Sunday, April 3, 2016

ကိန်းသေမရှိသော ညီမျှခြင်းများ အပိုင်း ( ၄ )

ကိန်းသေမရှိသော ညီမျှခြင်းများ အပိုင်း ( ၄ )

{ ဇာတ်သိမ်းပိုင်း }

ရေးသားသူ - Jin kaleat

(၃၄)

ရဲလင်းကို မြင်တော့ ကေသီ က လှေခါးနား သို့ သွက်သွက်ကလေး လျှောက်လာသည်။ လမ်းတဝက်မှာ ဆုံမိကြချိန် ဘယ်သူက အရင်စ လိုက်သလဲတော့ မသိပါ။ တယောက်လက်ကို တယောက်ဆုပ်ကိုင် လိုက်မိကြသည်။

“ ရဲလင်း ဘာနဲ့ လာတာလဲ။ မြန်လိုက်တာ”

“ ညီလေး စက်ဘီးယူလာတယ်။ လမ်းတွေကလည်း ရှင်းနေတော့ အတင်းနင်းလာခဲ့တာ။ ဒီရှေ့က ဓာတ်တိုင်မှာ သော့ ခတ် ထားခဲ့တယ်။ မပျောက်ပါဘူးနော်”

“ ပျောက်လဲ ညီလေးကို နောက်တစီး ဝယ်ပေးလိုက်ပေါ့”

စင်္ကြန် ဝရန်တာမှာ ထွန်းထားသည့် မီးရောင် မှိန်မှိန်လေးတွင် ကေသီ့မျက်နှာက တောက်ပနေသည်။ ပြုံးနေသည့် မျက် နှာလေးကို ကြည့်ရင်း ဒီရက်ပိုင်း ဘာကြောင့် အိပ်မပျော်သလဲ ဆိုတာကို ရဲလင်း သိလိုက်သလိုလိုပင်။ လက်ချင်းတွဲ ထား ရင်း မရည်ရွယ်ပါဘဲ ဝရန်တာ လက်ရမ်းဘေးကို  ၂ယောက်သား ရောက်သွားကြသည်။

“ ခုလောက် ဆိုတော်တော်များများ အိပ်ပျော်နေကြလောက်ပြီနော်”

မီးရောင်တွေ အောက်က ရန်ကုန်မြို့ကိုကြည့်ရင်း ကေသီပြောသည်။ လေတိုးတော့ ဆံနွယ်လေးတွေ တဖျတ်ဖျတ်လွင့် နေသလို ပျော့ပျော့ပါးပါး ဂါဝန်အောက်က ကိုယ်ဟန်ကျော့ကျော့လေး ကိုလည်း ကောက်ကြောင်းတွေ ထုတ်ပြနေ၏။

“ လောလောဆယ် ဒီအထပ်မှာတော့ ကေသီတယောက်ပဲ မအိပ်သေးတာ ထင်တယ်။ ကျန်တဲ့ အခန်းတွေ မီးမှိတ်ကုန် ပြီ။”

“ နောက်ကျမှ ပြန်လာကြတဲ့ သူတွေလည်း ရှိပါတယ်။ ရဲလင်းက စက်ဘီး စီးလာရလို့ ပင်ပန်းပြီး အိပ်ချင် စိတ်ဖြစ်သွားပြီ လား။”

“ မအိပ်ချင်သေးဘူး။ မျက်လုံးတွေ ကြည်နေတယ်။ လူကလဲ လန်းနေတယ်။”

“ ကေသီလဲ တူတူပဲ”

စိတ်မထိန်းနိုင်တော့လို့ ကေသီ့ ပုခုံး ကို ဆွဲဖက်ထားလိုက်သည်။ ကေသီ မရုန်းပါ။ ရဲလင်း ရင်ခွင်ကို မှီထားရင်း ရန်ကုန်၏ ညရှုခင်းကို ငေးနေသည်။

“ ကျွန်တော် အိပ်မပျော်တာ ဘာကြောင့်လဲ ဆိုတာကို နေ့လည်က ရဲစခန်းမှာ ကေသီ့ကို တွေ့လိုက်မှ သဘောပေါက်သွား တယ်။ ”

“ အင် … ကေသီ က ရဲလင်း အိပ်မပျော်အောင် ဘာလုပ်မိလို့လဲ”

“ သတိရနေတာ”

လှိုက်လှိုက်မောမော ပြောလိုက်မိသည့် စကားသံတိုးတိုးကြောင့် ကေသီ ညွှတ်ခွေကျလု မတတ်ဖြစ်သွားသည်။ သူ့ပုခုံးကို ဖက်ထားသည့် ရဲလင်း လက်ကို ကိုင်ရင်း

“ တူတူပဲ လို့ ထပ်ပြောရင် ယုံမလား။”

“ ယုံတယ်။”

၂ ယောက်သား ရင်ချင်းအပ်၍ ဖက်လိုက်မိကြသည်။ ထို့နောက် နှုတ်ခမ်း ၂ ခုက တခုကို တခု အငမ်းမရ ရှာဖွေရင်းမှ ရင် ဆိုင်တိုးမိသွားသည်။ ပြင်းထန်သော၊ ရှည်ကြာသော အနမ်းတခုကို သူတို့ တော်တော်နှင့် မရပ်တန့် နိုင်ခဲ့ကြပါ။ တ ယောက်ကို တ ယောက် လွတ်ထွက်သွားမှာ စိုးသလို အတင်းတိုးဖက်ထားကြသည်။

“ ဟို အခန်းထဲမှာထဲက အဲလိုလုပ်ချင်နေတာ။ ဟိုလူတွေ ပြဿနာ ရှာမှာစိုးလို့”

အနမ်းရှည်ကြီး၏ အဆုံးမှာ ရဲလင်းကပြောလိုက်တော့ ကေသီက မဲ့ပြသည်။

“ ကေသီကို အဲဒီကထဲက စိတ်နဲ့ ပြစ်မှားနေတယ်ပေါ့၊ ဟုတ်လား”

“ ဟုတ်တော့ ဘာဖြစ်လဲ”

“ ဟယ်… စွာတယ်တော့၊ အဲဒီလို ထင်မထားဘူး သိလား”

“ ကေသီက ဘယ်လို ထင်ထားလို့လဲ”

“ အမေအတွတ် စိတ်ပူနေတဲ့ ရိုးအေးအေး ကောင်လေးတယောက်ပေါ့။”

“ ခု မအေးတော့ဘူးလား။”

“ ဟုတ်တယ်။ ရှင်က ကျွန်မကို အိပ်မပျော်အောင် လုပ်တယ်။ အလကားနေရင်း ငိုချင်အောင်လုပ်တယ်။”

တယောက်မျက်နှာ တယောက်ကြည့်ရင်း ခပ်ပြင်းပြင်း အနမ်းရှည်တခုကို ဖန်တီးမိကြပြန်သည်။ ကေသီ့ လက် တဖက်က ရဲလင်း၏ ဂုတ်သား၊ နားထင်နှင့် ဆံပင်တွေကို ပွတ်သပ်ပေးရင်း နောက်တဖက်က ရဲလင်းခါးကို ကျစ်ကျစ်ပါအောင်ဖက် ထားသည်။ ရဲလင်း လက်တွေကတော့ ကေသီ့ လည်တိုင်၊ ကျောပြင် နှင့် တင်ပါးပေါ်တွင် လူးလာခေါက်တုန့် ပြေးလွှား နေကြသည်။ ဂါဝန်ပျော့ပျော့လေးအောက်၌ ကေသီ့ကိုယ်ပေါ်တွင် ဘရာစီယာလေး တထည်သာ ရှိပါသည်။

“ အထဲကို သွားရအောင်”

“ သွားလေ”

နူးညံ့ညင်သာသော အသံလေးနှင့် ပြောရင်း ကေသီက ရဲလင်းလက်ကိုဆွဲ၍ အခန်းထဲကို ဦးဆောင်ခေါ်သွားသည်။ တံခါး ပိတ်လိုက်ပြီးသည်နှင့် နောက်ထပ် အနမ်းတခု ပေါ်လာပြန်၏။ ဒီတခါ ခုနအချိန်တွေက ထက်ပိုကြမ်းသော အနမ်းများဖြစ် သည်။ ရဲလင်းလက်တွေက ကေသီ့ တကိုယ်လုံး အနှံ့လက်လှမ်းမှီရာတိုင်းကို ပွတ်ချေဆုပ်နယ်နေမိ၏။ ကေသီက ရဲလင်း ဆံပင်တွေကို ဆွဲသည်။ ကျောပြင်ကို ကုပ်ခြစ်သည်။ အဲဒီကနေ ၂ ယောက်လုံး ကုတင်ပေါ် လဲကျသွားကြသည်။ ထို့ နောက် ကုတင်ပေါ်မှာ လူးရင်း လှိမ့်ရင်း အနမ်းသံသရာမှာ မျောမိကြပြန်သည်။

“ ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူးကွယ်”

“ဒါပေမယ့် ပျော်တယ် မဟုတ်လား။”

ဖရိုဖရဲ ဆံပင်တွေအောက်မှ မျက်နှာနီနီလေးက ပြုံးပြီး ခေါင်းညိတ်ပြသည်။ ထိန်းချုပ်နိုင်စွမ်း လုံးဝမရှိတော့ပြီ ဖြစ်သော ရဲ လင်းက ကေသီ့ဂါဝန်လေးကို လှန်တင်လိုက်သည်။

“ ရဲလင်း”

အလန့်တကြားသံလေး ထွက်လာပေမယ့် ကေသီ မတားပါ။ ခပ်မဲ့မဲ့လေး ပြုံးပြလိုက်ရင်း

“ အဲဒါလဲ ဟိုထဲမှာကထဲက လုပ်ချင်နေတာလား။”

“ ဟုတ်တယ်။ နောက်ထပ် လုပ်ချင်နေတာတွေလဲ ရှိသေးတယ်။”

ပေါင်တံဖြူဖြူလေး ၂ ခုကို ဆတ်ကနဲ ဆွဲဟလိုက်ပြီး ကြားထဲကို ရဲလင်း ခေါင်းက တိုးဝင်သွားသည်။ ဒီတခါတော့ ကေသီ အတင်းတွန်းထုတ်၏။

“ ဟေ့ ..ဟေ့ .. အဲလိုတော့ မလုပ်နဲ့ ကွယ်”

“ လုပ်မှာပဲ၊ ဟိုမှာထဲက ပြန်လုပ်ပေးချင်နေတာ”

“ အသည်းယားတယ် ရဲလင်းရယ်။ အရမ်း အသည်းယားရင် အော်မှာနော်”

“ အော်ပေါ့။ ဒီအခန်းက အသံလုံတယ် မဟုတ်လား။”

“ မသိဘူး အဲဒါတော့ …အင်း …. ရဲလင်း ….”

အမြည်းသဘောနှင့် လျှာတချက် သပ်ပေးလိုက်ရာ ကေသီတုန် တက်သွားသည်။ ရဲလင်းလည်း ရှေ့ဆက်ဖို့ ကျကျနန နေရာယူလိုက်၏။

ဟိုလူတွေ ပြောသလိုပင် ကေသီ့ ပစ္စည်းလေးက တကယ်လှပါသည်။ မထူမပါး နှုတ်ခမ်းသားလေးတွေ နှင့် အထဲမှာလည်း ရဲစိုနေသည်။ အပေါ်ပိုင်းက အမွှေးအုံလေးကလည်း ဟိုလူတွေ ပြောသည့် အတိုင်း ဟိုဖက် ဒီဖက်ကို ဘီးနှင့် ခွဲထားသလို ညီညီညာညာ ဆင်းသွားသည်။ ရဲလင်းက နှုတ်ခမ်းသားလေးတွေကို တဖက်ချင်း လျက်ပေးသည်။ ပြီးတော့ လက်မ ၂ ခု နှင့် ဖိတွန်း၍ ဖြဲလိုက်ပြီး အတွင်းသား နီနီတွေကို အဆက်မပြတ်လျက်သည့် အခါ ကေသီ့တကိုယ်လုံး တုန်လာသည်။ ထို့ နောက် အကွဲကြောင်း ဆုံရာထိပ်မှ အမိုးခုံးခုံးလေး အောက်က အစိကလေး။ ပြူသည် ဆိုရုံမျှသာရှိသော အစိလေးကို လျှာ ဖျားနှင့် ထိဖို့ ရဲလင်း တော်တော် အားထုတ်လိုက်ရသည်။ ချက်ကောင်းကို ထိသွားသော အခါ ကေသီ့ ညည်းသံတွေက ပို ကျယ်လာသည်။

“ ရဲလင်းရယ် …သူများတွေ ကြားတော့မယ် ထင်တယ် တော်ပါတော့”

ကေသီ တားပေမယ့် ရဲလင်းက မရပ်ပါ။ ခက်ခက်ခဲခဲ ထိရသည့် အစိကို အပေါ်နေလက်နှင့်သာ ပွတ်ပေးပြီး အောက်ပိုင်း ကို အားစိုက်၍ လျက်သည်။ အထဲက ပျစ်ချွဲချွဲ အရည်တွေဆက်တိုက် စီးထွက်နေတာက ရဲလင်း လုပ်ရပ်၏ ထိရောက်မှု ကို ဖော်ပြနေခြင်း ဖြစ်လို့ ရပ်ဖို့ စိတ်မကူးပါ။ နောက်ဆုံးတော့ ကေသီ ဘာမှ မပြောနိုင်တော့ဘဲ အိပ်ယာခင်းကို ကျစ်ကျစ်ပါ အောင် ဆုပ်ရင်း အလူးအလဲ အော်ညည်းရုံပဲ တတ်နိုင်တော့၏။ ရဲလင်းကလည်း လက်နှင့် ထိုးလိုက်၊ ကလော်လိုက်၊ အစိ ကို ပွတ် လိုက်၊ ဘယ်လျက်လိုက် ညာလျက်လိုက်နှင့် ကြားဖူးနားဝနှင့် တတ်သမျှ မှတ်သမျှ ပညာ အကုန်ထုတ်လာသော အခါ ကေသီ မချိ မဆန့် နှင့် တွန့်လိမ် အော်ဟစ်ပြီး ညိမ်သက်သွားသည်။ ကေသီ ပြီးသွားသည်ဟု ယူဆလိုက်သည့် အ တွက် ရဲလင်းက အရှိန် ကို တဖြည်းဖြည်းလျှော့၍ ရပ်လိုက်သည်။

“ အရမ်း ပေါက်ကရလုပ်တာပဲကွယ်”

အသက်ရှူမြန်ပြီး မောဟိုက်နေပုံရသော ကေသီက ညည်းညည်းလေး ပြောသည်။ ရဲလင်းက သူ့ဘေးမှာ ဝင်လှဲ၍ ဖက် ထားလိုက်ရင်း

“ ဟိုထဲမှာ ကေသီ လုပ်ပေးတုန်းက ကျွန်တော် ဘယ်လို ဖြစ်နေမလဲ တွေးကြည့်ပေါ့။”

“ ဟယ်…တကယ်ကြီးလား”

“ တကယ်ပေါ့”

ကေသီက ရဲလင်းပါးပြင်ကို လက်နှင့် အသာအယာ သပ်ပေးသည်။

“ အခုမောနေတယ် ရဲလင်းရယ်။ ဖက်ထားပေးနော်။ အမောပြေသွားရင် ပြန်လုပ်ပေးမယ် သိလား။”

......................................

(၃၅)

“ ကုန်းဘောင် ခေတ်ကသာ အသွင်ပြောင်းနည်းပညာရှိခဲ့မယ်ဆိုရင် စုဖုရားလတ်ကို လိင်ပြောင်းပြီး တိုင်းပြည်အုပ်ချုပ် ခိုင်း လို့ကတော့ သူ့ကျွန် ဖြစ်မှာ မဟုတ်ဘူးတဲ့။

ဟုတ်လား။

ကျလဲကျတဲ့ ထရန်စ်တွေ၊ အင်္ဂလိပ်က ဟာဟ ၇ ခါပေးပြီး ဆုတောင်းလေ ဆုတောင်းလို့ လာမန့်သွားလိမ့်မယ်။”

(ခရက်ဒစ် ။ ။ စိုင်းလင်ဗန်း)

ကွန်ပျူတာကို ကြည့်ရင်း ဦးနန္ဒထွန်း ဒေါသတွေ အလိပ်လိုက် ထွက်နေသည်။ စိုင်းလင်ဗန်း ဆိုသည့်သူကို ဘလော့ ထားသည့် အတွက် ခုတလောမှာ စိတ်ချမ်းသာနေရသည်။ မိတ်ဆွေတွေက စိုင်းလင်ဗန်း ပို့စ်တွေကို ရှယ်ရင်လည်း မမြင်ရတော့။ ဒါ ပေမယ့် ခုတော့ မိတ်ဆွေ တယောက်က ကော်ပီကူးပြီး ရှယ်လာတော့ တည့်တည့်ကြီး တိုးတော့သည်။ အရည်မရ အဖတ် မရတွေ ရှယ်သည့် မိတ်ဆွေကိုလည်း စိတ်ဆိုးမိသည်။ စားပွဲပေါ်က ဖုန်းမြည်သံကိုတောင် ရုတ်တရက်မကြားမိ။ နောက်မှ ကပျာကယာ ကောက်ကိုင်လိုက်ရသည်။

“ ကိုနန္ဒ အလုပ်များနေသလားဗျ။”

ဖုန်းဆက်သူက ရဲအရာရှိကြီး ဦးနေမင်း ဖြစ်သည်။

“ အလုပ်တော့ မများပါဘူး။ အာရုံက တခြားရောက်နေလို့ ဖုန်းသံ ရုတ်တရက် မကြားလိုက်တာ။”

“ ဗင်းဆင့်ပိုင်ဆီ အာရုံရောက်နေတာလား။”

“ မဟုတ်ပါဘူးဗျာ။”

“ အခု အဲဒီကိစ္စ ထပ်ထူးလို့ ကိုနန္ဒကို လှမ်း အသိပေးတာ။”

“ ဘာတွေ ထူးလို့လဲ ကိုနေမင်း”

“ ဒီလိုဗျ အစပိုင်းတော့ ဒီကိစ္စတွေက ဗင်းဆင့်ပိုင် နဲ့ ဦးရွှေဘ လက်ချက်လို့ ထင်ကြတယ် မဟုတ်လား။”

“ ဦးရွှေဘ က ဂိုဏ်းချုပ် မဟုတ်လား။”

“ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ဖမ်းလာတဲ့ ကောင်တွေကို စစ်ရင်း စစ်ရင်းနဲ့ ဦးရွှေဘ အထက်မှာ တယောက်ရှိသေးတယ် ဆိုတာ ပေါ်လာတယ်။ အဲဒီလူက သူတို့ကို ဗီဒီယို ကောလ် နဲ့ ဘဲ ညွှန်ကြားတာတဲ့။ ဗီဒီယိုထဲမှာ လည်း မျက်နှာဖုံးစွပ် ထားတယ်တဲ့။ သူတို့ တခါမှ မမြင်ဖူးဘူး။ သူတို့ ဆီကိုလည်း မလာဘူးတဲ့ဗျ။”

“ အဲဒါဖြင့် ဘယ်လိုလုပ်ကြမလဲ။ ခြေရာပျောက်ပြီပေါ့။”

“ ကျွန်တော်တို့လည်း ဦးရွှေဘကို ဖိစစ်တာပေါ့။ ဒါပေမယ့် ဒီလူကြီးက ဘူးခံတယ်။ သူက ခေါင်းဆောင်ပဲလို့ ပြောတယ်။ လုံး ဝ မဖော်ဘူး။ နောက်ဆုံး ဗင်းဆင့်ပိုင်ကို ချော့လိုက် ခြောက်လိုက်၊ အဓိကကတော့ ခြောက်တာပေါ့ဗျာ။ ယောက်ျား ဘဝဆုံးအောင် သူ့ဖွားဖက်တော်ကို ရှော့တိုက်ပစ်မယ် ဘာညာပြောပြီး ဓာတ်ကြိုးတွေ ဘာတွေ ကောက်ဆင်လိုက်တော့ သွေးပျက်ပြီး ဝန်ခံတယ်။ သူနဲ့ ဦးရွှေဘ အထက်မှာ တယောက်ရှိတယ်တဲ့။ ဗင်းဆင့်ပိုင် ရန်ကုန် ရောက်တဲ့ ညက သူရယ် ဦးရွှေ ဘ ရယ် နောက်ထပ် လူတယောက်ရယ် ညစာတူတူစားကြတာကို ကိုစံတင့် ချာတိတ်တယောက်က ဓာတ်ပုံရိုက် ထားတာရှိတယ်။ အဲဒါပြပြီး မေးတော့မှ ဟုတ်တယ် အဲဒီတယောက်ပဲတဲ့။”

“ ခု မိပြီလား။”

“ သူ့ဆီပတ်လာမှာ မစိုးရိမ်ဘူးထင်တယ် ဒီလူက အေးဆေးပဲနေ နေတာ။ မနေ့ကတော့ နိုင်ငံခြားသွားမလို့တဲ့။ စိတ်မလုံလို့ ထွက်ပြေးဖို့ ကြံတာ ဖြစ်ချင်လဲ ဖြစ်မှာပေါ့ဗျာ။ လေဆိပ် အသွားမှာပဲ ကျွန်တော်တို့ ဆွဲစိလိုက်တယ်။”

“ ဒါဆိုရင်တော့ အကုန်မိပြီပေါ့”

“ ခေါင်းဆောင်ပိုင်းတော့ ကုန်ပြီထင်တာပဲ။ သူတို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်း ကြံဖော်ကြံဖက် အနည်းအကျဉ်းတော့ ရှိမှာ ပေါ့ဗျာ။ အဲဒါတွေတော့ ဖြည်းဖြည်းချင်း ကောက်သင်းလိုက် ကောက်ရမှာပေါ့။ ဒါနဲ့ ခေါင်းဆောင် ဘယ်သူလဲ ဆိုတာ သိတော့ ခင်ဗျားကို သတိရတာနဲ့ အကြောင်းကြားတာဗျို့”

အသိ မိတ်ဆွေတွေထဲကများလားဟု ဦးနန္ဒထွန်း တွေးလိုက်မိပါသည်။

“ ကျွန်တော်တို့ အသိထဲက လား။”

“ အဲဒီလူကို မိတော့ ထုံးစံအတိုင်း သူ့အိမ်ကို ကျွန်တော်တို့ ဝင်မွှေတာပေါ့ဗျာ။ ကွန်ပျူတာတွေ ဖုန်းတွေ အကုန်စစ်တော့ အဲဒီလူက အွန်လိုင်းပေါ်က ခင်ဗျား အချစ်တော်ကြီး စိုင်းလင်ဗန်း ဖြစ်နေတာကိုးဗျ။”

ဦးနန္ဒထွန်း လှစ်ကနဲ ပျော်သွားသည်။ အခုကလေးတွင်ပင် စိုင်းလင်ဗန်းကို ဆဲဆိုနေ မိသည်မဟုတ်ပါလား။

“ ကိုနေမင်းတို့က ဘယ်လိုသိတာလဲ။”

“ သူ့ အီးမေးလ်တွေ ဖေ့စ်ဘွတ် တွေ စစ်တော့ သူ့မှာ စိုင်းလင်ဗန်း ဆိုတဲ့ အကောင့် ရှိတာသွားတွေ့ရတာပေါ့ဗျာ။ အပြင်မှာ လဲ မထင်ရဘူးဗျာ။ ချေချေငံငံ နဲ့ စကားပြောကောင်းတယ်။ ဒီလိုလူက ရက်ရက်စက်စက် လုပ်တဲ့ ဂိုဏ်းရဲ့ ခေါင်းဆောင် ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ပညာတတ်ဗျ။”

“ အင်းဗျာ ထရန်စ်တွေကို ခွဲခြားတိုက်ခိုက်နေတဲ့ သူတယောက်က အဲဒီထရန်စ် တွေအတွက်ပဲ အစိတ်အပိုင်းတွေ ရောင်း စားတယ် ဆိုတာ တမျိုးကြီး ဖြစ်နေတယ်။”

“ ဟိုဟာက စီးပွားရေး၊ နောက်တခုက ဝါသနာ ဖြစ်မှာ ပေါ့ဗျာ။ ဒီလူက ထူးတော့ထူးတယ်။ ဦးရွှေဘနဲ့ တနယ်ထဲ၊ တမြို့ထဲ သား တွေ။ သူက အရင်တုန်းက ဦးရွှေဘ ကြီးရဲ့ တပည့်တဲ့။ အလားအလာရှိတယ်ဆိုပြီး ဦးရွှေဘက တပည့်မွေးထားရာက နေ နောက် တော့ သူက ကျော်ပြီး ဆရာ ဖြစ်သွားတာ။”

“ ဘာပဲ ဖြစ်ဖြစ်ဗျာ။ ခင်ဗျားတို့ အချုပ်ထဲမှာ၊ ထောင်ထဲမှာ ဖေ့စ်ဘွတ် သုံးခွင့် မရှိဘူး မဟုတ်လား။”

“ ဘယ်လိုလုပ် သုံးလို့ရမှာလဲဗျ”

“ ဒါဆိုရင်တော့ လူတွေ တော်တော် စိတ်ချမ်းသာရပြီဗျို့”

“ အဲဒီထဲမှာ ခင်ဗျားက ရှေ့ဆုံးက ဆိုတာ သိလို့ ခုလိုလှမ်းသတင်းပေးတာပေါ့။ ဒါပဲဗျို့ နောက်မှတွေ့မယ်။ ဆုံကြတာ ပေါ့ ဗျာ။”

ဦးနေမင်း ဖုန်းချသွားပြီးနောက် ဦးနန္ဒထွန်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ စောစောက မိတ်ဆွေ၏ ပို့စ် အောက်မှာလည်း “RIP စိုင်းလင်ဗန်း” ဟု ဝင်မန့်လိုက်၏။ ထိုအချိန်တွင် အခန်းထဲသို့ ရဲလင်း ကုပ်ချောင်းချောင်းနှင့် ဝင်လာသည်။

“ ဟေ့ကောင် …အလုပ်ပြန်ဆင်းပြီလား။”

“ ဟုတ်ကဲ့ဆရာ၊ ကျွန်တော် ပြန်ဝင်ကြောင်း သတင်းလာပို့တာပါ။”

“ အေးအေး။ မင်း အိမ်မှာ ကောင်းကောင်း နားခဲ့ရတယ် မဟုတ်လား။”

“ ဟုတ်ကဲ့ ဆရာ”

“ မင်း ပျောက်နေတဲ့ နေ့တွေကိုလည်း ပျက်ရက်လို့ မသတ်မှတ်ပါဘူး။ လစာ အပြည့် ထည့်ပေးဖို့ ငါပြောထားတယ်။”

“ ကျေးဇူးတင်ပါတယ် ဆရာ။ ဟိုလေ… ဒီနေ့မှ ပြန်ဝင်တယ် ဆိုပေမယ့်လေ …လာမယ့် တနင်္လာနေ့တော့ ခွင့်တရက် ယူ ပါ ရစေ ဆရာ။”

“ ဟေ … ဘာဖြစ်လို့လဲ။”

“ ခု စနေ တနင်္ဂနွေမှာ ကေသီ့ … အဲ … ကျွန်တော့် ကောင်မလေး … မိသားစုနဲ့ သွားတွေ့ဖို့ ရှိလို့ပါ ဆရာ၊ တနင်္လာနေ့ မှ ပြန်ရောက်မှာ မို့ပါ။”

“ မင်း မှာ ရည်းစား မရှိဘူးဆို”

“ အရင်က မရှိပါဘူး ဆရာ၊ အခုဟာက …ဟို ကေသီ ဆိုတာ ကျွန်တော်နဲ့ အတူတူ အဖမ်းခံထားရတဲ့ ကောင်မလေးလေ ဆရာရဲ့”

ဦးနန္ဒထွန်း သဘောပေါက်လိုက်ပါသည်။

“ အေးပေါ့ကွာ လူပျို အပျို ၂ ယောက်ကို လနဲ့ ချီပြီး အခန်းထဲ တူတူပိတ်ထားမှတော့။ အင်း .. ကောင်မလေးက ကိုယ်ဝန် ရှိနေပြီလား။”

ရဲလင်း ရှက်ကိုး ရှက်ကန်း ဖြစ်သွားသည်။

“ မရှိသေးပါဘူးဆရာ၊ ဒါပေမယ့် ကျွန်တော်တို့ ၂ ယောက်လုံးက အမြန်ဆုံးလက်ထပ်ချင်နေကြတော့ သူ့ အဖိုးနဲ့ အဖွားကို ခွင့်သွားတောင်းမလို့ပါ။”

သေသေချာချာ စဉ်းစားကြည့်ရင် အခုလို အဖမ်းခံလိုက်ရလို့သာ ရဲလင်း မိန်းမရဖို့ ဖြစ်လာခြင်းလို့ ဆိုနိုင်ပါသည်။ ဖမ်းသွား တဲ့ သူတွေကိုပဲ သူတို့တွေ ကျေးဇူးတင်ရမလို ဖြစ်နေသည်ဟု ဦးနန္ဒထွန်း တွေးနေမိသည်။

“ ရဲလင်း၊ မင်း အဲဒီကောင်မလေး ကို အရင်က မသိဘူး မဟုတ်လား။”

“ မြင်တောင် မမြင်ဖူးပါဘူး ဆရာရယ်။”

“ ဒါဆိုရင်တော့ မင်းတို့ ဖူးစာရေး နတ်က ဟိုကောင်တွေပဲ။ ဒါနဲ့ မင်းတို့ရဲ့ အဓိက ကျေးဇူးရှင်ကြီးက ဘယ်သူလဲ သိလား။”

“ ဆရာပေါ့ ဆရာရဲ့ ၊ ဆရာလာကယ်လို့ လွတ်တာလေ။ ဆရာက နိုင်ငံခြားသားယောင်ဆောင်ပြီး အထဲကို ဝင်စုံစမ်းတာ လို့ ကျွန်တော့် အကို အဲ .. အမ ဝမ်းကွဲ မလုလုအောင် ကပြောတယ်။”

ဦးနန္ဒထွန်း စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်သည်။

“ ဝေးလိုက်တာကွာ မင်းတို့ကိုဖမ်းတဲ့ ဂိုဏ်းခေါင်းဆောင်ကို ပြောတာကွ၊ သူတို့ မဖမ်းရင် မင်းတို့ ညားမလား။”

“ ဟို .. သဌေး ဦးရွှေဘနဲ့ နိုင်ငံခြားသား တယောက်ဆို”

“ သူတို့က နံပါတ်(၂) တွေပါ။ နံပါတ် (၁) ခေါင်းဆောင်က မင်းသိလား အွန်လိုင်းပေါ်မှာ လူသောက်မြင်ကပ်စရာတွေရေးနေ တဲ့ စိုင်းလင်ဗန်း ဆိုတဲ့ ကောင်ကွ၊ အဲဒီကောင်ကို မိပြီ။ ငါ့မိတ်ဆွေ ရဲ အရာရှိက ခုလေးတင် လှမ်းပြောတယ်။ နေပါဦး မင်း ရော သူရေးတာတွေ ဖတ်သလား။”

“ ဟိုဒင်း … အရင်က ..နည်းနည်း ပါးပါး.. နည်းနည်းတော့”

“ သဘောကျသလား”

“ ဟိုလေ … သူရေးတာတွေက ရယ် ..ရယ်တော့ ရယ်ရတယ် ထင်တာပဲ။”

“ အားနည်းချက် မဟုတ်တာကို အားနည်းချက် လုပ်ပြီး တိုက်ခိုက်တာ ရယ်စရာလားကွ၊ မင်းတို့ကောင်တွေ တော်တော် ခက်တယ်။ သွား … သွားတော့… ငါစိတ်ကြည်နေလို့နော်။ မကြည်လို့ကတော့ ခွင့်တရက်မှ မပေးဘဲနေလိုက်မှာ။”

မျက်နှာငယ်လေးနှင့် ရဲလင်း သုတ်ကနဲ ထွက်သွားသည်။ ဦးနန္ဒထွန်း စိတ်ပြောင်းပြီး ခွင့်မပေးတော့မှာ ကြောက်သွားပုံရ ၏။ စိုင်းလင်ဗန်း အဖမ်းခံရလို့ စိတ်ကျေနပ်နေသော ဦးနန္ဒထွန်းက နောက်ထပ် ခွင့် ၁၀ ရက် ထပ်တောင်း လည်း ပေးမည် ဆိုတာကို တော့ သူမသိရှာပါ။

.....................................

(၃၆)

လေပြင်းပြင်း တချက်ဝှေ့လိုက်လို့ လန်သွားသော စကပ်ကို ကမန်းကတန်း ပြန်ဖိရင်း လုလုပြောဖူးသည့် 

“ ဘေးကွဲက ပိုပြီးဆက်ဆီဖြစ်တယ်ဗျ၊ ခြေလှမ်းလိုက်တိုင်း ပေါင်သားဝင်းဝင်းလေးတွေ လှစ်ကနဲ ပေါ်လာတာက သွေးကြွချင်စရာ” 

ဆိုသော စကားကို သန်းအောင်မြင့် ပြန်သတိရသည်။ သန်းအောင်မြင့် ဒီနေ့ ဝတ်လာသည်မှာ လုလု ပြောသလိုမျိုး ဘေး ၂ ဘက် က ခွဲထားသည့် စကပ်ရှည် ဖြစ်ပါသည်။ မီးမီး နှင့် အတူ ဒါကို ဝယ်ဖို့ ကြည့်တုန်းက လုလုစကားကို ပြန် ကြားနေ မိခဲ့ တာလည်း သေချာပါသည်။

တိုက်မြင့်မြင့်ကြီးတွေကြားက ကောင်းကင်တွင် တိမ်မည်းမည်းတွေ လွင့်နေတာကို လှမ်းမြင်ရသည်။ တသုန်သုန် ဖြတ် သွားနေသော လေထဲမှာလည်း မိုးရနံ့တွေရနေသည်။ မိုးရွာတော့မည် ထင်သည်။ ရန်ကုန်မိုးဆိုတာ က ညိုပြီးမှ ရွာချင်မှ လည်း ရွာတတ်တာမျိုး ပေမယ့် အခုလက်ရှိ အနေအထားက ရွာတော့မည့် ဖက်မှာ များနေသည်။ သန်းအောင်မြင့်မှာ ထီး မပါလာပါ။ မဝယ်ရသေးဆိုရင် ပိုမှန်ပါမည်။ ဒီလိုမှန်း သိရင် ကလပ်မှာ ဆက်ထိုင်နေလိုက်ပါသည်။ အထဲမှာ လူများပြီး အိုက် စပ်စပ်ဖြစ်လာလို့ သာ ထွက်လာခဲ့ခြင်း ဖြစ်သည်။

အပြင်မှာက မအိုက်တော့ပေမယ့် မကြာမီ မိုးနှင့် တိုးတော့မည့် အလားအလာ ရှိနေသည်။ လမ်းလျှောက်သွားရင်း အနီး အနားတွင် ထီးဝယ်လို့ ရနိုင်မည့် ဆိုင်များ တွေ့မလားလို့ လိုက်ရှာကြည့်နေစဉ် သန်းအောင်မြင့် မြင်ကွင်းထဲသို့ လမ်းဘေး ကော်ဖီဆိုင်တခုက ထီးကြီး တလက်ဝင်လာသည်။ ထီးအောက်က ခုံမှာက ကောင်လေး တယောက်နှင့် ကောင်မလေး တယောက်။ သန်းအောင်မြင့် နှင့် ငါးပေလောက်သာ ဝေးပါသည်။

ခြေလှမ်းတွေ ဘယ်လောက်ကြာအောင် ရပ်ဆိုင်းသွားသလဲ ဆိုတာ သန်းအောင်မြင့် မသိပါ။ တစက္ကန့်လောက် ဖြစ်ချင် ဖြစ်မည်။ စက္ကန့်တွေ တော်တော်များချင်လည်း များလိမ့်မည်။ ဗလာ ဟင်းလင်းဖြစ်သွားသည့် အသိစိတ်က ဘာကိုမှ မမှတ် သားနိုင်တော့ပါ။ သို့သော်လည်း ကောင်လေး၏ ခေါင်းလှည့်လာပြီး သန်းအောင်မြင့်ဆီကို လှမ်းကြည့်လိုက်သည့် အချိန် အထိသာ ဖြစ်သည်။ ကောင်လေး၏ ခပ်စူးစူး အကြည့်က သန်းအောင်မြင့်ကို လှုပ်နိုးလိုက်သလို ဖြစ်သွားပြီး ကသုတ် ကရက်နှင့် ရှေ့ကို ဆက်လျှောက်လာခဲ့၏။

လေကလည်း ခပ်ကြမ်းကြမ်း ဝှေ့လာပြန်၏။ ထီးဝယ်ဖို့ မေ့သွားသော သန်းအောင်မြင့်လည်း လန်လန်တက်လာသော စကပ်ကို ရှေ့က ဖိလိုက် နောက်က ဖိလိုက်နှင့် လုပ်ရင်း ခပ်သွက်သွက် လှမ်းနေမိသည်။ ဘယ်နားကို ဘယ်လိုရောက် နေမှန်းပင် မသိပါ။ ထိုအချိန်တွင် ဘေးက လူတယောက်က သန်းအောင်မြင့်ကို ဖြတ်ကျော်တက်ပြီးနောက် ရှေ့က ပိတ် ရပ်လိုက်သည်။

“ ကို .. …ကိုသန်းအောင်မြင့် ..မဟုတ်လား။”

ကြောင်တောင်တောင် ရပ်နေမိသော သန်းအောင်မြင့် မျက်နှာကို စူးစူးစိုက်စိုက် ကြည့်ရင်း မေးသည်။ သန်းအောင်မြင့် မျက်လွှာချ ခေါင်းငုံ့လိုက်ရင်း တိုးညင်စွာ ဖြေမိသည်။

“ ဟုတ်ပါတယ်။”

“ ကို အဲလေ မမ ကို မနည်းကြည့်ယူရတယ်။ ဟိုမှာကထဲက စိတ်ထဲမှာ ထင်သလိုလို ရှိတယ်။ ဒါကြောင့် မေးမယ်ဆိုပြီး လိုက်လာတာ။ ကျွန်တော့်ကို မှတ်မိတယ် မဟုတ်လား။ ကျွန်တော်က အရင်ပုံပါပဲ။ ဘာဖြစ်လို့ မခေါ်တာလဲ။”

“ အနှောက် အယှက် ဖြစ်မှာ စိုးလို့ပါ။”

“ အနှောက်အယှက် …အာ …ဘာလို့ ဖြစ်ရမှာလဲ။ ကျွန်တော့် သူငယ်ချင်းပါ။ သူ့ သင်တန်း ကိစ္စ လာကြတာပါ။”

သူငယ်ချင်း တွေက အခုလို ပုခုံးချင်းတိုက် ခေါင်းချင်းရိုက်ပြီး ထိုင်ကြမည်လို့တော့ မထင်ပါ။ ဒါပေမယ့် ပထမဆုံး ပြန်တွေ့ သည့် နေ့ က ဆိုင်ကယ်ပေါ်မှာ ပါလာတာ ဒီကောင်မလေး မဟုတ်ဘူး ဆိုတာလဲ သန်းအောင်မြင့် မှတ်မိနေပါသည်။

“ အကို … အဲ .. မမက ဘယ်သူ့မှ မပြောရဘူးဆိုလို့ ကျွန်တော် ဘယ်သူ့မှ မပြောဘူး။ ဒါပေမယ့် မမ တခေါက်တော့ ပြန် လာဦးမယ် ထင်တာ။ ဖေ့စ်ဘွတ်မှာလည်း အကောင့်ပျောက်သွားတော့ မမက အားလုံးကို အဆက်အသွယ် ဖြတ်ချင် တာ ထင်ပြီး ကျွန်တော်လဲ ဒီတိုင်းနေလိုက်တာပါ။”

ဆေးရုံက ဆင်းသွားတုန်းက တောင်ဘာမှ အကြောင်းမကြားခဲ့ဘဲနဲ့ ဟု သန်းအောင်မြင့် စိတ်ထဲက ပြောနေမိသည်။

“ အဆင်ပြေတယ်။ မဟုတ်လား”

“ ပြေပါတယ်။ မမ ရော အဆင်ပြေသလား၊ ဘာတွေ လုပ်နေသလဲ”

“ ပြေပါတယ်။ အလုပ်ကတော့ ရှာတုန်းပါပဲ။”

“ အသံက အစ ပြောင်းသွားတယ်နော်။ တကယ်ကို မမှတ်မိလောက်စရာပဲ။ တော်သေးတယ် ကျွန်တော် မှတ်မိနေလို့။”

လုလု အသံက အနည်းငယ်တုန် နေသည်။ အနီရောင်သမ်းသော မျက်နှာ၊ ခေါင်းကုပ်လိုက်၊ ခါးထောက်လိုက် နှင့် အငြိမ် မနေဖြစ်နေသော လက်အမူအရာ တို့ အရ လုလု စိတ်လှုပ်ရှားနေသည်ဟု သန်းအောင်မြင့် ခန့်မှန်းလိုက်မိသည်။ မှတ်မှတ် ရရ ပြော ရလျှင် လုလု၏ အခုလို လှုပ်လှုပ်ခါခါ ပုံမျိုးကို တခါမှ မမြင်ခဲ့ဖူးပါ။ အပြောင်းလဲကြီး ပြောင်းလဲနေသော သန်း အောင်မြင့်ကို ကြည့်ပြီး အံ့သြနေခြင်းလည်း ဖြစ်နိုင်ပါသည်။ လုလုပုံစံကတော့ သန်းအောင်မြင့်နှင့် အရင် လဘက်ရည်ဆိုင် တူတူထိုင် ခဲ့ တုန်းက အတိုင်းသာ ဖြစ်ပါသည်။

“ ဟိုမှာ စောင့်နေတယ် မဟုတ်လား။ မိုးရွာတော့မယ် ထင်တယ်။ သွားတော့လေ။”

“ မိုးရွာရင် ကျွန်တော်တို့နဲ့ ခနလာထိုင် …အာ … မဟုတ်သေးပါဘူး။ မမ ဘယ်သွားမှာလဲ။”

လွှတ်ကနဲ ဖိတ်ပြီးမှ ဟိုတယောက်က သူငယ်ချင်းပါလို့ ပြောထားတာကို လုလု သတိရသွားပုံရသည်။ အိုးနင်းခွက်နင်း အမူ အရာကို ကြည့်ပြီး သန်းအောင်မြင့် ပြုံးမိ၏။ ပြုံးနေသော သန်းအောင်မြင့်ကို လုလု ကြောင်ငေးငေးလေး ကြည့်နေသည်။

“ အသိတယောက်နဲ့ ချိန်းထားတယ်။”

တကယ်လည်း မီးမီးနှင့် ညနေပိုင်းတွေ့ပြီး ဈေးလေးဘာလေးဝယ်၊ မုန့်လေး ဘာလေးစားဖို့ ချိန်းထားပါသည်။ ဒါပေမယ့် အချိန် လိုပါသေးသည်။ သန်းအောင်မြင့် စိတ်ကူးက အိမ်ခနပြန်ပြီး ရေချိုး အဝတ်လဲ ဖို့ဖြစ်သည်။

“ မမ ဘယ်မှာ နေတာလဲ”

“ ဟို အရင်အခန်းပဲလေ၊ ရောက်ဖူးတယ် မဟုတ်လား။”

“ ဟုတ် ..ဟုတ် …မှတ်မိတယ်။”

လုလုနှင့် စကားပြောနေရင်း ခပ်လှမ်းလှမ်းက ကော်ဖီဆိုင် ထီးအောက်မှာ ကျန်ခဲ့သည့် ကောင်မလေးက မတ် တပ်ရပ်ပြီး ဒီဖက်ကိုလှမ်း မျှော်ကြည့်နေတာ သန်းအောင်မြင့် မြင်လိုက်ရသည်။ သန်းအောင်မြင့် သတိထားမိသည်မှာ စောစောတုန်း က သူက အဲဒီဖက်ကို ကျောပေးထွက်လာသည့် အနေအထားဖြစ်ပြီး လုလုက သူလာခဲ့သည့် ဆိုင်ဖက်ကို မျက်နှာချင်းဆိုင် ဖြစ်သည်။ ဒါ ပေမယ့် အခု သန်းအောင်မြင့်က အဲဒီဖက်ကို မျက်နှာမူလျှက် ဖြစ်နေ၏။ ဘယ်အချိန်မှာ လုလုနှင့် သူ စကား ပြောရင်း တ ပတ်လည်သွားမှန်း မသိလိုက်ပါ။

“ ဟိုမှာ စိတ်မရှည်တော့ ဘူးထင်တယ် သွားလိုက်ပါဦး”

လုလုမျက်နှာမှာ အလိုမကျ ရိပ်တွေ သမ်းသွားသည်။ ကောင်မလေးဖက်ကိုလည်း စိတ်မရှည်သလို ပေစောင်းစောင်း နှင့် ကြည့်လိုက်သည်။

“ ကဲပါ … သွားလိုက်ပါ။ နောက်တော့တွေ့ကြတာပေါ့။”

သန်းအောင်မြင့် မျက်နှာကို စူးစူးတချက်ကြည့်၍ ခေါင်းညိတ်ပြပြီး လုလု ကော်ဖီဆိုင် ဖက်ကို ပြန်လျှောက်သွားသည်။ သန်းအောင်မြင့် လည်း နောက်က လိုက်ကြည့် ချင်စိတ်ကို ကြိုးစား ထိန်းချုပ်ရင်း ရှေ့ကို ဆက်လျှောက်ရ၏။ ဒါပေမယ့်  ခြေသံတဖုတ်ဖုတ် နှင့် အတူ လုလု ဘေးသို့ အမောတကော ရောက်လာပြန်သည်။

“ မမ .. မမ .. အရင်ဖုန်းနံပါတ်ပဲ မဟုတ်လား။”

“ ဟုတ်တယ်။ အရင်ဖုန်းနံပါတ်ပဲ၊ အားလုံး အရင်အတိုင်းပဲ။ ဟုတ်ပြီလား။”

“ ဟုတ်ကဲ့၊ ဟုတ်ကဲ့”

အရည်လည်နေသော မျက်လုံးရွဲကြီးများနှင့် သန်းအောင်မြင့် မျက်နှာကို တချက်ကြည့်လိုက်ပြီး လုလု လေးကန်စွာ ပြန် ထွက်သွားသည်။ ဒီတခါတော့ ရင်ထဲမှာ တမျိုးကြီး လှုပ်ရှားသွားသော ခံစားချက်နှင့် အတူ သန်းအောင်မြင့် နောက်ကို ပြန် လှည့်ကြည့်မိသည်။ လုလုကလည်း နောက်ကို ပြန်ကြည့်တာကို မြင်လိုက်ရတာကြောင့် ကပျာကယာ ရှေ့ကို ပြန်လှည့် လိုက်ရသည်။

ထိုစဉ်မှာ လမ်းဘေးနားမှာ ထိုင်နေသည့် လူငယ်တစုထံမှ ရယ်သံသဲ့သဲ့ ကြားလိုက်ရသည်။ သူတို့ အကြောင်းနှင့် သူတို့ ရယ်လိုက်ကြတာလည်း ဖြစ်နိုင်ပေမယ့် စိတ်မလုံသည့် သန်းအောင်မြင့်က မကျေမချမ်းနှင့် မျက်စောင်းထိုး ရင်း စိတ်ထဲက ပြော လိုက်မိသည်။

“ ရည်းစားရှိတာက မယားရှိတာမှ မဟုတ်တာပဲကို”





........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။



Print Friendly and PDF

No comments:

Post a Comment