Thursday, May 28, 2020

နောက်ပေါက် (စအို) တွယ်စီးလိုသူများ အတွက်

နောက်ပေါက် (စအို) တွယ်စီးလိုသူများ အတွက်

ဒေါက်တာ တင့်ဆွေ ရေးသည်။

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ 

ဆေးသမား မရွံရ၊ လူနာဖြစ် မရှက်ရဘူးတဲ့။ စအိုနဲ့ရော လိင်နဲ့ပါ ပတ်သက်တာမို့ ရွံစရာ-ရှက်စရာဆိုတာလေး တခုရေးပါရစေ။ကြားဘူးတယ် မဟုတ်လား၊ မဏိပူ (ကသည်း)ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်ချက်တယ်။ ၀ိုင်းထဲကို ဘယ်သူမှမဝင်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်စီးတယ်။ အကျီင်္တော့ မဝတ်ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က (ရိုင်းတယ် ပြောတော့ဗျာ)၊ ဝမ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။ မေးချင်တာက ဝမ်းသွားတဲ့ (ဖင်) ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။

စအိုကနေဝင်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ဝမ်းလျော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ််၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ဝင်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ ”ဝင်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။

ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့ စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့တာဝန်ဝတ္တရားကို An excretory organ or an eliminative channel အညစ်အကြေး စွန့်ထုတ်ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။ ဝမ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။

ကျား-ကျား လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထလာတော့ ပြောဘို့ရေးဘို့ လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။

စအိုရဲ့မွေးရာပါအလုပ်ကို ပထမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်းအိမ်ထဲမှာ မစင်(ဝမ်း)တွေ ပြည့်လာတာနဲ့ ဝမ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်းအိမ်က အပေါ်ကနေ အောက်ဆီ ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(ဝမ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား အဝိုင်းတွေက လျော့ဖွင့်လိုက်လို့ ဝမ်းသွားခြင်း ဖြစ်လာတာပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”

နှစ်ပေါင်း ၄၀၀၀ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု)ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက်အထားတွေ၊ နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့ သျှီဗားရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင် (ဘုရား) နဲ့ ဒုတိယမယား (ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း ဆိုတာတွေ ကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။ ဆန်းတာတွေ ရှေးကတည်းကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့ အားမပေးလိုပါ။ ဆက်ဖတ်ပါခင်ဗျား။

Anal sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန်အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့ (တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့ ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့ ထိန်းမရဘူး။ 

သူတို့က ဝမ်းသွား-လေလည် အဝင်အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု လုပ်ပါမယ်။ Reflex ခေါ်တယ်။

ဒါ့ကြောင့် မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။ အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း အတော်နည်းပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေအလွန်းလို့ Honorably discharge လို့တောင် ခေါ်သေးတယ်။

လိင်ဆက်ဆံတဲ့အခါ တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွား တတ်တယ်။ အဲဒီနည်းနဲ့ လိင်ဆံဘို့ Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။ သူက တခါသုံးမလာပါ။ တခါသုံး မဟုတ်တာမှန်သမျှ စိတ်မချရတာ သိမှာပါ။ 

Jelly သုံးပေမဲ့ နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအိုစုတ်ပြဲပါလိမ့်မယ်။ စုတ်ပြဲတာက သွေးထွက်ချင်မှ ထွက်ပါမယ်။ သေးသေးလေးဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။

အဲဒီကနေ ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ (ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန် ပါသေးတယ်။ 

နောက်တချက် ယောက်ျားဆီးပြွန်ကပဲ Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့် ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ဝင်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေ စာရင်းလောက်သာ ထည့်ပါမယ်။

Anal canal အရှည်က 2.5 to 4 cm သာရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ဝမ်းမရှိအောင် လုပ်ထားပါစေ ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအဝနဲ့ မထိပါမှ ဆီးလမ်းပိုးဝင်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အဝကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။ 

ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော ဘယ်လောက် ကရိကထများလိုက်သလဲ။သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့် ဖြစ်လာတဲ့ လိင်ဆက်ဆံမှုက ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။

လိင်ဆက်ဆံတာဟာ နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦးသဘောတူဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးကနည်းလည်မှုပေးဘို့ လိုမှာပါ။ 

မဟုတ်ရင် တချို့တိုင်းပြည်တွေမှာ ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ Physiological and Psychological nature of the practice ဇီဝကမ္မဗေဒအရရော စိတ်ပညာအရပါ နားလည်ဘို့ လိုမှာပါ။

စိတ်ပိုင်းဆိုင်ရာလဲ ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား၊မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံချင်စိတ် ဖြစ်ပေါ်လာတာနဲ့ အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလိုလွှမ်းမိုးချင်စိတ် Domination ထက် ကဲပါတယ်။ 

စိတ်ပညာအလိုအရ အဲလိုယောက်ျားသားတွေဟာ Male domination complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊ Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင် အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ၊ချစ်တာ အားနည်းသူ ဖြစ်နေတတ်ပါသတဲ့။

နည်းအဆန်း စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့ (စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာနတခုကိုလာတဲ့ စအိုထဲ ပစ္စည်းတခုခု (Foreign body) ဝင်လို့ လာသူတွေထဲမယ် ၇၈% ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါသတဲ့။သိတဲ့အတိုင်း လိင်ဆက်ဆံက (အင်နာဂျီ) အတော်ကုန်တာပါ။ စအိုထဲ ထိုးသွင်းဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ) သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။

နောက်ဆက်တွဲက စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက်သားတွေ အားနည်းလာမယ်။ ဝမ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ဝမ်းသွားမမှန်ဖြစ်လာမယ်။ Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း (ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။

သိပ္ပံအရ ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာသာဖြစ်ပြီး မိန်းမကိုယ် (မွေးလမ်းကြောင်း)လို ထိုးသွင်းရမဲ့အရာ မဟုတ်တာ သေခြာပါတယ်။ သဘာဝတရားနဲ့ ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။ 

ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် နဲ့ Organic မပြုမပြင် အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့ ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါတယ်။

စအိုလိင်ဆက်ဆံနည်း ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ်ကတည်းကပါတဲ့။ အာဖရိကမှာတော့ ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ခေတ်မှာ အာဖရိကနွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ 

သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့ အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ်။ သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။ "Lick it till your tongue turn doo doo brown" "Da Butt" "Baby Got Back" နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါသေးတယ်။

ကမ္ဘာကျော် ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ က စထုတ်တယ်။ သမင်တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ် ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး၊ မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ 

ဆိုချင်တာက လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ အလိုလိုထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။လူကြီးတွေက ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ်အကြေးကို အသစ်ကလေး မထင်နဲ့ လို့။


Ref: Dr. တင့်ဆွေ Labels: Behavior change communication, Reproductive Health, Sex Education  public health in myanmar Wednesday, September 23, 2009

.........................................................................................

 ဆေးပညာက မည်သို့ပင်ဆိုစေကာမူ လူ့သဘာ၀အရ သူ့အကြိုက်နဲ့သူပေါ့။



စအိုနဲ့ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ

 ⭐ စအိုနဲ့ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

စအိုနဲ့ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ ဆိုတာလည်း အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ပါ သိထားသင့်တဲ့ အချက်တွေပါပဲ။

လေ့လာချက်တစ်ခုအရ အမျိုးသားချင်း လိင်ဆက်ဆံသူများရဲ့ ၉၀ ရာခိုင်နှုန်းနှင့် လိင်စိတ်နိုးကြွတဲ့ အမျိုးသမီးများရဲ့ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဟာ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။

⭐ စအိုနဲ့ လိင်ဆက်ဆံ ခြင်းဆိုတာ ဘာလဲ

အမျိုးသားရဲ့ လိင်တံကို စအိုထဲ ထိုးသွင်းပြီး ဆက်ဆံတာကို ခေါ်တာပါ။ စအိုဆိုတာ အာရုံကြောများ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်လို့ ဒီလိုဆက်ဆံမှုပုံစံဟာ ကျန်းမာရေးအရ ထိခိုက်စေနိုင်တာတွေ ရှိပါတယ်။ စအိုဟာ အဆက်ဆံခံရသူအတွက် လိင်မှုဆိုင်ရာ ခံစားမှုတွေ ပေးနိုင်တဲ့နေရာဖြစ်သလို၊ ထိုးသွင်းဆက်ဆံသူအတွက်လည်း တင်းကြပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ တချို့သောလူတွေအတွက် စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ အဆင်ပြေတယ်ဆိုပေမယ့် သေသေချာချာ ဂရုစိုက်ရမယ့်အချက်တွေလည်း ရှိပါတယ်။

⭐ စအိုမှ လိင်ဆက်ဆံ ခြင်းဟာ ဘေးကင်းရဲ့လား

စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ လိင်ဆက်ဆံနည်းအားလုံးထဲမှာ ကျန်းမာရေးအရ အန္တရာယ်အများဆုံး ဖြစ်ပါတယ်။

၁။ မိန်းမကိုယ်လို မဟုတ်ဘဲ စအိုမှာ သဘာဝအရ ထွက်တဲ့ ချောဆီမရှိပါဘူး။ ဒါကြောင့် ထိုးသွင်းဆက်ဆံမယ်ဆိုရင် စအိုမှာ ထိခိုက်ဒဏ်ရာတွေ ရနိုင်ပြီး အဲဒီကတစ်ဆင့် ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ဝင်လာနိုင်ပါတယ်။ HIV ပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း ကူးစက်နိုင်ပါတယ်။ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရသူဟာ မိန်းမကိုယ်ကတစ်ဆင့် ဆက်ဆံခံရသူထက် HIV ပိုးကူးစက်ခံရနိုင်ချေ အဆ(၃၀) ပိုများတယ်လို့ တွေ့ရှိချက်တွေက ဆိုထားပါတယ်။ ချောဆီတစ်မျိုးမျိုး သုံးမယ်ဆိုရင်တော့ အထိုက်အလျောက် အဆင်ပြေနိုင်ပြီး ရာနှုန်းပြည့်တော့ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။

၂။ အဲဒီအပြင် စအိုအတွင်းနေရာတွေဟာ ပြင်ပအရေပြားထက်စာရင် ပိုပြီး နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် စုတ်ပြဲနိုင်ချေ၊ ရောဂါပိုးဝင်နိုင်ချေ ပိုများပါတယ်။

၃။ စအိုနေရာဟာ မစင်များနဲ့ ထိတွေ့နေရတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ စအိုနေရာမှာ ကြွက်သားတစ်ခု ရှိပြီး အဲဒီကြွက်သားကို ကျုံ့ထားလိုက်ရင် မစင်တွေအပြင်ထွက်မသွားအောင် ထိန်းထားလို့ရပါတယ်။ အဲဒီကြွက်သား ကျုံ့ထားတဲ့အချိန်ဆို စအိုကတစ်ဆင့် ဆက်ဆံရတာဟာ အဆင်မပြေပါဘူး။ ထပ်ကာထပ်ကာ စအိုကတစ်ဆင့် ဆက်ဆံမှုပြုတဲ့အခါမှာတော့ အဲဒီကြွက်သားဟာ တဖြည်းဖြည်း အားနည်းလာပြီး အထဲက မစင်တွေကို ထိန်းထားနိုင်စွမ်း လျော့လာတတ်ပါတယ်။ ဒီအခါ မစင်စွန့်ဖို့ မထိန်းနိုင်တော့တာတွေ၊ ထွက်ကျတာတွေ ရှိလာနိုင်ပါတယ်။ Kegel exercise လို့ခေါ်တဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ပြီး ကြွက်သားတွေ ပြန်သန်စွမ်းလာအောင်တော့ လေ့ကျင့်လို့ ရပါတယ်။

၄။ စအိုဟာ ဘက်တီးရီးယားပိုးတွေနဲ့ ပြည့်နေပါတယ်။ ဒါကြောင့် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မကူးပါဘူးဆိုရင်တောင် စအိုထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေတော့ ကူးစက်ခံရနိုင်ပါတယ်။ စအိုနဲ့ ဆက်ဆံပြီးမှ မိန်းမကိုယ်ကတစ်ဆင့် ဆက်ဆံမယ်ဆိုရင်တော့ အဲဒီရောဂါပိုးတွေဟာ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကိုပါ ကူးစက်သွားနိုင်ပါတယ်။

⭐ တခြားသော အန္တရာယ်များ

စအိုကတစ်ဆင့် လိင်ဆက်ဆံခြင်းကြောင့် တခြားပြဿနာတွေလည်း ရှိနိုင်ပါတယ်။ စအိုနဲ့ဆက်ဆံပြီး ပါးစပ်နဲ့ ထပ်ဆက်ဆံမယ်ဆိုရင် အသားရောင်အသားဝါပိုးတွေ၊ ရေယုန်တွေ၊ HPV ပိုးတွေနဲ့ တခြားသောပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

သိပ်အဖြစ်များပေမယ့်လည်း စအိုကတစ်ဆင့် ဆက်ဆံခြင်းကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေလည်း ရနိုင်ပါတယ်။ စအိုကွဲသွားတာ၊ လိပ်ခေါင်းကို ထိမိတာတွေကြောင့် သွေးတွေအလွန်အကျွံ ထွက်လာရင်တော့ အရေးပေါ်အခြေအနေအဖြစ် ဆေးရုံဆေးခန်း သွားသင့်ပါတယ်။ ခွဲစိတ်တာ၊ ပိုးသတ်ဆေးသောက်တာ၊ စတဲ့ ကုသမှုများနဲ့ ဆေးရုံတက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

⭐ အဲဒီလိုပြဿနာတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ

အကောင်းဆုံးနည်းလမ်းကတော့ စအိုကတစ်ဆင့် လိင်ဆက်ဆံခြင်း မပြုကြဖို့ပါပဲ။ ဘယ်လိုမှ ရှောင်လို့မဖြစ်ပါဘူးဆိုတောင် ကွန်ဒုံးသုံးပြီး ဆက်ဆံခြင်းက ရောဂါကူးစက်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

⭐ လုပ်ဆောင်သင့်တဲ့ အချက်အချို့ကတော့

၁။ စအိုထဲ ထိုးသွင်းပြီးပြီဆိုရင် နောက်ကွန်ဒုံးအသစ် မလဲဘဲ ပါးစပ် ဒါမှမဟုတ် မိန်းမကိုယ်ထဲ ထိုးသွင်းဆက်ဆံခြင်း မပြုပါနဲ့။

၂။ ချောဆီအသုံးပြုခြင်းက စုတ်ပြဲမှုများကို လျော့နည်းစေပါတယ်။ Latex နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေမှာတော့ ရေပါဝင်တဲ့ ချောဆီအမျိုးအစားများကို အသုံးပြုဖို့ လိုပါတယ်။

၃။ စအိုကတစ်ဆင့် ဆက်ဆံခြင်းမပြုမီ အနားယူခြင်းက စုတ်ပြဲမှုများကို သက်သာစေပါတယ်။ မဆက်ဆံခင် ရေနွေးနဲ့ ရေချိုးတာ၊ မှောက်လျက်အနေအထားနဲ့ ဆက်ဆံတာက ထိုးသွင်းမှုကို ပိုပြီး လွယ်ကူစေပါတယ်။

၄။ ဘယ်လိုမှ သက်သောင့်သက်သာ မရှိဘူးဆိုရင် စအိုနဲ့ဆက်ဆံမှုကို ရပ်လိုက်ပါ။

၅။ စအိုကတစ်ဆင့် ဆက်ဆံပြီးလို့ သွေးထွက်လာတယ်၊ စအိုနားတစ်ဝိုက်မှာ အသားလုံးလို ခံစားမိတယ်၊ တခုခု မူမမှန်တာ ထွက်လာတယ်လို့ စိတ်ထဲသံသယရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်