယောက်ထဲ ရေစက်ချလိုက်ရပါသည်။

စိတ်ပြေလက်ပျောက် နှင့် အခန်းထဲမှာ မျက်စိကစားရင်း ကိုလင်းကို မသိမသာ ရှာမိသည်။ ဧည့်ခန်း ကျဉ်းလေး ထဲမှာ လူတွေ ပြည့်နေ၍ ကိုလင်း အပြင်ထွက်နေသည်ထင်ပါသည် .ကိုလင်းကို မတွေ့ရပါ။ ဝဏ္ဏရှိန် ကရေစက်ချကျွန်မ က ပါးစပ်လှုပ်တုတ်လှုပ်တုတ်လုပ်ရင်း သူများတွေ သာဓုခေါ်ကြသည့် အခါ ကျွန်မ တကိုယ်လုံးတုန် ပြီး ကြက်သီးတွေ တဖျန်းဖျန်းထ၏။ ပုံလဲကျ မသွားစေရန် စိတ်ကို မနည်းတင်းထားရသည်။ ဒါကြောင့် မမမြတ် ဒီ နေ့ မှာ ကျွန်မကို အားပေးဖို့ မပျက်မကွက်လိုက်လာခြင်း ဖြစ်ကြောင်း သိလိုက်သည်။

“ညည်း စိတ်ထိန်း နိုင်သားပဲ”

ဘုန်းတော်ကြီးတွေ ပြန်ကြွသွားပြီးနောက် ဧည့်သည်တွေ ကို ဧည့်ခံဖို့ပြင်ဆင်နေချိန်တွင် မမမြတ်ကပြောသည်။ဆွမ်းကျွေးက ဧည့်သည်နည်းပါသည်။ ဒီနားတဝိုက်က လူများ၊ ဝဏ္ဏရှိန်၏ လုပ်ဖေါ်ကိုင်ဖက်တွေ နှင့် ကျွန်မ၏ လုပ်ဖေါ်ကိုင်ဖက် တွေသာဖြစ်သည်။ ကျွန်မတို့ အိမ်နီးချင်း တွေကိုတောင် မဖိတ်ပါ။ ဒါကလည်း မမမြတ်ဆန္ဒ ဖြစ် ပါသည်။

နေ့လည်ခင်း ရောက်တော့ မမမြတ် ပြန်ဖို့ပြင်သည်။ ကိုလင်းက လိုက်ပို့မည် ဆိုတာကိုတောင် လက်မခံဘဲ သူမ ဖာသာ အတင်းပြန်သွား၏။ ကျွန်မ ကတော့ နေခဲ့ရပါသည်။

ညနေကျမှ ကျွန်မ နှင့် ဝဏ္ဏရှိန် အိမ်ကို လိုက်သွားပြီး ကျွန်မ ပစ္စည်းတွေ ယူရင်း မမမြတ်ကို ကန်တော့ကြသည်။

“အားလုံး အဆင်ပြေပါစေလို့ ငါဆုတောင်းပေးပါတယ်၊ တယောက်ကို တယောက်လဲ သည်းခံပြီး ခွင့်လွှတ်ပြီးတ သက်လုံး ပေါင်းနိုင်ကြပါစေ”

အသံတုန်နေသော်လည်း မမမြတ် အိန္ဒြေ မပျက်အောင်ထိန်းထားနိုင်ပါသည်။ ကျွန်မကတော့ ငိုမိသည်။ ကျွန်မဒီ ဘ၀ ကိုရောက်ခဲ့ပြီးနောက် ကျွန်မ ကို အမေသဖွယ် အမသဖွယ် စောင့်ရှောက်ခဲ့ ရှာသည့် ကျေးဇူးရှင်ဖြစ်သည်။ခုတော့ ဒီအိမ်မှာ သူမ တယောက်ထဲကျန်ခဲ့တော့မည်။

“ကျွန်မ ခနခန လာမှာနော်၊ မမမြတ် ကျွန်မ မသိအောင်ပြောင်း မသွားပါနဲ့”

ငိုရင်း နှင့် မမမြတ်ကိုတောင်း ပန်တော့ ဝဏ္ဏရှိန် နားမလည်သလိုကြည့်သည်။ မမမြတ်က အချိန်မရွေးဒီကနေ ထွက်သွား နိုင်သည့် လူစားဆိုတာ ကျွန်မကတော့ ကောင်းကောင်းသိနေ၏။

“စိတ်ချပါအေ၊ ငါကလဲ ညည်းကို အမြဲလာကြည့်နေမှာပါ၊”

မမမြတ် ကတိစကားကြောင့် ကျွန်မစိတ်ပေါ့ သွားသည်။ ကျွန်မ အိမ်ထောင်ပြုလိုက်၍ အဆင်ပြေသွား၊မသွား ကို မမမြတ်သိချင်နေသေးသည်။ မမမြတ် အခုတိုင်အောင် ကျွန်မကို စိတ်ချသေးပုံမရပါ။ ဒါလည်း တမျိုးကောင်းပါ သည်။ ကျွန်မကို စိတ်မချမှ မမမြတ် အဝေးသို့ မသွားမည် ဖြစ်သည်။

“ရုံးပိတ်ရက် တိုင်း ဆွေဇင့်ကို အမဆီလာပို့ပါမယ်၊ အမ တို့ညီအမ နီးနီးနားနား နေချင်လည်း ကျွန်တော် နေရာ ရှာပေးမယ်လေ၊ ”

“ငါ့ ဖေါက်သည်တွေက ဒီမှာဆိုတော့ ဒီမှာပဲကောင်းပါတယ်၊ ကဲကဲ သွားကြတော့”

အိမ်အပြန် ကားပေါ်တွင် ကျွန်မကို ဖက်ရင်း ဝဏ္ဏရှိန်က

“မောင် မတရားသလို များဖြစ်နေပြီလား”

“ဘာဖြစ်လို့လဲ မောင်”

“မောင်ကျတော့ မေမေ နဲ့ ခွဲမနေနိုင်ဘူး၊ ဆွေဇင့် ကို ကျတော့ တယောက်ပဲရှိတဲ့ အမဆီကနေ ခေါ်ထုတ်လာ တယ်”

“မမမြတ် က ဆွေဇင် အိမ်ထောင်ပြုရင် တူတူမနေတော့ဘူး လို့ပြောပြီးသား မောင်ရဲ့”

“ဆွေဇင့် ကို အိမ်ထောင် မပြုစေချင်လို့နေမှာပေါ့”

“ဒီလိုလဲ မဟုတ်ပါဘူး၊ မောင်နဲ့ မြန်မြန် လက်ထပ်ဖို့ သူပဲ အမြဲပြောနေတာ”

“ဟုတ်လား၊ ကြည့်ရတာ သူလဲ အစီအစဉ် ရှိတယ် နဲ့တူတယ်”

“မသိပါဘူး မောင်ရယ်”

ဆက်မပြောချင်တော့၍ ကျွန်မ စကားကိုဖြတ်လိုက်သည်။

“အော် …ဒါနဲ့ ဆွေဇင်၊ ညကျရင် ထုံးစံ အတိုင်း ဘက်ချလာနိုက်ရှိတယ် သိလား၊ ဆွေဇင်ပါလိုက်ခဲ့နော်”

“ဟာ ..မလိုက်ချင်ပါဘူး၊ အိမ်မှာပဲ အန်တီ နဲ့ နေခဲ့မယ်”

ဝဏ္ဏရှိန် ထပ်ခေါ်သေးသော်လည်း ကျွန်မညင်းလိုက်သည်။ အိမ်ရောက်တော့ အန်တီနန်း ကလည်း ကျွန်မကို ထောက်ခံ၍ ကျွန်မ မလိုက်ဖြစ်တော့ပါ။

“ပစ္စည်းတွေ နေရာချရဦးမယ်လေ”

ဝဏ္ဏရှိန် မကျေမနပ် နှင့် ထွက်သွားသည်။ ကိုလင်းပါမှာလားလို့တောင် ကျွန်မ မမေးလိုက်ရပါ။ သူထွက်သွားမှကျွန်မ လည်း ကျွန်မ အဝတ်အစားတွေကို နေရာချရသည်။ ဝဏ္ဏရှိန်အခန်းထဲမှာပဲ အိပ်ယာပြင်ထားသည်။ အရင် ကုတင် အသေးနေရာတွင် အကြီးဖြစ်သွားပြီး အိပ်ယာက အသစ်ဖြစ်နေတာကလွဲလျှင် အခန်းက အရင် အတိုင်းသာဖြစ်ပါသည်။ အန်တီနန်းက ကျွန်မသုံး ဖို့ ကျွန်းသားဘီရို တလုံးထည့် ပေးထား၍ ကျွန်မ အဝတ် တွေအဲဒီထဲ ထည့်ခဲ့ပြီးနောက် အပြင်ပြန်ထွက်လာခဲ့ပါသည်။

“ဘာအလုပ်ရှိလဲ အန်တီ”

“မရှိဘူး၊ ညစာလဲ ချက်ပြီးပြီ၊ ဟိုကောင်က ဒီညစားမှာမဟုတ်တော့ သမီး နဲ့ အန်တီ ပဲရှိတယ်၊ ဆာပြီလား”

“မဆာသေးပါဘူး အန်တီ”

ဧည့်ခန်းမှာ တီဗွီကြည့်နေသည့် အန်တီနန်းနား ဝင်ထိုင်ပြီး ကျွန်မလည်း ကြည့်နေလိုက်သည်။ ကိုယ့်အိမ်ကိုယ့် ယာ မဟုတ်သည့် နေရာအသစ်က အနည်းငယ် စိမ်းနေသလိုရှိသည်။

အရင်က ရောက်ဖူးတာနှင့် မတူပါ။ အခုက ကျွန်မ ဒီမှာ အမြဲနေရတော့မည် ဖြစ်သည်။ နောက်တော့ အကျွမ်းတဝင် ဖြစ်သွားလိမ့်မည်ဟု စိတ်ကိုဖြေရ၏။ ခနကြာတော့ ကျွန်မ နှင့် အန်တီနန်း ထမင်းစားကြသည်။

“အန်တီကတော့ ကိုးနာရီဆို အိပ်တယ်၊ မနက် ကျောင်းမသွားခင် ကျူရှင်သင်ရသေးလို့လေ၊ ဟိုကောင်လေး ကတော့ ဒီည နောက်ကျမယ် ထင်တယ်၊ သမီးနဲ့ ဝိုင်းစောင့် ပေးရမလား”

ထမင်းစားရင်း ပြောလိုက်သည့် အန်တီ နန်းစကားကြောင့် ကျွန်မရင်ထဲ ဒိန်းကနဲဖြစ်သွားသည်။ ဝဏ္ဏရှိန် သာ အချိန်မှီ ပြန်မရောက်ခဲ့လျှင် ဆိုသည့်စိတ်ကြောင့် လက်တွေတုန်လာသော်လည်း

“ရပါတယ်၊ သမီးစောင့်ပါမယ်”

“မစောင့် နိုင်လဲ အထဲက လော့ဂ် ချပြီး အိပ်လိုက်၊ အပြင်မှာသော့တချောင်းရှိတယ်၊ သူ့ဖာသာဝင်လာလိမ့်မယ်”

“ဟုတ်ကဲ့ အန်တီ”

စိုးရိမ်စိတ်ကြောင့် ထမင်းကိုတောင် ဖြောင့်အောင်မစားနိုင်တော့ပါ။ ဒါပေမယ့် ဝဏ္ဏရှိန် သိပ်နောက်ကျလိမ့်မည် လို့တော့ မထင်ပါ။ သူအလွန်ချစ်သည့် ကျွန်မနှင့် မင်္ဂလာဦး ညကိုပျော်ရွှင်စွာ ဖြတ်သန်းဖို့ သူစောစီးစွာ ပြန်လာ လိမ့်မည် လို့လည်း စိတ်ကထင်နေသည်။ ထမင်းစားပြီး အန်တီနန်း ဘုရား ရှိခိုးနေစဉ် ကျွန်မ အခန်းထဲပြန်ဝင်ပြီး အဝတ်အစားလဲလိုက်သည်။ အင်္ကျ ီနှင့်ထမိန် ကိုချွတ်လိုက်ပြီး ပေါ့ပါးသည့် ဂါဝန်ရှည်ပြောင်း ဝတ်လိုက်သည်။ အတွင်းခံဘောင်းဘီကို ချွတ်လိုက်သော် လည်း ဘရာစီယာတော့ ဆက်ဝတ်ထားလိုက်သည်။ ကျွန်မကိုယ် ကျွန်မလည်း မှန်ထဲမှာကြည့်ပြီး ကြည့်ကောင်းအောင်ပြင်ဆင်လိုက်ရ၏။ ဝဏ္ဏရှိန် ပြန်လာလျှင် အားလုံးအဆင်သင့် ဖြစ်နေစေရန်ဖြစ်သည်။ ရေမွှေးတောင် အ နည်းငယ် မသိမသာလေး ဆွတ်လိုက်၏။ ကျွန်မ၏ ထူးခြားတက်ကြွသည့် တုံ့ပြန်မှုများကြောင့် ဝဏ္ဏရှိန် တအံ့ တသြဖြစ်တော့မည့် အရေးကို တွေးရင်း ပြုံးမိသေးသည်။

သေသေချာချာ ပြင်ဆင်ပြီးသည့် နောက် ကုတင်ပေါ်မှာထိုင်ပြီး နံရံပေါ်က နာရီတကြည့်ကြည့် နှင့် ဝဏ္ဏရှိန် ကို မျှော်နေမိသည်။ အချိန်တွေကတရွေ့ရွေ့ ကုန်လာသည် ဝဏ္ဏရှိန်က ပေါ်မလာသေး။ အန်တီနန်းတောင် ကျွန်မ ကို အခန်းပြင်ကနေ လှမ်းအော် နှုတ်ဆက်ပြီး အိပ်ခန်းထဲ ဝင်သွားပေပြီ။ ကျွန်မ၏ စိုးရိမ်စိတ်တွေ ဒီရေလို တရိပ် ရိပ် တက်လာ၏။ မကြာတော့သည့် အချိန်တွင် ကျွန်မ၏ ဝေဒနာချိန်သို့ ရောက်တော့မည်ကို စိတ်ကသိနေသည်။

အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စိတ်ကိုတင်းထားသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်းကိုယ့်ကိုယ်ကို အားပေး၏။ နောက်ဆုံး ကျွန်မ ၏ ဝဋ်ကြွေးဟု ပြောသွားသော ကိုလင်းမျက်နှာကိုမြင်ယောင် ကြည့်ရင်း စိတ်ကိုဖြေသည်။ ကျွန်မ ကိုအမြဲ လိုကူညီတတ်ထွက်ပေါက်ပေးတတ်သည့် ကိုလင်း ဒီတခါတော့ ကျွန် မ ကို မကူညီ နိုင်တော့ပါ။

ဝေဒနာချိန် ရောက်လာသည့် အခါ ကုတင်တိုင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း စိတ်ထဲကနေ ကိုလင်းကို တသသ တမ်းတနေသည့်ကြားထဲက ကျွန်မလွင့်ထွက်သွားပြန်ပါသည်။ ဂါဝန် တဖါးဖါး နှင့် လမ်းပေါ်မှာ ဖိနပ်မပါဘဲ ရောက် သွားချိန်မှာ ကျွန်မ ဘာကိုမှမသိတော့။ ယောက်ျားတယောက် ကို အသည်းအသန်လိုက်ကြည့်နေမိသည်။ ကျွန်မရောက်နေသည့် နေရာ ဘယ်နေရာလည်း ဟုပင် စူးစမ်းဖို့သတိမရတော့။

“ဟေ့၊ ညကြီး မင်းကြီး ဘယ်လဲ၊ လိုက်ပို့ရမလား”

ခေါ်သံကြောင့် လှမ်းကြည့်လိုက်ရာ ကားတစီး နှင့်လူတယောက်။ ကားကခပ်မြင့်မြင့်ကြီးကြီး နှင့် အဖိုးတန်ကား ဖြစ်ပုံရသည်။ ကားပေါ်သို့ ကျွန်မ ဘယ်လိုရောက်သွားသည်ကို ကျွန်မ မသိလိုက်ပါ။ ကားပေါ်က လူက မီးလုံးဖွင့်ပြီး ကျွန်မကို ကြည့်သည်။

“ဟာ …မိုက်တယ်ကွာ၊ ဘယ်လိုလဲ…အဆင်ပြေမလား …ဟဲ ဟဲ”

“ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်”

“ဟာ ပိုကြိုက်သွားပြီ၊ ဘယ်ကို ရွေ့ရွေ့ရတယ်ပေါ့”

“ရတယ်”

“ဒီကားထဲမှာ ဆိုရင်ကော”

“ရပါတယ် ဆို”

“အဆန်းပဲ၊ ဒါပေမယ့် ကြိုက်တယ်ကွာ တကယ်ပြောတာ”

သူကမီးပိတ်ပြီးကားကိုမောင်းထွက်လိုက်ချိန်တွင်ကျွန်မသူ့ပေါင်ပေါ်မှောက်ချလိုက်ပြီး ပုဆိုးစကိုဖြေချလိုက် သည်။

“ဟား …ဟာ၊  စိတ်ကြီးလိုက်တာ၊ နေပါဦး၊ ငါကားတိုက်မှု ဖြစ်တော့မှာပဲ ..ဟ…ဟ”

ကျွန်မ သူ့စကားကို နားမထောင်တော့ပါ။ ယောက်ျားတွေကြိုက်တတ်တာကျွန်မ သိပြီးသားပင်။ သူတို့ကို အမြန် ဆုံးနှိုးဆွ နိုင်သည့်နည်းလမ်းကို သုံးလိုက်သည်။

“မင်း ကတော့ …တကယ်ပဲ၊ ငါတော့ လူပေါင်းမှား ပြီထင်တယ်”

ပါးစပ်က ပြောသော်လည်း တနေရာမှာ သူကားကိုရပ်လိုက်သည်။

“တော်တော့ တော်တော့ ရပြီ”

ကျွန်မ ကို သူ့ပေါင်ပေါ် အရင်ဆွဲတင်လိုက်ပြီးမှ ကျွန်မ ထိုင်ခဲ့သည့် ဖက်အခြမ်းကို ပြန်တွန်းလှဲလိုက်၏။

“အား .. မင်းက ရယ်ဒီ လုပ်ထားတာကိုး၊ ရွှဲတောင်နေပြီ ... ဟား ..ဟား”

ဂါဝန်ကို လှန်တင်လိုက် ၍ ကျွန်မ အောက်ပိုင်းကို လက်နှင့်စမ်းရင်း ရင်း သူပြောသည်။ ကျွန်မကတော့ ကားတံခါးဘောင်ကို လက်နှင့်တွန်းရင်း သူလှုပ်ရှား လာဖို့ကိုသာ အငမ်းမရ မျှော်လင့် နေမိတော့၏။

...............................

နေရာသစ်မှာ အသားကျဖို့ကြိုးစားရင်း အိမ်ထောင်သည် ဘ၀ ကို ဖြတ်သန်းရခြင်း က ကျွန်မ မျှော်လင့်ထားခဲ့ သည်ထက် ပိုပြီး ခက်ခဲခဲ့ပါသည်။ အဓိက အကျဆုံးမှာ ကျွန်မ၏ညပိုင်းဝေဒနာ ချိန်တွေဖြစ်၏။ မနက်မိုးလင်း မှသည် မိုးချုပ်အထိ ကတော့ အားလုံးလွယ်ကူချောမွေ့ပါသည်။မနက်ဆိုလျှင် ကျွန်မ နှင့် အန်တီနန်း မနက်စာ နှင့် နေ့လည် ထမင်းချိုင့် တွေအတွက် ချက်ကြပြုတ်ကြသည်။ပြီးလျှင် အသီးသီး ကိုယ့်အလုပ်ကိုယ်သွားကြသည်။ ဈေးဝယ်ဖို့ လိုအပ်လျှင်ကျွန်မ ဖြစ်ဖြစ် အန်တီနန်း ဖြစ်ဖြစ် အလုပ်ပြန်မှာ ကြုံသည့် လူက ဈေးဝယ်လိုက်သည်။ ပြန်ရောက်လျှင်လည်း အရင်ရောက်သူက ညစာအတွက် ပြင် လိုက်သည်။ အန်တီနန်းက ကျူရှင်တွေလိုက်သင်နေရ၍ များသော အားဖြင့် ကျွန်မသာ ချက်ပြုတ်ရပါသည်။ ကျွန်မ တယောက်ထဲ လုပ်ရသည့် အတွက်စိတ်ထဲ ဘယ်လိုမှမနေပါ။ ကိုယ့်ဘ၀ ကိုယ်လျှောက်တွေးပြီး စိတ် လေနေမည့် အစား အိမ်အလုပ် တွေလုပ်နေခြင်းက ကျွန်မအတွက်ဖြေသာ သည်ဟု ထင်မိပါသည်။

မိုးချုပ်၍ အမှောင်ရောက်ပြီဆိုလျှင်တော့ ကျွန်မသွေးပျက်စပြုလာပါတော့သည်။ ဝဏ္ဏရှိန် က အပေါင်းအသင်း မင်၏။ အလုပ်ကပြန်လာလျှင် ကျွန်မကို တောက်တိုမယ်ရ ကူပေး၍ ရေချိုး ထမင်းစားပြီးသည် နှင့် အပြင်ကို တ ခေါက်ပြန်ထွက်ပါသည်။ သူအိမ်ပြန်နောက်ကျ မှာကို ကျွန်မစိုးရိမ်ပါသည်။ အိမ်မှာရှိနေလျှင်တော့ သူ့ကို ကျွန် မ၏ ဝေဒနာ ချိန်တွေမှာ အိပ်ယာထဲ ခေါ်သွင်းဖို့ ဘာမှမခက်ပါ။ မမမြတ်ပြောဖူးသည့် “နင်ရောဂါ တက်ရင်သူ တို့ က ပိုတောင်ကြိုက်ကြဦးမယ်”ဆိုသည့်စကားကိုပြန်အမှတ်ရမိ၏။

ခက်တာက ဝဏ္ဏရှိန် ဖြစ်သည်။ သူက အပြင်ရောက်ပြီးလျှင် တော်တော်နှင့် မပြန်ချင်။ မင်္ဂလာဦးည မှာ မဟုတ် မဟတ်တွေ ဖြစ်ပြီးကထဲက သူနောက်ကျမှာ ကျွန်မကြောက်ပါသည်။

အဲဒီညက ကျွန်မ ကိစ္စပြီးလို့ ပြန်ရောက် လာသည် အထိသူမရောက်လာသေးပါ။ ကျွန်မ ကို ခေါ်သွားသည့် လူကို အိမ်နားအထိ ပြန်ပို့ ခိုင်းတော့ ပို့ပေး ပါသည်။ ပိုက်ဆံပေးတာကို မယူသည့် အခါ နောက်တွေ့ချင်သေးသည်ဟု ပြောပြီး ဖုန်းနံပါတ်လည်း တောင်း သေး၏။ ဖုန်းမရှိဟုပြောလိုက်သော အခါ နောက်ကိုဆက်သွယ်ဖို့ဟု ပြောပြီး လိပ်စာကဒ် အတင်းပေးသေး၏။ ဟန် မပျက်ယူလာပြီးမှ လမ်းမှာ ကျွန်မ လွှတ်ပစ်ခဲ့ပါသည်။ ကံအားလျှော်စွာ လမ်းထဲမှာ လူပြတ်နေလို့ အသိ ဘယ်သူ နှင့် မှ မတိုးဘဲ ကျွန်မပြန်ရောက်လာပါ၏။

ဝဏ္ဏရှိန် ပြန်ရောက်နေလောက်ပြီဟုထင်မိသည်။ ပြဿနာဖြစ်လျှင်တော့ မမမြတ်ဆီပြန်ဖို့သာရှိတော့သည်ဟု ကျွန်မ တွေးနေမိ၏။ ပြဿနာဖြစ်လျှင်လည်း ကျွန်မ ဝမ်းနည်းနေမှာ မဟုတ်လို့လည်းထင်မိပါသည်။ ဖြစ်လိုရာ ဖြစ်စေ ကျွန်မဂရုမစိုက်ချင်တော့ပါ။ တံခါးဝက ပန်းအိုးထဲမှာသော့ ထားတတ်မှန်းသိ၍ စမ်းကြည့်လိုက်ရာ သော့ ရှိနေသေးသည်။ ဝဏ္ဏရှိန်မှာသော့တချောင်း ရှိသေးလား ကျွန်မမသိပါ။ ကျွန်မ မရှိ၍ အန်တီနန်း တံခါးထဖွင့် ပေး လိုက်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါသည်။ ပန်းအိုးဘေးမှာ ငုတ်တုတ်လေး ထိုင်ရင်း စဉ်းစားနေစဉ် လှေခါးအ တိုင်း ဒရီးဒယိုင်ဖြင့် တက်လာသော ဝဏ္ဏရှိန် ကိုမြင်လိုက်ရသည့် အခါ ကျွန်မ၏ ကံတရားကို တအံံ့ တသြဖြစ်မိ ပါ၏။

ဝဏ္ဏရှိန် အရမ်းမူးနေပါသည်။ သို့သော် ကျွန်မကိုမြင်၏။

“အင် …. ဆွေဇင် …မောင့် ..မောင့် ကို စောင့်နေတာလား၊ ဘယ်အချိန်ရှိပြီတုန်း”

လက်မှာ နာရီပတ်ထားသူက နာရီမပါသည့် ကျွန်မကိုပြန်မေးနေသည်။ ဘယ်အချိန် ရောက်နေမှန်း ကျွန်မ လည်း မသိပါ။

“မသိဘူး”

“စောင့် နေတာကြာပြီလား၊ ဆောရီး အချစ်ရယ်၊ အရမ်းဆိုးတဲ့ ကောင်တွေ၊ မောင်လဲ ဘယ်နှစ်ခွက်မှန်းကို မသိ တော့ပါဘူး”

ယိုင်ထိုးယိုင်ထိုး နှင့် တံခါးကိုတွန်းသည်။ အတွင်းမှသော့ ခတ်ထား၍ တွန်းလို့မရပါ။ ပန်းအိုးထဲက သော့ကိုယူပြီးတံခါးဖွင့်ပေးလိုက်သည်။ ဘာကြောင့် တံခါးကိုသော့ခတ်ပြီး ကျွန်မ အပြင်မှာထွက်ထိုင်နေသည်ကို မူးနေသော ဝဏ္ဏရှိန် မေးဖို့သတိမရပါ။ သူ့ကို ကြည့်ရတာ မတ်မတ်တောင် ကောင်းကောင်း မရပ်နိုင်သလိုဖြစ်နေလို့ ကျွန်မ ကပင် အိပ်ခန်းထဲတွဲ ခေါ်ခဲ့ရသည်။

“မောင့် ကို စိတ်ဆိုးနေလားဆွေဇင်၊ ဒီကောင်တွေ အကြောင်းသိလို့ ဆွေဇင့်ကို ခေါ်တာ၊ ဆွေဇင်က မလိုက်တော့ ဝိုင်း ညှဉ်းကြတာပေါ့”

“ရပါတယ်၊ စိတ်မဆိုးပါဘူး”

တကယ်ပင် ကျွန်မစိတ်ထဲ ဘယ်လိုမှမနေပါ။ ဝဏ္ဏရှိန် အဝတ်လဲ ဖို့ကူညီပေးနေစဉ် သူက ကျွန်မကိုအတင်းလိုက် နမ်းသည်။ သူ့နှုတ်ခမ်းတွေ ကို လွတ်အောင်ရှောင်ရင်း ကျွန်မ ငိုချင်လာသည်။ ဘယ်ကမှန်းတောင် မသိသည့် လူ တယောက် နှင့် ဖြစ်ချင်တိုင်း ဖြစ်ခဲ့သည့် မသန့်ရှင်းသောကျွန်မ နှုတ်ခမ်းတွေကို ဝဏ္ဏရှိန် မနမ်းမိစေလိုပါ။

“မောင့် မိန်းမ အရမ်းလှတာပဲ၊ မောင်စောစောပြန်လာသင့်တာ”

ကျွန်မ ရင်ထဲ ဒိန်းကနဲဖြစ်သွားပါသည်။ ခုနေခါမှာ ဝဏ္ဏရှိန်က ကျွန်မနှင့် ဆက်ဆံမည် ဆိုလျှင် ကျွန်မ မှာငြင်းခွင့် မရှိပါ။ ကျွန်မ အတွက်ဒါက ဘာမှ မထူးခြားဟု ဆိုနိုင်သော် လည်း လောလောလတ်လတ် ယောက်ျားတယောက် နှင့် အိပ်လာ ပြီးစမှာ ဝဏ္ဏရှိန် ရင်ခွင်သို့ ဝင်ဖို့ ကျွန်မ မရဲဘဲဖြစ်နေသည်။

“ခန နော် မောင်”

ရေချိုးခန်းထဲဝင်ပြီး ဟိုလူနှင့် ဖြစ်ခဲ့သည့် အကျိအချွဲတွေကို ပြောင်စင်အောင်ဆေးကျောရပါသည်။ ကားပေါ်မှာ ကွေးကွေး လေး နှစ်ကြိမ် တိုင်တိုင်ဆက်ဆံခဲ့ရလို့ ကိုယ်တခြမ်း နာချင်သလိုလို ဖြစ်နေတာ ခုမှသတိရသည်။ ဖြစ် နိုင်လျှင် ရေချိုးလိုက်ချင်သော်လည်း အချိန်မရ၍ စိတ်ကျေနပ်သည် အထိ ပြောင်စင်အောင် ဆေးကြောသုတ် သင် ပြီးမှ သွားကိုသေသေချာချာ တိုက်၊ ပလုပ်ကျင်း ကာမျက်နှာသစ်ပြီး အိပ်ခန်းထဲပြန်ရောက်ချိန် တွင် ဝဏ္ဏ ရှိန်က ကုတင်ပေါ်မှာ တခေါခေါ နှင့် အိပ်မောကျ နေလေပြီ။ ကျွန်မ အတွက် နာကျင်ခြင်း ငရဲခန်း တခုက နေ လွတ်မြောက်ခွင့်ရလိုက်သည်ဟု မတွေးမိဘဲ အိပ်ပျော် နေသည့် ဝဏ္ဏရှိန် ကိုကြည့်ရင်း ကျွန်မ အလွန်အားနာ နေမိ၏။ နောင်ဒါမျိုး မဖြစ်စေရဟု လည်း ဆုံးဖြတ်လိုက်မိပါသည်။

နောက်နေ့ကျတော့ ပြန်အလျော်ပေးသည့် အနေဖြင့် ဝဏ္ဏရှိန် အပြင်မထွက်တော့ပါ။ ထို့ကြောင့် ကျွန်မ၏ ဝေဒနာ ချိန်တွေမှာ ပျော်စရာအချိန်တွေ ရခဲ့ပါသည်။ ထူးခြားတက်ကြွသည့် ကျွန်မ၏ တုံ့ပြန်မှုများကို ဝဏ္ဏရှိန် အံ့ သြ နေပါသည်။ ပေါက်ကွဲထွက်လုမတတ် ကျွန်မ၏ ပြင်းပြမှုများကြောင့် ဝဏ္ဏရှိန်လည်း အလွန်တက်ကြွခဲ့ရပါသည်။

“လင်မယား ဖြစ်သွားလို့ထင်တယ် ဆွေဇင်မရှက်တော့ဘူး”

သဘောကျစွာ ပြောလာသည့် ဝဏ္ဏရှိန် စကားကို ကျွန်မ မချိပြုံးနှင့်ပဲ တုန့်ပြန်မိသည်။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိ သည် မဟုတ်ပါလား။ အိမ်မှာ ပျင်းသည်ဟူသော အကြောင်းပြချက် ဖြင့် ညနေဖက် ဝဏ္ဏရှိန် အပြင်ထွက်တိုင်း ကျွန်မလိုက်သည်။ လဘက်ရည်ဆိုင်သွားလျှင် လဘက်ရည်ဆိုင်လိုက်၏။ ဘီယာဆိုင်သွားလျှင် ဘီယာဆိုင်လိုက် ၏။ ညားခါစလည်းဖြစ်နေရာ ဝဏ္ဏရှိန် နောက်က တတန်းတန်း လိုက်နေသည့် ကျွန်မကို ဘယ်သူမှ အပြစ်မဆို ကြပါ။ အရမ်းချစ်နေကြသည် လို့ပင်ယူဆကြ၏။ ဝဏ္ဏရှိန် ကလည်း ကျွန်မလိုက်သည်ကို မငြူစူပါ။ သူ့ကို မခွဲနိုင် လို့ လိုက်သည် ဆိုပြီး ကျေနပ်ဂုဏ်ယူလို့ပင်နေသေး၏။

ကိုလင်း နှင့် က ရင်းနှီးပြီးသား ဖြစ် လို့ ဝဏ္ဏရှိန်  နှင့်လိုက်ရသည်မှာ မကြောင်ပါ။ နောက်တော့ ကျန်သည့် သူ တွေ နှင့်ပါ ရင်း နှီးသွားပြီး ကျွန်မကို သူတို့ အဖွဲ့သား အပေါင်းအသင်း တယောက် အနေနှင့် သတ်မှတ် လက် ခံလိုက်ကြပါသည်။ တခုပဲ ရှိသည်။ အပြင်ရောက်ပြီဆ်ုလျှင် ဝဏ္ဏရှိန် က အိမ်ကို တော်တော် နှင့် မပြန်ချင်ပါ။ အပြင်မှာ လေကျနေပြီ ဆိုလျှင် တမေ့တမော နေတတ်၏။ ကျွန်မ၏ ဝေဒနာချိန် နီးလာ၍ ငိုက်မြည်းသလိုဖြစ်လာ ပြီ ဆိုလျှင် ပြန်ဖို့ အတင်းလောဆော်ရသည်။ တခါတလေကျလျှင် ကိုယ်တော်ချောက တော်တော် နှင့် မထချင်။ ဒီ လို အချိန်မျိုးဆိုလျှင် ထုံးစံအတိုင်း ကျွန်မ၏ ကယ်တင်ရှင် က ကိုလင်းဖြစ်သည်။

“ဟေ့ ကောင် ဝဏ္ဏ၊ ဆွေဇင် အိပ်ချင်နေပြီလား မသိဘူး၊ ပြန်တော့ပြန်တော့” 

ဆိုတာမျိုး အတင်းတွန်းလွှတ်တတ် သည်။ ဝဏ္ဏရှိန်က ပေကပ်နေသေးလျှင် ပိုက်ဆံထရှင်း ပြီးဝိုင်းသိမ်း ပစ်လိုက်၏။ ဒီလို အချိန်မျိုးဆိုလျှင် ကိုလင်း ကို ကျွန်မ၏ ဝဋ်ကြွေးဟု ပြောခဲ့သည့် မမမြတ်စကား ကိုပြန်သတိရမိသည်။ မမမြတ်စကား လုံးလုံးလျားလျား တော့ မမှားပါ။

ကိုယ့်အကြောင်း နှင့် ကိုယ် ကိုလင်းကို နေ့စဉ်လိုမြင်တွေ့နေရခြင်း က ကျွန်မကို ပင်ပန်းစေပါ သည်။ ကိုလင်း၏ ဖြူစင်သော အကြည့်၊ နွေးထွေးသည့် ဆက်ဆံမှု နှင့် အလိုက်သိတတ်ခြင်း များက ကျွန်မကိုဓါး နှင့် အလွှာလိုက်မွှန်းနေသလိုပင်။ ကိုလင်းကို ရှောင်ချင်၍ အိမ်မှာ နေခဲ့ပြန်လျှင်လည်း ဝဏ္ဏရှိန် နောက်ကျ နေပါက မင်္ဂလာဦးည တုန်းကလိုမျိုး ထပ်ဖြစ်မှာ ကျွန်မ စိုးရိမ်ပါသည်။ ထို့ကြောင့် ရင်နာနာ နှင့်ပင် ညတိုင်း ကို လင်း မျက်နှာ ကိုကြည့်နေရသည်။

ကျွန်မ က အရင်လို လွတ်လပ်သည့် မိန်းကလေး တယောက်မဟုတ်တော့ပါ။ အရင်က ကိုယ်ရင်ခုန်ချင်သူကို ရင် ခုန်နိုင်ပြီး ကျွန်မ ဝေဒနာ တက်သည့် အချိန်တွေမှာ ကြုံရာလူနှင့် အိပ်၍လည်း ဘယ်သူ့ကိုမှ ထိခိုက်စရာ မရှိဟု ထင်ပါသည်။ ခုချိန်မှာ ကျွန်မက ဝဏ္ဏရှိန် ၏ ဇနီးဖြစ်နေပါပြီ။ ကျွန်မ၏ ကာမပိုင်လင်ယောက်ျား မှ အပ တပါး သော ယောက်ျား နှင့် အိပ်လို့လည်း မဖြစ်တော့သလို စိတ်ကူး ယဉ်လို့လည်း မရတော့ပါ။ ကြွေးသစ် ထပ်မတင် စေ နဲ့ ဆိုသည့် မမမြတ်စကား ကို ပြန်ကြားယောင်တိုင်း စိတ်ထဲက ခံစားချက်မှန်သမျှကို ချိုးနှိမ်တိုက်ဖျက်ပြီး ဝဏ္ဏရှိန်၏ ဇနီးကောင်း တယောက်ဖြစ်စေဖို့ သာအာရုံထား ပါသည်။

ကျွန်မသည် သူတော်စင်တယောက် မဟုတ်သည့်အပြင် ဝဋ်ကြွေးမှန်သမျှ ကို စုပြုံပေးဆပ်နေရသည့် ဘ၀ လည်း ဖြစ်လေရာ ဇနီးကောင်း တယောက်၏ ဘဝသည် ငရဲအိုးထဲမှာ ဧကရီ ဘွဲ့ခံနေသူလို အဓိပ္ပါယ် မဲ့ လွန်း သည် ဟု တခါတရံတော့ထင်မိပါသည်။ ဒါပေမယ့် တခါက ကိုလင်းပြောခဲ့သလိုပင် ဘယ်သူမှ မတိုက်တွန်းဘဲ ဒီလမ်းကို ကျွန်မ ကိုယ် တိုင်ရွေးချယ် ခဲ့ခြင်း ဖြစ်သည့် တူတူ ကြိတ်မှိတ် ကျော်ဖြတ်ဖို့သာ ရှိပါတော့သည်။ ကျွန်မ၏ အိမ် ထောင်သည်ဘ၀ သည် ဝဏ္ဏရှိန်က စကားတခွန်းပြောမလာခင် အထိ ခြောက်သွေ့ပင်ပန်းသော် လည်း ရိုးစင်း သော အခြေအနေ တခုမှာ ရှိနေဆဲဖြစ်ပါသည်။

......................................

 “ဆွေဇင်၊ မေမေ ကမေးနေတယ်၊ ကလေး မယူသေးဘူးလားတဲ့”

“သိဘူးလေ”

ဒီလို မျိုး ခပ်ဆန်ဆန် အန်တီနန်း ကျွန်မကို မေးဖူးပါသည်။ တည့်တည့်တော့ မဟုတ်ပါ။ ဘယ်လို တားထားသလဲ၊ ဆေးသောက်သလား၊ ဆေးထိုးသလား စသည်ဖြင့် မိန်းမချင်းစပ်စုသည့် ပုံစံမျိုးလောက်သာဖြစ်၍ ကျွန်မ အလေး အနက် မထားမိခဲ့ပါ။ ဘာမှ မလုပ်ထားပါ လို့သာဖြေခဲ့သည်။ ဝဏ္ဏရှိန် ကိုတော့ မြေးလိုချင်ကြောင်း ပြောလိုက်ပုံရ ၏။ ကျွန်မဆီမှာ သန္ဓေမတည် နိုင်ကြောင်း ကျွန်မဖာသာသိနေ ခြင်းကို သူတို့ကို ဘယ်လိုပြောရမည် နည်း။

“ဆွေဇင် ကလေးမရအောင် တားထားလားဟင်”

ကလေးကိစ္စကို ကျွန်မ ကြို တွက်မထားမိပါ။ အိမ်ထောင်တခုဖြစ်လာလျှင် သားသမီး ဆိုတာရှိလာတတ် စမြဲဖြစ် သည်ဆိုတာကို ကျွန်မမေ့နေခဲ့ပါသည်။

“ဟင့်အင်း၊ တားထားရင် မောင့်ကိုပြောမှာပေါ့”

ဝဏ္ဏရှိန် တွေဝေသွားပါသည်။

“ဒါဆိုရင်တော့ တခုခု မှားနေပြီ”

“ဘာဖြစ်လို့လဲ မောင်”

“ဆွေဇင် ဟိုဒင်းဖြစ်တဲ့ရက်တွေကလွဲရင် တရက်မှပျက်ကြတာမှ မဟုတ်တာ၊အခုထိ ဘာမှမဖြစ်ဘူး ဆိုတော့ တခုခု မှားနေလို့ပေါ့”

ဘာပြန်ပြောရမှန်း မသိ၍ ကျွန်မငြိမ်နေလိုက်ပါသည်။ အားနည်းချက်က ကျွန်မဆီမှာ ရှိသည် မဟုတ်ပါလား။

“မောင် တို့ ဆေးစစ်ကြည့်ရအောင်”

“ဟာ … မောင်ကလဲ ရှက်စရာကြီး၊အကြောင်း မတိုက်ဆိုင်သေးလို့နေမှာပါ မောင်ရယ်၊ နဲနဲ စောင့်ကြည့်ပါဦးလား”

“ဘာရှက်စရာ ရှိလို့လဲ ဆွေဇင်ကလဲကွာ၊ ဒီမှာ ဒူးတွေလဲ ပွန်းလှပြီ၊ ဒါတောင်အရာမထင်ဘူး ဆိုတော့ အဲဒါမှပို ရှက်စရာကောင်းတာ၊ တခြားယောက်ျားတွေ နဲ့ ယှဉ်ရင် မောင်က အဖြစ်မရှိသလို ဖြစ်နေတာပေါ့”

သူရှက်တာကြီးကလည်း အမြင်ကပ်ချင်စရာကောင်းလှသည်။ ယောက်ျားတွေ ထားတတ်သည့် စံနှုံးက တခါတ လေ ကျရင် ရယ်ဖို့တော်တော် ကောင်း၏။ ကျွန်မ အမြင်ကပ်ကပ် နှင့် ငေါ့မိသည်။

“ကိုယ့်ဖာသာ ကိုယ် စိတ်မလုံလဲ မောင်ပဲ သွားစစ်ကြည့်၊ ဆွေဇင်ကတော့ မစစ်ဘူး”

ဝဏ္ဏရှိန် ကျွန်မ ကို စိတ်ဆိုးသွားသည်။ တနေ့လုံးစကားမပြောဘဲ ရှောင်နေသည်။ သူ၏ ကလေးဆန်မှုကို သိ ထားသည့် အတွက် မကြာခင်စိတ်ပြေလိမ့်မည်ဟု တွေးပြီး ကျွန်မကလည်း ဒီအတိုင်းကြည့်နေသည်။ ညနေ ရောက်သည်အထိကျွန်မ ကိုတည်တည်ကြီးလုပ်နေတော့ ကျွန်မ နည်းနည်းတော့ လန့်လာသည်။ တကယ်လို့ အပြင်ထွက်သွားပြီး ညနက်သည်အထိ ပြန်မလာရင် ကျွန်မဒုက္ခ ရောက်တော့မည်။ ဟိုတခါလိုတော့ ထပ်ပြီး မဖြစ်ချင်တော့ပါ။ ကြည့်ရတာ အပြင်သွားလျှင်လည်း ကျွန်မကို ခေါ်တော့မည့်ပုံမရှိ။ သူစိတ်ပြေအောင် ဘယ်လို လုပ်ရင်ကောင်း မလဲဟု ကြိတ်ပြီးအကြံထုတ်နေမိသည်။

သူ့အကြိုက်ကို လိုက်ပြီးဆေးစစ်ကြည့်ပါမည် ဟုလည်း မပြောလိုပါ။ ကျွန်မ ကိုယ်ကျွန်မ စိတ်မချပါ။ ကျွန်မက လူ လည်း မဟုတ်၍ ဆေးပညာအရ ကျွန်မ၏ ကိုယ်ခန္ဓာက လူစင်စစ် တွေနှင့် ကွဲပြားခြားနားမှု ရှိကောင်းရှိနိုင်သည်။တူသည့် တိုင်အောင် ယောက်ျားသုတ်ပိုးက ကျွန်မကိုယ်တွင်းမှာ မတည်နိုင်သည့် အကြောင်း တခုခု ရှိနေပါ က လည်း ထိုအချက်ပေါ်သွား နိုင်သည်။ အဲဒါသာပေါ်သွားပါ ကလေး လိုချင်သော ဝဏ္ဏရှိန်၊ မြေးချီချင်နေသည့် အန် တီ နန်း တို့နှင့် ဆက်ဆံရေးထိခိုက်သွား နိုင်သည်။ အခုအတိုင်း ဖာသိဖာသာ နေတာက ပိုကောင်းမည် ဟု ကျွန်မ ယူဆပါသည်။

ကျွန်မ ထင်သည့် အတိုင်း ညနေအပြင်ထွက်တော့ ကျွန်မကို မခေါ်ပါ။ ဝဏ္ဏရှိန် အပြင်ထွက်ဖို့ပြင်တော့ ကျွန်မက လည်း လိုက်ဖို့ အဝတ်အစားလဲသည့်အခါ ခပ်တည်တည် နှင့်ကြည့်ပြီး

“ဘယ်သူက လိုက်ခဲ့လို့ပြောလို့လဲ”

“ခါတိုင်း လဲ လိုက်နေကျပဲလို့”

“ဒီနေ့ မခေါ်ဘူး”

“မခေါ်လည်း လိုက်မယ်”

ကျွန်မ အတင်းပေကပ်ပြီး သူနှင့်လဘက်ရည် ဆိုင်လိုက်ထိုင်သည်။ ဟိုရောက်တော့လည်း ဝဏ္ဏရှိန် ကျွန်မကို ပ ညာပြသည်။ တော်တော် နှင့် မပြန်ဘဲပေကပ်နေသည်။ ကျွန်မ ငိုက်မြည်းစပြု လာချိန်တွင် မနေနိုင်တော့ဘဲ ကျွန်မဘေးမှာ ထိုင်နေသည့် ကိုလင်းကို ကပ်ပြောမိသည်။

“ကိုလင်း … ဆွေဇင်ပြန်ချင်ပြီ”

ကိုလင်းက ဝဏ္ဏရှိန် ကိုမေးငေါ့ပြရာ ကျွန်မက လက်ညိုးလေးကိုကွေးပြလိုက်၍ ကိုလင်းပြုံးသွားသည်။

“ကဲပြန်ကြရအောင်၊ ကိုထွန်းအေး ရေ ရှင်းမယ် ဗျို့”

ခါးကြားက ပိုက်ဆံအိတ်ကို ဆွဲထုတ်ပြီး ကိုလင်းက ဆိုင်ရှင်ကို လှမ်းအော်လိုက်တော့ ဝဏ္ဏရှိန် ကျွန်မတို့ နှစ် ယောက်ကို ပေစောင်းစောင်း နှင့်ကြည့်ပြီး

“ကိုလင်း ပြန်ရင်ပြန် နှင့်လေ၊ ကျွန်တော် နေခဲ့ဦးမယ်”

“ဟ …ဒီမှာ ဆွေဇင်က ပြန်ချင်နေပြီ”

“ရှုပ်လိုက်တာ၊ ဒီလိုလုပ်၊ ကိုလင်း ပဲသူ့ကို အိမ်ရှေ့ အထိခေါ်သွားလိုက်တော့”

ဝဏ္ဏရှိန် အခြေအနေကို ရိပ်စားမိသော ကိုလင်းက ကျွန်မကို အားနာပြုံးနှင့်ကြည့်ပြီး

“သိပ်နေခဲ့ ချင်လည်း ထားလိုက်ပါဟာ၊ နင့်ကိုငါ ပြန်လိုက်ပို့ပါမယ်”

“ဟင့် အင်း … ဟင့် အင်း ”

ကျွန်မ အကြောက်အကန် ငြင်းမိသည်။ မဖြစ်ပါ။ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒီအချိန် မှာ တခြားသူတယောက်ဆိုလျှင် တောင် ဝဏ္ဏရှိန်ကို စိတ်ထွက်ထွက် နှင့် ကျွန်မ လိုက်ပို့ပေးဖို့ လက်ခံကောင်း လက်ခံလိမ့်မည်။ ကိုလင်း ကိုတော့ မပို့စေလိုပါ။ ကျွန်မ၏ အခြေအနေက ပြောလို့ရသည်မဟုတ်။ စိတ်မထိန်း နိုင်လျှင် ကျွန်မ၏ အပြုအမူတွေ ကြောင့် ကိုလင်း ကျွန်မကို အထင်အမြင်သေးသွားမှာ ကို လုံး၀ မလိုလားပါ။ နောက်ပြီး တခြားသူတဦး ဆိုလျှင် တောင် ကျွန်မ၏ စိတ်ကို ထိန်းချုပ်လို့ရချင်ရနိုင်ဦးမည်။ ကျွန်မ ကိုယ်တိုင်က ညွှတ်ချင်စိတ်ကို မနည်းချိုးနှိမ် ထား ရသည့် ကိုလင်းနှင့် ဆိုလျှင် မြန်မြန်ဆန်ဆန် ပေါက်ကွဲထွက်သွားနိုင်၏။

“ဆွေဇင် ဘယ်လိုတောင်းပန်ရမှာလဲ မောင်၊ အားလုံးရှေ့မှာ ဆွေဇင်မောင့်ကို ဒူးထောက်တောင်းပန်ရမလား၊ ပြောပါ၊ ရတယ် ဆွေဇင်တောင်းပန်မယ်”

“ဟာ ကွာ”

ဝဏ္ဏရှိန် ပြောလိုက်ခြင်း မဟုတ်ပါ။ ကိုလင်း အသံဖြစ်သည်။ ဝဏ္ဏရှိန် ဘေးကို ကိုလင်းရောက်သွားပြီး ချိုင်းကနေ ဆွဲမလိုက်၏။

“ဆွေဇင် သနားပါတယ်ကွာ၊ မင်းကို ဒီလောက်တောင်းပန်နေတာ၊ စိတ်ဆိုးမနေပါနဲ့တော့”

တကယ်တန်း တော့ ဝဏ္ဏရှိန် ကျွန်မအပေါ်ဒီလောက် မတင်းမာနိုင်ပါ။ ကိုယ့်ဘ၀ အပေါ် ကိုယ်ပြန်ပြီး နာကျည်း နေမိသည့် ကျွန်မအသံက ကျွန်မကိုယ်တိုင်အံ့အားသင့် လောက်အောင် တုန်ခါအက်ကွဲနေပါသည်။ ဝဏ္ဏရှိန် ထိုင် ရာက ချက်ချင်းထလာပြီး ကျွန်မ လက်ကိုဆွဲသည်။

“ပြန်မယ်၊ ပြန်မယ် လာ၊ ငိုတော့ မငိုလိုက်ပါနဲ့”

ကျွန်မ တို့ကိုကြည့်ပြီး ကျန်တဲ့သူတွေ ပြုံးစိစိဖြစ်ကုန်ကြသော်လည်း ကိုလင်းကတော့ ခေါင်းတဆတ်ဆတ် ညိတ် ၏။

“ကိုလင်း က ဘာခေါင်းညိတ်တာလဲ”

“ဘာမှ မဟုတ်ဘူး၊ ပိုက်ဆံရှင်း ဖို့ စားပွဲထိုးခေါ်တာ၊ ကိုထွန်းအေးကလည်းကြာလိုက်တာ”

မလုံမလဲ ဖြင့်ပြောလိုက်သော ကျွန်မကို ကိုလင်းက ဆင်ခြေပေးသော်လည်း ဝဏ္ဏရှိန်ကတော့ ကျွန်မနားကပ်ပြီး

“ဘာမှ မဟုတ်ဘူး၊ မောင်တို့ကိုကြည့်ပြီး သူအိမ်ထောင်ပြုချင်စိတ်ပေါက်သွားတာ” 

ဟု တိုးတိုးလေး ပြော၏။အပြန်လမ်းမှာ ဝဏ္ဏရှိန် လက်ကိုဆုပ်ကိုင်ပြီး လူချင်းလည်း အတင်းကပ်ထားမိသည်။ ကျွန်မ၏ ရင်ခုန်သံတွေမြန် နေပြီး လက်တွေလည်း ပူနွေးနေမှန်း ကိုယ့်ဖာသာသိနေပါသည်။

“မောင်တို့ ဆေးစစ်ကြည့်ရအောင်နော်”

ဝဏ္ဏရှိန် ဒီကိစ္စကို မမေ့ဖျောက်နိုင်အောင် ဖြစ်နေပါသည်။

“မောင့် အတွက်အရမ်း အရေးကြီးလား”

ငိုက်မြည်းသလိုဖြစ်နေတာကို မနည်းတွန်းလှန်ပြီး ပြန်မေးလိုက်မိသည်။ ဖြစ်နိုင်လျှင် စကားမပြောချင်ပါ။ ဒါပေ မယ့် ပြောနေရင် အိမ်ရောက်သည် အထိရောဂါမတက် အောင်ထိန်းထား နိုင်မည်လို့လည်း ကျွန်မ ထင်နေမိ ၏။

“ရသင့်ရဲ့သားနဲ့ မရဘူးဆိုတော့ လိုတယ်လို့ထင်လို့ပါ”

“နည်း နည်း စောင့်ကြည့်ပါလား မောင်ရယ်၊ ဆွေဇင်တို့ ငယ်သေးတာပဲ၊ ဒီအတွက်ဆေးခန်း သွားရမှာတော့ ဆွေ ဇင် ရှက်တယ်”

ဒီရုံးပိတ်ရက် မှာ မမမြတ်ဆီ သွားဖြစ်အောင်သွားဖို့ ကျွန်မဆုံးဖြတ်လိုက်မိသည်။ အရင်တပတ်ကတော့ အန်တီ နန်း နေသိပ်မကောင်း လို့ မမမြတ်ဆီ မရောက်ဖြစ်။ ကျွန်မ ထက် အတွေ့အကြုံရင့် ကျက်ပြီး စိတ်ကူးဉာဏ် ကောင်းသည့် မမမြတ် ကတော့ အကြံကောင်း တခုခု ပေးနိုင်လိမ့်မည် ထင်မိပါသည်။

“မောင် ကလေး အရမ်းလိုချင်တာပဲလား”

ဝဏ္ဏရှိန် လက်မောင်းကို ကျွန်မ ရင်သားတွေ နှင့် ဖိကပ်ရင်း မေးလိုက်သည်။ ဒီအထိအတွေ့ကြောင့် သူလည်း စိတ်တွေတက်ကြွလာပါလိမ့်မည်။

“လိုချင်တာပေါ့၊ ဆွေဇင်က မလိုချင်ဘူးလား”

“လိုချင်တာပေါ့”

အလိုက်သင့် ပြန်ပြောလိုက်မိသော်လည်း ကျွန်မ ကိုယ်ကျွန်မ မသေချာပါ။ ကလေးမွေးဖို့ကို ခုချိန်အထိ စိတ်မ ကူးမိသေးတာကတော့ အမှန်ဖြစ်သည်။ ကျွန်မ ကလေး မရနိုင်ဟု  စိတ်မှာစွဲမှတ်ထား ခဲ့တာကြောင့် လည်းပါမည် ထင်ပါသည်။ ဒါပေမယ့် ဝဏ္ဏရှိန်၏ စိတ်အားထက်သန်မှုကြောင့် ကျွန်မ ကလေးတယောက်ရခဲ့ လျှင်ကောင်း မည် ဟု တွေးမိလာသည်။

သားသမီးတွေရှိလာလျှင် ဒီထက်ပိုပြီးတည်ငြိမ်သည့် အိမ်ထောင်တခုဖြစ်လာ နိုင်သည်။ အိမ် ထောင်သည်တယောက် ဖြစ်လာပြီဟု ဆိုနိုင်သော်လည်း ခုချိန်ထိ ကျွန်မ ဘ၀ အခြေတကျ မရှိသေးဟု ခံ စား နေရဆဲဖြစ်ပါသည်။

နောက်ပြီး သားရေးသမီး ရေးကိစ္စ နှင့် အလုပ်တွေရှုပ်နေရလျှင် တခြားထောင်တောင်အီအီ စိတ်တွေ ခေါင်းထဲ ရောက်နိုင်တော့မည်မဟုတ်ပါ။အထူးသဖြင့် ကိုလင်းအကြောင်း တွေးနေမိတာတွေ လျော့သွားနိုင်သည်။ ဒါဆို ရင် ကျွန်မကိုယ်ကျွန်မ ဝဏ္ဏရှိန်၏ ဇနီးမယား လို့ပီပီပြင်ပြင် သတ်မှတ်နိုင်သွားမည့် အပြင် စိတ်ရောဘဝပါ အခြေ တကျဖြစ်သွားမည်။

ဒီအတွက် မမမြတ် နှင့် မဖြစ်မနေတိုင်ပင်ရပေတော့မည်။ ကျွန်မ သားသမီးရနိုင်သည်ဟု မမ မြတ် ပြောခဲ့ဖူးသည် မဟုတ်ပါလား။

“စိတ်ချပါ မောင်ရယ်၊ မောင့်အတွက် သားသမီးတွေ ဆွေဇင် မွေးဖြစ်အောင်မွေးပေးမှာပါ၊ မွေးလဲမွေးပေးချင် ပါတယ်”

“မောင့် ဖက်ကတော့စိတ်ချ၊ မောင်ဘယ်လောက်ကြိုးစားတယ် ဆိုတာဆွေဇင် အသိဆုံး၊ အခုတောင်ကြိုးစားချင် လာပြီ၊ မြန်မြန်လာ”

ခြေလှမ်းတွေ သွက်သွားသည့် ဝဏ္ဏရှိန် ကိုကြည့်ရင်း ကျွန်မပြုံးမိသည်။ ပြီးတော့ တဖန် စိတ်မောစွာနှင့်သက်ပြင်း ချလိုက်မိပြန်ပါသည်။ ဝဏ္ဏရှိန် ကိုကျွန်မ အသုံးချသလိုများဖြစ်နေပြီလားဟု တွေးလိုက်မိလို့ ဖြစ်သည်။ ဒီအတွက် သူ့ကို ကျွန်မမှာ ပြန်ပေးဆပ်သင့်တာတွေ ရှိသည်ဟုလည်း ထင်မိ၏။  ဒါပေမယ့် စိတ်မောမှုက ကြာရှည်မခံဘဲ ချက်ချင်းလွင့်ထွက်သွားပြီး ပူလောင်ပြင်းပြ သည့် ဆန္ဒ ရမ္မက်တွေက တကိုယ်လုံးပြန့် နှံ့စီးဆင်း သွားသည်။ ဘာကြောင့်နည်း ဆိုသော် မကြာခင် ကျွန်မ၏ ေ၀ဒနာအချိန်သို့ ရောက်လာတော့မည်ဖြစ်ပါသည်။

.........................

ဝမ်းသာ ရွှင်မြူးစွာရောက်လာသည့် ကျွန်မ ကို မမမြတ် အံ့သြစွာကြည့်နေသည်။ ဝဏ္ဏရှိန် ကလေး လိုချင်သည့် ကိစ္စ ဖြင့် မမမြတ်ထံလာဖို့ ကျွန်မ စိတ်ကူးထားသော်လည်း တကယ်ရောက်သည့် အခါ ထိုကိစ္စကိုမေ့ နေသည်။

ကျွန်မ မှာ တခြားဝမ်းသာစရာ အကြောင်းတခုရှိ၏။

“သေချာရဲ့လားဆွေဇင်ရယ်”

ကျွန်မ ပြောပြသည့် စကားတွေကို နားထောင်ပြီး မမမြတ် မယုံကြည်နိုင်သလိုမေးသည်။

“သေချာပါတယ် မမမြတ်ရဲ့၊ ချက်ချင်း ပြေးလာချင်တာကို သေချာအောင် သုံးလေးရက်စောင့် ကြည့်နေပြီးမှ လာခဲ့တာ၊ တကယ် ဘာမှကို မဖြစ်တော့ဘူး”

မမမြတ် အံ့သြနေသော်လည်း တဖက်မှာ တွေးဆနေပုံရသည်။

“တို့တွေ ဝဋ်ကျွတ် ဖို့ ဒီလောက်မလွယ်ဘူး ဆွေဇင်၊ လွတ်ရင်လည်း နင်ဒီဘဝမှာ ဆက်ရှိနေမှာ မဟုတ်တော့ဘူး၊ ဘဝသစ် တခုကို ကူးသွားတော့မှာ”

မမမြတ်စကားကြောင့် ကျွန်မ တွေေ၀ ငေးငိုင်သွားရသည်။ မမမြတ်ပြောတာလည်း မှန်နေ၏။

“နေပါဦး၊ နင်ဘယ်နေ့ကနောက် ဆုံးဖြစ်တာလဲ”

“တနင်္ဂနွေနေ့က မမမြတ်၊ တနင်္လာ နေ့က စပြီး ဘာမှမဖြစ်တော့ဘူး။ မမမြတ်မှာသာ တယ်လီဖုန်း ရှိရင် ချက် ချင်းဆက်မိမှာပဲ၊ မမမြတ်ရော ဒီလို မျိုး ဖြစ်ဘူးလားဟင်”

မမမြတ် ခေါင်းခါပြသည်။

“ဟင့်အင်း၊ တခါမှ မရပ်ဖူးဘူး”

ညစဉ် ညတိုင်း ခံစားနေရသည့် ဝေဒနာဆိုးကနေ ကျွန်မလွတ်မြောက်သွားပြီဖြစ်ကြောင်း မမမြတ်ကိုလာပြော ပြ မိခြင်း ဖြစ်ပါသည်။ ဝဏ္ဏရှိန် ကျွန်မကို စိတ်ကောက်သွား၍ အတင်းပြန်တောင်းပန်ရသည့် ညက နောက်ဆုံးဝေဒ နာခံခဲ့ရခြင်း ဖြစ်ပြီး နောက်နေ့မှစ၍ ကျွန်မ ဘာမှမဖြစ်တော့ပါ။ အချိန်တန်သည့်တိုင် ဘယ်လိုမှ မနေသောအခါ ပထမဆုံးနေ့က အံသြစိတ်ဖြင့် အိပ်လို့တောင် မပျော်ပါ။ နောက်နေ့ကျတော့လည်း ထိုနည်းတူပင် ကျွန်မဘာမှမဖြစ်။ ကျွန်မ အကျင့်လုပ်ထား၍ တညလျှင် တကြိမ်လောက် ချစ်လိုက်ရမှ စိတ်ကျေနပ်သလို ဖြစ်နေသည့် ဝဏ္ဏ ရှိန် ကတောင်းဆိုလာသည့် အခါ မညင်းနိုင်ဘဲ လိုက်လျောလိုက်ရသော်လည်း ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မနေ ပါ။ ကျွန်မ၏ အေးစက်မှုကို ဝဏ္ဏရှိန်တောင် အံ့သြနေ၏။

“ဆွေဇင် မောင့်ကို စိတ်ဆိုးနေလား”

“မဆိုးပါဘူး၊ ဘာဖြစ်လို့လဲ”

“ဆွေဇင့် ပုံစံက စိတ်မပါသလိုပဲ၊ အရင်လို မဟုတ်ဘူး၊ မနေ့က နဲ့တခြားစီပဲ၊ ဘာလဲ ကလေး မလိုချင်တော့ပြန် ဘူးလား”

ကျွန်မ ဝေဒနာခံရသည့် နောက်ဆုံးညက ဝဏ္ဏရှိန်ကိုဖက်ရင်း ကလေးမွေးပေးမည်ဟု ကတိအထပ်ထပ် ပေးမိ သည်ဟု ဝိုးတိုးဝါးတား မှတ်မိနေသည်။

“လိုချင်ပါတယ် မောင်ရယ်၊ ဒီနေ့ ဘာဖြစ်လို့လည်း မသိဘူး၊ အရမ်းနာ လို့ပါ”

ဝေဒနာချိန် မဟုတ်သည့် အခါများတွင် ဖြစ်နေကျအတိုင်း ကျွန်မအလွန်နာကျင်ရသည်ကတော့ အမှန်ဖြစ်၏။

ဝဏ္ဏရှိန် လည်းတွေဝေသွားသည်။ ကျွန်မ မချိမဆန့်နာကျင်နေသည်ကို သူလည်း မြင်သည်ပင်။

“ဟုတ်တယ်နော်၊ အရင်ကဆို ဆွေဇင်က အရည်တွေရွှဲနေအောင်ထွက်တော့ အထဲမှာစိုပြီး ဆောင့်လို့ကောင်း တယ်၊ ဒီနေ့တော့ ခြောက်ကပ်ကပ်ကြီးနဲ့ အဲဒါတော့ မောင်လည်း သတိထားမိတယ်”

လင်မယားချင်း ပင်ဖြစ်သော်လည်း ဝဏ္ဏရှိန် အပြောကြောင့် ကျွန်မရှက်စိတ်ဝင်မိသည်။ လူမှန်းသူမှန်း မသိ အောင် ဖြစ်နေသည့် အချိန်ကအကြောင်း တွေကို ပြန်တွေးလျှင် ပြန်ကြားလျှင် ကျွန်မ မနေတတ်ပါ။ ကျွန်မက ဘာမှ မတုန့်ပြန်ဘဲ ဆိတ်ငြိမ်နေသည့်အခါ ဝဏ္ဏရှိန် က

“ဆွေဇင် နေကောင်းရဲ့လား”

“ကောင်းပါတယ်”

“ဆွေဇင် စိတ်မပါလဲ တရက် နှစ်ရက် နားကြတာပေါ့ ဟီး ဟီး၊ လုံးလုံးတော့ နားလို့ မဖြစ်ဘူး၊ မောင်တို့ စီမံကိန်း က လည်းရှိသေးတယ်”

ဝဏ္ဏရှိန် စကားကို ကြားတချက် မကြားတချက် နှင့် ကျွန်မစိတ်က မမမြတ်ဆီရောက်နေသည်။ မမမြတ်ကိုပြောပြ ချင်သည်။ ဒါပေမယ့် တရက်နှစ်ရက် လောက် နှင့်တော့ အပိုင်ပြောလို့ မရသဖြင့် ရုံးပိတ်ရက် ရောက်သည် အထိသည်းခံ စောင့်ဆိုင်းပြီး အခြေအနေ ကြည့်နေမိသည်။ ဘာဝေဒနာမှ ထပ်မဖြစ်တော့ပါ။ အခု မမမြတ်ဆီ မလာ ခင်ည ကလည်း ဘာမှမဖြစ်၊ ဒါပေမယ့် ဝဏ္ဏရှိန် ကိုအလိုလိုက်ခဲ့ရသေး၏။ အားလပ်ရက် ယူလိုက်သည့် ဝဏ္ဏ ရှိန်က အား အင်တွေ ပြည့်နေသလောက် ကျွန်မအတွက်ကတော့ ငရဲအလားပင်။ ဒါကို ဝဏ္ဏရှိန် မသိအောင် နာကျင်မှုကို အံကြိတ်တွန်းလှန်ခဲ့ရသလို စိတ်ပါသလိုလို လည်းပင်ပန်းစွာဟန်ဆောင်ပြခဲ့ ရသေးသည်။ တခါတုန်းက တည်းခိုခန်း တခုမှာကြည့်ခဲ့ဖူးသည့် အပြာကားထဲက မင်းသမီးလို ကျွန်မ၏ အမူအရာတွေက ရွံ ရှာ ဖွယ် ကောင်းနေလိမ့်မည်ဟု လည်း ကျွန်မ စက်ဆုပ်စွာ တွေးမိခဲ့ပါသည်။ အဲဒီတုန်း က လူသည်တော်တော် အူကြောင် ကြောင် နိုင် သူဖြစ်သည်။ TV မှာကြည့်ရသည့် အပြာကားကို တူတူကြည့် ခိုင်းပြီးနောက် ကျွန်မကို ဇာတ်လမ်းထဲ က နည်းလမ်းတွေ အတိုင်း တသွေ မတိမ်းလုပ်ခိုင်းသည်။

“ဒီတိုင်း ဆို မသေချာသေးဘူးပေါ့ နော်”

မမမြတ် နှုတ်က မဖြေဘဲ ခေါင်းကိုသာခပ်လေးလေး ညိတ်ပြ၏။ ကျွန်မ စိတ်ညစ်သွားပါသည်။ ဒီရက်ပိုင်းတွေ အတွင်း မှာကျွန်မ အများကြီး တွေးခဲ့မိ၏။ ကျွန်မ ဘာမှ မဖြစ်တော့ဘူးဆိုလျှင် ဝဏ္ဏရှိန် နှင့် လင်မယားလို ဆက် ပြီးနေဖို့ စဉ်းစားရတော့မည်။ ဒီလို မှမဟုတ်လျှင် သူ့စိတ်ဆန္ဒကို ဖြည့်ဖို့ အတွက် ကျွန်မ အမြဲလိုနာကျင်ပင်ပန်းနေရမည့် အဖြစ်မျိုးကနေ ရုန်းထွက်ရတော့မည် ဖြစ်သည်။ ဝဏ္ဏရှိန် ကျွန်မကို ချစ်မှန်း သိနေသော်လည်း၊ အန် တီနန်း က သမီးတယောက်လိုဂရုစိုက်တာကို အားနာသော်လည်း ကျွန်မ တခုခု လုပ်ရတော့မည်။

“ဆက်စောင့် ကြည့်ရတော့မှာပေါ့၊ စိတ်ဆင်းရဲတယ် မမမြတ်ရယ်”

“ဘာဖြစ်လို့လဲ”

မထူးတော့သည့် တူတူ ကွယ်ဝှက်မနေတော့ဘဲ ကျွန်မ၏ အခက်အခဲကို မမမြတ်အား မရှက်မကြောက်ပြောပြ လိုက်မိသည်။

“စို့နဲ့ ထိုးသတ် နေသလိုခံစားရတယ် မမမြတ်ရယ်”

ကျွန်မ လက်ကို မျက်နှာမသာမယာ ဖြင့် မမမြတ်လာပြီးဆုပ်ကိုင်သည်။

“ဆွေဇင်၊ လောကကြီး ဆိုတာဖြစ်ချင်တိုင်း ဖြစ်နေတာ မဟုတ်ဘူး၊ အရာရာတိုင်းမှာ သူ့ အဓိပ္ပါယ် နဲ့သူရှိတယ်။ဘယ်ဟာကို မှ အလကားမရဘူး။ တခုခု လိုချင်ရင် တခုခု ပေးရမယ်။

ကိုယ်က ယူထားမိရင်လည်း တနည်းနည်း နဲ့တော့ မလွဲမသွေ ပြန်ပေးရတာချည်းပဲ”

“ကျွန်မ ဘာလုပ်ရမှာလဲ မမမြတ်”

“လောလောဆယ်တော့ စောင့်ကြည့်ပါလို့ပဲ ငါပြောရတော့မှာပဲ၊ ငါ နင့်ကို ခနခန ပြောဖူးပါတယ်၊ သူများပြောလို့ သိတာ ထက် ကိုယ်တိုင်ကြုံ လို့သိတာက ပိုကောင်းတယ်လို့၊ ခုဖြစ်နေတာတွေကို စိတ်ရှည်လက်ရှည် ကျော် လွှား နိုင်ရင် နင့် အတွက် အဖြေတခုခု ကိုနင့်ဖာသာ တွေ့မယ်လို့ ငါယုံတယ်”

တိကျသော အဖြေတခု မရဘဲ ကျွန်မ မမမြတ်ဆီက ပြန်လာခဲ့သည်။ ခါတိုင်း ဆိုလျှင် ဝဏ္ဏရှိန် လိုက်လာတတ် သော်လည်း ဒီနေ့တော့ မမမြတ်နှင့် အေးအေးဆေးဆေး ပြောစရာတွေ ရှိနေသဖြင့် သူ အပြင်ခန သွားတုန်း ကျွန် မ အမှတ်တမဲ့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကျွန်မ အပြင်သွားသည်ဆိုလျှင် မမမြတ် ဆီသို့သာဖြစ်လိမ့်မည် မှန်း ဝဏ္ဏရှိန် လည်း သိပါသည်။

အိမ်ကိုလည်း တော်တော် နှင့် မပြန်ချင်၍ မမမြတ် စက်ချုပ်တာကို ဝိုင်းကူရင်း အချိန် ဖြုန်းနေလိုက်သေးသည်။ ညနေခင်းရောက်တော့မှ ချက်ရပြုတ်ရ ဦးမည်ကို သတိရပြီး ပြန်လာခဲ့ရ၏။ အပြန်ကား ပေါ်ရောက်မှ ဝဏ္ဏရှိန် လိုချင်သည့် ကလေးကိစ္စ ကိုမေးဖို့ မေ့လာမှန်း သိတော့သည်။ ဒါပေမယ့် ဒီကိစ္စ ကိုကျွန်မ စိတ်မဝင်စားတော့ပါ။ အခုလက်ရှိ အနေ အထားအတိုင်းဆိုလျှင် ကလေး မရနိုင်တာက မှ ကျွန်မ အတွက်ပိုပြီး ကောင်းလိမ့်မည် ထင်ပါသည်။

လမ်းတလျှောက်တွင် ကားပေါ်ကနေ လမ်းဘေးကို ငေးရင်းလိုက်လာမိ၏။ မိန်းမတွေ ကိုမြင်လျှင် သူတို့ကတော့ လူ စစ်စစ် မိန်းမစစ်စစ် တွေဖြစ်ကြသည်ဟု တွေးမိသည်။

ယောက်ျားတွေ ဆိုလျှင်တော့ သူတို့ထဲမှာ ကျွန်မ နှင့် အိပ်ဖူးသူတွေ ပါကောင်းပါလိမ့် မည်ဟု စဉ်းစားမိပြန်သည်။ သူတို့တွေလို လူစင်စစ် ဘဝမျိုးကို ကျွန်မ ဘယ်အ ချိန်ဘယ်အခါ မှပြန်ရပါမည် နည်းဟု ဝမ်းနည်း ပက်လက်ဖြစ်ရသည်။ ဖြစ်နိုင်လျှင် ဝေဒနာတွေရပ်တန့်သွားရုံမ က ဒီဘဝကနေပါ လွတ်မြောက်ထွက်သွားချင်သည်။သို့သော်လည်း ရုန်းထွက်ခွင့် မရှိသူဖြစ်ရာ နေ့တွေညတွေကို ဒီဘ၀ နှင့်ပင် ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းရပြန် သည်။ ဝဏ္ဏရှိန် နှင့် လဘက်ရည် ဆိုင်ကိုတောင် မှန်မှန် မလိုက်ဖြစ်တော့။ ကိုလင်း နှင့်တော့ တွေ့ပါသည်။ သူက သူ့စာမေး ပွဲကိစ္စ အတွက် အန်တီနန်းဆီ စာမေးဖို့ မကြာမကြာလာတတ်သူဖြစ်ရာ သူ့ကိုတော့ အမြဲလိုတွေ့နေရ သည်။ စာကိစ္စ ပြီးလျှင် ကိုလင်းနှင့်ဝဏ္ဏရှိန် လဘက်ရည်ဆိုင် ထွက်ကြသည်။ ကျွန်မကတော့ နေခဲ့တာများ သည်။ ရံဖန်ရံခါ ကိုလင်းက အတင်းခေါ်မှ ကျွန်မလိုက်ဖြစ်ပါသည်။ ကျွန်မ ၏ အိမ်ထောင်သည် ဘဝကို မေ့ထား ပြီး မရှက်တန်းပြောရလျှင် ကိုလင်းကို မြင်နေရသည့် အချိန်အခိုက် အတန့်လေးတွေ မှာသာ ကျွန်မ ၏ ဝဋ်ဒုက္ခ တွေမှ လွတ်မြောက်ခွင့်ရသလို ခံစားရပါသည်။

ကျန်သည့် အချိန်တွေမှာတော့ ကျွန်မသည် ဝဏ္ဏရှိန်၏ ဇနီးမယား အဖြစ် မမေ့မလျော့တတ်ပါ။ မယားဝတ္တရား ကျေပွန်ဖို့လည်း ကျွန်မ အမြဲကြိုးစားပါသည်။ အိမ်ထောင့်တာဝန်၊အိမ်မှုကိစ္စ လုံး၀ မလစ်ဟင်းစေရပါ။ အန်တီ နန်း နှုတ်ကနေ “တော် လိုက်တဲ့ ငါ့ချွေးမ” ဟူသော စကားမျိုး ကြားရလျှင် ဖြစ်ဖြစ် ဝဏ္ဏရှိန် မိန်းမရ ကံကောင်း သည် ဟု ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ချီးမွမ်းသံကြားရလျှင် ဖြစ်ဖြစ် ဂုဏ်ယူဝမ်းမြောက် စိတ်မပေါ်မိသည်က တော့ အမှန်ပင်ဖြစ်သည်။

ကျွန်မသည် ဝဏ္ဏရှိန်၏ မိန်းမဖြစ်သည့် အတွက် အိပ်ယာထဲမှာလည်း သူ့မယားတာဝန်ကို ကျေပွန်ရပါသည်။ လိင် ကိစ္စနှင့် ပတ်သက်၍ ကျွန်မ မှာ ဘယ်လိုမှခံစားချက် မရှိသည့်တိုင်အောင် နာကျင်မှု ဟူသမျှကိုကြိတ်မှိတ် ခံယူရင်း မယားဝတ္တရား ကျေအောင်ကျွန်မ နေပေးပါသည်။ မမမြတ်ပြောတာ မှန်ပါသည်။ အရာရာတိုင်းမှာ သူ့ အဓိပ္ပါယ် နဲ့သူရှိနေပါ၏။

 ယောက်ျားတယောက် နှင့် လိင်ကိစ္စပြုလိုက်ရမှ ပျောက်ကင်းသည့် ဝေဒနာ ဆိုးကို မခံစားရသော်လည်း လိင်ဆက်ဆံတိုင်း သေလုမျောပါး နာကျင်ခံစားရခြင်း က အစားထိုးလာသလို ဖြစ်နေသော ကြောင့်ပင်။ ဒါတောင်မှ ဝဏ္ဏရှိန် က ကျွန်မ သိပ်ပြီးစိတ်ပါလက်ပါ မရှိတော့တာကို ထောက်ညှာပြီး နေ့စဉ်လို မဟုတ်ဘဲ ရံဖန်ရံခါမှသာ တောင်းဆိုလာတတ်၍ တော်သေးသည် ဆိုရပါမည်။

ကာလကြာလာသည် နှင့် အမျှ ကျွန်မ ထပ်၍ သတိထားမိသည့် ထူးခြားမှုတခုလည်း ရှိပါသေးသည်။ ကျွန်မ၏ ဝေဒနာ ဆိုး ပျောက်ကွယ်သွားခြင်း နှင့် အတူ ကျွန်မ၏ မသဘာ၀ ရာသီသွေးလည်း ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပါသည်။ ရင်ထဲက အပူတွေကို မပူသလို ဟန်လုပ်ပြီးပင်ပန်းစွာ ထိန်းနေရခြင်းကြောင့် ကျွန်မ ကိုယ်တိုင်ကအမှတ်မဲ့ မေ့လျော့နေမိသော်လည်း ထူးထူး ခြားခြား ဝဏ္ဏရှိန်က သတိထားမိနေသည်။ သူပြောလာလို့ လည်း ကျွန်မ သတိပြုမိခြင်း ဖြစ်ပါသည်။

တရက်တွင် ကျွန်မတို့ နှစ်ယောက် ချစ်ပွဲဝင်ပြီး အမောအပန်းဖြေနေကြစဉ် သူက သတိတရမေးလာ၏။

“ဆွေဇင် ဟိုဒင်း မဖြစ်တာကြာပြီနော်”

“ဘာဟို ဒင်းလဲ”

ကျွန်မ အားအင်မဲ့စွာဖြင့် ပြန်မေးမိသည်။ ဝဏ္ဏရှိန် ပေးခဲ့သည့် နာကျင်မှုတွေက ကျွန်မကို အခုထိ တစစ်စစ်နှင့် ကိုက်ခဲ နေစေဆဲ ဖြစ်ပါသည်။

“ရာသီ မလာတာလေ”

“ဟုတ်လို့လား၊ ဆွေဇင်တော့ သတိတောင် မထားမိဘူး”

“ဟုတ်တယ်၊ ကိုယ့်ဟာကိုယ်လဲ ပြန်တွက်ကြည့်ပါဦး”

ကျွန်မ ဘယ်တုန်းက ရာသီလာသလဲဟု ပြန်တွေးကြည့်သော်လည်း မမှတ်မိပါ။ စိတ်ထဲမှာ ဟိုရက်ကလိုလို၊ ဒီရက်က လိုလို နှင့် ေ၀ဝါးနေ၏။

“မမှတ်မိတော့ဘူးကွာ၊ ထားလိုက်ပါ အဲဒါတွေ”

ဝဏ္ဏရှိန် က ကျွန်မ ကိုပြုံးပြုံးကြီး ကြည့်လိုက်ရင်း

“ဆွေဇင် အခုတလောနည်းနည်း ဝနေသလိုပဲ၊ နို့တွေလဲပြည့်လာတယ်၊ ကိုယ်ဝန်များ ရှိနေပြီလား မသိဘူး”

ပါးစပ်က ပြောရင်း လက်ကပါ ကျွန်မရင်သားတွေကို လာကိုင်၏။ ဝဏ္ဏရှိန် လက်ကိုဖယ်ထုတ်လိုက်ချင်သော် လည်း ကျွန်မ မှာအားအင်မရှိပါ။

“ပေါက်ပေါက်ရှာရှာ မောင်ရယ်”

“မောင်ကိုင်နေကျ မောင်သိတာပေါ့”

“မောင်ကတော့လေ၊ ဒီကိစ္စပဲလျှောက်တွေးနေတာပဲ၊ ဆွေဇင့် စိတ်ထဲတော့ ထူးထူးခြားခြား ဘယ်လိုမှမနေပါဘူး”

“ဆေးစစ်ကြည့်ပါလား”

“လုပ်ပြန်ပြီ”

“မဟုတ်ဘူးလေ၊ ကလေးရနိုင် မရနိုင်စစ်ခိုင်းတာ မဟုတ်ဘူး၊ ကိုယ်ဝန်ရှိမရှိ စစ်ခိုင်းတာ၊ ဒီတခါတော့ မရှက်ပါနဲ့တော့ကွာ”

ထမိန်ပြန်မဝတ်ရသေးသည့် ကျွန်မ ဗိုက်သားပြင်ကို အသာအယာပွတ်ပေးရင်း ပြောသည့် ဝဏ္ဏရှိန် ကိုသနားသွား မိသောကြောင့်

“ကြည့်သေးတာပေါ့မောင်ရယ် နော်”

ပင်ပန်းပြီး အိပ်လည်း အရမ်းအိပ်ချင်လာသဖြင့် ဝဏ္ဏရှိန်စိတ်ကျေနပ်အောင်ပြောပြီး အဝတ်တွေပြန်ဝတ်ကာ အိပ် လိုက်သည်။ နောက်နေ့တွေကျလျှင် သူမေ့သွားလိမ့်မည် ဟုထင်သော်လည်း ဝဏ္ဏရှိန်က မမေ့ပါ။ ကျွန်မကို နား ပူနားဆာ လုပ်နေသည့်အပြင် အန်တီနန်းကိုပါ သွားပြောသည် ထင်သည်။တနေ့  မီးဖိုချောင်မှာ ချက်ပြုတ်နေ ကြခိုက် အန်တီနန်း က ကျွန်မကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး

“အန်တီ လဲ သမီးကို သတိထားမိနေတာ၊ အခုသားက လည်းပြောနေတော့ ဟုတ်နေပုံရတယ်၊ မနက်ဖြန်ညနေ အန်တီ ကျူရှင် မရှိဘူး၊ သမီး ရုံးက ပြန်လာရင် ဆေးခန်းသွားရအောင်”

ဒီကလေး ရူးတွေ နှင့်တော့ ခက်ပြီဟုတွေးမိသည်။ သို့သော်လည်း အခုပြောနေသည့်သူက လူကြီးဖြစ်သော အန် တီ နန်းဖြစ်သည်။ ဝဏ္ဏရှိန် မဟုတ်။ ကျွန်မခါးခါး သီးသီးညင်းလို့ မကောင်းပါ။ ထို့ကြောင့် စိတ်မပါ လက်မပါ နှင့်ခေါင်းညိတ်ပြလိုက်ရသည်။ နောက်မှ အခြေအနေ ကိုမီးစင်ကြည့် ကတော့မည်။

“ဟုတ်ကဲ့ အန်တီ”

နောက်တနေ့ကျတော့ ရုံးကနေ့တဝက် ခွင့်ယူပြီး မမမြတ်ဆီ ပြေးမိပါသည်။ အန်တီနန်း နှင့် ဝဏ္ဏရှိန် က ကျွန်မ ကိုယ်ဝန်ရှိနေပါပြီဟု စွပ်စွဲနေကြကြောင်း ပြောပြသည့် အခါ မမမြတ်က

“ဖြစ်နိုင်ပါတယ်”

“ဟာ … မမမြတ်ကလည်း၊ မဖြစ်နိုင်ပါဘူး”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ”

ကျွန်မ ရှက်ရှက် နှင့်ပင် သုတ်ရည်တွေ ပြန်စီးထွက်သည့် အကြောင်းပြောပြလိုက်ရပါသည်။

“ဝင်သမျှ အားလုံးပြန်ထွက်တယ်လို့ နင်သေချာလို့လား”

ကျွန်မဘာပြန်ပြောရမှန်း မသိတော့ပါ။ ထိုအချက်ကို ကျွန်မထည့်မတွေးမိခဲ့ပါ။ ကျွန်မ ကိုယ်တွင်းသို့ ထိုအရည် တွေ ဘယ်လောက် အတိုင်းအတာအထိ ဝင်သွားသည်ကို ကျွန်မ မျက်စိနှင့် မြင်နိုင်သည်လည်း မဟုတ်။ ကျွန်မ သိသည်က ပြန်ယိုစီးထွက်လာသလောက်သာ ဖြစ်သည်။ စက်ချုပ် ခုံမှ မမမြတ် ထရပ်လိုက်သည်။

“လာ ငါနဲ့ လိုက်ခဲ့”

ယောင်ချာချာ နှင့် ကျွန်မ အိပ်ခန်းထဲပါသွားသည်။ မမမြတ် က ကျွန်မကို သူမ၏ အိပ်ယာပေါ်မှာပက်လက် လှဲ ခိုင်း ပါသည်။ပြီးတော့  ကျွန်မ ထမိန်ကို ဖြည်ချလိုက်ပါ၏။ မမမြတ်၏ ရည်ရွယ်ချက်ကို မသိသော်လည်း အ ကြောင်းရှိလို့ မှန်းသိသည့် အပြင် မမမြတ်ကို ရှက်နေစရာလည်း အကြောင်းမရှိလို့ ငြိမ်နေလိုက်ပါသည်။   အောက်ခံဘောင်းဘီကို လည်း ကျွန်မ၏ ဆီးခုံမွှေးတွေ ပေါ်လာသည် အထိအောက်ကို လျှောချလိုက်ပြီး ကျွန်မ ဆီးခုံပေါ် သူမလက်ကို တင်လိုက်သည်။ ကျွန်မကို သူမ ကိုယ်တိုင် စမ်းသပ်ကြည့်တော့မည် ထင်သည်။

မမမြတ် ဒီလို ဆေးပညာ လည်းတတ် မှန်းကျွန်မ လုံး၀ မသိခဲ့ပါ။

“မမမြတ် က ဒါတွေလဲရတာကိုး”

သို့သော် မမမြတ်စမ်းသည့် ပုံက ဆရာဝန် သူနာပြု ဆရာမတွေ စမ်းသလိုမျိုးလည်း မဟုတ်ပါ။ ကျွန်မပေါ်သို့ လက် တင်ပြီး မျက်စိ နှစ်လုံးကို မှိတ်၍ ငြိမ်နေ၏။ အထဲက တစုံတရာကို အာရုံခံနေသည့် အလားပင်။ ကျွန်မ လည်း ဘာကြောင့်မှန်း မသိ တည်ငြိမ်စွာ ရှိသည့် မမမြတ် အမူအရာကို ကြည့်၍ ရင်ထဲမှာ စိုးရွံ့စိတ်တွေ ပေါ် လာ၏။ အသက်ကိုတောင် ရဲရဲ မရှုဝံတော့ပါ။ မမမြတ် က စကားမပြော၍ ကျွန်မလည်း မပြောတော့ဘဲ မျက် လုံးကို မှိတ်ပြီး ငြိမ်နေမိ၏။ မမမြတ်၏ လက်က တဖြည်း ဖြည်း နှင့် ပူနွေးလာ သည်။ နေရ ခက်လောက်အောင် တော့မဟုတ် ပါ။ နူးညံ့သည့် နွေး ထွေးခြင်း တမျိုးဖြစ် ပါသည်။ ထိုနွေးထွေးမှုက ကျွန်မ တကိုယ်လုံးပျံ့နှံ့ သွား သလို ခံစားရသည့် အပြင် နေရထိုင်ရလည်း သက်တောင့်သက်သာ ဖြစ်လာသလို ရှိသည်။

ကျွန်မ တို့ ငြိမ်နေမိသည်မှာ တမိနစ်လောက်ရှိမည်ဟုထင်မိသည်။ ထိုသို့ငြိမ်နေရင်း ကျွန်မ ဗိုက်ထဲက လှုပ်ရှားမှု တခုဖြစ်သွားသလို စိတ်ထဲမှာဖြစ်သွားသည်။ ကျွန်မ ဆီးခုံပေါ်တင်ထားသည့် မမမြတ်၏ လက်လည်း အနည်း ငယ် လှုပ်သွားသည်ဟုထင်မိ၏။ ထို့နောက် မမမြတ်ထံမှ သက်ပြင်းချသံကြားလိုက်ရပြီး လက်ကိုပြန်ဖယ်သွား၍ကျွန်မ မျက်လုံးဖွင့်ကြည့်လိုက်မိသည်။

“ဟုတ်တယ် ဆွေဇင်၊ နင်ယောက်ျားလေး မွေးမယ်လို့ ငါထင်တယ်”

“ရှင်”

..........................................................

အမြဲလိုတွေးတွေးဆဆ ရှိတတ်သည့် မမမြတ်၏ အမြင်တွေကို ကျွန်မ ဘယ်ခါမှ ပစ်ပယ်လို့ မရပါ။ ဒီတကြိမ် မှာ လည်း မမမြတ် မှန်ခဲ့ပြန်ပါသည်။ ဝဏ္ဏရှိန်၏ နားပူနားဆာတိုက်မှု၊ အန်တီနန်း၏ တိုက်တွန်း မှုတွေကြောင့် ကျွန်မ ရင် တထိတ်ထိတ် နှင့် ဆရာဝန်ပြဖို့ သဘောတူခဲ့ရာမှ ကျွန်မ မှာ ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုပေးလိုက် သည်။ ဒါကိုတောင်မှ စိတ်မကျေနပ်သည့် ကျွန်မ အတွက် ဝဏ္ဏရှိန် ဝယ်လာပေးသည့် ဆီးစစ်သည့် တုတ် ချောင်း လေး ဖြင့် ကျွန်မကိုယ်တိုင် စစ်ကြည့်ရာတွင်လည်း ကိုယ်ဝန်ရှိနေသည် ဆိုသည့် အဖြေကိုသာ ရခဲ့ပြန် သည်။

“မောင်တော့ အရမ်းဝမ်းသာတာပဲ၊ ဆွေဇင် ကောဝမ်းမသာဘူးလား”

“ဝမ်းသာပါတယ် မောင်ရယ်”

ကျွန်မ၏ အဖြေက ခြောက်သွေ့နေမှန်း ကျွန်မဖာသာ သိသည်။ ကျွန်မ ခံစားချက်ကို ကျွန်မကိုယ်တိုင်ဝေခွဲကြည့် လို့မရသေးပါ။ လင်ယောက်ျား နှင့်သားသမီး နှင့် တည်ငြိမ်သော ဘဝတခု ကိုရပြီဆိုသည့် ခံစားချက်ကြောင့် စိတ် ကျေနပ်သလိုလို ဖြစ်သည့် အခါဖြစ်ပြီး ဒါက ကျွန်မအတွက် နှောင်ကြိုးတခုလိုမြင် ပြီးစိတ်ညစ်သည့် အခါညစ် သည်။ တခုကံကောင်းသည်ဟု ဆိုရမှာကတော့ ကျွန်မ ကိုယ်ဝန်ရှိနေသည်ဟု သိပြီးနောက် ဝဏ္ဏရှိန်က ကျွန်မ နှင့် ကိုယ်လက်နှီးနှောဖို့ မကြိုးစားတော့ခြင်းသာ ဖြစ်သည်။ ကျွန်မ မုန်းတီးသည့် နာကျင်မှုတွေ ခံစားရခြင်း မှကင်းလွတ်ခွင့် ရခဲ့သည်။ ဒါ့အပြင် ကျွန်မ၏ ကိုယ်ခန္ဓာတည်ဆောက် ပုံသည် လူသားမိန်းမတွေ နှင့်ခြားနားမှု မရှိ ကြောင်း သေသေချာချာ သိလိုက်ရသည် ကလည်းအမြတ်တခုလို့ ဆိုနိုင်ပါသည်။

ဝဏ္ဏရှိန်၏ မိတ်ဆွေ အပေါင်းအသင်း တွေထဲတွင် ထိုကိစ္စ ကို အရင်ဆုံးသိသူမှာ ကိုလင်းဖြစ်သလို ကျွန်မကို ဝမ်း မြောက်ဂုဏ်ယူကြောင်း အရင်ဆုံးပြောသူမှာ လည်း ကိုလင်းဖြစ်သည်။

တနေ့ ဝဏ္ဏရှိန် က ဖုန်းပြောနေရင်း ကျွန် မကို ဖုန်းခွက် လှမ်းပေးသည်။

“ကိုလင်း ကပြောမလို့တဲ့”

စောစော က သူတို့ပြောနေသည့် အကြောင်းအရာထဲတွင် ကျွန်မ အကြောင်း မပါပါ။ ကိုလင်းမှာ ဘာအကြောင်း ထူး ရှိနေသလဲဟု သိချင်စိတ် နှင့် ကျွန်မ ဖုန်းကိုလှမ်းယူလိုက်ပါသည်။

“ပြောလေ ကိုလင်း ဘာလဲ”

“အော် …ဆွေဇင့် အတွက် ဂုဏ်ယူကြောင်း ပြောမလို့ပါ”

ရုတ်တရက် ကျွန်မ နားမလည်ပါ။

“ဘာပြောတာလဲ ကိုလင်း”

“ဝဏ္ဏ ပြောတဲ့ ကိစ္စလေ၊ သူလူဖြစ်ပြီ တဲ့၊ အဲဒါ ဝမ်းသာပါတယ် လို့ပြောတာ”

ဘာကြောင့် မှန်းမသိ ကျွန်မ ဝဏ္ဏရှိန် ကိုဒေါသ အကြီးအကျယ်ထွက်သွားမိသည်။ ထိုဒေါသ က လတ်တလော ကျွန်မ နှင့် ပြောနေသည့် ကိုလင်းကို ရိုတ်ခတ်သွား၏။

“စိတ်ညစ်ပါတယ် ဆိုမှ ဘာမဟုတ်တာတွေလာပြောနေတာလဲ”

အသံကုန် အော်ပြောလိုက်ပြီး ကျွန်မဖုန်းကို ဆောင့်ချလိုက်ပါသည်။

“ကိုလင်း က ဘာပြောလို့လဲ ဆွေဇင်”

“သတင်းစာထဲသာ ကြော်ငြာ ထည့်လိုက်ပါတော့ ကို ဝဏ္ဏရှိန်ရယ်”

ကျွန်မ အခန်းထဲသို့ စိတ်ဆိုးမာန်ဆိုးဝင်သွားချိန်တွင် ဝဏ္ဏရှိန် စပ်ဖြီးဖြီး နှင့် ခေါင်းကုပ်ပြီး ကျန်ခဲ့သည်။ ကျွန်မ ဝဏ္ဏရှိန် နှင့် တနေကုန်စကားမပြောဘဲနေလိုက်သည်။ ကိုလင်းက မိသားစုလို ရင်းနှီးနေသူဆိုတော့ ဒီသတင်း ကို သိသင့်ပါသည်။ သိလို့လည်း ဘာမှမဖြစ်ပါ။ ဒါပေမယ့် ကိုလင်းသိသွားပြီဆိုသည့် စိတ်က ကျွန်မကို အကြီးအ ကျယ် အနှောက်အယှက်ပေးသည်။ စိတ်ကိုဖြေသော်လည်း မရပါ။ ထို့ကြောင့် ဝဏ္ဏရှိန် ကို သာပုံချပြီး ရန်လုပ် ချင် နေမိပါသည်။

ဘာမှ မသိရှာသည့် ကိုလင်းကတော့ ညနေခင်းမှာ ပလပ်စတစ်ထုပ်လေး တထုပ်ဆွဲပြီး အိမ်ကိုရောက်လာပါ သည်။ ဝင်ထွက်စားသောက်နေကျ ရင်းနှီးသူဆိုတော့ ကျွန်မနှင့် အန်တီနန်း ရှိရာ မီးဖိုချောင် အထိဝင်လာ၏။ ဝဏ္ဏရှိန် လည်း နောက်ကနေ ပြုံးစိစိ နှင့်ပါလာသည်။ အနားရောက်သည် နှင့် ကိုလင်းလက်ထဲက ဘာထုပ်လဲ ဆိုတာ ကျွန်မသိလိုက်ပါသည်။

အရင်တပတ် လောက်က ကျွန်မစားချင်သည်ဟု ပြောဖူးသည့် ကြက်သားသုတ် ဝယ်လာပေး မှန်း သိသော်လည်း မသိချင်ယောင် ဆောင်နေလိုက်သည်။ အန်တီ နန်းကတော့

“ဘာတွေ တုန်းကိုလင်း”

“ကြက်သားသုတ် အန်တီ၊ ဟိုတခါ ဆွေဇင်က စားချင်တယ်ပြောလို့ ဝယ်လာပေးမယ် ပေးမယ် နဲ့ မေ့နေတာ၊

ဒီနေ့မှ အော် ..ဒါကို ချင်ခြင်း ဖြစ်လို့စားချင်တာဖြစ်မှာ ဆိုပြီး မမေ့မလျော့ဝယ်လာပေးတာ”

“ကိုလင်း နော်”

ခုနေမှန်ထဲမှာ ကြည့်လျှင် ကျွန်မ မျက်နှာ ရဲရဲ နီနေမှာသေချာသည်။ ဝဏ္ဏရှိန် နှင့် အန်တီနန်း ကတော့ရယ်နေကြ သည်။

“ခုစား လိုက်ပါလား၊ ဝဏ္ဏ ရေ၊ ထည့်ပေးလိုက်ပါကွာ”

ဝဏ္ဏရှိန် ကလည်း ပျာပျာသလဲ နှင့် ပန်းကန်တချပ်ထဲ ကိုထည့်ပြီး ကျွန်မ ပန်းကန်ဆေးနေသည့် ဘေစင်နားကို ယူလာ၏။

“ဆွေဇင် စားလိုက်နော်၊ ကိုလင်း က ဆွေဇင်စားစေချင်လွန်းလို့ တကူးတက တက္ကဆီ နဲ့သွားဝယ်လာတာ”

“ဒီမှာ လက်မအားဘူး၊ မမြင်ဘူးလား”

“မောင်ခွန့် ကျွေးမယ်လေ”

“မစားချင်ပါဘူး”

ကျွန်မ တကယ်ကိုစားချင်စိတ် မရှိပါ။ ဒါပေမယ့် ကိုလင်းကို အားနာတာကြောင့်

“စားပွဲပေါ်တင်ထားလိုက် လာခဲ့မယ်”

ကိုလင်းရော ဝဏ္ဏရှိန်ပါ ထမင်းစားပွဲမှာ ဝင်ထိုင်နေကြသည်။ တိုးတိုး တိုးတိုး နှင့်လည်း စကားတွေပြောနေကြ၏။ သူတို့ကို အမြင်ကပ်သည်နှင့် ပန်းကန်ဆေး ပြီးသည့်တိုင် သူတို့ဆီမသွားဘဲ နှင့် ဟင်းအိုးမွှေနေသည့် အန်တီ နန်း နားမှာယောင်လည်လည် သွားလုပ်နေမိသည်။ ခနကြာတော့ ဝဏ္ဏရှိန်က ဘာပြောလိုက်သည်မသိ၊ ကိုလင်း ထ လာပြီး ကျွန်မကို ခေါ်သည်။

“လာလေ ဆွေဇင် ငါက နင်စားစေချင်လို့ ဝယ်လာတာ”

“မစားချင်ပါဘူး ဆို”

“ငါတို့စားဖို့ ကြက်ကင်ပါတယ်၊ နင့်ဖို့က အသုတ်ဝယ်တာ၊ လာပါဟာ”

ကျွန်မတို့ ခင်မင်သိကျွမ်း ပြီးသည့်နောက် ပထမဆုံး အကြိမ်အဖြစ် ကိုလင်း ကျွန်မ လက်ကိုဆွဲလိုက်သည်။ တ ကိုယ်လုံး လေထဲလွင့်မြောက်တက်သွား သလိုခံစားလိုက်ရပြီးနောက် ကိုလင်းဆွဲခေါ်ရာသို့ ကြောင်ငေးငေး နှင့်ကျွန်မ ပါလာပါသည်။ ခြေလှမ်းငါးလှမ်းစာလောက် အချိန်အခိုက်အတန့်လေး အတွင်းမှာပင် ကျွန်မ အိပ်မက် တ ခုထဲသို့ ကျွံကျသွားသလို ပင်။

“ထိုင် ..ဒီမှာ”

ကိုလင်း ထိုင်ခိုင်းသည့် နေရာမှာ ဝင်ထိုင်လိုက်သည့် တိုင်အောင် ကျွန်မစိတ်မှာ ဝိုးတဝါးဖြစ်နေဆဲပင်။

“ကျွန်တော် ကော်ဖီ ဖျော်ပေးမယ် ကိုလင်း”

ဝဏ္ဏရှိန် အသံကြောင့် ကျွန်မ အိပ်မက်ကလန့် နိုးသလိုဖြစ်သွားသည်။ ကိုလင်း အတွက်ကော်ဖီဖျော် ဖို့ ထရန် ကြံ လိုက်သေးသော်လည်း ဝဏ္ဏရှိန် က

“နေနေ … မောင် လုပ်လိုက်မယ်”

ကိုလင်း ထိုနေ့က အိမ်မှာပဲ ညစာစားသွားသလို ကျွန်မ ကိုလည်း စကားတွေ အများကြီးပြောသည်။ ဝဏ္ဏရှိန် က ကျွန်မ အကြောင်း တချို့တလေ ပြောထားပုံရသည်။ ကိုလင်းကတော့ ကျွန်မ ဒီကိုယ်ဝန်ကို မလိုချင်ဟု ထင်ပုံမရ ပါ။ ဒါပေမယ့် ဒီအတွက် ကျွန်မ စိတ်ညစ်ညူး နေသည်၊ ရှက် နေသည်လို့ ယူဆပုံရသည်။

“အရင်လို နေစမ်းပါဟာ၊ နင့်ကြည့်ရတာ မအီမလည် နဲ့၊ နေမကောင်းဘူး ဆိုလဲ အန်တီနန်း တို့ ဝဏ္ဏ တို့ကိုပြောပေါ့၊ ခုလို အချိန်မှာ နင့်ကျန်းမာရေးက အကောင်း ဆုံးဖြစ်နေဖို့လိုတယ်”

အိမ်ထောင် မရှိသည့် လူပျိုကြီးက အိမ်ထောင်ရှင် မိန်းမသားတယောက်ကို မိခင်လောင်း တယောက်ကို ဒီလိုတွေ လာပြောနေတာ ရယ်စရာကောင်းချင်ကောင်း နိုင်သော်လည်း ကျွန်မ ရယ်ချင်စိတ်မရှိပါ။

“ဆွေဇင်က ဘာဖြစ်နေလို့လဲ”

“ဘယ်လောက် ကြီးမြတ်တဲ့ သူဖြစ်ဖြစ် သူ့ကို မွေးထုတ်ပေးမယ့် မိခင်ဆိုတာ ရှိကိုရှိရတယ်၊ မိခင် ဘ၀ ဆိုတာ မိန်းမ ဘဝမှာ အမြင့်မြတ်ဆုံးပဲ”

“အော် … အင်း…အင်း  ..ရှင်းပါဦး”

ကျွန်မ အရွဲ့တိုက်မှန်း သိသော်လည်း ဘာမှမဖြစ်သလို ကိုလင်း ဆက်ပြောသည်။

“မိခင်က ဘ၀ ဆိုတာ သဘာဝတရားကြီး က မိန်းမတွေကိုပဲ ပေးထားတဲ့ လက်ဆောင်၊ တခြားမကြည့်နဲ့ နင့် ယောက်ျား ဝဏ္ဏရှိန်ကိုပဲကြည့် ကလေးလိုချင်လိုက်တာ တပိုင်းကိုသေလို့၊ ဒါပေမယ့် သူ မွေးထုတ်လို့ရလား”

“ကိုလင်း ဘာပြောချင်တာလဲ၊ ဆွေဇင် နားမလည်ဘူး”

ကျွန်မ ဘယ်လိုပြောပြော ကိုလင်းက စိတ်ရှည်ရှာပါသည်။

“ဒါကြောင့် နင် ဒီအတွက် စိတ်အနှောက် အယှက်လဲ မဖြစ်နဲ့၊ သဘာဝတရားကို ရှက်လဲ မရှက်နဲ့၊ ယောက်ျား ဖောင်စီး မိန်းမမီးနေ လို့ပြောကြပေမယ့် ဘာမှလဲကြောက်မနေနဲ့ ဒီလို တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကလေးမွေးရတာ ငှက်ပျောသီး အခွံနွှာရတာ ထက်လွယ်တယ်”

“ကိုလင်း မွေးဖူးလို့လား”

ဝဏ္ဏရှိန် ကတော့ ကျွန်မတို့ နှစ်ယောက်ကို ဘေးကနေကြည့်ရင်း တခွိခွိရယ်နေ၏။

“ဒီလောက် ဂျီတိုက်နေမှတော့ နင်ပုံမှန်မဟုတ်ဘူးဆိုတာသိသာတယ်၊ ကဲပြော၊ နင်ဘာဖြစ်နေတာလဲ၊ ဘာဖြစ်ချင် တာလဲ၊ ဒါမှ မဟုတ်ဘယ်သူ့ကို မကျေမနပ်ဖြစ်နေတာလဲ”

“ဟုတ်တယ် အကို အဲဒါမေးရမယ်၊ အကို့ညီမ က အခုတလော ဘာဖြစ်နေမှန်း ကို မသိဘူး၊ ငိုင်တိငိုင်တိုင်နဲ့”

“စဉ်းစားကြည့်လေဆွေဇင်၊ ဝဏ္ဏရှိန်ကို မကျေနပ်တာလား၊ ဗိုက်ထဲက ကလေးကို မကျေနပ်တာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်နေတာလား၊ နေ့လည်ကလဲ ဝမ်းသာပါတယ် ပြောမိလို့ အော်လိုက်တာ နားကို အူ သွားတာပဲ”

“ဆွေဇင် ဘယ်သူ့ကိုမှ မကျေမနပ် မဖြစ်ပါဘူး၊ ကိုယ့်ကိုယ်ကို လဲ မကျေမနပ် မဖြစ်ပါဘူး”

ကျွန်မ ဗိုက်ထဲက ကလေးရဲ့ အဖေက ကိုလင်း မဟုတ်တာတခုကိုပဲ စိတ်ဆင်းရဲ နေရပါတယ် ဟု ပြောလိုက်လျှင်ကိုလင်း ဘယ်လိုဖြစ်သွား မည်နည်းဟု ကျွန်မတွေးကြည့်နေမိပါသည်။

ဒီလို အတွေးနှင့် ကိုလင်းမျက်နှာကိုမော့ကြည့်မိရာ ရိုးသားသန့်စင်သည့် မျက်လုံးတွေကို ရင်ဆိုင်တိုးမိချိန်မှာ တော့ ကျွန်မ မျက်ရည်ဝဲချင်မိသည်။

“ဒါဆို လဲ အရင်လိုနေပါဟာ၊ ဝဏ္ဏ က ငါ့ကို နင့် အကြောင်းဘာမှ မပြောပါဘူး၊ ပြောလဲ ငါဂရုမစိုက်ပါဘူး၊ ဒါပေ မယ့် ငါကိုယ်တိုင် နင့်ကိုကြည့်ရတာ စိတ်ထဲ တမျိုးကြီး ဖြစ်နေလို့ အခု ငါပြောနေရတာ၊ ပျော်ပျော် နေပါငါ့ ညီမ ရယ်၊ နင်ငူငေါင်နေတာ ဗိုက်ထဲက နင့်ကလေး သိရင်လည်း သူ့ကြောင့် သူ့အမေ စိတ်ညစ်နေရတယ် ဆိုပြီး စိတ် မကောင်း ဖြစ်လိမ့်မယ်”

“မဟုတ်ပါဘူး၊ ကလေးကြောင့် မဟုတ်ပါဘူး”

“ဒါဆို ဘာဖြစ်နေတာလဲ၊”

“မသိဘူး၊ စိတ်ထဲမှာ နေရတာ တမျိုးကြီးဖြစ်နေတာတခုပဲ ရှိတယ်၊ ဒါပဲ”

ထပ်ပြီး ဖြေရှင်း မနေတော့ဘဲ ကျွန်မ အိပ်ခန်းထဲ ဝင်သွားပြီးအိပ်နေလိုက်သည်။ သူတို့ဘာတွေ ဝေဖန်ချက်ပေး ပြီး ကျန်ခဲ့ကြမည်ကို ကျွန်မ စိတ်မဝင်စားပါ။ ကျွန်မ ဘဝကို နားအလည်ဆုံးက ကျွန်မသာဖြစ်ပါသည်။ ကျွန်မ နှင့် ပတ်သက်သည့် အကြောင်းအရာတွေ အားလုံးကို သိနေသည့် မမမြတ်တောင်မှ ကျွန်မ ကို ကျွန်မလောက် နား လည် နိုင်မည်လို့မထင်ပါ။

ဖြစ်လာလျှင် ရင်ဆိုင်ရမည် မှန်းကျွန်မသိပါသည်။ ကျွန်မ အခုလျှောက်နေသည့် လမ်းက ကျွန်မကိုယ်တိုင်ရွေး ချယ်ခဲ့သည့် လမ်းဖြစ်ပါသည်။ ရလဒ် အကောင်း အဆိုးမှန်သမျှကို လက်ခံယူရမည့် သူကလည်း ကျွန်မဖြစ်ပါ၏။နောက်ဆုတ်ရန် မရှိပါ။ သို့သော် လူတဖက်သားကို ထောက်ပြပြောဆိုခဲသော ကိုလင်း ကိုယ်တိုင်က ကျွန်မကို ဖျောင်းဖျ စကားတွေ ဆိုလာသည့်အခါ ကျွန်မ အနေအထိုင် အပြောအဆို ဆင်ခြင်မှဖြစ်မည်ဟု တွေးမိလာပါ သည်။ ထို့ကြောင့် ဟိုအရင်တုန်းကလိုမျိုး နေနိုင်ဖို့ ကျွန်မ ဂရုစိုက်ရပါသည်။ ဘာကိုမှ သိပ်မတွေးဘဲ လတ် တလော အခြေအနေ မှာပင် ပျော်ပျော်နေနိုင်ဖို့ကြိုးစားကြည့်ရာ အထိုက်အလျောက်လည်း အောင်မြင်ပါသည်။

ပစ္စုပ္ပန် မှာ အဆင်ပြေအောင်နေသည်။ တခါတလေ မမမြတ်ဆီ သွားစကားပြောတိုင်ပင်၏။ ဒီလိုနှင့် ပဲ အချိန် တွေကို တရက်ပြီးတရက် အဆင်ပြေပြေကျော်ဖြတ်နိုင်ခဲ့၏။

ကျွန်မ ပုံမှန်နီးပါးပြန်နေသည့် အတွက် ဝမ်းအသာဆုံးက ဝဏ္ဏရှိန် ဖြစ်ပါသည်။ ကျွန်မ ကိုယ်ဝန်ကို သူနှင့် အန် တီ နန်းက ကျွန်မ ထက်ဂရုစိုက်သည်ဟု ကိုလင်းကတောင် ထုတ်ပြော၏။

ဝဏ္ဏရှိန် က တကယ်ပင် ကျွန်မ ကို ဂရုစိုက်ရှာပါသည်။ ဖခင်လောင်း တယောက်ဟုစိတ်ဝင်လာလို့လားမသိပါ အရင်လောက်လည်း ကလေး မဆန် တော့တာ သတိထားမိသည်။ စာတိုပေစ ဖတ်တတ်မှတ်တတ်သည့် ဝါသနာ မရှိသော်လည်း ကလေးပြုစုနည်း နှင့် ပတ်သက်သည့်စာအုပ်တွေ၊ ကိုယ်ဝန်ဆောင်ခြင်း နှင့် ပတ်သက်သည့်စာအုပ်တွေ ဝယ်လာပြီး ဖတ်နေတတ် သည်။

 ကျွန်မ ကိုလည်းဖတ်ခိုင်းသည်။ သူ့ကို ဒီအရွယ် အထိရောက်အောင် မွေးဖွားပြုစု ပျိုးထောင်ပေးခဲ့သည့်အန်တီနန်း တယောက်လုံးရှိလျှက် နှင့် မမေးမမြန်းဘဲ စာအုပ်တွေချည်းဖတ်နေသည့် ဝဏ္ဏရှိန်ကို အန်တီနန်း က တောင် တခါတလေ သရော်တတ်၏။

ကျွန်မလည်း အဲဒီစာအုပ်တွေကြောင့် ဒုက္ခရောက်ရတာတွေ ရှိပါသည်။ တနေ့မှာ ဝဏ္ဏရှိန်က သူဖတ်လက်စ စာ တပိုဒ်ကို လာပြပြီးဖတ်ကြည့်ခိုင်းသည်။ သူပြသည့် အကြောင်းအရာက ကိုယ်ဝန်ဆောင်တွေ အနေဖြင့် မိမိ၏ လင်ယောက်ျားနှင့် လိင်ဆက်ဆံပါက လည်း အန ္တရယ်မရှိကြောင်းရေးထားသည်။ မည်သို့မည်ပုံ ပြုမူဆောင် ရွက် ရမည် ဆိုသည့် ဆောင်ရန်ရှောင် ရန်တွေလဲပါသည်။

“သူများတွေပြောသံတော့ကြားဖူးတယ်၊ ရတယ် ဆိုတာလေ”

ပြုံးစိစိ နှင့် ကျွန်မ ကိုပြော၏။

“မောင် က..”

“အင်း …စမ်းကြည့်ရင်ကောင်း မလားလို့၊ နားနေရတာကြာပြီလေ၊ ဟီးဟီး”

ကျွန်မ ဝဏ္ဏရှိန် ကို သနားသွားသည်။ ကျွန်မ ကိုယ်ဝန်ရှိတာကို သိပြီးကထဲက သူရှောင်ကျဉ် နေခဲ့သည်။ သူ့ မှာ လည်း အသွေး အသားနှင့် ဆိုတော့ ဆန္ဒ ရှိပေမည်။ ကျွန်မ လိုစဉ်တုန်းကတော့ သူ့ကို အသုံးချသလို ဖြစ်ခဲ့ရ သည်ကိုလည်း ပြန်တွေး မိသောကြောင့်

“မောင့် သဘောပဲလေ၊ ဆွေဇင်က ပြဿနာမရှိပါဘူး”

“ဒါဆိုရင် အခုပဲ …ဟဲ ..ဟဲ”

အန်တီနန်းက ကျူရှင်သွားသင်နေချိန် ဖြစ်လို့ အိမ်မှာ ကျွန်မတို့ နှစ်ယောက်ထဲရှိပါသည်။ ကျွန်မ က မငြင်းဆန် သည့် အခါ ဝဏ္ဏရှိန်က ကျွန်မကို နမ်းရင်း  ကုတင်ပေါ်မှာ လှဲချပေးပြီး တီရှပ်အောက်က ကျွန်မ ရင်သားတွေကို ညင်ညင်သာညှစ်နေသည်။ ယောက်ျားတွေ မိန်းမတယောက်၏ ကာမ ကို အနုနည်းဖြင့် လိုချင်ပြီဆိုလျှင် ဒီလို ပဲ လုပ်တတ်ကြသည်။ သာမန်လူသား မိန်းမတယောက်ဆိုလျှင် ဒီလို အထိအတွေ့မှာ နစ်မျောရီေ၀ သွားနိုင်သော် လည်း ကျွန်မ အတွက်တော့ အသားတွေ တင်းပြီးနာသလိုလို ဖြစ်သည်မှအပ ဘယ်လိုမှမနေပါ။ ကျွန်မ၏ ဝေဒနာ ချိန်တွေ ဆိုလျှင်မူ ယောက်ျားတယောက် က ထိဖို့ မပြောနှင့် ကြည့်လာတာ နှင့်တောင် တရိပ်ရိပ် နှင့် ဆန္ဒတွေ တက်ကြွလာပြီး ထိုယောက်ျားနှင့် စိတ်လွတ်လက်လွတ်ဆက်ဆံပစ်လိုက်ချင်တာ တခုသာကျွန်မ သိတော့ သည်။

“ရိုးရိုးပဲ လုပ်မှာပါ”

ကျွန်မ ခေါင်းပဲ ညိတ်ပြလိုက်ပါသည်။ ကျွန်မ ထမိန်ကို လှန်လိုက်ပြီးမှ

“ချွတ်လိုက်မယ် နော်၊ ဆွေဇင်ပို လွတ်လပ်သွားအောင်”

ပြန်အဖြေကို မစောင့်ဘဲ သူ့ဖာသာဆွဲချွတ်လိုက်၍ တင်ပါးကြွပေးလိုက်ရပါသည်။ သူပုဆိုး ချွတ်နေချိန်တွင် ကျွန် မျက်စိမှိတ်ပြီး ငြိမ်နေမိ၏။ သို့သော် ဝဏ္ဏရှိန် တော်တော် နှင့် ကျွန်မဆီ ရောက်မလာသေးဘဲ သူ့ဘီရို ကိုဖွင့်နေသံကြားရသည်။ ကျွန်မ လှမ်း ကြည့်လိုက်ရာခေါင်းလျှာ်ရည် ဗူးလိုလို လေး ကိုင်ပြီး ကုတင်ဆီပြန်လာသော ဝဏ္ဏရှိန် ကို တွေ့လိုက်ရသည်။ မနေ နိုင်၍ ကျွန်မ မေးလိုက်မိသည်။

“အဲဒါ ဘာလဲ မောင်”

“ဂျယ်လေ”

“ဘာလုပ်ဖို့လဲ”

“ဆွေဇင်က နာတယ်ဆိုလို့ ဝယ်ထားတာ၊ တခါမှ မသုံးရသေးဘူး၊ ဒီနေ့တော့ သုံးကြည့်ရမယ်”

“ဒီတိုင်းလဲ ရပါတယ်၊ ဆွေဇင်က ဘာပြောလို့လဲ”

“ဝယ်ထားပြီး အလကားဖြစ်နေ မှာစိုးလို့”

ဝဏ္ဏရှိန် အမူအယာ က ကစားစရာ အသစ်အဆန်းတခုရသည့် ကလေးငယ်တယောက် နှင့်တူနေသည်။ သူစိတ် ချမ်းသာသလို လုပ်ပါစေဟု ကျွန်မ ဘာမှမပြောတော့ဘဲကြည့်နေလိုက်သည်။ ကျွန်မ ပေါင်ကြားထဲမှာ သူဝင်ထိုင် တော့  ကျွန်မ ဒူးကို ထောင်ပြီး ပေါင်ကို အလိုက်သင့် ကားပေးလိုက်ပါသည်။ ဝဏ္ဏရှိန် တော်တော် နှင့် မလုပ် သေးဘဲ သူ့လက်ထဲက ဗူးလေး နှင့် အလုပ် ရှုပ်နေပုံရသည်။ ဗိုက်နှင့် ကွယ်နေလို့ သူဘာလုပ်နေသည်ကို ကျွန်မ သေသေ ချာချာမမြင်ရပါ။ ဒါပေမယ့် ဗူးထဲက ဂျယ်တွေ နှင့် သူ့ဟာကို သုတ်လိမ်းနေမည် ဆိုတာ ကျွန်မသိပါ၏။

“အင့်”

ကျွန်မ၏ မိန်းမ ကိုယ်၀ ကိုပါ ဂျယ်တွေလာသုတ်၍ ကျွန်မတွန့်သွားသည်။ သူစိတ်ချမ်းသာသလို လုပ်ပါစေဟု စိတ် ကို လျှော့ပြီး ကန့်ကွက်မနေတော့ပါ။အရင်က ဒီလို လူမျိုးတယောက်ကြုံခဲ့ဖူးသည်။ ဒါပေမယ့် ထိုသူက ကျွန် မကို သဘာဝမဟုတ်သည့်နည်းဖြင့် ဆက် ဆံ ဖို့ကြိုးစားခဲ့ခြင်း ဖြစ်သလို ဘာမှန်းမသိသည့် ဆီတွေ သုံး ခဲ့သည်။

“အား ..ဒီလောက်ဆိုရပြီ ထင်တယ်”

ဝဏ္ဏရှိန် သူ့ဖာသာသူပြောလိုက်ပြီးနောက် ရှေ့ကိုတိုးပြီး ကျွန်မပေါင်တွေကို ထိန်းကာ ခပ်ဖြေးဖြေး ထိုးသွင်းလိုက် ပါ သည်။ အထဲကို ချောချော မွေ့မွေ့ ဝင်သွားတာကို ကျွန်မလည်း သိလိုက်ပါသည်။ အရင်လောက် မနာသော် လည်း နင့်သလိုလို အောင့်သလိုလို အနည်းငယ်တော့ ဖြစ်သည်။

“ဆွေဇင် မနာဘူး မဟုတ်လား”

သူစိတ်ချမ်းသာစေရန် ကျွန်မခေါင်းခါပြလိုက်၍ ဝဏ္ဏရှိန် သဘောကျစွာပြုံးပြီး တချက်ချင်း ခပ်မှန်မှန်ဆက်လုပ်နေ သည်။ ဝဏ္ဏရှိန် ဘယ်လောက်တောင် ဂျယ်တွေသုတ်လိုက်သည်မသိ .. အထုတ်အသွင်းလုပ်တိုင်း တစွတ်စွတ် အ သံတွေမြည်နေသည်။

“ကောင်းလား ဆွေဇင်”

“မသိပါဘူး မောင်ရယ်၊ မောင်အဆင်ပြေရင် ပြီးတာပဲ”

“မောင်လဲ စိတ်ထဲမှာ တမျိုးကြီးပဲ၊ ဟီးဟီး၊ ဒါပေမယ့် သိလား၊ ငတ်နေတာကြာပြီ ဆိုတော့လည်း”

ဘာပဲပြောပြော ဝဏ္ဏရှိန် သဘောကျနေတာ ကျွန်မသိသည်။ ကျွန်မ၏ အတွင်းဖက်မှာ ခြောက်ကပ် မနေတော့သ ဖြင့် သူလှုပ်ရှားလို့ ပိုကောင်း နေသည်။ ကျွန်မသာ ကိုယ်ဝန်နှင့်မဟုတ်လျှင် သူစိတ်ကြိုက်လုပ်တော့ မှာသေချာ ၏။ အခုတော့ သူကြိုးစားပြီး အညင်သာဆုံးလုပ်ရှာပါသည်။

“ဆွေဇင့်ကို လဲပေကုန်ပြီ၊ ပြီးမှပဲ မောင်ပြန်သုတ်ပေးတော့မယ်”

ကျွန်မ လက်နှင့် စမ်းကြည့်လိုက်ရာ ကျွန်မ၏ မိန်းမကိုယ်တဝိုက်မှာ စိုစိစိချွဲကျိကျိ ဖြစ်နေတာစမ်းမိသည်။

“ရပါတယ် ရေဆေးပစ်လိုက်မယ်”

ဝဏ္ဏရှိန် စိတ်တိုင်းကျ လုပ်ခွင့်ပေးထားပြီး နောက် ကျွန်မ မျက်စိမှိတ်ထားလိုက်ပါသည်။ မနာသော်လည်း ကျွန်မ အတွက်ဘာမှ မထူးခြားပါ။ ထူးခြားမှု ရလိုရငြား သူ အသွင်းအထုတ်လုပ်နေသည့် အပေါ်တွင် စိတ်ကို နှစ်ထား ကြည့်သည်။ တစုံတရာက နင့်ကနဲ အိကနဲ ဝင်လိုက်ထွက်လိုက် ဖြစ်နေသည် ကို သိနေသည်မှ အပ ကျွန်မ ဘယ်လိုမှ မခံစားရပါ။ ဒူးထောင်ပြီး ကားထားရသည့် ခြေထောက်တွေလည်း ညောင်းသလိုဖြစ်လာ၍ မနေနိုင် တော့ ဘဲ ဝဏ္ဏရှိန်ကို လောဆော် ရတော့သည်။

“ညောင်းလာပြီ မောင်ရယ် မပြီးသေးဘူးလား”

“နဲနဲ မြန်မြန်လုပ်မယ်နော်”

“လုပ်လုပ်”

ကျွန်မ အိပ်ယာခင်းစ ကို ဆုပ်ကိုင် ပြီး ပြောလိုက်မိသည်။ ဝဏ္ဏရှိန် အရှိန် အနည်းငယ်ပိုတင်ပြီး ခပ်မြန်မြန်ခပ် သွက်သွက် လေးလုပ်သည့် အခါ ကျွန်မ ကိုယ်သိပ်မလှုပ်ရှားမိစေရန် ထိန်းထားလိုက်ခြင်းလည်း ဖြစ်သည်။ ခန ကြာတော့ ဝဏ္ဏရှိန် ပြီးသွားပါသည်။ ကျွန်မ ဘေးမှာလဲှချ၍ ကျွန်မကို ဖက်ထားရင်း

“မောင်ပြီးချင်နေတာကြာပြီ၊ မနည်းအောင့်ထားရတယ်”

“မောင် ယုတ်မာတာပေါ့”

“ယုတ်မာတာ မဟုတ်ပါဘူး၊ အထဲမှာ အရင်ထက်ပိုပြီး အိစက်နေတာကိုး၊ သူများတွေပြောကြတာမှန်တယ်”

“သူများတွေက ဘာပြောလို့လဲ”

“ဘာမှ မပြောပါဘူး”

စပ်ဖြီးဖြီး ပြောလာသည့် ဝဏ္ဏရှိန်ကို ကျွန်မ မယုံပါ။ ကြည့်ရသည်မှာ သူ့ကို တယောက်ယောက်က မြှောက်ပေး လိုက်ခြင်း ဖြစ်မည်။ ကိုယ်ဝန်ရှိနေသည့် မိန်းမနှင့် ဆက်ဆံလျှင် ရနိုင်ကြောင်း၊ ကိုယ်ဝန်မရှိခင်က ထက် အထိ အတွေ့ ပိုကောင်းကြောင်း တယောက်ယောက်က ပြောလိုက်ပုံရသည်။

“မောင်နော်၊ ဆွေဇင်က မောင့်မိန်းမပဲ၊ မောင်လိုရင် ဆွေဇင်ပေးမှာပဲ၊ သူများမြှောက်ပေးလို့ ဆွေဇင့် ကိုလာဟိုဒင်း ပြု ပြီးတော့မှ အပြင်မှာ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ လျှောက်ဖောမနေနဲ့”

ယောက်ျားလေး တွေဆိုတာပြောလို့ရတာ မဟုတ်ပါ။ တော်ကြာ ဝဏ္ဏရှိန်က သူ့ကို မြှောက်ပေးလိုက်သူထံ သွား ပြီး အတွေ့ အကြုံရှင်းချင်ရှင်းနေဦးမည်။ သူ့ကို မြှောက်ပေးလိုက်တာကိုလင်းတော့ မဟုတ်တန်ရာပါ။ ကိုလင်း ဒီလို ပြောမည့် သူတယောက် မဟုတ်ဘူးဆိုတာ ကျွန်မ ရင်ထဲကသိသည်။

နောက်ပိုင်း ကျတော့ အရင်လို ရက်ဆက် မဟုတ်သော်လည်း တခါတရံ ဝဏ္ဏရှိန် တောင်းဆိုတတ်သည်။ ကျွန်မ ကလည်း မငြင်းမိပါ။ ကိုယ်ဝန်တော်တော် လေးရင့်လာတော့ မှ သူ့ဟာ သူဆင်ခြင်ပြီး မတောင်းဆိုတော့။ မွေးပြီး မှ တွေ့မယ် ဟု ကျွန်မ ဗိုက်ကို ပွတ်ရင်း ကြိမ်းဝါးတတ်သည်။

အာထရာဆောင်း ဖြင့် စစ်ကြည့်ရာ ကျွန်မ ဗိုက်ထဲက ကလေးက မမမြတ်ပြောခဲ့သလို ယောက်ျားလေး ဖြစ်နေပါ သည်။ မမမြတ်ကို ဒီအကြောင်း သွားပြောတော့ မမမြတ်ပြုံးနေ၏။

“မမမြတ် ဘယ်လိုသိတာလဲ”

“ငါ့ စိတ်ထဲထင်တာပြောတာပါ၊ အဲဒါမှန်သွားတာတော့ မတတ်နိုင်ဘူး”

ဒါတိုက်ဆိုင်မှု ဟု ကျွန်မ မထင်ပါ။ မမမြတ်ပြောဖူး သလို ကျွန်မတို့ လုပ်ဆောင်နိုင်သည့် အထူးအဆန်း လုပ်ရပ် တွေထဲက တခုလို့သာ သတ်မှတ်ထားလိုက်ပါသည်။ ဒီအကြောင်း ဆက်မေးလျှင်လည်း ထုံးစံအတိုင်း နင်အချိန် တန်ရင် သိလာလိမ့်မယ်ဟု ဆိုမည် မလွဲပါ။ လမ်းတွေကြမ်းသည့် အတွက် ကိုယ်ဝန်ရင့်လာချိန်တွင် သူမ ဆီ သိပ် မလာဖို့ မမမြတ်က ပြောသည်။ အိမ်မှာလည်း ဝဏ္ဏရှိန် နှင့် အန်တီနန်း က ကျွန်မ ကိုအလုပ်က ထွက်စေချင်ကြသည်။ မီးဖွားခွင့် ယူလို့ရပါသည် ပြောသော်လည်း သူတို့က ကျွန်မကို ကိုယ်ဝန်ကြီး နှင့်အလုပ်မဆင်းစေလိုကြပါ။ ဒီကြားထဲ ကိုလင်း က ပါ သူ တို့ ကိုထောက်ခံသည်။

“ထွက်လိုက်ပါဟာ၊ နင့်ကို ဗိုက်တကားကားနဲ့ ကျပ်ညပ် နေတဲ့ ဘတ်စ်ကားပေါ် အတင်းတိုးတက်သွားတာ ကို ငါ မြင်တာ သုံးလေး ခါရှိပြီ။ နင့် အစား အသည်းယား လွန်းလို့”

“အလုပ် မလုပ်ရင် ဘယ်ဝင်ငွေရတော့ မလဲ ကိုလင်းရဲ့”

“ဝဏ္ဏ ရာထူးလဲ တက်တယ်၊ လစာလဲ တိုးသွားတယ် မဟုတ်လား”

“သူ့ ပိုက်ဆံကို ဆွေဇင် လက်ဖြန့်တောင်း နေရမှာပေါ့ ၊ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ဆိုရင် ခပ်တင်းတင်း နေလို့ရတယ်”

အိမ်မှာ ကျွန်မ လခကို ကျွန်မ သုံးဖို့သက်သက် သာထားပါသည်။ ဝဏ္ဏရှိန် ဝင်ငွေကလည်း မဆိုးသလို အိမ်စား ရိတ် အလုံးစုံကို လည်း အန်တီနန်း က တာဝန်ယူထားသဖြင့် ကျွန်မ နှင့် ဝဏ္ဏရှိန် ဒီအတွက် ပူစရာ မလိုပါ။ ကျောင်း ဆရာမ လခက မပြောပလောက်သော်လည်း အန်တီနန်း၏ ကျူရှင် ဝင်ငွေက ကျွန်မတို့ထက် ဆယ် ဆ မက ဝင်သည်။ ကျွန်မ အလုပ်ထွက်လို့လည်း အိမ်မှာ ဘာမှ မထိခိုက်ပါ။ ကျွန်မ လခ က ကျွန်မ၏ အဝတ်အစား ဖိုး၊ အလှကုန်ဖိုး နှင့် ဒီဘဝက လွတ်လိုလွတ်ညား ကျွန်မ ကြုံ ကြိုက်တိုင်း အလှုဒါန ပြုဖို့ အတွက်သာသုံးစွဲ ဖြစ် ခဲ့ပါသည်။

“ဆွေ ဇင် အလုပ်ထွက်လိုက်ရင် အိမ်မှာမျက်နှာ မငယ်ရအောင် ကိုလင်း ထောက်ပံ့မလား”

“နင့် ထမိန်ဖိုး တို့နှုတ်ခမ်းနီ ဖိုးတို့တော့ မရဘူးလေ၊ မုန့်ဖိုးလိုချင်ပေးမှာပေါ့”

ကျွန်မ တကယ် မုန့်ဖိုးတောင်းလျှင် ကိုလင်းတကယ်ပေးမည် ဆိုတာ ကျွန်မယုံကြည်ပါသည်။ ဝဏ္ဏရှိန် နှင့် အန် တီ နန်းကလည်း အမြဲပြောနေကြသဖြင့် အလုပ်ကနေ မထွက်ချင်ပဲ ထွက်လိုက်ရပါသည်။ သူတို့ တွေ အလုပ် သွားကြလျှင် အိမ်မှာ ကျွန်မတယောက်ထဲ ပျင်းရိငြီးငွေ့စွာ ကျန်ခဲ့သည်။ ပျင်းလျှင် မမမြတ်ဆီ သွားချင်သော် လည်း ကျွန်မ ကို မလွှတ်ကြသလို မမမြတ်ကလည်း မလာနှင့် အားရင် သူလာမည်ဟု ဆို၏။ သို့သော်လည်း တော် တော် နှင့် ပေါ်မလာပါ။

အိမ်မှာ ပျင်းရိစွာဖြင့် စာဖတ်နေမိသည့် တနေ့မှာတော့ မမမြတ် တကယ်ရောက်လာပါသည်။ လက်ထဲမှာလည်း အထုပ် အပိုးတွေ နှင့်

“ဘာတွေလဲ မမမြတ်”

“ကလေး ဖို့ အင်္ကျ ီတွေလေ၊ နင်အလုပ်ထွက်တယ် ဆိုကထဲက လာမယ်လာမယ် နဲ့ အင်္ကျ ီတွေ ချုပ်လို့ မပြီးသေး လို့”

“ဒုက္ခ ရှာလို့ မမမြတ်ရယ်၊ မမမြတ်မှာ ဖေါက်သည်တွေ နဲ့ မအားရတဲ့ ကြားထဲမှာ”

“ငါ အခုနောက်ပိုင်း အပြင်ထည်တွေသိပ်မချုပ်တော့ဘူး၊ လျှော့ထားတယ်၊ နင့်ကလေး အတွက်ဆိုတော့ ငါချုပ် ပေးရမှာပေါ့”

ကျွန်မ အပေါ်မှာသာ မက ကျွန်မ ၏ ကလေးအတွက်ပါထားသည့် မမမြတ်၏ စေတနာကြောင့် ကျွန်မမျက်ရည် ဝဲ ရသည်။ မမမြတ်က ကျွန်မ ကိုသေသေချာချာကြည့်နေသောကြောင့်

“ဘာဖြစ်လို့လဲ မမမြတ်”

“နင့် ဗိုက်ကတော်တော် ပူနေပြီပဲ၊ နင့်ကို ဒီလိုပုံနဲ့ မြင်သားမကျလို့”

“ဘယ်ကနေဘယ်လို ဒီပုံဖြစ်သွားမှန်းတောင် မသိပါဘူး မမမြတ်ရယ်”

“ဗိုက်ကြီးသည် ပဲ ဗိုက်ပူမှာပေါ့ အေ့”

“အင်း လေ ဗိုက်ကြီးတဲ့ ကိစ္စပြောတာပါ၊ ထင်ကိုထင် မထားတာ”

“နင်က ဒါကိုစွဲနေတုန်းကိုး”

“မဟုတ်ဘူး လေ မမမြတ်ရဲ့၊ အရင်တုန်းက၊ ထားပါတော့လေ မမမြတ်နဲ့ပဲ၊ အရင်လူတွေနဲ့ တုန်းက ဘာလို့မကြီး တာလဲ၊ အဲဒီတုန်းက များဆို ဒုက္ခပဲ”

“ဒါက နင်မလိုချင်လို့ မရတာဖြစ်မှာပေါ့၊ အခုကျတော့နင်လိုချင်လို့ရတာပဲနေမှာ”

“ကျွန်မ က လိုချင်တယ်”

ကလေးတယောက် မွေးပေးမယ်ဟု ဝဏ္ဏရှိန် ကိုဖက်ရင်း အကြိမ်ကြိမ် ကတိတွေပေးမိသည့် ညကို ပြန်သတိရမိ သည်။ အဲဒီတုန်းက ကျွန်မကို ဝဏ္ဏရှိန် ခွန်စိုက်အားစိုက်ချစ်စေချင်သည်။ထို့ကြောင့် သူ့ကိုအားတက်အောင်ပြော မိခြင်း ဖြစ်သည်။ ဒါပေမယ့် ပြောရင်းပြောရင်း ကျွန်မကိုယ်တိုင်လည်း ဝဏ္ဏရှိန် နှင့် ကလေးတယောက် မွေးချင် စိတ် ပေါက်သွားမိသည်။ ထို အချိန်ပိုင်းလေး က ခနလေးသာဟု ကျွန်မမှတ်မိနေပါသည်။ ထိုအခိုက်အတန့် ကြောင့်ပင် ကျွန်မဗိုက်ထဲသို့ ကလေးတယောက်ရောက်လာလေသလားကျွန်မတွေးနေမိ၏။

.....................................

 “သတိရပြီလား”

“အင်”

အတွေးနှင့် ငြိမ်သွားသော ကျွန်မ ကိုမမမြတ်က အပြုံးနှင့် ကြည့်နေသည်။

“အဲဒါရော ကျွန်မတို့ဘ၀ ရဲ့ထူးခြားချက်လားဟင်”

“ငါက ဒီလို မကြုံဖူးတော့ မသိဘူးအေ့”

“နောက်ထပ်ဘာတွေ များထူးခြားတာတွေ ရှိသေးလဲ သိချင်လိုက်တာ”

မမမြတ်၏ မျက်နှာ လေးနက်တည်ကြည်သွားသည်။

“နင်နောက် သိလာမှာပါ။ နင်ဒီဘဝရောက်တာ ခနလေးပဲ ရှိသေးတယ်၊ ထပ်ကြုံနိုင်လာတာတွေ အများကြီးရှိ သေးတယ်၊ တခုမှတ်ထားရမှာက ဘယ်ဟာကိုမှ အလွန်အကျွံ မသုံးစွဲမိပါစေနဲ့၊တန်အောင်ပြန်ပေးရတတ် တယ်”

ကျွန်မ သိပ်ပြီးမရှင်းပါ။ မမမြတ်စကား မှန်သလိုလို တော့ရှိပါသည်။ ရုပ်ရည်ကို ပြောင်းနိုင်သည့် အစွမ်းကို အသုံး ချမိလျှင် ကျွန်မ၏ ဝေဒနာချိန် အနည်းငယ်ပိုကြာခြင်း နှင့် ရိုင်းစိုင်းကြမ်းတမ်းသည့် ယောက်ျားတွေ နှင့် ကြုံရ တတ်ခြင်း ကို တိုက်ဆိုင်မှု သက်သက်လို့ ကျွန်မသဘောမထားဝံ့ပါ။ သိုသော်လည်း ဒါတွေက ဝဏ္ဏရှိန် နှင့် လက် ထပ်ခဲ့ ပြီးနောက်တွင် ထပ်ကြုံဖို့ အကြောင်း မရှိတော့ပေ။

“နင့် စိတ်ကူးတွေကို ငါသိနေတတ်တာ၊ နင့်ဗိုက်ထဲက ကလေးက ဘာလေးဆိုတာငါကြိုသိနေတာ၊ နင့် အောင် လက်မှတ်တွေ ငါရအောင်ယူပေး နိုင်တာ၊ နောင်တချိန်မှာ နင်လဲ လုပ်နိုင်လာမှာပဲ”

“အဲဒါ ကျွန်မ အံ့သြနေတာ၊ မမမြတ်ဘယ်လိုလုပ်လိုက်တာလဲ”

“နင်တို့ အိမ်သွားပြီး နင်ပြောပြတဲ့ နေရာကပဲ ယူခဲ့တာပေါ့”

ကျွန်မတို့ အိမ်နှင့် ရန်ကုန်က အသွားအပြန်ဆိုလျှင် တရက်ခန့်ကြာပါမည်။ အဲဒီရက်ေတွေက မမမြတ် အိမ်မှာပဲ ရှိတာ ကျွန်မ သိနေခဲ့သည်။

“တချို့ဟာတွေက ငါပြောပြတာထက် နင့်ဖာသာသိလာတာ လုပ်နိုင်လာတာက ပိုကောင်းတယ်၊ နောက်ပြီး နင့် အတွက်ပို ပြီးအပြစ်ကင်းမယ် လို့ငါထင်တယ်၊ ဒီဘဝက လွတ်ဖို့ နင်အချိန်တွေ ဘယ်လောက်ကြာဦးမယ် ဆိုတာ မသိနိုင်သေးဘူး၊ ဒီကြားထဲ နင် အများကြီးကြုံရဦးမှာပါ၊ ဒါပေမယ့် ပြောလို့မရဘူးလေ အကြောင်းတိုက်ဆိုင်ရင် နင်က ငါ့ထက်အရင်တောင်ဝဋ်ကျွတ်ချင် ကျွတ်သွားဦးမှာ”

မမမြတ်က ဒီလောက်စကားရှည်ရှည်ပြောတတ်သူမဟုတ်ပါ။ အကြောင်း ရှိမှပြောတတ်သည်။ တခုခု ထူးခြားနေ သည်ဟု ကျွန်မ စိတ်မှာခံစားနေရ၏။

“ကျွန်မ စိတ်ထဲ တမျိုးကြီးပဲ”

“အင်း ဟုတ်တယ်၊ ငါနင့်ကို လာနှုတ်ဆက်တာ”

“မမမြတ်”

မမမြတ်၏ စကားကြောင့် ကျွန်မ မျက်ရည်တွေချက်ချင်းကျလာပြီး ငိုမိသည်။

“ငါရန်ကုန် မှာ မနေချင်တော့လို့ ခွာချင်နေတာကြာပြီ၊ နင်နဲ့ တွေ့လိုက်လို့ ငါ ဘယ်မှ မသွားဖြစ်တာ၊ ခုတော့ နင့် ကို ငါစိတ်ချသွားပြီ။ နင့်ဘ၀ လည်း အတည်တကျဖြစ်သွားပြီ ဆိုတော့ ငါ သွားတော့မယ်”

“ဘယ်ကို သွားမှာလဲ၊ မသွားပါနဲ့ မမမြတ်ရယ်”

“ဘယ်ကို ဆိုတာတော့ မစဉ်းစားတတ်သေးဘူး၊ နင့်ဆီက ပြန်မှ စိတ်ကူးရတဲ့ဆီသွားမယ်၊ မသွားလို့တော့ မရ ဘူး၊ တနေရာထဲမှာ နှစ်ရှည်လများ အတည်တကျငါနေလို့ မရဘူး”

မမမြတ်ခြေရင်း မှာထိုင်ချ၍ မမမြတ်ခြေထောက်ကိုဖက်ရင်း ယူကျုံးမရစွာ ကျွန်မ ငိုမိသည်။ ဝဏ္ဏရှိန် က ကျွန်မ ကို ထားပြီးထွက်သွားတော့မည် ဆိုလျှင်တောင် ကျွန်မစိတ်ထဲ ဘယ်လိုမှနေမည် မဟုတ်ဟုထင်သည်။ မမမြတ် ကတော့ ကျွန်မ အတွက် အရေးအကြီးဆုံး နှင့် အားကိုးရာဖြစ်ပါသည်။ ကျွန်မ ဆံပင်တွေကို သပ်ပေးရင်း မမ မြတ် ကျွန်မ ကို ချော့ရှာပါသည်။

သူလည်း မျက်နှာ မကောင်းပါ။

“တွေ့ကြခွဲကြတာ လောကဓမ္မတာပဲလေ၊ ငါရှိနေရင် နင်လည်း နင့်ခြေထောက်ပေါ်နင်ရပ်နိုင်မှာ မဟုတ်ဘူး၊ ဒါ ပေမယ့် နင်က အခုအတည်တကျဖြစ်နေပြီ၊ ငါရန်ကုန်လာရင် နင့်ဆီ အချိန်မရွေးလာလို့ရတာပဲ၊ ငါက နေရာမရှိ ပေမယ့် နင်က နေရာ ရှိနေပြီလေ၊ စိတ်ချပါ နင့်ကို ငါပစ်မထားပါဘူး”

မမမြတ် အမူအရာ နှင့် လေသံအရ တားလို့ မဖြစ်နိုင်တော့သည်ကို ကျွန်မသိလိုက်ပါသည်။ ကျွန်မကြောင့်လည်း မမမြတ် ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုပါ။ ရင်နာနာ နှင့် ခေါင်းညိတ်ပြ လိုက်ရသည်။

“ရန်ကုန်ရောက်တိုင်း ကျွန်မဆီလာနော်၊ ရန်ကုန်ကိုလဲ ခနခန လာ”

“ငါ သိပ်အဝေးကြီး သွားချင်မှ သွားမှာပါ၊ နင့်ကလေး ကိုလည်း ငါမြင်ဖူးချင်ပါသေးတယ်”

“ဒါဆိုလဲ ကျွန်မ မွေးပြီးမှသွားလေ”

“မဖြစ်ဘူး၊ နင့်သံယောဇဉ် နဲ့ ငါ ဒီလောက်အထိကြာပြီးသွားပြီ။ တော်ကြာ ကလေးကိုပါ သံယောဇဉ်တွယ်မိ ရင် ပိုဆိုးတော့မယ်၊ ဒီလို ဟိုအစွဲ ဒီအစွဲတွေကြောင့် ငါတို့တွေ ဒီလိုဘဝရောက်ရတာ၊ တတ်နိုင်သလောက် စိတ်အစွဲ နည်းရင် အကောင်းဆုံးပဲ”

မမမြတ်က ကြိုးတွေကို ဖြုတ်ခွာချင်သလောက် ကျွန်မကတော့ မရှောက်သာပဲ နှောင်ကြိုးတွေ တပတ်ပြီးတပတ် ပြန်ပတ်နေမိသူလို့ စိတ်ထဲမှာမြင်လာသည်။ မဆီမဆိုင် ကိုလင်းသည်လည်း ကျွန်မအတွက် ကြိုးတချောင်းလား ဟု အတွေးဝင်မိသေး၏။ ထိုအချိန်မှာ ဘာကြောင့် မှန်းမသိမမမြတ်သက်ပြင်းချပါသည်။

“ငါသွားတော့မယ် ဆွေဇင်၊ ဒီညနေက စပြီး ငါ အိမ်မှာ မရှိတော့ဘူး၊ အားလုံးလဲ ရှင်းလင်းပြီးသွားပြီ၊ ကိုယ့်ကိုယ် ကို ဂရုစိုက်ပါ၊ နင့်လက်ရှိဘ၀ အခြေအနေလေးက အေးချမ်းပါတယ်၊ဒါလေးကို မပျက်စီးအောင်ထိန်းရင်း ဝဋ် ကြွေး တွေကျေပါစေ”

မချိတင်ကဲ ငိုရင်း ကျွန်မ မမမြတ်ကို ကန်တော့သည်။ ဗိုက်ခံနေသောကြောင့် သေသေချာချာ မကန်တော့နိုင် သည်ကို မကျေမနပ်ဖြစ်ရင်း မမမြတ်တားသည့်ကြားမှ ကားမှတ်တိုင်အထိ ပြန်လိုက်ပို့သည်။ ကျွန်မ ကို အနေ အထိုင်ဂရုစိုက်ဖို့၊ တတ်အားသရွေ့ ကောင်းမှုကုသိုလ် အမြဲပြုဖို့၊ တဖွဖွ မှာပြီး မမမြတ်ကားပေါ်တက်သွားသည်။

ဘယ်အချိန်ဘယ်အခါမှ မမမြတ် ကျွန်မဆီ ပြန်ရောက်လာမည်မှန်း မသိနိုင်သည်ကို တွေးရင်း မျက်ရည်တွေ နှင့် အိမ်ကိုပြန်လာခဲ့သည်။ မျက်ရည်တွေကျရင်း လမ်းလျှောက်နေသော ဗိုက်ကြီးသည်လေး ကို ဘေးကလူတွေ ဘယ်လို မြင်ကြမည်ကို ကျွန်မ ဂရုမစိုက်နိုင်ပါ။ အခုလို မမမြတ်ထွက်သွားခြင်းသည် ကျွန်မ အတွက် အားကိုး ရာ တခု ကွယ်ပျောက်သွားခြင်းဆိုတာ ကျွန်မတယောက်သာ သိသည့် ကိစ္စဖြစ်ပါသည်။

ညနေ ဝဏ္ဏရှိန် ပြန်လာတော့ အဝတ်ထုပ်တွေကို ကြည့်ပြီး မေးသည်။ မမမြတ်ချုပ်ပြီး လာပို့သွားတာဖြစ်ကြောင်း ပြောပြလိုက်တော့ ဝဏ္ဏရှိန် ထုတ်ကြည့်ပြီး အံ့သြနေသည်။ ကျွန်မလည်း အခုမှကြည့်မိသည်။ မွေးကင်းစ အရွယ် မှသည် လသား နှစ်သားအထိ ဝတ်နိုင်သည့် အရွယ်စုံ ဆိုဒ်စုံ အင်္ကျ ီလေးများကိုကြည့်ရင်း ကျွန်မ မျက်ရည် မကျ မိအောင် စိတ်ကို မနည်းတင်းထားရသည်။ ဒီလောက် များပြားသည့် အင်္ကျ ီတွေအတွက် မမမြတ် အချိန်များစွာ ပေး ရပေလိမ့်မည်။ ပင်လည်းပင်ပန်း ခဲ့ရှာမည်။ ကျွန်မ ကို စောင့်ရှောက်ခဲ့သော မမမြတ်သည် ကျွန်မ၏ ကလေး အတွက်လည်း တတ်အားသမျှကူညီဖို့ မမေ့လျော့ ခဲ့ပေ။

“အားနာ စရာတောင်ကောင်းနေပြီ။ မမမြတ်က ဆွေဇင့်ကိုတော်တော်ချစ်တာပဲ”

အကျိုးအကြောင်း ဝဏ္ဏရှိန် ကိုရှင်းပြနေလျှင် ငိုမိမှာ စိုး၍ ကျွန်မ ဒီအတိုင်း ငြိမ်နေလိုက်ပါသည်။

“မမမြတ်ဆီ သွားဦးမလား၊ ရုံးပိတ်ရက်ကျရင် ကားငှားပြီး မောင်လိုက်ပို့မယ်လေ၊ အဆင်ပြေလိုပြေငြား ကိုလင်း ကိုပါ ခေါ်သွားကြည့်တာပေါ့”

ဝဏ္ဏရှိန် နောက်သော်လည်း ကျွန်မ ပြန်မနောက်နိုင်ပါ။ စိတ်ထဲမှာ အုံ့မှိုင်းလို့ နေသည်။ အားကိုးအားထားပြုစရာ မရှိ တော့ ဆိုသည့် အသိစိတ်က ကျွန်မ ကို အားငယ်စိုးရွံ့စေ၏။ လောကကြီးထဲမှာ ကျွန်မ တယောက်ထဲ ကျန် ခဲ့သလို အထီးကျန်စွာ ခံစားရသည်။ မမမြတ်က ကျွန်မ မီးဖွားလျှင် ကလေးလာကြည့်မည် ဆိုသည့် အတွက် ကြောင့် ကလေး မြန်မြန် မွေးချင်စိတ်ပေါက်လာသည်။ လစေ့ဖို့ စောင့်ရသည့် ရက်တွေ လတွေကို ကမ္ဘာတခု လို စိတ်မှာ ထင်နေ၏။

ကျွန်မ စိတ်စောနေလို့လား မသိပါ။ ဆရာဝန်က သတ်မှတ်ပေးခဲ့သည့်ရက်ထက် ဆယ်ရက်ကျော်လောက် စော ပြီး မွေးဖြစ်ခဲ့သည်။ ရုတ်တရက် ဆိုသလို ဗိုက်နာလာချိန်တွင် ကျွန်မအိမ်မှာတယောက်ထဲ ရှိနေချိန်ဖြစ်သည်။ ဝဏ္ဏရှိန် နှင့် အန်တီနန်းက အလုပ်သွားနေကြသည်။ သူတို့ကလည်း ကျွန်မ မွေးမည့်ရက် အတွက် ခွင့်ယူဖို့ ကြို တင်ပြင်ဆင်ထားကြပြီးသား ဖြစ်သည်။ အန်တီနန်း ဆိုလျှင် ကျွန်မ မွေးမည့်ရက်မှ စပြီး အလုပ်က ခွင့်ယူသည့် အပြင် ဆယ်ရက် ခန့် ကျူရှင်တွေ ကိုနားမည်ဖြစ်ကြောင်း ကျောင်းသားတွေကို အသိပေးထားပြီးဖြစ်၏။

ခါတိုင်းလည်း ခလေးက လှုပ်တတ်၍ ဗိုက်စနာလာချိန်တွင် ကျွန်မ အမှတ်တမဲ့သာရှိခဲ့သည်။ စိတ်ထဲလဲ ထူးထူး ခြားခြား မရှိပါ။

“ငါ့သားက စိတ်ကြီးလှချည်လား၊ သား အပြင်ထွက်ရခါနီးပါပြီ၊ မေမေ့ ကိုသိပ်မကန်နဲ့လေ”

အထဲက ကလေးကြားနိုင်သည့် ပမာဗိုက်ကို ပွတ်၍ ပြောနေရင်း နာကျင်မှုက တိုးသထက်တိုးလာသည်။ မတ်တပ် တောင် မတ်မတ် မရပ်နိုင်တော့သည့်အတွက် နံရံကို မှီရင်း ခြေဆင်းထိုင်လိုက်ရသည်။ အလွန်ခံရဆိုးသည့် နာ ကျင်မှုပင်ဖြစ်သည်။ ဒီလို နာကျင်မှု မျိုး တခါမှမခံစားရဖူးပါ။ ကျွန်မ ၏ ဝဋ်ကြွေးဝေဒနာချိန် မဟုတ်သည့် အခါ တွေတွင် ယောက်ျားတွေနှင့် လိင်ဆက်ဆံရတိုင်း ခံစားရသည့် နာကျင်မှုထက်ပင် ဆိုး၏။ ဒီလောက် နာနေလျှင် မဟုတ်တော့ဟု တွေးမိသည့် အခါ အားတင်းပြီး တယ်လီဖုန်းဆီ သို့ရောက်အောင်သွား၍ ဝဏ္ဏရှိန် ဆီဖုန်းဆက် သည်။


အပိုင်း (၁၅) ဆက်ရန် >>>


Print Friendly and PDF

No comments:

Post a Comment