Sunday, August 29, 2010

ဖူးစာဖက် (စ/ဆုံး)

ဖူးစာဖက် (စ/ဆုံး)

Written By Green Heart

မောင်မောင်မျိုး တစ်ယောက် တော်တော်ပျော်နေသည်။ အခုချိန်တွင် ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံး လူစာရင်း ကောက်လိုက်ရင် သူ ထိပ်ဆုံးနားလေးကပင်ပါလာနိုင်သည်။ တကယ်ပေါက်ရင်တောင် အိမ်တစ်လုံးဝယ်လို့ မရနိုင်တဲ့ အောင်ဘာလေ သိန်း ၁၅၀၀ထီ ပေါက်တာထက်ပင် ပျော်နေရသည်ဟု ဆိုလျှင် လွန်အံ့မထင်။ အကြောင်းကား သူ အလွန်အမင်း စွဲလမ်းချစ်ခင်ရပါသော ဖူးဖူး ဟု သူ အမြတ်တနိုး ခေါ်ဆိုအပ်သော မေမီဖူးဖူး ထံမှ ချစ်အဖြေ ကို အံ့သြတကြီးလက်ခံ ရရှိလိုက်သည်မှာ နာရီပိုင်းမျှသာ ရှိသေးသောကြောင့်ပင်။

အံ့သြတကြီး ဟူသော စာလုံးကို ရှင်းပါအုံးမည်။ တကယ်တော့ ကိုယ့်ချစ်သူ မိန်းကလေးထံမှ ချစ်အဖြေ စကားပြန်ကြားရသည်မှာ ဘာမှ အံ့သြလောက်စရာတော့ မဟုတ်။ သို့သော် မောင်မောင်မျိုး မျှော်မှန်းခ့မဲ ိသောမေမီဖူးဖူးမှာ သူ့တသက်တာ မြင်ဖူးသမျှထဲတွင်…. မော်ဒယ်၊ မင်းသမီးတမျှ လှပသူလေး တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

မောင်မောင်မျိုးကလည်း ရုပ်ရှိ ရေလျှံ ရှိုးကောင်းသူ တစ်ယောက်သာ ဆိုလျှင် အံ့သြစရာကိစ္စ မဟုတ်သေး။ အနှီမောင်မောင်မျိုးမှာ သူလိုငါလို ရွက်ကြမ်းရေကျို ရုပ်ရည်သာ ပိုင်ဆိုင်သည်။ ငွေရေး ကြေးရေးမှာလည်းအလကားနေရင်း သုံးနိုင်ဖြုန်းနိုင် နေသူ တစ်ယောက်တော့ မဟုတ်။ ရူပါမလို ဗျူဟာသာလိုသည် ဆိုသောဆရာ့ဆရာကြီးများလို တော်ကီအလွှတ်တွင် ဘော်လီကျွတ်အောင် ဆွဲဆောင်နိုင်သူ တစ်ယောက် မဟုတ်မှန်းလည်းကိုယ့်ကိုကိုယ် သိနေပြီးသား။ ထို့ကြောင့် မေမီဖူးဖူး ဟူသော လူတကာ ဆွတ်ယူချင်သော ပန်းကလေးကမောင်မောင်မျိုးတည်းဟူသော သာမညောင်ည လူတစ်ယောက်ကို ပြန်လည် ချစ်ကြိုက်ခြင်းမှာ ကိုယ်တိုင်မကြုံရလျှင် ယုံနိုင်ဖွယ်တောင် မရှိသော ယုံချင်ယုံ မယုံချင်နေ အဖြစ်အပျက် တစ်ခုသာ ဖြစ်နေ၏။

စင်စစ်သော် ဖူးဖူးမှာ မောင်မောင်မျိုးတို့ ကျောင်း၏ အလှပဂေး စာရင်းဝင်တစ်ဦးပင်။ ဖူးဖူး၏ မျက်လုံးဝိုင်းဝိုင်းမျက်ဆံနက်နက်လေးများနှင့် အရုပ်ကလေးလို လှပ နုနယ် ချစ်စဖွယ်ကောင်းသော မျက်နှာလေးကို လည်းကောင်း၊ကိုယ်လုံးကိုယ်ပေါက် ပိန်ပိန်ပါးပါး သာရှိသော်လည်း မြန်မာဆန်ဆန် အကျီပုံ ဆန်းဆန်းလေးများ အောက်မှမို့မောက်ရုန်းကြွနေသော စနေနှစ်ခိုင်ကို လည်းကောင်း၊ သိမ်သောခါးနှင့် လိုက်ဖက်လှသော တင်အိုး ခပ်ကားကားလေးကို လည်းကောင်း ငေးကြ ဆွေးကြ သက်ပြင်းချကြသော ကျောင်းသားထုမှာ ဒုနှင့်ဒေး ရှိချေ၏။ ထိုမျှ မကသေးကျောင်းအပြင် ကျူရှင် အလာတွင် တစ်ခါတရံ ဝတ်တတ်သော ရင်ဘတ်ဟိုက်ဟိုက် ဘလောက်စ်လေးများနှင့် ထဘီစကပ် အတွင်းမှ လှစ်ခနဲ ပေါ်ပေါ် လာတတ်သော ခြေသလုံးသားလေးများကြောင့် အချို့သော ကျောင်းသားများမှာ ကျောင်းမှန်မှန်တက်ကာ စာကြိုးစားကြလေ သတတ်။

ထို့ကြောင့်ပင် မောင်မောင်မျိုးမှာ ငါလိုလူ ဇမ္ဘူမှာ ရှိသေးရဲ့လားဟု လက်ခမောင်းခတ် မတတ်ပင် ဝမ်းသာလုံးဆို့နေရခြင်း ဖြစ်လေသည်။ တကယ်တော့ ဖူးဖူးကို သူ တိတ်တခိုး ချစ်နေမိသည်မှာ ကြာလှပြီ။ ဒါကြောင့်လည်းသူငယ်ချင်းဖြစ်အောင် အရင်ကြိုးစားကာ ဖူးဖူး အနားကပ်ခွင့်ရအောင် လုပ်ခ့သဲ ည်။ မာန မကြီးတတ်သော ဖူးဖူးကသူ့ကို သူငယ်ချင်းအဖြစ် အသိအမှတ်ပြုပါသည်။ 

မောင်မောင်မျိုး၏ အားသာချက် များကို ရှာကြံပြောရလျှင်အလိုက်သိခြင်း နှင့် သူတပါးကို နားလည်မှု ပေးနိုင်ခြင်းတို့ ပင်ဖြစ်သည်။ ထို့ကြောင့် မောင်မောင်မျိုးမှာချစ်သူခင်သူ မိတ်ဆွေမရှား……။ သူချစ်နေသော ဖူးဖူးအပေါ် ပိုရွေ့ပင် ဂရုတစိုက် ရှိမိသောကြောင့် ဖူးဖူးဟူသောပန်းကလေး သူ့လက်ထဲ ကြွေကျလာရခြင်း ဖြစ်ကြောင်း သူ ယုံကြည် မိလေသည်။

ချစ်သူဖြစ်ကာစရက်များတွင် မောင်မောင်မျိုး တစ်ယောက် တိမ်ပေါ် လမ်းလျှောက် နေရသလိုပင် ပျော်ရွှင်လှသည်။တစ်ချို့သော သူများတကာ သမီးရည်းစားတွေလို ချက်ချင်း အခွင့်အရေး တန်းမယူ ချစ် သူချောချောလေးအားလက်ချင်းချိတ်ကာ နေရာအနံှ့ လျှောက်သွားနေရခြင်းဖြင့် ပင် သူ့အချိန်တွေ ကုန်ဆုံးစေခ့သဲ ည်။ ဟိုဟိုဒီဒီပန်းခြံလေးများ ထိုင်မိလျှင် နှုတ်ခမ်းဆိုးဆေးကြောင့် သစ်သီးနံ့လေး သင်းနေသော ဖူးဖူး၏ နှုတ်ခမ်းလေးများကို မရဲတရဲနမ်းမိလိုက်လျှင်ပင် ယောကျ်ား သဘာ၀ ဇာတ်လမ်းဆုံးသို့ ရောက်လုမတတ် သူစိတ်လှုပ်ရှားရသည်။

မောင်မောင်မျိုး ရည်းစား မထားဖူးဘူး မဟုတ် ထားဖူးသော်လည်း ဖူးဖူးလို ပထမတန်းစားလေးနှင့်ချစ်သူဖြစ်ရသောကြောင့် သူ မိုးမမြင် လေမမြင် ဖြစ်မိခြင်းသာ ဖြစ်သည်။

ရည်းစားဖြစ်ပြီး အတော်လေး ကြာတော့ မောင်မောင်မျိုး အခက်အခဲ တစ်ခုနှင့် ကြုံရသည်။ ဖူးဖူးကို ကြွေရုပ်လေးလိုအလှ ထိုင်ကြည့်နေသော သူ့အား သူငယ်ချင်း အပေါင်းအဖော်များက အဆင့်တက်ဖို့ ဝိုင်းဝန်း

မြှောက်ပေးကြသည်။ သူကမိန်းကလေး တစ်ယောက်အတွက် အချိန်လိုတယ် ဘာညာနှင့် ဖောရှော ပြောထားပေမ့ ဲတကယ်တမ်း အဆင်သင့် မဖြစ်သေးတာ သူပင်။ ဒီလောက်လှသော ဖူးဖူးကို သူ မအုပ်ချင်လို့ မဟုတ်၊ ဖူးဖူး၏အတွင်းကျသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို မမြင်ချင်လို့ မဟုတ်ပေ။ အပြန်အလှန် အနေဖြင့် သူ၏အတွင်းပစ္စည်းများကို ပြသရန် ရှက်နေမိခြင်းသာ ဖြစ်သည်။ တစ်ခြား ယောကျ်ားသားတို့ ဒါမျိုး စဉ်းစားချင်မှ စဉ်းစားမည် ဖြစ်သော်လည်း မောင်မောင်မျိုးက အတွေးလွန်တတ်သည်။

သူ၏ တီရှပ်ပွပွ ထူထူများဖြင့် မသိသာအောင် ဖုံးထားသော နံရိုးပြိုင်းပြိုင်း ဘော်ဒီကိုလည်းကောင်း၊ မဲနေသော ဖင်ရှုံ့ရှုံ့လေးအား လည်းကောင်း၊ ယုတ်စွအဆုံး မိန်းမကိစ္စတွင်တောင် “တို့ကတော့ ရုပ်ကို မကြည့်နဲ့ -ီလာကြည့် တသက် စွဲသွားစေရမယ်” ဆိုသော ဟုတ်လား မဟုတ်လားတော့ မသိ… သူကြားခဲ့ဖူးသော ကြိမ်းဝါးသံများ လို လက်မ ထောင်နိုင်သူ တစ်ယောက် ဖြစ်ဖို့ နေနေသာသာ လူစဉ်မှီရုံလောက်သာ ရှိသော သူ့ဖွားဖက်တော်အားလည်းကောင်း… ဖူးဖူးသာ မြင်သွား ရင် စိတ်ပျက်သွားမှာပဲဟု သူတွေးရင်း ရှက်နေမိသောကြာင့် သူတို့အချစ်ရေးကို ရှေ့ဆက် မတိုးမိခြင်းသာ ဖြစ်လေ၏။

ထိုသို့ အရှက်သည်းသော မောင်မောင်မျိုး စဉ်းစားထားသည်က လက်ထပ်ပြီးမှ ဆိုလျှင် ဖူးဖူး တစ်ယောက်ရွေးချယ်စရာ မရှိသောကြောင့် ပိုအဆင်ပြေမည်ဟု…။ သို့သော် သူငယ်ချင်းများက “မင့်မေ သောက်ခွေး ဟိုက မင့်အတည်ယူမယ် ဘယ်သူပြောတုန်း ….. ခုလို ရည်းစားဖြစ်ရတုန်း အခွင့်သာခိုက်မှ မအုပ်ချင်လျှင် ဘာညာသာရကာ နေကြာကွာစိ” စသဖြင့် ပွားလွန်းမက ပွားကြလေသော် မောင်မောင်မျိုး ကိုယ်တိုင် စိတ်ပါလာတော့သည်။ ဖြစ်ချင်ရာဖြစ်ကွာ ဆိုပြီး ဖူးဖူးအား ပူဆာမိတော့သည်။

“ ဖူးရယ်… ကိုယ် တို့ လွတ်လွတ်လပ်လပ် တွေ့ရရင် ကောင်းမယ်ကွာ”

“ ခုလည်း တွေ့နေရတာပဲကို ကိုရယ်……ဘယ်သူတွေက လိုက်နှောက်ယှက် နေလို့တုန်း”

“ မဟုတ်ဘူးလေ……. .နှစ်ယောက်ထဲ တနေရာမှာ စကား အေးဆေးပြောချင်တာကို ပြောတာ ဘယ်သူမှ မရှိတဲ့ နေရာကွာ “

“ အမယ်… မသိရင် ခက်မယ်……. စကားပြောချင်တာက နဲနဲ… ဟွန်း”

“ ဟီး… ချစ်လွန်းလို့ပါ ဖူးလေးရယ်…… ဖူးက ကိုယ့်ကို မချစ်ဘူးလား ပြော……..”

ထိုသို့တတ်သမျှမှတ်သမျှ နည်းများဖြင့် ချုပ်လေသောအခါ ဖူးဖူးလည်း မလိုက်ချင် သလို လိုက်ချင်သလို နှင့် ဟိုတယ်အခန်းလေး တစ်ခုထဲသို့ ပါလာရလေတော့သည်။

.........................။......................။........................

အဖြူရောင် ရင်စေ့အကျီ၊ အဖြူနှင့် မီးခိုး အပွင့်လေးများ ရောစပ်ထားသော ထဘီနှင့် လှချင်တိုင်း လှနေသော ဖူးဖူးတစ်ကိုယ်လုံးအား မောင်မောင်မျိုး သိမ်းကျုံး ကြည့်လိုက်သည်။ ဖူးဖူးက ရှက်သွေးဖြာသော မျက်နှာလေးနှင့်ခေါင်းကို ငုံ့လိုက်စဉ် မောင်မောင်မျိုးက ခေါင်း အငုံမခံဘဲ လက်ဖြင့် ဆွဲယူကာ အနမ်းများ ကြာရှည်စွာပေးလိုက်လေသည်။

“ အိ…… အူးးးး…. ဟူး… မောလိုက်တာ ကို ရာ….”

ဖူးဖူး၏ ပန်းသွေးရောင် နှုတ်ခမ်းလေးများကိုလွှတ်ပြီး လည်တိုင် ကျော့ကျော့ကို အနမ်းခြွေလိုက်စဉ် ဖူးဖူးထံမှညည်းသံလေးများ ထွက်လာခြင်းဖြစ်သည်။ အကျီ ကြယ်သီးလေးများကို တစ်ခုချင်း ညင်သာစွာဖြူတ်လိုက်ပြီးနောက် ပေါ်ထွက်လာသော ဘရာအဖြူရောင်လေးကို ချွတ်မည် လုပ်တော့ ဖူးဖူးက အချွတ်မခံဘဲလက်နှင့် ဖိအုပ်ထားသည်။

“ မချွတ်ပါနဲ့လားကိုရယ်…. ဖူး မနေတတ်လို့ပါ”

မောင်မောင်မျိုးက ဘာမှမပြောဘဲ မကြောက်ပါနဲ့ ဟူသော နှစ်သိမ့်အပြုံးလေးနှင့် ဖူးဖူးလက်တွေကိုဖယ်ရှားလိုက်သည်။ ခုချိန်မှာ အပြောထက် အလုပ်က ပိုအရေးကြီးတာ လောက်ကတော့ သူသိသည်။ အဖြူရောင်ဘရာလေး ကွာကျပြီးနောက် ဖူးဖူး၏ အိစက် ထွားကျိုင်းသော ရင်သားများကို အားရပါးရ ကိုင်မည် အပြု…သူ့လက်တွေ လေထဲခန တန့်သွားရသည်။

“ အဲ…”

ခုနကဝတ်ထားသော ဘရာနှင့် မနိုင့်တနိုင်ဖြစ်ကာ အကွဲကြောင်းလေးပင် ပေါ်နေသော ရင်သား ထွားထွားများကမျက်လှည့် ပြလိုက်သလို သူ့မြင်ကွင်းမှ ပျောက်သွား သောကြောင့်ပင်။ သူမြင်နေရသည်က ကြက်ဥဟတ်ဖရိုက်ကြော် မရှိတရှိလောက် အနေအထားဖြင့် ခပ်ပြားပြားရင်သားများ။ ဘာကြောင့်မှန်းနားမလည်နိုင်သော်လည်း ဖူးဖူး မရိပ်မိခင် ထိုရင်သား ပြားချပ်ချပ်လေးတွေကိုပဲ ဆုပ်လိုက် နယ်လိုက် စို့လိုက်သည်။

“ အီး… ဖူး မနေတတ်တော့ဘူး ကိုရဲ့”

ဖူးဖူက သူ့အောက်မှာ အငြိမ်မနေ ဟိုဒီယိမ်းထိုးနေသဖြင့် လက်ထဲမှ ရင်သားပြားပြားလေး များကိုပင် သူလိုက်ဖမ်းရခက်နေသည်။ သူစိတ်လျှော့လိုက်ပြီး ထဘီကို အမြန်ဆုံးနည်းနှင့် ချွတ်လိုက်သည်။

“ အင်… ဘလိုကြီးလဲ”

ဖူးဖူး၏ထဘီအောက်မှ ပန်တီပေါ် ထွက်လာသော အခါ မောင်မောင်မျိုး သတိလက်လွတ် ရေရွတ်မိခြင်း ဖြစ်သည်။သူမြင်ဖူးသော အမျိုးသမီး ပန်တီများနှင့် မတူ တမူထူးခြားကာ ဗိုက်အထိ ဖုံးနေသော ဘောင်းဘီတိုလေးကိုမြင်လိုက်ရသောကြောင့် ဖြစ်သည်။

“ ဟီး…”

သူ့ရေရွတ်သံကို ကြားလိုက်သော ဖူးဖူးက ဟီးကနဲတချက်ရယ်ကာ ရှက်တတ်တတ်လေး ဖြစ်နေပြီးမှသူ့ကိုရှင်းပြသည်။

“ ဗိုက်ချပ် ဘောင်းဘီလေ ကိုရဲ့… ဖူးက ဗိုက်ခေါက် နဲနဲထွက်နေလို့ ဝတ်ရတာ..”

“ အော်… ဒီလိုကိုး..” 

ဟု ရေရွတ်ကာ ဖူးဖူး ဘောင်းဘီကို မောင်မောင်မျိုး ဆွဲချွတ်ရန် ကြိုးစားလိုက်သည်။ ပန်တီဘောင်းဘီ အသေးတွေလောက် မလွယ်.. တော်တော်လေး ကျပ်နေလို့ မနည်းကြိုးစားကာ ချွတ်လိုက်ရသည်။

အောက်ဘက်မှာတော့ မဲနက်နက် ချုံပုတ်လေးအောက်မှာ ပုန်းနေသော မောင်မောင်မျိုး၏ ခရီးဆုံး မှတ်တိုင်လေး ။အချိန်မဆိုင်းပ ဲ ရှေ့တော်ပြေး လက်ငါးကြောင်းကို အရင် လွှတ်ကာ ရွှေလမ်း ငွေလမ်း ဖောက်လိုက်သည်။ ဖူးဖူး၏

မှတ်တိုင်လေး ကလည်း မိုးဖွဲဖွဲ ရွာသလို စိုစိစိ ဖြစ်လာသည်နှင့် မောင်မောင်မျိုး ဂျင်းဘောင်းဘီနှင့် ဘောက်ဆာကိုအမြန် ဆွဲချွတ်လိုက်သည်။ ခပ်ကုတ်ကုတ် ထွက်လာသော သူ့ ဖွားဖက်တော်ကို ကြည့်ကာ မလုံမလဲဖြစ်မိသောကြောင့် ဖူးဖူး မျက်နှာကို လှမ်းကြည့်လိုက်တော့ သူ့လက်ချောင်းများ အစွမ်းကြောင့် မိန်းမောနေပုံရသော ဖူးဖူး မျက်နှာလေးမှာ ထူးခြားသော အရိပ်အယောင် မရှိပေ။

ဖူးဖူ၏ မှတ်တိုင်လေး အတွင်းသို့ သူ့ဖွားဖက်တော်ကို ဖြေးဖြေးချင်း လိုက်ပို့လိုက်သည်။ ဖူးဖူး၏ မှတ်တိုင်လေးကားအသစ်စက်စက် လို့တော့ မောင်မောင်မျိုး မထင်။ ခရီးသွားတော့ ရှိခဲ့ဖူးပုံ ရသည်။ သို့သော် အရမ်း တင်းကျပ်မနေသည်မှ လွဲ၍ အကောင် ခပ်သေးသေး သူ့ဖွားဖက်တော်ကို ဖူးဖူး၏ ကိုယ်အတွင်းပိုင်း က ခပ်စေးစေးလေးပင်ရစ်ပတ် ကြိုဆိုလိုက်သည်။ မောင်မောင်မျိုး တစ်ယောက် ဖူးဖူး၏ အော်ဟစ် ညည်းညူခြင်း မရှိသော်လည်းနှုတ်ခမ်းကိုက်ကာ အံကြိတ်ရင်း မျက်လုံး မှိတ်ထားသော မျက်နှာ လှလှလေးကို အာရုံစိုက်ကြည့်ရင်းအသွင်းအထုတ်ကို အရှိန်တင်ကာ နှစ်ဆတိုး ကြိုးစားလိုက်သည်။ ဘယ်လောက်မှ မကြာသော အချိန်အတွင်းမှာပင်သူ၏သုတ်ရေများကို ဖူးဖူး ကိုယ်တွင်းသို့ အောင်မြင်စွာ အရောက်ပို့ပေးနိုင် လိုက်ပြီ ဖြစ်လေသည်။

“ ဟူးးး…ကောင်းလိုက်တာ ဖူး ရယ်….”

“ ဟင့်.. ရှက်စရာတွေ မပြောနဲ့တော့… ဖူး တွိုင်းလက်သွားမလို့ ကိုယ်ပေါ်က ဖယ်အုံး…”

ဖူးဖူး၏ မျက်နှာအနှံ့ကို နမ်းရင်း အုပ်မိုးထားသော မောင်မောင်မျိုးကို တွန်းထုတ်ကာ ဟိုတယ်မှ ပေးသောတဘက်အကြီးကို ကိုယ်ပေါ်မှာ မခို့တရို့ပတ်ရင်း ရေချိုးခန်းသို့ ဝင်သွားသော ဖူးဖူးကို မောင်မောင်မျိုးကျေနပ်ပြုံးနှင့် ကြည့်နေမိသည်။

ပြီးမှ တစ်စုံတစ်ခုကို သတိရကာ ရေချိုးခန်းထဲသို့ လိုက်သွားပြီး မီးကို ရုတ်တရက် ဖွင့်လိုက်သည်။

“ အို… ဘာလာလုပ်တာလဲ”

မောင်မောင်မျိုး လိုက်လာမည် မထင်သော ဖူးဖူးက တဘက်ကိုချွတ်ပြီး ရေပိုက်ခေါင်းလေးကို ကိုင်ရင်း ကိုယ်ကိုသန့်စင်နေသည်နှင့် တည့်တည့် တိုးလေသည်။ မတ်တပ်ရပ်ပြီး ကိုယ်လုံးတီးလေးနှင့် ရှေ့ဖုံး ရမလိုနောက်ကွယ်ရမလို လုပ်နေသော ဖူးဖူး၏ အဝတ်ဗလာ ခန္ဓာကိုယ်ကို မောင်မောင်မျိုး စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

သူခုနက မျက်စိများ မှောက်သလား သိချင်လို့ ဖြစ်သည်။ တစ်တုံးတစ်ခဲကြီးဟု သူထင်ခဲ့သော ရွှေရင်နှစ်မွှာကခုနက အတိုင်း ခပ်သေးသေး သာမာန် ဆိုဒ်လောက်ပင် ရှိမည်။ အကျီ ဝတ်ထားတုန်းက ချပ်ရပ်နေသောဗိုက်သားလေးက အခုတော့ ခပ်စူစူလေး ထွက်နေသည်။ တင်ပါးလေးကလည်း ကားတော့ ကားပါသည်။ ဘေးကိုအနည်းငယ် ကားပေမ့ ဲ နောက်က ကြည့်တော့ ခပ်ပြားပြားပင်။ သူများ မျက်စိ အမြင်တေ ွ အားနည်းနေပြီလား တွေးမိသော်လည်း အခြားသော ယောကျ်ားလေး များသည်လည်း သူ့နည်းလည်းကောင်း မေမီဖူးဖူးကိုသွားရေကျခဲ့ကြတာ သူ သိနေသည်။ သူနားမလည်နိုင်သော ကိစ္စများကို ဘယ်လိုမေးရမလဲ စဉ်းစားနေတုန်း ဖူးဖူး၏လေသံ ခပ်တင်းတင်းက ထွက်လာသည်။

“ ကို့…. ဘာလာကြည့် နေတာလဲလို့ မေးနေတယ်လေ”

“ အော်.. ဟိုဒင်း.. ရှူး.. ရှူးပေါက် မလို့ပါ”

“ အဲ့ဒါဆိုလည်း ပေါက်လေ ဘာကိစ္စ သူများကို ရပ်ကြည့်နေရတာလဲ”

“ ဟီး…ဖူးက လှ လို့…”

သူ့အပြောကို ဖူးဖူးက မယုံသလို မျက်စောင်းထိုးကာ ရေချိုးခန်းထဲမှ ထွက်သွား၏။ မတတ်နိုင်… သူ မုသားပြောလိုက်ရပြီ။ သူ့ စိတ်ထဲရှိတာတွေ အမှန်အတိုင်း ပြောလိုက်ရင် ဟီရူရှီးမား အနုမြူဗုံးထက် ဆိုးသွားမှာအသေအချာပင်။ သူ့ အနေနှင့် ဖူးဖူးကို အပြစ်မြင် ကဲ့ရဲ့လိုခြင်း မဟုတ်။ အဝတ်အစား ဝတ်ထားခြင်းနှင့်ဝတ်မထားခြင်း ကြားတွင် အတော် ကွာခြားသွားပုံကို သူ နားမလည်နိုင်လို့သာ ဖြစ်သည်။ ရောက်လက်စနဲ့ပေါက်စရာရှိတာ ပေါက်ရင်း ပြန်ထွက်လာတော့ ဖူးဖူးက တဘက်လေး သေချာပတ်ကာ အိပ်ယာပေါ်ဝယ်ငုတ်တုတ်လေး ခြေချထိုင်နေသည်။

“ ဖူးလေး…”

" ........"

“ ဟင်… မျက်နှာလည်း မကောင်းပါလား….ဘာဖြစ်လဲ ကို့ကို ပြောစမ်း”

ပြိုတော့မည့် မိုးနှယ် မျက်ရည်များဝဲကာ လက်ချင်း ဆုပ်နယ်ပြီး ထိုင်နေသော ဖူးဖူး မျက်နှာကို မြင်တော့မောင်မောင်မျိုး ပြာသွားသည်။ သူ ချော့မော့ မေးသော်လည်း ဖူးဖူးက မပြော။ ချော့ကာမှ ပိုဆိုးလာသလားမှတ်ရကာ မျက်ရည်များ သွင်သွင်စီး ကျလာသည်။ နောက်ဆုံး မောင်မောင်မျိုး တတွတ်တွတ်ပြောကာ မေးလွန်းမက မေးမှ ရှိုက်သံ တဟင့်ဟင့်နှင့် အတူ…..

“ ဖူး… ဖူးက အပျိုမဟုတ်တာ ကိုသိတယ် မဟုတ်လား…”

“ အာ…… ဘာများလဲလို့… ဒါများဖူးရယ်….အပျို မဟုတ်တော့ ဘာဖြစ်လဲ…”

“ အဲဒါ တင် မကသေးဘူး……..ကို့မျက်လုံးတွေကို ဖူးသိပါတယ်……ဖူးကို အားလုံးက လှလှပပလေးထင်ထားကြတာ ……. မျက်နှာကလည်း မိတ်ကပ်တွေ လိမ်းထားလို့သာ ကြည့်ကောင်းတာ… မျက်လုံးကလည်းမျက်ကပ်မှန် တပ်ထားတာ…. တကယ်တမ်းကျ ဖူးက အပြင်အဆင်တွေ အခုအခံတွေ ပါမှ လှတာ… .အခု အကုန်ချွတ်လိုက်တော့ စိတ်ပျက်စရာကြီး မဟုတ်လား..”

မောင်မောင်မျိုး သက်ပြင်း ချလိုက်သည်။ သူ တွေးနေသော ကိစ္စ ဖူးဖူးက ပြောလာလေပြီ။

“ မဟုတ်ပါဘူး ဖူးရယ်…..ကိုယ်က တခါမှ မမြင်ဖူးလို့ နဲနဲအံ့သြသွားတာပါ… ဒီလိုတွေ လုပ်ရတယ် မှန်း မသိလို့လေ….”

“ ဟုတ်တယ်…အဲဒါ push up bra လို့ခေါ်တယ်…ရင်သား မရှိတဲ့ သူတောင် ဝတ်လိုက်ရင် ကြီးသွားသလိုထင်ရတာ…… ဗိုက်ကလည်း ပူနေလ့ ို ဗိုက်ချပ် ဘောင်းဘီ ဝတ်ထားရတယ်….ထဘီကိုလည်း ဒေါက်ပါတာဝတ်မှ..... တင်ပြားနေတာ မသိသာအောင် ထဘီကို ဒေါက် သေချာထည့်ချုပ်ပီး ဝတ်ရတာ… ကို အခု သိပြီလား….အဟင့်”

“ သိပြီ သိပြီ….. ဟားဟားးး”

မောင်မောင်မျိုး တစ်ယောက် တွက်မရသော ပုစ္ဆာတပုဒ် အဖြေရသွားသည့်နှယ် ပျော်ရွှင်စွာဖြင့် ဖူးဖူးကို ထဖက်လိုက်သည်။ ဖူးဖူးက အတင်းရုန်းထွက်ပြီး သူ့ကိုများ လှောင်နေသလား ဟူသော မျက်မှောင်ကျုတ် အကြည့်ကို မောင်မောင်မျိုးက လက်ကာခါ…..

“ ဒီမယ် ဖူး….ကိုယ်က နားမလည်လို့ သိချင်တာပဲ ရှိတာ… အခုသိတော့ကော ဘာဖြစ်လဲ… ဖူးက ကိုယ့်ချစ်သူပဲ.. ဖူးအပျိုမဟုတ်တာကော ဘာအရေးလဲ…… ကိုယ့်ကို ဖူးချစ်ရင် ကျေနပ်တယ်…. ဒီလို ကိုယ်လုံးရှိတာလည်းဘာဖြစ်လဲ…. ကိုယ့်အတွက် ဖူးက လှနေပြီးသားပဲ… ကိုယ်ကသာ ကိုယ့်လို ပုံမလာပန်းမလာ လူမျိုးကို ဖူးကပြန်ချစ်လို့ ဝမ်းသာနေရတာ… ဒါမျိုးတွေ တွေးပြီး ဝမ်းနည်း မနေနဲ့ ကြားလား…. အရင်လို လှလှပပလေးပဲနေ…ကိုယ်ချစ်ရင် ပီးတာပဲ မဟုတ်လား…”

“ ဒါ.. ဒါပေမ့.ဲ . ကိုက ဖူးကို လှလို့ချစ်တာ မဟုတ်ဖူးလား…”

မောင်မောင်မျိုး သက်ပြင်း ထပ်ချရပြန်သည်။ သူဖူးဖူးကို လှလို့ ချစ်ခဲ့ကြောင်း မငြင်းနိုင်ပါ။ အခုကျတော့ရော…သူစိတ်ထဲ ဘာမှမဖြစ်.. ဘယ်လိုမှ မနေ… ခါတိုင်းလိုပဲ ဖူးဖူးကိုသူချစ်သည်။ ဖူးဖူးသည် သူ့ဖူးစာဖက် ဖြစ်ရမည်ဟုယုံကြည်ထားပြီး ဖြစ်သည်။ လက်ထပ်ဖို့ အထိတောင် ရည်ရွယ်ထားပြီး ဖြစ်သည်။ ဖူးဖူး၏ ဝမ်းနည်းတဝက် အားငယ်စိတ် တစ်ဝက် နှင့် မျက်နှာလေးကို သူစိုက်ကြည့်ရင်း ခေါင်းခါပြလိုက်သည်။

“ ဟင့်အင်း…. ကို့ ဖူးစာဖက်မို့လို့ ချစ်တာ.. သိလား.. ဖူးက ကိုယ့်ရဲ့ဖူးစာဖက်…”

မိုးရွာပြီး နေပြန် ထွက်လာကာစ ကောင်းကင်တွင် တိမ်ညိုမည်းများ လွင့်စင်ပြေးထွက် ကုန်သလို ဖူးဖူးမျက်နှာလေးပြုံးကာ ဝင်းပ သွားရတော့သည်။ ။



........................................💚💛💖💝💙........................................

ပြီးပါပြီ။