Monday, August 1, 2022

ဝင်္ကပါလမ်းကလေးများ အပိုင်း ( ၅ )

ဝင်္ကပါလမ်းကလေးများ အပိုင်း ( ၅ )

{ ဇာတ်သိမ်းပိုင်း }

လမင်းအေးချမ်း ရေးသည်။

မြို့ထဲ တိုက်ခန်းကနေ စထွက်လာတော့ မိုးတောင်ကောင်းကောင်း မလင်းသေးပေ ။ ကားကို မနေ့ညနေကတည်းက ယူထားလို့ အဆင်ပြေသည် ။ ပုံမှန်အတိုင်း မောင်းနေသော်လည်း မိမိစိတ်တွေက အလျင်စလို ဖြစ်နေသည် ။မေရီတို့ အဆောင်ရှေ့ရောက်တော့ ဖုန်းလှမ်းဆက်လိုက်သည် ။

" ဟုတ် လာပြီ အကို ခဏလေး "

ဒီတစ်ပါတ်ပိတ်ရက်တော့ မေ့ရီ ကို ခြံထဲအလည်ခေါ်ရန် စီစဉ်ဖြစ်ခဲ့သည် ။ သင်တန်းရှိ‌သောကြောင့် နံနက်ခင်း ခပ်စောစောလေး လိုက်ခဲ့မည် ဆိုသောကြောင့် အစောကြီးထထွက်ဖြစ်ခဲ့သည် ။ မေရီ၏ လူချင်းတွေ့မှ ပြောမည့် စကားကို နားထောင်ချင်နေမိသလို မိမိရင်ထဲက ခံစားချက်များလည်း ဖွင့်ပြောပစ်လိုက်မည် စိတ်ကူးမိသည် ။

မေရီထွက်လာတော့ စလင်းဘတ်အိတ်ကလေးကို ပုခုံးမှာလွယ်လို့ လက်တစ်ဖက်က ဖိုင်တစ်အိတ်ရယ် ၊ အခြားလက်တစ်ဖက်က ကျွတ်ကျွတ်အိပ်တစ်ထုပ်ရယ် ဆွဲလာသည် ။ ဂျင်းပင်အရှည်ကို အပေါ်က ရှပ် အဖြူလေးနှင့်ဆိုတော့ ပိုလှနေသည် ထင်မိသည် ။

" အထုပ်ထဲက ဘာတွေလဲ မေရီ "

ကားပေါ်ရောက်တော့ မေးလိုက်သည် ။

" ဟိုမှာ စားဖို့လေ ညကမှ ထွက်ဝယ်လိုက်တာ "

" ဟိုမှာ ရှိပါတယ် အကို လှမ်းမှာထားတယ် "

" ရှိတာတော့ ရှိတာပေါ့ လက်ဗလာနဲ့ဆို အကို့ ကို အားနာစရာ "

ကားလေးက လမ်းမပေါ် ခပ်မြန်မြန်လေး ပြေးနေသည် ။ သန်လျင်တံတားပေါ်ရောက်တော့ နေကထွက်စပြုနေပြီ ။ ဘေးကလိုက်လာသော မေရီက ရေပြင်ကျယ်ကြီးကို မိမိကိုကျော်၍ ကြည့်နေခိုက် ရိပ်ခနဲရိပ်ခနဲ ဖြတ်သွားသော တံတားသံပေါင်တွေ နောက်ခံထား၍ သူမ မျက်နှာလေး ခိုးကြည့်နေမိသည် ။

" ဘာလဲ ရေပြင်ကို ကြည့်နေတာ "

သူမကို ခဏ ခဏ ကြည့်နေသော မိမိ ကို တွေ့၍ မလုံမလဲ မျက်စောင်းထိုးပြီးပြောသည် ။

" ဟုတ်လား ကိုယ်လည်း ညီမနောက်က တံတားသံပေါင်တွေ ရေနေတာ "

" အဟတ် "

ရီသံလွင်လေးကြားလိုက်ရသည် ။

" အံ့ဩပ "

ခြံရှေ့မြေနီလမ်းကလေး ရောက်တော့ မေရီက ဟိုဘက်ဒီဘက်ကြည့်၍ တအံ့တဩဖြစ်နေသည် ။ကားခဏရပ်၍ ပျဉ်ထောင်အိမ်လေး အရင်သွားပြီး အဘနှင့် အရင်မိတ်ဆက်ပေးသည် ။ တော်ရုံ ဘယ်မိန်းကလေးကိုမှ မိတ်ဆက်ပေးဖူးတာ မရှိ၍ အဘ၏ အံဩသည့် မျက်နှာကို မြင်နေရသည် ။

တိုက်ကလေးရှေ့ကားထိုးရပ်လိုက်တော့ အထဲ မဝင်‌သေးပဲ မေရီက သစ်ပင်တန်းတွေထဲ သွားချင်သည်ဆို၍ အရင်လိုက်ပို့ပေးသည် ။ တိုက်ကလေးရှေ့မှ ခြံဝအထိ ဖောက်လုပ်ထားသော မြေနီလမ်းကလေး အတိုင်း ပြန်လျှောက်ပြီး လမ်းတဝက်လောက်အရောက် ဘယ်ဘက်ကိုချိုးဝင်လိုက်တော့ ကန့်ကော်ပင်တန်းက ကြိုဆိုနေသည် ။ နံနက်စောစောဆောင်းတွင်းအစမို့ မြူတွေဆိုင်းနေသည့်အတွက် သစ်ပင်ထိပ်ဖျားတွေ မမြင်ရပေမယ့် ငှက်ကလေးများ၏ အော်မြည်သံတွေတော့ ကြားနေရသည် ။

ရှေ့ကနေ ဦးဆောင် လျှောက်သွားရင်း နောက်လှည့်ကြည့်တော့ မေရီက ခပ်လှမ်းလှမ်းမှာ ပြတ်ကျန်ခဲ့သည် ကို တွေ့လိုက်ရသည် ။

" မေရီ "

အနားရောက်တော့ မေရီ့မျက်နှာလေး ညှိုးနေတာတွေ့သည် ။

" မေရီ ဘာဖြစ်လို့လဲ "

" ဘာမှ မဖြစ်ပါဘူး အမေတို့ကို သတိရသွားတာ ဒီလိုပတ်ဝန်းကျင်မျိုးတွေ့ရင် အိမ်ကိုလွမ်းတယ် "

ပြောရင်း မျက်ရည်စလေးတွေ ထွက်လာသောကြောင့် မိမိလက်ဖမိုးလေးနှင့် သုတ်ပေးလိုက်သည် ။ မိမိနှင့် သူမ အကြည့်ချင်းဆုံမိပြန်သည် ။

မျက်ရည်စတို့နှင့် ပြည့်လွှမ်းနေသော မျက်ဝန်းတစ်စုံကို မိမိ နီးသည်ထက်နီးအောင်ကြည့်ရင်း ခေါင်းကို အောက်နှိမ့်မိသည် ။ အနီးကပ်လာလေလေ သူမ နှုတ်ခမ်းအစုံက မသိမသာတုန်ရီနေတာမြင်ရသည် ။ သူမ ပါးလေးနှစ်ဖက်ကို မိမိ လက်ကလေးတွေနှင့် အသာ အုပ်ကိုင်ရင်း မိမိနှုတ်ခမ်းတွေကို သူမ နှုတ်ခမ်းတွေဆီ ဖိကပ်လိုက်သည် ။ ပူနွေးသည့် အတွေ့တစ်ခုနောက်မှာ သူမ လက်နှစ်ဖက်က မိမိလက်မောင်းတွေ ဆုတ်ကိုင်လာသည် ။ သူမနှုတ်ခမ်းအစုံအား ဖိကပ်ထားရာမှ အသာခွာသည့် အခိုက် တိုးတိုးလေး ရေရွတ်မိသည် ။

" ချစ်တယ် "

မိမိလက်‌မောင်း‌ကိုဆုတ်ကိုင်ထားသည့် သူမလက်‌ကလေးတွေ ကျောပြင်ကို နေရာပြောင်းယူခိုက် သူမနှုတ်ခမ်းတွေ နောက်တစ်ကြိမ်ဖိကပ်နမ်းရှိုက်တော့ ပထမတကြိမ်ကထက် အနည်းငယ် တုန့်ပြန်လာတာ သတိထားမိသည် ။

မေရီ လက်ကလေး ဆွဲ၍ ကန့်ကော်ပင်တန်းမှ ပြန်ထွက်လာခဲ့သည်။ ပျော်ရွှင်ကြည်နူးရသော ရင်ခုန်စိတ်လှုပ်ရှားမှုတွေက အခုထိ မပျက်ပြယ်ပဲ ရှိနေသည် ။ သူမက ပြုံးလည်းမပြုံး ရီလည်းမရီပဲ ရုပ်တည်ကြီးဖြစ်နေသည် ။

" မေရီ စိတ်ဆိုးနေတာလား "

" မဟုတ်ပါဘူး "

" မပျော်ဘူးလား အကိုနဲ့ အတူရှိနေတာ "

" ပျော်ပါတယ် "

တိုက်ကလေးရောက်တော့ မိမိ အခန်းနှင့်တခြားနေရာများကို လိုက်ရှင်းပြသည် ။ ခုနကထက်စာရင် မေရီ မျက်နှာလေး ဝင်းပလာပုံရသည် ။ နောက်ဖေးကွက်လပ်ကလေးမှာ နံနက်စာ စားပြီး ကော်ဖီ အတူသောက်ကြသည် ။

" မေရီ "

" ရှင် "

" အကို့ကို ပြောစရာရှိတယ် ဆို "

မေရီ မျက်နှာလေး တမျိုးပြန်ဖြစ်သွားသည် ။

" နောက်မှ ပဲ ပြောတော့မယ် "

မိမိမျက်နှာချင်းဆိုင်ထိုင်နေရာမှ မေရီ အနားသွားထိုင်လိုက်ရင်း မပြောမဆို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည် ။

" ဟင် ဘာလုပ်တာလဲ "

အလိုက်သင့်လိုက်ပါရင်း မျက်နှာလေးမော့ နှုတ်ခမ်းလေးထော်ပြီး မေးသည် ။

" ကိုယ့်ကို ချစ်တယ်မလား "

သူမ အဖြေပြန်မပေးနိုင်ခင်မှာ နှုတ်ခမ်းလေးတွေ နမ်းလိုက်မိပြန်သည် ။ သူမ က အနည်းငယ် တုန့်ပြန်လာတာမို့ ခပ်ဟဟ နှုတ်ခမ်းလေး‌တွေ ကြားထဲ မိမိ နှုတ်ခမ်းတွေ အသာထိုးထည့်ရင်း အပေါ်နှုတ်ခမ်းလေး ခပ်မျဉ်းမျဉ်း စုတ်ယူလိုက်သည် ။ ပြီးတော့ အောက်နှုတ်ခမ်းလေး အလှည့်ပေးသည် ။ စုတ်ယူခိုက် လျှာလေးနှင့် နှုတ်ခမ်းထိပ်ကလေးတွေ တို့ပေးလိုက်သည် ။ ရင်ဘတ်ချင်း ကပ်ထားလို့ မိမိ ရင်ခုန်သံတွေ သူမကြားနိုင်မည် ယုံကြည်မိသည် ။ 

သူမ၏ တုန့်ပြန်စုတ်ယူတာခံလိုက်ရပြီးနောက်မှာ မိမိရော သူမပါ အသက်ရှူသံတွေ မြန်လာသည် ။ သူမလက်တွေက မိမိဂုတ်သားတွေ ဆုတ်ကိုင်လာသလို မိမိလက်တွေကလည်း သူမပုခုံးလေးမှ တစ်ဆင့် ရင်သားလေးကို အကျီပေါ်မှပင် ဆုတ်ကိုင်မိသည် ။ အသက်ရှူသံပြင်းပြင်းတွေကြားမှာပင် သူမလျှာနှင့် မိမိလျှာထိတွေ့မှုက ပိုမိုလာပြန်သည် ။ မိမိလျှာလေး ထိုးအထည့်မှာ သူမ နှုတ်ခမ်းအစုံက စုတ်ယူပေးလာသလို သူမလျှာလေးပြန်ဝင်လာတော့ အလိုက်တသိ မိမိနှုတ်ခမ်းတွေနဲ့ ပြန်စုတ်ပေးလိုက်သည် ။

" တော်ပြီ "

သူမ အတင်း ဆွဲခွါလိုက်လို့ အနမ်းတွေရပ်ပြီး လူချင်းလည်း ကွာသွားသည် ။

" သွားကြမယ်လေ သင်တန်းနောက်ကျလိမ့်မယ် "

မေရီ ချက်ချင်းထ၍ ပြန်ဝင်သွားသောကြောင့် မိမိပါထလိုက်ခဲ့ရသည် ။အပြန်လမ်းသည် အလာတုန်းကလို မဟုတ်ပဲ ကားလေးထဲမှာ တိတ်ဆိတ်နေသည် ။ မေရီကိုကြည့်တော့ မျက်နှာလေးက ရီဝေ ညိုမှိုင်းနေသည် ။ မိမိ ကားမောင်းရင်း လက်တစ်ဖက်က မေရီ လက်ကလေး အသာဆွဲယူပြီး ဆုပ်ကိုင်ထားလိုက်သည် ။ မေရီ အသာပြန်ရုန်းသော်လည်း မိမိ မလွှတ်ပေးပဲ ဆုတ်ကိုင်ထားမိသည် ။

မြို့ထဲရှိ မေရီ သင်တန်းနား ရောက်ခါနီးတော့ ရုတ်တရက် ဖုန်းထမြည်လာသည် ။ ခိုင်မင်းဆီက ဖြစ်နေသည် ။ မေရီလက်ကလေး အသာလွှတ်လို့ ဖုန်းကောက်ကိုင်လိုက်သည် ။

" အေး သူငယ်ချင်း ခိုင်းမင်း ပြော "

မေရီ့ခေါင်းလေး မိမိဘက်လှည့်လာတာ တွေ့လိုက်ရသည် ။ မိမိက ခဏ ဆိုသည့် အသွင် ပြုံးပြလိုက်ရင်း တစ်ဖက်ကပြောသံ‌ ဆက်နားထောင်နေလိုက်သည် ။

" မင်း ဘယ်မှာလဲ ငတိုး "

" ငါ မြို့ထဲဘက် ရောက်နေတာ "

" ငါပြောမယ် နောက်လထဲ ငါ ရန်ကုန်လာဖို့ရှိတယ် "

" မင်းဟာ ချက်ချင်းကြီးပါလား ဘာကိစ္စရှိလို့လဲ "

" အေး ငါလာမှ ပြောမယ်လေ "

" အိုကေ အိုကေ "

ဖုန်းချ အပြီး သင်တန်း‌ရှေ့လည်း ရောက်ပြီမို့ ကားကို သေချာပါကင်ထိုးရပ်လိုက်သည် ။

" သွားစရာရှိလို့လား "

" မဟုတ်ဘူးလေ မေရီ သင်တန်းပြီးထဲထိ စောင့်ပေးမလို့ "

မေရီ မျက်နှာလေးက ငိုမဲ့မဲ့ ဖြစ်နေသည် ။

" မေရီ ဘာဖြစ်နေတာလဲ ခြံက ထွက်လာကတည်းက မျက်နှာလည်း မကောင်းဘူး "

" ဘာမှ မဖြစ်ဘူး "

" မေရီ တစ်ခုခု ဖြစ်နေတာ သေချာတယ် "

" ဘာမှ မဖြစ်ပါဘူးဆို သင်တန်းပြီးတဲ့အထိ စောင့်မနေနဲ့ မေရီ သူငယ်ချင်းတွေနဲ့ ချိန်းထားသေးလို့ "

" အင်းပါ မေရီ မစောင့်စေချင်လည်း မစောင့်တော့ပါဘူး ပြန်နှင့်မယ်နော် ဟုတ်ပြီလား "

သူမအနား အသာတိုးကပ်၍ နဖူးလေး ဖွဖွနမ်းလိုက်သည် ။

" သွားတော့မယ် "

တံခါးဖွင့်ပြီး ဆင်းသွားသည့် သူမကို သင်တန်းရှိရာ တိုက်ခန်းလှေကားပေါ် တက်သွားသည်အထိ တစ်ဆုံးကြည့်နေမိသည် ။ ကျောခိုင်း လျှောက်သွားပေမယ့် လက်ကလေးတစ်ဖက်နှင့် မျက်လုံးများ ပွတ်နေသည်ကို မှန်းဆ မြင်နေရသည် ။

မေရီအပေါ်ထားသည့် အချစ်ကို ကိုယ်တိုင်လက်ခံယုံကြည်ပြီး ဆိုင်သူသိအောင် ဖွင့်ပြောလိုက်ပေမယ့် မိမိစိတ်ထဲ ပိုးပိုးအပေါ် မလုံမလဲ ဖြစ်မိသည် ။ ထိုအတူ မေရီ၏ သူ့အပေါ်တုန့်ပြန်မှုတွေက လိုလိုလားလားဖြစ်ကြောင်းခံစားမိပေမယ့် တစ်စုံတစ်ခုသော အကြောင်းတစ်ခုက သူမကို အတားအဆီးတစ်ခုသဖွယ် ဟန့်တား‌နေကြောင်းလည်း ရိပ်စားမိသည် ။

လိုချင်‌သော ဖြောင့်ဖြူး‌သော အချစ်စစ်ကို ဘယ်သော အခါမှ ရနိုင်လိမ့်မည်နည်း ။

.................................................................................................

မိမိထင်သည့်အတိုင်းပင် ဖြစ်လာသည် ။ နောက်ပိုင်းရက်တွေမှာ မေရီ မိမိကိုရှောင်နေတာ သတိထားမိသည် ။ အရင်လို ဖုန်းလည်း ပုံမှန်မဆက်တော့ ။ အလုပ်ကိစ္စနှင့် ကားပေါ်ပါလာလျှင်လည်း အနားကပ်မခံပဲ သာမန် မေးထူးခေါ်ပြောလောက်ပဲ ပြောသည် ။ ပြုံးပြ ရီပြလျှင်လည်း အသက်မပါသလိုဖြစ်နေသည် ။ သူမဘက်က ပုံမှန်လို ဖြစ်နေပေမယ့် မိမိနှလုံးသားမှ ဒီအခြေအနေကို ဘယ်လိုမှ လက်မခံနိုင်ပါ ။

တစ်ရက် အလုပ်ကိစ္စ မေရီနှင့်အတူ သွားရတုန်း စက်မှုဇုန်လမ်းမဘေးမှာပင် ကားကို ထိုးရပ်လိုက်သည် ။ ရုတ်တရက်ဖြစ်သောကြောင့် ကြောင်အမ်းအမ်းဖြစ်နေသော မေရီရှိရာ ကားနောက်ခန်းသို့ လှည့်ကြည့်ရင်း

" အကို့ကို ရှောင်နေတာလား မေရီ "

သူမ ခေါင်းငုံ့သွားသည် ။ ပေါင်ပေါ်တင်ထားသည့် လက်ကလေးနှစ်ဖက်က တစ်ဖက်နှင့်တစ်ဖက် ပိုမို တင်းကျပ်နေအောင် ဆုပ်ကိုင်နေတာ သတိထားမိသည် ။ လူတစ်ကိုယ် စိတ်နှစ်ခု တစ်ဖက်နှင့်တစ်ဖက် လွန်ဆွဲနေပုံရသည် ။

" အင်း "

အခုထိ သူမ ခေါင်းငုံ့ထားဆဲ ။

" ဘာလို့လဲ "

ရလဒ်ကောင်းမည် ဟု ယုံကြည်မိသော စာမေးပွဲအောင်စာရင်းတစ်ခုကို တိုးဝှေ့ကြည့်ရသည့်နှယ် မျှော်လင့်ချက်အပြည့်ဖြင့် အလောတကြီး မေးမိသည် ။

" မေရီ မှာ - "

သူမ ခေါင်းလေးမော့လာသည် ။ ကျစ်နေအောင် ဆုပ်ကိုင်ထားသည့် လက်ကလေးနှစ်ဖက်က ပြန်ကွာသွားသည် ။ စိတ်တစ်ခုက အနိုင်ရလိုက်ပုံရသည် ။

" မေရီ မှာ ချစ်သူရှိတယ် အကို "

မိမိ မျက်လုံးကို တည့်တည့်ကြည့်ရင်း ဖြေလိုက်ပြီးနောက်မှာ ချက်ချင်းဆိုသလိုပင် ကားပြတင်းမှ အပြင်ဘက်ဆီသို့ သူမအကြည့်တွေ ပြန်လွှဲသွားသည် ။

" ဘယ်လို ကိုယ် - ဘယ်တုန်းက "

အဆက်အစပ်မရှိသည့် စကားစပ်တွေ နှုတ်မှထွက်မိနေသော်လည်း မိမိနားတွေ ရုတ်တရက် အူနေသလို ခံစားလိုက်ရသည် ။ တဒုတ်ဒုတ် တိုးနေသည့် သွေးခုန်နှုန်းတွေကိုတော့ ပီပီသသ ပြန်ကြားနေရသည် ။

" ဟုတ်တယ် အကို မေရီမှာ ချစ်သူရှိတယ် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အကို့အပေါ် အထင်မှားစေတဲ့ ဆက်ဆံရေးတွေအတွက် ညီမ တောင်းပန်တယ်နော် "

သူမ ဖြေးဖြေးချင်း ပြောလာသည် ။လွယ်လိုက်တာ ။ သူမ ဘက်က ဒီလိုပြောလိုက်ရုံနဲ့ လိုအပ်သည်ထက် ခုန်နေသည့် နှလုံးသားနှင့် တုန်နေသည့် နှုတ်ခမ်းတစ်စုံကိုတော့ ပြေလျော့ ငြိမ်သက်မှု မရနိုင်တာ သူမ သိပါလေစ ။

" မင်း ကိုယ့်ကို အစကတည်းက ဖွင့်ပြောသင့်တယ် "

" မေရီ အမှားပါ အကို့အပေါ် စိတ်ကစားမိသလို ဖြစ်ခဲ့တယ် "

" ကိုယ်က မေရီ အကို့ကို ပြန်ချစ်တယ်လို့ ယုံကြည်ခဲ့တယ် "

ချက်ချင်းဆိုသလို ခွန့်တုန့်ပြန်မိသည် ။

" မေရီ အကို့ကို ရင်ခုန်မိတာ အမှန်ပဲ "

မေရီခုတော့ မိမိကို တည့်တည့်ကြည့်၍ ပြန်ပြောနေသည် ။

" ဒါပေမယ့် မေရီချစ်သူအပေါ် သစ္စာပျက်တဲ့ သူတစ်ယောက်အဖြစ် မရှင်သန်သွားချင်ဘူး အကို "

မေရီက တုန်ရီစွာ ဆက်ပြောနေသည် ။

" သူယုံကြည်ထားတဲ့ မေရီ့ အချစ်တွေကို တန်ဖိုးမမဲ့စေချင်ဘူး "

မိမိ မေရီ မျက်နှာလေးကို မျက်နှာချင်း မဆိုင်ဝံ့တော့လို့ ရှေ့သို့ပြန်လှည့်ခဲ့လိုက်သည် ။

" အဲ့ဒါကြောင့် အကို့အပေါ်ဖြစ်မိတဲ့ ရင်ခုန်မှု ကို ဒီအခြေအနေလေးမှာ ဒီပမာဏလောက်ကလေးမှာ ရပ်တန့်ဖြစ်တာ အကောင်းဆုံးလို့ ထင်မိတယ် အကို "

" မင်းဘက်က ရပ်တန့်ပစ်လိုက်ဖို့ အဲ့သလောက် လွယ်သလား မေရီ "

ရှေ့ကလမ်းမပေါ်ကြည့်ပြီး မေးမိသည် ။

" မလွယ်ပါဘူး အကို တကယ်မလွယ်ခဲ့ဘူး ဒါပေမယ့် ကြာရင် ပိုခက်မှာတော့ မေရီ မလိုလားဘူး "

ကားလေး အတွင်းဝယ် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။

" အကို မေ့ရီကို တကယ်ချစ်တာလား "

" ထပ်ပြောဖို့လိုနေသေးလား အကို့ အပြုအမူတွေက အပျော်သဘောဆန်နေသလား "

မေးခွန်းအပေါ် မေးခွန်းထပ်နေတဲ့ မေးခွန်းများ ။

" မေရီ ကို ချစ်ရင်လေ အဲ့ဒီအချစ်တွေကို အရောင်တွေဖယ်ပြီး ဖြူစင်တဲ့ အချစ်နဲ့ မေရီဘေးနားမှာ အကိုတစ်ယောက်အဖြစ်နေပေးပါလား "

မိမိတို့နှစ်ယောက်စလုံး ခုနက ကထက် တည်ငြိမ်လာပြီမှန်း ခံစားမိလာသည် ။

" အကို မနေနိုင်ဘူး မေရီ မင်းရော နေနိုင်လို့လား "

" ညီမတို့ ကြိုးစားကြမယ်လေ "

သင်္ချာပုစ္ဆာတစ်ပုဒ်ကို အဖြေပေးပြီး ထိုအဖြေ မရ ရအောင် တွက်ခိုင်းနေသည့်နှယ် ။

စက်နှိုး၍ ကားလေးမောင်းထွက်လာခဲ့သည် ။

...................................................................................

မိမိတစ်ယောက်တည်း မသောက်ဖြစ်တာ တော်တော်ကြာနေပြီ ။ ဒီနေ့ညတော့ ခြံရှိ အဘအိမ်ကလေး၏ ကွက်ပျစ်ကလေးမှာ တစ်ယောက်တည်း သောက်နေမိသည် ။

ထုံးစံအတိုင်း အဘ ကတော့ ဘာမှ မပြောပဲ ပက်လက်ကုလားထိုင်ပေါ်တွင် ဆေးပြင်းလိပ်ဖွာနေသည် ။ အဘကိုတောင် မိတ်ဆက်ပေးမိသည် အထိ ဖြစ်သွားပြီးမှ ခုလိုမျိုးဆိုတော့ ဘယ်လိုပြန်ပြောရမည်မှန်း မသိပေ ။ မိတ်ဆက်ရုံတင် မိတ်ဆက်ပေးထားလို့ တော်သေးသည် ။

အချစ်ဆိုသည့် အရာနှင့်‌ ဆုံမိတိုင်း မိမိရင့်ကျက်မှုတွေက ဘယ်ဆီရောက်မှန်းမသိ ပျောက်ကုန်သည် ။ အပျော်သဘော ချဉ်းကပ်မိသည့် အရာတွေပဲ အနားမှာ တည်မြဲနေတတ်သည် ။ ကံဆိုတာ အလုပ် လို့ ကြားဖူးသည် ။ အချစ်ကို အလုပ်တစ်ခုလို သဘောထားပြီး ပန်းကလေးလို သေချာပြုစုပျိုးထောင်ပေးပေမယ့် အချစ်ကံကတော့ ကောင်းမလာခဲ့ပေ။ သူမ ချစ်သူ ကို သစ္စာ မဖောက်ဖျက်လိုသော မေရီကို ချီးကျူးမိရသလို ပိုးပိုး အပေါ် သစ္စာ မတည်မြဲခဲ့သော မိမိကိုယ်မိမိ အပြစ်တင်ရမည်လား ။ မိမိမဟုတ်ပဲ တစ်ခြားသူတစ်ယောက်ဆိုလျှင်ရော လအတော်ကြာ အဆက်အသွယ်ပြတ်နေသည့် ချစ်သူကို သစ္စာမပျက်ပဲ နေနိုင်ပါ့မလား ။

ဘီယာတစ်ဗူးပြီး တစ်ဗူးသာ ကုန်သွားသည် ။ ရှုပ်ထွေးနေသည့် ခေါင်းက ချာချာလည်နေဆဲ ။

" - "

ဖုန်းဝင်လာလို့ ကောက်ယူ ကြည့်လိုက်‌တော့ မေရီ ။ သူမ အသံနားထောင်ရန် အင်အားမရှိလို့ ပြန်ပစ်ချလိုက်သည် ။ မေရီ ဟု ပေါ်နေသည့် ဖုန်းမျက်နှာပြင်ပေါ်မှ ကွန်တက်နာမည်လေးကို ကြည့်နေစဉ် ဖုန်းခေါ်သံ သံစဉ်လေးကလည်း လစ်မစ်ပြည့်သည်အထိ ဆက်လက်မြည်နေသည် ။

" - "

နောက်တခါ မြည်လာပြန်သည် ။ ဖုန်း မျက်နှာပြင်ကို မှောက်ထားပစ်လိုက်သည် ။ သူ့နှလုံးသားက မေရီ ဆိုသည့် နာမည်ကိုလည်း အလွယ်တကူ မှောက်ထား ဝှက်ထား ဖျောက်ထားလိုက်လို့ရလျှင် ဘယ်လောက်ကောင်းမလဲ ။

" - "

တတိယ အကြိမ်မြောက် ခေါ်သံ မြည်လာပြန်သည် ။စိတ်မရှည်စွာဖြင့် ကောက်ကိုင်လိုက်သည် ။

" ဟယ်လို "

တစ်ဖက်မှ အသံချိုချိုလေး ကြားလိုက်ရသည် ။ စိတ်တို အလိုမကျမှုတို့ ခဏတော့ လွင့်ပျောက်သွားသလိုလို ။

" အင်း "

" အကို သောက်နေတာလား "

" ဟုတ်တယ် "

" ညီမ ကို မုန်းနေပြီလားဟင် "

မုန်းလို့မရလို့ သောက်နေတာ မင်းမှ မသိတာ ။

" ထားပါ အဲ့တာတွေ ခု ဘာပြောမလို့လဲ "

" ညီမကြောင့် အကို တစ်ခုခု ဖြစ်မှာမလိုလားဘူး "

တစ်ဖက်မှ အသံချိုလေးနောက်မှာ ရှိုက်သံလေးတွေက မသိမသာပါနေသည် ထင်သည် ။

" ညီမ ကို အရင်လိုပဲ ပြန်ပြီး ဂရုစိုက်ပေးနေစေချင်တယ် ညီမလေ အကို လျစ်လျူရှုသွားမှာကို စိုးနေမိတယ် "

" အင်း "

သူမရော မိမိပါ သက်ပြင်းရှည် ရှေ့ဆင့်နောက်ဆင့် ချမိကြသည် ။

" ညီမ အခြေအနေနဲ့ ခုလို ဆုံးဖြတ်ရတဲ့ အပေါ် အပြည့်အဝ နားလည် နိုင်မယ်မလားဟင် "

" အင်း "

" ညီမလေ အကို့ကို အကိုတစ်ယောက်လို ညီမဘေးနားရှိနေစေချင်သေးတယ် ဘာဖြစ်ဖြစ် ရင်ဖွင့်ရမယ့်သူ အဖြစ်နဲ့လေ "

" အင်း "

သူမ ပြောသမျှ အင်းလိုက်နေမိသော မိမိ ။

" မေရီ "

" ဟုတ် "

" မင်းပြောတာတွေ အကုန်လိုက်လျောပေးနိုင်ပေမယ့် မင်းကို မချစ်ပဲတော့ မနေနိုင်ဘူး ကလေး  "

" အကို အဲ့လို လုပ်နေရင် ညီမ ဘယ်လို ပြတ်ပြတ်သားသားဆုံးဖြတ်ရမလဲ ညီမကို သစ္စာမဲ့တဲ့သူမျိုး ဖြစ်စေချင်တာလား "

မေရီ ဆက်‌ပြောသည်။

" ပြီးတော့ - ပြီးတော့ အကိုကရော အကို့ချစ်သူအပေါ် သစ္စာပျက်ချင်လို့လား "

ပိုးပိုး ကို ရည်ရွယ်မှန်း မိမိသိလိုက်သည် ။ ဦး‌တင်မောင် ပြောထားတာပဲ ဖြစ်လိမ့်မည် ။

" သူ အကို့ကို ထားခဲ့တယ် မေရီ အဆက်အသွယ်ပြတ်နေတာလည်း ကြာပြီ သူအကို့ကို တကယ်ချစ်တယ်ဆို ဒီခေတ်ကြီးမှာ တစ်နည်းနည်းနဲ့ ဆက်သွယ်မှာ အမှန်ပဲလေ "

ရှည်လျားစွာ ရှင်းပြနေမိသည် ။

" မှန်တယ် ပိုးပိုးက အကို့နှလုံးသားထောင့်မှာ ကပ်တွယ်နေဆဲ ဆိုပေမယ့် နေရာသေးသေးလေး ကိုယ့်အတွက် မျှော်လင့်ချက်လည်းမဲ့နေတယ် အဲ့တာကြောင့်လည်း မေရီကို သူနဲ့ပက်သက်တာ ဘာမှ မပြောပြတာ "

နှုတ်ဆိတ်မိကြပြန်သည် ။

" အိုကေ မေရီ အကို မင်းဖြစ်စေချင်သလို ကြိုးစားကြည့်ပါ့မယ် အကို ကတိပေးတယ်ကွာ "

အသံတွေ တုန်နေတာ သူမ သတိထားမိမှာစိုးလို့ ပြောပြီးပြီးချင်း ဖုန်းချလိုက်သည် ။

မျက်ရည်စတွေက လက်ကျန် ဘီယာဗူး‌ပေါ် ကျသွားသည် ။

..............................................................................

နောက်ရက်တွေမှာ မေရီကို တတ်နိုင်သမျှ ခပ်ခွာခွာနေသည် ။တိုက်ဆိုင်စွာ ကာလရှည်ကြာစွာ အပ်ထားရသည့် ဝပ်ရှော့ကကား ပြန်ဝင်လာလို့ အကောင့်ငှာနနှင့် ပက်သက်သမျှ အခေါ်ရှိတိုင်း သူပြန်လွှဲပေးဖြစ်သည် ။နေ့လည်ဘက် မေရီ တို့ ထမင်းစားချိန် မတိုင်ခင် သူစောစောစားပြီး သူမ ဟင်း လာပေးလျှင် မယူပဲ ပြန်ငြင်းလွှတ်မိသည် ။ မျက်နှာမကောင်းလှပေမယ့် မေရီ ဘာမှတော့ မပြောပါ ။

ပုံမှန် ညဘက် တစ်ရက်ခြား လောက်တော့ ဖုန်းဆက်မြဲ ဆက်သည် ။ အလုပ်ကိစ္စ ၊ တခြားကိစ္စတွေ ပဲ ပြောဖြစ်သည် ။ သူမချစ်သူအကြောင်း လုံးဝမ‌ပြောသလို မိမိကိုယ်တိုင်လည်း မမေးဖြစ်ပါ ။ တခါတလေ စကားကို တိုတိုပြောပြီး သူဖြတ်ချပစ်သည် ။

မိမိရင်မှာ ခံစားနေရသည့် အသဲကွဲ ဝေဒနာကို ကိုယ်တိုင်ပင် ရင့်ကျက်စွာ တွန်းလှန်သင့်သည် ယူဆမိသည် ။ ကိုယ်တိုင် အနေအထိုင် ဆင်ခြင်ခြင်းကလည်း သူမပြောသလိုပင် သူမ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်စေရန် ကူညီလိမ့်မည် ။ ကိုယ်ဘက်က ဆင်ခြင်ပါမှ သူမ တည်ငြိမ်နိုင်မည်မို့ ချစ်တဲ့စိတ်ကို ကွယ်ရာမှာပဲ သီးသန့်ပေါက်ကွဲရင်း သူမရှေ့မှာတော့ အတည်ငြိမ်နိုင်ဆုံးဖြစ်အောင် ကြိုးစားမိသည် ။

ဒီလိုနဲ့ပဲ -

တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းလာပြီးနောက် အချိန်တစ်ခုကြာလာတဲ့အခါ သူ့နှလုံးသားက အရင်ကထက် အများကြီး တည်ငြိမ်လာသည် ။ မေရီလည်း ထို့အတူပဲ ဖြစ်လိမ့်မည် ထင်သည် ။ သို့ပေမယ့် မေရီအပေါ်ထားတဲ့ အချစ်တွေက ပျောက်ကွယ် သွားတာမဟုတ်ပဲ နှလုံးသားရဲ့ အခန်းတစ်ခုမှာ ခဏဝင်ပုန်းနေမှန်း နားလည်လက်ခံထားသည် ။

ကြည်ပြာတောင် သူ့ကောင်လေးနှင့် ပြန်အဆင်ပြေနေကြောင်းပြောသည် ။ အပြင်မှာ တခြားကောင်မလေးတစ်ယောက်နှင့် တွဲနေတာ တွေ့ခဲ့သည်က အမှန်ဖြစ်ပြီး ခုတော့ ပြန်တောင်းပန်လာကြောင်း ၊ သူမောင်လေးနှင့် ပြန်လက်တွဲနေပြီ ဖြစ်ကြောင်း ၊ တစ်ခေါက်သက်သက် မုန့်ဝယ်ကျွေးရင်း မိတ်ဆက်ပေးမည် ဖြစ်ကြောင်း မသဇင် ရုံးခန်းရှေ့မှာတင် ရီပြုံးလို့ တိုးတိုးလေး ပြောပြလာသည် ။

အချစ်ဆိုသည်မှာ အနာဂါတ်အတွက် ကြိုတင်ခန့်မှန်း အကွက်ချ၍ အစဉ်အတိုင်း သွားလာစေနိုင်သော ကွန်ပြူတာ ပရိုဂရမ်တစ်ခု မဟုတ်မှန်း ပိုမိုထင်ရှားလာသည် ။

မသဇင်ကတော့ မိမိအပေါ် အရင်ကထက် ပိုမိုရင်းနှီးစွာ ပြောဆို ဆက်ဆံလာသည် ။ မိမိဘက်က အမ်ဒီ ဆိုသည့် စည်းတစ်ခု ထားပြီး လိုအပ်သည်ထက် ပိုမိုခြင်း မရှိစေရန် ဂရုစိုက်သည် ။ လူအများနှင့်ပြောဆိုဆက်ဆံရသော စက်ရုံလိုနေရာမျိုး၌ မမြင်နိုင်သော မျက်စိ၊နားများက နေရာအနှံ့ရှိနေသည် မဟုတ်ပါလား ။

.....................................................................................................................

" ဟာ မင်းဝလာလိုက်တာ "

ခိုင်မင်းက တွေ့တွေ့ခြင်း ဝမ်းသာအားရ နှုတ်ဆက်သည် ။

" မင်းက အိုးပိုတောင့်လာတာကွ ကြည့်စမ်း "

ခိုင်မင်းတင်ပါးတစ်ချက်ရိုက်လိုက်ရင်း မိမိပြောလိုက်သည် ။သူငယ်ချင်းနှစ်ယောက် ဖက်လဲတကင်း နှုတ်ဆက်ဖြစ်ကြသည် ။ရန်ကုန်ကိုရောက်လျှင် သူတဲနေကျ သူ့အကိုဝမ်းကွဲ အိမ်မှာပဲ တည်းပြီး နောက်ရက် ခြံထဲကို သူ့ ကိုယ်ပိုင်ကားလေးနှင့် ရောက်လာသည် ။

" လူလေး မင်းပျောက်နေတာကြာပြီနော် "

" ဟုတ်တယ် အဘ အိမ်ပြင်ဆောက်‌နေတာရယ် မိန်းမယူဖို့ ပြင်ဆင်နေတာကြောင့်လည်း ပါတယ် အဘ "

ခိုင်မင်းက ရီကျဲကျဲလုပ်ပြောရင်း အဘနှင့် စကားလက်ဆုံကျနေသည် ။

" အေး အဲ့တာဆိုလည်း မင်းသူငယ်ချင်းကို နည်းလမ်းကောင်းလေး ဘာလေး ပေးလိုက်ပါဦးကွာ ဒီကောင် ကွဲလိုက် သောက်လိုက် နဲ့ ချာလည်လည်နေတယ် "

" ဟုတ်လား ငတိုး "

မိမိဘက် လမ်းကြောင်းလှည့်လာလို့ ရောယောင်၍ ရီနေလိုက်သည် ။အဘကို ခိုင်းမင်းက ပိုက်ဆံနှင့်မုန့်များဖြင့် ကန်တော့သည် ။

ခိုင်မင်း အရင်ကထက် အသားတွေပိုဖြူပြီး ပိုမိုတောင့်တင်းလာသည် ။ မိမိနှင့်ရွယ်တူဆိုပေမယ့် ငယ်ငယ်ကတည်းက အားကစားလိုက်စား၊ဂျင်ဆော့တာချင်းအတူတူ ခိုင်မင်းက ပိုကျစ်ပိုသန်မာသည် ။နေ့လည်စာစားပြီးနောက် ခြံထဲ လှည့်ပတ်ပြဖြစ်သည် ။

" အင်း မင်းခြံက ငါနောက်ဆုံးရောက်တုန်းကထက် စာရင် ပိုပြီး စိုပြေလာတယ် အဘက အသက်ကြီးပြီနော် ငတိုး သူကိုနားခိုင်းပြီး တခြားအကူတစ်ယောက် စီစဉ်သင့်တယ် "

" အေး ငါလည်း စဉ်းစားထားပါတယ် ခုတောင် စီစီတီဗွီတွေ တပ်ထားလိုက်တော့ သူတော်တော် အနားရသွားတယ် "

နေ့လည်ဘက် ပြန်တော့ ခိုင်မင်းက မြို့ထဲ ဝင်စရာရှိသည် ဆိုပြီး အတူလိုက်ခဲ့ရန်ခေါ်သည် ။

" မင်း ပိုးပိုး နဲ့ အဆက်အသွယ်ရသေးလား "

ကားမောင်းရင်း ခိုင်မင်းမေးသည် ။

" မရပါဘူးကွာ "

မေရီ ကိစ္စ ခိုင်မင်းကို ဖွင့်ပြောတိုင်ပင်လျှင် ကောင်းမလား စဉ်းစားနေမိသည် ။

" မင်း ပင်းတယထိ လိုက်မသွားတော့ဘူးလား "

" ဒီခေတ်ကြီးမှာကွာ တစ်နည်းနည်းနဲ့ ဆက်သွယ်လို့ရပါတယ် သူစိတ်ရှိရင်ပေါ့ "

" သူကျန်းမာရေးကိစ္စ တစ်ခုခု ဖြစ်‌နေတယ်ဆိုရင်ရောကွာ "

" တော်ပါပြီ သူငယ်ချင်းရာ "

ခိုင်မင်း ပြုံးစိစိဖြစ်နေသည် ။

" ဘာလဲ မင်း အသစ်တွေ့နေပြီမလား "

မိမိချက်ချင်း မတုန့်ပြန်နိုင်ခဲ့ပါ ။ မေရီကိစ္စ ခိုင်မင်းကို ပြောပြရန် ဘာရယ်ကြောင့်မှန်းမသိ တုန့်ဆိုင်းနေမိသည် ။

" ငါမင်းကို တိုင်ပင်စရာရှိလို့ကွ "

ခိုင်မင်း မီးပွိုင့်တစ်ခုအ‌ရောက် ဆက်ပြောသည် ။

" ငါ အိမ်ထောင်ပြုချင်ပြီ ငါ့ကောင်မလေးကလည်း သဘောတူတယ်ကွာ အရင်တုန်းက ဘယ်လိုပြောပြော ငယ်သေးတယ်ဆိုပြီး ငြင်းနေ‌ပေမယ့် ခုကျတော့ ဘာစိတ်ကူးပေါက်သွားတယ်မသိဘူး သူကိုယ်တိုင် ယူချင်တယ် ပြောလာတယ် "

မီးပွိုင့်စိမ်းသွားလို့ ကားကို ဆက်လှိမ့်ရင်း ခိုင်မင်း ဆက်ပြောသည် ။

" အိမ်ကငါ့ကို တစ်ခေါက်တော့ သင်္ဘောတက်စေချင်သေးတယ် အိမ်ထောင်ကျပြီးရင် မတက်နဲ့တော့ပေါ့ကွာ အသက်လည်း ရလာပြီ ဆိုတော့ "

" မင်းကောင်မလေး ပြောကြည့်ပေါ့ကွာ တစ်နှစ်ကျော်လောက်ကတော့ သူလည်း စောင့်နိုင်မှာပါ သူလည်း ငယ်သေးတာပဲ မလား "

ခိုင်မင်း ခေါင်းညိမ့်သည် ။

" ဪ ဒါနဲ့ မင်းကို ငါ့ကောင်မလေး ပုံ မပြရသေးဘူး "

ကားမောင်းရင်း ဖုန်းဖွင့်၍ မိမိဆီဖုန်းထိုးပေးသည် ။

" ဟင် "

အာမေဋိတ် သံ အလိုလို ထွက်သွားမိသည် ။

မေရီ -

ခိုင်မင်းဖုန်းမျက်နှာပြင်မှ ပေါ်နေသည့် မေရီက ပြုံးရွှင်လျက်ရှိနေသည် ။

" သိပ်အချောကြီးတော့ မဟုတ်ဘူးပေါ့ကွာ "

" အင်း "

ခိုင်မင်းဖုန်းကို ကိုင်ထားသည့် မိမိလက်တွေ တုန်လာလို့ ချက်ချင်းပြန်ပေးလိုက်သည် ။

" ဘယ်လိုနေလဲ "

" အင်း မဆိုးပါဘူးကွ "

အသံတွေ တုန်မလာအောင်တော့ သူဂရုစိုက်ထိန်းသိမ်းမိသည် ထင်သည် ။တိုက်ဆိုင်လွန်းပေစွ ။ မေရီ ရဲ့ ချစ်သူ ။ မေရီ သစ္စာထားချစ်ရပါသော ချစ်သူက မိမိအချစ်ရဆုံးသူငယ်ချင်း ။ ကံကြမ္မာရယ် ရက်စက်လွန်းပေစွ ။ တည်ငြိမ်စပြုနေသည့် သူ့နှလုံးသား ကန်ရေပြင်ကို ခဲလုံးလေးတွေနှင့် အပေါက်ခံရပြန်ပေပြီ ။

" ငတိုး မင်းဘာဖြစ်နေလဲ မျက်နှာလည်း မကောင်းပါလား "

" မဟုတ်ပါဘူးကွာ ညက သောက်တာများပြီး အိပ်ရေးပျက်လို့ "

" ငါဆက်ပြောလို့ ရရဲ့လား "

" ရတယ် သူငယ်ချင်းပြော "

ခိုင်မင်းမြင်နေမှာစိုးလို့ မျက်နှာကို အပြင်ဘက်လှည့်ထားမိသည် ။

" ခုသူနဲ့ ချိန်းထားတာ မင်းကိုလည်း မိတ်ဆက်ပေးချင်လို့ "

မိမိ ခိုင်မင်းကို ပြန်လှည့်ကြည့်မိလိုက်သည် ။ဒုက္ခပါပဲ ။ ခိုင်မင်းနှင့် မေရီရှေ့မှာ မိမိဘယ်လိုအင်အားမျိုးနဲ့ နေထိုင်နိုင်ပါ့မလဲ ။

................................................................................................

တိုက်တိုက်ဆိုင်ဆိုင် သူမနှင့်အတူတူ ထိုင်ဖူးသည့် ကော်ဖီဆိုင်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည် ။ဆိုင်ထဲရောက် လှည့်ပတ်ကြည့်တော့ မိမိတို့ကို ကျောခိုင်းထိုင်နေသည့် မေရီကို လှမ်းမြင်နေရသည် ။ ခိုင်မင်းကတော့ မြင်မိသေးဟန်မတူ ။ ဖုန်းလှမ်းဆက်သည် ။ မေရီက ဖုန်းလေးနားထောင်ရင်း မိမိတို့ကို ရှာသည် ။

မိမိနှင့် ခိုင်မင်းကို အတူ တွေ့လိုက်ရသည့်အခိုက်မှာ မျက်နှာလေး တမျိုးဖြစ်သွားတာ သတိထားမိလိုက်သည် ။ခိုင်မင်းက မေရီဘေး ဝင်ထိုင်သည် ။ ထိုင်ထိုင်ချင်း မေရီ ပုခုံးလေး သိုင်းဖက်လိုက်ရင်း

" စောင့်နေတာ ကြာပြီလား "

" သိပ်မကြာသေးဘူး ကိုကြီး "

မိမိကတော့ သူတို့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း အတတ်နိုင်ဆုံး မျက်နှာကို ပြုံးထားမိသည် ။ခိုင်မင်းစ မိတ်ဆက်ပေးသည် ။

" ဒါက ကိုယ့်သူငယ်ချင်း တိုးအောင် ကိုကြီးအချစ်ရဆုံး သူငယ်ချင်းပဲ ငယ်ငယ်ကတည်းက ပေါင်းလာတာ "

" ကိုတိုးကို သိပြီးသားပါ ကိုကြီးရ "

ရီသံလွင်လွင်လေးဖြင့် ခိုင်မင်းကို ကြည့်ပြီး မေရီ ပြောသည် ။

" ဘယ်လို "

" အလုပ်တစ်ခုတည်းလေ ကိုကြီးရ "

" ဟေ ငတိုးဟုတ်လား "

သူတို့နှစ်ယောက်ကို ကြည့်ရင်း မိမိပြုံး၍ ခေါင်းညိမ့်ပြလိုက်သည် ။

" အလိုက်သင့်လိုက်တာကွာ ကလေး သူ့အလုပ်နာမည် ပြောကတည်းက ငါရင်းနှီးနေတယ် တွေးနေတာ မင်းတို့ ကုန်ပဏီ နာမည် ဖြစ်နေတာကို ကောင်းတာပဲ အထွေအထူး မိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့ စောင့်ရှောက်ပေးပေတော့ ငတိုး "

ခိုင်မင်းက ယုံယုံကြည်ကြည် အပ်နေသည် ။

" အေး သူငယ်ချင်း "

တစ်ခုခု စားဖို့ပြင်တော့ အားလုံးအတူတူ ကြေးအိုးတစ်ပွဲဆီနှင့် အအေးများမှာလိုက်သည် ။ခိုင်မင်းက သူရန်ကုန်ရောက်လာသည့် အကြောင်း သူ့အမေတို့အကြောင်းနှင့် မေရီ့မိဘများဆီလည်း မကြာခဏရောက်ဖြစ်ကြောင်း မိမိရှေ့မှာပင် မေရီကို ရွှန်းရွှန်းစားစားကြည့်ပြီး ပြောနေသည် ။ သူတို့ပြောနေသည့် စကားတွေထက် အာရုံရောက်နေသည်က ခိုင်မင်းဆုတ်ကိုင်ထားသော မေရီလက်ကလေး တစ်စုံ ။

မေရီကတော့ သူနှင့် မျက်လုံးချင်း မဆုံအောင် ကြိုးစားနေပုံရသည် ။ သူမ ပို၍ နေထိုင်ရ အဆင်ပြေစေရန် မိမိဖုန်းပဲ ကောက်ပွတ်နေလိုက်သည် ။ကြေးအိုးစားကြတော့ သူတို့နှစ်ယောက်ကို မကြည့်ပဲ မိမိအတင်းငုံ့စားနေမိသည် ။

မေရီတစ်ယောက် အကို များများစားစေချင်လို့ ဆိုပြီး အသားဖတ်တွေ မိမိပန်းကန်ထဲ လာထည့်မပေးနိုင်တော့ပေ ။သိပ်မကြာခင်က ဆိုပေမယ့် အတိတ်ဖြစ်သွားသည့် အတိတ်တုန်းက ကြည်နူးမှုလေးတွေ ပြန်‌တွေးမိတော့ သူမျက်ရည်တွေဝဲလာသည် ။

သိပ်မကြာခင် ခိုင်မင်းတို့နှစ်ယောက်ကို နှုတ်ဆက်၍ တစ်ယောက်တည်း ပြန်ထွက်လာခဲ့သည် ။

" မင်းတို့ လွတ်လွတ်လပ်လပ် နေကြဦးလေကွာ "

ခိုင်မင်းတားပေမယ့် ရတယ် ငါ့ကို စိတ်မပူနဲ့ ဆိုပြီး ထွက်ခဲ့သည် ။ မေရီကို နှုတ်ဆက်တော့ ရီဝေသည့် အပြုံးတွေနှင့် ခေါင်းညိမ့်ရုံသာ ညိမ့်ပြသည် ။

မိမိဆက်ထိုင်နေလျှင် အသဲက နာသည်ထက် နာလာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်မိတော့မည် ။ ခိုင်မင်းကို စိုးစဉ်းမျှ မရိပ်မိစေချင်ပါ ။ မိမိကြောင့်လည်း သူတို့ ဆက်ဆံရေး တစ်ခုခုဖြစ်မှာ မလိုလားပါ ။

ဆောင်းတွင်းဖြစ်ပါလျက် မိုးတွေ ထရွာလာသည် ။ အိမ်မပြန်ချင်သေးလို့ မြို့ထဲလမ်းမပေါ်  ဒီအတိုင်းသူလမ်းလျှောက်နေမိသည် ။ တစ်ကိုယ်လုံး စိုရွှဲနေ‌ပေမယ့် ကလေးလေးတစ်ယောက်လို မိုးရေထဲ လျှောက်သွားရင်း သောကတွေ မေ့ပစ်လိုက်ချင်သည် ။

....................................................................................

" အကို "

" အင်း "

" အကို ဖုန်းတောင် ကိုင်ပါတော့မလားလို့ "

ညကျတော့ မြို့ထဲ တိုက်ခန်းမှာပဲ အိပ်ဖြစ်သည် ။ မိုးရေစိုထားလို့ ခြံထဲထိ သူမပြန်ဖြစ်တော့‌ပေ ။ မေရီ ဆီက ဖုန်းဝင်လာသည် ။

" အင်း ကိုင်ပါတယ် ညနေ က အဆောင် ဘယ်အချိန် ပြန်ရောက်လဲ "

" ဟုတ် စောပါတယ် လေးနာရီလောက်ကတည်းက "

" မိုးမိသေးလား "

" မမိဘူး အကို "

" အင်း "

စကားစပြတ်သွားသည် ။

" ညီမလေ ကိုကြီးနဲ့အတူရှိနေတုန်းအချိန်တွေဆို အကို့ကို မျက်နှာပူမိတယ် သိပ်သိသာနေလားဟင် "

" မသိသာပါဘူး မေရီ ညီမ တော်ပါတယ် "

ခနဲ့တာ မဟုတ်ပဲ ခနဲ့သလို ဖြစ်သွားသည် ထင်သည် ။

" စိတ်မပူပါနဲ့ ကြာရင် အကျင့်ဖြစ်သွားမှာပါ "

မိမိ ဆက်ပြောသည် ။

" ညီမလေ ဟိုတနေ့က အကိုကားပေါ်မှာ ဖုန်းပြောရင်း ကိုကြီးနာမည် ပါလာကတည်းက စိတ်ထဲ ထင့်နေတာ "

သင်တန်းလိုက်ပို့သည့်နေ့ကို ဆိုလိုခြင်းဖြစ်ပေလိမ့်မည် ။

" တိုက်တိုက်ဆိုင်ဆိုင် ဒီလိုတွေဖြစ်လာလို့ ညီမဘေးနားက ထွက်မသွားပါနဲ့ဦးနော် ချစ်သူလို မဖြစ်နိုင်တော့ပေမယ့် အကိုတစ်ယောက်ထပ် ဆုံးရှုံးရတာမျိုး အဖြစ်မခံနိုင်လို့ပါနော် "

" အင်းး "

ပြောတတ်ပါပေ့ မေရီရယ် ။

" မေရီနဲ့ အကို့အကြောင်း ကိုယ့်သူငယ်ချင်းကို ဘာမှ ပြောမထားလို့ မေရီ စိတ်မပူနဲ့နော် ပြီးတော့ မေရီ ဖြစ်စေချင်သလို အနားမှာ ရှိနေပေးဖို့လည်း ကိုယ်ကြိုးစားနေတယ်လေနော် ကလေး အိပ်တော့ "

ဆက်ပြောနိုင်စွမ်းမရှိလို့ ဖုန်းပြောခြင်းကို လက်စသတ်လိုက်သည် ။

" အကို ဘယ်လိုခံစားရမယ် ဆိုတာ မေရီ နားလည်ပါတယ် ဒီလိုဇွတ်ပြောနေလို့ မေရီလည်း မခံစားရဘူး မထင်ပါနဲ့ အဲ့တာကြောင့်လည်း အကို့ကို အနားမှာရှိစေနိုင်မယ့်နည်းကို တောင်းဆိုနေတာပေါ့ မေရီနဲ့ အကို့အကြောင်း ကိုကြီးကို မေရီ ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး "

" အင်းပါ မေရီ "

" မေရီ ကို အမြန် လက်ထပ်ဖို့ ကိုကြီးကို ပြောထားတယ် အဲ့တာဆို ညီမတို့သုံးယောက် အခြေအနေ တစ်ခုမှာ ပိုပြီး တည်ငြိမ်လာနိုင်မယ် ထင်တယ်လေ "

ဒီဇာတ်လမ်းကို မင်းပဲရေး မင်းပဲကဦးပေါ့ မေရီ ။ ဘာပဲပြောပြော မင်းရွေးချယ်တဲ့လမ်းက တို့သုံးယောက်အတွက် အကောင်းဆုံးဖြစ်မှာပါ ။ မင်းနေရာမှာ ကိုယ်ဆိုရင်လည်း ဒီလိုပဲ ဆုံးဖြတ်ရမှာပဲ ။ရင်ထဲကစကားများကို စိတ်ထဲမှာပဲထားရင်း မေရီကို နှုတ်ဆက် ဖုန်းချပစ်လိုက်သည် ။ လှုပ်ခတ်နေသည့် မိမိနှလုံးသား ကန်ရေပြင်ကို ပြန်တည်ငြိမ်အောင် ကြိုးစားရပေဦးမည် ။

.............................................................................................

တည်ငြိမ်သင့်သလောက် တည်ငြိမ်နေပြီထင်သည့် မိမိနှလုံးသားက မုန်တိုင်းမလာခင် တည်ငြိမ်သလိုမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ခဲ့ပါ ။အလုပ်ဖွင့်ရက် မနက်ပိုင်း မသဇင်အိမ်‌ရှေ့၌ ကြိုရန် စောင့်နေစဉ် ခိုင်းမင်းတစ်ယောက် မက်စင်ဂျာမှ စာပို့လာသည် ။

 " ငါဒီနေ့ မေရီကို မင်းခြံထဲ ခေါ်သွားချင်လို့ကွာ လုပ်ပါဦး ဟဲဟဲ "

ရုတ်တရက် သူ စိတ်ဆိုးပြီး အန်းဂရီး အီမိုဂျီလေး ပို့လိုက်မိသည် ။

" ဘာလို့လဲကွ သူက တခြားနေရာဘယ်မှမသွားဘူးလုပ်နေလို့ ဒီနေ့ အဆောင်ကနေ မပြီး မင်းခြံထဲပဲ ခေါ်ထားချင်လို့ လွတ်လွတ်လပ်လပ်နေချင်လို့ပါကွာ "

ခိုင်မင်းအကြောင်း သိသည် ။ သူစကားထဲမှာလည်း အရိပ်အမြွက်က ပါနေသည် ။

" ဆောရီးကွာ ခုနက အီမိုဂျီမှား ပို့တာ "

အီမိုဂျီလေးကို ချက်ချင်းပြန်ဖျက်လိုက်သည် ။

ကိုယ်ချစ်မြတ်နိုးသည့် မိန်းကလေး သူမချစ်သူနှင် ချစ်ကြင်နာနေမှာ ၊ ပြီးတော့ ကိုယ့်ခြံ ကိုယ့်‌နေရာမှာ ၊ ဖော်ပြရန် ခက်ခဲသည့် ဝေဒနာ တရပ်ကြောင့် ရင်ထဲက အောင့်တက်လာသည် ။ တစ်ဖက်က အခင်ရဆုံးငယ်သူငယ်ချင်းမို့ ငြင်းဆန်ဖို့ရန် ခက်လှသည် ။ မိမိအပေါ် တမျိုးတမည် အမြင်စောင်းသွားမှာလည်း စိုးသည် ။ မေရီ ကိုလည်း ကိုယ့်ခြံ ကိုယ့်အရိပ်အောက်မှာပဲ လွတ်လွတ်လပ်လပ်နေစေချင်သည် ။

" အေး သွားလေ ငါ အဘကို ပြောထားလိုက်မယ် တိုက်သော့တွေ အကုန်ဖွင့်ထားဖို့ စားဖို့သောက်ဖို့တော့ ဟိုရောက်မှ မင်းဟာမင်း စီစဉ်ပေါ့ "

" အေး ကျေးဇူးပါကွာ ညနေ ရုံးဆင်းရင် မင်းခြံထဲလိုက်ခဲ့လေ ညကျမှ အတူတူ ပြန်ကြတာပေါ့ "

မိမိ ဘယ်လို မျက်နှာမျိုးနှင့်မှ ရင်ဆိုင်နိုင်မည် မထင်ပေ ။

" မလာတော့ဘူး သူငယ်ချင်း ကြားရက်ဆို ငါမြို့ထဲတိုက်ခန်းမှာပဲ အိပ်တာများတယ် အဘလည်းရှိတာပဲ မင်းတို့ လွတ်လွတ်လပ်လပ်နေကြ "

လက်စသတ်လိုက်ရင်း စမိုင်းလ် အီမိုဂျီ ပို့လိုက်သည် ။အီမိုဂျီ ထဲမှာ စမိုင်းလ် နဲ့ ခရိုင်းကို အတူယှဉ်တွဲပြထားတဲ့ အငိုမျက်လုံးအပြုံးမျက်နှာလို ပုံမျိုး ရှိလျှင် ကောင်းမည် ဟု ထင်သည် ။ မိမိရှာမတွေ့တာပဲ ဖြစ်လိမ့်မည် ။

တိုက်တိုက်ဆိုင်ဆိုင် စက်ရုံရောက်ခါနီးတော့ ခိုင်မင်းကားလေး ဆန့်ကျင်ဘက်မှ မောင်းထွက်လာတာ မြင်မိသည် ။ သူက မီးတောက်ပြတော့ ကိုယ်လည်း လက်ပြလိုက်သည် ။ ခိုင်မင်း ဘေးနားမှာ အဖြူရောင် စပို့ရှပ်လေးနှင့် မေရီကို တွေ့ဖြစ်အောင်တွေ့မိလိုက်သည် ။

မသဇင်ကို ကြိုပြီးနောက် ငှာနမှာ တမနက်လုံး တောက်လျှောက်ထိုင်နေရင်း ဆောက်တည်ရာမရဖြစ်နေမိသည်။  ဘယ်လိုပဲ ထိန်းချုပ်ပါစေ ဒီအချိန်ဆိုရင် ဆိုသည့် အတွေးက ရင်ဘတ်ထဲကို ရက်ရက်စက်စက်လာတိုက်ခိုက်သည် ။ မနာလိုတာလား ၊ ယူကျုံးမရဖြစ်တာလား မသဲကွဲပါပဲ တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်နေသည် ။

ဒီအချိန်ဆို မိမိအနမ်းတွေပေးခဲ့ရာ ကန့်ကော်ပင်တန်းလေးမှာများ အနမ်းတွေ ခြွေနေကြမလား ။ တိုက်နောက်ဘက်က ကွက်လပ်ကလေးမှာပဲ ပျော်ရွှင်မြူးစွာ ရှိနေကြမလား ။ထမင်းစားချိန် မတိုင်ခင်ကလေးမှာ မသဇင် အပြင်သွားစရာရှိလို့ လိုက်ပို့ရသည် ။

" မောင်လေး မင်းမျက်နှာလည်းမကောင်းပါလား မနက်ကတည်းက "

" ဟုတ် နေသိပ်မကောင်းလို့ အမ "

မသဇင်က ဘာမှ ထပ်မမေးတော့ပေ ။

အပြန်ကျမှ မသဇင်က -

" မောင်လေး မင်းအမကို ပြန်ပို့ပြီးရင် ပြန်လိုက်တော့ ညနေကျရင် အမလည်း ကိုကျော်စွာနဲ့ သွားစရာရှိလို့ ချိန်းထားတာရှိတော့ သူ့ကိုပဲ လာကြိုခိုင်းလိုက်တော့မယ် ကားယူသွား "

မသဇင်အလိုက်တသိ ပြန်လွှတ်ပေးလို့ တော်သေးသည် ။ မဟုတ်လျှင် မိမိညနေထိတောင် ခံနိုင်ရည်ရှိပါ့မလား မသိ ။ လူမြင်ကွင်းမှာ ဟန်ဆောင်နေရတာထက် လူကွယ်ရာမှာပဲ ပေါက်ကွဲပစ်လိုက်ချင်သည် ။

အိမ်အပြန်လမ်းမှာ ဒီအချိန်ဆိုရင် ဆိုသည့် အတွေးကို လက်တွေ့သိနိုင်စေရန် မလုပ်သင့်သည့် အရာတစ်ခု ကို စိတ်မထိန်းနိုင်ပဲ စိတ်ပြေလို‌ပြေငြား လုပ်မိသည် ။

လူရှင်းကားရှင်းသည့် ဘေးတစ်နေရာ ကားအသာထိုးရပ်ရင်း တက်ဘလက်လေးကို ဖွင့်သည် ။ ခြံမှာ တပ်ထားသည့် စီစီတီဗွီ တွေကို တစ်ခုချင်းဆီ အွန်လိုင်းစနစ်သုံး၍ ကြည့်သည် ။ ဘယ်မှာမှ သူတို့နှစ်ယောက်ကို မတွေ့ရ ။တစ်နေရာပဲ ကျန်တော့သည် ။ အိပ်ခန်းလေး ။

အိပ်ခန်းထဲ တပ်ထားသည့် စီစီတီဗွီ ဖွင့်ကြည့်လိုက်တော့ တက်ဘလက် မျက်နှာပြင်မှာ သူတို့နှစ်ဦး ပုံရိပ်က ထွက်ပေါ်လာသည် ။ ဟိုက်ရီဆိုလူးရှင်း ကင်မရာ တပ်ထားတာမို့ ဆွဲကြည့်လျှင် အနီးကပ်အနေအထားထိ ထင်ထင်ရှားရှားမြင်ရသည် ။

အိပ်ခန်းထဲမှ သူတို့နှစ်ဦးက မွေ့ရာပေါ်တွင် ထိုင်လျက် တစ်ဦးကိုတစ်ဦး မက်မက်မောမော နှုတ်ခမ်းချင်းဆက် နမ်းရှိုက်နေကြသည် ။ ခိုင်မင်းကရင်ခွင်ထဲ မေရီကို ပက်လက်ကလေးထည့်ထားရင်း လက်တစ်ဖက်က အောက်ပိုင်း ဗလာကျင်းဖြစ်နေသော မေရီ စည်းခုံစပ်တွေကတဆင့် သူမအင်္ဂါကြားထဲ လက်ချောင်းလေးတွေ အဝင်အထွက် လုပ်နေသည် ။ ဖြူဝင်းသော မေရီ ပေါင်တံလေး‌တွေနှင့် အမွှေးရေးရေးလေးသာရှိသော စည်းခုံစပ်လေး ၊ ပြီးတော့ အတိုးအဆုတ်လုပ်နေသော ခိုင်မင်းလက်ချောင်းလေးတွေ ။

ကားစီတီယာရင်ကို ကိုင်ထားရင်း မိမိ‌အာခေါင်တွေခြောက်လာသည် ။

ကြည့်နေစဉ်မှာပင် အင်္ဂါထဲ တရစပ် အသွင်းအထုတ်လုက်နေသည့် လက်ချောင်းကလေးတွေကို အပြင်ထုတ်လိုက်ပြီး မေရီကို နှုတ်ခမ်းချင်းနမ်းနေရာမှ ခွာ၍ တစ်ခုခု တိုးတိုးပြောလိုက်ပြီးနောက် ထိုလက်ချောင်းကလေးတွေကို မေရီ နှုတ်ခမ်းလေးတွေကြားထဲ ကောက်ထည့်လိုက်သည် ။ မေရီက ခေါင်းကလေးငုံ့ရင်း ဝင်လာသည့် လက်ချောင်း‌ကလေးနှစ်ချောင်းကို အရင်းထိရောက်အောင် ငုံပေးလိုက်တာ မြင်နေရသည် ။ မကြာခင် ခိုင်မင်း၏ထိုလက်ချောင်းကလေးတွေက မေရီ အင်္ဂါထဲ ပြန်သွင်း၍ အတိုးအဆုတ် လုပ်နေ

ပြန်သည် ။ မေရီပေါင်လေးနှစ်ဖက်က ပိုကားလာနေပြီး သူမကိုယ်တိုင် သူမအင်္ကျီကို အပေါ်သို့ လှန်တင်ပေးလိုက်ပြီး ဘရာအမည်းလေးကိုလည်း ပင့်တင်ပေးလိုက်သည် ။ ခိုင်မင်းက ထွက်ပေါ်လာသည့် ရင်သားနှင့် သီးခေါင်းမည်းမည်းလေးတွေကို အတင်းနမ်းရှိုက်တော့သည် ။ အင်္ဂါထဲ ကစားနေသည့် လက်ချောင်းကလေးတွေက မြန်လာသလို မေရီလက်တွေကလည်း ခိုင်မင်းကျောပြင်ကို ကုတ်ခြစ်နေသည် ။

မိမိ ခံစားချက်တို့ အဆုံးစွန်ထိ မရောက်ခင် တက်ဘလက်ကို ပိတ်ချလိုက်မိသည် ။ ကိုယ့်ကိုယ်ကိုယ် သတိထား‌နေရင်းနှင့်ပင် စီတီယာရင်အပေါ် ခေါင်းစိုက်၍ မျက်ရည်များစီးကျလျက်ရှိသည်။

......................................................................

တုန်ရီထိုင်းမှိုင်းသော စိတ်တို့နှင့်ပင် တိုက်ခန်းသို့ရောက်လာသည်။  တစ်လမ်းလုံး ဒေါသတွေအကုန် လီဗာဆီပို့ပြီး အတင်းမောင်းလာခဲ့သမျှ အခန်းထဲ ရောက်သည်အထိ ပြေလျော့ခြင်းမရှိပဲ လှိုက်မောနေမိသည် ။

ခုတင်ပေါ် မှောက်ရင်း မျက်လုံးများမှိတ်၍ အာရုံထဲမှ ထုတ်ပစ်ပါသော်လည်း ပီသသည့် မြင်ကွင်းတွေက တော်ရုံ ထွက်မသွားပဲ ရှိနေသည် ။

အထိန်းအကွပ်မဲ့စွာဖြင့် တက်ဘလက်ကို ဖွင့်လိုက်မိပြန်သည် ။အဝတ်မဲ့ ခန္ဓာကိုယ်နှစ်ခု ကို သဲကွဲစွာ စွာမြင်နေရသည် ။

ခိုင်မင်းက ခုတင်‌ပေါ်ဝယ် ပက်လက်လှန်ပြီး လက်တွေက နောက်စေ့အောက်ယှက်ရင်း အောက်ကို ငုံ့ကြည့်နေသည် ။ မေရီက ခိုင်မင်းပေါင်ကြားထဲ ဒူးထောက်၍ ကျုံ့ထိုင်ရင်း သူ၏အင်္ဂါချောင်းကြီးကို လျှာလေးနှင့်လျက်ပေးနေသည် ။ လက်လေးတစ်ဖက်က ဉလေးနှစ်လုံးကို ထွေးထွေးပိုက်ပိုက်အောက်ကနေစုကိုင်ရင်း တခြားတစ်ဖက်က အချောင်းအရင်းဘက်ကို ထိန်း၍ ခပ်ဖြေးဖြေး စုပ်ပေးနေသည် ။

သိပ်မကြာခင်မှာ ခိုင်မင်းတစ်ယောက် မေရီကို မွေ့ရာခေါင်းရင်းဘက် နံရံအထိ ဆွဲယူလိုက်သည် ။ နံရံကပ် ဒူးထောက်ထိုင်လျက်‌လေးဖြစ်သွားသည့် မေရီခေါင်းလေးနောက် သူမလက်ကလေးနှစ်ဖက်ကို မြှောက်လျက်ယှက်ထပ်ထားခိုင်းလိုက်ရင်း သူကိုယ်တိုင် မတ်တပ်ရပ်၍ မေရီ‌နှုတ်ခမ်းလေးတွေထဲ သူ့အချောင်းကို သာသာထိုးသွင်းလိုက်သည် ။

တစ်ဝက်ကနေ အရင်းထိရောက်အောင် ဖြေးဖြေးချင်းစိမ်ထည့်နေတာကြည့်ပြီး မိမိလက်တွေက ညီတော်မောင်ဆီ အလိုလိုရောက်သွားမိသည် ။ ဝတ်ထားသည့် ဂျင်းဘောင်းဘီကို အကုန်ဆွဲချွတ်လိုက်ရင်း မျက်လုံးတွေက တက်ဘလက်ဆီသာ စိုက်ကြည့်နေမိသည် ။

မေရီ ဆိုသည့် မိန်းကလေး မိမိနှလုံးသားထဲ စဝင်လာစေသည့် အမှတ်အသားတစ်ခုဖြစ်သော နှုတ်ခမ်းထော်ထော်လေး ၊ ကန့်ကော်ပင်တန်းတွေကြားမှာ တရှိုက်မက်မက် နမ်းရှိုက်ဖူးသော နှုတ်ခမ်းဖူးဖူးလေး ။ အခုတော့ တပါးသူ ၊ သူမ၏ချစ်သူ လိင်အင်္ဂါက ထိုနှုတ်ခမ်းလေးတွေကြားထဲမှာ ပြေးလွှားနေသည် ။

ဆို့နင့်လာသည့် မျက်ရည်စတွေ ကို မတားဆီးတော့ပဲထောင်မတ်နေသော ညီတော်မောင်ကို လက်တစ်ဖက်ဖြင့် နှိုးဆွ ကစားနေမိသည် ။ ရင်ထဲက အစိုင်အခဲတစ်ခုကို တစ်နည်းနည်းဖြင့် ပေါက်ကွဲထွက်ပစ်လိုက်ချင်သည် ။

တက်ဘလက်ကိုလျှံထွက်ပြီး မိမိနားတွေထိ သဲ့သဲ့ကြားနေရသော တဖြန်းဖြန်း ဆောင့်သံများကြားမှ သူတို့နှစ်ဦး ။ မွေ့ရာဘေးရှိ မိမိမှန်တင်စားပွဲခုံစွန်း၌လက်ထောက်လျက်ကုန်းကုန်း‌လေးဖြစ်နေသည့် သူမကို နောက်မှ သူမ၏ချစ်သူက ခါးလေးကို ညှပ်ကိုင်လို့ အစွမ်းကုန်ဆောင့်နေသည် ။ ကိုယ့်အခန်း ကိုယ့်မွေ့ရာမှာ ကိုယ်နဲ့သာဆိုရင် ဆိုသည့် အတွေးကို ထည့်တွေးမိနေရင်း မိမိလက်တွေက လျှင်မြန်စွာကစားမိနေပြန်သည် ။

" ဟာ့ ရှီးးး "

အရူးတစ်ယောက်လို သုတ်ရည်ဖြူတွေကို သူတို့နှစ်ဦးတည်ရှိရာ တက်ဘလက်မျက်နှာပြင်အပေါ် ညှစ်ထုတ်ရင်း မိမိ ရှိုက်ကြီးတင် ဆက်လက်ငိုကြွေးမိနေလိုက်တော့သည် ။မျက်နှာပြင်ထဲမှ သူတို့နှစ်ဦးကတော့ သာယာခြင်း မြစ်ရေစီးမှာ အစုန် အဆန်မျောနေကြဆဲဖြစ်သည် ။

...................................................................................................

ဘုရားရိပ်၊တရားရိပ်ကို မရောက်ဖြစ်တာ အတော်ကြာနေပြီဆိုတာ သတိတရရှိပြီးတဲ့နောက်မှာ ခလုတ်ထိအမိတ ပဲဆိုဆို စိတ်လိုလက်ရ ကျိုက်ခေါက်ဘုရားဘက် တစ်ယောက်တည်းထွက်ခဲ့သည် ။

ဘုရားကြီး၏ ခြေတော်ရင်း တဖက်ခြမ်းရှိ ကုန်းမြင့်တစ်ခုအထက်မှာထိုင်ရင်း ဟိုဒီမျှော်ကြည့်မိသည် ။ ကျောင်းပြီးသည့် နောက်ပိုင်း ဒီဘက်မရောက်တာ အတော်ကြာသွားလို့ အရာရာက ပြောင်းလဲနေသည် ။

ဖြတ်သန်းခဲ့သောဘဝနှင့် မိမိပြုမူခဲ့သော အပြုအမူတို့ကို ပြန်တွေးကြည်မိတော့ သာယာပျော်ရွှင်မှုတို့နှင့်အတူ ပူပင်သောကများကလည်း အများသား ။မိမိကိုယ်တိုင် ဖန်တီးကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာသော အဖြစ်နှင့်အပျက်တို့က သဘာဝအတိုင်း ဖြစ်သည် ပျက်သည် အကျိုးနှင့်အ‌ကြောင်း တလှည့်ဆီ ရှိခဲ့ကြသည် ။

မိမိဘ၀ အစကတည်းက အထီးကျန်ခြင်းနှင့် ဖြတ်သန်းခဲ့ရသလို ချစ်ခြင်းတရားဟူသော အရာ၏ လှောင်ရယ်ပြုခြင်းလည်း ခဏခဏခံခဲ့ရသည် ။ ပေါ့ပါးသည့် အပေါစားအချစ်များကို လိုလိုလားလားလက်ခံပြီးနောက်မှာ လေးနက်တည်ကြည်သည့်အချစ်က မိမိအနားမှာကြာရှည်မခံတတ်ကြတာက ဝဋ်ကြွေးတစ်မျိုးလေပဲလား ။

အချစ်ကိုငတ်မွတ်တောင့်တနေသည့် လူသားတစ်ယောက် အချစ်နှင့် ဆုံရမှာကိုပင် ကြောက်‌နေမိသောအဖြစ် ။ အချစ်ရဲ့နောက် တကောက်ကောက်လိုက်ရင်း အချစ်ရဲ့ကျေးကျွန် ဖြစ်မှန်းမသိဖြစ်ပြီး စောင့်စည်းအပ်သည့် လူမှုရေးစည်းကိုပင် မစောင့်စည်းနိုင်သောအဖြစ် ။

တကယ်ဆို ကိုယ့်ခြံ ကိုယ့်အခန်းဆိုပေမယ့် သူငယ်ချင်းနှင့်ချစ်ရသူ သူတို့နှစ်ဦး၏ ပါစင်နယ် ပရိုင်ဗစီ ကို မိမိ မချိုးဖောက်သင့်တာကို တွေးပြီး နောင်တရနေမိသည် ။မေရီလောက်တောင် ပြတ်သားသည့် ဆုံးဖြတ်ချက်မချနိုင်သော ယောင်္ကျားရင့်မာကြီးတစ်‌ယောက် ။

ဘယ်သူနှင့်မှ မတူတဲ့ အချစ်မျိုးနှင့် ယုံယုံကြည်ကြည်ချစ်မိခါမှ ကံဇာတ်ဆရာ က မျက်နှာသာပေးခြင်းမခံရသော မိမိအချစ်ကံဇာတာ ကို ဒီအတိုင်းပဲ ရှိစေတော့ ဆိုပြီး လွှတ်ထားလိုက်တော့မည် ။ ပြောင်းလဲ မရသော မေရီ အပေါ်ထားသည့် အချစ်တွေကို ရင်မှာပဲ သိုဝှက်ရင်း ပိုမိုရင့်ကျက်စွာ သူမအနား နေထိုင်သွားရန် ဆုံးဖြတ်မိသည် ။ အချိန်ချိန် တော့ မေရီ အလိုကျ အရောင်တွေ ပြောင်းလဲနိုင်လိမ့်မည် ထင်သည် ။

....................................................................................................................

သိပ်မကြာခင်မှာ ခိုင်မင်းတစ်ယောက် မေရီနှင့် နှစ်ဖက်မိဘများနှင့် ရှေ့နေရှေ့မှာ နှစ်ဦးသဘောတူ စေ့စပ်လက်မှတ်ထိုးခဲ့ကြသည် ။ အမရပူရ မှာပဲ စေ့စပ်ပွဲလုပ်ဖြစ်သောကြောင့် ဖိတ်သော်လည်း အလုပ်အကြောင်းပြ၍ မလိုက်သွားဖြစ်ပေ ။ စေ့စပ်ပွဲပြီးပြီးချင်း ခိုင်မင်း သ‌င်္ဘောတက်ဖို့ ဖြစ်လာသည် ။ ရန်ကုန် ကနေတဆင့် လေယဉ်စီးမှာမို့ လေဆိပ် ကို မိမိရယ် မေရီရယ် အတူတူ လိုက်ပို့ဖြစ်ကြသည် ။ စိတ်ကိုလျှော့ချလိုက်ပြီးတဲ့နောက်မှာ မေရီနှင့်တွေ့လျှင် အရင်လို မွန်းကျပ်တာမျိုး မဖြစ်တော့ ။ ခိုင်မင်းက လေယဉ်ပေါ်တက်ခါနီးအထိ မေရီ ကို စောင့်ရှောက်ပေးရန် အထပ်ထပ်မှာနေသည် ။ မိမိ ကတိသေချာပေးလိုက်ပါသည် ။

မရှေးမနှောင်းပင် ကြည်ပြာနှင့် သူ့ကောင်လေးတို့ စေ့စပ်ခဲ့ကြသလို ကိုကျော်စွာနှင့် မသဇင်တို့လည်း လက်ထပ်ပွဲကို ရရန်ကုန်ရှိ နာမည်ကြီး ဟိုတယ် တစ်ခုမှာပင် စည်စည်ကားကားကျင်းပခဲ့သည် ။ မှတ်မှတ်ရရ ကိုကျော်စွာတို့မင်္ဂလာပွဲသို့ မေရီနှင့်အတူတူ တက်ဖြစ်ကြသည်။

အရာရာဟာ အရင်ကလိုပဲ ပုံမှန်လည်ပတ်နေကြသည် ။အရင်ကထက်စာရင် မိမိနှလုံးသားအနာက ပိုကျက်လာသည် ထင်သည် ။ ပိုးပိုးကို မေ့မေ့ပျောက်ပျောက်နေနိုင်လာသလို မေရီအပေါ်လည်း ပုံမှန်အတိုင်း ဆက်ဆံလာနိုင်သည်။ ခုနေ ပိုးပိုးပြန်လာခဲ့ရင်တောင် အရင်လို ပြန်ချစ်နိုင်ပါ့မလား မသိတော့ပါ ။

မိမိဘဝကတော့ အရင်အတိုင်း တစ်ယောက်တည်းပဲ ဖြတ်သန်းရလိမ့်ဦးမည် ။ အချစ်နှင့်ထပ်ကြုံဆုံရမှာ ကြောက်နေပေမယ့်လည်း  မိမိနှလုံးသားနှင့်အချစ်ကတော့ ဝင်္ကပါလမ်းထဲလျှောက်ရသလို ကံဇာတ်ဆရာ အလိုကျ ကရပေဦးမည် ဆိုတာ သေချာနေသည်မဟုတ်ပါလား ။



........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ ။




Print Friendly and PDF

No comments:

Post a Comment