Thursday, March 17, 2016

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း (၁၀)

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း (၁၀)

{ ဇာတ်သိမ်းပိုင်း }

ရေးသားသူ -  Snow Flake

အခန်းထဲ လှမ်း၀င်လိုက်သည်နှင့် သံကုတင် ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသော ချစ်ရသူ ငုဝါ။ ကုတင်အနားတွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးက သူ့ကို မတ်တပ်ရပ်ကာ ဦးညွှတ်နှုတ်ဆက်သည်။

“ ဖေဖေ့ ဒါ မေချိုလေ.. မေမေ့ သူငယ်ချင်း ဒေါ်၀တ်ရည်ချို..”

“ အော်.. အွန်း.. ရုတ်တရက် မမှတ်မိလို့ကွာ.. ”

“ ရပါတယ် ဦးဉာဏ်.. နေကောင်းတယ် မဟုတ်လား..”

“ အွန်း.. ကျေးဇူးပါ မိချိုရေ.. သမီးကို စောင့်ရှောက်ပေးတာကော.. ငုကို ပြန်ရှာတွေ့ပေးတာကော..”

“ ဦးဉာဏ် အဲ့လိုပြောတော့.. တကယ်တမ်းက မိချို အပြည့်အ၀ မကူညီလိုက်နိုင်ဘူး.. ဘယ်လိုတွေးတွေး စိတ်ထဲမှာ....”

ပြောရင်း အသံ တိမ်၀င်သွားသော မေချို့ ကိုကြည့်ကာ 

“ အေးးး.. ကံပေါ့ကွာ.. ငါ့ အမှားတွေ အများကြီး ပါပါတယ်..”

ဖေဖေ သည်လို ပြောလိုက်ပြန်တော့ ညို မျက်ရည် ကျရပြန်သည်။ မေမေကလည်း သူ့အတွေး မှားခဲ့လို့ပါတဲ့။ သူ့အတွေးမှားလို့ ညို ဒုက္ခ ရောက်ရတာတဲ့လေ။ ထူးဆန်းသော မေတ္တာတရား၏ စေ့ဆော်မှုလေလား။ ဖေဖေ အနားရောက်လာတာ မေမေ သိသလိုလိုပင်။ မှိတ်ထားသော မျက်ခွံလေးများ မသိမသာ လှုပ်လာသည်။ “မေမေ့.. ဖေဖေ ရောက်နေပြီ မေမေ..” 

တိုးညင်းသော ညို့ အသံလေးက ရှိုက်သံတစ်၀က် ရောစွက်လျှက်။ဖေဖေက မေမေ့ နှဖူးပေါ်မှ ဆံစလေးများကို အသာ သပ်တင်ပေးလိုက်သည်။ ရင်ညွန့်ထက်တွင် ယှက်တင်ထားသည့် လက်လေးများကို အုပ်မိုးကာ ကိုင်လိုက်၏။ 

“ ငု လေး… ကို ရောက်ပြီလေ ငု.. ”

မေမေ့ ပါးပြင်ပေါ် လက်နှင့် ခပ်ဖွဖွ ပွတ်သပ်ရင်း ဖေဖေ ပြောလိုက်သည့်စကား။ငြိမ်သက်စွာ လဲလျှောင်း နေသော ငု ကိုကြည့်ရင်း သူ့မျက်၀န်းတို့ ၀ေဝါးလာခဲ့သည်။ ရှပ်အကျီ အကွက်စိပ်စိပ်လေးများနှင့် ဘီးကုပ်မျှင်မျှင်လေးတွေ တပ်ကာ ဂီတာတီး ပိုင်နိုင်သော ကောင်မလေး။သူ့ခြေထောက်မှ ဒဏ်ရာကို လက်ကိုင်ပုဝါ ဖြူဖြူလေးနှင့် စည်းနှောင်ရင်း သူ့နှလုံးသားကို သံယောဇဉ်ကြိုး အထပ်ထပ်ဖြင့် ရစ်ဖွဲ့ခဲ့သော ကောင်မလေး။ 

အမှောင်ထဲမှာ တစ်ယောက်တည်း ငိုနေတဲ့ ကောင်မလေး။ ကြယ်ရောင်မျက်လုံးတွေနဲ့နှစ်နှစ်ကာကာ ရယ်တတ်တဲ့ကောင်မလေး။ သူ့ ခံစားချက်၊ သူ့၀ေဒနာတို့ကို တစ်၀က် မျှ၀ေခံစားခဲ့သော ကောင်မလေး။ သူ့အတွက် အသွေးအသားတို့ကို ရက်ရက်ရောရော ပေးဝံ့ခဲ့တဲ့ ကောင်မလေး။

သူ့ဆီက အချစ်ကလွဲပြီး ဘာကိုမှ မမျှော်လင့်ခဲ့တဲ့၊ ရလည်း မရခဲ့ရှာတဲ့ကောင်မလေး။ သူမ နှဖူးလေးပေါ်သို့ ညင်သာစွာ ငုံ့နမ်းလိုက်မိသည်။ ဖွေးဆွတ်ဖြူနေသည့် နှုတ်ခမ်းလေး အနည်းငယ် လှုပ်လာ၏။ တွင်းချိုင့်တစ်ခုလို ညိုရောင်သန်းနေသည့် မျက်လုံးလေးများလည်း အသက်၀င်လာသည်။ 

“ ငုလေး.. ကို ရောက်နေပြီ.. ကို ခေါ်နေတာ ကြားလား ဟင်.. ငု.. ကို့ အသံကို ကြားတယ် မဟုတ်လား ငုလေး..”

၀င်သက်ထွက်သက်တို့ကို ခက်ခဲစွာ ရှုသွင်း ရှုထုတ်နေရသော ဒေါ်ငုဝါ။ ခေါ်သံများက နီးလာလိုက် ေ၀းသွားလိုက်နှင့်။ လေဟာနယ် တစ်ခုမှ အသံလေလား၊ လှိုဏ်ခေါင်းတစ်ခု အတွင်းမှ အသံလား မိမိနားစည်ကို ထိရိုက်နေမှန်း သိသော်လည်း အသံ၏ လားရာကို မေ၀ခွဲနိုင်။

နှဖူးနှင့် ပါးပြင်ထက်ဆီမှ နူးညံ့သော ထိတွေ့မှု တစ်ခု ရလိုက်သလိုလို။ ရှိသမျှ အားအင်တို့ကို စုစည်းကာ အာရုံစိုက်ကြည့်လိုက်၏။

“ ငုလေး.. ကို ရောက်နေပြီ..” 

သေသေချာချာကြီး ကြားလိုက်ရသော အသံက ကို့အသံ။ ငု မျှော်နေတဲ့ ကို့ အသံပဲ။ လက်၀ဲဘက် ရင်အုံ  တစ်၀ိုက်မှ စူးနင့်လာသည်။ နှလုံးသား အစုံကို ဆွဲဆုပ်ညှစ်ယူ ခံနေရသလိုမျိုး။ပင်ပန်းဆင်းရဲလှသော သည်ေ၀ဒနာဆိုးကို ငု ခံနိုင်ရည် မရှိတော့။ သို့သော်လည်း ရအောင် အန်တုကြည့်သည်။ သိပ်မကြာမီ အချိန်အတွင်း သည်ေ၀ဒနာကို အရှုံးပေးရတော့မည်မှန်း သူမ ကောင်းစွာ သိပါ၏။ သို့သော် ချစ်ရသည့် ကို့ မျက်နှာကို ခဏဖြစ်ဖြစ် မြင်ချင်သေးသည်။

လေးလံလှသော မျက်ခွံတို့ကို ကြိုးစား ဖွင့်ကြည့်၏။ အလင်းစူးစူးကြောင့် ရုတ်တရက် ဖွင့်မရ။ ကို့ လက်ဖဝါး နွေးနွေးတစ်ဘက်က ငု ပါးပြင်ပေါ် ခပ်ဖွဖွ ပွတ်သပ်ပေးနေသည်။ မျက်လုံးတို့ကို ဒုတိယအကြိမ် ကြိုးစားဖွင့်ကြည့်၏။

၀ိုးတဝါး ပုံရိပ်တစ်ခုက တဖြေးဖြေး ကြည်လင်လာသည်။ ကို.. ချစ်ရသည့် ကို့ မျက်နှာ.. မိမိကို ကြင်နာစွာ စိုက်ကြည့်နေသည့် ကို့ မျက်နှာ။ စိုးရိမ်ပူပန်မှုတို့ သိုင်းခြုံနေသည့် ကို့ မျက်၀န်းတို့က လွန်ခဲ့သော နှစ် (၂၀) က အတိုင်းပါပဲလား။ 

“ ငု လေး.. ကို.. ကိုရောက်ပြီနော်.. …” 

ငု လက်ကလေးတွေကို ဖွဖွ ဆုပ်ကိုင်ရင်း တိုးတိုးလေး ပြောသည်။ ငု သိတယ်.. ကိုရောက်နေပြီ.. ဒါ အိပ်မက် မဟုတ်မှန်း ငု သိတယ်.. ရင်ထဲမှ စကားတို့ကို ပြောရန် သူမ ကြိုးစားကြည့်သည်။ 

ပင်ပန်းလိုက်တာ.. အရမ်းပဲ ကိုရယ်..။ အနည်းဆုံးတော့ ကို.. လို့ တစ်ခွန်းလောက် ငု ခေါ်လိုက်ချင်တယ်။

“ ဘာမှ အားမငယ်နဲ့.. ငု နားမှာ ကိုရော သမီးရော ရှိနေတယ် သိလား..”

ဟုတ်ကဲ့ပါ.. ငု အားမငယ်ပါဘူးကို.. ဘယ်တုန်းကမှ အားမငယ်ခဲ့ပါဘူး.. ကို့ကို လွမ်းတာကလွဲပြီး ငု ဘယ်တုန်းကမှ အားမငယ်ခဲ့ပါဘူး ကိုရယ်.. ငုရင်ထဲမှ စကားတွေ ကို ကြားနိုင်ရင်ကောင်းမယ်.. မောလိုက်တာ.. စကားလေး တစ်ခွန်းပြောဘို့ ရင်ထဲကလည်း အောင့်နေရောပဲ။ ဒေါ်ငုဝါ နှုတ်ခမ်းလေးများ ပွင့်ဟလာသည်။ တုန်ရီနေသော လက်တို့ဖြင့် ကို့လက်ကို တတ်နိုင်သလောက် ဆုပ်ကိုင်လိုက်၏။ 

တင်းကနဲဖြစ်သွားသော လက်ကလေးကို တစ်ချက်ကြည့်ရင်း.. 

“ ငု.. မောနေမယ်လေ နော်.. ပြောချင်တာတွေ နောက်မှ အေးအေးဆေးဆေး ပြောရအောင်လေ.. ခုချိန်က စ ပြီး ငု နားမှာ ကို အချိန်ပြည့် ရှိနေမယ်လေ နော်..”

ဟုတ်ကဲ့ပါ ကိုရယ်.. ငု လည်း ကို လို့ တစ်ခွန်းပဲ ခေါ်ချင်တာပါ.. သည်တစ်ခွန်းလေးတော့ ခုချက်ချင်း ခေါ်ပါရစေ။ရင်ဘတ်ထဲမှ တစ်စုံတစ်ရာက စိစိညက်ညက် ကြေ သွားလောက်အောင်ပင် နာကျင်လာသည်။ လူ တစ်ကိုယ်လုံး ရှိရှိသမျှ အပူဓာတ်တို့က နှုတ်ခမ်း တစ်နေရာထဲတွင် လာ စု နေ၏။

မျက်နှာပြင် ပေါ်သို့ ပိုးကောင်များ တက်လာသလို တရွရွနှင့် ခံရခက်သော ေ၀ဒနာဆိုးက ရောက်လာပြန်သည်။ အေးစက်နေသည့် ခြေဖဝါးများက အလယ်တည့်တည့်မှ စူးအောင့်ကာ ကွေးသွားသလိုလည်း ခံစားမိသည်။ 

လက်ကလေးတွေကတော့ ကို့ လက်ထဲမှာမို့ နွေးနေ၏။ လည်ချောင်းထဲတွင် ရေဓာတ်က လုံး၀ မရှိ။ ကိုရယ်.. ငု အဖြစ်က စကားလေး တစ်ခွန်းပြောဘို့ ပင်ပန်းလိုက်တာ။ အာရုံတို့ကို တတ်နိုင်သလောက် စုစည်းပါသော်လည်း အချည်းအနှီးပင်။

“ ကို့ခြေထောက်က ဒဏ်ရာ သက်သာပြီလား.. အဖျားရော ကျရဲ့လား.. မနွယ်ကြောင့် ကို ကြေကွဲနေရတယ်လား.. မစဉ်းစားပါနဲ့တော့ ကိုရယ်.. ကိုတို့ အတွက် ငု ဆုတောင်းပေးပါ့မယ်.. ခုတော့ ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ငု သီချင်း ဆိုပြရမလား..

ရယ်စရာ ဟာသလေးတွေ ပြောပြရမလား.. ငု တို့ချစ်ကြတာ သုံးလ ပြည့်ပြီနော်.. ငု အတွက် ဘီးကုပ် လှလှလေး လက်ဆောင် ၀ယ်ပေး.. ဟင့်အင်း.. တန်ဘိုးကြီးတာတွေ မလိုချင်ဘူး.. ငု ပေးတဲ့ စာလေးကော.. အင်.. ငုပေးတဲ့စာလေး.. ကို သိမ်းမထားဘူးပဲ.. ဆက်တီခုံ အောက်မှာ.. ကြည့်စမ်း.. ကို ရက်စက်တယ်.. အရမ်း ရက်စက်တယ်.. ဒါပေမယ့် သိလား ကို.. ငု လေ.. အရမ်း ချစ်တယ်.. ကို့ကို အရမ်း ချစ်တယ်.. ကို့.. ကို့ကို.. အရမ်း.."

လည်ချောင်းထဲတွင် ပင့်သက်ကြီး တစ်ခု ဆို့ နေ၏။ ကို့ကို ခေါ်လို့မရတာ သည်ပင့်သက်ကြောင့်ပဲ။ ငု ကြိုးစားကြည့်ဦးမယ်။

“ ဖေဖေ့ မေမေ အရမ်းမောနေပြီ.. ဟင့် ဟင့် မေမေ့..” 

သမီးလေး ငိုနေပြန်ပါလား.. သည်ကလေးကလည်း ခက်တာပဲ.. မေမေ အဆင်ပြေပါတယ် သမီးရယ်။ အ၀တ်စ တစ်ခုလို ပျော့ဖတ်နေသော ငု ခန္ဓာကိုယ်လေးကို သူ ညင်သာစွာ ပွေ့ယူလိုက်၏။ ကုတင်ပေါ်တွင် ခပ်စောင်းစောင်း ၀င်ထိုင်ရင်း သူမ ကိုယ်လေးကို ပွေ့ထားမိသည်။ ခေါင်းကို ငုံ့ကာ သူမ နှဖူးပြင်ကို ပါးနှင့် ဖွဖွ ပွတ်ရင်း..

“ ငု ရယ်.. စိတ် မလျှော့လိုက်ပါနဲ့.. ကို့ကို ချစ်ရင်.. သမီးကို ချစ်ရင် စိတ်ကို လုံး၀ မလျှော့လိုက်ပါနဲ့..”

နှလုံးသားမှ အဆက်မပြတ်တောင်းဆို နေမိသည်။ သူနာပြု ဆရာမလေးက ဆေးသွင်းလက်စ ပိုက်များကို နေရာတကျ လုပ်ပေးရင်း ငု ကို သက်တောင့်သက်သာ ဖြစ်စေရန် ကိုယ်နေဟန်ထား ပြင်ပေးသည်။သူမ ၀ေဒနာ သက်သာလို သက်သာငြား ရင်ဘတ်လေးကို ဖိထားပေးမိသည်။ စီးချက် မညီသော သူမ နှလုံးသားကို သူ မြင်နေရသလိုပင်။ ရုတ်တရက် သူမ ရင်စိုင်တို့ မို့တက်လာ၏။ရှည်လျှားသော ပင့်သက်တစ်ခု သူမ ရှုသွင်းလိုက်ခြင်းပင်။

“ ငု.. ငုလေး.. စိတ်ကို ထိန်းနော် ငုရေ.. ကို ရှိတယ်နော်.. ငု နားမှာ ကို ရှိတယ်.. စိတ်ကို တင်းထားပါ ငုရယ်..” 

ကို့ အားပေးသံကို နားထောင်ရင်း ရှုသွင်းလိုက်သော လေက လည်ချောင်း၀တွင် ဆို့သွားပြန်၏။ ကို့ လက်တို့ကို အားယူ ဖျစ်ညှစ်ကာ သည်ပင့်သက်ဆိုးကို မှုတ်ထုတ်ရန် သူမ ကြိုးစားမိသည်။ပါးစပ်ကို ခပ်ဟဟ ဖွင့်ရင်း တစ်ဆို့နေသည့် ပင့်သက်လုံးကြီးကို ရှိက် အထုတ်.. အိုးး.. ရင်ထဲက အောင့် လိုက်တာ.. အဆိုးဆုံးပဲ.. သည်တစ်ခါ အောင့်တာကြီးက အဆိုးဆုံးပဲ ကိုရေ.. ပင်ပန်းလိုက်တာ.. အ.. အ..

“ ဟင်းးးးး…”

“ ငု ရေ.. ငု.. ဟာားးးး.. ငု ရေ့..”

“ မေမေ.. မေမေ့.. အီးးး ဟီးးး… မေမေ ရေ.. မသွားပါနဲ့ မေမေရဲ့.. ဖေဖေ့.. မေမေ့ကို လှုပ်နှိုးပါဦး.. ဆရာမ.. လုပ်ပါဦး ဆရာမရယ်.. မေမေ့..”

ရှုထုတ်လိုက်သည့် လေနှင့် အတူ လူတစ်ကိုယ်လုံး လွင့်တက်သွားသည်။ အေး ကနဲ ခံစားချက်တစ်ခုနှင့် မျက်၀န်းထဲတွင်လည်း အလင်းရောင်များ ဖြာထွက်သွား သယောင်။ နားထဲသို့ စူးစူးဝါးဝါး ၀င်ရောက်လာသည်က သမီး ညိုလေး၏ ငိုသံများ။ ဘယ်လို ဖြစ်တာတုန်း သမီးရယ်.. မေမေ့မှာ သည်လေလေး ရှုထုတ်ဘို့ မနည်း ကြိုးစားရတာ.. ငါ့ သမီးက ဘယ်နှယ့်ကြောင့် ငိုရတာလဲ..။ 

အင်မတန် နူးညံ့တဲ့ မိခင်ဖြစ်သူက သူ့ရှေ့မှာ လူတစ်ယောက်လုံးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တာလေ.. သမီးလေးက မေမေ့ အားယူသံတွေကို ကြောက်နေရှာတယ် ထင်ပါရဲ့။ မေမေ ခုမှ အမော ပြေသွားတယ် သမီးရယ်.. မငိုစမ်းပါနဲ့..။ ခံစားနေရသည့် ေ၀ဒနာ အားလုံးမှ လွတ်မြောက်သွားသော ဒေါ်ငုဝါ။ ကြည်နူး ရွှင်ပြစွာ ပြုံးလိုက်မိသည်။ ငု လုပ်နိုင်သွားပြီ ကို။

တွေ့တယ် မဟုတ်လား.. ငု လုပ်နိုင်သွားပြီ.. စင်ပေါ်မှာ ပထဆုံး သီချင်းဆိုတုန်းက ထက်လည်း ခက်တယ်.. ကို မနွယ်နဲ့တူတူ ထွက်သွားတုန်းကထက်လည်း ခက်တယ်.. ငု မေမေ ဆုံးတုန်းက ထက်လည်း ခက်တယ်.. ဟိုလူယုတ်မာကို သတ်ပစ်ခဲ့တာထက်လည်း ခက်ပါတယ်.. ဒါပေမယ့် ငု လုပ်နိုင်တယ် တွေ့လား..။မိမိပြောနေသည့် စကားကို မည်သူမျှ မကြားကြ။ သမီးက ရှိုက်ကြီးတငင် ငိုနေဆဲ။ ငု ကို ပွေ့ထားတဲ့ ကို လည်း မျက်ရည် လည်ရွှဲနဲ့။ ချို နဲ့ မာလာကော.. သူတို့လည်း ငိုနေကြတယ်..။ 

ဘာတွေ ဖြစ်ကုန်တာလဲ။ ဒေါ်ငုဝါ အရမ်း လန့်သွားမိသည်။ ကိုယ့်ကိုကိုယ် ငုံ့ကြည့်တော့ ဘာမှ ထူးခြားခြင်း မရှိ။ သို့သော် သူမခန္ဓာကိုယ်က အားလုံးနှင့် အေ၀း တစ်နေရာ ရောက်နေပါလား..။ကို က သူမကို အိပ်ရာပေါ်သို့ ညင်သာစွာ ချနေသည်။ ဟင့်အင်း.. ကို့.. ငုကို ပွေ့ထားလေ.. ခဏလောက် ပွေ့ထားပါဦး ကိုရယ်..။ ပြောနေသည့် ကြားမှပင် သူမကိုယ်လေးက အိပ်ရာပေါ်တွင် ဆန့် လျှက် ပက်လက်လေး။

သမီးငယ်က ခြေအစုံကို ရှိုက်နမ်းရင်း သည်းထန်စွာ ငိုနေသည်။ သူနာပြု ဆရာမက ဆေးပိုက်တွေ ဖြုတ်နေ၏။ ဆရာ၀န်တစ်ဦး ရောက်လာပြီး သူမ မျက်ဆန်အတွင်း ဓာတ်မီးနှင့် ထိုးကြည့်၊ ရင်ဘတ်ကို နားကျပ်ထောက်၊ လက်ကောက်၀တ်ကို စမ်း.. အိုးး ဖယ်ကြစမ်းပါ။ ကျမကို ဘာတွေ လာလုပ်နေကြတာလဲ။ အာခေါင်ခြစ် အော်ပါသော်လည်း မည်သူမျှ မကြားကြချေ။

“ ကိုရေ.. ငု ကို ကယ်ပါ..”

“ စိတ်မကောင်းပါဘူး ခင်ဗျာ.. သွင်းထားတဲ့ ဆေးကြောင့် သက်တောင့်သက်သာတော့ ဖြစ်သွားပုံရပါတယ်.. ကျောက်ကပ် အခြေအနေက အရမ်း ဆိုးနေတော့… သွေးထဲက အဆိပ်အတောက်တွေက နှလုံးကို......... …………. ………….. ………….”

“ အာ.. သည် ဆရာ၀န် လျှောက်ပြောနေတာ.. ကိုရေ.. ငု ဘာမှ မဖြစ်ဘူး သိလား.. ဘယ်တုန်းကမှ ဘာမှ မဖြစ်ခဲ့ဘူး.. သိလား ကို..”

သမီးလေးခမျာ ဖခင်ရင်ခွင် အတွင်း တိုးကာ 

“ ဖေဖေ့.. ဖေဖေ အကုန်စီစဉ်ပေးမယ် ဆို.. လုပ်ပါဖေဖေရဲ့.. မေမေ့ကို ပြန်ခေါ်ပေးပါ.. အီးး ဟီးးးး.. မေမေရေးးး..” 

သမီးငယ်ကို တင်းနေအောင် ပြန်ဖက်ထားရင်း တုန်ရီနေသည့် လက်တစ်ဘက်မှ ပွင့်အာလက်စ ဖြစ်နေသည့် ဒေါ်ငုဝါ မျက်လုံးများကို..။

“ ဟင့်အင်း.. ကိုရေ.. ငုမျက်လုံးတွေကို မမှိတ်ပစ်ပါနဲ့.. ငု ကို့ကို ကြည့်ပါရစေဦး.. ငု တို့ ခွဲနေရတာ နှစ်ပေါင်း (၂၀) ကြီးတောင်လေ.. ငု ကို့ကို ကြည့်လို့ မ၀ သေးဘူးလေ.. ကိုရေ.. မလုပ်ပါနဲ့ ငု မျက်လုံးတွေကို မပိတ်ပစ်ပါနဲ့.. မ ပိတ် ပစ်…”

ဖောင်းအစ် ယောင်ကိုင်းနေသည့် မျက်လုံးများက ပွင့်သည်ဆိုရုံသာ။ နားထင်တွင် ကပ်ထားသည့် ခေါင်းကိုက် ပလတ်စတာ၏ အနံ့က ညို့ကို ပိုပြီးညီးစီစီ ဖြစ်စေသလိုပင်။ မေမေ့ ဓာတ်ပုံ တင်ထားသည့် စင်ကလေး နဘေးတွင် မေချို့ကို မှီပြီး ထိုင်နေမိသည်။ ညို ဆယ်တန်းအောင်သည့်နေ့က သားအမိနှစ်ယောက် ရိုက်ထားတဲ့ ပုံလေး။ မေမေ့မှာ သီးသန့် ဓာတ်ပုံ မရှိဘူးလေ။ 

နာရေးအတွက်ပြင်ဆင်တော့ သည်ပုံလေးကို ဖေဖေကိုယ်တိုင် ခွဲထုတ်ပြီး ကူးယူခဲ့ရတာ။ ထိုင်ငိုင်နေသည့် ညို့ အနားတွင် မေမေ့ မိတ်ဆွေများ၊ တနည်း ဖေဖေ့ ၀န်ထမ်းများဟု ညိုသိထားသည့် ဦးမျိုးအောင်၊ ဦးမင်းမင်းနှင့် နောက်ထပ် ညို မသိသော သူများ။ 

မေမေရယ်.. မေမေ မရှိတော့မှပဲ မေမေ့မှာ အသိမိတ်ဆွေ ဆိုတာတွေ ရှိမှန်း ညို သိခဲ့ရတာပါလား။ ဖေဖေက ခပ်လှမ်းလှမ်းတွင် ကိုကို ကောင်းသုတနှင့် စကားပြောနေသည်။ မေမေ အမှုဖြစ်ပြီးနောက် ညို့ကို အစစ အရာရာ ဖေးမခဲ့သည့် ကိုကို့ အချစ်ကို မေမေ့ သဘောတူညီမှုဖြင့် ညို လက်ခံဖြစ်ခဲ့သည်။ တရားရုံးတွင် မေမေ့ကို စီရင်ချက် ချသည့်နေ့က ညို့လက်ကလေးကို မေမေ ကိုယ်တိုင် ကိုကို့လက်ထဲ ထည့်ပေးခဲ့သည်ပဲ။ အမိန့်ချသံ ကြားပြီး ညို မေ့လဲကျသွားတော့ ကိုကိုပဲ ညို့ကို ထွေးပွေ့ခဲ့တာ။

ခုဆို ဖေဖေနဲ့ ကိုကို့ ကို မိတ်ဆက်ပေးပြီးပြီ။ ကိုကို့ မေမေ ဆရာ၀န်မကြီးနှင့်လည်း ဖေဖေ တွေ့ပြီးပြီ။ မေမေသာ ရှိနေရင် ညို့ ဘ၀ ဘယ်လောက်တောင် ပြည့်စုံလိုက်မလဲနော်။ သာယာချမ်းမြေ့ခြင်းရဲ့ အရသာကို မေမေ့ကို ခံစားစေချင်လိုက်တာ။ အရမ်းချမ်းသာတဲ့ ဖေဖေ့အိမ်ကို ညို ရောက်နေရပြီ ဆိုပေမယ့် အဲ့ဒီအိမ်က ညို့အတွက် ဘယ်လိုမှ မပြည့်စုံဘူးမေမေ။ အဆင့်မြင့်ဟိုတယ်ကြီး တစ်ခုလို ခန်းနားတဲ့ အိပ်ခန်းကြီးထဲမှာ ညိုတစ်ယောက်တည်း အိပ်ရတာ။

ပျဉ်ထောင်အိမ် သေးသေးလေးထဲက မေမေနဲ့ ဖက်အိပ်ခဲ့တဲ့ ညတွေကို ညို အရမ်းလွမ်းတယ်။ ဖေဖေ့ကို တမ်းတမိလို့ ဖေဖေနဲ့ တူတူနေရပါစေလို့ ဆုတောင်းမိတာကြောင့်များ နတ်ဆိုးတွေက မေမေ့ကို ခေါ်သွားတာလား။ ညို့ဆုတောင်းက ဖေဖေရယ် မေမေရယ် ညိုရယ် သုံးယောက်တူတူ နေရဘို့ပါ။ အိမ်စုတ်လေးနဲ့ နေရလည်း ကိစ္စ မရှိပါဘူး မေမေရယ်။ မွေးကတည်းက မချမ်းသာခဲ့တဲ့ ညို.. ဆင်းရဲမှာ လုံး၀ မကြောက်ပါဘူး။

တကယ်လို့များ မေမေ့ကို ပေးလိုက်ရတာ ဖေဖေနဲ့ ပြန်ဆုံရဘို့ အတွက် ဆိုရင်တော့ ဒီဆုကို ညို မလိုချင်တော့ပါဘူး မေမေရေ။ ညို့ ဘ၀မှာ တစ်ယောက်တည်းကိုပဲ ရွေးခွင့် ရှိမယ် ဆိုရင်.. ညို ရွေးမှာ မေမေ့ကိုပါ။ တွေးရင်း မျက်လုံးများက တဆစ်ဆစ် ကိုက်ခဲလာပြန်သည်။

မေမေ့ ဓာတ်ပုံလေး၏ ခေါင်းရင်းဘက်တွင် ပန်းခြင်းများ အစီအရီ ချထား၏။ နံမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင်တစ်ဦး၏ ဇနီးဖြစ်သူထံသို့ ပို့လာကြသော ၀မ်းနည်းခြင်း အမှတ်တရများ။ လာနှုတ်ဆက်တဲ့သူတွေကလည်း မနည်းမနော။

ညို မုန်းလိုက်တာမေမေရယ်.. စိတ်ရှိတိုင်းသာ ဆိုရင် အကုန်လုံးကို ကိုင်ပေါက် လွှင့်ပစ်လိုက်စမ်းချင်ပါရဲ့။ ညို့ဘ၀ ပြည့်စုံ ချမ်းသာခြင်းတွေရဘို့ မေမေ့ကို ပေးလိုက်ရသလိုပါပဲ။ တွေးနေတုန်း နောက်ထပ် ပန်းခြင်း လှလှလေး တစ်ခု ထပ်ရောက်လာပြန်သည်။ စိတ်ပျက်စရာ ပကာသနတွေကို ညို ကြောင်စီစီငေးကြည့်နေမိ၏။ သည်ပန်းခြင်းက အခြားဟာတွေလို ပေးပို့သူ အမည်ရေးမထား။ 

လာပို့သူက ပန်းခြင်းကို စင်ပေါ်မတင်ဘဲ ဖေဖေ့ဆီ တန်းသွားသည်။ ဘာပြောလိုက်သည်တော့ မသိ။ ဖေဖေတစ်ယောက် ပန်းခြင်းကို စင်ပေါ်မှ နေရာလွတ်တစ်ခုတွင်ချကာ အပြင်သို့ ခပ်သွက်သွက် ထွက်သွားသည်။ ညို လှမ်းကြည့်တော့ ရပ်ထားသည့် ကားတစ်စီး နဘေးတွင် အန်တီ လှလှ တစ်ဦး။

ကိုကို က ညို့နားလာထိုင်ရင်း 

“ နေသာရဲ့လား ညို.. ခဏနေ ဆေးသောက်ရဦးမယ်နော်..” 

ညို့ ဆံပင်လေးကို နားကြားသို့ ခပ်ဖွဖွ သပ်တင်ပေးရင်း မေးသည်။

“ ဖေဖေ ဘယ်ထွက်သွားတာလဲ ကိုကို..”

“ ဧည့်သည်တစ်ယောက် လာလို့လေ.. ဒေါ်နွယ်သာကီ ဆိုလား..”

“ အော်..”

မေမေပြောဖူးတဲ့ နွယ် ဆိုသော အန်တီ။ ဖေဖေ့ ချစ်သူ ဆိုတဲ့ အန်တီပေါ့။ 

“ သွား နှုတ်ဆက်မလား ညို..” 

ကိုကို့ စကားကို ညို ဘာပြန်ဖြေရမှန်း မသိ။ သွားနှုတ်ဆက်ဘို့ လိုလို့လား ကိုကိုရယ်.. သူလာတာ မေမေ့ဆီ မှ မဟုတ်ဘဲ.. ဖေဖေကလည်း ညို့ကို မိတ်ဆက်ပေးဘို့ ဆန္ဒ မရှိလို့သာ ခေါ်မသွားတာပေါ့.. ဒါကို ညိုက တကူးတက သွားနှုတ်ဆက်စရာ မလိုလောက်ဘူးထင်ပါတယ်..။

ညို့အတွေး မှန်ကြောင်း မေချိုက သက်သေပြသည်။ ခေါင်းလေး အသာ ယမ်းပြ၏။ မသွားနဲ့ ဆိုတဲ့သဘောပေါ့။ မေချို့ကို ခပ်ယဲ့ယဲ့ ပြုံးပြရင်း ညို တစ်စုံတစ်ခုကို သတိရသွား၏။ မေမေ ထားခဲ့တဲ့ ယွန်းဗူးလေး..။ 

အထဲတွင် ဖေဖေ့အတွက် မေမေ့လက်ရေး ၀ိုင်း၀ိုင်းလေးများဖြင့် ရေးပေးခဲ့သော စာလေး တစ်စောင် နှင့် ဘီးကုပ်ကလေးများ။ ပထမတော့ ဖေဖေ့ အတွက် လက်ဆောင်ပေးမလို့ပါ။ မေမေ တစ်သက်လုံး သိမ်းထားခဲ့တဲ့ အမှတ်တရလေး အဖြစ်ပေါ့။ မေမေနှင့် နောက်ဆုံး အတူ အိပ်ခဲ့သည့်ညက ထိုအကြောင်းတွေ မေမေပြောပြခဲ့သည်။ 

“ သူ့ဘာသာ ပြန်လာတာနဲ့ပဲ မေမေက ထွက်ပြေးစရာလား မေမေရယ်.. သူတို့ချင်း မပတ်သက်တော့ပေမယ့် သူငယ်ချင်းတော့ သူငယ်ချင်းပဲ မဟုတ်လား..” 

ညိုသည်လို မေးတော့ မေမေ ပြန်ဖြေသည့်စကားက တွေးဆ စ ရာပင်။

“ သူတို့နှစ်ယောက်က နှစ်ရှည်လများ ချစ်ခဲ့ကြတာ ညိုရဲ့.. ပြီးတော့ မနွယ်က သမီးဖေဖေရဲ့ အချစ်ဦးလေ.. သူတို့ချင်း နားလည်မှုတွေ ဖေးမမှုတွေ ဖလှယ်ခဲ့ကြတယ်.. တစ်ယောက်အကြောင်း တစ်ယောက် အသိကြဆုံးချစ်သူတွေ.. နောက်ပြီး လမ်းခွဲခဲ့ကြတာကလည်း မုန်းလို့မှ မဟုတ်ဘဲလေ..”

“ အာ.. ဒါက သူ့ ဆုံးဖြတ်ချက်ပဲလေ မေမေရယ်.. သူ ဖေဖေ့ကို ရွေးလို့ ရသားနဲ့ ဟာကို..”

“ ဒါတော့ သူ့ အကြောင်းနဲ့ သူပေါ့ ညိုရယ်.. သမီး ဒါတွေ နားလည်ဘို့ ငယ်ပါသေးတယ်..”

“ ဒါပေမယ့်လည်း မေမေရယ် မှန်တယ် ထင်လို့ ဆုံးဖြတ်ပြီးရင်တော့..”

“ ဟင်း ဟင်း.. ဘာလဲ မေ့ သမီးလေးက သူ့အဖေကို အချစ်ဟောင်းနဲ့ ဖူးစာ ဖက်စေချင်တယ် ထင်တယ်.. ဟုတ်လား ညို..”

“ အာ.. ဟုတ်ပါဘူး.. မေမေကလည်း ညိုပြောတာက တကယ်ဆို သူ့ အိမ်ထောင်ရေးက သူ ဆုံးဖြတ်တာပဲလေ.. အဆင်ပြေတာ မပြေတာ သူ့ ကိစ္စ မဟုတ်ဘူးလား.. နောက်ဆုံး အခက်အခဲ ဖြစ်လာတဲ့ အချိန် ဘာလို့ သူ့အမေအိမ် သူ မပြန်ဘဲ ဖေဖေ့ဆီ လာလဲ.. ”

“ ဒါလည်း သူ့မှာ အကြောင်းရှိမှာပေါ့..”

“ ဟွန်းးး.. ငါ့အမေကလည်း.. တကယ်ပဲ ဘုရားဖြစ်မယ့် အုတ်နီခဲ..”

“ အယ်.. ကြည့်စမ်း.. ကောင်မလေး မအေကို ပြောပုံက..”

“ ညို့ အသက် (၂၀) ပြည့်တော့မှာပါ မေမေရာ.. မေ့သမီး ကလေးလေး မဟုတ်တော့ပါဘူး.. ရည်းစားဟောင်း ပြတ်ဆဲပြီးရင် လမ်းမှာတွေ့လို့ သူငယ်ချင်းသဘောနဲ့ ရိုးရိုးသားသား နှုတ်ဆက်တာ သဘာ၀ ကျပေမယ့်.. တကူးတကတော့ အိမ်လာလည်စရာ မလိုဘူး ထင်တာပဲ..

ပိုဆိုးတာက သူ့အိမ်ထောင်ရေး သောကတွေ ဖေဖေ့ကိုပြော.. ဖေဖေက ဖေးမ.. ချော့.. နှစ်သိမ့်.. မေမေ့ စိတ်ထဲမှာ အဲ့ဒါကို သဘာ၀ကျတယ်လို့ ထင်တယ်လား မေမေ..”

“ အယ်.. သည်ကလေး.. ပြောလေကဲလေ.. လူကြီးတွေကိစ္စ သမီး ၀င်သုံးသပ်တာ လွန်နေပြီ ညို.. ဖေဖေနဲ့တွေ့တဲ့အခါ သမီးစိတ်ထဲ ဒီအတွေးကြီးနဲ့ ဖအေကို ဆက်ဆံမှာမျိုး မေမေ မလိုချင်ဘူးနော်.. ”

“ ညိုက သဘော ပြောပြတာပါမေမေရာ.. ခုမှ တွေ့ရမယ့် ဖေဖေ ငြိုငြင်အောင်တော့ လုပ်ပါ့မလား.. မေ့သမီး ဒီလောက်တော့ အလိုက်သိပါတယ်.. သိလား မေမေ.. 

တကယ်ဆို အဲ့အချိန်တုန်းက မေမေ လည်း နဲနဲတော့မှားတယ်.. တကယ်ဆို မဏ္ဍပ်တိုင် ၀င် တက်ပြလိုက်ရမှာ.. ရုပ်ရှင်တွေထဲကလို ကျမက ကိုဉာဏ်လင်းညို နဲ့ မကြာခင် လက်ထပ်မယ့်သူပါ.. ဘာညာ ပေ့ါ.. နော့လေ.. ခိခိခိ…”

ညို့ စကား ဆုံးတော့ မေမေ ဘာမှ ပြန်မပြောတော့ဘဲ ပြုံးပြီး ကြည့်သည်။ ခုမှ ပြန်မြင်ယောင်မိတော့ အဲ့ဒီတုန်းက မေမေ့ အပြုံးက ဘယ်တုန်းကနဲ့မှ မတူဘူးပဲ။ ကားထဲ၀င်သွားသော ဒေါ်နွယ်သာကီကို ကားခေါင်မိုးပေါ် လက်ထောက်ရင်း ခါးကိုင်းကာ စကား ငုံ့ပြောနေသည့် ဖေဖေ။ ဖေဖေ့ကို လှမ်းကြည့်ရင်း ထိုညက မေမေ့ အပြုံးထဲမှ နက်နဲသည့် စကားများကို ညို မှန်းဆ ကြားယောင် နေမိသည်။

“ အဲဒီ အခွင့်အရေးက မေမေ မရခဲ့တာပါကွယ်…” 

ဟုများ မေမေ ပြောချင်ခဲ့လေသလား။မေမေ့ အပြုံးကို ညို ဘာသာပြန်တာ လွဲကောင်း လွဲပါလိမ့်မည်။ သို့သော် မေမေထားခဲ့သည့် ယွန်းဗူးလေးကို ဖေဖေ့ အား ဘယ်တော့မှ မပေးတော့ရန် ညို ဆုံးဖြတ်ခဲ့ပါ၏။ 

ခုနေ သည်ပစ္စည်းလေး ဖေဖေ့ လက်ထဲ ထည့်လိုက်ပါလျှင် သူ့ အမှတ်တမဲ့ အပြုအမူကြောင့် နှစ် (၂၀) လုံးလုံး စိတ်ထိခိုက်ခဲ့ရရှာသည့် မေမေ့အတွက် ရင်နာ သွားရှာမလား.. သို့တည်းမဟုတ် သည်စာလေးခမျာ လွန်ခဲ့သော နှစ် (၂၀) က လို ချောင်ထဲ ပြန်ရောက်သွားမှာလား။ သည်လိုသာ ဆိုလျှင် တမလွန်မှ မေမေ ငိုနေရရှာပါလိမ့်မည်။ 

တကယ်တမ်း စဉ်းစားတော့ ဖေဖေနဲ့ မေမေ့ အချစ်ဇာတ်လမ်းက ခရီးသွားဟန်လွဲ ဆန်လွန်းလှသည်ပဲ။ မဖြစ်သင့်သည့် အခြေအနေမို့ လမ်းခွဲ လိုက်ကြသည်ဆိုသော ဖေဖေနှင့် ဒေါ်နွယ်သာကီ.. လှမ်းမြင်နေရသည့် ဖေဖေ့ မျက်နှာက ကြင်နာမှု အပြည့်။ အင်းလေ.. ညို့ ဖေဖေက တကယ်လည်း ကြင်နာတတ်တဲ့ ယောင်္ကျားတစ်ယောက်ပဲ မဟုတ်လား နော်။

မှီနွဲ့နွဲ့ ထိုင်နေရာမှ လေးတွဲ့စွာ ထ ရပ် လိုက်၏။ ပန်းစင်နား သွာကာ စောစောက ကားဒရိုင်ဘာ ဖြစ်ဟန်တူသူ လာပို့သွားသော ပန်းခြင်း၊ မေမေ့ နံမည်ရော ပေးပို့သူ နံမည်ပါ ပါမလာသည့် ပန်းခြင်း လှလှလေးကို ကောက်ကိုင်လိုက်သည်။ (……..) ကျပ်.. တဲ့။

ဆိုင်တံဆိပ်နှင့် ၀ယ်လာသည့် တန်ဘိုးတောင် မခွာထားရသေးပါလား။ ဒါမှမဟုတ် ပေးသောပစ္စည်း တန်ဘိုးနှင့် ၀ယ်သည့်ဆိုင် အဆင့်အတန်း မသေးလှကြောင်း ပြတာ လူချမ်းသာတို့ ဓလေ့များလား။ 

ခပ်မဲ့မဲ့ တစ်ချက် ပြုံးမိရင်း ထို အဘိုးတန် ပန်းခြင်းလေးကို မေမေနှင့် ေ၀းရာ တစ်နေရာတစ်ထောင့်သို့ ရွှေ့ထားလိုက်ပါတော့သည်။ မေမေ့ဓာတ်ပုံလေးကို တစ်ချက်ကြည့်မိတော့ မေမေရယ်နေသည်။ ကလေးကလား နိုင်လှသည့် ညို့လုပ်ရပ်အတွက် တမလွန်မှ မေမေ ခေါင်းလေး ယမ်းရင်း ရယ်နေပါလိမ့်မည်။

“ ခွင့်လွှတ်ပါ မေမေ.. ညို ဖေဖေ့ကို နားမလည်လို့ မုန်းလို့ မဟုတ်ရပါဘူး.. မေမေ့ ရင်ထဲက ဖြစ်စေချင်တဲ့.. ဖေဖေ့အပေါ် အလိုက်သိတဲ့ သမီးလိမ္မာတစ်ယောက် ဖြစ်အောင်လည်း ညို နေမှာပါ.. အဲ့အတွက် မေမေ့ကို ပေးထားတဲ့ ကတိကို ညို သေတဲ့အထိ မဖျက်ပါဘူးမေမေ..

ဒါပေမယ့် ညို က မေမေ့သမီးပါ.. မြတ်ပန်းကြာညို ဆိုတာ မေမေ တစ်ယောက်တည်း ဒုက္ခအမျိုးမျိုး ခါးစည်းခံပြီး စောင့်ရှောက်ခဲ့တဲ့ မေမေ့သမီးပါ.. မေမေ့ကို သည်လောက်လေးတော့ သမီး ပြန် ကာကွယ် ပါရစေ.. မေမေ့အတွက် မလိုအပ်ဘူးလို့ ညို ယူဆမိတဲ့.. အနှစ်သာရ မပါတဲ့ ဟန်ဆောင်မှုတွေ.. တခြားရည်ရွယ်ချက် တစ်ခုအတွက်နဲ့ မေမေ့ကို ခေါင်းစဉ် လာတပ်တဲ့ ဂရုစိုက်မှုတွေ မေမေ့ ရှေ့ ရောက်မလာအောင် ညို ကာကွယ်ပါရစေ..”

“ ကဲ.. ညိုလေး စိတ်တိုင်းကျ လှူလို့ တန်းလို့ပြီးရင် ပြန်ကြမလား...”

“ ဟုတ်.. မေချို လာလေ.. သွားရအောင်…”

“ ……….”

“ အယ်.. မေချို..”

“ အော်.. အင်း.. ”

“ ဘာတွေများ အဲ့လောက်တောင် စဉ်းစားနေတာလဲ မေချိုရဲ့.. မေမေ့ အကြောင်းလား ဟင်..”

“ ဒါပဲပေါ့ ညို ရယ်.. မေချို့ ခေါင်းထဲကို အကြောင်းတိုက်ဆိုင်တိုင်း ရောက်လာတတ်တာ သမီးမေမေ အကြောင်းကလွဲပြီး တခြား ဘာများ ရှိဦးမှာလဲ..”

“ အကြောင်း တိုက်ဆိုင်တယ်.. ဟုတ်လား မေချို.. ဘာအကြောင်း တိုက်ဆိုင်သွားတာလဲ ဟင်.. ညို့ ကိုပြောပြပါဦးလား.. ညိုလေ.. မေမေနဲ့ နှဲ့ နှစ်ယောက်တည်း အကြာကြီး နေခဲ့ရပေမယ့် တကယ်တမ်းကျတော့ မေမေ့အကြောင်း ဘာမှ သိပ်မသိဘူးပဲ နော်…”

“ အွန်း စောစောက အလှူခံ မဏ္ဍပ်က ဆုတောင်းသံကြောင့်ပေါ့ ညိုရယ်.. သမီးမေမေ အမြဲပြောတဲ့ ဆုတောင်းမှားပုံ အကြောင်းပေါ့..”

“ ဆုတောင်း မှားပုံ.. ဟုတ်လားမေချို.. ဘယ်လိုဟာကိုပြောတာလဲ.. ဆုတောင်းတာတောင် မှားတယ် မှန်တယ် ရှိသေးတယ်လား.. မေမေက ညို့ကို ဘုရားစာတွေ အများကြီး သင်ပေးပေမယ့် အဲ့အကြောင်းတော့ ပြောမပြခဲ့ဘူး..”

“ အွန်းးးး…. မေချိုလည်း အဲ့ဒီတုန်းက သူပြောတာကို ကောင်းကောင်း နားမလည်ခဲ့ပါဘူး ညိုရယ်.. ဒါပေမယ့် ခု အသက်အရွယ်ရောက်လာတော့ ဟုတ်သလိုလိုများ ရှိနေသလားလို့ တွေးမိလာတယ်..”

“ ဘယ်လို ဟုတ်တာလဲ မေချို.. ပြောပြပါ.. ကျနော်က မေမေ နဲ့ သိပ်မရင်းနှီးလိုက်ရတော့ မေမေ့ အတွေးအခေါ်တွေကို ညို က တဆင့်ပဲ သိရတာ.. ညို ပြောပြဖူးတဲ့အထဲ အဲ့အကြောင်း မပါသလိုပဲ..”

“ အွန်း.. ညို မမြင်ဘူးလိုက်တဲ့ ဘွားဘွားက ပြောခဲ့တာတဲ့.. သံသရာ အဆက်ဆက် ဆိုတဲ့ ဆုတောင်းက မှားယွင်းသော ဆုတောင်း တဲ့လေ..”

“ ………..”

“ …………”

“ မေချို နားလည် သလိုပုံစံနဲ့ ပြန်ပြောရရင်ကွယ်.. လောကမှာ လူယောကျ်ားနဲ့ လူမိန်းမ ချစ်ကြ မေတ္တာမျှကြရင် နောင် သံသရာ အဆက်ဆက် မပြတ်တမ်းပေါင်းရပါစေ လို့ ဆုတောင်း တတ်ကြတယ် မဟုတ်လား..”

“ ဟုတ်…”

“ ဟုတ်…”

“ တကယ်လို့ အကြောင်းကြောင်းကြောင့် လမ်းခွဲ ကြရတော့ တစ်ခါ အချစ်သစ်တွေ တွေ့ကြတယ်.. အဲ့ဒီ အချစ်သစ်နဲ့လည်း စောစောက ပြောသလိုပဲ ဆုတောင်း မိကြပြန်တယ်..”

“ အွန်း.. ဒါလည်း ဟုတ်ပြန်တာပဲ..”

“ ဟုတ်တယ်နော်.. မေချို.. မေမေ ဘာကို ဆိုလို သလဲ.. ညို နဲနဲ နားလည် သလိုလို ရှိလာပြီ..”

“ ဟုတ်လား.. ဒါဆိုလည်း ဆက်ရွှီးပါဦး ဆရာမကြီးရဲ့.. ကျနော်မျိုးကတော့ နဲနဲ ပိန်းတယ်.. ခုထိ သဘောမပေါက်သေးဘူးဗျ..”

“ ညို ထင်တာ ပြောကြည့်ရမလား မေချို…”

ကြယ်ရောင်တောက်နေသည့် ညို့ မျက်လုံးလေးများကို ပြုံးကြည့်ရင်း ဒေါ်၀တ်ရည်ချို ခေါင်းငြိမ့် ပြလိုက်သည်။ ဘယ်လောက်ပဲ မေမေ့ အကြောင်း မသိခဲ့ရဘူး ဆိုစေဦးတော့ သည်ကလေးက သည်အမေ၏ သွေးတစ်စက် မဟုတ်ပါလား။ စကားပြောလက်စ ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက်ကို ကျောခိုင်းရင်း ရင်ပြင်တော် အစပ်ဆီသို့ လျှောက်လာ ခဲ့လိုက်သည်။ 

၀င်လုလု နေ၀န်းနီက နောက်ဆုံးအားကို သုံး၍ ကမ္ဘာမြေကို အလင်းပေးနေ၏။ မကြာခင် မိုးချုပ်တော့မည်။ အမှောင်ည လွန်မြောက်လျှင် နောက်ထပ် နေ့သစ် တဖန် ထပ်ဖြစ်ရဦးမည်။ ဤသည်ပင်လျှင် သံသရာ တစ်ခု မဟုတ်ပါလား။

လက်ထဲမှ ငုဝါ ပန်းခက်လေးကို ကျောက်ခုံပေါ်တွင် အသာ ပြန်ချလိုက်၏။ 

“ နေခဲ့တော့ ငုရေ.. သံသရာ နဲ့ ၀ေးတဲ့ အရပ်မှာ အေးအေးချမ်းချမ်း နေခဲ့လိုက်ပါတော့…” 

ခပ်လှမ်းလှမ်းမှ သားနှင့် သမီးကို လှည့်ကြည့်တော့ လက်ညှိုးလေး တထောင်ထောင်နဲ့ ခင်ပွန်း ဖြစ်သူကို ဆရာလုပ်နေသည့် ကောင်မလေး။ 

ဒေါက်တာ ကောင်းသုတ က လက်ကလေးနောက်ပစ်ကာ ခါးကိုင်းလျှက် ဇနီးဖြစ်သူ၏ မျက်နှာလေးကို ကြည်နူး နှစ်သက်စွာ ပြုံး၍ ကြည့်နေသည်မှာ ကြင်နာ မြတ်နိုးမှု အပြည့်။

“ သူတို့လေးတွေကတော့ ဆုတောင်း မှန်ခဲ့တယ် ထင်ပါရဲ့ ငုရယ်. နင် ပျော်တယ် မဟုတ်လား..တကယ်တော့ နင့် တစ်သက်လုံး ကောင်းတာ ဘာတစ်ခုမှ မရခဲ့ပေမယ့် နောက်ဆုံးတော့ နင့် ဆုတောင်း ပြည့်ခဲ့သားပဲ မဟုတ်လား ငု.. ငါ ယုံကြည်ပါတယ်.. နင် ကျေနပ်မှာပါ.. နင် သေချာပေါက် ကျေနပ် လိမ့်မယ်လို့ ငါ အကြွင်းမဲ့ ယုံကြည်ပါတယ် ငုဝါ ရယ်..”

“ ဒီလိုလေ ကိုကိုရယ်.. ဆုတောင်း ဆိုတာက ကိုယ်ပြုတဲ့ ကုသိုလ် အတိမ်အနက်ပေါ် မူတည်တယ် မဟုတ်လား.. တကယ်တမ်း နောက်နောင်ဘ၀တွေ ရောက်လာကြတော့ ဆုတောင်း ပြည့်တဲ့သူ ရှိမယ်.. 

လွဲချော်တဲ့သူ ရှိမယ်.. ကိုယ့်ရဲ့ ပါရမီအား ကောင်းခဲ့ရင် ကိုယ့်ချစ်သူနဲ့ ကောင်းကောင်းမွန်မွန် ပြန်ဆုံနိုင်ကောင်း ဆုံနိုင်မယ်.. 

အဲ တကယ်လို့များ ကိုယ်က ကုသိုလ်အင်အား နည်းလို့ ဆုတောင်းက အပြည့်အ၀ အထမမြောက်ခဲ့ရင် ကိုယ်ချစ်တဲ့သူနဲ့တော့ ပြန်ဆုံပါရဲ့.. သူကသော်လည်းကောင်း ကိုယ်ကသော်လည်းကောင်း.. နှစ်ယောက်လုံးကသော်လည်းကောင်း ပေါင်းဖက်နိုင်ဘို့က မလွတ်မလပ် အနေအထား.. ”

“ အွန်းးး… သဘောပေါက်ပြီ.. ဆိုလိုတာက အခု ညို့ ဖေဖေရယ် မေမေရယ်.. ဒေါ် နွယ်သာကီ.. ဦးအေးမောင်.. ဒီလူတွေ အားလုံးရဲ့ အချစ်ရေးမှာ အတိတ်ဆုတောင်း မှားခဲ့ကြလို့…”

“ ………..”

“ ………..”

စကား၀ိုင်းကလေး တိတ်ဆိတ်သွားသည့်နောက် အသက်၀င်လျှက် ကျန်ခဲ့သည်က ပုညရှင် စေတီတော်၏ ဆည်းလည်းသံများ။ စက္ခုအိနြေ္ဒကို ချကာ တရွေ့ရွေ့ လျှောက်လာနေသည့် ဦးပဉ္ဇင်း တစ်ပါးကို မြင်လိုက်ကြသည့် သူတို့နှစ်ဦး လက်အုပ်လေးများချီကာ ပုဆစ်တုပ် ထိုင်ချလိုက်သည်။ 

ကြည်လင် ၀င်းဖန့်သော အသားအရေနှင့် တင့်တယ် ကြည်ညိုဖွယ် ဦးပဉ္ဇင်းကသူတို့ နှစ်ဦးနားအရောက်တွင် ခြေစုံ ရပ်လိုက်၏။ ဒေါက်တာ ကောင်းသုတက ဦးပဉ္ဇင်း၏ ခြေဖမိုးကို နှဖူးဖြင့် ထိကာ ဦးခိုက်သည်။ ညိုလည်း နဘေးမှနေ၍ခင်ပွန်းနှင့် အတူ တပြိုင်နက် ဦးချလိုက်၏။ ဦးပဉ္ဇင်းက သူတို့နှစ်ဦး အတွက် တောင်းဆု တစ်စုံတစ်ရာ ပေးမသွား.. 

“ နေကောင်းအောင် နေကြ…”

ဟု တစ်ခွန်းတည်း မိန့်ကာ ပုညရှင်စေတီတော်၏ အာရုံခံတန်ဆောင်းရှိရာသို့ တရွေ့ရွေ့ ကြွလှမ်း သွားတော့၏။

....................................................

“ ဆုတောင်းခြင်း” ဆိုတာ ကိုးကွယ်ရာ ဘာသာ အယူဝါဒနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး.. တစ်စုံတစ်ရာကို တွယ်တာမက်မောစွာ တောင့်တတတ်သူတိုင်း ပြုတတ်ကြတဲ့ ဓလေ့ တစ်ခု သက်သက်ပါ..

“ အချစ်” 

ဆိုတာလည်း တစ်သက်မှာ တစ်ကြိမ်တစ်ခါ၊ တစ်ဦးတစ်ယောက်တည်း အပေါ်မှာပဲ ဖြစ်တည်လေ့ ရှိတဲ့အရာ မဟုတ်ပါဘူး.. ။ဒီတစ်ယောက်နဲ့ နောက်တစ်ယောက် အပေါ်မှာ မြတ်နိုးစွဲလမ်းမှု ပမာဏ တူချင်မှ တူမယ်ဆိုပေမယ့် ကျမတို့ လူသား အတော်များများ တစ်ယောက်ထက် ပိုပြီး ချစ်ဖူးကြပါလိမ့်မယ်..

“ ဆုတောင်းခြင်း နဲ့ အချစ်..” 

မှားယွင်းစွာ တိုက်ဆိုင်သွားကြလို့သာ နောင်သံသရာမှာ ချစ်သူနဲ့ ကွေကွင်းကြရတဲ့ ဒုက္ခ.. ။မချစ် မနှစ်သက်သူနဲ့ ပေါင်းဖက်နေကြရတဲ့ ဒုက္ခ.. 

တပါးသူရင်ခွင်မှာ ပျော်နေတဲ့ ချစ်သူကို အေ၀းက ငေးနေရတဲ့ ဒုက္ခ.. ကိုယ့်ကို နဘေးမှာ ထားပြီး တပါးသူကို တမ်းတနေတဲ့ ချစ်သူကြောင့် ရင်နင့် ခံစားရတဲ့ ဒုက္ခ ဆိုတာတွေ ဖြစ်လာကြတာပါ..။ဘယ်လောက်ပဲ အသည်းပေါက်အောင် ချစ်ကြပါစေဦး.. သာယာ ကြည်နူးကြစဉ် အချိန်အခါလေးမှာ “နောင်သံသရာ အဆက်ဆက် မပြတ်တမ်းပေါင်းရပါစေ” ဆိုတဲ့ ဆုတောင်းကိုတော့ဖြင့်………


 

...........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။



ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၉ )

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၉ )

ရေးသားသူ - Snow Flake

“ အွန်းး… နင့်နေရာမှာ ငါသာဆို ကိုအေးမောင်ကို လက်ထပ်မိမှာပဲငု.. သည်ဘက်ခေတ်မှာ မယားပြိုင် ထားကြတာ အဆန်းမှ မဟုတ်တာ.. အေးလေ တကယ်တမ်းလည်း ဆန်း နေတာက နင့်စိတ်ပဲ ဥစ္စာ..”

“ ငါ့ အတွေး ငါ့ဆုံးဖြတ်ချက် ကိုတော့ ငါ နောင်တ မရမိပါဘူး ချိုရယ်.. လက်ရှိ အိမ်ထောင်သည် တစ်ယောက်နဲ့ ပတ်သက်ရတာ.. ပါတ်၀န်းကျင် မေးငေါ့ ခံရတာချင်းတူတူ ငါရွေးတဲ့လမ်းက သူ့မိသားစု အနှောက်ယှက် မဖြစ်ဘူးလေ.. သူ ငါ့အတွက် နောက်ဆုံး အချိန်ထိ ဘာမှ ရင်ဆိုင်သွားခဲ့ရပုံ မပေါ်ပါဘူး.. သူ့ နာရေး ငါရောက်ခဲ့သေးတာကိုး..”

“ နင် အရမ်း ပင်ပန်းခဲ့မှာပဲနော် ငု.. ငါ တကယ် အံသြတယ်ဟာ..”

“ ငါ့ကို ဆရာနဲ့ ပတ်သက်ပြီး နင် သိသလောက် ပြောပြပါလား ချို..”

“ အွန်း.. အဲ့တုန်းက နင့် အာစရိက မနွယ်ကို သူ့ယောကျ်ားဆီ သွားလိုက်ပြန်ပို့တာ ငု ရဲ့.. မနက် အစောကြီး ဆိုင်ကိုလာသွားတယ်.. ခရီးထွက်မယ်.. ကားပေါ် မနွယ် ပါတယ် ဆိုတော့ ငါတို့အားလုံးလည်း နင်တွေးသလိုပဲ တွေးတာမိတာပါပဲ..

ငါ့ကို အဲ့အကြောင်းပြန်ပြောတာ မင်းမင်း ထင်တယ်.. ဟုတ်တယ်.. ကိုဉာဏ် မိန်းမနောက် လိုက်ပြေးပြီ ဆိုပြီး.. ကိုမျိုးတို့ မင်းမင်းတို့က အစ အကုန် အဲ့လိုပဲ ထင်တာ.. သူတို့အားလုံးက နင်နဲ့ အကြောင်းမှ မသိတာကိုး..

တကယ်လို့သာ နင်နဲ့ ပါတ်သက်ပြီး ကိုမျိုးဖြစ်ဖြစ် အမှန်သိခဲ့ရင် ကိစ္စတွေ ခုလောက် ရှုပ်မကုန်ဘူး ငု.. နင့်အာစရိကလည်း တော်ရုံနဲ့ စကားပြောတဲ့သူမှ မဟုတ်တာ.. အားလုံး သိထားကြတာက နင့်အာစရိက မနွယ်ကို အသေရရ အရှင်ရရ ဆိုတာပဲလေ.. ငါ မှတ်မိသေးတယ်.. နင့် အမေဆုံးတာ အဲ့ဒီနေ့ပဲနော်..”

“ အင်း.. ဟုတ်တယ်.. ငါက မေမေ့ကို သဂြိုဟ်ပြီးတာနဲ့ အဒေါ်နဲ့ပါသွားတာ.. ရက်လည်တောင် ဟိုမှာပဲ လုပ်ဖြစ်ခဲ့တယ်.. နင် နဲ့ငါ နောက်ဆုံးတွေ့တာ မေမေ့ကို သဂြိုဟ်တဲ့နေ့ပေါ့.. ”

“ ငါလာတယ်လေ.. နောက်နေ့.. နင်နဲ့ အတူ လာအိပ်ပေးဘို့ အထုပ်တောင် ပါသေးတယ်.. နင် မရှိတော့ဘူး.. အဒေါ်နဲ့ပါသွားတယ်သာ ပြောတာ အဒေါ်က ပဲခူး လိုလို မကွေးလိုလို.. ပါတ်၀န်းကျင်ကို မေးတော့လည်း ဘယ်သူမှ ရေရေရာရာ မသိဘူး.. ငါကတော့ နင် မရှိတော့တဲ့နောက် အဲ့တစ်ခေါက်ပဲ ရောက်တာပါ.. ချောင်းပေါက်တာက နင့် အာစရိပေါ့..”

“ အင်း..”

“ သူ မနွယ်ကို ပို့ပြီး ညတွင်းချင်း ရန်ကုန် ပြန်ဆင်းဘို့ စီစဉ်ခဲ့တာတဲ့.. နောက်တော့ မိုးတအား သည်းနေတယ် ဆိုလား.. မနွယ်တို့ လင်မယားကလည်း နောက်နေ့ မနက်မှ ပြန်ဘို့ ပြောတာနဲ့ တစ်ည အိပ်ဖြစ်တယ်ဆိုလားပဲ..”

“ မနွယ်တို့ အဆင်ပြေသွားတယ်ပေါ့ ဒါဆို..”

“ အဲ့ထိတော့ ငါ မသိဘူး ငါသိတာက နင့်အာစရိ အပြန်လမ်းမှာ ကားမှောက်တယ်..”

“ ဟယ်…”

“ ဟုတ်တယ် ငု.. နင်တို့ နှစ်ယောက် ကြံဖန်ပြီးတော့ကို ကြမ္မာ ငင်တာ.. ဒေသခံတွေ ၀ိုင်းတင်ပေးလို့ ဆေးရုံရောက်ပေမယ့်.. သူနဲ့ ပါတ်သက်လို့ ဆက်သွယ်စရာ ဆွေမျိုးလည်း မရှိ.. သူ့ကို လူတွေ တွေ့တဲ့ အချိန် ကားထဲမှာ ဒဏ်ရာကြီးနဲ့ သတိလစ်နေတာ ပိုက်ဆံအိတ်တွေ ဖုန်းတွေ ဘာမှလည်း ရှာမတွေ့ဘူးတဲ့.. 

ဒဏ်ရာက ခေါင်းမှာ.. နင့်ဆရာ ကံကောင်းလို့ မသေတာ.. ဆေးရုံရောက်တော့ သုံးရက်နေမှ သတိပြန်ရတယ်တဲ့.. နောက်ဆုံး ဟိုကရဲတွေ ကားနံပါတ်ကနေတဆင့် စုံစမ်းလို့ သူ ဘယ်သူမှန်း သိတော့လည်း ဆောက်လုပ်ရေးဆိုဒ်ကို အကြောင်းကြားတာကိုး..

ဆိုဒ်ထဲက လူတွေ လိုက်သွားပြီး ဒီပြန်ခေါ်လာတယ်.. သူက နင်နဲ့ ဆုံပြီး နောက်မှသာ ဆိုင်ကို ပုံမှန်၀င်ထွက်တာလေ.. အရင်က မနွယ်ကြောက်လို့ ဆိုင်ကို ခြေဦးတောင် လှည့်လေ့မရှိဘူး.. ဒီတော့လည်း ဆောက်လုပ်ရေးဘက်က လူတွေက ဆိုင်ကို ဘယ်သူမှ တကူးတက လာပြောမနေဘူးပေါ့ဟာ.. ဆိုင်က လူတွေကလည်း သူ ခရီးထွက်တာကို မနွယ်နဲ့ ထွက်သွားတယ် ဆိုတာထက် ဘာမှ ပို မသိကြဘူးလေ..။

တစ်ပါတ်လောက် အထိ သူပြန်မလာပေမယ့် ဘယ်သူမှ စိတ်မပူဘူးပေါ့.. ရန်ကုန်ဆေးရုံ ရောက်နေတာတောင် ဦးတင့်ဆွေအိမ်လာတုန်း ပြောလို့ ငါအရင်ဆုံး သိတာ.. ငါပြောမှ ကိုမျိုးတို့ပါသိပြီး ဆေးရုံကြီးကို လိုက်ကြတာပေါ့ဟာ..

ဦးဏှောက်နဲ့ အာရုံကြောမှာ တင်ရသေးတယ်.. တကယ်လို့သာ နင်တို့ ကိစ္စ တစ်ယောက်ယောက်က သိရင် နေမလား.. နင့်ဆီ အရင်ဆုံး လာပြောမှာပဲလေ.. အမှန်တော့ လာပြောလည်း အဲ့ချိန် နင် မရှိတော့ပါဘူး.. 

တစ်လလောက်နေမှ သူလည်း လူကောင်း ပကတိ ပြန်ဖြစ်တယ်.. တချိန်လုံး နင့်ကိုပဲ တဖွဖွမေးနေတာ ငုရယ်.. ကိုမျိုးတို့ မင်းမင်းတို့လည်း အဲ့ကျမှ နင်တို့အကြောင်းသိတာ.. ”

“ ဖြစ်မှ ဖြစ်ရလေ ကိုရယ်.. သူငါ့ကို တကယ်လိုအပ်မယ့် အချိန်ကျမှ.. ငါ အရမ်းကြီး မှားသွားခဲ့တာပဲ.. တကယ်ကလေ.. ငါ ထင်ခဲ့တာက.. ခုကော.. ခု သူဘယ်မှာလည်း ချို.. နင်သိလားဟင်..”

“ ငါလည်း အားလုံးနဲ့ အဆက်သွယ်ပြတ်နေတာ ကြာပြီ ငု.. နိုင်ငံခြား ထွက်သွားသလိုလိုလည်း ကြားတယ်.. ဒါပေမယ့် ငါ စုံစမ်းပေးပါ့မယ်.. ဦးတင့်ဆွေ သမီး မာလာဆွေလေ.. 

သူ့ကိုမေးရင် သိလောက်တယ်.. ဦးတင့်ဆွေကတော့ ဆုံးသွားပြီ.. အခု သူ့အဖေ လုပ်ငန်းတွေ မာလာဆွေ ဆက်လုပ်နေတာလေ.. နင့်အာစရိ အကူညီတွေ အများကြီး ပါတယ် ပြောတယ်..”

“ ငါ ကို့ကို တွေ့ချင်လိုက်တာဟယ်..”

“ အွန်း.. နင်တို့ မိသားစုလေး ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံကြပေါ့ဟာ..”

“ သူ အိမ်ထောင်ကျတယ်လို့တော့ မကြားဘူး မဟုတ်လား ချို..”

“ ဘာလဲ.. နင်က..”

“ ဟင့်အင်း.. ဘာပဲဖြစ်ဖြစ် ငါ သူ့ကို တွေ့ဖြစ်အောင် တွေ့မှာပါ.. တကယ်က သူနဲ့ ပက်သက်ပြီး ငါ့ကိုယ်ငါ မယုံကြည်ရဲခဲ့လို့ ရှောင်ထွက်သွားခဲ့မိတာ.. သူ မနွယ် နဲ့ လက်တွဲခဲ့တာ မဟုတ်ဘူး ဆိုတဲ့နောက် ငါ့ကို ရွေးချယ်ခဲ့တာပဲလေ.. အနည်းဆုံးတော့ သမီးလေး အတွက်ပဲဖြစ်ဖြစ် ငါ သူ့ကို တွေ့ကို တွေ့သင့်ပါတယ်.. သူ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ်.. ငါသူ့ကို တွေ့သင့်တယ် မဟုတ်လား ချို..”

တကယ်တမ်း မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုသည် အချိန်နှောင်း မဟုတ်ပါစေကြောင်း ဒေါ်၀တ်ရည်ချို ဆုတောင်းမိပါသည်။ အသက်တစ်ရာ မနေရ၊ အမှုတစ်ရာ ပွေရတတ်သည် မဟုတ်ပါလား။ 

လက်ထဲတွင် ကိုင်ထားလျက်ရှိနေသော သမီးလေး၏ မျက်နှာလေးကို တစ်ချက်ပြန်ငုံ့ကြည့်ရင်း..

“ နင် သူကို့ ဘယ်လောက်ထိ ချစ်ခဲ့လဲ.. နင့်သမီး မျက်နှာက သက်သေပဲ ငု.. သေချာကြည့်လေ ဖအေတူလေပဲ.. ဘယ်လိုမှ ထင်မထားဘဲ သူ့သမီး မျက်နှာသာ မြင်ရင် သူ့အဖေ ဘယ်လိုများ နေလိုက်မလဲ.. 

ငါတောင် ကြားထဲက ရင်ခုန်လာတယ်.. ငါ မနက်ဖြန် မာလာ့ဆီ သွားပေးမယ်.. နင်လိုက်ချင်လား..”

“ အင်း.. ရလား ငါလိုက်လို့..”

“ မာလာက နင့်အကြောင်း သိပြီးသား ငု.. နင့်ကို ရင်းနှီးနှင့်ပြီးသား..”

“ အော်… ဒါဆို..”

“ အွန်း.. နင့်ကို ငါ လာခေါ်မယ်.. ခုလို အချိန်ပေါ့ဟာ.. နင် အဆင်သင့် လုပ်ထားလိုက်..”

“ ကျေးဇူးတင်ပါတယ် ချိုရယ်.. ငါ ဒီထက်လည်း ပို မပြောတတ်တော့ဘူး..”

“ အေး.. ကျေးဇူးတင်ရင် ထင်ရာမလုပ်နဲ့တော့ ငု.. လောကကြီးက ရိုးရိုးလေး.. နင့် အတွေးတစ်ခုတည်းနဲ့ အကုန် လွဲချော်ကုန်တာ.. ငါ နင့်ကို အပြစ်ပြောတယ်ပဲ ထင်ချင်လည်း ထင်တော့ဟယ်..”

“ …..”

တကယ်ပဲ လောကကြီးက ရိုးရိုးလေးလား.. တကယ်ပဲ ငု တစ်ယောက်တည်းရဲ့ မှားယွင်းတဲ့ အတွေးတစ်ခုကြောင့် ခုလိုတွေ ဖြစ်ခဲ့ကြတာလား ..။ အခု အချိန်မီသေးလား..။ 

ငု မှားခဲ့တယ် ဆိုရင် ပြင်ဘို့ အချိန်မီနိုင်သေးလား..။ ငု ဆုတောင်းမိပြန်ပြီ..။ ချိုပြောသလို ငုတို့ မိသားစုလေး ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံနိုင်ဘို့.. ကိုရယ် ငုရယ် သမီးလေးရယ်.. 

ပျော်စရာ မိသားစုလေး ဖြစ်ဘို့.. ဖေဖေ ဆိုတဲ့ စကားကို သည်နေ့ထိ မခေါ်ဘူးသေးရှာတဲ့ သမီးလေးအတွက်.. ငုတို့ သမီးလေး အတွက်… ငုရဲ့ နောက်ဆုံး ဆုတောင်းပါ ကို..။

သည်မနက်က ညို့ဘ၀အတွက် အရေးအကြီးဆုံးနေ့ဟု ဆိုရမည်။ မနေ့ညနေ အလုပ်မှ ပြန်ရောက်တော့ အိမ်တွင် ဧည့်သည်တစ်ဦးရောက်နေ၏။ မေမေ့ သူငယ်ချင်းဟု သိရသည်။ 

ညို့အသက် (၁၉) နှစ်တာ ကာလ ပါတ်လုံး ပထမဆုံး မြင်ဖူးသော မေမေ့ သူငယ်ချင်း။ ညို့ကိုတွေ့တော့ မျက်ရည် အ၀ိုင်းသား မျက်လုံးများနှင့်

“ ငါ အံ့သြတယ် ငုရယ်.. တကယ်ပဲ ဦးဉာဏ်မှ ဦးဉာဏ်ပါပဲလား..” 

တဲ့။ မေမေ့ဘက်လှည့်ကြည့်မိတော့ မျက်နှာတစ်ခုလုံး နီရဲနေသည်။ မေမေလည်း ငိုထားတာပါပဲလား။ ဘာတွေများ ဖြစ်ကုန်တာလဲ မေမေ။ 

ဦးဉာဏ် ဆိုတာကကော ဘယ်သူလဲ။ မေမေ့ သူငယ်ချင်းဆိုတဲ့ အန်တီရော မေမေပါ မျက်ရည် စက်လက်နှင့် ပြောနေကြတဲ့ ဦးဉာဏ် ဆိုတာ..။

ညဘက် အိပ်ရာ၀င် ပုံပြင်များတွင် ဖေဖေ ဆိုသော ချစ်စရာကောင်းသည့် လူတစ်ဦးအကြောင်း ညို ကြားခဲ့ရဖူးသည်။ သို့သော် ညို့နှုတ်ဖျားက တစ်ခါမျှ ခေါ်ခွင့်မရခဲ့။ 

ညို့ကို မမွေးခင်ကတည်းက ဆုံးပါးသွားသည် ဆိုသော ဖေဖေ။ ညို မကြာမီ ဘွဲ့ရတော့မည်။ သည်နေ့အထိ ညို နှင့် ပတ်သက်သမျှ စာရွက်စာတမ်း အားလုံးတွင် ဖေဖေ့ နံမည်က ဦးညို။ 

ငယ်ငယ်က လေးလေး ဦးအေးမောင်ကို ဖေဖေ ဟု ခေါ်မိ၍ မေမေဆူတာခံရဖူးသည်။ အလယ်တန်းကျောင်းသူ အရွယ်လောက်က လေးလေးက ဖေဖေမဟုတ်ဘဲ မေမေ့အိပ်ရာထဲ ဘာလို့ရောက်နေတာလဲဟု မေးမိ၍ မေမေငိုဖူးသည်။

ကျောင်းမှာ လင်ကောင်မပေါ်တဲ့ သမီးဟု အပြောခံရ၍ ရန်ဖြစ်ခဲ့ဖူးသည်။ မယားငယ်မ သမီးဟု အခေါ်ခံရတိုင်း ညို ရင်နာခဲ့ရသည်။ 

တစ်နေ့ နင်လည်း ပထွေးစာမိမှာပဲလို့ ကြီးဒေါ်တွေ ပြောကြတော့ ပထွေးစာမိတယ်ဆိုတာ ဘာလဲ ဟု မေမေ့ကို မေးခဲ့ဖူးသည်။ ထိုနေ့က မေမေ ရင်ဘတ်တွေ အောင့်ပြီး ဆေးခန်းရောက်ရသည်။

ခုလည်း မေမေ့ကြည့်ရတာ ပင်ပန်းနွယ်ချိနေသလိုပင်။ မေမေ့ကို ညို အရမ်းချစ်ပါသည်။ မေမေသည်သာ ညို့ဘ၀၊ မေမေသည်သာ ညို့ကမ္ဘာ။ ဖေဖေ့အကြောင်း ညိုမေးတိုင်း မောပန်းဆို့နင့် သွားတတ်သော မေမေ။

အချစ်ကြီး ရှာသောမေမေ။ ငယ်စဉ်က သူများ ကဲ့ရဲ့ ခံရတိုင်း မေမေ့ကို စိတ်ဆိုးမိပေမယ့် အရွယ်ရလာတော့ ညို နားလည် လာမိသည်။ ဓါတ်ပုံလေး တစ်ပုံမျှပင် မမြင်ဘူးသော ဖေဖေ့ အကြောင်း ညို နောက်ထပ် မမေးဖြစ်တော့ပါ။ 

ဆယ်တန်းအောင်လို့ ရန်ကုန် ရောက်လာပြီး အေ၀းသင်တက္ကသိုလ် တက်သည်။ အိမ်စားရိတ်နှင့် ညို့ ပညာရေးစားရိတ်တို့အတွက် မေမေ ပင်ပန်းလှသည်ကို မကြည့်ရက်ခဲ့။ 

အပေါ်ထပ်မှ အိမ်ရှင် ဦးလေးကြီး၏ အသိိမိတ်ဆွေ တစ်ဦးမှတဆင့် အထူးကုဆေးခန်းကြီးတစ်ခုတွင် အလုပ်သင် စာရေးမလေးအဖြစ် ညိုအလုပ်ရခဲ့သည်။ 

အလုပ်၀င်တာ မကြာသေးသော်လည်း သွက်လက်ထက်မြက်ပြီး လိမ္မာရေးခြားရှိသည့် ညို့ကို ဆေးခန်း ၀န်ထမ်းများသာမက ဆေးခန်းပိုင်ရှင် ဆရာ၀န်မကြီး ကိုယ်တိုင် သဘောကျခဲ့သည်။

ဆရာ၀န်မကြီး အိမ်အပြန် လာကြိုလေ့ရှိသော သားတော်မောင် ဆေးကျောင်းသား ကိုကို လည်း ပါသည်ပေါ့လေ။

ဆရာ၀န်မကြီးကို လာကြိုတိုင်း ညိုနှင့် သူ အကြည့်ချင်း ဆုံဖြစ်သည်။ ဆရာ၀န်မကြီး၏ အိတ်နှင့် ခြင်းတောင်းလေးကို ကားပေါ် လိုက်ပို့ရတတ်သော ညို။ ဥစ္စာပေါ၊ ရုပ်ချော၊ ဆရာ၀န်လောင်း၊ တစ်ဦးတည်းသော သား ဟူသည့် ကောင်းခြင်းများ စုေ၀းနေသော ကောင်းသုတ..။ 

ဆေးခန်းခြံ၀န်းထဲ သူ့ကား ၀င်လာကတည်းက ကောင်တာမှ စာရေးမလေးများ အားလုံး၏ အာရုံက ရွှေမင်းသားလေး ဆီမှာ။ ညို့ ကို မတွေ့လျှင် ဆေးခန်းထဲထိ ယောင်လည်လည် ၀င်လာတတ်သော သူ့အကြည့်တွေကို ညို ကောင်းကောင်း ခံစားမိပါသည်။ 

သို့သော်လည်း ကိုယ့် အခြေနေနှင့် ကိုယ်မို့ တတ်နိုင်သလောက် မျက်နှာချင်း မဆိုင်ဖြစ်အောင် ညို ရှောင်ခဲ့၏။ မတန်မရာမှန်းသည်ဟုလည်း အပြောမခံနိုင်။ ရုပ်ကလေး ပြစားသည်ဟုလည်း ကဲ့ရဲ့ မခံနိုင်။

မိန်းကလေးရွယ်တူများ ကြားတွင် ညို့ ရုပ်ရည်က သန့်ပြန့်ပြီး ရှင်းထွက်နေအောင်ပင် ထင်သာမြင်သာ ရှိသည်လေ။ ငွေးကြေး ချို့တဲ့ကြတာချင်းတူတူ ဖခင်မဲ့ရှင်သန်ရသော ဘ၀က အားငယ်ဖွယ်ရာ အတိပင်မဟုတ်ပါလား။

အချစ်ကို ခံစားတတ်သော အရွယ်ပင်ဖြစ်လင့်ကစား ယခု အချိန်တွင် ညို အလိုချင်ဆုံး ဆုကို ပြောပါဆိုလျှင် ဖေဖေ ဟု ပြောမိမှာ မလွဲပင်။ ငယ်စဉ်ကတည်းက ရခဲ့သော နာကျင်မှု အားလုံး ချုပ်ငြိမ်းစေနိုင်သူက ဖေဖေပဲ မဟုတ်ပါလား။ 

ခုတော့ ညို အမျှော်လင့်ဆုံး ဆုတောင်း ပြည့်ရတော့မည်။ ဖေဖေ့ကို တွေ့ရတော့မည်တဲ့လေ။ ညို မမွေးခင်ကတည်းက ဆုံးပါးသွားနှင့်သည် ဆိုသော ဖေဖေ့ဇာတ်လမ်းက ပုံစံတစ်မျိုးဖြင့် ပြန်လည်အသက်၀င်ခဲ့သည်။

မနေ့ညနေကအန်တီချိုနှင့် မေမေတလှည့်စီပြောပြ၍ မေမေ့အကြောင်းတွေညိုသိခဲ့ရသည်။ညို့ကို (၁၉)နှစ်လုံးလုံး ညာပြောခဲ့ရှာတဲ့မေမေ မည်မျှ ရင်နာရှာလိုက်မလဲ။ ညို မမုန်းပါ။ 

မေမေ့ကို အပြစ်လည်း မတင်ရက်ပါ။ ဖေဖေ့ အပေါ်မှာ၊ ညို့ အပေါ်မှာ၊နွယ် ဆိုသော အန်တီတစ်ဦးအပေါ်မှာ၊ နောက်ဆုံး လေးလေးဦးအေးမောင်၏ဇနီး.. 

ညိုရောမေမေပါ တစ်ကြိမ်တစ်ခါမျှမမြင်ဘူးသော အန်တီကြီး အပေါ်မှာပါ ချစ်တတ်လွန်းသော မေမေ၊ အနစ်နာ ခံနိုင်လွန်းသောမေမေ၊ အချစ်၏ အဓိပ္ပာယ်ကို ပေးဆပ်ခြင်း သက်သက်ဖြင့်သာ ပုံဖော်ခဲ့ရှာသော မေမေ။

အန်တီချို ပြန်ခါနီးတော့ ညို ရုတ်တရက် ထိုင်ကန်တော့မိသည်။ ညို့ကို ဆုတွေပေးရင်း အန်တီချိုလည်း မျက်ရည်ကျရှာသည်။ 

သားသမီး မရှိသော အန်တီချိုက ညို့အား သူမကို မေမေချိုဟု ခေါ်စေခဲ့သည်။ ညို့ဘ၀တွင် ဘယ်တော့မှ သုံးခွင့် မရနိုင်တော့ဟု ထင်ထားခဲ့သော ဖေဖေ ဆိုသည့်စကားလုံးကို အန်တီချို့ကျေးဇူးကြောင့် သုံးခွင့် ရတော့မည်ပဲ။ 

နှစ်ပေါင်းများစွာ မှေးမှိန်နေခဲ့သော မေမေ့ မျက်၀န်းတို့ အန်တီချို့ကျေးဇူးကြောင့် တောက်ပ ခဲ့ပြီပဲ။ ငယ်ငယ်က အရုပ်အသစ် အကျီအသစ်များ ရတာထက်လည်း ပျော်ပါသည်။ 

ဆယ်တန်းစာမေးပွဲ နှစ်ချင်းပေါက် အောင်ခဲ့တာထက်လည်း ပျော်ပါသည်။ မေမေချိုသည် ညို့အတွက်တော့ ပုံပြင်ထဲက မှော်၀င် တုတ်ချောင်းလေးနှင့် နတ်သမီး ကဲ့သို့ပင်။ ရင်ထဲက နှစ်နှစ်ကာကာ ဆန္ဒဖြင့် မေမေချို ဟု ညို ခေါ်တော့ မျက်ရည်များဖြင့် ပြုံးရှာသည်။ 

မေမေကလည်း မေမေချိုသည် ညို့ အသက်ထက်ဆုံး ရိုသေ သိတတ်ရမည့် သူတစ်ဦးဟု ပြောရှာပါသည်။

သားအမိနှစ်ဦး ညက တစ်ညလုံးနီးပါး အိပ်မပျော်ခဲ့။ ဖေဖေ နှင့် အဆက်သွယ်ရနိုင်သည့် နေရာသို့ သွားရမည် ဆိုသောကြောင့်ပင်။ မေမေချို့ ဖုန်းနှင့်ပင် ဆေးခန်းသို့ လှမ်းဆက်ကာ သည်တစ်ရက်အတွက် ခွင့်တိုင်လိုက်သေးသည်။ 

ဖေဖေ.. ဖေဖေ.. ဟူသော စကားလုံးကို ညို တစ်ညလုံး ရွတ်နေမိသည်။ မေမေ့ခမျာလည်း သေတ္တာဟောင်းလေးတွင်းမှ ယွန်းဗူးလေး တစ်ခုနှင့် တကုပ်ကုပ်။ 

“ ဘာရတနာတွေ ထုတ်ကြည့်နေတာလဲမေမေ” 

ဟု ညိုမေးတော့ မေမေ အပြုံးတွေ ပန်းရောင်သမ်းနေ၏။ ညို့တစ်သက်တွင် ပထမဆုံး မြင်ဖူးသော မေမေ့ မျက်နှာပေါ်မှ နုနယ် ပျိုမြစ်သည့်အပြုံး။ မိမိဓာတ်ပုံလေးကို ငုံ့ကြည့်ရင်း မိမိနှင့် တထေရာတည်း တူသည်ဆိုသော ဖေဖေ၊ 

ဘယ်လောက် ယောကျ်ားပီသပြီး ချောမောလေမလဲ။ဖေဖေနှင့်တွေ့လျှင်ညို အရင်ဆုံး ဖေဖေ့ ခြေအစုံကိုဦးချ ကန်တော့မည်။ ဖေဖေ့မျက်နှာကိုအကြာကြီး မော့ကြည့်မည်။

“ ဖေဖေ.. ဖေဖေ..” 

ဟု မမောမချင်း ခေါ်မည်။ ပြီးလျှင် ဖေဖေ့ နှင့် မေမေ့ လက်မောင်းကို ခိုချိတ်ပြီး မိသားစု အတူ ဘုရားသွားမည်။ ဖေဖေ့ကို ပန်းစည်းလှလှကြီး တစ်စည်း ၀ယ်ခိုင်းပြီး မေမေ့အတွက် လက်ဆောင်ပေးခိုင်းမည်။ 

ခုနေခါတွင် မြတ်ပန်းကြာညို ဆိုသော မိန်းကလေးလောက် ပျော်နေသည့်သူ ကမ္ဘာတွင် ရှိတော့မည်ပင် မထင်ပါ။

မနက်ကလေးစာ အဖြစ် ထမင်းကြမ်းလေး ကြော်စားပြီး နေ့လည် အပြင်မသွားခင် မေမေ့ ချုပ်ထည်များကို ကြယ်သီးတပ် မီးပူတိုက် လုပ်ရင်း ကုန်ခဲလှသည့် အချိန်ကို စောင့်နေမိသည်။ မေမေချိုက နေ့လည် (၁) ချက်ထိုးလောက် လာခေါ်မည်ဟုပြောသွား၏။ 

အလုပ် လောဘကြီးသော မေမေ၊ သည်တစ်ရက်လေး နားလိုက်ဘို့ကို ပြော၍မရ။ အပ်နေကျ ဖောက်သည်တွေကို အင်မတန် အလေးထားတတ်သော မေမေ။ 

သည်နေ့ ရက်ချိန်းပေးရမည့် အထည်ထုပ်ကို ဆွဲကာ ဆိုင်သို့ သွားသေး၏။ ခါတိုင်းထက်တော့ စောပြန်လာမည်ဟု ပြောသွားသည်။ စဉ်းစားရင်း အိမ်ရှေ့မှ သံဇကာ တံခါး ဖွင့်သံကြောင့် မေမေများ ပြန်လာသလားဟု ထွက်ကြည့်လိုက်တော့..။

“ အွန်.. ညိုကလေး သည်နေ့ အလုပ်မသွားဘူးလား…” 

ထူအန်းအန်း ရဲတွတ်တွတ် မျက်နှာကြီးနှင့် ကိုထူး ဆိုသောလူ။ အပေါ်ထပ်မှ အိမ်ရှင် ဦးလေးကြီး၏ တူဟု ညိုသိထားသည်။ မုန်းစရာ အကြည့်ရိုင်းများနှင့် ထိုလူကြီးကို ညို အလွန် ကြောက်ပါသည်။ ဆေးခန်းတွင် အလုပ်ရအောင် သူပဲ ပြောပေးသည်ဆိုတော့ ကျေးဇူးကလည်း ရှိပြန်သေး၏။ ပထဆုံး လစာ ထုတ်သည့်နေ့က မေမေ့ကို ကန်တော့ရင်း သူ့အတွက်ပါ ပုဆိုးတစ်ထည် ညို ကန်တော့ခဲ့ပါသည်။

သည့်ထက်တော့ဖြင့် ညို လည်း မတတ်နိုင်ပါ။ အလုပ်သင် ၀န်ထမ်းတစ်ဦး၏ လစာက ဘယ်လောက်များ မို့လို့လဲနော်။ သိပ်မကြာခင် အမြဲတမ်း၀န်းထမ်းအဖြစ် ခန့်အပ် ခံရပါလျှင် သည့်ထက်ကောင်းတာဖြင့် ကန်တော့ရန် စိတ်ကူးထားပါသည်။

သို့သော် ထိုလူကြီးက ညို အလုပ်သွားသည်ကို တွေ့တိုင်း အကြွေးတောင်းစကားကို နောက်သလို ပြောင်သလို ပြောတတ်သည်။ မငယ်တော့ သည့် အရွယ်မို့ ရိသဲ့သဲ့ အပြောများ အကြည့်များ၏ လိုရင်းကို ညို ကောင်းကောင်း ရိပ်မိသည်ပင်။ 

ထို့ကြောင့် သူ့ကို တွေ့တိုင်း ညို တတ်နိုင်သလောက် ရှောင်ခဲ့သည်။ မလိုအပ်ဘဲ စိတ်မပူစေချင်၍ သည်လူကြီး အကြောင်း မေမေ့ကိုတော့ ညို မပြောခဲ့မိ။ ခုလည်း မေမေ ပြန်လာသည် ထင်၍ ထွက်ကြည့်မိကာမှ ပြောင်စပ်စပ် မျက်နှာနှင့် မုန်းစရာလူကြီး။ သူ့ အမေးကို 

“ ဟုတ်ကဲ့..” 

ဟု ခပ်တိုတို ဖြေကာ အိမ်ထဲ၀င် တံခါး ပိတ်ပြီး မေမေ့ အပ်ထည်များကို ကြယ်သီး ထိုင်တပ်ပေးနေလိုက်သည်။

နေ့လည် (၁၁) နာရီခန့်ရှိပြီမို့ အပြင်သွားရန် ရေမိုးချိုး ပြင်ဆင်ရဦးမည်။ ညိုတို့နေသော အိမ်ကလေးမှာ သီးသန့်ရေချိုးခန်းမရှိ။ ခြံပေါက်၀ သံဇကာ တံခါးနားမှ ရေတုံကင်တွင် ထွက်ချိုးရမည်။ 

အပေါ်ထပ်တွင် ဟိုလူကြီး ရှိနေသဖြင့် ရေချိုးဆင်းရန် မရဲပေ။ လူကလည်း စိတ်အိုက်လှပြီမို့ ခုနေ မေမေ ပြန်လာရင် ကောင်းမှာပဲ ဟုတွေးနေမိသည်။ ထိုစဉ် အိမ်ရှေ့ဘက်ဆီမှ သံဇကာ တံခါးဖွင့်သံနှင့် အတူ အပြင်ထွက်သွားသည့် ခြေသံများကြားလိုက်ရ၏။

ဟိုလူကြီး ပြန်သွားပြီ။ တိုက်လက်စ မီးပူနှင့် အ၀တ်များကို ခပ်မြန်မြန် သိမ်းကာ ရေချိုးရန် ပြင်ဆင်လိုက်၏။ အိမ်ရှေ့ ရေတုံကင်လေး နားရောက်တော့ အပေါ်ထပ်တွင် လူရှိမရှိ နားစွင့်မိသေးသည်။

အပေါ်ထပ်သို့တက်သော လှေခါးတံခါး ပိတ်ထား၏။ တစ်အိမ်လုံးလည်း တိတ်ဆိတ်နေသည်။ ကြည့်ရတာ အိမ်ရှင် ဦးလေးကြီးပါ အပြင်ထွက်သွားခြင်းဖြစ်မည်။ 

ညိုတို့ အိမ်ရှင်က မိသားစု လေးယောက်ရှိသည်။ အသက် (၆၀) ကျော် ဦးလေးကြီးနှင့် သမီး သားမက် မြေး မိသားစု။ ကိုထူး ဆိုသည့်လူက တစ်ပါတ်တွင် သုံးလေးခါ သည်အိမ်သို့ ၀င်ထွက်နေသူ။

ပုံမှန်အားဖြင့် သည်အချိန် အိမ်တွင် သိပ်မရှိတတ်သူ ညို ဆိုသည့် ကောင်မလေး။ သည်နေ့အဖို့ သူမ ကို တွေ့ရခြင်းက ကိုထူးအတွက် မုတ်ဆိတ်ပျားစွဲသည် ဆိုရမည်။ 

သူ့အမေ ဒေါ်ငုဝါက နေ့လည် (၁)ချက်ထိုးလောက်မှ ပြန်ရောက်တတ်၏။ ကံကောင်းချင်တော့ ဦးလေးကလည်း ပင်စင်ငွေ ထုတ်ရန် သွားသည်။ အနည်းဆုံးတော့ ညနေစောင်းမှ ပြန်ရောက်မည်။ ကျန် မိသားစုများကလည်း ရုံးသမား၊ ကျောင်းသမားများမို့ အိမ်တွင် မည်သူမျှ မရှိ။ 

အပေါ်ထပ် လှေခါး အကွယ်တွင် နေရာယူရင်း ကောင်မလေး ရေချိုးတာကို မျက်စိ အရသာ ခံနေလိုက်၏။ ရေလဲထမီ ခပ်နွမ်းနွမ်းလေး အောက်မှ ခါးကျဉ်ကျဉ်နှင့် တင်စိုင် ထွားထွားတို့က သူ့စိတ်ကို နိုးဆွနေသည်။ 

ရေတစ်ခွက် နှစ်ခွက် လောင်းချိုးပြီး ဆပ်ပြာတိုက်နေသည့် ညို။ နံမည်လေးက ညို ဆိုသော်လည်း ဖြူဖွေး နုမွတ်နေသည့် အသားအရည်က မြင်သူ ငေးလောက်သည်ပင်။ကျောက်ပြားပေါ်တွင် ဒူးလေး တုပ်ထိုင်ပြီး တစ်ကိုယ်လုံး အနှံ့ ဆပ်ပြာ ထိုင်တိုက်နေ၏။ မိန်းကလေးတစ်ယောက် ရေချိုးတာ သည်လောက် ကြည့်ကောင်းမှန်း ကိုထူး ခုမှ သိတော့သည်။ 

တင်တစောင်း အနေအထားမို့ နောက်ကျောဘက်မှ ကော့ထွက်ကာ မို့မောက်နေသည့် တင်စိုင်များက အသည်းယားစရာ။ ထမီ စ လေးကို အသာဖြေလျှော့ပြီး ရင်သားများအတွင်း ခပ်သွက်သွက် နှိုက်ကာ နှံ့န့ှံ စပ်စပ် ဆပ်ပြာတိုက်နေသော သူမ။

မိမိက အပေါ်စီးမှ မြင်နေရပေမယ့် နောက်ကျောဘက် ဖြစ်နေ၍ ရင်သားများကိုတော့ မမြင်ရပေ။ လက်တစ်ဘက်က ထမီကို ထိန်းရင်း ကျန်တစ်ဘက်က ရေခပ်လောင်းသည်။ 

စောစောက ဖြေလျှော့ထားသောကြောင့်ထင့်။ ထမီက အနည်းငယ် လျှောကျသွားသည်။ ရင်ဘတ်မှ ထိန်းကိုင်ထားသဖြင့် ကျွတ်ကျ မသွားသော်လည်း ကျောပြင် လေး တစ်၀က်နီးပါး မထိတထိပေါ်လာ၏။သည်ကောင်မလေး သူ တိတ်တဆိတ် ချောင်းနေတာကို သိပုံမပေါ်။ အိမ်တွင် သူမတစ်ဦးတည်း ရှိသည်ဟု ထင်နေပုံရသည်။ လျောကျလုလု ထမီကို ပြင်မ၀တ်သေးဘဲ ရေထပ်လောင်းသည်။ 

ပခုံးထက်မှ စီးကျနေသော ရေစီးကြောင်းများက ငယ်ရွယ်ပျိုမြစ်သော မိန်းမလှလေးတစ်ဦး၏ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို ပိုမိုလှစ်ဟပြနေ၏။ ထိုင်နေလျှက်မှ ထ ရပ်လိုက်တော့ စိုကပ်နေသော ထမီက ဖောင်းမို့မို့ တင်သားနှစ်ခု ကြားတွင် ညပ်လျက်။ ဖြောင့်စင်း ၀င်းမွတ်သော လက်မောင်းများပေါ်မှ ရေသီးကလေးများကလည်း အသည်းယားစရာ။ 

သူမ လှုပ်ရှားမှုများကို ငေးရင်း လူက ရေငတ်လာသလိုလိုပင်ဖြစ်လာတော့သည်။ ခုနေများ သည်ကလေးမနှင့် အတူ ပွေ့ဖက် ကျည်စယ်ပြီး ရေကစားရပါလျှင်။ ကပိုကရို ထမီရေစို အလှက သူ့စိတ်ကို ဆွနေသည်မှာ အောက်က ငယ်ပါ အော်ငိုလာသည် အထိပင်။ဒေါကန်လာသည့် ညီမောင်ကို ပုဆိုးပေါ်မှပင် အသာ ချော့ရန်ကြံရတော့သည်။ 

ထိုစဉ် ကောင်မလေး လည်း လက်ထဲမှ ရေခွက်ကို ချကာ ထမီကို ပြင်၀တ်၏။ ကိုထူး တစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသည်ပဲ ပြောရမည်လား။လှပ်ကနဲ မြင်လိုက်ရသည့် ရင်သားမို့မို့များက ညှစ်ချင် ပွတ်ချင်စရာ။ ကိုထူး စိတ်ရိုင်း ၀င်လာတော့သည်။ ကောင်မလေးက ရေစိုထမီနှင့်ပင် တုံကင်နှိပ်ရန်ပြင်၏။ 

သည်အိမ်မှာက အိမ်ရှင်ရော အိမ်ငှားပါ သည်နေရာတွင် ရေသုံးရသည်မို့ မိမိ ရေချိုး အ၀တ်လျှော် ပြီးသည်နှင့် ကျောက်စည်ကို ရေပြန်ဖြည့်ထားလေ့ ရှိကြသည်။ ရေတုံကင် နှိပ်နေသည့် သူမ အနေထားက ခပ်စောင်းစောင်းမို့ သူ့အဖို့ ရင်သားရော တင်စိုင်များကိုပါ စိတ်ရှိတိုင်း ခံစားခွင့် ရသွားတော့သည်။ 

စိုကပ်နေသော ထမီနှင့် တုံကင် မောင်းတံကို မြှောက်ချည်ပင့်ချည် နှိပ်နေပုံကိုကြည့်ရင်း ပုဆိုးအောက်မှ ဘွားဘက်တော်လည်း မီးတောက်နေပြီ။ရေပြည့်သွားတော့ ကောင်မလေး ထမီလဲ၀တ်၏။ နီတျာတျာ ရင်သား ထိပ်သီးလေးများ အထိ ဖျတ်ကနဲ မြင်လိုက်ရသလိုပင်။ ထို့နောက်အိမ်နောက်သို့ ခြေရင်းဘေးဘက်မှ ပါတ်၀င်သွား၏။ 

ရေစိုထမီကို သွားလှန်းနေခြင်း ဖြစ်မည်။ ကိုထူး သိပ်များများ မစဉ်းစားတော့ နာရီကို လှမ်းကြည့်တော့ (၁၁) နာရီကျော်ရုံ ရှိသေးသည်။ ဒေါ်ငုဝါ ပြန်လာရန် အစောကြီးလိုသေးသည်ပဲ။ ခပ်သွက်သွက် အောက်ဆင်းကာ သူမတို့ အိမ်ထဲ ၀င်နေလိုက်သည်။

အိမ်လေးက အိမ်ရှေ့ခန်း၊ အလယ် အိပ်ခန်းနှင့် နောက်ဖေးချောင်၊ သည် သုံးခန်းသာ ရှိသည်။ သူမက နောက်ဖေးတံခါးမှ တက်လာမည်ဖြစ်သဖြင့် အိမ်ရှေ့ခန်းနှင့် အလယ်အိပ်ခန်း ကြား နံရံထောင့်တွင် ကပ်ကာ ပုန်းနေလိုက်၏။ သူမ ၀င်လာသည်။ 

အလယ်ခန်းထဲ တန်း၀င်သွား၏။ ကိုထူး အချိန် မဆွဲတော့။ ချက်ချင်းနောက်မှ လိုက်ကာ ၀င်သွားလိုက်၏။သနပ်ခါးကျောက်ပျဉ်ရှေ့ ထိုင်လိုက်စဉ် မှန်ထဲမှ ပေါ်လာသည့် ပုံရိပ်ကြောင့် ညို သွေးပျက်မတတ် ကြောက်လန့်သွားသည်။ 

ဖောသွပ်သွပ် မျက်နှာကြီးနှင့် ကွမ်းစားထားသော ပါးစပ်နီရဲရဲကြီးကို ဖြဲကာ ရမ္မက်မီးတောက်နေသည့် မျက်လုံးများ။ ညို လန့်လွန်းလို့ ရုတ်တရက် မအော်မိ။ 

ကြက်သေသေနေသော သူမ၊ အိပ်ရာပေါ်တွန်းလှဲချ ခံလိုက်ရသည်။ အင်အားရှိသလောက် တွန်းထိုး ရုန်းကန်ပါသော်လည်း အားချင်းက မမျှ။ ပါးစပ်ကို လက်နှင့် အတင်း ဖိအုပ်ပြီး ၀တ်ထားသော ထမီကို ဆောင့်ဆွဲချွတ်ခြင်းခံလိုက်ရသည်။ 

ညို့ ရင်သားများ ဟင်းလင်းပွင့်သွား၏။ ၀ူး၀ူးဝါးဝါး အော်သံများနှင့် ခြေလက်များကလည်း အတင်းကန်ကျောက်ကာ ရုန်းသည်။ ကိုထူး က ညို့ကိုယ်ပေါ် ခွလျက် ဖိထိုင်ပစ်လိုက်သည်။ 

ညို မည်သို့မျှ ရုန်းမရတော့။ ပါးစပ်ကို အုပ်ထားသည့် လက်ကို ဆတ်ကနဲလွှတ်ကာ မျက်နှာတစ်ခုလုံး ခေါင်းအုံးနှင့် ဖိပစ်လိုက်သည်။ 

ညို အသက်ရှုကျပ်ပြီး မျက်လုံးများ ပြာ၀ေ လာ၏။ လှုပ်ရှားရုန်းကန်နေမှုများ ငြိမ်သက်ကာ မှောင်အတိကျသွားသည်။

နေ့လည် အပြင်သွားရန် ရှိသဖြင့် အိမ်သို့ ပုံမှန်ထက် စောကာ ပြန်ရောက်လာသော ဒေါ်ငုဝါ။ အိမ်ခန်းအတွင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ရင်ထဲမှ စူးအောင့်ကာ မျက်လုံးထဲ မီးတောက်သွားသည်။ 

ကိုယ်အပေါ်ပိုင်း ဗလာကျင်းလျှက် ငြိမ်သက်နေသော သမီးငယ်။ တုတ်ခိုင်ထွားကျိုင်းသည့် ယောကျ်ားတစ်ဦး သမီးလေးပေါ်ခွထိုင်ကာ ရင်သားများကို အားပါးတရ နယ်ဖတ် နေသည်။ မိမိ ၏ သမီးလေးကို မတရားကျင့် စော်ကားနေသည့် မြင်ကွင်း။ မိခင်ဖြစ်သူ ဒေါ်ငုဝါ မျက်လုံးများ မီး၀င်း၀င်းတောက်သွား၏။

“ သမီး.. အမလေး.. လူယုတ်မာကောင်..”

ပါးစပ်မှ အော်ရင်း ထိုလူကို အတင်းဆွဲဖယ်လိုက်သည်။ နှစ်ဦးသား ဘေးသို့ လုံးထွေးသွား၏။ ရာဂမီးတောက်နေသောလူ၊ ကိုထူး.. ။ ဒေါ်ငုဝါ ကိုပါရန်ရှာတော့သည်။ ပါးစပ်ကို လက်နှင့် အတင်းဆွဲအုပ်၏။ လက်တစ်ဘက်က လည်ပင်းကို ညှစ်ရန် ကြိုးစားသည်။

“ ခင်ဗျားကြီး မသေချင်ရင် တိတ်တိတ်နေ..”

အံကျိတ်ရေရွတ်ရင်း လည်ပင်းကို အတင်း ဖိညှစ်၏။ ယောကျ်ားနှင့် မိန်းမ အားချင်းက မည်သို့မျှ မမျှတနိုင်။ဒေါ်ငုဝါ အသက်ရှကြပ်ပြီး မျက်လုံးများ ပြာ၀ေလာ၏။ သို့သော် မိခင်တစ်ယောက်၏ ဇောက အသိစိတ်ကို ထိန်းပေးထားသည်။ ငါ.. ငါ သေလို့မရဘူး.. ငါသေသွားရင် ငါ့သမီးလေး ဘ၀ ပျက်သွားမယ်..။

မိမိစိတ်ကို အတန်တန် တင်းထားရင်း လက်များက အနောက်ဘက်ရှိ ခြင်းတောင်းလေးကို စမ်းမိသွားသည်။ ခြင်းတောင်း.. စောစောကတင် မိမိလက်ထဲမှ လွတ်ကျသွားသော ခြင်းတောင်း၊ သည်ခြင်းတောင်းထဲတွင် ကပ်ကြေးရှိသည်။ 

ကံအားလျှော်စွာပင် ကပ်ကြေးကို လက်မှ ထိထိမိမိ စမ်းလိုက်နိုင်သည်။ အသက်ကို အလုအယက်ရှုသွင်းနေရသည့်ကြားမှပင် ကပ်ကြေးလက်ကိုင်ကို မြဲနေအောင် ဆုပ်ကိုင်လိုက်နိုင်၏။ 

လက်တို့က တဆတ်ဆတ် တုန်နေပြီ။ ငါ အားပျော့နေလို့ မရဘူး.. ဒင်း သေရမယ်.. ဒီ လူယုတ်မာ သေရမယ်။

“ အားးးးးး….”

၀မ်းဗိုက်တည့်တည့်သို့ အားကုန်ထိုးစိုက်လိုက်သော ကြောင့် ကိုထူး အသံနက်ဖြင့်အော်ရင်း ဟန်ချက်ပျက်သွားသည်။ ဘေးသို့ လဲကျသွားသော လူယုတ်မာကောင်ကို အတင်း တွန်းထုတ်လိုက်၏။ 

သို့သော် ဤမျှလောက်ဖြင့် သည်ကောင် မသေနိုင်သေး။ ဒေါ်ငုဝါ ရင်ဘတ်ထဲမှလည်း စူးအောင့်လှပြီ။ လည်ပင်းမှလည်း နာကျင်ကာ မျက်လုံးများအစ်ထွက်နေသလို ခံစားနေရ၏။ 

သမီးလေးကို လှမ်းကြည့်တော့ မလှုပ်သေး။ ငါ့သမီးလေး သေပြီလား.. လူက ရူးမတတ် ခံစားလိုက်ရသည်။ နထင်တစ်၀ိုက်ဆီတွင် ပိုးကောင်များ တရွရွ တက်လာသည့်အလား မျက်နှာတစ်ခုလုံး ထူပူလာ၏။ ပါတ်၀န်းကျင်ကို အကူညီတောင်းဘို့ ကြိုးစားပါသော်လည်း တစ်ဆို့နေသော လည်ချောင်းများက မည်သို့မျှ အသံမထွက်။

“ ကိုရေ.. ကယ်ပါ.. ငုတို့သားမိကို ကယ်ပါဦး ကိုရေ.. သမီးလေး ဘာဖြစ်သွားပြီလဲ မသိဘူး.. ဘုရား ဘုရား.. သမီးလေး.. မေမေ့ သမီးလေးရေ..”

သမီးကို ပြေးပွေ့ပြီး ခါးအထိရောက်နေသော ထမီလေးကို ရင်သားများဆီသို့ ပြန်ဆွဲဖုံးရင်း လှုပ်နှိုးလိုက်သည်။ သမီးလေး အသက်ရှုနေသေးသည်။ မိခင်ရင်ခွင်ထဲတွင် အင့်ကနဲ တစ်ချက်လွန့်လာ၏။ 

ဒေါ်ငုဝါ ရင်တွင်းမှ စူးအောင့်သော ၀ေဒနာက ပိုဆိုးလာ၏။ ပါတ်၀န်းကျင်ကို အော်ဟစ်အကူညီတောင်းရန် ကြိုးစားပါသော်လည်း မည်သို့မျှ အသံမထွက်နိုင်။ 

ထိုစဉ် အနားရှိလူယုတ်မာကောင်ကဒဏ်ရာရသွားသော ဗိုက်ကိုနှိပ်လျှက်ကုန်းရုန်းထရန် ပြင်နေသည်။အလွန်အမင်း စိုးထိတ်နေသည့်စိတ်ကို စုစည်းလိုက်၏။ သည်လူယုတ်မာ မသေမချင်း သမီးလေးအတွက် စိတ်မချရပြီမဟုတ်ပါလား။

မိမိ၏ နောက်ဆုံးခွန်အားတို့ကို အော်ဟစ်ရန်အတွက် မကြိုးစားတော့။ သမီးလေး အတွက် မိမိ တတ်နိုင်သမျှ အင်အားဖြင့်ပင် ကာကွယ်ရန် ဆုံးဖြတ်ကာ အခန်းတွင်း မျက်လုံးကစားလိုက်သည်။ 

သနပ်ခါးကျောက်ပျဉ်…။ ခပ်လတ်လတ် အရွယ်အစားရှိသော သနပ်ခါးကျောက်ပျဉ်ကို လှမ်းယူလိုက်ပြီး ကုန်း ထ နေသည့် ကိုထူးခေါင်းပေါ်သို့ အားကုန် ထု ချလိုက်၏။

“ အားးးးး…. အား…”

ပထမတစ်ချက်တည်းနှင့်တင် ကုန်းထနေသော လူယုတ်မာကောင် ပြန်လဲကျသွားသည်။ မျက်နှာကြီးရှုံ့မဲ့ကာ တအီးအီး အော်ညည်းနေ၏။ 

သွေးစက်တို့ စွန်းထင်းသွားပြီ ဖြစ်သော ဒေါ်ငုဝါ လက်တို့ ရပ်တန့်၍ မရတော့ပါချေ။ သားသမီးဟူသော ဇောကြောင့်လား.. အန္တရာယ် ကြီးမားလှသည့် အနေအထားတစ်ခုမှ မိမိက အသာစီးရသွားသောကြောင့်လား.. စိုးရိမ်ကြောက်လန့်မှုတို့ လွန်ကဲသွားခြင်းကြောင့်ပဲလား.. 

သို့တည်းမှ မဟုတ် မြိုသိပ်ထားခဲ့ရသော ဘ၀အမောများကြောင့် တဒင်္ဂ ရူးသွပ် သွားခြင်းများလေလား.. ကြမ်းပြင်တွင် ဒူးထောက်ထိုင်ပြီး အနားတွင် တုံးလုံးလဲကျ ငြိမ်သက်နေသော ကိုထူး၏ ခေါင်းပေါ်သို့ ကျောက်ပျဉ်ဖြင့် တစ်ချက်ပြီးတစ်ချက်..။ နားထဲတွင် သမီး ညိုလေး၏ 

“ မေမေ.. မေမေ..” 

ဟူသော အော်ဟစ်ငိုရှိုက်သံများက နီးလာလိုက် ေ၀းသွားလိုက်..။

“ မေမေရှိတယ် သမီး.. သမီးလေး မကြောက်နဲ့.. မေမေ ရှိတယ်.. သမီးမှာ မေမေ တစ်ယောက်လုံး… သမီးလေး ရှေ့မှာ…သမီး လေး ရှေ့ မှာ.. မေ မေ.. တစ် ယောက် လုံး ရှိ..”

ရင်ထဲမှစူးအောင့်သော ၀ေဒနာကို အံတုလျက်စကားလုံးများကို တုန်ရီစွာဖြင့်တတွတ်တွတ်ရေရွတ်ရင်း.. အားကုန်ထုရိုက်နေသည့်လက်များကအဆတ်မပြတ်တော့ပါချေ။

လေဆိပ် ခန်းမဆောင်ထဲသို့ အတက်ကြွဆုံး ခြေလှမ်းများဖြင့် ၀င်လာခဲ့သူ.. ဦးဉာဏ်လင်းညို။ လွန်ခဲ့သော လ အနည်းငယ်က မိတ်ဆွေဟောင်းဖြစ်သူ မာလာဆွေ့ထံမှ အဆက်သွယ်ရခဲ့သည်။ 

ငု ကို ရှာတွေ့ပြီဖြစ်ကြောင်း။ သူ့ဘ၀တွင် မမျှော်လင့်ရဲ့တော့သည့်သတင်း။ သည့်ထက် ထူးသည်က ငု တစ်ယောက်တည်း မဟုတ်။ သူ မည်သို့မျှ ထင်မထားသော သမီးလေး.. ချစ်ရသည့် ငု က သူ့အတွက် သမီးလေး မွေးပေးထားသည်တဲ့လေ။

 ကြားကြားချင်း ယောကျ်ားရင့်မာကြီးတန်မဲ့ မျက်ရည် မဆည်နိုင်ခဲ့။ ငု ရယ်.. ဟူသည့် စကားမှ လွဲ၍ ဘာမှလည်း ထပ်မပြောတတ်တော့ပါ။

ကားအက်ဆီးဒင့်ကြောင့် သူ့ စိတ်ကူး၊ သူ့ အစီစဉ်အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ရသည်။ လောကကြီးက ကြိုတွေးလို့လည်းမရ၊ ကြိုစီစဉ်တိုင်းလည်း မဖြစ်ပါလား ဆိုတာထက်ပိုပြီး သူဘာမှ မသုံးသပ်နိုင်ခဲ့။

ကျန်းမာရေး အခြေနေ နေထားတကျ ဖြစ်သည်နှင့် သူ အရင်ဆုံး လုပ်ခဲ့တာ ငု ကိုရှာခြင်းပင်။ သို့သော် ငုက ပျောက်သောသူမှ မဟုတ်ခဲ့ဘဲလေ။ ပျောက်သောသူ ရှာလျှင်တွေ့ဆိုသော်လည်း ပုန်းနေသော သူကိုတော့ မည်သို့မျှ လမ်းစ မတွ့ခဲ့။

နွယ်တို့ အိမ်ထောင်ရေးပြဿနာကိုတော့ အကောင်းဆုံးဖြစ်အောင် သူ ဖြေရှင်းပေးနိုင်ခဲ့သည်။ ကိုထက်အောင် ကလည်း ခေတ်ပညာတတ် လူရည်မွန်တစ်ဦးပေမို့ နံမည်ပျက် မရှိခဲ့ဘူးသော သူ့ သိက္ခာနှင့် သမာဓိတရားကို နားလည်ခဲ့၏။

နွယ်ကလည်း သူမပြဿနာကြောင့် ငုနှင့် သူ လွဲချော်ခဲ့ရခြင်းဟု တွေးကာ ငုကိုရှာဖွေရာတွင် တတ်စွမ်းသလောက် ကူညီခဲ့ရှာပါသည်။ မိခင်ကွယ်လွန်ပြီး အဒေါ်ဖြစ်သူနှင့် အတူ လိုက်ပါသွားသည် ဆိုတာထက်ပို၍ ဘာသတင်း အစအနမှ မရခဲ့။ 

နောက်ဆုံးတော့ သူလည်း အလုပ်ထဲ စိတ်နှစ် ထားရင်း အောင်မြင်လာသော လုပ်ငန်းများနှင့်အတူ နိုင်ငံရပ်ခြားသို့ သွားရောက်နေထိုင်ဖြစ်ခဲ့သည်။ 

ချစ်သူကို တစ်နေ့မှ မေ့မရသော်လည်း သူမ၏ ရွေးချယ်မှုက မိမိ မဟုတ်ခဲ့ခြင်း ဟုသာ တွေးရင်း အလွမ်းနှစ်၊ ရက်တို့ ရှည်ခဲ့ရသည်။ ချစ်ခဲ့ကြသည် အချိန်ကာလကလည်း တိုတောင်းလှသည်မို့ သူတို့နှစ်ဦး ပါတ်သက်မှု၏ နောက်ကွယ်တွင် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်တည်ခဲ့မည်ဟု သူ လုံး၀ ထင်မထားခဲ့မိပါချေ။

မာလာ့ ဆီမှ အဆက်သွယ်ရလာတော့ ရင်တွေ ပေါက်ထွက် မတတ် ပျော်ခဲ့ရပါသည်။ မြန်မာပြည်ကို ချက်ချင်း ပြန်လာနိုင်ရန် စီစဉ်ခဲ့ပါသော်လည်း လ အနည်းငယ် ကြာသွားခဲ့၏။ 

သည်ကြားထဲ အလုပ်များလှသော မာလာနှင့် ကလည်း အဆက်သွယ် ရတစ်ချက် မရတစ်ချက်။ ဘာပဲဖြစ်ဖြစ် ငု နှင့် ပြန်ဆုံရမည် ဆိုတာ တစ်ခုတည်းက သူ့အတွက် ပြီးပြည့်စုံသော ကောင်းသတင်း တစ်ရပ် ဖြစ်သည်ပဲလေ။ ငု အတွက် သူဘာတွေ ၀ယ်သွားရမလဲ.. ငယ်ငယ်တုန်းကလို ဘီးကုပ် လှလှလေးတွေ ချစ်တတ်တုန်းလား။ သူ့ထံမှ တန်ဘိုးကြီး ပစ္စည်းများအစား အရောင်စုံ ဘီးကုပ် လှလှလေးများကိုသာ ပူဆာတတ်သော ချစ်သူလေး။

အွန်း.. ခုတိုင်းဆို ဇနီးလေး ပေါ့လေ။ ထို ချစ်စရာ ဇနီးချောလေး၏ခေါင်းတွင် သူ့လိုပဲ ဆံပင်များ ဖြူနေပြီလား။ ဒါဆို ဘီးကုပ်လေးတွေနဲ့ ဘယ်လိုက်ဖက်ပါတော့မလဲ။ ကြံကြံဖန်ဖန် အတွေးတို့နှင့် ကြည်နူးစွာ ပြုံးမိသည်မှာ အခါခါပင်။

အသက် (၂၀) ၀န်းကျင်အရွယ် သမီးလေးအတွက်ကော ဘယ်လိုလက်ဆောင်မျိုးက သင့်တော်နိုင်မလဲဟု စဉ်းစားရပြန်သေးသည်။ ဖခင်မဲ့ကြီးပြင်းခဲ့ရရှာသော သနားစရာ သမီးလေး။ သူ့အမေလိုပဲ တီတီတာတာ စကားများ ပြောတတ်လေမလား။ သမီးလေး၏ မျက်လုံးများကကော သူ့အမေလို ကြယ်ရောင် လက်နေလေမလား။ 

လွန်ခဲ့သည့် ရက်အနည်းက သမီးလေးနှင့် သူ ဖုန်းပြောဖြစ်ခဲ့သည်။

“ ဖေဖေ့..”

ဆိုသော စကားလေးကို တုန်ရီစွာ ဆိုရှာသည့် သမီးလေး။ သမီးမေမေကော ဆိုတော့ လိုင်းမကောင်း၍ မကြားသောကြောင့်လား ဘာမှ ပြန်မဖြေ။ 

ခုမှ ကြားရသော ဖခင်၏ အသံကို စိတ်လှုပ်ရှား နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သမီး ဘာလိုချင်လဲ ဟု သူမေးတော့ 

“ ဖေဖေ.. ဖေဖေ မြန်မြန်ပြန်လာပါ..” 

ဟု ငိုသံလေးစွက်၍ ဖြေရှာသည်။

သည်နေ့တော့ လေယာဉ်ကွင်းသို့ မာလာ့ ခင်ပွန်းနှင့် အတူလာကြိုကြမည်ဟု ချိန်းဆိုထားသည်။ ရှုပ်ယှက်ခတ်နေသည့် လူအုပ်ထဲတွင် သူ့ မြင်ကွင်းထဲ ထင်းကနဲ ၀င်လာသူ မိန်းမငယ်လေးတစ်ဦး။ သွေးက စကားပြောသည်ဟု ပြောရမည်ပင်။ 

၀င်းပ ရွှန်းစိုသည့် အသားအရည်နှင့် ကြည်လင်နေသော မျက်နှာလေး။ ဦးဉာဏ်လင်းညို အံ့သြ မင်တက်မိ၍ မဆုံးတော့နိုင်။ 

ငုရယ်.. တကယ့်ကိုပဲ ကို့ရဲ့ ကိုယ်ပွားလေးပါလား.. ဘေးမှ ဖြတ်သွားသူများပင်လျှင် သည်ကလေးမနှင့် မိမိကို သားအဖမှန်း သိနိုင်လောက်အောင် မျက်နှာနှစ်ခုက တထေရာတည်း။

ဖခင်တစ်ယောက်၏ အနှိုင်းမဲ့သော ပီတိတို့က ရင်ထဲတွင် လှိုက်၍ တက်လာသည်။ သမီး.. ဖေဖေ့ သမီးလေး.. တကယ်ပဲ ဖေဖေ့သမီးလေး.. သမီးရယ်..။ယောင်္ကျားရင့်မာကြီးတန်မဲ့ စို့တက်လာသည့် မျက်ရည်တို့က ကြည်နူးခြင်းလေလား၊ ကြေကွဲခြင်းလေလား..။ ကြေကွဲခြင်းတော့ မည်သို့မျှ မဖြစ်တန်ရာ..။ သူ့ဘ၀အတွက် အသာယာဆုံး အချိန်ပင် မဟုတ်ပါလား။ 

သမီး၊ ဇနီးနှင့် ပြီးပြည့်စုံသော သူ့ဘ၀..။ ငု.. ငုက ဘယ်မှာလဲ။ တဒိန်းဒိန်း လှုပ်ခါနေသည့် နှလုံးသား အစုံနှင့် ခြေစုံရပ်နေမိသော မိမိရှေ့တည့်တည့် သို့ တစ်လှမ်းခြင်း လျှောက်လာနေသည့် အမျိုးသားကြီးတစ်ဦး။ မြင့်မားသော အရပ်အမောင်းနှင့် တည်ကြည်ခန့်ငြားသော ရုပ်သွင်ပိုင်ရှင်။ 

ဖေဖေ.. တကယ်ပဲ ညို့ဖေဖေပါလား..။ ညို့မှာ မေမေ့အပြင် အားကိုးမြတ်နိုးအပ်တဲ့ လူသားတစ်ဦး.. ဖေဖေ ဆိုသော လူသားတစ်ဦး တကယ်ပဲ သက်ရှိထင်ရှား ရှိနေတာပါလား။ ညို့လက်ဖျားတို့ သွေးမရှိတော့သလို အေးစက်နေခဲ့ပါသည်။ ဖေဖေ့မျက်နှာ၊ ဖေဖေ့အပြုံးတို့က မေချို ပြောသလိုပဲ ညို မှ ညို တထေရာတည်း။ 

ချောလိုက်တာ.. ဖေဖေက ခန့်ငြားလိုက်တာ.. ကမ္ဘာပေါ်မှာ အခန့်ငြားဆုံး ဖေဖေပါလား.. ဖေဖေ့ အပြုံး၊ ဖေဖေ့ခြေလှမ်းတို့က အားမာန်အပြည့်..။ ညို့မျက်၀န်းထဲတွင် တရွေ့ရွေ့လှမ်းလာနေသည့် ဖေဖေ့ ပုံသဏ္ဍန်သည် အမှောင်ကို ခွင်း၍ ထွန်းလင်းတောက်ပစွာ ပေါ်ထွက်လာသော နေမင်းကြီးလို ထည်ဝါ လှပါသည်။

“ သ...မီး…” 

ညင်သာစွာခေါ်လိုက်သော ဖေဖေ့စကားသံက ညို့တစ်ကိုယ်လုံးကို ကြက်သီးမွေးညင်းများ ထစေခဲ့ပါသည်။ သမီး တဲ့.. ဖေဖေ ငါ့ကို ခေါ်နေတယ်.. ငါ့မှာ မေမေ့အပြင် ငါ့ကို သမီးလို့ခေါ်မယ့် ဖေဖေ တကယ်ရှိတယ်.. အခုပဲ ဖေဖေက ငါ့ကို ခေါ်နေပြီ.. သမီးတဲ့.. ဖေဖေက ငါ့ကို သမီး တဲ့..။

ညို့ပါးပြင်မို့မို့လေးများပေါ်သို့ ပူနွေးသော မျက်ရည် စီးကြောင်းများ က ဆည်တမံတစ်ခု ကျိုးကျသည့် အလား။ အင့် ကနဲ ရှိုက်သံတစ်ခု အပြင် ညို ဘာစကားမှ ပြောမထွက်ပါ။

တကယ်တမ်း ရင်ထဲမှ ပဲ့တင် ထပ်နေသည့် ဖေဖေ ဟူသော စကားလုံးက ခုလို မျက်နှာချင်းဆိုင်ရချိန်မှာ ညို့အတွက် စိမ်းသက်လွန်းလှပါလား။ မိမိထက် ဦးခေါင်းတစ်လုံးစာ မက မြင့်မားသော ဖေဖေ့မျက်နှာကို ညို မော့ကြည့်နေမိပါသည်။ မျက်၀န်းတွင် ပြည့်အိုင်လာသည့် မျက်ရည်များကို မျက်တောင်ကော့များဖြင့် တဖျပ်ဖျပ် ပုတ်ထုတ်နေမိ၏။

ဟင့်အင်း ညို မငိုဘူး ဖေဖေ.. ဖေဖေ့ကို မျက်ရည်တွေနဲ့ မကြိုဆိုချင်ဘူး။

ကြင်နာသော လက်တစ်စုံက ညို့ ပခုံးလေးနှစ်ဘက်ပေါ်သို့ ကျရောက်လာပါသည်။ 

“ သမီးလေး..” 

ခေါ်သံက သိမ်မွေ့လှသော်လည်း ထိုအသံ၏ အားအင်တို့က ညို့ ပခုံးထက်မှသည် နှလုံးသားနုနု ဆီသို့။ ညို့ပါး ထက်မှ မျက်ရည်တို့ကို တယုတယ သုတ်ပေးရင်း 

“ ဖေဖေ့ သမီးလေး.. ညို..”

ဖေဖေလည်း အသံတွေ တုန် လို့ပါလား။ ဖေဖေ့ မျက်၀န်းမှာလည်း မျက်ရည်တွေနဲ့ပါလား။ ညို ငိုနေမိလို့များ ဖေဖေ စိတ်မကောင်း ဖြစ်သွားပြီလား။ မငိုပါနဲ့ ဖေဖေရဲ့.. ညို ပျော်ပါတယ်.. သမီး အရမ်းပျော်ပါတယ် ဖေဖေရဲ့..။ 

မုန်းစရာ မျက်ရည်ပူတို့ကို လက်ခုံနှင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်သည်။ ဖေဖေ့မျက်နှာကို မော့ကြည့်ရင်း အတတ်နိုင်ဆုံး ပြုံးလိုက်၏။ ညို့ဘ၀ တစ်လျှောက်တွင် အတောက်ပဆုံး အပြုံးဖြစ်ပါလိမ့်မည်။

“ ဖေ.. ဖေဖေ… ဟင့်..”

မကြားစေချင်ကာမှ သည်ရှိုက်သံက ပါဖြစ်အောင် ပါသွားသေး၏။ 

“ ဖေဖေ့..” 

လှိုက်တက်လာသည့် ခံစားချက်တို့ကို မြိုချရင်း နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ “ဖေဖေ..” တတိယအကြိမ်မြောက် ခေါ်သံတွင် တည်ငြိမ်မှုတို့ စွက်လာသည်။ 

“ ဖေဖေ့..”

မြတ်နိုးအားကိုးမှု၊ ရိုသေကိုင်းရှိုင်းမှုတို့ဖြင့် ပြီးပြည့်စုံသော သည်စကားလုံးလေးက တကယ်တမ်းရင်းနှီးသွားတော့ ညို့အတွက် မခက်လှပါလား။ 

ပိုးပိုးပေါက်ပေါက် ကျလာသော မျက်ရည်တို့ကိုတော့ ညို မတားနိုင်တော့ပါ။ ညို့ မျက်ရည်တို့ကို ဖေဖေ ခွင့်လွှတ်နိုင်မည် ထင်ပါသည်။ခွင့်လွှတ်ပေးပါ ဖေဖေ။ သမီး တကယ်က လုံး၀ မငိုချင်ပါဘူး။ သည်မျက်ရည်တွေက သမီး ငိုချင်နေလို့ ထွက်လာတဲ့ မျက်ရည်တွေ မဟုတ်ဘူး ဖေဖေ။

ညို့ကို ခုမှ တွေ့ရပေမယ့် ညို့ခံစားချက်ကို ဖေဖေ အပြည့်အ၀ နားလည်ပုံ ရပါသည်။ တပေါက်ပေါက် ကျဆင်းလာနေသော မျက်ရည်များကို ဖေဖေ ကြင်နာစွာ သုတ်ပေး၏။

အနားပတ်၀န်းကျင်ရှိ လူများလည်း ညိုတို့သားအဖကို ကွက်ကြည့် ကြည့်ကုန်ကြပြီ။ ခုချိန်တွင် ညို့နားမှာ ဖေဖေ တစ်ယောက်တည်းသာ ရှိမည်ဆိုပါလျှင် ညို့လည်ချောင်းများ ကွဲထွက်သွားသည်အထိ ဖေဖေ ဟု အော်ခေါ်လိုက်ချင်ပါသည်။ 

နဘေးတွင်ရပ်နေသော အန်တီမာလာလည်း မျက်ရည်ကျရှာပြီ။ ဖေဖေက အန်တီမာလာ့ကို ပြုံးပြရင်း ခေါင်းတစ်ချက် ဆတ်ကာ နှုတ်ဆက်၏။ ဖေဖေ့လှုပ်ရှားမှုတိုင်းက ခန့်ငြားလိုက်တာ.. ထည်ဝါလိုက်တာဖေဖေရယ်။

“ ဖေဖေ..” 

သည်တကြိမ်တော့ ညို့အသံလေးက အတော်အသင့် တည်ငြိမ်နေပါပြီ။

“ အွန်းး.. သမီးလေး..” 

ညို့ နှဖူးပေါ်မှ ဆံစ လေးများကို ဖွဖွ သပ်တင်ရင်း ဖေဖေ ပြုံးပြ၏။ ဖေဖေ့ မျက်၀န်းတို့လည်း စိုစွတ်နေပါသည်။ ပီတိပြုံးတို့ ၀ေရင်း ညို့ကို ကြည့်ကာ ခေါင်းတဆတ်ဆတ် ငြိမ့်နေသော ဖေဖေ။ ကြင်နာနူးညံ့သော အပြုံးဖြင့် ညို့ကို ငုံ့ကြည့်ရင်း ဖေဖေ မေး၏။

“ သမီးလေး.. သမီးလေး မေ မေ ကော.. မေမေ ဘယ်မှာလဲ သမီး..”

“ မေမေက.. ဟင့်.. မေမေ ဖေဖေ့ကို စောင့်နေပါတယ် ဖေဖေ.”

“ အွန်.. ခု ပါမလာဘူးပေါ့.. ဘာဖြစ်လို့လဲ.. မေမေ နေကော ကောင်းရဲ့လား သမီး..”

“ ကားပေါ် ရောက်မှ အေးဆေး ပြောပြမယ် ဦးဉာဏ်.. ညို သမီးလည်း တိတ်တော့.. လူတွေ ကြည့်နေကုန်ပြီ.. သွားကြရအောင်နော်..” အန်တီမာလာ ၀င်ပြောလိုက်မှ ညိုလည်း ပါတ်၀န်းကျင်ကို သတိထားမိသွားသည်။

“ တိတ် သမီး.. အရမ်းငိုနေရင် နေထိုင် မကောင်းဖြစ်နေဦးမယ်.. ဖေဖေ ရှိတယ်လေ နော်.. အခု ငု ဘယ်မှာလဲ မာလာ..”

“ ဆေးရုံမှာ ဦးဉာဏ်..”

“ ဟာ..”

ကြားလိုက်ရသည့် စကားက နားထဲသို့ သံရည်ပူနှင့် လောင်းလိုက် သလိုပင်။ 

“ ဘာ ဖြစ်တာလဲ သမီး.. မေမေ ဘာဖြစ်တာလဲ..” 

မိမိကို မော့ကြည့်နေသည့် သမီးလေး မျက်နှာနုနုလေးတွင် သောကတွေက အပြည့့်။ သည်လိုနှင့် ဖေဖေ့လက်မောင်းကို ချိတ်တွဲကာ လေဆိပ်ခန်းမ အတွင်းမှ ထွက်ပြီး ကားနားသို့ ရောက်လာခဲ့၏။ 

ဖေဖေက ကားနဘေးတွင်ရပ်နေသော အန်တီမာလာ့ ခင်ပွန်း ဦးဇာနည်ကို ခေါင်းတစ်ချက် ညိမ့်ကာ နှုတ်ဆက်ရင်း ညို့ကို လှည့် မေးသည်။

“ ငု ဆီ တန်းသွားမယ်နော်.. ဘယ်ဆေးရုံမှာလဲ.. မေမေ့နားမှာ ဘယ်သူရှိလဲ သမီး..”

“ မေချို ရှိတယ် ဖေဖေ..”

“ မေချို ဆိုတာက..”

“ မ၀တ်ရည်ချိုကို ပြောတာဦးဉာဏ်.. မငုဝါနဲ့တူတူ တေးကမ္ဘာမှာ သီချင်းဆိုခဲ့တဲ့ တစ်ယောက်..”

“ အွန်း.. သိပြီ.. ငုက ဘာဖြစ်တာလဲ.. စိုးရိမ်ရလား.. နင် ငါ့ကို ဒီအကြောင်း ဘာလို့ မပြောတာလဲ မာလာ..”

“ ပြောရမှာက အရမ်းများလို့ပါ ဦးဉာဏ်.. ပြီးတော့ မငုဝါက ဦးဉာဏ်ရောက်လာမှ သိပါစေ ဆိုလို့..”

“ အာ ကွာ..”

“ မေမေ့ကို စိတ်မဆိုးပါနဲ့ ဖေဖေရယ်.. နော်..”

“ မဆိုးပါဘူးသမီးရယ်.. ဖေဖေသိတယ်.. သမီးမေမေက ဖေဖေ့ကို စိတ်မပူစေချင်တာ.. သမီးလည်း စိတ်မညစ်နဲ့နော်.. ဖေဖေ ရောက်လာပြီပဲ ဟုတ်လား..”

ဖေဖေ့ ပုံသဏ္ဍန်နှင့် လှုပ်ရှားမှုတိုင်းက ညို့အတွက် ထည်ဝါလွန်းလှသော်လည်း နွေးထွေးသည့် အကြည့်များ၊ ပြောဆိုဆက်ဆံပုံများနှင့် သွေးကပြောသော စကားများကြောင့် စက္ကန့်နှင့် အမျှ ဖေဖေ့ အပေါ် ညို ရင်းနှီးလာမိသည်။ 

ရင်ထဲမှလည်း ဒါ ငါ့အဖေ၊ ငါပိုင်တဲ့ အဖေ ဆိုသော အသိစိတ်က တစိမ့်စိမ့် ၀င်လာ၏။ ညို့ကို ဖေဖေကိုယ်တိုင် ကားတံခါး ဖွင့်ပေးသည်။ ယိုင်နဲ့နဲ့ဖြစ်နေသည့် ညို့လက်မောင်းကို ထိန်းကိုင်ပေးရင်း ကားထဲ၀င်စေ၏။ 

ညို၀င်ထိုင်ပြီး ကားတံခါး ပြန်ပိတ်ပြီးမှ ဖေဖေ ရှေ့ခန်းတွင် ထိုင်သည်။ နောက်ခန်းမှာ ညိုနှင့် အန်တီမာလာ။ ဦးဇာနည်က ဖေဖေ့ အထုပ်အပိုးတွေ ကားပေါ်တင်ပြီး ယာဉ်မောင်းသူနေရာတွင် ၀င်ထိုင်သည်။ 

“ ကဲ.. သမီးလည်း အရမ်းပင်ပန်းနေပြီ.. မာလာ နင်ပဲပြော.. ငု ဘာဖြစ်တာလဲ..” 

နောက်ခန်းဘက်ကို ကိုယ်တစောင်းလှည့်ပြီး မေးလိုက်သော ဖေဖေ့စကားက ညို့နားထဲသို့ နှစ်သိမ့် အားပေးသံလိုလို၊ အမိန့်စကား တစ်ခွန်းလိုလို။ ဖေဖေ့ မေးခွန်းကို အန်တီမာလာ ရုတ်တရက် မဖြေသေး။ 

ညို့ကို ကြင်နာစွာ လှည့်ကြီးပြီး ညို့လက် ကလေးကို ဖျစ်ညှစ်လိုက်ရင်း..

“ အန်တီ ပြောပြလိုက်တော့မယ်နော်.. သမီး..”

“ ဘာတွေလဲကွာ.. ” 

သောကရိပ် သန်းနေသော ဖေဖေ့ အသံက စိတ်မရှည်ချင်တော့။

“ ဒီလိုပါ ဦးဉာဏ်.. မငုဝါကို ပြန်တွေ့ပြီး မမချိုက မာ့ဆီ ဖုန်းဆက်တယ်.. ဦးဉာဏ်ဆီ မာ ကတဆင့် ဆက်သွယ်ပေးဘို့ပေါ့.. ဦးဉာဏ်ကို ချက်ချင်း မပြောဖြစ်တာက မာ ကိုယ်တိုင်ကလည်း ဦးဉာဏ်နဲ့ အဆက်သွယ် ပြတ်နေတာကြာတော့ လိပ်စာတွေ ဖုန်းနံပါတ်တွေ ချက်ချင်း ပြန်မရှာလိုက်မိတာရယ်.. 

သူတို့ သားအမိလည်း နောက်တနေ့ လာကြမှာပဲဆိုတော့ မငုဝါနဲ့တွေ့ပြီးမှ သူတို့ အစီစဉ်တိုင်း လုပ်ပေးမယ်ပေါ့နော်.. မာ စောင့်လိုက်မိတဲ့ တစ်ညက ဦးဉာဏ်နဲ့ အဆက်သွယ်ရဘို့ နောက်ထပ် ရက်နည်းနည်း ထပ်ကြာသွားတဲ့ အကြောင်း ဖြစ်သွားတယ်.. 

အဲ့နေ့က မနက်ခင်းဘက် မမချို မာ့ဆီ ဖုန်း ထပ်ဆက်တယ်.. မငုဝါနဲ့ ညို့ကို.. သူသွားခေါ်မယ်ပေါ့နော်.. မာလည်း မငုဝါအကြောင်း ရင်းနှီးနေတော့ တွေ့ချင်လွန်းတာနဲ့ဲ မာ ပဲ လိုက်ခဲ့လိုက်မယ်ဆိုပြီး တူတူသွားကြတယ်.. …”

အေးအေးဆေးဆေး ရှင်းပြနေသော အန်တီမာလာ့ စကားတို့ကို ဖေဖေ မျက်မှောင် ကျုံ့လျှက် နားထောင်၏။ ညို့မြင်ကွင်းထဲတွင် လုံး၀ မမြင်ချင်တော့သော ပုံရိပ်တို့က တရိပ်ရိပ် ပေါ်လာပြန်သည်။ ကားပြတင်း အပြင်မှ လမ်းဘေး ရှုခင်းတို့ဆီ ငေးရင်း စိတ်မှလည်း မေမေ့ကို တမ်းတနေမိ၏။ 

ဆေးရုံတက်ရပြီးကတည်းက ညို့အပေါ် နားလည် ညှာတာသော ညို့အလုပ်ရှင် ဆရာ၀န်မကြီးနှင့် အလုပ်သင်ဆရာ၀န်လေး ဒေါက်တာကောင်းသုတတို့ သားအမိ၏ ကူညီမှုကြောင့် မေမေ များစွာ သက်တောင့်သက်သာ ဖြစ်ခဲ့ပါသည်။ 

သို့သော် မေမေ့ အခြေအနေက နောက်ဆုံးအချိန်။ နောက်ဆုံးထွက်သက်ကို ဖေဖေ့ရင်ခွင်တွင် ခြွေချရန် အားတင်း၍ စောင့်နေကြောင်း အားလုံး အသိပင် မဟုတ်ပါလား။

၀ေ့တက်လာသည့် မျက်ရည်တို့က ကားပြတင်းမှ တလကြမ်း တိုက်ခတ်နေသော လေကြောင့် ပါးပြင်မှသည် နထင်စပ်ဆီသို့ လမ်းကြောင်း ပြောင်းကုန်ကြသည်။ အန်တီမာလာ့ စကားတို့နှင့် ဖေဖေ့ ပင့်သက်ချသံတို့က ညို့နားထဲတွင် မကြားတချက် ကြားတချက်။

“ အဲ့နေ့က မာ တို့ ရောက်သွားတော့… နေ့ခင်းဖက်ကြီး… ……….. ……………… ………….. ………… ”

သူမတို့နှစ်ဦး ချိန်းထားသော အချိန်ထက် အနည်းငယ် နောက်ကျပြီးမှ ရောက်သွားကြသည်။ အိမ်ရှေ့ရောက်တော့ လူအုပ်ကြီးက နည်းတာမဟုတ်။ 

ဆေးရုံကားနှင့် ရဲတွေပါ တွေ့လိုက်ရတော့ ထိတ်ထိတ်ပြာပြာ ဖြစ်သွားရ၏။ စိုးရိမ်တကြီး အိမ်ထဲရောက်သွားတော့ အဖြစ်အပျက်တွေက မြင်လို့ ကြားလို့မကောင်း။ ဒေါ်ငုဝါ အဘို့ ဘယ်လောက်ပဲ မိမိကိုယ်ကို ကာကွယ်သည် ဆိုဦးတော့ ဥပဒေကပေးသည့် အပြစ်ကိုတော့ ကျခံခဲ့ရသည်။ 

ဖခင်ဖြစ်သူကလည်း ရုတ်တရက် ချက်ချင်း ရောက်လာရန် မလွယ်သည်မို့ အားကိုးမဲ့သွားသော သမီးငယ်ကို ဒေါ်၀တ်ရည်ချို စောင့်ရှောက်ခဲ့ရ၏။

အလုပ်ကြမ်းနှင့် ပင်ပန်းဆင်းရဲသော အပြစ်ဒဏ်ကြောင့် ငယ်စဉ်က ကျိတ်မှိတ်ခံစားခဲ့ရသော ေ၀ဒနာဆိုးများက တစ်ခုပြီးတစ်ခု။ နောက်ဆုံး ယခု အပြစ်သားဘ၀နှင့်ပင် ဆေးရုံပေါ်တွင်။

အန်တီမာလာ့ စကားဆုံးတော့ ဖေဖေ သက်ပျင်းချရင်း ခေါင်းကို တွင်တွင်ခါ၏။ ကားတံခါးဘောင်ပေါ် တံတောင်ထောက် ကာ မျက်နှာကို လက်နှင့် အုပ်ထားသည်။ ခဏနေတော့ ထိုင်ခုံပေါ် မှီချလိုက်ကာ ခေါင်းကို မော့ထားသည်။ ဆံပင်များကို လက်နှင့် ထိုးဖွရင်း 

“ ဟူးး..” 

ကနဲ သက်ပျင်းချပြန်၏။ ပြီးနောက် မျက်နှာကို လက်ဝါးနှစ်ဘက်နှင့် ပွတ်သုတ်လိုက်ပြီး 

“ အခု နေမကောင်းတာကကော အခြေအနေ ဆိုးလား.. ရောဂါ တစ်ခုခုလား သမီး..”

စိုးရိမ်ပူပန်မှုများ စွက်နေသည့် ဖေဖေ့ အသံက လှိုင်းထ တုန်ခါ နေသည်။ ညို ရင်တွေနာလှပါပြီ ဖေဖေရယ်။ တကယ်ဆို ဖေဖေ့ကို သည်ပုံစံ သည်စကားတွေနဲ့ မကြိုဆိုသင့်ဘူး မဟုတ်လား။ 

အားလုံးက.. အားလုံးက ညို့ကြောင့်ပါ။ မေမေခုလို ဖြစ်ရတာ ညို့ကြောင့်ပါဖေဖေ။ ဖေဖေ့မေးခွန်းကို ညို့ကိုယ်စား အန်တီမာလာကပဲ ၀င်ဖြေ ပေးရပြန်သည်။

“ မငုဝါက ခဏခဏ ဗိုက်အောင့်တတ်တယ်တဲ့ဦးဉာဏ်.. အဖျားလည်း ခဏခဏ တက်တတ်တော့ အစာအိမ်ဆေးလေး ၀ယ်သောက်လိုက် ဆေးဆိုင်က ငှက်ဖျားလိုလို တုပ်ကွေးလိုလို စပ်ပေးတဲ့ဆေးလေး စားလိုက်နဲ့ နေခဲ့တာ.. အခု ဆေးရုံပေါ်မှာ အကုန်စစ်တော့မှ အစာအိမ်တွေ ငှက်ဖျားတွေ တစ်ခုမှ မဟုတ်ဘဲ ………… ……...……. နောက်ပြီး သူ့မှာ တစ်ခု ဆိုးသွားတာက ……………. …….. အသိကလည်း နောက်ကျတော့ ……………. …………. ……….. ”

ညို့နားထဲသို့ တ၀က်တပျက်ရောက်လာသော အန်တီမာလာ့ စကားသံတွေ။ သေသေချာချာ အာရုံစိုက် နားထောင်နေသည့်ု ဖေဖေကတော့ အကုန်ကြားပါလိမ့်မည်။ 

မေမေ မပြောစေချင်သော.. ညိုလည်း နောက်ထပ် မကြားချင်တော့သော စကားများကို ဖေဖေကတော့ ကြားမည် ထင်ပါသည်။

“ ငါ ခေါ်သွားမယ်.. ဟိုမှာ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ စီစဉ်လို့ ရတယ်..”

“ သူ့ အပြစ်ဒဏ်က မပြီးသေးဘူ ဦးဉာဏ်..”

“ ဟူးးးး.. ငုရယ်..”

“ မေမေ နေကောင်းသွားမှာပါ ဖေဖေ.. ဖေဖေ့ကိုတွေ့ရင် မေမေ နေကောင်းသွားမှာပါ..”

“ အင်းး.. အေးပါ သမီးရယ်.. ဖေဖေ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမှာပေါ့ နော် သမီး..”

စကား ဆုံးပြီး ကားပေါ်တွင် ဖေဖေ့ ပင့်သက်ချသံများမှ လွဲ၍ အတန်ကြာ တိတ်ဆိတ်သွား၏။ တကယ်ဆိုလျှင် သည်မိသားစု ချစ်စံအိမ်လေးတစ်ခုတွင် ပျော်ရွှင်စွာ တွေ့ဆုံသင့်သည် မဟုတ်ပါလား။ 

မျှော်လင့်ချက်များစွာ ပွေ့ပိုက်ကာ ပြန်လာသော သူ့အတွက် ကြားရသည့် သတင်းများက မချိမဆန့်နိုင်လွန်းလှပါသည်။ အားလုံး အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြ၏။ ဆေးရုံ၀င်းထဲ ကား၀င်လာသည်ကိုပင် မည်သူမျှ သတိမထားမိကြ။ 

“ သည်မှာပဲ ဆင်းလိုက်ကြမလား.. ကျနော် ဟိုဘက်မှာ ကားသွားထိုးပြီး လိုက်တက်လာခဲ့မယ်..” 

ဦးဇာနည် ပြောလိုက်သော စကားသံကြားမှ.. 

“ ဟင်.. အင်း..” 

ပြောရင်းဆိုရင်း ခပ်သွက်သွက် ဆင်းချလိုက်သော ဖေဖေ။ “လာ သမီး..” ညို့လက်ကို တွဲကာ ဆေးရုံပေါ် တက်လာခဲ့လိုက်ကြသည်။

“ မေမေရေ.. ဖေဖေ လာနေပြီ.. မေမေ သိပ်ချစ်တဲ့ ဖေဖေ.. မေမေ့ဆီ လာနေပြီ.. နဲနဲလောက် အားတင်းထားပါဦးမေမေရေ.. ညို မရဲတရဲ မျှော်လင့်နေမိတယ်.. ဖေဖေ့ လက်တွေက နွေးနေတယ် မေမေရဲ့.. ညို့ကို တွဲထားတဲ့ ဖေဖေ့လက်တွေ နွေးနေတယ်.. ဒီ အကြင်နာလက်တွေနဲ့ ထိလိုက်ရင် မေမေ နေကောင်းသွားမလားလို့ ပါ….”


 အပိုင်း (၁၀) ဆက်ရန် >>>



ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၈ )

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၈ )

ရေးသားသူ - SnowFlake

“ မေမေ.. ဘယ်သွားနေပါလိမ့်.." 

ကျောင်းမှ ပြန်လာသော ငုဝါ.. သော့ခတ်ထားသည့် အိမ်တံခါးကြောင့် ဘေးအိမ်သို့ ကူးလာခဲ့လိုက်သည်။

“ အန်တီမြခင်.. အန်တီမြခင်ရေ.. အယ် ဆိုင်ကြီးဖွင့်လျှက်နဲ့ ဘယ်သွားနေပါလိမ့်.. ”

“ အယ်.. ငုဝါ ပြန်လာပြီလား.. ဆေးရုံကြီးကို အမြန်လိုက်သွား သမီး.. နင့်အမေ မူးလဲလို့ ဆေးရုံတင်လိုက်ရတယ်.. မမြခင်လိုက်သွားတယ်..”

“ ရှင်…”

အိမ်နီးချင်း ဦးလေးကြီးထံမှ ကြားလိုက်ရသော စကားက ငုဝါ နားထဲသို့ သံရည်ပူ လောင်းလိုက် သလိုပင်။ မေမေ ဘာမှ မဖြစ်ပါစေနဲ့..။ တနေ့က ဆရာ၀န်ကြီးကတော့ မေမေ့ ရောဂါ အခြေအနေကို သိပ်အားမရ ဟု ပြောသေးသည်။ 

တကယ်ဆို သူမ အနေနှင့် မေမေ့ကို သည်ထက်ပို၍ ဂရုစိုက်မိခဲ့ဘို့ကောင်းသည်။ မိမိ နှလုံးသားရေး ပြဿနာကြောင့် ရောဂါသည် အထီးကျန်မိခင်ကို ပစ်ထား မိသလိုများ ဖြစ်နေပြီလား။ခုနေများ မေမေ.. အို.. မြတ်စွာဘုရား ကယ်တော်မူပါ.. မေမေ ဘာမှ မဖြစ်ပါစေနဲ့.. ငု လာနေပြီမေမေရေ.. မေမေ ဘာမှ မဖြစ်ပါစေနဲ့.. ငုမှာ မေမေပဲ ရှိတော့တာပါ.. ။ငုဘ၀မှာ မေမေတစ်ယောက်တည်းရှိတော့တာပါ.. ခုနေများ မေမေ့ကို အသက်အန္တရာယ် ကင်းကင်းနဲ့ မြင်တွေ့ခွင့် ရမယ်ဆိုရင် တခြား ဘာမဆို ငု ဆုံးရှုံးခံနိုင်ပါတယ် မေမေရေ..။

ဆေးရုံကြီးရှိ အရေးပေါ် လူနာဆောင်သို့ရောက်တော့ မေမေ့ နံမည်ပြောကာ အခန်းရှာရသည်။ သူနာပြု ဆရာမလေး ညွှန်ပြရာ အခန်းသို့ ၀င်လိုက်စဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ငုဝါ ခြေစုံရပ်ကာ မျက်လုံးများ ပြာ၀ေသွားတော့သည်။

ကုတင်ပေါ်တွင် ခေါင်းမှ ခြေအဆုံး အဖြူရောင် အ၀တ်ဖြင့် လွမ်းခြုံထားသည့် တစ်စုံတစ်ယောက်။ ကုတင်နဘေးတွင် အန်တီ မြခင်က တရှုံ့ရှုံ့ ငိုရှိုက်နေသည်။ ဒါ မေမေလား.. အနားမှာ အန်တီမြခင် ရှိနေတယ်ဆိုတော့ ကုတင်ပေါ်က လူနာက မေမေပေါ့.. အ၀တ်ဖြူကြီးနဲ့ အုပ်ထားတာ မေမေပေါ့.. ဒါဆို.. ဒါဆို ငု မေမေ.. ဘုရားဘုရား..။ 

ငု ဆုတောင်း မပြည့်ခဲ့ပြန်ပါလား မေမေရေ..။ ရင်ထဲမှ ပေါက်ကွဲမြည်ဟီးသံက ခြောက်သွေ့ မောဟိုက်နေသော လည်ချောင်း၀တွင် တစ်ဆို့ကာ နှုတ်ဖျားသို့ ရောက်မလာ။ အိပ်မက်ထဲတွင် လမ်းလျှောက်နေသူ တစ်ဦးပမာ တစ်လှမ်းခြင်း ရှေ့တိုးလာခဲ့သည်။လွှမ်းခြုံထားသည့် ပိတ်စကို ဖယ်ရန် လှမ်းလိုက်သော လက်တို့က တဆတ်ဆတ် တုန်ရီလျှက်။ 

“ ငုဝါ သမီး.. ညည်း အမေလေ.. မနက်ခင်း ဈေးက ပြန်လာပြီး မူးတယ်မူးတယ်ပြောရုံရှိသေး လဲကျသွားတာပဲအေ.. ဆေးရုံရောက်ပြီး ဆေးတွေဘာတွေ သွင်းလိုက်တော့ တစ်ချက် သတိပြန်လည်လာသေးတယ်..ဆရာ၀န်က မရနိုင်တော့ဘူး ပြောပေမယ့် သမီး ကျောင်းကို ဘယ်လို လိုက်ခေါ်ရမှန်း ဘယ်သူမှ မသိဘူးလေ.. ညည်းအမေ ညည်းကို မေးရင်းနဲ့ပဲ.. ” 

ငု နားထဲသို့ မည်သည့် စကားတစ်စုံတစ်ရာမျှ ၀င်မလာတော့ပါ။ ဆုံးရှုံးခြင်း.. ဘ၀၏ ဆုံးရှုံးခြင်း။ ငု ဘာလို့ သည်လောက် ကံဆိုးတာလည်း မေမေ.. အခု ငုမှာ ဘာမှ မကျန်တော့ဘူးပဲ.. ကံတရားက ဘာလို့ သည်လောက် ရက်စက်ရတာလဲ.. ငု ဘယ်လောက်များ လောဘကြီးခဲ့လို့ ငု ကို သည်လိုကြီး အပြစ်ပေးရတာလဲ.. ငု တစ်ကိုယ်လုံး မီးဖိုထဲ ရောက်နေသလို ပူလောင်လှပါသည်။ ပိတ်ဖြူစကိုလည်း ကိုင်ထားဆဲမှ ဆက် မလှပ်ရဲ။ 

မေမေ.. မလှုပ်မယှက်ကြီး ငြိမ်နေတဲ့ မေမေ။ မေမေ့ မျက်နှာကို သမီး ဘယ်လို ကြည့်ရက်မလဲမေမေရေ။ မေမေ မျက်လုံးမှ မှိတ်နိုင်ရဲ့လား။ တစ်ယောက်တည်း ကျန်ခဲ့တဲ့ သမီးကို မေမေ စိတ်ချသွားရဲ့လား။

“ ငုဝါ.. ငိုချလိုက် သမီး… စိတ်ကို တင်းမထားနဲ့.. ငိုချလိုက်.. ညည်းအမေ သေပြီလေ.. အခု လောကကြီးမှာ ညည်းတစ်ယောက်တည်း ကျန်တော့တယ်.. ငို လိုက်စမ်း သမီး.. ”

“ မေမေ.. မေမေ ရေ..”

..................................................................................................................................

အခန်း  (၂၃)

“ မေမေ.. မေမေရေးး အီးး ဟီးး…”

“ ဟယ်.. သမီးလေး.. ညို ဘာဖြစ်လာလဲ သမီးရယ်.. ဘယ်သူ ဘာလုပ်လိုက်ပြန်လဲ.. ချော်လဲတာလား သမီး ဟင်.. မှန်း ဘယ်နား ခိုက်မိသွားသေးလဲ…”

“ ဖိုးဇော် တွန်းလိုက်တာ အန်တီငု.. သူ့ အရုပ်ကို ယူကိုင်လို့ ဆိုပြီး..”

“ ဟာ.. ဖိုးဇော်ရယ်.. ညီမလေးက သားအရုပ်လေး ကိုင်ကြည့်တာနေမှာပါ.. ဘာလို့ တွန်းရတာလဲ သားရယ်..”

ချုပ်လက်စ အကျီလေးကို ပစ်ချရင်း ကလေးကို ကောက်ချီကာ ငုဝါ ပြောလိုက်မိသည်။ သမီးလေး မြတ်ပန်းကြာညို.. ခုမှ လမ်းလျှောက်တတ်ကာစ အရွယ်လေး။ ဘယ်သူဘာလုပ်မှန်း သေသေချာချာ ပြန်မပြောတတ်သေးသည့် သမီးငယ်လေး။ အဖော်ကလည်း မက်ရှာသေးသည်။ စား၀တ် နေရေးအတွက် ရုန်းကန်ရသေးသည်မို့ ကလေးကို တချိန်လုံး ကြည့်မနေနိုင်။

အိမ်နားရှိ ကလေးများနှင့် ကစားကြတိုင်း သမီးလေးခမျာ အခြားကလေးကြီးများ၏ အနိုင်ကျင့်ခြင်း ခံရရှာသည်။ သမီးလေးအတွက် ကစားစရာ အရုပ်ကလေးမှပင် အနိုင်နိုင် မ၀ယ်ပေးနိုင်သော မိမိ အဖြစ်ကိုလည်း ရင်နာရပါသည်။ 

တစ်ခါများဆိုလျှင် ကလေးချင်း အရုပ်လုသည့် ကိစ္စ မိခင်ကပါ ၀င်ပါ ၀င်ပြောရင်း ပြဿနာ တက်ရသေးသည်။ အဖေ မပေါ်သော သမီး။ မကောင်းတာ လုပ်စားရင်း မွေးသောသမီး။ သည်ကဲ့သို့ ကလေး အရွယ်နှင့် မလိုက်ဖက်သော စကားများကြောင့် ငု ရင်နာခဲ့ရသည်။ ဘာမျှ မသိရှာသော သမီးလေး.. ကစားမက်ရှာသော သမီးလေးကတော့ အဖေဆိုတာထက် အရုပ်လှလှလေးများကိုသာ စိတ်၀င်စားတဲ့ အရွယ်ပေကိုး။

မေမေ ဆုံးတော့ အားကိုးရာမဲ့ မိန်းကလေးတစ်ဦး ဖြစ်သွားသော ငုဝါ.. မေမေ့ရုပ်အလောင်းကို မြေချပြီးသည် နှင့် တစ်ဦးတည်းသော အဒေါ်၀မ်းကွဲဖြစ်သူရှိရာ နယ်မြို့လေးသို့ လိုက်လာခဲ့သည်။ သူငယ်ချင်း ချို ကတော့ သူတို့နှင့် အတူနေရန်ပြောပါသေးသည်။ 

သို့သော် ငု လက်မခံခဲ့။ အဒေါ်ဖြစ်သူနှင့် မလိုက်မီ ကို့ကို နောက်ဆုံး အနေနှင့် နှုတ်ဆက်ခွင့် ရရန်ပင် ငု မကြိုးစားခဲ့ပါ။ အမှန်တော့ မကြိုးစားခဲ့ခြင်း ဆိုတာထက် ကြိုးစားခွင့် မရခဲ့ခြင်းသာ။

ချို့ အပြောအရ ကို နှင့် မနွယ် ခရီးထွက်သွားသည်ဟု သိခဲ့ရသည်။ ဆုံးရှုံးသွားသည့်နောက်တော့ ဘာကိုမျှ နောက်ဆံ တင်းမနေလိုတော့။ စာမေးပွဲ.. သီချင်းဆိုသော အလုပ်.. ရန်ကုန်မြို့.. အားလုံးနှင့် ေ၀းရာသို့ ငု ရှောင်ထွက်ပြေးခဲ့ပါသည်။

နယ်သို့ရောက်မှ မိမိတွင် ကို့ရင်သွေးလေးကို လွယ်ထားရပြီမှန်း ငု သိခဲ့ရသည်။ အဒေါ်က ကလေးကို ဖျက်ချရန်ပြောသော်လည်း ငု လက်မခံခဲ့။ကို ပေးခဲ့သည့် လက်ဆောင်.. အသက်တမျှ မြတ်နိုးရသူ၏ သွေးသား.. မိမိရင်မှ ဖြစ်သော သွေးသားကို ဘယ်နည်းနှင့်မျှ ဆုံးရှုံးမခံနိုင်ပါ။ 

ပါတ်၀န်းကျင်၏ လက်ညှိုးများ.. အထင်အမြင်သေးသော မျက်လုံးများ.. ကဲ့ရဲ့ ရှုံ့ချသော စကားများ အားလုံးကို အံတုရင်း သမီးလေးကို ငု မွေးဖွားခဲ့သည်။ သမီးလေးသည် ငု အတွက်တော့ ဆုံးရှုံးမှု များစွာထဲက တစ်ခုတည်းသော အမြတ်ပင်။ ငုဝါ အတွက် မျက်ရည်ကျရန် အချိန်၊ အားငယ်ရန် အချိန် မရှိခဲ့။ 

သမီးလေး အတွက် နံမည် စဉ်းစားတော့ မြတ်ပန်းကြာညို ဟူသော နံမည်လေး ပေးဖြစ်ခဲ့သည်။ နိမ့်ကျသော မိမိ ဘ၀နှင့် မအပ်စပ်သည်မို့ အများ မေးငေါ့တာ ခံရပြန်သေးသည်။ ဘာနဲ့မွေးတဲ့သွေးမို့ မြတ်ရသလဲပေါ့လေ။ ငုအနေနှင့်လည်း သည်ကလေးရဲ့ အဖေ ဘယ်သူ ဘယ်ဝါပါလို့ မည်သူ့ကိုမျှ ဖွင့်ပြောခြင်း မရှိခဲ့သည်ပဲ။

အဒေါ်၀မ်းကွဲကလည်း သားသမီးတွေ မြေးတွေနှင့်။ ငု တို့သားအမိအတွက် ကျောတစ်နေရာစာ နေရာပေးကာ စောင့်ရှောက်ထားသည့် ကျေးဇူးကပင် နည်းသည်မှ မဟုတ်ဘဲ။ တကယ်တမ်း စား၀တ်နေရေး အတွက် ရုန်းကန်ရတော့ သားအမိနှစ်ဦးတည်းအတွက် မဟုတ်။ အထည်ချုပ်တွင် လုပ်ခဲ့ဘူးသည့် အတွေ့ အကြုံလေး အရင်းပြုကာ စက်ချုပ်သည့် အလုပ်နှင့် အသက်မွေးခဲ့၏။

နယ်မြို့လေး ဖြစ်သည့်အားလျှော်စွာ ၀င်ငွေအားဖြင့်က စားလောက်ရုံမျှသာ။ သည်ကြားထဲ သမီးလေးက ချူချာသည်။ ငွေကြေးပြည့်စုံသော ဖခင်ရှိပါလျှက် အနေအစား ဆင်းရဲရှာသည့် သမီးလေးကို ကြည့်ရင်း ငု ရင်နာမိသည်တော့ အမှန်ပင်။ သို့ပါသော်လည်း သည့်အတွက်နှင့်တော့ ကို့ကို ဆက်သွယ်ရန် သူမ စိတ်မကူးခဲ့။ မျှော်လင့်ထားသော မိသားစု ဘ၀မျိုး ရမည် မဟုတ်သည့်နောက် သူမ ဘာအတွက် ကြိုးစားဦးမည်နည်း။ 

ချစ်ရသူက ဖြင့် ခုလောက်ဆို သူ့ငယ်ချစ်ဦးနှင့် သာယာသော ဘ၀ကို ထူထောင်ပြီးလောက်ပြီ။ လက်ရှိအချိန်တွင် သမီးလေး အတွက်မှ လွဲ၍ ငုဝါ ဘာမှ မစဉ်းစားတော့ပါ.. ။

“ ငုဝါ.. ကလေးခြေထောက်က ဘာဖြစ်ပြန်တာလဲ..”

“ ညနေက ချော်လဲတယ် ဒေါ်လေး..”

“ အွန်း.. ညည်းလည်း ကလေးကို သိပ်လွှတ်မထားနဲ့လေ.. လမ်းလျှောက်သင်စ ခဏခဏ လဲတတ်တာကို..”

“ ဖိုးဇော် တွန်းလိုက်တာပါတဲ့ ဒေါ်လေးရယ်.. အဲ့ကောင်လေး လွန်ကိုလွန်တာပါ.. ငု လည်း သူ့အမေနဲ့ ပြဿနာ ထပ်မဖြစ်ချင်လို့ ဘာမှ ပြောမနေတော့ဘူး..”

“ ညည်းတို့ သားအမိလည်း ခက်ပါတယ်အေ.. ညည်းလည်း အရွယ်ရှိသေးတယ် ငုဝါ.. မွေးထားတာက မိန်းကလေး.. သင့်တော်မယ်ထင်တဲ့ လမ်းကို ရွေးဘို့ စဉ်းစားဦး.. ပတ်၀န်းကျင်က ရှိသေးတယ်အေ့…”

“ ……”

“ ညည်းတို့သားအမိကို ငါလည်း တစ်သက်လုံး တာ၀န်ယူမထားနိုင်ဘူး.. သည်အိမ်ရဲ့ စားအိုးကလည်း သိတဲ့အတိုင်း.. နောက်ပြီး ကလေးဆိုတာက ကြီးလာတာနဲ့အမျှ ကျန်းမာရေး ပညာရေး ကုန်ပေါက်ချည့်ပဲ ငုဝါ.. သည်ကြားထဲ ကလေးက ချူချာသေးတယ်.. စဉ်းစားပေါ့အေ..”

ကြားနေကျဖြစ်သော စကားများက အိပ်ယာထဲရောက်သည်ထိ နားထဲက မထွက်။ သမီးလေးကို ရင်ခွင်ထဲတွင် နို့ချိုတိုက်ကျွေးရင်း ငုဝါ မျက်ရည် ၀ဲရပြန်သည်။ မိမိ၀မ်းစာ မိမိရှာစားပါသော်လည်း အဒေါ်ဖြစ်သူ အရိပ်တွင် မှီခိုနေရသည့် ဘ၀က လွတ်မြောက်ရန်တော့ မလွယ်သေးသည်အမှန်ပင်။

ဒေါ်လေးက ငု ကို အိမ်ထောင်ပြုစေချင်သည်။ အိမ်ကို ၀င်ထွက်နေသည့် ပွဲစားယောင်ယောင် ကုန်သည်ယောင်ယောင် ကိုအေးမောင် ဆိုသူကလည်း ငုကို မျက်စိကျသတဲ့လေ။ ရောက်လာတိုင်း လက်ဆောင်ပစ္စည်း တိုတို ထွာထွာများနှင့် ဒေါ်လေးကို မျက်နှာလုပ်တတ်သူ။ ငု ကတော့ဖြင့် သူ့ အကြည့် တို့ကို မည်သို့မျှ မနှစ်မြို့နိုင်။ လူပုံစံကလည်း တဏှာရမ္မက်ကြီးလွန်းပြီး လက်သွက် ခြေသွက် နိုင်မည့်ပုံမျိုး။ 

ငု ကိုတွေ့တိုင်း စားတော့ ဝါးတော့မတတ် အကြည့်မျိုးနှင့် ကြည့်တတ်သည်။ လွန်ခဲ့သည့်ရက် အနည်းငယ်ကပင် ငု ရေချိုးနေတုန်း ထိုလူရောက်လာသေးသည်။ 

သမီးလေးကို ကောက်ချီကာ မြှူကစားနေသည်မို့ ငု လည်း အ၀တ်စားပင် မလဲနိုင်ဘဲ သမီးကိုခေါ်ရန် အနားရောက်သွားမိသည်။ ထိုလူ့ အကြည့်များက ထမီရင်လျှားထက်မှ မိမိရင်မွှာ များ ဆီမှ မခွာ။ နို့တိုက် မိခင် ဖြစ်သည့် အားလျှော်စွာ ငု သားမြတ် အစုံတို့ကလည်း ပင်ကိုယ် ရှိရင်းထက် ပိုမို ဖွံ့ထွားနေသည်လေ။

“ ဒေါ်ဒေါ်ကြည်.. ဒေါ်ဒေါ်ကြည် ဘယ်သူမှ မရှိကြဘူးလားဗျ..”

အိမ်ရှေ့မှ ခေါ်သံကြောင့် နောက်ဖေးတွင် အ၀တ်လျှော်နေသော ငုဝါ ထွက်ကြည့်လိုက်၏။ ကိုအေးမောင် အသံ..။ သည်လူ ခုတလော ရောက်လာလိုက်လျှင် အိမ်တွင် မည်သူမျှ မရှိသည့် အချိန်ချည့်သာ။ကပိုကယို ဖြစ်နေသည့် အ၀တ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့် လိုက်သည်။ အိမ်နေရင်းမို့ နို့တိုက်မိခင်တစ်ဦးပီပီ အတွင်းခံဘရာ ၀တ်မထားမိ။ အနားရှိ လျှော်မည့်အကျီတစ်ထည်ကို ကောက်ခြုံရင်း ခပ်သွက်သွက် ထွက်လာလိုက်သည်။ 

တော်တော်ကြာ အလိုက်မသိ ကုန်းအော်နေမှဖြင့် ပုခက်ထဲတွင် အိပ်နေသော သမီးလေး လန့်နိုးသွားပေမည်။ အိမ်ရှေ့ခန်းရောက်တော့ လက်ထဲတွင် အိတ်တစ်လုံးကိုင်ကာ ရပ်နေသော ကိုအေးမောင်။ သူ့အကြည့်ရိုင်းများက ထုံးစံအတိုင်း ခန္ဓာကိုယ် ကောက်ကြောင်းတလျှောက် ရမ္မက်ခိုးတို့ေ၀လျက်။ ပင်ကိုယ်အားဖြင့် ခန္ဓာကိုယ် လှပြီးသူမို့ ကလေးမီးဖွားပြီး သွေးသစ်လောင်းကာ ပိုမို အလှသွေးကြွယ်နေသော ငုဝါ။အိမ်နေရင်း အကျီပါးပါးနှင့် ရေစိုလက်စ ထမီတို့ကပင် တမျိုး ကြည့်ကောင်းနေသယောင်ယောင်။

“ ဘယ်သူမှ မရှိဘူးလား ငုဝါ..”

“ ဟုတ်ကဲ့ ဒေါ်လေးက ဈေးဘက်ခဏသွားတယ်.. ကိုအေးမောင်ကိစ္စ ရှိလို့လား..”

“ အင်း.. ဒေါ်ဒေါ်ကြည်နဲ့ ကိစ္စလေးရှိလို့..”

“ ကျမနဲ့ပြောခဲ့မလား ညနေမှ ပြန်လာမလား..”

“ စောင့်လိုက်မယ်လေ..”

ငုဝါ စိတ်အိုက်သွားသည်။ ဒေါ်လေးကလည်း ဘယ်အချိန်မှ ပြန်လာမည်မသိ။ ကျန်သည့် အိမ်သားများကလည်း အသီးသီး အလုပ်သွားသူကသွား၊ ကျောင်းသွားသူကသွား။ ကိုအေးမောင်က ငုကို ပြုံးကြည့်ရင်း အနားရှိထိုင်ခုံတွင် ထိုင်ချလိုက်သည်။ ဒေါ်လေးတို့မိသားစုနှင့် သည်လူက ငုဝါ သည်အိမ်မရောက်ခင်ကတည်းက ပတ်သက်နေနှင့်သူ။ 

ဒေါ်လေးအား ငွေကြေး အကူအညီများလည်း မကြာခဏပေးတတ်ကြောင်း သူမ အသိပင်။ မိမိကြောင့် ကျေးဇူးရှင် မိသားစု မျက်နှာ မပျက်ရအောင်တော့ သည်းခံရမည်ပေါ့လေ။ တွေးရင်း အိပ်ခန်းကျဉ်းလေးထဲ ၀င်လာခဲ့၏။ ပုခက်လေးကို အသာလွှဲပြီး တန်းပေါ်ရှိ ဘရာတစ်ထည်ကို လှမ်းယူလိုက်သည်။

“ ငုဝါ..”

အိပ်ခန်း အပေါက်မှ ခေါ်သံကြောင့် ငုဝါ လန့်သွားသည်။

“ အမလေး.. ကိုအေးမောင်.. ရှင် ရှင် ဘာဖြစ်လို့..”

“ ခဏလေး စကားပြောချင်လို့ပါ ငုဝါ.. ကလေးအိပ်နေတယ်ထင်တယ်.. ခဏ ထွက်ခဲ့ပေးပါလား..”

ဒေါသထွက်သွားမိသည် မှန်သော်လည်း 

“ ခဏ ထွက်ခဲ့ပေးပါလား..” 

ဆိုသည့် စကားကြောင့် အနည်းငယ် စိတ်အေးသွားမိသည်။ သည်လူ့ အကြည့်များက မရိုးသားသော်လည်း အဓမ္မ သမားတော့ မဟုတ်တန်ရာဟု တွေးမိသွား၏။

“ ပြောပါ ကိုအေးမောင်..”

“ ကျနော့် အကြောင်း ငုဝါကို ဒေါ်ဒေါ်ကြည်ပြောထားရောပေါ့..”

“ ဒေါ်လေးတို့ မိသားစုအပေါ် ကိုအေးမောင် ကျေးဇူးတွေရှိတာ ကျမ သိပါတယ်..”

“ မဟုတ်ဘူး ငုဝါ.. ကျနော်ပြောချင်တာက ကျနော် ငုဝါကို လက်ထပ်ပေါင်းသင်းချင်တဲ့အကြောင်းပါ..”

“ ရှင်..အဲ့ဒါက ဟို..”

သိပ်အရိုင်းကြီး မဟုတ်သော စကား သုံးနှုန်းပုံကြောင့် ငုဝါ ရန်တွေ့ရခက်သွားသည်။ သူ့တွင် သားမယား ရှိမှန်း ငု သိသည်ပဲ။ မသာယာသော အိမ်ထောင်ရေးလို့တော့ ငု ကြားထားသည်။ ဇနီးဖြစ်သူက ကျန်းမာရေး ချို့တဲ့ကာ အိပ်ရာထဲ လဲနေရသည်။ သည်တော့ကာ သည်လူ လိုအပ်နေတာက သွေးသားအာသီသ သက်သက်ပေါ့။ ငုဝါ ရင်ထဲ လှိုက်တက်လာသော ၀မ်းနည်း မှုက ထိန်းမရ။ 

“ ကိုရယ်.. ငု ဘ၀က သည်လောက်ထိတောင် အကာအကွယ် မဲ့သွားခဲ့ပြီလား..”

စိတ်ထဲမှ ချစ်ရသူကို တမ်းတရင်း ကျလုလု မျက်ရည်ကို ထိန်းလိုက်ရပြန်၏။

“ ကျနော် လူရမ်းကားတစ်ယောက် မဟုတ်ပါဘူး ငုဝါ.. အိမ်ထောင်သည် တစ်ယောက်အနေနဲ့ သည်စကား ပြောမိတာ ငုဝါကို စော်ကားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်.. ကျန်းမာရေး မကောင်းတဲ့ဇနီးကို စွန့်ပစ်ဘို့ရည်ရွယ်ချက်လည်း မရှိပါဘူး.. 

ငုဝါတို့သားအမိကို လိုလေးသေး မရှိအောင် သည်မြို့မှာပဲစောင့်ရှောက်ပါ့မယ်.. အဲ ဒေါ်ဒေါ်ကြည်တို့ပါ အပါအ၀င်ပေါ့လေ.. ငုဝါ လက်ခံနိုင်မယ်ဆိုရင် ငုဝါဘက်က ဆန္ဒ ရှိသလို ကျနော်လိုက်လျောပါ့မယ်.. ”ငုဝါ ပြန်ဖြေရန် စကားလုံး ရှာမရခင် ဒေါ်လေး ပြန်လာ၏။ ဘာပဲဖြစ်ဖြစ် လတ်တလော အခြေအနေမှ အနည်းငယ် အသက်ရှုချောင်သွားသည်တော့ အမှန်ပင်။ အိပ်ခန်းထဲမှ သမီးလေး ငိုသံလည်း ကြားရလိုက်ရသည်မို့ စကားလက်စမှ ထ ထွက်လာခဲ့လိုက်သည်။ 

သမီးငယ်ကို ရင်ခွင်ထဲတွင် ထွေးပွေ့ရင်း အပြင်မှ စကားသံများကို နားစွင့်မိ၏။ ကိုအေးမောင် ထံမှ ငွေးကြေးများ လက်လွန်နေပုံရသော ဒေါ်လေး။

အပြန်အလှန်စကားသံများအရ သည်မိသားစု၏ အခက်အခဲကို ကူညီနိုင်သူမှာ မိမိ ဖြစ်နေမှန်း ရင်နာစွာ သိလိုက်ရသည်။ နို့စို့နေသော သမီးလေးကို ငုံ့ကြည့်လိုက်သည်။ 

“ ငုဝါတို့သားအမိကို လိုလေးသေး မရှိအောင် သည်မြို့မှာပဲစောင့်ရှောက်ပါ့မယ်..” 

ဟူသော စကားက နားထဲပြန်ရောက်လာ၏။ စီးပွားရေး သမားပီပီ အပြောညင်သာသော ကိုအေးမောင်။ သူ့ရည်ရွယ်ချက်အရ ငု က သူ့ရဲ့…။ ဘာပဲပြောပြော လတ်တလော အခက်အခဲများ အားလုံး နှင့် ဒေါ်လေးတို့ မိသားစုအပေါ် တင်နေသော အကြွေးများကိုပါ ဆပ်နိုင်ရန် သည်တစ်လမ်းတည်းသာ ရှိသည် မဟုတ်ပါလား။

“ ငုကို ခွင့်လွှတ်ပါတော့ ကိုရေ.. တကယ်တမ်း လောကဓံကို ခံနိုင်ရည်မရှိတဲ့ ငုကို ခွင့်လွှတ်ပါ..” 

စိတ်မှ မြည်တမ်းရင်း သမီးငယ်လေးကို တစ်ချက် ငုံ့ကာ နမ်းလိုက်၏။ သမီးလေး၏ ဘ၀လုံခြုံမှုအတွက် မိမိဘက်မှ တောင်းဆိုသင့်သည့် စကားများကို စဉ်းစားလိုက်မိသည်။နောက်တစ်ခုက မိမိအနေနှင့် သည်လမ်းကို ရွေးရခြင်းသည် သူတပါးအိမ်ထောင်ရေးကို ထိခိုက်စေလိုခြင်း အလျဉ်းမရှိ။ ရေနစ်နေသော အခြေအနေတွင် ဆွဲယူမိသော အရာသည် ရှင်သန်နေသည့် မြက်တစ်ပင် မဟုတ်ဘဲ ကောက်ရိုးမျှင်တစ်ခုသာ ဖြစ်စေလိုပါသည်။

နေ၀င်ခါနီး ညနေစောင်း။ ကောင်းကင်တွင် တိမ်ရောင်စုံများ တောက်ပနေ၏။ ပြတင်းပေါက်ဆီမှ ရှုခင်းကို ငေးကြည့်နေမိသည်။ သို့သော် သူမ မျက်လုံးထဲတွင် ဘာမျှ မမြင်ရပါချေ။ ခေါင်းရင်းဘက် နံရံတွင် ချိတ်ဆွဲထားသည့် မှန်ချပ်ထဲမှ မိမိပုံရိပ်ဆီ အကြည့်ရောက်သွားပြန်သည်။ ပြဒါးပြယ်လုလု မှန်ချပ်ကြောင့်လား.. မျက်၀န်းတွင် ၀ေ့သီနေသော မျက်ရည်တို့ကြောင့်လား.. မြင်နေရသည့် မိမိပုံရိပ်က ၀ိုးတဝါး။

လက်ထဲတွင် ကိုင်ထားသော ယွန်းသေတ္တာလေးကို အသာ ဖွင့်လိုက်၏။ ချစ်စရာ ဘီးကုပ် လှလှလေးများနှင့် စာရွက်ခေါက် ခပ်နွမ်းနွမ်းလေး တစ်ခု။ ဖျောက်ဖျက် ပစ်မည်ဟု စိတ်ကူးမိသော်လည်း တကယ်တမ်း မလုပ်ရက်နိုင်။ သမီးလေးနှင့် သူ့အဖေကြားတွင် ပြစရာ သက်သေ ဆိုလို့ ဒါလေးတွေပဲ ရှိသည်လေ။ ဒါတောင် ချစ်ရသည့် ကို က မှတ်မိပါဦးမှ။ အညတရ ရတနာသေတ္တာလေးကို ပြန်သိမ်းရင်း ကျလုဆဲ မျက်ရည်တို့ကို မြိုချလိုက်သည်။ 

“ မဆုံးဖြတ်ခင် အတန်တန် စဉ်းစား.. ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ဘယ်တော့မှ နောက်မလှည့်နဲ့တော့.. တွေလည်း မတွေေ၀နဲ့တော့..”

ကိုယ့်စိတ်ကိုယ် အားတင်းရင်း ရင်ထဲမှ အဖြစ်ချင်ဆုံးဆန္ဒကို ဆုတောင်း လိုက်သည်။

“ သမီးလေးကို တနေ့နေ့ တချိန်ချိန်တွင် ဖခင်ရင်း ဖြစ်သူ၏ အရိပ်အောက်သို့ ပို့နိုင်ရပါလို၏..”

သည်ဆုတောင်းကိုတော့ မှားယွင်းသည်၊ အတ္တဆန်သည်ဟု ငု မမြင်မိပါ။ သံသရာ အဆက်ဆက် ဆိုသည့်စကား၊ နောင်ဘ၀ ဆိုတာ ရှိခဲ့ရင် ဆိုသည့် အတွေး လုံး၀ မတွေးတော့။ သည်ဘ၀ သည်မျှ နှင့်သာ အဆိုးအားလုံး ရပ်တန့် စေချင်ပါသည်။

မိမိဘ၀နှင့် ရင်း၍ ရွေးချယ်သော လမ်းသည် သမီးလေးအတွက် စေတနာ မှန်ကန်ပါသောကြောင့် သည်ဆုတောင်းလေး တစ်ခုကိုတော့ဖြင့် ပြည့်ချင်လှသည် အမှန်ပင်။ အားလုံးက မိမိကို ကိုအေးမောင်၏ ဒုတိယ ဇနီးအဖြစ် လက်ခံကြစေလိုသည်။ ခေါင်းမာသည်ပဲ ဆိုဆို သမီးလေးကို ပထွေး အရိပ်အောက် မရောက်စေလိုပါ။ မိမိ၏ နှောင်ဖွဲ့မှုကြောင့်လည်း သူတစ်ပါး အိမ်ထောင်ရေးကို ထိခိုက်မခံလို။ 

အိမ်ထောင်ကြီးရှိနေသော ယောင်္ကျားတစ်ယောက်နှင့် ပါတ်သက်ရတာချင်းတူတူ စင်ပြိုင် မယားအဖြစ်က ဂုဏ်ရှိနိုင်သေးသည် မှန်သော်လည်း သံသရာ ဆိုတာကြီးကို ငုဝါ ကြောက်လှပါပြီ။နောက်ထပ် မိသားစု တစ်ခုအဖြစ်လည်း မလိုချင်ပါ။ ထို့ကြောင့်ပင် သူ့ထံမှ ငွေကြေးထောက်ပံ့မှုနှင့် သူမဘက်က သွေးသား ပေးဆပ်ရမှု တို့ကို အနှောင် အဖွဲ့ကင်းကင်းနှင့်ပင် ဖလှယ်ကြရန် ငုဝါ တောင်းဆိုခဲ့သည်။

ကိုအေးမောင် အခန်းထဲသို့ ၀င်လာသည်။ ငု နှုတ်ခမ်းတို့ ထူပူလာ၏။ မနေ့က တကယ်တမ်း စကားပြောကြည့်တော့ လူရမ်းကားတစ်ဦး မဟုတ်မှန်း ငု စိတ်သက်သာစွာ သိလိုက်ရသည်။ ရောဂါသည် ဇနီးဖြစ်သူအပေါ် ငြိုငြင် ခြင်းမျိုးလည်းမဟုတ်။ သူ့တောင့်တသော သွေးသား ဆန္ဒတို့ကို လက်လွတ်စပါယ် ရှာဖွေ ခံစားနေသူမျိုးလည်း မဟုတ်ပေ။ ငု ကို ချဉ်းကပ်ခြင်းမှာ မြတ်နိုးမှု တစ်၀က် ပါ၀င်ကြောင်း သူ့စကားများ အရ ငု သိလိုက်ရသည်။ 

မိသားစု ဘ၀သစ်တစ်ခုကို ထူထောင်လိုက်ရန် အခွင့်အရေး ရှိပါသော်လည်း ငု စိတ်မပါခဲ့။ မိမိဘ၀ထဲတွင် သမီးလေးမှ လွဲ၍ မည်သူ့ကိုမျှ နောက်ထပ် မတွယ်တာလိုတော့ပါ။ ပုခုံးထက်သို့ ရောက်လာသည့် နွေးထွေးသော လက်တစ်စုံကြောင့် ငုဝါ အတွေးတို့ လွင့်ထွက်သွားသည်။ တုန်ရီနေသော စိတ်ကို ထိန်းရင်း မော့ကြည့်လိုက်သည်။ မိမိ ဘ၀တွင် ဒုတိယမြောက် ပါတ်သက်ရမည့် ယောကျၤားပါလား။

“ သည်ကောင်မလေး မျက်လုံး တော်တော် လှတာပဲ..” 

ကိုအေးမောင် စိတ်ထဲမှ တွေးလိုက်မိသည်။ မေးဖျားလေးကို အသာ ဆွဲမော့စေလိုက်၏။ တင်းတင်း စေ့ပိတ်ထားသည့် နှုတ်ခမ်းတို့က သဘာ၀ ပန်းသွေးရောင် နီထွေးနေသည်။ မသိမသာ တင်းထွက်နေသည့် မေးကြောလေးက သူမ အံကျိတ်ထားကြောင်း သက်သေ ပြနေ၏။ ပါးပြင်ကို ခပ် ဖွဖွ ပွတ်သပ်ပေးလိုက်သည်။ ငုဝါကို စမြင်ဖူးကတည်းက သူ စိတ်၀င်စားခဲ့သည်။ 

အသက် ငယ်ငယ် ကလေးတစ်ယောက် အမေ ကောင်မလေး။ ရန်ကုန်မှာတုန်းက စားသောက်ဆိုင်တစ်ခုတွင် သီချင်းဆိုသည်ဟု သိထား၏။ နောက်ကြောင်း ရှင်းသည့်ပုံ မပေါ်သောကြောင့် ဆန္ဒ ရှိသော်လည်း မပါတ်သက်ရဲ။ နောက်ပိုင်းမှ အဒေါ်ဖြစ်သူ၏ ပြောပုံနှင့် မြင်ပါများလာသော သူမ အနေအထိုင်များကြောင့် စိတ်၀င်စားမှု ပိုလာခဲ့သည်။

လိင်ခံစားမှုကို ခပ်ကြမ်းကြမ်း မှ နှစ်သက်သော ကိုအေးမောင်။ ဇနီး၏ ကျန်းမာရေးကြောင့် အချစ်ငတ်နေရချိန်တွင် ငုဝါ၏ အလှအပတို့ကို ခံစားချင်လာမိသည်။ မိမိ စိတ်ကလည်း တစ်မျိုး။ လက်ရှိမိသားစုကိုလည်း မထိခိုက်ချင်။ 

သူများသားသမီးကိုလည်း အကြွေပန်း ဖြစ်သည့်တိုင် နင်းချေသလိုတော့ မလုပ်ရက်။ နောက်ဆုံး မိမိ၏ ဇာတိ ဇစ်မြစ် မဟုတ်သော သည်မြို့လေးတွင် သူမနှင့် တရား၀င် ပေါင်းသင်းရန် ဆန္ဒပြုမိ၏။ အသက် ငယ်ရွယ်သော်လည်း အတွေး နက်ပုံရသော သူမက မိမိထက်ပင် ပြတ်သားနေသေးသည်။ သမီးလေးမှ လွဲ၍ မည်သည့် အနှောင် အဖွဲ့မှ နောက်ထပ် မလိုချင်ပါ တဲ့။ 

တကယ်ဆို သူ့အား အပိုင်ချုပ်ကိုင်နိုင်သော အခွင့်အရေး သူမတွင် ရှိသည်ပဲ။ အားလုံးအတွက်စဉ်းစားပြီး မိမိဘ၀ကို မထင်မရှား အငယ်အနှောင်း အဖြစ် အနစ်နာခံရဲသော ငုဝါ၏ စိတ်ဓာတ်ကို သူ မလေးစားပဲ မနေနိုင်ခဲ့ပါ။ ဘာပဲပြောပြော သူမတို့ သားအမိကို အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်မည်ဟု သူ ဆုံးဖြတ်ခဲ့သည်။

အနည်းငယ် ပန်းရောင် သမ်းနေသော နှာသီးဖျားလေးကို ငုံ့နမ်းရင်း သူမကို ထ စေလိုက်သည်။ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ စက်ရုပ်လေး တစ်ရုပ်လို အလိုက်သင့် ပါလာ၏။ ကျောပြင်တို့ကို ပွတ်သပ်ရင်း လည်တိုင်နှင့် နားရွက်လေးကို အနမ်းများ မရပ်မနား ပေးလိုက်သည်။ရင်ချင်း အပ်၍ တင်းကြပ်စွာ ဖက်ထားသော်လည်း သူမ ကိုယ်လုံးလေးက တောင့်နေဆဲ။ အစာငတ်ရေငတ် ဖြစ်နေသော ညီတော်မောင်က ပွဲကြမ်းရန် အသင့်ဖြစ်နေပြီ။ 

သူမ လက်မောင်းထက်ဆီမှ ကြက်သီးမွှေးညင်းလေးများက စိတ်လှုပ်ရှားမှုကို သက်သေပြနေ၏။ ထူပြည့်ပြည့် နှုတ်ခမ်းလေးကို စုပ်နမ်းလိုက်သည်။ တုန့်ပြန်အနမ်း မပေးသော်လည်း အလိုက်သင့် နေပေးရှာ၏။ တင်သားများကို ညှစ်ချေရင်း ဘယ်လို လုပ်ရင် သူမ စိတ်ပါလာနိုင်မည်လဲ တွေးလိုက်၏။ တဘက်သတ် ချစ်ခြင်းကြီးမျိုးတော့လည်း မဖြစ်စေချင်။

နားရွက်ဖျားလေးကို တစ်ချက် စုပ်လိုက်၏။ နားရွက် တစ်ခုလုံး ငုံပြီး နားတွင်းကို လျှာဖျားနှင့် ထိုးကလိ ပေးလိုက်တော့ သူမ အသက်ရှုသံ ပြင်းရှလာသလိုလို။ လူချင်း အသာခွာပြီး အကျီ ကျယ်သီးများကို ချွတ်ရင်း ပုဆိုးကိုပါ ချွတ်ချလိုက်သည်။ သူမ ခေါင်းလေး ငုံ့ထား၏။ လက်ကလေး နောက်ပစ်ကာ တာ၀န်တစ်ခုကို ထမ်းဆောင်တော့မည့် စစ်သားတစ်ဦး အမိန့်စောင့်သလို ရပ်နေသည်။

ဖရိုဖရဲ ဖြစ်နေသော အ၀တ်အစားများနှင့် ကပိုကယို နိုင်နေသည့် အလှကပင် သူ့စိတ်တို့ကို ကြမ်းတမ်းလာအောင် ညှို့ငင်နေသယောင်။ညီတော်မောင်လည်း စိတ်ရှည်ပုံ မရတော့။ မုန်ယိုနေသည့် ဆင်ရိုင်းတစ်ကောင်အလား ဒေါသကို အန်ချဘို့ အသင့်ဖြစ်နေတော့သည်။

အ၀တ်မဲ့ ခန္ဓာကိုယ်နှင့် သူစိမ်းယောကျ်ားတစ်ဦးက မိမိနှင့် တစ်ခန်းတည်းမှာ။ခေါင်းကို တွင်တွင် ငုံ့ထားသည့် တိုင် သူ့ကိုယ်နေဟန်က မျက်၀န်းထောင့်တွင် အထင်းသား မြင်နေရသည်။ အေးစက်နေသည့် လက်ဖျားလေးများကို ဘာသာ ဆုပ်နယ်ရင်း စိတ်ကို လျှော့ချနိုင်ရန် ကြိုးစားမိ၏။ 

တကယ်တမ်း သည်ကိစ္စက ငု အတွက် ခုမှ အစ လည်း မဟုတ်။ သို့သော် သူမ အဖို့ ထင်ထားသည်ထက် ပို၍ ပင်ပန်းလှပါသည်။ ခန္ဓာကိုယ်ချင်း ဆက်ယှက်ဘို့ မဆိုထားနှင့် မိမိ် အ၀တ်အစားများ မည်သို့ ချွတ်ရမည့် အရေးကပင် တွေးရင်း ပင်ပန်းစရာ။ ချစ်ရသူနှင့် ချစ်ရည်လူးခဲ့စဉ်က သည်အဆင့်တွေကို ဘယ်လိုများ ဖြတ်ကျော်ခဲ့ပါလိမ့်..။ ငု မှားများ မှားသွားပြီလား..။ 

“ ကိုရေ.. ငု မှားသွားပြီလား.. ခုနေ သည်အခန်းထဲက ထွက်ပြေးလိုက်ရင် ကောင်းမလား.. မိခင်တစ်ယောက် ဖြစ်ပါလျှက် သားသမီးကို စောင့်ရှောက်ဘို့ ချွေးနဲ့ မရင်းဘဲ အသွေးအသားတွေ.. ကိုယ်ကျင့်တရားတွေနဲ့.. အိုးးး…”

ငုဝါ အတွေးတို့ အဆုံး မသတ်ခဲ့ပါချေ။ တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ခြင်း ခံလိုက်ရပြီး ကြမ်းတမ်းသော အနမ်းများက မျက်နှာအနှံ့ နေရာယူလာတော့သည်။ ရုန်းကန် ငြင်းဆန်ရန် ကြိုးစားမိသလား.. မကြိုးစားမိဘူးလား.. ကိုယ်တိုင်ပင် သေသေချာချာ မသိတော့..။ 

သူမ သိလိုက်တာက ကိုယ်တွင်းတစ်နေရာမှ ရှိန်းမြ ပူနွေးသော ခံစားမှု..။ ဘာဖြစ်လို့ သည်လို ဖြစ်ရလည်း ငု နားမလည်နိုင်တော့ပါ။ တာ၀န်တစ်ရပ်ကို ဆုံးခန်းတိုင် ထမ်းဆောင်ဘို့ က အဓိက မဟုတ်ပါလား..။ သည့်အတွက် မိမိ ခန္ဓာကိုယ်က အဆင်သင့် ဖြစ်လာခြင်းသက်သက်မျှသာ ဖြစ်ပါလိမ့်မည်။ သည်လို ဖြေတွေးလိုက်ပြန်တော့လည်း တမျိုး ၀မ်းနည်းရသည်ပင်။

“ ငုက သည်လောက် လွယ်ကူတဲ့ မိန်းကလေးလား ကိုရေ.. ကို မဟုတ်တဲ့ တခြားတစ်ယောက်ကိုလည်း ငု လက်ခံနိုင်သတဲ့လား.. ငု လေ.. အခု.. ကို မဟုတ်တဲ့ တခြားတစ်ယောက် ရင်ခွင်မှာ.. ငု အသွေးအသားတွေက.. ငု စိတ်တွေက.. ဆူေ၀.. ဆူ ေ၀ လောင်မြိုက်ပြီးတော့.. အားး.. အ..”

မျက်လုံး စုံမှိတ်ပြီး တောင့်တင်းနေသော ခန္ဓာကိုယ်လေးကို ကုတင်ပေါ်အသာ ဆွဲလှဲလိုက်သည်။ ကိုအေးမောင် စရိုက်က ပုံမှန်အားဖြင့် ရက်စက် ခက်ထန်သူ မဟုတ်ပါ။ သို့သော် အိပ်ရာပေါ်တွင်တော့ ခပ်ကြမ်းကြမ်း ချစ်ရမှ အာသာပြေသည်။ ခုလည်း သည်ကောင်မလေး အဆင်သင့် မဖြစ်သေးတာ သိပေမယ့် စိတ်ရှည်လက်ရှည် ဆွဲခေါ်ယူဘို့ အချိန်မပေးချင်တော့။ သူလည်း အပျိုပေါက်ကလေးမှ မဟုတ်ဘဲလေ။ 

ဘီယာဆိုင်မှာ ညဘက်သီချင်းဆိုတဲ့ မိန်းကလေး သည်လောက်တော့ဖြင့် စိမ်းမည် မထင်ပါ။ ကိုယ့်အတွေးနှင့်ကိုယ် မိမိ အလိုရှိရာသို့ ခရီး အမြန်ရောက်ရန် ဦးတည်လိုက်တော့သည်။ သူမ ၀တ်ထားသော အ၀တ်အစားများကို ခပ်သွက်သွက်ပဲ ဆွဲချွတ်ပစ်လိုက်၏။ပွင့်ထွက်လာသော သားမြတ် အစုံတို့က တင်းမာ ထွားကျိုင်းလှသည်။ 

နို့တိုက်မိခင် မို့ပဲလားတော့ မသိ.. ၀င်းဝါပြည့်တင်းသော ရင်သားစိုင်ပေါ်တွင် ထင်ထင်ရှားရှား ယှက်ဖြာနေသည့် သွေးကြောစိမ်းများ။ ရင်စိုင်ထွားသောအလှကိုမှ သဘောကျသည့် ကိုအေးမောင် ဘ၀င်ခိုက် သွားသည်။ပန်းသွေးရောင် စိုလက်နေသော သီးလုံးလေးများကို တလှည့်စီ ငုံခဲလိုက်၏။ သူမ မေးကြောများ ထောင်ထနေအောင် အံကျိတ်ထားသည်။ နို့အုံ ဖွေးဖွေးများကို အားပါတရ ဆုပ်ကိုင် ညှစ်ချေ လိုက်သည်။

နို့ရည်နွေးနွေးများ စီးကျလာ၏။ သူ အရမ်း သဘောကျသွားသည်။ သည်လို ခံစားချက်မျိုး တစ်ခါမျှ မကြုံဖူး။ စီးကျလာသည့် နို့ရည်တို့ကို လျှာဖျားနှင့် အလုအယက် သပ်တင်လိုက်သည်။ မထင်မှတ်သည့် အပြုအမူကြောင့် ငုဝါ အံ့သြသွား၏။ လူကလည်း နေလို့ မတတ်တော့။ကိုအေးမောင် ရာဂမီးတို့က တဆုံးလောင်မြိုက်လာချေပြီ။ သူမခြေနှစ်ချောင်းကို ဆွဲကားကာ ၀င်းဝါပြည့်တင်းသော ပေါင်တံတစ်ဘက်ပေါ် ခွလျှက် ဒူးထောက်ထိုင်လိုက်၏။ ကျန်တစ်ဘက်ကို ပုခုံးပေါ် ဆွဲထမ်းလိုက်တော့ 

“ အိုးးး…” 

ပေါင်ရင်းဆီမှ ဖျတ်ကနဲ မြည်သံနှင့်အတူ သူမ ခါးလေး ကော့တက်သွားသည်။ ရှုံ့မဲ့သွားသည့် မျက်နှာလေးကို အကြည့် လွှဲလိုက်တော့၏။ မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ ဆိုလား.. ။ပေါင်ရင်းဆီမှနာသွားသော ငုဝါ မျက်၀န်းထောင့်တွင် မျက်ရည်ကြည်တို့ပင် စို့တက်လာ၏။ အလုံပိတ် အခန်းအတွင်း ဘယ်ဆီမှ ၀င်လာမှန်းမသိသော ညနေခင်း လေပြေက ပွင့်ကားနေသော ပိပိလေးကို ဖြတ်တိုက်နေသလားပင် မသိတော့။

စိုစိစိဖြစ်နေသော ညီမလေးခမျာ ချမ်းစိမ့်စိမ့်နှင့် နွေးထွေးမှု တစုံတရာ အား တမ်းတနေမိတော့သည်။ရမ္မက် ထန်နေသော ကိုအေးမောင် ပိပိလေးကို အငမ်းမရ ငုံ့ကြည့်လိုက်၏။ မရမ်းစေ့ရောင် စိုလက်နေသော ၀တ်လွှာနှစ်ခုက ဟင်းလင်းပွင့်လျှက်။ ပန်းဆီရောင် ရင့်ရင့် အတွင်းသားတို့က ရှုံ့ပွပွ ဖြစ်နေသယောင်။ ဆီးခုံမို့မို့ ထက်ဆီမှ ရိပ်ရိပ်ပါးပါး ရှိနေသော မွှေးညင်းညိုများနှင့် ငုဝါ ဆိုသော မိန်းကလေး၏ ပိပိလေးသည် ခူးရက်စရာ မရှိသော သစ်ခွပန်း တစ်ပွင့်နှယ်။ 

လူကသာ ခူးရက်စရာ မရှိလို့ တွေးနေသော်လည်း ညီလေးကတော့ ထိန်းမရအောင် ရုန်းကန်နေပြီ။ ကိုအေးမောင် ကိုယ့်စိတ် ကိုယ်မနိုင်တော့။ သတိလက်လွတ်ဖြစ်သွားသော ခဏတွင်း ညီလေးဆီမှ စီးပိုင် ပြည့်တင်းသော ခံစားချက် နွေးနွေး နှင့် အတူ..

“ အားးးး.. အကို ဖြေးဖြေး.. နာတယ်.. အရမ်း.. ဟင့်..”

လေသံသဲ့သဲ့နှင့် တောင်းပန်လိုက်ရှာသော ငုဝါ။ သူ ညီလေးကို တစ်ချက်တည်း တဆုံး သွင်းမိ သွားသည်ပဲ။ကြမ်းတမ်းလှသည့် ဆောင့်ချက်များကြောင့် ငုဝါ အံကျိတ်ထားမိသည်။ ရင်ထဲမှလည်း ချစ်ရသူ၏ သိမ်မွေ့ညင်သာသော အထိအတွေ့များကို မြင်ယောင်မိ၏။ 

တကယ်တမ်းစဉ်းစားတော့ အိပ်ရာထက်က ချစ်မှုရေးရာသည်လည်း မလွယ်သော အရာပါလား။ အိပ်ရာခင်းတို့ကိုဆုပ်ချေရင်းသည်တာ၀န်ကြီးတစ်ရပ် မြန်မြန် ပြီးသွားပါတော့ဟုသာ ဆုတောင်းနေမိတော့သည်။ကိုအေးမောင် လှုပ်ရှားမှုကို ရုတ်တရက်ကြီးရပ်လိုက်၏။ ပခုံးပေါ်ထမ်းထားသည့် ခြေတစ်ဘက်ကို ချပေးလိုက်သည်။ ပက်လက် ခပ်စောင်းစောင်း ဖြစ်နေသော သူမ ခန္ဓာကိုယ်ကို ဆွဲထူမလိုက်၏။

ညီလေးကတော့ ပိပိစီးစီးလေးထဲတွင် နစ်နေဆဲ။ တဆတ်ဆတ်တုန်နေသော သူမကိုယ်လေးကို သိုင်းဖက်ရင်း အနေအထားကို ပြင်ရန်ကြံစည်လိုက်သည်။ ပက်လက် လှဲချလိုက်ပြီး သူမကို အပေါ်မှ ဆောင့်စေ၏။ငုဝါ ရုတ်တရက် ကြောင်သွားပြီး ဘာဆက်လုပ်ရမှန်း မသိ။ သူမဘ၀တွင် လိင်ဆက်ဆံမှု ဆိုတာက ကိုနှင့် ချစ်ခဲ့ဖူးသလောက်သာမို့ ခုလို အနေထားမျိုးက အခက်တွေ့စေသည် အမှန်ပင်။ 

ကိုအေးမောင်က ခါးကို ကိုင်ထားသည်။ သူ့ရင်ဘတ်ပေါ် လက်ထောက်ပြီး တင်ပါးကို အားစိုက်ကာ ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်သည်။ ပေါင်ရင်းများမှ ညောင်းချိလာသလိုလိုဖြစ်ပြီး လေးငါးချက်ထက် ဆက်မလုပ်နိုင်တော့။ထောက်ထားသော လက်ကို ဖယ်ပြီး ခါးဆန့်ကာ ထိုင်ချကြည့်လိုက်တော့ အောက်မှ ညီလေး၏ သန်မာမှုက ရင်ထဲထိ နင့်ကနဲ ဖြစ်သွားသည်။ ကိုအေးမောင်က အောက်မှ ပင့်ကာ ဆောင့်လိုက်သည့် ခဏ.

“ အားး…” 

လူက နောက်သို့ ကော့ယိုင်ကာ လက်နောက်ပြန်ထောက် ပုံစံဖြစ်သွားသည်။ နာလိုက်သည့် ဖြစ်ချင်း။နာကျင်မှု လျော့လို လျော့ငြား နောက်ပြန်ထောက်ထားသော လက်ကို အားပြုကာ ညီမလေးကို ကြွပေးမိသည်။ ကိုအေးမောင် စိတ်ရှည်ပုံ မရတော့။ ထ ထိုင်လိုက်ကာ သူမကို ကိုယ်ပေါ်မှ ဆင်းစေလိုက်၏။ရုတ်တရက်ကြီး ဆွဲထုတ်လိုက်သော ညီလေး နှင့်အတူ ပိပိလေး တစ်ခုလုံးများ ကျွတ်ပါသွားသည့်အလား ငုရင်ထဲတွင် လှပ်ကနဲ။ အစောပိုင်းက နာကျင်မှုများ ပေါ့ပါး သွားသည်။ 

“ ဟို ဘက်လှည့်ပြီး လေးဘက် ကုန်းပေးပါလား ငုဝါ..” 

စကားမဆုံးခင်ပင် သူမကို ဆွဲလှည့်ပြီးနှင့်ပြီ။လက်ရှိအချိန်မှ အမြန်ဆုံး ရုန်းထွက်ချင်လှပြီမို့ သူပြောသော ပုံစံအတိုင်း ငု နေပေးလိုက်သည်။ အတော်လေး ကမောက်ကမနိုင်သော အနေအထားပါလား..။ လေးဘက်ထောက်ရင်း နောက်ကို ပြန်လှည့်ကြည့်မိ၏။ ကိုအေးမောင် သူမခါးကို ကိုင်ကာ ကျောပြင်ကို ဖိချလိုက်သည်။ နောက်သို့ ပြူထွက်နေသော ပိပိလေးက ဖောင်းကား ထူအန်းနေ၏။ 

အစောပိုင်းက ဆောင့်ချက်များကြောင့် နီရဲစိုလဲ့နေသည်။ ကိုအေးမောင် ရုတ်တရက်ကြီးကုန်းကာ ညီမလေးကို ပါးစပ်နှင့် အားပါးတရ စုပ်တော့သည်။

“ အိုးးး… တမျိုးကြီးပါလား.. ဟူးးး…” 

နာကျင်အောင့်သက်သော ၀ေဒနာနှင့် ဆန့်ကျင်ဘက် ခံစားမှု။ ငုဝါ ပင့်သက်များ ကျယ်လောင်လာသည်။ သတိလက်လွတ်ဖြစ်ကာ မျက်လုံးများပင် ပြာေ၀သွားရ၏။ ခန္ဓာကိုယ် တစ်ခုလုံး ဟိုး အမြင့် တနေရာထိ လွင့်ထွက်သွား၏။ စိတ်တင်းထားသည့် ကြားမှပင် တစ်ခုခုကို တောင့်တလာသလိုလို။ ကိုအေးမောင် မိမိအာသီသကို သိများသိနှင့်နေသလား။ 

ပေါင်နှစ်ဘက်နှင့် တင်ပါး၏ အနိမ့်အမြင့်ကို သူ့စိတ်ကြိုက် အနေထားရောက်အောင် ခပ်သွက်သွက် ပြင်ယူသည်။ ထို့နောက်တဖန် နင့်ကနဲ ခံစားချက်နှင့် အတူ အညှာတာ ကင်းသော ဆောင့်ချက်များ ပြန်လည် စ တင်လာပြီ။ 

ငုဝါ၏ တအင့်အင့် ငိုညည်းသံနှင့် ခန္ဓာကိုယ်နှစ်ခု ထိရိုက်သံများ.. ဆာလောင်မွတ်သိပ် နေသည့် ယောကျၤားတစ်ယောက်၏ မာန်သွင်း အားယူသံများ အဆုံးတွင် ခရီးဆုံးသို့ နှစ်ဦး အတူ ရောက်ရှိသွားတော့၏။တဆတ်ဆတ်တုန်ရီနေသော ပိပိလေးထဲမှ အားကုန်သွားသည့် ညီတော်မောင်ကို ဆွဲထုတ် လိုက်သည်။ အလျှံအပယ် ထွေးအန်ထားသည့် ချစ်၀တ်ရည်တို့က ပွက်ကနဲ။ 

ပက်လက် လှန်ချလိုက်သည့် ကိုအေးမောင်ကို ကျောခိုင်းလျှက်ပင် ငု လှဲချလိုက်သည်။ မျက်လုံးများကို အသာမှိတ်လိုက်တော့ နထင်စောင်းဆီမှ ပူနွေးသော စီးဆင်းမှုများက ခေါင်းအုံး ဖြူဖြူပေါ်သို့။ ခန္ဓာကိုယ်၏ နွမ်းနယ်မှုကြောင့်လား.. မိမိဘ၀ကို နောင်တရမိတာလား.. ချစ်ရသူကို လွမ်းတာလား.. ။ 

မကုန်ခန်းနိုင်သေးသည့် မျက်ရည်ပူများအတွက် အကြောင်းပြချက်တစ်ခု ရဘို့ ငုဝါ မကြိုးစားချင်တော့ပါ။ နောက်ဘက်ဆီမှ လှုပ်ရှားမှု တစ်ခုနှင့် အတူ ကိုအေးမောင် လက်များက သူမကိုယ်ပေါ် သိုင်းဖက်လာသည်။ နထင်များကို ခပ်ဖွဖွ ရှိုက်နမ်းရင်း..

“ အဆင်ပြေရဲ့လား ငုဝါ.. ကျနော် သိပ်များ ကြမ်းတမ်းသွားလား.. ငုဝါ နာနေလားဟင်..”

“ ရပါတယ်.. ငု အဆင်ပြေပါတယ်.. ဒါမယ့် သည်နေ့အဖို့တော့..”

“ အွန်း.. ကျနော်သိပါတယ်.. ငုဝါ နားလေ နော်.. ကျနော် သန့်ရှင်းရေး လုပ်ပေးမယ်..”

ပြောပြော ဆိုဆို ထ ထိုင်ကာ ခေါင်းရင်းတွင် ချထားသည့် အိတ်ထဲမှ စနိုးတာ၀ယ်လ် တစ်ခုနှင့် ငု ညီမလေးကို တယုတယ သုတ်သင်ပေးတော့သည်။ မြတ်စွာ ဘုရား.. ခုတော့လည်း သူ့လက်တွေက နူးညံ့ သိမ်မွေ့လွန်းနေပါလား။ အ၀တ်အစားများ ပြန်၀တ်ပြီးချိန်ထိ သူ့မျက်နှာကို ငု တည့်တည့် မကြည့်ရဲခဲ့ပါ။ 

အချိန်လည်း မနည်းလှတော့ပြီမို့ သူ ပြန်ရန် ပြင်ဆင်နေပြီ။ သမီးလေးကို ခေါ်ကာ ရှောင်ပေးနေသည့် ဒေါ်လေးလည်း ပြန်လာတော့မည် ထင်ပါရဲ့လေ။ အိပ်ရာပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်ကာ ခေါင်းဖြီးနေစဉ်.. 

“ ငုဝါ..” 

တိုးသက်သက် ခေါ်သံနှင့် သူမပခုံးပေါ် ကျရောက်လာသော လက်တစ်စုံ။

“ အမှန်တော့ ကျနော် ငုဝါကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းချင်တာပါ.. ဒါပေမယ့် ငုဝါ ဘက်က အဲ့လိုပတ်သက်ဖို့ ဆန္ဒ မရှိတာကိုလည်း အတင်း မတိုက်တွန်းရက်ဘူး.. ဒီတော့ကာ ကျနော် စီစဉ်ပေးတဲ့ အထောက်အပံ့တွေကိုတော့ ငုဝါ မငြင်းစေချင်ဘူးဗျ.. ငုဝါဘက်က ဘယ်လိုသဘောပဲ ထားထားပါ.. ကျနော်ကတော့ ငုဝါတို့ သားအမိကို ဖြစ်တဲ့နည်းနဲ့ စောင့်ရှောက်ချင်တယ်..”

လေသံအေးအေးဖြင့် တစ်ခွန်းချင်းပြောရင်း ငုလက်ထဲသို့ တစ်ထောင်တန် ငွေစက္ကူတစ်ထပ် ထည့်ပေးလာသည်။ အိပ်ခန်းထောင့်တွင်လည်း ၀ယ်ခြမ်းလာသည့် စားစရာများနှင့် ကစားစရာ အရုပ်များက တပုံတပင်။မနေ့ညကလည်း ဒေါ်လေးပြောစကားအရ ပေးရန်ကျန်သည့် အကြွေးများ အတွက် စိတ်ထဲထားရန် မလိုတော့ကြောင်း သိခဲ့ရသည်။ 

ကိုယ့်ကိုယ်ကို ကံကောင်းသည်ဟု မတွေးလိုပါသော်လည်း လူကောင်းတစ်ဦးနှင့် ဆုံဆည်းရသည်လို့တော့ ငု တွေးမိပါသည်။ သို့သော် သံယောဇဉ်တည်းဟူသော နှောင်ကြိုးကိုတော့ ငု ကြောက်လှပါပြီ။အတိတ်ဘ၀၏ မှားယွင်းသော ဆုတောင်းများကြောင့် မိမိကို တန်ဘိုးထားသူများနှင့် လွတ်လပ်စွာ ဆုံဆည်းခွင့် မရသော ငုဝါ.. ချစ်ရသည့် ကို လည်း ခုလောက်ဆို သူ့ အချစ်ဦးနှင့် ပျော်နေရှာရောပေါ့လေ.. တကယ်လို့များ ကို နှင့် ထပ်မံ ဆုံတွေ့ခွင့် ရနိုင်ဦးမည် ဆိုပါလျှင်..။ 

အမှန်တော့ ငု ရင်ထဲတွင် သည်မျှော်လင့်ချက်ကလေးက ရေးရေး ရှိနေလို့သာ ကိုအေးမောင်ကို လက်ထပ်ရန် ငြင်းဆန်မိခြင်းများလား..။ ချစ်ရသူနှင့် ပြန်လည် ဆုံဆည်းခွင့်ရရန် ဆုကိုကော ငုဝါ မသိစိတ်က တောင်းနေ မိသေးသည်လား..။ သံသရာ အဆက်ဆက်.. သံသရာ အဆက်ဆက် တည်းဟူသော မှားယွင်းသည့် ဆုတောင်း.. ဟူးးး။

ရှုပ်ထွေးနောက်ကျိလာသော အာရုံများကြောင့် ခေါင်းက တဆစ်ဆစ် ကိုက်လာတော့သည်။ မိမိနှဖူးပြင်ပေါ် ကျရောက်လာသော အနမ်းတစ်ခု ကြောင့် သတိပြန်၀င်လာခဲ့၏။

“ ကိုယ် ပြန်မယ် ငုဝါ.. နောက်တစ်ပါတ်လောက်နေရင် ပြန်လာခဲ့မယ်.. လိုချင်တာရှိရင် ဖုန်းဆက်ပြီး လှမ်းမှာ.. နော်..” 

ကိုယ် တဲ့လား.. အင်းလေ ဘာပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိတော့ သူ ငါ့ကို ပိုင်သွားပြီပဲ.။သူမ ခေါင်းငြိမ့်ပြမိသည် ထင်ပါ၏။ 

အခန်းထဲမှ ထွက်သွားသည့် ယောကျ်ားတစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း မြင်ကွင်းတို့က ၀ေဝါး လာပြန်သည်။ ခေါင်းငိုက်စိုက်ချကာ မီးစနှင့် ထိုးထားသလို ပူလောင်နေသော မျက်၀န်းများကို မှိတ်ချလိုက်သည်။ မျက်ရည်ပူပူတို့က လက်ထဲမှ ငွေစက္ကူ အထပ်လိုက်ပေါ်သို့ ပေါက်ကနဲ ပေါက်ကနဲ..။

“ ဒီမှာ ရှင့်.. ဒီမှာ ခဏလေး…”

ဆိုင်တံခါး ပိတ်ပြီး လှည့်ထွက်မည် အပြု ဘေးဘက်ဆီမှ ခေါ်သံကြောင့် ဒေါ်ငုဝါ လှည့်ကြည့်လိုက်သည်။ တောက်ပ သစ်လွင်သော ၀တ်စားပြင်ဆင်ဟန်နှင့် မိမိနှင့် သက်တူရွယ်တူ အမျိုးသမီးတစ်ဦး။ ရုတ်တရက် ဇေ၀ဇဝါ ဖြစ်သွားသော်လည်း မိမိလိုပင် တအံ့တသြဖြစ်သွားသည့် ထို အမျိုးသမီး၏ မျက်၀န်းတောက်တောက်များက လွန်ခဲ့သော (၁၉) နှစ်တာ ကာလဆီသို့ မိမိကို ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ 

“ ဟယ်…” 

နှစ်ဦးသား အံ့သြမှုကြောင့် စကားရုတ်တရက် မဆိုဖြစ်။ ရင်းနှီးနွေးထွေးသော အကြည့်များဖြင့် တဒင်္ဂ နှုတ်ဆိတ်နေခိုက်..

“ ငု.. ငုဝါ.. ငုဝါ မဟုတ်လားဟင်..”

“ ချို… ၀တ်ရည်ချို ဟုတ်ပါတယ်နော်..”

“ အမလေး ငု ရယ်.. ငါ နင့်ကို.. မနည်းကြည့်ယူရတယ်.. ငုရယ်.. ငါ ၀မ်းသာလိုက်တာဟာ.. ဘာပြောရမှန်းတောင် မသိတော့ဘူး…”

တကယ်တမ်း ဘာပြောရမှန်း မသိသူက ဒေါ်ငုဝါပင်။ နုနယ် ပျိုမြစ်ကာ သစ်လွင်တောက်ပသော အပြုံးများနှင့် မိမိကို ဖက်လှဲတကင်း နှုတ်ဆက်နေသည့် ချို..။ 

ရန်ကုန်မြေသို့ ပြန်ရောက်ကတည်းက သူမနှင့် ဆက်သွယ်ရန် တွေးမိသော်လည်း ကြာမြင့်ခဲ့ပြီဖြစ်သော အတိတ်တို့ကို ပြန်လည် အသစ်ဖြစ်ရန် သူမ ဆန္ဒ မရှိခဲ့ပါချေ။ သမီးလေး အသက် (၁၀) နှစ်တွင် ကိုအေးမောင် ရုတ်တရက် ဆုံးပါးသွားခဲ့သည်။

ရောဂါသည် ဇနီးကတော့ ယနေ့ထိတိုင် ရှင်သန်နေဆဲ။ ကံတရားတို့၏ ဆန်းကျယ်ပုံက လူတိုင်းအတွက် ကြိုတင် မှန်းဆလို့ မရနိုင်မှန်း ဒေါ်ငုဝါ လက်တွေ့သိခဲ့ရသည်။ ကျေးဇူးရှိသူတစ်ဦး အနေနှင့် သူ့ ဈာပနသို့ သူမ ရောက်ဖြစ်ခဲ့ပါ၏။ သမီးလေးနှင့် အတူ သူ့နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ရင်း ဦးချ ကန်တော့ခဲ့ပါသေးသည်။

(၁၀) နှစ်လုံးလုံး နှစ်ဦးနှစ်ဘက် နားလည်မှုနှင့် အပြန်အလှန် ဖြည့်ဆည်းခဲ့ကြသော်လည်း တရား၀င် ပတ်သက်မှု မဟုတ်သည့်အပြင် မထင်မှတ်ဘဲ တိမ်းပါးသွားခဲ့သည်မို့ ဒေါ်ငုဝါအတွက် ဘာမှရပိုင်ခွင့် မရှိ။ သူနှင့် ပတ်သက်နေသမျှ ကာလတစ်လျှောက် ပတ်၀န်းကျင်၏ မချိမဆန့် ေ၀ဖန်သံများကို အံတုရင်း ထောက်ပံ့ခဲ့သမျှ ငွေကြေးတို့ကို အထိုက်အလျှောက် စုဆောင်းခဲ့သည်။ စက်ချုပ်ရင်း ရသည့် ၀င်ငွေလေးနှင့် သားအမိနှစ်ယောက် လောက်ငှအောင် သုံးစွဲနေထိုင်ခဲ့ကြ၏။ 

နဂိုကတည်းကပင် သူမ ရည်ရွယ်ချက်က သမီးလေး အရွယ်ရောက်လာလျှင် သည်လို ပတ်သက်မှုမျိုးကို ရပ်တန်းက ရပ်ရန် စဉ်းစားထားခဲ့ပြီးသား။

“ ငုဝါရယ်.. ပျောက်သွားလိုက်တာများ ငါ့ကိုတောင် ဘာမှ မတိုင်ပင်ဘူး.. နင်တကယ် နေနိုင်တယ်နော်.. ခုကော ဘယ်မှာနေပြီး ဘာတွေလုပ်နေလဲ.. ကျန်းမာရေးကော ကောင်းရဲ့လား ငုရယ်..”

“ ငါ့ အဒေါ်နဲ့ သူတို့မြို့ကို လိုက်သွားတာ ချို.. နင့်ကိုပြောရင် တားမယ်မှန်း သိနေလို့ပါ.. ငါနင့်ကို ဒုက္ခမပေးချင်ဘူးလေ..”

“ ပြောရက်တယ်နော် ငု.. နင် အဲ့လိုအတွေးကကော ငါတို့ ဒုက္ခ ငြိမ်းမယ်များ ထင်လို့လား.. နင့် အာစရိဆို နင့်ကို လိုက်ရှာတာ အရူးကြီးလိုပဲ..”

အားရပါးရပြောလိုက်သော ချို့စကားကြောင့် သူမ တစ်ကိုယ်လုံးရှိ သွေးကြောများ ဖျဉ်းကနဲ စိမ့်တက်သွားသည်။ ဘုရား ဘုရား.. ဘယ်လိုမှ ထင်မထားသော စကားပါလား..။ ဒေါ်ငုဝါ တစ်သက်မှာ မျှော်လင့်မထားသော အခြအနေတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ကြုံခဲ့ရသည်။ ကိုအေးမောင် ကွယ်လွန်ပြီး မကြာခင် ဒါ်လေး ဆုံးသည်။ 

ကျန်ရစ်သော သားသမီးများက ကိုအေးမောင် မရှိတော့ကတည်းက သူမတို့ သားအမိကို သိပ်ကြီး ကြည်ဖြူလှသည် မဟုတ်။ ဒေါ်လေးပါ တိမ်းပါးသွားတော့ သူမတို့သားအမိ ပို၍ အားကိုးမဲ့ခဲ့သည်။ လက်ထဲမှာ အတန်အသင့် စုမိနေသော ငွေစလေးများကို မျက်စောင်း ထိုးလာကြ၏။ သူမကလည်း သမီးလေး ရှေ့ရေးမို့ သည်ငွေကို အထိမခံ။ လိုချင်တာ မရကြတော့ သမီးလေးကိုလည်း နှိမ်လိုက်သည့်ဖြစ်ချင်း။

သူတို့မျက်နှာကို အရိပ်လိုကြည့်ရင်း ချိုချို့တဲ့တဲ့ ပညာ သင်ခဲ့ရရှာသည့် သမီးလေး မြတ်ပန်းကြာညို။ သည်ကလေးက ဖအေ့သွေးမို့ ပညာချွန်သည်။ (၁၀) တန်း စာမေးပွဲတွင် ဂုဏ်ထူးများ တသီတတန်း မပါသော်လည်း အမှတ်ကောင်း၏။ 

သမီးလေး တက္ကသိုလ် တက်ရတော့မည်မို့ ဒေါ်ငုဝါ လည်း အားလုံး၏ အရိပ်မှ ရုန်းထွက်ခဲ့သည်။ တကယ်က အရိပ် ဟုသာ ဆိုရသော်လည်း ကျောတစ်နေရာစာ နေရာ အတွက် သူမ ဘ၀နှင့်ရင်းကာ တစ်အိမ်လုံးကို ရှာကျွေးခဲ့ရသည်သာ။

နောက်ဆုံးတော့ သမီးလေး ရှေ့ရေးအတွက် သမီးကို လက်ဆွဲကာ စွန့်ခွာခဲ့သော အရပ်ဒေသသို့ ဒေါ်ငုဝါ ခြေချခဲ့သည်။အိမ်ခန်းကျဉ်းလေးနှင့် တစ်လမ်းကျော်တွင် ဆိုင်လေး ငှားကာ စက်ချုပ်ပညာနှင့်ပင် အသက်မွေးခဲ့၏။ လိမ္မာရေးခြား ရှိသော သမီးလေးကလည်း အေ၀းသင် တက္ကသိုလ် တက်ရင်း အလုပ်ရှာခဲ့သည်။

ကံကောင်းချင်တော့ အိမ်ရှင် မိသားစုနှင့် ရင်းနှီးသော ဆရာ၀န်မကြီး တစ်ဦး၏ အထူးကု ဆေးခန်းတွင် စာရေးမလေးအဖြစ် အလုပ်ရခဲ့သည်။ သားအမိနှစ်ယောက် ဘ၀လေးကို အေးချမ်းစွာ ရုန်းကန်ရင်း ခုတော့ သူငယ်ချင်း ချိုနှင့် မထင်မှတ်ဘဲ ပြန်ဆုံရပြီ။ မကြားရတော့ဘူး ထင်သည့် ချစ်သူ့ သတင်းကို ကြားရပြီ။ ချိုနှင့် ပြန်လည် ဆုံတွေ့ရခြင်းက သူမ ဆုတောင်းခဲ့သလိုများ သမီးလေးကို သူ့အဖေ လက်ထဲ ထည့်နိုင်ဘို့ အခွင့်အရေးလေလား..။

ကို.. ကိုက ငုကို ရှာတယ်တဲ့လား.. ဘာတွေ ဖြစ်ကုန်တာလဲ.. ဒါဆို မနွယ်ကကော.. ငုထင်သလို မနွယ်နဲ့ ကို လက်မတွဲဖြစ်ခဲ့တာလား.. အခုကော ကို ဘယ်မှာလဲ.. ခုထိ ငုကို ရှာနေတုန်းလား..။ ငု ရင်တစ်ခုလုံး ပေါက်ထွက်မတတ်ပင် တုန်ရီ လှုပ်ရှားရပါသည်။

“ ဘယ်လို ချို.. ကို က.. အဲ ဆရာက.. ဆရာ ငါ့ကို လိုက်ရှာတယ်.. ဟုတ်လား.. နင်ပြောတော့ သူ မနွယ်နောက်..”

“ အေး.. အဲ့တုန်းကတော့ ငါလည်း ငါသိတာ ပြောတာပေါ့ဟ.. နင်က အဲ့စကားတစ်ခွန်းနဲ့ ထင်တာ လုပ်သွားတာတော့ လွန်တာပေါ့ ငုရယ်.. နင့်အာစရိဖြစ်နေပုံကြည့်ပြီး ငါ ပါ အပစ်မကင်းသလိုကြီး.. နင် တကယ် မကောင်းဘူးဟာ..”

“ ဘာတွေ.. ဘာတွေ ဖြစ်ကုန်တာလဲ ချို.. ငါ့ကိုရှင်း ပြလို့ ရလားဟင်…”

“ ရှင်းရမှာပေါ့.. ရှင်းကို ရှင်းရမယ့် ကိစ္စပဲ.. အမလေး ဘုရားမ လို့သာပဲငုရေ.. ခုလိုမှ ပြန်မဆုံရင် ငါတော့ ဘယ်လိုမှ အသေဖြောင့်မှာ မဟုတ်ဘူး.. နင် အခု ဘယ်မှာနေနေလဲ..”

“ ဟိုဘက် တစ်လမ်းကျော်မှာ အိမ်ငှားနေတယ် ချို.. ဒါလေးက ငါ့ ဆိုင်..”

စက်ချုပ်ဆိုင် ပေါက်စန လေးကိုတလှည့်၊ နွမ်းလျှ ဖျော့တော့သော သူမကို တလှည့်ကြည့်ရင်း ဒေါ်၀တ်ရည်ချို ပင့်သက် ချမိပါသည်။

“ ဘယ်လောက်များ ပင်ပန်းနေလိုက်သလဲ ငုရေ.. နင့်ကို မြင်ရတာ ငါ မောလိုက်တာ..” စိတ်မှ တွေးရင်း နာရီကို ကြည့်လိုက်တော့ နေ့ခင်း ၁ ချက်ထိုး။

“ ခု အိမ်ပြန်မလို့လား.. ဆိုင် က သိမ်းပြီလား.. နေ့ခင်းကြီး..”

“ ဆိုင်မှာက ညှပ်တာရယ်.. အပ်ထည် လက်ခံတာနဲ့ ပြန်ပေးတာလောက်ပဲ လုပ်လို့ရတယ် ချိုရဲ့.. မီး သုံးလို့ မရဘူးလေ.. အိမ်ကျမှ ကော်ကပ်တာတို့ မီးပူတိုက်တာတို့ ချုပ်တာတို့ လုပ်ရတာ.. နင်ကော အခု ဘာတွေလုပ်နေလဲ.. အဆင်ပြေတယ် မဟုတ်လား သူငယ်ချင်း.. အန်တီနဲ့ ကိုအောင်ဇော်ကော နေထိုင်ကောင်းကြလား..”

“ အင်း ငါ့အမေလည်း ဆုံးသွားပြီ ငု.. အောင်ဇော်က သူ့မိန်းမနဲ့ ပြည်ဘက်မှာ.. နင့် အိမ် ငါ လိုက်ခဲ့မယ် ဟာ.. ပြောစရာတွေက နှစ်ပေါင်း (၂၀) နီးပါး.. နည်းမှ မနည်းပဲ.. ဖြစ်လား ငါလိုက်လို့…”

“ ကျေးဇူးတောင် တင်တာပါ ချိုရယ်.. မဖြစ်ဘဲနေမလား.. လာ သွားကြမယ်.. ”

လက်လုပ်လက်စား ရပ်ကွက်ပီပီ အိမ်လေးတွေက ယိုင်နဲ့နဲ့။ ငုတို့သားအမိ နေတဲ့အိမ်ကလေးက (၁၀) ပေလောက်သာရှိသော နှစ်ထပ် ပျဉ်ထောင်အိမ် ကလေး။ ၀င်ပေါက် တံခါးလေးက သံဇကာ ကွက်လေးများနှင့် ကာထားသည်။ ထောင့်တစ်ဘက်တွင် ရေတုံကင် ကလေးတစ်ခုနှင့် ကျောက်စည် သေးသေးတစ်လုံး။ အပေါ်ထပ်တွင် အိမ်ရှင်မိသားစုနေသည်။

ခြံ၀င်ပေါက်ဟု ဆိုရမည်ဖြစ်သော သံဇကာ တံခါးနှင့် ငု တို့နေသည့် အောက်ထပ် အိမ်ခန်းနံရံက ၁၀ ပေလောက် ကွာသည်။ အပေါ်ထပ်၏ အတက်အဆင်းလှေကားက ငုတို့ အခန်းလေးရှေ့မှာမို့ အိမ်ခန်းလေးခမျာ သူများအိမ် လှေကားအောက်မှ ကြွက်တွင်းလေးနှင့်ပင်တူသေးတော့၏။ 

မှောင်မဲ ကျဉ်းမြောင်းသော အိမ်လေးကို ကြည့်ပြီး မိချို ငယ်ငယ်က အမေ အကိုတို့နှင့်နေခဲ့ရသော အိမ်လေးကို ပြန်မြင်မိသည်။ ခုတော့ မိမိနှင့် သည်အိမ်လေးက မလိုက်ဖက်သလိုပင်။၀တ်ရည်ချိုက ငွေကြေးတွက် တွက်မည်ဆိုလျှင် အိမ်ထောင်ရေးကံ မဆိုးလှဟု ဆိုရမည်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားရင်းမှပင် အတန်အသင့် စီးပွားရေးတောင့်တင်းသော သူတစ်ဦးနှင့် ဖူးစာ ဆုံသည်။ 

လူပျိုလူလွတ်တော့ မဟုတ်။ သမီးတစ်ယောက် အဖေ မုဆိုးဘို။ သမီးဖြစ်သူက အမေနေရာတွင် မည်သူ့မှ အစားမထိုးနိုင်ပါ ဘာညာနှင့် အာရုံများ နောက်ရသေးသည်။ ထိုသမီးကိုပင် အမြင်ကတ်ကတ်နှင့် မိမိထက် အသက် နှစ်ဆကြီးသော မုဆိုးဘို လူရိုးလူအေးကြီးကို မိချို မရရအောင် ယူခဲ့၏။ 

နေ့စဉ်နှင့် အမျှ အရွယ် မကွာလှသော မိထွေးနှင့် လင်ပါသမီး၊ တက်လိုက်သည့် ပြဿနာ၊ များလိုက်ရသည့် စကား။ ဒေါ်ရွှေငုဝါ ထုံး နှလုံးမူရလျှင်ဖြင့် မိမိလည်း ဆုတောင်း မှားခဲ့ကြသူများထဲမှ တစ်ဦးပေပဲပေါ့လေ။

အလိုလိုကမှ လူက စိတ်ညစ်သည့်ဒဏ် ခံနိုင်သူ မဟုတ်တော့ အိမ်တွင် လင်ပါသမီးနှင့် ပြဿနာ တက်ရတိုင်း အပြင်တွင် လွတ်လပ်မှုရှာသည်။ အသက်ကြီးကြီး ယောကျ်ားထံမှ မရသည့် ကာမအရသာကို အဆင်ပြေသလိုဖြေရှင်းရင်း မိန်းမလည်၊ မိန်းမရှုပ်၊ မိန်းမပျက် အမျိုးမျိုးသော ဂုဏ်ပုဒ်များနှင့် ၀တ်ရည်ချိုမှသည် ဒေါ်၀တ်ရည်ချိုဘ၀ ရောက်ခဲ့သည်။ 

ဘာပဲပြောပြော ခင်ပွန်းဆုံးတော့ တရား၀င် ဇနီးမယားတစ်ယောက် အနေနှင့် သမီးဖြစ်သူနှင့်အတူ အမွေတစ်၀က် ရလိုက်သေး၏။ လှလှပပ ကျော့ကျော့လေး နေချင်သော ဒေါ်၀တ်ရည်ချို ယောကျ်ား မဆုံးခင်ကပင် သူမ ဝါသနာပါသည့် အလှပြင်ဆိုင်လေး ဖွင့်ထားနှင့်ပြီးသား။ ယခုဆိုလျှင် ထိုဆိုင်လေးက အရှိန်ရကာ အတော်အသင့် ၀င်ငွေကောင်းနေပြီ။

“ ထိုင်လေ.. ချို.. အိမ်ကတော့ နည်းနည်း ကျဉ်းတယ်ဟယ်.. ငါ့နင့်ကို ခေါ်သာလာရတာ အားနာလိုက်တာ..”

“ အမလေး ငုရယ်.. ငါက ဘယ်ဘ၀က လာလို့မို့ နင်ငါ့ကို အားနာရတာတုန်း.. အလိုလိုကမှ နင့်ကိုငါ ရိုက်ချင်နေတာနော် မိန်းမ.. စကားပြောတာ ဆင်ခြင်..”

ဟိုးတုန်းက အတိုင်းပင် ပွင့်ပွင့်လင်းလင်း ပြောချလိုက်သော ချို့စကားကြောင့် ငုဝါ မျက်ရည် လည်လျှက်နှင့်ပင် ပြုံးမိပါသည်။ လက်ရှိအခြေအနေအရ သူမတို့နှစ်ဦး အနေအထားခြင်း ကွာလွန်း နေသည် မဟုတ်ပါလား။မိမိ ဘက်က နိမ့်ပါးနေသော အချိန်တွင် သူငယ်ချင်း၏ ကြင်နာမှုက ငု အတွက် တကယ်ပဲ အားဆေး ဖြစ်ခဲ့ပါသည်။ 

“ ဟယ် ဒါလေးက ဘယ်သူတုန်း ငု…”

မှန်ဘီဒို ပုပုလေးပေါ်တွင် ကပ်ထားသော ဓာတ်ပုံလေးကို လက်ညှိုးညွှန်ရင်း ဒေါ်၀တ်ရည်ချို မေးလိုက်ခြင်းပင်။ ပုံထဲတွင် ၀င်းပ ကြည်လင်သည့် မျက်နှာ ပြုံးပြုံးလေးနှင့် မိန်းမငယ်လေးတစ်ဦးက ငုဝါကို ဖက်လျှက်။

“ ငါ့ သမီးလေ ချို.. မြတ်ပန်းကြာညို တဲ့ အခု အေ၀ေးသင် တက်ရင်း အလုပ်လုပ်နေတယ်.. အဲ့ဒါ သူ ဆယ်တန်းအောင်တဲ့နေ့က ရိုက်ထားတဲ့ပုံပေါ့..”

“ ဟယ်.. ဒါ ဒါ ဆို နင် အိမ်ထောင်.. ”

“ ဆရာ့ သမီးပါ ချို.. ဆရာ ကိုဉာဏ်လင်းညိုရဲ့ သမီးပါ..”

“ ဟယ်.. ငု ရယ်.. သူငယ်ချင်းရယ်…”

ဘီဒိုတွင်ကပ်ထားသည့် ပုံလေးကို ဆွဲခွာရင်း သေသေချာချာ ကြည့်လိုက်မှပင် မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်း အားလုံး အားလုံး အဖေမှ အဖေပါလား။ ငု နှင့် ခွဲမရအောင် တူသည်က လှပရွှန်းစိုသော မျက်၀န်းလေးများ။ သမီးလေး မြတ်ပန်းကြာညို တဲ့လား.. နံမည်လေး လှသလို လူလေးလည်း လှသည်ပဲ။ အဖေနှင့် အမေထံမှ အလှ များ စုနေသော မျက်နှာ ကြည်ကြည်လေး။ 

“ ငုရယ်.. ဒီလို အခြေနေထိ ရောက်ခဲ့တာတောင်…”

ပြောလိုသည့်စကားလုံးများက ရှေ့ဆက် ထွက်မလာတော့ပါ။ အတန်ငယ်မက ချောင်ကျနေသည့် ငု မျက်နှာ နွမ်းနွမ်းလေးကို ငေးရင်း သူမ ဘယ်လောက်များ ပင်ပန်းလိုက်မလဲ တွေးနေမိသည်။

“ နင် တော်တော် သတ္တိကောင်းပါလားဟင် ငု.. ငါ အံ့သြလို့ မဆုံးဘူး.. တကယ်ကို အံ့သြလို့ မဆုံးဘူး ငုရယ် တကယ်ပါ.. ”

“ ချိုရယ်.. ငါ.. ငါလေ.. ဟင့် ဟင့်…ဟီးးး…”

မိမိရင်ခွင်ထဲ ခေါင်းထိုးထည့်ကာ ရှိုက်ကြီးတငင် ငိုချလိုက်သော ငုဝါ.. နှစ် (၂၀) လုံးလုံး ကျိတ်ငို ခဲ့ရသမျှ ဖွင့်ချ ငိုကြွေးနေရှာသော ငုဝါ.. တနင့်တပိုး ရှိုက်သံများက သူမ မည်မျှ မောခဲ့ရကြောင်း သက်သေ ဖြစ်လို့နေတော့သည်။

တသိမ့်သိမ့် တုန်ခါနေသည့် သူငယ်ချင်း၏ ကျောပြင်ကို ကြင်နာစွာ ထွေးပွေ့ရင်း ခပ်ဖွဖွ ပွတ်သပ်ပေးနေမိသည်။ ငိုလိုက်စမ်း သူငယ်ချင်း.. နင် ခံစားခဲ့ရသမျှ ရင်နာခဲ့ရသမျှ.. ပင်ပန်းဆင်းရဲခဲ့ရသမျှ အတိုးချပြီး အားရအောင် ငိုချလိုက်စမ်း ငုရေ..။ 

ရင်ထဲမှပြောရင်း ကိုယ့်ကိုယ်ကို ပြန်သတိထားမိတော့ မိမိပါးပြင်ထက်မှာလည်း မျက်ရည်တွေ စိုလို့ ရွှဲလို့ပါလား..။ ငုရယ်.. ငါလေ နင့်ကို ညီအမ အရင်းလို ချစ်တာပါ.. ဒါပေမယ့် ငါ ဘယ်လို စဉ်းစားစဉ်းစား နင့်အတွေးအခေါ်တွေကို လုံး၀ နားမလည်ဘူး ငု။ တကယ်တော့ နင် အတွေး နက်လွန်းတာ.. သိလား ငုဝါ..။ 

နင်ပြောသလို နင် ဆုတောင်းမှားခဲ့တာ မဟုတ်ဘူး ငု.. တကယ်က နင် အတွေးမှားနေတာပါ.. မှားခဲ့တာက နင့် အတွေးတွေပါ ငုရယ်..။ခုတော့ နင် ငိုဦး.. အားရအောင် ငိုလိုက်ဦး.. ရင်ထဲ ပေါ့သွားတဲ့ အထိ ငိုချလိုက်ဦး ငုရေ..။ဆို့နင့် အောင့်မြက်လာသော ၀ေဒနာဆိုးက ရင်ထဲရောက်လာပြန်သည်။ 

ငုဝါ အသက်ရှု ရပ်မတတ် နာကျင် မောပန်းလာ၏။ ခေါင်းတစ်ခုလုံးလည်း ထူပူ အုံခဲနေပြီ။ ပင်ပန်းလိုက်တာ.. လူဘ၀ ကြီးက ပင်ပန်းလိုက်တာ..။ 

လက်၀ဲဘက် ရင်အုံတစ်နေရာဆီသို့ ဖိနှိပ်ရင်း ချို့ရင်ခွင်အတွင်းမှ အသာရုန်းထွက်ကာ ခါးကို ဖြေးဖြေးချင်း ခပ်ဆန့်ဆန့် ပြန်ထိုင်လိုက်၏။ မောလိုက်သည့် အမောက ရပ်မသွား။ ပြာ၀ေလာသော မျက်လုံးများကို မှိတ်ရင်း အသက် ပြင်းပြင်းရှုချလိုက်သည်။ သည်၀ေဒနာဆိုး နှိပ်စက်နေသည်မှာ နှစ် အတန်ကြာခဲ့ပြီ။ တကယ်တမ်း အသက် (၄၀) ဆိုတာ လူကြီးရောဂါရယ်လို့ ရတတ်သေးတဲ့ အရွယ်မှ မဟုတ်ဘဲ။ 

နုငယ်စဉ်ကတည်းက လောကဓံ အထုအထောင်းများလှသည်မို့ နှလုံးသားက မခိုင်ချင်တော့ဘူး ထင်ပါရဲ့လေ။ ကြမ်းပြင်ကို လက်တစ်ဘက်ထောက်ရင်း ကျန်တစ်ဘက်က ရင်ဘတ်ကို ဖိကာ အားတင်းပြီး အသက်ရှုနေရသည်။ 

တတ်နိုင်လျှင်မြေပေါ်တွင် လူးလှိမ့် ငိုချလိုက်ချင်တာပါ။ ကိုရေ.. ငု ကိုရှာတယ်တဲ့လား.. တွေ့ချင်လိုက်တာ.. ကို့ကို ခဏလေးပဲဖြစ်ဖြစ် တွေ့ခွင့်ရချင်လိုက်တာ ကိုရယ်..။

“ နင် ကျန်းမာရေးကော ကောင်းရဲ့လား ငု..”

“ အင်း.. သည်လိုပါပဲ ချိုရယ်.. ပင်ပန်းတဲ့အခါတော့ နဲနဲပါးပါး ရှိတာပေါ့..”

“ နင့်အကြောင်းတွေလည်း ပြောပြဦးလေ.. ခု မဟုတ်လည်း နောက်နေ့ပေါ့ဟာ..”

“ ပြောပါ့မယ်.. နင် အချိန်ရတယ် ဆိုရင် ခုပဲ ပြောပါ့မယ် ချိုရယ် ………….”


အပိုင်း ( ၉ ) ဆက်ရန် >>>