ဓါတ်ပုံ ဆရာ အပိုင်း ( ၅ )
{ဇာတ်သိမ်းပိုင်း}
ရေးသားသူ - ကိုယ်တော်ကြီး
အခန်း (၁၉)
" မင်းက ဘယ်ကနေပြန်လာတာလဲ"
" ကျနော့်ချစ်သူ နှင်း အိမ်ကနေတစ်ခါတည်း လာခဲ့တာ အန်တီငြိမ်း"
သံဒိုင် ဒီလိုအမှန်တိုင်းပြောလိုက်တော့လည်း အန်တီငြိမ်းက ခေါင်းလေးညိမ့်ပြီးအသိအမှတ် ပြု လိုက်ပေမဲ့ မျက်နှာတော့သိပ်မကောင်းလှ… ဒါတော့ သံဒိုင်လည်းမတတ်နိုင်ဘူးလေ…အန်တီငြိမ်းကိုနှင်းနဲ့ချစ်သူဖြစ်သွားတာကိုလည်းသံဒိုင်ပြောပြဖြစ်ခဲ့သည်။အဲဒီနေ့က အန်တီငြိမ်းဒေါသတွေဖြစ်ပြီး စိတ်တွေသိပ်ကြီးပြသည်။
သံဒိုင်ကလည်းမလိမ်ချင်ဘူး။ကာမကို လိမ်ညာပြီးမယူချင်ဘူး။ဒါကြောင့် အန်တီငြိမ်းကို ပြောပြဖြစ်သွားတာ။ဒေါသတွေပြေသွားပြီးနောက်မှာ တော့ အန်တီငြိမ်းဖြစ်သွားတဲ့ မျက်နှာပုံလေးကသနားစရာပင်ကောင်းလွန်းသည်။ အသက်ခပ်ပြင်းပြင်းကြီး ရှုနေရမှန်း အန်တီ့ရဲ့ ရွှေရင်စုံကြီး နိမ့်တုံ့မြင့်တုံ့ဖြစ်တာ မြင်ပြီးလည်း သိခဲ့ရသည်။နောက်တော့မှ အန်တီငြိမ်းက
" အဲဒီမိန်းကလေးနဲ့ လက်မထပ်ခင်အချ ိန်ထိ တော့ ငြိမ်းနဲ့ ပတ်သက်ပေးပါဦး ဓာတ်ပုံဆရာ"
လို့ပြောပြလာတော့လည်း သံဒိုင်အနေနဲ့ ငြင်းပယ်ခြင်းငှာ မစွမ်းသာခဲ့ပေ။ဒါတွေကြောင့် ပဲ သံဒိုင် ဒေါ်ခင်ငြိမ်းငြိမ်းတင်နဲ့ ဆက်လက် ပတ်သက်နေခဲ့ရသည်လေ…။
ဘဝဖြတ်သန်းမှု့နေရက်တွေဟာ"သစ္စာတရား" ကို ရှင်းရှင်းကြီး လက်ကိုင်မထားနိုင်ရင် ဖြတ်သန်းမှု့အတွက် ခက်ခဲတယ်ဆိုတာ သံဒိုင် မသိဘူးမဟုတ်ဘူး သိသည်။သိသိနဲ့ မိုက်မြဲ မိုက်တတ်တဲ့ တဏှာများနဲ့လူ။သိရုံသာသိပြီး လိုက်နာကျင့်သုံးနိုင်ခြင်း မရှိတဲ့လူ။လောကမှာ ငယ်သံဒိုင်လိုလူတွေ များပါသတဲ့လား။
ကိစ္စပြီးသွားတော့ အန်တီငြိမ်းက ကိုယ်လုံးတီးအနေအထားကနေ သူမအတွင်းခံဘောင်းဘီကို အရင်ဝတ်လိုက်သည်။ ကြီးကြီးမားမားထု ထည်ကောင်းလွန်းတဲ့ တင်သားကြီးနှစ်ခြမ်းက ဘောင်းဘီအောက်ရောက်သွားကာမှ ဆူဖြိုးဖြိုး ရွှေရင်စိုင်ကြီးနှစ်လုံးအား ဖုံးအုပ်ရန်အတွက် ဘရာစီယာကို ကောက်ကိုင်လိုက်တော့သည်။ ဒါဆို အန်တီငြိမ်းတစ်ကြိမ်တည်းနဲ့ကျေနပ်သွား ပြီထင် နောက်တစ်ကြိမ်အစီအစဉ်မရှိလောက်။
" နောက်တစ်ပွဲမလှုပ်ရှားတော့ဘူးလား အန်တီ"
" အဟင်း ဟင်း!မင်း အရမ်းပင်ပန်းနေပြီဆိုတာ ငြိမ်း သိတယ် ဓာတ်ပုံဆရာ ငြိမ်းလည်းကျေနပ် သွားပြီလေ… ဟိုကောင်မလေးနဲ့လည်း နေခဲ့တယ်မလား…မင်း ဝင်လာတော့ မင့်ဆီက မိန်းမကိုယ်နံ့တွေ ရနေတာ ငြိမ်းသိတယ်.. ဒါကြောင့် ငြိမ်းက မင့်ကို ဘယ်ကနေပြန်လာ တာလဲ မေးတာလေ"
အန်တီငြိမ်းက ဘရာပြန်ဝတ်နေရင်း သံဒိုင်ကို ကြည့်ပြီး ပြန်ပြောပေးတော့သည်။
" ဟုတ် အန်တီငြိမ်း"
သံဒိုင်ပင်ပန်းနေတာတော့ ဟုတ်သည် မနက်ပိုင်းအိပ်ရာထကတည်းက အလုပ်လုပ်နေခဲ့ရသည်လေ။ နေ့ခင်းဘက် နှင်း ဆီသွားတော့လည်းမထင်မှတ်ပဲလင်းနဲ့ပါတွေ့ခဲ့ရသည်မဟုတ်လား။ပြီးတော့နှင်းနဲ့။အခု အန်တီငြိမ်းနဲ့။
သံဒိုင် ပတ်သက်နေရတဲ့ လေးယောက်သားမှာနှင်း လင်း သက်လုံး တို့နဲ့ ယှဉ်ရင် အန်တီငြိမ်းနဲ့ ပတ်သက်ဆက်ဆံရတာ သံဒိုင့်အတွက်အပင်ပန်းဆုံးဖြစ်သည်။ အန်တီငြိမ်းက ဆက်ဆံတာ အားရပါးရရှိသည်။ဆောင့်အားကောင်းလှသည်။ သူရဲ့လိင်ဆက် ဆံဖက် ယောင်္ကျားဖြစ်သူကို အဆုံးထိရောက်အောင် ဆွဲခေါ်သွားနိုင်သလို ယောင်္ကျားဖြစ်သူ ပြီးဆုံးလို့ သုတ်ရည်ထွက်ပြီဆိုရင်လည်း သူမရဲ့ အင်္ဂါဇာတ်ကြီးက ဒူးခေါင်းမှာရှိတဲ့ ရိုးတွင်းချ ဉ်ဆီကုန်လုနီးပါး စုပ်ယူသွားတယ် ထင်ရသည်။ အဲလောက်ထိ ပင်ပန်းပါသည်။
အန်တီငြိမ်းပစ္စည်းကြီးကို လုပ်လိုက်ရတဲ့ သံဒိုင့်မှာလည်းပင်ပန်းပေမဲ့ ပြီးဆုံးသွားရင်ကျ ကျေ နပ်အားရမှု့ရှိစွာ ကောင်းလွန်းသည်လေ။လူပျိုပေါက်အရွယ်မှာမာစတာဘိတ်လုပ်ရင်ကိုယ့်မှန်းတဲ့မိန်းမအခြေအနေလိုက်ပြီး သုတ်ရည်ထွက်တာကွာသည်ဆိုတာ သတိထားမိသူတွေ သိပါလိမ့်မည်။
" မှန်းထုလို့ကောင်းလိုက်တာကွာ ထွက်သွားတဲ့ အရည်က ခြင်ထောင်အမိုးထိတောင် ရောက် တယ် "
ဆိုတဲ့စကားက မှန်းလိုက်တဲ့ မိန်းမ အပေါ် စိတ်ခံစားချက်ကွာခြားခြင်းကြောင့်ပင်။ တစ်ခါတစ်လေ သံဒိုင်တွေးမိသေးသည်။မိန်းမဖြစ်သူတွေကိုလည်း ပြောပြချင်သည်။မေးကြည့်ချင်သည်။
" ရုပ်လေးချောတယ် ပိပိလည်းပါတယ်ဆိုပြီး ဘဝင်တွေလည်း သိပ်မမြင့်ပါနဲ့ဦး မိမိချစ်သူ မိမိခင်ပွန်းက မိမိအပေါ်လိင်ဆက်ဆံတဲ့အခါ မှာ စိတ်ခံစားချက်အပြည့်ဖြစ်ရဲ့လားဆိုတာ သတိထားမိလား"
လို့လေ……
" မနက်ဖြန်က အန်တီငြိမ်းတစ်ယောက်တည်း လား ဘယ်သူပါဦးမှာလဲ "
" ငြိမ်း သူငယ်ချင်းတစ်ယောက်ပါမယ်လေ"
" ဘာဖြစ်လို့သွားတာလဲ ဘယ်လောက်ကြာမှာ လဲ အန်တီငြိမ်း"
သံဒိုင်မေးလိုက်တော့ အဝတ်အစားအားလုံး ဝတ်ပြီးလို့ ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ် အောင် ရှင်းလင်းနေတဲ့ အန်တီငြိမ်းက သံဒိုင့် ကို သေချာကြည့်နေရှာတော့သည်။ သံဒိုင်က အန်တီငြိမ်းအကြည့်တွေကိုနားလည် ပါသည်။ အမေးစကားကြားလိုက်ရတော့ စိတ် ခံစားချက်ဖြစ်ပေါ်သွားပြီး မျက်လုံးတွေမှာ ထင်ဟပ်ပြလာတာက…ပျော်ရွှင်သွားခြင်း ကြည်နူးသွားရခြင်း များသာ။
" မင်း ငြိမ်းကိုမေးဖော်ရသားပဲ ဓာတ်ပုံဆရာ"
" ဖုန်းပြောကတည်းက မေးမလို့ပါ အန်တီငြိမ်းက ဖုန်းချ သွားလို့ပါ"
" ဘာဖြစ်လို့ မေးတာလဲ"
" သိချင်လို့ပေါ့ ဗျာ"
" သိချင်ရုံပဲလား ဓာတ်ပုံဆရာ"
ဒီလိုပဲ တစ်ပါးသူရဲ့ရင်ထဲကစကားတွေကို ဆရာကြီးအထာနဲ့ မေးတတ်ချင်တာ ဒေါ်ခင်ငြိမ်းငြိမ်းတင်ရဲ့ အထာဆိုတာ သံဒိုင်နာလည်ပြီးသားမို့……
" သိချင်ပြီဆိုမှာတော့ စိတ်ဝင်စားလို့ပေါ့ဗျာ"
" စိတ်ဝင်စားရုံပဲလား"
" စိတ်ဝင်စားနေပြီဆိုမှာတော့ ရင်ထဲကတစ်နေ ရာရာမှာ ရှိနေလို့ပေါ့ ဗျာ"
သံဒိုင် ဒီစကားကိုလည်းလိမ်ညာပြောခြင်း မဟုတ်ပါ။ "အချစ်"လို့ အဓိပ္ပာယ်ဖွင့်ဆိုမရပေမဲ့ ခန္ဓာကိုယ်ရော စိတ်တွေရောဒီလောက် ပတ်သက်ဆက်နွယ်နေတာ ရင်ထဲမှာတစ်နေရာရာမှာတော့ အန်တီငြိမ်းရှိတာ အမှန်ပါ။
" ဟုတ်ပါပြီကွာ ကျန်းမာရေးကိစ္စတစ်ခုကြောင့် ငြိမ်းသွားတာပါ တစ်ပတ်လောက်ပဲ ကြာမှာပါ ပြန်လာမှ ပြောပြမယ်လေ"
" ဟုတ်"
အန်တီငြိမ်းက သံဒိုင်ကိုတော့ဘာတွေ ဘယ်လိုဝေဒနာခံစားနေရတယ်ဆိုတာ မပြောပြပေမဲ့သံဒိုင် သိပါသည်။ဘာဝေဒနာလို့ သေချာမသိပေမဲ့ တစ်ခုခုဖြစ်တယ်ဆိုတာ သံဒိုင် သိသည်။ အန်တီငြိမ်းနေမကောင်းဖြစ်ခဲ့တဲ့ သင်္ကြန်ရက်မှာလူမမာသွားမေးခဲ့တဲ့ရက် ပြဿနာဖြစ်ခဲ့တဲ့ရက်ကပြောတဲ့ စကားလေးရပ်ပြီးစကားလွှဲပြောသွားတာကြောင့် သံဒိုင် သတိထားမိခဲ့ပါသည်။နောက်ပြန်တွေ့ကျတော့လည်း အန်တီငြိမ်းကဘာမှမပြောတာမို့ သံဒိုင်လည်းမမေးခဲ့ခြင်းသာ။
" ပြန်မယ်လေ ထတော့ ဓာတ်ပုံဆရာ"
သံဒိုင် ရယ်ပြီး လက်လှမ်းလိုက်သည်။ ထူပါဦး ဆိုတဲ့အနေအထား။ အန်တီငြိမ်းက မျက်စောင်း တစ်ချက်ထိုးပြီး သံဒိုင့်လက်ကို ဆွဲကူပေးပြီး ထခိုင်းသည်။သံဒိုင်ဆိုဖာခုံရှည်ပေါ်ထိုင်လျှက် အနေအထားနဲ့ပဲ အန်တီငြိမ်းကိုပါ ဆွဲထိုင်ခိုင်း လိုက်သည်။အန်တီငြိမ်းထိုင်လာတော့ အန်တီငြိမ်းမျက်နှာကို သေချာကြည့်မိတော့ အန်တီငြိမ်းကလည်းသံဒိုင့်ကို ပြန်ကြည့်နေရှာသည်။
သံဒိုင်အန်တီငြိမ်းကို စိုက်ကြည့်မိနေရင်း မာနတွေကြီးသလောက် မိမိအပေါ်ကိုတော့ သဘောထားတော့ ပျော့ပြောင်းရှာသား လို့ တွေးမိပြီးဘာတက်မက်မှု့မှ မပါတဲ့ နမ်းခြင်းမျိုး နဲ့ အန်တီငြိမ်း နဖူးပြင်ကြီးကိုနမ်းချ လိုက်တော့ သည်။ အန်တီငြိမ်းကလည်း မျက်လုံးနှစ်ဖက် မှေးစင်းပေးပြီး သံဒိုင့်အနမ်းကို ငံ့လင့်ပေးရှာ သည်။သံဒိုင် နဖူးကိုနမ်းပြီး မျက်နှာခြင်းမကွာ သေးပဲ အန်တီငြိမ်းမျက်လုံးဖွင့်အလာကိုစောင့် ကြည့်နေရင်း အန်တီ့မျက်နှာကို သေချာထပ် ကြည့်နေလိုက်သည်။ အန်တီငြိမ်းက မျက်လုံး လေးဖွင့်လာတော့ သူ့ကိုကြည့်နေတဲ့ သံဒိုင် မျက်နှာကို မြင်သွားတော့ အရွယ်နဲ့မလိုက် အောင် ရှက်သွားလိုက်ပုံများ "ဟာကွာ"လို့ ပြောပြီး မျက်လွှာပြန်ချသွားသည်။
" အန်တီငြိမ်း ရှက်သွားသတဲ့လား"
လို့ သံဒိုင်က မျက်နှာနားတိုးကပ်ပြီးထပ်မေး လိုက်တော့ အန်တီငြိမ်းက သံဒိုင့်မျက်နှာကို အတင်းကြီးကို လိုက်နမ်းပေးတော့သည်။
အသဲတွေယားပြီး ချ စ်စိတ်တွေ ရုတ်တရက် ပွင့်အံ့မိပုံရပါသည်။ သံဒိုင်လည်း ပြန်နမ်းပေးမိ တော့ အန်တီငြိမ်းရဲ့ အတွေ့ အန်တီငြိမ်းရဲ့ အနံ့ တွေကြောင့် ညှိးကြနေတဲ့ အငယ်ကောင်က တစ်ဖန်ပြန်၍ ခေါင်းထောင်လာလေပြီ။
သံဒိုင် အန်တီငြိမ်းကို မတ်တတ်ခဏပြန်ရပ် ခိုင်းလိုက်ပြီး လုံချည်ကိုအသာမကာ အတွင်းခံ ဘောင်းဘီကို ဒူးဆစ်အောက်ထိ ပြန်ဆွဲချွတ် လိုက်သည်။
" မင်း တော်ပြီဆို သိပ်ထန်လိုက်တာကွာ"
" ကျ နော်ကတော့ မပြောမိပါဘူးဗျာ"
" သိပ်ထောင်နိုင်လွန်းတယ်"
" ငြိမ်းတင်က မကြိုက်ဘူးလား"
" ကြိုက်တာပေါ့ ငြိမ်း မင့်ကိုသနားလို့ပါ"
" ဒါမျိုးကျ သေသေကြေကြေ ရေကုန်ရေခမ်း ကြိုးစားချင်သူပါ"
" မင်းကစကားလည်းပြောတတ်တယ်ပြီးတော့"
" ပြီးတော့ ဘာဖြစ်လဲ"
" -----"
" ပြီးတော့ ဘာဖြစ်လဲလို့ဗျာ"
" သိပ်ချစ်စရာကောင်းတယ်ကွာ ကဲ"
သံဒိုင် အန်တီငြိမ်းရဲ့လုံချည်ကို ဖင်ကြီးပေါ် အောင်ကောက်လှန်ပြီးမှ အငယ်ကောင်ကို တည်ထောက်ပြီးအောက်ကို ထိုင်ခိုင်းလိုက် တော့သည်။ စိတ်သိပ်မပါတော့တာကို လိင်စိတ်ပြန်ကြွစေ တဲ့ ဒေါ်ခင်ငြိမ်းငြိမ်းတင် ထည့်ထားလိုက်ပြီး ကျင်းစိမ်နေရရင်လည်း အရသာထူးကို ပေးစွမ်းနိုင် တဲ့ ဒေါ်ခင်ငြိမ်းငြိမ်းတင် ကျင်းစိမ်မနေရမဲ့ အဝင်အထွက် ပြုလုပ်နေပြန် ရင်လည်း စည်းစနစ်ကျကျ လှုပ်ရှားပေးနိုင်ပြန်တဲ့ ဒေါ်ခင်ငြိမ်းငြိမ်းတင်လုပ်နေရင်းသေမယ်ဆိုလည်းသေချင်သေပါစေ"ငယ်သံဒိုင်" ဆက်လုပ်နေဦးမှာပါ အန်တီ ဒေါ်ခင်ငြိမ်းငြိမ်းတင်
----------------------------------
သံဒိုင် အန်တီငြိမ်းနဲ့တွေ့ပြီး ပြန်လာတော့
ဆိုင်ရှေ့ပြန်အရောက်…ဆိုင်ရှေ့မှာ ထိုင်စောင့်နေသူက "သက်လုံးပုံ"။ သက်လုံးက သံဒိုင့်ကို မြင်တော့ ပြုံးပြပြီး…
" ကိုရီး ပြန်လာပြီလား"
ဆိုတဲ့ အသံကို အလိုရှိ တဲ့ အရာတစ်ခုအတွက် ပုံမှန် နှုတ်ဆက်သံ ထက် ခူ ိအီပြီးပြောလာတော့…
" သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနား နိုင်သတဲ့ ပြီးတော့ ယောင်္ကျားကောင်းတော့ မောင်းမတစ်ထောင်တဲ့ ကြိတ်စမ်း ဖေ့သား ငယ်သံဒိုင်ကြီးရ" လို့ သံဒိုင် ကိုယ့်ကိုကိုယ် အားပေးပြစ်လိုက်ပါတော့သည်။ ။
သံဒိုင့်အခန်းထဲ နှစ်ယောက်သားဝင်လာလိုက် တော့ သက်လုံးလေး လိုချင်နေပြီမှန်းတော် တော်လည်းသိရပါသည်။ သံဒိုင့် အဝတ်အစားတွေကို ချွတ်ပေးနေရင်းသိပ်ကိုပွတ်သီးပွတ်သပ်လုပ်နေတော့သည်။ ဒီနေရာမှာတော့ ယောင်္ကျားစင်စစ် ဧကန်ဖြစ်တဲ့ သံဒိုင်တို့အဖို့ ခံစားမှု့ရသတစ်မျိုးရရှိပါသည်။မိန်းမတစ် ယောက်က ကိုယ့်လုပ်ပေးမှာကို ခံချင်နေပြီး ပါးစပ်ကဖွင့်မပြောပေမဲ့ ကိုယ့်နားအတင်းကပ်လာပြီးပွတ်သပ်မြူ ဆွယ်နေတာကိုသိရတဲ့ရသ။
ယောင်္ကျားတစ်ယောက်က အတော်မုန်ယိုနေ ပြီးအတင်းတရကြမ်း နမ်းနေတာမျိုးကို ခံရတဲ့ မိန်းမများအဖို့ ဘယ်လိုခံစားရမယ်မသိပေမဲ့ မိန်းမတစ်ယောက်က သိပ်ဆာနေလို့ ကိုယ့် အနားကိုလာကပ်တာမျိုးကိုသိရတဲ့ ယောင်္ကျား သား အဖို့မှာ တော်တော်လေး ဖီးလ်ရှိသည်။
သံဒိုင် အဝတ်အစားလဲပြီးသွားမှ သက်လုံးကို ကြည့်မိတော့ အသက်ငယ်ပေမဲ့ အိမ်ထောင် ရှင်မိန်းမကြီးတစ်ယောက်လို ဖြစ်နေပါပြီ။ ကိုယ်ဝန်တားဆေးဆိုတာမျိုးကဘေးထွက်ဆိုး ကျိုးလည်းရှိတာရယ်ကြောင့်မို့ ပိန်သူကိုဝစေ သလို ဝတဲ့သူကိုလည်း ပိန်စေသည်။
သဘာဝကို လွန်ဆန်ရင်တော့ သဘာဝကပေး တဲ့ ပြစ်ဒဏ်ကိုအနည်းနဲ့အများ ခံကြရမည်သာဆိုတဲ့စကားလို သက်လုံးလေးခမျှာ ဝနေရှာ တော့သည်။ ရင်သားတွေ တင်သားတွေက လည်းအရင်လို လုံးကျစ်ကျစ်လေးမဟုတ်တော့ ပွယောင်းကြီးဖြစ်ပြီးအယ်ထွက်နေတော့သည်။
သန္ဓေတားခြင်းကို လက်မောင်းထဲထည့်ပြီး တားခြင်း ဗဂျိုင်းနာထဲ ပစ္စည်းထည့်ပြီး သားအိမ်ကို ကာခြင်းများ စတဲ့နည်းတွေ ရှိပေမဲ့ နေ့စဉ်လည်းလုပ်နေတာ မဟုတ်ဘူးပါဘူးလေ တွေးပြီးသောက်ဆေးပဲ စားခိုင်းလိုက်ခြင်း ဖြစ်သည်။
" ကိုရီးကို သက်လုံးမတွေ့ရတာတောင် နည်း နည်းကြာသွားပြီနော်"
" ဟုတ်တယ်နော် သက်လုံး"
သံဒိုင် သက်လုံးနဲ့မတွေ့ဖြစ်တာနည်းနည်းကြာသွားပြီလေ။ မိမိစခဲ့တဲ့ အတွက်ကြောင့်သက်လုံး လည်း လိင်ရသကို ဆာလောင်တတ်လာပြီ။ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးရပါဦးမည်။
" စုတ်ကော လဒ်ကော"
ဝင်ခြင်းမှာ လဒ်ဝင်မှု့ အတွက် ပြဿနာ သိပ်မရှိသော်လည်း… စုတ်ဝင်နေတဲ့ ယောင်္ကျားသားများအဖို့မှာ တော့ ကြိုးစားလုပ်ဆောင်မှပဲ တော်ကာကြ လိမ့်မည်လေ……
--------------------------------
အချ ိန်ကာလ ၆ လဆိုတာနှစ်တစ်နှစ်ရဲ့တစ်ဝက်နှစ်ဝက်အတွင်းမှာ သံဒိုင်ကတော့ပုံမှန်ဖြစ်သန်းနေရစဲ…နှင်း။ချစ်တဲ့နှင်းနဲ့တော့ နေ့တိုင်းဖုန်းပြောဖြစ်သလိုသုံးရက်တစ်ခါလောက်လူချင်းတွေ့ရသည်လက်ထပ်ဖို့ကိစ္စ သံဒိုင် ဖွင့်ဟလိုက်တော့ နှင်းငိုသည်။ဒီကိစ္စအတွက်စိတ်မှာ မပြတ်မသားဖြစ်နေစဲတဲ့လေ။သံဒိုင်ကတော့ ကိုယ်ပိုင်မိသားစုတည်ထောင်ချင်ပြီဆိုတဲ့အကြောင်း သေချာပြောပြလိုက်တော့…နှင်းက သံဒိုင့်ကိုအားနာ သနားရှာသတဲ့လေ။ သံဒိုင်နဲ့ ဘဝကိုလက်တွဲဖြတ်သန်းချင်ပေမဲ့အားနည်းချက်များနဲ့ နှင်းက ဘာလိုပြောရမှန်းတောင် မသိဘူးတဲ့။ သံဒိုင် နှင်းရဲ့ဆန္ဒအမှန်ကိုလည်း အလေးထား ပြီးဆွေးနွေးတော့ နှင်းပြောတာလေးကို မမေ့
" မောင် မောင့်ကို နှင်းသိပ်ချစ်တယ်မောင်ရယ် ဝေးရမှာမျိုးကို နှင်း မလိုလားသလို နီးစပ်ရင် ကျလည်း မောင် အဆင်မပြေမှုဖြစ်မှာတွေ နှင်းစိတ်ပူမိရပါတယ်။ မောင်ကဒီကမျက်မမြင်မ ကို ပစ်မသွားဘူး ပစ်မထားဘူးဆိုတာ နှင်း ယုံကြည်တယ်။ ဒါတွေကြောင့်လည်း နှင်း မောင့်ကိုအားနာနေတာပါ…ဒီကိစ္စကို နှင်း စဉ်း စားလိုက်တိုင်း နှင်း ရူးချင်တယ် မောင်ရယ်…အိပ်ရာထက်က ကိစ္စအတွက်ပဲဖြည့်ဆည်းပေး နိုင်မဲ့ မိန်းမတစ်ယောက်အဖြစ်နဲ့ မောင့်ကို နှင်း လက်မထပ်နိုင်ဘူး။ မောင်ရယ် နှင်းက မောင့် အတွက်မတန်ပါဘူး။ မောင် နှင်းကို ချစ်တာ လည်း သိပါတယ်။ ချစ်လို့လည်း လက်ထပ်ဖို့ တောင်းဆိုနေမှန်းလည်းသိတယ်။ ကိုယ့်ခင်ပွန်း ဖြစ်သူရဲ့ အသေးစားကိစ္စလေးတောင်မှ ဘာမှ လုပ်မပေးနိုင်တဲ့ နှင်းက မောင့်ကို ဘယ်လို လက်ထပ်ရဲတဲ့လဲ။ နှင်းကို မေ့လိုက်ပါတော့ မောင်ရယ်လို့လည်း မပြောနိုင်တဲ့ အတ္တလည်း နှင်းမှာ ရှိသေးတယ်။ တစ်ခါတစ်လေလည်း နှင်း ပျောက်ကွယ်သွား ချင်ပါပြီ မောင်ရယ်"
သံဒိုင် နှင်းအတွက် မျက်ရည်တစ်စက်တော့ ကျ ခဲ့ရပါသည်။ချစ်သောနှင်း ကို ကြင်နာစွာ ပွေ့ဖက်နှစ်သိမ့်ရုံမှာလွဲ၍ သံဒိုင်ဘာမျ ားတတ် နိုင်ဦးမှာတဲ့လဲ။
လင်း။အောင်မြင်နေတဲ့ မင်းသမီး။ သံဒိုင်ကို လိုလိုလားလား နှစ်သက်သူ။ လင်းကို လင်းသူငယ်ချင်းတွေက ချစ်သူရည်းစား ကိစ္စမေးတော့ လင်းပြောတာလေး ပြန်ကြားရတော့ သံဒိုင်ရင်ထဲ တစ်ကယ်ကိုစိတ်မကောင်းဘူးလေ။
အချစ်ဆိုတာ သူ့ချစ်ချင်ရာ ချစ်တတ်တဲ့ အမျိုးမဟုတ်လား။ အချစ်မှာ အကြောင်းပြချက် ရှိကို ရှိတယ်ဆိုတဲ့ လူများအတွက် သံဒိုင် မငြင်းလိုပါ။ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပဲလေ။အဘယ်သူ သည် ကိုယ့်ရင်ထဲကခံစားချက်ကို ရင်ဖွင့်ပြလို့ ပြည့်စုံပါသည်ဟု ဆိုနိုင်ပါသလဲ။
သေချာဆုံးတစ်ခုပြောရဲတာကတော့ အချစ်ကို လော့ဂျစ်လိုခေါ်တဲ့ ယုတ္တိဗေဒနည်းနဲ့တွက်ချက် လို့ မရနိုင်ဘူးဆိုတာပါပဲ။ယုတ္တိချ တွေးကြည့် မယ်ဆိုရင်တော့ အနီးစပ်ဆုံးအဖြေတစ်ခု တစ်ချို့လူတွေအတွက် ရကောင်းရနိုင်ပါသော် လည်း သံဒိုင့်အတွက်တော့ မမှန်နိုင်ပေ။
သံဒိုင့်မှာလည်း သံဒိုင့်ခံစားချက်ရှိနေသလိုလင်းမှာလည်း လင်းခံစားချက်ရှိနေသည်လေ။လင်းက နှလုံးသားရေးရာကိစ္စကိုပြောတာလေး ကကျ "သံကြောင့် လင်း သေပြီးပြီ"တဲ့လေ။ သံဒိုင်နဲ့လင်းလည်း အချ ိန်ရရင်ရသလိုတော့ တွေ့နေကြစဲ တွေ့နေရမြဲ။
လင်းက သံဒိုင့်ကိုပြောပြသေးတာက လင်းနဲ့ သံဒိုင် လိင်ကိစ္စပတ်သက်မှု့ကို နှင်းကသိသတဲ့ လေ။နှင်းရယ်လင်းရယ်သံဒိုင်ရယ်သုံးယောက် သားပတ်သက်မှု့ကအနည်းငယ်တော့ ရှုပ်ထွေး ပါသည်။
ဒေါ်ခင်ငြိမ်းငြိမ်းတင်။ အန်တီငြိမ်းကလည်း စင်္ကာပူက ပြန်လာပြီးမှတစ်မျိုးဖြစ်သွားသေးသည်။ပြန်ရောက်ကာစက တစ်ခါတွေ့ပြီး သံဒိုင့်ကို မဆက်သွယ်တော့။သူ့ကျန်းမာရေး ကိစ္စလည်း ဘာမှမပြောပြ။သံဒိုင်မေးရင်လည်း မဖြေ။ နှစ်လလောက် သံဒိုင့်ကို လုံးဝအဆက် အသွယ်မလုပ်။ သံဒိုင်ဖုန်းဆက်ရင်လည်းမကိုင် တော့။ ပြီးကာမှတစ်ခါ အန်တီငြိမ်းက သံဒိုင့်ကို ပြန်ဆက်သွယ်လာပြန်သည်။မေ့နိုင်ဖို့ ကြိုးစား ကြည့်နေတာတဲ့လေ။ဘယ်လိုမှမေ့လို့မရလို့တော့လို့သံဒိုင့်ကို ပြန်ဆက်သွယ်လာပြီးအိမ်ရာမှာရှိတဲ့အခန်းသော့ပိုတစ်ချောင်းပါပေးထားပါတော့သည်။
အန်နီငြိမ်းလည်း သူ့လက်ကိုင်အိတ်ထဲမှာအမြဲတမ်းသော့တစ်ချောင်းထည့်ထားတယ်လို့ပြောတော့ သံဒိုင်နဲ့ ဟိုတယ်က မင်္ဂလာပွဲ ကြီးမှာ ဒုတိယအကြိမ်ပြန်ဆုံတွေ့တဲ့နေ့က သူ့လက်ကိုင်အိတ်ကို ဖွင့်ကြည့်ပြီး ပြုံးလိုက် တာလေးကို သံဒိုင် သတိရမိသည်။
သက်လုံးပုံ။ သံဒိုင် သက်လုံးကိုသနားကြင်နာမှု့ နဲ့အတူ သံယောဇဉ်ရှိသည်။သံဒိုင့်ရဲ့ကာမဆန္ဒ ဒီဂရီမြင့်တက်ချ ိန်တွေမှာ အနားမှာ ဘယ်သူမှ မရှိခင်ကာလက ရင်ကော့ခါးစည်းပြီး ဆန္ဒဖြည့် ရှာပေးခဲ့သူ။တစ်နေ့သားမှာတော့ သံဒိုင်မှာနှင်းဆိုတဲ့ချစ်သူရှိတယ်ဆိုတာသက်လုံး သိသွားခဲ့တော့သည်။သက်လုံးလေး ငိုသည်။ပြီးတော့မှ "ရပါတယ်ကိုရီးရယ် သက်လုံးကျေနပ်ပါတယ်" လို့သာ ပြောရှာတော့သည်။
---------------------------------
အလုပ်ကိစ္စအဝဝ အစစ အဆင်ပြေသည်ဆိုတဲ့စကားလို သံဒိုင့်ဘဝမှာ လိုတိုင်းတ ရနေသလိုအဆင်ပြေနေတော့သည်။ကျော် နဲ့ မော် ကလည်း တော်တော်လေးကို လွှဲလို့ရပြီးမို့ သံဒိုင်က တကယ့် အကြီးကြီးတွေမှပဲ ဝင်ရိုက်ဖြစ် တော့သည်။ သံဒိုင်တစ်ယောက်တည်းရယ်မို့ ဗွီဒီယို ရိုက်ကူးရေးပါ မလုပ်နိုင်ခဲ့ရာမှ ကျေ ာ်နဲ့ မော် လုပ်မည်ဆိုတာကြောင့် ဗွီဒီယိုရိုက်ကူး ရေးပါ တိုးချဲ ထားရပြီး လူအင်အားထပ်ဖြည့် ကာ နေ့ရောညပါ လုပ်ရှားရတော့သည်။
ဗွီဒီယိုရိုက်ကူးရေးကတော့ ကျော်နဲ့မော်ပဲ အဓိက လုပ်တာပါ။သံဒိုင်က ပစ္စည်းတွေစက်တွေပဲဝယ်ပေးထားပြီး လိုအပ်တာလောက်ပဲ ဘေးကနေဝင်ပြောပေးလိုက်သည်။
ဒီနေ့ အောက်တိုဘာ ၅ ရက်…သံဒိုင်မွေးနေ့ မနက်ပိုင်း ဘုရားသွားပြီး ဆိုင်မှာ ဧည့်သည် ရှုပ်နေတာမို့ ကင်မရာနဲ့ လူနဲ့ မခွာရတော့။ ကျော်နဲ့ မော်ကလည်း မရှိ တစ်ခြားပွဲရှိရာကို တစ်ယောက်တစ်ပွဲ ပြေးရသည်။ သူတို့နဲ့ လူ ပေးလိုက်ရသေးတာမို့ ဆိုင်မှာ သံဒိုင်ရယ် ပိုးဖြူရယ် လူသစ်တစ်ယောက်ရယ်။ ဘွဲ့ပုံတွေပါရိုက်ရတာမို့လူကအရမ်းများသည်။
တစ်ယောက်ပြီးတစ်ယောက် ရိုက်ပေးနေလိုက်သည်။သူတို့က အားလုံးပေါင်း ၇ ယောက် သံဒိုင့် Studioကို အလှပုံ ဘွဲ့ပုံ သူငယ်ချင်းတွေအကုန်လုံး ဂရုလိုက်အပျော်ပုံလေးတွေရော လာရိုက်ကြတာ။နောက်ဆုံး group photo ရိုက်ပေးနေတုန်းမှာ ပိုးဖြူ ကဘေးကို ရောက် လာ၍ မော့ကြည့်လိုက်တော့ ဖုန်းကို ကိုင်ပြီး မျက်နှာငယ်လေးနဲ့။ သံဒိုင်က ဓာတ်ပုံရိုက်ရင်း ဖုန်းလာရင် ပြောတဲ့သူမဟုတ်။ဆိုင်မှာ ရိုတဲ့ ညီတွေအားလုံးလည်း မှာထားပြီသား။ဆက်တဲ့ ဖုန်းကို သေချာမှတ်ထားဖို့ နောက်မှပြန်ခေါ် ပေးရသည်လေ။ သံဒိုင် ဖြူ လုံးကို ကြည့်ပြီး ဒေါသတစ်ချက်ဖြစ်သွားသေးသည်။
" ဘယ်သူလဲ" လို့ ဒေါသသံနဲ့ မေးလိုက်တော့
" ဒေါ်ခင်ငြိမ်းငြိမ်းတင်"လို့ ပိုးဖြူ က အသံတုန် တုန်လေးနဲ့ဖြေရှာသည်။သံဒိုင် သဘောပေါက် သွားပြီး ပိုးဖြူ လက်ထဲက ဖုန်းကို လှမ်းယူ လိုက်ကာ မကိုင်တော့ပဲ ဘောင်းဘီအိတ်ထဲ တစ်ခါတည်းထိုးထည့်ထားလိုက်သည်။
" ဆောရီး ညီတို့ ညီမတို့ ခုနက ပုံစံမျိုးလေးပဲ အားလုံးပြန်လုပ်ပေးပါဦး"
လို့ပြောပြီး ဓာတ်ပုံ ပဲ ဆက်ရိုက်နေလိုက်သည်။ group photo ပြီးရင် ရိုက်ကူးခြင်းပြီးပြီမို့ အလုပ်ပြီးအောင်ပဲ အရင်လုပ်နေလိုက်တော့သည်။ ဖုန်းက ဆိုင်းလန့် လုပ်ထားတာမို့ ဘောင်းဘီ အိတ်ထဲကနေ တဒီးဒီးသာတုန်နေတော့သည်။ ခဏတုန်တာရပ်သွားလိုက် ပြီးရင်ပြန်တုန်လိုက်နဲ့ အန်တီငြိမ်းက မကိုင်မခြင်းကို ခေါ်နေတော့သည်။သံဒိုင့် ဒေါသတွေတော့နည်းနည်းစလာလေပြီ။
မိနစ် ၂၀လောက်ကြာအပြီးမှာတော့ အားလုံး ပြီးဆုံးသွားပြီမို့ လက်ထဲက ကင်မရာကို ပိုးဖြူ ကို သိမ်းခိုင်းလိုက်ပြီး ဓာတ်ပုံလာရိုက် တဲ့ ညီတွေ ညီမတွေကို နှုတ်ဆက်ကာ ဆိုင် ပြင်ကို သံဒိုင် ထွက်ခဲ့လိုက်တော့သည်။ အန်တီငြိမ်းဖုန်းကတော့ ခေါ်နေမြဲ။အပြင် ရောက်မှ ဖုန်းထုတ်ကိုင်လိုက်တော့…
" ငြိမ်းကမင့်ဆိုင်ရဲ့ ကားလမ်းတစ်ဖက်မှာ မြန် မြန်လာခဲ့စမ်းပါကွာ ငြိမ်းစောင့်နေတာကြာပြီ"
အန်တီငြိမ်းက စိတ်မရှည်တဲ့လေသံနဲ့ ပြောလာ ပါတော့သည်။သံဒိုင် ဖုန်းကို ဘောင်းဘီအိတ်ထဲပြန်ထည့်ပြီး ကားလမ်းကိုကူးကာ အန်တီ့ကားရှိရာကို လာခဲ့လိုက်တော့သည်။ အန်တီငြိမ်းထိုင်တဲ့ဘက်က ကားမှန်ဖွင့်ပေး လာမှ သံဒိုင် အန်တီငြိမ်းကို ခပ်တင်းတင်းနဲ့ သေချာကြည့်လိုက်ပြီး……
" ဘာကိစ္စရှိလို့လဲဗျ ဘယ်လောက်တောင် အရေးကြီးနေလို့လဲ တစ်ဖက်သားက အလုပ် လုပ်နေတာလား အလုပ်များမအားနေလား မသိဘူးလို့ နည်းနည်းမှမစဉ်းစားမိဘူးလားအန်တီတို့လို ဘာမှလုပ်စရာမလိုအောင် ကြွယ်ဝတဲ့သူတွေမဟုတ်ဘူး။ ကိုယ့်ဖြစ်ချင်တာချည်းပဲ ကြည့်မနေနဲ့ကိုယ့်အတ္တချည်းပဲ ရှေ့တန်းတင်မနေနဲ့ဗျ "
သံဒိုင်ကားနားရောက်စကပြုံးနေတဲ့အန်တီငြိမ်း မျက်နှာလေးက သံဒိုင့်စကားလည်းကြားလိုက် ရတော့ ပထမအံ့သြသွားသည့်ထင်။ စကားရဲ့ အဓိပ္ပာယ်တွေ ရှင်းရှင်းလင်းလင်းကြား ရှင်းရှင်းလင်းလင်းသိလိုက်ရတော့ အံ့သြဟန် မျက်နှာမှ စိတ်သိပ်ဆိုးတဲ့မျက်နှာပုံပြောင်းသွား တော့သည်။သံဒိုင်ကလည်း တင်းနေတာမို့ ဆက်လွှတ်သည်။
" ဘယ်လောက်တောင် အရေးကြီးနေလို့ ဖုန်း က မပြတ်တမ်းခေါ်နေရတာတဲ့လဲ။အလုပ်ပြီး သွားရင် ပြန်ခေါ်ပေးမှာပေါ့ဗျ "
အန်တီငြိမ်းက ဘာမှပြန်မပြောသေးဘူး။ စိတ် ဆိုးတဲ့ မျက်နှာအမှုအရာကနေ တစ်ခါတည်း ပြန်ပျော့ကြသွားကာ သံဒိုင်ကိုသာ ငေးငေး လေးပြန်ကြည့်နေရှာသည်။
" ပြောလေဗျာ မေးနေတော့လည်း မဖြေဘူး"
သံဒိုင့်အသံနည်းနည်းလေး ပိုကျယ်သွားတော့ ဘေးကဖြတ်သွားတဲ့ လူကတောင် လှည့်ကြည့် သွားလိုက်သေးတာ မျက်လုံးထောင့်ကနေမြင် လိုက်မိရသည်။ ညိမ်နေတဲ့ အန်တီက ဆက်ကနဲ တစ်ချက်ဖြစ်သွားပြီး…
" ငြိမ်းလေ ငြိမ်း ငြိမ်း"
မာနကြီးပြီး စကားပြောတာတောင် အနိုင်လိုချင်တဲ့ အန်တီငြိမ်းတစ်ယောက် မျက်မှောင်ကြုတ်ထားပြီး ဒေါသဖြစ်နေတဲ့သံဒိုင့်မျက်နှာအမှုအရာကြောင့်ထင် စကားဆက်မပြောနိုင်ပဲဆွံ့အ သွားတော့သည်။
" ဟာ ဗျာ!!!!!"
သံဒိုင် စိတ်မရှည်စွာနဲ့ ဘာရယ်မဟုတ် ကားတံခါးကို ဗုန်းကနဲ ပုတ်မိသွားရသည်။ "ဗုန်း"ဆိုတဲ့အသံနဲ့အတူ အန်တီငြိမ်းမှာ ကိုယ် လုံးကြီးပါ တုန်သွားသည်။
" မင်း မင်း ငြိမ်း ကို"
နောက်ဆုံး စကားလုံးနှစ်ခုမှာ အန်တီအသံတွေပါတုန်သွားပြီးမှ ဆက်မပြောတော့ပဲ ဘေးမှာရှိတဲ့ A-4 စာရွက်ဖြူ လေးကိုယူလိုက်ပြီး အလယ်ကနေခေါက်လိုက်သည်။ပြီးမှ ပြဲအောင်ဖြဲလိုက်သည်။ စာရွက်က နှစ်ပိုင်းပြဲသွားတော့ တစ်ခါထပ်ပြီး ဖြဲပြန်သည်။တစ်ခါပြဲသွားတဲ့ စာရွက်တွေကို လုံးချေလိုက်ပြီး သံဒိုင့်မျက်နှာ့ကိုဒေါသတကြီးနဲ့ ပစ်ပေါက်လိုက်တော့သည်။သံဒိုင်ကလည်း အလျင်အမြန်ရှောင်လိုက်တာမို့မျက်နှာ့ကို မမှန်ပဲ ကားလမ်းဘေးသို့ကြသွားသည်။
" ငြိမ်းလေ မင့်ကို မင်း မင်း ဟင်းးးးး"
အန်တီငြိမ်း သံဒိုင့်မျက်နှာ့ကို လက်ညှိုးငေါက် ငေါက်ထိုးပြီး ပြောဖို့ရာ ဆက်မပြောနိုင်ပဲ "ဟင်း ဟင်း"ဆိုပြီး အသက်သာမြန်မြန်ကြီး ရှုနေရတော့သည်။ သံဒိုင်လည်း ဒီအတိုင်း ကြောင်တောင်ရပ်လျှ က်။ အန်တီငြိမ်းကနည်းနည်းလေးပြန်ညိမ်သွား တော့ ကားစက်နိုးလိုက်ပြီး သံဒိုင့်ကိုဆက်ကနဲ ခေါင်းလှည့်ကြည့်လာတော့…ဟာ အန်နီငြိမ်းမျက်ဝန်းအိမ်မှာ မျက်ရည်စတွေ။
ဘာမှမပြောတော့ပဲမောင်းထွက်သွားတဲ့ အန်တီ့ကားကို သံဒိုင် လိုက်ကြည့်လိုက်ပြီးမှ အန်တီစုတ်ဖြဲလုံံးပြီးလွှင့်ပစ်သွားတဲ့ စက္ကူ လုံးလေးကိုပြေးကောက်လိုက်တော့သည်။စက္ကူ လုံးကိုဖြေကြည့်လိုက်တော့ စာတွေရေးထားတယ်။
သံဒိုင် လမ်းဘေးကို ကပ်နိုင်သမျှ ကပ်ပြီးထိုင်ချလိုက်တော့သည်။ လမ်းသွားတဲ့ လူတစ်ချို့ကသံဒိုင့်ကို ကြည့်ချင်ကြည့်မည်ဖြစ်သော်လည်းသံဒိုင် ဂရုမစိုက်နိုင်တော့။ စာရွက်လေးကို ပေါင်ပေါ်တင်ကာ သေချာဖြန့်ကြည့်ပြီး ဖတ်ကြည့်လိုက်တော့……
" ဓာတ်ပုံဆရာ ငြိမ်း မင့်ကိုဘယ်လိုခေါ်ရမလဲ စဉ်းစားနေတာကွ ဟင်း ဟင်း… မြီးကောင်ပေါက်လည်းမဟုတ်တော့တဲ့ ဒီအရွယ်မှ အခေါ်အဝေါ်ကိစ္စစဉ်းစားနေရတာ ရှက်တောင်ရှက်ပါတယ်ကွာ ရှက်လည်းမရှက် နိုင်ဘူးဖြစ်နေတယ်လေ။ မင့်မှာချစ်သူရှိနေပြီဆိုတော့ သူကတော့ မင့်ကိုဘယ်လိုခေါ်လဲ။ ငြိမ်းလည်း မင့်ကို ဓာတ်ပုံဆရာလို့မခေါ်ချင် တော့ဘူး ဘာဖြစ်လို့လဲ သိလား… ငြိမ်း မင့်ကို "…" နေလို့ကွ စကားတစ်လုံး ဖြည့်ဖတ်ပေးကွာ မရေးရဲလို့။ ငြိမ်း မင့်ကို "မောင်"လို့ ခေါ်ချင်တာကွ။ မလှောင်ပါနဲ့ မရယ်ပါနဲ့ "မောင်" " မောင်"က ငြိမ်းကို အသိမပေးပေမဲ့ ငြိမ်းက ဒီနေ့ ဘာနေ့လဲ သိပါတယ်။
" Happy Birthday"ပါ မောင်လို့ "
မွေးနေ့ဆုတောင်းလေး ငြိမ်း ပေးပါတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေနဲ့ ပတ်သက်ရင်မာနကြီး တဲ့ မောင့်အတွက် ငြိမ်းဘာမှဝယ်မပေးရဲပါ ဘူး။ငြိမ်းတစ်ခုတော့ သိပ်ကိုဝယ်ပေးချင်နေ တယ်။မောင့်အလုပ်မှာလဲ အဆင်ပြေအောင် လို့လေ။မောင့်ကို လာခေါ်မယ်။ မောင့်ရဲ့ချစ်သူကတော့ ဘာဝယ်ပေးမှာ မသိပေမဲ့ ငြိမ်းလည်းမောင့်ကို ဝယ်ပေးဖြစ် အောင် ဝယ်ပေးမယ်။ ငြိမ်းလုပ်ချင်တာတွေကို ခွင့်ပြုပေးပါမောင်။ သံဒိုင် စာဖတ်ပြီးနောက်မှာတော့ အန်တီငြိမ်း အတွက် မျက်ရည်တစ်ပေါက် အန်တီငြိမ်းရေးခဲ့ တဲ့ စာရွက်ဖြူ ပေါ်မှာပဲ ကျ သွားပါတော့သည်။
သံဒိုင် စာရွက်လေးကိုသေချာပြန်ခေါက်ပြီး မတ်တတ်ရပ်ကာ ဘောင်းဘီအိတ်ထဲ သေချာ ထည့်လိုက်သည်။သံဒိုင် ဖုန်းကိုထုတ်ပြီး အန်တီငြိမ်းဆီကိုဖုန်းခေါ်လိုက်တော့ စက်ပိတ် ထားပါသည်တဲ့လေ။ သံဒိုင် လေးကန်တဲ့ခြေလှမ်းတွေနဲ့ ဆိုင်ဘက် ကို ဖြတ်ကူးအလာမှာတော့…………
"ကျွီ "ဆိုတဲ့ ကားဘရိတ်စောင့်အုပ်သံရယ် "ဒုန်း"ကနဲ မြည်သံရယ် ကြားလိုက်ရသလိုရှိပြီး တစ်လောကလုံးမှောင်မိုက်သွားကာ မှိတ်တုတ် မှိတ်တုတ် ကြယ်ဖြူ တွေကိုလည်း မြင်လိုက်ရသလို ရှိပြီးနောက်မှာတော့ သံဒိုင် ဘာမှ မသိတော့……………
-------------------------------
အခန်း (၂၀)
ဇာတ်သိမ်းပိုင်း
" မောင် သတိရပြီလား"
" ----"
" မောင် နှင်းလေ"
" ----"
" မောင် နှင်းကိုကြည့်ပါဦး"
" အင်း ဟာ နှင်း"
" မောင်"
" နှင်းက ဘယ်လိုရောက်လာတာလဲ"
" မောင့်ကို နှင်းလာကြည့်တာလေ ခစ် ခစ်"
သံဒိုင် နှင်းကိုသေချာကြည့်လိုက်တော့ တစ်ခါ က နှင်းမွေးနေ့မှာ ဓာတ်ပုံရိုက်ပေးဖူးတဲ့ ဝတ်စုံမျိုးလေးဝတ်ထားတယ်။ဒါမဲ့ အခုကတော့ ဝတ်စုံကအဖြူ ရောင်မဟုတ်ဘူး အပြာရောင်နဲ့။ နှင်းကအပြာရောင်ဝတ်စုံနဲ့သိပ်ကိုလှနေသည်။ သံဒိုင် သိပ်ချစ်ခဲ့တဲ့အပြုံးတွေကိုလည်း နှင်းကပြုံးထားပေးစဲ။
" မောင့်ကို နှင်း လာခေါ်တာ လိုက်မယ်ဟုတ်"
" နှင်းက ဘယ်ကိုသွားမှာလဲ လိုက်မှာပေါ့"
" ဟိုးအဝေးဆုံးကို မောင်နဲ့နှင်း သွားမယ်လေ"
" လိုက်မယ် နှင်း အတူတူသွားမယ်လေ"
" ခစ် ခစ် မောင်က နှင်းခေါ်ရင်မငြင်းဘူးဆိုတာ သိပါတယ် မောင်ကနှင်းကိုသိပ်ချစ်တယ်နော်"
" ချစ်တာပေါ့ နှင်းရယ်"
" နှင်းလည်း မောင့်ကို သိပ်ချစ်တယ် ဒါကြောင့် မောင့်ကို ခေါ်သွားတော့မလို့လေ။မောင့်ကို ချစ်တဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတာ နှင်း သိတယ်မောင်…ဒါမဲ့ မတတ်နိုင်ဘူး နှင်း က မောင့်ကိုမှ အဆုံးရှုံးမခံနိုင်တာလေ"
" ဟုတ်ပါပြီ နှင်းရယ် မောင်လည်း နှင်းနဲ့ပဲ နှစ်ယောက်တည်းကမ္ဘာလေးတည်ဆောက် ချင်ပါပြီ ရင်ထဲမှာ နေလို့မကောင်းဘူး…မောင် ရသမျှ အခွင့်အရေးတွေ အကုန်ယူခဲ့ လည်း ပါတာပေါ့ "
" ခစ် ခစ် မောင်မယူချင်လည်း သူတို့က ပေးနေ မှာပဲလေမောင်ရဲ့…နှင်းက အားလုံးသိပါတယ် ဒါမဲ့ လင်း လင်း ဟင် ဟုတ်သား မောင့်ကို ချစ်တဲ့သူတွေထဲမှာ နှင်း ရဲ့ ညီမ လင်းလည်း ပါသေးတယ်"
" ----"
" မောင့်ကိုတွေ့ချင်ဇောတွေ ပိုင်ဆိုင်ချင်ဇောတွေ ကြောင့် လင်းကို မေ့သွားရတယ် မောင်ရယ် နှင်း နှင်း မကောင်းဘူး မောင်"
နှင်းကငိုတော့သည်။နှင်းရဲ့ကြည်လင်တောက် ပနေတဲ့ မျက်ဝန်းအိမ်ကနေ မျက်ရည်တွေ ကျလာသည်။နှင်းရဲ့ မျက်ဝန်းတွေကသိပ်လှနေပါ လား။မျက်ဝန်းထဲက မျက်ရည်ထွက်တာတောင် လှနေတဲ့ နှင်းရဲ့မျက်ဝန်းအိမ်ကို ဓာတ်ပုံသမား ဖြစ်တဲ့ သံဒိုင်က နဖူးနဲ့နှာခေါင်းမပါစေပဲ ပိုင်းဖြတ်ပြီးတော့ ကြည့်နေမိလိုက်ချ ိန်မှ……
" နှင်း ရဲ့ မျ က်လုံးတွေ ဟာ!"
သံဒိုင် သိစိတ်ကိုမနည်းထိန်းပြီး သေချာပြန်ကြည့်လိုက်တော့နှင်းကမရှိတော့ ဘယ်ကိုများပြေးထွက်သွားလိုက်တာလဲ နှင်း ရယ် ။
-----------------------------------
" မောင်"
" ----"
" မောင် ရေ"
" ----"
" မောင်"
" ဟင် နှင်း"
သံဒိုင် မျက်လုံးဖွင့်ကြည့်လိုက်တော့ နှင်းကသံဒိုင့်နဲ့အနီးအနားမှာမဟုတ်ပဲမလှမ်းမကမ်းမှာ
" နှင်း လာလေ မောင် သတိရပါပြီ"
" မလာတော့ဘူး မောင်ရယ်"
" မောင်ဆီကို လာတာမဟုတ်ဘူးလား"
" ဟုတ်တယ်မောင် နှင်း မောင့်ဆီကိုလာတာပါ လာနှုတ်ဆက်တာ နှင်းသွားတော့မလို့"
" နှင်းက ဘယ်ကိုသွားမှာလဲ မောင့်ကိုမခေါ် တော့ဘူးလား"
" မခေါ်တော့ပါဘူး မောင်…မခေါ်ချင်လို့မဟုတ် ပါဘူး နှင်း မောင့်ကိုမခေါ်ရက်လို့ပါ"
" မောင့်ကိုတော့ မထားခဲ့ပါနဲ့ နှင်းရယ်မောင့်အိပ်မက်တွေက နှင်းရယ်ပါ"
" ဟုတ်ကဲ့ပါမောင်ရယ် မောင့်ဆီက အချစ်တွေရတာကိုပဲ ဒီက နှင်းသုသွင် ကျေနပ်ပါပြီရှင်မျက်မမြင်မလေးနှင်းကို မေ့လိုက်ပါတော့မောင် နှင်းကိုပျောက်ကွယ်ခွင့်ပေးပါတော့နော်…နှင်း ပျောက်ကွယ်သွားမှပဲ အားလုံးအတွက်အကောင်းဆုံးဖြစ်မှာပါ "
" နှင်းမှ မရှိတဲ့နေ့ရက်တွေကို မောင် ဘယ်လို ဖြတ်သန်းရမှာတဲ့လဲ နှင်းရယ်"
" အဆင်ပြေသွားမှာပါ မောင်ရယ် မောင့်အချစ် တွေရခဲ့ရုံနဲ့ပဲ နှင်းကကျေ နပ်သင့်ပါပြီ… သွားတော့မယ်မောင်"
" နှင်း မသွားနဲ့လေကွာ"
" သွားပါရစေ မောင်ရယ် နှင်းက နေလို့လည်း မရတော့လို့ပါ"
" ဘယ်သူနဲ့ လာတာလဲ နှင်း"
" သွားပြီနော် မောင်"
" ဟာ နှင်း နေဦးလေ နှင်း ...နှင်း.. နှင်း.. နှင်း"
" အား! "
" လူနာသတိရလာပြီ"
" ဆရာ့ကို သွားခေါ်လိုက်တော့"
သံဒိုင် သတိရလာတော့ ဘေးမှာ မိန်းကလေး နှစ်ယောက်။ နှင်းတော့ မဟုတ်ဘူး။နှင်းက ဘယ်ရောက်သွားပါလိမ့်။
--------------------------------------
" အကို"
" အကို"
ဆရာဝန်ရော ဆရာမတွေရောထွက်သွားတော့ မှ ကျော်နဲ့မော်က သံဒိုင့်ဘေးသို့ရောက်လာ ပါတော့သည်။
" အေး ညီတို့"
" အကို နေရတာ သက်သာရဲ့လား"
" သက်သာပါတယ် အကိုဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူး"
" ဟုတ် ဖြစ်သွားမှာတာ ကျနော့်တို့စိတ်ပူတာ အကိုရ အီး ဟီး ဟီးး"
" ဟာ ကျော် မငိုနဲ့လေကွာ မင်းကလည်း"
လို့ မော်က ဝင်ပြောလာတော့ ကျော်က
" ငါ အကိုကို့ ကြည့်ပြီးငိုချင်လို့ပါ မော်ရာ"
" ဟာကွာ! အကိုက ခုမှသတိရတာကို မင်း မင်း"
မော်ကလည်းငိုချင်နေပုံရသည်။ကျော်က ငိုပြီး ကိုသံဒိုင့်ဘေးက ထွက်သွားသည်။ သံဒိုင် အံ့သြနေမိတော့သည်။ ညီနှစ်ယောက် ဘာဖြစ်ကြတာတဲ့လဲ။ သံဒိုင်စိတ်ကိုအမြန်ဆုံးငြိမ်အောင်ထားလိုက်ပြီးဖြစ်ခဲ့သမျှ တွေကို ပြန်တွေးကြည့်လိုက်သည်။ရပြီ။ သံဒိုင်အားလုံးကို မှတ်မိပါသည်။ လမ်းဖြတ်ကူးတာ စိတ်နဲ့လူနဲ့မကပ်တာကြောင်း ကားနဲ့တိုက်မိသွားရတာ။ အဲဒီနောက်တော့ သံဒိုင်ဘာမှ စဉ်းစားလို့မရသေး။
" မော်"
" ဗျာ အကို"
" အကို့ကို ပြောပြ ဘာတွေဘယ်လိုဆိုတာ"
" ဟုတ်အကို ညီတို့သိရတော့ အကိုကဒီဆေးရုံ ကို ရောက်နေပြီ ညီတို့ကလည်း ဟိုမှာပွဲက ရိုက်နေရင်း တန်းလန်းကြီးမို့ တစ်ခါတည်းပြန် လာလို့ မရတာလဲ ပါတာပေါ့"
ဒါတော့ ဟုတ်ပါသည်။သံဒိုင့်တို့ ဓာတ်ပုံသမားဗွီဒီယိုသမားများဆိုတာရိုက်နေရင်းကနေထွက်လာလို့မှ မရတာ။
" ကျ နော် studio ပြန်ရောက်တော့ ပိုးဖြူ က ငိုပဲနေတော့တယ် ဘာမှမေးလို့မရဘူး… ဒီကောင်ဗျာ ဘယ်လိုကောင်လဲ မသိဘူး"
လူနာဖြစ်တဲ့ သံဒိုင် မော့်ကိုကြည့်ပြီပြုံးရသည်။မော့်က ပိုးဖြူ ကို အပြစ်တင်စကားပြောနေပေမဲ့သူ့ကိုယ်တိုင်က မျက်ရည်တွေ သုတ်လျှက်။
" ပိုးဖြူ က ငယ်သေးတာကို မော်ရ"
" ဟုတ်အကို ကျော်က ဆေးရုံအရင်ရောက်ပြီး ဖုန်းဆက်ပြောတယ် သတိမရသေးဘူးတဲ့ စိုးရိမ်စရာတော့ မရှိပါဘူးလို့ ဆရာဝန်တွေက ပြောပါတယ်တဲ့"
" အင်း"
" ဒီဆေးရုံကို ဘယ်သူတွေက စီစဉ်ပို့တာလဲ"
" ဘေးနားကလူတွေလို့ ပြောပါတယ်အကိုအကို့ကို လည်း သိနေကြတာကို"
" အင်း အင်း ကျော် ရေ"
သံဒိုင် ကျော့်ကို လှမ်းခေါ်လိုက်တော့သည်။
" ဗျာ အကို"
ကျော်က မျက်ရည်တွေသုတ်ပြီး သံဒိုင့်နားရောက်လာပါတော့သည်။
" ညီရောက်လာတော့ ဆေးရုံမှာဘယ်သူတွေ ရှိလဲ"
" ဟုတ် အီ ဟီး ဟီး ဟီး"
ကျော်က ဆက်မပြောဘဲ ငိုနေလို့ သံဒိုင်ဒေါသဖြစ်သွားရတော့သည်။လူက အိပ်ရာပေါ်မှာသိပ်ကနေလို့မကောင်းပါဘူးဆို စိတ်ကတော်တော်တိုလာတော့သည်။
" မင်းတို့ အကိုက သေပြီမလို့ ငိုနေတာလားကွ"
" မဟုတ် မဟုတ်ပါဘူးအကိုရယ် အကို အကို ဒီလိုဖြစ်တာချည်းကို ဝမ်းနည်းနေလို့ပါ"
သံဒိုင် ကျော့်ကို ကြည့်နေစဲမှာပဲ…
" ကိုရီး သတိရပြီလား"
ဆိုတဲ့အသံလေးနဲ့ သက်လုံး ဝင်လာပါတော့သည်။
----------------------------------
သံဒိုင် ဆေးရုံကဆင်းလာပြီးနောက်မှာတော့ ဆိုင်မှာပဲ ပြန်နေလိုက်တော့သည်။ ဝယ်ထားတဲ့ တိုက်ခန်းမှာက လူနေဖို့ ဘာမှမပြင်ဆင်ရသေးတာမို့ ဆိုင်မှာပဲ နေလိုက်တော့သည်။ သက်လုံးပြောပြမှပဲ အက်ဆီးဒင့် ဖြစ်တဲ့နေ့က အကြောင်းတွေနဲ့ ဘာဖြစ်သွားတယ်ဆိုတာသေချာသိရပါတော့ သည်။ ဓာတ်ပုံဆိုင်ဘေးနားက လူတွေကပဲ သံဒိုင့်ကို သိနေတာမလို့ လူနာတင်ယဉ်ခေါ်ပြီး အမြန်ဆုံးဆေးရုံ ပို့လိုက်ကြပါသည်တဲ့…… ယဉ်တိုက်မှုဖြစ်တာမို့ ရဲ ရေးကိစ္စတွေဘာတွေ တော့ဖြစ်သေးတယ်ပြောသည်။
သံဒိုင် ဆေးရုံကမဆင်းခင်မှာပဲကားပိုင်ရှင်ခမျာနေ့တိုင်းလာရှာသည်။သံဒိုင်က မိမိဘက်ကကိုပေါ့ဆမှုကြောင့်မို့ဆိုပြီး ဘာမှအမ့ှုမလုပ်ဘဲကြေအေးပေးလိုက်သော်လည်း ရဲ ရေးကိစ္စရယ်မို့ ကားပိုင်ရှင်တော့ နည်းနည်းပါးပါး ရှင်းရသေးတယ်လို့သိရသည်..ကားပိုင်ရှင်ခမျာလည်းသံဒိုင့်ကို လေးလေးစားစားနဲ့ကို ကျေးဇူးတင်ရှာပါသည်။စိတ်ဓာတ်အောက်တန်းကျ တဲ့သူတွေဆိုရင်တော့ကားပိုင်ရှင်မှာရှင်းလို့ဆုံးမှာမဟုတ်တော့ပေ။
သံဒိုင် လဲကျ သွားမှလူတစ်ယောက်က သံဒိုင့် ဖုန်းကိုယူပြီး တွေ့ရာနံပါတ်တွေကို လိုက်ဆက် ပြီး အသိပေးသေးတယ်လို့ သိရသည်။ သက်လုံးကသိသိချင်းပဲ လိုက်လာဖြစ်ခဲ့တာတဲ့ လေ။ သံဒိုင်ကသေကံမပါသေးတော့ ကားမောင်းသူကလည်း ဘရိတ်အုပ်လိုက်နိုင်လို့ ပြင်းပြင်းထန်ထန်မဖြစ်လိုက်။
လဲအကျမှာ ခေါင်းနောက်စေ့နဲ့ လမ်းနဲ့ရိုက်မိလို့သတိမေ့သွားရပြီး ကားနဲ့တိုက်မိတဲ့ ဘယ်ခြေထောက်ခြေသလုံးရိုး အရိုးအက်သွားခဲ့ရသည်။ဒူးခေါင်းမှာလည်း အနည်းငယ် ထိလိုက်တော့ကျောက်ပတ်တီးစည်းတာကို ဒူးခေါင်းအထက်ပေါင်ထိအောင် စည်းပေးထားတာမို့ သံဒိုင်ဒူးကွေးလို့ မရသေး။
သံဒိုင် ဆေးရုံမှာတစ်ပတ်ပဲ နေခဲ့ရလိုက်သည်။ ဆင်းခွင့်ပြုု လိုက်တာမို့ ကိုယ့်အိမ်ကိုပြန်နေခွင့် ရခဲ့သည်။မြန်မြန်ဆင်းရမှာပဲ အဆင်ပြေမည်။
နို့မို့ရင် ညီတပည့်တွေနဲ့ သက်လုံးလေးခမျာ ပင်ပန်းရှာကြသည်။အလုပ်တွေကတစ်ဖက် သံဒိုင့်ဘေးနားမှာ တစ်ယောက်က အမြဲတမ်း နေပေးရတာတွေနဲ့လေ။ကိုယ့်နေရာကိုယ့် ပြန်နေခွင့်ရမှာပဲ အဆင်ပြေသွားပါတော့သည်။
အိပ်ရာပေါ်မှာပဲ ပက်လက်အိပ်အနေအထားနဲ့ ၄၅ ရက်နေ့ရဦးမည်။ ၄၅ ရက်ပြီးမှ ဓာတ်မှန် ရိုက်ကာ အဖြေကြည့်ပြီး ကျောက်ပတ်တီး အပေါ်ပိုင်း ဖြေပေးမည်လို့ ဆရာဝန်တွေက အသိပေးလိုက်ပါသည်။ လောကနေထိုင်မှု့ဘဝဖြစ်စဉ်မှာ ကျန်းမာရေးကောင်းဖို့ လိုအပ်ကြောင်း သံဒိုင် လက်တွေ့သိလိုက်ရပြီလေ။ယခုမိမိမှာဆိုးဆိုးရွားရွားဝေဒနာမခံစားရသော်လည်း ခြေထောက်မှာ ကျောက်ပတ်တီးနဲ့မို့ လမ်းလျှောက်လို့မရ ဒူးကွေးလို့မရတာကြောင့် အိမ်သာထိုင်လို့မရပေ။
ထမင်းစားလည်းဒီအိပ်ရာပေါ် မစင်သွားလည်းဒီအိပ်ရာပေါ်။ထမင်းစားရတာနောက်ကျောပြင်နောက်မှာခေါင်းအုံးထားပြီး စားရလို့ အဆင်ပြေသော်လည်း ရေမခူ ိးရတာရော မစင်သွားရတာအားမရတာရောကြောင့် သံဒိုင့် စိတ်မှာကသိကအောက် ဖြစ်လှသည်။
မိမိထက်ဝေဒနာဆိုးတွေ ခံစားရပြီး အိပ်ရာပေါ်လဲနေရတဲ့သူတွေခမျာ ဘယ်လောက်တောင်ခက်ခက်ခဲခဲ ရှင်သန်နေရမည်မသိဟု တွေးမိပြီးကြင်နာသနားမှု့ ခံစားရတော့သည်။နာခြင်းရဲ့ဒုက္ခ အသေးစားလေးခံစားရတဲ့ မိမိအဖို့မှာတောင် ဖြတ်သန်းရတာ မလွယ်ကူဘူးမဟုတ်ပါလား။
သက်လုံးပုံကတော့ သံဒိုင့်ဆီကို နေ့တိုင်းလာပြီးဂရုစိုက်ပြုစုပေးရှာသည်။ သံဒိုင့်အကြောင်းတွေကြောင့် ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားခဲ့ရပြီး မိသားစုရယ်နဲ့လို့ နွေးနွေးထွေးထွေးမနေခဲ့ရပေမဲ့ လက်ရှိကိုယ့်ကို လေးစားချစ်ခင် ကြတဲ့ ညီတွေ ညီမနဲ့ နေထိုင်ရှင်သန်ရတာ မိသားစုသဖွယ်ဖြစ်နေလို့တော်ပေသေးသည်။ သက်လုံးလေးက အပြုံးလေးနဲ့ပဲ အားပေးရှာ သေးသည်။
" ကိုရီးလုပ်ချင်တာတွေ ထ မလုပ်ရလို့စိတ်ညစ် နေလား စိတ်ညစ်မနေနဲ့နော် နားရတာပေါ့ ကိုရီးရယ် "
" ဘာမှမဖြစ်ပါဘူး သက်လုံးရယ် အကိုက စိတ်ကို ဖြေတွေးပြီး နေတတ်ပါတယ်"
" ဟုတ် ကိုရီး"
ဖြစ်သွားပြီးမှ ဘာမှမတတ်နိုင်တဲ့အနေအထား မှာ သံဒိုင် စိတ်ကိုတွေးပြီး ဖြေနိုင်ပါသည်။ ဖြေလို့မရနေတာ တွေးလို့မရနေတာက……နှင်း နဲ့ လင်း
သံဒိုင် ဆိုင်ပြန်ရောက်တာပဲ တစ်ပတ်ကျော် သွားပြီ…ဆေးရုံမှာနေခဲ့ရတာက တစ်ပတ်မလို့ အက်ဆီးဒင့် ဖြစ်ပြီးတာ နှစ်ပတ်ကျော်သွားပြီ။ နှင်းကလည်း ဖုန်းမဆက် လင်းကလည်းဖုန်းမဆက်။နှင်း ကိုအိပ်မက်လိုလို သတိရမိတာလိုလိုတွေထဲမှာတော့ ခဏ ခဏ တွေ့ရသည်။
နှင်းလည်း သူ့ကို သတိရနေမည်ဆိုတာတော့ သံဒိုင် ယုံကြည်သည်။ဒါကြောင့်နှင်း ဆီကိုဖုန်း ဆက်ကြည့်တော့ စက်ပိတ်ထားသည်တဲ့။ မနေနိုင်လွန်းလို့ လင်း ဆီဖုန်းဆက်ကြည့်တော့လည်း စက်ပိတ်ထားသည်။ဦးနဲ့ အန်တီ ရဲ့ဖုန်းတွေကျလည်း သံဒိုင် မခေါ်ချင်။
သံဒိုင်ဖြစ်သွားတာကို လာမမေးနိုင်ရင်တောင် ဖုန်းဆက်ကတော့မေးမဲ့ မိသားစုရယ်ပါ။ လူမှု့ရေးခေါင်းပါးတဲ့ လူတွေမှ မဟုတ်တာ။တစ်စုံတစ်ခု နှင်းတို့ မိသားစုမှာဖြစ်နေပြီဆိုတာတော့ သံဒိုင် ခံစားမိသည်။စိတ်ထဲမှာလည်းလေးလေးကြီး ဖြစ်ဖြစ်သွားရသည်။
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် နှင်း မဟုတ်ရင် တောင် လင်းကတော့ ဖုန်းဆက်သင့်ပါသည်။ ဖုန်းမဆက်တာကို သံဒိုင် ဖြေလို့မရ။ဖုန်းလာပြီ ဆိုရင် နှင်းလား လင်းလား ကော်လာနံပါတ်ကို ကြည့်ရတာအမော။ခင်ခဲ့တဲ့ သိခဲ့တဲ့ မိတ်ဆွေ တွေဆီက ဖုန်းတွေသာ ဖြစ်လို့နေသည်။ သံဒိုင် ကျော်နဲ့မော်ကိုလည်း မမေးဖြစ်သလို နှင်းတို့အိမ်ကို သွားခိုင်းဖို့စဉ်းစားမိသော်လည်း ဘာကြောင့်မှန်းမသိ မလွှတ်မိ။
ဆေးရုံကဆင်းပြီး ရက်(၂၀)မြောက်တဲ့နေ့။ သံဒိုင် နှင်း ကို သိပ်သတိရမိတဲ့နေ့ရက်တစ် ရက်မှာ……မော်က အခန်းထဲ ဝင်လာပြီး…
" အကို အမလင်းသုသွင် လာတယ်"
သံဒိုင် ရုတ်တရက်တော်တော်လေးကို ဝမ်းသာသွားသည်။နှင်း ကို လွမ်းဆွတ်သတိရမှု့တွေကြောင့် လင်း လာတာကို ပျော်သွားသည်။
" အခန်းထဲ လွှတ်လိုက်လေကွာ"
" ဟုတ် အကို"
မော် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ … လင်း ဝင်လာတော့သည်။
" ဆရာ"
" လင်း"
သံဒိုင် လင်း ကို မြင်လိုက်ရတော့ တော်တော်လေးအံ့သြသွားရသည်။ ချောမောလှပတဲ့လင်းသုသွင် ဆိုတဲ့မင်းသမီးကအခုဖြစ်နေလိုက်တာကြီးက လောကဓံရဲ့ အထုအနှက်တွေကိုခါးစည်းခံနေရတဲ့ အပူသည်မိန်းမတစ်ယောက်လို။ ပြီးတော့လင်းက မိမိကိုခေါ်တာက"ဆရာ" တဲ့လေ။ လင်းက သံဒိုင့်အိပ်ရာပေါ်မှာပဲ လာထိုင်ပြီး
" သက်သာရဲ့လား ဆရာ"
" သက်သာပါတယ် လင်းရယ် အကိုက ဘာမှ မဖြစ်ပါဘူး ခြေထောက်အရိုးအက်သွားလို့ အိပ်ရာပေါ်မှာပဲနေနေရတာလေဘာမှမဖြစ်ပါဘူး"
" ဟုတ် ဆရာ အင့် အင့် ဟီး"
ဟာ!လင်းလည်း ငိုနေပြန်ပြီ။သံဒိုင့် ရင်ထဲမှာ"ဒုန်း"ဆို နှလုံးဆောင့်တက်လာကာ "အင့်"ဆိုပြီးရင်ဘတ်ထဲမှာအောင့် သွားရသည်။
" ဘာဖြစ်လို့ ငိုနေတာလဲ လင်းရယ်"
လို့ သံဒိုင်မေးလိုက်ရသော်လည်း လင်းဖြေမဲ့ အဖြေကစိတ်ချမ်းသာစရာကောင်းမဲ့ အဖြေမဟုတ်နိုင်ဘူးဆိုတာ သိနှင့်ပါပြီလေ……ဒါမဲ့ တိကျ စေဖို့လင်းရဲ့နှုတ်ထွက်စကားတော့မျှေ ာ်မိရပါသည်။
" ဆရာ"
လင်းက သံဒိုင့်ကိုတစ်ခွန်းခေါ်ပြီး ဆက်မပြော သေးသလို သံဒိုင်ကလည်း မထူးမိသေး။
" ဆရာ"
" လင်း"
" ဆရာချစ်တဲ့နှင်းက ဆုံးသွားပြီဆရာ"
" ဘာ!!!!!!!!!!!! လင်း"
သံဒိုင် အံ့သြလွန်းခြင်းနဲ့အတူစိတ်တွေဆောက်တည်ရာမရ တဒင်္ဂဖြစ်သွားရတော့သည်။သံဒိုင်အော်သံကျယ်သွားလို့ထင် ကျေ ာ်နဲ့မော် အခန်းထဲ ပြေးဝင်လာသည်။သံဒိုင့်နားကိုကပ်လာကျသည်ကိုတော့ မျက်ရည်ကြားကနေ သံဒိုင်သိလိုက်သေးသည်။ သံဒိုင် သောကအပူမီးတွေနဲ့အတူ "တအီးအီး"သာ ငိုချ လိုက်တော့သည်။
ချစ်ရသောနှင်းက ပျောက်ကွယ်သွားနှင့်ပြီတဲ့။ သံဒိုင် လင်း ပြောပြတာတွေကို ကြားတစ်ချက် မကြားတစ်ချက်။အသိသတိကပ်နေရင် ကြား တယ်။သိစိတ်လွတ်သွားရင် မကြားသလို။ အသံတွေသာ ကြားရတယ် ဘာမှန်းမသိ။
တော်တော်ကြာကြာကြီးနေပြီးမှ လင်းပြန်သွား တော့သည်။ လင်းမပြန်ခင်မှာပဲ သံဒိုင့်ကို အောက်ဆင်းပြီး ထိုင်ကန့်တောသွားသလို နောက်ကိုမလာနိုင်တော့ဘူးဆိုတာရယ် သံဒိုင့်ရဲ့ မွေးနေ့အတွက် နှင်းနဲ့လင်းရဲ့ မွေးနေ့ လက်ဆောင်ပေးဖို့ လုပ်ထားတာဆိုတဲ့ ပစ္စည်းတွေလည်းထားခဲ့တာကိုတော့ သံဒိုင် သိလိုက် သေးသည်။လင်းက တစ်ခါတည်း နှုတ်ဆက်သွားခဲ့တာတဲ့လေ။သံဒိုင့်ကိုနှုတ်ဆက်တာတင် မဟုတ်ဘူး သရုပ်ဆောင်အလုပ်ပါ ကျေ ာခိုင်း သွားတော့တာ။
သံဒိုင် လင်းပြန်သွားပြီးနောက်ရက်တွေမှာလည်း အစားမဝင်သလိုအိပ်လို့လည်းမရတော့။အချ ိန်ပြည့်နှင်းကိုသာသတိရနေမိတော့သည်။ ဖြစ်ဖို့ပျက်ဖို့အကြောင်းတွေ တိုက်ဆိုင်လာရင်ဘယ်အရာကမှတားဆီးခြင်းငှာ မစွမ်းသာဘူးဆိုတဲ့ စကားက သိပ်မှန်ကန်သည်။
သံဒိုင် ကားတိုက်ခံရတော့ လူတစ်ယောက်က သံဒိုင့်လွတ်ကျ တဲ့ ဖုန်းကို ကောက်ယူပြီးကောလော့ထဲကနံပါတ်တွေကိုတော်တော်များများ ဆက်သွယ်အသိပေးခဲ့သတဲ့လေ။ အဲဒီမှာမှ နှင်း နှင်း ဆီကို……သံဒိုင် ဖြစ်ပျက်ပုံတွေကို ဆက်မတွေးနိုင်လို့ ဘာမှမဆိုင်ပဲ မျက်လုံးတွေကို မှိတ်ပြစ်လိုက် တော့ မျက်ရည်တွေက အလိုလို စီးကျ လာ ပြန်တော့သည်။
ဖုန်းကိုင်ပြီးနားထောင်လိုက်တဲ့နှင်းခမျာ ချစ်သူအတွက် စိတ်ပူစွာနဲ့ အောက်ထပ်ကို ပြေးဆင်းအလာ လှေကားပေါ်ကနေ အောက်ကိုခြေချော်ကျ ရသတဲ့လေ။
နှင်း ရယ် မောင်က ဘာမှမဖြစ်ပါဘူး။ နှင်းက လေ ကိုယ့်ဒုက္ခကိုယ်မေ့ပြီးတောင် မောင့်အ တွက် စိုးရိမ်တတ်သတဲ့။မဖြစ်သင့်ပါဘူး နှင်းရယ် လုံးဝမဖြစ်သင့်ဘူး။ အဲလိုကြီး စိုးရိမ် စိတ်မများသင့်ပါဘူး နှင်း ရယ်။ ဒါတွေကြောင့် နှင်း မောင့်ဆီကို ရောက်လာခဲ့ တာကိုးမောင့်က အိမ်မက်တွေပဲမှတ်နေခဲ့တာ။လာတော့ နှုတ်ဆက်ခဲ့သေးတယ်နော် နှင်း။ နှင်းလည်း မောင့်ကို သိပ်ချစ်တာ သိပါတယ် နှင်း ရဲ့။
နှင်းပြောခဲ့သေးတယ်နော်။လင်းက စာအုပ်ဖတ်ပြီး စာအုပ်ထဲက အကြောင်းအရာတွေ ပြောပြတော့ နှင်းက "ဘာမြူ ရယ် တြိဂံ"ဆိုတာကိုစိတ်ဝင်စားပြီးကောင်းကောင်းကြီးမှတ်မိနေတာဆိုတာကိုလေ။မောင်နဲ့ ချစ်သူတွေဖြစ်ပြီးတော့နှင်းခမျာ မောင်နဲ့လင်းပတ်သက်တာတွေကိုလည်းသိပေမဲ့ မောင့်ကို ဘာဆိုဘာမှ အပြစ်ပြောမသွားခဲ့ဘူးနော်။
နှင်းက စိတ်ဝင်စားခဲ့တဲ့ဘာမြူ ရယ်တြိဂံကြောင့် လေယဉ်တွေတောင်စင်းလုံးပျောက်တာ နှင်းလည်း အဲဒီနားလေးသွားပြီး ပျောက်ကွယ်သွားချင်တာတဲ့လားနှင်းရယ်။
" မောင်ရယ် နှင်း ပျောက်ကွယ်သွားချင်တယ်ပျောက်ကွယ်သင့်ပါပြီ "လို့ ထပ်ပြောလာမဲ့ နှင်းအသံကို မောင်ကြားခွင့် မရှိတော့ဘူးပေါ့။ သိပ်ချစ်ပါတယ်နှင်းရယ်။ အချစ် အချစ်တွေတဲ့ နှင်း။မောင့်က နှင်းကို သိပ်ချစ်တော့ သမုဒယတွေနဲ့ပဲ ဘဝကို မောင်ဖြတ်သန်းနေရဦးမှာ ပေါ့ နှင်းရေ။ ။
-----------------------------------
သံဒိုင့်ခြေထောက်တွေ ပြန်ကောင်းပြီး အလုပ်တွေ ဆက်လုပ်နေခဲ့သေးသည်။ အရိုးအက်သွားတဲ့ ကိစ္စက ဘာမှမဖြစ်ဘူးဆိုပေမဲ့ အချ ိန်တော့တော်တော်ပေးလိုက်ရသေးသည်။ ၄၅ ရက်အကြာမှာ ဒူးခေါင်းကွေးလို့ရအောင် ကျောက်ပတ်တီးကို ဖြည်ပေးပြီး နောက်ထပ်အသစ်ကိုဒူးခေါင်းအောက်ပဲ လုပ်ပေးလိုက်တော့သည်။
အရိုးတွေကဆက်စမို့ ခြေသလုံးကိုပဲအသစ်ပြန်စည်းပေးပြီး အရိုးအားတိုးဆေး စားနေရသေးသည်။ ဂျိုင်းထောက်နဲ့ အခန်းအပြင်ထွက်လို့ရ ဒူးကွေးလို့လည်းရသွားတာမို့ ကိစ္စတော်တော်များများ အဆင်ပြေသွားသလိုဆိုင်ထဲမှာပဲ ဓာတ်ပုံပြန်ရိုက်လာနိုင်တော့သည်။
နောက်ထပ်လေးဆယ့်ငါးရက် အကြာမှ ကျောက်ပတ်တီးကို လုံးလုံးဖြည်ပေးလိုက်ပြီး လမ်းလျှောက်ရင်တော့ ဖြစ်ခဲ့တဲ့ခြေထောက် ဘက်ကို အားမစိုက်ဖို့ ဂျိုင်းထောက်ပဲ အားပြု သွားဖို့ ဆရာဝန်တွေက မှာကြားပါသေးသည်။
ကျောက်ပတ်တီးဖြည်ပြီးတာတောင် ဒီတိုင်း အလွတ်သွားလို့ မရသေးပါ။ နောက်ပိုင်းမှပဲ အလွတ်သွားလို့ရတော့သည်။
အင်တာဗျူးတစ်ခုမှာ……မော်ဒယ်လ်မမတစ်ယောက် ဖြေတာကို သံဒိုင် တော်တော်လေး သဘောကျသည်။သူပြောတာမှန်လည်းမှန်တယ်လေ။
" မြန်မာ ဇာတ်ကားတွေထဲမှာ ခြေထောက်ကျိုးလို့ကျောက်ပတ်တီးစည်းရပြီးကျောက်ပတ်တီးဖြုတ်ပြီး ပြီးခြင်း ထလမ်းလျှောက်တာ ထပြေးသွားတဲ့ ဇာတ်ဝင်ခန်းတွေကို အရမ်းရယ်ချင်သတဲ့ "
သံဒိုင်ကိုယ်တိုင်လည်း ကိုယ်တွေ့မလို့ကျောက်ပတ်တီး ဖြေပြီးပြီးချင်း လမ်းလျှောက်လို့မရတာ သေချာသည်လေ။
သံဒိုင် အလုပ်ကိစ္စတွေနဲ့ မြို့ထဲရောက်တဲ့အခါ အန်တီငြိမ်းကို ရုတ်တရက်မြင်လိုက်တွေ့လိုက် တာမျိုးတွေ ရှိပါသည်။ အန်တီငြိမ်းကလည်းသူ့ကို ဘာမှမဆက်သွယ်တော့တာမို့ သံဒိုင့်ဘက်ကလည်းမဆက်သွယ်တော့ပါ ဆက်သွယ်ချင်စိတ်တွေလည်း မရှိတော့။မထင်မှတ်ပဲ
တစ်နေရာရာမှာ တွေ့ဆုံခဲ့ရင်တောင် သာမန် မိတ်ဆွေတစ်ယောက်အနေနဲ့ပဲ စကားပြောဖြစ် ပါလိမ့်မည်။ ဒါပေမဲ့ သံဒိုင့် မွေးနေ့အတွက် မွေးနေ့လက်ဆောင်ကိုတော့ ဆေးရုံထိလိုက် လာပြီး ကျော့်ကို လာပေးသွားပြီး သံဒိုင်လုံးဝ နေကောင်းကာကျ မှ ပေးဖို့မှာခဲ့သလို… ပိုက်ဆံလိုအပ်တာတွေ ရှိရင်လည်း ကျော့်ကို သူ့ဆီ ဖုန်းဆက်ဖို့ ပြောသတဲ့။ ဘာတွေပြောခဲ့ သေးလဲလို့ သံဒိုင် ကျော့ကို မေးတော့
" အက်ဆီးဒင့် ဖြစ်တာ ငြိမ်းသိပါတယ်"လို့သာ ပြောလိုက်ပါတဲ့လေ။
လင်း အကြောင်းတွေလည်း သိပ်မကြားရတော့လင်းက လက်ခံထားတဲ့ဇာတ်ကားတွေအတွက် လျော်ကြေးနဲ့ ရှင်းပြစ်ပြီး ဘာမှ ဆက်မလုပ်တာတော့ သိရသည်။ လင်းက "ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ဆရာ…ဆရာနဲ့နှင်း ကို အကြင်လင်မယားဖြစ်ခဲ့ပြီလို့ လင်း သတ်မှတ်ထားပါပြီ နှင်းအတွက် အလှုူ အတန်းလုပ်ရင် ဆရာ့နာမည်ရောတတ်မှာပါ…ဆရာလည်းဟုတ် အကိုလည်းတော်သွားပြီမို့ လင်း ဆရာ့ကိုကန်တော့ခဲ့ပါတယ်" ဆိုပြီး ကန်တော့သွားခြင်းပင်။ သံဒိုင်ပြောချင်တာလေးရှိတာတော့ လင်းကို နောက်ထပ်မတွေ့ရတော့ မပြောရတော့ပေ။ လင်းက သူ့နှလုံးသားထဲက အချစ်တွေဟာ"သံကြောင့် လင်း သေခဲ့ပြီ "ပြောလို့
သံဒိုင်ကလည်း
" သံကြောင့် လင်း သေခဲ့ပြီးရင်နှင်းကြောင့်လည်း သံ သေခဲ့ပါပြီ"လို့။
----------------------------
တစ်နေ့သားမှာတော့ သံဒိုင့်အခန်းထဲက ဘီရိုထဲကနေ မွေးနေ့လက်ဆောင်ပုံးများကို သံဒိုင် ဖောက်ကြည့်ဖြစ်တော့သည်။အများကြီးမဟုတ်ပါဘူး လေးခုထဲရယ်ပါ။ အန်တီငြိမ်းပေးသွားတာရယ် နှင်း ပေးခဲ့တာဆိုတာရယ် လင်း ပေးခဲ့တာရယ် သက်လုံး ပေးတာလေးရယ်ပါ။
နှင်း ပေးခဲ့တာကိုပဲ သံဒိုင်အရင်ဖောက်လိုက် ဖြစ်သည်။သံဒိုင်တို့ ညနေဘက်မှာ တွေ့ဖို့ချ ိန်း ခဲ့တာ။ မိမိတို့ချစ်သူနှစ်ယောက် တွေ့ဆုံခွင့်မရ ကြတော့ပေ။ လှေကားပေါ်ကနေ ဒလိမ့်ခေါက် ကွေးကျပြီး ဆေးရုံမရောက်ခင်မှာပဲ ဇီဝိန်ချုပ် ငြိမ်းခဲ့ရသတဲ့လား နှင်းရယ်။ သံဒိုင် တုန်နေတဲ့ လက်တွေနဲ့ ပါကင်ဘူးကို ဖောက်ပြီး ကြည့် လိုက်တော့ နောက်ထပ်ဘူးတစ်ဘူး တွေ့ရသည်။ဘာ ဘူးမှန်းတော့ ဓာတ်ပုံဆရာဖြစ်တဲ့ သံဒိုင်က သိပါသည်။ အထဲမှာ ကင်မရာ။ ထုတ်ကြည့်လိုက်တော့ ပရိုဓာတ်ပုံဆရာတွေကိုင်ရိုက်ကြတဲ့ ဖူးဖရိမ် Nikon Camera ။
လင်းပေးတဲ့ ဘူးကို ဖောက်ကြည့်လိုက်တော့ လည်း နှင်းပေးတဲ့ ကင်မရာနဲ့ မော်ဒယ်တူ Nikon Camera ပဲ။ဒါမဲ့ လင်းက ကင်မရာကို အလှစတေကာ ဒီဇိုင်နာဆီမှာ အပ်ပြီးပေးပုံရ သည်။ကင်မရာကို စတေကာတွေနဲ့အလှဆင် ထားပေးသည်။ကင်မရာရဲ့တန်ဖိုးတွေကတော့ မနည်းပါ။
လက်ဆောင်ဘူးထဲမှာတော့ အန်တီငြိမ်းပေးတဲ့ ဘူးက အကြီးဆုံး။ သံဒိုင် ဖောက်ကြည့်လိုက်တော့ ကင်မရာပဲ။ ဒါပေမဲ့ အန်နီငြိမ်းပေးတာက Canon DSLR Camera ။ခေတ်ကာလ ပေါက်ဈေးနဲ့bodyရော lens ရော တန်ဖိုးမနည်းဘူးဆိုတာသံဒိုင် သိပါသည်။
သံဒိုင်တို့ ဓာတ်ပုံဆရာတွေမှာ Canon သုံးတဲ့ဆရာ Nikon သုံးတဲ့ဆရာ Sony သုံးတဲ့ဆရာ ကိုယ့်အကြိုက်နဲ့ကိုယ်အမျိုးမျိုးသုံးစွဲကြပါသည်။ သံဒိုင်က Nikon သမား။ Nikon ကို ဘာကြောင့်သုံးဖြစ်တာလည်းဆိုတော့ ကင်မရာအကြောင်းဘာမှ မသိခင် ဆရာဆန်းဆီရောက်လာတော့ဆရာဆန်းကလည်း Nikon ယူဆာမို့ သံဒိုင့်က Nikon နဲ့ ပိုရင်းနှီးခဲ့ရာမှ ကိုယ်ပိုင်လုပ်ဖြစ်တော့လည်း Nikonပဲ ဝယ်သုံးဖြစ်တော့သည်။
နာမည်ကျော် ပစ္စည်းတွေမို့ အားလုံးကောင်းပါသည်။ကိုယ်နဲ့ အဆင်ပြေမဲ့ ကင်မရာသာဝယ်ဝယ်သုံးကြသည်လေ။အခုတော့ အန်တီငြိမ်းကCanon ဝယ်ပေးလာတော့လည်း Canon ပါသုံးရတော့မည်ပေါ့။
နောက်ဆုံး သက်လုံးပေးတဲ့ လက်ဆောင်ဘူး လေးကို သံဒိုင် ဖောက်ကြည့်လိုက်တော့သက်လုံးဝယ်ပေးတာကလည်း ကင်မရာပဲ။ sony ကင်မရာသေးသေးလေး။အပျော်တမ်း သမားတွေ ခရီးသွားဘာညာမှာ သုံးကျသည်။ဘာပဲဖြစ်ဖြစ် သံဒိုင် သဘောကျသည်။ သံဒိုင်တို့က ကင်မရာကြီးတွေပဲ ကိုင်ရိုက်နေ တာမို့ ဒီလိုအသေးလေးတွေကျ သိပ်မသုံးဖြစ်။
သံဒိုင် သက်လုံးပေးတဲ့ ကင်မရာကျမှ battery ဘာညာထည့် ပါဝါဖွင့်ပြီး စမ်းရိုက်ကြည့်လိုက် တော့သည်။အကောင်သေးပေမဲ့ ခေသူမဟုတ် ရုပ်ထွက်မညံ့ပေ။ဂျပန်က ဓာတ်ပုံဆရာ အဘိုး ကြီးတွေက ဒါလေးတွေနဲ့ပဲ ခရီးသွားရင်း အမှန်အကန်ကောင်းတဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ်သတဲ့လေ။ ဒါကြောင့် ဓာတ်ပုံ ပညာရှင်ဂုရုကြီး တွေက ကင်မရာက အရေးမကြီးဘူး… ကင်မရာနောက်ကလူကပဲ အရေးကြီးတယ်လို့ ဆုံးမ ခဲ့ပါသည်။
သံဒိုင် သက်လုံးကင်မရာလေး ကိုင်ကြည့်ရိုက် ကြည့်နေရင်းမှ သက်လုံးပုံလေးကို သတိရမိ သည်။အိမ်ထောင်ပြု ဖို့ကို မတွေးတော့ မလုပ် တော့ဘူးလို့ဆုံးဖြတ်ခဲ့တာ သက်လုံးကို မေ့နေ ခဲ့ရသည်။မိမိဆီက ဘာရယူလိုမှု့မှ မရှိပဲ သက်သက်မဲ့ အဖြည့်ခံလေး သက်လုံးပုံ။
သံဒိုင့်အချစ်တွေကတော့ နှင်းနဲ့အတူပါသွားခဲ့ ပြီ။ သံဒိုင် သက်လုံးကို ချစ်သူတစ်ယောက်လို တော့ ချစ်လို့ရမှာမဟုတ်တော့။ဒါပေမဲ့ ကြင်နာခြင်းတွေရယ် သံယောဇဉ်တွေရယ် ပေါင်းပြီးသက်လုံးကိုတာဝန်ယူသင့်သည်လေ။ သံဒိုင် ကင်မရာတွေ ပြန်သိမ်းပြီး သက်လုံးဆီ ကို ထွက်ခဲ့လိုက်တော့သည်။
ဆိုင်မှာ အခြားလူတွေလည်းရှိတာမို့ သံဒိုင် သက်လုံးကို ဆိုင်နဲ့လည်း သိပ်မဝေးတဲ့ ပန်းခြံ လေးဆီ ခေါ်လာခဲ့လိုက်သည်။ပန်းခြံထဲမှာ တော့ ကလေးအချို့ ကစားနေကြသည်။
" ကိုငယ် ဘာတွေများ အရေးကြီးလို့ သက်လုံး ဆီ လာတာလဲ"
သက်လုံးက ရယ်ရယ်ပြုံးပြုံးနဲ့ စကားပြောလိုက်ပေမဲ့ သက်လုံးက "ကိုငယ်"လို့ ခေါ်လိုက်တာ ကြောင့် သံဒိုင့်ရင်ထဲ "လှပ်ကနဲ"တော့ဖြစ်သွားသည်။
" ပြောစရာ ရှိလို့ပါ သက်လုံးရယ်"
" ဟုတ် သက်လုံးလည်း ကိုငယ့်ကို ပြောစရာ ရှိနေတာ "
ဒီစကားပြောတော့ သက်လုံးက ရယ်မနေတော့။
" ဟုတ်လား သက်လုံးက အကို့ကိုဘာတွေများ ပြောချင်တာလဲ ပြောဗျာ"
" ပြောချင်တာထက် ကိုငယ့်ကို အသိပေးရမှာပါ သက်လုံး အိမ်ထောင်ပြုု တော့မလို့ ကိုငယ်ရဲ့"
သံဒိုင် ဘာဆက်ပြောရမှန်းတောင်မသိဖြစ်သွားသည်။သက်လုံးက သံဒိုင်နေမကောင်းဖြစ်နေချ ိန်မှာတော့ နေ့စဉ် လိုအပ်တာမှန်သမျှ လာလုပ်ပေးပြီး သံဒိုင် ခြေထောက်ပြန်ကောင်းသွားတော့ သိပ်မလာဖြစ်တော့။သူ့ အကိုအဆင်ပြေသွားပြီ သက်လုံးမလိုအပ်တော့ဘူးလို့ပဲ တွေးရှာတာနေလိမ့်မည်လေ။သက်လုံးအနေအထိုင် တတ်သွားခဲ့ပါပြီကော……
သံဒိုင် ရင်ဘတ်ထဲကနေလည်း "အဟတ်" ဆိုပြီး ကိုယ့်ကိုကိုယ် လှောင်ရီရယ်ပြစ်လိုက် မိတော့သည်။
" သက်လုံးက အိမ်ထောင်ပြု တော့မှာပေါ့ တစ်ဖက်က လူတွေနဲ့က စကားတွေ ပြောပြီး သွားပြီလား… အကိုက သက်လုံးကို တာဝန်ယူပါရစေ လို့ ပြောရင်ရော"
ရယ်သည်။သက်လုံး ရယ်နေသည်။ သက်လုံးပုံရယ်နေခဲ့သည်။ ရယ်ရင်းမှ သံဒိုင့်မျက်နှာ့ကိုသေချာ ကြည့်နေတော့သည်။ကြည့်နေရင်းမှသံဒိုင့်မျက်နှာအမှုအရာကြောင့် အားနာစွာစိတ်မကောင်းဖြစ်သွားပုံရပြီး သူ့မျက်နှာလေးလည်း ညှိုးကျ သွားကာ……
" တာဝန်ယူစရာမလိုပါဘူးကိုငယ်ရယ် သက်လုံး နားလည်ပါတယ်…ဘဝမှာ ချစ်တဲ့သူနဲ့ကွေကွင်းရခြင်းသည် ဒုက္ခဖြစ်သလို ကိုယ် မချစ်မနှစ်သက်တဲ့သူနဲ့ ပေါင်းသင်းရခြင်းသည် လည်း ဒုက္ခပဲတဲ့လေ…ကိုငယ့်ကိုအဲဒီဒုက္ခတွေ မခံစားစေချင်ဘူး…ခံစားခြင်းခံစား သက်လုံးပဲ ခံစားမယ်…သက်လုံးက သက်လုံးသိပ်ချစ်တဲ အကိုတစ်ယောက်နဲ့ အဆုံးစွန်ထိနေခဲ့တယ် ဆိုတာလည်း ခု သက်လုံးနဲ့လက်ထပ်မဲ့သူကို အမှန်အတိုင်းပြောပြထားပြီးသားလေ… သူကလည်း နားလည်လက်ခံပေးတယ်...ဒါကြောင့် သက်လုံးဘက်က အဆင်ပြေတယ် ပြီးတော့ သက်လုံးက ဘဝကိုနေတတ်ပါတယ် ကျေ လည်းကျေနပ်တယ်လေ ကိုငယ့်ကသာ ခံစားချက်သိပ်ကြီးတဲ့လူတစ်ယောက်မို့ ပိုပြီး စိတ်ပူမိပါတယ် သက်လုံးအတွက်က မပူပါနဲ့ကိုငယ်ရယ်… ကိုငယ် သက်လုံးလေ ဆယ်တန်းမအောင်ခဲ့ပေမဲ့အလိုက်တော့သိပါတယ်ရှင်"
သံဒိုင် မျက်လုံးတွေကို စုံမှိတ်မိပြန်သည်။ရင်ထဲမှာငိုကြွေးခြင်းသက်သေက မျက်ရည်တွေပဲလေယောင်္ကျားမှန်ရင် မျက်ရည်မကျရဘူးလို့အဘယ်သူပြောခဲ့ပါသနည်း။တစ်လောကလုံးကြားအောင် ဟားတိုက်ပြီးရယ်မောပြစ်လိုက်ချင်သေးသည်။
သံဒိုင့်စိတ်ကိုပြန်ထိန်းပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ သက်လုံးက အနားမှာမရှိတော့… ဟိုးခပ်ဝေးဝေးလေးတောင် ရောက်သွားပြီ။ သံဒိုင် မျက်လုံးမှိတ်ထားလို့အသံမကြားအောင် ခြေဖွဖွလေးနင်းပြီး အလိုက်တသိ ထွက်သွား ပေးတာ ဖြစ်လိမ့်မည်။
" ဆယ်တန်းမအောင်ပေမဲ့ အလိုက်တော့ သိတတ်သတဲ့လား သက်လုံးရယ်"
သံဒိုင် Studio ကိုရော ကင်မရာတွေရော ညီတွေကို လွှဲခဲ့ပြီး ခရီးထွက်လာခဲ့လိုက်သည်။ နှင်း လင်း ငြိမ်း သက်လုံးတို့ ပေးခဲ့တဲ့ ကင်မရာတွေတော့ပါသည်။ဘဝမှာ ဘာဖြစ်ချင်ပါတယ်ဘာကိုတော့တက်မက်ပါတယ်လို့မရှိတော့။
အခွင့်အရေးတွေကို ရသလောက်ယူခဲ့တာတွေ ရဲ့ အပြစ်ဒဏ်တွေလား။ မသိဘူး ။ဘာမှလည် မသိချင်ဘူး။ဘာမှလည်း မလိုချင်ဘူး။ သံဒိုင် အဆင်ပြေသလို လျှောက်သွားနေမိတော့သည်။
ဘဝကို ရေစုန်မျေ ာနေမှာတော့ မဟုတ်ဘူး။ အဖတ်ဆယ်လို့မရအောင် မိမိဘဝက ပျက်သွားတာမှ မဟုတ်တာ။လောကအတွက် တတ်နိုင်သလောက်တော့ လုပ်ပေးဦးမှာပါ။ဒါမဲ့လိုချင်မှု့ တဏှာ ဆိုတာလေးမရှိတော့ နေရထိုင်ရတာ တော်တော်လေးအေးချမ်းတာတော့တွေ့ရသည်။ ပျော်ရွှင်ခြင်းလား ပျော်ရွှင်ခဲ့ဖူးပါသည်။ ဝမ်းနည်းခြင်းလားမျက်ရည်တွေကျရသည်အထိဝမ်းနည်းခဲ့ပြီးပြီ။
ဒီမြို့လေးရဲ့ မြို့စွန်တောင်ကုန်းထိပ်က စေတီ လေးမှာ သံဒိုင် လာထိုင်ဖြစ်သည်။သိပ်ကို အေးချမ်းလို့။ညနေပိုင်းကျ လူရှုပ်သည်။မြို့က လူတော်တော်များများ အလုပ်သိမ်းပြီး လာကျ တာများသည်။သံဒိုင်ကတော့ မနက်ပိုင်းပဲ လာထိုင်ဖြစ်သည်။ ဒီမြို့လေးကို သံဒိုင်ရောက် နေတာပဲ တစ်ပတ်လောက်ရှိသွားခဲ့ပြီလေ။
အတိတ်ကို တွေးပြီးပူဆွေးမနေသင့်တော့လို့ ဆုံးမသြဝါဒစကားရှိပေမဲ့ သံဒိုင်က အတိတ်ကိုတွေးပေမဲ့ ပူဆွေးတော့ မနေပါဘူး။ လောကီအနာဂတ်ကို နည်းနည်းမှ စိတ်မဝင်စားတော့တာမို့ အတိတ်ဆီကို ခဏခဏ အလည်ရောက်သွားခြင်းသာ။ အနာဂတ်ရိက္ခာကို ပါသလောက်ယူဖို့ ဆုံးဖြတ်ထားတဲ့ သံဒိုင့်က……ချောက်သေးတွေ့ရင်တောင် ခုန်တတ်ခဲ့တဲ့ ပုဂ္ဂိုလ်မြတ်ကြီးတစ်ဦး နုစဉ်အခါမှာ ဝါသနာကို မစွန့်ပယ်နိုင်သလို…သံဒိုင်လည်း ဓာတ်ပုံရိုက်ခြင်း ဝါသနာကိုတော့မစွန့်ပယ်နိုင်သေး။
လူအများနဲ့စကားမပြောချင်တော့တာမို့ ရန်ကုန်မြေကို ခြေချ ဖို့စိတ်ကူးကတော့ လုံးဝမရှိတော့ လူတွေကိုလည်း ဓာတ်ပုံမရိုက်ချင်တော့။ ကျော်နဲ့ မော်လည်း သူတို့ဘဝအတွက် အဆင်ပြေစွာ ရပ်တည်နိုင်လိမ့်မည်လို့ သံဒိုင်ယုံကြည်ပါသည်။သံဒိုင် အတွေးများစွာထဲ ဝဲလည်နေတုန်းမှာပဲ………
["ရန်အောင်မြင်" စေတီတော်မြတ်ကြီးအတွက် ကိုငယ်သံဒိုင် နှင့် မနှင်းနှသွင် တို့မှ စေတနာသဒ္ဒါတရား ရှေ့ထားပြီး အလှူ တော်ငွေ ငါးသောင်းကျပ်ကို ထည့်ဝင်လှူ ဒါန်းသွားပါသည်ခင်ဗျား]
ဆိုတဲ့ အလှုူ ခံမဏ္ဍပ်မှ လောစပီကာသံကို ကြားလိုက်ရတော့ သံဒိုင် အတွေးတွေရပ်ပြီး အံ့သြဘနန်းတော့ ဖြစ်သွားသေးသည်။
အလှူခံမဏ္ဍပ်ရှိရာ လမ်းကြည့်လိုက်တော့ အဘိုးကြီး နှစ်ယောက်ပဲ ရှိသည်။တစ်ယောက် ကတော့ မိုက် ကိုကိုင်ပြီး လှူ ရခြင်းအကျိုးတွေဆက်လက်ပြောပြနေစဲ။
သံဒိုင် တောင်ခြေကိုလှမ်းကြည့်လိုက်တော့မှ အမျိုးသမီးတစ်ယောက် မာစီးတီးကားမဲပေါ်တက်သွားတာတွေ့ရသည်။ ပြီးမှ ကားကမောင်းထွက်သွားတော့သည်။ ကားပေါ်တက်သွားတဲ့ အမျိုးသမီး အသွင်အပြင်ကို ကြည့်ရတာလင်း ဖြစ်ဖို့များပါသည်။
သံဒိုင့်ကားကလည်း တည်းခိုခန်းမှာထားခဲ့ပြီးတည်းခိုခန်းက ဆိုင်ကယ်နဲ့ပဲ ထွက်လာတာမို့လင်းနဲ့ မဆုံလိုက်ခြင်းသာ။လင်းက သံဒိုင့်ကားကိုသိသည်လေ။လင်းနဲ့ စတွေကတည်းကကားက ပြောင်းမှမပြောင်းသေးတာ။ လင်းတို့သာ ခဏခဏ ကားပြောင်းစီးနိုင်သူတွေမဟုတ်လား။
ကံကြမ္မာက သူတွေ့ချင်ရင်လည်းအလွယ်တကူတွေ့နိုင်သလို မဆုံချင်ရင်လည်းကြံဖန်လွဲတတ်ပါလားဆိုတဲ့ အရာကိုသိလိုက်ရခြင်းမှလွဲှ၍သံဒိုင် ရင်ထဲမှာ ဘာမှမဖြစ်တော့ပါ။
ဘဝရဲ့တက်လမ်းကို မှန်းပြီး ကြိုးစားနေသူတွေအဖို့မှာတော့ အတိတ်ဆိုတာ သင်ခန်းစာယူရုံတွေးခြင်းမှလွဲ၍ သတိမရသင့်သော်လည်း သံဒိုင့်အဖို့မှာကတော့ အဆင်ပြေသလိုရှင်သန်နေဦးမည်သာ………
--------------------------------------
မထင်ရှားတဲ့ တိုက်နယ်အဆင့် နေရာလေး တစ်ခုမှာ လူတစ်ယောက်ရှိသည်။ အဲဒီလူက အပြင်ပတ်ဝန်းကျင်က လူတွေနဲ့ သိပ်မပတ်သက်ဘူး။ တစ်ခါတစ်ရံထိုလူက အိတ်ကြီးတစ်လုံးကို ကျောမှာ ပိုးပြီး ခရီးထွက်တတ်သည်။ ထိုလူခရီးထွက်တဲ့အချ ိန်ကသုံးရက်လောက်ပဲ ကြာချင်ကြာသည်။
တစ်ပတ်လောက်ကြာတာကနေ ဆယ်ရက် လောက် ကြာတတ်တာမျိုးလည်းရှိသည်။ အဲဒီလူကလမ်းမှာတွေ့တဲ့ လူတိုင်းကိုပြုံးပြတတ်ပေမဲ့ စကားတော့မပြော။
ထိုလူနဲ့စကားများများ ပြောဖြစ်တဲ့သူများက တိုယ်နယ်အဆင့်မှာ တစ်ခုတည်းရှိသော အ ထ က ကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ကျ တဲ့ ကျောင်းအုပ်ကြီးနဲ့ ဆေးရုံမှာ တာဝန်ကျ တဲ့ ဆရာဝန် နှစ်ဦးထဲသာ။ အဲဒီလူက တစ်လတစ်ခါ အထကကျောင်းမှာစာအုပ် ခဲတံစတဲ့စာရေးကိရိယာတွေလှုူ သည်။
ဆေးရုံမှာလည်း တစ်လတစ်ခါ ဇီဝဒါန နဲ့ အာဟာရဒါန သူတတ်နိုင်သလောက်လှုသည်။ ဆေးရုံရောကျေ ာင်းရော အလှုူ ငွေပေးချ ိန်သာလာသည်။ လာလည်း ခဏနဲ့ ပြန်တော့သည်။ ပုံမှန် သာရေး နာရေး မှာ မပါဝင်ပေမဲ့ ဤလူ့ အကြောင်းကိုသိနေတဲ့ လူအများက ထိုလူ့ကို တန်ဖိုးထားကြပါသည်။
ထိုလူကို သိပ်ချစ်တဲ့မိန်းမတွေရှိခဲ့သလို အဲဒီလူကလည်း သိပ်ချစ်တဲ့ မိန်းမတစ်ယောက် ရှိခဲ့လေတာတော့ သိတဲ့သူတွေကသိကြသည်။
ဒီလူ……
ထိုလူ……
ဤလူ……
အဲဒီလူ…… ကတော့ ကင်မရာလေးလုံးနဲ့ "ဓါတ်ပုံဆရာ ငယ်သံဒိုင်" ဆိုသောလူ။
အဖြူ လိုင်းနဲ့အပြာလိုင်းကြား
ဝါးတံတားတစ်စင်း
ဖြစ်စေသတည်း။
ကိုယ်တော်ကြီး
........................................💚💛💖💝💙........................................
ပြီးပါပြီ။