ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၉ )
ဂျင်ကလိ ရေးသည်။
{ပူပြင်းပြီးသွားလာရန် ခက်ခဲသော ကန ္တာရကို သရုပ်ဖေါ်လိုလျှင် အဆုံးမရှိ သဲပြင်၊ တံလျှပ် နှင့် အိုအေစစ် များ ရှိနေရုံဖြင့် မပြည့်စုံ၊ မပီပြင်ပါ။ ကန်တာရ ထဲတွင် မျက်စိလည် လမ်းမှားပြီး ရေဆာနေသည့် ခရီးသွား တယောက် အနည်း ဆုံးပါဝင်မှ သာ သရုပ်ပေါ်ပေမည်။ ထို့ အတူ ယောက်ျား နှင့် မိန်းမ တည်းဟူသော လူသား အမျိုးအစားတို့ သည် သူ့ချည်းသက် ဖြင့် အမျိုးအမည်ကွဲပြားခြင်း ကိုထင်ရှားအောင် မပြု နိုင်၊ ယောက်ျား နှင့် မိန်းမ ၏ အကြားမှ ချစ်ခြင်း၊ မုန်းခြင်း စသောသဘော တရား များ ရှိနေမှ သာလျှင် အဖို အမ အမျိုးအစား ကွဲပြားမှုကို ထင်ရှားစေနိုင်မည် ဖြစ်ပေသည်။}
...................................................................
အခန်း (၁၃)
ဦးအောင်ဘညို အိပ်လို့ ဘယ်လိုမှ မပျော်အောင် ဖြစ်နေသည်။ ပြန်တော့မည်ဟု နှုတ်ဆက်စဉ်က ကျော် ကျော့် မျက်နှာ ကို ပြန်ပြန်ပြီး မြင်ယောင်နေမိသည်။ ငိုတော့ မလိုမျက်နှာ ကို ဦးအောင်ဘညို မမြင်နိုင်စေ ရန် ပုန်းကွယ်တိမ်းရှောင် နေခြင်းကို ကောင်းစွာ သတိထားမိခဲ့သော်လည်း ဦးအောင် ဘညို မှာ ရွေးချယ် စရာ လမ်းမရှိပါ။ သူမ ထံမှာ ဆက်နေလျှင် သိင်္ဂ ီ့ကို ခက်ခဲစွာ ဖြေရှင်းရပေတော့မည်။ မိန်းမသားတယောက်နှင့် အတူရှိနေခြင်းဟု သိင်္ဂ ီ တွေးမိမှာ မဟုတ်တာသေချာပါသည်။ သို့သော် ဦးအောင်ဘညို ကို ပြန်လာစေချင်သည်။ ကားမမောင်း နိုင်လောက်အောင် မူး နေလျှင်လည်း ဘယ်နေရာ မှာရှိကြောင်းပြောဖို့ နှင့် သိင်္ဂ ီ ဒါမှမဟုတ် ဦးလေးစိုး ကြိုဖို့ ရောက်လာမည် ဆိုခြင်း ကြောင့် ဦးအောင်ဘညို မပြန် မဖြစ်ပြန်ခဲ့ရသည်။ ဘယ်နေရာ မှာ ရှိနေကြောင်း သိင်္ဂ ီ့ကို အမှန် အတိုင်းပြောရန် ဖြစ်လည်း မဖြစ်နိုင်ပေ။ တဖန် သိင်္ဂ ီ သူ့ကို စိတ်ငြိုငြင် မှာကိုလည်း ဦးအောင်ဘညို မလိုလားပါ။ ထို့ကြောင့် ကျော်ကျော့် ကိုထားရစ်ခဲ့ရသည်။
အိမ်ပြန်ရောက်တော့ ကံကောင်းထောက်မစွာ သိင်္ဂ ီ အိပ်သွားပြီဟု ဆို၏။ ဦးလေးစိုး က တံခါးလာဖွင့်ပေးသည်။
“ကျွန်တော့် ကို တကျီကျီ နဲ့ လိုက်ခေါ်ခိုင်းနေတာ ဆရာရေ၊ နင်ပဲ ဖုန်းအရင်ဆက်ကြည့်ပါဦးလို့ ပြောလိုက်ရတယ်”
“ကျွန်တော်လဲ ပြန်လာတော့ မလို့ပါပဲ”
အခန်းထဲ ရောက်တော့ ဦးအောင်ဘညို မသူဇာ အခန်းဖက်ကူးကြည့်သေးသည်။ သိင်္ဂ ီ မရှိပါ။ သူမ အခန်းမှာရှိလိမ့်မည် သေချာသော်လည်း ဦးအောင်ဘညို လိုက်မသွားတော့ပါ။ ကျော်ကျော် နှင့် မီးကုန်ယမ်းကုန်ချစ်ခဲ့ပြီး၍ သိင်္ဂ ီ နှင့် နောက်တပွဲ နွဲဖို့ ခွန်အားတွေ ကျန်သေးသလား ဆိုတာ ကိုယ့်ကိုယ်ကို လည်း မသေချာပေ။ ခပ်မြန်မြန် အဝတ်လဲပြီး အိပ်ယာထဲ တန်းဝင်လိုက်သည်။ ဦးအောင်ဘညို အိပ်ယာထဲ ရောက်ပြီး သိပ်မကြာမှီမှာပင် အခန်းကူးတံခါး ပွင့်သွား၏။ ဦးအောင်ဘညို မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင် နေလိုက် သည်။ သိင်္ဂ ီ ခြေဖေါ့ နင်းပြီး ဦးအောင်ဘညို ဘေးသို့ ရောက်လာသည်။ ကိုယ်ချင်းထိလုမတတ် ကပ်ပြီးကြည့်ချိန်မှာ သိင်္ဂ ီ့ကိုယ်သင်းနံ့က သင်းပျံ့ လွန်း၏။
သိင်္ဂ ီ ဘေးမှာရပ်ပြီး အကြာကြီးကြည့်နေသည်။ ဘေးကနေ ထွက်သွားတော့လည်း အခန်းပြင်ကို မဟုတ်။ ကုလားထိုင်ဘီးလုံး ရွေ့သံများကြားရပြီး နောက် ဦးအောင်ဘညို နှင့် မလှမ်းမကမ်း မှာ ဝင်ထိုင်သည်။ စားပွဲဘေးမှာ ဖြစ်ပုံရ၏။ စားပွဲ ပေါ်မှ ပစ္စည်း တွေကို ဟိုဒီ ရွှေ့နေသော အသံတွေကြား ရသည်။ မနေနိုင်၍ မျက်လုံးကိုမသိမသာလေး မှေးဖွင့် ပြီးချောင်းကြည့်သော အခါ စားပွဲပေါ်မေးတင်ပြီး ဦးအောင်ဘညို အိပ်နေသည်ကိုစောင့်ကြည့် နေကြောင်းတွေ့လိုက်ရသည်။ ညနေတုန်းက ညကျရင်တွေ့မယ်ဟု ပြောသွားသော သိင်္ဂ ီ့ စကားကို ပြန်ကြားယောင်မိသော အခါ ဦး အောင် ဘညို စိတ်မကောင်းဖြစ်ရသည်။ ဟိုတယ်က အပြန်လမ်းမှာ ကျော်ကျော်နှင့်သာ မတွေ့ခဲ့ လျှင် ရင်ခုန်ဖွယ် အချစ်ညတခု တည်ဆောက် မိကြမှာ အမှန်ပင်။ အခုတော့ အခြေအနေက တမျိုး ပြောင်းသွားသည်။
မူလက ပင်အိပ်ချင်စိတ် နည်းနေသော ဦးအောင်ဘညို အတွက် အခုလို သိင်္ဂ ီ့ ရှေ့မှာ အိပ်ချင်ဟန် ဆောင်ရခြင်းက ပင်ပန်းလွန်းလှသည်။ မလုံသော စိတ်ကြောင့် ကိုယ်ခန္ဒာက လည်း မငြိမ်ချင်။ အိန္ဒြေ မပျက်အောင်နေနေဖို့က တော်တော် ခက်သည်။ တဖြည်းဖြည်း အသက်ရှုလို့မဝသလို တောင်ဖြစ် လာ၏။ အိပ်ပျော် နေဟန်ဆောင်ရင်း တကယ်အိပ်ပျော်သွားချင်မိသော်ငြား ဘယ်လိုမှ အိပ်ပျော်အောင် စိတ်ကို လျှော့ချလို့မရ။ ဦးအောင်ဘညို စိတ်အ ထင် သိင်္ဂ ီ နာရီဝက် နီးပါးလောက် အခန်းထဲမှာ နေသွားသည်။ ထိုနာရီ ဝက်သည်ဆယ်နာရီလောက် ကြာသယောင် ဦးအောင်ဘညို ခံစားရသည်။
တကယ် အိပ်မပျော်ပါဘဲ နှင့် ဟန်ဆောင်နေကြောင်း သာ သိင်္ဂ ီ သိလျှင် စိတ်ထိခိုက်မှာ သေချာ၏။ ဒီညပြန်လာဖို့ စိတ်ကူးမရှိခဲ့ကြောင်း သိလျှင် ပိုဆိုးပေလိမ့်မည်။ ကျော်ကျော် မေဆိုသည့် မိန်းကလေး တယောက် နှင့် အိပ်ယာပေါ်မှာ အတူရှိခဲ့ကြောင်း အထိသာ သိင်္ဂ ီသိခဲ့လျှင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။ သိင်္ဂ ီ သူ့ကို ဘယ်လောက် အထိချစ်ကြောင်း ဦးအောင်ဘညို ကောင်းကောင်းသိပါသည်။ ဒီလိုတွေးမိတော့ သိင်္ဂ ီ့ကို သနားသွားရသည်။ ဦးအောင်ဘညို ကျော်ကျော့် ကို လည်း သနားမိသည်။ ငွေကြေးလည်း တော်တော်လေး ခက်ခဲနေပုံရသည်။ အလုပ်အကိုင်ကလည်း အဆင်မပြေသေး။ သို့တိုင်အောင် မာနကြီးသော ကျော်ကျော် က ဦးအောင်ဘညို ကို ယောင်လို့တောင် မဆက်သွယ်ခဲ့ပေ။ ဦးအောင်ဘညို ကိုယ်တိုင်လည်း သိင်္ဂ ီ နှင့် အဆင်ပြေနေပြီး နောက်မှာ ကျော်ကျော့် ကို မေ့သလိုဖြစ်နေခဲ့သည်။ လုံးလုံးလျားလျား မေ့လျော့ နေခြင်းတော့ မဟုတ်ပါ။ သို့သော် သွားကြည့်ဖို့ စိတ်ကူး ပြင်းထန်စွာ မပေါ်ခဲ့သည့် ကိုယ့်ကိုယ်ကို သာ အပြစ်တင်မိတော့သည်။ ကျော်ကျော် ပိန်သွား၏။ နဂိုက အရပ်ရှည်သူ ဖြစ်၍ ပိန်သွားသော အခါ အရမ်းသိသာသည်။ အရိုးပေါ် အရေ တင် မဟုတ်သည့် တိုင်အောင် အဝတ်တွေချွတ်လိုက်သော အခါ ဘယ်လောက်အထိကျဆင်းသွား သည်ကို ဦးအောင်ဘညို သတိထားမိသည်။ ဒါပေမယ့် ကျော်ကျော်သည် ဦးအောင်ဘညို အတွက်စွဲမက်ဖွယ် ကောင်း နေဆဲဖြစ်သည်။
............................................
သင်္ကြန် မှာစတွေ့စဉ်ကထဲက တခြားသူတွေ လှည့်တောင် မကြည့်ကြသည့် ကျော်ကျော် သည် ဦးအောင်ဘ ညို မြင်ကွင်းမှာထင်ထင် ရှားရှားဖြစ်ခဲ့၏။ ဤသို့ သတိထားလိုက်မိသည့် အတွက်လည်း အခုလို နောက် ဆက် တွဲတွေ ပေါ်လာရခြင်းဖြစ်သည်။ ဘယ်လို ရေစက်ကြောင့် မှန်းမသိ ကျော်ကျော် က ဦးအောင်ဘညို ကို သွေးဆူစေလွန်းသည်။ ဒီအကြောင်း ကိုသာ ဦးမြင့်မောင်တို့ သိလျှင် ဦးအောင်ဘညိုကို ဟားကြမည်လားမသိပေ။ မြင်သူငေးအောင် လှသည့်သိင်္ဂ ီ့ကိုလည်း ဦးအောင်ဘညို ရင်ခုန်တပ်မက်ပါသည်။ သို့သော် ကျော်ကျော် ကလည်း ဦးအောင်ဘညို အတွက် တပ်မက်စရာတခု ဖြစ်သည်။ သိင်္ဂ ီ နှင့်ပတ်သက်လျှင် ဦးအောင်ဘညို ထိန်းချုပ်နိုင် စွမ်းရှိ၏။ ကျော်ကျော် နှင့် ကျလျှင် စိတ်ကလွတ်ထွက် သွားတတ်သည်။
ချစ်မှု ရေးရာတွင် သိင်္ဂ ီ က ပွင့်လင်းသည်။ အတွေ့အကြုံ ရှိသူပီပီ နေတတ်ထိုင်တတ်သည်။ ခပ်ရိုင်းရိုင်း ဆိုရသော် အပေးကောင်းသည်။ သူမ၏ စိတ်ဆန္ဒ ကိုကွယ်ဝှက်ပြီးတော့လည်း မထားတတ်။ ဦးအောင်ဘညို နှင့် အိပ်ယာပေါ်တွင် အပေးအယူမျှ ပြီးတက်ညီလက်ညီ ရှိသည်။ ကျော်ကျော် ကတော့ သိင်္ဂ ီ နှင့်ဆန့်ကျင်ဖက်ဖြစ်သည်။ လျှို့ဝှက်သည်။ မျိုသိပ်သည်။ မျိုသိပ်ထားခြင်း မှပေါက်ကွဲ ထွက်လာလျှင်လည်း အရှိန်အဟုန်ပြင်း လွန်းသည်။ တကိုယ်လုံးကို ထွန့်ထွန့် လူးပြီး နာနာကျဉ်ကျဉ်အော်တတ်သည့် အသံကလည်း ဦးအောင်ဘညို သွေးတွေကို ပွက်ပွက်ဆူစေ၏။ သန်မာထူထပ်သည့် အမွေးအမြင် တို့အောက်မှ ကျော်ကျော့် ၏ သဘာဝရတနာသည် လည်း ဆွဲဆောင်နိုင်လွန်းသည်။
မိမိ နှင့် လတ်တလော ပတ်သက်ယှက်နွယ် နေရသည့် မိန်းမသား နှစ်ယောက်ကို နှိုင်းယှဉ် ပြီး ဆုံးဖြတ်ဖို့ ဦးအောင်ဘညိုမဝံ့မရဲဖြစ်ရသည်။ ယှဉ်လည်း မယှဉ်အပ်ဟု ထင်သည်။ သာမန်အားဖြင့်ကြည့် လျှင် ကျော်ကျော် က အသက်ငယ် ပြီးဦးအောင်ဘညို နှင့်တွေ့ချိန်တွင် အပျိုစင် ဖြစ်နေခဲ့ခြင်း တခုကလွဲလျှင် ရုပ်ရည်၊ ဥစ္စာဓန၊ နှင့်ဂုဏ်ဒြပ် တို့ မှာ သိင်္ဂ ီ့ကို မယှဉ်သာပေ။ သို့သော်လည်း သနားစရာ ကောင်းသည့် ကျော်ကျော့် ကို သိင်္ဂ ီ့ နောက်သို့ မပို့လိုပါ။ သိင်္ဂ ီ့ကို ပစ်ပယ်ရန် ကလည်း သိင်္ဂ ီ ဦးအောင်ဘညိုကို ဘယ်လောက် ထိချစ်သည်ကို ဦးအောင်ဘညို အသိဆုံးဖြစ်သည်။ တခုလပ် ပေမယ့် လိုချင်သူ ဝိုင်းဝိုင်းလည်နေသူလေး က ဦအောင်ဘညို၏ တိတ်တိတ်ပုံး အိပ်ဖေါ် အဖြစ်နေပေး နေခြင်းက သိင်္ဂ ီ့ အတွက်မျှတသော အရာမဟုတ်ပေ။
ငယ်ချစ်ဦးလည်းဖြစ် တရားဝင်ဇနီးသည် လည်းဖြစ်သော မသူဇာကတော့ ထိုနှစ်ယောက်နှင့် မတူပြန်ပါချေ။သိင်္ဂ ီ့ကိုပွင့်လင်း ပြီး ကျော်ကျော့် ကို မျိုသိပ်လျှို့ဝှက်သည် ဟု ဆိုလျှင် မသူဇာကိုတော့ ထိန်းချုပ်လွန်းသူ ဟု ဆိုရပါလိမ့်မည်။ အိမ်ထောင်သက် တလျှောက်လုံးမသူဇာကို အိပ်ယာပေါ်တွင် စိတ်လွတ်လက်လွတ် မမြင်ခဲ့ဖူးပါ။ တရားဘာဝနာ ဖက်မရောက်ခင် အထိဦးအောင်ဘညိုကို မသူဇာပါရမီဖြည့်ခဲ့ပါသည်။ သို့သော် ဇနီးတယောက်၏ ဝတ္တရားကျေပွန် ခြင်းထက်လုံးဝမပို ခဲ့ပေ။ ဦးအောင်ဘညို ၏ ဆန္ဒ ကိုလိုက် လျောပေးသည့် အခြေအနေ မျိုးသာ မသူဇာထံမှာ မြင်ခဲ့ရသည်။လိင်ကိစ္စ နှင့် ပတ်သက်လျှင် မသူဇာ ကအေးစက်လွန်းလှသည်။
ဟိုတုန်းက ဘာဘာညာညာ မတွေးဖြစ်ခဲ့သော်လည်း သိင်္ဂ ီ နှင့် ကျော်ကျော် တို့ ကိုကြုံ တွေ့ခဲ့ပြီးနောက်တွင် မသူဇာက အသွေးအသားဖြင့် လူသားဆန်ဆန် မရှိခဲ့ဘဲ အပြာကားတွေထဲမှာ မြင်ဖူးသော လေထိုးထားသည့် ရော်ဘာ မိန်းမရုပ်တရုပ် သာသာ အဆင့်မျိုးသာ ရှိခဲ့သည်ဟု ဦးအောင်ဘညို ထင်မြင်လာမိသည်။ အတွေးတွေထဲမှာ ချာချာလည်ရင်း အိပ်မပျော် နိုင်ဖြစ်နေသော ဦးအောင်ဘညိုကို သောက်ထားသည့် အရက်တွေလည်း မကယ်နိုင် ဘယ်လိုမှ မှိတ်လို့ မရအောင်ဖြစ်နေသည့် မျက်လုံးကို ကြိုးစားပိတ် ရင်း မိုးစင်စင်လင်းသည့် အချိန်တိုင်ရောက်ခဲ့သည်။
တနာရီလောက်ရရ မှေးလိုက်မည်ဟု အားတင်းသော်လည်း အလင်းရောင်ရင့်လာလေ မျက်လုံးက ပိုကြောင်လေ ဖြစ်လာသောအခါ အိပ်ယာထဲမှာ ဆက်မနေချင်တော့ သဖြင့်ဦးအောင်ဘညို အိပ်ယာ ထဲကထပြီး အောက် ထပ် ကိုဆင်းလာခဲ့သည်။ နာရီကိုကြည့်လိုက်ရာ မနက်ခြောက်နာရီခွဲဖြစ် နေသည်။ဒေါ်ဒေါ်ကြည်နှင့် အိမ်ဖေါ်ကလေးမ လေးများ ကတော့ လုပ်စရာရှိတာတွေ လုပ်နေကြ၏။ ကျန်တဲ့သူတွေကတော့ မနိုးကြ သေးပါ။ သိင်္ဂ ီလည်း နိုးသေးပုံမရ။
''ဆရာ၊ အစောကြီး နိုးနေပါလား''
''ဟုတ်တယ် ဒေါ်ဒေါ်ကြည်၊ ကော်ဖီရမလား၊ ပြင်းပြင်းလေး''
''အခုမှ နှပ်ထားတာဆရာ ခနလောက်စောင့်နော်''
''ရတယ်၊ အေးအေး ဆေးဆေး သာလုပ်ပါ''
ဦးအောင်ဘညို ထမင်းစားခန်းထဲမှာ ထိုင်စောင့်နေလိုက်သည်။ မနေ့က အရက်များသွားသည့် အပြင် တညလုံးလည်း အိပ်မပျော်ခဲ့သောကြောင့် ခေါင်းထဲမှာ အုံပြီး ကိုက်နေ၏။ ဆယ့်ငါးမိနစ်လောက်ကြာ တော့ဒေါ်ဒေါ်ကြည် ကော်ဖီခွက်လာချပေး၏။ အလိုက်သိသော ဒေါ်ဒေါ်ကြည်က ဘလက်ကော်ဖီကိုခပ်ပြင်း ပြင်းလေးလုပ်ပြီး ခွက်ကြီးကြီး ဖြင့်ထည့်လာပေးသည်။
''သံပုရာ သီးညှစ်မလားဆရာ''
''အင်း ... တစိတ်လောက်ဗျာ''
သံပုရာနံ့သင်းသော ကော်ဖီပြင်းပြင်း ကိုသောက်ရင်း ခေါင်းနည်းနည်း ပြန်ကြည်လာသည်။ အပြင်မှာ လေ ကောင်းလေသန့် ရှုလိုက်လျင် ပိုလန်းသွားမည်ဟု တွေးမိသောကြောင့် ကော်ဖီခွက်ကို ယူပြီး အိမ်ပြင် ထွက် လာ ခဲ့သည်။ အေးမြကြည်လင်သော မနက်ခင်း၏ အငွေ့အသက်ကြောင့် ဦးအောင်ဘညို အတော်လေး နေသာထိုင်သာဖြစ်သွားသည်။ မြက်ခင်းစပ်က အုတ်ခုံလေး မှာထိုင်ရင်း ကော်ဖီသောက်ရင်း ဒီနေ့လုပ်စရာ ရှိသည်များကို စဉ်းစားနေ မိ သည်။ မနေ့ညကစဉ်းစားခဲ့မိသမျှ အကြောင်းတွေကိုခေါင်းထဲ မထည့်မိအောင် ဖယ်ထားသည်။ သို့သော် လည်း ကျော်ကျော့် ဆီကို ယနေ့ မပျက်မကွက် ရောက်အောင်သွားရမည် ဟုတော့ အခိုင်အမာ ဆုံးဖြတ် ထား၏။
.........................
'ဆရာစောစောစီးစီးပါလား''
ခေါင်းရင်းခြံဖက်က နေကူးလာသော ဦးလေးစိုးကနှုတ်ဆက်၏။
''ဘာတွေလဲ ဦးလေးစိုး''
''ခြံထဲက ရေဘုံဘိုင်တခု ရေယိုနေလို့ ဆရာ၊ ဝါရှာလုပ်ဖို့ ကျွတ်စ သွားရှာတာ''
''မောင်ထွေးကို ခိုင်းရောပေါ့''
''ကိုယ်တိုင်ပဲ လုပ်ချင်တယ်ဆရာရေ၊ ဒီကောင်က သိပ်သပ်သပ်ရပ်ရပ် ရှိတာ မဟုတ်ဘူး''
''ဒီလို အသေးအမွှားတော့ ဟုတ်တာပေါ့၊ ပင်ပန်းတာတွေ တော့ရှောင်ပါဦးလေးရယ်''
''ဟုတ်ကဲ့ပါဆရာ''
ဦးလေးစိုး ထွက်သွားပြီးနောက် ဦးအောင်ဘညို လည်းစိတ်ကူးပေါက်လာသောကြောင့် ခေါင်းရင်းခြံဖက်ကူး ခဲ့သည်။ဦးအောင်ဘညို ခြံနှင့် တဆက်ထဲ ရှိသောဒီခြံကို လွန်ခဲ့သော တနှစ်ကျော်ခန့်က ဝယ်ဖြစ်ခဲ့သည်။ အိမ်သေးသေးလေး တလုံးသာရှိသော ခြံကို ခုတိုင်အောင်ဘာမှ ဆက်မလုပ်ဖြစ် သေး။ မူလပါရင်းစွဲ အိမ် ကလေးကို ဒီဖက်က အသုံးမလိုသော ပစည်းတွေ ထားရန်အတွက် ဂိုဒေါင်သဘောမျိုး သာဖြစ်နေသည်။ ဒီခြံနှင့်ပတ်သက်ပြီး ဦအောင်ဘညို မှာစိတ်ကူး တမျိုးရှိသည်။ ရည်ရွယ်ချက်ရှိရှိ ဝယ်ခဲ့ခြင်းလည်းဖြစ်သည်။ အဓိက ကတော့ သားသမီးတွေ အတွက်ဖြစ်၏။ ကလေးတွေက မကြာခင်အရွယ် ရောက်လာကြတော့မည်။ အချိန်တန်လို့ အိမ်ထောင်ရက်သား ကျသွားကြ လျင် အဝေးကို ခွဲခွာသွားခြင်းမျိုး မဖြစ်လိုပေ။ ထို့ကြောင့် ဒီမှာအိမ်တလုံးထပ်ဆောက်မည်။ ဖူးဖူးကိုတော့ သမီး မိန်းကလေး အနေဖြင့် မိဖ နှင့် အတူနေစေပြီး အိမ်သစ်ကို ဖိုးသားအိမ်ထောင်ကျလျင် နေဖို့ရည်မှန်း၏။ မသူဇာကို ပြောပြတော့ သူမကလည်း သဘောကျသည်။ ဦးအောင်ဘညို ကလည်း မအားလပ်၊ မသူဇာကလည်း တရားအလုပ်သာ အာရုံပြု နေသဖြင့် ခုထိ ထိုစီမံကိန်းကို အကောင်အထည်မဖေါ် နိုင်သေးပါ။
ဒီနေ့မှ စိတ်ပြေလက်ပျောက် ခြံထဲ လျောက်ကြည့်ရင်း စိတ်ကူးနှင့် ပုံဖေါ်ကြည့်နေမိသည်။ တကယ်ဆောက် မည်ဆိုလျင် ကိုယ်ပိုင်ဆောက် လုပ်ရေးလုပ်ငန်းတခု ရှိသော ဦးအောင်ဘညို အတွက် အခက်အခဲ မရှိပါ။ သို့တိုင်အောင် အခုထိဒီဖက်ကို မလှည့်နိုင်သေးသည့် အတွက် ခြံက အပိုသက်သက်လိုဖြစ်နေ၏။လက်ရှိနေ သောခြံထက်စာလျှင် ဒီခြံက သစ်ပင်ပိုများ၏။ အိမ်က ခပ်သေးသေး လေးသာဖြစ်ပြီး ကျန်နေရာများမှာသစ်ပင်ကြီးတွေ စိုက်ထားပြီး အရိပ်အာဝါသ ကောင်းသည်။ အိမ်သစ်ဆောက်လျှင် ဖယ်ပစ်ရမှာကို တောင် ဦးအောင်ဘညို နှမျောနေမိ၏။ ခြံထဲမှာ လှည့်ပတ်ကြည့်ပြီးကော်ဖီခွက်ကုန်တော့မှ အိမ်ပေါ်ပြန်တက်လာခဲ့သည်။ ကော်ဖီပြင်းပြင်းကြောင့် အတော်ာ လေး ကြည်လင်သွားသော ခေါင်းကို ပိုကြည်လင်သွားစေရန်ရေပန်းအောက်မှာဝင်ပြီး အကြာကြီး ချိုးပစ် လိုက် သည်။ ပိုပြီးလန်းလန်းဆန်းဆန်း ဖြစ်သွားပြီး စိတ်လက်ပေါ့ပါးစွာ ရေချိုးခန်းထဲက ထွက်လာစဉ် အခန်း ထဲဝင်လာသော သိင်္ဂ ီ နှင့်တည့်တည့် တန်းတိုးသည်။
''နိုးပြီလား၊ ကိုကို မထသေးဘူး ထင်လို့ နှိုးဖို့ ဝင်လာတာ''
သိင်္ဂ ီ ကလည်းရေချိုးအလှပြင်ပြီး အပြင်ထွက်ဖို့ အသင့်ဖြစ်နေသည်ကို တွေ့ရသည ်။ မရမ်းရင့် ရောင် အထက်အောက်ဆင်တူ ဝတ်ထားသောသိင်္ဂီ သည်လန်းဆတ် နုပျိုနေ၏။ အင်္ကျီအပေါ်ပိုင်းက မှန် လို ကြည်လင်သောအသားဖြစ်သည်။ ဝင်းနုသောအသားရောင်ကထင်လင်းစွာမြင်နေရသည်။ လှပသော၊ ဖွံ့ထွားသော ရင် သားတွေက အင်္ကျ ီထဲကနေ မပြူသလိုပြူသလိုနှင့်လှမ်းကြည့်မိသောဦးအောင်ဘညို ၏ မျက်လုံးတွေကို ကြည်စယ် နေကြသည်။
''အစောကြီးထဲက နိုးနေတာ''
သိင်္ဂီ ဆီက အကြည့်ကိုလွှဲပြီးဖြေလိုက်သည်။
''ညက သိင်္ဂီလာသေးတယ်၊ ကိုကိုအိပ်ပျော်နေပြီ''
''ဟုတ်တယ်၊ ကိုယ်လဲ သောက်တာနဲနဲ များသွားတယ်''
''ထင်ပါတယ်၊ ဟွန်း ...သူများကစောင့်နေတာ''
လူချင်းထိလုမတတ် တိုးကပ်လာပြီး သိင်္ဂီပြောသည်။ သင်းပျံ့သော ကိုယ်သင်းနံ့လေးကမနက်ခင်းကို ပိုပြီး မွှေးမြစေ၏။
''အရက်သောက်ရုံဟုတ်ရဲ့လား၊ သူများ ဖုန်းဆက်လို့ ပြန်လာတာ မဟုတ်လား၊ ဖုန်းသာ မဆက်ရင်သူ ပြန် လာမှာ မဟုတ်ဘူး''
သိင်္ဂီပြောတာမှန်နေသောကြောင့် ဦးအောင်ဘညို ငြိမ်နေလိုက်သည်။ ''ပေး ..ပေး သူများသုတ်ပေးမယ်'' ဦးအောင်ဘညိုလက်ထဲက တဘက်ကို ဆွဲယူပြီးဆံပင်တွေကို သုတ်ပေးသည်။
''နဲနဲ ငုံ့ ပေးလေ၊ သူ့အရပ်အရှည်ကြီးနဲ့''
သိင်္ဂီ့၏ အခုလိုအယုအယ တွေနဲ့ အသားကျနေပြီဆိုသော်လည်း ဒီနေ့တော့ စိတ်မှာမလုံမလဲဖြစ်ရသည်။ မနေ့က ဦးအောင်ဘညို ကျော်ကျော်နှင့် မိုးမမြင်လေ မမြင်ဖြစ်နေခဲ့ချိန်တွင် သိင်္ဂ ီ က သူ့ကို တမျှော်မျှော် နှင့် ရှိနေခဲ့ရသည် မဟုတ်ပါလား။ သိင်္ဂ ီ က ခေါင်းကိုသာ မက ကိုယ်ပေါ်က ရေစက်တွေကို ပါလိုက်သုတ် ပေးရင်း
“သူငယ်ချင်း တွေနဲ့ ဆိုတာ သေချာပါတယ် နော်”
“တကယ်ပါ သိင်္ဂ ီ ရယ်”
“မယုံပါဘူး”
နှာခေါင်းလေး ရှုံ့ပြရင်းပြောသည်။ သာမန်အချိန် ဆိုလျှင် အသည်းယားစရာ ချစ်ချင်စရာဟု စိတ်မှာ ဖြစ်ရနိုင်သော်လည်း မလုံမလဲ စိတ်ကြောင့် ဦးအောင်ဘညို ရဲရဲ မကြည့်ဝံ့ပါ။
“ဟာ … သိင်္ဂ ီ ”
ခါးမှာပတ်လာသည့် တဘက်ကြီးကို သိင်္ဂ ီက ရုတ်တရင်ဆွဲဖြုတ်ချလိုက်သည်။ ဦးအောင်ဘညို ပြန်ဆွဲယူသော်လည်း သိင်္ဂ ီ က အတင်းဘေးကို ဖယ်ပစ်လိုက်သည်။
“သိင်္ဂ ီ ကလဲကွာ”
“မနေ့က ပြန်မလာလို့ နဂို အတိုင်းဟုတ်ရဲ့လားလို့ ကြည့်မလို့”
ပြောင်စပ်စပ် ပြောလိုက်သော စကားကြောင့် ဦးအောင်ဘညို ကျောချမ်းသွားသည်။
“အောင်မယ်လေး ရှက်နေလိုက်တာ မျက်နှာကြီးကို နီလို့ ဒီက ရေသုတ်ပေးမလို့ပါ။”
သိင်္ဂ ီတကယ် အောက်ပိုင်းကို ရေသုတ်ပေးလျှင် ဦးအောင်ဘညို နေတတ်မည် မဟုတ်ပါ။ တော်ပါသေး သည် ခေါင်းထဲကို အကြံတခု လက်ကနဲဝင်လာ၏။
“နောက်မှ ကိုယ့်ကို အဆိုးမဆိုနဲ့ နော်”
“ဘာဖြစ်လို့လဲ …ဟွန်း၊ သူများက ကြည့်ချင်လွန်းလို့ ထင်လို့လား”
“သိင်္ဂ ီ က အဝတ်အစားလဲပြီးနေပြီ၊ ကျောင်းပို့ ချိန်လဲ နီးနေပြီ”
သိင်္ဂ ီသဘောပေါက်သွား၏။ လက်ထဲကတဘက်ကို ကုတင်ပေါ်ပစ် တင်လိုက်ရင်း ... “ညတုန်းက တော့ စောစော ပြန်မလာဘဲနဲ့”
“အခု သိင်္ဂ ီ အချိန်ရလို့လား”
“ဟာကွာ သူများ အချိန်မရှိပါဘူး ဆိုမှပဲ”
သိင်္ဂ ီ ခြေလေးဆောင့် ပြီးအခန်းထဲက ထွက်သွားသည်။ ဒီတော့မှ ဦးအောင်ဘညိုလည်း စိတ်လက်ပေါ့ ပါးစွာ အဝတ်အစားလဲပြီး ရုံးသွားဖို့ ပြင်ဆင်ရတော့သည်။
“ကလေးတွေ က ကျောင်းမှာ ဆရာကန်တော့ ပွဲရှိလို့ စောသွားပြီး စောပြန်ရမယ် တဲ့ ဦးလေးစိုးကို ပဲ လိုက်ပို့ခိုင်းလိုက်တော့မယ်”
သိင်္ဂ ီ၏ ဆုံးဖြတ်ချက်ကို ဘယ်သူမှ မကန့်ကွက်ပါ။ ဦးအောင်ဘညို နှင့် သိင်္ဂ ီ မနက်စာ စားလို့ မပြီးခင် ကလေးတွေ ဦးလေး စိုးနှင့်ထွက်သွားကြသည်။ ရုံးသွားတော့ သိင်္ဂ ီက ဦးအောင်ဘညိုကား နှင့် လိုက် လာသည်။
“သူများ ဆရာကန်တော့ ပွဲကိစ္စ မေ့နေတာ၊ ဒီလိုမှန်းသိရင် ခုနက ကိုကို့ကို ရေအတင်းသုတ်ပေးပါတယ်”
ကားပေါ်မှာ သိင်္ဂ ီက ပြောင်စပ်စပ် မျက်နှာ နှင့် ဦးအောင်ဘညို ကို စသည်။ ဦးအောင်ဘညို ဘာမှ ပြန်မပြောမိပါ။ သိင်္ဂ ီကတော့ စ ကောင်းကောင်းနှင့် ဆက်စနေသည်။
“ဒါပဲ နော်၊ မနေ့ညက သူများ အိပ်ပျက်ခံစောင့်ရတာ ပြန်လျော်ပေးရမယ်”
သိင်္ဂီ က တနေ့လုံးနီးပါးရုံးမှာ ရှိနေသည်။ ဦးအောင်ဘညို အလုပ်တွေကူလုပ်ပေးသည်။ ဖုန်းဆက်စရာ ရှိ တာ ဆက်ပေးသည်။ဦးအောင်ဘညိုက အိပ်ရေးပျက်ပြီး ငေါင်တောင်တောင် ဖြစ်နေသလောက် သိင်္ဂီ ကတော့ တက်ကြွလန်းဆန်းစွာ ဖြင့် သွားလာလှုပ်ရှားနေ၏။ 'ကိုကို နေမကောင်းဘူးလား' ဟုလည်း မကြာမကြာမေးတတ်သည်။ နေ့ခင်းပိုင်းမှာ အကြောင်းရှာပြီး အပြင်ထွက်ဖို့ စဉ်းစားနေဆဲ သိင်္ဂီ အခန်းထဲဝင်လာပြီး ... ''ကိုကို ကားသုံးစရာ မရှိချင်ရင် သိင်္ဂီ အပြင်ခနသွားချင်လို့၊ သိပ်မကြာပါဘူး၊ အေးအေး ခေါ်သွားမယ်။''
ဦးအောင်ဘညို စိတ်ပျက်သွားသော်လည်း
''သွားလေ၊ ရပါတယ်''
အိပ်ရေးပျက်ထားသည့် အပြင် အလုပ်တွေလည်း ဆက်နေသော ကြောင့် ဦးအောင်ဘညို ခေါင်းပြန်ကိုက် လာသည်။
'ခင်မောင်တင့် ရေ၊ မင်းဆီမှာ ခေါင်းကိုက်ပျောက်ဆေးလေးဘာလေး မရှိဘူးလား''
''အေးအေး ဆီမှာတော့ ပါရာဆီတမော ရှိတယ်လေးလေး''
''ပါရာဆီတမောက ခေါင်းကိုက်ပျောက်ဆေး ဟုတ်လို့လား''
''မသိဘူးလေ လေးလေးရဲ့''
''နေပါစေတော့ကွာ''
ဦးအောင်ဘညို အကြံတခုရလာသည်။ ကျော်ကျော် နေသော တိုက်ခန်းမှာ တယ်လီဖုန်းရှိ သည်မဟုတ် ပါ လား။ ကျော်ကျော်ကတော့ ဖုန်းဆက်မည့် သူမဟုတ်။ ဦး အောင်ဘညို ကပဲဆက်မှ ဖြစ်မည်။ ဟိုတခေါက် တုန်း ကတော့ ဖုန်းက အလုပ်မလုပ်ပါ။ လိုင်းပြတ်တာ နှင့် ကြုံတာ ဖြစ်ကောင်းလည်း ဖြစ်မည်။ နံပါတ်ကို ဦးမြင့် မောင်ကို မေးလို့ ရချင်ရနိုင်သည်။ချက်ချင်းပင် ဦးမြင့်မောင် ဖုန်းကို လှမ်းခေါ်လိုက်သည်။
''ကိုအောင်ဘညို ဘာထူးလို့လဲ''
''ဒီလိုဗျာ၊ ခင်ဗျားနဲ့ ကျွန်တော် နဲ့ ဟိုအခန်းလေ'
''ဘာဖြစ်လို့လဲဗျ''
''အဲဒီ က ဖုန်းနံပါတ်သိချင်လို့၊ ကျွန်တော်သွားတုန်းက ဖုန်းတွေ့ခဲ့တယ်'
''အော် .. ဒါလား၊ အဲဒီမှာက ဖုန်းအခွံ ပဲ ကျန်ခဲ့တာဗျ၊ လိုင်းမရှိတော့ဘူး၊ အခန်းက ပိတ်ထားတာ ကြာပြီ ဆိုတော့ ဖုန်းလိုနေတဲ့ ကျွန်တော့် မြို့ထဲက ဆိုင်ခန်း ကိုရွှေ့လိုက်တယ်၊ အရေးကြီးလို့လား ကိုအောင်ဘညို''
''မဟုတ်ပါဘူး၊ လိုလိုမယ်မယ်မေးကြည့်တာပါ၊ ဒါပဲနော်''
''အကြောင်းရှိရင်လဲ ပြောလေ၊ ကျွန်တော် အဆင်ပြေအောင်လုပ်ပေးမယ်''
''ရတယ်၊ရတယ်၊ အဲဒါသုံးလို့ရမလား မေးကြည့်တာပါ၊ အိုကေနော်''
ဆက်ပြီးမေးလာလျင် ရှင်းနေရဦးမှာ စိုးသည့်အတွက် ချက်ချင်းဖုန်းပြန်ချလိုက်သည်။ ဒါဆိုလျင်တော့ ကျော်ကျော့်ဆီ ကိုယ်တိုင်သွားမှ ဖြစ်တော့မည်။ မနေ့ကပိုက်ဆံတော်တော် များများ ပေးထားခဲ့သော်လည်း ကျော်ကျော် ကပြောလို့ရတာမဟုတ်။ မနေ့က ပြန်လာခါနီး ငို မလိုဖြစ်နေသည့် ကျော်ကျော့် မျက်နှာကိုပြေးမြင်မိသည်။သူမ နှင့် ဦးအောင်ဘညို မည်သို့ မှ မသက်ဆိုင်မပတ်သက်ဟု ခေါင်းမာစွာ ဆိုခဲ့သော ကျော်ကျော်က ဒီပိုက်ဆံတွေကိုလက်ဖျားနဲ့ မတို့ဘဲနေကောင်းနေနိုင်သည်။သိင်္ဂီ ကလည်း ခနသာကြာ မည်ဟု ပြောပြီး တော်တော် နှင့် ပြန်မလာသေးပါ။ ညနေရောက်မှ ဆိုလျင် သိင်္ဂီ ပါ အတူတူပြန်မည် ဖြစ်ရာကျော်ကျော့် ဆီ သွားဖို့ မလွယ်တော့ပါ။
အိမ်ရောက် မှ ပြန်ထွက်ဖို့ အကြောင်းရှာလျှင်လည်း သိင်္ဂ ီ က ရစ်တော့မည် မှာသေချာ၏။ ကျော်ကျော့် ဆီရောက် လို့ မပြန်ဖြစ်မှာကိုလည်း စိုးသည်။ ကိုယ့် အကြောင်း ကိုယ်သိသည့် အတွက် နေ့ခင်း နေ့လည် ခနတဖြုတ် သွားလို ခြင်းဖြစ်သော်လည်း ခုတိုင်းဆို ရောက်နိုင်တော့မည် မဟုတ်ပါ။ တွေးရင်း ခေါင်းက ပိုကိုက်လာသည်။
''ခင်မောင်တင့် ရေ၊ မင်းခုနပြောတဲ့ ပါရာဆီတမော ပဲယူခဲ့တော့၊ ရေပါခပ်ခဲ့''
......................................................
{မိမိ လိုချင်ရာကို မရခြင်းသည် ဆင်းရဲခြင်းတမျိုးဖြစ်၏။
မိမိ ပိုင်ဆိုင်ရာကို မစွန့်လွှတ်လိုခြင်း၊ မဆုံးရှုံးလိုခြင်း သည်လည်း ဆင်းရဲခြင်း တမျိုးဖြစ်၏။
သို့သော် မိမိ ရရှိပိုင်ဆိုင်နိုင်သမျှ နှင့် မရောင့်ရဲ မတင်းတိမ် နိုင်ခြင်းက အဆင်းရဲဆုံး ဖြစ်တော့သည်။}
..........................................................................
အခန်း (၁၄)
သိင်္ဂ ီ အခန်းထဲဝင်လာတော့ ကိုကို အရက်သောက်နေတာနဲ့ တန်းတိုးသည်။ ညနေ က သိင်္ဂ ီ နဲ့တူတူ ရုံးက ပြန်လာတုန်းက အေးအေးဆေးဆေး ပင်။ အရက်သောက်မယ်လို့လည်း မပြော။ တခုခု စဉ်းစားနေတဲ့ ပုံမျိုး ပဲရှိသည်။ ကိုကို အရက်ကို အလွန်အကျွံ မသောက်လျှင် လုံး၀ မသောက်ဘဲနေတာ ထက် သိင်္ဂ ီ ပိုသဘော ကျပါသည်။ မူးနေတဲ့ ကိုကို နဲ့ မူးမနေတဲ့ ကိုကို လုံး၀ ခြားနားပါသည်။ ပုံမှန် အတိုင်းဆိုရင် အရာရာ မှာ တွန့်ဆုတ်တွန့်ဆုတ် နဲ့ သိင်္ဂ ီ လုံး၀ အားမရပါ။ အရက်ရှိန် လေးနဲ့ ဆိုရင်တော့ ကိုကို က ပိုအသက်ဝင်ပြီး ပိုင်ပိုင်နိုင်နိုင် ရဲရဲရင့်ရင့် ရှိသည်။
“အော … ဒါကြောင့် ထမင်းလာမစားတာ ကိုး၊ သိင်္ဂ ီက နေမကောင်းလို့လားလို့ တက်လာကြည့် မလို့ပဲ၊ လူမရှင်းသေးလို့ စောင့်နေတာ၊ ထမင်းသွားစားတော့လေ”
“မစားချင်သေးဘူး”
ကိုကို့စားပွဲ မှာက ထိုင်ခုံတလုံးပဲရှိသည်။ သိင်္ဂ ီ ကုတင်ပေါ်မှာ ထိုင်လိုက်ရင်း ကိုကို့ ကိုကြည့်မိ၏။ သိင်္ဂ ီ့ကိုတချက်လေးပဲ မော့ကြည့်ပြီး သူ့လက်ထဲ က အရက်ခွက်ကိုပဲ အာရုံပြန်ရောက်သွား တဲ့ကိုကို့ အမူအရာက တခုခု မှားနေတယ် လို့ စိတ်ထဲမှာခံစားရသည်။
“ကိုကို ဘာဖြစ်နေတာလဲ၊ တနေ့လုံးလဲ ရွှင်ရွှင်လန်းလန်း မရှိဘူး”
“ခေါင်းကိုက်နေလို့ပါ၊ သိင်္ဂ ီ အပြင်သွားနေတုန်းက ခင်မောင်တင့် ဆီကတောင် ဆေးတောင်းသောက်ရသေး တယ်”
သိင်္ဂ ီ ကိုကို့နားကို သွားပြီး နဖူးကို စမ်းကြည့်လိုက်မိသည်။
“ကိုယ် မပူပါဘူး ကိုကိုရဲ့၊ နေမကောင်းဘူး ဆိုလဲ ဘာလို့ အရက်တွေ သောက်နေရတာလဲ”
“ခေါင်းကိုက်တာ ပျောက်သွားပါပြီ။ အရက်သောက်တာကတော့ သောက်ချင်လို့ သောက်နေတာ”
ဒီလိုမှန်းသိရင် သိင်္ဂ ီ အပေါ်ကိုစောစောတက်လာပါသည်။ ခုတော့ ဖူးဖူး ကလည်း အင်္ကျ ီပုံစံ ပြချင်လို့ ဆိုပြီး သူမ အခန်းကို ခေါ်လို့ လိုက်သွားရင်း ဖူးဖူး ဆီမှာ တော်တော်ကြာ သွားသည်။
“ထမင်း မစားဘူး ဆိုလဲပြောလေ၊ ဟိုမှာ ဒေါ်ဒေါ်ကြည်က ကိုကို မလာသေးလို့ စောင့်နေတယ်၊ ထမင်းစား ချင် စိတ်မရှိရင် တခြားတခုခု လုပ်ခိုင်းလိုက်မယ်လေ”
“ရပါတယ်၊ ထမင်းပဲစားတော့မယ်၊ ဒါလေး ပြတ်ရင်လိုက်သွားမယ်”
ပုလင်းထဲမှာ အရက် လက်လေးလုံးလောက်ကျန်သေးသည်။
“ဒါလေး ပြတ်ရင်ဆိုတာ ဒီပုလင်းထဲက လက်ကျန်လား”
“မဟုတ်ပါဘူး၊ဒီခွက်ပါ”
ခွက်ထဲမှာလဲ အရက်တွေ ပြည့်လုနီးပါး။ ကိုကို တခုခု ဖြစ်နေတာတော့ သေချာပါသည်။ မမ သွားတာလည်း ကြာပြီဆိုတော့ ပြန်လာမယ် ဆိုလို့များလား။ ဒါတော့ မဖြစ်နိုင်ပါ။ မမ က ကိုကို့ကို တိုက်ရိုတ် ဖုန်းဆက် မှာ မဟုတ်။ အိမ်ကိုဖြစ်ဖြစ် သိင်္ဂ ီ့ကိုဖြစ်ဖြစ် အရင်ပြောမှာသေချာသည်။ မမ ပြန်လာမယ် ဆိုရင် သိင်္ဂ ီ လည်းစိတ်ညစ်ရလိမ့်မည်။ ကိုကို နဲ့ ခပ်ခွာခွာ နေရမှာ ကြောင့်တခုထဲ မဟုတ် ပါ။ ဝါကျွတ်လို့ မမ တရားရိပ်သာ က ပြန်ရောက်လာချိန် မှာ သိင်္ဂ ီ ကိုကို နဲ့ အတူ အလုပ်တွေ လုပ်ပေးနေ တာ မြင်တော့ သဘောကျသွားသည်။ အလုပ်တွေ အဆင်ပြေလို့ မဟုတ်။ မမစိတ်ကူး က သိင်္ဂ ီ စိတ်အရမ်း
ညစ်သွားအောင် ဆိုးလွန်းလှသည်။ ကုမ္ပဏီအလုပ်တွေလုပ်ရင်း စီးပွားရေးလောကထဲမှာ သိင်္ဂ ီ နဲ့ သင့်တော်မယ့် သူတွေခဲ့ရင် လက်ထပ်ပေးဖို့ မမ စိတ်ကူးသည်။ သိင်္ဂ ီ ခါးခါးသီးသီး ငြင်းလိုက်၏။ သိင်္ဂ ီ့ မှာ ကိုကို ရှိ နေပြီးနောက် ဘာမှ မလိုအပ်တော့ပါ။
သိင်္ဂ ီ့ ဘဝမှာ နောက်ထပ်ယောက်ျားတယောက် ရှိလာမည် မဟုတ် တော့။
“ကိုယ်တိုင်က တရားထိုင်နေပြီးတော့ ညီမလေးကို ဘာလို့ အိမ်ထောင်ရေး အရှုပ်တွေထဲ ဆွဲထည့်ချင်ရတာ လဲ”
ဟု မမကိုရန်တွေ့မိသည်။ မမကသိင်္ဂ ီက ငယ်သေးသည်တဲ့။ အိမ်ထောင်တခု အတည်တကျ နှင့် ဘဝကိုတည် ငြိမ်အောင်လုပ်စေချင်သည်။
“မမရယ် ညီမလေး လင်ယူချင် မှတော့ ကိုမျိုးနဲ့ ကွဲပြီးထဲက ယူရင် အယောက် နှစ်ဆယ်မက ရနေပြီ၊”
လို့ သိင်္ဂ ီဘုမှုတ်တော့ မမ လည်းနည်းနည်း စိတ်တို သွားသည်။
“ဟဲ့ငါပြောတာ က အတည်တကျပြောတာ အလေလိုက်ဖို့ ပြောတာ မဟုတ်ဘူး၊ နင့် အကို နဲ့လဲ တိုင်ပင်ရ ဦးမယ်”
ဟု ဆို၏။ မမ ၏ အစီအမံကို သိင်္ဂ ီ လုံး၀ စိတ်မဝင်စားပါ။ ဒါပေမယ့် မမ က ကိုကို့ကို ဒီကိစ္စ တိုင်ပင်ရင် ကိုကိုဘာပြော မယ်၊ ဘယ်လို ဆုံးဖြတ်လို့ဘာအကြံတွေ ပေးမယ် ဆိုတာကိုတော့ အရမ်းသိချင်သည်။ အသိချင် ဆုံးက တော့ မမ ဒီလို ပြောပြီး ဒီလိုစီစဉ်မယ်ဆိုရင် ကိုကို့ စိတ်ထဲမှာဘယ်လိုခံစား သွားမယ်ဆိုတာ ပဲဖြစ်သည်။ သေသေချာချာ ပြန်တွေးကြည့်တော့ ကိုကို့စိတ်ထဲက ခံစားချက် အစစ်အမှန် ကို သိင်္ဂီ ရင်မဆိုင်ရဲတာ ကို ပါထပ် သတိထားမိသည်။
“ဘာတွေးနေတာလဲ၊ ငြိမ်လို့”
ကိုကို့ဘေးမှာရပ်ရင်း အတွေးထဲ နစ်သွားတဲ့ သိင်္ဂ ီ့ကို ကိုကိုကမေးလာသည်။
“ဘာမှ မဟုတ်ပါဘူး၊ ကိုကို ဘာတွေ စိတ်ညစ်နေသလဲ လို့ စဉ်းစားနေတာ”
“အဲဒီလို ပုံပေါက်နေလို့လား”
“အင်း …. တခြားလူ ဆိုရင်တော့ ရိပ်မိချင်မှ ရိပ်မိမှာပေါ့၊ သူများကတော့ သိတယ်မဟုတ်လား၊ ကိုကို့ကို အရိပ်တကြည့်ကြည့်နဲ့ နေတဲ့ သူဆိုတော့သိတာပေါ့”
“သိင်္ဂ ီ စိတ်ထင်လို့ပါ”
....................
သူဘယ်လိုပြောပြော ထူးခြားတာကိုတော့ သိင်္ဂ ီ သတိထားမိသည်။ ကိုကို ဘာဖြစ်နေတာလဲ သိချင်ပါ သည်။ အတင်းလဲ မမေးချင်။
“အောက်ခန ဆင်းလိုက်ဦးမယ်၊ ဒေါ်ဒေါ်ကြည် အိပ်ချင်နေတော့မယ်၊ သူက အစောကြီးထရတဲ့သူ”
ခွက်ထဲက လက်ကျန်ကို တရှိန်ထိုး မော့ချလိုက်ပြီး ကိုကို ထွက်သွားသည်။ သိင်္ဂ ီ လိုက်သွားဦးမယ် ဟု စိတ်ကူးပြီးမှ မလိုက်တော့ဘဲ နေခဲ့သည်။ ကိုကို ကလည်း မခေါ်ပါ။ ကိုကို ထွက်သွား မှ သိင်္ဂ ီ စားပွဲပေါ်ကပုလင်း နှင့် ခွက်တွေ ကိုရှင်းရသည်။ အမြည်းလုပ်တဲ့ အကြော် အိတ်တွေကိုလုံးစုပြီး ပလပ်စတစ် အိတ်တလုံး နှင့် စုထည့်လိုက်၏။ ကိုကို့လို သူဌေးကြီးတယောက်က လမ်းဘေးမုန့်ဆိုင်တွေမှာ အလွယ်ရသည့် အာလူးကြော်၊ ငါးမုန့်ကြော်တွေ နှင့် အရက်သောက်နေသည်။ အချဉ်ထုပ်တောင်ပါသေး၏။ ဖေါက်တော့မဖေါက် ရသေး။ အရက်ကတော့ အကောင်းစား ဒါပေမယ့် ရေခဲလေးတောင်မပါ ရေသက်သက် ဖြင့်ရောပြီး သောက် နေခဲ့သည်။ စဉ်းစားကြည့် လျှင် အတော်လေး ကပေါက်တိကပေါက်ချာ နိုင်လှ၏။ ရှင်းစရာ ရှိတာ ရှင်းပေးပြီး သိင်္ဂ ီ ကုတင်ပေါ်မှာထိုင်ရင်း ကိုကို ပြန်အလာကို စောင့်နေမိသည်။ ဘာတွေဖြစ် နေတာကို သိချင်၏။ မေးသင့် မမေး သင့်လည်း ချင့်ချိန်နေရ၏။ကိုကို တခြားမိန်းကလေးတယောက်ယောက်နဲ့များပတ်သက်နေသလား လို့ အတွေးဝင်လာတဲ့ အခါ သိင်္ဂ ီ့ကိုယ်လေး ဆတ်ကနဲ မတ်သွားသည်။ ဖြစ်တော့ မဖြစ်နိုင်ပါ။ မထောက်မညှာပြောရရင် ကိုကို ဒီလောက်အထိ အဖြစ်မရှိ လို့ သိင်္ဂ ီ ထင်သည်။ သိင်္ဂ ီ နှင့် ကိစ္စ မှာတောင်မှ သိင်္ဂ ီလှုပ်နိုင်လွန်းလို့ ရွေ့ခဲ့တာဖြစ်သည်။ ပြန်တွေးကြည့်ရင် ဒီကိစ္စ က ကိုကို လူမှားတာက စခဲ့တာဆိုပေမယ့် သိင်္ဂ ီ့ စနက်လည်း မကင်းပါ။ တခါတ တလေတော့ သိင်္ဂ ီ ကိုယ့်ဖာသာတ ယောက်ထဲ ပြန်တွေးရင်း ရှက်မိသည်။ ဒါပေမယ့် ကိုကို့ ကို မြင်လိုက်ရရင်တော့ ထိုရှက်စိတ်တွေ ဘယ်ပျောက်ကုန်သည် မသိတော့ပါ။
“မြန်လိုက်တာ”
“နည်းနည်းပဲ စားခဲ့တယ်လေ၊ ဒေါ်ဒေါ်ကြည်ကျေနပ်အောင်လို့စားရတာ ကိုယ်သိပ်မဆာဘူး”
“ဘယ်ဆာ မလဲ သူ့ဗိုက်ထဲ အရက်တွေချည်းပဲ ကိုး”
“သိပ်မများပါဘူး သိင်္ဂ ီရယ်”
“လာပါဦး၊ ဒီမှာထိုင်၊ မေးစရာရှိလို့”
စားပွဲမှာဝင်ထိုင်တော့မယ့် ကိုကို့ကို သိင်္ဂ ီက ဘေးမှာထိုင်ခိုင်းလိုက်သည်။
“ဘာမေးမလို့လဲ”
သိင်္ဂ ီက ကိုကို့ အင်္ကျ ီကော်လံကိုဆွဲပြီးမျက်နှာချင်းဆိုင်အောင်လှည့် လိုက်သည်။
“မှန်မှန်ပြောနော်”
“အင်း ပါ၊ ဘာမေးမလို့လဲ”
“ကိုကို ဘာဖြစ်နေတာလဲ”
“ဘာမှ မဖြစ်ပါဘူး”
“မညာနဲ့ နော်၊ ကိုကို စိတ်နဲ့လူနဲ့ မကပ်သလိုဖြစ်နေတာ သူများသိတယ်၊ ကိုကို တခြားမိန်းမတယောက် နဲ့ များတွေ့နေသလား”
မရည်ရွယ်ပါပဲ သိင်္ဂ ီ့ပါးစပ်က လွှတ်ကနဲထွက်သွားသည်။ ကိုကို သိင်္ဂ ီ့ကို စူးစမ်းသလို အမူအရာနဲ့ ကြည့် သည်။
“ဘာဖြစ်လို့ ဒီလိုထင်ရတာလဲ”
“မသိဘူးလေ၊ အလုပ်မှာလည်း အဆင်မပြေတာ သိင်္ဂ ီ သိသလောက် မရှိပါဘူး၊ အဲဒါကြောင့်”
ကိုကို သက်ပြင်းချသည်။
“ပေါက်ပေါက် ရှာရှာ သိင်္ဂ ီရယ်”
“သူများလဲ သိပ်တော့မထင်ပါဘူး၊ ဒါပေမယ့် ကိုကို က မူပျက်နေလို့ မေးကြည့်ရတာ”
မပီတပီ အပြုံးလေး တခု ကိုကို့ မျက်နှာမှာ ပေါ်လာသည်။
“ဘာဖြစ်လို့မထင်တာလဲ”
ကိုကို့ရင်ခွင်မှာ မျက်နှာအပ်လိုက်ရင်း
“ကိုကို အဖြစ်မရှိတာ သူများအသိဆုံးပေါ့၊ သူများနဲ့တောင် မှ သူများ အရှက်မရှိလွန်းလို့ ဖြစ်ရတဲ့ ဥစ္စာ”
သိင်္ဂ ီ့ ပုခုံးကို ဖက်ပြီး ဆံပင်တွေကို သပ်ပေးရင်းကိုကိုက နူးညံ့တဲ့ အသံနဲ့
“ဒီလိုတော့ မပြောပါနဲ့ သိင်္ဂ ီရယ်၊ ကိုယ်ဒီလို တခါမှ မတွေးခဲ့ဖူးပါဘူး”
“ဒါပေမယ့် …သူများကပဲ ကိုကို့ဆီလာ၊ သူများကပဲ ကိုကို့ ကိုနမ်း၊ တခါတလေ တော့ ရှက်တယ် ကိုကို ရဲ့”
“လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ သိင်္ဂ ီ ရဲ့ ၊ကိုယ့်သိက္ခာ ကိုယ် ဒီလောက်မချပါနဲ့”
ကိုကို ဒီလို ပြောဖေါ်ရလို့ သိင်္ဂ ီ ဝမ်းသာရပါသည်။ ဒါပေမယ့် စကားဆိုတာ လျှာမှာအရိုးမရှိတိုင်း လိုသလို ပြောလို့ရသည် မဟုတ်ပါလား။ ကိုကို ကတော့စိတ်မပါပဲ ပြောခြင်းလို့တော့ မထင်ပါ။ အရက်မူးနေလျှင် ကိုကို က အလိုက်အထိုက်ရှိမှန်း သိနေလျှက် နှင့် သိင်္ဂ ီ ကျေနပ်ပါသည်။
“မမ က ကိုကို့ကို သိင်္ဂ ီ့ အကြောင်းပြောသေးလား”
“သိင်္ဂ ီ့ အမ နဲ့ ကိုယ် စကားသေသေချာချာ မပြောဖြစ်တာတောင်ကြာပြီ၊ သိင်္ဂ ီ့ အကြောင်းတော့ မပြော ဖြစ်ပါဘူး၊ ဘာဖြစ်လို့လဲ”
“မမ က သိင်္ဂ ီ့ကို နောက်ထပ်အိမ်ထောင်ပြုစေချင်တယ်”
“ဘယ်လို”
“သင့်တော် မယ့်သူတွေ့ရင် အိမ်ထောင်ပြုတဲ့၊ ကိုကို နဲ့တိုင်ပင်ပြီး စီစဉ်ချင်လို့တဲ့၊ သိင်္ဂ ီ ငြင်းပစ်လိုက် တယ်၊ မမ နဲ့တောင်ဒီလိုငြင်းလို့ စကားများသေးတယ်”
ကိုကို ငြိမ်သွားသည်။ တခုခု ကိုစဉ်းစား နေသလို မျိုး အခန်းနံရံ ကို တွေကြည့်နေ၏။
“ကိုကို့ကို မမ ပြောသေးလား”
“ဟင့် အင်း မပြောဘူး”
“တကယ်လို့ မမ က ဒီတခေါက်ပြန်လာလို့ အဲဒါပြောလာရင် သိင်္ဂ ီ့ ဖက်က ကူငြင်းပေးရမယ် နော်”
“သိင်္ဂ ီ ရယ်”
“ဒီလို မှ မဟုတ်ရင်တော့ သိင်္ဂ ီ မန ္တလေးပဲပြန်တော့မယ်”
“သူက လည်းစကားအဖြစ် ပြောတာနေမှာပါ၊ သိင်္ဂ ီ ငြင်းလိုက်ပြီ ဆိုတော့ ဆက်လုပ်ချင်မှ လုပ်တော့မှာ ပါ”
“မဟုတ်ဘူး ကိုကို ရဲ့၊ ကိုယ့်မိန်းမ အကြောင်း ကိုယ်မသိဘူးလား၊ တရားတွေ အရမ်းထိုင်ပြီးမှ မမ အရမ်းကို တယူသန်လာတယ်၊ နေရာတကာ ဇွတ်ပဲ”
ကိုကို ပြုံးသည်။
“အရင်ထဲက ဒီလို မဟုတ်ဘူးလား”
“ပြောရင်လဲ ငရဲကြီးဦးမယ်၊ အရင်က ဒီလောက်မဟုတ်ဘူး၊ ခုနောက်ပိုင်းမှ ပိုဆိုးလာတာ”
သိင်္ဂ ီ့ကို ရင်ခွင်ထဲသို့ ပိုပြီးတင်းသွားအောင် ပွေ့လိုက်ရင်း
“ကဲပါလေ၊ သူမှ ပြောမလာသေးတာ ပြောလာရင် ကိုယ်လဲ အတတ်နိုင်ဆုံးဖျောင်းဖျ ပေးပါမယ် ဟုတ်ပြီ လား”
“အရင် ကဆိုရင်တော့ သူများလဲ မမ စိတ်ချမ်းသာအောင် နားထောင်ချင်နားထောင်မိမှာပါ၊ အခုတော့ အရင်လို မဟုတ်တော့ဘူးလေ၊ သိင်္ဂ ီ့ တကိုယ်လုံးကိုကို့ ကို ပေးပြီးပြီ ဆိုတော့ ဘယ်ယောက်ျား လက်ကိုမှ မပေး ချင်တော့ဘူး”
ဖျော့တော့ နွမ်းနယ်စွာ ဖြင့် သိင်္ဂ ီ့ကို ကိုကိုကြည့်သည်။ စိတ်မကောင်းသည့် အရိပ်အယောင်တွေ ကိုကို့ မျက်လုံးထဲမှာ သိင်္ဂ ီ မြင်နေရ၏။
“ကိုယ့်ကြောင့် သိင်္ဂ ီ့ ဘ၀ လမ်းကြောင်းကို တမျိုးတမည် ပြောင်းလိုက်ရတာ မျိုး ကိုယ် မဖြစ်စေချင်ဘူး”
ကိုကို နဲ့ ရင်ချင်းအပ်လိုက်သည်။ ပြီးတော့ သိင်္ဂ ီ့ ရင်သားမို့မို့ တွေ ကိုကို့ရင်ခွင်မှာ ပြားကပ်သွားတဲ့ အထိ တင်းတင်းကြီး ဖက်ထားလိုက်ပြီး
“ကိုကို့ ကြောင့် သိင်္ဂ ီ့ ဘ၀ လမ်းကြောင်းပြောင်းတယ် လို့ ပြောလို့မရပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုကိုက သိင်္ဂ ီ့ ဘဝပဲလို့၊ သိင်္ဂ ီ့ ဘ၀ က ကိုကို့ ဘ၀ နဲ့ အမြဲတမ်းတွဲနေမှာပဲ”
“ဒါတော့ သိင်္ဂ ီရယ်”
သိင်္ဂ ီ့ စကားလုံးတွေက ကိုကို့ကို တော်တော်လေးထိခိုက်သွားသည် ထင်ပါသည်။ မျက်နှာ အရမ်း ပျက် သွား တာ ကို သတိထားမိလိုက်သည်။ ဒီလိုတော့ ကိုကို့ကို စိတ်မညစ်စေလိုပါ။ သိင်္ဂ ီ နဲ့ အတူရှိနေတဲ့ အချိန်တွေ မှာ ကိုကို့ကိုပျော်စေချင်သည်။ သိင်္ဂ ီ လည်းရနိုင်သမျှ အချိန်လေးမှာ ပျော်ရွှင်စွာနေလိုပါသည်။
“ကိုကို စိတ်ညစ်သွားလား”
ဘာမှ ပြန်မဖြေပါ။
“ပြောလေ ကိုကို ရဲ့”
သိင်္ဂ ီ အတင်းမေးတော့မှ
“စိတ်ညစ်တယ် လို့တော့ မဟုတ်ဘူးပေါ့ ၊ ဒါပေမယ့် စိတ်ထဲမှာတော့ တမျိုးကြီးပေါ့”
“ဒါဆိုလဲ ဒီအကြောင်းတွေ မပြောကြရအောင် ကိုကို ရယ်နော်၊ ကိုကို စိတ်ညစ်နေတာ မြင်ရင် သူများလဲ မပျော် ဘူး သိလား”
ကိုကို့ ပါးကို သိင်္ဂ ီနမ်းလိုက်သည်။ ပြီးတော့ မေးစေ့၊ နဖူး၊ လည်တိုင် မှီသမျှ အကုန်လိုက်နမ်းပစ်လိုက်၏။
ပုံပြင်လေးတပုဒ် ကြားဖူးသည်။ လူတယောက် ချောက်ထဲသို့ ပြုတ်ကျ၏။ ကံကောင်းထောက်မစွာ ဖြင့် သစ်ကိုင်း လေးတကိုင်း ကို ခိုတွယ်မိသည်။ တဖန်ကံဆိုးလှစွာပင် သစ်ကိုင်းကို ကြွက်အဖြူ တကောင် နဲ့ကြွက်မဲ တကောင် ကလာပြီး တတိတိ ကိုက်ဖြတ်နေသည်။ သစ်ကိုင်း ပြတ်တောက် သွားရင် ချောက်ထဲ သို့ လုံးလုံးပြုတ်ကျတော့မည့် သူက သစ်ရွက်တွေပေါ် မှာပျားရည်စက်တွေကို မြင်သော အခါ လျှာဖြင့် လျက်နေ မိသည် ဆိုသောပုံပြင်ဖြစ်ပါသည်။ ထိုပုံပြင်က လူ့ဘ၀ သရုပ်ကို ဖေါ်ကျူးသည်ဟု ဆိုကြသည်။ ကြွက်ဖြူ နှင့်ကြွက်မဲ ဟူသည် နေ့နဲ့ ည ဆိုသည့် အချိန်ကို ကိုယ်စားပြုကာ ချောက်ထဲကျတော့မည့် သူက လူသားဖြစ်သည်။ အချိန်က တိုက်စားပြီး လူ့ဘ၀ ၏ နောက်ဆုံးအချိန်သို့ မရောက်မီ ပျားရည်နှင့် တူသော လူ့ဘဝ၏ ပျော်ရွှင်မှု အရသာကို မက်မောစွာ ခံစားခြင်းသည် လူပီသခြင်း တမျိုးလို့ သိင်္ဂ ီ ထင်မိပါသည်။
သိင်္ဂ ီ ကိုကို့ကို ထာဝရ ပိုင်ဆိုင်နိုင်မှာ မဟုတ်။ ဘဝ၏ သင်္ခ ါ ရ သဘောအထိပင်တွေးရန် မလိုပါ။ ကိုကို့ ကိုမမ ကသာ တရားဝင်ပိုင်ဆိုင်ပါသည်။ ကြိုမမြင်နိုင်သည့် အနာဂါတ်ကိုပင် ထည့်စဉ်းစားရန် မလိုဘဲ လတ်တ လောတဒင်္ဂ မှာပင် ဘာမှပြောလို့ရနိုင်သည် မဟုတ်ပါ။ သိင်္ဂ ီ လူပီသချင်ပါသည်။ လူဆိုသည်မှာ အချစ်ရှိသည်၊ အမုန်း ရှိသည်။ အသွေးအသားနှင့် ခံစား ချက်ရှိ သည်။ ထို့ကြောင့် ကိုကို့ ရင်ခွင်ထဲမှာ နေခွင့်ရသည့် လက်ရှိအချိန် လေးကို အကျိုးရှိစေချင်ပါသည်။ ကိုကိုက သိင်္ဂ ီ့ အတွက် ပျားရည်တစက် မကပါ။ ပျားရည်ထက် ပိုကာချိုမြိန်ရသည့် ချစ်သူဖြစ်ပါသည်။
“ကိုကို ကတော့ သူများကို တဏှာ အိုးမလေးလို့ထင်မှာပဲနော်”
“သိင်္ဂ ီရယ်”
ကိုကို ဒါပဲပြောသည်။ သိင်္ဂ ီ ကလည်း ကိုကို့ အမြင်အထင်တွေကို မသိချင်ပါ။ သိဖို့လည်း မလိုဟု ထင်မိ သည်။
“သူများကို အလျော်ပေးဖို့ ရှိတယ်နော်”
လည်တိုင်ကို ဟီးလေးခိုရင်း ပြောလိုက်တော့ ကိုကို့ မျက်နှာ မှာ အပြုံးတခုပေါ်လာသည်။ ကျောက်ရုပ်ဆို လျှင်ပင် သိင်္ဂ ီ့လို မိန်းမလှ ကြောင့် လှုပ်ရှားရမည်ပင်။ ကိုကိုက ကျောက်ရုပ်မဟုတ် အသွေးအသား နှင့် လူ သားစစ်စစ် ဖြစ်သည့် အတွက် ပိုပြီးအသက်ဝင်လာသည်။
“ဦးလေးစိုး ကို သူစောင့်ပါမယ် လို့ အတင်းပြောတာနဲ့ သူများလဲ အခန်း ထဲဝင်နေတာ၊ ကိုကို့ အသံနား စွင့် ရင်းနဲ့ ဘယ်လိုက ဘယ်လို အိပ်ပျော်သွား မှန်းမသိဘူး”
ကိုကို က တမျိုးမြင်မှာကိုစိုးရိမ်ဖို့ တောင်မေ့ ပြီး သိင်္ဂ ီ အရမ်းတက်ကြွနေမိသည်။ ကိုကို နဲ့ မချစ်ရသည် မှာတပါတ်မက ရှိခဲ့ပြီမဟုတ်ပါလား။ သိင်္ဂ ီက ကိုကို့ အင်္ကျ ီ ကြယ်သီးတွေကို ဖြုတ်တော့ ကိုကိုဝိုင်းကူ ဖြုတ် ပေးသည်။ သန်မာတဲ့ကြွက်သားစိုင်တွေကို လက်နဲ့ ပွတ်ကြည့်ရင်း သိင်္ဂ ီ့ ရင်ခုန်သံတွေ နှစ်ဆ လောက် မြန်လာသည်။ ကိုကို က ထုံးစံအတိုင်း အစပိုင်းဆိုတော့ ခပ်အေးအေးပင်။ ပြီးလျှင်သာ တက်ကြွသည်မှာ သူ့ အပြင်မရှိတော့။ အရင်ကတော့ ဒါကို အားမလိုအားမရ ဖြစ်တတ်သည်။ ဒါကို သူ့အကျင့်မှန်း သိသွားပြီး နောက် မှ ရိုးသွားတော့၏။
“သူ့ အင်္ကျ ီ သူများချွတ်ပေးတာနော်၊ သူများ အင်္ကျ ီ ကိုကိုချွတ်ပေးရမယ်”
ပေါင်ကြားကနေ ဖုထောင်နေသော ပုဆိုးကို ဆွဲယူရင်း ပြောလိုက်တဲ့ သိင်္ဂ ီ့ စကားကြောင့်ကိုကိုကြောင်သွား သေးသည်။ နောက်မှ သိင်္ဂ ီ့ကိုယ်ပေါ်က ကြယ်သီးတွေ တလုံးချင်းပြုတ်ထွက်သွား၏။ ထမိန်ကိုတော့သိင်္ဂ ီ့ဖာသာပဲ ဖြေချလိုက်ပါသည်။ အတွင်းခံဘောင်းဘီလည်းဝတ် မလာလို့ ချက်ချင်းလိုလိုပင် သိင်္ဂ ီ အချစ် အတွက်အဆင်သင့်ဖြစ်နေလေပြီ။
အပိုင်း (၁၀) ဆက်ရန် >>>
No comments:
Post a Comment