Tuesday, June 12, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၂)

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၂)

ဂျင်ကလိ ရေးသည်။

ဧည့်ခန်းထဲမှာ ထိုင်ပြီးတီဗွီကြည့်နေသော ကျော်ကျော် တကယ်ပင်အံ့သြသွားပါသည်။

“ထမင်းစားပြီးပြီလား”

“ခုလေးတင်စားပြီးတယ်”

အထုပ်ဆွဲပြီး နောက်ကိုဝင်သွားသော ဦးအောင်ဘညို နောက်သို့ ကျော်ကျော်လိုက်လာသည်။

“သွားကြည့်လေ၊ ကိုယ့်ဖာသာပဲ ထည့်စားလိုက်မယ်”

ဦးအောင်ဘညို စကားကို မကြားယောင်ပြုပြီး ကြာဆံကြော်တထုပ်ကို ပန်းကန်ထဲ ထည့်ပြီး ဇွန်း၊ ခက်ရင်း တပ်ပေးသည်။ အချဉ် နှင့်ဟင်းချို ကိုလည်း ပန်းကန်နှင့်ထည့်ပေး၏။

“ကိုယ့်ဟာကိုယ် လုပ်ပါမယ်ဆို”

“ရပါတယ်”

ဦးအောင်ဘညို စစားသည် အထိ ထိုင်လည်းမထိုင်ဘဲ ဘေးမှာရပ်နေသည်။

“သွားကြည့်ပါ၊ တော်ကြာ နောက်အပိုင်း တွေကျရင်နားမလည်ဘဲ ဖြစ်နေလိမ့်မယ်၊ ကိုယ်မူးပြီး ပန်းကန်တွေ ရိုတ်ခွဲမှာ စိုးလို့လား”

အတင်းတွန်းလွှတ်လိုက်မှ ပြန်ထွက်သွား၏။ ဦးအောင်ဘညို ဆိုင်မှာ အမြည်းစားလာသေးသည့် အတွက် တပွဲလုံးမကုန်ပါ။ ကုန်သလောက်စားပြီး ပိုတာတွေ အမှိုက်ပုံးထဲထည့်လိုက်သည်။ ဟင်းရည် အကျန်နှင့် အချဉ်တွေကို သွန်ပစ်လိုက်ပြီး ပန်းကန်တွေကို သေသေချာချာ ဆေးကြောကာ နေရာတကျ ထားပြီးမှ ရှေ့ကို လာခဲ့၏။

“ပန်းကန်တွေ ဆေးလာတယ်လား”

ဟိုနေရာ ဒီနေရာမှာ ရေစိုနေသော ဦးအောင်ဘညို ကိုကြည့်ရင်းမေးသည်။

“အပန်း မကြီးပါဘူး၊ မင်းအလုပ်ပိုမှာ စိုးတာနဲ့”

“မပိုပါဘူး”

“ကိုယ်သေသေချာချာ ပြောင်အောင်အထပ်ထပ်ဆေးခဲ့ပါတယ်၊ စိတ်မပူပါနဲ့”

“မဟုတ်ပါဘူး”

ဦးအောင်ဘညို အပြောကြောင့် ကျော်ကျော့် မျက်နှာမှာ အပြုံးလေးတခုပေါ်လာသည်။ ဦးအောင်ဘညို ကဘေးချင်းကပ်ဝင်ထိုင်လိုက်ပြီး ကျော်ကျော့် ကိုဖက်လိုက်သော အခါ တချက်မော့ကြည့်သည်မှ အပ ဘာမှ မပြောဘဲ အလိုက်သင့်လေး မှီထားသည်။

“ကိုရီးယား ကား မဟုတ်လား၊ ကြည့်စရာရှိတာကြည့် ကိုယ့်ကြောင့် အနှောက်အယှက်မဖြစ်နဲ့”

ဦးအောင်ဘညို အတွက်ကတော့ မှန်ပြင်ပေါ်မှာ လူတွေစကားပြောနေကြခြင်းသာဖြစ်သည်။ ပြေးကြလွှားကြ ၏။ တဖန်ငိုကြပြန်သည်။ ဦးအောင်ဘညိုလည်း ရုပ်ရှင်တွေကြည့်လေ့ကြည့်ထရှိပါသည်။ ဒီနေ့ကတော့စိတ်က တခြားမှာဖြစ်နေသဖြင့် ဘာကြည့်ကြည့် နားမလည်နိုင်အောင်ဖြစ်နေသည်။ အာရုံထဲမှာက သူ့ကိုမှီထားသည့် ကျော်ကျော်သာရှိသည်။ အနှောက်အယှက် မဖြစ်ပါနဲ့ဟု ပြောခဲ့သော် လည်း အနှောက်အယှက် ပေးမိသူကလည်း ဦးအောင်ဘညိုဖြစ်သည်။ ကျော်ကျော့် လက်မောင်း၊ ကျောပြင်နှင့် ပုခုံးကို ပွတ်သပ်ပေးမိသည်။ လည်ပြန်တချက်မော့ကြည့်သည်မှ အပ ကျော်ကျော် မကန့်ကွက်ပါ။ တဖြည်းဖြည်းချင်း အရှိန်ရလာသော ဦးအောင်ဘညိုက ရင်သားတွေ ကို ညှစ်လိုက်တော့မှ တွန့်သွားပြီး

“အို”

“ဆောရီး၊ ဆောရီး။ ကိုယ်သတိလွတ်သွားတယ်”

ကျော်ကျော် မျက်နှာလေးနီပြီး တီဗွီဖက်ပြန်လှည့်သွားသည်။ ဦးအောင်ဘညို လည်းကိုယ်ရှိန်သပ်လိုက်၏။ သို့သော်လည်း ခနသာ။ လက်ကနောက် တကြိမ်ရောက်သွားသည်။ ကျော်ကျော် ကတော့သူမ နှင့် ဘာမှ မဆိုင် သလို တီဗွီကိုသာ ငေးနေသည့် အတွက်ဦးအောင်ဘညို ပိုပြီးအတင့်ရဲမိသည်။ ကြယ်သီးပြုတ်နေ သည့် နေရာမှနေ၍ အတွင်းကို လက်နှိုက်သွင်းလိုက်၏။

“ဖြေးဖြေးလေးပဲ ကိုင်မှာပါ”

ကျော်ကျော့်နားနားကိုကပ်၍ တိုးတိုးပြောလိုက်သည်။ ကျော်ကျော့်ရင်သားတွေက နူးညံ့သည်။ သိင်္ဂ ီလောက် မဖွံ့ထွားသော်လည်းသူ့အတိုင်းအတာနှင့် သူ ပြည့်ပြည့်ဖြိုးဖြိုးရှိသည်။ သိင်္ဂ ီ့ထက်ငယ်ရွယ်သည့်အပြင် အ တွေ့ အကြုံလည်းနည်းသူဖြစ်၍ တင်းတင်းရင်းရင်း ပိုရှိသည်။ ပထမ ဘရာစီယာ အပြင်က ကိုင်သည်။ အောက်တော့ ဘရာစီယာအတွင်းကိုပါ ကပ်ကပ်သတ်သတ် နှင့်လက်ထိုးသွင်းပြီး ရအောင်ကိုင်ကြည့် မိသည်။ ကျော်ကျော်ကတော့ ဘာမှမဆိုင်သလို တီဗွီကိုသာငေးနေသည်။ ဦးအောင်ဘညို ကျော်ကျော့် ကိုလက်သရမ်းရင်း ကိုယ့်ကိုယ်ကို ဂရုပြုမိရာ ညတုန်းက သိင်္ဂ ီ နှင့် မီးကုန်ယမ်းကုန်ကျဲ ခဲ့သောလည်း သူ၏ ထက်သန်မှုတွေ ကျဆင်းမသွားသေးတာ ဂရုပြုမိသည်။ ညီတော်မောင်က တ ဖြည်းဖြည်းချင်း ခေါင်းထောင်ထလာပြီး မာသထက်မာကျောလာသည်။

“ပြီးသွားပြီ”

“ဘာ”

“အော် …ဇာတ်လမ်းပြီးသွားပြီ လို့”

ကျော်ကျော့် စကားက ဦးအောင်ဘညို ကို လှုပ်နှိုးလိုက်သလိုဖြစ်သွားပြီး ကျော်ကျော့် ကို အခန်းထဲဆွဲခေါ်သွားမိသည်။ အိပ်ယာနှင့် နီးလာလေလေ စိတ်ကပိုထက်သန်လာလေဖြစ်ရာ ကျော်ကျော့်ကို ကုတင်ပေါ်တင်ပြီးသည် နှင့် ထမိန်ကိုချွတ်ဖို့ကြိုးစားသည်။ သပ်သပ်ရပ်ရပ် ကျစ်ကျစ်လစ်လစ် ဝတ်ထားသည့် ချည် သားထမိန်က ရုတ်တရက်မပြေ။ စိတ်လောနေသည့် ဦးအောင်ဘညို က ထမိန်ကို မချွတ်တော့ဘဲ ဆွဲလှန်လိုက်သည်။

“အို”

ကျော်ကျော်ပင် ဦးအောင်ဘညို ကြောင့် ကြောင်တောင်တောင်ဖြစ်သွား၏။ ထမိန်လန်သွားသည် နှင့် ပေါ်လာသည့် ပေါင်တံရှည်ရှည်တွေ နှင့် ထူထပ်သော အမွှေးတွေ၏ ညှို့ငင်မှုကြောင့် စိတ်မထိန်း နိုင်တော့ဘဲဝတ်ထားသည့်လုံချည် နှင့် ဘောင်းဘီတိုကို အမြန်ဆုံးချွတ်ချပြီး အတင်းတက်တော့သည်။ ဦးအောင်ဘညို ၏ ဂမူးရှုးထိုး နိုင်မှုတွေနှင့် အသားကျနေသည့် ကျော်ကျော်လည်း ဦးအောင်ဘညို လုပ်သမျှခံရန်မှလွဲ ပြီးအခြားမရှိတော့ချေ။ ဦးအောင်ဘညို၏ အားအင်တွေထင်သလောက် လျော့ပါးမသွားသေးပါ။ 

သို့သော်အရင်နေ့တွေကို မမှီ သည်ကတော့ အမှန်ပင်။ ကျော်ကျော်တော့ ဘယ်လိုနေမည် မသိ။ အရင်လောက် အားသွန်ခွန်စိုက် မလုပ် နိုင်မှန်း ကိုယ့်ဟာကိုယ်သိနေသည်။ ထို့ကြောင့် ပန်းတိုင်ရောက်နိုင်ရေးအတွက် ပိုပြီးကြိုးစားရသည်။ အရက်ရှိန်လေးသာ ရှိမနေလျှင် ဦးအောင်ဘညို ဒီလောက်အထိခရီးပေါက်နိုင်မည် မထင်။ ကိုယ့်ကိုယ်ကို မသေချာဘဲနှင့် ဘာကြောင့်တခေါက်ပြန်လာရသလဲဟု ကိုယ့်ဖာသာဆန်းစစ်ကြည့် မိသည်။ကျော်ကျော်၏ ဆွဲအားကိုသိသိ နှင့် လာခဲ့မိတာကြောင့် ဖြစ်မည်။ သို့သော် ကိုယ်ထင်ထားသလောက် စွမ်းဆောင်ရည်ကျမကျ ဆန်းစစ်ကြည့်ချင်သည့် စိတ်ကြောင့်လည်းပါမည်ထင်၏။ မနေ့က သိင်္ဂ ီ နှင့် လက်ကုန်ထုတ်ခဲ့ရသောကြောင့် ခေါင်းထောင်ထနိုင်မည်မထင်ဟု စဉ်းစားခဲ့ မိသော်လည်း လက်တွေ့တွင်မူ ကျော် ကျော့် နားကပ်လိုက်သည်နှင့် ဦးအောင်ဘညို ၏ စိတ်ဓါတ်တွေပြန်လည်နိုးကြွလာရသည်။ ကျော်ကျော် နှင့် အတူ အိပ်ယာပေါ်ရောက်သော မခါ ဘာကြောင့်မှန်းမသိ တခုခုလိုနေသလို ခံစားရသည်။ တခါတရံတွင် ထိပ်ပိုင်းမှ အထိအတွေ့ကို မသိသလို ထုံနေသော်လည်း မိမိ၏ တင်းမာမှု လျော့ကျ မသွား သည်ကို သတိထား မိသည့်အတွက် ပေတေပြီး မရပ်မနားဆက်လုပ်သည်။ ကိုယ့်ကိုယ်ကို ပြန်၍ စိန်ခေါ် ကြည့်ခြင်းတခုဟု တွေးပြီး နောက် မယုံမရဲစိတ်တွေကို ဖျောက်ပစ်သည်။ အထိအတွေ့ အပေါ်ခံစားချက် လျော့ကျ မှုကြောင့် ဒီအတိုင်းဆိုလျှင် ပြီးဆုံးခြင်းသို့ရောက်ပါတော့ မလား ဟုပင် စိုးရိမ်စိတ်ဝင်မိ၏။ ကျော်ကျော် ကိုကြည့်မိတော့ အရင်အခါတွေလိုပင် ဦးအောင်ဘညို၏ တရ စပ် တိုက်စစ်အောက်တွင် အလူးအလဲ နှင့်ရှိနေ၏။ 

မည်သို့ပင်ဖြစ်စေ ဦးအောင် ဘညို ကျော်ကျော်၏ အရိုင်း ဆန်သည့် တုံ့ပြန်မှု နှင့် အော်ညည်းသံများက အားအင်လောင်းပေး ခဲ့သလို ဇဝေဇဝါ ဖြစ်နေသည့် ခံစား မှုတွေကို အထိုက်အသင့် အရှိန်မြှင့်ပေးသလိုဖြစ်ရသည့် အတွက် ပန်းတိုင်ကို အောင်မြင်စွာ သွားနိုင် လိုက် သည်။ အားလုံးပြီးဆုံးသွားတော့မှ အနေအထားပင် မပြောင်းမိဘဲ တသတ်မတ်ထည်း ဆက်တိုက်လုပ်နေမိသည် ကို သတိထားမိသည်။ ကျော်ကျော်သည်လည်း ဦးအောင်ဘညို လှဲချခဲ့သည့်အတိုင်းကုတင်ပေါ်တွင် ကန့်လန့်လဲကျနေသည်။ စိတ်ဆောင်သည့် အတိုင်းလုပ်ချင်တိုင်းလုပ်ပြီးမှ ဦးအောင်ဘညို နွမ်းဟိုက်ပြီး ခြေမခိုင်ချင် သလို ဖြစ်လာသည်။ ထို့ကြောင့် ကျော်ကျော့်ဘေးမှာ ဝင်လှဲချလိုက်သည်။ လှန်ထားသည့် ထမိန်ကို ပြန်ဖုံးလိုက်ပြီး ကျော်ကျော်ထထိုင်စဉ် ဦးအောင်ဘညို ဆွဲထားလိုက်၏။

“ကန့်လန့်ကြီးနဲ့ အရပ် မလွတ်ဘူးလေ၊ လှည့်လိုက်ပါလား”

ဦးအောင်ဘညို နေရာပြင်နေစဉ် ကျော်ကျော်ကုတင်ပေါ်ကဆင်း၏။ အနက်ရောင်ထမိန်၏ နောက်ကျောတွင် စိုရွှဲနေသော အကွက်ကြီးတကွက်ကို မြင်ရသည်။ ကျော်ကျော် ကိုယ့်အခြေအနေ ကိုယ်သိပုံရသည်။ အောက်ရောက်သည် နှင့် ထမိန်ကို လှည့်ဝတ်၏။ ပြီးတော့ အခန်းထဲကထွက်သွားသည်။ ဦးအောင်ဘညို လည်း မောမော နှင့် မှိန်းနေရင်း အိပ်ပျော်သွားရာ ကျော်ကျော်ပြန်ဝင်လာ တာကိုတောင် မသိတော့ပေ။ အိပ်မက်ထဲမှာ တော့ ကျော်ကျော့် ကိုတွေ့သည်။ ကျော်ကျော်က သူမ ကို မေလို့ခေါ်ဖို့ပြော၏။

.........................................................................................

{ အကြောင်းတရား တို့ကြောင့် အကျိုးတရားဖြစ်လာသည်။

ထိုသို့သော အကျိုးတရားသည် ပင် အနာဂါတ် အတွက်အကြောင်းတရားဖြစ်ပြန်သည်။

သူတော်စင် ပညာရှိတို့သည် အကြောင်းနှင့် အကျိုးကို ပိုင်းခြားခွဲဖြတ်ကြသော်လည်း  ပုထုဇဉ် ဟုဆိုအပ် သော သာမန်လူသားတို့မှာကား အကျိုးတရားသက်သက်၌ သာနေထိုင်ပျော်မွေ့ကြ၏။}

............................................................................................

အခန်း (၂၀)

ရှေ့ကဖြတ်သွားတဲ့ အနက်ရောင် ကားကြီးတစီးကို ကျော်ကျော် မြင်ဖူးသလိုလို ထင်မိပေမယ့် အမှတ်တမဲ့ ပါပဲ။ ဓါတ် တိုင် နှစ်တိုင်အကွာလောက်မှာ ရပ်သွားတာကိုလဲ သတိမထားမိဘူး။

ဖုန်းသံကြားလို့ ကိုင်လိုက် တော့မှ ဦးအောင် ဘညို မှန်းသိလိုက်တယ်။

“ပြန်တော့မယ် မဟုတ်လား”

“ဟုတ်ကဲ့”

“လာတဲ့ကားနဲ့ တက်လိုက်ခဲ့၊ ရှေ့တမှတ်တိုင်မှာဆင်း နေခဲ့၊ ဟုတ်လား”

ပြောပြီးတာနဲ့ ဖုန်းချသွားတယ်။ စောစောက ကားကိုလှမ်းကြည့်လိုက်တော့ မောင်းထွက်သွားပြီ။ တူတူကား စောင့် နေတဲ့ အဖေါ်တွေကို လက်ပြပြီး လာတဲ့ကားတစီးပေါ် ပြေးတက်လိုက်ရတယ်။

“ဟဲ့ ဒီကားက မြို့ထဲ မရောက်ဘူးလေ”

“ရတယ်အမ၊ ကိစ္စရှိလို့”

ဆင်းရလွယ်အောင် အဝနားမှာပဲ ကပ်ရပ်လိုက်တယ်။ နောက်မှတ်တိုင်ကလည်း သိပ်မဝေးတော့ ခနလေးပဲ။ ကားပေါ်က ဆင်းလိုက်တာနဲ့ မှတ်တိုင်နဲ့ မလှမ်းမကမ်းမှာရပ်ထားတဲ့ကားကိုမြင်လိုက်ရတယ်။ကျော် ကျော် သေချာအောင် အနားကိုသွားကြည့်လိုက်တော့ တကယ်ပဲ ဦးအောင်ဘညို ဖြစ်နေတယ်။

“လာလေ၊ တက်”

ကျော်ကျော် ကားပေါ်တက်လိုက်တာနဲ့ ဦးအောင်ဘညို မောင်းထွက်လိုက်တယ်။

“ကားစောင့် နေကြတာ မင်းအလုပ်ကလူတွေပါလား”

“ပါတယ်”

“ထင်တယ်၊ ဒါကြောင့် ဒီဖက်ကို ခေါ်လိုက်တာ၊ မနေ့တနေ့က မှ အလုပ်ဝင်ပြီးတော့ လာခေါ်တဲ့ကားပေါ် တက်လိုက်သွားတယ် လို့ မင်းကို တမျိုးမြင်ကြမှာ စိုးလို့”

အခုနက နားမလည်ပေမယ့် အခုကျတော့လဲ ဦးအောင်ဘညို ပြောတာဟုတ်သလိုလိုပါပဲ။ ကျော်ကျော် မနေ့ ကမှ အလုပ်ဝင်တာ ဒီနေ့မှ နှစ်ရက်ပဲ ရှိသေးတယ်။ တယောက်အကြောင်းတယောက် မသိကြသေးခင်မှာ သို့လောသို့လော အတွေးမပွားတာ အကောင်းဆုံးမဟုတ်လား။

“တခုခု ဝင်စားကြတာပေါ့”

“ဟုတ်ကဲ့”

“အလုပ်ထဲမှာ အဆင်ပြေတယ် မဟုတ်လား”

“ပြေပါတယ်”

မနေ့ကလဲ ဖုန်းနဲ့ တခါမေးပြီးပြီ။ ညနေလာဖို့ မအားလို့တဲ့၊ ရုံးဆင်းပြီး အိမ်ပြန်ရောက်ချိန်လောက် မှန်းပြီး ဖုန်းဆက်မေးတယ်။ ဒီတခု အဆင်မပြေရင် နောက်တခု ရှာပေးမလို့လားလို့ မေးချင်ပေမယ့် မမေးတော့ပါ ဘူး။ လက်ရှိအလုပ်ကလဲ ဆင်းခဲ့တဲ့ နှစ်ရက်မှာအဆင်ပြေပါတယ်။ ဝင်ခါစဆိုတော့ သူများလုပ်တာတွေ သင်ယူလေ့လာနေတုန်းပဲ ရှိသေးတော့ တာဝန်ခက်ခက်ခဲခဲ ယူရတာမျိုးလည်း မရှိဘူးလေ။ စားပွဲနဲ့ ကုလား ထိုင်နဲ့ လုပ်ရတဲ့ အလုပ်က ကျော်ကျော် အရင်က လုပ်ဖူးတဲ့ အလုပ်တွေထက် အများကြီးသာတယ် ဆိုတော့ အဆင်မပြေပြေအောင်ကြိုးစားလုပ်ရမယ် လို့ကျော်ကျော် ဆုံးဖြတ်ထားတယ်။ ဒီအလုပ်ရတဲ့ အကြောင်း ရွှေရည့်ကို သွားပြောတော့ ရွှေရည်လဲ ဝမ်းသာနေတယ်။ သူလဲ တတ်နိုင်သလောက် ကြိုးစားပြီး ကျော်ကျော့် အတွက်အလုပ်ရှာပေး စုံစမ်းပေးနေရှာတာ ဆိုတော့ ရွှေရည်အားတဲ့ ရက် မှန်းပြီး ကျော်ကျော် အဆောင်အထိလိုက်သွားပြောပြတယ်။ အထဲမှာ အန်တီအေး နဲ့ မျက်နှာချင်း မဆိုင်ချင်တာကြောင့် အပြင်ကနေပဲ ခေါ်ပေးပါ လို့ ပြောလိုက်တော့ ရွှေရည်ပြေးထွက်လာတယ်။ သူငယ်ချင်းကို မုန့်ကျွေးချင်တာကြောင့် အဝတ်အစားပြန်လဲခိုင်းပြီး အပြင်ကို ခေါ်ထုတ်ခဲ့တယ်။ အကျိုးအကြောင်းသိရတော့

“ဝမ်းသာတယ် သူငယ်ချင်းရယ်၊ နင်က ဘွဲ့ရပြီးသားဆိုတော့ ကုမ္ပဏီ အလုပ်လုပ်လို့ အဆင်ပြေတယ်၊ ငါကတော့ ဒီတိုင်းပဲ သွားရမှာပါပဲ”

ဆယ်တန်းကို နှစ်ခါကျပြီးတော့ ဆက်ဖြေမနေတော့ဘဲ ရန်ကုန်တက်ပြီး အလုပ်လာလုပ်ရတဲ့ ရွှေရည် အတွက် မြင့်မြင့်မားမား မမှန်းနိုင်ဘူးပေါ့။

“ငါရတဲ့ အလုပ်က ဘယ်လောက်ကောင်းနေလို့လဲဟဲ့”

“နင်အရင်လုပ်တဲ့ အရောင်းစာရေးလိုဟာမျိုးထက်တော့သာတာပေါ့၊ လစာလဲ ပိုရတယ်၊ ပစ္စည်းပျောက် လို့ စိုက်လျော်စရာ လည်းမလိုဘူး”

အလုပ်အကြောင်းပြောနေရင်းကနေ ရွှေရည်သတိရသွားပြီး

“နင် က နင့်သူငယ်ချင်း အိမ်မှာပဲ ဆက်နေမှာပေါ့”

ဒီအကြောင်း ကိုကျော်ကျော် မစဉ်းစားရသေးဘူး၊ မေ့နေတယ်။

“လောလောဆယ်တော့ ဒီအတိုင်းပဲပေါ့ဟယ်၊ နောက်တော့လဲ တမျိုးစဉ်းစားတာပေါ့”

“နေစားရိတ်ငြိမ်းတယ်လေ၊ နေဖို့ အဆင်ပြေလဲ ဆက်နေပေါ့၊ နေပါဦး အဲဒီအိမ်မှာ လူက ဘယ်နှစ်ယောက် ရှိသလဲ”

ကျော်ကျော် ဘာပြောရမှန်းမသိဘူးဖြစ်သွားတယ်။ တယောက်ထဲ လို့လဲ ဖြေလို့ကမဖြစ်ဘူးလေ”

“အင်း …. ငါရယ်၊ ငါ့ သူငယ်ချင်းရယ်၊ နောက် ..ဟိုဒင်း သူ့ဘကြီးတယောက်ရယ်”

“သုံးယောက်ထဲလား”

“အင်း”

“ဒါဆိုလဲ ဆက်နေပေါ့၊ နင်ပိုက်ဆံပိုကျန်တာပေါ့”

“ငါလဲ မပြောတတ်သေးပါဘူးဟယ်”

ပါးစပ်ထဲ ရှိတာလျှောက်ပြောနေတာကို ရွှေရည်အဟုတ်ထင်နေတယ်။ ကျော်ကျော် ဘယ်လိုနေနေတယ် ဆို တာ သာသိရင် ရိုးသားပြီး အေးချမ်းတဲ့ ရွှေရည် မေ့လဲသွားမလားမသိဘူး။

“နင်အသားတွေဖြူပြီး ပိုလှလာတယ် သိလား၊ အရင်လောက်လဲ မပိန်တော့ဘူး”

“အခု မုန့်ကျွေးမယ်လေဟာ”

“အလုပ်တောင် မဆင်းရသေးဘူး၊ ပိုက်ဆံက သုံးချင်နေပြီလား”

“တခါ တလေပေါ့ဟာ၊ ငါ့မှာလည်း နည်းနည်းပါးပါး ရှိပါတယ်၊ နင်လိုရင်တောင် ချေးခဲ့လို့ရတယ်”

“ငါ့ညီမ အလုပ်ရသွားပြီလေ၊ ငါအရင်ထက်ပိုပြီး အသက်ရှုချောင်လာပါပြီ”

................................

ကျော်ကျော်လည်း ရွှေရည့်အတွက်ဝမ်းသာရပါတယ်။ အရင်က မရှိအတူ ရှိအတူ နေလာကြတဲ့ သူတွေမ ဟုတ်လား။ ကျော်ကျော် မရှိတဲ့ အချိန်က ပိုများပါတယ်။ ရွှေရည်ကပဲ သူ့ရှိတာလေးတွေ ကျော်ကျော့် ကို ဖဲ့ ကျွေးခဲ့ရတာ။

“သူငယ်ချင်း ဘာစားမလဲ”

“ရခိုင်မုန့်တီ”

ဈေးအသက်သာဆုံးကို ရွှေရည်ရွေးပြောတာမှန်းကျော်ကျော် သိတယ်။ ဆိုင်ကောင်းကောင်းခေါ်သွားပြီး တန်ဖိုးကြီးတဲ့ဟာကျွေးမယ် ဆိုရင်လည်း ရွှေရည် အကြောက်အကန်ငြင်းမှာသေချာတယ်။

“ထမင်းပေါင်း လောက်တော့လုပ်ပါဟယ်၊ တခါတလေ တွေ့တဲ့ဟာကို”

ကျော်ကျော် အတင်းပြောမှ အင်တင်တင်နဲ့ပါလာတယ်။ ဆိုင်ထဲမှာ ထိုင်မိကြတော့ ရွှေရည်က ကျော်ကျော့် ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး

“နင့်သူငယ်ချင်း က နင်နဲ့ အရပ်အမောင်း အလုံးအထည်သိပ်မကွာဘူးထင်တယ်”

“ဟင် … ဘာဖြစ်လို့”

“နင်ဝတ်ထားတဲ့ အင်္ကျ ီကော၊ ဖိစကပ် ကော နင့်ဟာတွေမှ မဟုတ်တာ၊ နင်ဝတ်နေကျတွေ ငါအကုန်မြင်ဖူး နေတာပဲလို့”

“ငါ့သူငယ်ချင်း စုံထောက်လုပ်သင့်တယ်”

“တခြားလူဆိုရင် ဘယ်သိမှာလဲဟဲ့၊ နင့်အကြောင်းကတော့ ငါအကုန်သိနေတာပဲ”

“ကဲပါ စုံထောက်ကြီးရယ်၊ ထမင်းပေါင်းလေး ပူတုန်းစားလိုက်ပါဦး”

သူများအဝတ်အစားတွေ ဝတ်လာတယ်လို့ ရွှေရည်ပြောတာကို ကျော်ကျော် ဘယ်လိုမှစိတ်ထဲ မထားပါဘူး။ ရွှေရည်နဲ့ တူတူနေခဲ့ကြတုန်းက အခြေအနေ က တော်တော် ဆိုးခဲ့တယ်လေ။ ကျော်ကျော့်မှာခုဝတ်ထား တာတွေထက် ကောင်းတဲ့ ဟာတွေရှိနေသေးတယ် ဆိုတာရွှေရည်သိရင် ဘာပြောမလဲ။ ကျော်ကျော့် အိတ် ထဲမှာ ကာလပေါက်ဈေး ၁၅ သိန်း နီးပါးတန်တဲ့ လက်ကိုင်ဖုန်းတလုံးနဲ့၊ ရွှေရည် လိုအပ်ရင်ပေးလို့ရအောင် ဆိုပြီး ယူလာတဲ့ ငွေသိန်းကျော် ပါတယ်ဆိုတာသိရင် ရွှေရည်ဘယ်လို နေမလဲ။ ကျော်ကျော်စဉ်းစားနေမိ တယ်။

ပိုက်ဆံအကြောင်း စကားစတော့ ရွှေရည် က မလိုဘူးပြောပေမယ့် ကျော်ကျော် ပေးချင်မိတယ်။ ကျော်ကျော့် စိတ်ထဲမှာ သေချာတာတခုရှိတယ်။ တကယ်လို့ ဒီငွေတွေ ကကျော်ကျော် ကိုယ်နဲ့ ရင်းပြီးရခဲ့တာတွေ ဆိုတာသာ ရွှေရည်သိရင် သူ့အတွက်အသက်လောက် ငွေလိုဦးတော့ အသေခံပြီး ဒီငွေကို ငြင်း မယ့် သူငယ်ချင်းဆိုတာပါပဲ။

“ငါ့ကိုကျတော့ ပြောတယ်၊ နင်ကျတော့ မစားဘဲ ဘာငိုင်နေတာလဲ”

ရွှေရည် သတိပေးလိုက်မှ ကျော်ကျော် သတိဝင်လာပြီး ထမင်းပေါင်း ကိုစစားတယ်။

“ကျော်ကျော် နင်ပိုက်ဆံ ရှိတယ်ဆိုတာ တကယ်နော်”

“အေးပေါ့၊ နင်လိုလို့လား”

“မဟုတ်ပါဘူး၊ ထမင်းပေါင်းဖိုးရှင်း ဖို့”

“ပါတယ်၊ ပြီးရင် အအေးပါတိုက်မယ်”

“ဒါဆိုလဲ ပြီးရော”

ထမင်းပေါင်းဆိုင်မှာ နောက်တော့ အအေးဆိုင်မှာ ကျော်ကျော် တို့အကြာကြီး ထိုင်ဖြစ်ကြတယ်။ စကားတွေ အများကြီးပြောဖြစ်ကြတယ်။ ကျော်ကျော် တို့တူတူနေခဲ့တုန်းက အကြောင်းတွေ၊ ကျော်ကျော် မရှိတော့တဲ့ အချိန် အဆောင်မှာ ဖြစ်ခဲ့သမျှ ကမောက်ကမအကြောင်းတွေ ရွှေရည်ကပြောပြတယ်။ ရွှေရည် ကိုပိုက်ဆံ ပေးချင်လို့စကားလမ်းကြောင်းရင်လည်း ရွှေရည်က စိတ်မဝင်စားဘဲ တခြား အကြောင်း ရောက်ရောက်သွားတာနဲ့ မပြောဖြစ်တော့ဘူး။ လကုန်တော့မှပဲ လခထုတ်လို့ ဆိုပြီး အဝတ်အစား တစုံ နှစ်စုံ လောက်လက်ဆောင် ဝယ်ပေးဖို့ ကျော်ကျော် စဉ်းစားလိုက်ရတယ်။ ပြန်ခါနီး ကျော် ကျော်က ရွှေရည် လိုအပ်ရင်ဆက်သွယ်လို့ရအောင် ဖုန်းနံပါတ်ရေးပေးတော့

“သုညကိုး ဆိုတော့ ဟန်းဖုန်းလား”

“အေး”

“နင့်သူငယ်ချင်း ဖုန်းပေါ့၊ နင်မရှိလဲ သူ့ကို မှာလို့ရတယ် မဟုတ်လား”

“သူ့ဖုန်းပေမယ့် ငါ ကိုင်ဖို့ပေးထားတယ်”

ရွှေရည်ပါးစပ် အဟောင်းသားဖြစ်နေတယ်။ ကျော်ကျော် က ဖုန်းကို အိတ်ထဲကနေထုတ်ပြလိုက်တော့

“တော်တော်ကောင်းတဲ့ သူငယ်ချင်းဟယ်၊ နင့်ကိုတော်တော်ခင်ပုံရတယ်၊”

“ငါ့မှာ သူ့ထက်ကောင်းတဲ့ သူငယ်ချင်း ရှိသေးတယ်”

“တယ်ဟုတ်ပါလား၊ အဲဒီတယောက်ကရော ဘယ်ကလဲ”

“နင်လေ”

“ဟာ ပေါက်ကရ”

“ပေါက်ကရမဟုတ်ပါဘူး ရွှေရည်ရယ်၊ ရှိတဲ့သူကရှိလို့ပေးတာ၊ ဒီအတွက်သူဘာမှ မဖြစ်ဘူး၊ နင်ကတော့ မရှိဘဲ နဲ့ နင်စားမယ့် ထဲက နေငါ့ကို ကျွေးခဲ့တာ၊ နင်က အကောင်းဆုံးပါ သူငယ်ချင်းရယ်”

ကျော်ကျော့် စကားကြောင့်ရွှေရည် စိတ်ထိခိုက်သွားပုံရတယ်။ မျက်ရည်လေးလည်ရင်း

“ဒါကတော့ သူငယ်ချင်းရယ်၊ ငါဒုက္ခရောက်နေလဲ နင်နေနိုင်မှာ မဟုတ်ပါဘူး၊ ဒီလိုပဲပေါ့ဟာ”

ရွှေရည်က ရန်ကုန်မှာ ကျော်ကျော် အရင်းနှီးဆုံး၊ အခင်မင်ရဆုံးနဲ့ သံယောဇဉ် အရှိဆုံး သူပါ။ လက်ရှိမှာ ကျော်ကျော်နဲ့ အနေအနီးဆုံး ဖြစ်တဲ့ ဦးအောင်ဘညိုကို တော့ ကျော်ကျော် ဘယ်လိုစာရင်းမှာ သွင်းရ မှန်း မသိဘူး။

“ငိုင်ပြီး ဘာတွေစဉ်းစားနေတာလဲ၊ ဆိုင်ရောက်ပြီလေ၊ ဆင်းကြမယ်”

ဦးအောင်ဘညို အသံကြောင့် ကျော်ကျော် မော့ကြည့်မိတယ်။ ဒီလူဟာ ငါ့ဘဝမှာ ဘယ်လိုနေရာမှာ ရှိသလဲလို့ ပထမဆုံးတွေးမိလာတယ်။

“သွားမယ်လေ၊ လာ”

ဒီဆိုင်ကို ဦးအောင်ဘညို နဲ့ တခေါက်ရောက်ဖူးတာမှတ်မိနေတယ်။ သီးသန့်ကာထားတဲ့ စားပွဲတလုံးမှာ ထိုင်မိကြတော့

“ဘာစားမလဲ”

“ဘာဖြစ်ဖြစ်ပါ”

အမှန်ကိုပြောရရင် ကျော်ကျော် နဲ့ ဒီလိုဆိုင်ဒီလို အစားအစာတွေဆိုတာက ပတ်ပတ်သက်သက်ရှိတာ မဟုတ်ဘူးလေ။ မီနူးစာရွက်မှာ ရေးထားတဲ့ ဟင်းက ဘယ်လိုမျိုးဆိုတာတောင် ကျော်ကျော် သိတာ မဟုတ် ဘူး။

“ထမင်းပဲ စားကြမယ်လေ”

“ရပါတယ်”

ဟင်းလေးငါးမျိုးလောက်အပြင် ကျော်ကျော့် အတွက်ဖျော်ရည် မှာပေးတယ်။ သူ့အတွက်တော့ ထုံးစံအတိုင်း အရက်ပေါ့။

“အရင် တနင်္ဂနွေနေ့က ကိုယ်ဝင်လာသေးတယ်၊ မတွေ့ဘူး”

“ဟုတ်တယ်၊ အဆောင်မှာတုန်းကတခန်းထဲတူတူ နေခဲ့တဲ့သူငယ်ချင်းဆီ သွားတာ”

“မိန်းကလေးလား”

မေးပြီးမှ သူ့ဟာသူသဘောကျသလိုပြုံးပြီး

“ဟုတ်ပါရဲ့ အဆောင်မှာတခန်းထဲ နေပါတယ် ဆိုမှ မိန်းကလေးပေါ့၊ ကိုယ်လဲ တခါတခါ ကျရင် အတွေးက ကြောင်ကြောင်သွားတယ်”

ဘာကြောင့်မှန်း မသိပါဘူး။ ကျော်ကျော် ဦးအောင်ဘညို ကို ရွှေရည်နဲ့ နေခဲ့တုန်းကအကြောင်းတွေ၊ကျော် ကျော့် ကိုရွှေရည်ဘယ်လို ခင်တာတွေ၊ ဘယ်လိုကူညီတာတွေ ပြောပြမိတယ်။ အရက်ခွက်ထဲက ရေခဲတုံး လေးတွေကို အသံမြည်အောင်လှုပ်ရင်းနဲ့ ဦးအောင်ဘညိုက ခပ်ပြုံးပြုံးလုပ်ရင်း

“ခါတိုင်းတော့ စကားကို မနည်းပြောယူရတယ်၊ အခု သူငယ်ချင်း အကြောင်းပြောတဲ့ အခါကျတော့ သာလိ ကာမလေးကျနေတာပဲ”

“အရမ်းခင်တာ”

ကျော်ကျော် နဲ့ ရွှေရည်က တယောက်အကြောင်းတယောက် အကုန်သိပြီး ညီအမလိုပါပဲ။ ဘယ်လောက်ထိ သိကြသလဲ ဆိုရင် တခါတလေ ရွှေရည်နဲ့ ကျော်ကျော် နှစ်ယောက်ထဲ စကားနိုင်လု အငြင်းအခုန်ဖြစ်တဲ့အ ခါ မျိုးဆိုရင် ရွှေရည် က ကျော်ကျော့် ကို မွှေးထူမ လို့စတတ်တယ်။ ဒီလောက် အထိတော့ ဦးအောင်ဘညိုကိုပြောပြမနေတော့ပါဘူး။ ထမင်းစားရင်း နဲ့ ဦးအောင်ဘညိုက ကျော်ကျော် အလုပ်ဝင်နေတဲ့ ကုမ္ပဏီ နဲ့ ပတ်သက်ပြီး သူသိသ လောက်ပြောပြတယ်။ လုပ်ငန်းတွေအကြောင်း၊ ဦးဆောင်နေတဲ့ လူကြီးတွေအကြောင်း နဲ့ အလားအလာ တွေ အပါအဝင်ပေါ့။

“အခုန မင်းသူငယ်ချင်းနဲ့ အဆင်ပြေတဲ့ အလုပ်ရှိရင်လည်း ပြောလေ၊ ကိုယ်ဦးစိန်လင်း ကိုပြောပေးမယ်၊ ဒါမှမဟုတ် ကိုယ့်ဆီမှာ ဆိုရင်တော့ အချိန်မရွေးပဲ၊ ”

“ဟင့် အင်း၊ ရပါတယ်”

“အရမ်းခင်တယ်ဆို၊ ငြင်းတာကလဲ မြန်လိုက်တာ”

ဦးအောင်ဘညို ဆီမှာ ရွှေရည့်ကို အလုပ်သွင်းဖို့တော့ ငြင်းကိုငြင်းရမယ်။ ကျော်ကျော် နဲ့ ဦးအောင်ဘညို ပတ်သက်မှု ကို ရွှေရည့်ကို မသိစေချင်ဘူး။ ဖြစ်နိုင်ရင် ကျော်ကျော် အခုလက်ရှိလုပ်နေတဲ့ ဆီကိုတော့ ခေါ် ချင်ပါတယ်။ ရွှေရည့် ရဲ့ပညာအရည်အချင်းနဲ့ လည်းကိုက်ညီပြီးတော့ ဝင်ငွေလည်း ကောင်းမယ့် အလုပ် မျိုးရှိရင်ပေါ့။

“သူနဲ့ မကိုက်မှာစိုးလို့ပါ”

“ကိုယ်လဲ ကိုယ်လုပ်ပေး နိုင်တာပြောတာပါ”

“ကျေးဇူးတင်ပါတယ်”

ဦးအောင်ဘညို တခုခု ကိုစဉ်းစားနေသလို ငြိမ်သွားတယ်။ ကျော်ကျော့် ကိုလည်း စကားပြောတော့ မလိုလို လုပ်ပြီးမှ မပြောတော့ပြန်ဘူး။ သူပေးလာတဲ့ အကူအညီကို ကျော်ကျော် လက်မခံလို့ အောင့်သက်သက် ဖြစ်သွားတယ်နဲ့ တူပါတယ်။ ကျော်ကျော့်ဖက်က အခြေအနေ ကိုပွင့်ပွင့်လင်းလင်း ရှင်းပြချင်ပေမယ့် ရှင်းဖို့မ ကောင်းဘူး ထင်တာနဲ့ ကျော်ကျော်လည်း နှုတ်ဆိတ်နေလိုက်တယ်။ ဦးအောင်ဘညို လည်း အစားစား လိုက် အရက်သောက်လိုက်နဲ့ စကားဝိုင်းက တိတ်ဆိတ်သွားတယ်။ ပြောရမယ်ဆိုရင် ဒါကမှ ပုံမှန်အတိုင်းဖြစ်မယ်ထင်တယ်။ အရင်ကဆိုလည်း ကျော်ကျော် နဲ့ ဦးအောင်ဘညို စကားသိပ်ပြောဖြစ်ကြတာမှ မဟုတ်တာ။ ကျော်ကျော် တို့ နှစ်ယောက်ရဲ့အချိန်အကြာဆုံးပတ်သက်မှု က လည်း အိပ်ယာပေါ်မှာ ပဲ ရှိတာမဟုတ်လား။

“တော်ပြီလား”

အစားပဲ ဖိစားရင်း ဗိုက်ဝသွားတဲ့ ကျော်ကျော်က ဇွန်းနဲ့ ခက်ရင်း ကို ချထားလိုက်ပြီး အအေးပဲ ထိုင် သောက် နေတော့ ဦးအောင်ဘညို မေးတယ်။

“ဟုတ်ကဲ့”

“ခန နော်၊ ကိုယ်နည်းနည်း စားလိုက်ဦးမယ်”

ခွက်ထဲက လက်ကျန်ကို တချက်ထဲ မော့လိုက်ပြီး အခုမှဦးအောင်ဘညို အစားကိုသေသေချာချာ စားတယ်။ စောစောက အစားနည်းနည်း သောက်တာက များများပဲ။ ကျော်ကျော့် ကိုအားနာလို့လား၊ မဆာတော့လို့ ပဲ လား မသိဘူး၊ သူ့ပန်းကန်ထဲမှာ ထည့်ထားသလောက်လေးကိုပဲ ကုန်အောင်စားပြီးပိုက်ဆံ ရှင်းဖို့လုပ် တယ်။ ကျော်ကျော် ကတော့ အေးအေးဆေးဆေးပါပဲ။ တယောက်ထဲ နေတဲ့ အိမ်ကို ဘယ်အချိန်ပြန်ပြန်ကျော်ကျော့် အတွက် မထူးဘူးလေ။ ငွေရှင်းပြီးတော့ ပြန်ကြဖို့ အထလိုက်မှာ ဦးအောင်ဘညို နည်းနည်းယိုင်သွားလို့ စားပွဲထိုးလေးက ထိန်းကိုင်လိုက်ရတယ်။

“ခြေချော်သွားတာ”

ကိုယ်ကိုပြန်မတ်ရင်း ကျော်ကျော့် ကိုလှမ်းပြောတယ်။ သူပြောတာဟုတ်မယ်ထင်ပါတယ်။ ကားဆီကို သွား တဲ့ လမ်းတလျှောက် အေးအေးဆေးဆေးပဲ။ ကျော်ကျော့် ကိုပြန်ပို့တော့လဲကားမောင်းတာ ဖြောင့်လို့။ မီးရောင်တွေလင်းလက်ခါ စ မှောင်ရီရီ ရန်ကုန်မြို့ကြီးကို ငေးရင်းကျော်ကျော် လိုက်လာတယ်။ ကားထဲမှာ မြင် ရသလောက် အလင်းရောင်နဲ့ ဦးအောင်ဘညို ကိုကြည့်မိတော့ သူ့အတွေးထဲမှာ သူပြန်နစ်နေသလို ပုံစံမျိုးဖြစ်နေပြန်တယ်။

ကားပေါ်က ဆင်းပြီးတော့ လှေခါးအတက်မှာ ဦးအောင်ဘညို တခါယိုင်သွားပြန်တယ်။ ကျော်ကျော့်ဖက်ကိုယိမ်းလာလို့ သူ့ကိုယ်လုံးကြီးလဲ မကျအောင်ကျော်ကျော်မနည်းတောင့်ခံလိုက်ရတယ်။ မနေသာတော့ တာ နဲ့ လက်မောင်းကနေ ထိန်းပေးရင်း

“နေမကောင်းဘူးလား”

“ကောင်းပါတယ်”

“ဘာဖြစ်လို့ ယိုင်ယိုင်သွားတာလဲ၊ ဆိုင်မှာလဲ တခါဖြစ်တယ်”

“မူးနေတာကိုး”

“အပေါ်တက်နိုင်ရဲ့လား”

“ကိုယ်ထိန်းနိုင်ပါတယ်၊ တခါတခါမှ လွတ်သွားတာ”

တကယ်လဲ သူထိန်းနိုင်ပါတယ်။ လှေခါးလက်တန်းတွေကို ကိုင်ပြီးတက်လာတော့လည်း ဘာမှ မဖြစ်သလိုပဲ။ ဒါပေမယ့် အခုနထက်စာရင်တော့ သူ့ပုံစံက မူးတဲ့ပုံနည်းနည်း ပိုတူလာတယ်။ ဦးအောင်ဘညို မသိအောင် ကျော်ကျော် သက်ပြင်းလေး မသိမသာချလိုက်မိတယ်။ ဦးအောင်ဘညိုယိမ်းယိုင်လောက်အောင်မူးတာ ကို သင်္ကြန်တုန်းကပဲ တခါမြင်ဖူးတယ်။ ခုဒီလိုမျိုး မူးတယ်ဆိုရင် ဒီညတော့ ကျော်ကျော် သက်သာဖို့ မရှိတော့ ဘူးလေ။ ဦးအောင်ဘညို က မမူးရင် ငြိမ်းအေး သလောက် မူးနေပြီဆိုရင် သူရဲစီးသလို မဟုတ်လား။ ဒါပေမယ့် ကြည့်ရတာ သိပ်အခြေအနေ ဆိုးပုံမရသေးဘူး။ ကျော်ကျော့် ကိုတံခါး ကူဖွင့်ပေးတယ်။

ပြန်ပိတ် ပေးတယ်။ ပြီးတော့ ဧည့်ခန်းထဲမှာ သွားထိုင်နေတယ်။ တော်သေးတာပေါ့။ ကျော်ကျော်က အိမ်ထဲရောက်တာ နဲ့ သူရဲမရဲစီးသလို အတင်းလုပ်တော့မှာကြောက်နေတာ။ ဦးအောင်ဘညို စိတ်ပါပြီဆိုရင် အရမ်းကြောက်ဖို့ ကောင်းတယ်လေ။ နောက်ဖေးခန်းမှာ ထမင်းဘူးနဲ့ ခြင်းတောင်းလေး သွားထားပြီး ပြန်ထွက်လာတော့ လှမ်းခေါ်တယ်။

“ခန လောက်စကားပြောရအောင်”

အလိုက်တသိနဲ့ ကျော်ကျော်သူ့ဘေးမှာဝင်ထိုင်ပေးလိုက်ပါတယ်။ စကားပြောချင်တယ် ဆိုလို့ပါ။ လူချင်း ကပ်ထိုင်လိုက်တော့ သူ့ဆီက အရက်နံ့ရတယ်။ တနေ့လုံးအလုပ်လုပ်လာတဲ့ ကျော်ကျော့်ဆီကတော့ သူလည်းချွေးနံ့တွေရနေမလားပဲ။ ကျော်ကျော့်ပုခုံးပေါ်ကျနေတဲ့ ဆံပင်တွေကို ဘေးဖယ်လိုက်ပြီး ပုခုံးကိုကိုင်လိုက်တယ်။

ကျော်ကျော် မော့ ကြည့်လိုက်တော့ ဦးအောင်ဘညို ကလည်းကျော်ကျော့် မျက်ဝန်းတွေထဲကို စိုက်ကြည့်နေတာတွေ့တော့ ကျော်ကျော် လှိုက်ကနဲ ရင်ခုန်သွားရတယ်။ ကမူးရှုးထိုးဖြစ်ပြန်ဦးတော့မလား လို့စိုးရိမ်နေမိတုန်းစားပွဲပေါ်မှာချထားတဲ့ ဦးအောင်ဘညို ဖုန်းက ထမြည်တယ်။ ကျော်ကျော့် ကို လွှတ်ပြီး ဖုန်းကောက်ယူလိုက်တယ်။ ပြီးတော့ဝရန်တာဖက်ကို သွားပြီး တံခါးကိုဖွင့်လိုက် တယ်။

“ဟုတ်တယ်၊ အိမ်မရောက်သေးဘူး၊ ခနလေး …ခနလေး”

ခပ်တိုးတိုးဖြေရင်း ဝရန်တာကို ထွက်သွားတယ်။ လက်တဖက်က ဖုန်းကိုင်ထားရင်း နောက်တဖက်က တံခါးကိုဖွင့်နေတာ အဆင်မပြေဘဲကြာနေလို့ သွားကူဖွင့်ပေးဖို့ ကျော်ကျော် စဉ်းစားလိုက်သေးပေမယ့် ကျော်ကျော့် ရှေ့မှာ ဖုန်းမပြောချင်လို့ ဝရန်တာထွက်သွားတာ သိနေတဲ့ အတွက်သွားမကူတော့ ဘူး၊ ကိုယ့်ဖာ သာပဲ အဝတ်အစားလဲ ဖို့ အခန်းထဲဝင်လာခဲ့တယ်။ တနေကုန်ဝတ်ထားလို့ ချွေးစိုနေတဲ့ အတွင်းခံတွေပါချွတ်ပစ်လိုက်ပြီး ရေချိုးခန်းမှာ မျက်နှာသွားသစ်တယ်။ ရုံးမဆင်းခင်ကလေးကမှ လိမ်းလာတဲ့ ခရင်ပတ်ဖ် တွေနဲ့ နှုတ်ခမ်းနီ လည်းဖျက်ရင်းပေါ့။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးပြန်ထွက်လာတဲ့ အထိဦးအောင်ဘညိုက တိုးတိုး တိုးတိုး နဲ့ ဖုန်းပြောနေတုန်းရှိသေးတယ်။

ကျော်ကျော် အဝတ်အစားလဲ ပြီး အိမ်ရှေ့ ပြန်ရောက်တော့လဲ မပြီးသေးဘူး။ ဒါကြောင့် မီးဖိုထဲ သွားပြီး မဆေးရသေးတဲ့ ထမင်းဘူးကို ဆေးလိုက်တယ်။ ညစာစားခဲ့ပြီဆိုတော့ ထမင်း ချက် စရာမလိုတော့ ဘူး။ ညစာအတွက် မနက်ကချန်ခဲ့တဲ့ကြက်သားဟင်းကိုတော့ မီးဖိုဖွင့်ပြီး ပြန်နွှေး ထား လိုက်တယ်။ မနက်ထမင်းဘူး ထည့်လို့ရတယ်လေ။ ဟင်းနွှေးထားတုန်း ဘာလုပ်ရင်ကောင်းမလဲ စဉ်း စားကြည့်လိုက်တော့ ရေခဲသေတ္တာထဲမှာ ပဲတောင့်ရှည်တစည်း ရှိတာသတိရပြီး မနက်ကျရင် ကြော်ထည့်သွားလို့ရအောင် အသင့်လုပ်ထားဖို့ စိတ်ကူးရလိုက်တယ်။ အဆင်သင့်လုပ်ထားရင် မနက်ကျတော့ ပူပူနွေးနွေးကြော်ပြီး ထည့်သွားရုံပဲလေ။

ပဲတောင့်ရှည်တစည်း ကလဲ လေးငါးခြောက်တောင့်ပဲပါတယ်။ ကျော်ကျော့် တယောက်စာတော့ ရပါတယ် လေ။ ပဲတောင့် ကို တလက်မလောက် အပိုင်းလေးတွေ ဖြစ်အောင် ချိုးနေတုန်းဦးအောင်ဘညို ဝင်လာတယ်။

“ဟင်းချက် မလို့လား”

“ဟင့်အင်း မနက်ကျမှ”

နွှေးထားတဲ့ ကြက်သားဟင်းအိုးက ဆီပြန်ပြီး အနံ့ထွက်လာလို့ မီးထပိတ်ပြီး ပြန်လှည့်လာတော့ ဦးအောင်ဘညို ပဲတောင့်တွေ ချိုးနေတယ်။ ချိုးထားတဲ့ အပိုင်းတွေကလည်း သူ့လက်ညိုးလောက်ရှိတယ်။ အရှည် ကြီးတွေ။

“တလက်မ လောက်ပဲ ဆိုရတယ်လေ”

“သိပါတယ်၊ မင်းပြန်ချိုးလို့ အဆင်ပြေအောင်လုပ်ပေးတာ”

ဖုန်းပြောလိုက်ရလို့ ဦးအောင်ဘညို ပိုမူးသွားတယ်ထင်တယ်။ သူ့ကိုကြည့်ရတာ ရီဝေေ၀ နဲ့တမျိုးပဲ။ ဘယ်သူဖုန်းဆက်တာလဲ လို့ မေးချင်စိတ်ကို ဖျောက်လိုက်ပြီး

“ခုနပြောစရာ ရှိတယ်ဆို”

“အင်း”

သူချိုးပေးထားတဲ့ အပိုင်းတွေကို သေးသေး ပြန်ချိုးရင်း စကားဆက်အလာကို ကျော်ကျော် စောင့်နေ မိတယ်။

“ဒီလိုလေ၊ ကိုယ်စဉ်းစားနေတာ”

စကားလုံးရွေးချယ်သလို ငြိမ်နေပြီးတော့မှ

“မင်းက သိပ်ပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တယ် မဟုတ်လား”

သူဘာကိုဆိုလိုချင်မှန်း မသိပေမယ့်

“ဒါကတော့ ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်ရမှာပေါ့၊ သူများခြေထောက်ပေါ်တက်ရပ်လို့မှမရတာ”

“ကိုယ်သိပါတယ်၊ အဲဒါကြောင့် အခုပြောနေတာ”

လက်ထဲက ပဲသီးတောင့်လေးကို ကျော်ကျော့် ရှေ့ကပန်းကန်ထဲကို ပြန်ချလိုက်ရင်း

“အခု မင်းကအလုပ်ရပြီ၊ ဝင်ငွေရပြီဆိုတော့ ဒီအိမ်မှာဆက်နေချင်မှ နေတော့မယ်လေ၊ ဒါကြောင့်”

ဦးအောင်ဘညို စကားမဆုံးခင် ကျော်ကျော် ဖြတ်ပြောလိုက်မိတယ်။

“ကျွန်မ ဘယ်နေ့ပြောင်းပေးရမလဲ”

“ဟာကွာ”

“အားနာစရာ မရှိပါဘူး”

“ကိုယ်ဒီလိုပြောချင်တာ မဟုတ်ဘူး၊ မင်းပြောင်းသွားမှာ စိုးလို့ ပြောနေတာ၊ မင်းကို မသွားစေချင်လို့ ပြောနေတာ”

ဦးအောင်ဘညို ထိုင်ရာကထရပ်ပြီးအော်ပြောလိုက်တယ်။

“ပြောင်းချင်တယ် လို့ဘာကြောင့်ထင်ရတာလဲ”

“မင်းသူငယ်ချင်း ရှိတဲ့ အဆောင်ကို ဘာဖြစ်လို့သွားရတာလဲ”

ဒါကြောင့် ရွှေရည်ဆီ သွားတဲ့အကြောင်းပြောပြမိတဲ့နောက်ဦးအောင်ဘညို ငြိမ်သွားတာပြန်သတိရမိတယ်။ သူစပြောလာလာချင်း ကျော်ကျော် ကိုယ်တိုင်လဲ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတာအမှန်ပါ။

“မတွေ့တာကြာလို့သွားတွေ့တာလေ၊ သူကလဲ အလုပ်ကူရှာပေးနေတော့ အလုပ်ရတဲ့ အကြောင်းသွား ပြောတာ”

“တကယ်လား”

“နေပါဦး၊ ညာပြောတော့ရော ဘာအကျိုးရှိမှာလဲ”

“မင်းအလုပ်ရပြီ ဆိုကထဲက ကိုယ်စိတ်ပူနေတာ၊ ပြောပေးမိတာ မှားပြီလားတောင်တွေးတယ်”

“ဒါဆိုလဲ မခန့် နဲ့တော့လို့ ပြန်ပြောလိုက်ပေါ့”

ဦးအောင်ဘညို ခေါင်းကိုသွက်သွက်ခါတယ်။

“မင်း အိမ်ထဲမှာ နေရတာပျင်းနေမှန်း ကိုယ်သိတာပဲ၊ အလုပ်အရမ်းလိုချင်နေတာလဲ သိနေတော့ ဒီလို ဘယ် ပြောရက်မလဲ”

ကျော်ကျော့်ရင်ထဲ နွေးကနဲဖြစ်သွားရတယ်။ သူဟာစိတ်ကောင်းရှိတဲ့ သူဆိုတာ အစောကြီးထဲက ကျော် ကျော် ရိပ်မိခဲ့တာ မမှားပါဘူး။ အိပ်ယာပေါ်မှာ ဂမူးရှုးထိုး နိုင်တတ်တာကလွဲရင်ပေါ့။

“အခု မင်းက အဆောင်ပြန်သွားတယ် ဆိုတော့ ကို စိတ်ညစ်ပြီး ခုန တော်တော်သောက်လိုက်မိတယ်”

ယောက်ျားတွေ စိတ်ညစ်ရင် ဒီလိုပဲတဲ့လား။ ဒါဆို သူနေ့တိုင်းသောက်နေတာ စိတ်ညစ်စရာ ရှိလို့ပေါ့။

“သွားမယ် ဆိုရင်ဒီလို အပြောတောင် မစောင့်ဘူး၊ ဘာမှ မပြောဘဲ ဒီအတိုင်းထွက်သွားမှာ”

ဦးအောင်ဘညို က ခုံချင်းနီးအောင်ကပ်လိုက်ရင်း

“ကိုယ်မင်းဆီ လာတိုင်းလမ်းမှာတွေးတာ အဲဒါပဲ”

“ဘာကိုလဲ”

“ကိုယ်ရောက်လာရင် မင်းရှိမှ ရှိပါမလားလို့”

သူကျော်ကျော့် ကို ဘယ်လိုနားလည်ထားမှန်း ကျော်ကျော် မတွေးတတ်တော့ဘူး။ ဒါပေမယ့် သူ ဘယ်လို ထင်ထင် အကြောင်းမဟုတ်တာကတော့ ကျော်ကျော်ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကိုသိပ်ပြီးနားလည် လှတာ မဟုတ်ဘူးလေ။ သူ့အမြင်နဲ့ ပတ်သက်ပြီးကျော်ကျော့် မှာ ဘာမှထင်မြင်ချက် ပေးစရာလည်း မရှိပါဘူး။

“ကျော်ကျော်”

“ရှင်”

“ဒါပြီးရင် ဘာလုပ်စရာ ရှိသေးလဲ”

“မရှိပါဘူး”

“ကိုရီးယားကား ကြည့်ဦးမလား”

“အချိန်တောင်လွန်နေပြီ။ မကြည့်တော့ပါဘူး”

ဦးအောင်ဘညို မျက်လုံးထဲမှာ အရောင်တမျိုးကို ကျော်ကျော်တွေ့တယ်။ လက်ကျန်ပဲသီးတောင့် ကိုဆက် ချိုးနေတဲ့ ကျော်ကျော့် လက်ကလေးတွေတုန်နေတာကို ကိုယ့်ဖာသာလဲ သိနေတယ်။ ပြီးသွားတော့ ပန်းကန် ကို ရေခဲသေတ္တာထဲ သွားထည့်လိုက်ပြီးကျော်ကျော် ရေခဲသေတ္တာ နားမှာပဲ ဆက်ရပ်နေမိတယ်။

“ပြီးပြီလားဟင်”

“ဟုတ်ကဲ့”

ထိုင်နေရာက ထလာပြီး ကျော်ကျော့်လက်ကို ဆွဲယူလိုက်တယ်။ ဦးအောင်ဘညို ရဲ့လက်တွေက ပူနွေးနေပြီး သူ့ရဲ့ဆုပ်ကိုင်မှုက တင်းကျပ်လွန်းတယ်။ သူဆွဲခေါ်ရာနောက်ကို လိုက်သွားတဲ့ ကျော်ကျော့်ခြေလှမ်းတွေ က တုန့်ဆိုင်းဆိုင်း ဖြစ်နေပေမယ့် နောက်မှာတော့ မကျန်ခဲ့ပါဘူး။အိပ်မက်ထဲမှာ လမ်းလျှောက်နေရသူ တယောက်လို ကျော်ကျော်ပါသွားတယ်။

..........................................

{ လူတိုင်း အရာရာကို ကြိုတင်တွက်ချက် မှန်းဆနိုင်မည် ဆိုလျှင် ကမ ္ဘာပေါ်တွင် ဗေဒင်ဆိုသည့် ပညာရပ် နှင့် ဗေဒင်ဆရာ ဆိုသည့်လူတန်းစားတရပ် ပေါ်ပေါက်လာမည် မဟုတ်ပေ။

မထင်တာဖြစ်တတ်ခြင်းသည် လောက၏ မထူးဆန်းသည့် ပင်ကိုယ်သဘာဝတရား တခုသာဖြစ်တော့၏။}

......................................................................................................

အခန်း (၂၁)

“အခု ကိုကို ဘာလုပ်နေလဲ”

“ထိုင်နေတယ်လေ”

“ဘယ်မှာလဲ”

“ခုံမှာ”

“အရက်သောက်ပြီးပြီလား”

“မသောက်ရသေးဘူး”

“မသောက်ရသေးဘူး ဆိုတော့ သောက်ဦးမယ်ဆိုတဲ့ သဘောပေါ့”

“အဲဒါတော့ ပြောလို့ မရသေးဘူး”

“အများကြီး မသောက်နဲ့နော်”

“အင်းပါ၊ တယောက်ထဲ ဆိုရင်တော့ သိပ်မသောက်ပါဘူး”

သိင်္ဂီ က စင်္ကာပူရောက်သည့်နေ့ကစပြီး နေ့တိုင်းတနေ့ မပျက်ဖုန်းဆက်သည်။ ပါသွားသည့် ပိုက်ဆံတွေ က ဖုန်းဖိုးနှင့် ကုန်နိုင်၏။ မဆက်ပါနှင့် လို့လည်းဦးအောင်ဘညိုမပြောရက်ပါ။ ပြောဖြစ်သည့် အကြောင်းအရာ တွေကလည်း ဘာမှ အရေးမကြီး ဟိုအကြောင်းဒီအကြောင်းတွေ လျှောက်ပြောနေခြင်းသာဖြစ်သည်။

“သိင်္ဂီ က လူနာမစောင့်ရဘူးလား”

“Nurse တွေရှိနေတာပဲ၊ သူများ က ရူပါ့ကို အဖေါ်လုပ်ပေးရုံပဲလေ၊ အားနေတာပေါ့”

“ဈေးဝယ်လိုက်လျှောက်လည်လိုက်ပေါ့ ဟုတ်လား”

“ကိုကို့ဖို့လည်းဝယ်ပါတယ်နော်၊ ပြန်လာရင်ကြည့်”

“ဘာတွေတုန်း”

“အစုံပဲ စိတ်ကူးတည့်ရာ လျှောက်ဝယ်တာ”

“ပိုက်ဆံ ကျန်သေးရဲ့လား ဖုန်းဖိုးတွေကလည်း ကုန်သေးတယ်”

ဖုန်းချချင်၍ ဦးအောင်ဘညို ဦးအောင်ဘညို စကားဦးသန်းလိုက်သည်။

“ဖုန်းဖိုးတော့ မပူနဲ့ သိင်္ဂီ ဖုန်းကဒ်တွေ အများကြီးရထားတယ်”

“ဘယ်က ရတာလဲ”

“လက်ဆောင်ပေါ့”

ယောက်ျားတယောက်သာဖြစ်ရပေမည်။ သိင်္ဂ ီ့ အစွမ်းအစကို ဦးအောင်ဘညို ယုံကြည်ပါ၏။ သိင်္ဂ ီ့ကို ဆိုလျှင် ယောက်ျားတွေက ကူညီချင်ကြသည်မှာ မဆန်းပါ။ မြန်မာနိုင်ငံ မှာဆိုလျှင်လည်း ရန်ကုန်မှာမန ္တလေးမှာ၊ မေမြို့မှာ၊ သိင်္ဂ ီ့ကို ကူညီဖို့ အဆင်သင့်ရှိနေကြသူတွေမနည်းပါ။ သိင်္ဂီ ကလည်း အခွင့်သင့် လျှင်၊ အကူအညီလိုလျှင် ယူလိုက်သည်။ ဘာအခွင့် အရေးမှတော့ ပြန်မပေး၊ ကြုံကြိုက်လျှင် မုန့်ဝယ်ကျွေး လိုက် တာမျိုးလောက်သာ ရှိ၏။ တခုလပ် ပေမယ့် သိက္ခာကို အပွန်းအပဲ့မရှိရအောင် နေတတ်သည်။ ဒါ ကြောင့်လည်း ပိုတန်ဖိုးတက်တာလို့ ဦးအောင်ဘညို ထင်၏။ မတောင်းဆိုပါဘဲနှင့် သိင်္ဂီ  အခွင့်အရေးတွေပေးခဲ့ သူမှာ ဦးအောင်ဘညို သာဖြစ်သည်။ 

သိင်္ဂီ သူ့ကိုချစ်သည် ဆိုသည်မှာ လိမ်ညာပြောခြင်း မဟုတ်၊အမှန်တရားတခုဟု ဦးအောင်ဘညို နားလည်ပါ၏။ ဖုန်းလှမ်းဆက်လျှင် အရက်သိပ်မသောက်ဖို့ပြောတတ်သော်လည်း မိန်းမကိစ္စ နှင့်ပတ်သက်ပြီးတားမြစ်တာမျိုး သိင်္ဂ ီမလုပ်ပါ။ ဦးအောင်ဘညို ကို ထိုကိစ္စ နှင့် ပတ်သက်လျှင်စိတ်ချ၏။ ထိုသို့ စိတ်ချကြောင်း ကို လည်း မကြာခန ထည့်ပြောတတ်သည်။ ဒီလို အခါကျလျှင်တော့ ဦးအောင်ဘညို မလုံမလဲ ခံစားရသည်။ သိင်္ဂ ီ မရှိသည့် အချိန်တွေမှာ ဦးအောင်ဘညို ကျော်ကျော့် ဆီ မကြာခန ဆိုသလိုရောက်နေတတ်သည် မဟုတ်ပါလား။

အလုပ်ဝင်သွားပြီးမှ ကျော်ကျော် ပိုလှလာသည်။ လူမြင်တင့် အောင်ပြင်ပြင်ဆင်ဆင် နေလာသည့် အတွက် ကြောင့်လည်း ဖြစ်သလို စိတ်ကြောင့်လည်း ပါသည်။

မျှော်လင့်ချက်မဲ့စွာဖြင့်အိမ်ထဲမှာ ပျင်းရိစွာနေရသည့် ကျော်ကျော် မဟုတ်တော့သောအခါ ရွှင်ရွှင်လန်းလန်းသွက်သွက်လက်လက် ဖြစ်လာသည်။ အရင်ကလို အေးစက်စက် နှင့် မှုံတေတေ ကျော်ကျော်မဟုတ်တော့ပါ။ ဦးအောင်ဘညို နှင့်ပင် အရင်လို မေးတခွန်း ဖြေ တခွန်း စကားပြောတာမျိုး မလုပ်တော့ဘဲ ပြောလိုက်ဆို လိုက် နှင့်တရင်းတနှီးပို ဖြစ်လာသည်။ ကျော်ကျော် အခုလို ပြောင်းလည်းသွားသည့် အတွက်ဦးအောင်ဘညို လည်းဝမ်းသာပါသည်။ လောင်းရိပ် သင့်ပန်းပွင့်လေး တပွင့် ကို သဘာဝအလင်းရောင်အောက်တွင် လန်းဆန်းစွာ မြင်ရသလို ရင်မှာဖြစ်ရသည်။

ကျော်ကျော့်၏ ပြောင်းလည်းလာမှုကြောင့် စိတ်ကျေနပ်ရသောလည်း အလုပ်မှာတော့ သိင်္ဂီ မရှိသည့် အ တွက်အနည်းငယ်တော့ ထိခိုက်ရသည်။ အစိုးရရုံးပိုင်းကိစ္စတွေမှာ အေးအေး ကိုလွှတ်လို့ရသော်လည်း သိင်္ဂ ီ့လောက်မပြီးပြတ်ပါ။ ပွဲလမ်းသဘင်တွေကလည်းရှိ၏။ အရင်က အလုပ်နှင့် မဆိုင်သော လူမှုရေးသက်သက်ဆိုလျှင် သိင်္ဂ ီနှင့်လွှဲထားလို့ရသည်။ အခုတော့ မျက်နှာနာစရာ မရှိအောင် မလွှဲသာသည့်အခါမျိုးဆိုလျှင် ဦးအောင်ဘညို ပြေးရ၏။ ထို့ကြောင့် ရုံး ပိုင်းမှာ အရှိန်ပျက်ရသည်။ ညနေခင်း ပွဲတွေဆိုလျှင်တော့အကြောင်းမဟုတ်ပါ။ အဖွဲ့တွေလည်း စုံတတ်သ ဖြင့် သောက်လိုက်စားလိုက်နှင့် အဆင်ပြေ၏။ ထိုနေ့ မျိုးဆိုလျှင် ကျော်ကျော့် ဆီ အရောက်နောက်ကျသည်။ အရောက်နောက်ကျတော့ ကျော်ကျော် အိပ်ရေးပျက်ရသည်။ မူးပြီးရောက်လာတတ်သော ဦးအောင်ဘညို ၏ ဆန္ဒကိုဖြည့်ရင်းညနက်မှ အိပ်ရပြီးမနက်ဆိုလျှင် ကပျာကသီ အလုပ်ထပြေးရသည်။ ဦးအောင်ဘညိုကတော့ ကိုယ့်အလုပ်ကို ဘယ်အချိန်သွားသွား ရသူဖြစ်၍အကြောင်းမဟုတ်သော်လည်း သူများလခစားဖြစ်သော ကျော်ကျော်ကနောက်ကျလို့မရ။ အလုပ်မသွားခင် ထမင်းဗူး ထည့်ဖို့လည်း ချက်ရပြုတ်ရသေး၏။

သို့တိုင်အောင် သူမဖက်က ဘာမှငြိုငြင်သည့် အမူအရာမပြပါ။ ထို့ ကြောင့် ဦးအောင်ဘညို တတ်နိုင်သလောက်ဆင်ခြင်သည်။ ရေချိန်ကိုက်သွားပြီဆို လျှင်တော့ထိန်းလို့ မရ၊ ကားက ကျော်ကျော့်အိမ်နားသို့တန်းရောက်တော့၏။

.........................................

“အရမ်းနုံးတာပဲ”

သန်းခေါင်ယံအချစ်ပွဲတခု အပြီးတွင် ခွေခွေလေးလဲနေသော ကျော်ကျော့်ကို ဘာဖြစ်လို့လဲ ဟုမေးမိသည့်အတွက်ကျော်ကပြောလိုက်ခြင်း ဖြစ်သည်။

“နေမကောင်းဘူးလား”

“ကောင်းပါတယ်၊ ဒါကဖြစ်နေကျပဲလေ”

ဦးအောင်ဘညို သဘောပေါက်သွားသည်။

“အိပ်လိုက်ရင်ကောင်းသွားမှာပေါ့”

“အင်း”

ဦးအောင်ဘညို ရင်ခွင်ကိုမှီရင်း ကျော်ကျော်အိပ်ပျော်သွား၏။ မနက်ကျတော့ အိပ်ရေးမဝသလို ရီဝေေ၀ ယိုင် တိုင်တိုင်လေးဖြင့် အလုပ်သွားဖို့ပြင်ဆင်နေသော ကျော်ကျော့်ကိုတွေ့ရသည်။

“အိပ်ရေးမဝလို့ထင်တယ်”

ကျော်ကျော် ကပြုံးလိုက်ရင်း

“ရေချိုးလိုက်ရင်လန်းသွားမှာပါ”

“အလုပ်ထဲမှာ လည်းငိုက်မနေနဲ့ဦး”

“မငိုက်ပါဘူး”

ကျော်ကျော် အိပ်ချင်ရင်တောင် ငိုက်မည်ဟု မထင်ပါ။ ကျော်ကျော် အလုပ်ကြိုးစားကြောင်း ကို ဦးစိန်လင်း ဆီကပြန်ကြားရသည်။

“ဒေါ်ခင်သိန်းရီ ကတော့ သဘောကျနေတယ်ဗျ၊ ကောင်မလေး ကြိုးစားတယ်လို့ပြောတယ်”

ဦးစိန်လင်းကလည်း ကိုယ်တိုင်မြင်သည်တော့ မဟုတ်၊ ဒေါ်ခင်သိန်းရီဆီက တဆင့်စကားကြားရခြင်း ကို ပြန် ပြောပြခြင်းဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ မိမိ လွှတ်လိုက်သည့် သူက အလုပ်ခွင်မှာ နာမည်ကောင်းရသည့် အ တွက်ဦးအောင်ဘညို လည်း ဦးစိန်လင်းကို မျက်နှာ ပူစရာမလိုတော့ပေ။ ကျော်ကျော့် ကို စိတ်ထဲ ကကြိတ် ပြီးချီးမွမ်းမိသည်။ မိမိ၏ အလုပ်အတွက်ကတော့ သိင်္ဂ ီ့ကို မျှော်မိ၏။ သိင်္ဂ ီ မရှိသည့်အတွက် တယောက်ထဲ ဟိုပြေးဒီပြေး ဖြစ်နေရသည် မဟုတ်ပါလား။ တခါတရံတော့ ဇနီးလုပ်သူ မသူဇာကို ဦးအောင်ဘညို မကျေမနပ်ဖြစ်မိသည်။ မသူဇာသည်လည်း ကုမ္ပဏီ၏ ဒါရိုတ်တာ တယောက်ဖြစ်ပါလျှက်နှင့် လင်ယောက်ျားကို မကူညီဘဲ တရားထိုင်ဖို့သာစိတ်ကူး နေသည့် အ တွက်ဖြစ်သည်။ မဟုတ်တာ မကောင်းတာလုပ်နေတာလည်း မဟုတ်၊ ကောင်းမှုကုသိုလ် လုပ်နေခြင်း ဖြစ်၍ပြောလည်းမပြောသာပေ။

တကယ်တန်းဆိုလျှင် မသူဇာက စီးပွားရေးအသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်း လာ သူဖြစ်သည်။ သူမ ကိုယ်ထဲမှာ ဦးအောင်ဘညို ထက်စီးပွားရေးသွေးပါသင့်၏။

သိင်္ဂီ တောင်မှ ခပ်ပေါ့ပေါ့ နေ ထိုင်ကြီးပြင်းခဲ့သူဖြစ်သော်ငြား တခါတရံ အတွေးအမြင်သိပ်မဆိုးသည် ကို ဦးအောင်ဘညို သတိထား မိ သည်။ သိင်္ဂ ီ မရှိ၍ ဦးအောင်ဘညို အလုပ်ပိုနေချိန်တွင် တိုက်ဆိုင်လှစွာ မသူဇာပြန်ရောက်လာသည်။ အိမ်မှာပြန် ရောက်နေကြောင်းကို ဖူးဖူးက ဖုန်းဆက်လှမ်းပြော၏။

“စောစော ပြန်ခဲ့နော် ဖေဖေ”

“အင်းပါသမီးရယ်”

ပြောသာပြောလိုက်ရသည် ဦးအောင်ဘညိုက ဦးမြင့်မောင်တို့အုပ်စု နှင့် ဒီညနေ ဂေါတ်ရိုက်ဖို့ ချိန်းထား ပြီး ဖြစ်သည်။ မလာတော့ ဟုပြောပြီးဖျက်လိုက်လျှင်ကောင်းမလားတွေးမိသေးသော်လည်း ရွဲ့ချင်စိတ်လေး ပေါ် လာသဖြင့် မဖျက်တော့။ မသူဇာလည်း တရားစခန်းတွေ အိမ်လုပ်၍ နေနေပြီး သူမ ပြန်ချင်သည့် အချိန်ပြန် လာသည်။ ထို့ကြောင့် မိမိ အနေဖြင့်လည်း မသူဇာပြန်ရောက်သည့် အတွက်စောစော ပြန်စရာမလို ပြန်ချင် သည့် အချိန်ပြန်ခွင့်ရှိသည်ဟု ဆုံးဖြတ်လိုက်ပြီး ပျော်ပျော်ကြီး ဂေါတ်ရိုက်လိုက်သွားသည်။ ဘုရားတရား လုပ်နေသူကို အရွဲ့တိုက်သလို လုပ်မိသည့် အတွက်လားမသိပါ၊ တညနေလုံးဦး အောင်ဘညို၏ ရိုက်ချက်တွေက လွဲချင်တိုင်းလွဲနေသည်။ ရိုက်ချက်အများဆုံးသူအဖြစ်ပွဲသိမ်းပြီးနောက် ကြိုတင်သဘော တူညီထားချက်အရ ဦးအောင်ဘညို ဒီညနေဝိုင်း၏ ဒကာလုပ်လိုက်ရ၏။

“ကိုအောင်ဘညို ကျွေးချင်လွန်းလို့ တမင်လျှော်တာလားဗျာ၊ ပါတကျင်းတောင် မရဘူး။ တမင်လုပ်နေသ လားအောက်မေ့ရတယ်”

“မဟုတ်ရပါဘူး ဆရာတို့ရယ်၊ ဒီနေ့မှ လက်ကိုကချာနေတာ၊ ဘာပဲဖြစ်ဖြစ်ဗျာ၊ ဘိတ်ချီးရတော့လဲ ကိုယ့် မိတ်ဆွေတွေကို ပြုစုခွင့်ရတာပေါ့”

“ခင်ဗျား အဲဒီလို ရိုတ်ချက်တွေ မကောင်းလို့ မသူဇာက တရားစခန်းမှာ သွားရှောင်နေတာဖြစ်မယ်”

“ဒီနေ့ ပြန်ရောက်နေတယ် တဲ့ဗျ၊ သမီးဖုန်းဆက်တယ်”

နဂိုကမှ ချွန်တတ်ကြပ်တတ် သူတွေဖြစ်ရာ မသူဇာပြန်ရောက်နေမှန်းသိသည် နှင့် ဦးအောင်ဘညို ကို မမူးမူးအောင် အတင်းဝိုင်းသောက်ခိုင်းကြ၏။ တရားထိုင်ရာမှ ပြန်လာသောဇနီးသည် နှင့် မူးရူးပြီးပြန်လာ သော ဦးအောင်ဘညိုတို့ မလွဲမသွေ နောင်ဂျိန်ပလေးကြတော့မည်ဟု တွေးပြီးတော့လည်း သူတို့ဖာသာ ကျေနပ်နေကြသည်။

တကယ်လည်း ဦးအောင်ဘညို တော်တော်လေးမူးသွားပါသည်။ သတိရှိသူဖြစ်၍ အမှားအယွင်းမရှိ အိမ် ကို ကားမောင်းပြီးပြန်သွားနိုင်၏။ ဖူးဖူးက အိမ်ဝမှလာကြိုရင်း နှုတ်ခမ်းလေးစူ၍

“စောစောပြန်လာပါဆို ဖေဖေကလဲ၊ ဟိုမှာပွမ်နေတယ်”

“ပွမ်ပွမ်ပေါ့။ ဘာဖြစ်လဲ”

“မေမေ အခုန ကစောင့်နေသေးတယ်၊ အခုတော့ အပေါ်တက်သွားပြီ”

ဦးအောင်ဘညို ရင်ကော့ပြီး အိမ်ပေါ်တက်ခဲ့သည်။ အခန်းထဲ ရောက်၍ အိတ်ကိုချပြီး အခန်းကူးတံခါး မှ ချောင်းကြည့်လိုက်ရာ ကုတင်ပေါ်မှာ လှဲရင်းစာဖတ်နေသော မသူဇာကို တွေ့လိုက်ရသည်။ မသူဇာ ကိုယ် ရည်စစ်သွားသည်။ သို့သော်လှမြဲလှနေဆဲပင်။

“ကိုအောင်ရောက်ပြီလား”

“အင်း”

ဦးအောင်ဘညိုကို မြင်သောအခါ မသူဇာ လှဲနေရာမှထလာသည်။ ဖတ်လက်စ စာအုပ်နှင့် မျက်မှန်ကို စားပွဲပေါ်လှမ်းတင်လိုက်သည်။

“နံလိုက်တာ”

လေအေးစက်တပ် အလုံခန်းထဲတွင် အရက်နံ့ကသိသာလွန်းနေ၏။

“ကိုယ်ရေသွားချိုးလိုက်ဦးမယ်”

“ဒီအချိန်ကြီးကျမှ ချိုးမနေပါနဲ့တော့၊ ကိုယ့်အသက်အရွယ်လဲကြည့်ပေါ့၊ လေဖြတ်နေဦးမယ်”

အောင့်သက်သက် ဖြစ်သွားသည့်စိတ်ကို ထိန်းလိုက်ရင်း

“ခနလေးပါ၊ ရေမချိုးပါဘူး”

ဦးအောင်ဘညို အခန်းပြန်ပြီးမျက်နှာသစ်လိုက်သည်။ အရက်နံ့သိပ်မနံစေရန်သွားတိုက်လိုက်၏။ ပြီး တော့ မှ အဝတ်အစားပါလဲပြီး မသူဇာဆီ ပြန်လာခဲ့သည်။

“မိုးချုပ်လိုက်တာ၊ ခါတိုင်းလဲ ဒီလိုပဲဆို၊ ဘယ်တွေလျှောက်သွားနေတာလဲ”

“ဂေါတ်ရိုတ်တယ်လေ၊ ကိုယ်ရှုံးတာနဲ့ ဒင်နာကျွေးလိုက်ရတယ်”

“ဘယ်သူတွေနဲ့လဲ”

“ကိုမြင့်မောင် တို့ ကိုပိုင်စိုးတို့နဲ့ပါ”

“ကိုအောင်က ဒီကြီးမိုက်ကြီးတွေနဲ့ သွားပေါင်းတာကိုး”

ဟိုလူတွေကြားလျှင်ဆွေ့ဆွေ့ခုန်ကြမည်ထင်သည်။

“ဒါကတော့ စီးပွားရေးအရလဲ ပတ်သက်နေတာကိုး၊ သူတို့က ပျော်တတ်တာသက်သက်ပါ၊ မကောင်းတဲ့ သူ တွေတော့ မဟုတ်ပါဘူး”

မသူဇာ နှာခေါင်းရှုံ့၏။

“ကဲပါလေ၊ ဒါတွေပြောမနေတော့ပါဘူး၊ သူတို့ဟာသူတို့ ဘယ်လိုနေနေပါ၊ သူတို့မိန်းမတွေနဲ့ ဆိုင်တဲ့ ကိစ္စပဲ၊ ကိုယ့်ယောက်ျားကို သောက်သောက်စားစား နဲ့ သူဇာမမြင်ချင်တာတော့ အမှန်ပဲ”

“ကိုယ်က သူဇာ့ယောက်ျားလား”

မသူဇာနှင့် အေးအေးဆေးဆေး စကားပြောမည်ဟု စိတ်ကူးထားပါလျှင် နှင့်လွှတ်ကနဲ ရိလိုက်မိသည်။

“ကိုအောင် ဘာကိုဆိုလိုတာလဲ”

“တယောက်ထဲ နေရတာကြာတော့လဲ ကိုယ့်ဟာကိုယ် ဘာကောင်မှန်းမသိလို့ မေးကြည့်တာပါ”

ဦးအောင်ဘညို မထူးဇာတ်ဆက်ခင်းရတော့သည်။ မသူဇာ ဦးအောင်ဘညို ကိုမော့ကြည့်သည်။ သူမ၏ အကြည့်တွေထဲမှာ စူးစမ်းမှုတွေပါ၏။

“သူဇာနဲ့ ကိုအောင် လင်မယားဆိုတာ တတိုင်းပြည်လုံးသိကြတာပဲ၊ သူဇာ အိမ်မှာမရှိတာ ကိုအောင် မကျေနပ်ဘူးလား”

“အမှန်အတိုင်းပြောရမလား”

“ပြော”

“တခါတခါတော့ စိတ်ညစ်တယ်”

“ကိုအောင်ရယ်”

သနားစရာလူတယောက်ကို ကြည့်သလိုအကြည့်မျိုးနှင့် ကြည့်လာသည့်အခါ ဦးအောင်ဘညို စိတ်တွေ မရိုးမရွဖြစ်လာသည်။ နင့်နင့်သီးသီး ပြောပစ်လိုက်ချင်သော်လည်း သူကိုယ်တိုင်က လူတဖက်သားကို မထောက် မညှာပြောတတ်သည့် အလေ့အထ မရှိသဖြင့် စကားလုံးတွေရှာမရပါ။

“သူဇာ အိမ်မှာမရှိဘူးဆိုတာက မဟုတ်တာ မကောင်းတာ လျှောက်လုပ်နေတာမှ မဟုတ်ပဲ၊ ဘုရားအလုပ် တရား အလုပ်လုပ်နေတယ် ဆိုတာလူတိုင်းသိတယ်၊ ဘယ်သူမှ သူဇာ့ကို အပြစ်မမြင်ဘူး၊ ကိုအောင် တ ယောက်ပဲ”

“ကိုယ်က ဘုရားမသိ၊ တရားမသိ တဲ့ အကုသိုလ်ကောင်လို့ သူဇာဆိုလိုချင်တာလား”

“သူဇာ အဲဒီလို မပြောပါဘူး၊ ကိုအောင်အခု အရက်သောက်လာတယ်၊ ဒါပေမယ့် ကိုအောင်ဟာ အရက် သောက်တာကို မကောင်းမှန်း မသိတဲ့သူတယောက်မဟုတ်ဘူး ဆိုတာသူဇာယုံတယ်၊ ဒါလောက်ပါပဲ”

“ဟုတ်တယ်၊ မကောင်းမှန်းသိတယ်၊ ဒါပေမယ့် သောက်ချင်လို့ကိုသောက်တယ်၊ ဘာဖြစ်လို့သောက် ချင် တာလဲ ဆိုတော့ မကောင်းမှန်းသိလို့ သောက်ချင်တာ”

“မကောင်းမှန်းသိရက်သားနဲ့တော့ဘာလို့သောက်ချင်ရတာလဲ၊ အဲဒီမှာ ထဲက ကိုအောင်လွဲနေပြီ”

“လွဲလဲ အကြောင်း မဟုတ်ဘူး၊ လောကကြီးမှာ ကိုယ်တယောက်ထဲ လွဲနေတာမဟုတ်ဘူး၊ လွဲနေတဲ့ သူတွေ အများကြီး၊ တချို့ဆို လွဲနေတာကို အမှန်ထင်ပြီး ဆက်လွဲနေတာရှိတယ်၊ ကိုယ်ကတော့ လွဲတာကို လွဲမှန်း သိသိနဲ့ကို လွဲပစ်တာ”

“ကိုအောင် သိပ်မူးနေပြီထင်တယ်၊ ပြန်အိပ်တော့”

“ဟာ … ဘာလို့ အိပ်ရမှာလဲ၊ ကိုယ့်ရဲ့မိန်းမ ပါဆိုတဲ့ မိန်းမ နဲ့ ရှားရှားပါးပါး တွေ့ရတဲ့ အချိန်မှာ အိပ်လို့ ဘယ်ဖြစ်ဦးမလဲ”

“သူဇာ ရှိနေဦးမှာပါ၊ ကိုအောင်သူဇာ့ကို ပြောစရာရှိရင်နောက်နေ့မှပြောတော့၊ ကိုအောင်မမူးတဲ့ အချိန်ပေါ့”

“ကိုယ့် မှာ မမူးတဲ့ အချိန်ဆိုလို့ မနက်အိပ်ယာထတဲ့ အချိန်ရယ်၊ အလုပ်ချိန်ရယ်ပဲ ရှိတယ်”

ပြောရင်းပြောရင်း အရှိန်ရလာပြီဖြစ်ရာ ဦးအောင်ဘညို ကိုယ့်ကိုယ်ကို ထိန်းမရတော့။

“နောက်နေ့တွေလဲ သောက်မှာပဲလား”

“သောက်မှာပေါ့”

“သူဇာ အိမ်မှာ ရှိတဲ့ အချိန်တောင် မရှောင်နိုင်တော့ဘူးလား၊ မသောက်ရမနေနိုင်အောင် ဖြစ်နေပြီလား”

“သူဇာက မသောက်စေချင်ဘူးလား”

“ကိုယ့်ယောက်ျား အရက်သောက်တာကို သဘောကျတဲ့ မိန်းမတော့ မရှိဘူးထင်ပါတယ်”

“ဒါပေမယ့် သူဇာ၊ ကိုယ်တို့ညှိကြရအောင်”

“ဘာကိုလဲ”

“သူဇာ အိမ်မှာမနေတာ၊ တရားရိပ်သာမှာချည်းပဲ သွားနေ နေတာ ကိုယ်လုံး၀ မကန့်ကွက်ခဲ့ဘူးနော်….”

“ဒါက …”

“နေဦး ကိုယ့်စကားမဆုံးသေးဘူး၊ကိုယ်သူဇာ့ကိုမကန့်ကွက်သလို သူဇာကလည်းကိုယ့်ကိုမကန့်ကွက်ပါနဲ့”

“မဆိုင်ဘူးလေ”

“ဆိုင်ဆိုင် မဆိုင်ဆိုင်ကွာ၊ ကိုယ်သူဇာ့ ကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံထဲကိုမသွင်းခဲ့ဘူး၊ ဒီတော့ သူဇာက လည်း ကိုယ့်ကို သူဇာဖြစ်စေချင်သလို မလုပ်ခိုင်းပါနဲ့”

မသူဇာအံ့သြတကြီးဖြင့် ဦးအောင်ဘညို ကိုကြည့်နေသည်။ ဦးအောင်ဘညို ဒီလိုတွေပြောလာလိမ့်မည်ဟု ထင်ထားပုံမရပါ။ ဦးအောင်ဘညို ကိုယ်တိုင်လည်းကိုယ့်ကိုယ်ကိုအံ့သြနေမိသည်။ မည်သို့ဖြစ်စေ ဒီည တော့လုပ်ချင်ရာလုပ်ခွင့် ပါမစ်ကိုရအောင်ယူမည် ဟုဆုံးဖြတ်လိုက်၏။ မသူဇာ မရှိခင် တလျှောက်လုံးလည်းဦးအောင်ဘညို လုပ်ချင်ရာလုပ်ခဲ့သည်ပင်။ သို့သော် မသူဇာ၏ လက်လျှော့ခြင်းကို အောင်မြင်မှုတရပ် အဖြစ် ဦးအောင်ဘညို ယူဆ၏။

“သူဇာ စကားလည်းမကပ်ချင်ပါဘူး၊ ကိုအောင့်ကို လည်းပုံစံမသွင်းချင်ပါဘူး၊ ဒါပေမယ့် သူဇာတို့က လင်မ ယားတွေလေ၊ ဒါလောက်လေး ပြောခွင့်မရှိဘူးလား”

“တို့ကလင်မယားတွေလား၊ လင်မယား ပေမယ့် လင်မယားနဲ့ မတူတာဘယ်လောက်ကြာပြီလဲ၊ လင်မယား လို မနေတာ ဘယ်လောက်ကြာပြီလဲ”

မီးရောင်အောက်မှာ မသူဇာမျက်နှာ နီမြန်းသွားတာကို ဦးအောင်ဘညို သေသေချာချာ မြင်လိုက်ရသည်။

“သူဇာတို့ အသက်အရွယ်မှာ ဒီလိုကိစ္စတွေရှိဖို့ လိုသေးလို့လားကိုအောင်၊ ကလေးတွေတောင် ဘယ်အရွယ်ရောက်ကြပြီလဲ၊ နေပါဦး ကိုအောင့်မှာ ဒီစိတ်တွေရှိသေးတယ်လား”

ထိုစကားက ချက်ကောင်းကို တိုက်ရိုက်ထိ၏။

“ရှိတော့ ဘာဖြစ်လဲ၊ ရှိရက်နဲ့ မရှိချင်ယောင်တော့ မဆောင်ချင်ဘူး”

“ဒါတွေဘာမှ မဟုတ်ဘူး ဆိုတာ ဒီအချိန်ရောက်တာတောင် ကိုအောင် မသိသေးဘူးလား”

မသူဇာ ပြောလိုက်တိုင်း ဦးအောင်ဘညို ပျော့ကွက်ကို ဖိချသလိုဖြစ်ဖြစ်နေသည်။

“သူဇာ့မှာရော မရှိတော့ဘူးလို့ သူဇာထင်သလား၊ သူဇာ့ အသက်ဘယ်လောက်ရှိသေးလို့လဲ”

“သူဇာ နဲ့သက်တူရွယ်တူ တခြားမိန်းမ တွေမှာတော့ ရှိချင်ရှိမယ်၊ဘာမှ မပြောလိုဘူး၊ ဒါပေမယ့် သူဇာ့မှာ ဒီလို စိတ်တွေ မရှိတော့တာကြာပြီ”

“ဟား ဟား၊ ဒါဆိုရင် တရားစခန်းကပြန်လာပြီး လက်သဲသွားပြင်တာဘယ်သူလဲ၊ spa ခနခနသွားတတ်တာ ဘယ်သူလဲ”

“အဲဒါနဲ့ ဘာဆိုင်လဲ၊ မဆိုင်တာတွေ မပြောပါနဲ့ ကိုအောင်”

“ဘာလို့ မဆိုင်ရမှာလဲ၊ တရားသဘောအရ အပုတ်ကောင်ပါလို့ တစာစာပြောနေတဲ့ ဒီကိုယ်ကြီးကို ဘယ်မှာ ပြင်ဖို့သဖို့လိုလို့လဲ၊ ဒါကိုလုပ်နေတယ် ဆိုထဲက အပြောတခြားအလုပ်တခြား ဖြစ်နေပြီ”

တချိန်လုံး အေးအေးငြိမ်ငြိမ်ပြောနေခဲ့သော မသူဇာလှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ဦးအောင်ဘညို ကျေနပ်သွား၏။

“ကိုအောင် ဒီလို ကိုယ့်စိတ်နဲ့ နှိုင်းပြီး မရိုင်းပါနဲ့”

“ကိုယ့်စိတ်ဟုတ်လား၊ ကိုယ့်စိတ်ကဘယ်လိုဆိုတာ သိလို့လား”

“သိတာပေါ့၊ ရှင်းနေတာပဲ”

“ဒါဆိုလဲ ပြီးရောလေ”

ရုတ်တရက် ဦးအောင်ဘညိုက မသူဇာကို ခုန်အုပ်လိုက်သည်။ အငိုက်မိသွားသော မသူဇာ မရှောင်နိုင်တော့ဘဲ ကုတင်ပေါ်နောက်ပြန်လဲကျသွား၏။ လဲကျရာမှ ပြန်ထလို့လည်း မရတော့ပါ။ ဦးအောင်ဘညိုက သူ့ ကိုယ်လုံးကြီးဖြင့် တက်ဖိထားသည်။

“ကိုအောင်၊ ကိုအောင်၊ မမိုက်ရိုင်းနဲ့နော်”

“ဒါမိုက်ရိုင်းတာ မဟုတ်ဘူး၊ သူဇာပဲ အခုနပြောတယ် သူဇာက ကိုယ့်မယားဆို၊ ကိုယ့်မယားကိုယ်လုပ်တာ ဘာဖြစ်လဲ”

မူလက ဦးအောင်ဘညို ဒီလောက်အထိမရည်ရွယ်ပါ။ သို့သော် မမိုက်ရိုင်းနဲ့ ဆိုသည့်စကားက ဦးအောင်ဘညို စိတ်ကို ဆွပေးလိုက်သလိုဖြစ်သွားသည်။ 

မသူဇာ ခွန်အားရှိသလောက်ရုန်းကန်ပါသည်။ သို့သော် ယောက်ျားနှင့် မိန်းမ အင်အားချင်းကွာ ခြားသည့်အပြင် ဦးအောင်ဘညိုကလည်း သရဲစီးသလို သန်ချင်တိုင်း သန်နေရာ ဘယ်လိုမှတွန်းဖယ်လို့မရနိုင်တော့။


အပိုင်း (၁၃) ဆက်ရန် >>>


Print Friendly and PDF

No comments:

Post a Comment