Sunday, March 14, 2021

စွံတဲ့ကိုကို အပိုင်း ( ၆ )

စွံတဲ့ကိုကို အပိုင်း ( ၆ )

ရေးသားသူ - ခင်လင်း

အခန်း (၁ဝ) ချစ်သောမူ

ကျွန်တော်တို့ကျောင်းမှ ကျောင်းဆရာရော ကျောင်းသူ ကျောင်းသားတွေပါ ပဲခူးသို့ ဘုရားဖူး သွားသောနေ့ ဖြစ်ပါသည်။ ထိုနေ့တွင် ကျောင်သားတွေက ကားနှစ်စီး၊ ကျောင်းသူတွေက တစ်စီး နှင့် ဆရာတွေနှင့် ကျောင်းသားကြီးတွေက ကားတစ်စီးဖြင် သွားခဲ့ပါသည်။

ကျွန်တော်က ကြွယ့်ကို လိုက်ခဲ့ရန် ခေါ်သော်လည်း ကြွယ်က ကျောင်းခြင်းမှ မတူပဲ မလိုက်ချင်ပါဘူး ဟုပြောပါသည်။ ပဲခူးကို နံနက်စောစော မှထွက်သွားရာ နံနက်စောစောမှ ထွက်သွားရာ နံနက် ၁ဝ နာရီလောက်တွင် ရောက်သွားခဲ့ပါသည်။ ကျွန်တော်တို့ ဆရာကြီးက ညနေ ၃ နာရီ ပြန်မည်ဟု ပြောပါသည်။ ကျွန်တော့်မှာတော့ ပဲခူးတွင်ရှိသော မူမူတို့ အိမ်ကိုသာ သွားရန် စိတ်ထဲက စောလျှက် ရှိပါသည်။

ပဲခူး ဘုရားကြီးကို ဖူးမျှော်ပြီးသော အခါတွင်ကား ကျွန်တော်သည် လိပ်ပြာကန် အနီးတွင်ရှိသော မူမူတို့တိုက်ကို လစ်လာခဲ့ပါသည်။ မူမူတို့တိုက်ကို တာရှည်စွာပင် ရှာဖွေမနေရပဲ အလွယ်တကူပင် ကျွန်တော် ရှာတွေ့ခဲ့ပါသည်။ မူမူတို့တိုက်မှာ ကျယ်ဝန်းသော ခြံတွင်းဝယ် နှစ်ထပ်တိုက်တစ်လုံး တည်ရှိနေပါသည်။

အော်… မူတစ်ယောက် ကောင်းစားနေပါလား ဟု ကျွန်တော်တွေးရင်း ခြံတံခါးဝမှ တွေဝေကာ ငေးမောကြည့်ရှု နေမိပါသည်။ အကယ်၍ ကျွန်တော်သွားခဲ့လျှင် မူနှင့် ကျွန်တော်မှာ တဖန်ပြန်လည် ဆက်သွယ်မိကာ အမှားတွေကို ဆက်လက် ကျူးလွန်နေမိတော့မည်ဟု  ကျွန်တော်က တွေးမိရာ ရင်တွင်းဝယ် လေးလာခဲ့ပါသည်။

ထိုသို့ကြောင့်ပင် ကျွန်တော်သည် တိုက်ထဲသို့ ဝင်ရောက်ရန် ခြေလှမ်းတွေ ရွှေ့နေပြီးမှ နောက်သို့ ပြန်လည်လှည့်ကာ ခပ်သွက်သွက် ထွက်လာခဲ့ပါသည်။ ထွက်လာခဲ့သော အချိန်မှာပင် အင်မတန် အံ့သြစရာ ကောင်းသော အဖြစ်ကို ရင်ဆိုင်လိုက်ရပါသည်။

ကားတစ်စင်းသည် ခြံတွင်းမှ ပြေးထွက်လာခဲ့ကာ ကျွန်တော့်ဘေးမှ ပွတ်ထွက်သွားရာမှ နောက်မှန်ရိပ်တွင် ချောမောသော မျက်နှာလေးက ရိပ်ကနဲ လှည့်ကြည့်သွားသည်ကို တွေ့ရပြီး ပေ ၅ဝ လောက်အကွာတွင်မှ ခုန်၍ရပ်သွားသည်ကို တွေ့ရလေသည်။

ကားပေါ်မှ ဆင်းလာသူမှာ မူမူဖြစ်နေကာ သူမ၏ မျက်နှာတွင် အင်မတန်မှ ဝမ်းသာခြင်း အရိပ် အရောင်တွေက လွှမ်းမိုးလျှက်ရှိသည်ကို တွေ့ရလေသည်။

“ဟော… ကိုကိုတင်တစ်ယောက် မူတို့ တိုက်ထဲမဝင်ပဲ ဘာပြုလို့ ပြန်လှည့် သွားချင် ရတာလဲ ဟင်… မူက မြင်ပေလို့ပဲ ဒါတောင် မူဈေးသွားမလို့ ထွက်လာတုန်း တွေ့လိုက်ရတာ ကိုကိုတင်… ”

မူမူသည် ကားဘေးမှရပ်ကာ အသံမြှင့်၍ ပြောလိုက်သလို ကျွန်တော်က သူမအနီးကို တိုးကပ်လိုက်ပြီး

“ကိုကိုတင် မလာတာပဲ ကောင်းပါတယ် မူရယ်… ” ဟု ကျွန်တော်က ပြောလိုက်သောကြောင့် မူမှာ မျက်နှာကလေး အိုသွားကာ…

“အိုး… သံသရာ ရှည်တော့ရော ဘာဖြစ်သလဲ ကိုကိုတင်… မူဟာလေ ကိုကိုတင့် ကို မမေ့ဘူး သိလား… မူ့ရဲ့အသည်း နှလုံးဟာ ကို့ရဲ့ဆီမှာပဲ ကျန်ခဲ့တာပဲ ကို… မူက ကိုသက်ဝင်းနဲ့ နေရပေမဲ့ ပျော်မယ် ထင်သလား… တည်ငြိမ်ပြီး အေးဆေးမယ် ထင်သလား ကို… မူဟာ မိဘတွေ စိတ်မချမ်းမသာ ဖြစ်မှာစိုးတာနဲ့ ကိုသက်ဝင်းကို လက်ထပ်လိုက်ရတာပဲ… ”

“အော်… ကိုယ်တော့ ခက်တာပါပဲ မူရယ်… ကိုယ်လဲ တကယ်တော့ မူ့ကို မပြတ်နိုင်သေးလို့ ဒီနေရာကို ရောက်လာပေမယ့် မတော်ပါကလား ဆိုတဲ့ စိတ်နဲ့ ပြန်လှည့်လာခဲ့တာပါမူရယ်… အမှန်ကတော့ ကိုယ့်အဖို့ မူနဲ့ ဘယ်လိုမှ မဆိုင်မပိုင်တော့တဲ့ လူတစ်ယောက်ပဲ မဟုတ်လားမူ… ”

“မှန်ပါတယ်ကိုရယ်… ဒါပေမဲ့ မူနဲ့ ကို တို့ဟာ ပထမဆုံး အသဲနှလုံးထဲက ကြိုးမျှင်တွေဟာ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် နေလျှက်ပါပဲ ကိုရယ်… ”

မူက ကျွန်တော့်ကို မျက်ရည်တွေ ဝေ့လည်ရင်း ပြောဆိုလိုက်ပါသည်။ ကျွန်တော့် ရင်ထဲတွင် အသစ်တဖန် ဖြစ်လာရလို နင့်သွားရပါသည်။ ယခု မူဝတ်ထားသည်မှာ တိုဘရက်ကို အစိမ်းပန်းပွင့်ကလေးဖေါ် ထားသည့် ထမီနှင့် နိုင်လွန်လက်ရှည်အဖြူ ရင်ဖုံးကို ရိုးရိုးဆင်ထးခြင်းဖြစ်ပြီး ဆံပင်မှာလည်း ရှေ့နဖူး ဖြူဖြူပေါ်ဝဲကာ လိပ်တင်ထား၍ နောက်တွဲထုံးထားသောကြောင့် တစ်မျိုးယဉ်ကာ ကြည့်လှနေပါသည်။

ရင်သားတွေမှာ လျော့သွားသည် မရှိပဲ ပို၍ပင် မို့မောက်လာသည်ကို တွေ့ရပြီး စွင့်စွင့်ကားကား တင်ပါးတွေက မက်မောချင်စဖွယ် တည်ရှိနေပါသေးသည်။

“ကိုသက်ဝင်းတစ်ယောက် ဘယ်သွားသလဲ မူ… ”

“လာပါ ကိုရယ်… ကားပေါ်ကျမှပဲ စကားပြောကြတာပေါ့… ”

............................................................................................

ကျွန်တော်သည် မူမူပြောသည့် အတိုင်းပင် ကားနောက်ခန်းကို တက်ရောက်ပြီး အတူယှဉ်တွဲကာ လိုက်ပါလာခဲ့ပါသည်။ ထို့နောက် ဒရိုင်ဘာကို ဆက်လက်မောင်းရန် မူက အမိန့်ပေးလိုက်ပါသည်။

“ကိုသက်ဝင်း တစ်ယောက်ဟာ အင်မတန် စိတ်ပျက်စရာကောင်းတာပဲ ကိုကိုတင်… ”

မူက ကျွန်တော့်၏ ဘယ်လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်ပါသည်။ ထိုအချိန်တွင် ဒရိုင်ဘာကို ထပ်မံ အမိန့်ပေးလိုက်သောကြောင့် ကားမှာ ရန်ကုန်လမ်းမကြီး တလျှောက် မောင်းလာကာ ကြိုးတံတားကို ကျော်၍ လာခဲ့ပါသည်။ မူက မျက်ခုံးလေးချီ၍...

“အဆင်သင့်လိုက်တာ ကိုရယ် အိမ်မှာဆို ကိုသက်ဝင်းရဲ့ အဒေါ်တစ်ောက်က ရှိနေတော့ မလွတ်လပ်ဘူး... ဒါကြောင့် ကိုယ်တို့ လွတ်လွတ်လပ်လပ် စကားပြောနိုင်အောင် ဆိုင်တစ်ဆိုင်ကို သွားမလို့ပဲ... ” ဟု ပြောလိုက်ပါသည်။

ကျွန်တော်က ယခုလို မူက ရှေ့ဆောင်ကာ ဆိုင်တစ်ဆိုင်ကို ခေါ်သွားသည်ဟု ဆိုလိုက်ခြင်းမှာ အတော်လေး အံ့အားသင့်သွားရသလို ပခုံးများကိုလည်း တွန့်လိုက်မိပါသည်။

“ဒါထက် မူ ဈေးသွားမလို့ဆို… ”

“ဈေးသွားတာက မူလိုချင်တဲ့ ပစ္စည်းအဆန်းကလေးတွေ သွားကြည့်မလို့ပါ… အခုဆိုင်ဆိုတာက အမျိုုးသမီး ဓါတ်ပုံဆိုင်ပေါ့… အဲ့ဒီမှာ မူတို့ လွတ်လွတ်လပ်လပ် စကားပြောကြရအောင် ဟုတ်လား… ”

ကျွန်တော်က မူ့ရဲ့အလိုကိုလိုက်၍ ခေါင်းညိမ့်လိုက်မိပါသည်။ မူကတော့ သဘောကျ ကျေနပ်သွား၍ ပြုံးလိုက်ကာ ကျွန်တော့်၏ လက်တွေကို ခပ်နာနာ ဆုပ်လိုက်ပါသည်။

“ဒါထက် ကိုသက်ဝင်းတစ်ယောက် ဘယ်သွားတယ် ဆိုတာကို မသိရဘူးလား မူ… ”

“အော်… ဟုတ်သားပဲ အခု ကိုသက်ဝင်း အရေးကြီးလို့ မန္တလေးကို ထွက်သွားရတယ်… ”

ကျွန်တော်သည် ကိုသက်ဝင်းတစ်ယောက် မန ္တလေးကို သွားရသည်ဆိုသော မူမူ၏စကားကို သိပ်ပြီး သဘောမကျလှပါ၊ မူမူတစ်ယောက်ကတော့ ကျွန်တော့်ကိုများ လိမ်၍နေလေသလော…။

ဓါတ်ပုံဆိုင်မှာ သိပ်ပြီးတော့ ခမ်းနားလှသည်လည်း မဟုတ်ပါ။ ချိတ်ထားသော ဓါတ်ပုံတွေမှာ မိန်းမလှ ဓါတ်ပုံ တော်တော်များများ တွေ့ရလေရာ ထိုအထဲတွင် ၁၂ လက်မခန့် ပုံကြီးချဲ့ထားသည့် မူမူ၏ ကိုယ်တဝက်ပုံမှာ အင်မတန်ကြည့်၍ ကောင်းလှပါသည်။

မူမူ့ကို ကျွန်တော် အတော်ကလေးပင် အံ့အားသင့်မိပါသည်။ ဒရိုင်ဘာကို ဘာမှ ပြောဆိုခြင်း မပြုပဲ ဓါတ်ပုံဆိုင်တွင်းကို ဝင်ခဲ့ရာ မူမူ၏ အသက်လောက်ပင် ရှိမည်ထင်ရသည့် ခပ်လှလှ မိန်းမတစ်ဦးက ကဗျာကယာ ဆီး၍ကြိုကာ… မျက်ခုံးများကို ပင့်လိုက်ရင်းက…

“လာ မူမူ… အဖေါ်တွေ ဘာတွေတောင် ပါလာသေး ပါလား ဓါတ်ပုံရိုက်မလို့ မဟုတ်လား… ”

“အို… မြင့်ကလေးကလဲ ဓါတ်ပုံရိုက်တာထက် အရေးကြီးတဲ့ ကိစ္စပါ။ ဒါထက် ယူ့ရဲ့ အဒေါ်ရော ရှိသလား… ”

“မရှိပါဘူးကွာ ရန်ကုန်ကို ဒီကနေ့ မနက်ကမှ ထွက်သွးတယ်မူ ကဲ…ဘာများ အရေးကြီးတဲ့ ကိစ္စ ပေါ်လာတာလဲမူ… ”

ထိုကဲ့သို့ မြင့်ဆိုသူ ဓါတ်ပုံဆိုင်ရှင်က ပြောလိုက်သော အခါမှာတော့ မူက သူမ၏ နားနားသို့ တိုးကပ်၍ တစုံတခု ပြောလိုက်သောကြောင့် မြင့်က ကျွန်တော့်ဆီသို့ မျက်လုံးလေး စွေကာ ကြည့်ရင်း မူ့ကို ခပ်တိုးတိုး ပြောလိုက်ပါသည်။

ထို့နောက် “ကိုကိုတင် လာလေ… ” ဟု မူကခေါ်လိုက်သောကြောင့် ကျွန်တော့်မှာ အူကြောင်ကြောင်နှင့် မူမူ၏ နောက်နားကပ်၍ လိုက်သွားရပါသည်။ မြင့်က အိပ်ခန်း တစ်ခန်းထဲကို လိုက်ပို့ရင်း တံခါးပိတ်လျှက် ထွက်သွားပါသည်။

မူမူက ကျွန်တော်ထိုင်နေသော ကုတင်ပေါ်သို့ ပြေးလားကာ သူမ၏ ကိုယ်လုံးလေးကို ကျွန်တော့် ရင်ခွင်ထဲ အတင်းတိုးကာ မျက်ရည်များကို သွန်ချလိုက်ပါတော့သည်။

..................................................................

ကျွန်တော်က မူ၏ ကိုယ်လုံးကလေးကို လက်တစ်ဖက်ဖြင့် ရစ်သိုင်းလျှက်…

“မူရယ် ကိုယ်နဲ့တွေ့နေပြီပဲကွာ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို ဒုက္ခပေးချင်ရတာလဲ မူ… ” ဟု ကျွန်တော်က မေးလိုက်ရာ… မူက ရုတ်တရက် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်လိုက်ရင်း…

“မူဟာ ကိုသက်ဝင်းနဲ့ နေရပေမဲ့ မပျော်ဘူးကိုကိုတင်… မူ့ရဲ့ အသည်းနှလုံးတွေဟာ ကိုကိုတင့် ဆီမှာပဲ ကျန်နေ တာလို့ ပြောခဲ့တယ် မဟုတ်လား… မိဘတွေ စိတ်ချမ်းသာအောင် လုပ်လိုက်ရပေမဲ့ မူ့ရဲ့အသည်း နှလုံးတွေမှာတော့ ကွဲအက်နေရပြီ ကိုရယ်… ဒါကြောင့်လဲ ကိုကိုတင် ရှိတဲ့နေရာကို လိုက်ပို့လို့ ပြောခဲ့ရတာပဲ… ကိုကိုတင့်ကို မမြင်ရပေမဲ့ ကိုကိုတင်ရှိတဲ့ အိမ်ကို မြင်ရတယ် ဆိုရင်ဘဲ မူဖြင့် ဝမ်းသာနေရတာပဲ… ကိုကိုတင်”

မူက ထိုကဲ့သို့ ပြောလိုက်သောအခါ သူမသည် ကျွန်တော့်အပေါ်တွင် တကယ် ချစ်မြတ်နိုးသော ချစ်သူ တစ်ယောက်ပါလားဟူသော အသိဖြင့် သူမ၏ ကိုယ်လုံးကို သိမ်း၍ဖက်တွယ်မိကာ…

“မူမူ… ကိုယ်က မင်းကို ချစ်ပါတယ် အချစ်ရယ်… ဒါပေမဲ့ ကိုယ်နဲ့ မင်းနဲ့ဟာ အခြေအနေခြင်း မတူတော့ဘူး မဟုတ်လား အချစ်ရယ်… ” ဟုပြောလိုက်ပါသည်။

ကျွန်တော်က ပြောယင်းပင် သူမ၏ပါးလေးကို မွှေးလိုက်ကာ သူမ၏ နှုတ်ခမ်းတွေကို ငုံ၍ စုပ်ယူမိပါသည်။

“အို… ဘဝတူတာတွေ ဘာတွေကို ပြောမနေပါနဲ့ ကိုကိုတင်ရယ်… မူ့ကို ချစ်သေးတယ်ဆိုတာ ကြားရတာပဲ မူဝမ်းသာလိုက်တာ ချစ်လိုက်စမ်းပါ ကိုရယ်… မူနဲ့ကိုဟာ ခဏလေးတွေ့ကြရတာကို… ပြီးတော့ မူဟာ မလွတ်လပ်မှန်း သိပါတယ်… ဒါပေမဲ့ မူ့ရဲ့ အချစ်ဟာ ကိုသက်ဝင်း မဟုတ်ဘူး ကို…”

မူမှာ တဒင်္ဂအချိန်အတွင်း သူမ၏ ကိုယ်ကလေးကို ကျွန်တော့်သဘောရှိ ပုံအပ်နေပါပြီ ကွဲကွာနေရသော ချစ်သူ နှစ်ဦးအဖို့ အဘယ်မှာ ထိန်းသိမ်းခြင်းဆိုသော နှောင်ကြိုး ရှိပါမည်နည်း။ ကျွန်တော်သည် မူ့ရဲ့ ခပ်မော့မော့ မျက်နှာလေးကို မွှေးလိုက်ရင်း မူ၏ ကြယ်သီးတွေကို ဘောက်ကနဲ ဘောက်ကနဲ ဖြုတ်ချွေနေမိပါသည်။

ကြယ်သီးတွေ ပြုတ်သွာလျှင်ကား သူမ၏ ဝင်းဝါသော ရွှေရင်အုံကလေး ပေါ်ထွက်လာကာ အချိန်အတာ်ကြာ ကွဲခဲ့ရသော ကိုယ့်ရဲ့ပိုင်ဆိုင်မှုအောက်မှ လွတ်ထွက်သွားခဲ့ရသည့် ပတ္တမြားလုံးကလေးတွေကို ငုံကာ ကိုက်မိသည်အထိ ဖြစ်ရပါတော့သည်။

“ဟောဒီ ခန္ဒာကိုယ်ဟာ ကိုကိုတင် ကို ပထမဆုံး ချယ်လှယ်ခွင့် ပေးခဲ့တယ်လေ… အခုလဲ ကိုကိုတင် သဘောပါပဲ ကိုရယ်… မူဟာ ကိုကိုတင် ကို သဘောရှိ လိုက်လျော ခွင့်ပေးခဲ့တယ် မဟုတ်လား… ဟင်…”

“ဟုတ်ပါတယ်မူ ဒါကြောင့် ကိုယ်ကလဲ မူ့ကို မပြတ်နိုင်တာပေါ့ အချစ်ရယ်… ဟင်… တကယ်တန်းကျတော့ ကိုကိုတင်ဟာ မူ့ရဲ့ထံပါးကို ရောက်ခဲ့ရတာပဲ မဟုတ်လား…”

................................................................

ကျွန်တော့် လက်တွေရော ခြေထောက်တွေပါ အလုပ်များလျှက်ရှိသလို မူ၏လက်တွေကလည်း အတင်းပင် ရစ်ပတ်လျှက် ရှိပါသည်။

“အို… ကိုကိုကလည်း ဖြည်းဖြည်းကွယ် ကြည့်စမ်း သိပ်ရမ်းတာပဲ အို… အိုးးး”

ကျွန်တော်က သူမ၏ ကိုယ်လေးပေါ် ဖိချလိုက်ပြီး အကြောင်းမထူးတော့ပြီ ဖြစ်သောကြောင့် မူ၏ ထမီလေးကို ခပ်ကြမ်းကြမ်းပင် ဆွဲယူပြစ်လိုက်သဖြင့် မူက မာန်မဲနေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်နေသော အခန်းမှာ သိပ်ပြီး လင်းသည်ဟု မဆိုနိုင်သလို မှောင်သည်ဟုလည်း မပြောနိုင်ပါ။

ကျွန်တော့် တစ်ကိုယ်လုံးမှာ ငှက်ဖျားတက်သလို ပူပြင်းလာပြီး မူမူ၏ နှုတ်ခမ်းတွေကို ငုံကာ ငုံကာ အချိန်အတော်ကြာကြာ စုပ်ယူနေရာမှ ကျွန်တော့် ကိုယ်ကြီးမှာ မူမူ့အပေါ်ကို သိုင်းအုပ် မိုးလိုက်ရာက

“အို ကိုကလည်း ဖြည်းဖြည်းကွယ်… သိပ်ကြမ်းတာကိုး… ချစ် ချစ် အားရအောင်ချစ်… ” ဟူသောအသံက လွှမ်းမိုးသွားပါသည်။

ကျွန်တော်တို့ နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အမှောက်မှောက် အမှားမှား ဖြစ်နေသည်သိုတော့ ဘာမှ သတိမရနိုင်ပဲ အမှောင်ထုကြီးကသာ ကျွန်တော်တို့အပေါ် ဖုံးလွှမ်းနေပြီး ဖါးဖိုထိုးသော လေသံကဲ့သို့ အသက်ရှူသံတွေက ပြိုင်ဆိုင်လျှက်ရှိပါသည်။

မူမူ၏ ချစ်စရာကေင်းလှသော ကိုယ်လုံးလေးမှာ ကျွန်တော့် အောက်တွင် ပြားပြားဝပ် နေရသလို ဖြူဖွေးသော ကိုယ်လုံးကြီးကလည်း ဘာအဝတ်အစားမှ မရှိပဲ မိမွေးတိုင်း ဖမွေးတိုင်း ပေါ်လွင်နေကာ အရင်က ထက်ပင် မူမူက ကျွန်တော့်ကို အပေးအယူ ကောင်းနေသည်ကို တွေ့ရပါတော့သည်။

တချက်တချက် မူမူ၏ ကော့တင် ပေးလိုက်သော အချက်တွေက ကျွန်တော့်တစ်ကိုယ်လုံးရှိ အကြောမျှင် တွေ သွက်သွက်ကြီး ခါသွားရပြီး သူမ၏ ပခုံးကို ခပ်တင်းတင်း ဆွဲယူကာ နှုတ်ခမ်းတွေကို အားရပါးရ ငုံကာ စုပ်ယူနေမိပါတော့သည်။ သူမ၏ နှုတ်ခမ်းတွေကို စုပ်နမ်းနေရင်း မှတဆင့် မို့မို့ကလေး ကော့ပေးနေသည့် ပါးကလေးကို၎င်း… လည်တိုင် ကျော့ကျော့ကို၎င်း… ရွှေရင်အုံ ထိပ်မှ ပတ္တမြားလုံးလေးတွေကို၎င်း… ကျွန်တော့်မှာ မမောနိုင် မပန်းနိုင် ချစ်ရမ္မက်တွေ ဖြာကာ ပွတ်သပ်နေမိ ပါတော့သည်။

ထိုအချိန်မှာပင် တံခါးကို တဒုံးဒုံး လာရောက် ခေါက်လိုက်သည့် အသံက ကျွန်တော်တို့ နှစ်ဦးစလုံးအား သွေးကြောတွေကို ဖြတ်တောက်လိုက်သည့်အလား ရပ်ဆိုင်းသွားလျှက်…

“ဟော… အကြောင်း ထူးနေပြီ ထင်တယ်…” 

ဟူ၍ မူမူ၏အသံက အမှောင်အဏ္ဏဝါ ပြင်ကျယ်တွင် လွင့်မြောနေရာမှ ပေါ်ထွက်လာခဲ့ရပါသည်။ ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကို သတိထားရမည့်မို့ ချက်ချင်းပင် လုံချည်တွေကို ကောက်ဝတ်လိုက်ရပြီး မူမူ၏ ကြယ်သီးတွေကို ကူညီတပ်ပေး နေခဲ့ရပါသည်။

မူမူက သူမ၏မျက်နှာကို မှန်တင်ခုံတွင် ပြေးကာကြည့်ရင်း ကမန်းကတန်း တို့ဖတ်ပုဝါဖြင့် ပြုပြင်လိုက်ပြီး “ကို ခဏနော်…” ဟု ပြောဆိုကာ တံခါးကို ဖွင့်ထွက်လိုက်ပါသည်။ ကျွန်တော်ကတော့ အဝတ်အစား ဘီဒိုကြီးနောက်တွင် ဝင်ရောက်ပုန်းကွယ် နေလိုက်ကာ အခန်းတံခါးခေါက်သူကို ကြည့်နေလိုက်ပါသည်။

“ဘာလဲ မြင့်… အရေးတကြီးကွာ… လန့်သွားတာပဲ… ဘာများဖြစ်တာလဲ…”

.............................................................................

“မူ့ရဲ့ဒါလင် လိုက်လာတယ်ကွာ သူက ကားမြင်လို့ ဆင်းလာတာတဲ့… အိမ်ရှေ့မှာ ထိုင်နေတယ် ကိုယ်က မူဓါတ်ပုံရိုက်ရအောင် လာတာလို့ ပြောလိုက်တယ်… သူကလည်း ရောဂါသည်နဲ့ တူပါတယ် မူ… ရာ…”

“ဟုတ်တယ်မြင့် သူကတီဘီရှိတယ် အခုတစ်ခါဆိုရင် ဆေးရုံတက်ရတော့မှာ သေချာတယ်…”

မူကပြောရင်း ကျွန်တော်ဆီကို ပြန်ဝင်လာကာ…

“မူ ပြန်တော့မယ်… သူရောက်နေတယ်ကို…” ဟုပြောကာ သူ့အိတ်ထဲမှ ငွေစက္ကူ တထပ်ကို ဆွဲထုတ်၍ ကျွန်တော့်လက်ထဲ အတင်းထိုးထည့်ကာ…

“ယူပါကိုရယ်… နော် တပါတ်လောက်ဆိုရင် မူလာခဲ့မယ်နော်…”

မူက ထိုကဲ့သို့ပြောရင်း ကျွန်တော့်နဖူးပြင်ကို မွှေးကာ ပြေးထွက်သွားပါတော့သည်။ ကျွန်တော်မှာ မူ၏ ငွေစက္ကူများကို လက်ထဲမှာ တင်းကြပ်စွာ ဆုပ်ကိုင်ရင်း… ဟင်းးး ကနဲ သက်ပြင်းတချက်ချကာ အခန်းတွင်းမှပင် အပြင်မှ အသံတွေကို နားထောင်နေမိပါသည်။

မူက သူ၏ လင်တော်မောင်အား အသံတွေဘာတွေ ညက်ညက်ညောညော ခေါ်ကာပင် ပြောဆို နေသည်ကို ကြားရပါသည်။

“ဟင်… ကိုကို မန္တလေးက ပြန်လာတာ စောလှချည်လား…”

“ဟုတ်တယ်မူ ကိုကို မန္တလေးကို ရောက်တော့ ကိုယ်စားလှယ် လုပ်တဲ့လူက ရန်ကုန်ကို ထွက်သွားတယ် ဆိုတာနဲ့ လေယာဉ်ပျံနဲ့ ချက်ချင်း ပြန်လိုက်ခဲ့ရတာပဲ ဒီကောင် ပဲခူးကို လာမှာ သေချာတယ်လေ ကိုကိုလဲ ပရိုက်ဗိတ် ကားတစ်စီး ငှားစီးပြီး ပြန်လာခဲ့တာပဲ လမ်းမှာလဲ ချောင်းဆိုးတယ် သွေးလဲ အနည်းအကျဉ်း ပါတယ် မူရယ်… မနက်ဖြန်ကာတော့ ဆေးရုံကြီးကို သွားပြရင် ကောင်မယ် ထင်တာပဲ…”

“ကောင်းတာပေါ့ ကိုကိုရယ် အလုပ်တွေလဲ လက်လွှတ်ထားရင် ရတာပဲ မဟုတ်လား…”

ထိုသို့ မူက ပြောလိုက်သော အသံနှင်အတူ သူ၏လင်တော်မောင် တဟွတ်ဟွတ် ချောင်းဆိုးသည့်အသံက ထွက်ပေါ်လာခဲ့ပါသည်။ ကျွန်တော် အခန်းတံခါးဆီသို့ ခြေလှမ်းလာသောအခါတွင် မူမူ၏ ကားစက်နှိုးသံ နှင့်အတူ အပြေးထွက်ခွါသွးသည့် ကားလေးကို တွေ့ရပါသည်။

ကျွန်တော်က ဓါတ်ပုံဆိုင်ရှင် မြင့် ဆိုသူအား ကျေးဇူးတင်ကြောင်း ပြောဆိုကာ ထွက်လာသောအခါတွင် မြင့်က ကျွန်တော့်အား ခပ်ပြုံးပြုံး စိုက်ကြည့်ကာ…

“နေပါအုံးရှင်… ဒါထက် မူနဲ့ရှင်က ဘယ်လိုစသိတာလဲ ပြောစမ်းပါဦး… ကျွန်မတို့ကလည်း ခင်တတ်ပါတယ်… လဘက်ရည် သောက်ပြီး အေးအေး ပြန်တာပေါ့…” 

ဟု ညှို့မြှူရိပ်ပါသည့် မျက်လုံးတွေနှင့် ကြည့်ကာ ပြောလိုက်သောကြောင့် မြင့်ဆိုသူမှာ ကျွန်တော့်အား သဘောကျနေပြီဖြစ်ကြောင်းကို သိလိုက်ရပါသည်။

“ကျွန်တော်နဲ့ မူဟာ ပထမဆုံး ရည်းစား ချစ်သူတွေပါ မြင့်ရယ် မူကိုယ်တိုင်ကလည်း ကိုသက်ဝင်းကို ယူခဲ့ရတာ ဟာလဲ တကယ်တော့ မူက မိဘတွေရဲ့ စကားကို နားထောင်ခဲ့ရတာပါပဲ မြင့်ရယ်…”

.................................................

ကျွန်တော်က သူမထိုးပေးသည့် ရွှေရောင် စီးကရက် ဘူးပြားလေး အတွင်းမှ စီးကရက် တစ်လိပ်ထုတ်၍ နှုတ်ခမ်းထောင့်တွင် တေ့လိုက်ကာ မီးညှိလိုက် ပါသည်။

“ရှင့် ကြည့်ရတာ ကျောင်းသားနဲ့ တူပါတယ်…”

“ဟုတ်ပါတယ် မြင့်… ကျွန်တော်တို့ ဒီနေ့ ဘုရားလာဖူးကြတာလေ… ကျောင်းသား ကျာင်းသူတွေ တော်တော် များများပဲ မြင့်…”

ကျွန်တော်တို့ စကားပြောနေခိုက်မှာပင် ကော်ဖီပန်းကန်ကို သူမအိမ်စေလေးက ယူလာပြီး စားပွဲပေါ် တင်လိုက်ပါသည်။

“သောက်ပါရှင်… ဒါထက် နာမည်ကော ဘယ်လိုခေါ်ပါလဲ… နောက်ကို မြင့်တို့ လာလည်နိုင်အောင် လိပ်စာလေးလဲ ပေးခဲ့ပါဦး…”

ကျွန်တော်က ကိုယ့်၏ နာမည်ကို ထုတ်ဖေါ်ပြောလိုက်ပါသည်။ မြင့်က ကျွန်တော့်၏ မျက်လုံးတွေကို စူးစိုက်ကြည့်ကာ ခပ်ကြူကြူ ကြည့်ရင်း…

“မြင့်တို့ ဆိုင်ကို အခမ်းအနား ပြင်ဆင်ထားတာနဲ့ ပါတ်သက်ပြီး ဘယ်လိုထင်သလဲ ကိုစိန်တင်…”

“သိပ်မဆိုးပါဘူး မြင့်ရယ် ကောင်းပါတယ် ဒါပေမဲ့ အခမ်းအနားကို အင်မတန် ငွေကုန်ကြေးကျ ကုန်အောင် မွမ်းမံနိုင်တဲ့ ငွေရှင်တွေနဲ့တော့ ဘယ်နှိုင်းစာလို့ ရမလဲ မြင့်ရယ်…” ဟု ကျွန်တော်က ပြောလိုက်ပါသည်။

“မြင့်တ့ို အပေါ်ထပ်မှာ ကင်မရာ လှည့်စားထားတဲ့ ဓါတ်ပုံတွေ ရှိသေးတယ် လိုက်ကြည့်ပါလား…”

မြင့်က ထိုကဲ့သို့ ခေါ်လိုက်သောကြောင့် ကျွန်တော့်မှာ မရှောင်သာနိုင်ပဲ ခေါင်းငြိမ့်လိုက်ရကာ သူမ ခေါ်သည့် ဓါတ်ပုံတွေ ထားသည် ဆိုသော အပေါ်ထပ်ကို လိုက်ခဲ့ရ ပါသည်။ ရှေ့ပိုင်းတွင် ကြည့်လျှင် ဓါတ်ပုံဆိုင်မှာ တထပ်တည်း ဟုသာ ထင်ရသော်လည်း နောက်ဘက်လှည့် ဆွဲထားသော အဆောင်မှာ နှစ်ထပ် ဆောက်လုပ်ထားသည်ကို တွေ့ရပါသည်။

အပေါ်ထပ်တွင် အနည်းငယ် မှောင်နေသော်လည်း ပြူတင်းတံခါး နှစ်ခုကို ဖွင့်လိုက်သောအခါမှာတော့ အလင်းရောင်က အရာဝတ္ထုများကို ကောင်းစွာ မြင်နိုင်အောင် ဖန်တီးပေးခဲ့ပေ၏။ ထိုအခါမှပင် မြင့်တို့၏ ဓါတ်ပုံပညာကို ကျွန်တော် တွေ့မြင်လာခဲ့ရပါသည်။

မြင်ရသော ဓါတ်ပုံတွေမှာ ကိုယ်တုံးလုံးချွတ်ကာ ကိုယ်ဟန် အမျိုးမျိုးပြ၍ ရိုက်ထားသော အမျိုးသမီး ပုံတွေ ဖြစ်လေရာ ကျွန်တော့် မျက်လုံးတွေမှာ မီဝင်းဝင်း တောက်လာရသလို ရင်ထဲတွင်လည်း တဒိန်းဒိန်း လှုပ်ရှားလာပါသည်။

“ဒီပုံတွေဟာ ဘယ်သူနဲ့တူသလဲ သေသေ ချာချာ ကြည့်စမ်းပါဦး ကိုစိန်တင်…” 

မြင့်က ကျွန်တော့်နာမည်ကိုပါ ခေါ်၍ ခပ်ပြုံးခပ်ပြုံး ပြောလိုက်သောကြောင့် ကျွန်တော့်မှာ အတော်ကလေး အံ့သြသွားရကာ မြင့်၏ မျက်နှာကို ဂရုစိုက် ကြည့်မိပါသည်။ မြင့်မှာ ဓါတ်ပုံရှင်လေးပင် ဖြစ်ပါသည်။ သူမ၏ ကြော့ရှင်းသော ကိုယ်ကာယမှာ ဓါတ်ပုံထဲတွင် မြင်ရသလို ကျွန်တော်ကလည်း သူမ အဝတ်အစားတွေကို ထိုးဖေါက် မြင်နေရပါသည်။

ဤမျှ ရဲတင်းလှသော အမျိုးသမီးကို ကျွန်တော် မတွေ့ဘူးသေးပါ။ မြင့်က ကျွန်တော့်အား ရဲရဲ တင်းတင်းပင် စူးရှသော မျက်လုံးများနှင့် ပြိုင်ကာကြည့်လျှက်… မြ၏ ကိုယ်လုံး ကိုယ်ပေါက်မှာ ပိုမို အချိုးကျနေသည်ဟု ထင်မိပါသည်။

မြင့်သည် ကျွန်တော့်အား ကော့ကော် ကန်ကား နေသောသူမ၏ ပုံကို လက်ညှိုးညွှန်ပြရင်း…

“မိန်းမ တစ်ယောက်ရဲ့ အလှဟာ အနုပညာ မျက်စိနဲ့ကြည့်မှ ဝေဖန်နိုင်မယ် မဟုတ်လား ကိုစိန်တင် ဟောဒီ ဓါတ်ပုံတွေဟာ မကြာမီ ပဲရစ်မှာ ကျင်းပမဲ့ ကမ္ဘာ့မိန်းမလှ  တင်ပို့ဘို့ စီမံထားတာပေါ့ ကိုစိန်တင်… ဟိုဘက်က ပုံကတော့ မယ်တစ်ဦးရဲ့ ပုံလေ…” ဟု မြင့် က ရှင်းလင်း ပြောပြနေပါသည်။

“ဒီလို မယ်ရဲ့ ပုံကိုလည်း အလှရိုက်ထားတာ တော်တော်အံ့သြဘို့ ကောင်းတာပဲ…”

“အို… မယ်လဲ ကမ္ဘာ့အလှမယ်ထဲမှာ တစ်ယောက် အပါအဝင် ဖြစ်သွားရင် နာမည်ကြီးသွားမယ် မဟုတ်လား ကိုစိန်တင်…”

ကျွန်တော်က သူတို့၏ စင်းလုံးချော လှပဖြူဖွေး ရေဆေးငါးပမာ ရှုမငြီးသော ရုပ်ပုံတွေကို ကြည့်ကာ ကျွန်တော့် စိတ်တွေ တဒိန်းဒိန်း လှုပ်ရှားနေပါသည်။

ထိုအချိန်တွင် မြင့်မှာ ကျွန်တော့် အနီးမှ ခွါသွားကာ ရုတ်တရက် ပျောက်ကွယ်သွားပြီး မကြာမီ ဓါတ်ပုံတစ်ပုံကို ယူလာပြန်ပါသည်။

“ဟောဒီမှာ ကိုစိန်တင် ကြည့်စမ်းပါဦး ဒီဓါတ်ပုံ…”

ကျွန်တော့်ကို ဓါတ်ပုံထိုးပေးလိုက်သဖြင့် ကြည့်လိုက်ရာ ကျွန်တော့်မှာ မျက်လုံးတွေ ပြူးသွားရပါသည်။

“တော်တော် သဘောကျရဲ့လား ဟင်…”

“မြင့် ဘာဖြစ်လို့ ရိုက်ထားရတာလဲဟင် ကျုပ်တို့ကို ဒီဓါတ်ပုံနဲ့ ခြိမ်းချောက်ပြီး ငွေတောင်းချင်လို့လား…”

ထိုသို့ ကျွန်တော် ပြောလိုက်သောကြောင့် မြင့်က ပြုံးလိုက်ရင်း…

“ကြည့်ကောင်းလို့ ရိုက်ထားတာပေါ့ ကိုစိန်တင်… ကျွန်မ ဓါတ်ပုံဆိုင်မှာ ကိုစိန်တင်တို့ လာပြီး… အချစ်ပလူးသွားတဲ့ အကြောင်း ဒီဓါတ်ပုံနဲ့ ဖွင့်ချလိုက်ရင်… မြင့် ငွေတော်တော် များများ ရမယ်ဆိုတာ အစဉ်းစားမိသားပဲ… ဒါပေမဲ့ ငွေမလိုချင်ပါဘူး…” ဟု သူမက မျက်လုံးကလေး စွေ၍ ပြောလိုက်သောကြောင့် ကျွန်တော့်မှာ အတော်လေး ထိတ်လန့် တုန်လှုပ် သွာမိပါသည်။

မြင့်က ကျွန်တော့်ကို ပြသောပုံသည်… ကျွန်တော်နှင့် မူတို့ အချစ်လောက ရေယာဉ်ကြောတွင် လက်ပစ် ကူးနေသောအခါက လျှို့ဝှက်စွာ ရိုက်ထားသော ဓါတ်ပုံပေတည်း…။

....................................................

ကျွန်တော့်ကို မြင့်က ငွေမဟုတ်ပဲ အခြားသော တောင်းခံချက်ဖြင့် ကျွန်တော့်ဆီမှ ပြန်ပေးဆွဲသလို တစ်ခုခု တောင်းခံနေသည်ကတော့ အမှန်ပါ။

မြင့်သည် မခို့တရို့လေးနှင့် မပွင့်တပွင့် မျက်လုံးများ ဖြင့် ပြုံးတုံးတုံး ကြည့်နေပါသည်။ မြင့်က ကျွန်တော့်ဆီမှ ဘာကိုလိုချင်၍ ဘာကိုတောင်းခံနေသည်မှာ အင်မတန် အဓိပ္ပါယ် ပေါ်လွင် နေပါတေည့သည်။

သူမ၏ မျက်လုံးတွေမှာ အရောင်လက်လာရသလို  ကျွန်တော့် မျက်လုံးတွေလည်း အရောင်လက်လာပြီ ဖြစ်လေသည်။ ကျွန်တော့်အဖို့တွင် သူမအလိုဆန္ဒတွေကို လိုက်လျောရမည်သာ ဖြစ်လေသည်။

ကဲ… မိတ်ဆွေတို့ သူကလေး၏ အကြောင်းကို သိချင်လျင် ထင်ရှားအောင် ပြောပြလိုက်ပါမည် ခင်ဗျား…။

မြင့် ဟာ… ကုလား ကပြားမလေး ဖြစ်ဟန်တူပြီး သူမ၏ မျက်ခုံးတွေမှာ နက်မှောင်နေသလို နှာခေါင်းက ချွန်ပြီး ခပ်ပွပွရှိကာ သူမ၏ မျက်လုံးအိမ်အောက်မှ မျက်ရစ်ညိုတွေကို တွေ့မြင်ရပါသည်။ ပါးလွှာသည့် နိုင်လွန် အင်္ကျီကို ထိုးကာ ကုန်းထွက်နေသည့် သူမ၏ ရွှေရင်အုံ မို့မို့တွေကိုလည်း ကျွန်တော် တွေ့မြင်နေရပါသည်။

မြင့်၏ အလှမှာ မဂိုဆန်ဆန် ချောသည်ဟု ကျွန်တော်ထင်ပါသည်။ ခါးမှာ သိပ်ပြီး သိမ်လှသည်မဟုတ်ပဲ စွင့်စွင့်ကားကား တင်ပါးကြီးတွေက ဆူဖြိုးကြွယ်ဝ၍ အမြဲတမ်း ကာမဆန္ဒကို တောင်းတနေပုံလည်း ရပါသည်။ ဒါကြောင့်မို့ပင် သူမက ကျွန်တော့်ထံမှ ကာမကို မုဒိန်းဆန်ဆန် ဒါးပြတိုက်ယူရန် သို့မဟုတ် ညင်ညင်သာသာ ပြန်ပေးဆွဲရန် ကြံစည်နေသည်မှာ ထင်ရှားလှပါသည်။ သို့သော် ကျွန်တော်ကိုယ်တိုင်က အော့(ဘ်)ဂျက် အခံပုဒ် ဘဝ သက်ဆင်းနေရလင့်ကစား အတွေ့ကိုတော့ ရှောင်နိုင်ပါဦးမည်လော…။

...................................................

မြင့်သည် ကျွန်တော့်ခါးကို သူမ၏လက်တွေဖြင့် ရစ်ပတ်လိုက်ကာ မမှီတမှီ ဖြစ်နေသော ကျွန်တော့် နှုတ်ခမ်းတွေကို ခြေဖျားထောက်ကာ တအားကုန် ငုံ၍ တပြွတ်ပြွတ် စုပ်ယူလျှက် ရှိပါသည်။

သူမက ယခုလို ကျွန်တော့် နှုတ်ခမ်းတွေကို လာ၍ စုပ်ယူနေပြန်တော့ ကျွန်တော့်မှာ ရုတ်တရက်တော့ ဘယ်လိုမှ ပြန်လည်ကာကွယ်ခြင်း အလျှင်းမပြုနိုင်ပဲ… အတန်ကလေး ကြာမှ ကျွန်တော်သည် သူမခါးကို ရစ်သိုင်းလိုက်ပြီး ခပ်ကြမ်းကြမ်း ဆွဲရမ်းပွေ့ဖက်ကာ နီတွတ်တွတ် နှုတ်ခမ်းတွေကို စုပ်ယူ နေမိပါသည်။

ကျွန်တော်သည် မြင့်၏ နှုတ်ခမ်းတွေကို တန်ပြန် စုပ်ယူလျက် ရှိရာမှ သူမက ပြွတ်ကနဲ မည်သွားသည်အထိ နှုတ်ခမ်းချင်းခွါလိုက်ပြီး ကျွန်တော့်ကို ခပ်တိုးတိုး ပြောကာ ပြေးထွက်သွားပါသည်။

“ဘယ်ပြေးမလဲ ဒါးပြ မလေးရယ်…” ဟု ကျွန်တော်ကပြော ရင်းသူမနောက်ကို ပြေးလိုက်သွားမိပါသည်။

အဆင်သင့်ပင် တိတ်ဆိတ်သည့် အခန်းလေးအတွင်း ကျွန်တော်တို့ နှစ်ဦးစလုံး ရောက်လာကာ ထိုအခန်းထဲတွင် နှစ်ယောက်အိပ် ကုတင်တစ်လုံး အသင့်ရှိနေသည်ကို တွေ့ရပါသည်။ 

မြင့်သည် ကျွန်တော့်ရှေ့မှာပင် သူမ၏ ပြည့်တင်း လှပသည့် ကိုယ်ပေါ်မှ ထမီကို ချွတ်ချလိုက်ပါသည်။ ထမီအောက်သို့ လျောကနဲ ကျသွားသောအခါမှာတော့ စင်းလျော ဖြူဖွေးသည့် ပေါင်တံကြီးတွေမှာ ဝင်းကနဲ ပေါ်ထွက်လာလေသည်။

တင်ပါးလုံရုံလေး တပိုင်းမျှသာရှိသော ပေါင်ခြံကပ် ဘောင်းဘီတိုလေး တစ်ထည်သာ ကျန်ရှိပါတော့သည်။ ဘောင်းဘီတိုကလေးကား ရေကူးဘောင်းဘီကလေးဖြစ်လေရာ ရှေ့ပိုင်းခုံးမို့မို့ မြင်းခွါသဏ္ဍာန်က ထင်းထင်းကြီး ပေါ်လွင်ကာ ခုံးမောက် ထွက်ပေါ် နေသည်မှာတော့ အင်မတန်မှ စိတ်ကြွစရာကြီးပင် ဖြစ်ပါသည်။

မြင့်က နောက်ဆုံးအလွှာ အသားကပ် ဘောင်းဘီတိုလေးကို မချွတ်သေးပဲ ကုတင်ပေါ် ပစ်လှဲလိုက်လေရာ ကျွန်တော့်မှာ ရှေးကထက် သွေးတိုးမြန်လာပြီး လုံချည်ကိုချွတ်ချကာ နောက်ဆုံး ကျန်နေသော ဘောင်းဘီတိုလေးကိုပါ ခပ်ရှင်းရှင်း ချွတ်ချ လိုက်ပါသည်။

သည့်နောက်မှာတော့ ကျွန်တော်သည် ကုတင်ပေါ်တွင် တစောင်းလေး လှဲနေသော မြင့်၏ ဖြူဖြူဖွေးဖွေး ကိုယ်ပေါ်သို့ ဝုန်းကနဲ လှဲချလိုက်ပါသည်။ မြင့်က ကျွန်တော် လှဲချလိုက်သည့် တခဏဝယ် ကျွန်တော့်၏ ကိုယ်အင်္ဂါကို ဇတ်ကနဲဖမ်းကာ ဆွဲ၍ ပွတ်သပ်လိုက်ပါသည်။

ကျွန်တော်က သူမ၏ နှုတ်ခမ်းတွေကို တအားဖိငုံကာ နောက်ဆုံးကျန်သော ဘောင်းဘီတိုလေးကို ဆွဲချွတ်လိုက်ပါသည်။ ဘောင်းဘီတိုကလေး၏ သားရေကြိုးမှာ တင်ပါး ဖြူဖြူ ဖွေးဖွေးကြီး၏ တဝက်လောက် အရောက်တွင် တစ်နေပါသေးသည်။ သူမ၏ လက်များဖြင့် တစ်နေသော ဘောင်းဘီလေးကို ချွတ်ခွါချလိုက်ရာ ဝါဝင်းသော အသားဆိုင် အချိုင့် အဖုတို့ ပေါ်ထွက်လာပါတော့သည်။

...........................................................

ကျွန်တော်၏ ကိုယ်အင်္ဂါမှာ သူမ၏နူးနူးညံ့ညံ့ လက်ဝါးလေးဖြင့် ဆုပ်ကိုင်ထားကာ ပွတ်သပ်နေသဖြင့် ရမ္မက်စိတ်တွေ ပိုမို၍ ပြင်းထန်လာရသလို ကျွန်တော့် ယောကျ်ားအင်္ဂါမှာ ပိုမို ထွားကြိုင်းလာရသည်ဟု ထင်မှတ်မိပါသည်။ ကျွန်တော်ကလည်း သူမ၏ အင်္ကျီကြယ်သီးတွေကို တလုံးချင်းစီ ဖြုတ်ချလိုက်ပြီး ဝင်းကနဲပေါ်လာသည့် ပတ္တမြားနှစ်ပွင့်ကို ဆုပ်နယ်လိုက်ပါသည်။

တကယ်တော့ မြင့်မှာအတွေ့အကြုံရှိပြီးသား မိန်းမပျိုတစ်ဦး ဖြစ်သည်ကို ကျွန်တော် ကောင်းကောင်းကြီး သိလာရပါတော့သည်။ ကျွန်တော် အလောတကြီး မဖြစ်စေရန် အတွက်ပင် သူမ၏လက်ကလေးတွေနှင့် ကိုင်တွယ်ကာ ပါးပျဉ်းထောင်နေသော မြွေကို တွင်းဝင်ဖြောင့်အောင် ပြုပြင်ပေးလျှက်ရှိပြီး သူမ၏ပေါင် ဖြူဖြူကြီး များ၏ ကြားတွင် ကျွန်တော့်ကိုယ် ကိုဖိချလိုက်ပါတော့သည်။

“ဖြေးဖြေးလေ… အို သိပ်မြန်တာကို… ဟင့်… မြန်ယင် သုံးလေးခါ ချစ်တဲ့ ကိုကိုရယ် ကွယ်… ပြီးတော့… တချက်ချင်း… နော်… ဟော… သိပ်မြန်ပြန်ပြီ… ချ်ချင်း ကိုကို့ သဘောကျ… ပြီးသွားမှာပေါ့… မြင့်မှာတော့ ရေငတ်သလို ကျန်ခဲ့ဦးမယ်… အဲအဲ… ဟုတ်ပြီ… ချစ်တဲ့ကိုကို…”

မြင့်သည် ကာမသျှတ္တရ ဆရာမလေးပီပီ ကျွန်တော့်ကိုပင် သွန်သင် နေပြန်ပါသည်။ သူမ၏ ပြည့်ဖြိုး စွင့်ကားသည့် တင်ပါးကြီးတွေမှာ စွဲမက်စရာကောင်းလောက်အောင် ပင့်မြှောက်ကာ ပေးနေပါတော့သည်။

ယခုအခါတော့ ဘိုဆန်သော ဒေါ်ခင်မိမိလေးကို ကျွန်တော် တွေးမိနေပါသည်။ ခင်မိမိလေးမှာ မြင့်လောက် အရပ် မနိမ့်ပဲ ဘိုမတစ်ယောက်လို အရပ်ရည်ပြီး ပေါင်တံတွေမှာ ရှည်ပါသည်။ သူမ၏ ဆီးခုံမှာ တောင်ပူစာကလေးပမာ ခုံးနေသည်ကို မြင်ခဲ့ရပါသည်။

ယခုလည်း မြင့်မှာ မဂိုဆန်ဆန်ချော၍ သူမ၏ ဆီးခုံအောက်ရှိ မိန်းမအင်္ဂါမှာ အင်မတန် ခုံးမောက်ကာ ဝါဝင်းနေသော မြေဝါတောင်ပို့လေးပမာ ရှိနေပါသည်။

ကျွန်တော်က သူမသဘောကျ စခန်းသွားလိုက်သောအခါမှာတော့ သူမကိုယ်တိုင်က အတော်ပင် ကျေနပ်သွားပြီး မျက်လုံးလေးမှေးကာ မျက်တောင်ကြီးတွေ စင်းကျလာပါတော့သည်။

...............................................................

ထိုသို့ မြင့်မှာ မျက်လုံးတွေ စင်းကျလာရသည်အထိ ခပ်မြန်မြန်လေး ချစ်ပေးလိုက်သောကြောင့် ကျွန်တော် ကိုယ်တိုင်ကလည်း အတော်မောနေပြီဖြစ်ရာ… ရုတ်တရက် သူမသည် ကျွန်တော့်ကိုယ်ကြီးကို ဆတ်ကနဲ တွန်းလိုက်သောကြောင့်… ကြည့်ကောင်းနေသော ရုပ်ရှင်မှာ ရုတ်တရက် ကားပြတ်သွးသကဲ့သို့ ပြတ်တောက်သွားရသလို…

“အို… ဘယ်လိုလုပ်လိုက်တာလဲ မြင့်ရယ်…” ဟု ကျွန်တော်က သူမကို အံ့သြစွာ မေးမိပါသည်။

ခပ်စောစောက သာယာနေသော စိတ်တွေသည်ပင် ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားရပါသည်။ မြင့်က ကျွန်တော့်ကို ရတ်တရက်…

“ကိုကို ရေတစ်ခွက်သောက်လိုက်ဦး…” ဟုပြောလိုက်ပါသည်။

အင်မတန် သာယာပျော်ရွှင်ဖွယ် ကောင်းလုလု အချိန်ကလေးကို မြင့်သည် အံ့သြလောက်အောင် ဖျက်စီးနိုင်စွမ်းရှိသော မိန်းမတစ်ဦးပင်ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ဦးစလုံးမှာ အရှက်ကုန်သလောက်ပင် ဖြစ်နေပြီး  နှစ်ဦးစလုံးမှာ ဝတ်လစ်စလစ်တွေချည်း ဖြစ်နေရပါသည်။

သူမသည် အခန်းထဲတွင်ရှိသော ဖန်ခွက်ထဲသို့ ရေဟုဆိုထားသော်ငြားလည်း မန္တလေးရမ်ကို လက်တစ်ဆစ်ခန့် ငှဲ့ထည့်လိုက်ကာ ဘာမှအရောအနှောမရှိပဲ သောက်ချလိုက်ပါသည်။ ထို့နောက် ကျွန်တော့်ကိုလည်း တစ်ခွက်ပေးလိုက်ကာ သူမအလိုဆန္ဒလိုက်လျောကာ ဇွတ်မှိတ်၍ သောက်ချလိုက်ရပါသည်။

လည်ချောင်းတစ်ခုလုံးမှာ ပူထူ ရှိန်းဖိန်း သွားရပါသည်။ အမှန်ကတော့ မြင့်သည် အတွေ့အကြုံဟူရာ၌ ဓါတ်ပုံဆိုင်ထောင်ပြီး သူလိုချင်သော ရမ္မက်ဆန္ဒကို အမျိုးမျိုး ယူခဲ့ဘူးပြီးဖြစ်ကြောင်း သူမ၏ အပြုအမူကပင် သက်သေခံလျှက်ပင် ရှိနေပါတော့သည်။

ယခုတစ်ခါတော့ ကျွန်တော်၏ မပြီးသေးသော စိတ်တွေမှာ အသစ်တဖန် အားအင်ပြည့်ဖြိုး လာရပြန်ကာ အင်မတန်မှ မူးယစ်လာပြီဖြစ်သောကြောင့် မြင့်အားခပ်ကြမ်းကြမ်းပင် စခန်းသွားရန် ပြင်ဆင်လိုက်ပါသည်။

.......................................................

ထိုအခါမှာတော့ မြင့်သည် ကျွန့်တော့်အား ဓါတ်ပုံကြီးတစ်ပုံ လက်ညှိုးထိုးပြလိုက်ပါသည်။  ထိုဓါတ်ပုံ ကြီးမှာကား ယောကျ်ားတစ်ဦးနှင့် မိန်းမတစ်ဦးတို့ ကုတင်စောင်းတွင် စခန်းသွားနေသော ပုံသာဖြစ်ပါသည်။ ထိုမိန်းမက ကုတင်စောင်းတွင် ပက်လက်ကလေးလှန်ကာ ခါးအောက်က ခေါင်းအုံးခုကာထား၍ ယောကျ်ားက အပေါ်မှ စခန်းသွားရန် ဖြစ်ပါသည်။

ထိုအခါမှပင် ဘေးပါတ်လည်ရှိ ဓါတ်ပုံတွေကို ကျွန်တော် မြင်လာပါတော့သည်။ ထိုပုံတွေသည် အင်မတန် စိတ်ဓါတ်တက်ကြွစရာကောင်းသော ပုံအမျိုးမျိုးဖြစ်ပါသည်။ မြင်သည် ကျွန်တော့်အား ရစ်ပတ်ကာ နှုတ်ခမ်းတွေကို ထိုးပေးရင်း ကုတင်စောင်းပေါ်တွင် သူမ၏ကိုယ်လေးကို လှဲချလိုက်ပါသည်။

ကျွန်တော့်မှာ အရက်တန်ခိုး ကြောင့် သွေးတွေဆူလှိုက်ကာ တပွက်ပွက်လှုပ်ရှား နေရပြီဖြစ်သောကြောင့် သူမ၏ ဖြူဖွေးသောကိုယ်လေးပေါ်ကို ခပ်ကြမ်းကြမ်းပင် ဖိချလိုက်ခြင်းဖြင့် ဒုတိယအမှောင်အောက်တွင် နှစ်ဦးစလုံး မျောသွားရပြန်ပါသည်။

အကယ်၍ လူတဖက်စာ သစ်တုံးကြီး တစ်တုံးကို အားကုန်လွှဲ၍ ပုဆိန်ဖြင့်ခွဲပါက ထိုသစ်တုံးကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲပြီး ထင်းချောင်းတွေ ထွက်လာကာ နောက်ဆုံး မီးစာဘဝ ရောက်သွားရမည် ဖြစ်သော်လည်း ကျွန်တော်နှင့်မြင့်မှာ အင်မတန်ဇွဲကောင်း၍ ဘက်ညီသော စုံတွဲဖြစ်ကာ မြင့်၏ဖြူဖွေးသော တင်ပါးကြီးတွေကာသာ ပိုမို၍ ကြီးမားဖွံ့ ဖြိုးလာသည်ဟု ကျွန်တော်က ထင်မြင်မိပါသည်။

ကျွန်တော်နှင့် မြင့်သည် အချိန်အတော်ကြာကြာ စခန်းသွားလိုက်ပြီးသည့် နောက်တွင်ကား နှစ်ချက်တိတိ တီးလိုက်သော နာရီသံက ပေါ်ထွက်လာခဲ့ပါတော့သည်။ ကျွန်တော် မြင့်ဆီမှ ပြန်လာသောအခါတွင် မြင့်က ကျွန်တော့်အား မွှေးမွှေးကြူလိုက်ရင်း စွံတဲ့ကိုကိုရယ်ဟု အမည်တပ်လိုက်ပါတော့သည်။

အခန်း (၁ဝ) ပြီးပါပြီ။

...........................................................

အခန်း (၁၁)   ချစ်တဲ့ကိုကို

ကျွန်တော်သည် ကျောင်းကားတွေကို လမ်းဆုံမှပင် စောင့်ရပါတော့သည်။ ကျွန်တော် ကျောင်းကားတွေကို စောင့်နေရသော အချိန်မှာပင် ထူးဆန်းသော အဖြစ်နှင့် ကြုံတွေ့လိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ရပ်နေသော ကြိုးတံတားအနီးသို့ မေမေလှ တစ်ယောက်လည်း ဆိုက်ကားဖြင့် ရောက်လာကာ ရုတ်တရက် နှစ်ဦးစလုံး တယောက်မျက်နှာ တယောက်ကြည့်ကာ အံ့အားသင့်နေမိကြပါသည်။ ပြီးမှ ကျွန်တော်က စတင်ကာ…

“ညီမလည်း ကျွန်တော့်လိုပဲ ကျောင်းကားတွေ လာစောင့်တယ် မဟုတ်လား…”

“ဟုတ်တယ်ကိုစိန်တင်… ကျွန်မလည်း ဒေါ်ဒေါ်တိုဆီကို ခဏဝင်လာတာပဲ… အခုဆို သုံးနာရီခွဲသွားပြီ ပြန်များ သွားကြပြီလား မသိဘူး…”

“ဟာ… ဒါကို… ကျွန်တော်လည်း မေးမလို့ဘဲ အသိအိမ်တစ်အိမ် ဝင်တာမှာ နောက်ကျသွားတယ်ဗျာ… ကဲ… ဒီလိုဆိုယင် ကျုပ်တို့ ကြုံရာကားတစ်စီးနဲ့ လိုက်ကြရအောင်လား… ”

ကျွန်တော်က ထိုကဲ့သို့ ပြောလိုက်သောသောကြောင့် မေမေလှမှာ ဝမ်းသာသည့် မျက်လုံးကြီးများဖြင့် ကျွန်တော့်ကို ကြည့်လိုက်ပါသည်။

မေမေလှသည် ကျောင်းကားတွေ မမှီပဲ နောက်ကျနေသောကြောင့် အတော်ပင် ဝမ်းနည်းနေရဟန် တူပါသည်။ သူမ၏ မျက်လုံးအိမ်တွင်လည်း မျက်ရည်စတွေ ဝိုင်းလည်နေတာကို တွေ့ရပါသည်။

“ကျောင်းကားတွေနဲ့ လိုက်မသွားရတာ ဆရာကြီးရော အိမ်ကပါ တမျိုးတမည် ထင်တော့မှာပဲ… ”

“အို… ကျုပ်ကိုယ်တိုင် မေမေလှကို လိုက်ပို့ပါမယ်ဗျာ…”

မေမေလှက အသာအယာ ခေါင်းညိမ့်လိုက်ပါသည်။ ကျောင်းစကားရည်လုပွဲမှာတုန်းက တစ်ဦးနှင့် တစ်ဦး မုန်းခဲ့ရသည်အထိ စကားများခဲ့သော မေမေလှနှင့် ကျွန်တော်မှာ အခုအခါ အမှတ်မထင်သော ကိစ္စကလေးနှင့် ခင်မင်သွားကြရပြန်ပါသည်။

ကျွန်တော်တို့ ကုသိုလ်ကောင်းချင်လာတော့ ကုန်ကားတစ်စီးနှင့်ကြုံကာ လိုက်ပါခဲ့ပါသည်။ ထိုကုန်ကားမှာ မန ္တလေး ရန်ကုန် ကူးသန်းနေသော စတူဒီဘေကာကားသစ်ကြီး ဖြစ်သောကြောင့် အင်မတန်မှ အားရစရာကောင်းလောက်အောင် မြန်ဆန်လှပါသည်။

ထိုအချိန်မှာပင် ပြင်းထန်သော သေနတ်သံတစ်သံကို ကျွန်တော် ကြားလိုက်ရပြန်ပါသည်။ ထိုသေနတ်သံကြားရသော နေရာမှာလည်း တာဝလမ်းခွဲကျော်မှဖြစ်ကာ တောင်တက်ကြီးဖြစ်နေရာ ထိုနေရာရောက်လျှင် အင်မတန် သတိထားစရာ နေရာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ဓါးပြ အင်မတန်တိုက်သည့်နေရာလည်း ဖြစ်ပါသည်။

ကားဒရိုင်ဘာသည် သေနတ်သံကြားသော်လည်း  ရပ်မပေးပဲ ခပ်ကြမ်းကြမ်းပင် တအားကုန်မောင်းရာ တောင်တက်ကိုကျော်ကာ မြေပြန့်ကိုရောက်လာပြီး ကားမှာလည်း သို့သော် မမျှော်လင့်သော အဖြစ်ကို ကျွန်တော် တို့ ကားရှေ့မှာ တွေ့လိုက်ရပါသည်။ ကားအရှေ့ ကိုက် ၁ဝဝ ခန့်အကွာတွင် သစ်တုံးကြီးများပိတ်ထား၍ လက်နက်ကိုင်တစ်စုကစောင့်နေပြီး သေနတ်များဖြင့် ချိန်ရွယ်ထားခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့မှာ ကားနောက်ခန်းတွင် စီးသူများဖြစ်လေရာ ကားအရှိန်ကို သိသိသာသာကြီးပင် ဘရိတ်ဖမ်းကာ နှေးလိုက်ရင်း…

“ဗျို့ ကိုယ့်ဆရာတို့ ကျုပ်ကားကို တောတန်းထဲ ကပ်လိုက်မယ် ခင်ဗျားတို့ လင်မယား ထွက်ပြေးကြ ရှေ့ကကောင်တွေဟာ ကရင်တွေဗျို့… ကဲမြန်မြန် လစ်ကြတော့…”

ဟုပြောလိုက်သောကြောင့် ကျွန်တော်မှာ ကားဒရိုင်ဘာ ပြောစကားကို မေမေလှ အတွက် အင်မတန် အားနာမိသော်လည်း မေမေလှက အမူအယာမပျက်ပဲ ဖြစ်နေသောကြောင့် တော်သေးသည်။ ကားဒရိုင်ဘာက ရှေ့မှ ဓါးပြများနှင့် ကိုက် ၇ဝ ခန့် အကွာတွင် ရုတ်တရက် တောတန်းအနီး တိုးကပ်လိုက်သောကြောင့် ကျွန်တော်မှာ မေမေလှကိုဆွဲ၍ ကားပေါ်မှ ခုန်ဆင်းကာ တောတွင်းသို့ ဝင်ပြေးခဲ့ရပါသည်။

ကုသိုလ်ကောင်းချင်တော့ ကျွန်တော်တို့ကားပေါ်မှ ခုန်ဆင်းပြေးခြင်းကို ကရင်ဓါးပြများ မသိလိုက် ကြခြင်းဖြစ်ပါသည်။ မေမေလှကလည်း ကျွန်တော်၏ လက်ကိုဆွဲကာ ကြောက်ကြောက်လန့်လန့် နှင့်ပင် ကျွန်တော့်၏နေက်ကို လိုက်ခဲ့ပါသည်။ ကျွန်တော်တို့ ပြေးလွှားလာခဲ့သော နေရာမှာ အင်မတန် ကြောက်စရာ ကောင်းသော အနောက်ဘက် တောနက်ကြီးဖြစ်၍ ခပ်စောစောကလို မြေပြင်မဟုတ်တော့ပဲ တွေ့ကရာ လှည်းလမ်းအိုလေး တစ်လမ်းမှ ဝင်လာရာ တဖြည်းဖြည်း ချောက်နက်ကြီးထဲသို့ရောက်ကာ မေမေလှမှာ အင်မတန် အားငယ်လျှက်ရှိသည်ကို တွေ့ရပါသည်။ တခါတခါ နှစ်ဦးစလုံး လဲကျသွား သောကြောင့် ငိုအားထက် ရယ်အားသန် ဆိုသလို မေမေလှကို ထူပေးရပြန်ပါသည်။

“ကျွန်မတို့ တောက်လျှောက်ကြီး ဒီတောထဲမှာ လျှောက်သွားနေလို့ ဖြစ်ပါ့မလား ကိုစိန်တင် လမ်းမကြီး ဆီပြန်ထွက်ရင် ကောင်းမှာပဲ…”

မေမေလှမှာ စိုးရိမ်သံကလေးနှင့် ပြောလိုက်သဖြင့် ကျွန်တော်မှာ အတော်စိတ်မကောင်း ဖြစ်သွားပါသည်။ ကျွန်တော်က မေမေလှ စိတ်သက်သာရာ ရသွားစေရန်အတွက်…

“မေ… ကိုယ်တို့သွားနေတာ အင်းတကော်ဆီကို မှန်းသွားနေတာပဲ မေ… ကြည့်စမ်း ဝါးရုံကြီးအောက်မှာ လမ်းတစ်လမ်း တွေ့လား… ဒီလမ်းဟာ အင်းတကော် ဘက်ကို သွားတဲ့ လှည်းလမ်းလို့ ထင်တာပဲ… ကဲ အချိန်ရှိပါသေးတယ် မေရယ်… ကြိုးစားလိုက်ကြသေးတာပေါ့…”

ထိုသို့ကျွန်တော်ကပြောရင်း… မေ၏လက်ကလေးကို ဆွဲ၍ ပိန်းပိတ်မဲမှောင်နေသော ဝါးရုံရိပ်များ အောက်မှနေ၍ လှည်းလမ်းအိုကြီးအတိုင်း လိုက်လာခဲ့ပါသည်။ ကျွန်တော်တို့ ဓါးပြများနှင့်တွေ့ပြီး အရမ်းကာရော ထွက်ပြေးခဲ့ခြင်းမှာလည်း အမှားတရပ် ဖြစ်ပါသည်။ ထိုအမှားမှာ အကြောက်လွန်လျှက် စဉ်းစားဆင်ချင်တုံတရာ ကင်းမဲ့ခြင်းပင်ဖြစ်ပါသည်။

အကယ်၍သာ ကျွန်တော်တို့ တစ်နေရာကနေ ဓါးပြတွေကို တိုက်ခိုက်ပြီးသည်အထိ စောင့်၍ နေမည်ဆိုပါက ယခုလောက် ဒုက္ခများကြမည် မဟုတ်ပါ။ ယခုတော့ မှောင်တချီ လင်းတလှည့်နဲ့ တောကြိုအုံကြား မြွေ ကျား မကြောက်ပဲနဲ့ ပြေးလွှားခဲ့ခြင်းမှာ ကရင် ဓါးပြထက်ပင် ကြောက်စရာကောင်းနေတော့သည် ဟု ကျွန်တော် ထင်မြင်မိပါသည်။ ရှေ့ကိုဆက်တိုးသွးနေလျှင် ပိုမိုဒုက္ခ ရောက်မည်လားဟုလည်း ထင်မြင်လာခဲ့မိပါသည်။ မေမေလှမှာလည်း အတော်လေး အားနွဲ့လာဟန်တူပါသည်။

........................................

နေညိုချိန်ရောက်လာ၍ မှောင်ရိပ်များပင် တိုးဝင်လာပြီဖြစ်ရာ ကျွန်တော်က…

“ကဲ… မှောင်ရိပ်တွေတောင် သမ်းကုန်ပြီ မေရေ… ကိုယ်တို့ ေ့ရှဆက်သွားနေတာထက် ဘာပဲဖြစ်ဖြစ် ကားလမ်းဆီကို မှန်းပြီး သွားကြရအောင်…” ဟုပြောလိုက်သောကြောင့် မေမေလှကလည်း သဘောတူ သွားပါသည်။

မေမေလှနှင့် ကျွန်တော်သည် အရင်ကထက် ပိုရင်းနှီးလာပြီ ဖြစ်ပါသည်။ တစ်ဦးနှင့် တစ်ဦးသည် ဘဝတူဖြစ်လာရသလို တစ်ဦးပေါ်တစ်ဦး ကြင်နာမှုလေးတွေကလည်း ပြလာကြပါသည်။ ထိုအခိုက်…

“အမေ့…” ဟု မေမေလှက အော်လိုက်ရင်း ကုန်းစောင်းလေး အတက်တွင် ခြေချော်ကျသွားလေရာ… သူမ၏ အချိုးကျလှပသည့် ကိုယ်လုံးလေးကို ကျွန်တော်ကသာ အချိန်မီ မဆွဲထားလိုက်ပါက ဒလိမ့် ခေါက်ကွေး ကျသွားမည် ဖြစ်ပါသည်။

ဝါးရုံကြီးများနှင့် အမည်မဖေါ်နိုင်သော သစ်ပင်ကြီးငယ်များမှာ ကျွန်တော်တို့နှစ်ဦးအား ကောင်းကောင်းကြီး လွှမ်းမိုးထားသလို ချုံကြီးများကို တိုးဝှေ့သွားရသည့် ဒုက္ခမှာ မသေးလှပါ။ သို့နှင့်ပင် ကောင်းကင်ပြင်ကြီးမှာ တဖြည်းဖြည်း မှောင်မည်းလာပြီဖြစ်ရာ မေမေလှမှာ ငိုမဲ့မဲ့ကလေး ဖြစ်နေပါတော့သည်။ 

“ကဲ မေရေ… ကိုယ် သစ်ပင်ပေါ် တက်ကြည့်ဦးမယ်နော်… လမ်းစလေးကို ဒါမှပဲ ကောင်းကောင်းတွေ့ရမှာ…” ဟုကျွန်တော်ကပြောလိုက်ရင်း…

ပျဉ်းမပင်ကြီး တစ်ပင်ပေါ် နွယ်ကြိုးများဆွဲ၍ တက်လိုက်ပြီး ပျဉ်းမပင်၏ဂွဆုံမှနေ၍ သွားရမည့်ခရီးကို မျှော်မှန်းကြည့်မိပါသည်။ ထိုကဲ့သို့ ကျွန်တော်က သစ်ပင်ပေါ်တက်၍ ကြည့်လိုက်ခြင်းအတွက် လည်း ကျွန်တော်တို့အတွက် အတော်လေး ကုသိုလ်ကံကောင်းသွားပါသည်။ မြင်ရသော မြင်ကွင်းသည် အသည်းထိတ်စရာ ကောင်းလှပါသည်။ ခပ်ဝေးဝေးတွင် မီးခိုးလုံးများတွေ့နေရပြီး ကျွန်တော်တို့စီးလာသော ကားကို ကရင်ဓါးပြတွေက မီးရှို့သွားဟန်တူပါသည်။ တဖန် ကျွန်တော်တို့၏ လက်ဝဲဘက် အတွင်း ချောက်နက်ထဲတွင် ထူးဆန်းသည့် အဖြစ်အပျက်ကို တွေ့လိုက်ရပါသည်။

.......................................................

မြင်ရသည့် အရာမှာ မီးခိုး တလူလူ ထွက်နေသည့် တဲ တစ်တဲပင်ဖြစ်ပါသည်။ ထိုတဲအတွင်းကို မမြင်ရသော်လည်း တဲအပြင်သစ်ပင်အောက်တွင် လက်နက်ကိုင် လူတစ်ယောက်ကို တွေ့ရသောကြောင့် ဓါးပြများသာ ဖြစ်ရမည်ဟု သိလိုက်ရကား သူတို့နှင့် အတော်ကလေး နီးကပ်နေသည့်အပြင် အချိန်မှာလည်း မှောင်လာပြီဖြစ်သောကြောင့် ခပ်သုတ်သုတ် ပြန်ဆင်းခဲ့ပါသည်။

ထို့နောက်တွင် ကျွန်တော်သည် မေမေလှကိုခေါ်၍ လမ်းမကြီးရှိရာသို့ ဆက်လက်ထွက်ခွါ လာခဲ့ပါသည်။ လမ်းတွင် စမ်းချောင်းကလေး တွေ့သဖြင့် နှစ်ဦးသား ရေကိုဝအောင် သောက်လိုက်ရသောကြောင့် အတော်လေးလန်းဆန်းကာ အားအင်ပြည့်ဖြိုးလာပါသည်။

စမ်းချောင်းကလေးမှ ကျော်လာသောအခါတွင်ကား မေမေလှသည် ရုတ်တရက် ခလုပ်တိုက်ကာ လဲသွားသောကြောင့် မျက်ရည်တွေ ယိုဆင်းကျလာကာ သူမ၏ဖြူဖွေးနုနယ်သော ခြေမကလေးမှ သွေးများစီးထွက်နေသည်ကို တွေ့လိုက်ရပြီး ခြေသလုံး ဖြူဖြူဖွေးဖွေးလေးကို နှိပ်နေသဖြင့် ကျွန်တော့် ရှပ်အင်္ကျီ အဖြူအောက်ပိုင်းကို ဆုတ်ကာ သူမ၏ခြေမကလေးကို ပတ်တီးစီးပေးလိုက်ကာ…

“တော်တော် သက်သာသွားပြီလား မေ…” ဟု ကျွန်တော်က ကရုဏာသက်စွာ မေးမိပါသည်။

“ကျွန်မတော့… လမ်းမရှောက်နိုင်တော့ဘူး… ကိုစိန်တင်… ခြေဖဝါးတွေကလည်း သိပ်နာနေပြီ ရှင်…”

မေက သူမ၏ နှုတ်ခမ်းလေးကို မဲ့ကာ ပြောလိုက်ပါသည်။ မေ၏နှစ်သွယ်သော မျက်လုံးအိမ်တွေမှာ မျက်ရည်တို့ဖြင့် စိုစွတ်လျှက် ဝေရီကာ ရှိနေသည်ကို သနားစဖွယ် တွေ့လိုက်ရပါသည်။

“ကျွန်တော့် ကိုယ်ပေါ်မှာ မှီပြီးလိုက်ခဲ့ပေါ့မေ… အားမနာနဲ့နော်… ဘာပဲဖြစ်ဖြစ် လုံးဝမမှောင်ခင်တော့ ကားလမ်းကို ရောက်သွားရင် ကိုယ်တို့အဖို့ ကောင်းတာပေါ့ မေရယ်…”

ထိုသို့ ကျွန်တော်က ပြောလိုက်ပြီး သူမအားနောက်ဆုံး ကျွန်တော့်၏ ပခုံးထက်တွင်ထမ်း၍ ခေါ်ခဲ့ပါတော့သည်။ မေ၏ ပြည့်ဖြိုး စွင့်ကားသော တင်ပါးကြီးပေါ်တွင် ကျွန်တော့်၏ လက်များဖြင့် ရစ်သိုင်းကာ မမောနိုင် မပန်းနိုင် ထမ်းကာ လာခဲ့ပါသည်။

အမှောင်ရိပ်များကလည်း တရွေ့ရွေ့ မြေပြင်တွင် နေရာယူလာသလို ကျေးငှက်တို့၏ အိပ်တန်းတက်သံ တွေကလည်း ဆူညံ၍လာပါတော့သည်။ မေသည် ကျွန်တော့် ပခုံးထက်မှ တစ်ဖါလုံခန့်သာ လိုက်ခဲ့ပြီးနောက် ခြေကျင်လျှောက်မည်ဟုပြောပါသည်။

သို့အတွက် မေ၏သဘောကျပင် ကျွန်တော်က ခြေကျင်လျှောက်ရန် ခွင့်ပေးလိုက်ပါသည်။ သွားနေရသော ခရီးမှလြည်း တောင်ကုန်းတက် ဖြစ်သောကြောင့် အားစိုက်ကာ တက်နေရသည်ဖြစ်ရာ မေသည် သုံးလေးလှမ်းမျှ လှမ်းပြီးသော အခါမှာတော့ ယိမ်းထိုးလဲကျသွားပါသည်။

............................................................

ကျွန်တော်ကသာ မေ့ ကိုယ်လုံးလေးကို ပြေး၍ပွေ့မထားမိပါက ကျောက်တုံးတစ်တုံးနှင့် ဆောင့်မိမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရုတ်တရက် သူမကိုယ်ကလေးကို ပွေ့လိုက်ရသဖြင့်  ကျွန်တော်ပါ မဟန်နိုင်ပဲ လဲကျသွားရာ မမျှော်လင့်ပဲ မေ၏ပါးကလေးကို မွှေးမိရက်သား ဖြစ်သွားခဲ့ရပါသည်။

ဝမ်းတွင်းတွင် ဘာအစာမှ မရှိပဲ… ဆေးလိပ်သောက်ချင်သည့် ဆန္ဒပါရောစွက်လျှက် ဝမ်းထဲတွင် တကြုတ်ကြုတ် ဖြစ်နေရပါသည်။

မေက သူမ၏ ပါးဖြူဖြူမို့မို့ကလေး အပေါ်ကို ကျွန်တော့်၏ နှာခေါင်းဖြင့် မတော်တဆ ဂဟေဆက်ကာ မွှေးမိရက်သား ဖြစ်သွားသည့်အတွက် “အို…” ဟုသာ ဆိုနိုင်ပြီး မျက်နှာလေးမှာ နှင်းဆီရောင် ပြေးသွားသည်ကို တွေ့လိုက်ရပါသည်။

“နဲနဲ ကြိုးစားလိုက်ရင် ကားလမ်းကို ရောက်တော့မှာပါ မေရယ်…” ဟူပြောရင်း…

ကျွန်တော်က မေ၏ ကိုယ်ကလေးကို ထမ်း၍ ကားလမ်းကို မျှော်မှန်းကာ လာခဲ့ပါသည်။ ယခုတစ်ခါတော့ တကယ်ပင် မှောင်ရီလာပြီ ဖြစ်သောကြောင့် သွားရမည့်ခရီးကို အတော်ကြိုးပမ်း၍ သွားရကာ နောက်ဆုံးမတော့ ကျွန်တော်မှာ သစ်ပင်ကြီး တစ်ပင်အောက် အရောက်တွင် မဟန်နိုင်ပဲ ဒူးထောက် လဲကျသွားရ ပါတော့သည်။

ထိုအခါမှာတော့ မေမေလှသည် ကျွန်တော့်၏ ဂရုဏာရှင်မလေးအဖြစ် ရောက်သွားရတော့ကာ မေ၏ပေါင်ပေါ်တွင် ကျွန်တော်ခေါင်း ရောက်နေပါတော့သည်။ မေမေလှက ကျွန်တော့်နှဖူးပြင်ကို သူမ၏ နူးညံ့သွယ်လျသည့် လက်ချောင်းကလေးများဖြင့် ပွတ်သပ်ပေးလိုက်ကာ…

“ကိုစိန်တင်… တော်တော် မောသွားလား ဟင်…” ဟုမေးလိုက်ပါသည်။

မေမေလှက ထိုသို့ မေးရင်းကပင်… ကျွန်တော်၏ မျက်လုံးတွေအတွင်း စိုက်ကြည့်ကာ တစုံတရာသော ကရုဏာစောင်းကြိုးကို တီးခတ်လျှက်ရှိပါသည်။ ကျွန်တော်က ထလိုက်ကာ မေမေလှ၏ ကိုယ်လုံးကလေးနှင့် ထိကပ်စွာထိုင်ရင်း…

“ဒီညတော့ ကိုယ်တို့ ဒီမှာပဲ အိပ်ရတော့မယ် မေ… ဘာမှလဲ မမြင်ရတော့ဘူး ကွယ်…” ဟု လှိုက်လဲသော အသံကြီးနဲ့ ပြောမိရင်း သူကလေး၏ လက်တွေကို ဆုပ်နယ်နေမိပါသည်။

ကျွန်တော်က ယခုလိုကိုင်ထားသည့်တိုင် မေမေလှမှာငြင်းဆန်ခြင်းမရှိပဲ မျက်ရည်တွေသာ ပါးပြင်ပေါ်သို့ လိမ့်စီးလျှက်ရှိသည်ကို တွေ့ရပါသည်။ ကျွန်တော့်မှာ ကြာရှည်စွာပင် ကိုယ့်စိတ်ကို ထိန်းထားနိုင်စွမ်း မရှိတော့ပါပေ။ မေ ၏ ကိုယ်လုံးကလေးကို ရစ်သိုင်းလိုက်ရာက ကျွန်တော့်၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ထားလိုက်ပါသည်။

“မေတို့ ရန်ကုန်ရောက်ရင်လဲ… ကိုစိန်တင်နဲ့ ခိုးရာလိုက်ပြေးသွားကြပြီလို့ ပြောကြတော့မှာ ပဲ ကိုကိုတင်… ရှင်းပြလို့လဲ ယုံကြမှာ မဟုတ်ဘူး…”

မေပြောသည်မှာ မှန်သည်… မေသည် သူမ၏ စကားတွေကို ပေါ့လျှော့စွာ ပြောလိုက်ခြင်းကတော့ မဟုတ်ပါ။ လေးနက်စွာ ပြောလိုက်ခြင်းသာ ဖြစ်ပါသည်။

နောက်ဆုံးမှာတော့ ကိုကိုတင် ဟူသော ကျွန်တော့်နာမည်ကို အသည်းနှလုံးကြားက ထုတ်ဖေါ်ကာ ချစ်ဗိမ္မာန်၏ ပေါင်းကူးတံတားကို တည်ဆောက်ကာ လမ်းညွှန်လိုက်ပါသည်။

.........................................................

ကျွန်တော်၏ မောပန်းသမျှတွေသည် မေ၏မို့ထွေးသော ပါးကလေးကို မွှေးကာ အေးမြသွားစေပါသည်။ အမှောင်သည် တောကြီးတစ်တောလုံးအား ဖုံးလွှမ်းလာသလို မေနှင့် ကျွန်တော်သည်ပင် တစ်ဦးမျက်နှာတစ်ဦး မှုံမှုံလေးသာ မြင်နေရပါသည်။

ကျွန်တော်တို့ နှစ်ဦးသည် တင်းကျပ်စွာ ဖက်ထားလိုက်ကြပြီး နှုတ်ခမ်းခြင်း ထိတွေ့ကာ စကားပြောလိုက်ကြပါသည်။ မေနှင့် ကျွန်တော် ချစ်ရသော အချစ်မှာ ဒုက္ခနှင့် ရင်ဆိုင်ကာ ပွင့်ဖူးလာပါတော့သည်။

အသည်းနှလုံးတွေ ကွဲအက်သွားသည်အထိ တင်းကျပ်စွာ ပွေ့ဖက်ထားမိပြီး နှုတ်ခမ်းတွေမှာ တစ်ဦးနှင့် တစ်ဦး ပတ်ဝန်းကျင် အန ္တရာယ်ကို မေ့ကာ ထိကပ်နေကြပါသည်။

ကျွန်တော့်၏ လက်တစ်ဖက်သည် မေ့ရဲ့ ချောမွတ် စွင့်ကားလှသော တင်ပါးများ အပေါ်ဝယ် အကြိမ်ကြိမ် ဖြတ်လျှောက်နေရာက… မေ့၏ ကိုယ်လုံးလေးကို မြေပြင်ပေါ်ဝယ် လှဲသိပ်ကာ မေ၏ ရွှေရင်အုံတွေကို ညက်ညောစွာ ပွတ်သပ်နေမိပါသည်။

ဤ… အမှောင်သည်… တောအုပ်ထဲ လရောင်ကင်းမဲ့သော ညဉ့်လယ် အမှောင်ထက်ပင် မှောင်အတိကျ သွားရပါတော့သည်။

ယခုတော့… မေ့ တစ်ကိုယ်လုံးသည် ကျွန်တော်သာ ပိုင်ဆိုင်ရာ မေ့အသည်းနှလုံးသည် ကျွန်တော့်အတွက် ဖြစ်ခဲ့ပေပြီ…။

ထိုအချိန်တွင် ကုသိုလ်ကံကောင်း ထောက်မစွာ လရောင်ကလေး လင်းလာသောကြောင့် မှောင်မဲနေသော တောတစ်ခုလုံးမှာ အရင်ကလို ကြောက်စရာ မကောင်းပဲ သာသာယာယာ ရှိလာပြီဖြစ်ပါသည်။

မေမေလှသည် ကျွန်တော့်၏ ရင်ခွင်တွင်း ပြန်လည်ဝင်ရောက်ကာ မျက်ရည်တွေ စီးကျနေပြန်ပါသည်။

“မေ… ငိုနေသလား ဟင်… မိုးလင်းရင် ကိုယ်တို့ ကားလမ်းကို ရောက်ကြတော့မှာပဲ အချစ်ရယ်… ဘာပဲဖြစ်ဖြစ် ဒီညမှာတော့ ကိုယ်တို့အတွက်ဟာ ဒီသစ်ပင် အမှီပြုပြီး ဒုက္ခတွေကို မေ့ထားတာ အကောင်းဆုံး မဟုတ်လား အချစ်ရယ်…”

ကျွန်တော်က မေ့ပါးကလေးကို မွှေးရင်း… “ကဲ မေ… အိပ်လေ ကိုယ်တစ်ယောက်လုံး စောင့်ပြီး အိပ်မယ်လေ… အိပ်ပါ အချစ်ရယ်…” ဟု တင်ပါးကလေးကို ပွတ်သပ်ကာ ပြောလိုက်ပါသည်။

တစ်နေ့လုံး မောပန်းထားရသော ဒဏ်မှာ မေ့အတွက်တော့ ကျွန်တော့်၏ ရင်ခွင်တွင်းမှာပင် အိပ်ပျော် သွားရခြင်းသာလျှင် လန်းဆန်းလာရမည် မဟုတ်လား…။

ယခုတော့မေသည် အိပ်ပျော်သွားခဲ့ပါပြီ…။ လ ရောင်မှာ ပိုမိုလင်းထိန်၍ သာလာခဲ့ပါပြီ…။

ကဲ… ကျွန်တော့်အဖို့ မေ၏ သနားစရာကောင်းသော မျက်နှာကလေးကို ကြည့်ကာ ခလေး တစ်ယောက် ပမာ ကျွန်တော့်ရင်ခွင်တွင်းဝယ် ကွေးကွေးလေး မှေး၍ အိပ်ပျော်နေသော မေ့ကိုကြည့်ရင်း… ရန်ကုန်တွင် ကျန်ရစ်ခဲ့သည့် ကြွယ်ကြွယ်နှင့် ဒေါ်လေးမေတို့၏ မျက်နှာကို ကွက်ကနဲ မြင်ယောင်ပြီး ရင်ထဲတွင် နင့်ကနဲ ဖြစ်သွားရပါတော့သည်။

................................................................

ကျွန်တော်တို့နှစ်ဦး ကားလမ်းသို့ ရောက်လာသည်နှင့် တပြိုင်နက် ပထမဆုံးတွေ့ရသူမှာ ဗမာ့တပ်မတော်မှ ရဲဘော်များပင် ဖြစ်ပါသည်။

ပထမဆုံးတော့ ကျွန်တော်တို့မှာ အတော်လန့်သွားရသလို ရဲဘော်များ ထံကလည်း… “ဟေ့… ရပ်လိုက်” ဟူသော အော်သံကြီးက ထွက်ပေါ်လာပါသည်။ ကျွန်တော်တို့ တစ်ဦးနှင့် တစ်ဦး လက်တွဲလျှက် တုန်ရီစွာ ရပ်နေမိကြပါသည်။

ကျွန်တော်တို့ နှစ်ဦးမှာ လက်များမြှောက်ရင်းက… “ကျွန်တော်တို့ မနေ့က ကရင်ဓါးပြတွေက ကျွန်တော်တို့ ကားကိုတိုက်လို့ တောထဲထွက်ပြေးခဲ့ရတဲ့ လူတွေပါ ရဲဘော်…” ဟုပြောလိုက်မှ တပ်မတော် ရဲဘော်များက ဝမ်းသာအားရစွာ သူတို့၏ စခန်းသို့ ခေါ်ဆောင်သွားပါတော့သည်။

ကျွန်တော်တို့က ဓါးပြများ ပုန်းလျှိုးနေသော နေရာကို ပြေးရင်းလွှားရင်း တွေ့ခဲ့ကြောင်းပါ ပြောလိုက်သောကြောင့် တပ်မတော် ရဲဘော်များ လိုက်သွားရာ ကရင်ဓါးပြများကို လက်ရဖမ်းစီးလာပြီး ဆုငွေ ငါးထောင် ထုတ်ထားသည့် ဓါးပြတစ်ဦး မိလာသဖြင့် ထိုဆုငွေမှာ ကျွန်တော်တို့ ရမည်ဟု ဗိုလ်ကြီးလုပ်သူက ပြောလိုက်ပါသည်။

........................................................

ကျွန်တော်တို့ နှစ်ဦး ရန်ကုန်ပြန်မရောက်မီပင် သတင်းထောက်များက ဓါတ်ပုံများရိုက်ကာ သတင်းယူ သွားကြပါပြီ။ စစ်ဗိုလ်တွေကိုယ်တိုင်က ကျွန်တော်တို့ကို ကားဖြင့် ရန်ကုန်အထိ လိုက်ပို့လေရာ… ကျွန်တော်က မေတို့မိဘအိမ်ကို မသွားသေးပဲ ကျွန်တော်တို့အိမ်ကို အရင်လာခဲ့လေရာ ဒေါ်လေးမေနှင့် ကြွယ်ကြွယ်တို့က အင်မတန် အံ့အားသင့်နေကြပါသည်။

စစ်ဗိုလ်များ နှုတ်ဆက်၍ ပြန်သွားသောအခါတွင် ကျွန်တော်က ဖြစ်သမျှ အကျိုးအကြောင်း ရှင်းပြလေရာ ကြွယ်ကြွယ်မှာ မျက်ရည်ပေါက်ကြီးတွေ လိမ့်စီးကျလာပြီး အခန်းထဲကို ဝင်ပြေးသွားပါတော့သည်။

ထိုအချိန်မှာပင် မေ၏မိဘများပါ လိုက်လာပြီး “မင်းတို့ချစ်ခြင်းကို မခွဲပါဘူး ဒါပေမဲ့ သမီးကိုတော့ ပြန်ထည့်လိုက်ပါ” ဟု ပြောပါသည်။

ကျွန်တော်တို့ ဖြစ်ခဲ့ရသော ကိစ္စမှာ မမျှော်လင့်ပဲ ဖြစ်ခဲ့ရသော်လည်း ကျွန်တော်တို့အား နှစ်ဦးသဘောတူ ထွက်ပြေးကြသည်ဟုသာ ထင်နေကြပါသည်။ ကျွန်တော့်မှာ မေ့ကို ပြန်မထည့်လိုသော်လည်း မေကိုယ်တိုင်က ပြန်လိုက်သွားမည်ဟု ပြောသောကြောင့် ထည့်လိုက်ရပါသည်။

ထိုညတွင် ကြွယ်သည် ကျွန်တော့်ကို ဒေါသတကြီး ရန်တွေ့ကာ တကိုယ်လုံးကို ထုထောင်းသလို… ဒေါ်လေးမေကတော့ ခပ်အေးအေးပင်ရှိကာ…

“ခုမှတော့ မေမေလှနဲ့ ယူရလိမ့်မယ် မောင်စိန်တင် တစ်တိုင်းပြည်လုံး သိကုန်ပြီ…” ဟုပြောလိုက်ပါသည်။

ကျွန်တော်လည်း နှမ တဝမ်းကွဲ ကြွယ်ကြွယ့်ကို မြင်သောအခါ စိတ်မကောင်း ဖြစ်မိပါသည်။

သို့သော် ကုသိုလ်ကံမှာ ဆန်းကြယ်လှပါဘိသည်။ အဘယ်ကြောင့်ဆိုသော် မေမေလှကို သူ့မိဘများက မော်လမြိုင်ကို ကျွန်တော်နှင့် ခွဲပို့လိုက်လေရာ ကြွယ်ကြွယ်သာလျှင် နောက်ဆုံး လက်ထပ် ဇနီးဘဝ ရောက်လာရခြင်း ဖြစ်လေသတည်း…။

အခန်း (၁၁) ဇာတ်သိမ်းပိုင်း ပြီးပါပြီ။



........................................⭐⭐⭐⭐⭐........................................

အလုံးစုံ ပြီးပါပြီ။



စွံတဲ့ကိုကို အပိုင်း ( ၅ )

စွံတဲ့ကိုကို အပိုင်း ( ၅ )

ရေးသားသူ - ခင်လင်း

အခန်း ( ၉ ) အဆောင်ကူးလို့ရယ်

ကျွန်တော် အိပ်ယာမှ နိုးလာသောအခါတွင် အနီးရှိ စားပွဲငယ်ထက်တွင် တင်ထားခဲ့သော ကျွန်တော့် ရိုးမား လက်ပတ်နာရီကို ကြည့်လိုက်ရာ နံနက် ၃ နာရီပင်ထိုးနေပြီဖြစ်ပြီး… အပေါ်မှာလည်း ဇာချင်ထောင်ချ ထားပြီး စောင်တစ်ထည်ကလည်း လွှမ်းမိုးထားသောကြောင့် ကျွန်တော် အတော် အံ့အားသင့်သွားပြီး ဘယ်ဘက်မှ အသက်မှန်မှန်ရှူကာ အိပ်ပျော်နေသော ခင်မိမိလေးကိုသာ ခပ်ငေးငေး ကြည့်ရှုမိပါသည်။

ခင်မိမိလေးမှာ အအိုဟု ဆိုရလင့်ကစား အပျိုနှင့်မခြား လှပချောမွေ့... ရုပ်ရည်ရူပကာ စိုပြေ ပြည့်ဖြိုးလှသည့် ယမင်းရွှေစင် တစ်ပါးလို့ပင် ဆိုချင်ပါဘိသည်။

သူမ၏ မို့မောက် ပြည့်ဖြိုးသော ရွှေရင်အုံထက်မှ  ကော့ချွန်းနေသည့် ရင်သားအစုံမှာ အသက်ရှူလိုက်တိုင်း မြင့်ထွား ပွင့်ကားလာရပြီး အင်မတန်မှ ချစ်စရာကောင်းသော အလှမယ်တစ်ဦးကို မြင်နေရသလိုပင် ဖြစ်ပါသည်။

တစ်ညလုံး ဖြစ်ခဲ့ရသော အမှားတွေထက် အရသာ မပြေနိုင်သော အတွေ့ကိုသာ ကျွန်တော် တ.သ နေမိပါသည်။ တဖန် လာရင်းအကြောင်းကို တရွေ့ရွေ့ ဆင်ခြင်စဉ်းစားမိရာမှ အခန်းတစ်ခန်းထဲမှာ အရက်မူးမူးနှင့် အိပ်ပျော်နေသော ဒေါ်လေးမေကို သတိရမိပါသည်။

ထိုအချိန်ရောက်မှပင် ခင်မိမိလေး၏ စိတ်ဆန္ဒကို ကျွန်တော် အကဲခတ်မိပါတော့သည်။ ဒေါ်လေးမေ ရှိနေလျှင် ကျွန်တော်ကားဖြင့် လာခေါ်ရမည်ကို အတတ်သိနေသောကြောင့် ကျွန်တော်မရောက်ခင် ဒေါ်လေးမေအား အရက်ရက်နှင့် ဧည့်ခံလျှက် မူးအောင်တိုက်ထား ဟန်တူပါသည်။

ကျွန်တော် ရောက်လာသော အခါမှာလည်း ခင်မိမိလေးက သူမအလိုကျ လိမ်မာပါးနပ်စွာ ဆွဲဆောင် နိုင်ခဲ့ခြင်းဖြစ်ပါသည်။ တကယ်တော့လည်း ခင်မိမိလေး၏ အလိုဆန္ဒ ချစ်ရမ္မက်တွေကို ကျွန်တော် ဘယ်လိုမှ မကန့်ကွက်နိုင်သည့်အပြင် သူမ၏ အလိုဆန္ဒကို စိတ်ရော ကိုယ်ပါ လိုက်သွားရခြင်းသည် ကျွန်တော့်ဆန္ဒတွေက တဝက်လောက် သဘောတူပြီး ဖြစ်နေပြီး လိင်မတူသောသူ နှစ်ဦး၏ သွေးသားသောင်းကျန်းမှုမှာ ခရီး၏ အဝေးဆုံးသော အစွန်းနှင့် အမြင့်ဆုံးသော အထွဋ် အထိပ်ကို တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်က ခင်မိမိလေး၏ နှုတ်ခမ်းစုံကို စုပ်ယူလိုက်သည့်တိုင်အောင် သူမကမနိုးသေးပါ။ ကျွန်တော်က သူမ၏နှုတ်ခမ်းလေးကနေ နဖူးပြင်အထိ မွှေးလိုက်ပါသည်။ နောက်တော့ ကျွန်တော်က သူမ၏ အကာအကွယ် ကင်းမဲ့၍ ဝင်းဝင်းဝါဝါ ပေါ်လွင်နေသော ရင်သားနှစ်မွှာကို ပါးစပ်ဖြင့် တလှည့်စီ ငုံကာ စုပ်ယူလိုက်သည့် တိုင်အောင် ခင်မိမိလေးက မနိုးလာသေးပါ...

ကျွန်တော်က သူမ၏ နှုတ်ခမ်းစုံကို စုပ်ယူလိုက်ပြီးနောက် ပြည့်ဖြိုးဝင်းဝါနေသော ရွှေရင်အုံတွေကို  ဖိကိုင်ဆုပ်နယ်လိုက်သောအခါ… အင့် ကနဲ မြည်သံနှင့် လူးလွန့်လာပြီး မျက်လုံးတွေက အပြုံးပန်းတွေနှင့် အတူ ပွင့်လာကာ ကျွန်တော့်လည်ပင်းကို သူမ၏ နူးနူးညံ့ညံ့ ပြည့်ပြည့်ဖြိုးဖြိုး လက်မောင်းတွေဖြင့် ရစ်သိုင်းလိုက် ပါတော့သည်။

“အော်… မောင်လေး နိုးလာပြီနော်…”

ခင်မိမိလေးက အပြုံးပန်းတွေ ဝေဆာနေရင်း မေးလိုက်ပါသည်။ တကယ်လို့သာ သူမ၏ အလိုဆန္ဒကို တသက်လုံး လိုက်ကာ နေရမည်ဆိုလျှင်လည်း ကျွန်တော်က မညည်းမညူ လိုက်နေဦးမည် ဖြစ်ပါသည်။

သည့်နောက်တွင် ခင်မိမိလေးက…

“မောင်လေး မမကို ချစ်တယ်နော်… ချစ်တယ် မဟုတ်လား ဟင်…” ဟုမေးသောကြောင့်…

“ကျွန်တော် ချစ်တာတွေ မမကိုပြနေပြီ မဟုတ်လား… မမရယ်… သိပ်ချစ်တယ်… အားကြီးချစ်တယ်… ငုံထားလို့များ ရရင် ငုံ ထားချင်ပါတယ် မမရယ်…”

“ဟင်း ဟင်း… မင်း ဒါတော့ လွန်တယ် သိပ်ဆိုးတဲ့ ကောင်လေးပဲ… ကြည့်စမ်း…ကျိန်းတယ်ကွယ်… အို… အို… ကြည့်စမ်း အရမ်းကြီး ပွတ်ချေနေပြန်ပြီ ကွယ်…”

ကျွန်တော်က အားမရတိုင်း ခင်မိမိလေး၏ ပြည့်ဖြိုးသော ရွှေရင်အုံကြီးတွေကို ကိုင်တွယ် ပွတ်သပ်ပေး နေမိရာက အားမရတိုင်း ဖျစ်ညှစ်နေလေတော့ရာ သူမက မသက်မသာ ညည်းညူလိုက်ပါသည်။ ယခုတခါတော့ ကျွန်တော်ကချည်း လွန်ကဲနေမိပါတော့သည်။ ကျွန်တော်က သူမ၏ ရွှေရင်အုံထက်မှသည် အောက်ဖက်သို့ တရွေ့ရွေ့စုန်ဆင်းခဲ့ပါသည်။

ကျွန်တော်က သူမ၏ ဝန်းပျဉ်းသားလေးမှသည် အောက်နား ဆီသို့ လျောသပ်ကာ တရွေ့ရွေ့ လျှော ပွတ်ပြီး ရွရွဖွဖွလေး ကစားနေမိပါသည်။ ကျွန်တော့်သွေးတိုးနှုန်းတွေမှာ မြန်ဆန်လာသလို ခင်မိမိလေး ကိုယ်တိုင်လည်း ရင်တွေက မို့မောက်ကော့ပျံပြီး တဟင်းဟင်း ဖြစ်လာပါသည်။

ကျွန်တော်ကသူမ၏ တောင်ပူစာလေးဆီလျှောဆင်းကာ တရွရွ ပွတ်ချေလိုက်သောအခါမှာတော့…

“ဟင့် အင်း ကွယ်… မမကို မညှည်းဆဲပါနဲ့ ကွယ်…  အို အို… ကြည့်ပါလား… သူ့လက်တွေက ဘယ်နှိုက်နေ ပြန်ပြီလဲ…” ဟုပြောရင်း သူမ၏တကိုယ်လုံးမှာ ထိုးထိုးထွန့်ထွန့် ဖြစ်လာပါတော့သည်။

ကျွန်တော်ကလည်း မိန်းမအကြောင်း သိနေပြီသည့်အတိုင်း သူမ၏ ဆန္ဒ ခလုပ်တွေကို တစ်ခုပြီးတစ်ခု လိုက်လံ ဖွင့်ပေးခြင်းဖြင့်… ခင်မိမိလေးမှာလည်း ကျွန်တော့်၏အလိုကျ ဖြစ်လာခဲ့ရပြန်ပါသည်။ ထို့ကြောင့် ကျွန်တော်က ခင်မိမိလေး၏ ကိုယ်ပေါ် ဖိချလိုက်ရာ သူမ၏ ဖြူဖြူဖွေးဖွေး ပေါင်ကြီးတွေပေါ် ကျော်လွှား၍ ပေါင်ခြင်းလိမ်ချိတ်ကာ ပူဆာနေပြီဖြစ်သော ရေအိုင်သာလေး အတွင်းသို့ ခုန်ဆင်းလိုက်ပါသည်။

ခင်မိမိလေးကိုယ်တိုင်လည်း စိတ်ပါလက်ပါ ဘက်ညီသော အခြေအနေတွင် အချစ် ရေယာဉ်ကြောဝယ်

တသိမ့်သိမ့် မြောပါသွားကြပြန်ပါသည်။

.......................................................................

ကျွန်တော်က ဒေါ်လေးမေကို ဒေါ်ခင်မိမိလေးတို့အိမ်မှ ခေါ်လာလျှင်ကား ကြွယ်ကြွယ့်မှာ ကျွန်တော့်အား မကြေမနပ်နှင့် အိမ်ရှေ့မှ စောင့်စားကာ ကြည့်ရှုလျက် ရှိပါသည်။ ကြွယ်ကြွယ့်ထက် ဒေါ်လေးမေကလည်း ကျွန်တော်နှင့် ခင်မိမိလေး ဖြစ်ပျက်ခဲ့သည်ဟု သင်္ကာမကင်း ဖြစ်နေပါသည်။

ကျွန်တော်က ဒေါ်လေးမေကို အခန်းအပြင်ဘက်တွင် မိုးလင်းအောင် ငုတ်တုတ် စောင့်ခဲ့ရပုံကို ပြောသောအခါတွင် ဒေါ်လေးမေက ယုံကြည်ပုံမရပါ။ ကျွန်တော် စိတ်စိုးသလိုနှင့်မိမိ၏အခန်းသို့ ဝင်ရောက် လာသောအခါမှာတော့…

“မောင်လေးက သိပ်စိတ်ဆိုးသွားလား ဟင်… မမက စိတ်စမ်းကြည့် တာပါကွယ်…” ဟုပြောလိုက်ပါသည်။

ကျွန်တော်က ကြွယ်ကြွယ့်ကို ကျောင်းလိုက်ပို့သောအခါ ကြွယ်က သူဘယ်လိုဖြစ်မှန်းမသိ မူးနောက် နောက် ဖြစ်နေကြောင်း ပြောဆိုပါသည်။ တစ်ခါတစ်ခါ အော့အန်ခြင်း ဖြစ်နေသောကြောင့် ကျွန်တော့်အား သူမ ထင်မြင်ချက်ကို ပြောပြပါသည်။

“ဖြစ်နိုင်မယ် မထင်ပါဘူး ကြွယ်ရယ်… ဒီလောက်တောင် မြန်မြန်ဆန်ဆန် ဆိုတော့ အတော် အံ့သြစရာ ကောင်းတာပဲ…”

“ဒီလိုပဲ ဖြစ်နိုင်တယ်လို့ ပြောကြတာပဲ ကိုလေးရယ် ကြွယ်တော့ အားကြီးစိတ်ညစ်တာပဲ…”

“အို… ဘာစိတ်ညစ်စရာ ရှိလို့လဲ ကြွယ်ရယ် စာမေးပွဲ ပြီးသွားရင် ကိုလေးနဲ့ကြွယ်တို့ တခါတည်း လက်ထပ်လိုက် ကြမယ်လေ… ကြယ်နဲ့ ကိုလေးဟာ မောင်နှမ တဝမ်းကွဲဖြစ်လို့ မယူရဘူးဆိုတာ ဘယ်ဥပဒေမှာမှ မရှိပါဘူး ကြွယ်…”

ကျွန်တော်က ပြောရင်ဆိုရင်း ကြွယ်၏ ပါးလေးကို မွှေးလိုက်ပါသည်။ ကြွယ့်ကို ကျောင်းလိုက်ပို့ပြီးတော့ ကျွန်တော့်မှာ ကျောင်းသွားချင်သောစိတ်မရှိပါ။ ဒါပေမဲ့ ကျွန်တော့်ကျောင်းမှ သူငယ်ချင်းတွေဖြစ်သော ပီတာကျော်နှင့် မောင်လွင်တို့က အိမ်ကိုရောက်နေပြီး…

“ဟေ့… ဒီနေ့ ကျောင်းမှာ စကားရေလုပွဲ ရှိတယ်ကွ ဝင်ကြိတ်လိုက်စမ်း စိန်တင်ရာ…” ဟုပြောကာ ကျွန်တော့်ကို အတင်းဆွဲခေါ်သဖြင့်…

“ကျောင်းမတက်ချင်ပါဘူး မောင်လွင်ရာ ညက နဲနဲနေမကောင်းလို့ ခေါင်းတွေတောင် အတော်မူးနေတယ်ကွာ မလိုက်ပါရစေနဲ့လား…”

“အို… ဘယ်ဖြစ်ပါ့မလဲ တို့ကျောင်းမှာ မင်းတစ်ယောက်ရယ် ဝင်းမောင်ရယ်ပဲ ပြောရဲဆိုရဲ ရှိတာကွ… ဟိုဘက်က မေမေလှတို့က မင်းမပါလို့ တို့အပေါ်စားသွားရင်… သိပ်ရှက်စရာ ကောင်းမှာမို့လို့ပါကွာ ဒီတစ်ခါတော့ လိုက်ခဲ့စမ်းပါဦး…”

ပီတာကျော်နှင့် မောင်လွင်တို့က အတင်းပင် ဆွဲခေါ်နေလေတော့… ကြားထဲက အရိပ်အခြေ ကြည့်နေ သော ဒေါ်လေးမေ ကိုယ်တိုင်က မနေနိုင်တော့ပဲ…

“ကဲ မောင်လေး… လိုက်သွားလိုက်ပါကွယ် ဒီလောက်တောင် ခေါ်နေတော့လဲ အားနာစရာ ကောင်းလှပါတယ်…” ဟု ပြောလိုက်ပါသည်။

ထိုကဲ့သို့ ဒေါ်လေးမေက ကြားဝင်ကာ ပီတာကျော်တို့၏ စကားကို ထောက်ခံလိုသဖြင့် ပီတာကျော်တို့ဘက်က မလွတ်တမ်းပင် ဒလကြမ်း ဆွဲခေါ်ပါတော့သည်။

ကျောင်းမှာတော့ မေမေလှက စကားအဆို ဘက်တွင် ကျောင်းသူများဘက်မှ ခေါင်းဆောင်ဖြစ်သလို ကျောင်းသားများ ဘက်မှလည်း ကျွန်တော်က အချေ ဘက်က ဖြစ်ပါသည်။

ကျောင်းသားတွေက မေမေလှတို့ အုပ်စုကို အပြတ်အသတ် အနိုင်ပြောရန်အတွက် အင်မတန် စိတ်အားထက်သန်နေကြပါသည်။ ကျွန်တော်တို့ပြောဆိုရမည့် အခြေတင် စကားရည်လုပွဲမှာ “အမျိုးသမှးတွေ ဖျက်စီးသူမှာ ယောကျ်ားတွေဖြစ်သည်” ဟူ၍ ဖြစ်ရာ ကျွန်တော်က “အမျိုးသမီးတွေသာ ယောကျ်ားတွေကို ဖျက်စီးသူများ ဖြစ်ကြောင်း…” ပြောဆိုရမည် ဖြစ်ပါသည်။

ကျွန်တော်တို့ ဆရာကြီးနှင့် လက်ထောက်ကျောင်းဆရာတွေက အဆုံးအဖြတ်ပေးရမည် ဖြစ်ပါသည်။ စကားရည်လုပွဲမှာ ကျောင်းဆင်းချိန်မှ စပြီး ကျင်းပမည်ဖြစ်ရာ ပြင်ပမှ လူကြီးများကိုပါ ဖိတ်ခေါ်ထားပြီး ကျောင်းရံပုံငွေမှ လဖက်ရည်နှင့် မုန့်များလည်း ဧည်ခံမည်ဖြစ်ပါသည်။

ကျွန်တော်သည် လောကဇာတ်ခုံတွင် အမျိုးမျိုး ကခုန်နေရသော ဇာတ်လိုက်တစ်ယောက်ပမာ ဖြစ်နေပါသည်။ အမျိုးသမီးများဘက်မှ ခေါင်းဆောင်ဖြစ်သူ ခင်မေမေလှနှင့် မြင့်မြင့်ဆန်းဆိုသော အမျိုးသမီးတို့မှစတင်၍ ပြောဆိုပါသည်။

ယောကျ်ားများဟာ ကျားသတ္တဝါနှင့် အင်မတန်တူကြောင်းက စတင်၍… အစချီပါတောသည်။ ကျွန်တော်တို့ဘက်မှ ကျောင်းသားတွေက တုတ်တုတ်မျှ မလှုပ်ပဲ ငြိမ်သက်နေပေမဲ့ အမျိုးသမီးတွေဘက်မှ အားရ ပါးရ လက်ခုပ်တီး သြဘာပေးလျှက်ရှိပါသည်။

ခင်မေမေမလှသည် ချောမောလှပကာ ၅ပေ ၅လက်မ လောက်ရှိသော အရပ်အမောင်းနှင့် လိုက်ဖက်သော ကိုယ်လုံးကိုယ်ဖန်မှာ အင်မတန် ကြည့်ရှုကောင်းပေ၏။ သူမ၏ နှုတ်ခမ်းလေးတွေတွန့်ပုံ နှင့် မျက်ခုံး ဝိုက်ဝိုက် လေးတွေ မြင့်တက်သွားပုံ… တစ်ခါတစ်ခါ ဖြူဖွေးပြောင်းနွဲ့သည့် လက်ချောင်းလေးတွေထောင်ကာ၎င်း… စာအုပ်ကလေး လက်ညှိုးနှင့် လက်မကြားညှပ်ကာ၎င်း စကားပြောဆိုနေခြင်းက… သူမ၏စကားထက် သူမ၏ အမူအရာက အင်မတန် နှစ်မြို့စရာ ဖြစ်နေရလေသည်။

ယောကျ်ားတွေကို ကျားသတ္တဝါနှင့် နှိုင်းကာ အမြို့မြို့ အရွာရွာတွင် မိန်းကလေးများအား ငွေပေး၍ တစ်ဖုံ အမွှေနည်းဖြင့်တစ်မျိုး အကျင့်ဆိုး ဖေါက်ပြန်မှုကြောင့် မိန်းကလေးတွေသည် ကျားသတ္တဝါတို့၏ ဖျက်စီးခြင်းခံနေရသည်ကို ပြောဆိုကာ ဘုရားအလောင်း နုစဉ်ဘဝတုန်းကပင် စိန ္တမာနအလောင်း ရသေ့မကို ဖျက်စီးခဲ့ဘူးကြောင်း ထို့ကြောင့်ပင် အမျိုးသမီးတွေကို ဖျက်စီးနေသူမှာ ယောကျ်ားတွေ ဖြစ်ကြောင်း ပြောဆိုသွားသောကြောင့် လက်ခုပ်သံ တစ်ဖြောင်းဖြောင်း ဖြစ်သွားပါတော့သည်။

ကျွန်တော်တို့ အလှည့်သို့ ရောက်သောအခါ ခပ်စောစောက တွေးထားသည့်အတိုင်း ကျွန်တော်က မေမေလှ စိတ်ဆိုးအောင် လုပ်ရမည်ဟု နားလည်ထားပါသည်။ ကျွန်တော်ကိုယ်တိုင် မေမေလှ စိတ်ဆိုးခြင်းကို ကြည့်လိုလှပါသည်။ လှပသော မိန်းမများ စိတ်ဆိုးသောအခါ အင်မတန် ကြည့်ရှုကောင်းလှသည် မဟုတ်ပါလော… ။

ကျွန်တော်က အမျိုးသမီးတွေ ဘာကြောင့် ယောကျ်ားတွေကို ဖျက်စီးနေသည်ဟု ဆိုရကြောင်းကို စကား ပလ္လင်ခံလျှက်…

“ပထမ ကမ္ဘာစစ်ကြီးတွင် ကမ္ဘာကျော် သူလျှိုမယ် မတာဟရီမှာ ယောကျ်ာတွေကို ဖျက်စီးပြီး အတင်းယူခဲ့ကြောင်းနှင့် မြတ်စွာဘုရား ဘဝမှာပင် စိန ္တမာနက ဘုရားကိုပျက်စီးအောင် ဆောင်ရွက်ခဲ့ကြောင်း… တဖန် ကျွန်တော်က ဆက်လက်၍ ယနေ့ ယောကျ်ားတွေကို ဖျက်စီးသူများကို ကြည့်လျှင် အမျိုးသမီးတွေသာ ဖြစ်ကြောင်း ထိုအမျိုးသမီးများမှာ နိုင်လွန်အင်္ကျ ီ ဝတ်သူများနှင့် ရေကူးဝတ်စုံဖြင့် မယ်ရွေးပွဲ ဝင်ပြိုင်သူများသာ ဖြစ်ကြောင်း ပြောဆိုရာ ကျောင်းသားများ မှာ ဟီးဟီး ဟားဟား ဟူ၍၎င်း… အချို့က ဘောပွဲဆန်ဆန် ဂိုးဂိုး… ဂိုးဂိုး… ဟု အတော်သဘောကျစွာ အော်လိုက်ကြပါသည်။

ကျွန်တော်တို့ ကျောင်းတွင် ဂိုး ဟုအော်လိုက်လျှင် အမျိုးသမီး ကျောင်းသူတွေအဘို့ အတော်ကလေး အောင့်သက်သက် နိုင်သွားရသည် ချည်းဖြစ်ပါသည်။

ယခုကျောင်းသူအမကြီးများ၏ ပညာရှိကြီးကိုယ်တိုင်မိမိရဲ့ ကိုယ်ကို ပြန်ကြည့်နိုင်ပါတယ်… ။ ခေါင်းဆောင်လုပ်နေတဲ့ မေမေလှကိုယ်တိုင်ပဲ နိုင်လွန်ပါးပါးနဲ့ ဝတ်ပြထားပြီး အတွင်းက ဘရာစီယာဆို၍ ဘာမှခံမထားလေတော့… ဟဲဟဲ… ပြောရရင် ကျွန်တော်က မေမေလှကို ကြည့်ပြီးရင်း ကြည့်ချင်ရင်းပဲ ဆိုပါတော့ဗျာ…”

“ဂိုးဂိုး… ဂိုးဂိုး…”

ကျောင်းသားတွေက ပွက်လေရိုက်သွားတော့ရာ ကျွန်တော်တို့၏ သဘာပတိ ကျောင်းဆရာကြီးက ခေါင်းလောင်းတီး၍ ရပ်ခိုင်းလိုက်ရပါသည်။

ကျွန်တော်ပြောလိုက်သော စကားကြောင့် မေမေလှမှာ မျက်နှာတွေ အတော် နီမြန်းကာ ဆတ်ကနဲ မတ်တပ်ထရပ် လိုက်သည်ကိုလည်း တွေ့ရပါသည်။

“ဆရာ ဒါကျွန်မကို သက်သက်မဲ့ စော်ကားတာ ကျွန်မ မခံနိုင်ဘူး…”

ထိုသို့ မေမေလှက ပြောလိုက်သောကြောင့် ကျောင်းသားတွေက ဝါးကနဲ ပွဲကျသွားပါတော့သည်။ ထို့နောက်တွင် ကျောင်းဆရာကြီးက မည်သူ့ကိုမှ အနိုင်မပေးပဲ သရေပွဲပေးကာ သြဝါဒပေးပြီး စကားရည်လုပွဲကို ရုပ်သိမ်းလိုက်ပါသည်။

ကျွန်တော်တို့ကျောင်း ဘယ်နေရာတွင်ရှိသည်ကို မပြောလိုသော်လည်း ပြည်လမ်းမှ ထင်ရှားသော ကျောင်းတစ်ကျောင်းလို့တော့ ဆိုချင်ပါသည်။ ကျောင်းထဲတွင် ကျွန်တော်နှင့် ကျောင်းသားတစ်စု ရပ်ပြီး စကားပြောနေသော နေရာကို မေမေလှ လိုက်လာပြီး ကျွန်တော့်အား…

“ကိုစိန်တင် ခဏ…” ဟုခေါ်သောကြောင့် ကျွန်တော်က အမှတ်တမဲ့ပင် သူမဆီသို့ တန်းသွားခဲ့ပါသည်။

“ရှင်က ကျွန်မကို ကြည့်ပြီးရင်း ကြည့်ချင်ရင်း ဆိုတော့ ကြည့်ချင်ဦးလေ… ကြည့်ချင်ဦး…”

မေမေလှ၏ ညာဘက်လက်က မြောက်တက်သွားပြီး ကျွန်တော့်ပါးပြင်ဆီသို့ အရှိန်ပြင်းပြင်းနှင့် ကျရောက်ကာ ဖြန်းကနဲ မြည်သွားပါတော့သည်။ ကျွန်တော် ဘယ်လိုမှ မကာကွယ်မိခဲ့ပါ။ သူမ ချာကနဲ လှည့်ထွက် သွားသောအခါ သူမ၏ကျောပြင်ကိုသာ ကြည့်လျှက် မိမိပါးကို တစ်ချက်မျှ စမ်းရင်း ကျွန်တော်၏ မိတ်ဆွေ ကျောင်းသားများဆီကိုသာ လှည့်၍လာခဲ့မိပါသည်။

ကျွန်တော်က ဝမ်းမနည်းမိသည့် အပြင် သူမ ဒေါသဖြစ်လိမ့်မည်ဟုလည်း ကြိုတင် တွက်ထားမိ သောကြောင့် ကိုယ်သာခံရခြင်းဟု စိတ်ဖြေဖျောက်ကာ ပြုံးလိုက်ပါသည်။ အမှန်တော့ ဤမျှအရုပ်ဆိုးအောင် ဖြစ်လိမ့်မည်ဟု ကျွန်တော် မယုံကြည်ခဲ့ပါပေ ကျွန်တော့်သူငယ်ချင်းတွေက…

“ခင်ဗျားက ဘာလို့ခံနေလဲဗျ ကောင်မက သိပ်လူပါးဝတာဗျာ…”

“မဟုတ်ဘူး ကိုယ့်လူ စိန်တင်ကို အချစ် တံဆိပ် ခတ်သွားတာကိုယ့်လူ…”

ကျွန်တော့် သူငယ်ချင်းတွေက အမျိုးမျိုးပြောသည့်တိုင်အောင် ကျွန်တော့်မှာ ရီမောရုံမှအပ ဘာမှမဖြစ် သလို ခပ်အေးအေးပင် အိမ်ကို ပြန်လာခဲ့ပါသည်။ ဒါပေမဲ့ မေမေလှ ကိုတော့ တစ်နေ့တွင် တွေ့ဆုံရလိမ့်ဦးမည်ဟု ကျွန်တော်တွက်ထားခဲ့ပါသည်။ တစ်နေ့တွင် ကျွန်တော်ထင်ထားသကဲ့သို့ပင် ပဲခူး ဘုရားဖူးသွားရန် အရေးဖြစ်ပေါ် လာခဲ့ပါသည်။

ကျွန်တော်က ဒေါ်လေးမေကိုရော ကြွယ်ကြွယ့် ကိုပါ ပဲခူဘုရားဖူး ကျောင်းသားတွေ စုဝေးသွားရမည် ဖြစ်သောကြောင့် လိုက်ဦးမလားဟု မေးရာ ကြွယ်ကြွယ်က ဒီလိုဆိုယင် မူမူတို့အိမ်ရော ဝင်လာပါဦးလားဟု ကျွန်တော့်ကို ပြောလိုက်သဖြင့်…

“မူမူတို့အိမ်ဝင်ရအောင် သူ့မှာ လင်ကြီးနဲ့မဟုတ်လား ကြွယ် ပြီးတော့ သူ့အိမ်ကိုလဲ ကိုယ်က သိတာမှမဟုတ်ပဲ…”

ကျွန်တော်က ပြောလိုက်သောကြောင့် ကြွယ်က မျက်စောင်းလေး ထိုးပြီး မျက်ခုံးတွေကို မြှင့်ကာ…

“ဒါတော့ ဘယ်သိမလဲ ကိုလေးရယ်… ဘုရားလဲဖူး လိပ်ဥလဲတူးရအောင် သွားသလားမှ မသိပဲ…”

“ကြည့်စမ်း ကြွယ်ဟာ ကိုလေးကို မဟုတ်ပဲနဲ့ အရမ်း စွပ်စွဲနေပြန်ပြီ…”

ကျွန်တော်က ပြောရင်း ကြွဝ်၏ နဖူးလေးကိုထုကာ ပါးကလေးကို မွှေးလိုက်ပါသည်။ ညဘက်တွင် ဒေါ်လေးမေက ခင်မိမိလေးတို့အိမ်ကို ကားဖြင့် လိုက်ပို့စေပါသည်။ ကြွယ်ကြွယ်က ကျွန်တော့ကို ရုပ်ရှင် လိုက်ပို့ရမည် ဆိုသောကြောင့် ကျွန်တော်က ရုပ်ရှင် ပြီးလျှင် မမကို ဝင်ခေါ်မည်ဟု ဒေါ်လေးမေကို အင်းယားတွင် ရှိသော ဒေါ်ခင်မိမိလေး၏အိမ်ကို ကားဖြင့် သွားရောက် ပို့ခဲ့ပါသည်။ ကားပေါ်တွင် ကြွယ်လည်း ပါာလခဲ့ပါသည်။ ဒေါ်ခင်မိမိလေး၏ တိုက်ကိုရောက်သောအခါ သူမ ကိုယ်တိုင်က ကပြာကယာ ခရီးဦးကြို၍ တိုက်ထဲသို့ ခေါ်ငင်ပါတော့သည်။

ခင်မိမိလေး ကိုယ်တိုင်လည်း အပျိုလေး ရှုံးအောင် ဝတ်ဆင်ထားသည်ကို မက်မောဖွယ်ရာ တွေ့မြင် ရပါသည်။ ကျွန်တော်က ခင်တော်က ခင်မိမိလေးအား

“ဟောဒီက ညီမလေးကို ရုပ်ရှင် လိုက်ပို့ရဦးမယ် မမ… ရုပ်ရှင်က ပြန်တော့မှပဲ ကျွန်တော် ဝင်ခဲ့တော့မယ်…”

ဟုပြောလိုက်သောအခါတွင် ဒေါ်ခင်မိမိလေးက အဓိပ္ပါယ် လေးနက်စွာဖြင့် ကျွန်တော်တို့ နှစ်ဦးကို အကဲခတ် ကြည့်လိုက်ကာ ခပ်လေးလေး ခေါင်းငြိမ့်လိုက်သည်ကို တွေ့ရပါသည်။

“ဒါဖြင့် ရုပ်ရှင်ကပြန်ရင် မမတို့ဆီဝင်နော်… မမ တို့ကတော့ မျှော်နေမှာပဲ မင်းမမကိုလည်း ဝင်ခေါ်ရဦးမှာပဲ မဟုတ်လား ကွယ်…”

ခင်မိမိလေးက ဒါပဲပြောလိုက်ပါသည်။ ကျွန်တော်က စက်နှိုးကာ ဆက်လက် မောင်းထွက်ခဲ့ပါသည်။ ကြွယ်ကြွယ်က သူမ၏ နာရီလေးကိုကြည့်လျှက်…

“အကိုလေး ၆ နာရီတောင်ထိုးနေပြီ…” ဟုပြောလိုက်ပါသည်။

“မှီပါတယ်ကြွယ်ရယ် စိတ်သာချပါ ဟိုကျ သတင်းကားတွေပြတာနဲ့ အချိန်ကုန်ဦးမှာပဲ…”

ကျွန်တော်တို့ ပလေဒီယံရုပ်ရှင်ရုံ (ပလေဒီယံရုပ်ရှင်ရုံသည် နောင်အခါတွင် ပပဝင်းရုပ်ရှင်ရုံဟု အမည် ပြောင်းလိုက်ပြီး ယနေ့ခေတ် ကုန်သည်ကြီးများဟိုတယ်-Traders Hotel နေရာတွင် တည်ရှိခဲ့ပါသည်။) ရောက်သောအခါတွင် အတော်ပင် ဟန်ကျသွားပါသည်။ အချိန်မှာ ၆ နာရီခွဲ၍ စတင်ပြရန် အချက်ပေး ဘဲလ်သံက ဆူညံစွာ ထွက်ပေါ်နေပြီ ဖြစ်ပါသည်။

ကျွန်တော်တို့က လေးကျပ်တန်းမှ လက်မှတ်ကိုယူကာ အပေါ်ထပ်ကို တက်ခဲ့ပါသည်။ ကျွန်တော်တို့ ခုံမှာ နောက်ဆုံး၏ ရှေ့တစ်တန်းတွင် အလယ်ပင်းမှ ရသောကြောင့် အတော်အဆင်ပြေသွားရပါသည်။

ကျွန်တော်တို့၏ နောက်မှလူများကို သတိမထားခဲ့လင့်ကစား အင်တာဗယ် ပေးသောအခါမှာတော့ မီးတွေက ထိန်ထိန်လင်းလာတော့ ကျွန်တော်တို့နောက်မှ လူများကို ကျွန်တော် ဂရုထားကြည့်မိပါသည်။ ကြုံချင်တော့လည်း တဦးနှင့် တဦး ချိန်းဆိုထားခြင်း မရှိပါပဲ ကြုံရဆုံရတတ်သော တိုက်ဆိုင်မှုကို အင်မတန်မှ အံ့သြနေရပါသည်။

“ဟော… ကိုစိန်တင်ပါလား”

“ဟော… မူမူ…”

“ဟင်… မူမူ… မင်းနဲ့ ကွာ တို့အိမ်တောင် မဝင်ဘူး…”

ပထမ စတင်၍ ခေါ်လိုက်သူမှာ မူမူဖြစ်၍… ဒုတိယမှာ ကျွန်တော်ဖြစ်ကာ… တတိယမှာ ကြွယ်ကြွယ်ဖြစ်ပြီး… ကြွယ်ကြွယ်က အိမ်မလာရကောင်းလားဟု ချက်ချင်းဆိုသလိုပင် အပြစ်တင်လိုက်ပါတော့သည်။

ကျွန်တော်က မူမူနှင့် ယှဉ်တွဲထိုင်သော သူမ၏မောင်တော် သူဌေးကလေးကို ကြည့်မိသလို သူဌေးလေးကလည်း ကျွန်တော့်ကို အကဲခတ်သလို ကြည့်လိုက်ပါသည်။

“ကိုကို… ဟောဒါ မူနဲ့ ကျောင်းနေဘက် ကြွယ်ကြွယ်လေ… မူခဏခဏ ပြောနေတဲ့ ကြွယ်တို့ မောင်နှမပေါ့… သူ့နာမည်ကတော့ ကိုစိန်တင်တဲ့လေ… ကိုစိန်တင် ဒါ မူ့ရဲ့ ဒါလင် ကိုသက်ဝင်း ဆိုတာပေါ့။ မင်္ဂလာဆောင်တုန်းက ဘာလို့ မလာကြတာလဲ ပြောစမ်း…”

မူမူက ကိုသက်ဝင်းနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးရင်းက သူတို့ မင်္ဂလာဆောင် မလာကြသည့်အတွက် အပြစ်ဆိုလိုက်ပါသည်။ မူမူသည် ကျွန်တော်နှင့် အမှတ်တမဲ့ ပြန်ဆုံလိုက်ခြင်းအတွက် ဝမ်းသာလွန်းသောကြောင့် မျက်ရည်တွေပင် မျက်လုံးအိမ်တွင်းက ပတ်လည်ဝိုင်းလာသည်ကို ကျွန်တော် မြင်လိုက်ရပါသည်။

“ကျွန်တော်တို့ ရန်ကုန်မှာ ကိစ္စတစ်ခုနဲ့ လာခဲ့တာဗျာ အခုမိုးချုပ်ကာနီးမှ ရောက်တယ် နက်ဖြန်ကာဆိုလဲ ချက်ချင်း ပြန်ရမှာမို့ ရုပ်ရှင် လိုက်ပြတာပဲ…”

ကိုသက်ဝင်းက အထက်ပါအတိုင်း ပြောဆိုရင်း ကျွန်တော်တို့အား ပဲခူးရောက်ရင်ဝင်ခဲ့ရန် လိပ်စာများ ပြောလျှက်ရှိပါသည်။ ကျွန်တော်ကလည်း ပဲခူးလာဖြစ်ရင် ရောက်အောင် ဝင်ခဲ့မည်ဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။

ခပ်ရှင်းရှင်း ပြောရသော် မူမူ၏ မျက်လုံးတွေမှာ ကျွန်တော့်အား စကားတွေများများ ပြောချင်နေပုံရပါသည်။ မူ၏ မျက်စိတွေကို ကြည့်ရသည်မှာ ကျွန်တော့်ကို မြင်ရသည့်အတွက် သူမ၏မျက်နှာကလေးမှာ အတော်ကလေး ဝမ်းသာပျော်ရွှင်နေဟန် တူပါသည်။

မူ၏ရုပ်ရည်မှာ ကိုသက်ဝင်းနှင့် ရသော်လည်း ကျသွားဟန်မတူသော်လည်း အနည်းငယ်ပင် ပိန်လာသည်ဟု ကျွန်တော် ထင်မိပါသည်။ ကိုသက်ဝင်း၏ ရုပ်ရည်မှာ တကယ်တော့ မူမူနှင့် ဘယ်လိုမှ လိုက်ဖက်သည့်သူ မဟုတ်ပါပေ။ အသားဖြူသည်ကလွဲ၍ ကြည့်ရှု၍ မကောင်းသော လူတစ်ယောက် ဖြစ်ပါသည်။ သူ၏မျက်မှာ ကျောက်ပေါက်မာတွေ ရှိနေပြီး ပိန်ညှော်ညှော် လူတစ်ယောက်ဖြစ်ကာ ကျန်းမာခြင်းနှင့် ပြည့်စုံဟန်လည်း မတူပါ။ ထိုကဲသို့ ကျန်းမာရေး ပြည့်စုံခြင်းမရှိသော လင်တော်မောင် တစ်ယောက်မှာ ဇနီးသက်ထား၏ အလိုဆန္ဒကို အဘယ်မှာ ပြည့်စုံအောင် ပေးစွမ်းနိုင်ပါမည်နည်း။

ကိုသက်ဝင်းက…

“ကျုပ်တို့လည်း နောက်တစ်လလောက်ဆိုရင် ရန်ကုန် ပြောင်းဖို့ စိတ်ကူးထားတယ်ဗျာ… ပဲခူးမှာ နေရတာ တယ်စိတ်မချမ်းသာဘူး…” ဟုပြောလိုက်ပါသည်။

ကိုသက်ဝင်းတို့လို သူဌေးကလေး တစ်ဦးက ပြောလိုက်သောကြောင့် ကျွန်တော် အင်မတန်မှ အံ့သြနေ ပါတော့သည်။

“ကျုပ် ရန်ကုန်မှာ အလုပ်တိုက် ဖွင့်ဘို့ စိတ်ကူးထားတာပဲ။ ဒါမှမဟုတ်လဲ သစ်စက်တစ်စက် ရန်ကုန်မှာ ဖွင့်ဖို့ လျာထားတာပဲ… အခု ခင်ဗျား ဘာလုပ်သလဲ ကိုစိန်တင်…”

“ကျွန်တော်က ကျောင်းသားပေါ့ဗျာ ဒီနှစ် မက်ထရစ် အောင်ရင်အောင်… မအောင်လဲ ဖါးသားကြီးရဲ့ စက်ကို ဝင်လုပ်ဖို့ စိတ်ကူးထားတာပဲ… ခင်ဗျားအခု စိတ်ကူးတဲ့ သစ်စက်မျိုးပဲပေါ့ ခင်ဗျာ ဒီဘက်မှာတော့ ကျွန်တော်လဲ ကျွမ်းကျင်ခဲ့ပါတယ်…”

“အို ဟန်ကျတာပေါ့ဗျာ ၁ဝ တန်းအောင်ဖို့ မလိုပါဘူး ကျုပ်သစ်စက်သာ အတည်ဖြစ်သွားရင် ခင်ဗျား ဝင်ကူညီ ပေးပါလား…”

“အမလေး… ဘာမှဖြင့် မလုပ်ရသေးဘူး အလုပ်ခန့်ချင်တဲ့ ဆရာကြီးကလဲ လွန်ရော ရုပ်ရှင် ဆက်ပြနေပြီ ကိုကိုဝင်း…”

ဟု မူမူက ကြားထဲမှ ပြောလိုက်သောကြောင့် ကျွန်တော်တို့ စကား အဆက်ပြတ်သွားကာ ရုပ်ရှင်ကို ဆက်လက်ကာ ကြည့်ရပါတော့သည်။

...........................................................

ကျွန်တော်တို့ ရုပ်ရှင်ပြီး၍ ထွက်လာသောအခါတွင် မူမူက ပဲခူးသို့ လာရောက်လည်ရန် တတွတ်တွတ် မှာကြားလိုက်ပါသည်။ ကျွန်တော်က ကြွယ်ကြွယ့်ကို အိမ်ကို ချက်ချင်း ပြန်မပို့သေးပဲ အင်းယားရှိ ဒေါ်ခင်မိမိလေး၏ တိုက်ကို ကားကလေးမောင်း၍ လာခဲ့ပါသည်။

ကြွယ်က ကျွန်တော့်ဘေးမှ သူမ၏ခေါင်းလေးကို ကျွန်တော့်၏ပခုံးပေါ်တွင်မှီကာ ပါလာခဲ့ပါသည်။

“ကြွယ် ကိုယ်တို့ မမကို မခေါ်ခင် အင်းယားမြိုင်ဟော်တယ်ကိုခဏ ဝင်ရအော်လား...”

“ကိုလေးမှာငွေ ပါလာလို့လား ကြွယ်တော့ မပါဘူး…”

“ပါပါတယ် ကြွယ်ရဲ့… ကိုလေးအိမ်က မနေ့ကမှ ငွေ သုံးရာ တင်ပေးလိုက်သေးတာပဲ…”

ကျွန်တော်က ငွေပါသော အတွင်းအိတ်ကို အင်းယားမြိုင် ဟော်တယ်မှာ အင်းယားကန်ဘက်ကို မျက်နှာမူလျှက် ဆောက်ထားကာ ၂ထပ်တိုက် အဆောက်အဦး ပင် ဖြစ်ပါသည်။

အမှန်ကတော့ ကျွန်တော်လည်း ကောင်းသူ မဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင်က အရက်နှင့် ပျက်စီးကာ မူမူနှင့် ကြွယ်ကြွယ်တို့ ကိုလည်း အရက်နှင့်ပင် ဦးစွာဖျက်စီးခဲ့သလို ကျွန်တော်က မှားခဲ့ရသည် မဟုတ်ပါလား။

ကြွယ်ကြွယ်နှင့် ကျွန်တော်မှာ အင်းယားမြိုင်ဟော်တယ် အတွင်းဝယ် အစားအသောက်တွေ မစားခင်တွင် ဝီစကီ ဝမ်းပက်စီကို မော့၍ သောက်လိုက်ကြပါသည်။ ကြွယ်က မသောက်ချင်သည်ကို ကျွန်တော်က လိမ္မော်ရည်နှင့် စပ်၍ပေးလိုက်ကာ…

“ညက သိပ်အေးတယ် ကြွယ် ဒါလေး နဲနဲ သောက်လိုက်မှ အအေး သက်သာသွားမှာ...” 

ဟု ကျွန်တော်က အားပေးအားမြှောက်ပြောရင်း တိုက်လိုက်သောကြောင့် ကြွယ်မှာ မငြင်းသာပဲ သောက်လိုက်ပ်တော့သည်။ အစားအသောက်တွေ မှာ၍ စားသောအခါမှာတော့ ကြွယ်တစ်ယောက်မှာ မျက်နှာတွေနီမြန်းကာ ရီတီတီ ဖြစ်နေသည်ကို ကျွန်တော် တွေ့လိုက်ရပါတော့သည်။

ကျသင့်သော အဖိုးအခကို ရှင်းလင်းကာ ကားဆီသို့ ပြန်လာရင်း အင်းယား၏ သာယာအေးမြလှသည့် ရေပြင်ဆီသို့ စွန်းထွက်နေသည့် ကျွန်းသာယာကလေးဆီသို့ ကားကလေးကို မောင်းကာ ဝင်ခဲ့ပါသည်။

ထိုနေရာမှာ လေညှင်းခံရန်နှင့် တူမောင်မယ်တို့အတွက် ချစ်ရေးဆိုရန် ကောင်းမွန်လှသည့် “လပ်ဗားလိန်း” နှင့် “လပ်ဗားအိုင်လန်” ဟုသာ ကျွန်တော်က ခေါ်ချင်ပါတော့သည်။ ကျွန်တော်တို့ ရောက်သွားသော အခါမှာတော့ သစ်ပင်တွေအောက်တွင် လရောင်ထွန်းထားသည့် သာယာသော အင်းယားရေပြင်ကို ရှုမောနေသော စုံတွဲ အချို့ကို တွေ့မြင်ရပါသည်။

လရောင်သည် သာယာစွာ အင်းယားရေပြင်ကို လင်းဖြာလျှက် ငြမ့်အေးသောလေက ငွေရောင် လှိုင်းတွန့်လေးတွေကို ဖန်တည်းလျှက် ရှိပါသည်။ ငွေလရောင်၏ အပျောက်အစက်များသည် သစ်ရွက် စိမ်းမြမြ တွေကိုဖေါက်ကာ မြေပြင်တွင် လိမ့်ဆင်းနေပါသည်။

ကြွယ်နှင့် ကျွန်တော်သည် ကားဆီမှဆင်းကာ ကွန်းခိုရာ ရိပ်သာ ရှာဖွေနေမိပါသည်။ နှစ်ဦးသားတွဲကာ ကမ်းစပ်မှ လျှောက်လာရာ ငြိမ့်အေးသော ကန်လေက အေးမြမြ ပက်ဖြန်းလိုက်ပါသည်။

လရောင်သည်လည်း ကျွန်တော်တို့ နှစ်ဦး၏ ဘေးတခြမ်းကို လိမ်းကြံကာ သာယာခြင်း၏ အနက် သဘောကို ဖွင့်ဆိုနေပေသည်။ လရောင်နှင့် ရေပြင်လွှာမှာ ငွေသင်တိုင်းကို ဖြန့်ခင်းထားသကဲ့သို့ ရှုမောဖွယ်ရာ ကောင်းနေပါသည်။ ကျွန်တော်က ကြွယ်၏လက်ကလေး တစ်ဖက်ကို ခပ်တင်းတင်း ဆုပ်လိုက်သည့် တိုင်အောင် ကြွယ်ကြွယ်ကလည်း တန်ပြန်ပြီး ကျွန်တော့်၏ခါးတွေကို ရစ်သိုင်းလိုက်ပါတော့သည်။

ကျွန်တော်တို့ ကွန်းခိုရိပ်သာကလေးကို တွေ့ရပေပြီ... ဖြူသော ပန်းပွင့်တွေသည် ခေါင်းငြိမ့်ကာ ခေါ်နေသည်သို့ အပွင့်ဖြူဖြူတွေ ဘေးတွင်ပင် နှစ်ဦးသား ထိုင်လိုက်ရပါသည်။ ကျွန်တော်က ရီဝေနေပြီ ဖြစ်ရကား ချစ်ရမ္မက်တွေလည်း ရှေးကထက် ပြင်းထန်လာပြီဖြစ်၍ ကြွယ်၏ နှုတ်ခမ်းကလေးကို ယုယုယယ စုပ်ယူ နေမိပါသည်။ ကြွယ်ကိုယ်တိုင် ကျွန်တော့် လိုအင်ဆန္ဒကို မငြီးမငြူ လိုက်လျှောနေရှာပေသည်။

ကျွန်တော်က ကြွယ်၏ ကိုယ်လုံးလေးကို ပွေ့ကာ လှဲသိပ်လိုက်သည့်တိုင် ကြွယ်က ကျွန်တော့် ကိုယ်လုံးကြီးကို မလွှတ်တမ်း ဖမ်းထားပေသည်။ ကြွယ်နှင့် ကျွန်တော်မှာ သာယာသော အင်းယားကန်စောင်းဝယ် ကွန်းစုံနန်းသို့ လှမ်းတက်ခဲ့ရ ပြန်ပြီတကား...

နှစ်ဦးစလုံးမှာ သာယာသော လောကအတွင်းဝယ် အကြိမ်ကြိမ် လျှောက်သွားပြီးမှ ကျွန်တော်နှင့် ကြွယ်သည် ကားကလေးဆီသို့ ပြန်လာကာ ဒေါ်ခင်မိမိလေး၏ တိုက်ဆီသို့ မောင်းလာခဲ့ပါသည်။

ကားပေါ်တွင် ကြွယ်တစ်ယောက် မှိန်းကာလိုက်ပါလာရင်း…

“ချစ်တယ် ကိုလေးရယ်… ကြွယ့်ကိုတော့… ပစ်မသွားနဲ့နော်… ကြွယ့်ကို သစ္စာဖေါက်ရင်တော့ ဟောဒီ အင်းယား ရေပြင်ဟာ ကြွယ့်ရဲ့ သင်္ချိုင်းဘဲ ကိုလေးရယ်…” 

ဟု သနားစဖွယ် ပြောလိုက်ပါသည်။

“အို… တကကယ်တော့ ကိုလေးဘဝဟာ ကြွယ်ပါပဲ… ကြွယ့်ကို ကိုလေး တသက်လုံးပဲ စောင့်ရှောက်သွားမယ် ဆိုတာ ယုံပါကြွယ်ရယ်…”

ကျွန်တော့် စကားကြောင့် ကြွယ်မှာ အတော် ကြေနပ်သွားရဟန်ဖြင့်...

“ကိုလေးကို ယုံပါတယ်... ကိုလေး ကြွယ့်ကို ခွဲသွားမှာစိုးလို့သာ ပြောရတာပါ ကိုလေးရယ်...” 

ဟူသော သနားစဖွယ်အသံသည် ကျွန်တော့် အသည်းနှလုံးတွေကို စောင်းကြိုးတိုးလိုက်သည့်အလား ရိုက်ခတ်သွား ခဲ့ပါသည်။

ဒေါ်ခင်မိမိလေးတို့ တိုက်ရောက်သောအခါတွင် အချိန်မှာ ညဉ့် ၁၂ နာရီ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော်က အဆင်သင့် စေ့ထားသော ဘိလပ်တံခါးကို ဖွင့်ကာဝင်နိုင်ခဲ့သောကြောင့် အတော်လေး အံ့အားသင့် မိပါသည်။ အမှန်တော့ မော်လမြိုင်မှ အိမ်ဖေါ်မိန်းကလေးမှာ ဆိုဖါကြီးပေါ်တွင်အိပ်ပျော်ကာ စောင့်နေခြင်း ဖြစ်ပါသည်။

ထိုသို့စောင့်နေရင်းက သူမသည် တံခါးကို ဖွင့်ထားခဲ့မိဟန် တူပါသည်။ ဒေါ်ခင်မိမိလေး ကိုယ်တိုင်ပင် အိပ်ပျော်နေဟန် တူပါသည်။ ကျွန်တော် တိုက်ထဲသို့ ဝင်လာစဉ်မှာပင် ခြံစောင့် ကုလားကြီး ရောက်လာပြီး ကျွန်တော့်ကို မြင်သောအခါတွင် မှတ်မိသွားသောကြောင့် ဆလံပေးကာ ထွက်သွားပါသည်။

ကြွယ်မှာ ကားပေါ်တွင် မှေးကာ ကျန်ရစ်ခဲ့ပါသည်။ ကျွန်တော်ကအခန်းတွင်းကို တောက်လျှောက် မဝင်မီ ချစ်စဖွယ်ကောင်းသော မော်လမြိုင်သူလေးကို ကြည့်ကာ သူမ၏နဖူးပြင်လေးကို ကုန်း၍ မွှေးမိပါသည်။ ကျွန်တော်က အိပ်ပျော်နေသော သူမ၏ ကိုယ်လုံးလေးကို တစိမ့်စိမ့် ကြည့်နေမိပါသည်။ သူမ၏ ပြည့်ဖြိုးသော ရွှေရင်အုံတွေမှာ နိမ့်ချီ မြင့်ချီနှင့် ဖြစ်နေပါသည်။ သူမ၏ ကိုယ်ကာယမှာ အင်မတန် စိုပြေကာ အသက်မှာ ၁၉ နှစ်ကျော်ကျော် ၂ဝ နှစ်လောက် ရှိလိမ့်မည်ဟု ခန့်မှန်းမိလျှက် ပြည့်ဖြိုးစွင့်ကားသည့် တင်ပါးဆုံကြီးတွေမှာ ကျွန်တော့်၏ စိတတွေကို တဒိတ်ဒိတ်နှင့် သွေးတိုး မြန်လာစေပါသည်။ ကျွန်တော်က ကြွယ်ကြွယ့်ဆီသို့ ပြန်လာကာ ကြည့်လိုက်သောအခါတွင် ကြွယ်က ကားပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့ရပါသည်။

ကျွန်တော်က တိုက်ဆီပြန်လာပြီး မော်လမြိုင်သူလေး၏ ရွှေရင်အုံတွေကို စမ်းသပ်ကြည့်လိုက်သောအခါ သူမမှာ အင့်ကနဲတွန့်သွားကာ တဖက်သို့ စောင်းသွားပါသည်။ ကျွန်တော့်၏ မျက်လုံးတွေမှာ မီးရောင် ဝင်းသွားသည်ဟု ထင်မိပါသည်။

မော်လမြိုင်သူ အလှမယ်လေး ဝတ်ထားသော ပိုးနှင့်ချည် ရောထားသည့် အစိမ်းပွင့် လုံချည်လေးမှာ ရုတ်တရက် ကွာကျသွားပြီး တင်ပါးကြီး တဝက်အထိ လျောကျသွားသောကြောင့် ဝါဝင်းသော တင်သားအိအိ တွေမှာ လျှပ်စစ်မီးရောင်အောက်တွင် အထင်းသား ပေါ်လွင်နေသည်ကို တွေ့ရပါသည်။ ကျွန်တော့်၏ သွေးတွေမှာ ပိုမိုလှုပ်ရှား မြန်ဆန်လာရသည်ဟု ထင်မိကာ သူမ၏အလိုဆန္ဒကို သိစေရန် ပေါ်လွင်နေသော တင်ပါးတွေအပေါ်ကို ကျွန်တော့် လကတစ်ဖက်ကို တင်လိုက်ပါသည်။

ဘယ်လိုမှ လှုပ်ရှားခြင်းတော့ မရှိပါပေ။ ကျွန်တော်က သူမ၏ တင်ပါးမှတဆင့် ပြည့်ဖြိုးသော ပေါင်တံကြီး တွေကို စမ်းသပ် လိုက်သောအခါ မှာတော့ သူမမှာ တခဏတော့ လှုပ်ရှားသွားပြီးမှ ပြန်လည် ငြိမ်သက် သွားကာ အသက်ရှူသံတွေ မြန်ဆန်လာသည်ဟု ထင်မြင်မိပါသည်။

ထို့နောက်တွင် ကျွန်တော်သည် တစတစ ရဲတင်းလာပြီး သူမ၏ပေါင်တံတွေကို ပွတ်သပ်ရာက နောက်မှီသို့စောင်းကာ ခပ်ကွေးကွေးလှဲနေသည့် နောက်ကျောမှ ကပ်ကာ လှဲချရန် ကြံမိပါသည်။ သို့သော် ထိန်လင်းနေသော အိမ်ရှေ့မီးသည် ကာယကံရှင် အတွက်ရော ကျွန်တော့်အတွက်ပါ အနှောက် အယှက် ဖြစ်နေတော့ရာ မီးခလုပ်ကို ပိတ်လိုက်ရပါသည်။

အမှန်တော့ ကျွန်တော်၏ သွေးတိုးနှုန်တွေမှာ မြန်ဆန်လာရပြီး သူမ၏ ထမီလေးကို ပေါင်ရင်းအထိ ဆွဲချလိုက်သည့်တိုင်အောင် မော်လမြိုင်သူ အလှမယ်ကလေးမှာ ဘယ်လိုမှ လှုပ်ရှားသမှု မပြုတော့ပဲ ကျွန်တော် သူမ၏ နောက်ကျောမှ ဝင်ကပ် တုံးလုံးလှဲချလိုက်ပြီး သူမ၏ ရွှေရင်အုံတွေအပေါ် လက်ရောက်သွားသည့်အထိ ငြိမ်သက်လျှက်ရှိပါသည်။

ကျွန်တော်က သူမ၏ ဒူးဆစ်ကလေးကို ထပ်မံကာ ရွှေ့လိုက်သောအခါ သူမ၏ တင်ပါးဆုံကြီးပေါ်သို့ ကျွန်တော့်၏ကိုယ်က ညင်သာစွာ လွှမ်းမိုးထားပြီး ခပ်ကုံးကုံး စမ်းသပ်တွေ့ရှိရသော သူမ၏ ကိုယ်အင်္ဂါဆီသို့ ခပ်ညက်ညက်ပင် လုပ်ငန်း စတင်လိုက်ပါသည်။ အမှန်တော့ သူခိုးချစ် ချစ်ရသည်မှ အင်မတန်မှ ကောင်းသော အရသာတစ်မျိုး ဖြစ်လျှက် မော်လမြိုင်သူကြီး၏ ရွှေကြုပ်ရတနာကလေး၏ တံခါးကို အသာအယာဖွင့်ကာ တရွေ့ရွေ့ ဆက်ကာ လုပ်ငန်းစလိုက်သောအခါ သူမ မနိုးသည့်တိုင်အောင် အသက်ရှူသံတွေက တဖြည်းဖြည်း ပြင်းထန်လာသည်ကို တွေ့ရပါသည်။

ကျွန်တော်မှာ အဘယ်မျှ မှားယွင်းခဲ့ရသည်ကိုတော့ ဘယ်လိုမှ မစဉ်းစား နိုင်အောင် အမှောင်ဓါတ်က ရစ်ဖုံးလျှက် ရှိပါသည်။ ကျွန်တော်က မိုက်မဲမှု နှင့် ကိုယ့်ရဲ့ အလိုဆန္ဒ ပြည့်ဝမှုကိုသာ ကြည့်တတ်သော လူတစ်ယောက် ဖြစ်ပါသည်။ ယခုလည်း မိုက်မဲစွာနှင့် ခင်မိမိလေးနဲ့တင် အားမရသေးပဲ သူမ၏ အိမ်ဖေါ်မ ကလေးကိုပင် အမှားတွေ ပြုကျင့်လျှက် ရှိပါသည်။

ကျွန်တော်က မော်လမြိုင်သူ အိမ်ဖေါ်လေးကို ကိုယ်တစောင်းလေးနှင့်ပင် တိတ်တခိုး ချစ်နေမိသလို ကာယကံရှင် ကိုယ်တိုင်က တိတ်တခိုး အချစ်ခံလျှက် ရှိနေသည်ကိုတော့ သူမ၏ ကြွတက်ကာ မြင့်ချီ နိမ့်ချီ ဖြစ်နေသော ရင်အုံတွေက သက်သေခံလျှက်ရှိပါသည်။

ကျွန်တော်က သူမ၏ ရွှေရင်အုံ ထွားထွားကြီးတွေကို တအားဖိကာ ဆုပ်နယ်လိုက်သည့်တိုင်အောင် သူမက ဘယ်လိုမှ လှုပ်ရှားခြင်းမပြုပဲ ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့ရပါသည်။ ကျွန်တော်က ခပ်ကြမ်းကြမ်းလေး စခန်းသွားလိုက်သောအခါမှာတော့ သူမ၏ တံတွေးမြိုချလိုက်သည့် ဂလုကနဲ မည်လိုက်သော အသံကို အတိုင်းသား ကြားနေရလေရာ မော်လမြိုင်အလှမယ်ကလေးမှာ မနိုးပဲနေမည်တော့ မဟုတ်ပါ။ သူမကိုယ်တိုင်က နိုးနေလျက်သားနှင့် ပုထုဇဉ်ပီပီ မရှောင်နိုင်သော သံဝါသ ရသာတဏှာကြောဝယ် မျောပါလိုက်နေခြင်းသာလျှင်ဖြစ်ပါသည်။

ကျွန်တော်က သူမအပေါ် အတော်ကြာကြာ သွားသည့်အခါတော့ သူမမှာ ခပ်စောစောကလိုပင် တစောင်းနေရတာ အားမလို အားမရ ဖြစ်လာသည့်အလား ပက်လက်ကလေး ဖြစ်လာခဲ့ပါသည်။ ထိုအခါ ကျွန်တော်က သူမ၏ ပါးကလေးကို မွှေးရင်း သူမ၏နှုတ်ခမ်းလေးကို စုပ်ယူလိုက်ပါသည်။

ယခုလို သူမက ပက်လက်ကလေး လှန်လိုက်သော အခါမှာတော့ ဖြူဖွေးတုတ်ခိုင်လှသော ပေါင်တံကြီး တွေမှာ အစင်းသားပေါ်လွင်နေကာ ကျွန်တော်က ထရန် ကြံရွယ်လိုက်သောအခါ သူမ၏လက်တွေက ကျွန်တော့်ကို ရစ်သိုင်းကာ ရှိနေပါသည်။

ယခုတော့ သူမကိုယ်တိုင် အလိုတူအလိုပါ ဖြစ်နေသည်ကို ကျွန်တော်က ပိုမိုသိလာရကာ သူမ၏ မျက်နှာကလေးပေါ်သို့ ကျွန်တော်က လေကလေးကို မှုတ်သွင်းလိုက်ကာ ခပ်တိုးတိုး လေသံဖြင့်…

“မင်းကို ငါသိပ်ချစ်တာပဲကွာ… မင်းကို ငါတနေ့နေ့ အိမ်မှာခေါ်ထားမယ် သိလား… တကယ့်ကို မင်းဟာ… ချစ်စရာ ကောင်းသူလေးပါပဲကွယ်…” ဟု ကျွန်တော်က ပြောလိုက်ရာ…

“ဒါပဲ… ရှင့်စကားမြဲမြဲ မှတ်ထားနော်…” ဟု သူမက… မပွင့် တပွင့် ပြောလိုက်ပါသည်။

“ယုံပါ အချစ်ရယ် အခု မမကို ခေါ်ရအောင်လာတာ မင်းကိုတွေ့လိုက်ရတော့ မထိန်းနိုင်တော့ဘူး ကဲ… ကိုယ့်ကို ခွင့်ပြုပါဦး အချစ်ရယ်…”

“အင်း… ကြေနပ်သွား ပြီကို… သွား သွား…”

ကောင်မလေးက ကျွန်တော့်ကို တွန်းလွှတ်လိုက်ပါသည်။ အမှန်က သူကလေး၏ စကားအပြောအဆိုနှင့် ရဲတင်းလှပုံကို ကြည့်ရခြင်းဖြင့် သူမမှာ အတွေ့အကြုံ ရှိနေခဲ့ဘူးပြီကို ကျွန်တော်သိလိုက်ရပါသည်။

အမှန်ကတော့ ဤကဲ့သို့ အိမ်ဖေါ် ကောင်မလေး ချောချောတွေကို အိမ်ရှင်တွေက တနည်းနည်းနှင့် စားကြ သုံးဆောင်ကြသည်ကတော့ ဤလောကကြီးဝယ် များပြားလှပါသည်။

ကျွန်တော်က မီးကို ပြန်လည် ဖွင့်လိုက်သည့် အခါမှာတော့ သူမမှာ ထမီဝတ်ပြီးသား ဖြစ်နေကာ ရှက်လွန်းသောကြောင့် အခန်းတစ်ခန်း အတွင်းသို့ ဝင်သွားပါသည်။ ကျွန်တော်က ဒေါ်လေးမေ ရှိနေမည် ထင်ရသော အခန်းသို့ ဝင်ရောက်ခဲ့သောအခါတွင် ဒေါ်လေးမေမှာ ခါတိုင်းနေ့ကလိုပင် အရက်သောက်ကာ အိပ်ပျော်နေဟန် တူပါသည်။

ကျွန်တော်က ဒေါ်လေးမေကို နှိုးလိုက်သည့်တိုင်အောင် သူမက ကျွန်တော်ကို မျက်လုံးဖွင့်ကြည့်ကာ

“ဟင်း… မောင်လေးပါလား ဒီမှာပဲ အိပ်လိုက်ကြတော့တာပေါ့ကွယ်… လာပါ အချိန်လဲ မရှိတော့ပါဘူး…”

ဟုပြောလျှက် ကျွန်တော့်လည်ပင်းတွေကို သူမ၏ လက်တွေနှင့် ရစ်သိုင်းလိုက်ပါသည်။

“အို… မမကလည်း ကြွယ်ကြွယ်လည်း ပါလာတယ်ဗျ ဟိုမှာ စောင့်နေတယ်…” ဟု

ကျွန်တော်က ပြောလိုက်သောအချိန်မှာပင် အဆင်ပြေချင်တော့ ကားပေါ်တွင် အိပ်ပျော်၍ ကျန်နေခဲ့သော ကြွြယ်ကွယ် နိုးလာပြီး ကားဟွန်းကို တတီတီ တီးလိုက်သောကြောင့် ဖြစ်ပါသည်။

ကျွန်တော်က လက်ပတ်နာရီကို ကြည့်လိုက်သောအခါ ၁ နာရီ ထိုးရန် ၁ဝ မိနစ် လောက်သာ လိုတော့ကြောင်း တွေ့ရပါသည်။ ဒေါ်လေးမေ ကိုယ်တိုင်လည်း မနေနိုင်ပဲ… 

“မမတို့လဲ ပိုကာဝိုင်းပြီးရော မိမိလေးက တိုက်တာနဲ့ သောက်လိုက်ကြတာ နဲနဲလွန်သွာတယ် မောင်စိန်တင်…” ဟုပြောလိုက်ပါသည်။

ထိုအခိုက်… တိုက်အပေါ်ထပ်မှ ဆင်းလာသော ခြေသံကို ကြားရကာ… ဒေါ်ခင်မိမိလေး တစ်ယောက်ကို ကျွန်တော် မြင်လိုက်ရာ ပြုံး၍နှုတ်ဆက် လိုက်ရပါသည်။

“ဟော ပြန်ကြတော့မို့လား မမြမေ… ဒီမှာတင်ပဲ အိပ်လိုကြပါလား မေရယ်… မောင်လေးကလည်းကွယ် အချိန်ဖြင့် ရှိတော့တာမှ မဟုတ်ပဲ…”

“ကြွယ်ကြွယ်လည်း ပါလာလို့ မမရယ်… အိမ်မှာလည်း တစ်ယောက်မှ ကျန်ခဲ့တာမဟုတ်ဘူး မမ… နောက်ညများမှ ကျွန်တော်တို့ လာ ခဲ့ပါမယ်…”

ကျွန်တော်က အဓိပ္ပါယ်ပါပါ ပြောလိုက်သောကြောင့် ခင်မိမိလေးက မျက်ခုံတွေ မြင့်တက်သွားရကာ ကျွန်တော်တို့အား တံခါးအထိလိုက်ပို့ခဲ့ပါသည်။

“မနက်ဖြန် ညတော့ မင်းပါလာမယ်ေနော် မောင်လေး…” 

ဟု ခင်မိမိလေးက ပြောလိုက်ပါသေးသည်။ ခင်မိမိလေး၏ တရေးနိုး ထလာသော မျက်နှာလေးမှာ ကျွန်တော့် မျက်စိထဲတွင် ဒေါ်လေးမေထက်ပင် ကြည့်ကောင်းနေသည်ဟု ထင်မိပါတော့သည်။

သည့်နောက်တွင် ကျွန်တော်က ဒေါ်လေးမေကို ပြန်လည်ခေါ်ကာ ကားကလေးဖြင့် ပြန်လည် မောင်းထွက် လာခဲ့ပါသည်။ ကြွယ်ကြွယ်ရော ဒေါ်လေးမေပါ ကျွန်တော်၏ ညာဘက်ဘေး ခုံတွင် ထိုင်ကာပါလာခဲ့ရာ အင်းယားကန်လမ်းမှာ ညအခါတွင် လရောင်အောက်ဝယ် အင်မတန်မှ သာယာစိုပြေလျှက် သာယာမဆုံးအောင် ဖြစ်နေရပါသည်။


အခန်း ( ၉ ) ပြီးပါပြီ။


အပိုင်း ( ၆ ) ဆက်ရန် >>>>>



စွံတဲ့ကိုကို အပိုင်း ( ၄ )

စွံတဲ့ကိုကို အပိုင်း ( ၄ )

ရေးသားသူ - ခင်လင်း

အခန်း ( ၇ )  မင်းကတော်တို့ဝိုင်း

ကျွန်တော်နှင့် ဒေါ်လေးမေတို့ ဖြစ်ခဲ့ကြပြီးနောက်မှာ ကိုယ့်ချစ်သူ မူမူဆီသို့ပင် အရောက်အပေါက် နည်းသွားပါသည်။ မူမူ့ထံမှ… ကျွန်တော်ဘာ့ကြောင့် မလာနိုင်ကြောင်းကို ကြွယ်ကြွယ့်ဆီမှရော… နုနုကလေး ဆီမှပါ… စာတစ်စောင်စီ ရေး၍ပေးခဲ့ရာ… ကျွန်တော်က နေမကောင်းသောကြောင့် ဟုသာ ခပ်ရိုးရိုး အဖြေပေးခဲ့ ပါသည်။ ထို့အပြင် ကျွန်တော်က မူမူ့ကို သဘောမကျသည့် အချက်မှာ ပဲခူးမှ အစ်ကို နှစ်ဝမ်းကွဲ သူဌေးလေးနှင့် အတူတွဲကာ မကြာခဏ ကားလေးတစ်စင်းဖြင့် ထွက်… ထွက်၍ သွားလာနေခြင်းပင် ဖြစ်ပါသည်။

တကယ်တော့ ကျွန်တော့် အပြစ်သာလျှင် ဖြစ်ပါသည်…။ ဖေါက်ပြန် လွန်းသူတစ်ယောက် သာလျှင် ဖြစ်ပါ သည်…။ မူမူက ကျွန်တော့်ကို ချစ်သော်ငြားလည်း ကျွန်တော့်၏ ဖေါက်ပြန်မှုကို တစွန်း တစများ ရိပ်မိသွား လေ သလားတော့ မသိပါ။ အဘယ့်ကြောင့်ဆိုသော် နုနုကလေးမှာ ကျွန်တော်နှင့် ဒေါ်လေးမေတို့ အိမ်ပေါ်ထပ် တွင် ပွေ့ဖက်နေကြ သည်ကို တွေ့သွားခဲ့သောကြောင့် ဖြစ်လေရာ… နုနုကလေးက မူမူ့ကို သွားပြောလေသော ကြောင့်ဟု ကျွန်တော်ထင်မြင်မိပါသည်။

ကြွယ်ကြွယ်က ကျွန်တော့်ကို အသဲစွဲချစ်နေလေရာ ဒေါ်လေးမေနှင့် ကျွန်တော် ဖြစ်ခဲ့ရလင့်ကစား မေတ္တာ နှင့် ယှဉ်၍ ချစ်ရသော ကြွယ်ကြွယ့် လောက်တော့ မချစ်ခဲ့ပါပေ။ ကြွယ်ကြွယ်မှာတော့ ကျွန်တော်ပြုသမျှ နုရမည့် အခြေအနေသို့ ရောက်နေတော့သည်။

ကျွန်တော်က ဒေါ်လေးမေကို ကြွယ်ကြွယ်နှင့် မတွေ့ဖြစ်သော ညများတွင်သာ ဆုံတွေ့ကြရန်  စည်းကမ်း ထားခဲ့သည့်အတိုင်း… ညဘက်တွင် တခါတခါ ကြွယ်ကြွယ်နှင့် ကျွန်တော် ည ၁ဝ နာရီလောက်မမှ အတူတူ အိပ်ခဲ့ ရသလို… အခြားညများတွင်လည်း ကြွယ်ကြွယ် မသိအောင် ဒေါ်လေးမေဆီ သွားပြီး အိပ်ခဲ့ရပါသည်။

ဒေါ်လေးမေက ကြွယ်ကြွယ်နှင့် ကျွန်တော် ဖြစ်နေကြသည်ကို သိနေသော်လည်း… ကြွယ်ကြွယ်ကတော့ ကျွန်တော်နှင့် ဒေါ်လေးမေတို့ ကျူးကျူးလွန်လွန် ဖြစ်နေကြသည်ကို မသိရှိခဲ့ပါ။ ဤသို့မသိခြင်းကလည်း တစ်မျိုး ကောင်းနေပြန်ပါသည်။ အကယ်၍ ကြွယ်ကြွယ်တစ်ယောက် သိသွားခဲ့ပါလျှင် အဘယ်မျှ စိတ်မချမ်းမသာ ဖြစ်ရ မည်ကို မတွေးရဲအောင်ပင် ဖြစ်နေပါတော့သည်။ ကြွယ်ကြွယ်သည် ငယ်ငယ်ရွယ်ရွယ်နှင့် အင်မတန် စိတ်ဆတ် သောကြောင့် ကျွန်တော့်၏ ဖေါက်ပြန်မှုကို သိရှိသွားပါက အဘယ်မျှ စိတ်မချမ်းမသာ ဖြစ်ရမည်ကို မတွေးရဲ အောင် ဖြစ်နေရပြီး သူ့အသက်ရော ကိုယ့်အသက်ပါ ကြံစည်ကောင်း ကြံစည်မည်လား မသိပါ။ ညဘက်တွင် ကြွယ်ကြွယ်နှင့် ကျွန်တော် တွေဆုံတိုင်း လှပပြည့်ဖြိုးသော သူမ၏ တစ်ကိုယ်လုံးကို ကျွန်တော့် သဘောရှိ လိုက်လျှောကာ… ကျွန်တော့် ရင်ခွင်ကျယ်ကြီးထဲတွင် ခိုဝင်ကာ တီတီတာတာ ပလီပလာ ပြောဆိုတတ်ပါသည်။ 

“ဒါပဲနော်… ကိုလေး ကြွယ့်ကိုပဲ ယူရမယ် သိလား... မူမူ့ကို မယူရဘူးနော်... မူမူကပြောတယ်... ပဲခူးက သူ့အစ်ကို နှစ်ဝမ်းကွဲနဲ့ သူ့မိဘတွေက သဘောတူနေတယ်တဲ့... ကိုလေးရဲ့... ”

ကြွယ်ကြွယ် ထိုသို့ ပြောသောစကားကို ကြားရသည်မှာ ကျွန်တော့်အတွက်တော့ မထူးဆန်းတောပါ။ ကြွယ်ကြွယ်က ဤမျှ မူမူနှင့် တွဲနေရခြင်း အကြောင်းမှာ ပေါ်လွင်နေကာ မူမူလည်း နာမည်နှင့်လိုက်အောင် မူနေခြင်း ဖြစိလိမ့်မည်။ ဒါမှမဟုတ် ကျွန်တော် စိတ်မကောင်း ဖြစ်မှာ စိုးရိမ်၍ ထုတ်မပြောခြင်းသာ ဖြစ်ပေမည်ဟု ကျွန်တော်က ထင်မိပါသည်။

ကြွယ်ကြွယ် ပြောသည်သည့်အတိုင်းပင် ကျွန်တော့်ဆီကို မူမူ့ထံမှ စာတစ်စောင်ရောက်လာပါသည်။ ထိုစာကို မြင်ကတည်းက  ကျွန်တော့် စိတ်တွေမှာ အင်မတန် ထူးဆန်းနေသလို ဖြစ်နေပါသည်။ စာရွက်မှာ ယခင်လို ပန်းရောင် မဟုတ်ပဲ အညိုရောင် သန်းနေပါသည်။

ချစ်သောကိုရေ… 

ဒီစာကို ကိုကိုတင် ဖတ်ရတဲ့ အခါမှာ မူ့ကို သတ်ပစ်ချင်လောက်အောင် မုန်းသွားမယ်ဆိုတာ မူသိပါတယ်… အခုတော့ မူက ကို့ရဲ့သစ္စာကို မဖေါက်ချင်ပဲ ဖေါက်လိုက်ရပြီ ကိုရယ်… ဒါကတော့ မိဘတွေရဲ့ စိတ်ချမ်းသာမှု အတွက် ဆိုပ်တော့ ကိုရယ်… နော်… မူလေ ကိုနဲ့ ခွဲရတော့မယ် ကိုရယ်… ဒီစာကိုဖတ်နေတဲ့အချိန်မှာ မူတော့ အစ်ကိုဝမ်းကွဲနဲ့ ပဲခူးကိုလိုက်သွားရတော့မယ်လေ… မူနဲ့ ကိုကိုလတ်တို့ ပဲခူးမှာပဲ မင်္ဂလာဆောင်ရတော့မှာ… မူလေ ကိုကိုတင့် အပေါ်မှာ ချစ်မြတ်နိုးနေဆဲပဲ ဆိုတာကိုတော့ သိထားစေချင်ပါတယ်… ချစ်တဲ့ကိုရယ် မူတို့ လူချင်းခွဲကြရပေမယ့် မူ့ရဲ့ နှလုံးသားဝိညာဉ်ဟာ ကို့ဆီမှာပဲ ကျန်ရစ်ခဲ့ပ်တယ် ကိုရယ်…

                  ကို့ရဲ့… မူ…


ထိုစာမှာ နုနုကလေး ယူလာသော စာပင်ဖြစ်ပါသည်။ နုနုကလေးမှာ ကျွန်တော့်ကို စာပေးရင်း…

“သိပ်ပြီး သနားစရာကောင်းတာပဲ ဦးလေးကြီးရာ တကယ်ပါ မမမူရဲ့ မျက်နှာက သိပ်စိတ်ထိခိုက်နေပုံပဲ… ဒီစာပေးပြီးတော့ သူ့ကို လူကြီးတစ်ယောက် ကားနဲ့ ခေါ်သွားတာပဲ ဦးလေးကြီးရာ… ” ဟုပြောလိုက်ပါသည်။

ကျွန်တော့်မှာ ထိုစာကိုဖတ်ရ၍ ဘာမှအကြောင်း မထူးသည့်အပြင် ဟက်ဟက်ပက်ပက် ရီမောလိုက်ချင် ပါသေးသည်။ ကျွန်တော်က စာကို နုနုကလေး ရှေ့မှာပင် မီးရှိုပစ်လိုက်ပါသည်။ နုနုကလေးက…

“အို… ဦးလေးကြီးကလည်း… ” 

ဟုဟန့်တားရှာပါသေးသည်။ ဒါပေမဲ့ ကျွန်တော့်လက်ထဲမှ မူမူ၏ စာရွက်မှာ မီးသဂြိဟ်၍ ပြီးသွားကာ ပြာမှုန့်ကလေးများမှာလည်း လေလာရာ လွင့်မျောပါသွားပါတော့သည်။ ကျွန်တော်က ရီမောလိုက်ရင်း… “မူရေ မင်းရဲ့ဘဝလဲ ပြာမှုန်တွေလိုပဲ လေနှင့်အတူ လွင့်ပေဦးတော့ကွယ်… ” ဟုပြောလိုက်ပါသည်။

ဒေါ်လေးမေက အရာရှိကတော်ပီပီ တနင်္ဂနွေနေ့များတွင် ပိုကာဝိုင်းရှိသော အခြားမင်းကတော်များအိမ်သို့ သွားတတ်ပါသည်။ ကျွန်တော့်ကို ဒေါ်လေးမေက…

“မင်းကို မိမိလေးတို့နဲ့ မိတ်ဆက်ပေးရဦးမယ်… လိုက်ခဲ့မယ် မဟုတ်လား… ”

ဟုခေါ်သောကြောင့် အရာရှိကတော် ဒေါ်မိမိလေးတို့အိမ်သို့ ရောက်ခဲ့ရပါသည်။ ဒေါ်မိမိလေးက ယခု သူမခင်ပွန်း သစ်တောအုပ်ကြီး နယ်ဆင်းသွားသောကြောင့် အပေါင်းအသင်းများကို ပိုကာဝိုင်းခေါ်လိုက်ခြင်း ဟုသိရပါသည်။ ဤကဲ့သို့ပင် ကုန်သည်ကြီးများ၏ ဇနီးများနှင့် အရာရှိကတော်တို့ ချိန်းပွဲမှာ လင်ယောကျ်ားများ မရှိခိုက်တွင် ဝိုင်းတတ်ကြောင်း ကျွန်တော် သိခဲ့ရပါသည်။

ဒေါ်မိမိလေးတို့တိုက်မှာ အင်းယားကန်အနီးတွင်ရှိကာ ဆင်ဝင်ပါသော နှစ်ထပ်တိုက် ဖြစ်ပါသည်။ ကျွန်တော်တို့ ဒေါ်မိမိလေးခြံတံခါးဆီသို့ ရောက်သွားသောအခါ မာလီကုလားတစ်ဦးကိုတွေ့ရပြီး… ဒေါ်လေးမေက ဝင်းပြောင်နေသော စိန်လက်ကောက်ဝတ်ထားသည့် လက်တစ်ဖက်ကို ထုတ်ပြလိုက်ရာ ခြံစောင့်ကုလားက ခေါင်း ညိမ့်ကာ ဆေးအဖြူရောင် သုတ်ထားသော ခြံတံခါးကို ဖွင့်ပေးလိုက်ပါသည်။ ကျွန်တော်က ညာဘက်ရှိ အညိုရောင် အုတ်တိုင်ထက်မှ “ဦးထွန်းဇံ သစ်တောအုပ်ကြီး” ဟူသော ကြေးဆိုင်းဘုတ်ကို အထူးပင် သတိပြုမိ လိုက်ပါသည်။ ခြံထဲသို့ရောက်လျှင် ကျွန်တော့်ကို ဒေါ်လေးမေက

“တိုက်ဆင်ဝင်အောက်ကို မရပ်နဲ့နော် တိုက်ဘေးက သရက်ပင်ကြီး အောက်မှာ တခြားကားတွေ ရပ်ထားတာ တွေ့တယ် မဟုတ်လား အဲဒီမှာ ရပ်နော်… ” ဟုပြောလိုက်ပါသည်။

ဒေါ်လေးမေ ပြောသည့်အတိုင်း ကျွန်တော်က တိုက်ရှေ့ အဝိုင်းကိုပတ်၍ မြေနီလမ်းအတိုင်း မောင်းဝင်လာ ခဲ့ပါသည်။ မြက်ခင်းပြင်ကျယ်ရှိသော အဝိုင်း၏ ဘေးအနားသတ်တွင် ပန်းပင်များ စိုက်ပျိုးထားပြီး ရေကန်ငယ်လေး တစ်ခုကိုပါ တွေ့ရပါသည်။ ရေကန်၏အလယ်တွင် ဆင်တစ်ကောင် နှာမောင်းမြှောက်၍ ဝပ်နေသော ကျောက်သား ရုပ်ထုကို တွေ့ရပါသည်။ ထိုဆင်ရုပ်ထု၏ နှာမောင်းမှ ရေပန်းဖြာထွက်နေပုံမှာ အတော်လေး ကြည့်ကောင်း လှပါသည်။ 

ကျွန်တော်လည်း သရက်ပင်ကြီးအောက်သို့ မောင်းသွားလိုက်ပြီး အခြားကားများ၏ အနီးတွင် ရပ်လိုက်ကာ ကားစက်ကို သပ်လိုက်ပြီး ဒေါ်လေးမေအား ကားတံခါး ဆင်းဖွင့်ပေးလိုက်ပါသည်။ အပျိုလေး တစ်ဦးပမာ အင်မတန် ကြွရွ လှပနေသော ဒေါ်လေးမေက ကားပေါ်မှဆင်းလိုက်ပြီး ကျွန်တော့်ဘေးတွင် ရပ်လိုက်ကာ…

“မောင်စိန်တင် မင်းရဲ့ကော်လာတွေ ပြင်ပါဦးကွယ်… ဟော… မိမိတောင် လာနေပြီ… ”

ဟု ပြုံး၍ ပြောလိုက်ပါသည်။

ကျွန်တော်က ပိုးကော်လာကိုပြင်ရင်း ဒေါ်လေးမေပြောလိုက်သော မိမိလေးဆိုသည့် အမျိုးသမီးကို ကြည့်မိ ပါသည်။ မိမိလေး၏ ကိုယ်ခန္ဒာမှာ မပိန်လွန်းမဝလွန်းဖြစ်ပြီး စိုပြည်ဖွံ့ဖြိုးသော အလှမယ်တစ်ဦးဖြစ်၍... ကျွန်တော် ထင်ထားသလို အသက်မကြီးပဲ ကျွန်တော်နှင့် မတိမ်းမယိမ်း ဖြစ်မည်ဟု ခန့်မှန်းရပြီး... အပျိုကလေး တစ်ဦးကို ကြည့်နေရသကဲ့သို့ ရှိနေပါသည်။

အမှန်ကတော့ မိမိလေးမှာ ဒေါ်လေးမေ၏ အသက်လောက်သာရှိမှန်း ကျွန်တော့်အနီး ရောက်လာမှ သိရပြီး သူမသည်လည်း တစ်မျိုးချောလှသူပင် ဖြစ်ပါသည်။ သို့သော် မိမိလေး၏ အလှမှာ ကပြားဆန်သော အသွင် ရှိပါသည်။  ကပြားဆန်သော အသွင် ရှိသည်ဟု ဆိုရခြင်းမှာ ရွှေရောင်လွင်နေသော ဆံပင်ကို ကြည့်ရခြင်းဖြင့် အင်္ဂလိုဘားမားခေါ် အင်္ဂလိပ်ဗမာကပြား သို့မဟုတ် အင်္ဂလိုအင်ဒီးယန်း ကပြားမှ ပေါက်ဖွါးလာ  သော မိဘများမှ တဆင့် ပေါက်ဖွါးလာသူလောဟု မပြောနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် နဖူးပြင်မှာ အနည်းငယ်ကျယ်ပြန့်ပြီး နှာခေါင်းခပ်ချွန်ချွန်နှင့် လှပသော မျက်ရစ်အောက်မှ မျက်လုံးတွေက ဝိုင်းစက်ကြည်လင် ကာ မျက်ဝန်းများက အညိုရောင် သန်းနေသောကြောင့် ဖြစ်ပါသည်။

ဆံပင်မှာ အင်္ဂလိပ်မ တစ်ဦးလိုပင် ပြုပြင်ထားပြီး ရွှေနိုင်လွန်လက်ပြတ် ဘလောက်စ်ကို ဝတ်ထားကာ… အတွင်းမှ ဘရာစီယာ ခံထားဟန်နှင့် မတူသော ပခုံးကြိုး မပါသည့် ဘွန်တွမ် ဘော်ဒီကို ဝတ်ထားသောကြောင့် ကော့ချွန်မို့မောက်ပြီး လှပပြည့်ဖြိုးသော ရွှေရင်အုံတွေမှာ ယောကျ်ားတစ်ဦး၏ အသည်းနှလုံးတွေကို ဆွဲယူဖေါက်ခွဲ တော့မည့်ပမာ ညှို့မြှူလျှက်ရှိပါသည်။

ထွာဆိုင်တမျှ သေးသွယ်လှသော ခါးသိမ်သိမ်ကလေးအောက်မှ စွင့်စွင့်ကားကား တင်ပါးကြီးတွေမှာ ဂစ်တာရှိတ်ပမာ လှပတင့်တယ်လျှက်ရှိပြီး အရင်းပြည့်၍ အဖျားသွယ်သည့် ပေါင်တံတွေက ပိုးသားထမီအောက်မှ အထင်းသား ပေါ်လွင်လျှက်ရှိပါသည်။ အဖြူရောင် ခုံမြင့်ဖိနပ်ကို စီးထားသောကြောင့် ဝန်းဝိုင်း စွင့်ကားသည့် တင်ပါးတွေမှာ နောက်ဘက်ကို ကော့နေပြီး ဖွံ့ဖြိူးသည့် ရွှေရင်အုံတွေကလည်း ရှေ့သို့ချီနေသည်ဟု ကျွန်တော်ထင်မိပါသည်။

ဒေါ်ခင်မိမိလေးက… “မေ လာတာနဲ့ အတော်ပဲဟေ့… ကိုယ်တိုဖြင့် လာမှလာပါ့မလားလို့ အတော် စိတ်ပူနေရသေးတယ်ကွယ်…” ဟုပြောရင်း ကျွန်တော့်ဆီသို့ မျက်လုံးများကို ရွှေ့ကာ ကြည့်လိုက်ပြီး သူက ဘာတော်သလဲဟု မေးလိုက်ပါသည်။

“အို… ဒါကျွန်မမောင်လေးပါ အပြင်းပြေခေါ်လာခဲ့တာလေ မိမိနဲ့ မိတ်ဆက်ပေးရဦးမယ်… သူက မောင်စိန်တင်လို့ ခေါ်တယ်… မောင်လေး ဒါ ခင်မိမိလေးကွဲ့… ” ဟု

ဒေါ်လေးမေက ပြောလိုက်ရာ ဒေါ်ခင်မိမိလေးက အနောက်တိုင်းဆန်ဆန် ဝဲလ်ကမ်း လုပ်လိုက်သော ကြောင့် ကျွန်တော်က သူမလက်ကိုဆွဲ၍ နှုတ်ဆက်လိုက်ရပါသည်။ ခင်မိမိလေး လက်ဖဝါးကလေး၏ အထိ အတွေ့မှာ အင်မတန်မှ နူးညံ့လှပါသည်။ ခင်မိမိလေးက ပုလဲလုံးလေးတွေ ပေါ်အောင် ပြုံးရင်းက…

“မှတ်ထားနော် မောင်လေး မမကို တွေ့ရင် ခေါ်နော်… မင်းမမက ခေါ်မလာလည်း လာလည်ပေါ့… ဟုတ်လား… ”

ဟု ပြောလိုက်ရာ ကျွန်တော်က သူမ၏ မျက်လုံးတွေ အတွင်းကို စိုက်ကြည့်ကာ ပြုံးလိုက်ရင်း…

“ကျွန်တော်ကလည်း ခင်မင်တတ်ပါတယ် မမရယ်… နောက်တော့သာ လာလွန်းအားကြီးလို့ နှင်တော့ မလွှတ်ပါနဲ့ ဗျာ… ” ဟုပြောလိုက်သောကြောင့် ဒေါ်ခင်မိမိလေးက အင်မတန်မှ ကြေနပ်သော အပြုံးတစ်ပွင့် ဝင့်သွားသည်ကို တွေ့လိုက်ရပါသည်။

ကျွန်တော့် တန်ပြန်စကားတစ်ခွန်းမှာ ခင်မိမိလေး၏ ဟာဒယနှလုံးအိမ်တွင် ရိုက်ခတ်သွားသလို တဖက်မှ ဒေါ်လေးမေ၏ အသည်းအတွင်းကိုလည်း စူးဝင်သွားဟန်တူပါသည်။ မှန်ပါသည် ဒေါ်လေးမေ၏ မျက်နက်ဝန်း လေးများက ကျွန်တော့် ဆီသို့ မကြေမနပ် ရွေ့လျှားလိုက်သည် မဟုတ်ပါလား။

ကျွန်တော်တို့ တိုက်အတွင်း ရောက်သောအခါ မဟော်ဂနီရောင် ကျွန်းစားပွဲပုလေး တစ်လုံးကို ကြိမ်ထိုး ကုလားထိုင် ၅ လုံးက ဝိုင်းရံလျှက်ရှိပြီး… တလက်လက်ပြောင်ဝင်းသည့် ဝတ်စားတန်ဆာ ပြည်စုံစွာ ဆင်ယင် ချယ်သ ထားသော အထက်တန်းလွှာ အမျိုးသမီးတစ်စုကို တွေ့ရပါသည်။

(မှတ်ချက်။     ။အထက်တန်းလွှာ အမျိုးသမီးတိုင်းကို ကျွန်တော် မဆိုလိုပါ။ ဤနေရာတွင် အချို့ ဖေါက်ပြန်နေသော အသိုင်းအဝိုင်း မကောင်းမှုကြောင့် ပျက်စီးသွားရသော လူဂုဏ်တန် အမျိုးသမီးများ အတွက်သာလျှင် ဖြစ်ပါသည်။)

.......................................................

ကျွန်တော်၏ ဒေါ်လေးမေက ထိုအမျိုးသမီးများ ဝိုင်းကို မဝင်ရသေးခင်ကပင် အမျိုးသမီး ကြီးငယ်တို့က စုပြုံကာ…

“မေက သိပ်နောက်ကျတာကိုး ယူ့ဒါလင် ယူကေသွားတာနဲ့ အလွမ်းနာများ ကျနေသလားဘဲကွ… ” 

ဟု စိန်ဘယက် တဝင်းဝင်း ဝတ်ဆင်ထားသည့် ခပ်ဝဝ အမျိုးသမီးကြီးတစ်ဦးက ပြောလိုက်ပါသည်။ အမျိုးသမီး အားလုံးက ဒေါ်လေးမေကို နှုတ်ဆက်ရင်း ကျွန်တော့်ကို စုပြုံ၍ မျက်လုံးတွေဆိုင်ကာ ကြည့်လိုက်ကြပါသည်။

“ဟောဒါ ကျွန်မမောင်လေးလေ အိမ်မှာ ပျင်းနေမှာစိုးတာနဲ့ ဒီခေါ်လာတာ… ”

ဟု ဒေါ်လေးမေက ပြောလိုက် သောကြောင့် အားလုံးက ကျွန်တော့်ကို ကြည့်၍ ပြုံးလိုက်ကြပြီး…

“ဟ… ကောင်းတာပေါ့ အိုင်တို့ တစ်အိမ်တိုးတာပေါ့… ” ဟုပြာလိုက်ပါသည်။

ထို့နောက်တွင် ဒေါ်ခင်မိမိလေးက ကျွန်တော့်အတွက် ဆွဲပေးလိုက်သော ကုလားထိုင်ပုလေးတွင် ဝင်ထိုင် လိုက်ပါသည်။ သူတို့ ဝိုင်းဘေးမှ ကျွန်တော်ဝင်ထိုင်လိုက်သောနေရာမှာ ဒေါ်လေးမေနှင့် ဒေါ်မိမိလေးတို့ ကျရောက်လျှက် ရှိပါတော့သည်။

ဒေါ်ခင်မိမိလေး၏ တိုက်အောက်ထပ်တွင် အမျိုးသားများ စိတ်မာန်တက်ကြွစရာ ပန်းချီကားတချို့နှင့် တောတောင်သဘာဝ ရှုခင်း ပန်းချီကားများ အလှချိတ်ဆွဲထားသည်ကို တွေ့ရပါသည်။ ဒါတင်မကသေးပဲ ကိုယ်တုံးလုံး ရုပ်ထုအချို့ကိုလည်း တွေ့ရပြန်သောကြောင့်… ဒေါ်ခင်မိမိလေး၏ လင်တော်မောင်မှာ အနုပညာ ဝါသနာပါသော လူတစ်ယောက်ဟု ထင်မြင်မိပါသည်။ သို့သော် ကျွန်တော့်အထင်နှင့် အမြင် လွဲသွားပါသည်။

“မမတို့က တော်တော် အနုပညာ ဝါသနာပါတယ် ထင်တယ်… တစ်အိမ်လုံးမှာ ပန်းချီကားတွေနဲ့ ပြည်နေတာပဲ… ”

ဟု ကျွန်တော်က မေးလိုက်သဖြင့် ဒေါ်ခင်မိမိလေး၏ သေးသေးမျှင်မျှင် ဆွဲထားသော မျက်ခုံးတွေကို မြှင့်ချီကာ ရယ်မောလိုက်ပြီး…

“ဘယ်က အနုပညာ ဝါသနာပါရမလဲ မောင်လေးရယ် မင်းအန်ကယ်က လှတာမြင်ရင် အကုန်သဘောကျတာကွဲ့ ဒီပန်းချီးကားတွေ ဝယ်ချိတ်ထားတာကလဲ အိမ်ကျက်သရေ တစ်မျိုးပဲဆိုပြီး ကြည့်လို့ကောင်းတာနဲ့ ချိတ်ထားတာ မောင်လေးရဲ့… ”

ထိုသို့ ဒေါ်ခင်မိမိလေးက ပြောလိုက်သောကြောင့် ကျွန်တော် အံ့အားသင့်သွားရပါသည်။ ကျွန်တော်က တည်ထား သောဗူးထဲမှ စီးကရက်ကိုဖွါရှိုက်ရင်း ဒေါ်လေးမေ သင်ပြပေးသော ပိုကာဆွဲနည်းကို ကြည့်နေလိုက် ပါသည်။

အမှန်တော့ ကျွန်တော့်မှာ လူ့လောက ဝင်ရောက်ကာစ လူ့ဘဝ လူ့အကြောင်းကို လေ့လာနေသော လူရွယ် တစ်ဦးသာလျှင်ဖြစ်ပြီး  ကျွန်တော်ကိုယ်တိုင်လည်း လိင်မတူသော မသတ္တဝါ၏ အရသာကို ခံစားဘူး၍ တွေ့သမျှ အရသာကို လက်ညှိုးထိုးကာ ခံစားချင်လာသော အချိန်ပိုင်းတွင် ရောက်နေလေရာ ဒေါ်ခင်မိမိလေး၏ လှပသော ကိုယ်လုံးကိုယ်ထည်နှင့် မက်မောဖွယ်ရာ ရုပ်ရည်ရူပကာကို အနီးကပ် မြင်တွေ့ရသောအခါ အာရုံထဲတွင် သူမပုံရိပ်က ဝဲလှည့်ကာ ရမ္မက်သွေးတွေက ထကြွနေပါတော့သည်။

တကယ်တော့ ဒေါ်ခင်မိမိလေးအား အနီးကပ်တွေ့ရသောအခါမတော့ သူမ၏အလှမှာ ဒေါ်လေးမေနှင့် မတူပဲ ဖြူဖြူချောချောနှင့် ဘေးတိုက်မြင်နေရသော အလှမှာ ကျောက်ဆစ်ရုပ်ကလေး တစ်ရုပ်ကဲ့သို့ပင် ထင်မြင်မိ ပါသည်။ လည်တိုင်မှာ အနေတော် သွယ်လျှလျှနှင့် အကြောစိမ်းမြမြလေးများ ယှက်သန်းနေပုံမှာ  ကြည့်ကောင်း လှပါသည်။ တံတောင်ဆစ်၏ အောက်ပိုင်းရှိ ဖြူနုသော လက်ဖျံပေါ်မှ အမွှေးပါးပါး အုပ်လွှမ်းထားပုံမှာ ကြေးမှုံပြင်တွင် တင်နေသော သနပ်ခါးစက်ကလေးများပမာ တွေ့နေရပါသည်။

ဒေါ်ခင်မိမိလေး၏ အိမ်ဖေါ်မိန်းကလေး၏ ရုပ်ရည်ကလည်း မခေလှပါ… ၁၆ နှစ်ခန့်ဟု ထင်ရသော်လည်း ဖြူဖွေးစိုပြည်သော အသားအရည်… ဖွံ့ထွားသော ရင်သား… ထွားကြိုင်းစွံ့ကား လုံးဝန်းသော တင်ပါးဆုံတွေနှင့် ထိုမိန်းကလေးက… “သုံးဆောင်ကြပါရှင်… ”    ဟုပြောရင်း ကော်ဖီပန်းကန်များကို ချပေးလိုက်ပါသည်။ သူမ၏ အသံမှာ ခပ်သြသြ ဖြစ်ပြီး စကားခပ်ဝဲဝဲ ဖြစ်သောကြောင့် မော်လမြိုင်ဘက်မှဟု တွေးထင်မိပါသည်။ ကျွန်တော် ထင်သည့်အတိုင်း မော်လမြိုင်မှ ခေါ်ယူထားသူလေး ဖြစ်ကြောင်း သိရပါသည်။

ကျွန်တော့်ကို ဒေါ်ခင်မိမိလေးက သူမ၏ ဖဲတွေ တွဲပုံတွဲနည်းကို ပြရင်း…

“ဟောဒီအပွင်နဲ့ ဟောဒီလို တွဲရတယ်ကွဲ့… ကိုယ့်လက်အောက်ကအိမ် မြင်လို့ အရေးမကြီးဘူး… ကိုယ်အထက် အိမ်က မြင်သွားရင် ကိုယ်တွဲဖို့ လိုနေတဲ့ ဖဲ မရပဲနေလိမ့်မယ်… မောင်လေးရဲ့… ” ဟုပြောလိုက်ပါသည်။

ထိုသို့ပြောလိုက်သဖြင့်လည်း ကျွန်တော်က ဒေါ်လေးမေ အနီးနားမှ ဒေါ်ခင်မိမိလေး၏ ကိုယ်လုံးလေးနှင့် မထိတထိရွှေ့လိုက်ရင်း သူမဖဲကို ကြည့်လိုက်ပါသည် ဒေါ်ခင်မိမိလေးနာမည်ကို… ခင်မိခါမိလေး ဟုသာ ခေါ်ပါရစေ တော့… ။ ခင်မိမိလေး ဆိုသော အမည်မှာ အင်မတန်မှ ဗမာဆန်သော အမည်ဖြစ်ပြီး ယဉ်ယဉ်ကလေးနှင့် ခန့်ထည်သော အမည်လည်း ဖြစ်ပါသည်။

ခင်မိမိလေးနှင့် မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးမှာလည်း မခေလှပါ။ သူမ၏ ရုပ်သွင်မှာ အထက်တန်းလွှာ ရှမ်းအနွယ်ဝင်ဟု ထင်ရပြီး အသားဖြူဝင်း၍ တမျိုးလေး ကြည့်ကောင်းလှပါသည်။ သူမနာမည်ကတော့ တင့်တင့် ဟုသိရပါသည်။ ကျန်တဲ့နှစ်ယောက်ကတော့ ဖြူဖြူ ဝဝ ရွက်ကြမ်းရေကြို ရုပ်သွင်ရှိပြီး ပိုကာ ဝါသနာအိုးတွေ ဖြစ် ဟန်တူပါသည်။ ဒေါ်လေးမေက ကျွန်တော့်ကို အကဲခတ်သော မျက်လုံးတွေနှင့် မကြာခဏ စိုက်ကြည့်တတ် ပါသည်။

အမှန်တော့ ကျွန်တော့်ကို ဒေါ်လေးမေ ခေါ်လာရခြင်းမှာ မင်းကတော်တို့ဝိုင်းတွင် ဂုဏ်ယူဖို့အတွက်များ ဖြစ်နေသလား မပြောတတ်ပါ။ သူတို့ချင်းတော့ သိနေကြသည်ဟု ထင်ပါသည်။ ကျွန်တော့်က ဒေါ်လေးမေနား တိုးကပ်လိုက် ခင်မိမိလးအနီး ချဉ်းကပ်လိုက် လုပ်နေရာ ခင်မိမိလေးက အောက်အိမ်ဖြစ်သောကြောင့်

“မင်းရဲ့ မမကိုတော့… ဒီမှာရှိတဲ့ ဖဲတွေကို မပြောလိုက်ပါနဲ့… နော်… ” ဟု ရီရီမောမောနှင့် ပြောလိုက်သေးသည်။ ထိုသို့ပြောသော်လည်း သူမသာ ဒေါင်းသွား ခဲ့ခြင်းဖြစ်ပါသည်။

ခင်မိမိလေးတို့ဆီမှ ပြန်ခါနီးတွင် သူမက ကမျွန်တော်အိတက်နေသော ပရိုက်ဗိတ်ကျောင်းထက် အင်းယားတွင် ဖွင့်ထားသော ကျောင်းက အသင်အပြ ပိုကောင်းကြောင်း ပြောဆိုလိုက်ပါသည်။ ထိုကျောင်းတွင် ကောလိပ်မှ ဆရာတွေကိုယ်တိုင် သင်ပြသောကြောင့် အောင်မြင်နိုင်မှု ရှူးဝါး ဖြစ်ကြောင်း ပြောလိုက်ပါသေးသည်။

ကျွန်တော်တို့ အိမ်ပြန်ရောက်သောအခါ ကျွန်တော့်အတွက် ဖိတ်စာတစ်စောင် ရောက်နေသည်ကို တွေ့ရ ပါသည်။ ထိုဖိတ်စာကို ကြွယ်က လာပေးရင်း ပြုံးတုံးတုံးလုပ်ကာ…

“ကိုလေး ဖိတ်စာကို ကြည့်ပြီး မျက်ရည်တွေ ကျမနေနဲ့ဦး နော်… ” ဟုပြောလိုက်ပါသည်။

ကျွန်တော်က ကြွယ်ပြောကတည်းက ရိပ်မိပါသည်။ အမှန်တော့ ဤဖိတ်စာမှာ  မူမူနှင့် ပဲခူးမှ သူဌေးလေး ကိုသက်ဝင်းတို့၏ လပ်ထပ်မင်္ဂလာ ဖိတ်စာပင်တည်း။

ကျွန်တော် ထိုဖိတ်စာကို ကြည့်ကာ မျက်ရည်တော့မကျမိပါ။ အမှန်တော့ မူမူ့ကို လိုသလောက် ချစ်ခဲ့ပြီး ဖြစ်ကာ… သူမ၏ ဘဝမှန်ကို သူမ ရွေးချယ်တတ်သွားခြင်းအတွက် ဝမ်းသာမိပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကြွယ်ကြွယ်နှင့် ချစ်ခဲ့မိသည့်အပြင် ဒေါ်လေးမေနှင့်ပါ တိတ်တိတ်ပုန်း ချစ်ခဲ့လေရာ အဘယ်မှာ မူမူ့ကို ယူနိုင်တော့ မည်နည်း။ ဘာပဲပြောပြော မူမူက သူမဘဝ နားခိုရမည့် ယောကျ်ားတစ်ယောက် ရသွားခြင်းအတွက် ဝမ်းသာမိ သည် ကတော့ အမှန်ပင်ဖြစ်ပါသည်။

တချိန်တည်းမှာပဲ နိုင်ငံခြားမှ အန်ကယ့်ဆီမှ စာတစ်စောင်ရောက်လာပြီး… သူ၏ရောဂါ ဝေဒနာကို ဆေးကုရန် အင်္ဂလန်တွင် နေဦးမည်ဟု ပါရှိပြီး… အစိုးရက ခွင့်ပြုပြီး ဖြစ်ကြောင်းလည်း ပါရှိပါသည်။ ဆေးဝါး ကုသရန် အတွက် အနည်းဆုံး နှစ်လ သုံးလတော့ ထပ်မံကြာဦးမည်ဖြစ်၍ စိတ်အေးအေးထားရန် ပါရှိပါသည်။

ထိုစာကို တွေ့ရသောအခါ ကျွန်တော် အတော်လေး ဝမ်းသာသွားခဲ့ပါသည်။ တကယ်လို့သာ အန်ကယ့် ရောဂါ ဝေဒနာ သက်သာမည် ဆိုပါက ဒေါ်လေးမေ လိုချင်သော ရမ္မက်ဆန္ဒတွေကို အန်ကယ့်ထံမှ သဘောရှိ ခံစားရမည် မဟုတ်ပါလား။

ကျွန်တော်နှင့် ဒေါ်လေးမေတို့ မှားမှားယွင်းယွင်း ဖြစ်နေကြသည်ကို ကြွယ်ကြွယ် မသိရအောင်တော့ နှစ်ဦး စလုံးက စောင့်ထိန်းရန် တာဝန်ယူထားရပါသည်။ ကြွယ်ကြွယ်က ကျွန်တော့်ကို အစ်ကိုဝမ်းကွဲအဖြစ်ရော ချစ်သူ အဖြစ်ပါ အင်မတန်မှ အသဲစွဲအောင် ချစ်နေလေရာ တကယ်လို့သာ ထိုကိစ္စသာ သိရှိသွားပါက သူမအင်မတန် စိတ်ထိခိုက်သွားမည်ဖြစ်ပါသည်။

တခါခါ ကျွန်တော်နှင့် ကြွယ်ကြွယ် တွဲ၍ ရုပ်ရှင် သွားကြည့်ကြရာ ရုပ်ရှင်ကြည်ရင်း ကြွယ်ကြွယ့် ကိုယ်လုံး လေးကို လက်တစ်ဖက်က ရစ်သိုင်းထားပြီး နှစ်သိမ့်မှု ပေးလိုက်မိပါသည်။ အမှန်တော့ ကျွန်တော် ကြွယ်ကြွယ်နှင့် အတူ ရှိနေသည့်တိုင် ကျွန်တော့် စွဲလန်းခြင်း စိတ်အာရုံတွေမှာ ကြွယ်ကြွယ့်ထက် အဆမတန် အမူအရာသာ၍ အပေးအယူ အလွန်ကောင်းသော ဒေါ်လေးမေဆီကိုသာ ပျံ့လွင်နေပါသည်။

တစ်နေ့တွင် ကျွန်တော်နှင့် ကြွယ်ကြွယ် ည ၉ နာရီပွဲ ရုပ်ရှင် သွားကြည့်ချိန်မှာ ဒေါ်လေးမေက အိမ်မှာကျန် ရစ်ခဲ့ပါသည်။ ကျွန်တော်တို့ ပြန်ရောက်သောအခါ အိမ်မှ ထမင်းချက် အဒေါ်ကြီးက…

“မင်းကတော် ဒေါ်ခင်မိမိလေး အိမ်ကို လိုက်ခဲ့ပါတဲ့ ကွယ်… ” ဟု ဆီးကြို ပြောလိုက်သောကြောင့် ကျွန်တော် ကားကို ချက်ချင်း မောင်းထွက်ခဲ့ရ ပါတော့သည်။

အချိန်မှာ ၁၂ နာရီ ထိုးနေပြီ ဖြစ်ပါသည်။


အခန်း ( ၇ )ပြီးပါပြီ။

.............................................................................

အခန်း ( ၈ ) ဝီစကီအချစ်

ကျွန်တော် ဒေါ်ခင်မိမိလေးတို့ အိမ်သို့ရောက်သောအခါ ဒေါ်လေးမေကို မတွေ့ရပဲ အိမ်တံခါး လာဖွင့်ပေးသော ဒေါ်ခင်မိမိလေးကိုသာ တွေ့ဆုံရပါသည်။

“လာလေ မောင်စိန်တင်… အိမ်ထဲဝင်ဦး… ” ဟု ခင်မိမိလေးက ဖိတ်ခေါ်လိုက်သောကြောင့် ကျွန်တော်က ဒေါ်လေးမေအား မေးလိုက်ပါသည်။

ခင်မိမိလေး ပါးစပ်မှ စူးရှရှ အရက်နံ့က ကျွန်တော့် နှာခေါင်းထဲသို့ သင်းကနဲ ဝေ့ပျံ တိုးဝင်လာသောကြောင့် သူမ အရက်သောက်ထားကြောင်း သိလိုက်ရပါသည်။ ခင်မိမိလေးက ရင်းနှီးစွာဖြင့် ကျွန်တော့် ပခုံးကို ဖက်လိုက်ကာ ဧည့်ခန်းဆောင်ကို ခေါ်လာခဲ့ပါသည်။

“မင်းမမ တစ်ယောက်တော့ အိပ်ပျော်နေလေရဲ့… မောင်လေးများ ပါလာမလားလို့ မမတောင် မျှော်နေသေးတယ်… ”

“ဟုတ်ကဲ့ ကျွန်တော်လဲ လာမလို့ပါပဲ မမရယ်… ရုပ်ရှင် သွားကြည့်နေတာနဲ့ပဲ… ဒါထက် မမမေကို နှိုးလိုက်မှနဲ့ တူပါတယ်… ”

“အို… အိပ်ရေးပျက်နေပါဦးမယ်ကွယ်… မနှိုးပါနဲ့… ဒါထက် မောင်လေးရော ညဉ့်နက်နေပြီပဲ ဒီမှာပဲ အိပ်လိုက်ပါလား… ”

ထိုကဲ့သို့ ခင်မိမိလေးက ပြောလိုက်သော ဆိုလိုရင်းကို ကျွန်တော် သိနာလည်သော်လည်း ဒေါ်လေးမေကို ပြန်မပို့ပါက ကျွန်တော်တို့ ကိစ္စကို ကြွယ်ကြွယ်တစ်ယောက် ရိပ်မိသွားမည် စိုးသောကြောင့်…

“မဖြစ်ပါဘူးမမရယ်… မမမေကို ဒီညပြန်ခေါ်မသွားရင် မနက်ကျတော့ ကျွန်တော့်ကို အကြိမ်းအမောင်း ခံနေရပါဦး မယ်… ”

“အို… မင်းကို ဘယ်သူကများ ကြိမ်းဝါးစရာ ရှိလို့လဲ မောင်လေးရာ… ” ဟုပြောရင်း

ကျွန်တော့်ကို ခင်မိမိလေးက ခပ်တင်းတင်း ပွေ့ဖက်လိုက်သဖြင့် ခေါင်းနားပန်းကြီးကာ ပူကနဲ ဖြစ်သွားရပါသည်။ ခင်မိမိလေးက  ကုတင်ပေါ်တွင် အိပ်ပျော်နေသည့် ဒေါ်လေးမေကို ပြလိုက်ရာ… ကုတင်အနီးရှိ ရမ်တစ်ပုလင်းနှင့် ဖန်ခွက်များမှာ ကျွန်တော်၏ အသည်းနှလုံးတွေကို လှုပ်ရှားသွားစေပါသည်။

“တို့ရဲ့ ပျော်ပွဲမှာ မင်းမမ အရက်သောက်လွန်ပြီး အိပ်ပျော်သွားတာပဲ မောင်လေး လာပါကွယ် အိပ်ရေးဝအောင် အိပ်ပါစေ… ”

ခင်မိမိလေး ကျွန်တော့်ကို အိမ်ရှေ့ စားပွဲခုံတွင် ထားခဲ့ပြီး အတွင်းခန်းသို့ ဝင်ရောက်သွားသည်။ စားပွဲပေါ်တွင် ပိုကာ ဖဲထုပ်ကို ခုတိုင် တွေ့နေရပါသေးသည်။ လျှပ်စစ်မီးရောင်အောက်တွင် ဝင်းပြောင်နေသော ဖန်သား ပြာခွက်ကလေးထဲမှ  စီးကရက်တိုများ အတော် များပြားစွာ ထည့်ထားသည်ကို တွေ့ရသောကြောင့် ခင်မိမိလေးတို့ ပိုကာဝိုင်းမှာ အတော်ကလေး လူစုံစုံညီညီ ကစားသွားကြောင်း သိနိုင်ပါသည်။

အနီးတွင်ချထားသော သတင်းစာတစ်စောင်ကို လှန်လှော ကြည့်ရာ စာမျက်နှာတိုင်းတွင် ပလူပျံ ဆူညံနေ သည့် တောမှ မောင်မြေဇာ မယ်မြေဇာတို့အား ပြန်ပေးဆွဲ သတ်ဖြတ်သော သတတင်းတွေကို စိတ်ဝင်စားမှု မရှိလှပဲ ဖတ်ရှုနေမိပါသည်။ နေ့တိုင်းလိုလို ထိုသတင်းမျိုး ပါနေသောကြောင့် ရိုးသွားသည်ဟု ထင်ပါသည်။

ကျွန်တော် နောက်ဆုံးစာမျက်နှာကိုတော့ အတော်ပဲ စိတ်ဝင်စားနေမိပါသည်။ သတင်း၏အပေါ် ခြောက်လိုင်း စာလုံးမဲကြီးတွေက စိတ်ဝင်စားစရာ ကောင်းလှသလို  ၎င်းအောက်မှ တွေ့ရသော သုံးလိုင်းစာလုံး များမှာလည်း ကျွန်တော့် အသည်းကို ဆွဲကိုင်ကစားသွားသည်ဟု ထင်မိပါတော့သည်။

ကျွန်တော် ထိုသတင်းကို ဖတ်ရသောအခါ အတော်ပင် တုန်လှုပ်သွား ပါတော့သည်။ အမှန်တော့ မူမူသည် ကျွန်တော့်ကို စွဲလန်းသောဝေဒနာက မပျောက်နိုင်ပဲ  ဂုဏ်ကြီးရှင် မိဘတို့ စီမံရာ နာခံလိုက်ရဟန်တူပါသည်။

မူမူသည် မိဘဂုဏ်ကျေးဇူးကို ထောက်ပြီး မိဘမျိုးရိုး၏ အရှက်သိက္ခာကိုရော မိဘ စိတ်ချမ်းသာမှု အတွက်ပါ လိုက်လျှောရဟန်ရှိပါသည်။ ကျွန်တော်က သတင်းစာကို ကြည့်နေပါသော်လည်း ညှိုးလျှော့နေသော မူမူ၏ရွှေရုပ်လွှာကိုသာ ထင်ယောင်မြင်ယောင်လာကာ ရင်ထဲဝယ် အလိပ်လိပ်တက်လာပါတော့သည်။

စိန်တင်အောင်ဆိုသော တူရိယာ အဖွဲ့မှာလည်း ကျွန်တော့်နာမည်နှင့် တိုက်ဆိုင်စွာ ဆင်တူနေခြင်းကြောင့် မူမူစိတ်ထိခိုက်သွားရသည်ဟု ထင်မြင်မိပါသည်။ တကယ်တော့ ကျွန်တော်သာ သစ္စာမဖေါက်ပဲ နှစ်ဦးသား မေတ္တာနှောင်ကြိုးကို ထိန်းသိမ်းနိုင်မည်ဆိုပါက… ကျွန်တော်သည် မူမူ့ကို တနည်းနည်းနှင့် ရအောင် ကြံစည်နိုင်မည့် ယောကျ်ားကောင်းတစ်ယောက် ဖြစ်ရပေမည် မဟုတ်ပါလော… ။ လူကြီးမိဘ ဂုဏ်ပကာသနကို ထောက်ရှု၍ လက်ထပ်လင့်ကစား မချစ်သော်လည်း အောင့်ကာနမ်းလိုက်ရသော အိမ်ထောင်ရေး၏ အဆင် မပြေမှုများ မကြာမီ ပေါက်ကွဲ၍ ပျက်စီးရသည်လည်း အများအပြားပင် ဖြစ်ရာ မူမူ၏ အိမ်ထောင်ရေးသည် ခိုင်မြဲသော အိမ်ထောင်ရေး ဖြစ်ပါစေဟု ကျွန်တော်ဆုတောင်းမိပါသည်။

ယခင်တုန်းက မူမူ့အပေါ်တွင် ဘယ်လိုမျှ မစဉ်းစားခဲ့မိသော ကျွန်တော်သည် သူမက ကျွန်တော့်ကို သာလျှက် စွဲလန်းခြင်းဖြင့် ဝေဒနာခံစားနေရပုံကို တွေးမိသည့်အခါ ခိုင်မာလှသော ကျွန်တော့်၏ မျက်ရည် တမံကျိုးကာ မျက်ရည်ပေါက်ကြီးများမှာ ရေလှိုင်းပမာ လိမ့်ဆင်းလာပါတော့သည်။

“အလို မောင်စိန်တင် ဘာဖြစ်နေတာလဲ မျက်ရည်တွေဘာတွေ ကျနေပါလား ကွ ဟင်… ”

ထိုအသံကြောင့် တဒင်္ဂမျှ စိတ်ထိခိုက်သွားရသော ကျွန်တော်က စီးကျလားသော မျက်ရည်များကို ရုတ်တရက်ပင် လက်ကိုင်ပုဝါနှင့် သုတ်ပစ်လိုက်ရင်း…

“မီးလုံးကို မော့ကြည့်မိလိုက်လို့ ကျိန်းသွားတာပဲမမ အရင်တုန်းက မျက်စိနာဖူးတော့ မျက်လုံးတွေက မီးလုံးကို ကြည့်မိရင်  ကျိန်းစပ်ပြီး ထွက်လာတာပဲ မမရယ်… ” ဟု

ကျွန်တော်က ပြောလိုက်သော်လည်း ခင်မိမိလေးမှာ ယုံကြည်ပုံမရပဲ ကျွန်တော့်ရှေ့တွင် ချထားသော သတင်းစာ စာမျက်နှာတွေက လှန်ထား၍ အထင်းသား ပေါ်လွင်နေသည့် မူမူတို့သတင်းကို တွေ့သွားသဖြင့် ပြုံးလိုက်ပါသည်။

“မင်းလိမ်နေတယ် မောင်စိန်တင် ဟောဒီ မူမူဆိုတာ မင်းတို့နဲ့ မျက်စောင်းထိုး နေသွားတဲ့ ကောင်မလေး ချောချောလေးလေ… မင်းရဲ့ မမကလည်း ပြောပါတယ် မင်းနဲ့မူမူဟာ သမီးရည်းစား ဖြစ်ခဲ့တဲ့အကြောင်းလေ… ”

ခင်မိမိလေး ပြောစကားကြောင့် ကျွန်တော် အတော်လေး အံ့အားသင့်သွားပြီး ကျောက်ရုပ်ပမာ ဖြစ်သွားရာမှ မချိပြုံး ပြုံးရင်း ခေါင်းကိုငုံ့လိုက်ကာ…

“မှန်ပါတယ်   မမရယ်… မူမူဟာ ကျွန်တော့်ရဲ့ အချစ်ပါပဲ… ဒါပေမဲ့ ကျွန်တော်က မိုက်မဲလို့ လက်လွှတ်ခဲ့ရတယ် လေ… ” 

ကျွန်တော်ခေါင်းငုံ့ ထားရာက ဖြေးဖြေးမော့ရင်း ပြောလိုက်ပါသည်။ မျက်လုံးတွေမှာ မျက်ရည်တွေဖြင့် စွန်းထင်နေဟန်တူပါသည်။ ခင်မိမိလေးက သူမ၏ မျက်ခုံး သေးသေး ကွေးကွေးလေးကို ပင့်လိုက်ရင်း အပြုံးတစ်ပွင့် ဆင်လိုက်ကာ…

“အို ကွာ… ကိုယ့်ကို မချစ်တော့လို သူက ချစ်သူ ရှာသွားပြီပဲ… ကိုယ်က ဘာများ ဝမ်းနည်းနေရဦးမလဲကွာ… လာလာ မင်းစိတ်ညစ်တာတွေ ပျောက်သွားအောင် မမ ဆေးတိုက်ပါ့မယ်…”

ခင်မိမိလေးက ကျွန်တော့်လက်ကို ဆွဲခေါ်လိုက်သောကြောင့် မတ်တပ်ရပ်လိုက်ရပါသည်။ သူမက ကျွန်တော့်ကို လူပျိုလူရွယ် တစ်ယောက်ဆိုတာထက် ကစားစရာ အရုပ်ကလေးလို ကလေးတစ်ယောက်လို ထင်နေရော့သလားမသိပါ။

နူးညံ့ပျော့ပြောင်းလှသော သူမ၏ လက်တစ်ဖက်က ကျွန်တော့်ခါးကို ရစ်ပတ်လိုက်ပြီး အတွင်းခန်းဆီသို့ ပိုးသားနုနု ကန့်လန့်ကာကို ဖယ်ရှား၍ ဝင်လာခဲ့ပါသည်။ ထိုအခန်းတွင်းဝယ် မတ်တပ်ဘီဒို လေးတစ်လုံး နှင့် ကောင်တာစားပွဲလေးတစ်လုံး ရှိနေပါသည်။

“ဟောဒီ အခန်းကလေးက မိမိရဲ့ မောင် အရက်သောက်တဲ့ အခန်းပေါ့… အခုတော့ သူက တောမှာချည်း ဆင်းနေရတော့ မမိမှာ ဖဲရယ် အရက်ရယ်ပဲ အဖေါ်ပြု နေရတာပေါ့လေ… ဒီလို နယ်ဆင်းနေရတဲ့ ယောကျ်ားကို မမဖြင့် သဘောမကျနိုင်ပါဘူးကွယ်… ”

ခင်မိမိလေးက ဝီစကီ ပုလင်းကို ဆွဲထုတ်ကာ ပြောလိုက်ရင်း ဖန်ခွက်ထဲသို့ ဝီစကီကို ငှဲ့၍ ဆော်ဒါရောစပ်ကာ  ရေခဲဘီဒို ထဲမှ ရေခဲတုံးလေးများကို ထည့်ပေးလိုက်ပါသည်။

“ကဲ… မောင်လေး စိတ်ညစ်တာတွေ ပျောက်သွားအောင် သောက်လိုက် မောင်လေး… ”

“ကျွန်တော် မသောက်တတ်ပါဘူး မမရယ်… ”

ကျွန်တော့်ဆီ တိုးပေးလိုက်သော ဝီစကီ ဝမ်းပက်ကို ဟန်လုပ်ကာ ငြင်းပယ်လိုက်ပါသည်။ အမှန်ကတော့ ခင်မိမိနှင့် ပထမဆုံး စတင် တွေ့ဆုံ ဆက်ဆံချိန်တွင် ကျွန်တော်၏ တန်ဖိုးကို တင်ထားရဦးမည် မဟုတ်ပါလား… ”

“နည်းနည်းပါးပါးပေါ့ မောင်လေးရာ… ကဲကဲ သောက်လိုက်စမ်း… မမလည်း သောက်မယ်လေ… ”

ထိုကဲ့သို့ ခင်မိမိလေးက ပြောလိုက်သောကြောင့် ယခုတစ်ခါတော့ ကျွန်တော် မငြင်းသာတော့ပဲ သူမ ပေးလိုက်သော ဝီစကီခွက်ကို မော့ချလိုက်ပါသည်။ ဝီစကီသောက်ပြီးနောက် ကျွန်တော့်စိတ်အာရုံတွေ လန်းဆန်းလာသည်ဟု ထင်မိပြီး ကျွန်တော့် ကိုယ်ကြီးမှာ ကြွတက်လာ၍ မတ်တပ်ရပ်လိုက်ကာ  ခင်မိမိလေးဆီမှ ဝီစကီ နောက်ထပ် တောင်းခံလိုက်ပြန်ပါသည်။ သူမကပြုံးလိုက်ကာ ကျွန်တော့် ဖန်ခွက်ထဲသို့ ထပ်ထည့်ပေး လိုက်ရင်း

“တော်တော် စိတ်ညစ်ပြေသွားပြီလား မောင်လေး” ဟု မေးလိုက်ပါသည်။

“ကျွန်တော် အခုမှပဲ နေသာ ထိုင်သာ ရှိသွားတယ်… ”

ကျွန်တော် ဖန်ခွက်ကို နှုတ်ခမ်းတွင် တေ့လိုက်သည့်အချိန်မှာပင် ခင်မိမိလေးက နောက်ဖန်ခွက် တစ်လုံးတွင် ဝီစကီထည့်ကာ သောက်လိုက်ပါသည်။ သူမ၏ နီရဲသော နှုတ်ခမ်းတွေက စွတ်စိုသွားကာ အရောင် တွေ လက်လာသည်ဟု ထင်ရပါသည်။

“အိုးးး… မမက ကျွန်တော့်ထက် အများကြီး ပိုပြီးသောက်နိုင်ပါလား… ”

ကျွန်တော်မှာ အတော်လေး ထွေလာပြီ ဖြစ်သောကြောင့် ခင်မိမိလေး၏ မျက်နှာလေးကို စိုက်ကြည့် မိပါသည်။ သူမကိုယ်တိုင်ပင် အရက်တန်ခိုး ဝင်ဖမ်းစားထာသောကြောင့် ဒယီးဒယိုင် ဖြစ်လာကာ ကျွန်တော့် ဘေးတွင် ယှဉ်၍ မတ်တပ်ရပ်လိုက်ပါသည်။

နှစ်ဦးသား မျက်လုံးတွေမှာ အရောင်တွေ တောက်နေသလို တစ်ဦး၏သဘောကို တစ်ဦးက အပြန်အလှန် ထုတ်ဖေါ်ပြနေ သကဲ့သို့ ရှိနေပါတော့သည်။ ကျွန်တော်က မစရသေးမှီမှာပင် ခင်မိမိလေး၏ လက်နှစ်ဖက်က ကျွန်တော့်လည်ပင်းကို ရစ်သိုင်းလိုက်ပြီး ပူနွေးသော အတွေ့ဖြင့် ကျွန်တော့်နှုတ်ခမ်းတွေကို စုပ်ယူလျှက် ရှိပါသည်။ ယခုတစ်ခါတော့ ကျွန်တော် အညံ့မခံပဲ သူမ၏ ခါးလေးကို ပြန်လည် ဖက်တွယ် ရစ်သိုင်းလိုက်ပြီး သူမ၏ ပါးလျနီထွေးသော နှုတ်ခမ်းတွေကို အားပါးတရ စုပ်ယူကာ… သူမ၏ နဖူးပြင်မှ လည်ပင်းတွေအထိ မွှေးကြူနေမိပါသည်။ 

သည်နောက်တွင် သူမကပင် ကျွန်တော့်ကို ဦးဆောင်ကာ သူမ၏ အခန်းထဲ ခေါ်ဆောင်သွားပါသည်။ အခန်းထဲတွင် အဆင်သင့် ဖြစ်နေသော နှစ်ယောက်အိပ် ကျွန်းကုတင်ထက်ရှိ တောင်ဆုပ်နီးပါးမျှ ထူထဲသော မွှေ့ယာပေါ် ခင်မိမိလေးက ပြေးသွား၍ တင်ပါးတဝက် မြုပ်အောင် ထိုင်ချလိုက်ပြီး… ကျွန်တော့်အား လက်ကလေး မြှောက်ကာ လက်ယပ် ခေါ်ယူလိုက်ပါသည်။

ကျွန်တော်က အချစ်ရမ္မက်တွေ ဟုန်းကနဲကြွလာပြီး သူမဆီသို့  ကမန်းကတန်း ပြေးဝင်သွားသောအခါ… ခင်မိမိလေးက သူမကိုယ်လုံးကို တပါတ်လှည့်၍ ရှောင်တိမ်းလိုက်သဖြင့် ကျွန်တော့်မှာ မွှေ့ယာကြီးပေါ် ဝမ်းလျှားထိုးကာ လွတ်လွတ် ကျွတ်ကျွတ် ကျဆင်းသွားသဖြင့် သူမက ကျွန်တော့်ကို ကြည့်ကာ တခစ်တစ် ရီမော နေပါတော့သည်။ သူမ ရီလိုက်သောအခါ ကျွန်တော့်စိတ်တွေ ပိုမိုတက် ကြွလာပြီး… ခင်မိမိလေးဆီသို့ ထကာ ပြေးသွားလိုက်ပါသည်။ ခင်မိမိလေးကတော့ ကျွန်တော့်ကို အရူးလုပ်ကာ ကုတင်ကို လှည့်ပတ် ပြေးနေပါသည်။ ကျွန်တော့်မှာ ခင်မိမိလေး၏ ရမ္မက်ညှို့မြှူ ဖမ်းစားပုံကို တအံ့တသြဖြစ်ကာ ခေါင်းထဲတွင် ပိုမို ပူပြင်းလာပါသည်။

သူမ နောက်ထပ်တပါတ် လှည့်အပြေးတွင် ကျွန်တော်က ကုတင်ပေါ်မှ ကျော်ဖြတ်ကာ မလွတ်တမ်း ဖမ်းလိုက်ကာ တအားဖက်ထားသောကြောင့် ကျွန်တော့်၏ ချစ်ရမ္မက်တွေက ပိုမို ပြင်းထန်လာပါတော့သည်။

“ပြေးလို့ လွတ်မလား မမရယ်… ဟင်း ဟင်း… ”

ကျွန်တော်က အားမလို အားမရ ပြောရင်း… ခင်မိမိလေး၏ နှုတ်ခမ်းတွေကို တပြွတ်ပြွတ် စုပ်ယူလိုက်ကာ ကုတင်စောင်းတွင် ပက်လက်ကလေး လှဲလိုက်ပြီး သူမ၏ နိုင်လွန်အင်္ကျ ီ ကြယ်သီးတွေကို တစ်လုံးခြင်း ဖြုတ်ချလိုက်ရာ ရော့ရဲရဲ ဘွန်တွမ် ဘော်ဒီလေး ပေါ်ထွက်လာပါတော့သည်။

ဘွန်တွမ်ဘော်ဒီကို ဖြုတ်ကာ ချွတ်လိုက်ပြီး ဝါဝင်းသော ရွှေရင်အုံ နှစ်မွှာပေါ်ထွက်လာသောအခါ မော့မော့ချွန်းချွန်းကလေးနှင့် လှပပြည့်တင်းနေသည်ကို အံ့သြစွာ တွေ့ရပါသည်။ ခင်မိမိလေးမှာ အအိုဟု ဆိုလင့်ကစား အပျိုနှင့်မခြား နုပျိုစိုပြေ ဖွံ့ဖြိုးလှပနေခြင်းက ကျွန်တော့် ချစ်ရမ္မက်ဆန္ဒတွေကို ပိုမိုပြင်းထန် လာစေပါသည်။

ခင်မိမိလေး၏ လျှော့ရဲရဲ ထမီမှာ ကျွန်တော် မဖြုတ်ရပဲ သူ့အလိုအလျှောက် ကျွတ်ကျသွားရကာ အသားကပ် ဆပ်စပန်ဒါ ဘောင်းဘီတိုလေး တစ်ထည်သာ ကျန်ရှိနေတော့ရာ ကျွန်တော်က ထိုဘောင်းဘီ ကလေးကို သူမ၏တင်ပါး နှစ်ဖက်ဆီမှ ဆွဲချလိုက်သောအခါမှာတော့ ကျွန်တော် မြင်ချင်သော အရာကလေးမှာ ထင်းကနဲ ပေါ်လွင်လာပါသည်။

ခုံးခုံးမို့မို့ နှင့် စိမ်းစိမ်းမြမြ တောအုပ်ကလေးမှာ ပါးပါးလျှလျှလေး တည်ရှိနေသလို… ရမ္မက်ဆန္ဒကြောင့်် ကြွတက်ဖြိုးမောက်နေသည့် ရွှေကျုပ်ပမာ တောင်ပူစာလေးမှာ ကျွန်တော့် အလိုဆန္ဒကို ဖြည့်ရန် အဆင်သင့် စောင့်စားနေသလို… ခင်မိမိကိုယ်တိုင်က ရမ္မက်ဇောကြောင့် ချစ်အဏ္ဏဝါ ရေယာဉ်ကြောတွင် မျောပါလိုစိတ် ဖြစ်ပေါ်နေ၍ ကျွန်တော့်လည်ပင်းကို ဟီးလေးခိုကာ အငန်းမရ နှုတ်ခမ်းတွေကို စုပ်ယူနမ်းလိုက်ပါသည်။

ထိုအချိန်တွင် ကျွန်တော့်လုံချည်မှာလည်း ကျွတ်ပြီးဖြစ်နေလေရာ သူမ၏ ကိုယ်လုံးလေးပေါ်သို့ ခပ်သွက်သွက် ဝမ်းလျှားထိုး မှောက်ချလိုက်တော့သည်။ ချစ်ရေအလျဉ် လှိုင်းကြောထဲဝယ် တအိအ ိမျောပါစုံဆင်း လိုက်ပါသွားသောအခါ ခင်မိမိ၏ ရင်ကလေးမှာ မြောက်ကြွလာပြီး အောက်မှနေ၍ ကော့ကာပင့်ကာ လှုပ်ရှား ပေးလျှက်ရှိသောကြောင့် ကျွန်တော့်အဖို့ အရသာတစ်မျိုး ခံစားလိုက်ရပါသည်။

ဆိုခဲ့ပြီးသည့်အတိုင်း ခင်မိမိလေးမှာ အင်္ဂလိပ်သွေးမကင်းသော ကပြားဆန်ဆန် အချောအလှ တစ်ဦး ဖြစ်သောကြောင့် ထိတွေ့ရသော သူမ၏တစ်ကိုယ်လုံးမှာ ဖြူဖွေးနူးညံ့သော ဝါဂွမ်းနှင့် ဆီထိသည့်ပမာ တငြိမ့်ငြိမ့် ဖြစ်သွားရပါသည်။

ခင်မိမိလေး၏ ပေါင်တံကြီးတွေမှာ စင်းလျှောသွယ်လျကာ မက်မောဖွယ်ရာ ဖြစ်နေပြီး ခါးအလှ လေ့ကျင့်ထားသောကြောင့် သေးသွယ်လှပ၍ ရင်တစ်ခုလုံးမှာ ပိုမိုဖြိုးမောက်ကာ အလှတိုးနေပါတော့သည်။

ကျွန်တော်က သူမ၏ခါးကို ဆွဲကာ စခန်းသွားနေရာမှ    အားမလို အားမရဖြစ်လာသော ခင်မိမိလေးက သူမ၏ ပခုံးတွေ ကို ပြောင်း၍ အကိုင်ခိုင်းလိုက်ပြီး သူမ၏တင်ပါးဆုံကြီးတွေကို တတ်နိုင်သလောက် ကြွပေးနေ ပြန်ပါသည်။ ကျွန်တော်ခပ်စောစောက သောက်ထားသည့် အရက်တန်ခိုးတွင် ခင်မိမိလေးက ဆေးတစ်မျိုး ခပ်လိုက်လေသလား မသိ… ကျွန်တော့် ယောကျ်ားအင်္ဂါမှာ ပိုမိုဖွံ့ဖြိုးလာသည်ဟု ထင်ရပါသည်။

မီးတွေကလည်း ထိန်ထိန်လင်းနေသောကြောင့် ခင်မိမိလေး၏ တကိုယ်လုံးကို မြင်နေရသလို ကျွန်တော့် ကိုယ်လုံးကြီးကိုလည်း သူမက မြင်နေရပါသည်။

ကျွန်တော်က ကျောင်းမှာ ဘော်လီဘော  ဘက်စကတ်ဘော ပြေးခုန်ပစ် ပြိုင်ပွဲမှန်သမျှ လိုက်စားထား သောကြောင့်လည်း ငယ်ရွယ်သောသူပင် ဖြစ်လင့်ကစား မိန်းမတွေ အင်မတန်မှ မက်မောလှသော ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ထည်မျိုး ပိုင်ဆိုင်ထားခြင်းုဖစ်ပါသည်။

အချိန်အတော်ကြီး ကြာသွားသောအခါ ခင်မိမိလေးက အံကလေးကြိတ်ထားရာမှ၎င်း… ကျွန်တော့် ကျောကို တအားကုန်ဖက်ထထးသော လက်တွေကို၎င်း… ပြေလျောချကာ အပြုံးပွင့်ကလေးများ တစ်ပွင့်ပြီး တစ်ပွင့် ဆင်မြန်းကာ မျက်လုံးလေးများ မှိန်းကျသွားပါတော့သည်။

ယခုတချိန်သည် ဒေါ်လေးမေနှင့် တွေတုန်းကထက်ပင် အတော်ကလေး ကြာညောင်းကာ နှစ်ဦးစလုံး မှာလည်း အင်မတန်မှ အရသာတွေ့နေရပါသည်။

“မင်းလေး ကတော့ အတော်စွဲမက်စရာကောင်းတဲ့ ကောင်လေးပဲကွာ… မမ တွေဖူးသမျှထဲမှာတော့ မင်းကို မမ အသည်းစွဲဖြစ်နေပြီ… ”

ခင်မိမိလေးက ပြောလိုက်သောကြောင့် ကျွန်တော် အတော် အံ့သြသွားရပါသည်။ ဒီလိုဆိုရင်တော့ သူမသည် ကျွန်တော့်အပြင် တွေဖူးသော အခြားယောကျ်ားတွေ ရှိနေလိမ့်မည်မှာ သေချာပါသည်။

ကျွန်တော်က ဟင်းကနဲ  သက်ပြင်းမှုတ်ထုတ်သံကြီးနှင့်အတူ  သူမဘေးတွင် လဲကျသွားလျှင်ကား ခင်မိမိလေးက ကျွန်တော့် ပါးတွေကို သူမ၏ အင်္ဂလိပ်မဆန်ဆန် နှာခေါင်းချွန်ချွန်ကလေးဖြင့် တအားပင် တန်ပြန်မွှေး၍ ကျွန်တော့် ကိုယ်လုံးကြီးကို ပွတ်သပ်ကိုင်တွယ် လိုက်ပြန်ပါသည်။ ပြီးတော့ မပြုံးတပြုံးနှင့်…

“မင်း… မမကို ချစ်တယ်နော်… မောင်လေး… ” ဟုမေးလိုက်သောကြောင့်…

“အို… မမကို မချစ်ပဲ… မမရဲ့ အလိုကို လိုက်ပါ့မလား… မမရယ်… ချစ်တာမှ အားကြီးချစ်တယ် မမက သိပ်ပြီး ချစ်စရာ ကောင်းတာပဲ… ”

ကျွန်တော်က ပြောနေရင်းပင် သူမ၏ နှုတ်ခမ်းအစုံကို ငုံ၍ စုပ်ယူလိုက်ပါတော့သည်။

“မင်း ရင်အုပ်ကြီးတွေက သိပ်ပြီး ချစ်စရာ ကောင်းတာပဲ… နောက်ကို မမနဲ့ ချစ်ရအောင်လို့ ဒိတ် လုပ်ပေးမယ်လေ ဘယ့်နှယ့်လဲဟင်… ပြောလေကွယ်…” ဟုမေးလိုက်သောကြောင့်

“အိုကေပါ မမ ကျွန်တော် ကတော့ အမြဲတမ်း ရယ်ဒီပါပဲ… မမရဲ့ လင်တော်မောင်ကြီး ပြန်လာရင်သာ ကျွန်တော့်ကို သေနတ်နဲ့ ဆော်ထည့်လိုက်မှ ကားကနဲ ဖြစ်နေဦးမယ်… ”

“အမယ်လေးကွယ်… ဒီဘူတားကြီးကိုများ အရေးစိုက်ပြီး ပြောမနေစမ်းပါနဲ့ မမသဘောပါ… ဟင်း… မမနဲ့ မောင်လေး ဗြောင် ချစ်နေရင်တောင်မှ ငနဲကြီးက ခွင့်ပြုရလိမ့်မယ် မောင်လေး… ဘာဖြစ်လို့လဲသိလား သူလေ… သူ မမရဲ့ ဆန္ဒတွေကို ဒင်ပြည့် ကျပ်ပြည့် မလိုက်လျောနိုင်ဘူးကွယ်… ”

ထိုကဲ့သို့ ခင်မိမိလေးက ပြောလိုက်သောကြောင့် ကျွန်တော် သူမအဖြစ်မှာ ဒေါ်လေးမေနှင့် တူလှလေ ခြင်းဟု အံ့သြမိကာ… အတော်လေး မောသွားသောကြောင့် သူမ၏ ပါးဖြူဖြူဖွေးဖွေးလေးကို မွှေးရုံမှလွဲ၍ မတတ်နိုင်အောင် ဖြစ်နေရပါတော့သည်။

ခင်မိမိလေးက ရုတ်တရက် အိပ်ယာမှထပြီး သူမ၏ အဝတ်အစားတွေကို ပြင်ဝတ်လိုက်ပြီး…

“မောင်လေး ခဏနော်… ” ဟုပြောဆိုကာ ထွက်သွားပါသည်။

သူမပြန်လာသောအခါတွင် ကြက်ဥတစ်လုံးစီကို လတ်လတ်ဆတ်ဆတ် ဖေါက်ထည့်ပြီး နို့ရောထားသည့် ဖန်ခွက် နှစ်လုံး ယူလာပြီးနောက်… သူမကိုယ်တိုင် ကျွန်တော့် ပါးစပ်နှင့်တေ့ကာ ယုယုယယ တိုက်နေပြန်ပါသည်။ ကျွန်တော့် လက်တစ်ဖက်က သူမပခုံးလေးကို ရစ်သိုင်းထားမိပါသည်။

သူမကိုယ်တိုင်လည်း နို့ကြက်ဥ တစ်ခွက်ကို မော့သောက်လိုက်ပါသည်။ နို့ကြက်ဥ သောက်လိုက်ရသောကြောင့် အားအင်တွေလည်း ပြန်လည် ပြည့်ဖြိုး လာပါတော့သည်။

ကျွန်တော်က ခင်မိမိလး၏ ကိုယ်လုံးလေးကိုဆွဲကာ ပြည့်ဖြိုးမောက်ချွန်းသော ရွှေရင်အုံတွေကို စိတ်ရှိတိုင်း ပွတ်ချေကစားနေမိသလို သူမကိုယ်တိုင်ကလည်း အားပေးအားမြှောက် ပြုသည့်အလား ကျွန်တော့် ပေါင်ကြီး တွေကို ခပ်နာနာဆွဲ၍ တစ်မျိုး ခပ်ဖွဖွပွတ်၍ တစ်ဖုံ ပြုလုပ်ပေးနေရာမှ ကျွန်တော့်၏ ယောကျ်ား အင်္ဂါကြီးကို ဆုပ်ကိုင်၍ ဖွဖွလေး ပွတ်ပေးနေပြန်ပါသည်။

ဒါတင်မကသေးပဲ သူမ၏ နှုတ်ခမ်းတွက ကျွန်တော့် နှုတ်ခမ်းအစုံကို အငမ်းမရ ဖိချေစုပ်ယူ နေပြန်သောကြောင့် ကျွန်တော်ဆိုသော အနှီ ငနဲသားမှာ ဖါးဖိုပမာ လေရှူရှိုက်သံတွေ ပြင်းထန် လာပါတော့သည်။

ဝါဂွမ်းဆိုင်ပမာ အင်မတန်မှ နူးညံ့လှသည့် ခင်မိမိလေး၏ လက်ဝါးလေးတွေက ကျွန်တော့် ယောကျ်ား အင်္ဂါကို ထိထိမိမိ ဆွဲကိုင်လှုပ်ရှား ကစားနေလေတော့ ပြန်လည်ကာ မာကျောလာ၍ ကျွန်တော်၏ အလို ဆန္ဒတွေ ဖြည့်စွမ်းနိုင်ရန်အတွက် ရှေ့သို့ ကော့ထိုးလာပြန်ပါသည်။

ကျွန်တော်က ဂလု ကနဲမြည်အောင် တံတွေးမြိုချလိုက်ပြီး ခင်မိမိလေး၏ ကိုယ်လေးကို ဆွဲယူ လိုက်ပါသည်။

“အို… အို မောင်လေး… ဟင်း ဟင်း… မင်း မောနေမယ်ကွဲ့… မမပြမယ်… ” ဟုပြောလိုက်ကာ… 

ကျွန်တော့်ကို ခင်မိမိလေးက ဘယ်ဘက်သို့ တစောင်း လှဲစေလိုက်ပြီး… ကျွန်တော့် ဘယ်ဘက်လက်ကို သူမက ခေါင်းအုံး၍ ကျွန်တော့်ကို ကျောပေးကာ လှဲအိပ်လိုက်ပါတော့သည်။

သူမ၏ ညာဘက်ပေါင်တံကို မြောက်ကာ ကျွန်တော့်ညာပေါင်တံကို ကျော်ကာတင်လိုက်ကာ… ကားထား သော သူမ၏ ပါင်နှစ်လုံးကြားတွင် ကျွန်တော့် ပေါင်နှစ်လုံးက နေရာယူစေပြီး… သူမက ကျွန်တော့်ပေါ်မှ ပက်လက် မကျတကျလေးနေရင်း သူမ၏ ပြည့်ဖြိုး စွင့်ကားသည့် တင်ပါးဆုံကြီးကို မြှောက်ကြွကာ နောက်ပြန် ကော့ပေးလိုက် သောကြောင့်… ကျွန်တော့် ယောကျ်ားအင်္ဂါနှင့် သူမ၏ အင်္ဂါဇာတ်မှာ နေသားတကျ အဆင်ပြေသွားလျှက်… ဘယ်ဘက် ခပ်စောင်းစောင်း အနေအထားနှင့် မပင်မပန်းပဲ ကျွန်တော့် လိုအင်ဆန္ဒ တွေကို အစွမ်းကုန် ဖြည့်စွမ်းပေး နေပါတော့သည်။

အားနေသော ကျွန်တော့် ညာလက်ကလည်း သူမ၏ ရင်သား ဝင်းဝင်းတွေပေါ်မှ ပတ္တမြားလုံးလေးတွေကို ဖျစ်ညှစ်ပေးကာ အတော်ကြာ စခန်းသွားပြီးနောက်… သူမကိုယ်လုံးလေးကို တဖြည်းဖြည်း လှည့်ယူကာ နို့ကလေးတွေကို ကုန်း၍ စုပ်ယူလိုက်ပါသည်။ ယခု ခံစားရသော အတွေ့၏အရသာမှာ ကျွန်တော့် အသည်း နှလုံးတိုင် ပျံ့နှံ့သွားပြီး… သူမ၏ နှုတ်ခမ်းတွေကိုလည်း ဖိကာစုပ်ယူနေမိပါတော့သည်။

သူမ၏ပြည့်ဖြိုး ဖြူဖွေးသော ပေါင်တံကြီးတွေက အင်မတန်မှ ညက်ညောလှသလို အထိအတွေ့ တွေက လည်း အင်မတန်မှ သာယာကြည်နူးဖွယ် ကောင်းသော ကွန်းခိုရိပ်သာ ကျွန်းကလေးကို ရောက်နေသည့် အလား နှစ်ဦးသား ဘက်ညီညီ စခန်းသွားနေမိသည်မှာ လောကကြီးတွင် ကျွန်တော်တို့လောက် သာယာသောသူ မရှိတော့ပြီဟူသော အသိက လွှမ်းမိုးကာ သာယာသော အမှောင်ရိပ်ဝယ် တငြိမ့်ငြိမ့် မြောပါလျှက်ရှိပါသည်။

“အို… မောင်လေး… အိုး အိုး… မောင်လေးရယ်… ဖြေးဖြေးလေကွယ်… အို့ အို… သိပ်သွက်နေပါလား… ကြည့်စမ်း… မောနေမယ်ကွယ်… ကုန်သွားမှာမှ မဟုတ်ပဲ လေ ကွယ်… ”

ကျွန်တော်က ခပ်သွက်သွက်ကြီး ဖိ၍ ဖိ၍ စခန်းသွားလိုက်သောအခါ ကျွန်တော့် လည်ပင်းတွေကို ဖြူဖြူအိအိ သူမ၏ လက်တွေဖြင့် ရစ်ခိုကာ သိုင်းဖက် လိုက်ပါသည်။ စပရင် မွေ့ယာကဲသို့ အိစက်လှသော သူမ၏ စွင့်ကားသည့် တင်ပါးဆုံကြီးများက ရှေ့တိုးနောက်ငင် နှင့် မက်မဆုံးနိုင်အောင် ပြုလုပ်ကာ ကျွန်တော့် လိင်အင်္ဂါ ကိုပါ ဖျစ်ညှစ်သကဲ့သို့ လုပ်ပေး လိုက်သောကြောင့် ကျွန်တော့်တစ်ကိုယ်လုံးမှာ ဓါတ်လိုက်သလို တဖျင်းဖျင်း ဖြစ်သွားရပါတော့သည်။

“သိပ်ချစ်တာပဲ မမရယ်… သိပ်ချစ်တာပဲ… ” 

ဟုသာ ပြောဆိုနိုင်ကာ… နှစ်ဦးစလုံး တစ်ဦးကို တစ်ဦးပွေ့ဖက်ရင်း တဖြည်းဖြည်း မျက်လုံးတွေ မှိတ်သွားကာ ကိုယ်လုံးတွေပါ ငြိမ်သက်သွားပါတော့သည်။

အခန်း (၈) ပြီးပါပြီ။ 



အပိုင်း ( ၅ ) ဆက်ရန် >>>>