ကိန်းသေမရှိသော ညီမျှခြင်းများ အပိုင်း ( ၁ )
ရေးသားသူ - Jin kaleat
ပြီးခဲ့တဲ့ ဧပြီလ တုန်းက နေပူပူ နေ့ခင်း တခုမှာ TV ထိုင်ကြည့်ရင်း ဖျတ်ကနဲ ခေါင်းထဲကို ဝင်လာတဲ့ စိတ်ကူးတခုကို ဖမ်း ဆွဲကြည့်လိုက်မိတာပါ။
ကျွန်တော့်မှာ တို့လို့တန်းလန်း ရေးလက်စတွေ အများကြီး ရှိပါတယ်။ အဲဒါတွေ အတွက်လည်း အမြဲမျက်နှာ ပူနေခဲ့ရ ပါတယ်။ ဖိုရမ်တွေကနေ ဝရမ်းပြေး ခနခန လုပ်နေမိခဲ့ရပါတယ်။ မတင်ဖြစ်ပေမယ့် စိတ်ကူးရရင် ရသလို အဲဒါလေးတွေ ကိုလည်း ရသလောက် ဆက်ရေးဖြစ်တာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ပြတ်နေတဲ့ ဇာတ်လမ်းတွေကို ပြန်ဆက်ရေးရ တာက ကိုယ့်ဟာကိုယ် သိပ်အားမရပါဘူး။ ရေးလိုက် ပြန်ဖျက်မိလိုက်က ပိုများနေပါတယ်။ ဘာကြောင့်လည်း တွေးမိ တော့ အဲဒီဇာတ်လမ်းတွေ စရေးဖြစ်ခဲ့တဲ့ စိတ်ကူးတွေ အတွေးတွေက ခုချိန်မှာ ပြန်ဖမ်းဖို့ ခက်နေတာကြောင့် ဆိုတာ သွား တွေ့ပါတယ်။ တခါတလေ ရေးပြီးသားတွေ အခေါက်ခေါက် အခါခါ ပြန်ဖတ်ရပါတယ်။ အဲဒီ အခါကျတော့လည်း ကျွန်တော့် အားလပ်ချိန်တွေက စာပြန်ဖတ်တာနဲ့ ပဲ့ ပဲ့ သွားရတော့ ရှေ့ဆက်ဖို့ အချိန် မလုံလောက်ပါဘူး။
ဒါကြောင့် ဒီတခါတော့ မိမိချင်း ဖမ်းဆွဲမယ် ဆိုတဲ့ စိတ်ကူးနဲ့ ဒီဇာတ်လမ်းကို ရေးချင်စိတ် ပေါ်လာတဲ့ အချိန်မှာ ကျွန်တော့် အချိန်ကို တနေ့ ၂ နာရီလောက် ခိုးနေတဲ့ ဖေ့စ်ဘွတ် ကို လုံးဝ အဆက်ဖြတ်လိုက်ပြီး ဒါကို ရအောင်ဖြတ်ခဲ့ရပါတယ်။ ကံ ကောင်း ထောက်မစွာနဲ့ ဇာတ်လမ်းက သိပ်မရှည်လို့ တော်ပါသေးရဲ့ ။
ပြောရရင်တော့ ဒီဇာတ်လမ်းက ကျွန်တော်ရေးသမျှထဲမှာ လူကြိုက် အနည်းဆုံးလည်း ဖြစ်နိုင်ပါတယ်။ (ကျွန်တော် စိတ် ကူး တည့်ရာ လျှောက်ရေးတာကိုး)။ အားရချင်မှလည်း ရပါမယ်။ ယုတ္တိ မတန်ဘူးလို့ ထင်ရတာတွေ လည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံး အဆင့် တခန်းချင်း အချောသပ် တာ လေးတွေ ပြီးရင် ပြီးသလောက် ဆက်တိုက် တင်မှာ ဖြစ်တဲ့ အတွက် ဇာတ်လမ်း မဆုံးခင် (အရင်ဇာတ်လမ်းတွေလို) တပိုင်းတစ နဲ့ ရပ်မနေစေရဘူးလို့တော့ အာမခံပါတယ် ခင်ဗျ။
ဒီဇာတ်လမ်းအတွက် လိုအပ်တဲ့ အချက်တွေ ပံ့ပိုးပေးပါသော (တချိန်က ၁၈+ စာရေးဆရာ) ကို Fly ကို ကျေးဇူးအထူး တင်ပါတယ်။
............................................................
နိဒါန်း
တောက်ပ ဖြူဖွေးသော အခန်းတခုထဲတွင် မီးရောင်များကလည်း ထိန်လင်းနေသည်။ အခန်း၏ အလယ်ဗဟိုတွင် အဖြူ ရောင် သံကုတင် တလုံး ရှိသည်။ ကုတင် ခေါင်းရင်းဖက်၌ စတီး စားပွဲတခုကို မြင်ရသည်။ ကုတင်ပေါ်တွင် လူတယောက် လဲ လျောင်းနေပြီး သူ့ မျက်နှာကိုသာဖော်၍ တကိုယ် လုံး ကို အဝတ်ဖြူဖြင့် လွှမ်းထား၏။ တဖျတ်ဖျတ် ခတ်နေသော မျက် တောင်များ နှင့် ဦးခေါင်း ဟိုဖက်ဒီဖက် လှည့်နေသော ကုတင်ပေါ်က လူသည် အသက် ၂၀ ဝန်းကျင် လူငယ်တယောက် ဖြစ်ပါသည်။
လူငယ်၏ မျက်လုံး နှင့် မျက်နှာတို့တွင် ထိတ်လန့် ကြောက်ရွံ့မှုကို အထင်းသား မြင်နေရသည်။ သူ၏ ခါး နှင့် ခြေလက် များ ကို ခိုင်မာသော သားရေကြိုးပြားများနှင့် ကုတင်တွင် တင်းတင်း ချည်နှောင် ထားသောကြောင့် ဦးခေါင်းကသာ လှုပ်ရှား၍ ရနိုင်ရှာသည်။
ခန အကြာတွင် အခန်းတံခါး ပွင့်သွားပြီး အစိမ်းရောင် ခွဲစိတ်ခန်း ဝတ်စုံများ နှင့် နှာခေါင်းစည်း တပ်ထားသူ ၂ ယောက် အခန်း ထဲသို့ ရောက်လာသော အခါ လူငယ်၏ ထိတ်လန့်မှု တို့က အဆုံးစွန် အထိ မြင့်တက်သွားပုံရ၏။ မျက်နှာပေါ် တွင်လည်း ချွေးစက်များ သီးထ လာသည်။
“ ခ ..ခ များတို့ ဘာလုပ်ကြမလို့လဲဗျာ။”
ဝင်လာသူ ၂ ဦးက ဘာမှ ပြန်မဖြေပါ။ တယောက်က စတီးစားပွဲပေါ်က အဝတ်စ တခုကို ယူလိုက်၍ လူငယ်၏ မျက်နှာမှ ချွေးများကို သုတ်ပေးသည်။
“ ခင်ဗျားတို့ ကျွန်တော့် တကိုယ်လုံးကို လဲ ခနခန စစ်ပြီး ပြီလေ၊ ကျွန်တော် ဘာမှ မဖြစ်ဘူးလေ၊ အခုဘာလို့ ကြိုးချည် ထားတာလဲဗျာ။ ကျွန်တော့်ကို လွှတ်ပေးကြပါ။”
လူငယ်က အသံကုန် အော်နေသော်လည်း ဟို ၂ ယောက် ထံမှ တုန့်ပြန်မှု တခွန်းမှ ထွက်မလာပါ။ ခုနက မျက်နှာကို သုတ် ပေးသူက ပင် စားပွဲပေါ်က မျက်နှာဖုံးတခုကို ယူ၍ လူငယ်၏ မျက်နှာကို အုပ်လိုက်သည်။ လူငယ်က ခေါင်းကို ရမ်း၍ ရှောင်တိမ်းနေသော်လည်း နောက်တယောက်ကပါ သူ့ခေါင်းကို ချုပ်ပေးလိုက်သော အခါ ဘယ်လိုမှ မလွတ်တော့။
ခနအတွင်းမှာ ပင် မျက်နှာ ဖုံးအောက်မှ ဗလုံးဗထွေး အော်ဟစ်နေသံများ ပျောက်ကွယ်သွားသည်။ အသက်ကို မှန်မှန် ရှူရင်း လူငယ်လေး ငြိမ်သက်သွားချိန်တွင် မျက်နှာဖုံးကို ပြန်ဖယ်လိုက်ပြီးနောက် အုပ်ထားသော အဝတ်ကို လက် မောင်း ပေါ်အောင် ဖယ်လိုက်သည်။ တယောက်က ကုတင် ဘောင်တွင် တိုင်တခုကို ချိတ်လိုက်သည်။ နောက်တယောက်က စား ပွဲပေါ်မှ ပုလင်း တလုံးကို တိုင်တွင် ချိတ်လိုက်သည်။
သူတို့၏ လုပ်ရပ်များက သေသပ် မြန်ဆန်လွန်းသည်။ ပုလင်းနှင့် ချိတ်ဆက်ထားသော အပ်ကို လူငယ်၏ လက်ဖျံမှ သွေး ကြောတွင်းသို့ ကျွမ်းကျင်စွာ ထိုးသွင်းပြီးနောက် တယောက်က လှမ်းပေးသည့် ပလာစတာဖြင့် ကပ်လိုက်၏။ ထိုအချိန် တွင် နောက်တယောက်က ဆေးသွင်းပိုက်မှ ဘီးလုံးလေးကို ချိန်ညှိလိုက်သည်။ သူ့တို့က ထိုလုပ်ငန်းများ နှင့် အသားကျ နေသူများ ဖြစ်ကြောင်း ထင်ရှားပါသည်။
ပြုဖွယ် ကိစ္စများ ပြီးသွားပုံရသည့် အခါ တယောက်က နှာခေါင်းစည်းကို အောက်သို့ လျှောချ၍ အခန်းထောင့် အပေါ်ဖက် နားတွင် ရှိသော CCTV ကင်မရာ တလုံးဖက်သို့ လှည့်၍
“ ဒီဖက်မှာ အားလုံး အဆင်သင့် ဖြစ်ပါပြီ။”
ဟု ပြော ရင်း လက်မ ကို မြင်သာ အောင် ထောင်ပြလိုက်သည်။
......................................................
( ၁ )
လှေခါးထိပ်ကနေ ကွေ့လိုက်သည် နှင့် စက္ကူပုံးကြီး တပုံးရှေ့မှာ ချလို့ ရပ်နေကြသော အဝါရောင် ယူနီဖောင်းဝတ် ကောင် လေးတယောက် နှင့် ကောင်မလေး တယောက်ကို လှမ်းမြင်လိုက်ရ၍ ကေသီ စိတ်သက်သာသွားရသည်။ ကြည့်ရတာ သူ တို့ ရောက်ခါစပင် ရှိသေးပုံရသည်။ တချိန်တည်းမှာပင် ရင်ထဲမှာ ထိတ်ကနဲ လည်း ဖြစ်သွားသည်။
ကောင်လေးနှင့် ကောင်မလေးက ကေသီ့ မောင်ဝမ်းကွဲ၊ ညီမ ဝမ်းကွဲလေးတွေ နှင့် ရွယ်တူလောက် ရှိလိမ့်မည်ကို သတိ ထား လိုက်မိတော့ မျက် နှာ နည်းနည်း ပူချင်လာသည်။ မှာလိုက်တာ မှားပြီလားဟု တွေး လိုက်မိပါသည်။ ဒါပေမယ့် မှာ ပြီးသား၊ ငွေချေပြီးသား၊ ကေသီ့ အခန်းဝမှာလည်း ရောက်နေပြီဆိုတော့ ခုချိန်မှ တော့ နောက်ဆုတ်လို့ မဖြစ်နိုင်တော့ပါ။
အဲဒီနေ့က မမနီ အပြောကောင်းတာလဲ ဖြစ်နိုင်ပါသည်။ ကေသီ ဘီယာသောက်တာ နည်းနည်းများသွားတာလည်း ဖြစ်နိုင် ပါသည်။ ဒါပေမယ့် မမနီပေးသော နံပါတ်ကို ချက်ချင်း ဖုန်းခေါ်မိတာ၊ မဆိုင်းမတွ ငွေလွှဲလိုက်မိတာက မူးတာထက် တော့ ပိုသွားသည်ဟု ထင်မိသည်။
“ ရောက်တာ ကြာပြီလား၊ တို့လဲ ပြေးလာတာလမ်း ပိတ်နေလို့”
“ မကေသီနော်”
“ ဟုတ်ပါတယ်။”
“ သမီးတို့ ဖြတ်ပိုင်းကြည့်လို့ရမလား၊ အမဆီကို လှမ်းပို့ထားတာလေ။”
“ အော် ..အေးအေး”
ငြိမ်သက်စွာ ရပ်နေသည့် ကောင်လေးကို မျက်လုံးချင်း မဆုံမိအောင် သတိထားရင်း ကေသီက ဖုန်းကို ဖွင့်၍ ကုမ္ပဏီက ပြန်ပို့ထားသည့် message ကို ပြလိုက်သည်။
“ ဟုတ်ကဲ့ ရပါပြီ အမ၊ တခါထဲ ဆင်ပေးရမယ် မဟုတ်လား၊ ဘယ်မှာထားမှာလဲ။”
အခန်းတံခါးကို ကဗျာကယာဖွင့်၍ ကုတင်ဘေးမှာ မနက်တုန်းက ရှင်းထားသည့် နေရာကို ပြလိုက်သည်။ သူတို့ နှစ် ယောက်က စက္ကူပုံးကြီးကို မ ပြီး ကေသီနောက်က လိုက်လာကြသည်။
“ ရမလား၊ ဒီနေရာက”
“ တပေခွဲကျန်ရင် ရပါတယ် အမ”
ရောက်ကထဲက နှုတ်ဆိတ်နေသော ကောင်လေးက ဝင်ဖြေသည်။ ကေသီ မလုံမလဲ နှင့် ခိုးကြည့်မိတော့ ကောင်လေး အမူ အရာက အေးအေးဆေးဆေး ပင်ရှိသည်။ သူ့မျက်နှာပေါ်မှာ လှောင်ပြောင် သရော်လိုသည့် အရိပ်အယောင် စူးစမ်းသည့် အရိပ်အငွေ့တွေ မတွေ့ရပါ။ နိစ္စဒူဝ ကြုံနေကျဆိုတော့ ရိုးနေတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ကျောပိုး အိတ်ထဲက ခေါက်ဓားတချောင်းကို ထုတ်၍ ကောင်လေးက ပုံးကို ဖောက်သည်။ အခန်းကျဉ်းလေးထဲမှာ လူ ၃ ယောက် စက္ကူပုံး တပုံး နှင့် ပြည့်သွားသည်။ ကောင်မလေးက ကေသီ့ဖက် ကို လှည့်ကြည့်ရင်း
“ အမ အခန်းက အနေတော်ပဲ၊ တလ ဘယ်လောက်ပေးရလဲ အမ”
“ ၆သိန်း”
“ သမီး တို့နေတာကတော့ ၇သိန်းခွဲ ပေးရတယ်။ ဒီထက်တော့ နည်းနည်းကျယ်တယ်။ ဒါပေမယ့် သမီးက ညီမလေးနဲ့ ၂ ယောက်နေတာလေ”
“ မဆိုးပါဘူး။ တယောက်ကို ၃သိန်းကျော်လောက် ပဲ ကျတာပေါ့”
ရန်ကုန်က ခိုအိမ်လို အခန်းကျဉ်းလေးတွေထဲမှာ နေကြသူချင်း ဒီလိုပဲ ပြောဖြစ်တတ်ကြပါသည်။ ကေသီလည်း မျက်နှာ ပူ သလို စိတ်ကျဉ်းကြပ်သလို ခံစားချက်နည်းနည်းရော့သွားသည်။ တဖက်မှာလည်း လူတကာ ဝယ်နေသည့် ပစ္စည်းတခု အတွက် စိတ်ထဲမှာ ဒီလောက်မထားသင့်ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်ရ၏။
ပစ္စည်း အစိတ်အပိုင်းတွေကလည်း ဆင်ရတာလွယ်ကူမည့် ပုံရှိသည်။ ကောင်လေးကလည်း လုပ်နေကျ ကျွမ်းကျင်နေ ပုံ ရသည်။ ခနလေး နှင့် ပင် ပုံပေါ်လာ၏။ မျက်နှာပူ တာနည်းနည်းလျော့သွားသည့် ကေသီက ထမင်းစား စားပွဲဘေးက တလုံး တည်းသော ပုလပ်စတစ် ကုလားထိုင်လေးကို ကောင်မလေး ကိုချပေးပြီး သူလည်းကုတင် စွန်းမှာ ဝင်ထိုင်လိုက် သည်။
“ ရတယ် အမ ပြီးတော့မယ်။ မထိုင်တော့ပါဘူး။”
ကောင်မလေး ပြောတာ ဟုတ်ပါသည်။ အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်သည့် ဘီးတဘီးတည်းပါသော စက်ဘီးလေး ကို အင်္ဂါ စုံစွာ မြင်လာရပြီ ဖြစ်သည်။ လက်ကိုင် ၂ခုကြားက Display ဘုတ်ပြားလေး တပ်လိုက်ပြီးသည် နှင့် ကောင်လေးက ထရပ်လိုက်ပြီး သူ့ ကိရိ ယာတွေကို အိတ်ထဲ ပြန်ထည့်လိုက်သည်။
“ အမ သုံးဖူးသလား”
“ ဟင့်အင်း”
ပြန်ဖြေလိုက်သည့် ကေသီ့ အသံက ခြောက်ကပ် အက်ကွဲနေသည်။
“ ကဲ … ပြီးရင်လည်း နင် အပြင်ထွက်တော့၊ အောက်ကပဲ စောင့်ချင်စောင့်”
မျက်နှာတည်တည် နှင့် ကောင်မလေးက ပြောလိုက်တော့ ကောင်လေးက တချက်ပြုံးပြီး သူ့အိတ်လေးဆွဲကာ ပြန်ထွက် သွားသည်။ ကေသီ့ကို နှုတ်ဆက် ပြုံးလို့ ယူဆနိုင်ပေမယ့် နဂိုထဲက စိတ်မလုံသည့် ကေသီ့ မျက်နှာလေး ပူရှိန်းသွား ရ သည်။ ကောင်လေး အပြင်ရောက်တော့မှ ကောင်မလေးက တံခါးကို သွားပိတ်လိုက်ပြီး စက်ဘီးဘေးကို တိုးဝင်လာ သည်။ ကေသီလည်း သေသေချာချာ မြင်ရအောင် ကုတင် အလယ်ပိုင်းလောက်ကို တိုးထိုင်လိုက်သည်။
စက်ဘီးဆိုပေမယ့် လက်ကိုင်အောက်က ဘီးတဘီးသာ ရှိပြီး ထောက်လို အပြား ကြီး ၂ ခုဖြင့် မယိုင်လဲ အောင်အောက် က ထိန်းထားသည်။ ကောင်မလေးက ထိုင်ခုံ အောက်ကအံလေးတခုကို ဖွင့်၍ ပလပ်ကြိုးတချောင်း ထုတ်ပြသည်။
“ စာအုပ်ထဲမှာလဲ လမ်းညွှန်ပါပါတယ် အမ၊ ဒါက အားသွင်းဖို့ပါ။ ပုံမှန် နင်းပေးနေရင်တော့ သူ့ဟာသူ ဘက်ထရီက ချာ ဂျင် ဝင်နေပြီး သတ်သတ် အားသွင်းစရာမလိုပါဘူး။ အမ က လနဲ့ ချီ ပြီး ပစ်ထားမိတယ် ဆိုရင်တော့ မစီးခင် ၁ နာရီ ၂ နာရီ လောက် ကြိုအားသွင်းထားလိုက်ရင် display က အလုပ်လုပ်ပါတယ်။”
ပုံးထဲက ပလပ်စတ်အိတ် နှင့် ထုပ်ထားသည့် မန်နူရယ် စာအုပ်နှင့် စာရွက်တွေကို ကုတင်ပေါ်ချပေးရင်း ကောင် မလေးက ပြောသည်။ သူ့လေသံက စောစောက အာလာပ သလာပ ပြောတုန်းကလို မဟုတ်ဘဲ စာရွတ်သလို ဖြစ်သွားသည်ကို ကေသီ သတိပြုမိသည်။
“ ဒါ ပါဝါ ခလုတ်ပါ ”
လက်ကိုင် ၂ ခုကြားက တပေလောက်ကျယ်မည့် မှန်ပြင် အောက်နားကို နှိပ်ပြရင်းပြောသည်။ ကုမ္ပဏီ အမည် နှင့်တခြား စာတန်းများ ပေါ်လာသည်။ ခန ကြာတော့ ဘာသာစကားရွေးဖို့ ပေါ်လာသည်။
“ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးမျိုးရပါတယ်။ အမ ဘယ်ဟာထားချင်သလဲ”
“ အင်း …အင်း..ဂလိပ်”
“ အမ နာမည် က ကေအေဝိုင် တီအိတ်ချ်အိုင် လို့ပေါင်းတာလား”
“ ဟုတ်… ဟုတ်တယ်။”
ကေသီ ရေငတ်သလို အာခေါင်တွေ ခြောက်နေသည်။ ရင်တွေလည်း တဒိုင်းဒိုင်း ခုန်နေ၏။ ကောင်မလေးကတော့ ကေသီ့ ဖက်ကို လှည့်တောင် မကြည့်ဘဲ သူလုပ်စရာ ရှိတာလုပ်နေသည်။
“ ရပြီ၊ အမ ဒီဖက် လက်ကိုင်ကို ခန ကိုင်ထားပါ။”
ကုတင်နှင့် စက်ဘီးကြားထဲကို ကပ်ကပ်သပ်သပ်တိုးဝင်ပြီး ဘယ်ဖက်က လက်ကိုင်ကို ခပ်တင်းတင်း ဆုပ်လိုက်သည်။ စိတ် ထဲမှာ ချော်နေသည်ဟု ထင်မိတာကြောင့် ပြန်လွှတ်ပြီး လက်ကို တင်ပါး နှင့် ပွတ်လိုက်ရသေးသည်။ မျက်နှာမှာလည်း ချွေးတွေ ပြန်လာမှန်း ကေသီသိနေ၏။
“ ဟုတ်ပြီ၊ ပြန်လွှတ်လို့ ရပြီ အမ၊ လက်ဗွေကို မှတ်ထားလိုက်ပြီ ဆိုတော့ အမတယောက်ပဲ ဖန်ရှင်တွေ အကုန်သုံးလို့ရမယ်။ တခြားလူတက်ထိုင်လည်း နင်းရုံ သက်သက်ပဲ ရမယ်။ ဒီမှာ ကြည့် အမ၊ ဒါက မန်မိုရီ ၅၀၀ ဂစ်ပါတယ်။ မန်မိုရီ ကဒ် ထပ် စိုက်လည်းရတယ်။”
ကောင်မလေးက မှန်ပြင်ဘေးက အံလေးတခုကို တွန်းဖွင့်၍ ကဒ်စိုက်ရမည့် နေရာပြသည်။
“ လောလောဆယ်တော့ ကုမ္ပဏီက တခါတည်း ထည့်ပေးလိုက်တဲ့ ရုပ်ရှင်တွေ သီချင်းတွေ ပါတယ်။ အမ မကြိုက်လဲ ဖျက် ပစ်လို့ ထပ်ထည့်လို့ရတယ်။ ဒီထောင့်မှာ ကြည့်လိုက်အမ”
သူပြသည့် ညာဖက် အောက်နားကို ကေသီကြည့်လိုက်မိသည်။
“ normal နဲ့ pleasure ဆိုပြီး ရှိတယ်။ normal ကတော့ default ပဲ အမ၊ ပါဝါ အွန်တာနဲ့ normal မှာ ရှိမယ်။ အမ ခြေနင်း ကို စနင်းတာနဲ့ speed ရယ် distant ရယ် တက်လာလိမ့်မယ်။ ဒီဖက် pleasure က…”
ကောင်မလေးက ခနရပ်ပြီး စက္ကူပုံးကြီးထဲက နောက်ထပ် ဘူးတဘူး ကို ထုတ်လိုက်သည်။ ကေသီ ခြေဖျား လက်ဖျားတွေ အေးလာ၏။
“ pleasure ကို ရွေးလိုက်ရင် ထိုင်ခုံ အောက်က ငုတ်လေးတခု ထွက်လာမယ်။”
သူပြောသလိုပင် ထိုင်ခုံရှေ့ပိုင်းက ငုတ်တခု အပေါ်ကို ထိုးထွက်လာသည်။ ကောင်မလေးက စက္ကူဘူးကို အပြင်က ပတ် ထားသည့် ပလပ်စတစ်တွေကို လက်သည်းနှင့် ထိုးဖောက်ခွာရင်း အနိမ့်အမြင့် အတက်အကျ မရှိသည့် စာရွတ်သလို အသံမျိုးဖြင့် ဆက်ရှင်းပြ၏။
“ အထဲမှာ ၄ လက်မ က စပြီး ၅၊ ၆၊ ၇၊ ၈ ငါးချောင်းပါပါတယ်ရှင့် ၊ အဲဒါကို ဒီလို”
ဗူးထဲက ထွက်လာသော ပန်းရောင် အချောင်းကြီးကို ကေသီ ပါးစပ် အဟောင်းသား နှင့် ကြောင်ငေးကြည့်နေမိသည်။ ကောင်မလေးကတော့ ဘာမှ မထူးခြားသလိုပင် အဲဒါကြီးကို စောစောက ငုတ်ထိပ်မှာ စွပ်ပြီး လှည့်လိုက်ရာ ထပ်ကနဲ အသံ မြည်သွားသည်။
“ အသံမြည်မှ သူက အံကျတယ်။ အသံမကြားရရင်တော့ ပြန်ဖြုတ်ပြီး ပြန်တပ်ပါ။ ဂျယ်သုံးချင်ရင်လည်း ဒီဘူးထဲမှာပါ ပါတယ်။ ကုန်သွားရင် အပြင်မှာ ဝယ်လို့လည်း ရပါတယ်။ သမီးတို့ ဆီကို မှာရင်လည်း ၂ ဘူးအထက်ဆို ပို့ပေးပါတယ်။ ပြန်ဖြုတ်ရင်လည်း ခုနနဲ့ ပြောင်းပြန် လှည့်လိုက်ရင် ပြုတ်ထွက်သွားပါလိမ့်မယ်။ ပြီးရင် normal ကို ပြန်ရွေးလိုက်ရင် ဒါက ပြန်ဝင်သွားပါမယ် ရှင့်။”
“ ဟို ..ဟိုလေ … သုံးတော့ ..သုံးတော့”
“ အမ တက်ထိုင်ပြီး နင်းလိုက်ရုံပဲလေ။ အမ နင်းတဲ့ အရှိန်ကို လိုက်ပြီး သူက လှုပ်မှာပါ။ အော် မေ့နေလို့”
ကောင်မလေးက နောက်ထပ် ဘူးသေးတခု ဆွဲထုတ်ပြီး ဖွင့်လိုက်ပြန်သည်။ အထဲက နားကျပ်တခု ထွက်လာသည်။ နောက်ပြီးတော့ ကြိုးရှည်ရှည် နှင့်တွဲထားသော အမဲရောင် လေစုပ်ခွက် ခပ်သေးသေး နှစ်ခု။
“ ဒီဘေးက အစိမ်းရောင် အပေါက်က နားကြပ် အတွက်ပါ၊ သီချင်းနားထောင်ဖို့ ရုပ်ရှင်ကြည့်ဖို့ သုံးလို့ ရပါတယ်။ အပြာ ရောင်က စုပ်ခွက် အတွက်ပါရှင့်။ စုပ်ခွက်က အတွင်း ဖက်ကို ဂျယ်နည်းနည်း ပွတ်ပြီး သုံးရင် ပိုကောင်းပါတယ်။ နို့သီး ခေါင်းမှာ တပ်ပြီး ထိပ်က ဖုလေးကို ညှစ်လိုက်ရင် သူ့ အလိုလို စုပ်သွားပါလိမ့်မယ် ရှင့်။ မသုံးလည်း ရပေမယ့် ဒါတပ် ထားရင် အခြေအနေကို မော်နီတာ လုပ်နိုင်တာကြောင့် တပ်ဖြစ်အောင် တပ်ဖို့တော့ ကုမ္ပဏီက အကြံပြုထားပါတယ်။ အမ သိချင်တာ များ ရှိပါသေးလား။”
“ မ ..မ ..မရှိတော့ပါဘူး။”
လိုအပ်ရင် မမနီ ဆီ ဖုန်းဆက် မေးလို့ ရနိုင်ပါသည်။
“ ဒါဆို သမီးကို ခွင့်ပြုပါဦး ရှင့်၊ အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီပုံးခွံ သမီးယူသွားပြီး အမှိုက်ပုံးထဲ ထည့်ပေးရ မလား။”
ကေသီခေါင်း ညိတ်ပြလိုက်တော့ ကောင်မလေးက ပုံးခွံကြီးကို ခြေနှင့် နင်း၍ ပြားချပ်သွားအောင် ခေါက်ယူပြီး အခန်ထဲက ထွက်သွားသည်။ သူ့ကို တံခါး အဖွင့် အပိတ် လိုက်လုပ်ပေးသည့် အချိန်မှာ ကေသီ ခြေတွေ လက်တွေ တုန်နေသည်။ တံ ခါးဝကနေ ကုတင်ဆီကို လျှောက်လာရင်း ဒူးတွေ ချောင်သလို ဖြစ်နေသည်ကို ခံစားရသည်။ အထူးသဖြင့် ကိုယ် အောက် ပိုင်း တနေရာက ခံစားချက်တခုက ကေသီ့ကို ဒုက္ခပေးနေသည်။
ခုနက ကောင်မလေး ရှေ့မှာ ခပ်တည်တည်နှင့် ဟန်လုပ်နေခဲ့ရပေမယ့် ဒါက ကေသီမကြုံဖူးသေးသည့် အကြောင်းတခု ဖြစ်ပါ သည်။ အရွယ်ရောက်စကထဲက ကေသီ့ကို ရံဖန်ရံခါ ဒုက္ခပေးတတ်သည့် ခံစားချက်တခုက အခု အချိန်မှာ အပြင်း ထန်ဆုံး အရှိန်ဖြင့် ထိုးနှက်နေသည်။ တလှိုက်လှိုက်မောနေသောရင်ကို လက်နှင့် အသာဖိရင်း အိပ်ရာပေါ်သို့ ကေသီ အ ရုပ်ကြိုးပြတ်လဲကျသွားသည်။
“ အဲဒါ ငါရှည်တာ၊ ငါ ဆတ်ဆော့တာ၊ ရှာရှည်မိတာ၊ အောင်မယ်လေး ရှက်လိုက်တာ၊ ဒီကလေးတွေ နောက်တခါလမ်းမှာ တွေ့ရင်တော့ ဒုက္ခပဲ”
မွေ့ယာကို လက်သီးဆုပ်ဖြင့် အဆက်မပြတ်ထုရင်း ကေသီ တတွတ်တွတ် ပြောနေမိသည်။ အမှန်အတိုင်းပြောရလျှင် ပေါင်ကြားသို့ ရောက်သွားတော့မည့် လက် နှင့် စိတ်ကို ထိန်းနေမိခြင်း ဖြစ်သည်။ ငိုလည်း ငိုချင်သလို ဖြစ်လာသည်။
“ ကိုယ့် ဟာကို လက်နဲ့လဲ အဆင်ပြေနေတာကို၊ ငါ့နှယ်နော်”
အဲဒီနေ့က ဘီယာ နည်းနည်းများသွားတာတော့ မှတ်မိသည်။ ရုံးသမား ဆိုတော့ အထိုင်များလို့ လေ့ကျင့်ခန်းလေး ဘာ လေး လုပ်ချင်ကြောင်း မမနီ ကို ပြောမိတာ ကလည်း ရိုးရိုးသားသား ပင် ဖြစ်သည်။ ဒါပေမယ့် ဒီစက်ကို ဝယ်ထားဖို့ မမနီ က တိုက်တွန်းတော့ ပြင်းပြင်းထန်ထန် မငြင်းခဲ့မိတာကိုတော့ ခုထိ ကိုယ့်ကိုယ်ကို နားမလည်သေးပါ။ မမနီ သွေးထိုးပေး သည့် အတိုင်း ဖုန်းထဲမှာ ချက်ချင်းလိုက်ရှာပြီး ငွေချေလိုက်မိတာကလည်း တဒင်္ဂ မိုက်မဲမှု သက်သက်လို့ ထင်ပါသည်။ နောက်နေ့တွေမှာ ဒီအကြောင်းကို တွေးမိတိုင်း ရင်တဖိုဖို ဖြစ်ရပေမယ့် ခုလောက်ကြီးတော့ စိတ်မလှုပ်ရှားမိခဲ့ပါ။ မနက် ဖြန်ကျရင် မမနီက တခြားသူတွေကြားထဲမှာ အကျိုးအကြောင်း မေးလာလေမလားလို့ အတွေးဝင်လာတော့ ကေသီ ငေါက်ကနဲ ထထိုင်ပြီး ဖုန်း ကို လှမ်းယူမိသည်။
“ ရောက်လာပြီလား ကေသီ”
မမနီက ဖုန်းကိုင်လိုက်တာနှင့် တန်းမေးသည်။
“ ဟုတ်တယ်”
လေးလေးတွဲ့တွဲ့ ကေသီ အဖြေစကားကို မမနီက တမျိုးထင်သွားပါသည်။
“ အသံကတော့ လောလော လတ်လတ် စမ်းသပ်ကြည့်ထားတဲ့ အသံမျိုးပဲ။ အဆင်ပြေတယ် မဟုတ်လား”
“ အာ .. မဟုတ်ပါဘူး။ ခုမှ ရောက်လာပြီး ဆင်လို့ ပြီးတာ ဘယ်လိုလုပ်စမ်းသပ်ရဦးမှာလဲ။ စမ်းလည်း မစမ်းရဲပါဘူး။ ဒီတိုင်း တက်နင်းဖို့တောင် စိတ်ထဲမရဲ ဘူး ဖြစ်နေတယ်။”
ဟိုဖက်ကနေ မမနီ ရယ်နေတာ ကို ကေသီကြားရသည်။
“ ဘာမှ ကြောက်စရာမလိုဘူး၊ အသေးဆုံးက နေစပြီး စမ်းကြည့်လိုက် ဟားဟား၊ အဆင်ပြေသွားလိမ့်မယ်။ အရှိန်များ သွား ရင်လည်း သူက သတိပေးလိမ့်မယ်။ တို့လဲ စစချင်း တော့ ကြောက်တာပဲ၊ ဒါပေမယ့် ခနလေးပါပဲ။ ချက်ချင်း အဆင်ပြေ သွားလိမ့်မယ်။ နောက်တော့ အားတာနဲ့ တက်ထိုင်မိရော၊ ယောက်ျားရပြီးတာတောင် တခါတလေ တက်နင်းမိသေး တယ်။ ဆက်သာလုပ်ညီမလေး။”
မမနီ ဖုန်းချသွားတာကြောင့် ကေသီ ဘာမှပြန်မပြောလိုက်ရ။ ဟိုတရက်ကလို ဘီယာမူးနေရင်တော့ မမနီ နှင့် ဒီ အ ကြောင်းတွေကို တခုခုတော့ အချေအတင်ပြောဖြစ်လိမ့်မည် ထင်သည်။ အခုကတော့ ဘာတွေပြောရ မေးရမလဲ ဆိုတာ ကိုတောင် ကေသီ မသိပါ။
မမနီက မြှောက်ပေးတော့ ကေသီ့ဖက်က ပြတ်ပြတ်သား သား မငြင်းဆန်နိုင်ခဲ့ပါ။ တခါတလေ ပေါ်လာတတ်သည့် စိတ် ဆန္ဒတွေကို ချွန်းအုပ်ရတာ ဘယ်လောက်ခက်ကြောင်း မသိစိတ် က သိနေသောကြောင့် ဖြစ်မည် ထင်သည်။ အမှန် အတိုင်းပြောရရင် မမနီ ကိုယ်တိုင်တောင် မသိပေမယ့် မမနီဆီက ကေ သီ တိတ်တခိုး သင်ယူခဲ့မိတာ တွေအများကြီး ရှိသည်။
အသွေးအသားကြောင့် ဖြစ်ရသည့် စိတ်ဆန္ဓကို မလိုအပ်ဘဲ တရားလွန် ထိန်းချုပ်ခြင်းက မကောင်း ဆိုသည့် အတွေးကို မမနီကြောင့် ကေသီရခဲ့သည်။
“ တချို့ အပျိုကြီးတွေ ဂေါက်ကုန်ကြတဲ့ အထဲမှာ အဲဒါကြောင့် အများကြီးပါတယ်။ တချို့က မတရားထိန်းလွန်းတယ်။ အဲဒီ စိတ်ကို ဖိလွန်းရင် ထိန်းမနိုင်သိမ်းမရ နသိုးကြိုးပြတ် ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် ဂေါက်ကရော၊ လိုချင်လွန်းလို့ အစွန်းရောက်ပြီး ဂေါက် တာတွေလဲ ရှိတာပေါ့လေ။ အဲဒါကို လူတွေက လင်တရူး ဆိုပြီး အကုန်သိမ်းကျုံး ထင်နေကြတာ၊ အမှန်က မတူ ဘူး။ ဒါပေမယ့် သဘာဝကို လက်ခံရင် တသက်လုံး အပျိုကြီး လုပ်လည်း အမေပေးတဲ့ လယ်တကွက်ကြောင့် ပြဿနာ ဖြစ် မှာမဟုတ်ဘူး။” ဟု မမနီက ကေသီတို့ကို ပို့ချခဲ့သည်။
ထို့ကြောင့် သဘာဝတရားကို လက်ခံဖို့ ကေသီဆုံး ဖြတ်ခဲ့သည်။
အရင်က အမှတ်တမဲ့လိုလို ကိုယ့်ကိုယ်ကို ညာရင်း လက်နဲ့ မထိတထိပွတ်၍ စိတ်ဖြေမှုမျိုး ရှိခဲ့ ဖူးပေမယ့် မမနီနှင့် ပေါင်းမိ ပြီးနောက်မှာ စိတ်ရှင်းရှင်းနှင့် အချိန်ယူလုပ်တတ်လာသည်။ အိမ်ထောင်သည် တယောက် ဖြစ်သည့် မမနီက ပွင့်လင်း သည်။ ကေသီတို့လို အငယ်တွေကို သူ့အတွေ့ အကြုံ သူ့ခံစားမှုတွေ အကြောင်း ဘွင်းဘွင်းရှင်းရှင်း ပင်ပြောပြတတ်သည်။ တချို့ မိန်းကလေး တွေက မမနီကို သူတို့ ကိစ္စတွေ ပြောဆို အကြံတောင်းကြတာကို ဘေးကနေ နားထောင်ရင်း ကေသီ လည်း အဆင့်တွေ တက်လာခဲ့ရသည်။ အခုဆိုရင် တပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ အိပ်ယာပေါ်မှာ ဒါမှမ ဟုတ်ရေချိုးခန်းထဲမှာ ကိုယ်လုံးတီးနှင့် စိတ်လွတ်လက်လွတ် ကျကျနန အာသာဖြေမိသည့် အခြေအနေသို့ ကေသီရောက် လာသည်။ လုပ်ဖော်ကိုင်ဖက် အချို့၊ သူငယ်ချင်း အချို့က ကျားအင်္ဂါ အတုတွေ သုံးကြကြောင်း ရိပ်မိသိရှိနေပေမယ့် အဲဒီ လောက် အထိတော့ ကေသီ အဆင့် မတက်ရဲသေးပါ။
ဒါပေမယ့် အခုတော့လည်း စိတ်လိုက်မာန်ပါ မှာမိခဲ့သည့် စက်တလုံးက အိပ်ရာဘေးတွင် ရောက်နေပြီ ဖြစ်သည်။ ကေသီ ဒယီးဒယိုင်ဖြင့် အိပ်ယာမှ ကျုံးထလိုက်ပြီး အသက်ကို ပြင်းပြင်း တချက်ရှုလိုက်၍ စက်ကို ပါဝါဖွင့်လိုက်သည်။ ထို့နောက် တုန်ရီသော လက်တွေနှင့် ဟိုကောင်မလေး ပြထားသည့် အတိုင်း လက်ကိုင်ကို ချွေးစိုနေသောလက်များဖြင့် တင်းတင်း ကိုင်လိုက်ချိန်တွင် မှန်ပြင်၌ “Welcome back Kay Thi” ဆိုသည့် စာသားပေါ်လာ၏။ အလန့်တကြားဖြင့် လက်ကိုပြန် လွှတ်လိုက်ပြီး ကေသီတွေတွေလေး ရပ်နေမိ၏။ မျက်စိကို မှိတ်၍ ချည်တုံ ချတုံ ဖြစ်နေရင်း “ချက်ချင်း အဆင်ပြေသွားမှာ ပါ” ဆိုသော မမနီစကားကို ပြန်ကြားယောင်မိသည့် အခါ လက်က အလိုလို အင်္ကျ ီဇစ်ဆီသို့ ရောက်သွားသည်။
“ ဘာမှ မတွေးတော့ဘူး။”
စိတ်မရှည်သလို ဆောင့်ကြီး အောင့်ကြီးပြောလိုက်ရင်း ဇစ်ကို ဆွဲဖြုတ်လိုက်မိ၏။ ထိုနောက် ရှီကနဲ အသံရှည်တခုနှင့် အတူ ကေသီ့ စကပ်လည်း ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။ အတွင်းခံ ၂ ခုလည်း ခနချင်းပင် အိပ်ယာပေါ်သို့ရောက် သွား၏။ ထို့နောက် ခုန ကောင်မလေးက အချောင်း ၅ ချောင်းပါသည် ဆိုသော ဗူးကို ကသော ကမျော ဖွင့် မိသည်။
လက်တုန်နေသောကြောင့် အားလုံး အိပ်ယာပေါ်ပြုတ်ကျကုန်သည်။ အစဉ်လိုက် စီထားတာလည်း ပျက်သွား၍ အိပ်ယာ ပေါ်တွင် ပြန်ချစီပြီး အသေးဆုံးကို ရွေးထုတ်လိုက်သည်။ မှန်ပြင်ပေါ်က Pleasure ကို ဖိလိုက်တော့ ထိုင်ခုံမှာ ငုတ်က လေး ထွက်လာသည်။ ချွေးစေးတွေနှင့် လက်ချော်နေသောကြောင့် ဟိုကောင်မလေး ပြောသလို ချပ် ကနဲ အသံမြည်ပြီး အံကျ သွားအောင် သုံးလေးကြိမ် ကြိုးစားလိုက်ရသည်။ ပြီးမှ တဖန် ရေဆေးဖို့ စိတ်ကူးရတာကြောင့် ကပျာကယာ ပြန်ဖြုတ်ပြီး ရေပြေးဆေးရသည်။ ရေလုံးဝ ခြောက်သွားအောင် တစ်သျှူးနှင့် သေသေချာချာ သုတ်ရ ပြန်သည်။
ယောက်ျား အင်္ဂါ နှင့် တပုံစံတည်း တူအောင်လုပ်ထားသည့် အချောင်းလေးကို ပယ်ပယ်နယ်နယ် ကိုင်တွယ်ကာ ရေဆေး ရ၊ သုတ်ရ လုပ်နေရင်း ကေသီ့ရင်တွေ တဝုန်းဝုန်းခုန်နေသည်။ လည်ချောင်းတွေလည်း ခြောက်သွေ့အက်ကွဲလာသလို ခံ စားရသည်။ ဘာမှန်း မသိသည့် တစုံတရာကို အာသာငမ်းငမ်း လိုချင်စိတ်တွေလည်း ဖြစ်နေသည်။
အချောင်းကို နေရာတကျတပ်ပြီးတော့ လိုလိုမယ်မယ် ဂျယ် ခပ်များများ သုတ်လိုက်သည်။ ထို့နောက် ကောင်မလေး ပြော သည့် အတိုင်း နို့သီးထိပ်ဖျားမှာ စုပ်ခွက်တွေ တပ်လိုက်ပြီး ပင်ထိုးသည်။ ကေသီ ခေါင်းထဲမှာ မူးနေသည်။ ရင်သားထိပ် ဖျားက တင်းတင်းကျပ်ကျပ် ခံစားမှုက တကိုယ်လုံးကို ပျံ့ နှံနေသလို ပင်။
စက်ပေါ်ကိုတက်လိုက်တော့ ဒူးတွေ တုန်နေသည်။ ဘာမှလည်း မလုပ်ရသေးဘဲနှင့် လှိုက်လှိုက်ပြီးတော့ မောနေသည်။ အကြီးဆုံး အရွယ်အစားအနေဖြင့် လက်ခလယ်လောက်သာ ဝင်ဖူးသည့် အပေါက်ကလေးထဲသို့ ရာဘာချောင်းကို ထည့်ဖို့ ကေသီရုတ်တရက် စိတ်မှာမရဲပါ။ အသေးဆုံးဆိုပေမယ့် ကေသီ့လက်ခလယ်ထက်တော့ ဒီအချောင်းက များစွာကြီးနေ ပါသည်။ မရည်ရွယ်ပါဘဲနှင့် လက်က တွင်းဝဆီရောက်သွားတော့ မကြုံဖူးလောက်အောင် ရွှဲရွှဲစိုနေတာကို စမ်းလိုက်မိ သည်။ ခါတိုင်းဆိုရင် လက်နှင့် တော်တော်ကြာကြာလေး လုပ်ပြီးမှ ရောက်လာရမည့် အနေအထားမျိုး ဖြစ်ပါသည်။
သက်ပြင်းကြီးတခုကို လေးလေးပင်ပင် ချလိုက်ပြီးနောက် အသက်ကိုအောင့်၍ အဝတွင်တေ့ထားလိုက်ပြီး ကေသီဖိထိုင် ချ လိုက်သည်။ ကေသီ့ ညီမလေးက စူပါ အဆင့်ရောက်အောင်စိုရွှဲနေသည့် အပြင် ဂျယ်တွေလည်း တော်တော်များများ လိမ်း ထားလို့ ထင်သလောက်တော့ မနာပါ။ ဒါပေမယ့် တင်းကျပ်သည့် ခံစားမှုတခုက ဝမ်းဗိုက်မှသည် ရင်ခေါင်းအထိ ပေါင်တံ တွေ တလျှောက်မှသည် ဒူးအထိရောက်သွား၏။ ကေသီ့ ဒူးတွေ တဆတ်ဆတ်တုန်လာသည်။ ကေသီတခါမှ မကြားဖူး သည့် အသံတခုက ရင်ခေါင်းမှနေ၍ ခြောက်ကပ်နေသော လည်ချောင်းကို ဖြတ်သန်း ထွက်ကျလာ၏။
တင်ပါး ၂ ခုက ထိုင်ခုံနှင့် ထိသည့် အချိန်တွင် ကေသီ့ လက်တွေ တဆတ်ဆတ်တုန်လာသည်။ ကိုယ်အောက်ပိုင်းမှာ ဖြစ်နေရသည့် ဝေဒနာနှင့် ရင်တွင်းက ခံစားမှုမျိုးကို တခါမှ မကြုံဖူး မတွေးကြည့်ဖူးတာ အမှန်ပင်ဖြစ်သည်။ ခံစားရခက် သည့် ဝေဒနာကနေ ရှောင်နိုင်ရန် စက်ပေါ်ကနေ ပြန်ဆင်းဖို့ ကေသီ မတွေးမိတော့ပါ။ အံကို တင်းတင်းကြိတ်လိုက်ရင်း ခြေနင်းတဖက်ကို နင်းချလိုက်မိသည်။
အတွင်းသားနုနုလေးတွေကိ ပွတ်တိုက်ပြီး အချောင်းကြီး ပြန်ထွက်သွားသော အခါ ကေသီ့ရင်ထဲမှာ တလှပ်လှပ်ဖြစ်သွား သည်။ ခြေနင်းတပတ်လည်၍ အချောင်းပြန်တက်လာချိန်တွင် တနင့်နင့် ခံစားမှုတခု ကြောင့် ကေသီ အသံထွက်ညည်း လိုက်မိသည်။ အားစိုက်၍ တပတ်ချင်း ခပ်ဖြေးဖြေးနင်းရင်း ကေသီငိုချင်လာသည်။ မျက်ရည်မကျပေမယ့် ရှိုက်မိသည်။ ညည်းမိသည်။ တဖြည်းဖြည်းနှင့် မြန်မြန်လေး နင်းမိသည်ကိုလည်း သတိမမူမိတော့ပါ။ အခန်းကျဉ်းလေးထဲမှာ ကေ သီ့ ညီးသံ ရှိုက်သံတွေ နှင့် တစထက်တစ ပိုဆူလာသည်။
လက်ကိုင်ကို ကေသီတင်းတင်း ဆုပ်ထား၏။ အချောင်း မြင့်တက်လာသည့် အချိန်တွင် လူပါ အပေါ်ကို မြောက်တက် မသွားအောင် သူ၏ တင်ပါးတွေက ထိုင်ခုံနှင့် ထိပြီး ပြားကပ်သွားသည်အထိ အပေါ်ကနေဖိထားမိသည်။ ကေသီအရမ်း မောပါသည်။ ဒါပေမယ့် နင်းနေတာကို ရပ်ဖို့ ခေါင်းထဲ မရောက်ပါ။ ခြေနင်းကို တပတ်ပြီးတပတ်လည်အောင် ဆက်ခါ ဆက်ခါ နင်းနေဖို့ပဲ သိသည်။ အတွင်းသားတွေက နာသည်။ ဒါပေမယ့် မခံမရပ်နိုင်လောက်အောင် နာကျင်ခြင်းမျိုးမဟုတ်။ နင့်ကနဲနင့်ကနဲ ခံစားမှုက ကေသီ့တကိုယ်လုံးကို တဆတ်ဆတ်တုန်ခါစေ၏။
လေပွေလှိုင်းတခုကို စီးမိနေသလို ကေသီ့ စိတ်က နိမ့်လိုက် မြင့်လိုက် တရစ်ရစ်နှင့်လည်နေသည်။ ပေါင်ကြားထဲက ဘယ်လိုမှန်း မသိသည့် ခံစားမှုက သွေးကြောတွေ အတိုင်း တကိုယ်လုံသို့ ပျံ့နှံ့ စီးဆင်းနေသည်ဟု ထင်သည်။ အသက် ကို ပင်ပန်းကြီးစွာ ရှူရင်း ထိုခံစားမှုနောက် သို့လိုက်နေမိသည်။ ထိုအရာကို အမိအရဖမ်းလိုက်နိုင်ရင် ကေသီ့အတွက် တခု ခု ရတော့မလို အသိမျိုးဖြင့် လိုက်ဖမ်းမိသည်။ ရင်သားထိပ်ဖျားက တင်းကျပ်မှုကလည်း ကေသီ့ကို မွတ်သိပ်မှုတခု ပေး နေသည်။
ပါးစပ်က ဘာသံတွေ ထွက်ပြီး ဘာတွေ ပြောနေမိမှန်းလည်း ကေသီ မသိပါ။ ထို့နောက် လှိုက်ကနဲလှိုက်ကနဲ ခံစားမှုတခု ကတကိုယ်လုံးသို့ လှိုင်းဂယက်လို ပျံ့ နှံ့သွားသည်။ တကြိမ်တည်းတဟုတ်။ ရေပြင်သို့ ခဲပစ်ချလိုက်သော လှိုင်းဂယက်များ တလိမ့်လိမ့် ပြန့်ကားသွားသလို တလိပ်လိပ် နှင့် ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ခြေနင်းကို တပတ်ပြီး တပတ်နင်းနေသော ခြေ ထောက်တွေက အလိုလို ရပ်တန့်သွားရ၏။ မျက်လုံးတွေ မှေးစင်းကျသွားပြီး နှုတ်ခမ်းနှင့် မေးရိုးတွေက တဖက်ဖက်ကို စောင်းရွဲ့သွားလို ခံစားလိုက်ရသည်။
ကြီးမားရှည်လျားသော ညည်းသံတခု ပြုလိုက်မိရင်း လက်ကိုင်ပေါ်သို့ ကေသီမှောက်ကျသွားသည်။ မောပန်းခြင်း၊ နွမ်းလျ ခြင်း ထို့နောက် အဲဒါတွေ နောက်ကွယ်က ဘာမှန်းမသိသော ပြည့်စုံမှုတခု။ ကေသီ့ တကိုယ်လုံးမှာ အားအင်တွေ အကုန် ပျောက်ဆုံးကုန်သည်။
“ ကွန်ဂရက်ကျူလေး ရှင်း ကေသီ၊ စတင်ပြီး ၇မိနစ်နဲ့ ၄၃ စက္ကန့်မှာ အထွဋ် အထိပ်ကို ရခဲ့ပါတယ်။ ပျမ်းမျှ အရှိန် တနာရီကို ၁၄ ဒဿမ ၅ ကီလိုမီတာ ဖြစ်ပြီးတော့ ကယ်လိုရီ ၄၀ လောင်ကျွမ်းခဲ့ပါတယ်။”
အင်္ဂလိပ်ဘာသာဖြင့် စက်က ပြောလာသည့် အသံက ဟိုအဝေးကြီးမှ လာနေသလိုလိုပင်။
.............................................
( ၂ )
မျက်နှာ မသာမယာနှင့် ပြန်ထွက်လာသော ရဲလင်းကို မြင်တော့ ဧည့်ခန်းထဲတွင် ထိုင်စောင့်နေသော မီးမီး ပျာပျာသလဲ ထရပ်သည်။
“ အဆင် မပြေဘူးလား သူငယ်ချင်း”
ပြန်မဖြေနိုင်သေးဘဲ ရဲလင်းက တောက်ခေါက်လိုက်သည့် အတွက် မီးမီး ပို၍ လန့်သွားသည်။ အနားရောက်လာ သော ရဲလင်း လက်ကို လှမ်းဆွဲရင်း
“ ဘာတွေ ဖြစ်လာတာလဲ။ ပြောစမ်းပါဦး၊ မင်းပုံစံ က ကြောက်စရာကြီး”
“ သောက်ကောင်မ၊ သောက်ကြီး သောက်ကျယ်နဲ့ ငါ့ဟာကို များသေးလို့တဲ့၊ မြန်မာပြည်မှာ ကပ္ပလီ ဆိုဒ်လိုချင်လို့ ရမ လား။”
“ အလုပ် မဖြစ်ခဲ့ဘူးပေါ့”
“ အေး … ငါ့ကွာ၊ လူကို ပါးရိုက်တာ ခံနိုင်သေးတယ်။ ဒီလို ပြောတာတော့ များတယ်ကွ၊ တောက်”
အနားက လူတချို့က လည်း လှမ်းကြည့်ကြတော့ တရှူးရှူး တရှားရှား ဖြစ်နေသော ရဲလင်းကို မီးမီးက ဆေးရုံ အပြင် ဖက် ဆွဲထုတ်လာခဲ့သည်။ အပြင်ဖက် သစ်ပင်တွေ အောက်က ခုံတန်းလျား တခု နားရောက်မှ ထိုင်ခိုင်းရင်း
“ ကဲ …ပြောပါဦး ဘယ်လို ဖြစ်လာသလဲ။”
“ ပြောတောင် မပြောချင်ပါဘူးကွာ၊ ဒေါသထွက်တာပဲ သိတယ်။”
“ သေးတယ် ပြောလို့လား၊ မင်းက တော်တော် သေးနေလို့ များလား။”
“ ဟေ့ … ငါက လူစဉ်မီပါတယ်ကွ၊ ဒီမှာ ငါ အရမ်း စိတ်လှုပ်ရှားနေတာကွ၊ သောက်ကျိုးနည်း အထဲမှာလဲ အဲကွန်းက အေးလိုက်တာ၊ အဲဒီမှာ သူ့ ဖာသာ ကျုံ့ပြီး တိုသွားတာတော့ ငါလဲ ဘယ်တတ်နိုင်မလဲ။”
မီးမီး မျက်နှာက ရယ်ချင်စိတ်ကို တင်းခံထားရသည့် ပုံ ပေါ်နေသည်။
“ အဲဒီမိန်းမက ညင်းတာလား။”
“ ဆေးရုံက လူတယောက်လာပြောတာပဲ၊ ငါလဲ ဒေါသထွက်ပြီး ထပြန်လာတာ။ ဘယ့်နှယ့်ကွာ၊ ငါ့မှာတော့ ဆေးတွေ စစ်ရ၊ သွေးတွေ စစ်ရနဲ့ အသားလဲနာ အချိန်ကုန် ငွေကုန်ခံလိုက်ရတယ်။”
ကမန်းကတန်း ကောက်စွပ်ပြီး ထွက်လာပုံရသည့် ရဲလင်း အင်္ကျ ီက ကြယ်သီး လွဲနေသည်ကို ပြန်တပ်ပေးရင်း မီးမီး ပြုံး လိုက်သည်။
“ အမှန် အတိုင်းပြောရရင် မင်းကို ငါက မရောင်းစေချင်ဘူး။ မင်း အမေ အတွက် ငွေလိုတယ် ဆိုလို့သာ လိုက်လာပေး တာ သူငယ်ချင်း၊ စိတ် မပျက်ပါနဲ့ကွာ ငါတို့ တခြားနည်းလမ်း ရှာတွေ့ ဦးမှာပါ။”
“ တခြားနည်း မြန်မြန်တွေ့မှ ဖြစ်မယ်ကွာ”
သက်ပြင်းတချက်ချလိုက်ရင်း ရဲလင်း ပြောသည်။ အမေအကြောင်းကို စိတ်ရောက်သွားတော့ ခုနက ဒေါသတွေ နည်းနည်း ပြေလျော့သွားသည်။ ဒါပေမယ့် ခုန အကြောင်းက ခေါင်းထဲပြန်ဝင်လာပြန်သည်။ ဘာပဲ ပြောပြော မီးမီးကို ခေါ်လာမိလို့ တော်သေးသည်။ တခြားကောင်တွေ နှင့်သာဆိုရင် ပြေရာပြေကြောင်း ပြောဖြစ်ကြမည် မဟုတ်ဘဲ သေးသည့် ကိစ္စကိုသာ ဟာသ လုပ်နေကြလို့ ပို စိတ်ဆိုးရမှာ သေချာသည်။
“ ငါမင်းကို ခေါ်လာမိတာ ကံကောင်းသွားတယ်ကွာ”
တကယ်တော့ သူ့အခြေအနေကို နားလည် အပေးနိုင်ဆုံးက မီးမီး ဖြစ်လိမ့်မည်ဟု တွေးမိလို့ အဖော် အဖြစ် ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ အရင်နေ့တွေက တယောက်ထဲရပေမယ့် ဒီနေ့တော့ ဖြစ်နိုင်ရင် အဖော်တယောက် ခေါ်လာဖို့ ဆေးရုံက လည်း မှာသည်။ ဆေးရုံလိုက်လာပေးဖို့ နဲ့ ဘယ်သူ့ကိုမှ အသိမပေးဖို့ ခေါ်တော့ မီးမီး စိတ်ပူပြီး အလုပ်က ခွင့်ယူကာ အပြေးအလွှားရောက် လာသည်။ ရဲလင်းက အကျိုး အကြောင်း ရှင်းပြလိုက်တော့ ငိုင်တွေ ကျသွားသည်။
“ သူငယ်ချင်းရာ တခြားနည်း မရှိတော့ဘူးလား။”
ရဲလင်း အမေက နှလုံး အစားထိုးဖို့ အရေးတကြီး လိုအပ်နေသည်။ အလှူရှင် ဆိုတာက လိုအပ်သည့် အချိန်မှာ ပေါ်လာ တာမျိုး မဟုတ်၊ နောက်ပြီး လှူသူနှင့် လက်ခံသူ တူညီရန်လိုသည့် အချက်တွေ ရှိနေသေးသည်။ ဒါကြောင့် စက်နှင့် အ စားထိုးဖို့ ဆုံးဖြတ်လိုက်ရ၏။ စိတ်အချရဆုံး နှင့် အကောင်းဆုံး အီလက်ထရောနစ် နှလုံးက ဈေးအလွန်ကြီးသည်။ ရဲ လင်း စုဆောင်းထားတာလေးတွေ နှင့် ဘယ်လိုမှ မလောက်။ ကျောက်ကပ်၊ အသဲ၊ အဆုပ် အစရှိသဖြင့် ထုတ်ရောင်းနိုင် စရာ ရှိသည်များ နှင့် တွက်ကြည့်သော်လည်း ငွေက မမီသည့် အခါ နောက်ဆုံးတွင် ဈေးအများဆုံး မြန်မြန် ရနိုင်မည့် ဖွား ဖက်တော်ကို ဖြုတ်ရောင်းဖို့ ရဲလင်း ဆုံးဖြတ်လိုက်ရသည်။
ကံကောင်းချင်တော့ ဒါမျိုးတွေ အရောင်းအဝယ်လုပ်ကြသည့် ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းလိုက်ပြီး ရက်ပိုင်း အတွင်း ဝယ်လက် နှင့် တိုးသည်။ နောက် ထပ် စစ်ဆေးမှုတွေလုပ်ဖို့ ဒီဆေးရုံကို ရဲလင်း တယောက်ထဲ သုံးလေးကြိမ် ရောက်ခဲ့ ပြီး ဖြစ်သည်။ ဒီနေ့တော့ နောက်ဆုံး အကြိမ် စမ်းသပ်မှုတွေ လုပ်မည် အဆင်ပြေရင် အရောင်းအဝယ် စာချုပ်ချုပ်မည် သက် သေ အနေနှင့် တယောက် ခေါ် လာပါ ဆို သောကြောင့် သူငယ်ချင်းတွေထဲမှာ စိတ်အချရဆုံး၊ အကူအညီ အပေးနိုင်ဆုံး ဟု ထင်သော မီးမီးကို အားကိုး တကြီး ခေါ်လာခဲ့ပါသည်။
“ မင်းက ဒဲ့ချိန်းလား၊ အရောင်းလား”
“ အရောင်း ပေါ့ကွ၊ ဒဲ့ချိန်းဆို ပိုက်ဆံ ဘယ်ရတော့မလဲ၊ နောက်ပြီး သူ့ပစ္စည်း ငါက ဘာလုပ်ရမှာလဲ။ ငါကမှ မိန်းမ မဖြစ်ချင်တာ”
“ ဒါဆိုရင် မင်းက ဘယ်လိုလုပ်မလဲ၊ ဒီတိုင်းကြီး ထားမှာလား”
“ ပြန်တပ်ရမှာပေါ့ကွာ… ဒါပေမယ့်”
ဖြစ်နိုင်ချေတခုကို တွေးမိပြီး ရဲလင်း အသံ တိုးတိမ်သွားသည်။ မီးမီးလည်း မျက်လုံးပြူးသွားပြီး ရင်ဘတ်ကို ဖိသည်။
“ ရဲလင်းရာ … ငါ ဘာပြောရမှန်း မသိဘူး။”
ပြန်တပ်၍ ရနိုင်သည့် ဆီလီကွန် ကျားအင်္ဂါ အတုက ဆီးသွားရုံလောက်သာ အသုံးချနိုင်သည်။ ရဲလင်း အတွက် ယောက်ျား ဘဝ အဆုံးသတ် ဖြစ်သောကြောင့် မီးမီး စိတ်မကောင်း ဖြစ်သွားရခြင်းပင်။ ဒါပေမယ့် ရဲလင်း ဆက်ပြောလာသည့် အခါ မီးမီး ပို၍ ထိတ်လန့်ဖို့ ဖြစ်လာသည်။
“ အတုပြန်တပ်ဖို့က လည်း ငါ့အတွက်တော့ ဈေးများနေသေးတယ်။ သိပ်မလွယ်ဘူး။”
“ ဒါဆိုရင် မင်းက … ဟို .. လူသေဟာ ပြန်ထည့်မှာလား။ အဲဒါ အန္တရယ်များတယ်နော်။”
“ ဒါပေမယ့် ပြန်သုံးလို့ ရချင်လည်း ရနိုင်တယ်လေ။”
လူသေအလောင်းမှ ပစ္စည်းကို ပြန်ထည့်ခြင်းက အခန့်မသင့်လျှင် ပိုးဝင်နိုင်သည်။ အနာမကျက်လို့ ပြန်ဖြုတ်လိုက်ရပြီဆို လျှင် နောက်တခါ ပြန်လုပ်ဖို့ အခွင့် အလမ်းအလွန်နည်းသွား နိုင်သည်။ အလောင်းမှ ဖြုတ်ယူစဉ် စနစ်တကျ မလုပ်ခဲ့ပါက ပုတ်တောင်သွားနိုင်၏။ ဒါပေမယ့် အစားထိုးသည့် အင်္ဂါ၏ လတ်ဆတ်မှု နှင့် လုပ်ပေးသည့် ဆရာဝန်၏ ကျွမ်းကျင်မှု ပေါ် တွင် မူတည်၍ ယောက်ျားသဘာဝ အတိုင်း ပြန်အသုံးချနိုင်ရန် အခွင့် အရေးတွေလည်း ရှိနေသည်။ တရားဝင် ခွင့်ပြုထား တာမျိုး မဟုတ်သည့်အတွက် အန္တရယ် ရှိလာလျှင် ကိုယ်ဖြစ်ကိုယ်ခံ ဆိုသည့် သဘောမျိုး ကလည်း ရှိနေပြန်သည်။ ဈေးက တော့ အလွန်အမင်းသက်သာသည်။ ကုန်ကျစရိတ် နည်းနည်းနှင့် ဖြစ်နိုင်ချေ ခပ်ပါးပါး တခုကို မျှော်လင့်ပြီး ထီထိုး ရခြင်း ဟု ဆိုနိုင်ပါသည်။
တကယ်တော့ မီးမီးသည်လည်း မိန်းကလေး တယောက် အဖြစ် မွေးဖွားလာခဲ့သူ မဟုတ်ပါ။ ရဲလင်းတို့နှင့် သူငယ်ချင်း ယောက်ျားလေး တယောက်သာ ဖြစ်သည်။ ဒါပေမယ့် မိန်းမစိတ် ပေါက်နေသူ ဆိုတော့ တချိန်မှာ မိန်းကလေးတယောက် အဖြစ်ပြောင်းလဲ ခွဲစိတ်ဖို့ ငယ် ငယ်ကထဲက မျှော်လင့်ထားခဲ့သည်။ အခုချိန်မှာ မိန်းမအဖြစ် ပြုပြင်ခွဲ စိတ်ခြင်းက အဆန်း တကျယ် မဟုတ်ပါ။ ဈေးလည်း သိပ်မကြီး။ သို့သော်လည်း မီးမီး (ယခင်က သူ့နာမည်က သားသား ဖြစ်သည်) က မိန်းမ သဘာဝကို အပြည့်အဝ ရချင်သည်။ အဲဒါကတော့ ဈေးအလွန်ကြီး၏။ မိဘတွေက စားနိုင်သောက်နိုင်ရုံ လောက်သာ ဖြစ် သည့်အတွက် မတတ်နိုင်သောကြောင့် မီးမီးက ငယ်ငယ်ကထဲက ရည်ရွယ်ချက်ကြီးကြီး ဖြင့် ငွေစုခဲ့သည်။
အလုပ်လုပ် သည့် အရွယ်တွင်လည်း ကြိုးစားခဲ့သည်။ ချိုးခြံချွေတာခဲ့သည်။ ဖြစ်ချင်တော့ သြစတေးလျ မှ ဦးလေး တယောက်က စ ရိတ်ခံ ခေါ်လို့ အလည်လိုက်သွားရင်း ယောက်ျားလေး ဖြစ်ချင်နေသည့် တရုတ်မလေး တယောက်နှင့် အလဲအထပ် ဖြစ် သွားသည်။ ဒဲ့ချိန်း လို့ ခေါ်ကြသည့် အလဲအထပ်က ပစ္စည်းဝယ်ရသည့် စရိတ်မရှိတော့ဘဲ လက်ခပဲ ကုန်မည့် သဘောမျိုး ဆိုတော့ ငွေကြေး အကုန်အကျလည်း သိပ်များသည်ဟု မဆိုနိုင်သလို သူ့ကို ခေါ်မိသည့် ဦးလေးက လည်း လိုတာ ဝင် စိုက်ပေးလိုက်ရသည့် အတွက် နောက် တ နှစ် နီးပါး အကြာမှာ ယခင်က သား သားလို့ ခေါ်ကြသည့် ရဲ လင်းတို့ သူငယ် ချင်းလေးက မီးမီး အဖြစ် နှင့် ပြည်တော်ပြန်လာနိုင်ခဲ့သည်။ သူအရင်ကထဲက ကြိတ် ကြိုက်နေခဲ့သော ကောင် လေးနှင့် လည်း အခုဆိုရင် ချစ်သူတွေ ဖြစ်နေလေပေပြီ။ လက်ထပ်ဖို့ ငွေစုနေကြသည်။
မီးမီးမှာ ဒီလို အတွေ့အကြုံ ရှိလို့ လည်း သူ့ကိုခေါ်လာဖို့ ရဲလင်း စိတ်ကူးရခဲ့ခြင်း ဖြစ်ပါသည်။
မီးမီး ကတော့ ကံကောင်းခဲ့ပါ သည်။ ဒါမျိုးက အဆင်ပြေတာတွေ့ဖို့ ခက်သည်။ ဟိုဖက်ဒီဖက် ကိုယ်အင်္ဂါတွေ အကူး အ ပြောင်းတွင် ၂ ယောက်လုံးမှာ ကိုက်ညီမှုတွေ ရှိဖို့လိုသည်။ အဆင်ပြေတာတွေ့ဖို့ အချိန်ယူရ၏။ ထို့ပြင် သူ့ပစ္စည်း ကိုယ့် ပစ္စည်း အပြန် အလှန် သဘောကျ ကြမှ လည်း အလုပ် ဖြစ်သည်။ ခွဲစိတ်ခြင်းသာမက ဟိုမုန်းကုထုံးတွေလည်း အဆင့်ဆင့် လုပ်ရ သည်။ ငွေကြေးတတ်နိုင်သူတွေကတော့ အလဲအထပ်ကို မစောင့်ဘဲ အခု ရဲလင်းတို့လို ငွေလိုနေ သူတွေ ထုတ် ရောင်း တာမျိုး ထဲမှ သူတို့နှင့် ကိုက်ညီတာကို ကြိုက်ဈေးပေးဝယ်ပြီး ပြောင်းကြ၏။ ပစ္စည်းသန့်ရင် သန့်သလို ဈေးများ သည်။ အထူးသဖြင့် လူပျိုစစ်စစ် အပျို စစ်စစ် ဖြစ်မည် ပစ္စည်းကလည်း လှမည်၊ ကြည့်ကောင်းမည် ဆိုလျှင် ဈေးက ခေါင် ခိုက်နေ၏။
ရဲလင်း ခုလိုရောင်းဖို့ လုပ်တာကို မီးမီး သဘောမတူနိုင်ပါ။ အထူးသဖြင့် လူသေဆီက ပစ္စည်းပြောင်းတပ်မည့် အန္တရယ် များသော ကိစ္စအတွက် ဖြစ်သည်။ ယောက်ျား ဖြစ်ချင်သည့် မိန်းမတွေတောင် ဒီလိုမလုပ်ကြပါ။ အရှင်လတ် လတ် လူ ဆီက ဖြုတ်ဝယ်တာကို ပဲ သုံးကြသည်။ ဒါပေမယ့် ရဲလင်း လောလောဆယ်လိုအပ်သည့် ငွေကြေး အ တိုင်းအတာက သူလည်း ကူနိုင်မည့် ပမာဏ မဟုတ်သည့် အတွက် မီးမီး စိတ်လျှော့ပြီး လိုက်လာခဲ့ရသည်။ အခုလို အရောင်း အဝယ် ပျက်သွားတော့ ရဲလင်း အမေအတွက် စိတ်မကောင်း ဖြစ်ရပေမယ့် ရဲလင်း ကိုယ်ပိုင် ပစ္စည်းမဆုံးရှုံးရ သေးသည့် အတွက် စိတ်သက်သာ သွားပုံလည်း ရသည်။
“ အန်တီက စိတ်ကောင်းရှိတဲ့ သူပါ သူငယ်ချင်းရာ၊ တနည်းမဟုတ် တနည်းနဲ့ သူ့ အတွက် အဆင်ပြေသွားမှာပါ။ မင်းလဲ စိတ်ရှုပ်နေတယ်။ လာကွာ… တို့ ဘုရားသွားရအောင် ကောင်းမှု ကုသိုလ် တခုခု လုပ်ပြီး အန်တီ့ အတွက် ဆုတောင်းကြ တာပေါ့။ ငါတို့ တနေကုန် အားသွားပြီပဲ။”
ဒေါသတွေ တဖြည်းလွင့်ပျယ်လာနေချိန်မှာ အမေအတွက် စိုးရိမ် စိတ်တွေ ပြန်ဖိစီးလာနေသော ရဲလင်း က မီးမီး ခေါ်ရာ ကို စိတ်လျှော့ပြီး လိုက်လာခဲ့သည်။ စိတ်ဆိုးနေသော သုန်သုန်မှုန်မှုန် မျက်နှာထားနှင့် လူငယ်တယောက်ကို ချစ်စရာ မိန်းကလေး တယောက်က ချော့မော့နေသည်လို့ အကြောင်း မသိသူတွေက ထင်ချင်ထင်ကြပါလိမ့်မည်။
“ ခုန မင်း အသိကို သတင်းသွားမေးရဦးမယ် ဆိုတာ တွေ့ပြီး ပြီလား။”
အလာတုန်းက ဒီဆေးရုံမှာပဲ တက်နေသည့် သူ့ အသိတယောက်ဆီကို လမ်းကြုံဝင်လိုက် ဦးမည်ဟု မီးမီး ပြောထား သည်။
“ မင်း အထဲဝင်နေတုန်း ငါသွားမေးတော့ သရဖီ တခု လုပ်နေရတယ် ပြောတာပဲ။ မတွေ့ခဲ့ရဘူး။ နောက်မှ လာလဲ ရပါ တယ်။ သူက ရှိ ဦးမှာပါ။”
တလမ်းလုံး လည်း မီးမီးက ရဲလင်း စိတ်ပြေအောင် ဖျောင့်ဖျရှာသည်။ ရဲလင်း အမေ အတွက် တတ်နိုင်သမျှ လုပ်ပေးမည် ဟုလည်းပြော၏။
ဘုရားပေါ်ရောက်၍ စိတ် နည်းနည်း အေးချမ်းသလို ဖြစ်သွားချိန်တွင် ဟိုတရက် က ဆေးရုံမှာ အမေ့ ဆေးစစ်ချက် စောင့် နေစဉ် ရောက်လာသော မဲမဲ ပိန်ပိန် လူအကြောင်း ပြန်တွေးမိသည်။ ဆီရွှဲနေသော ဆံပင်တွေကို နောက်ကို လှန်၍ ပြား ကပ်နေအောင် ဖီးထားသည့် ထို ပုဂ္ဂိုလ်က သူတို့ ဖောင်ဒေးရှင်း အကြောင်း လာရှင်းပြသည်။ ရဲလင်း အမေ အတွက် သူတို့ ဖောင်ဒေးရှင်းက အလှူရှင် ရှာပေးနိုင်သည် ဟုပြောသည်။
“ ငါ့ ညီ အမေ ဆေးမှတ်တမ်းတွေ အကို့ကို ကော်ပီ ကူးပေးနိုင်မလား။ အဲဒါနဲ့ တိုက်ပြီး ကိုက်ညီတဲ့သူ အမြန်ဆုံး ကိုယ်တို့ ရှာပေးလို့ ရတာပေါ့။”
ထိုပုဂ္ဂိုလ်ပေးလာသည့် ကတ်ပြားလေးကို ရဲလင်း ယောင်တောင်တောင် နှင့် ကြည့်မိသည်။ “ရွှေဝါးပင် ဖောင်ဒေးရှင်း” ဆိုသည့် အမည် ၊ ဝက်ဘ်ဆိုက် လိပ်စာ တခု၊ အီးမေးလ် တခုမှ အပ လူနာမည် မပါ၊ ဖုန်း နံပါတ်တောင် မတွေ့ရ၍ ထူး ဆန်းနေသည်။ စိတ်ထဲလည်း စနိုးစနှောင့် ဖြစ်မိ၏။ အခမဲ့ ကူညီတာလား ဟုမေးတော့ ဝေ့လည်လည် တွေပြောသည်။ ထို့ ပြင် သူတို့ ဖောင်ဒေးရှင်း နှင့် ချိတ်ဆက်ထားသော ဆေးရုံ ကို ပြောင်းတက်ရမည် ဟုလည်းဆို၏။ နောက်ဆုံး ဘယ် လောက်ကုန်မလဲ ပွင့်ပွင့်လင်းလင်း ပြောပါ ဟုမေးလိုက်တော့ ကုန်ကျစရိတ်က ထူးပြီး မသက်သာပါ။ နည်းနည်းတောင် ပိုများချင်သလိုလို ရှိနေသည်။ ရဲလင်းက များတာပေါ့ ဟု လွှတ်ကနဲ ပြောမိတော့ ထိုပုဂ္ဂိုလ်က ပြုံးစိစိ နှင့် အမြန်လုပ်ချင် ရင် အမြန်ကြေးဆိုတာ ရှိတာပေါ့ ဟု ဆိုသည်။
ခုချိန်မှာ ရဲလင်း အတွက် အဓိက လိုတာက ငွေဖြစ်သည်။ ငွေပေးရမည် (သူ့စကား အရဆိုလျှင် အလှူငွေ) ဆိုတော့ ဘာ ထူးမည်နည်း။ ကဒ်ကို ယူထား၍ အဆင်ပြေရင် ဆက်သွယ်ပါမည် ဟုသာ ပြောလိုက်သည်။ ဘုရားပေါ်မှာ မီးမီး ကိုပြောပြ တော့ လူလိမ် ဖြစ်နိုင်သည်ဟု မှတ်ချက်ချ၏။
..................................................................
( ၃ )
“ ဟိုကောင် ကျော်လေး မတွေ့ပါလား။”
ရဲလင်း အမေးကြောင့် ကျန်တဲ့ ကောင်တွေ မျက်နှာ ပျက်သွားကြသည်။
“ ကျော်လေးကို ဘော့စ်က မနေ့က အလုပ်ဖြုတ်လိုက်ပြီ။”
“ အရက် မူးပြန်ပြီလား။ ဒီကောင် ကတော့ကွာ”
ပစ္စည်းဖြုတ်ရောင်းဖို့ ကိစ္စနှင့် အလုပ်မဆင်း ဖြစ်လိုက်သည့် တရက်မှာ ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်တယောက် လျော့ သွား ရခြင်းကြောင့် စိတ်မကောင်း ဖြစ်သွားရသည်။
“ ညဖက်သောက်ထားတဲ့ အနံ့နည်းနည်း ထွက်နေတာ လောက်ပါကွာ၊ အလုပ်လဲ မထိခိုက်ပါဘူး။ ဘော့စ် က သက်သက် အညိုးနဲ့ တွယ်ထည့်လိုက်တာ။”
“ ဘာတွေညိုး တာလဲ ငါလည်း မသိလိုက်ရပါလား။”
အမှန်ပြောရရင် ခု လေးငါး ခြောက်လ အတွင်းတွင် မိခင် ကျန်းမာရေးအတွက် စိုးရိမ်နေရလို့ ရဲလင်း စိတ်နှင့် ကိုယ်သိပ် မကပ်ပါ။ အလုပ်ကို ဝတ္တရားကျေရုံမျှသာ လုပ်နိုင်သည်။ ကျန်သည့် အကြောင်းကိစ္စတွေက ခေါင်းထဲ မရောက်တာများ သည်။ နောက်ပိုင်းမှာ ပစ္စည်းဖြုတ်ရောင်းဖို့ အထိတွေး လာရသည့် အချိန်မှာ ပတ်ဝန်းကျင် နှင့် အထူး သဖြင့် အလုပ် ထဲ က အသိုင်း အဝိုင်း နှင့် နေ့စဉ်လို အတူ ရှိနေသည့်တိုင် သီးခြားလို (အနည်းဆုံးတော့ ရဲလင်း စိတ်ထဲမှာ) ဖြစ်နေခဲ့ရ သည်မှာ ကြာခဲ့ပေပြီ။
“ ဘော့စ်က ထရန်စ် အက်တီဗစ် လေ မင်းလဲသိသားနဲ့”
ထရန်စ် ဆိုသည်မှာ လိင်ပြောင်းထားသူ Transgender ကို အတိုကောက် ခေါ်ကြခြင်း ဖြစ်သည်။
“ အင်းလေ”
“ ကျော်လေးက ထရန်စ် တွေ ဘယ်လောက် အမြင်ကပ်သလဲ ဆိုတာ မင်းလဲသိသားနဲ့၊ ဟိုတရက်က တိုက်တိုက် ဆိုင် ဆိုင် ရုံးက ထရန်စ် တွေ တယောက်မှ မလာကြဘူးလေ။ အဲဒါကို ကျော်လေးက “ထရန်စ် ကင်းစင် ပြုံးပျော်ရွှင် သန့်ရှင်း လန်းဆန်း တို့ ရုံးခန်း” ဆိုပြီး ဖေ့စ်ဘွတ် မှာ စတေးတပ် တင်လိုက်တာကို ဘော့စ်က မကျေလည်ဘူး ဖြစ်သွားတယ်။”
“ ဒီကောင် က အဲလို ပေါက်ကရတွေ လုပ်နေကျပဲကွာ၊ ဘာဆန်းလို့လဲ”
“ မင်း မသိလို့ဟ၊ ဘော့စ် တောင်မှ ထရန်စ် ဖြစ်နေသလားလို့ ငါတို့ သံသယ ရှိတယ်။ ပိုက်ဆံရှိလို့ နောက်ကြောင်း ဖျောက် ထားတာ ဖြစ်ချင် ဖြစ်နိုင်တယ်။”
“ ဒါဆို မင်းပြောချင်တာ ဘော့စ်က အရင်က မိန်းမ ကြီးပေါ့။ သူ့ရုပ်ကြီး နဲ့ ဖြစ်နိုင်ပါ့မလား။”
ရဲလင်း မျက်လုံးထဲတွင် မျက်နှာလေးထောင့်၊ နှုတ်ခမ်းမွှေး စစ နှင့် သူ့ သူဌေး ဦးနန္ဒထွန်း ကို မိန်းမကြီး တယောက် အဖြစ် မြင်ယောင်ကြည့်ရင်း မယုံနိုင်သလို ခံစားရသည်။ ဒါပေမယ့် ထရန်စ် တွေနှင့် ပတ်သက်လျှင် ဘော့စ်က ဆတ်ဆတ်ထိ မခံတာကိုလည်း သတိရလိုက်၏။ “အားလုံးဟာ ဘာလိင်ဖြစ်ဖြစ် တန်းတူညီမျှ ရှိရမယ်။ ဒါလူ့ အခွင့်အရေးပဲ။” ဟု ဦး နန္ဒ ထွန်းက ကြုံတိုင်း ပြောလေ့ရှိပါသည်။
“ နောက်တခု ရှိသေးတယ်။ ခုဟာက ရုပ်ဆိုးရင် ဆင်းရဲသား အထင်ခံရတဲ့ခေတ်၊ ပိုက်ဆံရှိရင် ကြိုက်သလို ချောလို့ရတဲ့ ခေတ်မှာ သူဌေးက ဒီရုပ်ကြီးနဲ့ နေပါ့မလားကွာ။”
“ ဟ .. အဲဒါက သူ့ကိုယ်သူ ချောတယ်ထင်လို့ နေမှာပေါ့ကွ။”
ရဲလင်း စိတ်ထဲမှာတော့ ထရန်စ် ခေါ် လိင်ပြောင်းထားသူများ နှင့် ပတ်သက်ပြီး ထွေထွထူးထူး ခံစားချက် မရှိပါ။ သူလို ကိုယ်လို လူသားတွေ အဖြစ်ပဲ သဘောထားပါသည်။ ရဲလင်း၏ အခင်ဆုံး သူငယ်ချင်းတွေထဲက တယောက် ဖြစ် သည့် သားသား တဖြစ်လဲ မီးမီး ကိုယ်တိုင်က ထရန်စ် တယောက် ဖြစ်နေသည် မဟုတ်ပါလား။ နောက်ပြီး ထရန်စ် အများ စုက သူတို့ ထုတ်မပြောရင် ထရန်စ် မှန်း မသိသည့် အခြေအနေမျိုး ဆိုတော့ စိတ်နှောက် အယှက် ဖြစ်စရာလည်း မရှိပါ။ ကျော်လေး နှင့် ရုံးမှာ အတွဲဆုံး ၂ ယောက် ဖြစ်သော ဂျိုးဆက် နှင့် အေးမင်း တို့က တော့ သူဌေး က ထရန်စ် ဖြစ်မည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။
“ ငါတော့ သိပ်မထင် ဘူးကွာ၊ ပေါ်သမျှ ယောက်ျား အားဆေးတွေ နောက်ကို လိုက်နေတဲ့ နှာဗူးကြီးက မိန်းမ ဖြစ်ဖူးပါ့ မလား။”
“ မင်း ဘယ်လိုသိတာလဲ”
“ အဲဒီဆေး တွေ ရောင်းတဲ့ ဘယ် page ကို ဝင်ဝင် သူက Like ပြီးသား ဖြစ်နေတာ ငါသတိထားမိတာ ကြာပြီ။”
ရဲလင်း စကားကြောင့် ဂျိုးဆက် လက်ဖျောက် တချက်တီးလိုက်သည်။
“ ပိုသေချာသွား ပြီ။ သူပြောင်း တုန်းက တခုခု လိုသွားလို့ သိပ် မသန်တော့တာနဲ့ အားဆေးတွေ နောက်ကို လိုက်နေတာ ဖြစ်ရမယ်။”
“ ငါကတော့ ဘဲကြီး အသက်ကြီးလို့ သိပ်မစွမ်းတော့ဘူး ထင်ထားတာ။ ”
အေးမင်းကလည်း စိတ်လျှော့ ပုံမရ။
“ ဟေ့ကောင် ငါ့ အာရုံက အလိုလို သိတယ်ကွ၊ ဒီဘဲကြီးက ထရန်စ်။ အဲဒါကြောင့် ထရန်စ် တွေကို ပေါက်ကရ ပြော တတ် တဲ့ ကျော်လေးကို အသလွတ် မကြည်တာ။ ကျော်လေးက သူ့ဖာသာ မူးချင်မူးမယ်၊ အလုပ်မှာ ဘယ်တုန်းက ပေါက်ကရ ဖြစ်ဖူးသလဲ။ ငါတို့ထဲမှာ အတော်ဆုံး လို့ပြောရင်တောင် ရတယ်။”
အဲဒါတော့လည်း ဟုတ်သည်။ ကျော်လေးက လူငယ်ချင်းဆိုရင် ဗလရွှတ်တ ပြောတတ်ပေမယ့် အလုပ် ကြိုးစားသည်။ ဒီလို လူမျိုးကို မကြည်တာက နည်းနည်းတော့ ထူးဆန်း သလို ရဲလင်း တွေးလာမိ၏။ ဦးနန္ဒထွန်းက ထရန်စ် ကိစ္စနှင့် ပတ်သက် ရင် အထိမခံ တတ်တာလည်း ကိုယ်တွေ့ ဖြစ်သည်။ တခါတုန်းက ညနေဖက် အရက်တွေ မူးပြီး စာရေးဆရာ စိုင်းလင်ဗန်း ဆိုသူကို အယုတ္တ အနတ္တတွေ အော်ဆဲ နေတာ ရဲလင်း ကိုယ်တိုင် ကြားခဲ့ဖူးသည်။
ဖေ့စ်ဘွတ်မှာ ပေါက်ကရတွေ ရေး တတ်သည့် စိုင်းလင်ဗန်းကို ရဲလင်းတို့လည်း သဘောကျလို့ ဖောလိုး လုပ်ထားသည်။ သူက ထရန်စ် တွေကို မကြာခန မ ထိ ခလုပ် ထိခလုပ် ရေးတတ်သူ လည်း ဖြစ်၏။ သူကလိတာက ဖတ်လို့ ကောင်းသည်။ သူ့ ဝေါ ကို သွားလိုက်လျှင် သူ့ ပို့စ်တွေ အောက်မှာ ဒါးကြိမ်း ကြိမ်းနေ ကြ သည့် ထရန်စ် နှင့် ထရန်စ် အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို မြင်နိုင်၏။ အပြင်မှာ တွေ့ရင် တခါတည်း သတ်မည် ဆိုသူက လည်း မနည်းပါ။ ဒါကြောင့် မို့ထင်သည် ထိုစာရေး ဆရာက ပရိုဖိုင် ပုံမှာ သူ့ပုံ အစား ခေတ် ဟောင်း အမေရိကန် ရုပ်ရှင် မင်းသား တဦး ပုံတင်ထားပြီး သူ့ကိုယ်ရေး အချက်အလက်တွေကို ဘာမှ ရေရေရာရာ ဖော်ပြခြင်း မရှိဘဲ ထား သည်။
အခု ဒီအကြောင်းကို သတိရပြီး ပြောမိတော့ ဂျိုးဆက်က
“ အေးကွ၊ တို့ဆရာတောင် အကောင့်တုနဲ့ ဝင်ဆဲ ချင်ဆဲနေမှာ။”
...............................................................
( ၄ )
ဆိုင် အပြင်ဘက်က ဝေ့ဝိုက်ကာ ဝင်လာသော လေခပ် ကြမ်းကြမ်းကြောင့် လုလု နဖူးပေါ်က ဆံပင်လေးတွေ လှုပ်ရှား သွားသည်။ ကိုယ်ပေါ်က ရှပ် အင်္ကျ ီပွပွကို လေပြင်း ဖိလိုက်သော အခါ လုလု၏ မို့မို့ ထွားထွား ရင်သားတွေက ပိုထင် ရှားသွားသည်။ သန်းအောင်မြင့် လည်း တံတွေးကို ဂလုကနဲ အသာကျိတ် မျိုချလိုက်ရသည်။
လုလုကတော့ သန်းအောင်မြင့် ၏ အဖြစ်ကို ဂရုမထားမိသလို အမူအရာမျိုးဖြင့် လေနှင့် အတူပါလာပြီး စားပွဲပေါ်တင် လာ သော သစ်ရွက်ခြောက် တခုကို ဖယ်ချလိုက်ရင်း
“ အဲဒီတော့ ကိုသန်းအောင်မြင့် က မန်ယူဖက် ထိုင်မယ်ပေါ့၊ အလေးများလို့ ထီထိုး ကြည့်ချင်တာလား။”
သစ်ရွက်ခြောက်လေးက လုံးတင်းသော လုလု၏ တင်ပါးနဘေးမှနေ၍ ပေါင်တံတုတ်တုတ်များ ထို့နောက် ခြေသလုံး ဝင်းဝင်း လေးကို ဖြတ်သန်း၍ ဝေ့ကာ ဝိုက်ခါ ကျဆင်းသွားသည်။ သန်းအောင်မြင့် နောက်တကြိမ် တံတွေး မျိုလိုက် ရပြန်၏။
“ အင်းဗျာ၊ ၁၀၀ လေး ၁ လေး ဆိုတော့ စမ်းတော့ စမ်းသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ၁၀၀ ပြန်မရဘဲ ရှိတဲ့ ၁ ကျပ် ဆုံးမှာ ပိုကြောက်တယ်။”
သန်းအောင်မြင့် ဘယ်ဆီကို အာရုံရောက်နေသည်ကို သိပုံမရ(အမှုမထားခြင်း လည်း ဖြစ်နိုင်ပါသည်) သော လုလုက သူ ပြောချင်ရာကို ဆက်ပြောနေသည်။
“ ဟို အရင်တုန်းကတော့ သူတို့က နာမည်ကြီး အသင်းပဲလေ။”
မတတ်သာ၍ သန်းအောင်မြင့် အလိုက်သင့် ပြန်ပြောလိုက်ရသည်။ ကိုယ့် အသံက တုန်ခါနေသလိုလို ခြောက်ကပ်နေ သလိုလို လည်း ထင်မိသည်။ လုလုကို ခံစားမှု အပြည့်ဖြင့် ကြည့်မိလေတိုင်း သူ့ရင်မှာ နေမထိထိုင်မသာ အမြဲလိုလို ဖြစ်နေရသည်။ လုလု ကတော့ ပေါ့ပါးစွာ ရယ်လိုက်ရင်း
“ အရင်က နာမည်ကြီးတိုင်း အခု နိုင်မလားဗျာ။ ဒီနှစ် တန်းပြန်တက်လာတာတောင်မှ Play-off မှာ ကံကောင်းလို့ တက် လာတာ။ ဗီလာ အသင်းစီးလာတဲ့ ကား အက်ဆီးဒန့် မဖြစ်ခဲ့ရင် ဗီလာ တန်းတက်မှာ သေချာတယ်။ လူမစုံတဲ့ ဗီလာ အ သင်းကိုတောင် အချိန်ပိုတွေ ပယ်နယ်တီတွေ ကန်ပြီး တက်လာရတာ မဟုတ်လား။ ခုပွဲလဲ ကံကောင်းပြီး နိုင်ချင်လဲ နိုင်မှာ ပေါ့။ ဒါပေမယ့် ကျွန်တော်က တော့ လက်ရှောင်လိုက် တော့ မယ်။ လိဒ် ပွဲပဲ ရိုက် မယ်။ ဒါဘီနဲ့ ဝင်ဘယ်လ်ဒန်လည်း ကြေးလှတယ်။ ထိုင်ပစ်မယ်။ ”
“ ဒါကတော့ လု သဘောပါကွာ”
လိုတာထက်ပို၍ နူးညံ့၍ အသက်ပါလွန်းသွားသော လေသံကို လုလု သတိထားမိသွားပုံရသည်။
“ ခင်ဗျားနော် ကျွန်တော့် အကြောင်း သိသားနဲ့ လာလုပ်ပြမနေနဲ့။ ရယ်ရလွန်းလို့ ရှူးထွက်ကျ လာဦးမယ်။ ကဲဗျာ သွားမယ်၊ လဘက်ရည် တိုက်တာ ကျေးဇူးပဲ။ နောက်ကြုံရင် ဆိုင်က ကြောင်စာ တွေ ခင်ဗျား သား သမီးတွေ အတွက် အလစ်သုတ်လာခဲ့မယ်”
စားပွဲပေါ်က ဆိုင်ကယ် သော့ ဆွဲပြီး ထရပ်လိုက်သော ကြောင့် သန်းအောင်မြင့် ရင်ထဲ ဟာ သွား ရသည်။ တားချင်ပေမယ့် ဘယ်လို တားရမှန်း မသိ။
“ ကဲ လူပျိုကြီး ကျောက်ခဲ ရေပေါ်ပြီး ၁၀၀ ရရင်တော့ လဘက်ရည်နဲ့ မရဘူးနော်။ ဘီယာမှ ရမယ်။”
ပေါ့ပါးစွာထွက်သွားသော လုလုကို နောက်က ငေးရင်း သန်းအောင်မြင့် သက်ပြင်းချလိုက်မိသည်။ ရှပ် ပွပွ နှင့် ကွာတား ဘောင်းဘီ ပွပွက လုလု၏ ထွားဖွံ့သော အလှတရားတွေကို ဖုံးကွယ်ထားကြသည့် အတွက်လည်း စိတ်ပျက် မိ၏။ လုလု ခုနက ကြောင်စာ အကြောင်း ပြောသွားမှ ကြောင်စာကုန်နေတာကို သန်းအောင်မြင့် ပြန်သတိရသည်။ ထွက် လာတုန်းက စိတ်ကူးထဲမှာ ကြောင်စာ ဝယ်ဖို့လည်း ပါသည်။ ဒါပေမယ့် လုလုကို တွေ့မှ အားလုံး မေ့လျော့သွားခဲ့၏။
လဘက်ရည်ဖိုး ရှင်းရန် စားပွဲထိုးကို လှမ်းခေါ်ရင်း အပြန်မှာ မန်ယူ ဖက်က တသောင်းဖိုး လောက်တော့ ဝင်ထည့်လိုက် ဦးမှ ဟု တွေးလိုက်သည်။ ၁၀၀ လေး ၁ လေး ဆိုတော့ မန်ယူသာ နိုင်သွားပါက ၁ သောင်း ရင်းပြီး ၁၀ သိန်း ပြန်ရမည် မဟုတ်ပါလား။ အခွန်နှုတ်ပြီး ရင်တောင် ၉သိန်းကျော် ကျန်မည်ဆိုတော့ လုလုကို ဘီယာတိုက်ဖို့ ကောင်းကောင်း လောက် သည်။
“ကျောက်ခဲ ရေပေါ်ပါစေဗျာ။”
....................................................................
( ၅ )
ဟိုးအရင် နှစ်ပေါင်းများစွာက ပုရိသတို့ အသဲစွဲ မင်းသမီး တယောက်၏ ကို အစွဲပြု၍ မိဘများက လုလုအောင်ဟု အမည် ပေးခဲ့သော လုလုသည် အဆိုပါ ခေတ်ဟောင်း မင်းသမီးကြီး ကဲ့သို့ပင် အထက်ပါ၊ အောက်ပါ ပိုင်ဆိုင် မှု များဖြင့် ပြည့်စုံ ကြွယ်ဝသူ ဖြစ်သည်။ မိဘများ ဖွင့်ထားသည့် စတိုးဆိုင်ကို ဝိုင်းကူ လုပ်သလိုလို နှင့် ယောင်နေသော လုလု နှင့် သန်း အောင်မြင့် တို့ ရင်းနှီးခဲ့သည်မှာ ဘောလုံးပွဲများ ကြောင့် ဖြစ်သည်။
တကယ်တော့ မရင်းနှီးခင်ကထဲ သန်းအောင်မြင့် က လုလုကို သိထားပြီး၊ စွဲလမ်းနေခဲ့ ပြီး ဖြစ်ပါသည်။ ကံအကြောင်း သင့်လို့ ရင်းနှီးခွင့် ကြုံလာသော အခါ နဖူးစာမှန်လို့ ဖန်လာခဲ့ပြီဟု သန်းအောင်မြင့် ကြိတ်ကာ အားတက်ခဲ့၏။
သို့သော်လည်း ခက်နေတာ တခုရှိသည်။ သာမန် အခက်အခဲ မဟုတ်၊ တော်တော်ကြီးပင် ခက်သော ကိစ္စဖြစ်ပါသည်။ ဖြစ် သလို မနေဘဲ ပြင်လိုက် ဆင်လိုက်လျှင် မိန်းမချော စာရင်းကို အသာလေး ဝင်နိုင်သည့် လုလု ယောက်ျားစိတ် ပေါက် နေ ခြင်းက သန်းအောင်မြင့် အတွက် ကြီးစွာသော အတားအဆီး ဖြစ်သည်။ ဒါပေမယ့် ပြောရလျှင် လုလုက ယောက်ျားစိတ် ပေါက်နေလို့သာ အခုလောက် ရင်းနှီးလာခဲ့ခြင်း လို့ဆိုရပါမည်။
လုလု အတွက် သန်းအောင်မြင့် သည် ဘောပွဲကြည့်ဖက်၊ ဘောပွဲလောင်းဖက်၊ လဘက်ရည်ဆိုင်၊ ဘီယာဆိုင် ထိုင်ဖက် အကိုကြီး တယောက်သာ ဖြစ်ပါသည်။ သန်းအောင်မြင့် က ကြုံရင် ကြုံသလို သူ့ဖက်က ခံစားမှုတွေကို ပြဖို့ ကြိုးစားပေ မယ့် သူ့ကိုယ်သူ ယောက်ျား တယောက်လို ခံယူထားသည့် လုလု အတွက်က ဘယ်လိုမှ ထိရောက်မှု မရှိခဲ့ပါ။
ကိုယ်လုံးကို စည်းနှောင် ထိန်းချုပ်ကာ အဝတ်အစား ပွပွများ နှင့် ဖုံးကွယ်ထားသည့် အောက်မှာ လှသော၊ ဖွံ့သော ကိုယ် ခန္ဓာတခု ရှိသည်ကို စတွေ့ကထဲက သန်းအောင်မြင့် သတိပြုမိခဲ့ပါသည်။ ရင်ထဲမှာလည်း စွဲလမ်းသွား၏။ တခြားသူတွေက လုလု၏ စစ်မှန်သော အလှတရားများကို မမြင်ကြခြင်း အတွက်လည်း အံ့သြမိသည်။
“ ဒါမျိုး ဆိုတာ ပညာရှင် မျက်စိနဲ့မှ သိတာကွ။”
အရက်မူး တိုင်း သန်းအောင်မြင့်က အပေါင်း အသင်းတွေကို (လုလုကွယ်ရာမှာ) ပြောတတ်သည်။ အဲဒီလို ပြောတိုင်း လည်း လုလုကို မိန်းက လေးလို ဖြစ်အောင် လုပ်ပြဟု သူတို့က ပြန်ပြောတတ်ကြသောကြောင့် နောက်ပိုင်းမှာ သူကျွေးမှ စားရ သည့် ကြောင်တွေကို သာ သန်းမြင့်အောင်က လုလု အကြောင်း ပြောတော့သည်။
ရင်းနှီး လာပြီးသည့် နောက်မှာ မိန်းကလေးလိုနေဖို့ ကြုံရင်ကြုံသလို ပြောကြည့်သည်။ လုလု စိတ်ကြည်ကြည်လင်လင် ရှိသည်ဟု ထင်ရသည့် အချိန်မျိုး မှာ မိန်းကလေးလို ဝတ်ရင် သိပ်ကြည့်ကောင်းမှာပဲ ဟု စည်းရုံးကြည့်သည်။ သို့သော် လည်း သဲထဲသို့ ရေသွန်တာကမှ အရာလေးမြင်ရ ဦးမည် သန်းအောင်မြင့် ၏ ကြိုးစားမှုတိုင်းက လုလု၏ လှောင်ရယ်သံ နှင့်အတူ လေမှာ အရုပ်ရေးမိသလို ပျက်ပျယ်ခဲ့ရသည်။
“ တော် စမ်းပါဗျာ၊ ကျွန်တော် မိန်းကလေး ဖြစ်ရင် ခင်ဗျား ဘာလုပ်မလဲ သိတာပေါ့။ မဟုတ်တာတွေ မပြောနဲ့ဗျာ၊ အခင် အမင် မပျက်ချင်ဘူး။”
သည်း မခံနိုင်သည့် အဆုံးမှာ လုလုက ပြတ်ပြတ်သားသား ပြောလာတော့ သန်းအောင်မြင့် ရင်ကွဲရသည်။ သူ့ဖက်က မျှော် လင့်ချက်သည် ၁၀၀၀ လေး ၁ လေး ပေးထားသည့် အသင်းဖက်က လောင်းသည် ထက်ပင် ဖြစ်နိုင်ချေက ပိုနည်းလိမ့် မည်ဟု ထင်မိ၏။ ဒါပေမယ့် လုလုကိုတော့ သူ မစွန့်ခွာနိုင်ပါ။
စတွေ့ကထဲက ချစ်ခဲ့ရသည့် အချစ်က အနေနီးသည်နှင့် အမျှ ပို၍ ကြီးထွားနက်နဲ လာသည်။ ချစ်သူတွေ ဖြစ်ခွင့် မရသည် ဖြစ်စေ၊ လုလုက ဘယ်လိုပဲ ဝတ်စားထားသည် ဖြစ်စေ လုလု အနားမှာ နေရသည်ကိုပဲ ဆုလာဘ် တခုလို သန်းအောင်မြင့် ယူဆသည်။ ခနတဖြုတ် ရသည့် အချိန်ပိုင်းလေးတွေမှာ စကားပြောခွင့် ငေးခွင့်ရတာကို ပဲ ကြံဖန်ကာ ပျော်နေရသည်။ လုလုက အဲဒါတွေကို မသိယောင် ပြုပေးတတ်တာလောက်ကိုပဲ ကျေနပ်နေရသည်။
ဒါပေမယ့် တနေ့နေ့ တချိန်ချိန် ဆိုသည့် မျှော်လင့်ချက်၊ ကံတရားဆိုတာ ကြိုတင် မမြင်နိုင် ဟူ၍ ယုံကြည်ချက်တို့က သန်း အောင်မြင့် ၏ အချစ်တွေကို ဆက်၍ ရှင်သန် ခွင့်ပေးခဲ့သည်။
..............................................................
( ၆ )
ရင်ဝပေါ် ဘတ်ကနဲ ကြောင်တကောင် ခုန်တက်လာသောကြောင့် သန်းအောင်မြင့် အိပ်မက် လှလှလေးထဲမှ အလန့် တကြားထွက်လာခဲ့ရသည်။
“ အလိုက် ကမ်းဆိုး မသိတဲ့ သားသမီးတွေ”
ပွစိပွစိ နှင့် ပြောရင်း အိပ်ယာက ထ၍ မနေ့က ဝယ်လာသော ကြောင်စာ ထုပ်ကို ဖောက်ပြီး ကြောင်တွေ ခေါ်ကျွေးလိုက် သည်။ သူ့မှာ လုလု အပြင် တွယ်တာစရာဆို၍ ဒီကြောင်တွေသာ ရှိသည် မဟုတ်ပါလား။ အပြင်ကို ကြည့်လိုက်တော့ နေ ရောင် တလက်လက် မြင်ရသည်။
မျက်နှာ မသစ်ခင် ဖုန်းကို ဖွင့် စစ်လိုက်တော့ ငွေ ကိုးသိန်း ခြောက်သောင်းကျော် ဝင်နေလေပြီ။ မနေ့ ညက ရေမှာ ပေါ် လာသော ကျောက်ခဲက ရေချိုးခန်းထဲ ဝင်သွားသော သန်းအောင်မြင့်၏ ခြေလှမ်းတွေကို မြောက်ကြွ မြောက်ကြွ ဖြစ်စေ သည်။ ရင်တမမ နှင့် ကြည့်ခဲ့ရသော ပွဲတွင် တလျှောက်လုံး သရေ ဖြစ်နေပြီးမှ ပွဲပြီးခါ နီးတွင် ရလိုက် သည့် ပယ်နယ်တီ တလုံးက သန်းအောင်မြင့် ကို ကောင်းကင်ဆီ ပို့ပေးလိုက်၏။
သွားတိုက် ဆေးထည့်ပြီးမှ မတိုက် ဖြစ်သေးဘဲ ပြန်ထွက်လာကာ လုလုဆီကို “ဘီယာ” ဟု မက်ဆေ့ လှမ်းပို့ လိုက်သည်။ ထောင်ထားသော လက်မ လေးတခုက ချက်ချင်း ပြန်ရောက်လာတော့ လုလု လည်း သူ့ဆီက တစုံတရာကို စောင့်မျှော် နေလေသလား လို့ တွေးကာ သန်းအောင်မြင့် ပျော်သွားသည်။ ထို့ပြင် နိုင်လိမ့်မည် မဟုတ်ဟု အားလုံး နီးပါးက ထင် ကြသည့် အသင်း တသင်း နိုင်သွား ခြင်းနှင့် အတူ ပိုက်ဆံတွေပါ ရလိုက်ခြင်းက အတိတ်ကောင်း နိမိတ်ကောင်း တခု ဖြစ် လိမ့်မည် ဟု ယုံကြည်သည်။ မရနိုင်ဟု ထင်ရသော လုလု ၏ နှလုံးသား ကိုလည်း သန်းအောင်မြင့် မရ နိုင်ပါ သလော။
တနေ့လုံး လည်း အလုပ်လုပ်ရတာ စိတ်လက် ကြည်သာနေသည်။ အကြောင်း သိသူများက ဘောပွဲ နိုင်လို့လားလို့ မေး ကြတော့ “မဟုတ်ပါဘူးဗျာ။” ဟု ဝမ်းခေါင်း သံကြီး နှင့် သန်းအောင်မြင့် ပြောမိသည်။ ညနေ မြန်မြန်စောင်းဖို့လည်း စိတ် ထဲက ကျိတ်ပြီး ဆုတောင်းနေသည်။ ညနေရောက်တာ နှင့် အလုပ်မြန်မြန် သိမ်း၊ ရေမိုးချိုး၍ သွားနေကျ ဆိုင်နာ မည် လုလုဆီကို မက်ဆေ့ လှမ်းပို့ လိုက်၏။ ဒီတခါတော့ ဆယ် မိနစ် ကျော်လောက်ကြာမှ လက်မလေး ပြန်ရောက်လာသည်။
ဘီယာဆိုင် ကို သန်းအောင်မြင့် စောပြီး ရောက်သွားသည်။ အရင်ရောက်တော့ လုလု ကြိုက်တတ်သည့် အမြည်းတွေ ကြို မှာထားလို့ ရသည် မဟုတ်ပါလား။ ထင်သည့် အတိုင်းပင် လုလု ရောက်လာတော့ စားပွဲ ပေါ်မှာ အားလုံး အသင့် ဖြစ်နေ လေပြီ။ ယောက်ျား စစ်စစ်တယောက် ဖြစ်သော သန်းအောင်မြင့်ထက်ပင် တိုသော ဆံပင်၊ တီရှပ်ဖားလျား ၊ ကွာတား ဘောင်းဘီ ပွပွ နှင့် လုလုက သန်းအောင်မြင့် မျက်စိထဲမှာတော့ ဘယ်လိုမှ ယောက်ျားလေး ပုံ မပေါက်ပါ။ ဘယ်လို ကြည့်ကြည့် လှနေ ပါသည်။ အသင့် ဖြစ်နေသည့် စားစရာတွေကို ကြည့်ပြီး လုလု မျက်နှာလေး ဝင်းပသွားတော့ သန်း အောင်မြင့် ရင်ထဲမှာ လည်း တငြိမ့်ငြိမ့် တစိမ့်စိမ့် အေးမြသွားရသည်။
“ ကိုသန်းအောင်မြင့် ဘယ်လောက်တောင် ထည့်လိုက်သလဲ။”
“ တသောင်းထဲပါကွာ၊ ဒါပေမယ့် အဆ ၁၀၀ ဆိုတော့ ဟဲဟဲ”
“ ဒါဆိုရင်တော့ အားမနာ ဘူးဗျာ ဆွဲပြီ။”
သောက်ရင်း စားရင်း နေက တဖြည်းဖြည်းစောင်းသွားသည်။ ပြောဖြစ်ကြသည်ကလည်း များသော အားဖြင့် ဘောလုံး အ ကြောင်းများ သာ ဖြစ်၏။ ဆိုင်ထဲက ခပ်ဖျော့ဖျော့ မီးရောင်တွေ လင်းလက်လာချိန်မှာ လုလု မျက်နှာ ဖြူဖြူလေးက အနီ ရောင် လဲ့လဲ့ သမ်းနေသည်။ ချစ်စရာ မျက်နှာလေးကို ငေးရင်း စားပွဲဘေးမှာ ဘီယာ ပုလင်း အလွတ်တွေ တော်တော်များ နေပြီ ဆိုတာကို တောင် သန်းအောင်မြင့် သတိမထားမိပါ။
“ ထန်းရေ မူးတော့ ကျွဲခိုး ပေါ်တဲ့။ အခု ဘီယာမူးတော့ ကျွန်တော် မညာချင်တော့ ဘူးဗျာ။”
အဆက် အစပ် မရှိ လုလု စကားကြောင့် သန်းအောင်မြင့် ရင်ထဲမှ ထိတ်ကနဲ ခုန်သွားသည်။ သူ့ကို ချစ်တယ်လို့များ ပြော မလားဟု ကိုယ်လိုရာ ဆွဲ တွေးမိပြန်သည်။
“ လုလု က ဘာတွေ ခိုးထားလို့လဲ။”
သွားဖြူဖြူလေးတွေ အတန်းလိုက် ပေါ်အောင် ရယ်လိုက်သည့် မျက်နှာလေးကနေ သန်းအောင်မြင့် အကြည့်ကို မခွာနိုင်ပါ။ လုလု ကတော့ ဒါတွေကို ဂရုစိုက်မိပုံ မပေါ်။
“ ကျွန်တော် ယောက်ျားလေး ဖြစ်ချင်တာ အကို သိတယ် မဟုတ်လား။”
“ သိပါတယ်ကွာ”
ခြောက်ကပ် အက်ကွဲစွာ ပြောလိုက်သော အသံတခု ထွက်လာဖို့ သန်းအောင်မြင့် တော်တော် အားထုတ်လိုက်ရသည်ကို လည်း လုလု သိပုံမရပါ။ ဖန်ခွက် အနားကို လက်ညိုး လေး နှင့် ရစ်ကစားရင်း ဆက်ပြောသည်။
“ အဲဒါကြောင့် ကျွန်တော် ပိုက်ဆံ စုတယ်။ ကျွန်တော့်ကို ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ ထင်ကြတယ်။ ဒါပေမယ့် ကျွန်တော် ပိုက်ဆံ ကို ရသလို ရှာတယ်။ ပွဲစား လုပ်တယ်။ အတိုးပေးတယ်။ ဖဲရိုက်တယ်။ ဘောပွဲ လောင်းတယ်။ ကျွန်တော့် ရည် ရွယ်ချက်ကို ဘုရားသိသလား မသိပါဘူး။ နိုင်တယ်ဗျ။ အများကြီးတော့ မဟုတ်ဘူး ပေါ့ဗျာ။ ဒါပေမယ့် နည်း နည်းတော့ စု မိတာပေါ့။ မနေ့က …မနေ့က … ခါတိုင်းဆို ကြေး အဲဒီလောက်ကွာနေရင် ကျွန်တော် ရှောင်တယ်။ အောက်က နေရင် လည်း နိုင်ဖို့ မသေချာဘူး။ အပေါ်ယူလိုက်ပြန်လည်း အဆနည်းမယ်။ ဒါပေမယ့် မနေ့ကတော့ စိတ်ထဲက ဖြစ်နေတာနဲ့ အကိုနဲ့ တွေ့ ပြီး အပြန်မှာ မန်ယူဖက်က ၃သိန်း ပစ်ချလိုက်တယ်။”
သန်းအောင်မြင့် အံ့သြသွားရသည်။ သူသိသလောက် လုလု က စိစိ စစ်စစ် လောင်းတတ်သူ ဖြစ်သည်။ အရှုံး နည်းလေ့ ရှိတာကိုလည်း အရင်ထဲက သတိထားမိပါသည်။
“ ဟင် …ဒါဆို”
“ ဟုတ်တယ် ၊ တခြားပွဲတွေ ရောဆိုရင် ကျွန်တော် ညက အခွန်နှုတ်ပြီး ၃၆၀ ကျော် ရလိုက်တယ်။ အဲဒါ ကြောင့် အခု ဝိုင်းကို ကျွန်တော် ရှင်းပါရစေ။ ဆယ်သိန်းတောင် အပြည့် မရတဲ့ ကိုသန်းအောင်မြင့် ဆီက မသောက် ရက်ပါဘူး။”
“ ဟို .. အဲဒါက လုလု စုနေတာ ပြည့်ပြီ ပေါ့နော်”
ဘီယာဖိုး ရှင်းရခြင်း၊ မရှင်းရခြင်း ထက်ပို၍ အရေးကြီးသော ကိစ္စကို သန်းအောင်မြင့် အလောတကြီး မေးလိုက်မိသည်။ လုလုက မဲ့ပြလိုက်ပြီး ခြောက်ကပ်ကပ် ရယ်သည်။
“ မပြည့်သေးပါဘူးဗျာ။ ဒဲ့ချိန်း ဆိုရင်တော့ လောက်ပါပြီ။ ပိုတောင်ပိုဦးမယ်။ အဲဒါကလည်း မေးတော့ မေးထားတယ်။ ဒါပေမယ့် အဝယ် နဲ့ လုပ်မယ် ဆိုလည်း လုပ်နိုင်အောင် ပိုက်ဆံ ထပ်စုဦးမယ်။ ဒီကြားထဲ အဆင်ပြေမယ့် ဒဲ့ချိန်း တွေ့ရင် တော့ ပိုကောင်းတာ ပေါ့ဗျာ။”
“ လုလု က မဖြစ် မနေ ပြောင်းဖို့ ဆုံးဖြတ် ပြီးပြီလား။”
“ ကိုသန်းအောင်မြင့် ရာ၊ ကျွန်တော် ဒီလို မနေချင်ဘူး။ မနေနိုင်ဘူး။ ယောက်ျားဖြစ် ဖို့က ကျွန်တော့် ဘဝ အတွက် အရေးအကြီး ဆုံး နံပါတ် ၁ ရည်မှန်းချက်ပဲ။ ကြီးပွားရေး၊ တိုးတက်ရေး ၊ နောက်ဆုံး အချစ်ရေးဗျာ … ကျွန်တော့် ဘဝမှာ တခြားလိုတာတွေကို ဒါပြီးမှပဲ ကျွန်တော် စဉ်း စားမယ်။”
ဆိုင်ထဲတွင် မီးရောင်တွေ ရှိနေလင့် ကစား သန်းအောင်မြင့် ၏ ကမ္ဘာကတော့ အမှောင်တိုက် ဖြစ်သွားသည်။ ကြမ်းပြင် အောက်က မြေသားထဲကို မြုပ်ဝင် ကျသွားသလို ရင်တခုလုံး မွန်းကျပ် တစ်ဆို့သွား၏။ တဖက်ပိတ် လမ်းအဆုံးတခုတွင် အရာရာ အားလုံး ပျောက်ဆုံးသွားသလို ခံစားရသည်။ လုလု ဘာတွေ ဆက်ပြောနေသလဲ မကြားရတော့ပါ။ သန်းအောင် မြင့် ဆိုသူတယောက် ကမ္ဘာမှာ မရှိတော့၊ ကိုယ့်ကိုယ်ကိုလည်း မခံစား မသိနိုင်တော့။ သောက်ထားသမျှ ဘီယာတွေ၊ မူး ယစ် ခြင်းတွေက ခနချင်းပင် ပျောက်ဆုံးသွားရသည်။
ရင်ထဲမှာ တကယ်သိနေတာက လုလုကို ဘယ်လိုမှ အဆုံးရှုံး မခံ နိုင်ခြင်းပင် ဖြစ်သည်။ လုလုကို အတိုင်း အဆမဲ့ ချစ်မိခဲ့ခြင်း က ခုချိန်မှာ ပို၍ သေချာ သဲကွဲလာ၏။ ဘယ်လို နည်း နှင့် ဖြစ် ဖြစ် လုလု နားတွင် သူ ရှိနေချင်သည်။
ထို အချိန်၌ မှောင်မိုက်နေသော အာရုံထဲတွင် အလင်းပါးပါးလေး တခုကို မြင်လိုက်ရသလို ခံစားချက် နှင့် အတူ ပတ်ဝန်း ကျင် မှ အရာရာ အားလုံးက ရုတ်ချည်း ဆိုသလို အနားကို ပြန်ရောက်လာ၏။ လုလု ကတော့ ဟာလာဟင်းလင်း ဖြစ်နေ သည့် လက်ထဲက ဖန်ခွက်ကို တွေတွေလေး ငေးနေသည်။ ဘီယာ ထပ်ယူဖို့ စားပွဲထိုး တယောက်ကို လက်ထောင် ပြ လိုက်ရင်း လုလုကို သန်းမြင့်အောင် စူးစူးကြည့် မိပါသည်။
“ လုလု မနက်ဖြန် အားသလား။”
“ ကျွန်တော်က အလုပ်မှ မရှိတာ အားတာပေါ့။”
“ ငါတို့ မနက်ဖြန် ရန်ကုန်မှာ ဆေးသွား စစ်ကြမယ်။ အဆင်ပြေတယ် ဆိုရင် ငါ့ ဆီက ယူလိုက်ပါ။ ငါ .. ငါ … စုထားတဲ့ ပိုက် ဆံတွေလည်း ရှိပါတယ်။”
ထို ပိုက်ဆံများက လုလု နှင့် ဘဝတခု တည်ဆောက်ဖို့ စိတ်ကူးယဉ်ကာ စုထားခြင်း ဆိုတာကိုတော့ ထည့် မပြောတော့ပါ။ လုလု ပါးစပ် အဟောင်းသား နှင့် ကြောင်ကြည့်နေသည်။
“ ဟို ..ကျွန်တော် ဝယ်ဖို့ အကိုက ပိုက်ဆံ ပေးမယ်လို့ ပြောတာလား။”
သန်းအောင်မြင့် ပြောဖို့ ပြင်လိုက်ပေမယ့် စားပွဲထိုးက ဘီယာ ပုလင်းလာချရင်း ခွက်တွေ ဖြည့်ပေးနေတာကြောင့် ရပ်ထား လိုက်ရသည်။ စားပွဲထိုး ထွက်သွားတော့မှ သန်းအောင်မြင့်က ဘီယာခွက်ကို ကောက်ယူ၍ တခွက်လုံး ကုန်အောင် မရပ် မနား မော့ချလိုက် သည်။ ပြီးတော့မှ အသက်ကို အငမ်းမရ ရှူရင်း
“ လုလု နဲ့ ကိုယ် နဲ့ ချိန်းကြမယ်လို့ ပြောတာ။ အဲဒါဆိုရင် တော့ ပိုက်ဆံ လောက်နိုင်မယ် မဟုတ်လား။”
................................................................
( ၇ )
တောက်ပြောင်ဝင်းပ နေသော လုလု မျက်နှာလေးကို ခိုးကြည့်ရင်း သန်းအောင်မြင့် ရင်မောစွာ သက်ပြင်းချလိုက် မိ သည်။ လုလု ပျော်နေတာကို မြင်ရတော့ သူလည်း ပျော်ပါသည်။ လုလုထက်ပင် ပို၍ ပျော်လိုက်ချင်ပါသည်။ ဒါပေမယ့် ရင်ထဲမှာ လေးနေ၏။ မမြင်ရသေးသည့် အနာဂါတ်ဆီ သို့ မျှော်ရည်ကာ ငေးရင်း လုလုနှင့် နီးဖို့ ဒီတလမ်းသာ ကျန်တော့ လေသ လား ဟု ဇဝေဇဝါ တွေးနေမိသည်။
ကြမ်းကျွံရင် နုတ်၍ ရသည်၊ စကားကျွံရင် နုတ်မရဟု ဆိုရိုးရှိ၏။ အခုမှ ပေါ်လာသည့် နှမျောတသစိတ် ကြောင့် လုလု ကို စိတ် မပျက်စေလိုပါ။ လုလု နှုတ်ခမ်းတွေက ပြုံးနေသည်။ မျက်လုံးတွေကလည်း ကြည်လဲ့ နေ၏။ သန်းအောင်မြင့် တွေ့ ဖူး သမျှထဲတွင်၊ ခင်မင်ခဲ့ကြသည့် ၃ နှစ် ကျော် ၄ နှစ် နီးပါး ကာလ အတွင်းတွင် အလှဆုံးသော လုလုကို အခုမြင်နေရခြင်း ဖြစ်သည်။ ရင်ထဲက အပျော် တရှိန်ရှိန် ဟပ်နေသော လုလု မျက်နှာလေးက သန်းအောင်မြင့် အတွက် အရာ အားလုံးပင် ဖြစ်ပါသည်။
“ တကယ်ဗျာ၊ အဲဒီလောက် အဆင်ပြေမယ်လို့ မထင်ခဲ့ပါဘူး။ အခုတော့ …ဟား …. ပျော်လိုက်တာ၊ အကို့ကို၊ ကိုသန်း အောင်မြင့်ကို အဲဒီလိုလို့ တခါမှ မတွေးမိဘူး။ အကို အရင်ကထဲက ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ကျွန်တော် တို့ ၂ ယောက် လုံး ခုလောက်ဆို အဆင်ပြေနေပြီ။”
ကလေးတယောက်လို တတွတ်တွတ် အပြော၊ တက်ကြွရွှင်လန်းနေသည့် ဟန်ပန်၊ ကြည်လင်တောက်ပသည့် မျက်နှာ ထား။ အရာအားလုံးက သန်းအောင်မြင့် ရင်ကို တဖျပ်ဖျပ် ရိုတ်ခတ်သည်။ ဘာကိုမှ နောင်တ ရစရာမလို ဟု မိုက်မဲစွာ တွေးမိခြင်းကို ပြန်လည်ဆင်ခြင်နိုင်စွမ်း သန်းအောင်မြင့်မှာ မရှိတော့ပါ။
ကံကောင်း ခြင်းလား၊ ကံဆိုးခြင်းလားတော့ မသိပါ။ လုလု နှင့် သန်းအောင်မြင့် က သွေးအမျိုးအစားရော၊ တခြားလို အပ် သည့် အချက်အလက်များပါ ချွင်းချက် မရှိတိုက်ဆိုင်နေသည်။ ဆေးရုံမှာ စစ်ဆေးပြီး ထွက်လာသည့် ရလဒ်တွေကို ပြောပြ လိုက်သည် နှင့် လုလု ထ ကတော့သည်။ သန်းအောင်မြင့် မှာတော့ ဆရာဝန် ရှေ့တွင် ထိုင်ရမလို၊ ထရမလို၊ ကနေသည့် လုလုကိုပဲ လိုက်ဆွဲ ရတော့မလို ဖြစ်ခဲ့ရသည်။
“ လုလု ဘယ်တော့ လုပ်ချင်သလဲ။”
“ ဖြစ်နိုင်ရင်တော့ အမြန်ဆုံးပေါ့။ အကို့မှာ ငွေနည်းနေရင်လည်း ကိစ္စရှိဘူး၊ ကျွန်တော် ပေးမယ်။ ဒီလို ဒဲ့ချိန်း ဆိုရင် ကျွန် တော်စုထားတာက ပိုတောင် နေဦးမှာ။”
လုလုကို ကြည့်ရသည်မှာ ခုချက်ချင်းပင် လုပ်ချင်နေသည့် အမူအရာ ရှိသည်။ ဆေးရုံမှ ပေးလိုက်သည့် လက်ကမ်း စာ စောင် တွေအရ ပြောင်းရသည့် လုပ်ငန်းစဉ်က အချိန်ယူရသည်။ မိန်းမ ဖြစ်အောင်ပြောင်းသည့် သူက အချိန်ပိုကြာ သည်။ တခါတရံ တနှစ်လောက်တောင် ကြာနိုင်သည်ဟု ဆိုသည်။
“ ပြောင်းတဲ့ အခါ စောင့်ရမယ့် အချိန်တွေက ရှိသေးတယ်လေ။ အဟီး၊ အကိုလည်း အကို ဖြစ်ချင်တာ မြန်မြန် မဖြစ်ချင် ဘူးလား ”
ငါဖြစ်ချင်တာက မင်းနဲ့ တသက်လုံး တူတူနေဖို့ဟု ရင်ထဲက ပြောရင်း သန်းအောင်မြင့် စိတ်ကို ဒုံးဒုံးချလိုက် သည်။ အ သက်ကို ဝဝရှူသွင်းလိုက်ပြီး
“ တပတ်လောက်တော့ အချိန်ပေးကွာ၊ အလုပ်နဲ့လည်း ညှိရဦးမယ်၊ ပြင်စရာလေးတွေလည်း ရှိသေးတယ်။ နောက်တခု ရှိ သေးတယ်။ ဒီလို လုပ်ကြမှာကို လုလု ဘယ်သူ့ကိုမှ မပြောပါနဲ့။ အချိန်တန်တော့မှ သိကြပါစေ။”
သန်းအောင်မြင့် ပြောသည့် အချိန်တန်မှ ဆိုသည်ကို လုလုက တော့ ဘယ်လိုနားလည်သည် မသိပါ။ သူ့အိမ်ကိုပင် မ ပြော ပါ ဟု အားတက်သရော အာမခံသည်။
“ ကျွန်တော် အွန်လိုင်းကနေ အဆင်ပြေသွားတယ်လို့ပဲ ပြောလိုက်မယ်လေ။ ကိုသန်းအောင်မြင့် အတွက်ကတော့ ဟုတ် တာပေါ့။ စိတ်ချ၊ စိတ်ချ။ ကျွန်တော့် ဆီကတော့ မပေါက်ကြားစေရပါဘူး။ ဒါမျိုးဆိုတာက သစ္စာ ရှိရမယ်လေ။ ဟဲဟဲ။”
တပတ် အတွင်းမှာ လုလု ဘာတွေ လုပ်နေမှန်း မသိပေမယ့် သန်းအောင်မြင့် အတွက်တော့ တကယ် ပင် ဝရုန်း သုန်း ကား ဖြစ်သည်။ ရစရာ ရှိသည့် ပိုက်ဆံလေးတွေ လိုက်တောင်းရသည်။ ခွင့်က ၁ နှစ်လောက် ယူဖို့ ဘယ်လို မှ မရနိုင်သည့် အတွက် ထွက်စာ တင်လိုက်သော အခါ အထက်လူကြီးက ရစ်တော့သည်။
“ ဟေ့ကောင် အလုပ်ဆိုတာ ခုချက်ချင်း ဖုတ်ဖက်ခါ ထွက်လို့ရတယ် ထင်သလား။ အနည်းဆုံး တ လ ကြိုတင်ရတယ်ကွ။”
“ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ကိစ္စနဲ့ အရမ်းကို အရေးကြီးနေလို့ပါ ဆရာရယ်။ တကယ်တော့ ကျွန်တော်လည်း မထွက်ချင်ပါဘူး။ ခွင့် ယူဖို့က တ နှစ်လောက် ဘယ်လိုမှ မရနိုင်လို့ပါ။”
“ တနှစ်တောင် မင်းက ဘာလုပ်မလို့လဲ”
“ ကိုယ်ရေး ကိုယ်တာလို့ ပဲပြောပါရစေ ဆရာရယ်။”
“ အကြောင်း မခိုင်လုံဘဲ ဘယ်လိုပေးမလဲကွ။”
“ မနက်က မောင်မြတ်ကြီးနဲ့ လဘက်ရည်ဆိုင်မှာ တွေ့တုန်းက ကိုယ်ရေး ကိုယ်တာ ဆိုရင် အသေးစိတ် မလိုဘူးလို့ ပြောလို့ ပါ ဆရာ”
သန်းအောင်မြင့် ထက် ငယ်၍ မောင်မြတ်ကြီးလို့ ခေါ်သည့် စာရေးဆရာ ကဗျာဆရာ ရဲဘော်မြတ်ကြီးက တိုင်း အလုပ် သ မား သမဂ္ဂ အတွင်းရေးမှူး ဖြစ်သည်။ အလုပ်သမား အရေး နှင့် ပတ်သက်လျှင် ကလောင် လက်နက်၊ သပိတ်လက် နက် တွေသာ မက လိုအပ်လျှင် တုတ်လက်နက်၊ အုတ်ခဲ လက်နက်တွေပါ ကိုင်စွဲပြီး ရဲသွေးနီတတ်သောကြောင့် အလုပ်ရှင် တွေ၊ အစိုးရ အရာရှိတွေ သူ့ကို ဖြုံကြသည်။ အခုလည်း သန်းအောင်မြင့်၏ ဆရာ နည်းနည်းတွေ သွားသည်။
“ ကျွန်တော် လုပ်သက် ဆယ့်ငါးနှစ် ကျော်ပါပြီ ဆရာ၊ တခါတလေ ရှောင်တခင် ခွင့် နည်းနည်း ယူတတ်တာကလွဲရင် ခုချိန် ထိ လုပ်သက်ခွင့် တောင် မယူဖူးပါဘူး။ ဆရာလည်း သိပါတယ်။”
ချူဆီလေး နည်းနည်းထပ် ထည့်ပေးလိုက်တော့ ဆရာသမား ခေါင်းတညိတ်ညိတ် လုပ်သည်။ ပြီးတော့မှ
“ ဒီလို လုပ်ကွာ အခုမင်းကို ခွင့် ၃ လ ပေးလိုက်မယ်။ နောက်ပိုင်း မင်းက ပြန်မဝင် နိုင်သေးရင်လည်း လစာမဲ့ ခွင့်နဲ့ ဆက် သွားနိုင်တာပေါ့။”
နှစ် ရှည်လများလက်တွဲခဲ့လို့ ဒီဆရာက သန်းအောင်မြင့်ကို အလုပ်ထွက်စေချင်ပုံ မရပါ။ လုလုနဲ့ အလဲ အထပ်လုပ်ပြီးရင် အလုပ်ကို ပြန်မဝင်ချင်တော့တာကလည်း ရှိလို့ သန်းအောင်မြင့်က ထွက်စာတင်ခြင်း ဖြစ်သည်။ ဒါပေမယ့် နောက်ထပ် ၃ လ လစာဆက်ရနေဦးမှာကို သတိရလိုက်တော့ ဆရာ့ အစီ အမံကို ခေါင်း ညိတ်လိုက်သည်။ နောက်ပိုင်း ကိစ္စကိုတော့ မောင်မြတ်ကြီးကို ကြည့်ရှင်းခိုင်းရပေတော့မည်။
အလုပ်ကိစ္စပြတ်တော့ လုလုကို တပတ်နေမှ လိုက်လာဖို့ ပြောပြီး ရန်ကုန်ကို ပြေးလာခဲ့သည်။ သန်းအောင်မြင့်မှာ တခြား သော အစီအစဉ်တွေလည်း ရှိနေသေးလို့ နဂိုထဲက သိပ်မများလှသည့် စုငွေ နှင့် လောက်ငှမည် မဟုတ်ပါ။ ထို့ကြောင့် ရန် ကုန်မှာ နေတုန်းက အချို အချောင်ရ ထားသည့် အိမ်နှင့် ခြံကလေးကို ရသည့် ဈေးနှင့် ပြေးရောင်းရခြင်း ဖြစ်သည်။ နဂိုက ထဲ က အဝယ်ရှိလို့ ပွဲစားတွေက လှမ်းလှမ်းမေးကြပေမယ့် နောင်ရေးကို တွေးပြီး သန်းအောင်မြင့် မရောင်းခဲ့ပါ။ အခုတော့ သန်းအောင်မြင့်၏ နောက်ထပ် အနာဂါတ် တခုဖြစ်သော လုလု အတွက် ရောင်းရခြင်း ဖြစ်လို့ စိတ်ထဲမှာ နည်းနည်းမှ နှ မျောတသ မရှိတာ အမှန် ဖြစ်သည်။ ဇာနည်ဆိုသော မြေပွဲစားက တမင်ဈေး နှိမ်ဝယ်မှန်း သိသိ နှင့် လက်မှတ်ထိုးပေး လိုက်သည်။ အနှိမ်ခံရတာတောင် ဝယ်ထားတုန်းကထက် အဆ များစွာ မြတ်နေလို့ ရောင်းပျော်သည်ဟုပဲ စိတ်ဖြေ ပါသည်။ သူ မရှိတုန်း ခြံကို စောင့်ရှောက် ပေးထားကြသည့် အမျိုးတွေကတော့ သန်း အောင် မြင့် အလျှင်စလို လုပ်မှုကို သိပ်မကြည်ကြပါ။ ဈေးထပ်တက်လာနိုင်သည့် အတွက် သူတို့ ဖျက်နေသည့် ကြားမှ အတင်း ရောင်းလို့ စိတ်ဆိုးကြသည်။
ခြံရောင်းပြီးလို့ လက်ထဲငွေရောက်လာတော့ တက်ကြမည့် ဆေးရုံ နှင့် မလှမ်းမကမ်းမှာ အခန်းလေးတခု ငှားလိုက် သည်။ ခြံကိစ္စမှာ မကြည်လင်ကြသည့် အမျိုးတွေဆီမှာ ဆက်ပြီးတည်းခိုလျှင် လုလု နှင့် အလဲအထပ် ကိစ္စသာ သိလိုက် ပါ က ဝိုင်းရိုက်ကြမှာ သေချာသည်။
သန်းအောင်မြင့် သေပြေးရှင်ပြေး စီစဉ်မှုတွေ ပြီးသွားသည့် နေ့မှာပင် လုလု ရောက်လာသည်။ ငှားထားသည့် အခန်းလေး မှာ တူတူလာနေဖို့ သန်းအောင်မြင့်က ခေါ်ပေမယ့် လုလုက့ သူ့ အမျိုးတွေ ဆီမှာသွားတည်းသည့် အတွက် အနည်း ငယ်တော့ စိတ် မကောင်း ဖြစ်ရသည်။
နောက်တနေ့မှာတော့ သန်းအောင်မြင့် နှင့် လုလု ဆေးရုံကို တူတူသွားပြီး နောက်ဆုံး အဆင့် စစ်ဆေးမှုတွေ လုပ်ရသည်။ သက်ဆိုင်ရာ ဆရာဝန်တွေ အကြံပေးတွေ နှင့် တွေ့ရသည်။ ဆိုင်ရာဆိုင်ရာ ဆရာဝန်တွေ နှင့် တယောက်ချင်းစီ လိုက်တွေ့ ရချိန်မှာ လုလု အနားမှာ မရှိတော့ အားငယ်သည်။ ဒါပေမယ့် လုလုလည်း တခြား အခန်းမှာ သူ့လိုပဲ အားငယ်နေနိုင်သည် ဟုတွေးမိပြီး သန်းအောင်မြင့် အားတင်းရသည်။
ခွဲစိတ်ပေးမည့် ဆရာဝန် နှင့် မတွေ့ခင် ဆေးရုံမှ Marketing ဝန်ထမ်း အမျိုးသမီး တဦးက လိုအပ်သည့် အချက်တွေ မေး၍ သိသင့်တာတွေ ရှင်းပြသည်။
“ ရင်သားကို ဆီလီကွန်ထည့်မလား၊ ဟိုတယောက် ဟာကိုပဲယူမလား။”
“ ဟို ကျွန်တော် ….”
“ ဆီလီကွန် ဆိုရင်တော့ ရှင် စိတ်ကြိုက် ပုံစံ အရွယ်အစား ရွေးခွင့်ရမယ်။ ဟိုတယောက် ဆီက ယူမယ်ဆိုရင်တော့ အရှိ အတိုင်းပဲ ပေါ့နော်။”
“ သူ့ … သူ့ …ဆီက ပဲ ယူပါမယ်။”
ဆီလီကွန်တွေက ဘယ်လောက် ပုံစံလှလှ၊ လုလု ကိုယ်ပိုင် ပစ္စည်းကိုတော့ ဘယ်လိုနည်း နှင့်မှ တူနိုင်မည် မဟုတ်ပါ။
“ တခြား ဘာလုပ်ချင်သေးလဲ။”
“ ဘာကို ပြောတာလဲ မသိဘူး။”
“ မျက်နှာပြင်တာတို့၊ အသံပြောင်းသွားအောင် ခွဲ စိတ်တာတို့၊ အဆီထုတ်တာတို့ ပေါ့။”
“ ဟုတ်ကဲ့၊ လုပ်ချင်ပါတယ်။”
“ ဒါဆိုရင် အားလုံးပါတဲ့ package A ယူလိုက်ပါလား။ အဲဒါက အကောင်းဆုံးပဲ။ ”
“ အဲဒါက ဘယ်လိုလဲ မသိဘူး။”
“ ဟိုဖက် ဒီဖက် ပြောင်းပေးတာက သတ်သတ်ပေါ့နော်။ Package တွေကတော့ နောက်ထပ် ထပ်လုပ်ချင်ရင် လုပ်လို့ ရတာတွေပါ။ package A က ခုနပြောတာတွေ အပြင် မလိုအပ်တဲ့ အမွေးအမြင်တွေ လေဆာနဲ့ ဖယ်ပေးတာ၊ ကိုယ်လုံး ကို အချိုးကျအောင် လုပ်ပေးတာတွေက က အစ တကိုယ်လုံး အတွက်ပါတယ်။ package လိုက် လုပ်လိုက်တော့ တခုချင်းစီ လိုက်လုပ်နေရတာတွေ ထက်စာရင် ဈေး သက်သာသွားတာ ပေါ့ရှင်။”
“ အဲဒါဆို ဘယ်လောက်ကျမှာလဲဟင်”
သန်းအောင်မြင့် မဝံ့မရဲလေး မေးလိုက်မိသည်။ ကုန်ကျစရိတ်ကို သိလိုက်တော့ နည်းနည်း မျက်လုံးပြူးသွားပါ သည်။ ဒီတိုင်းဆိုရင် အိမ်နှင့် ခြံရောင်းရတာလေးက ဒီဆေးရုံမှာပင် ကုန်မည့် သဘော ဖြစ်နေသည်။ ဒါပေမယ့် လုလုကို မျက်စိထဲ ပြေးမြင်လိုက်တော့ အလိုလို ခေါင်းညိတ်မိသွားသည်။
“ ဒါဆို package A ယူပါမယ်။”
မျက်နှာကို ပြုပြင်ဖို့က သန်းအောင်မြင့် မျက်နှာကို ရှုထောင့်စုံမှ ဓာတ်ပုံရိုက်သည်။ ဦးခေါင်းက အရိုးတွေ ကိုလည်း ဓာတ်မှန် ရိုက်ရ၏။ ပြီးတော့မှ ပန်းချီဆရာက ပုံတွေအားလုံးကို ကွန်ပျူတာထဲ ထည့်ပြီး သန်းအောင်မြင့် စိတ် ကြိုက် ကြည့်ကောင်းအောင်ပြင်ပေးသည်။ ကိုယ်လုံးကိုလည်း ထိုနည်းတူပင် ဖြစ်သည်။
သန်းအောင်မြင့်က အမေမွေးပေးလိုက်သည့် မျက်နှာကို လုံးလုံးလျားလျားတော့ မပြောင်းချင်ပါ။ နဂို မူလပုံစံကို အခြေခံပြီး ပိုပြီးကြည့်ကောင်းသည့် မျက်နှာတခု ဖြစ်အောင်အောင်၊ တနည်းအားဖြင့် မြင်လိုက်သည်နှင့် လုလု ကြွေကျသွားလောက် အောင် လှနေအောင် လုပ်ချင်သည်။ အမျိုးမျိုး ပြောင်းပြရ၊ ပြင်ပြရသည့် ပန်းချီဆရာလည်း တော်တော် ခေါင်း စားသွား သည်။ ၂ ယောက်သား ၆ နာရီလောက် အကြိတ်အနယ် ကြိုးစားပြီးမှ သန်းအောင်မြင့် စိတ် ကြိုက် အနေအထား ကို ရ သွား သည်။
“ ခေါင်းစားတယ်။ ညောင်းလည်း ညောင်းတယ်။ ဒါပေမယ့် ကျွန်တော် ဆွဲပေးဖူးသမျှ ပုံစံတွေထဲမှာ ဒီပုံကို စိတ်တိုင်း အကျ ဆုံး၊ သဘောအကျဆုံးပဲ၊ ခင်ဗျားက အနုပညာ မျက်စိရှိတယ်။”
ပန်းချီဆရာက ချီးကျူးတော့ သန်းအောင်မြင့်လည်း စိတ်ကျေနပ်သွားမိသည်။ ဒါပေမယ့် လုလု သဘောကျပါ့မလားလို့ တော့ စိုးရိမ်နေမိသည်။ ဒီလို လုပ်မည့် အကြောင်းတွေ လုလုကိုတော့ ပြောမပြဖြစ်ပါ။ ဆေးရုံက ဆင်းရပြီဆိုတော့မှ အံ့ သြ သွားစေချင်သည်။ လုလုကတော့ အထူးတလည် ပြင်ဆင် စရာမလိုဘဲ ကောင်လေး ချောချောတယောက် ချက်ချင်း ဖြစ်သွားမှာ သေချာနေသည်။ ထို့ကြောင့် သန်းအောင်မြင့်ကလည်း သူနဲ့ လိုက်ဖက်ညီသော အလှအပတွေ ရှိနေသင့်သည် မဟုတ်ပါ လား။
နောက်တဆင့်က ပြောင်းတပ်လိုက်သည့် အင်္ဂါ အစိတ် အပိုင်းတွေကို ကိုယ်ခန္ဓာက လက်ခံနိုင်အောင် ကြိုတင်ပြင် ဆင် ပေးသည့် အဆင့်ဖြစ်သည်။ ဆေးတွေ သောက်ရသည်။ ဆေးတွေထိုးရသည်။ တလ ကျော် လောက် ကြာမြင့် နိုင်သည် ဆိုသော ဒီအဆင့်က ဆေးရုံမတက်ရပေမယ့် ၂ ရက်ခြား ၃ ရက်ခြားဆိုသလို ချိန်းသည့် အချိန် မှာ သွားရသည်။ သန်း အောင်မြင့်က ငှားထားသည့် အခန်းလေးမှာနေပြီး လုလုက သူ့ အမျိုး အိမ်မှာပဲ ဆက် နေသည်။ တခါတလေတော့ သန်း အောင်မြင့် အခန်းကို လုလု လိုက်လည်တတ်သည်။
ဒီလိုနေ့တွေ ဆိုရင် သန်းအောင် မြင့် မိုးမမြင်လေမမြင် ပျော်မိ သည်။ နောင်တချိန်မှာ လုလု နှင့် ဒီလိုပဲ တအိမ်ထဲမှာ တူတူနေနိုင်မည့် အရေးကို ကြိုတွေး ပြီး ရင်တွေ ခုန်သည်။ သူ့ ပစ္စည်း ကိုယ့်ပစ္စည်းတွေ ဟိုဖက် ဒီဖက် အုံလိုက် ဖြုတ် ရွှေ့ကြမည့် အကြောင်းကို တွေးလိုက်မိရင် ရင်ထဲမှာ ကျလိကျလိ ဖြစ်၏။ အိမ်လိုက်လည်သည့် တရက်မှာ ဆေးရုံမှာ မေးတုန်းက လုလု အပေါ်ပိုင်းကိုပဲ ယူမည်လို့ ဆေးရုံမှာ ပြောခဲ့ကြောင်း ပြန်စကားစပ်မိတော့ လုလုက ခပ်ယဲ့ယဲ့ ပြုံးရင်း
“ အချပ်လိုက်လဲလို့ရတယ်။ အကိုကလဲ သဘောတူတယ် ဆိုတာနဲ့ ကျွန်တော်လည်း လက်ခံလိုက်တာ။ အခုမှ စဉ်းစား ကြည့်တော့ ကျွန်တော့် ဟာနဲ့ဆို ကိုသန်းအောင်မြင့်နဲ့ သေးများနေမလား မသိဘူး။”
“ မ … မ … မသေးလောက်ပါဘူး။”
“ ဒီမှာလေ ကိုသန်းအောင်မြင့်ရဲ့။ ကျွန်တော့် ဟာက ဒီလောက်ပဲ ရှိတာ။ ဒီရောက်မှ ယောက်ျားဟိုမုန်းဆေးတွေ သောက် ပြီး နည်းနည်းတောင် သေးသွားသလိုပဲ”
လုလုက သူဝတ်ထားသည့် တီရှပ်ပွပွကို အသားနှင့် ကပ်အောင် ဖိချ၍ ရင် ၂လုံးကို မြင်သာအောင်ပြသည်။ လက်နှင့် လည်း အုပ်တိုင်း ပြလိုက်သေး၏။ လုလု၏ ပွင့်လင်းမှုက သန်းအောင်မြင့် လည်ချောင်းတွေကို တစ်ဆို့သွားစေသည်။ ရင် ထဲကို ပူလောင်စေသည်။
“ ရ .. ရမှာပါ။ အ..ဆင်ပြေပါတယ်။”
သန်းအောင်မြင့်က ဂယောင်ချောက်ခြား ဖြစ်နေပေမယ့် လုလုက အေးအေးဆေးဆေးပင် ဖြစ်သည်။
“ ဒါနဲ့ ကိုသန်းအောင်မြင့်မှာ ရင်ဘတ်မွှေးရှိသလား။”
“ နည်း နည်းတော့ ရှိပါတယ်။”
“ ပြစမ်းပါ ကြည့်ချင်လို့”
သန်းအောင်မြင့် မျက်နှာ ဘယ်လိုထားရမှန်း မသိပေမယ့် လုလုသဘောကျ အတိုင်း အင်္ကျ ီကြယ်သီးဖြုတ်၊ စွပ်ကျယ်ကို ဆွဲလှန်ပြီး ကျို့တို့ကျဲတဲ အမွေးလေးတွေကို ပြလိုက်ရသည်။ ပုဆိုးလှန်ပြ မခိုင်းတာကိုပဲ ကြံဖန် ကျေးဇူးတင်ရမည် ဖြစ် သည်။ လုလုက လက်ကလေးနှင့် အသာလာပွတ်ကြည့်တော့ သန်းအောင်မြင့် ကြက်သီးတွေ တဖြန်းဖြန်းထသွားရ၏။
“ ရိတ်ပေးရင် သန်လာမယ်ထင်သလား။”
“ သန်လောက်ပါတယ်။”
“ ဟုတ်တယ်ဗျ။ ရိတ်ပေးလိုက်မယ်။ ကိုသန်းအောင်မြင့် ကျွန်တော့် ဟာကိုရော ကြည့်ဦးမလား။”
ပြောပြောဆိုဆိုနှင့် လုလုက တီရှပ်ကို အောက်ကနေ မ လိုက်သော အခါ သန်းအောင်မြင့် မျက်လုံးထဲမှာ မီးဝင်း ဝင်း တောက်သွားရသည်။ ဖြူဖြူပုံ့ပုံ့ ခါးကလေးကို မြင်ရတာနှင့် ဒီလောက် ဖြစ်သွား ရင် အကုန်သာ မြင်လိုက်ရပါက သန်း အောင်မြင့် ပုံလဲ သွားမည်ဟု ထင်မိသည်။
“ ရပြီ၊ ရပါပြီ။ မကြည့်တော့ပါဘူး။ နောက်လဲ တသက်လုံး မြင်နေရမှာပဲ”
ပျာပျာသလဲ တားလိုက်တော့ လုလုကရယ်သည်။
“ အမလေး၊ အခုကထဲကတောင် တော်တော် ရှက်တတ်နေပါရောလား။ ဒါမှ မိန်းမ ပီသတော့မပေါ့။ ဟားဟား”
................................................................
( ၈ )
ထူးခြားစွာပင် သန်းအောင်မြင့်က ပြောင်းရန် အသင့်ဖြစ်သည့် အခြေအနေသို့ အရင်ရောက်နှင့်သည်။ ယောက်ျားလေး အလွန်ဖြစ်ချင် နေသည့် လုလုက နှစ်ပတ်လောက် နောက်ကျပြီး မှ အသင့် ဖြစ်သည်။
“ အကိုဆီမှာ အရင်ထဲက ပုန်းနေတဲ့ မိန်းမ ဟိုမုန်းတွေ အတင်းရုန်းထွက်လာကြလို့ ဖြစ်မယ်။”
ဟု လုလုက စတော့ သန်းအောင် မြင့် အောင့်သက်သက် နှင့် ပြုံးနေရသည်။
ပြောင်းတော့မည့် အချိန်နီးလာသော အခါ ဆေးရုံက အသိသက်သေ တယောက် ခေါ်လာပေး ဖို့ ပြောသည်။ သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ခွဲစိတ်ရာတွင် မတော်တဆ ဖြစ်လာနိုင်သည့် အန္တရယ်တို့ကို သိရှိကြောင်း တို့ ကို သန်းအောင်မြင့်တို့ ကိုယ်တိုင် လက်မှတ်ထိုးရန် ရှိနေသည်။ နောက်ပြီးတော့ မိမိဆန္ဒ အ လျှောက် လိင်ပြောင်းခြင်း ဖြစ် ကြောင်းကိုလည်း ခံဝန် ကတိပြုရဦးမည်။ ဆေးရုံဖက်က ရှေ့နေ များလည်း ပါဝင်ကြ မည် ဖြစ်သည့် အတွက် ကာ ယ ကံရှင် ဖက်ကလည်း အသိ သက်သေ တယောက် အနည်းဆုံးလိုအပ်သည်။ သန်းအောင်မြင့် နှင့် လုလုက အပြန် အ လှန် သက်သေ ပြုလုပ် ပေးမည်ဆိုတော့လည်း မရ။ တခြားအပြင်လူ ဖြစ်ရမည် ဟုဆိုသည်။
လုလု က သူ့ အမျိုးတယောက်ယောက်ခေါ်လာလို့ ရပေမယ့် သန်းအောင်မြင့် အတွက်က ခက်နေသည်။ အမျိုးတွေ သွား ပြောလို့ မဖြစ်နိုင်တာ သိနေ၏။ သူငယ်ချင်းတွေ ကိုလည်း မပြောချင်ပါ။ အမှန်ပြောရရင် မကြာမီလုပ်တော့မည့် ကိစ္စ ကြောင့် သူငယ်ချင်းတွေ နှင့် ရင်မဆိုင်ရဲ ခြင်း ဖြစ်သည်။ ကိုယ့်ဖာသာ မိန်း မ စိတ် ပေါက်လို့ ပြောင်းတာ မဟုတ်ဘဲ လုလု အတွက်ဆိုတာကိုသာ သိကြရင် ဝိုင်းထိုးတာတောင် ခံရနိုင်ပါသည်။
ဘာလုပ်ရမှန်း မသိတာ နှင့် ဟိုဒီ လျှောက်သွားရင်း ခြေညောင်းလို့ ပန်းခြံတခုထဲ ဝင်ထိုင်နေစဉ် သန်းအောင်မြင့် ရှိ သည့် ခုံတန်းလျားကို ကလေးတယောက် ရောက်လာပြီး တဖက်စွန်း မှာ ဝင်ထိုင်သည်။ လူကြောက်တတ်ပုံမရသော ကလေး က သန်းအောင်မြင့်ကို ပြုံး၍ ပင်ပြလိုက်သေးသည်။
“ သား က …တယောက်ထဲလားကွ”
“ မေမေနဲ့”
ထိုစဉ်မှာပင် အသက် ၃၀ ကျော် အမျိုးသမီးတယောက် အနားရောက်လာသည်။
“ သားက ဘာလို့ အတင်းပြေးတာလဲ။ မေမေက မောနေတယ် မလိုက်နိုင်ဘူး သားရဲ့”
ကလေးနှင့် သန်းအောင်မြင့် ကြားမှာ စွေ့ကနဲ ဝင်ထိုင်လိုက်သော အမျိုးသမီးကို သေသေချာချာ ကြည့်လိုက်မိသည်။
“ ခင်မျိုးဆွေ”
“ ဟယ်… နင် … သန်းအောင်မြင့်”
ခင်မျိုးဆွေ က ၅ တန်းကနေ ၁၀ တန်း အထိ တခန်းထဲ ကျောင်းတက်ခဲ့သည့် ငယ်သူငယ်ချင်း ဖြစ်သည်။ သူ့ အမေ နှင့် သန်းအောင်မြင့် အမေက ညီအစ်မ ဘယ်နှစ် ဝမ်းကွဲမှန်း မသိတော်စပ်သည့် အတွက် ဆွေမျိုးတွေလို့လည်း ပြောလို့ ရပါ သည်။ ဆယ်တန်း အောင်ပြီးနောက်ပိုင်း ကွဲသွားခဲ့ကြသည်။ ကြားထဲမှာ တခါ နှစ်ခါတော့ ဆုံကြသည် ထင်သည်။ သေသေ ချာချာတော့ မမှတ်မိပါ။
“ နင့်သားလား”
“ အေးလေ၊ အခု ၄ နှစ်ထဲ ရောက်ပြီပေါ့၊ နောက်နှစ် ဆို ကျောင်းထားရတော့မယ်။”
မတွေ့တာကြာပြီဖြစ်သည့် ခင်မင်သူတွေမို့ ဟိုအကြောင်း ဒီအကြောင်း အပြန် အလှန်တော်တော်လေး ပြောဖြစ်ကြသည်။ ခင်မျိုးဆွေက နေမကောင်းသည့် အမေကို နေ့ခင်းဖက် သွားပြုစုပြီး သူနေသည့် ယောက္ခမ အိမ် အပြန်မှာ သားက ပန်းခြံ ဝင်ချင်သည် ဆိုလို့ ရောက်လာခြင်းဖြစ်သည်။ ခင်မျိုးဆွေကို ကြည့်ရင်း သန်းအောင် မြင့် အတွေးတခု ရသွား၏။ ခင်မျိုး ဆွေ က ငယ် သူငယ်ချင်း အရင်းဖြစ်သည်။ ဆွေမျိုးလည်းတော်၏။ နောက်ပြီး စိတ် သ ဘောကောင်း၍ အနေအေးသည်။ နှုတ်လည်း မဖွာတတ်။ ထို့ကြောင့် သူ့ အခက်အခဲကို ပြောပြပြီး အကူအညီတောင်းမိ သည်။ ပြောပြောချင်း ခင်မျိုးဆွေ ငိုင်သွားသည်။
“ သန်းအောင်မြင့်ရယ် … နင်က အဲဒီလိုမျိုးလို့ ငါတကယ် မထင်တာ သိလား။ နင်သေသေချာချာ စဉ်းစားပြီးပြီလား။ တကယ်ကို မိန်းမ ဖြစ်ချင်တာလား။”
အဖြစ်မှန်ကို ထုတ်ပြော၍ မရသည့် ဘဝ ဖြစ်နေလို့ သန်းအောင်မြင့် မျက်နှာငယ်လေး နှင့် ခေါင်းကို ခပ်လေးလေး ညိတ်ပြလိုက်မိသည်။
“ နင် ခုချိန်ထိ အိမ်ထောင်မပြုတာ၊ ရည်းစား မရှိတာ အဲဒါကြောင့် ပေါ့၊ ဟုတ်လား”
သန်းအောင်မြင့် ခေါင်းကိုသာ ညိတ်ပြလိုက်ရပြန်သည်။
“ နင်ငယ်ငယ်တုန်းက ငါ့ အမေက နင့်ကို မိန်းမချော ချောတယ်လို့တော့ ပြောဖူးသား အဟီး။ ဒါပေမယ့် သန်းအောင် မြင့်၊ နင်တကယ်ပြောတာနော်၊ ဒါမျိုးဆိုတာ ပြန်ပြင်လို့ မရဘူး၊ နင်လဲ သိမှာပါ။”
“ ငါ ..ဆုံးဖြတ်ပြီးပါပြီ။”
အသံတိမ်လေး နှင့် ဝန်ခံလိုက်တော့ ခင်မျိုးဆွေက တခြားကို ပြေးမလို့ ဟန်ပြင်နေသည့် သူ့သားငယ်ကို ပေါင်ပေါ်ဆွဲ တင် ထားလိုက်ရင်း သန်းအောင်မြင့်ကို သေသေချာချာ စိုက်ကြည့်နေသည်။ သူ့အကြည့်ကို ရင်မဆိုင်ရဲသည့် သန်းအောင်မြင့် ကတော့ မျက်လွှာလေး ချရင်း သာ ငြိမ်နေမိသည်။
“ အေးပါဟာ၊ ငါကူညီပါ့မယ်။ ငါဘယ်ကို လာပေးရမလဲ။”
သန်းအောင်မြင့် ပုံစံကိုကြည့်ပြီး ခင်မျိုးဆွေ သနားသွားပုံရသည်။ နောက်တနေ့ မနက် ၉ နာရီလောက် ဆေးရုံမှာ ဆုံကြဖို့ ချိန်းကြပြီးနောက် တော်တော်ကြာသည် အထိ ခင်မျိုးဆွေ နှင့် ဆက်၍ စကားကောင်းနေမိသည်။ ဖုန်းနံပါတ်တွေ အပြန် အလှန် လဲ ကြသည်။ အခု ကိစ္စကိုတော့ ထပ်မပြောဖြစ်ကြပါ။ မတွေ့ဖြစ်သည့် သူငယ်ချင်းတွေ အ ကြောင်း၊ ဆွေမျိုးတွေ အကြောင်းလောက်သာ ဖြစ် သည်။ နေတော်တော် စောင်းမှ ညနေစာ ချက်ဖို့ ရှိသည်ဆိုပြီး ခင်မျိုး ဆွေ ပြန်သွားသည်။ မပြန်ခင် ဒီအကြောင်းတွေကို သူငယ်ချင်းတွေ အမျိုးတွေကို မပြောပါဟု သန်းအောင်မြင့် ကတောင် မတောင်းဆိုပါဘဲ နှင့် အလိုက်တသိ ကတိပြုသွား သည်။
နောက်တနေ့ကျတော့ တကယ်ပင် ခင်မျိုးဆွေ ရောက်လာသည်။ သူတယောက်ထဲ မဟုတ်။ သွက်သွက်လက် လက် နှင့် ချစ်စရာ ကောင်းသော မိန်းကလေး တယောက်လည်းပါလာသည်။
“ ငါ့မောင် ရဲလင်းကို နင်မှတ်မိတယ် မဟုတ်လား။ သူက ရဲလင်း သူငယ်ချင်း မီးမီးတဲ့။ သူက… သူက …နင့်လိုပဲ လုပ်ထား တာလေ။ အဲဒါကြောင့် ခေါ်လာတာ၊ နင့် အတွက် အကြံလေးဘာလေး ပေးဖို့ ပေါ့ဟာ။”
ဖော်ရွေပြီး သဘောကောင်းမည့် အသွင်ရှိသော မီးမီးက လှိုက်လှိုက်လှဲလှဲ ပြုံးပြ၏။ တချိန်က ယောက်ျားလေး တ ယောက် ဖြစ်ခဲ့သည် ဟု ဘယ်လိုမှ ထင်စရာမရှိသော မီးမီးကိုကြည့်ရင်း ငါဆိုရင် ဘယ်လိုပုံထွက်လာမှာလဲ ဟု သန်းအောင်မြင့် စဉ်း စားကြည့်မိသည်။ ဆေးရုံက Marketing အမျိုးသမီးကတော့ Package A နှင့် ဆိုရင် နတ်သမီး လေး လို လှသွားစေရမည် ဟု ပြောခဲ့တာ ပြန်သတိရ၏။ သန်းအောင်မြင့် အတွက်ကတော့ နတ်သမီးလေးလို မလှချင်နေပါ စေ၊ လုလု နှင့် ရှေ့သွား နောက်လိုက် ညီရုံလောက်ဆိုလျှင် ကျေနပ်နေပါမည်။
ခနနေတော့ သူ့ အမျိုးတသိုက် နှင့် အတူ လုလု ရောက်လာသည်။ ဆေးရုံကတာဝန် ရှိသူတွေ၊ ရှေ့နေ တွေ၊ အသိသက် သေ ဆွေမျိုးတွေ ရှေ့မှာ လုလု နှင့် အတူ လက်မှတ်တွေ ထိုးကြရတော့ သန်းအောင်မြင့် စိတ်ထဲမှာ လူကြီးစုံရာရှေ့မှာ ၂ ဦး သဘောတူ လက်မှတ်ထိုးကြရသလိုမျိုး ခံစားကျေနပ်ရသည်။ ပြုံးရွှင်နေသည့် သန်းအောင်မြင့်ကိုကြည့်ပြီး အကြောင်း မသိသည့် အခြားသူတွေကတော့ လိင်ပြောင်းဖို့ အထူးပင် တက်ကြွနေသည်ဟု ထင်ကြပါလိမ့်မည်။
စာရွက်စာတမ်းတွေ လက်မှတ်ထိုး သည့် ညနေမှာပင် ယောက်ျားဖြစ်ဖို့ မအောင့်အီးနိုင်အောင် ဖြစ်နေသည့် လုလု၏ လော ဆော်မှုကြောင့် သန်းအောင်မြင့်တို့ ဆေးရုံ စတက်ကြသည်။ ဒါပေမယ့် ဆရာဝန်တွေ ဖက်က ပြင်ဆင်စရာတွေ ရှိသေးလို့ နောက် ၃ ရက်နေမှ ခွဲစိတ်ခန်းသို့ ရောက်သည်။
ခွဲခန်းဝင်မည့် မနက်က မအားသည့်ကြားမှ ခင်မျိုးဆွေ ရောက်လာသည်။ မီးမီးလည်းပါသည်။ ဒါပေမယ့် သူတို့မှာလည်း ကိစ္စတွေ ရှိနေသေးလို့ သန်းအောင်မြင့်ကို ခနတဖြုတ် အားပေးပြီး ပြန်ကြရသည်။ သန်းအောင်မြင့်က တော့ စိုးရိမ်ဖို့ ကြောက် ဖို့ထက် ဆေးရုံရောက်ကထဲက တနေရာစီ ခွဲထားလို့ မမြင်ရ သည့် လုလုကို တွေ့ရဖို့ အာရုံရောက်နေသည်။ ခွဲစိတ် တော့မည့် အချိန်နီးလို့ သူ့ ကို ကုတင်ပေါ်တင်ပြီး တွန်းယူသွားကြ တော့မှ ခွဲခန်း အဝတွင် သူ့လိုပင်ကုတင်ပေါ်မှာ ပက်လက် ကလေး ပါလာသော လုလုနှင့် ဆုံသည်။ သန်းအောင်မြင့် ကို တချက်ပြုံးပြ နှုတ်ဆက် ပြီးနောက် မျက်လုံး မှိတ်ပြီး ညိမ်နေ သောကြောင့် လုလု ကြောက်နေသည်ဟု ယူဆ၍ အားပေးရန် သန်းအောင်မြင့် ကြိုးစားမိသည်။
“ လုလု ဘာတွေ ငြိမ်ပြီး စဉ်းစားနေတာလဲ။”
“ ကျွန်တော့် နာမည်ကို လုလုအောင် ကနေ ဘယ်လို ပြောင်းပစ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာ။”
အထင်နှင့် အမြင်လွဲသွားပေမယ့် လုလု၏ တည်ငြိမ်မှုကို သန်းအောင်မြင့် သဘောကျသွားသည်။ ခေါင်းထဲကို အတွေးတခု လည်း လှစ်ကနဲ ဝင်လာသည်။
“ ဒီလို လုပ်ကွာ၊ ကိုယ်က လုလုဆီက ယူတာဆိုတော့ လုလုအောင် နာမည်ကို ယူလိုက်မယ်။ လုလုက သန်းအောင်မြင့် လုပ်လိုက်။”
“ ကျွန်တော့် ဘကြီးတယောက် ပိုင်တဲ့ ဆန်စက် နာမည်က သန်းအောင်မြင့်တဲ့၊ အဲဒါကြီးတော့ မဖြစ်ပါဘူး။”
လုလု၏ အဖြေစကားကြောင့် ရင်ထဲမှာ နင်၍ သန်းအောင်မြင့် ဘာပြောရမှန်း မသိဖြစ်သွားသည်။ ထိုအချိန်မှာ ပင် ခွဲ စိတ် ခန်း တံခါး ပွင့်သွားပြီး သူတို့ ၂ ယောက်ကို အထဲသို့ တွန်းယူသွားကြသည်။ အထဲ ကိုရောက်တော့ အခန်းတဖက် တချက် စီ မှာ ရှိသည့် ခွဲစိတ် ကုတင်တွေပေါ် တင်လိုက်ကြသည်။ သန်းအောင်မြင့်က တော့ လုလုကိုသာ လိုက်ကြည့် နေမိသည်။ ဒါပေမယ့် ခနအတွင်းမှာပင် သူတို့ ၂ ယောက်ကြားကို လိုက်ကာ တခုက ခြားသွား ၏။ ဆရာဝန်တွေ သူနာပြုတွေ ရောက် လာကြ၏။ သန်းအောင်မြင့်၏ ရင်တွေလည်း အခုမှ တဒုန်းဒုန်းခုန်လာသည်။ စိုးရိမ်သလိုလို ကြောက်လန့် သလိုလိုနှင့် ဘယ် လို ကြီးမှန်းတောင် မသိတော့ပါ။ ကုတင် ပေါ်က ခုန်ဆင်း ပြေးချင်စိတ်တွေ ပေါက်လာသည်။ ထို့ကြောင့် မေ့ဆေး မြန်မြန်ပေးလိုက်ပါတော့ ဟုသာ ဆုတောင်း နေမိ၏။
...........................................................
( ၉ )
အလျင်လိုကာမှ အနှေး ဖြစ်ဆိုသလို ဒီနေ့ စောစော ပြန်ချင်ကာမှ အလုပ်တွေ မပြီးလို့ တရုံးလုံး အချိန်ပို ဆင်းရသည်။ စိတ်တိုနေ သော ကေသီ့ကို ကြည့်ပြီး မမနီက အပြန်မိုးချုပ်မှာ စိုးလို့ ထင်ပြီး သူ့ အိမ်လိုက် အိပ်ဖို့ ပြောသည်။
“ ငါ့ ယောက်ျား ခရီးသွားနေတယ်။ လွတ်လွတ်လပ်လပ်ပဲ ။ လိုက်ခဲ့ မလား။”
ဒါပေမယ့် စိတ်က တခြားရောက်နေသော ကေသီကတော့ ၂ ခါတောင် မစဉ်းစားဘဲ ညင်းပစ်လိုက်သည်။ ဒီလိုနှင့် အလုပ် က ပြန်တော့ ည ၈ နာရီ ကျော်နေလေပြီ။ လိုင်းကားတွေ ရှိနေသေးပေမယ့် မန်နေဂျာ တယောက်က ကားနှင့် လိုက်ပို့ ပေး သည်။ မန်နေဂျာ နှင့် အိမ်နီးချင်း စာရင်းကိုင် အန်တီ တယောက်လည်းပါသည်။ ဒါပေမယ့် သူသွားရမည့် လမ်းနှင့် ဆန့် ကျင် ဖက် ဖြစ်နေတာကို သိလိုက်ရတော့ အားနာပြီး ကေသီ အိမ်နား မရောက်ခင် ဆင်းလိုက်၏။
“ မနက်စာ အတွက် ဈေးဝယ်ရ ဦးမယ်ဆရာရေ၊ ဒီနားမှာ ဝယ်ပြီးရင် ဟိုဖက် ၂ ဘလောက်ပဲ လမ်းလျှောက်ရတော့မှာ။ ကျေးဇူးတင်ပါတယ် ဆရာ။”
မန်နေဂျာ ထွက်သွားတော့ လမ်းကြုံနေလို့ ကေသီ တကယ်လည်း ဈေးဝယ် ဖြစ်ပါသည်။ ညလုံးပေါက် ဖွင့်သည့် ဈေးဝယ် စန်တာ ကြီးက ပြန်ထွက် ချိန်မှာ ၉နာရီ ကျော်လောက်တော့ ရှိမည် ထင်ပါသည်။ မြန်မြန် ရောက်ချင်ဇော နှင့် လူရှင်း သည့် လမ်းကြားတခုမှ ဖြတ်သွားဖို့ ဆုံး ဖြတ်လိုက်၏။
ကေသီ စိတ်လောနေသည်မှာ အကြောင်းရှိပါသည်။ ကေသီ ရာသီလာနေလို့ စက်ဘီး မစီး ဖြစ်တာ လေးငါးရက်လောက် ရှိပြီ ဖြစ်သည်။ မနေ့ကမှ အဲဒါက ပြီၤးသွားသည့် အတွက် ဒီနေ့တော့ စီးဖြစ်အောင် စီးချင်သည်။ နောက်ပြီး အသေးဆုံး ဆို သည့် ၄ လက်မ အတံက နည်းနည်း ရိုးသွားပြီ ဆိုတော့ ဒီနေ့ ၅ လက်မ ပြောင်းသုံးဖို့လည်း စိတ်ကူးထားသည်။ အတွေ့ အကြုံ သစ်၊ ခံစားမှု အသစ် ဖြစ်မှာမို့ ရင်တွေလည်း ခုန်ရသည်။ နေ့လည်ကထဲက အဲဒီ အကြောင်း ခေါင်းထဲ ရောက်လာ တိုင်း ညီမလေးက တစိုစို ဖြစ်နေရလို့ မြန်မြန် ပြန်ချင်နေခါမှ အိုဗာတိုင် ဆင်းလိုက်ရ၍ ကေသီ ခုလို စိတ်တိုမိခြင်းပါ။
မီးတိုင်ခပ်ကျဲကျဲ နှင့် လူသွားလူလာ ရှင်းသည့် လမ်းကလေးထဲမှာ ခပ်သွက်သွက်လာရင်း အိတ်ထဲ က ဖုန်းမြည် သံ ကြားလိုက်ရလို့ မမနီ ဖြစ်မှာပဲ ဟုတွေးရင်း ဖုန်းကို လက်နှင့် နှိုက် စမ်းနေစဉ် လမ်းထောင့် တခုက ပေါ်လာသော လူ တ ယောက်နှင့် အရှိန် ပြင်းပြင်း ဝင်တိုက်မိသည်။ ဈေးဝယ်လာသည့် အိတ်က လွတ်ကျပြီး အထဲက အထုပ်တွေ လမ်းပေါ်ကို ပြန့်ကျဲ ကုန်သည်။
“ ဘယ်လို လုပ်လိုက်တာလဲ”
ဒေါသတကြီးနှင့် ကေသီ ကုန်းအော်လိုက်မိ၏။
“ ဟိုဗျာ၊ ကျွန်တော် …. ကျွန်တော်…၊ တကယ်ပါ. . မမြင်လိုက်လို့ပါဗျာ ”
တိုက်မိသူက လည်း ဖုန်းပြောလာပုံရသည်။ ဖုန်းကို အင်္ကျ ီအိတ်ထဲ ကပျာကယာ ထိုးထည့်ပြီး ပြုတ်ကျ သည့် ပစ္စည်း တွေ ပျာပျာ သလဲ လိုက်ကောက် ပေးသည်။
“ ဒုက္ခပါပဲ ဗျာ၊ ဒီမှာ ကြက်ဥတွေတော့ ကွဲကုန် ပြီထင်တယ်။ ကျွန်တော် ပြန်ဝယ်ပေးပါရစေ။”
“ နေပါစေတော့”
စိတ်မရှည်စွာ ဖြင့် ကေသီ ခပ်ဆတ်ဆတ် ပြောရင်း သူ့လက်ထဲက ပလပ်စတစ် အိတ်ကို ဆောင့်ကြီး အောင့်ကြီး ပြန်ဆွဲ ယူလိုက်သည်။ ထို အချိန်မှာ အနားသို့ လူ ၃ ယောက် ရောက်လာသည်။
“ ဘာဖြစ်တာလဲ ညီမ၊ ဒီကောင် ဘာလုပ်လို့လဲ။”
ပြောပြောဆိုဆို နှင့် သူတို့က ကေသီ နှင့် တိုက်မိသူကို ဝိုင်းလိုက်တော့ သူလည်း တော်တော်လန့်သွားပုံရသည်။ ကေသီ လည်း ဒီတော့မှ သနားသွား၏။
“ ဘာမှ ..ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ မတော် တဆ တိုက်မိကြတာပါ။ သူ့ကို မေးကြည့်ပါဗျာ။”
သူပြောတာ မှန်ကြောင်း ပြောမလို့ ပြင်လိုက်ချိန်တွင်ပင် မွှေးရနံ့ စူးစူး တခုကို ကေသီရလိုက်ပြီး တလောကလုံးလည်း မှောင် အတိကျသွားသည်။
....................................................
(၁၀)
ဆေးရုံထဲက ထွက်လာသည့် ရဲလင်း ခြေလှမ်းတွေက သွက်လက်နေသည်။ ညက တညလုံး မအိပ်ခဲ့ရပေမယ့် လန်းဆန်း နေ၏။ အမေ့ အတွက် စိတ်အေးသွားရပြီ ဆိုသော အသိကြောင့် ရင်မှာလည်း ပေါ့ပါးနေသည်။ မျှော်လင့်ချက် ကုန်လုလု ဖြစ်နေချိန်တွင် အမေ နှလုံး အစားထိုးခွင့် ရလိုက် ခြင်းက ရဲလင်း အတွက် တကယ့်ကို မင်္ဂလာတပါး ဖြစ်သည်။ ယောက်ျား ဘဝကိုလည်း ဆုံးရှုံးရန် မလိုတော့ ။ အားလုံး အဆင် ပြေသွားလေပြီ။
အစားထိုးမှု အောင်မြင်ပြီး အမေ့ အခြေအနေလည်း ပုံမှန် ရှိသည်ဟု သိလိုက်ရသည့် အချိန်တွင် အမေ အော်ပရေးရှင်း မစ မီ ကထဲက ဆေးရုံမှာ ရှိနေပြီး တမှေးမှလည်း မအိပ်ရသေးသည့် ရဲလင်းကို ညီဖြစ်သူ နှင့် အမ က အတင်း အိမ်ပြန် လွှတ် ကြ၏။ သူတို့လည်း ရှိနေပြီ အမေကလည်း အခြေအနေ ကောင်းသည် ဆိုတော့ ရဲလင်းလည်း စိတ်ချလက်ချ အိမ်ပြန်လာ ခဲ့သည်။
လမ်းမှာ တွေ့သည့် ထမင်းဆိုင် တဆိုင်မှာ ညစာ ဝင်စားပြီး အိမ်ဖက်သို့ လျှောက်လာရင်း မီးမီး ကို အကျိုးအကြောင်းပြော ဖို့ မေ့နေတာ သတိရပြီး ဖုန်းခေါ်လိုက်မိသည်။ ရဲလင်း ပစ္စည်း ဖြုတ်ရောင်းမှာကို စိုးရိမ်နေသော မီးမီးလည်း အကြောင်း စုံသိတော့ တော်တော် ဝမ်းသာ သွားသည်။
“ မင်း မနက်ဖြန်လည်း အလုပ်က ခွင့်ရသေးတယ်ဆိုရင် နားလိုက်လေ။ ငါ အော့ဖ် ရထားတယ်။ အန်တီနဲ့ နေ့ခင်းဖက် သွားနေပေးမယ်။ မင်း ညနေမှ လာခဲ့။”
ငယ်သူငယ်ချင်းမို့ တအိမ်လုံး နှင့် ရင်းနှီးသည့် မီးမီးက တတ်နိုင်သလောက် ကူခြင်း ဖြစ်သည်။ အမ က အိမ်ထောင်သည်၊ ညီက ကျောင်းတဖက် နှင့် ဆိုတော့ မီးမီး လာကူရင် ရဲလင်း ပို အနားရနိုင်သည်။
“ ကျေးဇူးပဲ သူငယ်ချင်းရာ၊ ငါလဲ စိတ်မော လူမော ဖြစ်နေတာ ခုနေ အိပ်ရင် မနက်ဖြန် ညနေလောက်မှ နိုးမယ် ထင်တယ်။”
“ အေးလေ၊ အဲဒါဆိုလည်း ညနေမှ လာပေါ့ကွာ၊ ငါ မနက်ဖြန် မနက် ဂျူတီ သွားချိန်းလိုက်မယ်။ လိုအပ်ရင် ငါ့ ချစ်ချစ်ကို ပါ စစ်ကူ လှမ်းခေါ်လို့ ရသေးတယ်။”
“ အေး ဒါဆိုရင် ဒါပဲနော်”
ဖုန်းချခါ နီးကျမှ လမ်းမှာ လူတယောက်ကို ရဲလင်း ဝင်တိုက်မိသည်။ သင်းပျံ့ပျံ့ ရနံ့လေးတခု နှင့် အိကနဲ အတွေ့တခု ကြောင့် တဖက်လူက မိန်းကလေး တယောက်ဆိုတာ သိလိုက်သည်။ ကောင်မလေး လက်ထဲက အိတ်တလုံး လွတ်ကျပြီး အထဲက ပစ္စည်းတွေ လမ်းပေါ် ပြန့်ကျဲ ကုန်သည်။
ကောင်မလေး အော်ပြောတာကို ကြားသည်။ အားနာစိတ်နှင့် ပူထူနေသော ရဲလင်း ဘာမှ သေသေချာချာ နားမလည်ပါ။ ရန်တွေ့ နေတာပဲ ဖြစ်လိမ့်မည်။ တတွတ်တွတ် တောင်းပန်ရင်း ပစ္စည်းတွေ ပြန်လိုက် ကောက်ထည့် ပေးမိသည်။ ကောင်မလေး ကို အိတ် ပြန်ပေးနေစဉ် အနားကို လူ တစုရောက်လာသည်။ မိန်းကလေး တယောက်ကို နှောက်ယှက် နေသည် ထင်ပြီး ဆွမ်းကြီးလောင်းခံရမှာကို စိုးရိမ်စိတ်ဖြင့် ပျာပျာသလဲ ဖြေရှင်းနေစဉ် ကြောင်ငေးကြည့်နေသော ကောင်မ လေး နောက်မှာလည်း လူတယောက် ရောက်နေတာ မြင်ရ၏။ ကောင်မလေး မျက်နှာကို အဲဒီလူက အဝတ်တခု နှင့် အုပ် လိုက်တာကို တွေ့လိုက်၍ သူ့ဆီပြေးဖို့ ခြေလှမ်း ပြင်သေးသော်လည်း ရဲလင်း ကိုယ်တိုင် စူးရှရှ မွှေးရနံ့ နှင့် အတူ ခွေလဲကျသွားသည်။ ပလက်ဖောင်း ကျောက်ပြားတွေ သူ့ဆီကို ပြေးလာနေတာကို ကြည့်နေရင်း ရဲလင်း ဘာမှ မသိ တော့ပါ။
အပိုင်း ( ၂ ) ဆက်ရန် >>>>>
No comments:
Post a Comment