Thursday, March 17, 2016

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၃ )

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၃ )

ရေးသားသူ -  Snow Flake

“ နွယ် ဒီမှာ လိမ္မော်ရည်….”

ဖျော်ရည်ခွက်ကို ကမ်းပေးရင်း နွယ့်နဘေးမှ ခုံတွင် ဉာဏ်လင်းညို ၀င်ထိုင်လိုက်သည်။ ခါတိုင်းနှင့် တခြားစီဖြစ်နေသော နွယ့် အမူအရာတို ့ကို စိတ်ထိခိုက်ခြင်းများစွာဖြင့် ငေးကြည့်နေမိ၏။ ဉာဏ်လင်းညို ယူလာပေးသော လိမ္မော်ရည်ကို နွယ် မော့သောက်လိုက်သည်။ တစ်ခွက်လုံးနီးပါး ကုန်သွားသော်လည်း ရင်ထဲတွင် ချိုမြိန်ခြင်း မရှိခဲ့ပါ။ 

“ ရေသောက်ချင်တယ် ဖိုးဉာဏ်..” ။

ဉာဏ်လင်းညို ခေါင်းတစ်ချက်ငြိမ့်ရင်း ရေအေးအေး တစ်ဗူးသွားယူလာပေးလိုက်သည်။ အေးမြသော ရေကလည်း နွယ့်ရင်ထဲမှ အပူမီးကို မငြိမ်းစေနိုင်ခဲ့ပါချေ။ ဉာဏ်လင်းညို.. နွယ့်ကို စိုက်ကြည့် နေမိ၏။ နွယ်၏ အသက်မပါသော လှုပ်ရှားမှုများက သူ ့ရင်ကို မချင့်မရဲ ဖြစ်လာအောင် လှုံ့ဆော် နေလေသည်။

“ နွယ်…”

တိုးသက်ညင်သာစွာ ခေါ်လိုက်မိသည်။ ခေါင်းငုံ့ထိုင်နေသော နွယ် ပြန်မထူးပါ။ နွယ့် ပခုံးကလေး သိမ့်ကနဲ တစ်ချက် လှုပ်သွားပြီး ပေါင်ပေါ်တင်ထားသော လက်ဖမိုး ဖြူဖြူပေါ်သို ့ မျက်ရည်စက်တစ်ခုက ပေါက်ကနဲ ကျလာသည်။

“ နွယ်ရယ်… နင် အရမ်း ပင်ပန်းနေပြီ… ဒီတိုင်း ရှေ ့ဆက်သွားရင် ပိုပင်ပန်းလိမ့်မယ်… နည်းနည်းလောက် ထပ်စဉ်းစားပါဦးလား ဟာ…”

“ …….”

“ ဒီပုံစံနဲ ့ တစ်သက်လုံး လျှောက်ရမယ့် ခရီးကို နင် ဘယ်လိုလျှောက်မလည်း နွယ်…”

“ …….”

“ နွယ်… ငါ့ကို တစ်ခုခု ပြန်ပြောဦးလေ…”

“ …….”

“ နင့် ဆုံးဖြတ်ချက်ကို ပြင်မယ်ဆိုရင် အချိန်မှီပါသေးတယ် နွယ်ရယ်… နော်..”

နွယ့်ဘက်က တသိမ့်သိမ့် ရှိုက်ငိုနေသည်မှလွဲ၍ တစ်စုံတစ်ရာ တုန့်ပြန်မှု မရှိသလို ဉာဏ်လင်းညိုလည်း သည်ထက်ပိုပြီး ဘာမှ မပြောရက်တော့ပါချေ။ အရာရာ စနစ်တကျ ရေးချယ်ထားသော ချစ်သူ၏ အနာဂတ်ကို မိမိလက်နှင့် မဖျက်ဆီးရက်ပါ။

သို့သော် ထိုအနာဂတ်သည် လှပသော အနာဂတ်တစ်ခု ဖြစ်လာမည် မဟုတ်ကြောင်း သိနေသဖြင့် ချစ်သူနှင့် ထပ်တူ ရင်နင့် ခံစားရသည်ပင်။ သည်အချိန်တွင် မိမိ အလုပ်သင့်ဆုံးက နွယ့် ကို သည်ဒုက္ခတောမှ လွတ်အောင် ဆွဲခေါ်ထုတ်သွားခြင်း ဖြစ်သင့်သော်လည်း ခေါင်းမာလွန်းသော ချစ်ရသူကို မည်သို့မျှ ဖြောင်းဖျနိုင်ခြင်း မရှိခဲ့ပါ။ ယခုလည်း မိမိရှေ ့တွင် တသိမ့်သိမ့် ရှိုက်ငိုနေသော သူမ ကို အကောင်းဆုံး နှစ်သိမ့် ပေးနိုင်ရန် နည်းလမ်းရှာနေမိသည်။

“ နွယ်… ”

လုံး၀န်းကျစ်လစ်သော ပခုံးလေးနှစ်ဘက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ညင်သာစွာ ခေါ်လိုက်သည်။ ခေါင်းငုံ့၍ တသိမ့်သိမ့် ရှိုက်ငိုနေသော နွယ့်မေးဖျားလေး ကို အသာ အယာ ဆွဲယူ မော့စေ လိုက်၏။ ပင်ကိုယ်က စူးရှတောက်ပနေလေ့ရှိသော နွယ့်မျက်၀န်းတို့တွင် မျက်ရည်ပူတို့က အိုင်ထွန်းလျှက်.. မျက်နှာတစ်ခုလုံးတွင်လည်း ချယ်သခြင်း ကင်းကာ သောကအရောင်တို့ဖြင့် နီစွေး နေလေသည်။ 

ညင်သာစွာ မော့ကြည့်လာသော နွယ့်မျက်၀န်းတို့က တစ်စုံတစ်ခုသော ဆုံးဖြတ်ချက်ကို မည်သည့် အကြောင်းနှင့် မျှ ပြန်ပြင်တော့မည် မဟုတ်ကြောင်း သိသာနေ၏။ လင်းလက်ခြင်း ကင်းမဲ့နေသော သည်မျက်၀န်းတို့တွင် နောက်ကြောင်း ပြန်လှည့်မည် မဟုတ်သော ပြတ်သားမှုတို ့က နေရာ ယူနေကြသည်။ ပန်းသွေးရောင် နှုတ်ခမ်းနှစ်လွှာ က တစ်ဆတ်ဆတ် တုန်ရီ နေသလိုလို..။

နှစ်ဦးသား အချိန်အတန်ကြာ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်နေမိကြသည်။ နှလုံးသွေးတို့ ဆူ၀ေ လောင်မြိုက်လာကြ၏။ မိန်းမတို့၏ မျက်ရည်သည် ယောကျၤားတို ့ အပေါ် မည်မျှ လွှမ်းမိုးနိုင်ကြောင်း ဉာဏ်လင်းညို လက်တွေ့ခံစားနေရသည်။

ဤမျက်ရည်တို ့၏ ပိုင်ရှင်မှာ မိမိချစ်ရသူ ဖြစ်နေခြင်းက ပိုဆိုး၏။ ချစ်သူခံစားနေရသော ၀ေဒနာတို ့ကိုသက်သာလို သက်သာငြား နှစ်သိမ့် ပေးလိုပါသော်လည်း မိမိကိုယ်တိုင်က မငိုမိအောင် ကြိုးစားနေရသည်လေ။ နွယ့် ပါးပြင်ပေါ်မှ မျက်ရည်တို့ကို ညင်သာစွာ သုတ်ပေးမိသည်။ 

တသိမ့်သိမ့် လှုပ်ခါနေသော နွယ့် ပခုံးသားတို ့ကို ထွေးပွေ ့ရင်း ပွတ်သပ်ချော့မြူနေမိသည်။ နွယ့် ခေါင်းကလေးက ဉာဏ်လင်းညို၏ မေးစေ့အောက် လည်ပင်းကြားကို တိုး၀င်လျှက် ကလေးတစ်ယောက်သဖွယ် ငိုကြွေးနေ၏။နွယ်တစ်ယောက် မိမိ၏ ၀မ်းနည်း မျက်ရည်တို ့ကို ချစ်ရသူ၏ ရင်ခွင်တွင် နောက်ဆုံးအနေနှင့် သွန်ချနေတောသည်။

နွယ့် ဆံကေသာတို ့ ဆီမှ သင်းပျံ့ချိုအီသော ရနံ ့တစ်မျိုးက ဉာဏ်လင်းညို ၏ နှာခေါင်းမှ တဆင့် ရင်ထဲထိ တိုး၀င်လာနေသည်။ ကျစ်လစ်သွယ်လျသော နွယ့် ကိုယ်လုံးကလေးကို တင်းကျပ်စွာ ထွေးပွေ့ထားရင်း ဉာဏ်လင်းညို ရင်ထဲတွင် ပိုင်ဆိုင်လိုစိတ်တို့က တားဆီးမရ..။

ချစ်ရသူကို မည်သည့် နည်းနှင့်မျှ ဆုံးရှုံး မခံနိုင်ပါချေ။ ယခုကဲ့သို ့မိမိရင်ခွင်ထဲတွင် ထာ၀ရ ထွေးပွေ့ထားချင်မိသည်။ ဆုံးရှုံးခါနီးလေ.. ဆုံးရှုံးမှာကြောက်လေ..။ နွယ့် နှဖူးပြင်လေးကို ညင်သာစွာ အနမ်း ပေးလိုက်မိသည်။ နွေးထွေး ဖြူစင်သည့် အနမ်း.. နွယ် မငြင်းပါ။ငိုရှိုက်သံတို့ အတန်ငယ် တိုးသက်သွားပြီး အချော့ကြိုက်သည့် ကလေးငယ်တစ်ဦးပမာ ငြိမ်သက်နေမိသည်။ တိတ်ဆိတ် နေသော ဧည့်ခန်း ထဲတွင် သူတို့နှစ်ဦး၏ အသက်ရှုသံများက အလွမ်းတေး တစ်ပုဒ်၏ ဂီတ သံ အလား..။

ဉာဏ်လင်းညို… နွယ့် မေးဖျားကလေးကို ညင်သာစွာ ဆွဲမော့ယူလိုက်၏။ ရီ၀ေသော အကြည့်များနှင့် နွယ့် မျက်နှာလေး မော့လာသည်။ မျက်ရည်တို့ဖြင့် စိုစွတ်နေသော မျက်၀န်းတို့က စကားပေါင်းများစွာ ပြောနေသယောင်..။ 

နှစ်ဦးသား မျက်၀န်းခြင်း စကားပြောကြရာမှ ဉာဏ်လင်းညို၏ အကြည့်တို့က တဆတ်ဆတ် တုန်ရီနေသော နွယ့် နှုတ်ခမ်းများ ဆီသို့။ အမြဲလိုလို နှုတ်ခမ်းဆိုးဆေး အရောင်အမျိုးမျိုးတို့ဖြင့် တင်းတင်းစေ့ထားတတ်သော နှုတ်ခမ်းပါးပါး တို့က ယနေ့အဖို့တော့ ချယ်သခြင်း ကင်းကာ နွမ်းလျ ဖျော့တော့နေသည်။

“ ငါ့ကို စိတ်ဆိုးချင်လည်း ဆိုးလိုက်တော့ နွယ်ရယ်…” 

ရင်ထဲမှ တိုးတိတ်မြည်တမ်းကာ နွယ့်နှုတ်ခမ်းတို့ကို အသာအယာ စုပ်နမ်းမိတော့သည်။ နွယ်စိတ်ဆိုး မသွားပါ။ မျက်တောင်လေးများကို မှေးစင်းကာ မျက်လုံးများ ညင်သာစွာ မှိတ်လိုက်၏။ မူးယစ်ပြင်းရှသော အနမ်းတို့ကို ညင်သာစွာ စီးမြော တုန် ့ပြန်နေမိသည်။

နှစ်ဦးသား အသိစိတ်တို့ကင်းလွတ်ကာ လက်ရှိ လွမ်းမောဘွယ် အခြေအနေတို ့မှ လွတ်ရာ လွတ်ကြောင်း အေ၀းတစ်နေရာသို့ ရွက်လွှင့်မိကြသည်။ အနမ်းတို့က ပိုမို ပြင်းရှ လာ၏။ခန္ဓာကိုယ် နှစ်ခုမှာလည်း တစ်ဦးကိုတစ်ဦး လွတ်ထွက်သွားမှာ စိုးရိမ်သည့်အလား တင်းကျပ်စွာ ပွေ ့ဖက်လျှက်..။ ဉာဏ်လင်းညို ၏ ပူနွေးသော အနမ်းစိုစို တို့က နှုတ်ခမ်းများမှသည် နွယ့် မျက်နှာပြင် နေရာ အနှံ့.. ထို့နောက် လည်တိုင်ကျော့ကျော့.. ။ 

နွယ်ကိုယ်တိုင်လည်း ထိုအနမ်းတို့ကို နှစ်သက် မက်မောစွာ ခံယူနေမိသည်။ ဘာကိုမျှ မစဉ်းစားချင်တော့ပါ။ များမကြာမှီ ရက်ပိုင်း အတွင်း မိမိ၏ သွေးသားနှင့် ခန္ဓာကိုယ်တို ့ကို မိမိ မချစ် မနှစ်သက်သောသူက မြိန်ရည်ရှက်ရည် စားသုံးတော့မည်။သည်အချိန်တွင် ဖိုးဉာဏ်သာ အလိုရှိမည်ဆိုပါလျှင် မိမိတန်ဘိုးထားကာ စောင့်ထိန်းခဲ့သော အပျိုစင်ပန်းကို ပေးရန်အထိပင် နွယ် သတ္တိကောင်းခဲ့ပါသည်။

ဉာဏ်လင်းညိုလည်း အိပ်မက်ထဲတွင် လမ်းလျှောက်နေမိသကဲ့သို့ပင် အတန်တန်ထိန်းခဲ့သော စိတ်ရိုင်းတို့ကို ချွန်းအုပ်ရန် သတိမကပ်နိုင်ခဲ့။ ကန္တာရ ခရီးပြင်းတွင် စိမ့်စမ်းရေတစ်ပေါက်ကို သောက်မိသူအလား နွယ့် ခန္ဓာကိုယ် တစ်ခုလုံးကို ထွေးပွေ့ပွတ်သပ်ကာ အနမ်းများ အငမ်းမရ ပေးနေမိသည်။

လက်ချောင်းများကလည်း ရွှေလည်တိုင်ကျော့ကျော့ မှသည် လုံးကျစ်တင်းရစ်သော ရွှေရင် နှစ်မွှာဆီသို ့ အကျီအပေါ်မှ ပင် ဆုပ်နယ်ချေမွရင်း ရင်နှစ်မွှာအောက်မှ နှလုံးသား၏ မြည်ဟီး သံကို စည်းချက် ညီစေရန် ဖန်တီးနေမိသည်။ နွယ့်လက်ကလေးတွေကလည်း မိမိကျောပြင်ပေါ်မှာ။ ပြင်းထန်သော အနမ်းတို့နှင့် တိတ်ဆိတ်နေသည့် အိမ်ခန်းထဲတွင် အတိုင်းသား ကြားနေရသော အသက်ရှုသံတို့က နှစ်ဦးသား၏ စိတ်ဆန္ဒတို့ကို ခရီးေ၀းရောက်အောင် ပိုမို တွန်းအား ပေးနေသယောင်။

မျက်ရည်ပူတို ့ဖြင့် တချိန်လုံးနီးပါး စိုစွတ်ခဲ့ရသော နွယ့် ပါးပြင်သည်လည်း ဉာဏ်လင်းညို၏ ပင့်သက် နွေးနွေး များကြောင့် ခြောက်သွေ့သွားခဲ့ပြီ။ ယခုတဖန် သည်းထန်သော အနမ်းမိုးတို ့ကြောင့် မျက်ရည်စို ့လာရသည်မှာက နွယ့် ညီမလေး။ 

ခန္ဓာကိုယ်ချင်းကလည်း တစ်ထပ်တည်း ကျလုနီးပါး ပူးကပ်နေသည်ဖြစ်ရာ လူနှင့် လိုက်ဘက်စွာ ထွားကြိုင်းသန်မာသော ဖိုးဉာဏ်ညီလေး၏ ဒေါသတကြီး တင်းမာခက်ထန်နေမှုက နွယ့် ပေါင်တံသွယ်သွယ်များကို ကြက်သီးမွှေးညင်း ထစေသည်အမှန်ပင်။ 

နွယ့်စိတ်ထဲတွင် မိမိခန္ဓာကိုယ်မှ ယိုစီးကျနေသော ၀တ်ရည်တို့၏ ရနံ့ကိုပင် ရနေသလိုလို။ သောကအားလုံးကို မေ့ကာ ကြင်နာသူ၏ ပထမဆုံးနှင့် နောက်ဆုံးဖြစ်မည်ဟု ယူဆရသော အထိတွေ့ကို စိတ်လိုလက်ရပင် ခံယူနေမိသည်။ အလွန်နှစ်သက် မက်မောဖွယ်ကောင်းလှသော ခံစားချက်ပါလား။

လှိုက်ဖိုမော အနမ်းတို့မဆုံးနိုင်ခင် ဉာဏ်လင်းညို ခေါင်းထဲတွင် အသိတရားတစ်ခု လက်ကနဲ ၀င်ရောက်လာခဲ့သည်။ မကြာမီ လက်ထပ်ပွဲဆင်နွှဲရတော့မည့် ချစ်သူ.. အချစ်မပါသော ဘ၀တစ်ခုကို မျက်စိစုံမှိတ်ကာ လျှောက်လှမ်းရမည့် အရေးတွင် ကြုံလာနိုင်သည့် အခက်အခဲက နည်းမည်မထင်ပါ။ ယခုချိန်တွင် မိမိဘက်က သွေးသားနှင့် အချစ်စိတ်၏ တောင်းဆိုမှုကို မချုပ်တည်းနိုင်ခဲ့ပါလျှင် သည်အခိုက်အတန် ့ကာလကလေး၏ ဆိုးကျိုးကို ရင်ဆိုင်ရမည့်သူမှာ မိမိ ချစ်ရသူပါလား။ 

နောက်ဆုံးအနေနှင့် ချစ်ရသူကို အခြားသူလက်ထဲ ရင်နာစွာထည့်လိုက်ရသည် ဆိုစေဦးတော့ တချိန်ချိန်တွင် ကံတရားက တစ်မျိုးတစ်ဖုံ ကြုံလာခဲ့ပါလျှင်.. ဟုတ်သည်.. ဉာဏ်လင်းညို ဘ၀တွင် လိုချင်မက်မောသော အရာဟူသမျှ ပင်ပန်းခက်ခဲစွာ ကြိုးစားရသည်ချည်းသာ။ သို့သော် သူမတူအောင် ဇွဲကောင်းသော စရိုက်ကြောင့် လိုချင်သမျှ ရနိုင်ခဲ့သည်။ ယခုလည်း နွယ့်ကို တချိန်ချိန်တွင် မိမိပြန်လည်မပိုင်ဆိုင်နိုင်ဘူးဟု မည်သူငြင်းနိုင်မည်နည်း။ 

မတွေးသင့် မတွေးအပ်သော အတွေးကို တွေးနေမိသော်လည်း ထိုအတွေး သက်သက်ကြောင့်တော့ ချစ်ရသူ၏ ဘ၀ရှေ ့ရေးကို အနှောက်ယှက် မဖြစ်စေလိုပါ။တုန်ရီနေသော အနမ်းတို့ကို ရပ်လိုက်သည်။ နှဖူးချင်း အသာ ထိကပ်ကာ ရမ္မက်ဇောတို့၏ အရှိန်ကို တစ်ချက်ချင်း မြိုချလိုက်၏။ နွယ် မျက်တောင်ကလေး စင်းကာ ငြိမ်သက်နေသည်။ မျက်စိ စုံမှိတ်လျှက်က လေးသံတိုးတိုး မျှဖြင့် နွယ့်ကို ပြောမိသည်။

“ နွယ်… ငါ… ငါ မှားမိတော့မလို့… မဟုတ်ဘူး ငါ မှားသွားတယ်… ငါမှားသွားတယ် နွယ်ရယ်…”

“ ……”

“ ငါ့ကို စိတ်ဆိုးလား နွယ်… တစ်ခုခု ပြောပါဦးဟာ…”

“ ဟင့် အင်း … ငါ ပျော်တယ် ဖိုးဉာဏ်….”

“ ဘာပဲ ဖြစ်ဖြစ် ငါတောင်းပန်ပါတယ် နွယ်… ငါ့ကြောင့် နင့် ရှေ ့ရေး အနှောက်ယှက် မဖြစ်စေချင်ဘူး… ဒါပေမယ့် နင် လိုအပ်လာတဲ့ အချိန် ငါ့ကို အမြဲ သတိရ… ဘာကိစ္စပဲ ဖြစ်လာဖြစ်လာ ငါ့ကို သတိရနော် နွယ်… ငါ နင့်ကို….”

စောင့်နေမယ်… ဟူသော စကားစုက နှုတ်ဖျားမှ ထွက်မလာသော်လည်း ရင်ထဲတွင် ပဲ့တင်ထပ်လျှက်။ နွယ့်ပါးပြင် အိအိကလေးကို နောက်ဆုံးအနမ်းတစ်ချက်ပေးရင်း လူချင်း ခွာလိုက်သည်။

“ နွယ်.. ငါပြန်လိုက်ပို ့ပေးရမလား…”

နွယ် သူ့ကို ရီ၀ေစွာ မော့ကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်၏။ ယောကျ်ား တစ်ယောက်တောင် ထိန်းနိုင်သေးတဲ့ ရမ္မက်စိတ်ကို နွယ်ဘာလို့မထိန်းနိုင်ရမှာလည်းနော်။ သူရှိရာနေရာကို ရောက်လာ ခဲ့ပေမယ့် သူကိုယ်တိုင်က ပြန်ပို့ဘို့ပြောစဉ်မှာ 

“ ငါမပြန်ချင်သေးဘူး..” 

လို့ ပြောရလောက်အောင် နွယ်မာန မနည်းပါ။ ရုတ်တရက် ထရပ်လိုက်ပြီး အိမ်အပြင်သို့ခပ်သွက်သွက်ပဲ ထွက်လာ ခဲ့တော့သည်။ ဉာဏ်လင်းညို ဂိုဒေါင်ဘက် သွားပြီး ကားထုတ်နေစဉ် ခြံ၀န်းကလေးကို တစ်ချက် မျက်စိကစားကြည့်မိ၏။ နွယ်တို ့ပြန်ဆုံကတည်းက တတွဲတွဲ ရှိခဲ့သော်လည်း သည်ခြံကလေးကိုတော့ ယခုမှ ရောက်ဖြစ်သည်။ သစ်ပင်စိုက်ဝါသနာပါပုံရသော ဖိုးဉာဏ်.. ခြံထဲတွင် စိုက်ပျိုးထားသည့် ပန်းပင်များ မနည်းလှချေ။ 

“ အော်.. သူက တစ်သက်လုံး ပျော်ချင်တဲ့သူထင်ပါရဲ့…”

တွေးနေစဉ် အနားသို့ကားရောက်လာသောကြောင့် အသာတက်ခါ ပြန်ခဲ့တော့သည်ပေါ့။

.................................................................................................................

အခန်း  ( ၄ )

“ ကျနော့် သတို ့သမီး ကို ရှယ်နော် မာမီ.. နတ်သမီး ရှုံးအောင်ပြင်ပေးဗျာ…”

“ အမလေးနော်.. အဖြစ်သည်းနေလိုက်တာ.. ကိုထက်အောင်ရယ်.. ရှင့်သတို ့သမီးက မပြင်ခင် ကတည်းက လှနေတာ.. ကျုပ်က နှမ်းလေး ဖြူးယုံပါ..”

“ မျက်ခုံးတွေ မရိတ်နဲ ့ဗျာ.. နှမြောလို့… နှုတ်ခမ်းနီကကော နဲနဲ ရင့်မနေဘူးလား.. နွယ့်မျက်နှာက နှုတ်ခမ်းဖျော့ဖျော့လေးနဲ့ပိုလိုက်တာ…”

သတို့သမီး အလှပြင်ခန်းအတွင်း အလှဖန်တီးရှင်ထက် သတို့သားက ပို အလုပ်များနေ၏။ ဇနီးချောလေးကို အနီးကပ်ကြည့်လိုက် အေ၀းမှ ခွာကြည့်လိုက်နှင့် အိနြေ္ဒမရနိုင်။သူ့အတွက်တော့ နွယ်သည် တစ်ဘက်သက် ချစ်ခဲ့ရသူ။ စီးပွါးဘက် လုပ်ငန်းရှင်များဖြစ်ကြသော နှစ်ဘက်မိဘ၏ စီစဉ်မှုကြောင့် ဆိုသော်လည်း နွယ့်ကို သူ မြင်မြင်ချင်းကတည်းက ချစ်ခဲ့ပါသည်။ 

မာနမင်းသမီးဟု တင်စားကြသော သည်မိန်းကလေးကို ရဘို့ငွေအား၊ ဂုဏ်အားနှင့် မိဘတို့၏ အရှိန်ဝါကို အသုံးချခဲ့ရသည်။ လက်ထပ်ပြီးမှ ချစ်သူဖြစ်သွားတဲ့ စုံတွဲတွေလည်း ရှိသားပဲဟူသော အတွေးဖြင့်ပေါ့။မင်္ဂလာ ခန်းမ အတွင်းတွင် တီး၀ိုင်းအဖွဲ ့၏ တေးသံသာများနှင့် ရွှေပွဲလာ မင်းပရိတ်သတ်တို ့၏ စကားသံများ၊ တလက်လက် တောက်ပနေသော စိန်ရောင် ရွှေရောင်များအကြားတွင် သတို့သမီး၏ မျက်၀န်းတို့က တစ်ယောက်သောသူကို ရှာဖွေလျက်။ သူရောက်လာမည်မလာဘူး မသေချာ သော်လည်း မျှော်နေမိသည်။

ခဏနေတော့ အခန်းနားမှုးအဖြစ် တာ၀န်ယူမည့် ပုဂ္ဂိုလ် ရောက်လာကာ မင်္ဂလာစင်မြင့်သို ့လှလှပပ လျှောက်လှမ်းရန် သင်ပြနေသည်။ ပန်းကျဲ၊ လက်စွပ်ဗန်းကိုင် မိန်းကလေးများ၊ အရံစုံတွဲများ၊ နှစ်ဘက်မိဘများ အသီးသီး နေရာယူကာ အခါတော်ပေး သီချင်းသံနှင့် အတူ စင်မြင့်ထက်သို့ခန်းနား သိုက်မြိုက်စွာ လှမ်းတက်ခဲ့ကြ၏။ 

စင်မြင့်ပေါ်တွင် နေရာယူပြီးသော အချိန်ထိ နွယ့်စိတ်တို့ကိုယ်နှင့် မကပ်ပါချေ။ အခန်းနားမှုး၏ သြဘာစကားများ ပရိတ်သတ်တို့၏ ကောင်းချီးလက်ခုပ်သံများ ကြားတွင် နွယ့်အာရုံတို့၀ေဝါးကာ မူးနောက်ရီေ၀နေတော့သည်။ ဤမျှ ခန်းနား တင့်တယ်သော မင်္ဂလာပွဲတွင် မိမိချိတ်တွဲထားရသော လက်မောင်းတစ်ဘက်သည် ချစ်သူ၏ လက်များသာ ဖြစ်ခွင့်ရခဲ့ပါလျှင်…။

ညဘက် နွယ်တို ့ခြံထဲတွင် ကျင်းပသော မင်္ဂလာ ညစာစားပွဲ အပြီးတွင်တော့ နွယ် ပင်ပန်းကြီးစွာ ခံစားနေရပြီ။ တစ်နေကုန် စက်ရုပ်သဖွယ်လှုပ်ရှားခဲ့ရသည်က တစ်ကြောင်း၊ လှပစွာ ၀တ်စားပြင်ဆင်ထားရသော သတို့သမီးတစ်ဦး၏ အဆောင်အယောင်တို ့ကြောင့်တစ်ကြောင်း၊ မကြာခင်ရင်ဆိုင်ရတော့မည့် မချစ်မနှစ်သက်သူ၏ အထိအတွေ့တို့ကို စိုးထိတ်မှုကြောင့်တစ်ကြောင်း စိတ်ရောကိုယ်ပါ နွမ်းလျှနေ၏။

သတို့သားကတော့ သူငယ်ချင်းများနှင့် သောက်စားပျော်ပါးကာ အောင်ပွဲခံလို ့ကောင်းနေဆဲ။ ဖေဖေနှင့် မေမေကတော့ အနားယူအိပ်စက်သွားကြပြီ။ ခြံထဲတွင် ကိုထက်အောင်၏ သူငယ်ချင်း အပေါင်းအသင်းများမှ လွဲ၍ လူလည်း သိပ်မကျန်တော့။ ဆည်မြောင်း ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုထက်အောင်က တာ၀န်ကျရာ ဒေသများတွင် နေထိုင်ရသူမို ့ ရန်ကုန်ရှိ ကျောင်းနေဘက် သူငယ်ချင်းများနှင့် တွေ့ခဲသည်လေ။ 

မင်္ဂလာပွဲအပြီး နောက်တစ်ပါတ်တွင် တာ၀န်ကျရာဒေသသို့ဇနီးချောလေးကို အပါခေါ်ကာ ပြန်ရမည်မို့ ဘော်ဒါ အပေါင်းအသင်းများနှင့် တွေ ့တုန်းကြုံခိုက် စကား စ က မပြတ်နိုင်။ ညနက်လာတော့ နွယ်လည်း နားချင်ပြီမို့

“ နွယ် တက်နှင့်တော့မယ်နော်..”

ဟု ခပ်တိုတိုပြောကာ အိမ်ပေါ်တက်လာခဲ့တော့သည်။

အပေါ်ထပ်ရောက်တော့ ယခင်က မိမိ တစ်ဦးတည်းပိုင်ဆိုင်ခဲ့သော အိပ်ခန်းလေးကို တစ်ချက် လှည့်ကြည့်ကာ ဘေးကပ်လျှက်မှ မင်္ဂလာ အိပ်ခန်းထဲသို့ စိတ်မပါ လက်မပါ ၀င်လာခဲ့သည်။ ခန်းနားလှပစွာ ပြင်ဆင်ထားသော မင်္ဂလာခန်း၀င် ပစ္စည်းများနှင့် ဤအိပ်ခန်းသည် နွယ့်စိတ်ကို မည်သို့မျှ မဆွဲဆောင်နိုင်ပါချေ။

မှန်တင်ခုံတွင် အသာ ထိုင်လိုက်ရင်း ရောင်စုံမိတ်ကပ်တို ့ဖြင့် လှပစွာ ချယ်သထားသောမိမိ မျက်နှာကို ထိုင်ကြည့်နေမိသည်။ ထုံးဖွဲ့ဆင်ယင်ထားသော ဆံထုံးကို ဖြည်ချရန် ခေါင်းပေါ်သို့လက်လှမ်းလိုက်တော့ သူငယ်ချင်းတစ်ယောက် ပြောပြဘူးသည့် မင်္ဂလာဦးည၏ ကြည်နူးဖွယ်ရာ အချိန်တို့အကြောင်းက ခေါင်းထဲသို့၀င်လာ၏။ 

သူမ ခင်ပွန်းက ဆံထုံးကို မည်သို့ ဖြည်ချပေးကြောင်း မျက်နှာပေါ်ရှိမိတ်ကပ်တို့ကို မည်သို့ဖျက်ပေးခဲ့ကြောင်း။ မဲ့ပြုံး တစ်ချက်ပြုံးရင်း မျက်ရည်တို ့က လည်လာမိပြန်သည်။ တကယ်တော့ မိန်းမသားဘ၀အတွက် တစ်သက်တွင် တစ်မင်္ဂလာ ဆိုသည်မှာ ချစ်ခြင်းတို့ဖြင့်သာ ထုံမွှမ်းနေသင့်သည်မဟုတ်ပါလား။အာရုံနောက်စရာ အတွေးတို ့ကို မောင်းထုတ်ကာ အနီးရှိ Baby oil ဗူးလေး နှင့် ဂွမ်းဗူးလေးကို လက်လှမ်းရင်း မျက်နှာပေါ်ရှိမိတ်ကပ်တို ့ကို ဖျက်ရန်ပြင်လိုက်သည်။ 

အရာရာသည် မိမိကိုယ်ပိုင် ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်သည်ပဲ။ မိဘစကား နားထောင်လို ့ အမှားမရှိနိုင်ဟူသော အတွေးကို မျက်စိမှိတ်တွေးကာ လုပ်စရာရှိတာ ခပ်သွက်သွက် လုပ်လိုက်သည်။ ခေါင်းပေါ်မှ ကလစ်များကို တစ်ချောင်းချင်း ဖြုတ်ကာ ဆံပင်ကို ဖြည်ချလိုက်၏။ 

အာရုံဆွမ်းကပ်ပွဲ အတွက် မနက်စောစောထကာ ထုံးဖွဲ ့ပြင်ဆင်ခဲ့ရသည်။ သတို ့သား၏ ခွင့်အခက်အခဲကြောင့် ဘုန်းကြီးဆွမ်းကပ်တာအပြင် ဧည့်ခံပွဲနှင့် လူငယ်မိတ်ဆွေများတွက် ညစာစားပွဲ အားလုံးကို တစ်ရက်တည်း အပြီးစီစဉ်ခဲ့ရ၏။ 

လက်မှတ်ထိုးတာကိုတော့ မိဘဆွေမျိုး အနည်းငယ်ဖြင့် တရားသူကြီး မိတ်ဆွေတစ်ဦး အကူအညီယူကာ ပြီးခဲ့သည့် တစ်ရက်ကျော်က အိမ်တွင်ပဲ အကျဉ်းရုံးလုပ်ဖြစ်သည်။ မိမိဆန္ဒမပါသော အစီအစဉ်များ ဖြစ်သောကြောင့် နွယ်ဘာမှ စောဒက တက်မနေတော့ပါ။ မြန်မြန်ကိစ္စပြီး မြန်မြန်နားအေးတာပဲ ဟုတွေးကာ အမေစီစဉ်သမျှ ခေါင်းငြိမ့်ခဲ့သည်။ 

နောက်ဆုံး မိမိ၀တ်ရမည့် ၀တ်စုံ များကအစ အခြားသတို့သမီးများကဲ့သို့စိတ်တိုင်းကျတာ မကျတာ ကြည့်မနေဖြစ်ခဲ့ပါ။ဧည့်ခံပွဲတွင် မြန်မာ ထိုင်မသိမ်း၀တ်စုံနှင့် လိုက်ဖက်သောဆံမြိတ် ဆံထုံး.. နောက်တစ်ခါ ညနေခင်းအတွက် ဂါ၀န်ရှည်နှင့် လိုက်ဖက်သော ဆံပင်ပုံစံ.. မိတ်ကပ်ကလည်း အထပ်ထပ်.. မျက်နှာတစ်ခုလုံး ထူပူကာ ခေါင်းတစ်ခုလုံးလည်း အုံခဲနေတော့သည်။ 

ရင်ခုန်စရာ မကောင်းသော ပွဲမို့လည်း လိုအပ်သည်ထက်ပို၍ ပင်ပန်းနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အကယ်၍များ ချစ်သူနှင့်သာ ဆိုပါလျှင် မိမိအကြိုက်များ သူ ့အကြိုက်များ အပြန်အလှန်ညှိနိုင်းကာ တော်တော် ပျော်စရာ ကောင်းမည် ထင်ပါသည်။အတွေးများကို လက်စသတ်ရင်း ပိုးသားပျော့ပျော့ ဂါ၀န်ရှည်ကို ချွတ်ပြီး မွှေးပွတဘက်ကို ပတ်ကာ ရေချိုးရန် ပြင်ဆင်လိုက်၏။ 

ပုံမှန်ချိန် ဆိုရင်တောင် ညအိပ်ခါနီး ရေချိုးပြီးမှ အိပ်တတ်သောနွယ်.. သည်လောက် စိတ်အိုက်နေပြီးမှတော့ ရေနွေးထဲတွင် တစ်နာရီလောက် စိမ်ပြီးမှသာ အိပ်ပျော်နိုင်တော့မည် ထင်ပါရဲ့။ရေချိုးခန်းထဲ၀င်ပြီး လိုအပ်သော ရေအပူချိန်ကို ချိန်ညှိနေစဉ် အပြင်မှအိပ်ခန်းတံခါး ဖွင့်သံကြား၍ နားစွင့်လိုက်မိသည်။ ကိုထက်အောင် ၀င်လာပြီပဲ။ 

“ ဟူးးးး….” 

သက်ပြင်းမောတစ်ချက် မှုတ်ထုတ်မိ၏။ မည်သို ့ပင်ဆိုစေ ယခု မိမိသည် ယောင်္ကျားတစ်ယောက်၏ ဇနီး မယား အဖြစ်သို ့ရောက်နေပြီ မဟုတ်ပါလော။ လူကြီးချင်း သဘောတူ၍ ပေးစားကြသည်ဆိုသော်လည်း ကိုထက်အောင် မိမိကို စိတ်၀င်စားနေမှန်း နွယ် ကောင်းစွာရိပ်မိပါသည်။ 

နွယ် စက်မှုတက္ကသိုလ် စ တက်သည့် အချိန် ကိုထက်အောင်က နောက်ဆုံးနှစ် ကျောင်းသားပေါ့။ စီးပွားရေး ပညာရေး အစစ အရာရာ ပြည့်စုံပြီး ဂုဏ်သရေရှိအသိုင်း အ၀ိုင်းမှ ပေါက်ဖွားလာသော်လည်း အနေအေးသူ.. မာန်မာန မရှိ.. လူချစ်လူခင် အပေါင်းအသင်းလည်း များသည်။

မိဘစီးပွားရေးကို စိတ်မ၀င်စားပဲ ဝါသနာပါရာ အင်ဂျင်နီယာ အလုပ်ဖြင့် ဆည်မြောင်း ဦးစီးဌာနတွင် တာ၀န်ထမ်းဆောင်ရင်း အိမ်ထောင်ရက်သားပြုသင့်သည့် အရွယ်ကျော်လွန်လာတော့ မိဘအကူအညီဖြင့် တိတ်တခိုးချစ်ရသော နွယ့်ကို ကမ်းလှမ်းခဲ့သည်။ မိသားစုချင်း ရင်းနှီးသည်မို့ သူ နှင့် နွယ် မစိမ်းပါ။ လက်ထပ်ကြရန်စီစဉ်ကြချိန် နွယ့်ရင်ထဲက သဘောထားကို သူမေးတော့

“ မေမေ့ ဆန္ဒက နွယ့်ဆန္ဒပါ.. ” 

ဟူ၍ပဲ နွယ်ဖြေခဲ့သည်။ အချစ်မပါသော အိမ်ထောင်ရေးများ သာယာတည်မြဲနေကြတာလည်း နွယ် မြင်ဘူးသားပဲလေ။

အခန်းထဲ၀င်လာသော ကိုထက်အောင် နွယ့်နားရောက်လာသည်။ လူပျိုဘ၀အတွက် နှုတ်ဆက်ပွဲ အထိမ်းအမှတ် အရက်နံ့က နွယ့်နှာခေါင်းမှသည် ရင်ထဲထိ လှိုက်ကနဲ ၀င်လာ၏။နွယ် သူ့ကို အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်မိသည်။ သူ့ကြည့်ရတာ အရက်ကြိုက်တတ်ပုံတော့ မရပါဘူး။ သည်လိုနေ ့ကတော့ သတို ့သားတိုင်း အရက်သောက်တတ်ကြသည်ပဲလေ။

“ နွယ်.. ရေချိုးမလို ့လား…”

“ ဟုတ်…”

“ ကိုယ်လည်း ရေချိုးဦးမှပဲ.. ညီးစီစီ ဖြစ်နေလို့..”

“ ကိုထက်အောင် ချိုးချင် ချိုးလေ.. နွယ် ဟိုဘက်ခန်းမှာ သွားချိုးလိုက်မယ်.. ”

“ ဟ ဟ .. သည်မှာပဲ ချိုးပါနွယ်ရယ်.. ကိုယ် ပြီးမှ ချိုးမှာပေါ့.. မြန်မြန်တော့ လုပ်လေ နော်.. ညနက်နေပြီ.. ”

“ ဟုတ်… မြန်ပါတယ်.. ခဏပဲ…”

“ အိုကေ… နွယ် ချိုးပြီးမှ ကိုယ့် အလှည့်...”

ဘာပဲပြောပြော ရေတူတူချိုးမယ် မပြောတာဘဲကျေးဇူးတင်ရဦးမည်။ တကယ်တမ်း ယောကျၤား တစ်ယောက်နှင့် ကိုယ်လက် နှီးနှောရမည်ဆိုတော့ နွယ့်စိတ်က အဆင်သင့် မဖြစ်သေးပါချေ။ ထို့ပြင် ဤသူသည် မိမိ ချစ်နှစ်သက်သောသူ မဟုတ်။ မိမိ အတွက် မည်သည့် ခံစားချက်ကိုမျှ ပေးစွမ်းမည် မထင်သော သူစိမ်းသက်သက် မဟုတ်ပါလားနော်။ စိတ်မော လူမောနှင့် ရေချိုးကန်ထဲ စိမ်မိသည်။ 

မကြာမီ မိမိခန္ဓာကိုယ်ကို သူစိမ်းယောင်္ကျားတစ်ယောက်က ထိတွေ့ပိုင်ဆိုင်တော့မည်။ အိမ်ထောင်ပြုပြီ ဆိုသည့်နောက်တော့ ထိုအိမ်ထောင်ဖက်ကို မိမိ ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ သည်ကိစ္စကတော့ ဖြင့် မိန်းမသားတိုင်း ရင်ဆိုင်ရပေမည်ကိုး။ နွယ် သိပ်အများကြီးစဉ်းစား မနေတော့ပါ။ 

ညကတော့ ညည့်နက်နေပြီ.. မိမိဘ၀လည်း သန်းခေါင်ထက်တော့ ညည့်နက်မည် မထင်ပါတော့ချေ။ရေချိုးပြီး ပြန်ထွက်လာတော့ ကိုထက်အောင်က ကုတင်ပေါ်တွင် လှဲနေသည်။ 

“ အိပ်ပျော် သွားပြီထင်တယ်…” 

နွယ် အနည်းငယ် စိတ်ပေါ့ပါးသွား၏။ ဘီဒို ကို အသံမထွက်အောင်ဖွင့်ရင်း ညအိပ်၀တ်စုံကို အသာထုတ်ယူလို်က်၏။ ကုတင်ပေါ်မှ လွန့်ကနဲ လှုပ်ရှားမှု နှင့် အတူ

“ မြန်သားပဲ နွယ်… ” 

ဟူသော စကားသံထွက်ပေါ်လာ၏။ 

“ အိုး သူမအိပ်သေးဘူးပဲ..” 

နွယ့်လက်တွေ ကတုန်ကရီ ဖြစ်နေပြီ။ ကိုထက်အောင် အိပ်နေရာမှ ထကာ တဘက်တစ်ထည်ကို ဆွဲယူပြီး ရေချိုးခန်းထဲ ၀င်သွား၏။ နွယ် အ၀တ်စား မြန်မြန် ၀တ်လိုက်သည်။ အိပ်ခါနီး လိမ်းနေကျ night cream ဗူးလေးကို လက်လှမ်းပြီးကာမှ.. 

“ အို.. မြန်မြန် အိပ်ချင်ယောင် ဆောင်နေတာ ပို အဆင်ပြေမယ် ထင်တယ်..” 

ရုတ်တရက်ပေါ်လာသော အတွေးကြောင့် ကုတင်ပေါ် အမြန်တက်ကာ စောင်ခြုံပြီး မျက်စိကို စုံမှိတ်.. အိပ်ပျော်ဘို ့ အရေး အလောသုံးဆယ် ကြိုးစားမိ၏။ စိတ်ကူးထဲတွင် သိပ်မကြာမှီက ကြုံတွေ့ခဲ့ရသော ဖိုးဉာဏ်၏ နွေးထွေးသော အနမ်းများ။

သည်နေ့မိမိ မင်္ဂလာပွဲကို သူရောက် မလာပါ။ နွယ်လည်း မျှော်နေမိပေမယ့် သူ့ကိုတွေ့ရလျှင် မျက်ရည်များ ကျမိဦးမလား။ လမ်းဆုံးပြီပဲလေ..။ သူနှင့် နွယ် ရှေ ့ဆက်လျှောက်ဘို့ လမ်း မှ မရှိတော့ပဲ။ မတွေ ့တော့တာပဲ ကောင်းပါတယ်။ ကြိုးစားကျိတ်မှိတ် အိပ်လိုပါသော်လည်း နွယ် မည်သို ့မျှ အိပ်မပျော်ပါ။ခဏနေတော့ ရေချိုးခန်းမှ ရေကျသံရပ်သွားသည်။ 

“ အိုး သူ ထွက်လာတော့မယ်ပေါ့.. အချိန်ကလည်း မြန်လိုက်တာ.. ငါ ဘာလို ့ အိပ်မပျော်သေးတာလည်း.. ခုထိ ဘာလို့အိပ်မပျော်သေးတာလည်း… ဟူးး ခက်လိုက်တာ…”

စိတ်ပင်ပန်းမှုကြောင့် လူက ချွေးပြန်လာသည်။ ထိုစဉ်ရေချိုးခန်းတံခါးဖွင့်သံ.. ကုတင်နား တိုးလျှောက်လာသော ခြေသံ.. လှည့်မကြည့်ဖြစ်သော်လည်း စိတ်က သိနေသည့် လှုပ်ရှားမှုများ.. ကိုထက်အောင် ရေသုတ်ပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။နွယ် မျက်စိစုံမှိတ်ပြီး အသက်ပင် မရှုရဲအောင် ငြိမ်နေမိ၏။ တိတ်ဆိတ်နေသော အခန်းထဲတွင် မိမိရင်ခုန်သံ မိမိ ပြန်ကြား နေရသည်ကပင် တဆိတ် ကျယ်လောင်လွန်းနေသယောင်။ 

“ သူ ဘာလို့အကျီ မ၀တ်တာလည်း.. ရေသုတ်ပြီး အိပ်ယာထဲ တန်း တက်လာတယ်.. ဒုက္ခပဲ.. အို ငါဘာတွေ တွေးနေတာလည်း.. ဒါ ဆန်းတဲ့ ကိစ္စမှ မဟုတ်ဘဲ.. သည်ည ငါအိပ်ပျော်နေလည်း နောက်ညတွေ.. ဟူးးးး… ငါ အခု သူ ့မိန်းမ ဖြစ်နေပြီပဲ… ”

ဂယောက် ဂယက် အတွေးတွေနှင့် လူက ငြိမ်သက်နေသလောက် စိတ်ကတော့ ၀ုန်းဒိုင်း ကျဲနေတော့သည်။ကိုထက်အောင် နွယ့် နဘေးတွင် ညင်သာစွာ ၀င်လှဲလိုက်သည်။ ခါးတွင် မွေးပွတဘက်ကို စည်းလျှက် အပေါ်ပိုင်းက အ၀တ်ဗလာ။ 

ရေချိုးနေစဉ်ကပင် မင်္ဂလာသတို့သမီး သာကီနွယ်၀င် ပန်းသဇင်ကို ဆွတ်ချူ ရှိုက်နမ်းဘို့အရေး တွေးကာ လူကြီးရော ကလေးပါ လန်းဆန်း နေသည်ကိုး။

နွယ် အိပ်များ ပျော်နေတာလား။ ဇနီး အသစ်စက်စက်လေးကို အားပါးတရ ချစ်ချင်ပါသော်လည်း သူ ့ခမျာ အိပ်ပျော်နေရှာလျှင်ဖြင့် မနှိုးရက်နိုင်ပါ။ မိမိကို ကျောပေးကာ လဲလှောင်းနေသော နွယ့် ကိုယ်လေးကို တစောင်းအုပ်မိုးလျှက် ကြင်နာစွာ ငုံ့ကြည့်မိသည်။ အေးစိမ့်နေသော အဲကွန်းအောက်တွင် နွယ့် နှဖူးလေးများ ချွေးစို့နေ၏။ 

တဆတ်ဆတ် လှုပ်ခတ်နေသော မျက်တောင်ကော့ကော့တို ့က သူမ အိပ်မပျော်သေးကြောင်း သက်သေ ပြနေသည်။ 

“ နွယ် အိပ်ချင်ယောင် ဆောင်နေတာပဲ.. ချစ်ဘို့ကောင်းလိုက်တာ.. ” 

အတွေးဖြင့် ပြုံးမိရင်း နွယ် ခြုံထားသော စောင်ကလေးကို အသာ ဆွဲ မ လိုက်တော့.. သူမထံမှ ခပ်လွန့်လွန့်လှုပ်ရှားမှု နှင့်အတူ.. 

“ အင့်..” 

ကနဲ အသံသဲ့သဲ့လေး ထွက်လာသည်။ သည်ကလေးမ အိပ်ချင်ယောင်ဆောင်ပေမယ့် နှိုးရမခက်ဘူးပဲ.. တော်ပါသေးရဲ့။

“ အိပ်ပျော်နေလား… ချွေးတွေထွက်နေလို့လေ.. နွယ်က စောင်ကြီး တအားခြုံထားတာကိုးးး”

“ ဟုတ်.. ဟိုလေ.. နွယ် မှေးကနဲ တစ်ချက် အိပ်ပျော်သွားတယ်..”

“ အွန်းး နွယ် ပင်ပန်းနေရောပေါ့.. ”

“ ……”

“ …..”

နှစ်ဦးသား ဆက်ရန်စကားက မရှိတော့ပြန်ပါ။ ကိုထက်အောင်တစ်ယောက် နွယ့်ကို ချစ်ခွင့်ရရေး မည်သို ့ မည်ပုံစကား ဆက်ရမည် မသိဖြစ်နေတော့သည်။ ဇွတ်ကြီး တက်ပြီး ထင်ရာ မြင်ရာ လုပ်ရပြန်လျှင်လည်း နွယ် စိတ်ဆိုးသွားမလား ပူမိသေးသည်။

သည်ကြားထဲ လောလောဆယ်မှာ သူမ အချစ်ကို ကိုယ်က မရသေး။ တော်တော်ကြာ ကိုယ့်မိန်းမ ကိုယ် မုဒိန်းကျင့်သလို ဖြစ်နေကာမှ ဒုက္ခ။ ကိုယ့် မိန်းမ ကိုယ်.. အွန်း သည်လို တွေးပြန်တော့လည်း နွယ် က ကိုယ့်မိန်းမပဲ။အသက် အစိတ်ကျော်လွန်ပြီးသော ခေတ်လူငယ် မိန်းကလေးတစ်ယောက် အနေနဲ့ကြင်စဦးတို့၏ ချစ်မှုရေးရာကို မသိလောက်အောင်တော့ နေမည်မဟုတ်ပါ။ အနီးကပ်ရနေသော နွယ့် ကိုယ်သင်းရနံ့တိုက မိမိစိတ်ကို ပိုမို နှိုးဆွနေသည်။ ဘွားဘက်တော် ညီမောင်ကည်း ထိန်းမနိုင် သိမ်းမရ ရုန်းကြွနေ၏။

“ တတ်နိုင်တော့ဘူး… ကြိုးစားကြည့်မယ်.. သူလည်း နားလည်လောက်မှာပါ…” 

ကိုယ့် အတွေးနှင့် ကိုယ် ရဲဆေးတင်ရင်း နွယ့်ဘေးတွင် တစောင်းလှဲချလိုက်သည်။ နွယ့် နှဖူးပြင်ပေါ်မှ ဆံစ ကလေးများကို လက်ဖြင့်ညင်သာစွာ သပ်တင်ပေးလိုက်၏။ မျက်လုံးကလေး စုံမှိတ်ထားသော နွယ့် ထံမှ အသက်ရှုသံ စည်းချက် မမှန်ကြောင်း သူ သိလိုက်သည်။ နထင်ဘေးမှ ပါးပြင်တစ်လျှောက် လက်ထိပ်ကလေးနှင့် ထိတို့ကြည်စယ် လိုက်၏။ နွယ့် ပုခုံးကလေး အိကနဲ့မသိမသာ မြင့်တက်လာသည်။ ကိုထက်အောင် အနည်းငယ် စိတ်ရဲလာသည်။ 

နွယ့် နားရွက်ဖျားကလေးကို လက်မ လက်ညှိုးတို ့နှင့် ဖွဖွလေး ချေပေးလိုက်၏။ နောက်တစ်ဆင့် လည်တိုင်ကျော့ကျော့ ပေါ်မှာ ဆံယဉ်နုနုတို ့ကို အသာလေး ဆော့ကစားကြည့်သည်။ နွယ့် ပါးပြင်ကလေး သိသိသာသာ ပင် ရဲတက် လာပြီ။

ထူးဆန်းသော တွေ့ထိမှုများကို နွယ် စိတ်အိုက်နေမိသည်။ သူစိမ်းယောင်္ကျားတစ်ဦး မိမိခန္ဓာကိုယ်ကို စိတ်ကြိုက် ခြယ်လှယ်နေပြီ။ ဤသူသည် မိမိ ချစ်ရသူ မဟုတ်။ သို့သော် မိမိကို ပိုင်ဆိုင်သူ။ သူ့ကို မိမိ စိတ်က မနှစ်လိုသော်လည်း မထိတထိ ကြည်စယ်နေသော သူ့လက်များကို ငြင်းဆန်ခြင်းငှာ မစွမ်းသာ။ လုပ်ချင်တာ မြန်မြန်သာ လုပ်လိုက်ပါတော့ဟုပင် တွေးကာ စိတ်ကို လျှော့ချထားမိသည်။ 

သူ့လက်များက စောင်အောက်မှ နွယ့် လက်မောင်းများပေါ်သို့ရောက်လာသည်။ နွယ့် လက်မောင်းပေါ်မှ ကြက်သီး မွှေးညင်း ကြမ်းကြမ်း ကလေးများကို လက်ဖဝါးဖြင့် ထက်အောက် စုံဆန် ပွတ်သပ်နေ၏။

“ အော်… သည်လူ့နှယ် ခက်ပါဘိ… သူစိမ်း မိန်းမ တစ်ယောက်ကိုလည်း အိပ်ယာထဲ အလွယ်တကူ ချစ်နိုင်သားပဲ…” 

စိတ်ပျက်လက်ပျက် အတွေးတို့နှင့် နွယ့် တစ်ကိုယ်လုံး ထူပူ နေမိသည်။ကိုထက်အောင် စိတ်ရိုင်းတို့ကို ထိန်းမရနိုင်တော့ပါ။ မွေးပွ တဘက်အောက်တွင် အဆီးအတားမဲ့ ရှိနေသော အချစ်သူရဲကောင်းကလည်း တိုက်ပွဲ၀င်လိုလှပြီ။ အကြော ပြိုင်းပြိုင်းထကာ သွေးဆူ နေသော ညီတော်မောင်ကို ချွေးသိပ်နိုင်ဘို ့ မြန်မြန် ကြိုးစားမှ တော်ကာကျပေမည်။ လက် တစ်ဘက်ကို တံတောင်ထောက်ပြီး နွယ့်ကိုယ်ပေါ် တစ်စောင်း အုပ်မိုးလိုက်၏။ 

“ နွယ် ရယ်… ချစ်တယ်ကွာ….” 

လေသံသဲ့သဲ့ ကလေးနှင့် ပြောကာ မျက်နှာပြင် အနှံ့ အနမ်းများ ပေးလိုက်သည်။ နောက်တော့ ဘေးစောင်း အနေအထား ဖြစ်နေသော နွယ့်ကို ညင်သာစွာ ဆွဲလှည့် လိုက်တော့၏။နွယ့် ကိုယ်လေးက သူလိုချင်သော အနေထားသို့ခပ်တောင့်တောင့် ပါလာသည်။ သည်ကလေးမ မျက်စိစုံမှိတ်ကာ စိတ်ကို တင်းထားသည်ပဲ။ အံကျိတ်ထားသဖြင့် ထောင်ထွက် နေသယောင်ရှိသော မေးကြောလေးများက စိမ်းလို့။

တင်းတင်း စေ့ထားသော နှုတ်ခမ်းလေးများကို အနမ်းပေးလိုက်သည်။ နွယ် ငြိမ်နေမိ၏။ ရေချိုး ပြီးကာစ လန်းဆန်းသော ဆပ်ပြာရနံ ့ကလေးက ကိုထက်အောင်ကို ပိုမိုကြည်နူးစေသည်ပင်။ပြင်းရှသော အနမ်းတို့ကို လည်တိုင် ဆီသို့ရွှေ့လိုက်၏။ လက်မောင်း အိအိကလေးကိုလည်း ညင်သာစွာ ပွတ်သပ်နေမိသည်။ နွယ့် အသက်ရှုသံတို့ အနည်းငယ် ကမောက်ကမ ဖြစ်လာသည်။ 

ကိုယ့်ချစ်သူ မဟုတ်သော ယောင်္ကျားတစ်ယောက်ကို မိမိစိတ်က အလိုမရှိသော်လည်း ခန္ဓာကိုယ် က လက်ခံ နိုင်နေသည်မှာ အဘယ်ကြောင့်နည်း။ နွယ် ကိုယ့် ကို ကိုယ် ပင် မယုံချင်.. ညာလည်း မညာချင်ပါ.. သူ့ကို နွယ် မချစ်မနှစ်သက်သော်လည်း မူးယစ် ရီ၀ေစေသော အနမ်းတို ့ကို မငြင်းဆန်မိသည်မှာ အတန်ငယ် ထူးဆန်းနေသည် မဟုတ်ပါလား။ 

မိမိစိတ်ကတော့ ဉာဏ်လင်းညို ဆီမှာပေါ့။ သူ ဘာလုပ်နေမလည်း.. နွယ့်ကို သတိရနေမည်လား.. နွယ်ကကော တခြားတစ်ယောက် ရင်ခွင် ထဲကနေ သူ့ကို သတိရနေတာ ဖြစ်သင့်ရဲ့လား..။ကိုထက်အောင်လက်တွေက နွယ့့်လက်မောင်းမှသည် ရင်နှစ်မွှာဆီသို့ ဖြည်းဖြည်းချင်း ကျူး ကျော် လာသည်။ အင်္ကျီပေါ်မှ နေ၍ နွယ့် ရင်သား မို့မို့လေးတွေကို ဆုပ်နယ် ချေမွနေ၏။

ညအိပ်တော့မည်မို့အတွင်းခံ ဘရာ ၀တ်မထားသော နွယ့် ရင်အစုံက ကိုထက်အောင်၏ သိမ်မွေ့သော ထိတွေ့မှုများအောက်တွင် ပုံမှန်ထက်ပိုကာ တင်းရစ်နေသယောင်.. နွယ်လည်း နေရ ခက်လှပါပြီ။ စုံမှိတ်ထားသော မျက်လုံးထဲတွင် တစ်ချိန်လုံး မြင်နေမိသည်က ဉာဏ်လင်းညို၏ ရီေ၀ေ၀ အကြည့်များ။ သည်လိုပဲ အမြဲ ဖြစ်နေတော့မှာလား… မိမိစိတ်ခံစားချက်နှင့် ခန္ဓာကိုယ်၏ စေ့ဆော်မှု.. သည်နှစ်ခု တခြားစီဖြစ်နေသော ဒဏ်ကို နွယ် အင်မတန်မှ စိတ်မောမိပါသည်။ 

သူ့လက်တွေက အင်္ကျီအောက်ကို မသိမသာ လျှို၀င်လာ၏။ နွယ် တစ်ချက် တွန် ့သွားမိသည်။ ကိုယ်တွင်းမှ ကလီစာများ လည်း ဗြောင်းဆန်နေပြီ။ သိို ့သော် သည်ခံစားချက်ကို နှစ်သက်နေသလိုလို..။ကိုထက်အောင်၏ လက်များက နွယ့် ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးကို ကျွမ်းကျင်စွာ ခရီးနှင် နေတော့၏။ ဟိုတစ်နေ့က ဖိုးဉာဏ်အိမ်တွင် ကြုံ ခဲ့ရသော အထိအတွေ့အချို့ကို နွယ် သတိရနေမိသည်။ မိမိ ကိုယ်ကို အပစ်မကင်းသလို ခံစားရကာ မျက်ရည်လည်လာ မိသည်ပေါ့။ 

နောက်တစ်ခု နွယ် သိလိုက်ရသည်က နွယ့် ခန္ဓာကိုယ် အောက်ပိုင်း တစ်နေရာမှ မရိုးမရွ ခံစားချက်တစ်ခု… ညီမလေး ငိုချင်နေသည်ပဲ။ မသိမသာလေး ရှိန်းမြမြ ဖြစ်ကာ အခိုး အငွေ့တစ်ခုပင် ယှက်သမ်းနေသလိုလို.. ထိတွေ့မှု တစ်စုံတစ်ရာကိုလည်း တောင့်တ နေမိသည်။

တစ်ဆက်တည်း စိတ်မှာ ခံစားရပြန်သည်က ဒါ ဖြစ်သင့်ရဲ့လား ပေါ့။ သည်လိုသာ အမြဲဆိုလျှင် နွယ် ရူးသွားနိုင်သလား.. အခု နွယ့်ဖြစ်နေပုံကို ဖိုးဉာဏ် မြင်သိလျှင် ဘယ်လို နေမလည်း။ ကိုထက်အောင်ကော ရိပ်မိ သွားနိုင်သလား။ စဉ်းစားနေစဉ်ပဲ ကိုထက်အောင် လက်တွေက ည၀တ်ဘောင်းဘီရှည် အတွင်း ချဉ်းနင်း ၀င်ရောက်ကာ နွယ့်ညီမလေး ရှိရာဆီ ချီတက် လာကြပြီ။

နွယ် မျက်နှာကို တစ်ဘက်သို ့လှည့်ကာ အံကျိတ်ထားမိသည်။ သိမ်မွေ့ညင်သာသော ထိတွေ့ပွတ်သပ်မှုများကြောင့် တစ်ကိုယ်လုံးရှိ အာရုံ အားလုံး သည်နေရာ တစ်ခုတည်းတွင် ကျရောက် နေသလိုလို။မျက်လုံးများကိုလည်း တင်းသထက် တင်းအောင် မှိတ်ထားမိသည်။ သို့သော် မိမိ အမြင်အာရုံတွင် ပြိုးပြိုးပြက်ပြက် အလင်းများ ရှိနေ၏။ တနေကုန် မြင်တွေ့ခဲ့ရသော စိန်ရောင် ရွှေရောင်များ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ထိုစဉ် ရုတ်တရက်ကြီး ကိုထက်အောင် လှုပ်ရှားမှုတစ်ခု ပြုလိုက်သည်။

နွယ့် ရင်မွှာ သီးလုံးလေး တစ်ဘက်ဆီမှ စိုစွတ်နွေးထွေးသော ထိတွေ့မှု.. 

“ ဟူးးး…အ..”

နွယ် ထိတ်နဲ လန့်သွားသလို တစ်ခုခုကို သေသေချာချာ ခံစားမိလိုက်သည်။ ရင်အုံ တစ်ခုလုံးလည်း စောစောပိုင်းကထက် ပို၍ တင်းမာကာ ထူပူလာသည်။ သီးလုံးကလေးများကို တစ်ချက်တစ်ချက် ဖွဖွလေးကိုက်ချေလိုက်… လျှာထိပ်ဖြင့် သွက်သွက်လေး လှုပ်ရမ်း ကြည်စယ် လိုက်.. 

“ဟင်းးး အင်းးး အင်းးး ”

နွယ် ခါးလေး ကော့တက်လာကာ ပုံမှန် အသက်ရှုသံထက် အနည်းငယ် ပိုသော ညည်းညူသံလေးများ အလိုလို ထွက်လာမိသည်။ 

“ ဟင့် အင်း.. သူက ငါ့ချစ်သူ မဟုတ်ဘူး… ငါ့ကို ပိုက်ဆံနဲ့အပိုင်၀ယ် ထားတဲ့သူ…”

စိတ်က သည်သို့တွေးနေပါလျှက် ခန္ဓာကိုယ်က ဘာကြောင့်များ သည်အထိအတွေ့များကို လိုလား နှစ်သက်နေပါသလည်း။ ပိုဆိုးသည်က နွယ့် မျက်၀န်းထဲက ပုံရိပ်.. သည်ပုံရိပ်က ဘာလို့များ ဖိုးဉာဏ် ဖြစ်နေရတာလည်း။ နွယ့် ညီမလေးလည်း မျက်ရည်လည်ရွှဲ ဖြစ်နေရပါပြီ။ 

နွယ် လည်း ပင်ပန်းလှပါပြီ။ ကိုထက်အောင် လှုပ်ရှားလိုက်ပြန်၏။ နွယ့် ကိုယ်ပေါ်မှ အ၀တ်အစားများကို တစ်ခုချင်း ချွတ်ပစ်နေသည်။ နွယ် မရုန်းမိပါ။ ထို ့နောက် တစ်ဆင့်တက်ကာ နွယ့် ကိုယ်ပေါ် အုပ်မိုးလျက် နေရာ ယူလာသည်။နာကျင်သလိုလို ကြည်နူးသလိုလို တစ်စုံတစ်ယောက်ကို တမ်းတ သလိုလို အမည်မဖော်နိုင်သော ခံစားချက်များက နွယ့် ရင်တစ်ခုလုံး ဗလောင်ဆူအောင် မွှေနှောက်နေတော့သည်။

မျက်၀န်းတွင် စို ့တက်လာသော မျက်ရည်ဥတိုက မည်သို့သော ခံစားချက်ကြောင့်ပါလိမ့်။ တင်းထားမိသော စိတ်နှင့် သာယာမှုကို မငြင်းဆန်နိုင်သော ခန္ဓာကိုယ်တို့၏ လွန်ဆွဲမှု အကြားတွင် အပင်ပန်းရဆုံးက နွယ့် နှလုံးသားပဲဖြစ်ပါလိမ့်မည်။ သည်လို ပင်ပန်းမှုမျိုး နွယ့် သက်တမ်းတလျှောက် ခံစားရဦးမည်။

ပျော်ရွှင် ချမ်းမြေ့မှု၏ အနှစ်သာရကို နွယ်ရှာလို့တွေ့နိုင်ပါ့မလား။ မိဘစကားကို မြေ၀ယ်မကျ နားထောင်မိသော နွယ့်ရှေ ့ရေးက မိဘရင်ကို တစ်ကယ်ပဲ အေးစေနိုင်ပါ့မလား။ အထိအတွေ ့၏ သာယာမှုကို မသိစိတ်ဖြင့် နှစ်သက်နေမိသော ခန္ဓာကိုယ်က ယောက်ယက် ခတ်နေသော နွယ့် အတွေးများကို လျစ်လျူရှုစပြုနေသည်။

လှိုင်းစီးသလို တငြိမ့်ငြိမ့် ကြည်နူးမှုက စောစောပိုင်းက နာကျင်မှုများကို အေ၀းသို ့ရောက်သွားစေ၏။ နှုတ်ခမ်းတို့စေ့စေ့ပိတ်ထားသော်လည်း တအင့်အင့် ရှိုက်သံတို့က ၀မ်းနည်းမှု ကျေကွဲမှု ကြောင့်လား… သာယာ ကြည်နူးမှုကြောင့်လား… နောက်ဆုံးမတာ့ ကိုယ်ခန္ဓာ၏ လိုအင်ကို နွယ့် စိတ်တို့တင်းမထားနိုင်တော့ပါချေ။

သူစိမ်း ယောကျ်ားတစ်ယောက်၏ ရင်ခွင်တွင် မိမိချစ်သူကို တမ်းတ မိနေခြင်းက ကောင်းသော လက္ခဏာ မဟုတ်သော်လည်း အပြစ်တစ်ခုတော့ မဟုတ်ဟု နွယ် ယူဆချင် မိပါသည်။ ကိုထက်အောင်ထံမှ တိုးသက်သော အားယူသံတို့က မိမိ ရင်တွင်းသို့အလုအယက် ၀င်လာနေသည်။ နာသာ ခံခက်သော ဆက်ဆံမှုတို ့က အင်အား ပြင်းထန်လာပြီ။ နွယ် စိတ်အစဉ်ကို အဆုံးထိ လွှတ်ချလိုက်တော့၏။ 

ဒါ သဘာ၀ပဲ… သဘာ၀ တစ်ခုကို လွတ်လပ်စွာ ခံစားဘို့အတွက်လောက်တော့ နွယ့်မှာ အခွင့် အရေး ရှိသည်ပဲလေ။

“ ချစ်တယ် နွယ်ရယ်…. အရမ်းပဲ…..”

“ ဟင်းးး……”

“ နွယ့်…. အားးး…. ကိုယ် အရမ်း…. အရမ်း ချစ်တယ် နွယ်ရယ်…ဟူးးး.”

“ အင့်… ဟင်းးး……”

မြန်မြန် တစ်ခုခု မြန်မြန် ဖြစ်လိုက်ပါတော့… ဒါ ဘယ်လို ခံစားချက်ကြီးလည်း… ကြောက်စရာလည်း မဟုတ်.. နာကျင်တာလည်း မဟုတ်… ရွံမုန်းမိနေသလိုလို.. နှစ်သက် မက်မောနေသလိုလို.. နွယ့် နှုတ်ဖျားမှ အသံ တစ်စုံတစ်ရာ ထွက်မလာပါ… အသက်ရှုသံ ပြင်းပြင်းနှင့် နှလုံးသားတို့က ပေါက်ထွက်မတတ် လှုပ်ရှားဗြောင်းဆန်နေ၏။

နောက်ဆုံးတော့… နောက်ဆုံးတော့ နွယ် ကိုယ်တိုင်လည်း အမြင့်ကောင်းကင် တနေရာမှ ပြုတ်ကျသွားသလို အဆက်မပြတ် လှုပ်ရှားနေသော ကိုထက်အောင်၏ ခန္ဓာကိုယ်ကြီးလည်း တဆတ်ဆတ် တုန်ရီကာ နွယ့်ကိုယ်ပေါ် ပိကျလာသည်။ ဖားဖိုကဲ့သို့လှိုက်မော တုန်ရီနေသော ရင်အစုံက မျက်နှာချင်း အပ်လျှက်ပေါ့။နွယ့် အသွေး အသားတို့ကို အားပါးတရ သုံးဆောင်ပြီးသော ယောကျ်ားတစ်ယောက် နွယ့် ကိုယ်ပေါ်တွင် အနားယူနေသည်။ သူ ၏ ပင်သက်တို ့ကတော့ နွယ့် လည်တိုင်ကို လေညှင်းသဖွယ် ရိုက်ခတ်ဆဲပေါ့။ 

နွယ့် မျက်နှာကို တစ်ဘက်သို့စောင်းလှည့်ထားမိသည်။ မျက်၀န်းမှ မျက်ရည် စ တစ်ခုက ပန်းနုရောင် ခေါင်းအုံး ပေါ်သို့ပေါက်ကနဲ။ ရှိုက်သံတို့ကိုတော့ နွယ်ကောင်းစွာ မြိုချနိုင်ခဲ့ပါသည်။ သည်အလုပ်က နွယ့် အတွက် ခက်မှ မခက်ဘဲလေ။ ကိုထက်အောင် နွယ့် ကိုယ်ပေါ် မှောက်အိပ်နေရာမှ.. ဘေးသို ့ လှိမ့်ဆင်းလိုက်သည်။ တစ်ဘက်လှည့်နေသော နွယ့် မျက်နှာလေးကို ညင်သာစွာ ဆွဲလှည့်လိုက်၏။

“ နွယ်….”

“ ……..”

“ နွယ်… ကိုယ့်ကို ကြည့်ပါဦး… ဘာလို့ မျက်စိကြီး စုံမှိတ်ထားတာလည်း နွယ်ရယ်….”

နွယ် မျက်လုံးကို ညင်သာစွာ ဖွင့်လိုက်သော်လည်း သူ့မျက်နှာကိုတော့ တည့်တည့် မကြည့်မိပါ။ တင်းတင်း စေ့ထားသော ပန်းနုရောင်နှုတ်ခမ်းတို ့ကို သူ နမ်းလိုက်ပြန်ပြီ။ နွယ့် ရင်ထဲတွင် သိပ်ကြီး မနှစ်သက်လှသော်လည်း အမုန်းတရားခံစားချက် မဖြစ်မိတာတော့ သေချာပါသည်။ ဒါဆို အချစ်ကော.. ဟင့်အင်း အချစ်လည်း မဟုတ်ပါ။ 

သည်ယောကျ်ားနှင့် ပါတ်သက်၍ နွယ့် ရင်ထဲတွင် အမုန်းတရား မရှိသလို ချစ်ခြင်း မေတ္တာလည်း ရှိမနေတာ သေချာပါသည်။ ကာမ၏ ထူးဆန်းသော ခံစားမှုတစ်ခုကို မရုန်းနိုင်တာ မငြင်းဆန်လိုတာ မျှလောက်နှင့်တော့ သူ့ကို နွယ် ချစ်သည်ဟု မမြင်မိပါချေ။

“ နွယ်… ကိုယ်လေ နွယ့်ကို ချစ်နေတာ ကြာပါပြီ နွယ်ရယ်… နွယ်လည်း သိမှာပါနော်…”

ဖြစ်ရမယ်.. သည်အချိန်ကျမှ သည်စကားက အသုံး၀င်ပါသေးသလား။ နွယ့် မျက်နှာကို စိုက်ကြည့်ရင်း သူပြောလိုက်သော စကားတို့က နွယ့်အတွက် ခွန်းတုန့် ပြန်စရာ စကား မရှိသလို လိုလည်း မလိုအပ်ဟု ထင်ပါသည်။

ခန်းနားကြီးကျယ်သော မင်္ဂလာပွဲလည်း ပြီးသွားပြီ…အိပ်ယာပေါ်လည်း ရောက်နေပြီ.. လင်မယားလည်း ဖြစ်သွားပြီ.. သည်အချိန်က ရည်းစားစကားပြောနေဘို ့ထက် သန် ့စင်ခန်း ထ သွားလိုက်တာက ပိုပြီး မသင့်တော်ပေဘူးလား။

“ နွယ်ရော… ကိုယ့် အပေါ် ဘယ်လို ခံစားချက်မျိုး ရှိလည်းဟင်…. ကိုယ့် အချစ်ကို လက်ခံနိုင်မယ် မဟုတ်လား နွယ်….”

နွယ် ပြုံးလိုက်မိသည်။ အမှန်တော့ ခွက်ထိုး ခွက်လှန် ရယ်ချလိုက်ချင်တာပါ။ ခြောက်အက်အက် ဖြစ်နေသော လည်ချောင်းတို ့က နွယ့် အတွက် ရယ်သံကို ဖန်တီးနိုင်စွမ်း မရှိပါချေ။ နေ့စဉ်နှင့် အမျှ တစ်သက်လုံး မြင်တွေ့နေရတော့မည်ဖြစ်သော သူ ့မျက်နှာကို စေ့စေ့ ရဲရဲ ကြည့်ကာ..

“ ဟိုလေ… နွယ် ရေသောက်ချင်တယ်… တွိုင်းလက်လည်း ၀င်ချင်တယ်… ပြီးတော့ နွယ် အိပ်ချင်ပြီ..”

တကယ်တမ်းပြောရမယ့် စကားကိုပဲ နွယ်ပြောလိုက်ပါသည်။ သည်တော့မှ 

“ အိုကေ အိုကေ… ဟုတ်သားပဲ… ကိုယ်လည်း ခုမှပဲ မိန်းမကို ရည်းစားစကား ပြောနေမိတယ်… နွယ် နားချင် ရောပေါ့နော်…” 

ပြောရင်း သူ အရင် ထက နွယ့်ကို တွဲထူပေးလိုက်၏။ စောစောက မည်သို့မျှ မနေသော်လည်း ခုချိန်မှာ သူ့ရှေ့သည်တိုင်းကြီး ထ ရပ်ဘို ့တော့ မလွယ်ပါ။ စောင်ကလေးကို ရင်မှာ ယှက်ကာရင်း..

“ ကိုထက်အောင် အရင် သွားလိုက်ပါလားဟင်…”

“ ဟား ဟား.. ဟုတ်ပါပြီဗျာ… ဒါပေမယ့် သည်တစ်ခါပဲ ရမယ်နော်မိန်းမ… ကိုယ့်ယောကျ်ားကို အာ့လောက် ရှက်နေတာမျိုး ကျုပ် ကြာကြာ ခွင့်မပြု နိုင်ဘူးဗျ….”

ကိုထက်အောင် ရယ်သွေးသွမ်းရင်း နွယ့်ခေါင်းကလေးကို တချက်ပုတ်ကာ အနားရှိ တဘက်ကို ဆွဲယူပြီး ထသွားတော့ နွယ့်ရင်ထဲ လှပ်ကနဲ။ သူ လူကောင်း တစ်ယောက်ပါပဲ။ နွယ့် အတွက် ပေါ့ပေါ့ပါးပါး ဖြစ်အောင် သူ နေပေးသားပဲ။ နွယ့် မိဘတွေ မျှော်လင့် သလို တင့်တောင့်တင့်တယ် ဆိုသော ဘ၀ တစ်ခုဖြစ်ဘို့သိပ်ခက်မည် မထင်ပါချေ။ 

အနားတွင် ပုံကျနေသော အကျီနှင့် ဘောင်းဘီကို ခပ်သွက်သွက် ကောက်စွပ်ကာ မတ်တပ်ရပ်လိုက်တော့ ဟိုနေရာက နည်းနည်း နာသလိုလို ဖြစ်နေတာ သတိထားမိသည်။ သိပ်ကြီး စိတ်အနှောက်ယှက် ဖြစ်လောက်အောင်တော့ လည်း မဟုတ်ချေ။

“ လာလေ နွယ်… ကိုယ် ပြီးပြီ….”

နွယ် ခေါင်းငြိမ့်ပြပြီး ရေချိုးခန်းသို့ ခြေလှမ်းပြင်လိုက်တော့ စောစောက နာကျင်မှုကြောင့် လူက အနည်းငယ် ကွတတ ဖြစ်နေသယောင်။ ကိုထက်အောင် နွယ့်လက်မောင်းကို တွဲကူရင်း

“ သိပ်နာသွားလား နွယ်… အဆင်ပြေရဲ့လား…”

“ ဟုတ်… ရပါတယ်…”

“ ကိုယ် လိုက်ဆေးပေးမယ်လေ… ရေနွေးလေးနဲ့…”

“ အာ.. မဟုတ်တာ… နွယ့်ဘာနွယ် လုပ်ပါ့မယ်…”

ခပ်ဖွဖွ ဆုပ်ကိုင်ထားသော သူ့လက်ကို အသာတွန်းထုတ်ရင်း ရေချိုးခန်းသို ့၀င်… ဆီးသွားစဉ် လူက စပ်သလိုလို အောင့်သက်သက်လိုလို ခံစားချက်တစ်ခုကို ခံစားလိုက်မိသည်။ အားပါးတရ ရှိုက်နမ်း ချေမွခြင်း ခံလိုက်ရသော မိမိ၏ ပန်းကလေးကို တယုတယ ဆေးကြော သန် ့စင်ပေးလိုက်မိသည်။ စိတ်ကလည်း မဆုံဆည်းလိုက်ရသော ချစ်သူကို တမ်းတ လိုက်မိပြန်သည်ပေါ့။ သည်လိုနေ့သည်လိုနေရာမှာ ကိုထက်အောင်နေရာမှာ သူသာ ဆိုလျှင် နွယ် မည်သို့ခံစားရမည်နည်း။

ချစ်ရမ္မက်တို့၏ လှပသော ကဗျာတစ်ပုဒ်ကို သူ မည်သို့ရေးဖွဲ ့မည်နည်း။ နွယ်ကကော သူ ့အချစ်ကဗျာကို မည်သို ့ ရွတ်ဆို… အို.. ဘာလို ့များ အချိန်တိုင်း သူ့အကြောင်း တွေးနေမိပါလိမ့်နော်.. လုပ်စရာရှိတာ ခပ်သွက်သွက် လုပ်ပြီး အိပ်ယာ၀င်သင့်သော အချိန် မဟုတ်ပါလား။ လူလည်း တကိုယ်လုံး ကိုင်ရိုက်ထားသလို ပင်ပန်းနွယ်နေပြီလေ။ အပြင် ပြန်ရောက်တော့ ကိုထက်အောင်က ညအိပ်၀တ်စုံနှင့် ကုတင်ပေါ်တွင် လှဲလျက်။ 

နွယ် ကုတင်ပေါ် တက်လိုက်တော့ သူ့လက်မောင်းတွင် ခေါင်းအုံးစေကာ ကြင်စဦး ဇနီးမောင်နှံနှစ်ဦး၏ မင်္ဂလာဦး ညချမ်းကို ရိုးရှင်းစွာ နိဂုံး ချုပ်လိုက်ကြသည်။

........................................................................................

အခန်း ( ၅ )

အ၀ေးပြေးလမ်းမကြီးပေါ် ဖြတ်သန်းတိုက်ခတ်နေသည့် အေးမြသော ညလေညှင်းက လူကို တိုးေ၀ှ ့ ကြည်စယ်နေသည်။ မျက်နှာတစ်ခုလုံး အေးစက်စက် ဖြစ်နေသော်လည်း ရင်ထဲက အပူက မလျော့ပါချေ။ သည်နေ ့ ချစ်ရသော နွယ့် မင်္ဂလာပွဲ.. ထိုပွဲသို့သူရောက်ခဲ့ပါသည်။

နတ်သမီးထက်ပင် လှပနေသော ချစ်ရသူကို အေ၀းမှပဲ ငေးကြည့်ကာ ပြန်ခဲ့မိသည်။ နွယ် နှစ်သက် မြတ်နိုးတတ်သော ကျောက်စီ ပန်းချီကားကလေး တစ်ချပ်ကို လှပ သပ်ရပ်စွာ ထုပ်ပိုးပြီး လက်ဆောင် ပေးခဲ့ပါ၏။ ကြေကွဲမှု အရိပ်အရောင်တို့ကြောင့် သူမကို အလှ မပျက်စေလိုပါ။

ညနေခင်း ကျင်းပသော မင်္ဂလာ ညစာစားပွဲသို ့လည်း ရောက်ခဲ့ပါသေးသည်။ သို ့သော် ခြံအပြင်မှ လှည့်ပြန်ခဲ့မိပါ၏။ တကယ်တမ်း စဉ်းစားတော့ မိမိက ပျော့ညံ့သူတစ်ဦးပေလား.. သို့တည်း မဟုတ် ချစ်တတ်လွန်းသူလား။ နွယ် လက်ထပ်ရမည့် ကိုထက်အောင်ဆိုသူက မိမိတို့ထက် နှစ်အများကြီး စောသော စီနီယာ တစ်ဦး ဖြစ်သည်။

ရိုးသားအေးဆေးပြီး အမည်ပျက်မရှိသော လူတော်တစ်ဦးပင်။ မိမိနှင့် ငွေဂုဏ် ပညာဂုဏ် တူသည် ဆိုဦးတော့ ထိုသူက သူဌေးမျိုးရိုး.. မိမိက ဘ၀ကို ခက်ခဲပင်ပန်းစွာ ရုန်းကန်ခဲ့ရသူ။ ချစ်ရသူကို သူတစ်ပါးလက်ထဲ ထည့်လိုက်ရသည် ဆိုသော်ငြား ထိုသူက အစစ အရာရာ မိမိထက် သာသူပဲလေ။

ညနေစောင်းကတည်းက နွယ်တို့ခြံရှေ့ယောင်လည်လည် ရောက်နေခဲ့သည်။ အထဲ မ၀င်လို တော့သည်နှင့် စိတ်ကူးတည့်ရာ ထွက်လာမိ၏။ အေ၀းပြေး လမ်းမဘက်ရောက်တော့ အဆင်ပြေရာ နေရာတွင် ကားရပ်ကာ ကားခေါင်မိုးပေါ် ထိုင်ရင်း လေညှင်းခံနေမိသည်။ အချိန်ကြည့်လိုက်တော့ ည (၁၀) နာရီ။ သည်အချိန်ဆို နွယ် ဘာလုပ်နေမလည်း။ ဧည့်ခံပွဲက မပြီးလောက်သေး။ ခုနေ ငါသွားပြီး မင်္ဂလာ အရက် မူးအောင်သောက်.. သတို ့သားကို လက်ဆွဲ နှုတ်ဆက်လိုက်ရ ကောင်းမလား။ 

ကိုယ့် အတွေးနှင့်ကိုယ် မချိပြုံး ပြုံးလိုက်မိ၏။ စဉ်းစားရင်း ၀င်လာသော အတွေးတစ်ခုက ခုနေ မူးအောင် သောက်ရရင်.. ဟုတ်တယ်.. ခုလို အချိန်မှာ ထိုင်တွေးနေတာထက် အားလုံးမေ့ပြီး အိပ်ပျော်သွားဘို ့ လိုသည်ပဲ။ ရုတ်တရက် အတွေးထဲတွင် မိမိပိုင်ဆိုင်သော 

“ တေးကမ္ဘာ…” 

ကို သတိရသွားသည်။ ကားထဲ ပြန်၀င်ပြီး မြို ့ထဲဘက် ဦးတည်လိုက်သည်။ သည်ည ကိုတော့ဖြင့် တစ်ညလုံး မူးအောင် သောက်ရင်း တေးကမ္ဘာတွင် အချိန်ဖြုန်းလိုက်မည်ပေါ့။

တေးကမ္ဘာ ခြံ၀န်းထဲရှိသစ်ပင်များတွင် ရောင်စုံမီးလုံးများ ထွန်းညှိထား၏။ အထဲတွင် လူအပြည့်နီးပါး စားသောက် အပန်းဖြေနေကြသည်။ သူ ငယ်ငယ် ကတည်းက ရူးသွပ်ခဲ့ရသော ဂီတ အနုပညာကို ပုံစံတစ်မျိုးဖြင့် ဖန်တီးထားသောနေရာ။ ပထမတော့ သည်လောက်အောင်မြင်မည်ဟုလည်း မထင်ခဲ့ပါ။ 

မိမိနှင့် လုပ်ငန်းသဘော ဆက်စပ်နေသော လုပ်ငန်းရှင်များ၏ အပန်းပြေ ဖြစ်ရုံလောက်သာ စိတ်ကူးရင်း အရည်အချင်းရှိသော ၀န်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များ ကောင်းမှုကြောင့် တေးကမ္ဘာကို လူသိများလာခဲ့သည်။ စင်တင်တေးဂီတ အဆိုရှင်ကလေးများ အတွက်လည်း မြေတောင် မြှောက်ပေးရာ နေရာလေး ဖြစ်ခဲ့သည်ပေါ့။

နွယ် ကတော့ သူ သည်နေရာသို ့လာခြင်းကို လုံး၀ သဘောမကျပါ။ နှစ်ယောက်သား တတွဲတွဲ ရှိခဲ့စဉ်က တေးကမ္ဘာ အကြောင်းပြောလျှင်ပင် မျက်နှာ ပျက်ချင်သူ။ ခြံထဲရှိ ကားရပ်ရန်နေရာတွင် သူ့အတွက် သီးသန့် သတ်မှတ်ထားသော နေရာတစ်ခု ရှိ၏။ သူ့ကား၀င်လာတာ မြင်သည်နှင့် ဆိုင်တာ၀န်ခံ ကိုမျိုးအောင် ထွက်လာကြိုသည်။

“ အကို မလာတာ ကြာပြီနော်… ”

“ အေးကွာ… ငါလည်း ခုတလော အလုပ်နည်းနည်း ရှုပ်နေတယ်…”

“ ဦးတင့်ဆွေတောင် အကို့ကိုမေးနေတယ်… မတွေ့တာကြာလို ့တဲ့…”

“ အွန်းးး… နောက်မှ ဖုန်းဆက်လိုက်မယ်… အရေးကြီး ကိစ္စတော့ မရှိဘူး မဟုတ်လား…”

“ မရှိပါဘူးအကို… သတိရလို ့မေးတာ သက်သက်ပါ… အော် ဒါနဲ ့ သည်နေ ့အသစ်တစ်ယောက် ရောက်တယ်… အကို တွေ ့ကြည့်မလား…”

“ ဦးတင့်ဆွေ တူမ ဆိုတာလား…”

“ မဟုတ်ဘူး အကို.. အဲ့တစ်ယောက်က ရောက်နေတာ (၂) လလောက်ရှိပြီလေ.. သည်ကြားထဲ အကို မရောက်ဖြစ်တော့ မသိတာ… ခု ကနောက်ထပ်တစ်ယောက်… ခေါ်တုန်းကတော့ ဂီတာ သမား တစ်ယောက် ထွက်သွားလို့ခေါ်တာ… လာလျှောက်တာက မိန်းကလေး ဖြစ်နေတယ်… သူ တီးနိုင် ပါတယ်တော့ ပြောတာပဲ…”

“ မစစ်ကြည့်ဘူးလား…တီးနိုင်တယ် ဆိုတိုင်းတော့ အဆင်မပြေလောက်ဘူးလေ… ”

“ ဟုတ် စစ်မယ်အကို.. အခု စစ်ဘို့လုပ်နေတုန်း အကိုရောက်လာတာ… ကိုယ်တိုင်လည်း နည်းနည်းပါးပါး မေးလေ အကို… ”

“ ကြည့် လုပ်လိုက်ကွာ.. ငါသည်နေ ့ ဘယ်သူနဲ ့မှ စကားမပြောချင်ဘူး.. အခန်းထဲ သောက်စရာ ပို ့ခိုင်းလိုက်…”

“ ဟုတ်ဟုတ် အကို…”

ပြောပြောဆိုဆိုနှင့် အထဲရောက်တော့ ရောင်စုံ မီးများအောက်တွင် စားသောက် အနားယူ နေကြသူများ။ တေးဂီတ အစီအစဉ်တွင် မိန်းမော သာယာ နေကြသူများ။ သူ့နည်းနှင့်သူ လွတ်လပ်စွာ အနားယူနေကြသည်။ ၀န်ထမ်း မိန်းကလေးများ အတွက် ကိုယ်ရေးကိုယ်တာ မထိခိုက်စေရန်နှင့် ဆိုင်နံမည် မပျက်စေရန် သတ်မှတ်စည်းကမ်းများတော့ ထားရသည်ပေါ့။ 

တီး၀ိုင်းနဘေးတွင် ကုပ်ကုပ်ကလေး ထိုင်နေသော ကောင်မလေးတစ်ယောက်.. စောစောက မျိုးအောင် ပြောတဲ့သူပဲဖြစ်မည်။ကျောလယ်သာသာ ဆံပင်ဖြောင့်ဖြောင့် စင်းစင်းကလေးနှင့် ရှပ်အကျီ ရိုးရိုးလေး ၀တ်ထားသည်။ အောက်ပိုင်းကတော့ စကပ်လိုလို ထမီလိုလို.. ခေါင်းလေးငုံ့ကာ ခင်းထားသော ကြွေပြားကို စာအုပ်ဖတ်သလို ထိုင်ကြည့်နေသည်မှာ အနားမှ လူတစ်ယောက်လုံး ဖြတ်လျှောက်သွားတာတောင် မော့ မကြည့်။

သူ သတိထားလိုက်မိသည်က သူမခေါင်းတွင် ပန်ထားသော စိန်ပွင့် ကလေးများ။ ဘီးကုပ်ကလေး ဖြစ်မည်ထင်ပါသည်။ အနက်ရောင် ကိုင်းပေါ်တွင် ခပ်ကျဲကျဲ စိန်ပွင့်လေးများ စီထားပုံရ၏။ သူမ ခေါင်းကလေးက ငုံ့ထားသော်လည်း တဖျပ်ဖျပ် လက်နေသော ညမီးရောင်စုံများနှင့် စိန်ပွင့်လေးများက လိုက်ဖက်ညီနေသယောင်။မိမိ အခန်းထဲရောက်တော့ အသင့်ပြင်ဆင်ထားသော စားပွဲတွင်နေရာယူလိုက်၏။ ခဏနေတော့ အစားအသောက်များ ရောက်လာသည်။ 

“ ညအိပ်မှာလား အကို…” 

လာပို့သော ၀န်ထမ်း ကောင်လေးကို ခေါင်းတစ်ချက် ငြိမ့်ပြရင်း လက်ကတော့ ပုလင်းနှင့် ဖန်ခွက် ဆီသို့ပေါ့။ အလိုက်သိသော ၀န်ထမ်းလေးက အနားရှိ အိပ်ယာကို ခင်းကျင်း ပြင်ဆင်ပေးနေသည်။ 

သူ သည်ဆိုင်သို့လာဖြစ်တာ လ နဲ့ချီ ကြာနေပေမယ့် ၀န်ထမ်းများကတော့ စနစ် တကျနှင့် ဆိုင်ကို အောင်မြင်အောင် တက်ညီလက်ညီ စောင့်ရှောက်နေကြသည်ပဲ။ နွယ်တစ်ယောက်တော့ သူ သည်ကိုရောက်နေတာ သိရင် စိတ်ဆိုးဦးမှာလား။ 

ငယ်ရွယ်ပြီး အောင်မြင်နေသော လုပ်ငန်းရှင် ခေတ်ပညာတတ် တစ်ဦးဖြစ်သော သူ့နားသို့ ရောက်လာချင်ကြသည့် ခပ်ကဲကဲ အဆိုတော်မလေးတွေ အများသားလေ။ ဘယ်မိန်းကလေးကိုမျှ စိတ်မ၀င်စားဘဲ တနွယ်တည်း နွယ်ခဲ့သည့် သူ.. ယခုတော့ နွယ် မကြိုက်သည့်နေရာတွင် အပန်းလာဖြေနေမိသည်ပဲ။ စိတ်ကူးနှင့် ပြုံးရင်း တစ်ခွက်ပြီး တစ်ခွက် မော့ချနေမိ၏။ 

လည်ချောင်း တလျှောက် စီးဆင်းသွားသော အပူတို့က ရင်ထဲမှ မီးကို ငြိမ်းစေမည်လား.. တွန်းအားပေးမည်လား..။ ထိုစဉ် အပြင်ဘက်မှ တီး၀ိုင်းသံ ရပ်သွားပြီး တေးဂီတ ၀ိုင်းခေါင်းဆောင် ကိုမင်းမင်း၏ သီချင်း သီဆိုသူ ကြေငြာသံ ကြားလိုက်ရသည်။ လူက အတော်လေး ထွေနေ၍ နံမည် ဘယ်သူဘယ်ဝါ ဆိုတာ မသိလိုက်မိ။


 အပိုင်း ( ၄ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment