Tuesday, June 12, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၀)

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၀)

ဂျင်ကလိ ရေးသည်။

အဝတ်မဲ့ ခန္ဒာကိုယ် နှစ်ခု အချင်းချင်း စိုက်ကြည့်နေမိကြသည်။ ကိုကို့အောက်ပိုင်းကိုတော့ သိင်္ဂီ မကြည့်ရဲပါ။ ကြည့်လိုက်သည်နှင့် ရင်တွေ တဒိန်းဒိန်းခုန်လာလို့ မျက်နှာကိုပဲ ရှက်ရှက်နှင့် မော့ကြည့်မိသည်။ ကိုကို က သိင်္ဂ ီ့ကို လှမ်းဖက်လိုက်ပြီးနောက် နှစ်ယောက်ထပ်လျှက် အိပ်ယာပေါ်လဲကျသွားတော့သည်။ သိင်္ဂ ီ့ ၏ဗိုက်သားပြင်အောက်တွင် မာကျောပူနွေးသည့် အရာတခုက နှစ်ယောက်ကြားမှာ ညပ်နေသည်။ ထိုအရာက သွေးခုန် နှုံးနှင့် အတူ ဆတ်ကနဲဆတ်ကနဲ တုန်နေတာကိုယ်တောင် သိင်္ဂ ီ ခံစားလို့ရသည်။

“ဘာဖြစ်မှန်းတောင် မသိပါဘူး ကိုကိုရယ်”

ပြောပြောဆိုဆို သိင်္ဂီ နမ်းလိုက်တော့ ကိုကိုက သိင်္ဂ ီ့ကို ခပ်တင်းတင်းဖက်သည်။ အိပ်ယာပေါ်လဲကျသွား ချိန် မှာ မမျှော်လင့်ဘဲ နှင့် ကိုကို ကအောက်က သိင်္ဂ ီက အပေါ်ကဖြစ်သွားသည်။ ဗိုက်သား နှင့်ဆီးခုံ တဝိုက်မှာ တဆတ်ဆတ်တုန်ခါနေသော အရာကြောင့် သိင်္ဂ ီ တည်ငြိမ် အောင်နေလို့မရတော့ပါ။ ကြွက်သားတွေ နဲ့ ကိုကို့ရင်အုပ် ကျယ်ကျယ် ကြီးကို လက်နဲ့တွန်းပြီး ထလိုက်သည်။ ကိုကို့ကို ခွပြီးတင်ပါးလေးကို အပေါ်ပင့်လိုက်မိ၏။ သံမဏိလို မာကျောနေပေမယ့် နူးညံ့တဲ့ အထိအတွေ့ရှိတဲ့ ကိုကို့ဟာကြီးကို လက်နုနုလေးတွေနဲ့ ဖမ်းဆုပ်ထိန်းလိုက်ပြီး သူသွားရမယ့် လမ်းကြောင်းထဲ ထိုးထည့်လိုက်မိ၏။

“တယောက်တလှည့်နော်၊ သူတယောက်ထဲ မောနေတာ မကြည့်ရက်လို့” ရှက်ပြုံးလေးနဲ့ ပြောရင်း တင်ပါးကို အောက်သို့ဖိချလိုက်သည်။

“အင့် ”

ကိုယ့်အရှိန်နဲ့ကိုယ် သိင်္ဂီ အင့်ကနဲအော်လိုက်မိ၏။ ဒါပေမယ့် နောက်အချက် နောက် အချက်တွေမှာတော့ အဆင်ပြေသွားသည်။ မတွေ့ခဲ့ရတဲ့ ရက်တွေအတွက် အတိုးချပြီး သိင်္ဂီ ခပ်သွက်သွက်လေး လုပ်ပေးနေမိသည်။ ကိုကိုတော့ ဘယ်လိုနေမည် မသိ သိင်္ဂီ ကတော့ ခနလေး အတွင်းမှာပင် လောကကြီးကို မေ့ချင်ချင်ဖြစ်သွားပါသည်။ သူက မတောင်းဆိုပါပဲနဲ့ ကိုယ့်ဖာသာလုပ်ပေးမိသည့် အတွက် ရှက်စရာလို့လည်း မတွေး မိတော့ပါ။ ကိုယ်ချစ်တဲ့ သူကို ချစ်လို့ ဒီလိုလုပ်ပေးနေရတာ ကိုပဲ သိင်္ဂီ ကျေနပ်နေမိသည်။ တဖြည်းဖြည်း နဲ့မောလာပေမယ့် စိတ်ကိုတင်းပြီးဆက်လုပ်သည်။ ပို၍ပို၍ ဈာန်ဝင်သွားတဲ့ အခါ မောတယ်ပန်းတယ် လို့လည်း သိင်္ဂ ီ မထင်မိတော့။ သိင်္ဂ ီ့ ပုခုံးကို လှမ်းကိုင်တဲ့ ကိုကို့လက်မောင်းတွေကို လက်နဲ့ဆွဲအားယူပြီး လုပ်ရတာ ပိုပြီးတော့တောင်ကောင်းလာ သလိုလို ခံစားရသည်။

“ဖြေးဖြေးပေါ့ သိင်္ဂ ီရယ်”

ကိုကို့လက်မောင်းသားတွေထဲကို လက်သဲတွေစိုက်ဝင်တော့ မလောက်အထိအောင်အားယူပြီး လုပ်နေလို့ကိုကိုကတောင် ပြန်တားရသည်။

“သိင်္ဂ ီ ပြီးတော့မယ် ကိုကိုရဲ့”

သိင်္ဂ ီ့ တကိုယ်လုံးမှာ အချစ်၏ အာနိသင်တွေက ပျံ့နှံ့ တိုးဝှေ့နေကြပြီ။ မကြာခင်ပေါက်ကွဲထွက်တော့မယ်ဆိုတာကို သိင်္ဂ ီ အလိုလိုသိနေ၏။ ကိုကို ကတော့ ပြီးဦးမည် မဟုတ်ပါ။

“အဲဒါ ကိုကို့ကို ချစ်လို့သိလား၊ ချစ်လို့”

အဖျားတက်နေသူတယောက် ကယောင်ကတမ်းတွေ ပြောသလို သိင်္ဂ ီပြောနေမိသည်။ အချစ်ဖျားသည် သာမန် အဖျားထက် ပြင်းထန်၏။ ပိုပြီး ရူးရူးမူးမူး ဖြစ်စေသည်။ သိင်္ဂ ီကတော့ ကိုယ့်ကိုယ်ကို ရူးနေသလား မူးနေသလားသတိမထားမိနိုင်တော့ပါ။ ဒီဂရီ အမြင့်ဆုံးအထိ ထိုးတက် သွား ပြီးနောက် ကိုကို့ ကိုယ်ပေါ်ကိုအရုပ်ကြိုးပြတ် လဲကျသွားတော့သည်။

“ကိုကို့ကို သိင်္ဂ ီ အရမ်းချစ်တယ်”

ပါးချင်းအပ်ပြီး နွမ်းနယ်စွာ ပြောမိတော့ ကိုကိုက သိင်္ဂ ီ့ကို ညင်သာစွာထွေးပွေ့လိုက်ပါသည်။ ကိုကို မပြီး သေး လို့ သိင်္ဂ ီတို့ အချစ်ပွဲစဉ်က မပြီးသေးပါ။ ကိုကိုက ပြန်ပြီး သိင်္ဂ ီ့ကိုချစ်မယ့် အလှည့်ကို သိင်္ဂ ီရင်ခုန်စွာ စောင့်မျှော်နေမိ၏။ကိုကို ကလည်း စိတ်အရမ်းထက်သန်နေပြီ မို့ အချိန် မဖြုန်းပါ။

“သူများ ကိုကို နဲ့ပတ်သက်လို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး၊ သိလားကိုကို”  ကိုကိုပေးလာသည့် အချစ်တွေကို မက်မောစွာခံယူရင်း သိင်္ဂီ  ပြောလိုက်မိ၏။

..............................................

{ရင်ဆိုင်ရဲခြင်းသည် သတ္တိဖြစ်၏။ အမှန်တရားအတွက်ရင်ဆိုင်ရဲ သူသည် ပိုပြီး သတ္တိရှိသူဖြစ်သည်။မိမိကိုယ်ကို အမှန်တရားအတွက် ရင်ဆိုင်သူကား အရဲရင့်ဆုံးဖြစ်သည်။ သို့သော် ကြီးမြတ်သူတို့ သာကျင့် နိုင်သည့် တရားဖြစ်၏။}

...................................

အခန်း (၁၅)

ကားမောင်းနေရင်း ဖုန်းမြည်လာသည်။ ထင်သည့် အတိုင်း သိင်္ဂီ ဖြစ်နေ၏။

“ကိုကို ဒီနေ့ ဘယ်သွားဖို့ ရှိလဲ”

“မရှိပါဘူး၊ ဘာဖြစ်လို့လဲ”

“သိင်္ဂ ီ နောက်ကျမယ်လေ၊ မလာဖြစ်ချင်လဲ မလာဖြစ်တော့ဘူး”

“ဟုတ်လား ဘယ်သွားမလို့လဲ”

စိတ်ပေါ့ပါးသလိုဖြစ်သွားသော မိမိကိုယ်ကို ဦးအောင်ဘညို စိတ်ထဲက ကျိန်ဆဲရင်းပြန်မေးလိုက်မိသည်။

“မေမြို့က ရူပါရောက်နေတယ်၊ သူ့အမေ နေမကောင်းလို့”

ရူပါကို ဦးအောင်ဘညို သိပါသည်။ မသူဇာ နှင့်လည်းရင်း နှီး၏။ သိင်္ဂ ီ၏ ဒုတိယမိသားစုလို့ ဆိုရအောင် ရင်း နှီးကြသူတွေ ဖြစ်သည်။ မေမြို့မှာ သိင်္ဂ ီ့ကိုယ်ပိုင်အိမ်ရှိသော်လည်း ရူပါတို့ အိမ်မှာသာ သိင်္ဂ ီနေသည်။ ယောက်ျား နှင့်ကွဲပြီးကထဲက သိင်္ဂ ီ သူတို့ အိမ်သားဖြစ်ခဲ့သည်။

“ဟုတ်လား၊ ဆေးကုဖို့လား”

“အင်း … စင်္ကာပူ သွားမှာ၊ သိင်္ဂ ီ လိုက်လုပ်ပေးလိုက်ဦးမယ်”

ဒီအကြောင်း တလောက သိင်္ဂ ီ ပြောဖူးသလိုလို ရှိသည်။ အခု ရောက်နေပြီဖြစ်ရာ သိင်္ဂ ီ အလုပ်များဖို့ရှိပါ သည်။ ဆွေမျိုးပမာ နေသူတွေ မဟုတ်ပါလား။

“သိင်္ဂ ီ လိုက်သွားဦးမှာလား”

ရင်းနှီးမှု အတိုင်းအတာအရ သိင်္ဂ ီ လိုက်သွားမည်ဆိုလည်း မဆန်းပါ။

“အစကတော့ လိုက်သွား မလို့ပါပဲ၊ ခုတော့ မလိုက်ဖြစ်တော့ ဘူး၊ ရူပါလည်းပါတာပဲ၊ ဟိုမှာလုပ်စရာမရှိဘဲ လျှောက်လည် နေတာပဲ အဖတ်တင်မယ်၊ ပြီးတော့ …. ဟဲဟဲ”

“ဘာဖြစ်လို့ ရယ်တာလဲ”

“ကိုကို နဲ့လဲ မခွဲနိုင်ဘူးလေ”

ဦးအောင်ဘညို သက်ပြင်းကိုသာ ချလိုက်မိပါသည်။

“ကဲ တာ့တာ၊ ညနေမှ တွေ့မယ်”

သိင်္ဂ ီ ဖုန်းချသွားသည်။ ရုံးရောက်တော့ မနက်ပိုင်း လုပ်စရာရှိတာလေးတွေ လုပ်နေစဉ်မှာပင် မမျှော်လင့်ဘဲသိင်္ဂ ီ ရောက်လာသည်။ သူမ၏ သူငယ်ချင်း ရူပါခေါ် နန်းရူပါဝင်းလဲပါလာသည်။

“မလာဘူးဆို”

“လမ်းကြုံ လို့ဝင်လာတာ”

“ရူပါ ထိုင်လေ”

ရူပါ က ဝင်ထိုင်လိုက်ရင်း

“သူရုံးထိုင်နေတဲ့ ကုမ္ပဏီ လိုက်ကြည့် ဆိုပြီး ခေါ်လာတာ အကိုကြီးရေ”

“ဟုတ်လား၊ အမှန်တော့ သူက ဘာမှ မလုပ်ပါဘူး၊ ပွဲတွေလိုက်စားတာပဲ”

“ပြောတယ် အကိုကြီး၊ အစားလွန်ပြီး ဝိတ်တက်မှာ စိုးလို့ လျှော့နေရတယ် ပြောတာပဲ”

“ဒေါ်လေး အတွက်ဘာလိုသေးလဲ၊ လိုတာရှိပြောနော်၊ ကိုယ်ဘာတတ်နိုင်တာရှိလဲ”

“အဆင်ပြေပါတယ် အကိုကြီး၊ အေဂျင်စီ တခုနဲ့ ချိတ်ထားတာ အဆင်ပြေပါတယ်၊ ”

ဦးအောင်ဘညို က တခုခု နှင့် ဧည့်ခံဖို့ လုပ်သော်လည်း သိင်္ဂ ီက ဖင်တကြွကြွ နှင့်ပြန်ချင်နေပုံရသည်။ လာတုန်းက လာပြီး အခုမှ ပြန်ချင်သလိုဖြစ်နေသော သိင်္ဂ ီ့ကို နားမလည်ပါ။ သိင်္ဂ ီက ပြန်ချင်နေသော ကြောင့် ရူပါလည်းထလိုက်သည်။

“ပြန်တော့ မှာလား၊”

“ဟုတ်တယ် အကိုကြီးရေ၊ အရင်ကတော့ ဖုန်းဆက်ရင် ဘဲရနေပြီ ဆိုပြီး နေ့တိုင်းကြွားနေပြီး တော့၊ အခု မိတ်ဆက်ပေး ဆိုတော့မှ ရူးချင်ယောင်ဆောင်ပြီး ဝေ့လည်ကြောင်ပတ်နဲ့ ဒီကိုခေါ်လာတယ်။ အကိုကြီးရောအဲဒါဘာသံကြားသေးလဲ၊ ညီမကတော့ ဒီကောင်မ အသလွတ်ကြွားနေတာထင်တာပဲ”

“ဟင် …မ . မသိပါဘူး”

ဦးအောင်ဘညို အလန့်တကြားငြင်းမိသည်။ သိင်္ဂီ ကလည်း ရူပါ့လက်ကို ဆွဲပြီး အခန်းထဲက အတင်း အပြင် ကိုထွက်သွားသည်။

“သွားတော့ မယ်ကိုကိုအောင်ရေ”

အခန်းပြင်ဖက်က သိင်္ဂ ီနှုတ်ဆက်သွားသည်။ ဦးအောင်ဘညို ခုံမှာပဲ ငူတူတူထိုင်ရင်း ကျန်ခဲ့သည်။ ပြီးတော့မှ ခင်မောင့်တင့်ကို လှမ်းခေါ်ပြီး

“ခင်မောင်တင့် ရေဒီနေ့ ဘာရှိသေးလဲ”

အပြင်ထွက်မည် စိတ်ကူးနှင့် မေးလိုက်ခြင်းဖြစ်သော်လည်း ခင်မောင်တင့် ဝင်လာသောအခါ ပါလာသည့် စာရွက်ထပ်ကို ကြည့်ပြီး ရင်မောသွားရသည်။

“နေ့ခင်း နှစ်နာရီ ဦးအေးဖေ တို့ နဲ့ တွေ့ဖို့ ရှိတယ်လေးလေး”

“ဟုတ်ပါရဲ့၊ နောက်ကော”

“ဒါပဲ လေးလေး”

အလုပ်က သိပ်များလှသည် မဆိုနိုင်သော်လည်း အပြင်ကိုထွက်ဖို့ကအချိန် နည်းနေသည်။ ထို့ကြောင့် ခင်မောင်တင့် ပြန်ထွက်သွားတော့ မှ တနေရာသို့ ဖုန်းဆက်လိုက်သည်။

“ကိုညီလေး လား၊ ကျွန်တော် အောင်ဘညိုပါ”

“ဟုတ်ကဲ့ အကိုကြီးပြောပါ၊ ကျွန်တော်ဘာလုပ်ပေးရမလဲ”

“ဖုန်းတလုံးလောက်”

“လိုင်းဖုန်းလား၊”

“ဟန်းဖုန်းဗျ”

“နာမည်ပေါက် လိုချင်တာလား”

“မဟုတ်ပါဘူးဗျာ သုံးလို့ အဆင်ပြေရင်ပြီးတာပဲ၊ အရှုပ်အရှင်းတော့ ကင်းရမှာပေါ့”

ကိုညီလေး က ဦးအောင်ဘညို နှင့် သိကျွမ်းသော ဖုန်းပွဲစားဖြစ်သည်။ မှန်မှန်ကန်ကန် လုပ်ပေးတတ်သော ကြောင့် ဦးအောင်ဘညို သူ့ကို သဘောကျသည်။ ဈေးစကားပြောလို့ အဆင်ပြေသောအခါ

“ကျွန်တော် လာပို့ပေးရမလား အကိုကြီး”

“ရတယ်ဗျ၊ ကျွန်တော်လာယူမယ်၊ မနက်ဖြန်မှ ရမယ်မဟုတ်လား”

ဖုန်းကိစ္စ အဆင်ပြေသွားသော အခါ စိတ်အေးလက်အေး နှင့် အလုပ်တွေ ရှင်းပစ်လိုက်သည်။ သိင်္ဂ ီ့ ဆီကလည်း အကြောင်းအရာမယ်မယ်ရရ မရှိသောဖုန်းတခု လာလိုက်သေး၏။ တွေ့စရာ ရှိသောဧည့်သည် တွေ နှင့် တွေ့ပြီးသော အခါ ဦးအောင်ဘညို ရုံးဆင်းဖို့ ပြင်သည်။ ခင်မောင်တင့် နှင့် အေးအေး ကိုမှာစရာရှိတာ မှာပြီးသော အခါ ကျော်ကျော့်ဆီ တန်း မောင်းလာခဲ့သည်။

နေ့ခင်းဆိုတော့ ကားရပ်ရတာလည်းအဆင်မပြေပါ။ လွတ်သည့်နေရာ မှာကားထိုးပြီး ကျော်ကျော် နေသည့်တိုက်ခန်းရောက်အောင် တော်တော်လေး လျှောက်လိုက်ရသည်။ ချွေးသံတရွှဲရွှဲ နှင့်တက်လာတော့မှ တဖန်တံခါးသော့ခတ်ထားသည် နှင့်တိုးသည်။ အပြင်ကခတ်ထားတာဖြစ်၍ ကျော်ကျော် မရှိဆိုသည့် သဘောပင်။

..........................

“ဟာကွာ”

ပိုက်ဆံအိတ်ထဲမှာ သော့ရှာလို့ မတွေ့၍ဦးအောင်ဘညို စိတ်တိုသွားသည်။ တနေရာရာ မှာကျန်ခဲ့ပြီထင် သည်။ ရုံးမှာလား အိမ်မှာလား မသေချာပါ။ ပြန်စဉ်းစားကြည့်တော့ ဟိုတခေါက်တုန်းက ဒီအိမ်မှာပဲ ကျန်ခဲ့သလိုလို တွေးမိပြန်သည်။ ကျော်ကျော်ကလည်း သူလာချိန်မှာမှ ဘယ်တွေလျှောက်သွားနေသည်မသိ။ ကြိုတင်ချိန်းလို့ မရတာကလည်း ခက်၏။ ဆက်စောင့်နေလျှင်ကောင်းမလား စဉ်းစားကြည့်သော်လည်း ကျော်ကျော် ပြန်ရောက်မည့် အချိန်ကိုလည်းမသိနိုင်သည့်အတွက်စိတ်ပျက်လက်ပျက် နှင့် ပြန်ဆင်းလာခဲ့သည်။ ရောက်လာပြီးမှ စိတ်လည်းမလျှော့ ချင်ပါ။ ထို့ကြောင့် ကျော်ကျော်တို့ လမ်းထိပ်က လဘက်ရည်ဆိုင် မှာဝင်ထိုင်ပြီး ခနစောင့်ကြည့်သည်။ ခါတိုင်းဆိုလျှင် စားသောက်ဆိုင်တခုခု မှာသောက်ရင်းစားရင်း စောင့်ဖြစ်မည် ဖြစ်သော်လည်း အနားမှာ ရှိသည့် စားသောက်ဆိုင်အနေ အထားက ကျော်ကျော် ပြန်လာသည်ဆိုလျှင် တွေ့ဖို့ မလွယ်ကူနိုင်။ ထို့ ကြောင့် လဘက်ရည်ဆိုင်ကိုပဲ ရွေးလိုက်သည်။

လှိုက်မောနေသော ရင်ကိုငြိမ်းဖို့ အအေးတစ်လုံး မှာပြီးလမ်းဖက်ကို မြင်ရသည့်နေရာတွင်ထိုင်ပြီးကြည့်နေမိသည်။ အအေးတစ်လုံးကုန်ပြီး နာရီဝက်ကျော်လောက်အထိ ကျော် ကျော့်ကို အရိပ်အယောင်မမြင်ရပါ။ ထို့ကြောင့် ပိုက်ဆံရှင်းပြီး ထပြန်လာခဲ့သည်။ ကျော်ကျော် ဒီကို ပြန်မလာတော့ဘူးလားဟု တွေးမိသော အခါ စိတ်ပူပင်သလိုဖြစ်ရသည်။

အလုပ်အကိုင် ကလည်း အဆင်မပြေသေးသည့် အတွက် ကျော်ကျော့် ကို ထွက်မသွားစေချင်။ ဒီလောက်ရက်ပိုင်း လေးအတွင်း ကျော်ကျော် ပြောင်းလဲဖို့ အကြောင်း မရှိလို့သာ စိတ်ကိုဖြေသိမ့်ပြီး အိမ်ကိုပြန်လာခဲ့သည်။

ဘာကြောင့်ရယ်မသိ ခါတိုင်းနေ့တွေလို အရက်သောက်ချင်စိတ်လည်းမရှိ၍ အိမ်မှာပဲ တညနေခင်းလုံး ငြိမ်ငြိမ်လေး နေနေမိသည်။ အဖေလုပ်သူက ထူးထူးခြားခြား စောစီးစွာ ပြန်ရောက်လာသည်ကို ကလေးတွေ ကလည်း ကျေနပ်ကြပုံရ၏။ ထို့ကြောင့် ဦးအောင်ဘညို ကလေးတွေ နှင့် အချိန်ဖြုန်းနေလိုက်သည်။ သိင်္ဂ ီ ကလည်း အိမ်ပြန် မအိပ်ပါ။

သိင်္ဂ ီ ဒီညပြန်မလာ ဟု ဖုန်းဆက်ချိန် မှာ ဦးအောင်ဘညို စိတ်ထဲမှာ တမျိုးတမည် ဖြစ်ရပြန်သည်။ ကျော်ကျော့် ကို မတွေ့ခဲ့ရသည့် ညနေ တွင် သိင်္ဂ ီ နှင့် အတူတူ ရှိဖို့ မျှော်လင့် မိလေသလောဟု ကိုယ့်ဖာသာ စောကျောရင်း ညနက်သည် အထိ အိပ်မပျော် နိုင်အောင်ဖြစ်နေသည်။ ခါတိုင်းလိုအရက်သောက်ထားလျှင် အရှိန်လေး နှင့် အိပ်ပျော်ခြင်းသို့ လွယ်လွယ်ရောက်သော်လည်း သောက်မထားမိချိန်မှာ အိပ်ပျော်ဖို့က ခက်လွန်းနေသည်။

အိပ်ရာက ပြန်ထပြီး အရက်ကို အမူးသောက်ဖို့ အကြိမ်ကြိမ် စိတ်ကူးမိသေးသော်လည်း စိတ်ကို ပြန်တင်းပြီးကြိတ် မှိတ်နေလိုက်သည်။

“ငါယောက်ျားပဲ”

ကိုယ့်အတွေးနှင့် ကိုယ်ပြန် နပန်းလုံးရင်း ဘယ်ကနေဘယ်လို အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပါ။ ဦးအောင်ဘညို နိုးလာချိန်တွင် ကလေးတွေတောင် ကျောင်းသွားကြလေပြီ။

သိင်္ဂီ  မရှိတော့ ဦးအောင်ဘညို ကို နှိုးဖို့ ဘယ်သူမှ သတိရကြဟန် မတူပါ။ ခပ်မြန်မြန်သုတ်သုတ် ပြင်ဆင်ပြီး ရုံးကို ပြေးလာခဲ့သည်။ ခု မနက်ပိုင်း ပြတ်အောင်ဖြတ်ရမည့်အလုပ်တွေကလည်း ရှိနေသေးသည်။ ကိုညီလေး နှင့်လည်း ချိန်းထား သည် မဟုတ်ပါလား။ အလုပ်ပြီးမှ အပြင်ပြန်ထွက် ဖို့ အဆင်ပြေပေမည်။ ထို့ကြောင့် ရောက်သည် နှင့်အချိန်မဆိုင်းဘဲ လုပ်စရာ ရှိတာတွေ ခပ်သွက်သွက်လုပ်သည်။ တွေ့စရာ ရှိသူတွေ နှင့် တွေ့သည်။ ပြောစရာရှိတာတွေ ပြောသည်။ဒီနေ့ ရုံးကိစ္စ နှင့် အပြင်သွားစရာ လည်းမရှိပါ။

“ခင်မောင်တင့် ရေ၊ ဒီနေ့ အပြင်လမ်းကြောင်း မရှိဘူး မဟုတ်လား”

“မရှိဘူး လေးလေး၊ အေးအေး ဆေးဆေးပဲ”

“ဒါဆို နေ့ခင်းဖက် ငါအပြင်ခန ထွက်မယ်ကွာ၊ ကိစ္စ နည်းနည်း ရှိလို့”

“ဟုတ်ကဲ့လေးလေး”

နေ့လည်ထမင်းစားချိန် တွင်သိင်္ဂ ီ ဖုန်းဆက်သည်။

“သတိရလို့ပါ ကိုကိုရယ်”

“အခု ဘယ်မှာလဲ”

“သူများ အခုအိမ်ပြန်ရောက် နေပြီ။ ညက လူနာစောင့်ရင်း တညလုံးတော်ကီရိုတ်နေတာ မအိပ်ဖြစ်ဘူး၊ခု အိပ်တော့ မလို့ ကိုကို့ ကိုလွမ်းလို့ လှမ်းဆက်တာ”

“အိပ်ရေးပျက်လာရင်လည်း အိပ်တော့လေ”

“အိပ်မှာပါ၊ အိပ်မှာ၊ သူများအခု ကုတင်ပေါ်ရောက်နေပြီ သိလား”

“အင်း ..အင်း”

“ဟာကွာ စိတ်မပါတဲ့ အသံကြီးနဲ့”

“ဒါဖြင့် ဘယ်လိုပြောရမှာလဲ”

“တော်ပြီကွာ ဘယ်လိုမှ မပြောနဲ့တော့၊ ညနေ စောစော ပြန်လာ၊ ဒါပဲ”

သိင်္ဂ ီ စိတ်ဆိုးသွားပုံရသည်။ ဒါပေမယ့် ဦးအောင်ဘညို သိသလောက် သိင်္ဂ ီ စိတ်မကောက်တတ်ပါ။ တခြား သူတွေ နှင့်ဆိုလျှင် ကလေးဆန်ဆန် နွဲ့တတ်ကောက်တတ်သော်လည်း ဦးအောင်ဘညို နှင့် ကျလျှင်တော့ ဒီလို မျိုး မလုပ်တတ်ပါ။ ကြည့်ရသည် မှာ အိပ်ယာက နိုးလျှင် ဦးအောင်ဘညို ဆီ ဖုန်းဆက်ဦးမည် ထင်သည်။ ဦးအောင်ဘညို သက်ပြင်းချရင်း ထမင်းဆက်စား မိသည်။ ထမင်းစားပြီး သတိရသည် နှင့် ကိုညီလေး ဆီ ဖုန်းဆက်ပြီး အခြေအနေ လှမ်းမေးတော့ အဆင်ပြေသည်။

“အိုကေတယ် အကိုကြီး၊ ခုလောလော ဆယ်တော့ ကျွန်တော် မြို့ထဲဖက် မရောက်သေးဘူး၊ နှစ်ချက်ထိုး လောက် ဆိုရင်ဖြစ်မလား”

“ရပါတယ်၊ ကျွန်တော် လာခဲ့မယ်လေ”

အဆင်ပြေသည် ဆိုသဖြင့် နေ့လည်တစ်နာရီခွဲလောက် ရုံးကထွက်လာခဲ့သည်။ ချိန်းသည့် နေရာရောက် တော့ ကို ညီလေးက ရောက်နှင့်နေသည်။ လိုအပ်သည့် စာချုပ်စာတမ်း တွေ လည်းအသင့်လုပ်ထား၏။ ဦးအောင်ဘညိုက ငွေချေလက်မှတ် ထိုးပေးလိုက်ရုံပင်။ ကိုညီလေး နှင့် လမ်းခွဲပြီးတော့မှ သတိရပြီး လမ်းမှာ Hand set တခု ဝင်ဝယ်လိုက်သည်။ ကျော်ကျော် ကြိုက်မကြိုက်တော့ မသိ မျက်စိထဲ အဆင်ပြေသည်ထင်တာ ဝယ်လိုက်ခြင်း ဖြစ်သည်။ ပြီးတော့ မှကျော ် ကျော့်ဆီလာခဲ့၏။ နေ့တိုင်းတော့ ကျော်ကျော် အပြင် လျှောက်  သွားနေခြင်း မဟုတ်နိုင်ပါ။ ဒီနေ့တော့ မလွဲမသွေ တွေ့လိမ့်မည်ဟု မျှော်လင့် မိသည်။

သံတံခါးကို အတွင်းက နေသော့ခတ်ထားသည်ကို မြင်လိုက်တော့မှ ရင်ထဲက ပူပန်မှုလျော့ကျသွားရသည်။ သော့ကို ကိုင်လှုပ်လိုက်ရာ အတွင်းက တံခါးပွင့်သွားပြီး ကျော်ကျော့် မျက်နှာ လေးတခြမ်းပေါ်လာသည်။

“အော်”

လှစ်ကနဲ ပျောက်သွားပြီး နောက်ချက်ချင်း ပြန်ရောက်လာပြီး တံခါးဖွင့်ပေးသည်။ ကျော်ကျော် ရေချိုးပြီးခါစ ဖြစ်မည် ထင်သည်။ ဝတ်ထားသော တီရှပ်အဖြူ ပုခုံးတွေမှာ နည်းနည်း စိုနေပြီး ကျော်ကျော့် ဆံပင်တွေကလည်း ရေစို နေသလို ပြောင်လက်နေ၏။ သူမနားကနေ ဖြတ်ပြီး အတွင်းသို့ အဝင်တွင် မွှေးပျံ့သော ရနံ့တခုကို ရလိုက်၏။မွှေးပျံ့သည့် အပြင်အေးချမ်းမှု ကိုပါပေးသော ရနံ့။ဒီနေ့ တော့ ခါတိုင်းလိုပွပွဖါးဖါး မဟုတ်ဘဲ သူမ ကိုယ်နှင့် အတိအတိုင်းရှိသော တီရှပ်ကို ဝတ်ထားသည်။ ရင်သားမို့မို့ ပေါ်တွင် ယူနီယံဂျက် အလံ၏ မျဉ်းကြောင်း တွေက ဟိုဖက်ဒီဖက် ဖြတ်သန်းနေကြသည်။အောက်ပိုင်း မှာတော့ မီးခိုးရောင်ရင့်ရင့် ထမိန်ဝတ်ထားသည်။ထိုင်တောင် မထိုင်သေးဘဲ သူမ ကို ထက်အောက်စုံဆန်ကြည့်နေသော ဦးအောင်ဘညို ကြောင့် ကျော်ကျော် ခေါင်းလေး ငုံ့သွားသည်။

“ဒီနေ့ ဘယ်မှ မသွားဘူးလား”

“မသွားဘူး”

ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း မေးလိုက်သော အမေးကို ခေါင်းငုံ့ထားရင်းဖြေသည်။

“ကိုယ် မနေ့က လာသေးတယ်၊ နေ့ခင်းဖက်”

“ဟုတ်လား၊ မနေ့က မိုးချုပ်မှ ပြန်ရောက်တယ်၊ သူငယ်ချင်း မွေးနေ့ ရှိလို့”

“ကိုယ်လဲ စောင့်နေသေးတယ်၊ တော်တော် နဲ့ မလာနိုင်တာနဲ့ ပြန်သွားတာ”

“လာမယ် မှ မထင်တာ”

ကျော်ကျော့် အသံ ပိုတိုးသွားသည်။

“အထဲ ဝင်စောင့်ဖို့ကို သော့လဲ ပါမလာတာနဲ့၊ ကဲပါ လာထိုင်ပါဦး။ ပေးစရာ ရှိလို့”

ယောင်ချာချာ အမူအရာလေး နှင့် မျက်နှာချင်းဆိုင်က ခုံမှာဝင်ထိုင်၏။ ဦးအောင်ဘညိုက အိတ်ထဲကဖုန်းကို ထုတ်ပေးလိုက်ရာ နားမလည်သလို ကြည့်နေသည်။

“မင်းဖို့ ဝယ်လာတာ”

“ရှင်”

“ဟုတ်တယ်လေ၊ ဒီကဖုန်းကလဲ သုံးလို့ မှမရတာ၊ မင်းနဲ့ အဆက်အသွယ်လုပ်လို့ ရအောင် ဒီလိုပဲလုပ်ရမှာပေါ့”

“မလိုချင်ပါဘူး”

လှမ်း မယူဘဲ မျက်နှာ လွှဲရင်းဖြေသည်။

“လိုအပ်လို့ လုပ်ပေးတာပဲ၊ လာပါ၊ ဒီမှာ ထိုင်စမ်းပါဦး”

ခေါ်လိုက်တော့လည်း ဦးအောင်ဘညို ထိုင်နေရာ နှစ်ယောက်ထိုင်ခုံဆီ လာပြီး ဦးအောင်ဘညို ဘေးမှာ ဝင်ထိုင်သည်။ ဆိုဖါ ငြိမ့်ကနဲ လှုပ်သွားသလို ရနံ့သင်းသင်းလေးကလည်း ဝေ့၀ဲလာ၏။ မသူဇာ နှင့် သိင်္ဂ ီ တို့ ဆီက ရတတ်သည့် တန်ဖိုးကြီးရေမွှေး နံ့လိုမျိုးလည်း မဟုတ်။ လန်းဆန်းသော မိန်းကလေး တယောက်၏ ကိုယ်သင်းရနံ့ မှာ ဆပ်ပြာနံ့ မွှေးမွှေးလေးစွက်နေသော အနံ့မျိုးဖြစ်သည်။ ရနံ့ ကိုသရုပ်ခွဲရင်း ဦးအောင်ဘညို ရင်တဖိုဖို ဖြစ်ရသည်။

ကျော်ကျော် ငြိမ်ငြိမ်လေး ထိုင်ပြီး ဦးအောင်ဘညို ရှင်းပြနေသည်များကိုနားထောင်သည်။ အစပိုင်းက စိတ်ဝင်စားပုံ မပြသော်လည်း နောက်တော့ စိတ်ဝင်စားလာပုံရသည်။ ဘေးကို တဖြေးဖြေးတိုးကပ်လာ၏။ တချက်တချက် တွင်ကျော်ကျော့် ဆံနွယ်တွေက ဦးအောင်ဘညို ပုခုံးပေါ်တွင် လှုပ်ရှားနေသလို လက်မောင်းချင်းလည်း ထိကပ်လာ၏။ တည်ငြိမ်မှု ကင်းချင်လာသလိုလို ဖြစ်နေသော စိတ်ကို ထိန်းချုပ်ရင်း ဦးအောင်ဘ ညို ဖုန်းအသုံးပြု နည်း၊ အားသွင်းနည်း သင်ခန်းစာကို မနည်း အပြီးသပ်အောင်ရှင်းလိုက်ရသည်။

“ရမယ် မဟုတ်လား”

“ရပါတယ်”

သူမ လက်ထဲ ထည့် ပေးလိုက်သည့် ဖုန်းကို ကျော်ကျော် ငိုင်တွေတွေ လေးကြည့်နေသည်။

“နောက်တော့ တဖြည်းဖြည်း သုံးတတ်သွားမှာပါ”

“ဟုတ်ကဲ့”

ကျော်ကျော့် လက်ထဲကဖုန်းကိုပြန်ယူပြီး ဦးအောင်ဘညိုက သူ့ ဖုန်းနံပါတ်ထည့်ပေးလိုက်သည်။

“အဲဒါ ကိုယ့်ဖုန်းပဲ၊ အကြောင်း ရှိရင် အချိန်မရွေး ဆက်လို့ရတယ် ”

“ဟုတ်ကဲ့”

ကျော်ကျော်၏ တုန့်ပြန်ပုံတွေက ဦးအောင်ဘညို ကို ပိုပြီးအသည်းယားစေသည်။

“ဒါမှ မဟုတ် မင်းပျင်းတဲ့ အခါလည်း ဆက်လို့ရတယ်”

“ရှင်”

ပါးစပ် အဟောင်းသားနှင့် နားမလည်သလိုကြည့်လာသည်။

“နောက်တာပါ၊ ဒီမှာ တယောက်ထဲ နေနေရတော့ စကားပြောဖေါ် မရှိလို့ ပျင်းလာရင် ဆက်ပေါ့”

ဘာကို ဘယ်လိုအတွေးပေါက်သည် မသိ၊ မျက်နှာလေး နီမြန်းပြီးကျော်ကျော် ခေါင်းငုံ့သွားသည်။

“မဟုတ်ဘူးလေ၊ ကိုယ်ပြောတာက၊ ဟိုလေ ..”

စကားက ရှေ့မဆက်ဖြစ်သော်လည်း လက်တွေကတော့ ပုခုံးကို ဆုပ်ကိုင်လိုက်မိသည်။ ဘာကြောင့် ဒီလိုဖြစ်သွားသည်ကို ဦးအောင်ဘညို လည်းမတွေးတတ်အောင်ပင်။

 ကျာ်ကျော် မရုန်းပါ။ ခေါင်းပြန်မော့ လာပြီးဦး အောင်ဘညို ကို ကြည့်သည်။ မြင်ဖူးနေကျ နားလည်ရခက်သည့် အကြည့် ကိုမြင်ရတော့ ဦးအောင်ဘညို လက်တွေ ပိုမိုတင်းကြပ်သွားပြီး ကိုယ့်ကိုယ်ကို ဘာလုပ်လိုက်မိမှန်း မသိခင်မှာပင် ကျော်ကျော့် နှုတ်ခမ်းကိုအငမ်းမရ စုပ်နမ်းလိုက်မိသည်။ တကိုယ်လုံးကို ကျစ်နေအောင် ဖက်လိုက်မိသောအခါ ကျော်ကျော် ဦး အောင်ဘညို ရင်ခွင်ထဲသို့ ကော့ကော့လေးပါလာသည်။

ပြင်းထန်မွတ်သိပ်သော အနမ်းကြောင့် ကျော်ကျော့် မျက်လုံးလေးတွေ မှေးစင်းကျသွား၏။ နမ်းနေရင်း လည်း ကျော်ကျော့် တကိုယ်လုံးကို အတင်းပွတ်သပ် ဆုပ်နယ်နေမိ၏။

အငမ်းမရ နိုင်လွန်း လှသော ကိုယ့်အပြုအမူ ကို ကိုယ်ပြန်သတိထားလိုက် မိချိန်တွင် ဦးအောင်ဘညို ကိုယ်ချင်း ပြန်ခွာ လိုက်မိသည်။ ရီဝေသော အ ကြည့်ဖြင့် တချက်ကြည့်ပြီးကျော်ကျော် မျက်နှာ လွှဲသွားသည်။ သူမ လက်ထဲ မှာကျစ်ကျစ် ပါအောင် ဆုပ် ကိုင်ထားသည့် ဖုန်းကို စားပွဲပေါ် လှမ်းတင်သော ကျော်ကျော့် လက်တွေ တုန်နေသည် ဟု ဦးအောင်ဘညို ထင်လိုက်မိသည်။

“ဆောရီးနော်”

မလိုအပ်ဘဲ ပြောမိသည့် တောင်းပန်စကားကို ကျော်ကျော် ဘယ်လိုမှ မတုန့်ပြန်ပါ။ ယောင်ကန်းကန်း နှင့်လက်က နာရီကို မြှောက်ကြည့် လိုက်ရင်း ဦးအောင်ဘညို ထိုင်ရာမှ ထရပ်လိုက်သည်။ နာရီကြည့်ပြီး တခုခုသတိရလို့ ထလိုက်မိသည့် ဟန်နှင့် တူသော်လည်း နာရီလက်တံ တွေဘယ်လိုပြနေမှန်း ဦးအောင်ဘညို သတိ မထားမိလိုက်ပါ။

“ကိုယ်ပြန်လိုက်ဦးမယ်၊ နောက်မှပဲလာခဲ့ ဦးမယ်”

ဘေးမှာ ချထားသည့် လက်ကိုင်အိတ်ကို လှမ်းယူပြီး ဦးအောင်ဘညို အခန်းထဲကထွက်လာမိသည်။ ဝတ် ထားသော တီရှပ် ကိုသပ်သပ်ရပ်ရပ် ဖြစ်အောင်ပြန်ဆွဲဆန့်ရင်းကျော်ကျော် တံခါး၀ နောက်ကနေလိုက် လာသည်။

“သွားမယ် နော်”

“ဟုတ်ကဲ့”

ခြေလှမ်းသွက်သွက်ဖြင့် လှေခါးကနေဆင်းလာရင်း ဦးအောင်ဘညို ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်မိသည်။ ရုတ်တရက်ဂမူးရှုးထိုး လုပ်မိခြင်းကိုလည်း စိတ်ပျက်မိ၏။

လူကြီးလူကောင်း တယောက်ကို မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း လွတ်ထွက်သွားသည်ကို နားမလည်ပါ။ နမ်းမိတာ ကို စိတ်မှာ ဒီလောက် မဖြစ်။ အရူးတယောက်လို ကျော်ကျော့် တကိုယ်လုံးကို လက်သရမ်းမိတာကိုသာ ခွင့်မလွှတ်နိုင်အောင်ဖြစ်ရ၏။ ရင်သား တွေ ကို အတင်းညှစ်ချေမိ၏။ တင်ပါး နှင့် ပေါင်တံတွေကိုသာမက ပေါင်ကြားထဲအထိပါ ထိုးနှိုက်မိ တာကိုပြန်တွေးမိချိန်တွင် ဦးအောင်ဘညို ခေါင်းကိုတွင်တွင် ခါမိသည်။ ကျော်ကျော်ကတော့ ဘယ်လို မြင်မည် မသိပေ။ အထင်တောင်သေးချင်သေးသွား နိုင်သည်။

ကားပေါ်ပြန်တက်ပြီးမောင်းထွက်လာသည် အထိလှုပ်ရှားနေသေးသော စိတ်က အရက်ဆိုင်ရှေ့ မှာရပ်လိုက်မိပြီးနောက်မှာနည်းနည်း တည်ငြိမ်သလိုလို ပြန်ဖြစ်သွားသည်။

 ကျော်ကျော့် ဆီလာတိုင်း ဦးအောင် ဘညို ဒီဆိုင်ကို ရောက်ဖြစ်သည်။ အစားအသောက်တွေ ဘာတွေလည်း ဝယ်သွားဖြစ်၍ စားပွဲထိုးတွေ နှင့်ပင် မျက်မှန်း တန်းမိနေပြီ ဖြစ်သည်။ အရက်သောက်ဖို့ ဖြစ်လာသော အခါ အရင်ဆုံးရုံးကို ဖုန်းလှမ်းဆက်လိုက်သည်။

“ခင်မောင်တင့် ရေ၊ အကြောင်းထူးမရှိရင်တော့ ငါပြန်မလာတော့ဘူး”

“အေးအေး ဆေးဆေးပဲ လေးလေး”

“အေး ကွာဒါဆိုလဲ မနက်ဖြန်မှ လာတော့မယ်”

“မနက်ဖြန် စနေ နေ့လေ၊ လေးလေးရဲ့”

“အေးအေး ဒါဆိုလဲ ဟုတ်ပြီကွာ”

ဆိုင်ထဲရောက်လို့ စားပွဲမှာထိုင်လိုက်ပြီး နောက် ဦးအောင်ဘညို ကိုယ့်ကိုယ်ကို ထိန်းနိုင်သွားသည်။ ထိုမှ သည် အရက်သုံးလေးခွက်လောက် ဝင်သွားသော အခါ အခြေအနေကို ပြန်လည်စဉ်းစား နိုင်သည့် အခြေအ နေ သို့ ပြန်ရောက်လာ၏။ အမှန်အားဖြင့် ဒီလောက်အလန့်တကြားပြေးထွက်လာလာဖို့ မလိုဟုတွေးမိလာသည်။ ကျော်ကျော်ကလည်း ဦးအောင်ဘညို ပြုသမျှကို တစုံတရာငြင်းဆန်ကန့်ကွက်ခြင်း မျိုးလဲ မရှိခဲ့ပေ။နောက်ပြီး ကျော်ကျော်နှင့် သူ၏ ဆက်ဆံရေးကလည်း ခရီးများစွာပေါက်ခဲ့ကြပြီဖြစ်သည်။

ဒီလိုတွေးမိပြန်သော အခါ ခွက်ထဲက ရေခဲတုံးလေးတွေလို ဦးအောင်ဘညို၏ စိတ်တွေ လှုပ်လှုပ်ခတ်ခတ် ဖြစ် လာ၏။ ဝီစကီ ကို တစိမ့်စိမ့် သောက်ရင်း နှစ်သိမ့်ကျေနပ်စွာ ပြုံးလိုက်မိသည်။ ခွက်ထဲက လက်ကျန်ကိုဖြတ်လိုက်ပြီးသော အခါ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ကျော်ကျော့် ဖုန်းကို ခေါ်လိုက်သည်။ တော်တော် နှင့် ဖုန်းလာမကိုင်သည့် အတွက်ဦးအောင်ဘညို စိတ်ထဲထင့်သွားရ၏။ ဖုန်းခေါ်သံ အကြိမ်ပေါင်းများစွာ မြည်ပြီးမှ

“ဟယ်လို”

လေလှိုင်းတွေနှင့် စက်ကရိယာတွေကို ဖြတ်သန်းလာရ၍ သတ္တုသံပါနေသော်လည်းဖုန်းထဲကကြားရသည့် ကျော်ကျော့် အသံ က အပြင်မှာကြားရသည့် အသံထက် ပို၍ ပျိုမြစ်ပြီး ချိုမြ၏။

“ကိုယ်ပါ”

“ဟုတ်ကဲ့သိပါတယ်”

ရယ်စရာမဟုတ်ပါဘဲ နှင့် ဦးအောင်ဘညို ရယ်လိုက်မိသည်။ လက်ကနာရီကိုကြည့် လိုက်ရာ လက်တံတွေကငါးနာရီထိုးဖို့ ငါးမိနစ် အလိုကိုပြနေသည်။

“ထမင်းစားပြီးပြီလား”

“မစားရသေးဘူး”

“ဟုတ်သားပဲ အစောကြီး ရှိသေးတာ၊ ကိုယ်ပြန်လာခဲ့မယ်၊ စောင့်ဦးသိလား၊ ဘာဝယ်လာခဲ့ရမလဲ”

“ရပါတယ်၊ မဝယ်ခဲ့ပါနဲ့”

ကျော်ကျော့် အကြောင်းကို သိပြီးသားဖြစ်ရာ ဦးအောင်ဘညို ဘာမှထပ်မမေးတော့ပါ။

“ကိုယ်ဖာသာပဲ အဆင်ပြေတာကြည့် ဝယ်ခဲ့တော့မယ်၊ ဒါပဲနော်”

“ဟုတ်ကဲ့”

နောက်တခွက်ထပ်ငှဲ့ရင်းစားပွဲထိုးကို ခေါ်ပြီး အစားအသောက်တွေ စိတ်ကူးထဲပေါ်လာသမျှမှာလိုက်သည်။ ဒီလိုပဲ ဝယ်နေကြမို့ စားပွဲထိုးတွေကလည်း ပျာပျာသလဲလုပ်ပေးကြ၏။ ပြီးလျှင် ဦးအောင်ဘညိုက ဘောက်ဆူး များများပေးတတ်သည် မဟုတ်ပါလား။  အရက်ကို တငုံမော့သောက်လိုက်ရင်း ဦးအောင်ဘညို ကျေနပ်စွာပြုံးလိုက်မိသည်။

...........................................................

{လူတိုင်းလူတိုင်း နေ့စဉ်လို မပြုမဖြစ် မလုပ်မဖြစ် လုပ်နေရသည့် အရာများထဲတွင် ရွေးချယ်ခြင်းလည်းပါ၏။

နေရာတိုင်းတွင် ဆုံးဖြတ်ရေးချယ်ရမှု တွေရှိနေသည်။

အချို့က ကိုယ်တိုင် စဉ်းစားဆင်ခြင် ရွေးချယ်ဆုံးဖြတ်ကြ၏။

အချို့က ကံ ကို ယုံမှတ်ပြီး ရွေးချယ်ဆုံးဖြတ်ကြ၏။

အချို့က သူများနောက်သို့လိုက်၍ အများပြုသလိုပြုကြ၏။

အချို့ကလည်း တပါးသူ၏ အကြံဉာဏ်ဖြင့် ဆုံးဖြတ်ကြ၏။

အချို့ ရွေးချယ်မှု တို့သည် မှန်ကန်ကြပြီး အချို့ သောရွေးချယ်မှု တို့သည် မှားယွင်းကြသည်။ ရွေးချယ်မှု တိုင်းသည် မမှန်ကန် နိုင်ပါ။ ထို့အတူ အမြဲလို မှန်ကန်စွာရွေးချယ်နိုင်သူ မရှိသလို အမြဲလို မှားယွင်းသူလည်း မရှိနိုင်ပါ။ ထိုမှန်ကန်မှု မှားယွင်းမှု တို့ကြောင့် အနိမ့့်အမြင့် အတက်အကျတို့ နှင့် ရင်ခုန်စရာကောင်း သောဘဝတွေ ကိုယ်စီကိုယ်စီ ပေါ် ပေါက်လာရခြင်း ဖြစ်သည်။ မှန်ကန်မှု နှင့် မှားယွင်းမှု တို့သည် ဘ၀ ၏ အခြေအနေ အကောင်း အဆိုးကို ပြဌာန်းသတ်မှတ်သည် မှန်သော်လည်း  ရွေးချယ်မှု မှန်ကန်ခြင်း မှားယွင်းခြင်း ထက်အရေးပါသော အရာတခုသာရှိပါသည်။}

..............................

“မိမိတွင်  ရွေးချယ်နိုင်ခွင့် ရှိနေဖို့ ဖြစ်ပါ၏။”

..................................

အခန်း (၁၆)

အပြုံးတဝက်နဲ့ အခန်းထဲဝင်လာတဲ့ ဦးအောင်ဘညိုကို မြင်လိုက်ကထဲက ကျော်ကျော် ထူးခြားမှု တခုကို ချက်ချင်း သတိထားလိုက်မိတယ်။ တယောက်ထဲပါပဲ။ ဒါပေမယ့် မတူဘူး။ စားစရာ အထုပ်တွေလက်ထဲမှာ တပြုံတမ ဆွဲလာရပေမယ့် အခု ဦးအောင်ဘညိုက အခုန လာသွားတဲ့ ဦးအောင်ဘညို နဲ့ ခြားနားလို့နေတယ်။

“ပြင်လိုက်ရတော့ မလား”

လက်ထဲက အထုပ်တွေကို အလိုက်သင့်လှမ်းယူရင်း မေးလိုက်တဲ့ ကျော်ကျော့် အမေးကို

“မစားသေးဘူးဆို”

ကျော်ကျော် ခါတိုင်းလည်း စောစော မစားတတ်ပါဘူး။ နေ့ခင်းကလည်း အဝတ်တွေလျှော်နေလို့ ထမင်းစားတာနောက်ကျသွားတယ်။

“မစားသေးပါဘူး

“ဒါဆိုလဲ ထားလိုက်ဦးလေ”

ဘာမှ မပြောတော့ဘဲ သူ့လက်ထဲက အထုပ်တွေကို ထမင်းစားခန်းထဲယူသွားလိုက်တယ်။ ဒီတိုင်း တင်ထားပြီးမှ မနေ နိုင်တာနဲ့ အထုပ်တွေ ဖြေပြီး ပန်းကန်ထဲပြောင်းထည့်တန်တာထည့် အုပ်ထားရမယ့်ဟာ တွေကိုအုပ်ဆောင်းနဲ့ အုပ် လုပ်နေရင်း ရှေ့ကို တော်တော် နဲ့ ပြန်မထွက်မိဘူး။ပြန်ထွက်လာတော့ လမ်းမှာ နောက်ကို လာနေတဲ့ဦးအောင်ဘညို နဲ့ တိုးတယ်။ မျက်နှာချင်းဆိုင်တွေ့တော့ကျော်ကျော်က ရပ်ပြီး ဘေးကပ်ပေးလိုက်တယ်။ ရေအိမ်တွေဘာတွေသွားချင်လို့ လာတယ်ထင်မိတာကိုး။ ဒါပေမယ့် သူကလည်း ကျော်ကျော်ရပ်တော့ လိုက်ရပ်တယ်။

“ကြာနေလို့”

သူနဲ့ ခုလိုလမ်းမှာ ဆုံရခြင်းရဲ့ အဖြေပဲပေါ့။

“ဒီတိုင်း မထားချင်တာနဲ့ နေရာချနေလို့”

“မသိပါဘူး၊ ကိုယ်က ကျော်ကျော် ကိုယ့် နားမှာမနေချင်လို့ နောက်ကို သွားနေတာလား တွေးနေတာ”

“မဟုတ်ပါဘူး”

ဒီလို အခန်းလေး ထဲမှာ အိမ်နောက်မှာသွားနေနေ ရုံနဲ့ သူ့ကိုရှောင်လို့ရနိုင်ပါ့မလား။

“ထမင်း မစားချင်သေးရင်လည်း လာလေ၊ စကားလေးဘာလေး ပြောရအောင်”

ကျော်ကျော့် မှာ သူ့ကို ထွေထွေထူးထူး ပြောစရာဘာမှ မရှိပါဘူး။ သူ့မှာရှိရင်တော့ မသိဘူးပေါ့။ ကျော်ကျော် အိမ်ရှေ့ကို ပြန်လိုက်လာပြီး ထိုင်လိုက်တယ်။ ဘာပြောမလို့လဲ နားစွင့်နေပေမယ့် ဦးအောင်ဘညို ဆီက တော်တော်နဲ့ အသံ မထွက်လာဘူး။ မနေ နိုင်လို့ မော့ကြည့်လိုက်တော့ ကျော်ကျော့်ကို စူးစိုက်ကြည့်နေတဲ့ မျက်လုံးတွေ နဲ့ တန်း တိုးတယ်။ ဒီအကြည့် တွေနောက်မှာ ဘာရှိနေတယ် ဆိုတာ စိတ်ထဲကနေ အလိုလို သိလိုက်ပြီးနောက်မှာတော့ ကျော်ကျော့် ကျောပြင်တုန်သွားတယ်။ ကျောပြင်က စိမ့်ကနဲ အေးသွားပေမယ့် ရင်ထဲမှာတော့ နွေးကနဲ ဖြစ်သွားတယ်။ သူ့ကို ဆက်မကြည့်ရဲ လို့ ခေါင်းငုံ့လိုက်မိပေမယ့် ရီဝေတဲ့ မျက်လုံးတွေကို ဆက်ပြီးမြင်နေမိ တုန်းပဲ။ မကျေမနပ် နဲ့ အံကြိတ် လိုက်မိလေ သလား ကိုယ့်ဟာကိုယ်လဲ မသေချာဘူး။ ပေါင်ပေါ်က လက်ချောင်းလေးတွေကတော့ တခု ကိုတခု ရောယှက်သွားကြတယ်။

“ကျော်ကျော်”

“ရှင်”

“စိတ်ထဲမှာ ပြောစရာတွေ အများကြီးရှိတယ်လို့ထင်တယ်၊ ခုကျတော့လဲ ဘာပြောရမှန်း မသိပြန်ဘူး”

အဲဒါကျော်ကျော် နဲ့ ဘာဆိုင်လဲ။ ဒါပေမယ့်

“ဟုတ်ကဲ့”

“ဒီမလာတဲ့ ရက်တွေလဲ ငါမင်းကို အမြဲသတိရပါတယ်၊ မင်းတယောက်ထဲ အဆင်ပြေရဲ့လားလို့ လည်း အမြဲ တွေးဖြစ်ပါတယ်”

ကျော်ကျော်ရော သူ့ကို သတိရသလား။ ကိုယ့်ဖာသာ မသေချာပါဘူး။ သူ့အကြောင်း ကိုတော့ မကြာခန တွေးဖြစ်တယ်။ ဒီလို တွေးမိတာ သတိရတာလို့ ခေါ်နိုင်မလား။ တယောက်ထဲ ယောင်ချာချာ ဖြစ်နေတုန်းမှာလှေခါးကနေ ခြေသံကြားရင် နားစွင့်မိတာသတိရလို့လား။ မေးခွန်းတွေနဲ့ ရောထွေးရင်း ကျော်ကျော် ရှက်လာမိတယ်။ အချင်းချင်း အပြန် အလှန်အားပေးဆုပ်နယ် နေကြတဲ့ လက်ချောင်းလေးတွေ တောင်တုန်ရီ လာသလိုပဲ။

“စကားနည်းတယ်နော်”

“ရှင်”

“ကိုယ်လဲ စကားသိပ်ပြောတာ မဟုတ်ဘူး၊ ဒါပေမယ့် ကျော်ကျော် နဲ့ ယှဉ်ရင်တော့ ကိုယ်က စကားတော် တော် များသလိုဖြစ်နေတယ်”

“မဟုတ်ပါဘူး”

ကျော်ကျော် ဒီလောက်ပဲ ပြောနိုင်တယ်။ ပုံမှန်အားဖြင့် တော့ ကျော်ကျော် လည်း စကားနည်းပြီး လူမှုရေး အဆင် မပြေတဲ့ အထဲမှာ မပါ ပါဘူး။ ဒါပေမယ့် ဦးအောင်ဘညိုနဲ့ကျရင်တော့ ကျော်ကျော် နှုတ်မသွက်ဘူး။ ပြောစရာအကြောင်းအရာက သိပ်မရှိသလို ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေး ရှိသူတယောက်နဲ့ ရွှန်းရွှန်းေ၀ မနေမိတာ သဘာဝကျတယ်လို့ ထင်မိပါတယ်။ ဦးအောင်ဘညို က ဒါကို သဘောမကျသလို ထင်ရပေမယ့် မတတ်နိုင်ဘူးလေ။ ကျော်ကျော် ဒီလိုပဲ နေတတ်သလို နေမှ လည်းဖြစ်မယ် မဟုတ်လား။

“ဒါပေမယ့် မင်းဒီလိုပဲ နေတတ်တာကိုယ် သတိထားမိပါတယ်”

စကားပြောရင်းနဲ့ ကျော်ကျော်တို့ နှစ်ယောက် နီးသထက်နီး ကပ်သထက်ကပ်သွားတာကို ကျော်ကျော်သတိမထားလိုက်မိဘူး။ အရက်ကြောင့် ရီဝေနေတဲ့ ဦးအောင်ဘညိုရဲ့ မျက်လုံးတွေထဲ မှာအရောင်တမျိုး လက်နေတယ်။ အဲဒါကပဲ မနေနိုင်မထိုင်နိုင်သွားကြည့် မိတဲ့ ကျော်ကျော့် မျက်လုံးတွေကို ဆွဲယူလိုက်ပြီးတော့

“ကျော်ကျော်”

“ရှင်”

လည်ချောင်းထဲက တိုးထွက်လာတဲ့ အသံဟာဘာကြောင့် ခြောက်ကပ်အက်ကွဲ နေရတယ်ဆိုတာ ကျော် ကျော် နားမလည်ပါဘူး။ ဦးအောင်ဘညို ရဲ့ အသံကလည်း ကျော်ကျော့်အသံနဲ့ မတိမ်းမယိမ်း ဖြစ်နေ တယ်။ သူဘာဖြစ်လို့ တခေါက်ပြန်လာတယ် ဆိုတာ ကျော်ကျော် သိနေသားပဲ။ ဦးအောင် ဘညို က မီး တောက်တခုဆိုရင် ကျော်ကျော်က ပိုးဖလံတကောင်လား။ ဒါမှ မဟုတ်ကျော်ကျော် ဟာမီးတောက် တခုဖြစ် ပြီးတော့ ဦးအောင်ဘညိုက လာတိုးတဲ့ ပိုးဖလံလား။ ကျော်ကျော် ကတော့ မီးတောက်ကို မီးတောက်မှန်းသိသိ နဲ့ ဝင်တိုးနေမိသူတယောက်လို့ ကိုယ့်ကိုယ်ကို ထင်တယ်။ ကျော်ကျော့် မှာဒီမီးတောက် ကို ဖြတ် သန်းဖို့ အပြင် တခြားလမ်းမတွေ့ဘူးလေ။

“ကိုယ်ပြန်ရောက်လာလို့ မင်းစိတ်အနှောက် အယှက်ဖြစ်လား”

ကျော်ကျော့် ကိုယ်လေးတုန်သွားတယ်။ မွှန်တက်သွားတဲ့ စိတ်တခုကြောင့် ခေါင်းကို ငုံ့ချလိုက်ရင်း မျက် ရည်ကလည်း ချက်ချင်းစို့ချင်လာပြီ။ ဦးအောင်ဘညို တခါတလေ ဒီလိုပဲ။ ကျော်ကျော့် ကို အကျဉ်းအကြပ် ထဲကို ပို့တတ်တယ်။ စိတ်အနှောက် အယှက်မဖြစ်ပါဘူး ဆိုရင် အလိုတူတဲ့ သဘောဖြစ်ပြီး ဖြစ်တယ် ဆိုရင်တော့ ဆန့်ကျင်ဖက်တွေး နိုင်မယ်။ ကျော်ကျော် ဘယ်လို ဖြေရမှာလဲ။

“မသိဘူး”

အကောင်းဆုံးအဖြေတခု ကျော်ကျော် ပေးလိုက်နိုင်တယ်ထင်တာပဲ။ သဘောကျသွားတဲ့ အသံနဲ့ ဟက် ဟက်ပက်ပက်ရယ် ပြီးတော့ ကျော်ကျော့် ကို သူ့ရင်ခွင်ထဲကို ဦးအောင်ဘညို ဆွဲသွင်းလိုက်တယ်။ နောက် ဆုံးတော့ ဒီဘူတာပါပဲ။

“ငါမင်း ကို သဘောကျတာ အဲဒီလို အပြောတွေကြောင့်”

နံရိုးတွေပါ ကျဉ်တက်သွားအောင်ဖက်ရင်း ပြောတယ်။ ကျော်ကျော် အသက်ရှု လို့တောင် မဝချင်တော့ဘူး။

“အသက်ရှုကြပ်တယ်။”

မနေနိုင်တော့ဘဲ နှုတ်ကနေဖွင့်ပြောလိုက်ရတဲ့ အထိပဲ။

“ဒါမှ မင်းအသံထွက်မှာပေါ့၊ မင်းက မလိုအပ်ရင် စကားမှ မပြောဘဲ”

ကျော်ကျော့် ကျောပြင်ကို သပ်ရင်း ပြောလာတဲ့ အသံကနူးညံ့သိမ်မွေ့နေတယ်။

“ထမင်းစားတော့ မလား”

“မဆာသေးပါဘူး၊ ဆာပြီလား”

“ဟင့်အင်း”

“ဒါဆို ဘာလို့မေးတာလဲ”

ဘာဖြေရမှန်းမသိတာနဲ့ မဖြေတော့ပါဘူး။

“အိပ်ခန်း ထဲသွားရအောင်”

သူ့အသံက ခပ်တိုးတိုးပေမယ့် ကျော်ကျော့် နားထဲမှာ အကျယ်ကြီးကြားလိုက်ရတယ်။ ပြောပြောဆိုဆို ပါပဲ ကျော်ကျော့် လက်ကိုဆွဲပြီး ထိုင်ရာကထတော့ ကျော်ကျော် ဦးအောင်ဘညို နောက်ကနေ အရုပ်လေးတရုပ် လိုပါသွား ရုံကလွဲပြီး မရှိတော့ဘူးလေ။နှစ်ယောက်အိပ် ကုတင်ကြီးက အခန်းထဲမှာ ထုံးစံအတိုင်း ရှိနေတယ်။ ဦးအောင်ဘညို ကျော်ကျော့် ကို ကုတင်ဆီ တန်းခေါ်သွားတယ်။ ကုတင်နားကို ရောက်လေ ကျော်ကျော့် လက်ကို ကိုင်ထားတဲ့ ဦးအောင် ဘညို လက်တွေရဲ့ ဆုပ်ညှစ်မှု က ပိုတင်းကြပ်လေပါ။

ဦးအောင်ဘညို အချိန် မဖြုန်းဘူး။ ကျော်ကျော့် ကို ကုတင်ပေါ် လှဲချပြီးတာ နဲ့ ကျော်ကျော့် အဝတ်တွေ ကို ချွတ်တော့တာပဲ။ သူ့ရဲ့ စိတ်အားထက်သန်မှု ကြောင့်ကျော်ကျော့်ရင်တွေ တဒိုင်းဒိုင်း ခုန်လာတယ်။ တီရှပ် ကို ခေါင်းပေါ်ကနေ အတင်းဆွဲချွတ်လိုက်တာ နားရွက်တောင် နည်းနည်းနာသွားတယ်။ ထမိန် ကတော့ လွယ်လွယ်ကူကူပဲ ဦးအောင်ဘညို လက်ကို ပါသွားတယ်။ အောက်ပိုင်း တခုလုံး ဟင်းလင်းဖြစ်သွားတဲ့ အချိန် မှာ ကျော်ကျော် အလန့်တကြားနဲ့ မျက်စိမှိတ်ထားလိုက်တယ်။ ယောင်ပြီးလက်နဲ့ မအုပ်မိအောင် လက်သီးကို ကျစ်ကျစ်ဆုပ်ရင်းနဲ့။ ခနလေးပါပဲ။  

ဦးအောင်ဘညို တက်လိုက်လို့ ကုတင်ငြိမ့်ကနဲ လှုပ်သွားပြီးတဲ့ နောက် ကျော် ကျော့် ပေါင်တံ တွေ ဘေးတဖက်တချက်စီ ခွဲထုတ်ခံလိုက်ရလို့ ကျော်ကျော် အသက်ကို အောင့်ထားပြီး ဦး အောင် ဘညို တွန်းတာထက်ကို ပေါင်ကိုကားနိုင်သမျှ ကားထားလိုက်တယ်။ ဒါတောင်မှ ဦးအောင်ဘညို ရဲ့ ပထမဆုံး ရိုတ် ချက်ကြောင့် ရင်ထဲ အထိနင့်ပြီး တုန်သွားရတယ်။ အကြိမ်ကြိမ်ကြုံ ခဲ့ပြီးသားဖြစ်တာတောင် ကျော်ကျော် အခုထိ အကျင့်မရသေးဘူး။ အတွင်းကအရေပြားတွေ စုတ်ပြတ်ထွက်တော့ မလိုလို ထင်နေတုန်းပဲ။ အတွင်းထဲက ခပ်ကြမ်းကြမ်းပွတ်တိုက်မှု ကိုသေသေချာချာ သိနေရင်းနဲ့ စိုစွတ်လာမယ့် အချိန်ကို ရှက်ရှက်နဲ့ စောင့် နေရတယ်။

အရည်တွေ ထွက်လာရင် တအားမနာတော့ ဘူးဆိုတာသိပေမယ့် နောက်ပိုင်းကျရင် တစတစနဲ့ မွေ့ယာပါရွှဲအောင် ထွက်တတ်လို့ စိတ်ညစ်တယ်။ ဦးအောင်ဘညိုက ထူးခြားတဲ့ ပုံမပြပေမယ့် ကျော်ကျော် ကတော့စိတ်မလုံဘူး။ အခုလည်း တဖြည်းဖြည်း နဲ့ တစိမ့်စိမ့် ခံစားမှုကို သိနေတယ်။ ခုနက ထက်ချောချောမော မော ဖြစ်လာတဲ့ အခါ ဦးအောင်ဘညို ကတော့ စိတ်ကြိုက်ပေါ့။ ခေါင်းအုံးတလုံးသာ ခံမနေရင် ကျော်ကျော့် ခေါင်း က ကုတင်ခေါင်းရင်းဖက် အကာနဲ့ တဒုန်းဒုန်း တိုက်နေတော့မယ်။

တခါတလေကျရင် ဦးအောင်ဘညို သူ့ရဲ့ တခြားတနေရာရာက တင်းကြပ်မှု၊ မကျေနပ်မှု တွေကို ဒီမှာလာ ဖွင့်ထုတ်နေသလားလို့ ကျော်ကျော် တွေးမိတယ်။ အခုလည်းအံကိုတင်းပြီး စည်းချက်မှန်မှန် ဆောင့်နေတဲ့ဦးအောင်ဘညို မျက်နှာကို ကြည့်ရင်း တခုခု စိတ်မကျေနပ်စရာ ရှိနေသလားလို့ မေးချင်လာတယ်။ အခု တော့ မဟုတ်ပါဘူး။

တချိန်ချိန်တော့ မေးမိမယ် ထင်တာပဲ။ ဒါပေမယ့် ကျော်ကျော်ဟာ သူ့ရဲ့ စိတ်ထွက် ပေါက်တခု ဖြစ်မယ် ဆိုရင်တောင် ကျော်ကျော် ဝမ်းမနည်းပါဘူး။ ကျော်ကျော် တို့နှစ်ယောက်ရဲ့ ပတ်သက် မှုမှာ ဒါကလည်း အဓိပ္ပါယ် တခုပဲ မဟုတ်လား။

ဒီလို အချိန်မှာ ဒီလိုအတွေးတွေ တွေးဖြစ်တယ် ဆိုတာလည်း တကယ်တော့ဆောင်းအိပ်မက်တခု လို ဗရုတ် ဗရက်ပါ။ အတွေးတွေက အစလဲ မရှိဘူး။ အဆုံးလဲ မရှိဘူး။

 သေသေချာချာ တွေးခွင့်ရတဲ့ အခြေအနေ လဲ မဟုတ်ဘူးလေ။ ကျော်ကျော့် ကို ဒီအချိန်မှာ အဓိက လွှမ်းမိုးချယ်လှယ် နေတာက ဦးအောင်ဘညို ရဲ့ လှုပ် ရှားမှုတွေပဲ။ ဒီလှုပ်ရှားမှု တွေအောက်မှာ ကျော်ကျော် မောရတယ်။ စိတ်လှုပ်ရှားရတယ်။ ရှက်ရတယ်။ တခါ တခါ ကျပြန်တော့ လည်း ရှက်ဖို့တောင်မေ့ရတယ်။ အသိစိတ်ဆိုတာ ကျော်ကျော့်ခန္ဓာကိုယ် နဲ့ ပူးချည် ခွာ ချည် ရှိတယ်။ စိတ်တွေ လွတ်ထွက်သွားတဲ့ အခါမျိုးဆိုရင် ကိုယ့်အော်သံကို တောင် တိုးတိုးသဲ့သဲ့လေး ပဲပြန်ကြားရတယ်။

သတိထားပြီး စိတ်ကိုတင်းကြည့်ဖူးတယ်။ မအောင်မြင်ဘူး။ တင်းထားတဲ့ ကြားထဲက တချက်လွတ်ထွတ် သွားပြီ ဆိုတာနဲ့ ပြီးပြီ။ အဲဒီအချိန်မှာ ကျော်ကျော်ဟာ ကျော်ကျော်မသိတဲ့ ကျော်ကျော်ပဲ။ ကျော်ကျော့် ကိုယ်ထဲကို တဒုတ်ဒုတ် နဲ့ တိုးဝင်နေတာတခုရယ်၊ အဲဒီအပေါ်မှာ ဖြစ်ရတဲ့ ခံစားမှု ရယ်က အတွေး တွေ နဲ့ ချုပ်ထိန်းမှုတွေ အားလုံးကို အနိုင်ယူသွားတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ မမြင်နိုင်တဲ့ အားအင်တခုရဲ့ ခေါ်ဆောင်ရာနောက်ကို ကောက်ကောက်ပါ အောင် လိုက်မိနေပြီ။ ချွေးတွေနဲ့ စိုရွှဲနေတဲ့ ဦးအောင်ဘညို ကို ဖက်ပြီးရောက်လာတော့မယ့် တစုံတရာ အတွက် အဆင်သင့် စောင့်နေမိတယ်။ ဒါသေသေချာချာ ရောက်လာတော့မယ် ဆိုတာ ကျော်ကျော်သိနေတယ်။

........................................................

{အလင်းရောင် ကိုဖုံးလွှမ်းပစ်နိုင်သော အရာမှာ အမှောင်ဖြစ်သည်။ ထို နည်းတူ အမှောင်ကို ထိုးဖေါက် ဖျက်ဆီး နိုင်သောအရာမှာ အလင်းရောင်သာ ရှိသည်။

ပြင်းထန်စွာ လောင်မြိုက်နေသည့် မီးတောက်ကို ရေဖြင့်ငြိမ်းသတ် နိုင်သကဲ့သို့ မီးသည် ရေကို အခိုးပြန်လွင့်ပျောက်အောင် စွမ်းဆောင်နိုင်သည်။

ယောက်ျား သည် မိန်းမ အတွက်နှင့် ရူးသွပ် တတ်ကြသလို မိန်းမသည်လည်း ယောက်ျားကြောင့် မိုက်မဲ မိတတ်သည်။}

..........................................

အခန်း (၁၇)

ခုတလော သိင်္ဂ ီ အလုပ်များနေသည်။ ဦးအောင်ဘညို နှင့်တောင် ဖုန်းထဲမှာပဲ တွေ့တာများနေသည်။ တွေ့ တိုင်း ညမှတွေ့မယ် ဟုပြောတတ်သည့် သိင်္ဂ ီ ညဖက်ဆိုလျှင် လူနာစောင့်ဖို့သွားနေရ၏။ ဒေါ်ဒေါ် ကြည် ကတော့ သိင်္ဂ ီ ပိန်သွားသည် ဟုဆိုသည်။ ဦးအောင်ဘညို အလုပ်ကိုထွက်သွား ပြီးချိန်တွေကျမှ သူမ က အဝတ်လဲ ဖို့ ခန နားဖို့ပြန်လာတတ်သည်။

ဒီနေ့တော့ ရုံးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။

“ဟာ ..မင်းသမီး၊ ပျောက်လှချည်လား၊ ပရိသတ်တွေ ကမျှော်နေကြတယ် နော်”

“မင်းသမီး သူနာပြု ဆရာမ ပြောင်းလုပ်နေပြီလို့ ပြောလိုက် ဟေ့”

ဆီးကြို နှုတ်ဆက်သော ခင်မောင်တင် ကို ပြန်နောက်ရင်း အခန်းထဲ ဝင်လာသည့် အတွက် ဦးအောင်ဘညို လက်ထဲက ဖုန်းကို ပြန်ချထားလိုက်ရသည်။ မခေါ်ရသေးသည့် ဖုန်းဆိုတော့ကိစ္စမရှိပါ။

“လာ သိင်္ဂီ ”

ဒေါ်ဒေါ်ကြည်ပြောသလောက်တော့ သိင်္ဂီ ပိန်မသွားပါ။ မျက်နှာကတော့ နွမ်းနေ၏။ ကျန်သည့် နေရာအား လုံးမှာတော့ တပ်မက်စဖွယ်ဖြစ်နေဆဲ ရှိသည်။ ဦးအောင်ဘညို ရှေ့ကခုံမှာ ခြေပစ်လက်ပစ် ဝင်ထိုင်လိုက် ပြီး အိတ်ကို စားပွဲပေါ်တင်သည်။

“ဒေါ်လေး အခြေအနေ မကောင်းဘူး ကိုကိုအောင်”

သိင်္ဂ ီက ဒေါ်လေးဟု ခေါ်သူမှာ နန်းရူပါ အမေကို ဆိုလိုကြောင်း ဦးအောင်ဘညို သိသည်။

“ဟိုတခါပြောတုန်း ကအဆင်ပြေတယ် ဆို”

“ဟုတ်တယ်၊ ဒီတရက် နှစ်ရက်မှ ရုတ်တရက် အခြေအနေ ဆိုးလာ်တာ၊ သူတို့လဲ စောစော လာကြတာ မဟုတ်ဘူး။ သိင်္ဂီ ဟို မှာ ရှိရင် ဒီကို အစောကြီးထဲကခေါ်လာတယ်”

“ဒါကတော့ သိင်္ဂီ ရယ် တရားသေပြောလို့ မရပါဘူး၊ သေသေချာချာ ကုရင်ရမယ် ထင်ပါတယ်”

“ရူပါ က သိင်္ဂ ီ့ ကိုပါ လိုက်ခဲ့ဖို့ခေါ်နေတယ်၊ ဦးလေး ကလည်း ခွင့်ရမှ လိုက်ရမှာဆိုတော့ သူလဲအားငယ် တာပေါ့”

“သိင်္ဂီ က မလိုက်ချင်ဘူးလား”

“ဒီလိုလဲ မဟုတ်ပါဘူး၊ ဒေါ်လေး ဆိုတာ သိင်္ဂ ီ့ အမေပါပဲ၊ ဒါပေမယ့် ….”

မျက်နှာ မှုံမှုံလေး နှင့် ဦးအောင်ဘညို ကို ကြည့်သည်။

“ကိုကို နဲ့ ခွဲသွားဖို့ကျတော့ ……”

“အကြာကြီးမှ မဟုတ်တာ”

“သွားရမှာလား”

သိင်္ဂီ စိတ်ထွေနေပုံရသည်။ သူမ ကိုယ်တိုင်ဆုံးဖြတ်ရမည့် ကိစ္စကို ဦးအောင်ဘညို ပေါ်လာပို့နေ၏။ စကား ကို အတတ်နိုင်ဆုံးထိန်းပြောဖို့ ဦးအောင်ဘညို ရွေးချယ်နေစဉ် သိင်္ဂီ ကစိတ်မရှည် နိုင်သလိုဖြင့်

“ပြောလေ၊ လိုက်သွားရမှာ လားလို့ ….”

“ဒီလိုလေ သိင်္ဂီ ”

တချက်တန့် လိုက်ပြီး သိင်္ဂ ီ့ကို ကြည့်ရာ ဦးအောင်ဘညို ကိုသာ စိုက်ကြည့်နေ၏။

“ဒီမိသားစု က သိင်္ဂ ီ့ရဲ့ မိသားစုလို နေလာတာကြာပြီ။ သူတို့လိုအပ်လို့ သိင်္ဂ ီဖက်ကတတ်နိုင်တာ လုပ်ပေး တဲ့ သဘော ဆိုရင်တော့ ကိုယ်ဘာမှ ပြောစရာ မရှိဘူး။ နန်းရူပါ

ကခေါ်လို့မလိုက်ချင်ဘဲ လိုက်သွားရတယ် ဆိုတာ မျိုးတော့ မဖြစ်စေနဲ့၊ အဲဒီလို မလိုက်ချင်ရင်လည်း မလိုက်ဘူး လို့ပြောလိုက်”

“ရူပါ က အစတုန်းထဲက တယောက်ထဲ သွားမယ်ပြောပါတယ်၊ အခု အခြေအနေ ဆိုးလာတော့ တယောက် ထဲ ဖြစ်ပါ့မလား လို့ ဇဝေဇဝါ ဖြစ်နေတယ်၊ သူ့ကိုလဲ သနားတယ်”

“သိင်္ဂ ီ က လိုက်ချင်တာလား၊ မလိုက်ချင်တာလား”

“လိုက်လဲ လိုက်ချင်တယ်၊ မလိုက်လဲ မလိုက်ချင်ဘူး”

“သူတို့ က စီစဉ်ပြီးသား ဆိုတော့ သိင်္ဂ ီလိုက်ရင် သပ်သပ် လိုက်ရမှာပေါ့”

“ဟုတ်တယ်၊ သိင်္ဂ ီဘာလုပ်ရမလဲ ဟင်”

“ကိုယ့် ကြောင့် တော့ လိုက်မသွားဘဲ မနေပါနဲ့၊ အတင်းလိုက်သွားလို့ တိုက်တွန်းနေတာ မဟုတ်ဘူးနော်”

“အင်းပါ၊ သိင်္ဂ ီလဲ စဉ်းစားနေပါတယ်၊ လိုက်သွားဖြစ်မယ် ဆိုရင်တော့ ပိုက်ဆံ လိုမယ် ကိုကို”

“လိုမယ် ထင်သလောက်ပြောလေ၊ မလောက်လဲ လှမ်းမှာပေါ့”

“သိသေးပါဘူး၊ ရူပါနဲ့လဲ တိုင်ပင်လိုက်ဦးမယ်”

သိင်္ဂ ီ လိုက်သွားချင်နေတာ ဦးအောင်ဘညို ရိပ်မိသည်။ သူ့ကြောင့်သာ နောက်ဆံငင်နေခြင်း ဖြစ်၏။

“သိင်္ဂ ီ ဟိုမှာ ရှိတုန်း အလုပ်ကိစ္စ နဲ့ ဖြစ်ဖြစ်လာခဲ့ပါလားဟင်”

“အကြောင်းရှိရင်တော့ ရောက်မှာပေါ့ သိင်္ဂ ီရဲ့”

“ပြန်တော့မယ်”

အိတ်လေး ဆွဲပြီး ထိုင်ရာမှထလိုက်သည်။ ပြီးတော့ စားပွဲကိုပတ်ပြီး ဦးအောင်ဘညို ဆီလျှောက်လာသည်။

“ဘယ်ကို ပြန်မှာလဲ”

“ရူပါ့ဆီ ပြန်သွားလိုက်ဦးမယ်၊ ပြီးမှ အိမ် ပြန်မယ်”

အပြင်ဖက်ကို တချက်လှမ်းကြည့် လိုက်ပြီးမှ ဦးအောင်ဘညို ကို ငုံ့နမ်းသည်။ သိင်္ဂ ီ့ ဆံနွယ်တွေက ဦး အောင်ဘညို ပေါ်အုပ်မိုးကျသွား၏။ ကျလာသော ဆံပင်တွေကို ကျောဖက်ပြန်ပို့ရင်းနောက်တကြိမ် ထပ် နမ်းလိုက်ပြန်သည်။ ငုံ့လိုက်ချိန်တွင် မြင်လိုက်ရသည့် ဝင်းနုသော အသားစိုင်တွေ က အသက်ရှုမှား လောက်သည်။ နောက်တကြိမ် နမ်းပြီးသည် အထိပြန်မမော့သည့်အတွက် ဦးအောင်ဘညို က အလိုက် သိစွာ နှင့် ပါးလေးကို ပြန်နမ်းလိုက်မှ ကျေနပ်ပြီး ပြန်မတ်မတ်ရပ်လိုက်သည်။

“ကိုကို ညဖက် အိပ်ပျော်ရဲ့လား”

အပြုံးစစ နှင့်မေးလာသည်။

“ဒီလိုပါပဲ”

“တရက်တော့ အိမ်ပြန်အိပ်ဦးမယ် ကိုကိုရယ်၊ ဒီနေ့တော့ ဖြစ်ပါ့ မလားမသိဘူး”

ဦးအောင်ဘညို ပါးကို လက်ဖြင့်စသလို တချက်လှမ်းတို့ ပြီး ထွက်သွားသည်။ ပြေပျစ်သော ကျောပြင်နှင့် ခြေလှမ်းလိုက်တိုင်း နိမ့်မြင့်လှုပ်ရှားသွားသော နောက်ပိုင်းအလှကို လိုက်ငေးရင်းမှဦးအောင်ဘညို သက် ပြင်းချလိုက်မိသည်။ သိင်္ဂ ီ နှင့် အုန်းစက်ရာတူယှဉ် မနွှဲဖြစ်တာ နည်းနည်းကြာခဲ့ပြီဆိုတာပါ သတိရလိုက်သည်။ မိမိက ကျော်ကျော် နှင့် ရှိနေနိုင်သော်လည်း သိင်္ဂ ီကတော့ တယောက်ထဲ ဖြစ်နေလိမ့်မည် ဟုတွေးပြီး သိင်္ဂ ီ့ကို သနားသွားရသည်။ သိင်္ဂ ီ့ အကြောင်းတွေးရင်း နှင့်မှ စောစောက ဖုန်းမဆက်ရသေးကြာင်း သတိရပြီးဖုန်း ကို ပြန်မလိုက်သည်။

ဒါကတော့ ကျော်ကျော့် ကိစ္စ လို့ဆိုနိုင်၏။

“အကိုလား၊ ကျွန်တော် အောင်ဘညိုပါ၊ ”

ဦးအောင်ဘညို ဖုန်းဆက် သူက ဦးစိန်လင်း ဖြစ်သည်။ သူသည်လည်း ဦးအောင်ဘညို နှင့်ရင်းနှီးသော စီးပွား ရေးလုပ်ငန်းရှင်တယောက်ဖြစ်သည်။အလုပ်များကြသူချင်းအချိန်းအချက် လုပ်ဖို့သိပ်မလွယ် သော် လည်း ကံအားလျှော်စွာ ဦးစိန်လင်း က ညနေခင်း အားနေသည် ဆိုသဖြင့် လာတွေ့မည့် အကြောင်းပြော လိုက်သည်။ညနေသုံးနာရီကျော် လောက်တွင်ဦး စိန်လင်းဆီဦးအောင် ဘညို ထွက်ခဲ့သည်။ အိမ်ကိုလာပါ ဟုပြော ထား၍ အိမ်ကိုသွားခြင်း ဖြစ်သည်။

“လာ ကိုအောင်ဘညို၊ ဘာထွေထွေထူးထူး ရှိလဲ”

ဆီးကြို နေရာပေးရင်း ဦးစိန်လင်း ကမေးသည်။

“အကို့ကို ထူးထူးဆန်းဆန်း အကူအညီတခု တောင်းမလို့”

“ဆိုဗျာ၊ တတ်နိုင်တာ လုပ်ပေးရမှာပေါ့”

ဦးစိန်လင်း က ဦးအောင်ဘညို နှင့်ရင်း နှီးသူဖြစ်သော်လည်း သင်္ကြန်ပျော်ကြီးတွေ လိုမဟုတ်။ သူ့ဟာသူ အေးအေး နေတတ်သည်။ အသောက်အစားကင်းပြီး ဘာသာရေးဖက်စိတ်သန်သူဖြစ်သည်။ နောက်ပြီး ဦး အောင်ဘညို လို သူဌေး သမီးနှင့်ညားပြီး ယောက်က္ခမ အရင်းအနှီးဖြင့် စီးပွားရှာရင်း ဒီလို နေရာ ရောက်ခဲ့ သူမဟုတ်။ လက်ဖဝါး ခြေဖဝါးကနေ ဒီအဆင့် ရောက်အောင်ကြိုး စားတက်ခဲ့သူဖြစ်၍ အောက်သက်ကျေ သည်။ သူဌေး နှင့် မတူသော သူဌေးဖြစ်ရာ ဦးအောင်ဘညို လေးစားသည်။

“ကျွန်တော့် အသိတယောက်ကို အကို့ဆီမှာ အလုပ်ခန့်ပေးဖို့ ပြောချင်လို့”

“ဒါတော့ ဆန်းသဗျ၊ ကိုအောင်ဘညို ဆီမှာ လဲ အလုပ်ပေးစရာ နေရာ မရှိတာမှ မဟုတ်တာ”

“ဒါကြောင့် ထူးထူးဆန်းဆန်း အကူအညီ လို့ပြောတာပေါ့ အကိုရဲ့”

“ကျွန်တော့် ဆီမှာ လူလိုတာ ကိုအောင်ဘညို ဘယ်လိုသိလဲ”

“ဂျာနယ် ထဲမှာတွေ့တာ”

ဒီဂျာနယ် ကို ကျော်ကျော့် ဆီမှာ တွေ့ခဲ့ခြင်းဖြစ်သည်။ ဦးစိန်လင်း ကုမ္ပဏီ မှန်းသိသော အခါ စိတ်ကူး တခုရခဲ့သည်။ ကျော်ကျော့် ကို တခြားသူတွေဆီ မှာလုပ်ခိုင်းသည် ထက် ဦးစိန်လင်း

ဆီမှာဆိုရင် ပိုကောင်းမည် ဟု တွေးမိသည်။

“ဟုတ်ပြီလေ၊ အကြောင်းတော့ ရှိမှာပေါ့”

“ကျွန်တော် ကူညီပေးရမယ့် မိန်းကလေးတယောက်ပါ၊ သူက ကျွန်တော့် ဆီမှာ မလုပ်ချင်ဘူး ဆိုလို့”

“ဒါဆိုလဲ လွှတ်လိုက်လေဗျာ”

“ဒီလိုပါ အကို၊ တခါထဲ ခန့်ခိုင်းတာ မဟုတ်ပါဘူး၊ အင်တာဗျူးလုပ်မယ် ဆိုရင်လုပ်ပါ။ အကို့ ဆီမှာ အသုံး ဝင်မယ် ဆိုမှခန့်ပါ၊ ကျွန်တော့် ကြောင့် ခန့်တာမျိုးဆိုရင် နောက်ပိုင်း အဆင်မပြေရင်အကို့ကို ကျွန်တော် အားနာနေရမယ်”

“အဲဒီလိုလဲ ဖြစ်တာပဲ၊ မနက်ဖြန်ဖြစ်ဖြစ် CV နဲ့ စာရွက်စာတမ်းတွေ တင်ခိုင်းလိုက်၊ ဒါမှ မဟုတ် သဘက်ခါဆိုရင် ပို အဆင်ပြေတယ်ဗျ၊ ဒေါ်ခင်သိန်းရီ က နေပြည်တော် ကနေ ဒီညနေမှ ပြန်ရောက်မှာ၊ မနက်ဖြန် ဆိုရင် သူအားချင်မှ အားလိမ့်မယ်”

“ဒေါ်ခင်သိန်းရီ ဗျူးမှာလား”

“ဟုတ်တယ်၊ သူ့ပဲ လွှဲထားတယ်၊ သူသဘောကျရင်တော့ ခန့် မှာပေါ့ဗျာ၊ ကလေးမ CV လာတင်တာနဲ့ တွေ့ကြည့်ဖို့ ကျွန်တော် ပြောထားမယ်”

“ဟုတ်ကဲ့ အကို”

ဒေါ်ခင်သိန်းရီ က ဦးစိန်လင်း ၏ အထွေထွေမန်နေဂျာ ဖြစ်သည်။ အစိုးရဌာနကြီးတခု မှာ ညွှန်ကြားရေးမှုး အဆင့် အထိလုပ်ခဲ့ ဖူးပြီး စီမံခန့်ခွဲမှု ကောင်းသူဖြစ်သည်။ ရုံးလုပ်ငန်းနှင့် ဥပဒေ တွေလည်းနားလည် ကျွမ်းကျင်သူဖြစ်ရာ ဦးစိန်လင်း ကိုယ်တိုင်က သူမကို လေးလေးစားစား ဆက်ဆံပြီး လုပ်ပိုင်ခွင့် နှင့် အခွင့်အရေးတွေ ပေးထားသူဖြစ်သည်။

ဦးအောင်ဘညို နှင့် လည်း ရင်းနှီးသိကျွမ်း၏။

ဒေါ်ခင်သိန်းရီ လက်အောက် မှာ ဆိုလျှင် ကျော်ကျော် ပညာအများကြီးရ နိုင်၏။ ဦးစိန်လင်း ကို နှုတ်ဆက်၍ ရုံးဖက်ပြန်လာရင်း ကျော်ကျော့် ကို ဒီသတင်းဝင်ပြောလျှင် ကောင်းမလားစဉ်းစား နေဆဲ့ ခင်မောင်တင့်ဆီက ဖုန်းဝင်လာသဖြင့် ရုံးပြန်လာခဲ့ရသည်။ ကျော်ကျော့် အတွက် အလုပ်တခု နီးစပ် လာ၍ ဦးအောင်ဘညို ဝမ်းသာမိပါသည်။

.............................................

ကျော်ကျော် အလွန်အလုပ် လုပ်ချင်နေမှန်း ဦးအောင်ဘညို သိသည်။ နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ခန်း လေးထဲမှာ တယောက်ထဲ အချိန်ဖြုန်းနေရသည်ကို ကျော်ကျော်သဘောကျပုံမရပါ။

ဦးအောင်ဘညို ၏ အ ထောက်အပံ့ဖြင့် အရိပ်ထဲမှာ အေးအေးသက်သာနေရ၍ အသားအရေ ကြည်ကြည်လင်လင် နှင့် ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာသော်လည်း ကျော်ကျော့် ကိုကြည့်ရသည် မှာမလန်းဆန်း။ ထို့ကြောင့် စိတ်အပြောင်းအလဲ တခု ဖြစ်အောင်သူမ ကို အလုပ်တခု ပေးချင်သည်။ ဦးအောင်ဘညို ဆီကို ကျော်ကျော် ကလည်းမလာချင် သည့် အပြင် သိင်္ဂီ  ကလည်းရှိနေသေး၏။

ညနေ ရုံးဆင်းခါနီးတွင် သိင်္ဂ ီဖုန်းဆက်လာသည်။

“ကိုကို လျှောက်သွားမနေနဲ့နော်၊ သူများပြန်လာမှာ”

သိင်္ဂ ီ့ကို သနားပြီး ကျော်ကျော့် ဆီကို အလုပ်ကိစ္စ ဝင်ပြောဖို့ အစီအစဉ် ဖျက်လိုက်ပြီး ဖုန်းဆက်လိုက် သည်။ ကျော်ကျော် ဖုန်းမကိုင်။ ဖုန်းနားမှာ မရှိဟုထင်သည်။ ပြီးမှပြန်ခေါ်ကြည့်လိုက်မည်ဟု စဉ်းစား ပြီး လုပ်လက်စ အလုပ်ကို အာရုံပြန်စိုက်လိုက်၏။

“လေးလေး”

“ဘာလဲ”

ရှေ့မှာလာရပ်သော အေးအေး ကိုကြည့်လိုက်ရာ တခုခုစားနေတုန်းထလာပုံရသည် နှုတ်ခမ်းအထက်မှာ ထမင်းစေ့တွေလိုလို ကပ်နေ၏။

“ကောက်ညှင်းပေါင်း စားမလား”

“ခုမှ မေးရလား၊ နင်တို့  စားနေပြီ မဟုတ်လား”

“လေးလေး ဘယ်လိုသိလဲ”

“ကိုယ့် နှုတ်ခမ်းလဲ ကိုယ်ပြန်စမ်းဦး၊ ရှိရင်ယူခဲ့လေ ဆာသလိုလို ဖြစ်နေတာ အတော်ပဲ”

“လေးလေး ဖို့ ဖယ်ထားပါတယ်၊ လေးလေး စားချင်လားမစားချင်လား မသေချာလို့ လာမေးတာ”

“စားချင်တာပေါ့၊ မစားရတာ ကြာပြီ၊ ဘယ်ကရတာလဲ”

“လမ်းထိပ်မှာ ရောင်းနေတာ တွေ့လို့ ကိုခင်မောင်တင့် ဝယ်လာတာ”

“ထပ်ဝယ်ပြီး ကျန်တဲ့သူတွေပါကျွေးလိုက်”

ရုံးကလူတွေလည်းစားပါစေဟု စေတနာပေါက်ပြီး ထပ်ဝယ်ကျွေးဖို့ ပိုက်ဆံထုတ်ပေးလိုက်သည်။ အေးအေး ကတော့ ဦးအောင်ဘညို စားဖို့လာပို့ပေး၏။ စားစရာမြင်မှဆာလာ၍ထည့်လာပေးသမျှ ကုန်အောင် စားပစ်လိုက်သည်။ ပြီးတော့ အလုပ်ထဲ စိတ်ပြန်ရောက်သွားပြီး ကျော်ကျော့် ဆီဖုန်းဆက်ဖို့မေ့သွားသည်။ ရုံး ဆင်းတာလည်း နောက်ကျရာ အိမ်ကိုပဲပြန်သွားမိ၏။ ဒါတောင် မှ သိင်္ဂ ီ့ဆီက မက်ဆေ့ချ် ဝင်လာသေး သည်။

“saw saw pyan lar” ဟူ၏တည်း။

တကယ်တန်းဦးအောင်ဘညို အိမ်ပြန်ရောက်ချိန်တွင် သိင်္ဂ ီကအိပ်ပျော်နေလေပြီ။ မအိပ်ခင် ပို့လိုက်သည့် မက်ဆေ့ချ် ဖြစ်ဟန်တူ၏။ ရေချိုးအဝတ်အစားလဲ ပြီးသော အခါ လုပ်စရာလည်းမရှိသည် နှင့် အောက်မှာ ကလေးတွေ နှင့် အချိန်ဖြုန်းနေလိုက်သည်။ ဒေါ်ဒေါ်ကြည် က ထမင်းစားဖို့လာမေး၏။

“မဆာသေးဘူးဗျ၊ ရုံးဆင်းခါနီး မှ ခင်မောင်တင့် ကောက်ညှင်းပေါင်းတွေ ဝယ်လာလို့ စားလိုက်တယ်။ ဆာတောင်ဆာပါမလား မသိဘူး၊ သားနဲ့ သမီး စားချင်ကျွေးလိုက်လေ”

ဖိုးသားကတော့ သွားစားသည်။ ဖူးဖူး က ခုနစ်နာရီ ကိုရီးယားကားပြီးမှ ဒေါ်ဒေါ်ကြည် နှင့် အတူစားမည် ဆို ပြီး ဦးအောင်ဘညို နှင့် အတူ ဂြိုလ်တုစလောင်း က သတင်းထိုင်ကြည့်နေသည်။ ခုနစ်နာရီ ထိုးခါနီးတွင် မှဦးအောင်ဘညို သတင်းပိတ်ပြီး မြဝတီ လိုင်းပြောင်းပေးလိုက်သည်။ ဒေါ်ဒေါ်ကြည် နှင့် အိမ်ဖေါ် ကလေးမ တွေသာမက ဦးလေးစိုးပါ ကိုရီးယား ပရိသတ် ဖြစ်နေကြောင်း တွေ့ရတော့ ဦးအောင်ဘညို အံ့သြမိ၏။

“ပျင်းတာနဲ့ သူတို့ကြည့်တာလိုက်ကြည့်ရင်း လက်စဖြစ်သွားတာ နဲ့ ဆရာရယ်”

အေးတိအေးစက် နေလေ့ ရှိသော ကျော်ကျော် ပင် ဒီဇာတ်လမ်း တွဲတွေ ထိုင်ထိုင်ကြည့်နေတာ တွေ့ဖူး သည်။ တယောက်ထဲ ဆိုတော့ ပျင်းလို့ ဖြစ်ကောင်းလည်းဖြစ်နိုင်သည်။ သိင်္ဂ ီကတော့ ကြည့်လေ့ မရှိပါ။မင်းသမီးတွေက သူမလောက် မချော၍ မကြည့်ချင်းဖြစ်သည်ဟု ပြောတတ်သည်။

“ကြည့်ပါဗျာ၊ ကြည့်ပါ၊ အနုပညာ ခံစားတာပဲ မရှက်ပါနဲ့”

ခေါင်းကုပ်ရင်း ဆင်ခြေပေးလာသော ဦးလေးစိုးကို ပြန်နောက်ရင်း ဦးအောင်ဘညို ထမင်းစားခန်းထဲ ဝင်လာခဲ့သည်။ စားပွဲ ပေါ်မှာ အားလုံးအသင့်ပြင်ဆင် ပြီး အုပ်ဆောင်းနှင့်အုပ်ပေးထားသည်။ ဦးအောင်ဘညို စားလိုက အဆင်သင့်စားဖို့ဖြစ်မည်။ ဦးအောင်ဘညို က လည်းထမင်းမဆာသေး။ ရုတ်တရက်ဆိုသလို အရက်သောက်ချင်စိတ်ပေါ်လာသည်။

အမြည်းအတွကလည်း စားပွဲပေါ်မှာ ဟင်းတွေ အသင့်ရှိသည် မဟုတ်ပါ လား။ စိတ်ကူးကို ဦးအောင်ဘညို ချက်ချင်း အကောင်အထည်ဖေါ်လိုက်သည်။ အစပိုင်းကတော့ တယောက်ထဲ အပျင်းပြေနည်းနည်းပါးပါး လောက်ပဲမှန်းသည်။ သောက်ရင်းသောက်ရင်း အရှိန်ရလာသော အခါ များသွား၏။ စကားပြောဖေါ်လည်း မရှိသဖြင့် တယောက်ထဲ တောင်တွေးမြောက်တွေး နှင့် တစိမ့်စိမ့် နှင့် တော်တော်လေးဝင်သွားသည်။ ရှစ်နာရီထိုးလို့ ဖူးဖူးတို့ ဝင်လာခါနီးသည့် တိုင် မရပ်ချင်။ ထို့ကြောင့် ခပ်ပြည့်ပြည့် တခွက်ထည့်ပြီး ချိစ်တတုံးရေခဲ သေတ္တာထဲက ယူလာပြီး ကိုယ့် အခန်းကိုယ်ပြန်ပြီး ဆက်သောက်နေလိုက်သည်။ ဒီညတော့ ထမင်းစားဖြစ်မည် မထင်။


အပိုင်း (၁၁) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment