Tuesday, June 12, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၇ )

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၇ )

ဂျင်ကလိ ရေးသည်။

{အချစ်သည် တခါတရံ e-mail နှင့် တူပြီး တခါတရံ chatting နှင့် တူသည်။ e-mail ပို့သော အခါ တဖက်ကလက်ခံသူသည် online ရှိနေသည်ဖြစ်စေ၊ ရှိမနေသည် ဖြစ်စေ e-mail ပို့၍ ရသည်။ chatting ပြောရာတွင်ကား နှစ်ဖက်လုံး online ဖြစ်နေရန် လိုအပ်၏။ အချို့သော အချစ်တို့သည် တဖက်လူ၏ ချစ်ခြင်း၊ မချစ်ခြင်း တို့ နှင့် လုံး၀ မသက်ဆိုင်စွာ ဖြစ်တည်နိုင်ကြပြီး၊ အချို့သော အချစ်တို့တွင်မူကား တဖက်လူ၏ ချစ်ခြင်း ကို မလွဲမသွေ လိုအပ်၏။}

........................................................................

အခန်း (၁၀)

တအံ့တသြဖြစ်နေတဲ့ ကိုကို့ မျက်နှာကိုကြည့်ရင်း သိင်္ဂ ီ့ မျက်နှာပေါ်မျက်ရည်တွေ လှိမ့်ဆင်းလာသည်။

“ကိုယ့် ကို ခေါ် လိုက်ပါလား သိင်္ဂီ ရယ်”

“ကိုကို ကရော တံခါး ကိုဘာလို့ဖွင့် မကြည့်တာလဲ၊ ဖွင့်ကြည့်ရင် သိင်္ဂ ီ့်ကိုတွေ့ မှာပေါ့”

သိင်္ဂီကို ကြည့်နေတဲ့ ကိုကို့ မျက်နှာပေါ် မှာ ဘာအရိပ်ယောင်မှ ဖမ်းလို့ မရပါ။ ဒါပေမယ့် ကိုကို့ မျက်လုံးတွေထဲက နွေးထွေးမှု ကိုတော့ သိင်္ဂ ီ် ခံစားလို့ရနေသည်။ ကိုယ့်ကိုယ်ကို ဘာမှန်းမသိလိုက်ခင်မှာပင် သိင်္ဂ ီ့်တကိုယ်လုံး ကိုကို့ ရင်ခွင်ထဲပြိုကျသွားရသည်။ ကိုကို အလိုက်သင့် ဆီး ပွေ့လိုက်ချိန်မှာတော့ ကိုကို့ ရင်ခွင်ကို မျက်နှာ အပ်ပြီး ကြူကြူပါအောင် ငိုမိတော့သည်။

“ဘာလို့ ငိုနေရတာလဲ၊ ကိုယ်ဘာလုပ်လို့လဲ”

“ဘာလုပ်လို့လဲ ဟုတ်လား၊ ဟုတ်ပါတယ်၊ ဘာမှ မလုပ်ပါ ဘူး၊ အားလုံး သူများ အပြစ်တွေပါ”

ဖက်ထားတဲ့ ကိုကို့လက်တွေထဲကနေ အတင်းရုန်းထွက်ဖို့ လုပ်တော့ ကိုကိုက လွှတ်မပေးပါ။  “အေးအေး ဆေးဆေး ပြောရအောင် နော် သိင်္ဂ ီ်”

ညင်ညင်သာသာ ပြောရင်း သိင်္ဂ ီ့်ကို အတွင်းဖက်ဆွဲခေါ်သွားသည်။

“ထိုင်”

ကိုကို့ အမိန့်ကို နာခံပြီး သိင်္ဂ ီ အိပ်ယာပေါ်မှာ ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်မိသည်။ ကိုကို နဲ့ ပူးကပ်ထိုင်ရင်း ကိုကို့ အင်္ကျ ီ နဲ့ မျက်ရည်တွေကို သုတ်တော့ ကိုကို ပြုံး၏။

“ဘာပြုံးတာလဲ၊ သူ့ကြောင့် ငိုရတာကို”

“သိင်္ဂ ီ ပဲ ကိုယ့်ကို တဖက်သတ်စွတ်စွဲသွားတယ်၊ စိတ်ဆိုးတယ်၊ ကိုယ်က သိင်္ဂ ီ စိတ်ဆိုးနေတော့ ဘယ်ခေါ်ရဲပါမလဲ”

“သိင်္ဂ ီ့်ကို ကြောက်တယ် ပေါ့”

“ကြောက်တယ်၊ ဟိုတုန်းကထဲကကြောက်တာ၊ နောက်လဲ ကြောက်နေရမယ့် သဘောရှိတယ်”

“သိင်္ဂ ီကတော့ ကိုကို့ကို မကြောက်ဘူး၊ ချစ်တယ်”

သိင်္ဂ ီ ကပဲ စပြီးတော့ ကိုကို့ကိုနမ်းလိုက်မိသည်။ ထိုအနမ်း တချက်ကပင် ကိုကို့တည်ငြိမ်နေမှု တွေကို ဖြိုခွဲပစ်လိုက်နိုင်၏။ တုန်ရီနေပေမယ့်အားပါတဲ့ လက်တွေနဲ့ သိင်္ဂ ီ့်ကို သိမ်းကျုံးဖက်လိုက်သည်။ သိင်္ဂ ီ် ကိုကို့လက်မောင်းကြီးတွေ ကြားမှာမော့မော့ ကော့ကော့ လေးပါသွား၏။ ကိုကို က ရှာဖွေတာလား သိင်္ဂ ီက ရှာဖွေတာလား ဝေခွဲမရပေမယ့် နှုတ်ခမ်း နှစ်စုံ က အချင်းချင်း ရှာဖွေတွေ့ ရှိသွားပြီး ပြင်းပြ တဲ့ အနမ်းတခုပေါက်ဖွားလာတော့သည်။ ရလိုက်တဲ့ အရက်နံ့ကြောင့် သိင်္ဂ ီ မူးေ၀ သွားပေမယ့် နောက်တော့ အရက်နံ့ကို သိင်္ဂ ီမေ့သွားသည်။ ကိုကို မူးနေတာတော့ သေချာ၏။ မူးမနေဘူးဆိုလျှင် ကိုကို့ အပြုအမူတွေက ဒီလို မဟုတ်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိင်္ဂ ီ် ကတော့ ခုလိုမျိုး ပွင့်လင်းရဲတင်း တဲ့ကိုကို့ကို ပဲသဘောကျပါသည်။ သိက္ခာကြီး တခွဲသား နဲ့ မြင်ရတတ်တဲ့ ကိုကို့ကိုတော့ အမြင်ကပ်၏။ ခုလက်ရှိ အချိန်မှာတော့ ကိုကိုက သိင်္ဂ ီ်သဘောကျတဲ့ ကိုကိုဖြစ်လို့နေသည်။

ပန်းလျစွာနဲ့ အနမ်း ရပ်သွားတဲ့ အချိန်မှာတော့ သိင်္ဂ ီ့်ကိုယ်လေး တုန်ရီနေသည်။ ကိုကို့ကို ကြည့်လိုက် တော့ လည်း အသက်ကို ပြင်းပြင်းရှုပြီး သိင်္ဂ ီ့်ကို စူးစိုက်ကြည့်နေ၏။ ကိုကို့ စိတ်ထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိင်္ဂ ီ လွယ်ကူစွာဖတ်လို့ရပါသည်။ နောက်ပြီး သိင်္ဂ ီ် ကိုယ်တိုင်ကလည်း………

“ကိုကို ရယ် …”

သိင်္ဂ ီ်ကိုကို့ ရင်ခွင်ထဲကို အရည်ပျော်ကျသွားသလို တိုးဝင်လိုက်မိ၏။ ကိုကို ကလည်း ဆီးကြို ပြီးတင်းကျပ်စွာ ဖက်လိုက်သည်။

“ကိုကို ညတိုင်း ဘာလို့အရက်တွေ သောက်နေတာလဲ”

“သိင်္ဂ ီ  သိလို့လား”

“သိတာပေါ့၊ ထမင်းစားခန်းထဲ မှာ မှောက်နေတာလဲ တွေ့တယ်၊ ဘာလို့ အဲဒီလောက်တောင်သောက်ရ တာလဲ”

“အိပ်မပျော်လို့”

“ဒီလို မှန်းသိရင် သူများ လည်းသောက်ပါတယ်”

“ကိုယ့် ဆီက လာတောင်းရောပေါ့”

“အောင်မယ်၊ ဘာလို့တောင်းရမှာလဲ၊ သူများကို အဖက်မလုပ်ချင်လို့ ရှောင်နေတဲ့ သူကြီးဆီက”

“ကိုယ် မရှောင်ပါဘူး၊ သိင်္ဂ ီ   ရှောင်တာပါ”

“ဟယ် … လူကြီးဖြစ်ပြီးတော့ ဗလောင်းဗလဲ ပြောတယ်၊ အရောမဝင်ချင်တာ၊ အဖက်မလုပ်ချင်တာ ဘယ်သူလဲ”

“သိင်္ဂ ီ ကရော ကိုယ့်ကို ရှိတယ် မှတ်လို့လား”

“ဒါကတော့ သူများက မိန်းကလေးလေ၊ အိန္ဒြေ လေးတော့ ဆယ်ရဦးမှာပေါ့၊ အလကားပေးရင် လူတွေက အထင်သေးတယ်”

ကိုယ့် အပြစ်နဲ့ ကိုယ် ကိုကို ခေါင်းစိုက်သွားသည်။ သိင်္ဂ ီ့ ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖက်ပြိုင်မငြင်းရဲ ဘူးဆိုတာ သိတော့ သိင်္ဂ ီ   ကိုကို့ကို သနားမိပြန်သည်။

“ကလေး ကျနေတာပဲ ဖြစ်သွားလိုက်တာ၊ ခုသူများ ကိုကို့ကို စိတ်မဆိုးတော့ပါဘူး ကိုကိုရဲ့၊ နော်”

“ဒါပေမယ့် သိင်္ဂ ီရယ်”

“ဒါပေမယ့် မနေနဲ့ ပြီးတာတွေ ထားလိုက်တော့၊ သူများကိုကို့ကို နားလည်သွားပါပြီ။ နောက်မဆိုးတော့ ဘူးနော်၊ ကိုကို ကလဲ သူများကိုနားလည်ပေးပါ ကိုကိုရယ်”

ပြေပြေလည်လည် ဖြစ်ဖို့ ပြောတာဖြစ်ပေမယ့် ပြောရင်း သိင်္ဂ ီ့ အသံတုန်ခါ တိမ်ဝင်သွားရသည်။ သိင်္ဂ ီ့ရဲ့ မိန်းမ သိက္ခာ အတွက် ဝမ်းနည်းရပေမယ့် သိင်္ဂ ီ ကျေနပ်ပါသည်။ ဒီအကြောင်းတွေ ကိုကို သိမယ် ဆိုရင်ပိုပြီးတော့ ကျေနပ်ပါမည်။ သိမ်ငယ်စိတ်ကြောင့် သိင်္ဂ ီ ငြိမ်သက်သွားမိသလို ကိုကိုလည်း ဘာတွေတွေးသည် မသိနှုတ်ဆိတ် နေ၏။အသံတွေ တိတ်သွားတဲ့ အခန်းထဲမှာ စားပွဲပေါ်က နာရီစက္ကန့်တံ တိုးတိုးလေးကို တောင် တချက်ချင်း သေသေချာချာ ကြားနေရသည်။ သိင်္ဂ ီ အမှတ်တမဲ့ လှမ်းကြည့်မိ လိုက်တော့ည ဆယ့်နှစ်နာရီ ကျော်နေပြီ။

“သန်းခေါင် ကျော်တော့မယ်၊ ကိုကို မအိပ်သေးဘူးလား”

သိင်္ဂ ီ ပြောလိုက်တာဘာရည်ရွယ်ချက်မှ မပါ ပါ။ သို့သော် ကိုကို က ရုတ်တရက် သတိဝင်လာသလို ဝုန်းကနဲ သိင်္ဂ ီ့ကို တွန်းလှဲလိုက်သည်။

“သူ့မှာ ဒါပဲ၊ သူများ က ရိုးရိုးပြောတာကို”

အသံစာစာ လေးနဲ့ ကန့်ကွက်လိုက်ပေမယ့် သိင်္ဂ ီ့ရင်ခုန်သံတွေက ချက်ချင်းလို မြန်ဆန်သွားသည်။ ကိုကိုကလည်း သိင်္ဂ ီကန့်ကွက်တာကို အရေးစိုက်မနေပါ။ အေးစက်ပြီဆိုရင် ကျောက်ရုပ်လို မလှုပ်ဘဲ နေနေ တတ်ပေမယ့် သွေးဆူပြီ ဆိုလျှင်လည်း သူ့ အပြင်မရှိတော့။

“မုန်း ဖို့ ကောင်းလိုက်တာ”

မျက်စောင်းထိုးပြီး ကိုကို့ ဗိုက်ခေါက်ကို ဆွဲပစ်လိုက်သည်။ နောက်တော့ မကြာခင်ရောက်လာမယ့် အဖြစ်အပျက်တွေကို ကြိုတင်ရင်ခုန်ရင်း သိင်္ဂ ီ ကိုကို့ကို ဖက်လိုက်မိသည်။ ဒါ မီးစိမ်းပြတာလို့ ကိုကို ထင်မယ်ဆိုရင်လည်း သိင်္ဂ ီ ရှက်မနေနိုင်အားတော့ပါ။ သိင်္ဂ ီ နဲ့ကိုကို့ ကြားက အရှက်တရား တွေကို ပထမဆုံးနေ့ကထဲကသိင်္ဂ ီ ဖယ်ခွာခဲ့ ပြီးပြီမဟုတ်ပါလား။ သိင်္ဂ ီ ကလည်း ဒီနေ့ မှ အဝတ်အစား အပြည့်အစုံဝတ်ထားမိသည်။ ကိုကိုနဲ့ ပြန်အဆင်ပြေသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ မိတာကြောင့်လည်းပါသည်။ နောက်ပြီး ဒီညနေ ဝတ်ထားမိတဲ့ အင်္ကျ ီ ကလည်း ကြယ်သီးတွေ များလွန်း စိပ်လွန်းသည်။ ကိုကို က သူ့ထုံးစံ အတိုင်း အလောတကြီး နိုင်လွန်းနေတာကြောင့် သိင်္ဂ ီပါဝိုင်း ကူဖြုတ်ပေးရ၏။ အောက်ပိုင်းက ဝတ်ထားတာ ထမိန်ဆိုတော့ သိပ်အခက်အခဲ မရှိပါ။ ထို့နောက် ကိုကိုကလည်း တက်ကြွလွန်းနေပြီး သိင်္ဂ ီကလည်း အလိုက်သိပေးတာကြောင့် အချိန်တိုတို နှင့် အချစ်တလင်းပေါ် ရောက်သွားသည်။

“အား”

သိင်္ဂ ီ တိုးတိုး ဖွဖွညည်းလိုက်မိသည်။ ကိုကို့ အချစ်က သိင်္ဂ ီ့ကိုယ်ထဲမှာ ပြည့်တင်းကြပ် သွား၏။ မတွေ့ရတဲ့ သုံးလေး ရက်အတွင်း ကိုကိုပိုထွားကျိုင်း လာလေသလားတွေး မိတော့ သိင်္ဂ ီ ဘာကြောင့် မှန်းမသိ ရှက်သွား မိသည်။ ဒီလောက်ရက်ပိုင်း နှင့်တော့ ကိုကို ရော သိင်္ဂ ီ ပါအပြောင်းအလည်း မရှိနိုင်ပါ။ ဒါပေမယ့် အိပ်မပျော် ရက်တွေက နှစ်ယောက်လုံးအပေါ် သက်ရောက်မှု ရှိတာတော့ သေချာ၏။ ကိုကိုကယောက်ျားသားဆိုတော့ အရက်ကို မူအောင်သောက်ပြီး ပျော်အောင်အိပ်နိုင်သည်။ သိင်္ဂ ီ့ မှာတော့ တဖကိခန်းက ပုလင်းသံခွက်သံ တွေတိတ်ဆိတ်ပြီး ကိုကို အိပ်ပျော်သွား လောက်တဲ့ အချိန်ထိတိုင်အောင် တံခါး၀ မှာ ငုတ်တုတ်ထိုင်နေမိသည်။ အိပ်ယာပေါ် ရောက်တော့လည်းအိပ်လို့ မပျော်။ ဒီညတော့ သိင်္ဂ ီ အိပ်ပျော်မည်ထင်ပါသည်။

“ကိုကို”

“ဟင်”

“သိင်္ဂ ီ ဒီညတော့ ကောင်းကောင်း အိပ်ပျော် မယ်ထင်တယ်သိလား”

“သိင်္ဂ ီ ရယ်”

သိင်္ဂ ီ့ နဖူးလေးကို ကိုကို ငုံ့ နမ်းလိုက်သည်။ ပြီးတော့ နူးညံသော်လည်း အင်အားပါသည့် အချစ်တွေကို အဆက် မပြတ်ပေး၏။ ရင်ထဲ တလှိုက်လှိုက် တလှပ်လှပ် နှင့် သိင်္ဂ ီ့ တကိုယ်လုံးမှာ ပီတိတွေ နှင့် တဆတ်ဆတ်တုန်သည်။ ချစ်တဲ့သူပေးသော အချစ်တွေက မိန်းမသားတယောက် အတွက်ထိရှ လွန်းတာ ကိုကို့ကိုပြောချင်ပေမယ့် မပြောဖြစ်ပါ။ သိင်္ဂ ီ့ကို ရစ်သိုင်းထားသော အထိအတွေ့ အာရုံထဲမှာ မိန်းမူးလို့သာ နေမိ၏။

ကိုကို့ အတွက်တော့ မပြောတတ်ပါ၊ ဒီညက သိင်္ဂ ီ့ အတွက် ဟိုအရင်ညတွေ ထက်အများကြီး သာပြီး အများကြီး ပိုလို့ ချိုမြန်ပါသည်။ ကိုကို့ကိုကြည့်ရသည်မှာလည်း လွတ်လပ်ပေါ့ပါးစွာ ရှိ၏။ ထို့ကြောင့် မပြီး နိုင်၊ မစီးနိုင် အဆုံးမသတ် နိုင်တော့လို့ ထင်ရလောက်အောင်ပင် နည်းမျိုးစုံ နှင့် တက်တက်ကြွကြွ ချစ်မိကြသည်။ သိင်္ဂ ီ့မှာ အရှက်ဆိုတာ မရှိတော့၊ အရာရာ ကို ကိုကို့ အလိုကျနေပေးမိသည်။

“ပေါက်ကရတွေ ကိုကို ဘယ်က တတ်လာတာလဲ”

ပါးစပ်က ငြူစူ သလိုပြောမိတတ်ပေမယ့် နောက်ဆုံးတော့ ကိုကိုဖြစ်စေချင်သလိုသာ သိင်္ဂ ီ ဖြစ်စေခဲ့မိပါ သည်။အချစ်၏ ဆုံးခန်းတိုင် အထွဋ်အထိပ်သို့ ရောက်သော အခါ နှစ်ဦးလုံး ခြေပစ်လက်ပစ် လဲကျ သွား ကြသည်။ ကြည်နူးဖွယ်ရာ တငြိမ့်ငြိမ့်တသိမ့်သိမ့် အရသာကို ခံစားရင်း သိင်္ဂီမျက်လုံးတွေ မှေးစင်းကျ လာသည်။ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်ခဲ့ရသည် မဟုတ်ပါလား။ ဒါတွေ အားလုံး ကိုကို့ကြောင့်ဖြစ်

သည်။ ဟိုတနေ့က သူ့ကိုချစ်တီးလို့ ပြောလိုက်စဉ်ကထဲက ကိုကိုသာ စကားတခွန်း နှစ်ခွန်း လောက်ဝင် ပြော ခဲ့လျင် သိင်္ဂီက အရင်အတိုင်းပြန်နေလိုက်မှာဖြစ်သည်။ ဒါကိုသူက ရုပ်တည်ကြီးနှင့်လုပ်နေသည်။ ကိုကို အခန်းထဲက အထွက်မှာ ဒေါ်ဒေါ်ကြည်က ချစ်တီး အကြောင်းမေးလို့ ကိုကို့ကို သင်္ဂီ မေးငေါ့  ပြ လိုက်ရာ အားလုံးရယ်မိကြတော့သည်။

'သိင်္ဂီ ပိန်သွားတယ်နော်'

သိင်္ဂီ့ မျက်နှာကို လက်နဲ့ ပွတ်သပ်ရင်းကိုကို ပြောသည်။

'အခုမှသိလား'

'ညစာထမင်း လဲမစားဘူးဆို'

'နည်းနည်း တော့စားပါတယ်၊ ကိုကို့ကိုဘယ်သူပြောတာလဲ'

'ဒေါ်ဒေါ်ကြည်ပြောတာလေ၊ သိင်္ဂီက ဝလာမှာစိုးလို့ လျော့နေတာတဲ့၊ ရန်ကုန်ရောက်မှ နှစ်ပေါင်တက်လာ တယ်ဆို'

သိင်္ဂီပြုံးလိုက်သည်။ ဒေါ်ဒေါ်ကြည့်ကို ပါးစပ်ထဲ ရှိတာတွေ လျောက်ပြောထားခဲ့မိသည်။

'ဝလာလို့လား၊ ကိုကိုနေ့တိုင်းတွေ့နေတာမသိဘူးလား'

'ဘယ်သိမလဲ သိင်္ဂီရဲ့၊ ကိုယ်လဲ ဒေါ်ဒေါ်ကြည်ပြောတာပြောပြတာ'

သိင်္ဂီက ကိုကို့ကို ခပ်တင်းတင်းဖက်လိုက်ရင်း

'ဝတော့ မလာပါဘူး၊ ဒါပေမယ့် နှစ်ပေါင်တက်လာတာတော့ အဟုတ်'

'ဟုတ်လား ဒါဆိုဝလာတာပေါ့'

ကိုကို့ ပေါင်နှစ်ဖက်ကို သိင်္ဂီ လက်နှင့် တဖျပ်ဖျပ်ရိုတ်ပစ်လိုက်သည်။

'ဟုတ်တယ်လေ၊ ဒီပေါင်နှစ်ဖက် သူများ ပေါ်တက်လာတာပဲဥစ္စာ'

'သိင်္ဂီကလဲ ကိုယ်က အဟုတ်ပြောတာအောက်မေ့လို့'

'အဟုတ်ပြောတာလေ၊ မဟုတ်လို့လား'

ကိုကိုရယ်နေသည်။ သိင်္ဂီနဲ့ ဖက်ပြိုင်ငြင်းမနေတော့ပါ။ စကားပြောရင်း သိင်္ဂီ့မျက်လုံးတွေ လေး၍လေး၍ လာပြီး တဖြည်းဖြည်း အိပ်ပျော်သွားသည်။ ကိုကို စကားတွေ ဆက်ပြောနေသေးသလားဆိုတာ ကို တောင် သိင်္ဂီ မသိတော့ပါ။ အရင်နေ့တွေက အိပ်ရေးပျက်ခဲ့ ခြင်းတွေအတွက် အတိုးချပြီးသိင်္ဂီ နှစ် ချိုက်စွာ အိပ်ပျော်သွားသည်။ ကိုကို့ကုတင်ဘေးက နာရီနှိုးစက်သံ ကျယ်ကျယ်လောင်လောင် ကြားလိုက် ရတော့မှ တရေးနိုး တော့သည်။ မျက်လုံးဖွင့်ကြည့် လိုက်တော့ မိုးလင်းနေပြီ။ ကလေးတွေ ကျောင်းပို့ပေးဖို့ သတိရမိ တာကြောင့် အိပ်ယာပေါ်ကလူးလဲ ထလိုက်သည်။ ကုတင်ပေါ်က ဆင်းပြီး အဝတ်တွေ ပြန်ကောက်ရသည်။ ရေချိုးတော့မှာမို့ ပြန်ဝတ်မနေတော့ပါ။ သိင်္ဂီ့ အင်္ကျီကို ခေါင်းအုံးကြားကရသည်။ ထမိန်ကတော့ သိင်္ဂီ ဖိအိပ်ထားလို့ ကြေမွနေ၏။

'သူများ ဘရာ တွေ့လားကိုကို'

'ဘာလဲ ဟင်'

ခုတိုင်အောင်အိပ်ချင်ပြေသေးပုံ မရသော ကိုကိုက နားမလည်ဟန် နှင့် ပြန်မေးသည်။

'ဘရာစီယာ ပြောတာကိုကို ရဲ့၊'

'မသိဘူးလေ သိင်္ဂီ၊ ဘယ်နားထားလိုက်လို့လဲ'

ပျင်းရိပျင်းတွဲဖြင့် ကိုကိုထလာသည်။ ကိုကို့နောက်ကျောဖက်မှာ ပန်းရောင်အစလေးထွက်နေ၏။

'တွေ့ပြီ၊ တွေ့ပြီ ဒီမှာ'

သိင်္ဂီ့ ဘရာစီယာပေါ်မှာ ဖိအိပ်ထားလို့ ကိုကိုနောက်ကျောမှာ ချိတ်ရာအကွင်းလိုက်ထင်နေသည်။ မရယ်မိအောင် စိတ်ထိန်းပြီး သိင်္ဂီ ကိုယ့်ပစ္စည်း ကိုယ်ပြန်ဆွဲယူလိုက်၏။ ရယ်လိုက်ရသ် ကိုယ်တော်ချော ကရှက်ချင် ရှက်နေဦးမည်။ ဒီအခန်းထဲမှာကျန်ခဲ့ရင် မတော်လို့ ဒေါ်ဒေါ်ကြည်ဖြစ်ဖြစ် အိမ်ဖေါ်ကောင် မလေးတွေ ဖြစ်ဖြစ် သန့်ရှင်းရေးလုပ်ဖို့ ဝင်လာရင် တွေ့သွားမှာ စိုးရိမ်ပါသည်။

'ဘာကျန်သေးလဲ'

'အဟဲ ... ပင်တီ ကျန်သေးတယ်၊မတွေ့သေးဘူး၊ လာကွာ ဝိုင်းရှာပေးကိုကိုရာ'

'ဘယ်လိုရှာရမှာလဲ'

ကိုကို့ကို ကြည့်ရသည်မှာ အိပ်ချင်မပြေသေးသည့်ပုံပေါက်နေသည်။

'ကိုကို ဖယ်လိုက်၊ အောက်မှာ ရောက်ချင်ရောက်နေမှာ'

ပျင်းရိပျင်းတွဲပုံစံဖြင့် ကိုကို ကုတင်ပေါ်ကဆင်းလာသည်။ ကိုယ်ပေါ်မှာ စောင်ကြီးနဲ့ ပတ်လျက်သား

'လုပ်ပြီကွာ၊ သိပ်သည်းတာပဲ၊ သူများတောင် ဒီတိုင်းနေနေတာ သူက ရှက်နေသေးတယ်'

'မဟုတ်ပါဘူး'

'ဘာမဟုတ်တာလဲ၊ သိပ်ပဲများတယ်၊ အမြင်ကပ်လာပြီ'

'ချမ်းလို့ပါ'

'သူများက တော့အိုက်နေတယ်၊ ဘာလဲ ဟိုတနေ့ကလိုဖြစ်နေလို့လား၊ သူများက ကလေးတွေ ကျောင်း ပို့ရမှာ နော်၊ ဒီနေ့တော့ မရဘူး၊ နောက်ကျနေလိမ့်မယ်”

ကိုကို့ မျက်နှာကြီးရှုံ့မဲ့သွားသည်။

'မဟုတ်ပါဘူးဆိုမှကွာ၊ ကဲကဲ၊ ဒီကုတင်ပေါ် မှာဘာမှမတွေ့ဘူး၊ သိင်္ဂီ ဝတ်ရောဝတ်လာလို့လား'

'ဘာလို့ ဝတ်မလာရမှာလဲ၊ သူများ အင်္ကျီကြယ်သီးဖြုတ်ပေးနေတုန်း သူပဲ အတင်းဆွဲချွတ်လိုက်တာ၊ ဒီတော့ နောက်ဆုံးကိုင်တာ ကိုကိုလေ၊ တွေ့အောင် ရှာပေး'

ကိုကို ခေါင်းကိုတွင်တွင်ကုတ်ရင်း ကုတင်တဝိုက်တွင် ဟိုဒီလျောက်ကြည့်နေသည်။

'ဘာရောင်လဲ'

'ဒါနဲ့ ဆင်တူပဲ၊ ဝမ်းဆက်ဝယ်ထားတာ၊ နိုင်ငံခြားဖြစ် နော် ဈေးကြီးတယ်'

လက်ထဲကိုင်ထားသည့် ဘရာစီယာလေးကို မြှောက်ပြလိုက်သည်။

'အရေးထဲကြွားနေသေးတယ်'

စိတ်မရှည်သလိုပြော ပြီး ကိုကိုတဖက်လှည့်သွားသည်။

'ဟော တွေ့ပြီ'

တွေ့တာက ကိုကို မဟုတ်သိင်္ဂီဖြစ်သည်။ ကိုကို့စားပွဲက ကုလားထိုင်ကိုဝင်တိုက်မိရာဘီးတပ်ကုလားထိုင်က ဘေးကိုရွေ့သွားတော့ မှ ကြမ်းပေါ်ကျနေသော ပင်တီထွက်လာသည်။

'တော်သေးတာပေါ့၊ အခန်းပြင်ရောက်မသွားလို့'

မျက်စောင်းလေးထိုးရင်း သိင်္ဂီကပြောလိုက်ရာ ကိုကို မျက်နာကြီးနီ ပြီးရှက်နေသည်။ သိင်္ဂီနားလည်ပါသည်။ စိတ်လွတ်လက်လွတ်လုပ်ပြီးတိုင်း ပြန်ပြန်ရှက်နေတတ်တဲ့ ကိုကို့ အကြောင်းကို။ သူ့အကျင့်လို့ သဘော ပေါက်လိုက်တော့ စိတ်လည်း မဆိုးမိတော့ပါ။ ဒါပေမယ့် နည်းနည်းတော့ပုံစံ ပေးလိုက်ချင်မိသေးသည်။

“သူများသွားတော့မယ်၊ ကိုကို လဲ ရေချိုးတော့မှာ မဟုတ်လား”

“အင်း”

“ပြီးရင် သိင်္ဂီ့ကိုစောင့် ဦးနော်၊ အောက်ကို တန်းဆင်းမသွားနဲ့”

“ဘာလုပ်မလို့လဲ”

“ဘာလုပ်လုပ်ပေါ့၊ သူနဲ့တူတူ အောက်ကိုဆင်းချင်လို့ များထင်နေလား၊ သူများက ဖူးဖူး ဆီသွားရဦးမှာ”

“အင်းပါ၊ အင်းပါ”

စိတ်မပါလက်မပါ အဖြေစကားကို အရေးစိုက်မနေတော့ဘဲ သိင်္ဂီ ကိုယ့်အခန်းကိုယ်ပြန်ခဲ့သည်။ ဖူးဖူးဆီ လဲ သွားရဦးမှာ ဆိုတော့ ရေကိုမြန်မြန်ချိုးရသည်။ ညတုန်းက အကြောင်းတွေကို ပြန်တွေးပြီးစားမြုံ့ပြန်ဖို့တောင် သတိမရပါ။ ပြီးတော့ မျက်နှာကို ခပ်မြန်မြန်ချယ်သရ၏။ အဝတ်အစား အတွက်ကတော့ သိပ်ပြီးခေါင်းစား စရာ မလိုပါ။ အိန္ဒြေ ရရ နဲ့ လှလှပပ ဖြစ်မှာတွေချည်းပဲ ရွေးဝယ်ခဲ့ပြီးပြီ မဟုတ်ပါလား။ ဆင်စွယ်ရောင် အင်္ကျ ီ လေးနဲ့ အောင်ခြေနားမှာ ချိတ်ဆင်ထိုးထားသော ထမိန်စကပ် အနက်ရောင်ဝတ် လိုက်သည်။ မှန်ထဲမှာ ကိုယ့်ကိုယ်ကို စိတ်တိုင်းကျမကျ သေသေချာချာ ကြည့်ပြီးတော့ မှ အခန်းကူးတံခါးကိုအသာလှပ်လိုက်ပြီး

“ကိုကို ..ဒီကို ခနလာဦး”

“ဘာလဲဟင်”

“လာပါဦးဆိုကွာ”

ကိုကို လည်း အဝတ်အစားလဲ ပြီးပြီ။ ဒီလိုကျပြန်တော့လည်း ညတုန်းက အရက်တွေမူးပြီး အရမ်းကဲ အရမ်းအတတ်ဆန်းတဲ့ ကိုကို မဟုတ်တော့ပြန်ပါ။ ရုပ်ကခပ်တည်တည် နှင့်။ နေနှင့် ဦးပေါ့ လို့ သိင်္ဂီ စိတ်ထဲက ကြိမ်း လိုက်ရင်း

“လှလားကိုကို”

ကိုကို့ရှေ့မှာ ကိုယ်တပတ်လှည့်ပြလိုက်သည်။

“လှပါတယ်”

“လှရင် နမ်း”

“အမ်”

လူချင်းထိလုမကပ်တိုးကပ်လိုက်ပြီး မျက်နှာလေး မော့ပေးလိုက်သည်။ ကိုကို့ မျက်နှာ ရဲတွတ်သွား၏။

“နှုတ်ခမ်း ကို မနမ်းနဲ့ နော်၊ သူများ နှုတ်ခမ်းနီ ဆိုးထားလို့ ကိုကို့ကို ပေကုန်မယ်၊ ပါးကိုပဲ နမ်း”

မနေတတ် မထိုင်တတ် မျက်နှာကြီး နဲ့ ဖြစ်သွားပေမယ့် ကိုကို သိင်္ဂီ့ ကိုနမ်းလိုက်ပါသည်။

“ဒီဖက်ကို ရော”

သိင်္ဂီက ကျန်ပါးတဖက်ပါ လှည့်ပေးလိုက်၏။ နမ်းနေတဲ့ အချိန်မှာကိုကို့ လက်ကို သိင်္ဂီ ကိုင်လိုက်တော့ အနည်း ငယ်အေး နေပြီး တုန်ရီနေသလို ခံစားလိုက်ရတာကြောင့် သိင်္ဂီ ကိုကို့ကို သနားသွားမိပါသည်။ ဒါပေမယ့် သနားစိတ်ကို ဖျောက်လိုက်ပြီး လည်ကုပ်ကို ခိုပြီး ကိုကို့ ငုံ့ကျလာချိန်မှာ နဖူးကို သိင်္ဂီ နမ်းလိုက်သည်။

“ရပြီ သွားတော့”

ယောင်တောင်တောင် နဲ့ သူ့အခန်းထဲ သူပြန်ဝင်သွားတာကိုကြည့်ရင်း သိင်္ဂီ ကျေနပ်စွာပြုံးလိုက်မိသည်။ကိုကို ထွက်သွားတာနဲ့ သိင်္ဂီ လည်း လက်ကိုင်အိတ် ကိုဆွဲပြီး ဖူးဖူး အခန်းရှိရာ ဆီဆင်းလာခဲ့သည်။ဒီနေ့ ဖူးဖူး က ကျစ်ဆံမြီး နဲ့ ကျောင်းသွားချင်တယ် ဆိုတာကြောင့် ကျစ်ဆံမြီး လာကျစ်ပေးမယ် လို့ သိင်္ဂီ ကတိပေးထားသည်။ ဖူးဖူး အခန်းထဲ ရောက်တော့ ဖူးဖူးလည်း အဝတ်လဲနေသည်။ ကိုးတန်းကျောင်းသူ ဆိုတော့ အပျိုဖျန်း က လေးဖြစ်နေသည့် ဖူးဖူး ကိုယ်လုံးလေးကို ကြည့်ရင်း သိင်္ဂီ ဘာကြောင့် မှန်းမသိ သက်ပြင်းတချက် ချလိုက် မိသည်။ ဖူးဖူး က မမနဲ့ တော်တော်လေးတူတော့ မိန်းမချော လေးတယောက် ဖြစ်လာမှာမလွဲပါ။

“တီတီ မေ့ နေပြီထင်လို့”

“မမေ့ပါဘူး သမီးရယ်၊ အင်္ကျ ီဝတ်ပြီးရင် ဒီနားကိုလာ”

ဆံပင်ကျစ်ပေးပြီး ဖူးဖူး စိတ်တိုင်းကျပြီ ဆိုတော့မှ မနက်စာစားဖို့ ဖူးဖူး ကိုခေါ်ခဲ့သည်။ ကိုကို ရောက် နှင့်နေပြီ။ ဦးလေး စိုးကိုလည်း ရွှင်ရွှင်လန်းလန်း နှင့် အဝတ်အစားလဲ ပြီး အသင့်တွေ့ရသည်။

“ဦးလေးစိုး လိုက်ပို့ မလို့လား”

“အင်းလေ၊ ဦးလေး နေကောင်းပါပြီ၊ သိင်္ဂီ လည်း ကြားထဲက အလုပ်ပို နေတယ် မဟုတ်လား”

“ဖြစ်ရဲ့လား”

“ဖြစ်ပါတယ်၊ ကောင်းနေတာ တရက် နှစ်ရက် ရှိပြီ၊ ဆရာက နားပါဦးဆိုလို့”

ဦးလေး စိုးက သူ့ဆရာဖက်ကို စစ်ကူတောင်းသလို လှမ်းကြည့်သည်။

“ကဲပါ၊ ဦးလေး စိုးကောင်းနေရင် လည်း ဦးလေးစိုးပဲ ပို့လိုက်ပါ”

ကိုကို က ကြားဝင်ဆုံးဖြတ်ပေးလိုက် တော့ ဦးလေးစိုး ပို့ဖို့ ဖြစ်သွားသည်။

“ဒီလို မှန်းသိရင် ထမလာပါဘူး၊ ခုတော့ နှမျောလိုက်တာ”

သိင်္ဂီ တမင်သက်သက် ကိုကို့မျက် နှာကိုကြည့်ရင်းပြောလိုက်ရာ ကိုကို ခေါင်းငုံ့သွားသည်။ ဒါကို ကြည့်ပြီး သိင်္ဂီ အသည်းယားမိသည်။ တကယ်လို့သာ ခုလိုအချိန်ရမယ် မှန်းသိရင် မနက်တုန်းက ကိုကိုခြုံထားတဲ့စောင်ကြီးကို အတင်းဆွဲဖယ်မိကောင်း ဖယ်မိလိုက်မည်။ ဒါဆိုရင် သိင်္ဂီ နဲ့ကိုကို အခန်းပြင်ကို တော် တော် နဲ့ ရောက်တော့ မှာမဟုတ်လို့ သိင်္ဂီ ထင်သည်။ ထိုအတွေးကြောင့် သိင်္ဂီ့ မျက်နှာလေး နွေးကနဲ ဖြစ်သွားရသည်။

“ဘာနှမျောတာလဲ”

အနားရောက်လာတဲ့ ဒေါ်ဒေါ်ကြည်က ဝင်ထောက်သည်။

“ဒီမှာ လေ သိင်္ဂီ က ပြင်ဆင်ထားရတာတွေ အလကားဖြစ်ကုန်တာပေါ့”

ဒေါ်ဒေါ်ကြည်က မျက်နှာကို မဲ့ လိုက်ပြီး

“ဒီလို ဆရာရေ၊ ဖူးဖူး ဆရာမတွေက သူ့ကို ဖူးဖူး အမ ထင်ကြလို့ မာန်တက်ပြီး နုတယ်ဆိုပြီး သူ့ကိုသူ အတင်းသနေတာ”

“အောင်မယ်၊ သူများလှတာ မနာလို မဖြစ်ပါနဲ့၊ ဘယ်သူဖြစ်ဖြစ် ဖူးဖူး နဲ့ သိင်္ဂီ့ကို ညီအမ ထင်ကြမှာပဲ၊ ဟုတ်တယ်နော် ကိုကိုအောင်”

“ဟုတ်မှာပေါ့၊ မပြောတတ်ဘူးလေ”

ခပ်တည်တည်ကြီး သိပ်လုပ်မနေဘဲ အလိုက်အထိုက်ပြောလာလို့ ကိုကို့ကို သိင်္ဂီ ကျေနပ်သွားမိပါသည်။ ဒါတိုးတက်လာခြင်းလို့ ကိုယ့်ဖက်ကိုယ်ယက်ပြီး တွေးပစ်လိုက်သည်။

“နေပါဦး၊ ကျောင်း မပို့ရဘူး ဆိုတော့ ခုပြင်ဆင်ထားတာ တွေဘယ်လိုလုပ်မလဲ”

ဒေါ်ဒေါ်ကြည် မေးလိုက်သော စကားက သိင်္ဂီ့ကို အတွေးတခုရသွားစေ၏။

“ကိုကိုအောင်နဲ့ ကုမ္ပဏီ ကိုလိုက်ပြီး ရုံးတက်မယ်လေ”

“ရှုပ်ပြီ၊ ရှုပ်ပြီ သိင်္ဂီ တို့ကတော့”

“ဘာလို့ ရှုပ်ရမှာလဲ သိင်္ဂီ က ကုမ္ပဏီ မှာဒါရိုတ်တာ ပဲဥစ္စာ၊ ရုံးထိုင်လို့ ရတယ်၊ နော် ကိုကို အောင်”

ကိုကို ခေါင်းကုပ်သည်။ ဒေါ်ဒေါ်ကြည်က ဒါကို မေးငေါ့ ပြပြီး သိင်္ဂီ့ကို မဲ့ပြသည်။ ညည်းကို ခေါ်မှာ မဟုတ်ပါဘူး လို့ဆိုချင်သည့် သဘောဖြစ်သည်။

“သိင်္ဂီ ပျင်းနေရင်လဲ လိုက်ခဲ့လေ”

သိင်္ဂီ ဒေါ်ဒေါ်ကြည့်ကို ဝံ့ကြွားစွာ ပြုံးပြီးကြည့်လိုက်မိသည်။ ဒေါ်ဒေါ်ကြည်ကတော့ ခုန မဲ့လက်စ မျက်နှာကို ပိုပြီးရှုံ့မဲ့ပြ၏။ ဒါပေမယ့် ဒီလို ပိုမဲ့ ပြလိုက်တော့ မှ ဒေါ်ဒေါ်ကြည် ပိုကြည့်လို့ ကောင်းနေသည်ဟု သိင်္ဂီ စိတ်မှာထင်မိသည်။

{တစုံတရာကို ဖန်တီးတည်ဆောက်ခြင်း နှင့် ဖျက်ဆီးခြင်း တွင် ဖျက်ဆီးခြင်းက ပိုမို လွယ်ကူသည်ဟု ဆိုစမှတ် ရှိသည်။ သို့သော် ဖန်တီးဖြစ်ပေါ်ရန် လွယ်ကူသလောက် ဖျက်ဆီးပစ်ရန် ခက်ခဲသော အရာတခု လည်းရှိ၏။ ထို အရာကို ကျွန်ုပ် တို့က အချစ်ဟုခေါ်ကြလေသည်။}

..........................................................

အခန်း (၁၁)

လမ်းဖြတ်ကူးသွားသော မိန်းကလေး တယောက်ကို ဦးအောင်ဘညို သေသေချာချာ လိုက်ကြည့်နေမိသည်။ အမှတ်မထင် မြင်လိုက်သော မိန်းကလေးကို ကျော်ကျော် လားဟု ထင်မိလို့ ဖြစ်သည်။ ကိုယ်ဟန် အနေအထား က တူသယောင်ယောင် ရှိသော်လည်း အခုမိန်းကလေးကဂါဝန် အတိုလေး ဝတ်ထားသည်။ အရပ်ရှည်သော ကျော်ကျော် က ဒီလိုဝတ်လျှင်ကြည့် ကောင်းမှာ မဟုတ်ပေ။ ခုမိန်းကလေး က တော့တော်တော် လေးကြည့် ကောင်း သည်။ သေသေချာချာ လိုက်ကြည့်တော့မှ သူမ အရပ်က ကျော်ကျော့် လောက် မမြင့်တာသတိထားလိုက်မိ၏။

လမ်းဘေးကို လိုက်ငေးနေ၍ မီးပွိုင့် စိမ်းသွားတာ ကို သတိမပြုလိုက်မိပါ။ နောက်ကကားတွေ ဟွန်းတီးတော့မှ ဦးအောင်ဘညို သတိဝင်လာပြီးကားကို ခပ်မြန်မြန် မောင်းထွက် ခဲ့ရသည်။ မနက် က ရုံးကို ခန တဖြုတ် ဝင်ပြီး နောက် ဒဂုံက ဆိုက်ထဲကို သွားကြည့်ရင်း ဟိုမှာ တော်တော် လေးကြာကြာ နေဖြစ်သွားသည်။ ရုံး ဝင်းထဲ ဝင်လိုက် တော့ သိင်္ဂီ့ ကားရပ်ထားတာ ကိုမတွေ့ရ။ သူမလည်း အပြင်ထွက်သွားပြီ ထင်သည်။ ကျောင်းပို့ ချိန်ကျော်ပြီဖြစ်ရာ မလာသေးတာတော့ ဟုတ်ဟန် မတူပါ။

“သိင်္ဂီ မရောက်သေးဘူးလား”

သေချာအောင် အထဲရောက်တော့ ခင်မောင်တင့်ကို မေးလိုက်သည်။

“လာတယ် လေးလေး၊ အေးအေး ကို မှာစရာ ရှိတာ မှာပြီး ချက်ချင်း ပြန်ထွက်သွားတယ်။ လေးလေး ထမင်းစားခဲ့ ပြီလား”

“အေး၊ ဆိုက်ထဲမှာပဲ စားခဲ့တယ်၊ အေးအေး က သိင်္ဂီ နဲ့ပါသွားတာလား”

“မဟုတ်ဘူး လေးလေး၊ မမ သိင်္ဂီက တယောက်ထဲထွက်သွားတာ၊ အေးအေး ဟိုဖက်အခန်းမှာ ကော်ပီသွားဆွဲနေတယ်”

“ဒါဆိုလဲ ရေအေးအေး တပုလင်းလောက် ယူလာခဲ့ ကွာ”

ခင်မောင်တင့် ရေပုလင်းနှင့် ဖန်ခွက်ကိုင်ပြီးနောက်က နေလိုက်လာသည်။

“ဘာလုပ်စရာ ရှိလဲ လေးလေး”

“ရှိတယ် ထင်တာပဲကွ၊ လောလောဆယ်တော့ ခနနားဦးမယ် ကွာ”

ဦးအောင်ဘညို ရေတခွက်မော့သောက် ပြီး ကုလားထိုင်နောက်မှီ ကို ခေါင်းတင်မှိန်းနေမိသည်။ တမနက်လုံးနေပူထဲမှာ သွားလာလှုပ်ရှားနေခဲ့ ရသည့်အတွက် ခြေထောက်တွေလည်း ညောင်းနေသည်။ ခါတိုင်း ဆိုလျှင်တော့ ဒဂုံဆိုက်ကို ဖြစ်စေ။ လှိုင်သာယာက စက်ရုံတွေ ဖြစ်စေ သွားဖြစ်လည်း သိပ်ကြာကြာနေလေ့ မရှိ။ ကြည့် စရာရှိတာကြည့် ဆိုင်ရာဆိုင်ရာ မန်နေဂျာတွေ ကို မှာစရာ ရှိတာမှာပြီး ရုံးပြန်ပြေး လာရသည်။ မနေ ချင်လို့ မဟုတ်။ ရုံးမှာကလည်း သူလုပ်စရာ တွေ၊ သွားစရာတွေ ကလည်း ရှိနေ၍ အချိန်လု ရတာများသည်။ခုတော့ ဦးအောင်ဘညို အချိန်တော်တော်ပိုနေသည်။ ဒါကြောင့် အပြင်က လုပ်ငန်းခွဲ တွေကို သေသေချာချာ ကြည့်ရှု့ ကြီးကြပ်နိုင်လာသည်။ ဒီလိုဖြစ်လာတာ သိင်္ဂီ့ ကျေးဇူးကြောင့် ဟု ဆိုမည်ဆိုပါက ဆိုလို့ ရနိုင်သည်။

ဦးအောင်ဘညိုကို ကူညီရန် ဟူသော အကြောင်းပြချက် ဖြင့် သိင်္ဂီ ကုမ္ပဏီ မှာ ဒါရိုတ်တာတဦး အဖြစ် ရုံးလာ ထိုင်ပေးနေသည်မှာ အတော်ကြာ ပြီဖြစ်သည်။ စစချင်းတော့ ဦးအောင်ဘညို စိတ်ပူမိသည်။ စိတ်ညစ်မိသည် ဟု ဆိုလျှင်ပို မှန်ပါလိမ့်မည်။ သို့သော် မလာပါနှင့် ဟုလည်း သိင်္ဂီ့ကို မပြောရက် မတားရက်၍ ခွင့်ပြု လိုက်သည်။ သိင်္ဂီကလည်း အချိန်တိုင်းတော့ မလာနိုင်ပါ။ ကလေးတွေကျောင်းပို့ ပြီးမှ ရောက်လာတတ်ပြီး ညနေကျောင်းဆင်းချိန်လောက် ဆိုပြန်တတ်သည်။ အစပိုင်း ရက်များမှာတော့ သိင်္ဂီ ယောင်လည်လည်ပင် ရုံးထဲ မှာ ဟိုသွား ဒီသွား ဟိုမေးဒီမေး လုပ်နေရုံသာရှိသည်။ နောက်တော့ ဘယ်သူ ကအ ကြံပေးလိုက်သည် မသိ တရုံး လုံး က ပြတင်းပေါက် ခန်းဆီး တွေ အသစ်လဲသည်။ ရုံးဝင်း အတွင်း သစ်ပင်ပန်းပင် တွေနေရာချ ၏။ ရုံးခန်း အတွင်း တွင်လည်း အလှစိုက်ပန်းအိုးတွေ၊ သစ်ပင် တွေဖြင့် အလှဆင်သည်။

သိင်္ဂီ လုပ်သမျှ ဦးအောင်ဘညို တခုမှ မကန့်ကွက်ပါ။ လိုသလောက် ငွေထုတ်ပေးဖို့ နှင့် ခိုင်းတာလုပ် ပေးဖို့ ခင်မောင်တင့် တို့လင်မယားကို မှာထားသည်။ ကုမ္ပဏီ ရုံးလည်း အရင်က ထက်စာလျှင် အပြင်အဆင်တမျိုး ပြောင်းသွားသည်ကတော့ အမှန်ပင်။ ထိုမှ နေ၍ နောက်တွင် ကုမ္ပဏီ သို့လာသော ဧည့်သည်များကို ဦးအောင်ဘညို ဧည့်ခံစကားပြော နေစဉ်၊လုပ်ငန်း ကိစ္စ များဆွေးနွေးနေ ချိန်များတွင် ရောက်လာပြီး ဝင်ထိုင်တတ်၏။ ဦးအောင် ဘညိုလည်း “ဒါကတော့ ကျွန်တော်ကို့ ကုမ္ပဏီ ရဲ့ ဒါရိုတ်တာတယောက် ဖြစ်တဲ့ ဒေါ်သိင်္ဂ ီ ပါ ” အစရှိသဖြင့် မိတ်ဆက်ပေးရတော့သည်။ ဒီလို နှင့် တဖြည်းဖြည်း သိင်္ဂီ သည် ဦးအောင်ဘညို၏ စီးပွားဖက် မိတ်ဆွေ များ၊ အခြား မိတ်ဆွေ အပေါင်း အသင်းများ နှင့်ပါသိကျွမ်းခင်မင်လာ တော့သည်။ ဦးအောင်ဘညိုထက်ပင် လူချစ်လူ ခင်ပေါသယောင်ရှိ၏။ သိင်္ဂ ီ၏ လက်ကိုင်ဖုံးသည် နံပါတ် အသစ်တွေ နှင့် မကြာမကြာ မြည်လာ တတ်သည်။

အထူးသဖြင့် ဦးအောင်ဘညို ၏ သင်္ကြန်ပျော်မိတ်ဆွေ ကြီးများ အဖွဲ့ ဆိုလျှင် သိင်္ဂီ၏ အမာခံ ပရိသတ် များလို့တောင် ဆိုရနိုင်သည်။ အခုတော့သူတို့ ကျော်ကျော့် ကိုမေ့ နေကြလေပြီ။ သင်္ကြန်တုန်းက ခနတာပျော်စရာလောက် လို့သာ သဘောထားကြသည်။ လောင်းကြေး ရှုံးခဲ့ သူဦးမြင့်မောင် ကိုယ်တိုင် ပင်လျှင် မေ့မေ့ ပျောက်ပျောက် ဖြစ်နေလေပြီ။ ထို့ကြောင့် ဦးအောင်ဘညို လည်း သူတို့ နှင့် အရင်လိုတရင်း တနှီး ပြန်နေဖြစ်သည်။ သွားလိုက်လာလိုက် စားလိုက်သောက်လိုက် ပြန်ဖြစ်လာ၏။

......................................

သူတို့ လတ်တလော စိတ်ဝင်စားသော အရာက သိင်္ဂီ့ အကြောင်း ဖြစ်သည်။ တိကျစွာ ဆိုရသော် ဦးအောင်ဘညို နှင့် သိင်္ဂီ တို့၏ ဆက်ဆံရေး အခြေအနေ ဖြစ်သည်။ တခုလပ် ဖြစ်သော်လည်း အပျို တွေထက်လှ သည့် ခယ်မ ချောချောလေး နှင့် တအိမ်ထဲ အတူနေ၊ အတူစား၊ အလုပ်တူတူ လုပ်နေကြခြင်း ကို မနာလိုကြောင်း ခပ်ပြောင်ပြောင် ပင်ပြောကြသည်။

“ဒီလို ဘုရားဖြစ်မယ့် အုတ်ခဲ ဆီမှာမှ ဒီလောက်ချောတဲ့ ချစ်စရာ ကောင်းတဲ့ ခယ်မ ရှိရသလား ဗျာ”

အရက်ဝိုင်း ဖွဲ့ရင်း ဦးမြင့်မောင်က စားပွဲကို လက်သီးနှင့် ထုရင်း မချိတင်ကဲပြောသည်။ သူ နှင့် သိင်္ဂီ တို့၏ အခြေအနေ ကိုသူသာ အသိဆုံးဖြစ်သော ဦးအောင်ဘညို ပြုံးလို့ သာနေလိုက်ပါသည်။

“လိုက်ပွဲ လေးမှ မစားရင် လောကကြီး မှာလူလုပ်ရတာ ဘယ်တန်မှာလဲ ကိုအောင်ဘညိုရယ်၊ နေရာချင်းလဲလို့ရရင် လဲလိုက်ချင်တယ်”

နောက်တယောက်ကလည်း မီးလောင်ရာလေဝင်ပင့်သည်။

“ခင်ဗျား တို့ကလဲ ဗျာ၊ ဒီအတိုင်းဆိုရင် အမလင်ယူတိုင်း ညီမ က အဆစ်လိုက်နေရတာ မျိုး ဖြစ်ကုန် မှာပေါ့”

“ဒီလိုလဲ မဟုတ်ဘူးလေ ကိုအောင်ဘညို ရဲ့၊ မုန့်ဟင်းခါး စားပြီးရင် ဟင်းရည်လေး အဆစ်တောင်း သောက်လိုက်ရ မှ မုန့်ဟင်းခါးစားရ တဲ့ အရသာပြည့်စုံတာဗျ”

“ပေါက်ပေါက်ရှာရှာဗျာ”

“လောင်းချင်သေးလား ကိုမြင့်မောင်”

တယောက်က ဝင်ထောင်ပြန်၏။

“ဒီတခါ တော့ စည်းစိမ်ပါ ပုံပြီးတော့ လောင်းလိုက်ချင်တာဗျ”

ဦးမြင့်မောင်က ပြုံးပြုံးကြီးဆိုသည်။ သူစည်းစိမ်ပြုတ်ဖို့ သေချာနေတာကို ဦးမြင့်မောင် မသိရှာဟု ဦးအောင် ဘညို တွေးရင်းပြုံးမိသည်။

“ဟော … သူပြုံးနေတယ်ဗျ၊ ကိုမြင့်မောင် ခင်ဗျားကို တော့ အချဉ်ပဲ ဆိုတဲ့ သဘောဗျ၊ ဒီလိုမျိုးတော့ အလုပ်မခံနဲ့ ဗျာ”

“ကဲ … ကိုအောင်ဘညို ဘယ်လိုလဲ၊ တပွဲတလမ်း စမ်းလိုက်ရအောင်”

ဦးအောင်ဘညို ပြုံးလို့သာနေလိုက်ပါသည်။  အမှန်တော့ သူတို့ ဦးအောင်ဘညို ၏ သိက္ခာကို အသိအမှတ်ပြု  ပြီးဖြစ်ကြပါသည်။ ပြောမနာဆိုမနာ ရင်းနှီးနေသူ တွေဖြစ်သည့် အတွက်သက်သက်ကြပ် နေ ကြခြင်းလည်း ဖြစ်သည်။ အကယ်၍ ဦးအောင်ဘညို က သူနှင့် သိင်္ဂီ့ အခြေအနေ ကို အမှန်အတိုင်း ပြောလျှင်ပင် သူတို့ ယုံကြမှာ မဟုတ်ပေ။

“ခယ်မ ဆိုလို့၊ ပုံပြင်လေး တပုံပြောပြမယ်၊ ဉာဏ်စမ်းလေးလဲ ပါတယ်”

အသက်အကြီးဆုံး ဦးမောင်မောင်အေး က သူတို့လမ်းကြောင်းထဲ ဝင်ပါလာသည်။

“ဟာ .. လုပ်လေ အကိုကြီးရဲ့”

“ဒီလိုဗျ၊ တခါတုန်းကပေါ့ဗျာ၊ လူတယောက်ရှိတယ်၊ သူ့နာမည် ကိုတော့ မောင်ဖြူလို့ပဲထားလိုက် ပါတော့၊မောင်ဖြူမှာ အရမ်းခင်တဲ့ သူငယ်ချင်း နှစ်ယောက်ရှိတယ်၊ မောင်နီ နဲ့ မောင်ညို လို့ပဲ ထားလိုက်ရအောင်”

“မောင်ညို ဆိုတာ ကိုအောင်ဘညို ကို ပြောတာလား အကိုကြီး”

“ဟာ … ဒီလူတော့၊ အကိုကြီး အရှိန်ပျက်အောင် မလုပ်နဲ့လေ”

ဦးမောင်မောင်အေး က ပြုံးလိုက်ရင်း ပုံပြင်ကို ဆက်သည်။

“မောင်ဖြူ့ မှာ အရမ်းလှတဲ့ ညီမလေး တယောက်ရှိတယ်၊ မောင်နီနဲ့ မောင်ညိုက စိတ်ဝင်စားတာ ပေါ့လေ၊ ဒါကို မောင်ဖြူလဲ သိတယ်၊ သူငယ်ချင်း တွေက အတွင်းသိအစင်းသိတွေ ဆိုတော့ ကန့်ကွက်စရာ မရှိဘူး၊ ဒါပေမယ့် ညီမ ကတယောက်ထဲ ရှိတော့ ဘယ်သူနဲ့ သဘောတူရမယ် မှန်း မသိဘူးပေါ့”

စကားစကို ဖြတ်ပြီး ဦးမောင်မောင်အေး အရက်တငုံသောက်လိုက်သည်။ အစပိုင်း က သိပ်စိတ်မပါကြ သော်လည်း မောင်ဖြူ့ မှာညီမ ချောချောလေး တယောက် ရှိသည် ဆိုသည့်နောက်တွင် ပုံပြင်နားထောင်ဖို့ စိတ်ပါလာကြသည်။

“ဒီလို နဲ့ နေရင်း မောင်ဖြူ က အိမ်ထောင်ကျသွားတယ်။ သူ့ရဲ့ မိန်းမ မှာလည်း ညီမ ချောချော လေး တယောက်ရှိတယ်တဲ့”

“အား … ဟုတ်ပြီ ကောင်းခန်းရောက်လာပြီ၊ ခယ်မ ချောချောလေးတဲ့”

“အဲဒီမှာ မောင်ဖြူ စဉ်းစားတယ်၊ မိန်းမ ရဲ့ညီမအတွက်လည်း သူ့မှာစောင့်ရှောက်ဖို့တာဝန် ရှိလာတာ ကိုး၊သူ့ မှာလည်း လူကောင်း သူကောင်း သူငယ်ချင်း နှစ်ယောက်ရှိတယ်လေ၊ အရင်က ညီမ တယောက်ထဲ ဆိုတော့ မသိချင်ယောင်ဆောင်နေခဲ့ ပေမယ့် အခု ခယ်မလေးပါ ထပ်ရှိလာတော့ အဆင်ပြေပြီ ဆိုပြီး တော့သူ့ မိန်းမနဲ့ တိုင်ပင်တယ်၊ မိန်းမကလည်း သဘောတူတာနဲ့ မောင်ဖြူက မောင်နီကို သူ့ ညီမနဲ့ မောင်ညိုကိုတော့ သူ့ခယ်မနဲ့ လက်ထပ်ပေးလိုက်တယ်၊ နှစ်ယောက်လုံးက အချော အလှလေးတွေ ဆိုတော့ မောင်နီနဲ့ မောင်ညိုကလည်း သဘောကျသွားကြတယ်လေ”

ဦးမောင်မောင်အေး အရက်ကို တကျိုက်မော့လိုက်ပြန်၏။ ရေသောက်၏။ အမြည်း တွေလိုက်နှိုက် စား၏။ နောက်ပြီးတော့ အရက်ထပ်ငှဲ့ သောက်ပြန်သည်။ သူ့စကားအဆက်ကို စောင့်နေကြသူတွေ စိတ်မ ရှည်ကြတော့

“အကိုကြီး .. လုပ်လေဗျာ၊ ကောင်းခန်းကျမှ ရပ်ထားတယ်”

“အင်းလေ၊ အကိုကြီး ကလဲ”

ဦးမောင်မောင် အေးက ပြုံးစိစိ လုပ်ရင်း “ပြီးပြီဗျ၊ ပုံပြင်က ဒါပဲ”

အားလုံး နားမလည်နိုင်အောင်ဖြစ်ရသည်။ ဦးမောင်မောင်အေး ပုံပြင်က ရိုးစင်းလွန်းလှသည်။ အကြောင်းမဲ့ပြောတာ မဟုတ်မှန်းသိကြသော်လည်း ရည်ရွယ်ချက်ကို မမှန်းဆ နိုင်ကြပေ။

“အကို ကြီး အခုန ပြောတော့ ဉာဏ်စမ်း ပါတယ်ဆို”

သတိရလိုက်သော ဦးအောင်ဘညိုက မေးလိုက်သည်။

“ဟုတ်တယ် ကိုအောင်ဘညို၊ မောင်ဖြူ ဟာ သူငယ်ချင်း နှစ်ယောက်လုံး ကို ခင်တယ်ဆိုပေမယ့် တယောက်ကို ပိုခင်တယ်ဗျ၊ အဲဒီတယောက်က ဘယ်သူလဲ”

ဘယ်သူမှ အသံထွက်မလာတော့ဘဲ အရက်ခွက်ကိုယ်စီကိုင်ရင်း စဉ်းစားကြတော့သည်။ ဦးအောင်ဘညို စိတ်ထဲတွင် တစုံတခုကို သိသလိုလို ရှိသော်လည်း ထုတ်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။ တယောက်တပေါက် နှင့် ဦးမောင်မောင်အေး ပြောခဲ့သော ပုံပြင်ကို အပြန်ပြန် အလှန်လှန် ရွတ်ကြည့်ရင်း အဖြေရှာ နေကြသည်။ တော်တော်နှင့် အဖြေမထွက်ကြပါ။

“နှစ်ယောက် ထဲက တယောက်ဆိုပြီး ရမ်းဖြေလို့ မရဘူးနော်၊ ခိုင်လုံတဲ့ အကြောင်း ပြချက် ရှိရမယ်”

စဉ်းစားရကျပ်နေကြသူတွေကို ဦးမောင်မောင်အေး သံပါတ် ထပ်တင်းပေးလိုက်သည်။

“ဟာဗျာ … အကိုကြီး ကလဲ၊ ကျွန်တော် က အဲသလိုလုပ်မလို့ စဉ်းစားနေတာ”

ဦးမြင့်မောင်က ရယ်ကျဲကျဲ နှင့် ဆိုသည်။

“ဒီတိုင်း မစဉ်းစားရဘူးဗျ၊ စိတ်ပညာ အမြင်ကို လော့ဂျစ် နည်းနဲ့ ယှဉ်ပြီးစဉ်းစားရတယ်”

“အကိုကြီးပြောမှ ပိုရှုပ်လာပြီ၊ ပန်းပေးတယ်ဗျာ၊ ဘော်ဒါတို့ သဘောတူတယ် မဟုတ်လား”

“ဟုတ်တယ်၊ အရှုံးပေးတယ်၊ အဖြေကို သာမြန်မြန်ပြောတော့”

“ကျွန်တော်ပြောသွားတဲ့ ထဲမှာ အဓိက အချက်ကို မှ ခင်ဗျားတို့ မဆုပ်မိတာကိုး”

“ဟုတ်ပါတယ် အကိုကြီးရယ်၊ အကိုကြီးပဲ ရှင်းပါတော့၊ ဒီဝိုင်း ကို ပြောတာနော်”

“ဟင် .. ဒီဝိုင်း က ကိုအောင်ဘညို ရှင်းရမှာလေ”

ဦးအောင်ဘညို မနေသာတော့ဘဲ

“ကဲ ပါ အကိုကြီးရယ်၊ ဒီဝိုင်း ကို ကျွန်တော် ရှင်းပါမယ်၊ သူတို့ သိချင်တာလေး သာပြောလိုက်ပါ”

“သူတို့ သိချင်တာ ဆိုတော့ ခင်ဗျား က အဖြေသိလို့ လား”

“သိသလိုလိုပဲ ဗျ။”

“ဒါဆိုလဲ ကိုအောင်ဘညို ရှင်းပြလိုက်လေ”

ဦးမောင်မောင်အေး တိုက်တွန်းမှုကို ဦးအောင်ဘညို ကဗျာကယာ ငြင်းမိသည်။  “မဖြစ်ဘူး အကိုကြီးရဲ့၊ ကိုယ့်ရှုးကိုယ်ပတ်မိလိမ့်မယ်”

“ဒါဆို ခင်ဗျား အနီးဆုံးထိရောက်အောင် တွေးနိုင်တာပဲဗျ၊ ဟား…ဟား”

“ခင်ဗျားတို့ ပဲ မနီးနဲ့ လေ ကျွန်တော်တို့ကိုလည်း ပြောဦး”

“ဒီလို ဗျ၊ အဟမ်း…ဟမ်း” ဦးမောင်မောင်အေး ချောင်းဟန့်ပြီးလည်ချောင်းရှင်းလိုက်သည်။

“ကျွန်တော်ပြောခဲ့တာ ဒီလိုနော်၊ မောင်ဖြူက ညီမနဲ့ ခယ်မကို သူ့သူငယ်ချင်း နှစ်ယောက် နဲ့ ပေးစားတယ်၊ ဟုတ်တယ်နော်”

“ဟုတ်တယ်လေ”

“ညီမ ကို မောင်နီ နဲ့ပေးစားတယ်၊ ခယ်မ ကို မောင်ညို နဲ့ပေးစားတယ်၊ အဲဒါ အဖြေပေါ့ဗျ”

“မရှင်းသေးဘူး”

“မောင်ဖြူက မောင်ညို့ကို မောင်နီထက် ပိုခင်တယ်ဗျ”

“ဘာဖြစ်လို့ လဲ အကိုကြီး”

“ခယ်မ နဲ့ ပေးစားလို့လေ”  တဝိုင်းလုံး ဝါးကနဲ ပွဲကျသွားကြသည်။ ဦးအောင်ဘညို ပင်ပြုံးမိ၏။

“အကိုကြီးပြောတော့ ရှင်းနေတာပဲ၊ ဒါပေမယ့် အကိုကြီး က လော့ဂျစ်တွေ ရော၊ စိတ်ပညာတွေ ရော ထည့်ပြော တော့ ရှုပ်ကုန်တာပေါ့”

“အဲဒါတွေ လဲဆိုင်တယ်လေ”

“ဘယ်လို ဆိုင်တာလဲ အကိုကြီးရဲ့လုပ်စမ်းပါဦး”

“စကားပုံ ရှိတယ်လေ၊ မိန်းမတွေ ပြောတတ်တာ၊ မုန့်ကိုသာဝေစားမယ်၊ အချစ်ကိုတော့ ဝေမပေးဘူးဆိုတာ”

“ဟုတ်ကဲ့”

“ယောက်ျားကျတော့ ပြောင်းပြန်ဗျ၊ အချစ်ကိုတော့ ဝေယူမယ် မုန့်ကိုတော့ ဝေမကျွေးဘူး ဆိုတာ မျိုး၊အခု မောင်ဖြူက သူချစ်တဲ့ ညီမ ကို မောင်နီ ကိုပေးပြီးတော့ သူစားမယ့် ခယ်မကိုတော့ …..”

အားလုံးဝိုင်းရယ်မိကြသည်။ ဒီတခါတော့ ဦးအောင်ဘညို ပါ မနေနိုင်ပဲ ရယ်မိသည်။

“မောင်ဖြူ ဟာ မောင်ညိုကို ပိုခင်လို့ ဒီလို စွန့်လွှတ်ခဲ့တာပေါ့”

တကယ်တော့ ဒီလိုပြောကြတာ ရယ်စရာ သဘောသာဖြစ်ပါသည်။ လောကကြီးမှာ ခယ်မ ဖြစ်သောမိန်းမ တွေ အများကြီးရှိပါသည်။ ခဲအိုတွေလည်း အများကြီးရှိသည်။ ခယ်မ နှင့် ခဲအို ဇာတ်လမ်းတွေ ရှိလျှင်လည်းထိုအထဲ မှ အလွန်နည်းပါးသော ရာခိုင်နှုံး သာဖြစ်လိမ့်မည်ဟု ဦးအောင်ဘညို တွေး မိပါသည်။ သူနှင့် သိင်္ဂ ီတို့ ပတ်သက်မှု ထိုရာခိုင်နှုံး နည်းနည်းလေးထဲမှာ ပါနေရခြင်းသည် လောကကြီး ၏ လှည့်ကွက် တခုကြောင့် လို့လည်း ထင်မြင်မိပါ၏။

အိပ်ယာပေါ် က အကြောင်း အရာတွေကို ဘေးဖယ် စဉ်းစားလျှင် သူနှင့် သိင်္ဂ ီ ၏ ပြင်ပဆက်ဆံ ရေးသည်အများ အမြင်မတင့် ဖွယ်ရာမဟုတ်ပါ။ သိင်္ဂီ က ဦးအောင်ဘညို ထက်ပင် ဂရုစိုက်သေး၏။ အိမ်အပြင်ပ တွင်သူတို့ အခြေအနေက လုပ်ငန်းခွင်ဆက်ဆံ ရေးသက်သက် အနေ အထား သာဖြစ်ပါသည်။ သိင်္ဂ ီ ကသူမ၏ စကားအတိုင်းပြောရလျှင် ဦးအောင်ဘညိုကို သူမတနိုင်တပိုင် ကူညီပေးနေခြင်းသာဖြစ်ပါသည်။

ဦးအောင်ဘညို တယောက်ထဲက နည်းနည်း ကသီလင်တနိုင်သည်။ အရင်က ဆိုလျင် ကျော်မင်း ရှိ သည့် အတွက် အဆင်ပြေသည်။ ကျော်မင်းက ဦးအောင်ဘညို၏ သူငယ်ချင်း ဇော်မင်း ၏ညီ ငယ်ဖြစ် သည်။ ဇော်မင်း နှင့် ဦးအောင်ဘညိုက တက္ကသိုလ် မှာတဆောင်ထဲ တခန်းထဲ နေခဲ့ သူဖြစ်သည်။ ညီ အကို ရင်း ပမာနေခဲ့သည်။ ဇော်မင်းမှာ အဖေမရှိတော့ မိခင်နှင့် ညီငယ်တယောက် သာ ရှိသည်။

ဘွဲ့ရတော့ ဇော်မင်း က ဗိုလ်သင်တန်းတက်ပြီး တပ်ထဲရောက်သွားသည်။ သူ၏မိခင်ကြီး ကွယ်လွန် ချိန်မှာ ရှေ့တန်းရောက်နေ သဖြင့်ပြန်မလာနိုင် ဦးအောင်ဘညို သာရောက်အောင်သွားပြီး သူငယ် ချင်းကိုယ်စား ဈာပန ကိုစီစဉ်ဆောင်ရွက်ပေးရသည်။ ညီငယ်ကျော်မင်း ကိုလည်း သူငယ်ချင်း ကိုယ်စားစောင့် ရှောက် ကူညီပေးခဲ့သည်။ နောက် ဇော်မင်း ကျဆုံးသွားသော အခါ ဦးအောင်ဘညို ကလုံးလုံးလျားလျား တာ ဝန် ယူခဲ့သည်။ ဘွဲ့ရသည်အထိ ကျောင်းထားပေးခဲ့ပြီး နောက် ကျောင်းပြီးသည်နှင့်လုပ်ငန်းခွင်ထဲသို့ ခေါ် သွင်း လိုက်သည်။

ကျော်မင်း က အကိုသဖွယ်သာမက ကျေးဇူးရှင်တယောက်လို ဦးအောင်ဘညိုကို သဘောထား သည်။ ဦးအောင်ဘညို ခုလောက်အထိ အခြေအနေ ရောက်လာရသည့် အဖြစ်တွင် ကျော်မင်း ၏ ချွေးစက်တွေ အများကြီးပါ၏။ ညီမသာ ရှိပြီးမောင်ငယ် မရှိသော မသူဇာကလည်း ကျော်မင်းကို ခင်မင်သည်။ သိင်္ဂ ီ နှင့် လက်ထပ်ပေးဖို့တောင် သူတို့ နှစ်ယောက် စိတ်ကူးခဲ့ဖူးသည်။ ကျော်မင်းကကျောင်းနေစဉ်ကပင် ချစ်သူရနေကြောင်း သိရပြီးနောက်မှ ထိုစိတ်ကူးကို စွန့်လွှတ်ပြီး ဦးအောင်ဘညို ကပင် မိဖနေရာမှ တာ ဝန်ယူပြီး လက်ထပ်ပေးခဲ့သည်။ မိန်းကလေးကလည်း အေးချမ်းတည်ငြိမ်သော မိန်းကလေးတယောက် ဖြစ် သည်။ သိင်္ဂ ီ့ လောက်တော့ မချောပေ။ ကျော်မင်း နှင့် သိင်္ဂ ီကလည်း မျက်နှာကျောတည့်ကြသည် မဟုတ်။ ကျော်မင်းက သိင်္ဂ ီကကို ပေါ့ပေါ့ နေ ပေါ့ပေါ့စားဟု သဘောထားပြီး သိင်္ဂ ီ ကလည်း ကျော်မင်း ကို အတင်းဇွတ်ကြီးလူကြီးဆန် ချင် နေသူလို့ ထင်သည်။

.........................................

နောက်ပိုင်း လုပ်ငန်းအရှိန်အဟုန် တဟုန်ထိုး တိုးတက်လာချိန်တွင် ကျော်မင်းက ဦးအောင်ဘညို တို့ လုပ် ငန်းစု အရပ်ရပ်၏ အထွေထွေမန်နေဂျာ ဖြစ်လာသလို ဒါရိုတ်တာအဖွဲ့ဝင်လည်း ဖြစ်လာသည်။ မသူဇာ နှင့် သိင်္ဂ ီ တို့က အမည်ခံ ဒါရိုက်တာတွေ ဖြစ်ပြီး တကယ်လုပ်ရသည်က ဦးအောင်ဘညို နှင့် ကျော်မင်း ဖြစ်သည်။ နေပြည်တော်ခေတ် မှာ အခြေအနေအရ အရေးပါသူတယောက် နေပြည်တော်မှာ ရှိဖို့လိုလာသော အခါ ကျော်မင်းကို ပို့ထားလိုက်ရသည်။ ဟိုမှာ ရင်းနှီးမြုပ်နှံ မှုတွေကလည်း များသည့် အပြင် လူကြီး တွေ နှင့် အချိန်မရွေးတွေ့ဆုံဆက်ဆံရမည်ဖြစ်ရာ ဦးအောင်ဘညို ကိုယ်တိုင် ကဒီဖက်မှာ ရှိဖို့ လည်း လိုသဖြင့် ကျော်မင်းကို လွှတ်လိုက်ရတော့သည်။ ထို့ကြောင့် သိင်္ဂ ီက စိတ်လိုလက်ရ ကူပါမည် ဆိုလာသော အခါ ဦးအောင်ဘညို မျက်ခုံးလှုပ်မိသော်လည်း ဖြစ်သင့်သည့် အခြေအနေ ဖြစ်သောကြောင့် အသာကြည့်လို့ သာနေလိုက်သည်။

တကယ်လည်း ဦးအောင်ဘညို အသက်ရှုချောင်သွားရတာတွေ ရှိသည်။ စီးပွားရေးလောက တွင် ဦးအောင်ဘညို စိတ်မပါတာတွေ ရှိသည်။ ကင်းလို့လည်း မရသည့် ပွဲလမ်းသဘင်များ ဖြစ်သည်။လုပ်ငန်းနှင့် ပတ် သက်ပြီး ပြောဆိုညှိနှိုင်းဆွေးနွေးရမှာ မျိုးဆိုလျင် ဦးအောင်ဘညို စိတ်ဝင်စား သော်လည်း လူမှုရေး ဆန်တာ တွေ တော့ သိပ်ပြီးအချိန် မပေးချင်။ သို့သော် ဒီလောက မှာဒါ တွေကကင်းလို့လည်းမရပါ။ ဧည့်ခံပွဲတွေ၊ ကုမ္ပဏီ နှစ်လည်ပွဲ၊ ကုမ္ပဏီ ရုံးခန်းသစ်ဖွင့်ပွဲ၊ ကုန်ပစ္စည်း အသစ်မိတ် ဆက်ပွဲ စသည်ဖြင့် မကင်းရာ မကင်း ကြောင်းမိတ်ဆွေ တွေ နှင့်ပတ်သက်လျင် ကင်းလွတ်လို့ မရ။

အထူးသဖြင့် ဦးအောင်ဘညို၏ လိုင်းလည်းမဟုတ်သည့် အလှကုန် ပစ္စည်း၊ အမျိုးသမီး အသုံးအဆောင် ပြပွဲတွေ ဆိုလျင် ဝေးဝေးက ရှောင် ချင်မိသည်။ ခုတော့ ဒါတွေ အားလုံးကို သိင်္ဂ ီ က တာဝန်ယူ လိုက်သည်။ လူအများကြားတွင် ထင်လင်းသော အလှရှိသော သိင်္ဂ ီက ပွဲလည်တင့် သူလည်း ဖြစ်သည်။ သိင်္ဂ ီ က ကုမ္ပဏီကိုယ်စားပြု ပြီးတက်ရောက်ခြင်း ကြောင့် ဘယ်သူမှ မကျေမနပ် မဖြစ်ကြပါ။ နောက်ပိုင်း ဆိုလျှင် သိင်္ဂ ီ့ နာ မည် တိုက်ရိုတ်တပ်ပြီး ရောက်လာသော ဖိတ်စာတွေ တောင်ရှိလာ သော အခါဦးအောင်ဘညို ပြုံးမိသည်။

ဦးအောင်ဘညိုက ပြင်ပဆက်ဆံရေး ဒါရိုတ်တာ အဖြစ်အသိအမှတ်ပြု လိုက်သော်လည်း ခင်မောင်တင့်က တော့ ပွဲတက် ဒါရိုက်တာဟု သမုတ်သည်။ သူ ပြောလည်း ပြောချင်စရာဖြစ်သည်။ တချို့ပွဲတွေ ဆိုလျှင် သိင်္ဂ ီ က သူမ တယောက်တည်းသွားတတ် သော် လည်း တခါတရံ အေးအေး ကိုအဖေါ်ခေါ်သွားတတ်သည်။ ထိုအခါ ခင်မောင်တင့် တယောက်ထဲရုံးမှာ ကျန်ခဲ့ပြီး နှစ်ယောက်စာလုပ်ရင်း ရွာလည် နေရသော အခါတွေ ရှိသည်။ ဦးအောင်ဘညို က နောက်ထပ် မိန်းကလေး တယောက်ထပ်ခန့်ချင်သော်လည်း အေးအေး က ခင်မောင်တင့်နားတွင် တခြား မိန်းကလေးတယောက် မမြင်လို၍ မသိမသာ ကန့်ကွက်စကားဆိုသည်။

သို့ဖြင့် ထိုကိစ္စ ကို ဦးအောင်ဘညိုကခင်မောင်တင့် ၏ လစာကို နှစ်ဆနီးပါး တိုးပေးလိုက်ခြင်းဖြင့် ဖြေရှင်းလိုက်ရသည်။ ခင်မောင်တင့် လည်း စိတ် ကျေနပ်သွား၏။ အေးအေး အနေဖြင့်လည်း သိင်္ဂ ီ နှင့် လိုက်ရခြင်းက သူမ အတွက်တွက်ချေကိုက်သည်။ လက်ဆောင်ရသော ပစ္စည်း တွေကို သိင်္ဂ ီက အေးအေး ကိုအကုန်ပေးလေ့ ရှိပြီး မုန့်ဖိုးလည်းခနခန ပေးသည်။ ဟိုပြေးဒီပြေး နှင့် သိင်္ဂ ီ ပင်ပန်းသည်ကတော့ အမှန်ပင်။ ကလေးတွေ ကျောင်းအကြို အပို့လည်း လုပ်ပေးရသေး၏။ ဖူးဖူး တာဝန်ကလည်း မသေးပါ။ အရွယ်ရောက်စပြု လာပြီး လှချင်ပချင် လာသည့် ဖူးဖူး၏ ဆံပင် ညှပ် သည့် ကိစ္စ မှသည် အဝတ်အစား ဝယ်သည်အထိ သိင်္ဂ ီ လိုက်ပါပေးနေရသည်။

သိင်္ဂီ အသုံးဝင်သည့် နေရာတွေလည်း ရှိသေးသည်။ ဌာနဆိုင်ရာ များနှင့် ဆက်ဆံဆောင်ရွက်ရသည့် ကိစ္စ များတွင်လည်း အဆင်ပြေသည်။ အရင်က အေးအေး အခေါက်ခေါက် အခါခါ ခြေတို အောင်သွား ရသော ကိစ္စများကို သိင်္ဂီကတရက်ထဲ နှင့်ပြီးအောင်လုပ်ပြ နိုင်တာတွေ လည်းရှိသည်။ လှပ ချောမောသည့် ဂုဏ်သ ရေရှိ အမျိုးသမီး တဦးကရည်မွန်ယဉ်ကျေးစွာ တောင်းခံလာသည့် အကူအညီကို ငြင်းပယ်ရက်သည့် လူကြီး လူကောင်းမရှိနိုင်ပါ။

အခု သိင်္ဂ ီ အခန်းပြောင်းနေသည်။ သို့သော် နောက်အခန်းက ပင်မ အိပ်ခန်း မဟုတ်သည့် အတွက် ရေချိုး ခန်း၊ အိမ်သာ တွဲလျှက်မပါ။ ထို့ကြောင့် သန့်ရှင်းရေး ကိစ္စ များအတွက် မသူဇာ အခန်းကိုပင် ဆက်သုံးနေ ရသေးသည်။ ဒီလို သုံးသည့် အတွက် ဦးအောင်ဘညို ဖက်ကိုလည်း ကူးရန်အဆင်ပြေ၏။ သို့သော် တခါ တရံ ပင်ပန်းမှု ကြောင့် သိင်္ဂ ီ အစောကြီး အိပ်ပျော်သွားတတ်သည်။ အရင်ကလို ဦးအောင်ဘညို နှင့် ည စဉ်ရက်ဆက် မချစ်နိုင်တော့။ မိတ်ဆွေ တွေ နှင့် ဦးမောင်မောင်အေး၏ ခယ်မ ဉာဏ်စမ်း ဖြေခဲ့သည့် နေ့က အရက်ကလေး တထွေထွေ မှာ စိတ်ကလည်းပါ နေသောကြောင့် ဦးအောင်ဘညို သိင်္ဂ ီ့ အခန်းဆီလိုက်သွား မိ၏။  တံခါးက အတွင်းက နေ သော့ခတ်ထားသည်။ တံခါးကို ခေါက်ပြန်လျင်လည်း အိမ်သားတွေ ကြားသွားမှာ စိုး၍ ဦးအောင်ဘ ညို လှည့်ပြန်လာပြီး အခန်းထဲရောက်မှ စားပွဲပေါ်မှာတင်ထားသည့် ဖုန်း ကိုမြင်ပြီး အကြံကောင်းရသွားသည်။

ဖုန်းကို ယူပြီး သိင်္ဂီ့ အခန်းဝကနေ ဖုန်းခေါ်လိုက်သည်။ သိင်္ဂီ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေပုံရသည်။ ခေါ်သံ အကြီမ်ကြိမ် မြည်ပြီးမှ ကိုင်၏။

'အင် ... ကိုကို ...ပြန်မလာသေးဘူးလား၊ ဘယ်ကဆက်နေတာလဲ'

'သိင်္ဂီ့ အခန်း၀ ကလေ၊ တံခါးပိတ်ထားလို့'

'လာပြီ၊ လာပြီ'

ချက်ချင်းဆိုသလို တံခါးပွင့်လာသည်။ ညအိပ်ဂါဝန်ကြီး ဖို့ယို့ဖားယားနှင့် လူကလည်း အိပ်မှုံစုံမွှားဖြစ်နေသည်။

'နံလိုက်တာ၊ မူးလာတယ်ပေါ့၊ ဘယ်အချိန် ရှိပြီလဲ'

'ဆယ်နာရီ ခွဲပဲ ရှိပါသေးတယ်'

'သိင်္ဂီလည်း ခနလောက်ဆိုပြီး လှဲနေလိုက်တာ ချက်ချင်းအိပ်ပျော်သွားတယ်'

ဘာကိစ္စ အတွက်လာသလဲဟု သိင်္ဂီ မမေးပါ။ ဦးအောင်ဘညို အရက်မူးလာလျင် ဘာကိုလိုအပ်ကြောင်း သူမသိနေသလိုပင်။ အိပ်ယာပေါ်တွင် နေရာရှင်းလိုက်ရင်း

'လာလေ ကိုကို'

တံခါးကို လော့ချပြီး ဦးအောင်ဘညို ကုတင်ဆီလျောက်သွားသည်။

'သိင်္ဂီ ကိုယ့်ကြောင့် အိပ်ရေးပျက်သွားပြီ'

ဖရိုဖရဲ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ရင်း သိင်္ဂီ ပြုံးသည်။

'ကိုကို ရောက်လာလို့ မျက်စိကျယ်သွားပြီ'

ထွေထွေထူးထူး ပြောစရာစကား မရှိသလို ပြောရန်လည်း မလိုအပ်တော့သဖြင့် ဦးအောင်ဘညို က သိင်္ဂီ့ ကိုယ်လုံးလေးကို ရင်ခွင်တွင်းဆွဲယူလိုက်သည်။ သိင်္ဂီ ကလည်း အလိုက်သင့်လေးတိုးဝင်လိုက်သည်။ စကားတွေ မပြောဖြစ်တော့ပါ။ ကိုယ်လုပ်စရာရှိတာကိုပဲ သွက်သွက်လက်လက် လုပ်ကြပြီးနောက် အချစ်နယ်တွင်း သို့အရှိန်အ ဟုန်ဖြင့် တိုးဝင်သွားကြသည်။ အပေါင်းအသင်းတွေ နှင့် ပြန်ပြီး အလွှမ်းသင့် နေသော ဦးအောင်ဘညို အရက်ကို တဝသောက် လာ သော ကြောင့်ထင်သည်။ တော်တော်နှင့် မပြီး နိုင်အောင်ဖြစ်နေ၏။ ခုလိုအဖြစ်တွေကိုသာ မိတ်ဆွေကြီးများ သိလျင် ဘယ်လိုနေလိမ့် မည်နည်း ဟု တွေးမိလေတိုင်း ဂုဏ်ယူသလိုလိုခံစားရပြီးနောက်တွင် အားအင် အ သစ်တွေ ကလည်းထပ်ထပ်ပြီး တိုးပွားလာသလိုလိုပင်။ ဦးအောင်ဘညို နှင့် ချစ်ဖို့ ဘယ်အခါမှ မတွန့် ဆုတ်ခဲ့သော သိင်္ဂီ ပင်လျှင်အနေ ခက်လာပုံရသည်။

'ဘယ်လိုဖြစ်တာလဲကိုကိုရယ်၊ သူများတောင် အိပ်ချင်မူးတူးနဲ့ နှစ်ခါသုံးခါလောက်ပြီးသွားပြီ၊ ဒီနေ့မှ သူကလဲ'

'သိင်္ဂီ နားချင်ပြီလား'

'မဟုတ်ပါဘူး၊ ကိုကိုမှ မပြီးသေးတာ'

ခါတိုင်းဆိုလျင် ဦးအောင်ဘညို မူးပြီးတော်တော် နှင့် မပြီးလျင် သိင်္ဂီကူညီတတ်သည်။ ခုတော့ သူမလည်း ပင်ပန်းနွမ်းနယ် နေပုံရသည်။

'လေးဘက်ထောက်ပေးမယ်လေ၊ ကိုကိုကြိုက်တယ် မဟုတ်လား'

ဒီနည်းက သူတို့ နှစ်ယောက်လုံးစိတ်ကြိုက်နည်း ဖြစ်၍

'အင်း ... ကောင်းတာပေါ့'

သိင်္ဂီက ကုတင်ပေါ်မှာ လေးဖက်ထောက်ပေးသည်။ ဦးအောင်ဘညို ကုတင်အောက်ဆင်းလိုက်ပြီး သိင်္ဂီ့ကို ကုတင်ပေါ်မှာ ကန့်လန့်ဖြစ်အောင် ဆွဲယူလိုက်သည်။ အပြာရောင်မှိန်ဖျော့ဖျော့ ညအိပ်မီးရောင် အောက်တွင် သိင်္ဂီ့၏ ဖြူဖွေးလှပသောတင်ပါးလုံးလုံးကလေးက ရင်ခုန်စရာ ကောင်းလှ၏။ ကုတင်တဖက်ရှိ မှန်တင်ခုံမှ မှန်ကြီးပေါ်တွင်သူတို့ နှစ်ယောက်၏ ရုပ်သွင်ကထင်ဟပ်နေသည်။ ဦးအောင်ဘညို တော်တော် နှင့်လုပ် ငန်းပြန် မစဖြစ်သေးဘဲ သိင်္ဂီ့တင်ပါးလေး နှစ်ဖက်ကို လက်ဖြင့်ဆုပ်နယ်နေမိသည်။

'ကိုကို နော်၊ ဘာတွေလုပ်နေတာလဲ၊ သူများညောင်းလာပြီ'

စိတ်မရှည်သလို သိင်္ဂီ ပြောလာတော့မှ ဦးအောင်ဘညို ခပ်ကြမ်းကြမ်းဖိထိုးချလိုက်သည်။

'အား'

သိင်္ဂီ့ ခါးလေးကော့တက်သွားသည်။ ဒီလို အချိန်မှာ သိင်္ဂီ့ကို ညှာတာစရာမလိုကြောင်းလည်း သိနေသည့် အတွက် ကိစ္စပြီးရန်သာ အာရုံသွင်းပြီး ခပ်သွက်သွက်လုပ်လိုက်သည်။ မတ်တပ်ရပ်လျက်ဆိုတော့ ပိုပြီး လှုပ် ရှားလို့လည်းကောင်းသည်။ ဆံပင်တွေ ဖရိုဖရဲနှင့် သိင်္ဂီ့ခေါင်းလေး တငြိမ့်ငြိမ့်ခါနေသည်ကို မှန်ထဲမှာ မြင် တွေ့နေရသောအခါ ပိုပြီးစိတ်လှုပ်ရှားရသည်။ သိင်္ဂီနောက်မှာရပ်နေသည့် မိမိ၏ လှုပ်ရှားမှု တိုင်းကိုလည်း မြင်တွေ့နေရရာ ဒါမျိုးကို ဦးအောင်ဘညို ပထမဆုံး ကြုံတွေ့ရခြင်းဖြစ်သည်။

တဖြည်းဖြည်း နှင့် မှန်ထဲက ကိုယ့် ပုံရိပ်ကိုပင်ပြိုင်ဖက်တယောက်လိုမြင်လာသည်။ ဤသို့ဖြင့် မှန်ထဲက ပုံရိပ် နှင့်ဦးအောင်ဘညို တို့ အပြိုင်အဆိုင် ကျဲကြတော့ရာ ကြားထဲက သိင်္ဂီလည်း တသိမ့်သိမ့်ခါ နေတော့၏ ။ မချိတင်ကဲ နှင့်သိင်္ဂီ၏ ညည်းသံတွေကလည်း ဦးအောင်ဘညိုကို မီးလောင်ရာ လေပင့်ပေးသည်။မှန်ထဲက ပုံရိပ်ကြောင့် သိင်္ဂီတုန်ခါသွားလျင် ဦးအောင်ဘညိုကလည်း ထိုထက်နှစ်ဆတိုးပြီး အားထည့်၏။

အပြိုင်အဆိုင်ရှိမှ တိုးတက်သည်ဆိုသော စကားမှန်ပါ၏။ ပုံရိပ်နှင့် အပြိုင်ကျဲရင်း ဦးအောင်ဘညို ခရီးဆုံး သို့ ရောက်သွားသည်။ သူနောက်ဆုတ် လိုက်သည်နှင့် သိင်္ဂီလည်း ခွေကျသွားသည်။ ဒီတော့မှ ဦးအောင်ဘညို လည်းသူုဘယ်လောက်မောပန်းနေသည်ကို သတိထားလိုက်မိသည်။ လှုပ်ပင်လှုပ်ဖို့ မဖြစ်နိုင်တော့သလို ပုံ ပေါက်နေသော သိင်္ဂီ့ကို နေရာပြင်ပေး လိုက်ပြီး ဦးအောင်ဘညိုလည်း ဘေးမှာဝင်လှဲလိုက်သည်။ ဦးအောင်ဘညို ရင်ခွင်ထဲ တိုးဝင်ဖို့တော့ သိင်္ဂီ့ မှာ ခွန်အားကျန်နေပါသေးသည်။ ဦးအောင်ဘညိုက သူမကိုဖက်လိုက်ရင်း

'သိင်္ဂီ ကိုယ့်ကြောင့် အရမ်းပင်ပန်းသွားပြီ'

'ရ..ပါတယ်'

သိင်္ဂီ့ ဖြေသံက တိုးဖျော့လေးလံလွန်းလှသည်။ ခါတိုင်းတီတီတာတာ စကားများလွန်းလှသော သိင်္ဂီ့ ထံမှ ဘာမှထပ်မကြားရ၍ ကြည့်လိုက်သောအခါ သိင်္ဂီ အိပ်ပျော်နေပေပြီ။ အရက်နှင့် ပင်ပန်းမှု ကြောင့် ဦးအောင် ဘညိုလည်း သိင်္ဂီ နှင့် ရှေ့ဆင့်နောက်ဆင့် အိပ်ပျော်သွားသည်။ မနက်မိုးလင်းမှပင် နိုးတော့သည်။

'ညက ကိုကို စကားပြောနေသေးလား၊ သူများ အိပ်ပျော်သွားတော့'

'ဟင့်အင်း .. ကိုယ်လဲ ချက်ချင်းအိပ်ပျော်သွားတယ်'

သိင်္ဂီက ရှက်ပြုံးလေးပြုံးရင်း

'တကထဲမှပဲ ဘယ်လိုဖြစ်လာတယ် မသိဘူး၊ မပြီးနိုင်မစီးနိုင်နဲ့'

'ကိုယ်လဲ မသိဘူး'

ဦးအောင်ဘညို အမှန်အတိုင်း ပြောလိုက်ခြင်းဖြစ်ပါသည်။ နောက်ပိုင်းတော့ သူ့ထံသိင်္ဂီ ရောက်လာမှပင် ဦးအောင်ဘညို သူ့ဆန္ဒကိုဖြည့်တော့သည်။ နောက်နေ့က စပြီး သိင်္ဂီကလည်း ညဖက်ဆိုလျင်သူမ အ ခန်းတံခါးကို လော့ချ မထားတော့ပါ။ သို့သော်လည်း ဦးအောင်ဘညို လိုက်သွားလို့ သိင်္ဂီ အိပ်ပျော်နေတာ တွေ့လျင် ကိုယ့်အခန်းပဲ ကိုယ်ပြန်အိပ်လိုက်တော့သည်။ အခြေအနေ အကြောင်းတရားတွေက ဘယ်လိုပင်ရှိရှိ သူ့ဟာနှင့် သူဟုတ်နေသူကတော့ ဦးအောင်ဘညို၏ ဇနီး မသူဇာ ဖြစ်သည်။ သူမ၏ ဘဝက အေးချမ်းလှသည်။ သို့ရာတွင် အေးချမ်းသလို နေနိုင်ခြင်း ဖြစ်သည် ဟု ဦးအောင်ဘညို ထင်သည်။

ဝါကျွတ်ပြီးနောက် တရားစခန်း ကပြန်ရောက်လာသည်။ ဦးအောင်ဘညို နှင့် သိင်္ဂ ီ မလွတ်လပ်တော့။ မသူ ဇာ လစ်မှ စခန်းသွားဖြစ်ကြသည်။ အရက်မူးမနေ လျှင် ဦးအောင်ဘညိုက သွေးရှိသည်မဟုတ်။ သိင်္ဂ ီ အကြံ အ ဖန် ကောင်းတာကြောင့်သာ အခွင့်အရေး ရခြင်းဖြစ်သည်။မသူဇာက ပြန်ရောက်သည် ဆိုသော်လည်း အိမ်မှာ သိပ်ကပ်လှသည် မရှိပါ။ သူမ၏ ဓမ္မ မိတ်ဆွေ တွေ နှင့် အတူ ဗုဒ္ဓ ဂါယာ သို့ ဘုရားဖူးထွက်ရန် ပြင်ဆင်နေသည် နှင့် မအားလပ်အောင် ရှိသည်။

နိုင်ငံကူးလက် မှတ်မရှိသေးသူများကို နိုင်ငံကူးလက်မှတ်ရ ရှိအောင်ကူညီပေးခြင်း မှသည် ခရီးသွားလုပ်ငန်းတွေနှင့် ဆက်သွယ် ညှိနှိုင်း ပြီး အစီအစဉ် ရေးဆွဲခြင်း အထိ အားလုံးတာဝန်ယူလုပ်နေ၏။

ဦးအောင်ဘညိုက လည်း ကုသိုလ်ပြု သည်ဟု သဘောထားပြီး တတ်နိုင်သမျှ ကူညီပေးပါသည်။ သိင်္ဂ ီ ပင် မနေရပါ။ သို့သော် သူများတွေလို တပါတ် ဆယ်ရက် ခရီးမဟုတ် ဟိုမှာ ပျော်သလောက်နေဦး မည်ဟု ဆို လာသော အခါ စိတ်နည်းနည်း ခုချင်လာ၏။

“ကိုယ့်ပြည် ကိုယ့်ရွာ လဲ မဟုတ်ဘဲ နဲ့ ရက်ရှည်လများ နေလို့ ကောင်းပါမလား သူဇာရယ်”

“ဟာ … ကိုအောင် ကလဲ ဗုဒ္ဓ ဘာသာ မှာ ဒီထက် မွန်မြတ်တဲ့ နေရာ မရှိဘူးလေ၊ သူဇာတို့ ကိုးကွယ် ယုံ ကြည်တဲ့ ဘာသာတရားရဲ့ အဓိကနေရာမှာ တရားအလုပ် လုပ်ခွင့်ရမယ် ဆိုဘယ်လောက် ကောင်းမလဲ”

ဦးအောင်ဘညို ဘာမှ ပြောချင်စိတ် မရှိတော့။ ပြောပြန်လျှင်လည်း မိစ ္ဆာဒိဠိ ဖြစ်ရပေဦးမည်။ လိုအပ် သော ငွေကြေး နှင့် အဆက်အသွယ်က အစ ပြည့်စုံအောင်လုပ်ပေးလိုက်သည်။ သွားခါ နီးလည်း သေသေချာချာထပ်မှာလိုက်၏။

“ငွေလိုရင် လှမ်းသာမှာလိုက်၊ ကိုယ် မဖြစ်ဖြစ်အောင် ရောက်အောင် ပို့ပေးမယ်၊ မိဂဒါဝုန် တောထဲ ရောက် နေလဲရတယ်”

“ကို အောင် မရွဲ့ နဲ့နော်”

“အဟုတ်ပြောတာ၊ ဖုန်းသာဆက်လိုက် ချက်ချင်း ရောက်အောင်လွှဲပေးလိုက်မယ်၊ တခုပဲ ကိုယ့်ကို အခွင့် အရေးပေး”

“ဘာလဲ”

“သူဇာ ဟိုမှာ ကျင့်ကြံ အားထုတ်လို့ တရားထူး ရပြီဆိုရင် ကောင်းကင်ကနေ ဈာန် နဲ့ ပျံ လာပြီး ကိုယ့်ကို အရင်ဆုံး တရားလာဟောပါ၊ ကိုယ်လဲဒီဘ၀ က ကျွတ်ချင်လို့”

“ကိုအောင် … နော်”

မသူဇာ စိတ်ဆိုးပြီး ခြေဆောင့် ထွက်သွားသည်။ ဒီလောက် တရားတွေ ကျင့်ကြံအားထုတ်ထားသူက ဒေါသ ထွက်သည် ဆိုတော့ ဦးအောင်ဘညို ပြုံးမိသည်။


အပိုင်း ( ၈) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment