Friday, June 21, 2024

ဘုံစံနန်း အပိုင်း ( ၄ )

ဘုံစံနန်း အပိုင်း ( ၄ )

ရေးသားသူ - ကိုဇန် 

အခန်း (၂၄)

မမချစ်ချစ်ရဲ့ လက်တွေက တစ်ဖက်မှာ အရက်ခွက်ကို ကိုင်ထားပြီး တစ်ဖက်က ထင်ရှားအောင်ရဲ့ပေါင်ကို မသိမသာ ပွတ်သပ်နေသည်။

ထင်ရှားအောင် သိသိသာသာ ငြိမ်ခံနေရသည်။ မခံလို့လဲ မဖြစ်။ မမချစ်ချစ်က Royal Customer ကြီးလေ။ ဒီလောက်တော့ စိတ်ရှည်ရမှာပေါ့။ ကစားပွဲ တစ်လှည့်ပြီးသွားတော့ မမချစ်ချစ်က ထင်ရှားအောင်နား ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ ကိုရှား .. ဟိုတစ်ခါ ချိတ်ပေးတဲ့ ကောင်လေး မဆိုးဘူးကွ ..သူ့ကို (၂)လလောက် ခေါ်ထားချင်တယ် .. အဲ့ဒါ ဈေးလေးများ ညှိပေးမလားလို့ .. ”

“ ရပါတယ် မမ .. သူက High Class နော် .. ပုံမှန်ဆို တစ်လကို ၅၀ ယူတယ် .. ဒါပေမယ့် မမချစ်ချစ် ခေါ်ချင်ရင် ၉၀ နဲ့ ထားပေးမယ် .. ဘယ်လိုလဲ ”

“ ဟာကွာ .. မများဘူးလား .. ၈၀ ပဲ ယူလိုက်ကွာ ”

“ မမရယ် .. အဲ့လောက်တော့ ခွာလို့မဖြစ်ဘူး .. ၉၀ တောင် မမကို ခင်လွန်းလို့ လျော့ပေးတာ .. ဒီလိုလုပ်ဗျာ .. (၃)လကို ၁၂၀ နဲ့ ပေးမယ် .. ဘယ်လိုလဲ .. အဝစားဗျာ .. အများကြီး သက်သာတယ်နော်  ”

“ မင်းကွာ .. သိပ်ဈေးရောင်းတတ်တာပဲ .. မမက မင်းကိုသာ ခေါ်လို့ရရင် ရှိသမျှ စည်းစိမ် အကုန်ပေးလိုက်မယ် သိလား ”

“ မလုပ်ပါနဲ့ မမရယ် .. ငါ့မမ စည်းစိမ်တွေ ကျွန်တော် မယူရက်ပါဘူး။ ကျွန်တော်က အဲ့ဘက်မှာ နု တယ်ဗျ .. မမလို Pro မျိုးနဲ့ အဆင်မပြေပါဘူးဗျာ .. Pro တွေက Pro အချင်းချင်းပဲ ကျေနပ်တာမလား .. အဟဲ ”

“ ဟွန့် .. အပြောကတော့ .. မင်း နု သေးရင် ရင့်သွားအောင် လုပ်ပေးချင်တာ .. သိလား .. တစ်ခါမှကို မလိုက်လျောဘူး .. သိပါတယ်နော် .. သူ့နှလုံးသားက ဘယ်မှာလဲ ဆိုတာ .. ”

“ အလဲ့ .. ဘယ်မှာလဲ ပြောပါဦး ”

“ ဟိုမှာလေ .. အတွင်းရေးမှူးလေးလို တစ်ချိန်လုံး လှမ်းလှမ်းကြည့်နေတာ မမ မသိဘူးများ ထင်နေလား .. ဒါနဲ့ သူလေးက အသစ်ကလေးလား အရင်က မင်းအနားမှာ မတွေ့ဖူးပါဘူး .. မိတ်ဆက်ပေးဦးလေ ”

“ ဟုတ်သားပဲ .. ချူး .. ဒီကို လာဦး ”

ချူးက ခပ်လှမ်းလှမ်းမှာ ရပ်နေရာကနေ ထင်ရှားအောင်ဆီ ရောက်လာသည်။

“ ချူး .. သူ့နာမည်က မနုနုချစ် တဲ့ .. မမချစ်ချစ် သူ့နာမည်က ချူးခက်မွန်တဲ့ .. မကြာခင်ကမှ ခန့်ထားတဲ့ ကျွန်တော့် Secretary ပေါ့ ”

“ ဟင်း .. ဟင်း .. ကိုရှားတို့များ အချောလေးတွေ့တာနဲ့ အနားခေါ်ပြီး တန်း ဥ တော့တာပဲ .. မပြောလိုက်ချင်ဘူး .. ဟိတ် .. မမ ကို မှတ်ထားနော် .. မမက မင်းဆရာ ကိုရှားနဲ့ အရမ်းခင်တာ ”

“ ဟုတ်ကဲ့ မမ .. ချူး မှတ်ထားပါမယ်။ တွေ့ရတာ ဝမ်းသာပါတယ်ရှင့် ”

“ စကားပြောပုံလေးက ချစ်စရာလေး .. ကိုရှား .. ဒဲ့ပဲ မေးမယ်နော် .. သူလေးကို သဘောကျရင်ရော ခေါ်လို့ရလား .. ”

“ ဟာ .. မမချစ်ချစ်က ... ”

“ No .. မဟုတ်ပါဘူးကွ .. မမ ရဲ့ မိတ်ဆွေအတွက်ပါ .. သူလေးကို မြင်ရင် သိပ်သဘောကျမှာ .. ”

“ Sorry ပါ မမရယ် .. ဒါလေးတာ့ ချမ်းသာပေးပါ .. သူက ကျွန်တော့် အတွင်းရေးမှူးလေးပါဗျ ”

“ ဟင်း သိသားပဲ .. မင်းကို စ ချင်လို့ တမင်ပြောလိုက်တာ .. ခစ် .. ခစ် .. ”

“ မမ .. စကားဖြတ်ပြောမိလို့ တောင်းပန်ပါတယ် .. ကိုရှား ထမင်းစားချိန်ရောက်နေပြီ .. ချူး ရုံးခန်းထဲမှာ အားလုံး ပြင်ပြီးပြီ .. ထမင်းစားပြီးရင် ဟိုတယ်မှာ ဦးမြင့်ဟန် နဲ့ တွေ့ဖို့ ချိန်းထားတာ ရှိတယ်။ ဒါကြောင့် အခု စားမှ အချိန်မှီမှာမို့ပါ .. ”

“ ဟုတ်သားပဲ .. ကဲ မမ .. အားနာပါတယ် .. ကျွန်တော် လုပ်စရာလေးရှိလို့ ခွင့်ပြုပါဦး .. ”

“ အင်း .. လုပ်ငန်းရှင်ကြီးဆိုတော့လဲ မမနား တစ်ချိန်လုံး ဘယ်နေပေးနိုင်မှာလဲ .. ကဲ ကြွပါရှင် ”

ထင်ရှားအောင် မမချစ်ချစ်ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ ရုံးခန်းထဲရောက်တော့ ချူးကို ကြည့်ကာ ရယ်လိုက်တော့သည်။

“ ချူး .. ဦးမြင့်ဟန် ဆိုတာ ဘယ်သူလဲဟ .. ဟား ”

“ ဟီး .. ချူးလဲ ပါးစပ်ထဲ ရှိတာ လျောက်ပြောလိုက်တာ .. ကိုရှား အဲ့အစ်မကြီးဆီကနေ ထွက်ပြေးချင်နေမှန်း ချူး သိတယ် .. ချူးကို လှမ်းကြည့်ပြီး အချက်ပြနေတာမလား .. အဲ့ကြောင့် တမင် လျောက်ပြောလိုက်တာ .. ခစ် .. ”

“ ဟား .. မင်း ဘယ်ဆိုးလို့လဲ .. တော်တယ် .. အဲ့ဟာမကြီးက ဘယ်လို စကားဖြတ်ဖြတ် အလွတ်ကို မပေးတာ .. ”

“ ဟုတ်ပ .. တစ်ချိန်းလုံး ပွတ်သပ်နေတာ မြင်သားပဲ ”

“ ဟင် .. ဒါလဲ မင်း မြင်တယ်ပေါ့ ”

“ မြင်တာပေါ့ .. ကိုရှားကလဲ ငြိမ်ခံနေတယ် .. ချူးသာဆို အဲ့လက်ကြီး ပုတ်ထုတ်လိုက်တယ် သိလား ”

“ ငြိမ်ခံဆို အလုပ်ကိုက ငြိမ်ခံမှ ဖြစ်မှာမို့ပေါ့ဟ .. ငြိမ်ခံလိုက်တော့ ဈေးရောင်းရရော .. ဟား .. ”

“ ဟုတ်ပါပြီ ဆရာရယ် .. ထမင်းစားဦး .. ဟင်းတွေတောင် အေးကုန်ပြီလား မသိဘူး .. ”

“ ဘာဟင်းလဲ .. ”

“ ကိုရှား ကြိုက်တဲ့ ငါးသားလောက်ဥချက် နဲ့ ချည်ရည်ဟင်း .. ငပိရည်နဲ့ တို့စရာ အစုံ .. ဘိုစားပဲသီးကြော်လဲပါတယ် .. ဟင်းကတော့ အစုံပဲ ကြိုက်လား .. ”

“ အင်း ငါလဲ မင်းနဲ့မှ မြန်မာဟင်း စားရတော့တယ် .. ခါတိုင်းဆို စားဖိုခန်းက အတီးချက်သမျှ တရုတ်ဟင်းတွေချည်း စားနေရတာ .. ကျေးဇူးပဲ ချူး .. ဒါမျိုး စားချင်နေတာ ကြာပြီ .. ဒီဟင်းတွေကို ဘယ်လို စီစဉ်လိုက်တာလဲ ”

“ ဟီး .. အိမ်က ထမင်းချက်ကို မနက်ကတည်းက ချက်ခိုင်းပြီး ချိုင့်နဲ့ ယူလာတာလေ .. အခု စားခါနီးမှ စားဖိုဆောင်မှာ ပြန်နွေးပေးထားတာ .. မမလေးအတွက်လဲ ပိုထည့်လာတာပဲ ..ဒါပေမယ့် သူက ဟိုတယ်မှာပဲ စားလိုက်တော့မယ်တဲ့ ”

ထင်ရှားအောင် ချူး လုပ်ရပ်ကို သဘောကျသွားပြီး ချူးခေါင်းကို ပုတ်လိုက်သည်။ ချူးက လျှာလေးထုပ်ပြကာ ဇတ်လေး ပုသွားသည်။

“ မမက အခု ဟိုတယ်မှာလား ”

“ ဟုတ်တယ် .. ဧည့်သည်တစ်ချို့နဲ့တွေ့ဖို့ ထွက်သွားတယ် ”

ထင်ရှားအောင် ချူး ပြင်ပေးထားတဲ့ ထမင်းပွဲကို အားရပါးရ စားလိုက်သည်။ စားနေတုန်း မန်နေဂျာ ရဲဝင့် ရုံးခန်းထဲသို့ ပြေးဝင်လာသည်။

“ ကိုရှား .. ပြဿနာတော့ တက်ပြီ .. ”

“ ဘာဖြစ်လို့လဲ  ကိုရဲဝင့် .. ”

“ နယ်စပ်မှာ ငါတို့ ပစ္စည်းတွေ အလု ခံရတယ် .. ပါသွားတာ မနည်းဘူး .. ”

“ ဟာ .. ဘယ်လိုဖြစ်တာလဲ .. ပစ္စည်းသယ်မယ့် အချိန်နဲ့ နေရာက ကျွန်တော်တို့ခေါင်းကြီးပိုင်းတွေပဲ သိတာမလား ”

“ အေး .. ဟုတ်တယ် .. ငါလဲ အဲ့ဒါတွေးနေတာ .. ”

“ မမ သိသွားပြီလား ”

“ သိပြီပေါ့ .. ဟိုတယ်မှာ ဒေါသမီး တောက်နေပြီ ”

“ တောက်စ် .. ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူး .. ပစ္စည်းသယ်မယ့် အချိန်နဲ့ နေရာကို ဒီဘက်မှာ လူနည်းစုပဲ သိတယ်။ နယ်စပ်မှာ သယ်ခိုင်းတဲ့လူတွေကလဲ ကိုကြီး ရဲ့ တပည့်တွေ .. ဒီကောင်တွေက ကိုကြီးအပေါ် အရမ်း သစ္စာရှိတာ ..ဘယ်လိုဖြစ်တာလဲ .. ပါသွားတာ အတော်များမယ်ဗျ ”

“ များတယ်ကွ .. အတိုအရှည်(သေနတ်များ) ၁၀၀ ကျော် ၊ အရွက်(ဆေးခြောက်) လဲ ကီလို အတော်များတယ် .. အားလုံးပေါင်းရင် သိန်းသောင်းဂဏန်းပဲ .. ဟူး .. အရင်က တစ်ခါမှ ဒီလို မဖြစ်ဖူးပါဘူးကွာ ”

“ မနည်းဘူးပဲ .. လူအင်အား ဘယ်လောက်နဲ့ လုသွားတာလဲ ”

“ ၂၀ ကျော်လောက်ရှိတယ်လို့ ပြောတယ် .. လက်နက်အပြည့်နဲ့ ဝင်လုံးသွားတာတဲ့ .. ဝင်လာတဲ့ကောင်တွေက ကြေးစား အမြင့်တွေမို့ ပါသွားတယ် ပြောတယ် ”

“ ကိုကြီးရော အခု ဘယ်မှာလဲ ”

“ မမလေး ခေါ်လို့ ဟိုတယ် လိုက်သွားတယ် .. အခု မင်းနဲ့ငါ့ကို လှမ်းခေါ်နေတယ် .. နောက်မှစားတော့ကွာ .. မြန်မြန်သွားစို့ ”

“ ချူး .. အပေါ်ထပ်ကို ဖုန်းဆက်လိုက်စမ်း .. ငါ နဲ့ ကိုရဲဝင့် အခုပဲ ဟိုတယ် သွားမယ် .. ကားတွေ အဆင်သင့်ပြင်ထားလို့ ”

“ ကိုရှား .. ဒီကိစ္စ မင်း ဘယ်လိုမြင်လဲ .. ”

“ ကိုရဲဝင့် .. ကျွန်တော်တို့ထဲမှာ သစ္စာဖောက် ရှိနေပြီ ”

“ တောက်စ် .. ဘယ်သူဖြစ်မလဲ ”

“ အခုတော့ မပြောတတ်သေးဘူးဗျာ .. လာ .. ဟိုတယ် သွားကြစို့ ”

..................

ဟိုတယ် ရောက်ရောက်ချင်း မေချို ရှိရာ ရုံးခန်းသို့ ထင်ရှားအောင် နဲ့ ရဲဝင့် အမြန် လာခဲ့သည်။ ချူးလဲ နောက်ကနေ သူတို့နဲ့အတူ ဝင်လာသည်။

အခန်းထဲရောက်တော့ ဦးနိုင် ၊ ခိုင်ကြီး ၊ ကြည်ပြာ တို့ရှိနေသည်။ ထင်ရှားအောင် မေချို နား သွားလိုက်ပြီး ..။

“ မမ .. ဘယ်လိုဖြစ်တာလဲ ”

“ ငါ စောက်ရမ်း ဒေါသထွက်နေတယ် .. ထင်ရှား မင်းက ဘာလို့နောက်ကျနေတာလဲ ”

“ ကျွန်တော် ထမင်းစားနေတာ .. အခု သိသိချင်း လိုက်လာတာပဲ။ ကိုကြီး .. ပစ္စည်းသယ်မယ့်သူတွေက ခင်ဗျားတပည့်တွေ မဟုတ်လား ”

“ အေး ငါလဲ ဘာပြောရမှန်း မသိတော့ဘူး။ ငါ့ကောင်တွေကို ယုံတယ်။ ဒီကောင်တွေ တစ်ခါမှ အမှားမလုပ်ဖူးဘူး။ ပစ္စည်းသယ်မယ့် ကိစ္စကို အသေးစိတ် သိတာဆိုလို့ ဒီအခန်းထဲက လူတွေပဲရှိတယ် ”

အခန်းထဲက လူများမှာ တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်။ မေချိုက ဘယ်သူ့ကိုမှ မကြည့်ပဲ ကျောပေးကာ ပြောလိုက်သည်။

“ ဒီအခန်းထဲမှာ ရှိနေတဲ့သူတွေထဲမှာ သစ္စာဖောက် တစ်ယောက် ရှိနေပြီ ”

မေချို့စကားကြောင့် အားလုံးက ထိပ်လန့်သွားကာ အကြည့်ချင်းတွေ ဆုံကုန်ကြတော့သည်။ ထင်ရှားအောင် အားလုံးကို သေချာ အကဲခတ်ကြည့်နေသည်။

အားလုံးက မျက်စိ မျက်နှာပျက်နေကြသည်။ သစ္စာဖောက် ဘယ်သူလဲ .. အခန်းထဲမှာရှိတဲ့ လူအားလုံးက မေချို ယုံကြည့်ရဆုံးနဲ့ အားကိုးရဆုံးသူများဖြစ်သည်။

“ သမီး .. စိတ်အေးအေးထား .. ဦးနိုင်က သေတဲ့အထိ ငါ့သမီးအပေါ် ဘယ်တော့မှ မရိုးသားတာ လုပ်မယ့်သူ မဟုတ်ဘူး ”

ဦးနိုင်က သူ မဟုတ်ကြောင်း ပြတ်ပြတ် ပြောလိုက်သည်။ ရဲဝင့်က လက်သီးဆုပ်ကာ ...။

“ မမလေး .. ကျွန်တော်က မမလေးဆီမှာ လုပ်လာတာ ၁၀နှစ် မကတော့ပါဘူး။ မမလေး အပေါ် ဘယ်လောက် သစ္စာရှိခဲ့လဲ မမလေး အသိဆုံးပါ ”

ခိုင်ကြီး နဲ့ ကြည်ပြာက တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်။ ကြည်ပြာလဲ မတ်တပ်ရပ်လိုက်ပြီး ..။

“ ကြည်ပြာမှာ မမေချိုကို သစ္စာဖောက်ရဲလောက်တဲ့ သတ္တိရော ခွန်အားရော ဘာမှ မရှိပါဘူး။ ကြည်ပြာကို မယုံဘူးဆိုရင်တောင် ကြည်ပြာ အနေထားကို မမေချို နားလည်မှာပါ ”

ကြည်ပြာက သူပြောချင်တာ ပြောလိုက်ပြီး ခိုင်ကြီးကို လက်တို့လိုက်သည်။ ခိုင်ကြီးက ...။

“ မေချို .. ငါက လူမိုက်တစ်ယောက်ပါ။ ဘယ်တုန်းကမှ သူဌေး အိပ်မက် မမက်ဖူးသလို သူဌေးလဲ မဖြစ်ချင်ဘူး။ ငါ သစ္စာ မဖောက်ဘူးဆိုတာပဲ ပြောချင်တယ်။ ကျန်တာ ငါ သိပ် မပြောတတ်ဘူး။ နယ်စပ်မှာ လွှတ်ထားတဲ့ ငါ့ ချာတိတ်တွေက ငါ့အပေါ် သစ္စာ အရမ်းရှိတဲ့ကောင်တွေပါ။ သူတို့ အထိနာခဲ့လို့ ငါ စိတ်ဆင်းရဲနေရတယ် ”

ချူးကတော့ ထင်ရှားအောင်နား ကပ်ကာ မေချိုပုံစံကို ကြည့်ပြီး အရမ်းကြောက်နေသည်။ ကြောက်ကြောက်နဲ့ ...။

“ မမလေး နဲ့ ကိုရှား အပေါ် ချူး စိတ်နဲ့တောင် မပြစ်မှားရဲပါဘူး .. ချူးဘဝရဲ့ ကျေးဇူးရှင်တွေမို့ အမြဲတမ်းသစ္စာရှိနေပါ့မယ်။ ချူး .. ချူး .. ကို မထင်ပါနဲ့နော် .. ဟင့် .. ”

အားလုံး တစ်ယောက်စီ ပြောလိုက်ကြပြီး ခဏတာ ငြိမ်သွားသည်။ မေချိုက ထင်ရှားအောင်ဘက် လှည့်ကာ ..။

“ ထင်ရှား .. မင်းကရော ဘာမှ မပြောတော့ဘူးလား ”

“ ကျွန်တော်က ဘာပြောရမှာလဲ .. ”

“ သစ္စာဖောက်က မင်းရော မဖြစ်နိုင်ဘူးလား ”

“ ဟာ .. မမ .. ဘယ်လိုပြောလိုက်တာလဲ .. ကျွန်တော်က မမကို ဘာလို့ သစ္စာဖောက်ရမှာလဲ .. အဓိပ္ပါယ်မရှိတာဗျာ ”

“ အားလုံးက သူတို့ သစ္စာဖောက် မဟုတ်ပါဘူးလို့ ကိုယ်စီ ပြောနေကြတာ မင်း အမြင်ပဲလေ .. အားလုံးက သစ္စာဖောက် မဟုတ်ဘူးဆိုတော့ သစ္စာဖောက်က မင်း မဟုတ်ရင် ငါပဲ ကျန်တော့တယ် .. ဟား ”

မေချို အားရပါးရ ရယ်မောနေတာကို အားလုံးက ကြောင်တောင်တောင်နဲ့ ကြည့်နေကြသည်။ မေချိုက အားလုံးကို သေချာ စိုက်ကြည့်လိုက်ပြီး ...။

“ ရှင်တို့အားလုံး အခန်းထဲကနေ ထွက်သွားလိုက်တော့ .. ထင်ရှား မင်း နေခဲ့ .. ကျန်တဲ့သူ အားလုံး သွားလို့ရပြီ ”

မေချို့စကားကြောင့် ထင်ရှားအောင်ကလွဲပြီး ကျန်တဲ့သူအားလုံး အခန်းအပြင်ကို ထွက်သွားကြသည်။ ထင်ရှားအောင် မေချို့ကိုပဲ ငေးကြည့်နေမိသည်။

အခန်းထဲကနေ အားလုံး ထွက်သွားတော့မှ မေချိုက ထင်ရှားအောင် ရင်ခွင်ထဲ ခေါင်းတိုးကာ ဖက်လိုက်သည်။

“ ထမင်း စားပြီးပြီလား ”

“ စားနေတုန်း ဒီသတင်းကြားလို့ ချက်ချင်း လိုက်လာတာ ”

“ ငါ့ချစ်ချစ်လေး အစားပျက်သွားပြီကွာ .. ဆောရီးနော် ”

“ ရပါတယ် မမ ရဲ့ .. မမ သစ္စာဖောက် ရှိနေပြီ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ ”

“ မင်းကလဲ .. မမကို မေးနေသေးတယ် .. မင်းက ဒီလောက် ဉာဏ်ကောင်းတာကို မင်းကိုယ်တိုင် ဖော်ထုတ်ပေါ့ ”

“ ဟင်း .. အားလုံးက ယုံကြည်ရတဲ့ လူရင်းတွေချည်းပဲ .. ”

“ ထင်ရှား .. လောကမှာ လူရင်းတွေကပဲ ဒုက္ခပေးတတ်တယ်ဆိုတာ မင်း အမြဲတမ်း မှတ်ထား .. ”

“ ဘယ်သူဖြစ်မလဲ .. မမရော ဘယ်သူလို့ ထင်လဲ ”

“ ဘယ်သိမလဲ .. တစ်ယောက်ယောက်နေမှာပေါ့ .. ”

“ မမ .. ဘယ်လိုဖြစ်နေတာလဲ .. ပါသွားတာ မနည်းဘူးနော် .. မမ ပုံစံက အေးဆေးပဲ ဘာမှ မဖြစ်သလိုနဲ့ ”

“ အေးဆေးဆို ဘာမှ မပါသွားဘူးလေကွာ ”

“ ဗျာ .. ”

“ ဟုတ်တယ် .. ပစ္စည်းတွေ တစ်ခုမှ ပါမသွားဘူး .. အလု ခံရတာတော့ ဟုတ်တယ်။ ဒါပေမယ့် လုသွားတဲ့သူတွေက မမ လူတွေပဲ။ အချင်းချင်း ပြန်လုခိုင်းလိုက်တာ ”

“ ဗျာ .. ဘယ်လိုကြီးလဲ ”

“ ထင်ရှား .. မင်းက အခုမှ အစွယ်ထွက်လာတဲ့ ကျားပေါက်လေးပဲ .. ဒီလောကမှာ ရှေ့ကို နှစ်ကွက်လောက် ကြိုမြင်တတ်မှ ရှင်သန်လို့ရမှာ .. မဟုတ်ရင် မင်း အချိန်တိုလေးအတွင်း ကျဆုံး သွားလိမ့်မယ် .. ”

“ မမ ကျွန်တော် နားလည်အောင် သေချာရှင်းပြပါဦး ”

“ သစ္စာဖောက်က တကယ်ရှိနေတယ် ထင်ရှား .. နယ်စပ်မှာ ပစ္စည်းသယ်မယ့် ငါတို့လူတွေထဲမှာ သစ္စာဖောက်တွေ ရှိနေတယ်။

ငါသာ ငါ့ပစ္စည်းတွေကို အချိန်မှီ ပြန်မလုနိုင်ခဲ့ရင် ခုချိန်မှာ တကယ် ပါသွားလောက်ပြီ။ ဘာလို့လဲဆိုတော့ ပစ္စည်းသယ်မယ့် လူထဲမှာ ငါ့ပစ္စည်းကို တစ်ခြားသူဆီ ရောင်းစားမယ့်ကောင်တွေရှိနေတယ်။ ဒါကို ငါ ကြိုသိလိုက်တယ် ”

“ မမက ဘယ်လို ကြိုသိသွားတာလဲ ”

“ ငါ့နည်း ငါ့ဟန်နဲ့ပေါ့ ... လူတွေက ငါ့မှာ မျက်စိနှစ်လုံးပဲ ရှိတယ်ထင်ကြတယ်။ ငါ့မှာ နေရာတိုင်းကို ကြည့်ခိုင်းထားတဲ့ မျက်လုံးတွေ အများကြီးပဲ ထင်ရှား .. ငါ့မြင်ကွင်းက မင်းထင်တာထက် အများကြီး ပိုကျယ်တယ်။ အဲ့ဒီ မျက်လုံးတွေက ငါ့ကို လူတွေအကြောင်း အမြဲပြောပြနေတယ် .. ”

“ ဒါဆို .. နယ်စပ်က ကိုကြီးတပည့်တွေက သစ္စာဖောက်တွေ ဖြစ်နေပြီပေါ့ ”

“ ဟုတ်တယ် .. ခိုင်ကြီး တပည့်တွေ သစ္စာမရှိတော့အောင် ဒီဘက်ကနေ သွေးထိုး လှုံ့ဆော်နေသူ ရှိတယ်။ မဟုတ်ရင် အဲ့ကောင်တွေ ငါ့ကို မလှန်ရဲပါဘူး။ ဒီဘက်ကနေ ငွေများများနဲ့ မျှားနေတဲ့သူရှိလို့ သူတို့ပါသွားတာ။

ငွေက သိပ်ကြောက်ဖို့ကောင်းတယ်။ ငွေနဲ့မျှားရင် သစ္စာတရားဆိုတာ ချက်ချင်း အရည်ပျော်ကျသွားတာပဲ။ အဲ့ဒီ ငါးမျှားချိတ် ပိုင်ရှင်က ခုနက အခန်းထဲမှာ ရှိနေတဲ့သူတွေထဲက တစ်ယောက်ပဲ ”

“ ဗျာ .. ဘယ်သူလဲ မမ .. ”

“ ဆောရီး .. မင်းကို ငါ မပြောချင်သေးဘူး .. ငါကိုယ်တိုင်လဲ အထင်ပဲ ရှိသေးတယ်။ မသေချာသေးဘူး။မင်းသိသွားရင် မင်းအနေထိုင်ကိုကြည့်ပြီး သစ္စာဖောက်က ရိပ်မိသွားနိုင်တယ်။ ဒီတော့ ခုချိန်မှာ မင်း မသိတာ ပိုကောင်းပါတယ်။ အချိန်တန်ရင် မင်း သိသွားမှာပါ။ နောက်ပြီး မင်း ဘာမှ မသိသလိုပဲ နေနော် .. ပုံမှန်အတိုင်းပဲနေ .. ငါ့ဘာသာ ကြည့်လုပ်မယ် ဘာမှ စိတ်မပူနဲ့ ”

“ မမ .. ကိုကြီးတော့ လုံး၀ မဖြစ်နိုင်ဘူး .. ကိုကြီးစိတ်ဓါတ်ကို ကျွန်တော် အသိဆုံးပါ ”

မေချိုက ထင်ရှားအောင် ပြောနေတာကို ဂရုမစိုက်ပဲ သူပြောချင်တာကိုပဲ ဆက်ပြောလိုက်သည်။

“ ထင်ရှား .. မင်း ငါ့ကို မနမ်းတာ ကြာပြီနော် .. ”

“ အာ .. မမကလဲ .. အရေးထဲမှ .. ”

“ ဟာ .. ဒါ ငါ့ဘဝမှာ အရာအားလုံးထက် အရေးကြီးတယ် .. မင်း အနမ်းက ငါ့သောကတွေကို ချက်ချင်း ငြိမ်းစေတယ် ”

မေချို့စကားကြောင့် ထင်ရှားအောင် ပြုံးလိုက်မိသည်။ မေချို နှုတ်ခမ်းတွေကို အားရပါးရ နမ်းလိုက်တော့သည်။

“ ကျေနပ်ပြီလား ”

“ ရင်ထဲကို အေးသွားတာပဲ .. မချစ်ရတာလဲ ကြာပြီကွာ .. ဒီည ချစ်ရအောင်နော် ”

“ မမကတော့ တကယ်ပဲ .. မမကသာ အေးဆေးဖြစ်နေတာ ကျွန်တော်က သစ္စာဖောက်ကို စောက်ရမ်း သိချင်နေပြီ .. သိလို့ကတော့ အကုန်လုံးကို အခွံနွှာပစ်မယ် .. တောက်စ် ”

“ ဟိတ် .. မမ မေးတာ ဖြေဦးလေ .. ဒီည ချစ်ပေးမှာလားလို့ ”

“ အင်း ချစ်ပေးမယ် .. ဟို .. ဟိုလေ .. ”

“ ဘာလဲ .. ချူး ကိုရော ခေါ်လာလို့ရမလား မေးချင်နေတာမလား ”

“ ဟီး .. မမက အရမ်း ပါးတာပဲ ”

“ မင်း အကြောင်း မသိရင်ခက်မယ် .. ခေါ်လာခဲ့ .. မင်း မိန်းမတစ်ယောက်ကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ကြသေးတာပေါ့ ”

“ စောင့် ကြည့် လိုက် .. ”

..............................

အခန်း (၂၅)

စားသောက်ဆိုင်တစ်ခုရဲ့ သီးသန့်ခန်းတစ်ခုမှာ လူ လေးယောက် စကားပြောနေကြသည်။

“ တောက်စ် .. စားရခါနီးမှ ပြုတ်ကျရတယ်လို့ .. ”

“ မမကို ကျွန်တော် ပြောပါတယ် .. မလောပါနဲ့လို့ .. ကျွန်တော့် အစီစဉ်အတိုင်းသာ လုပ်စမ်းပါ ”

“ အေး .. ငါလဲ အပိုင်ဆိုပြီး လုပ်လိုက်တာပဲ .. တောက်စ် .. ”

“ စိတ်လျော့ပါ မမရယ် .. ကျွန်မတို့ တကယ် မသိခဲ့တာပါ။ အဲ့ဒီ အဖွဲ့က ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းကို မသိခဲ့ဘူး။ ကျွန်မတို့ အားလုံး သေချာ စီစဉ်ထားတာပဲဟာ ”

“ လုသွားတာ ဘယ်အဖွဲ့လဲ .. ငါတို့မှာ ပြိုင်ဘက် ရှိနေတာလား .. ဟမ် .. မဖြစ်နိုင်ဘူး ..မေချိုထွဋ်ခေါင် ကို ဒီမြို့မှာ လှန်ရဲတဲ့သူ မရှိသေးဘူး .. မေချိုထွဋ်ခေါင် .. ညည်းက သိပ်ကို မာယာများပါလား ”

“ မမ .. ကျွန်တော့်အထင် ပစ္စည်းတွေကို လုသွားတာ မေချိုထွဋ်ခေါင် လူတွေပဲ ဖြစ်မယ်။ ကျွန်တော်တို့ အစီစဉ် ပေါက်ကြားသွားလို့ သူရိပ်မိပြီး သူ့ပစ္စည်းကို သူပြန်ယူသွားပုံပဲ .. နောက်ပြီး သူ့အနားမှာ သစ္စာဖောက်ရှိနေမှန်း သူသိနေပြီ ”

“ သိပ်ဟုတ်တာပေါ့ .. လည်လွန်းပါလား မေချိုထွဋ်ခေါင် .. ညည်းက ငါထင်တာထက်ကို ပိုဆိုးနေပါလား .. ”

“ ခင်ဗျားတို့က မေချိုထွဋ်ခေါင်ကို လျော့တွက်တာကိုး .. ”

တစ်ချိန်လုံး ဘေးမှာထိုင်ပြီး ဘာမှမပြောပဲ နားထောင်နေသော လူတစ်ယောက်က ကြားဖြတ် ဝင်ပြောလိုက်သည်။

“ ရှင်က သူ့အကြောင်း ကျွန်မထက်များ ပိုသိနေလို့လား ”

“ သိပ် သိတာပေါ့ဗျာ .. သိလွန်းလို့ ခက်နေတာပေါ့ .. ခင်ဗျားတို့နဲ့ ပူးပေါင်းတယ်ဆိုတာလဲ ကျုပ်တစ်ယောက်တည်း အင်အားနဲ့ သူ့ကို မရှင်းလင်းနိုင်လို့ပဲ။ ကျုပ်က မေချိုထွဋ်ခေါင် ကို အနိုင်ယူချင်တယ်။ ခင်ဗျားတို့က သူ့ပိုင်ဆိုင်မှုတွေကို လိုချင်တယ် .. ဒါပါပဲ .. ”

“ မေချိုထွဋ်ခေါင်ကို ဒီလောကကြီးကနေ ပျောက်ကွယ်သွားဖို့ဆိုတာ သေချာ အကွက်ကျကျ စီစဉ်မှဖြစ်မယ်။ သူ့မှာ လူအင်အားရော .. ငွေအင်အားပါ များတယ်။ 

နောက်ပြီး သူ့ဘေးမှာရှိနေတဲ့ ထင်ရှားအောင်ဆိုတဲ့ကောင်ကလဲ လျင်တယ်လေ။ ကျွန်မတို့ သူ့ကို အနိုင်ယူဖို့ နည်းလမ်း သုံးခု စီစဉ်ထားတယ်။ တစ်ချို့နည်းလမ်းတွေက ငွေ လိုအပ်တယ်။ ဒါကြောင့် ရှင်နဲ့ ပူးပေါင်းလိုက်တာပဲ။ အခု ပထမ နည်းလမ်းကို စတင် လှုပ်ရှားနေပြီ။ ကျွန်မတို့ နည်းလမ်း သုံးခုထဲက သူ ပြေးမလွတ်ပါဘူး .. ”

“ အင်း .. မအောင်မြင်ရင်တော့ ကျုပ်တို့အားလုံး ဒုက္ခ ရောက်လိမ့်မယ်နော် .. ”

“ မပူပါနဲ့ ကျွန်မတို့ သေချာ ကိုင်တွယ်နေပါတယ် .. ကဲ .. ဒါတွေ ခဏမေ့ထားရအောင် .. အခု ရှင့်ကို ကျွန်မတို့အဖွဲ့ကနေ ကြိုဆိုပါတယ် .. ကဲ အားလုံးပဲ Cheers .. ”

အားလုံး ဖန်ခွက်ကိုယ်စီ မြှောက်လိုက်ပြီး ...။

“ Cheers .. ”

...........................

ဒီတစ်ခါတော့ အရက်ကို ပေါ့ပေါ့ပါးပါး သောက်လို့မရဘူးဖြစ်နေတယ်။ သူနဲ့ မေချိုမှာ အကြီးမားဆုံး ရန်သူ ရှိနေပြီ။ ဘယ်သူတွေလဲ။ အရင်တစ်ခါတုန်းက သူ့ကို အရှင်ဖမ်းချင်လို့ ရောက်လာကြတယ်။ အခုလဲ မေချို ပိုင်တဲ့ အကြီးဆုံး ဂိုထောင် ကို Target ထားနေပြီ။ ဒီပုံစံအတိုင်းဆို နောက်ထပ် ကြီးကြီးမားမား ပြဿနာတွေ ဆက်ဖြစ်လာဖို့ ရှိတယ်။

သစ္စာဖောက်ကရော ဘယ်သူလဲ .. မနက်က အခန်းထဲမှာ တွေ့ခဲ့တဲ့သူတွေကို တစ်ယောက်ချင်းစီ လေ့လာနေမိသည်။ အားလုံးက သူ့အတွက် အခင်မင်ရဆုံး လူရင်းတွေမို့ စဉ်းစားရ ခက်နေသည်။ ထင်ရှားအောင် ခုံပေါ်မှာ ကျောမှီကာ ဆေးလိပ်သောက်ရင်း မျက်လုံးမှိတ်ကာ တစ်ဦးချင်းစီ လေ့လာကြည့်နေသည်။ ချက်ချင်းပဲ သူ့စိတ်တွေ မောပန်းလို့လာသည်။ ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး အငွေ့များကုန်သည်အထိ ဖြေးဖြေးချင်း မှုတ်ထုတ်လိုက်သည်။ ထိုစဉ် .. ဘေးမှာချထားတဲ့ ဝေါ်ကီတော်ကီက အသံမြည်လာသည်။

“ မမ ပြော ”

“ မလာသေးဘူးလား ”

မမ ခေါ်လိုက်တဲ့ စကားကြောင့် သူ့အတွေးများကို ရပ်လိုက်တော့သည်။ ဟုတ်သားပဲ .. မမ နဲ့ ဒီည Date ထားတာ သတိရလိုက်သည်။

“ ဆောရီး မမ .. ကျွန်တော် အခု လာခဲ့ပါမယ် ”

ထင်ရှားအောင် ချူးဆီကို ဖုန်းဆက်လိုက်သည်။

“ ချူး .. ငါ့ဆီ လာခဲ့ဦး ”

“ ချူးက မမလေး အခန်းထဲ ရောက်နေပြီ .. ကိုရှား မလာသေးလို့ စောင့်နေတာ ”

ထင်ရှားအောင် ရယ်လိုက်မိသည်။ တော်တော်ဆိုးတဲ့ မမ .. ချူးကိုပါ တစ်ခါတည်း သူ့အခန်းထဲ ခေါ်ထားပြီးပြီ။ ထင်ရှားအောင် သောက်လက်စ အရက်ခွက်ကို အပြတ်ရှင်းကာ မေချို့ အခန်းဘက်သို့ ထွက်လာခဲ့သည်။

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက ထင်ရှားအောင်ရဲ့ မောပန်းနေတဲ့ စိတ်တွေကို ချက်ချင်း မောင်းထုတ်လိုက်တော့သည်။

မေချို နဲ့ ချူး .. နှစ်ယောက်စလုံး ကိုယ်တုံးလုံးလေး ဖြစ်နေပြီး ကုတင်ပေါ်မှာ kissing ဆွဲနေကြလေသည်။ မေချိုက ချူးကို အပိုင် သိမ်းသွင်းပြီးနေပြီ။

မေချိုဟာ Ladyboy တစ်ယောက်ဆိုတာ ချူး သိပြီးနေလောက်ပြီ။ ထင်ရှားအောင် နောက်ထပ် သဘောပေါက်လိုက်တာက မေချို နဲ့ ချူး သူ့ကို ဘယ်လိုပုံစံနဲ့ ဆက်ဆံတော့မလဲ ဆိုတာကိုပဲ။ မြင်ကွင်းက မေချို စိတ်တိုင်းကျ ပြင်ဆင်ဖန်တီးထားတဲ့ အခြေနေ မဟုတ်လား။

ချူးက မေချို့ရဲ့ ရင်ခွဲထဲမှာ ခေါင်းလေး မော့ပြီး မေချို့ရဲ့ အနမ်းများကို နှုတ်ခမ်းများ အထက်အောက် လှုပ်ရှားရင်း ခံယူနေသည်။ ထင်ရှားအောင် ဘာမှ မပြောနိုင်ပဲ သူတို့နှစ်ယောက်ရဲ့ အနမ်းပန်းများ ဖူးပွင့်ဝေဆာနေပုံကို ငေးကြည့်နေမိတော့သည်။

နမ်းနေရင်း မေချိုက ထင်ရှားအောင်ကို မျက်စောင်းထိုးကြည့်ကာ ..။

“ ချူး .. ငါတို့ သခင်လေး ရောက်လာပြီ .. ”

ချူးက မေချိုနဲ့အတူ ထင်ရှားအောင်ကို လှည့်ကြည့်ကာ နှုတ်ခမ်းလေး ကိုက်ပြသည်။ ထူးခြားတာတစ်ခုက မေချို နဲ့ ချူး နှစ်ယောက်စလုံးရဲ့ လည်ပင်းမှာ ခွေးလည်ပတ်လိုမျိုး လည်ပတ် တစ်ခုစီ ဝတ်ဆင်ထားသည်။ နောက်ပြီး လည်ပတ်မှာ ခပ်သေးသေး သံကြိုးတန်းလန်းတွေနဲ့။

သံကြိုးများက အတော်လေး ရှည်သည်။ သူ့ကို ခေါ်လိုက်တဲ့ အသုံးနှုန်းကြောင့် ဒီည ဇာတ်လမ်းကို သခင် နဲ့ ကျွန်မလေးတွေ အဖြစ် မေချို အသက်သွင်းနေမှန်း ထင်ရှားအောင် နားလည်လိုက်ပါသည်။ Sex နဲ့ပက်သက်ရင် မေချို့အကြိုက်က ခပ်ကြမ်းကြမ်း မဟုတ်လား။

“ သခင်လေး .. ရွှေပုလင်မှာ ထိုင်တော် မူပါနော် .. ”

မေချိုက ထင်ရှားအောင် နားမှာ ရှိနေတဲ့ အကောင်းစား ဆိုဖာခုံကြီးကို လက်ညိုးထိုးပြလိုက်သည်။ ထင်ရှားအောင် မေချို ပြောသလို ထိုင်လိုက်သည်။

မမ ဘာတွေ ထွင်ဦးမှာလဲ .. မေချို့ လုပ်ရပ်များက သူ့အတွက် စိတ်လှုပ်ရှားစရာတွေချည်း ဖြစ်နေသည်။ မေချိုက ချူးဘက်ကို လှည့်ကာ ချူးရဲ့ နို့အုံ မို့မို့လေးကို သွားနဲ့ အသာလေး ခဲလိုက်သည်။ သူ့လက်များက ချူးရဲ့ အဖုတ်ဆီသို့ လှစ်ကနဲ ရောက်သွားကာ ပွတ်သပ်ပေးလိုက်သည်။

ချူး မှာ ရင်ကော့သွားပြီး မျက်လုံးလေး မှိတ်ကာ ဖီးလ်တက်ရတော့သည်။ မေချိုက ချူးကို နမ်းနေရင်း ထင်ရှားအောင်ကို တစ်ချိန်လုံး ကြည့်နေသည်။

မေချို့အကြည့်တွေကြောင့် သခင်လေးမှာ ရာဂစိတ်တွေ ထကြွတော် မူလေပြီ။ အင်္ကျီ ကြယ်သီးများ တစ်လုံးချင်း ဖြုတ်ကာ ကျွန်မလေး နှစ်ယောက်ရဲ့ ချစ်ခြင်းကဗျာကို လင်္ကာမျက်စိဖြင့်ကြည့်ကာ ကာရံတွေ တစ်သီကြီး သူ့ရင်ဘတ်ထဲ သီကုံးနေလေပြီ။ အင်္ကျီ ချွတ်ပြီးသွားတော့ ဘောင်းဘီ ချွတ်မယ် အလုပ် ...။

“ သခင်လေး မခေါ်သေးဘူးလား .. လာချင်လှပြီ .. ခေါ်ဦးလေ .. ”

မေချိုက လည်ပင်းမှာ တပ်ထားတဲ့ သံကြိုးကို ကိုင်ကာ အချက်ပြလိုက်သည်။ မေချိုတို့ နှစ်ယောက်ရဲ့ လည်ပတ် သံကြိုးအဆုံးမှာ ထင်ရှားအောင် ထိုင်နေသော ဆိုဖာခုံ ခြေရင်းမှာ ရှိနေသည်။ ထင်ရှားအောင် သဘောပေါက်သွားသည်။ သံကြိုး နှစ်ချောင်းကို ကောက် ကိုင် လိုက်ပြီး အနည်းငယ် ဆောင့်ဆွဲလိုက်သည်။

“ နှစ်ယောက်စလုံး ငါ့ဆီ လာခဲ့စမ်း ”

ခပ်တည်တည်ဖြင့် အမိန့်ပေးလိုက်သည်။ သခင်လေးရဲ့ အမိန့်သံကြောင့် ကျွန်မလေး နှစ်ယောက်မှာ ကုတင်ပေါ်ကနေ ဆင်းလာကြသည်။

ကြမ်းပြင်ပေါ်ရောက်တော့ နှစ်ယောက်စလုံး လေးဘက်ထောက်ကာ သခင့်ကို စိုက်ကြည့်ရင်း တစ်လှမ်းချင်း လှမ်းကာ ဖြေးဖြေးချင်း ရောက်လာသည်။

ကြိုးဆွဲရာသို့ ရောက်လာတဲ့ ကျွန်မလေးတွေကို ကြည့်ရင်း ထင်ရှားအောင် စိတ်ကျေနပ် သဘောကျနေတော့သည်။

ကျွန်မလေးတွေ အနားရောက်လာတော့ ထင်ရှားအောင် မတ်တပ်ရပ်လိုက်ကာ သံကြိုးများကို အပေါ်သို့ ဆွဲတင်လိုက်သည်။ ကျွန်မလေးနှစ်ယောက် ခေါင်းမော့သွားပြီး ထင်ရှားအောင်ကို မော်ကြည့်နေကြသည်။ ထင်ရှားအောင် ကျွန်မလေးနှစ်ယောက် မော်ကြည့်နေတဲ့ ပုံစံကို ကြည့်ကာ လူကျွန်များ ပိုင်ဆိုင်ထားသော တကယ့် သခင်ကြီးလို ခံစားလိုက်ရတော့သည်။

“ ချူး .. ငါ့ကို အရက်တစ်ခွက် ငှဲ့ပေးစမ်း .. ”

ချူးမှာ သခင့်ရဲ့ အမိန့်အတိုင်း အရက်ဘားသို့သွားကာ အရက်တစ်ခွက် ငှဲ့လိုက်သည်။ ထင်ရှားအောင်မှာ သံကြိုးနှစ်ချောင်းကို တစ်ဖက်စီ ကိုင်ထားရင်း သခင် ဂိုက် အပြည့်နဲ့ ခိုင်းလိုက်သည်။ မေချိုက သူ့ကို ဘာခိုင်းမလဲဆိုပြီး မျက်နှာငယ်လေးနဲ့ ထင်ရှားအောင်ကို မော့ကြည့်နေဆဲ။

“ မမ .. ”

“ မေချို လို့ပဲ ခေါ် .. ဘာလဲဟင် သခင်လေး .. ကျွန်မ ဘာလုပ်ပေးရမလဲ ”

ထင်ရှားအောင် မေချို့ကို ကျွန်တစ်ယောက်လို ဆက်ဆံရမှာ အားနာနေသည်။ ဒါပေမယ့် ဒီလို ဆက်ဆံစေချင်တာ မေချို့ ဆန္ဒ မဟုတ်လား။

မေချိုရဲ့ ဇတ်ညွှန်းအတိုင်း ဒီည က ရမှာ ထင်ရှားအောင်ရဲ့ တာဝန်ပဲ။ မမ စိတ်တိုင်းကျ ကျွန်တော် ကပြ ဖျော်ဖြေပါ့မယ် .. လွန်တာရှိရင် ခွင့်လွှတ်ပါနော် မမ .. ။

“ မေချို .. ငါ့ကို ဘောင်းဘီချွတ်ပေးစမ်း ”

မေချိုက ပြုံးလိုက်ပြီး ထင်ရှားအောင် ခြေထောက်နား ဒူးလေးတုတ်ကာ ဘောင်းဘီ ချွတ်ပေးလိုက်သည်။ အောက်ခံ ဘောက်ဆာကိုလဲ ချွတ်လိုက်သည်။

ထင်ရှားအောင်ရဲ့ မာတောင့်တင်းနေတဲ့ လိင်တံမှာ ငေါက်ကနဲ ထွက်လာတော့သည်။ ထင်ရှားအောင်က လိင်တံကို ကိုင်ကာ မေချို့ပါးကို တစ်ဖက်စီ ရိုက်လိုက်သည်။ မေချိုက ထင်ရှားအောင် လုပ်ရပ်ကို သဘောကျသွားသည်။ ချူး လာပေးသော ဝီစကီတစ်ခွက်ကို တစ်ငုံသောက်ရင်း သူ့လိင်တံကို ကျွမ်းကျင်စွာ ဂွင်းထုပေးနေတဲ့ မေချို့ကို ငုံ့ကြည့်ရင်း ထင်ရှားအောင် စိတ်လှုပ်ရှားရပြန်သည်။

“ ချူး .. မင်း အောက်မှာ ပက်လက်လှန်လိုက် .. ”

ချူးက ထင်ရှားအောင် ခြေရင်းမှာ ပက်လက်လှန်လိုက်သည်။

“ မေချို .. မင်းက သူ့မျက်နှာပေါ် ခွ ထိုင်ပြီး မင်းလီးကို ချူးကို မှုတ်ခိုင်းစမ်း ”

မေချိုက မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ထင်ရှားအောင် စိတ်ထဲ လန့်လန့်နဲ့ ခိုင်းနေရသည်။ ဒါပေမယ့် သရုပ်ဆောင်မှုကတော့ အိုက်တင် အပြည့်ပဲ။

ထင်ရှားအောင် ခိုင်းတဲ့အတိုင်း မေချိုက ချူး မျက်နှာပေါ် ခွ ထိုင်လိုက်ပြီး သူ့လိင်တံ တောင်တောင်လေးကို ချူးပါးစပ်နား တေ့ပေးလိုက်သည်။ ချူးက မေချို့ လိင်တံကို တပြွတ်ပြွတ်နဲ့ စုပ်ပေးတော့သည်။ မေချို ခေါင်းမော့သွားပြီး အရသာ ခံလိုက်သည်။ မော့နေတဲ့ မေချို့ခေါင်းမှ ဆံပင်များကို ထင်ရှားအောင်က ဇတ်ကနဲ ဆွဲဆောင့်ကာ သူ့ လိင်တံနား ကပ်လိုက်သည်။ မေချိုက ထင်ရှားအောင်ရဲ့ လိင်တံကို သူ့ပါးစပ်ထဲ ထည့်လိုက်တော့သည်။

တစ်ဖက်က သံကြိုးများကို ကိုင်ထားရင်း တစ်ဖက်က မေချို့ခေါင်းကို ကိုင်ကာ ထင်ရှားအောင် သခင်မင်း စည်းစိမ် ခံစားလိုက်တော့သည်။ မြင်ကွင်းက စောက်ရမ်း မိုက်နေတော့သည်။

မေချို မှာ တစ်ခြားဟာတွေသာ ခံနိုင်ရည်ရှိတာ သူ့ လိင်တံလေး အစုပ်ခံရရင် တွန့်တွန့်ကို လူးလို့။ လိင်တံလေးက သေးသေးလေးမို့ ချူးက လိင်တံ အဆုံးထိ ငုံပေးလိုက်ရင် သူ့ခမျာ ထင်ရှားအောင်ရဲ့ လိင်တံကို ပါးစပ်မှာ ခဲထားရင်း တအူးအူးနဲ့ ညည်းရသည်။ 

ထင်ရှားအောင်ကလဲ မေချို့နောက်စိကို ဖိကိုင်ကာ ခါးကို ကော့ပြီး သူ့လိင်တံအဆုံးထိ ရအောင် ငုံခိုင်းသည်။ လိင်တံကို မေချို့ပါးစပ်ထဲသို့ အဆက်မပြတ် အထုတ်အသွင်းလုပ်ရင်း ပါးစပ်ကာမ ကို အရသာရှိရှိ သုံးဆောင် နေလေသည်။ မေချိုက ထင်ရှားအောင် တင်ပါးများကို ကိုင်ကာ လိင်တံကို ပါးစပ်နဲ့ ခပ်ပြင်းပြင်း ဂွင်းတိုက်ပေးနေသည်။ ကောင်းလိုက်တာ မမ ရယ် ..။

အတန်ကြာ အမှုတ်ခံပြီးတော့ ...။

“ ပုံစံပြောင်းမယ် .. ချူး .. မင်း ပက်လက်လှန်ပြီး ပေါင်ကားထား .. မေချို မင်းက ချူးကို ပြန်မှုတ်ပေးလိုက် ”

“ ဟင့်အင်း .. မမ မှုတ်တာ ချူး မခံရဲဘူး .. မလုပ်ပါနဲ့ ကိုရှားရယ် ..  ”

“ ဟိတ် .. သခင်လေး ပြောနေတာ မကြားဖူးလား .. သူ ပြောတဲ့အတိုင်းလုပ်လေ .. မဟုတ်ရင် ကြာပွတ်ဆာ မိမယ်နော် .. ခစ် .. ”

မေချို့စကားကြောင့် ချူးမှာ မဝင့်မရဲဖြင့် ပေါင်ကား ပေးလိုက်သည်။ မေချိုက ချူးကို ကြည့်ပြီး ရယ်လိုက်သည်။ ထင်ရှားအောင်ကိုလဲ မျက်စောင်းတွေ တစ်ချိန်လုံး ထိုးနေတော့သည်။ ထင်ရှားအောင်က လျှာထုတ်ပြကာ ပြောင်ပြသည်။ ဒါပဲ .. သခင်လေး စိတ်တိုင်းကျ နေပေးရမှာပေါ့ .. ဘယ်ရမလဲ .. ဟင်း .. ဟင်း .. ။

မေချိူက ခါးလေးကုန်းကာ ချူး အဖုတ်လေးကို လျှာဖျားလေးနဲ့ ကလိပေးသည်။ ချူးမှာ ကြောက်ကြောက်နဲ့ အလျက်ခံနေသည်။ ဖင်လေးကုန်းနေတဲ့ မေချို့ပုံစံကို ထင်ရှားအောင် သဘောကျနေသည်။ မေချို့အနောက်ကို သွားကာ ဖင်ကြားလေးကို ဖြဲကြည့်လိုက်သည်။ မေချို့ ဖင်ပေါက်လေးက ဆူပွ ဆူပွ ဖြစ်နေလေသည်။

ထင်ရှားအောင်လဲ မေချို့အနောက်မှာ ဖင်ကုန်းလိုက်ပြီး မေချို့ရဲ့ လိင်တံ ငေါက်စိလေးကို လက်နဲ့ ဂွင်းထုပေးရင်း ဆူပွလေးကို လျှာနဲ့ လျက်ပေးလိုက် တော့သည်။ မေချို ဖင်လေး တစ်ချက် တွန့်သွားသည်။ ချူးမှာ မေချို့ကို အားမနာနိုင်တော့ဘူး .. မေချို့ဆံပင်များကို ထိုးဆွကာ အရမ်း ဖီးလ် တက်နေလေပြီ။

မေချိုက ထင်ရှားအောင်ရဲ့ လျှာစွမ်းကြောင့် အမှုတ်ရပ်ကာ နှုတ်ခမ်းကိုက်ပြီး ညည်းရပြန်သည်။ ထင်ရှားအောင်က လျက်ပေးနေရင်း ချူးကို လှမ်းကြည့်လိုက် သည်။ ချူးက ထင်ရှားအောင်ကို လိုချင် တက်မက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ ထင်ရှားအောင်မှာ ချူးကို ကြည့်ပြီး စိတ်တွေ အရမ်း ထန်လာတော့သည်။ 

ထင်ရှားအောင် ဆူပွလေးထဲသို့ လက်ညိုးသွင်းကာ နယ်ချဲ့လိုက်သည်။ လက်ညိုး အဆုံးထိ ထိုးလို့ရတဲ့ အခြေနေရောက်တော့ ဆူပွလေးမှာ နယ်မြေချဲ့ဖို့ အသင့်ဖြစ်နေလေပြီ။

“ ထွီ .. ”

မေချို့ရဲ့ ဆူပွ လေးပေါ်သို့ တံတွေး များများ ထွေးချလိုက်သည်။ ထင်ရှားအောင် သူ့လိင်တံကို အရင်းကနေ ဆုပ်ကိုင်ပြီး ဒစ်ခေါင်းကို ဖင်ပေါက်ထဲသို့ အသာ ချော့သွင်းလိုက်သည်။

“ အာ့ .. ချောဆီ သုံးဦးလေ .. မရလောက်ဘူး ”

“ မသုံးချင်ဘူး .. ကြပ်ကြပ်လေး လုပ်ချင်တာ .. ”

“ ဟင်း .. နှိပ်စက်တယ်ကွာ .. အမယ်လေး .. နာတယ် .. ကျွန်မကို သနားပါ သခင်လေးရယ် .. အူး ..  ”

ဒစ်ခေါင်းဝင်အောင် ဖိသွင်းရင်း တင်းကြပ်ပြည့်တင်းနေတဲ့ အရသာကို ခံစားလိုက်ရသည်။ မေချို့မှာ ချူးကို မမှုတ်ပေးနိုင်တော့ဘူး။ ခေါင်းကို အောက်စိုက်ကာ ထင်ရှားအောင်ရဲ့ နယ်မြေချဲ့မှုကို ခါးစည်း ခံနေရတော့သည်။ ထင်ရှားအောင် အဆုံးထိ တိုက်ပွဲ ဝင်နေတာမို့ မေချို လက်နက်ချ အရှုံးပေးလိုက်သည်။

စိတ်ကို တင်းမထားတော့ပဲ လျော့ပေးလိုက်ရတော့သည်။ အဆုံးထိ ဝင်သွားတော့ လက်သီးဆုပ်ကာ ကြမ်းပြင်ကို ထု လိုက်သည်။ ချူးက မေချို့ကို သနားပြီး ..။

“ ကိုရှားရယ် ဖြေးဖြေးလုပ်ပါ မမ အရမ်းနာနေပြီ ”

“ ရတယ် ချူး .. ငါ ခံနိုင်တယ် .. ဆီမသုံးပဲ လုပ်တာမို့ ခံရခက်နေတာ .. အာ့ .. ကောင်းတယ် .. ”

“ ချူး .. ငါ့ဘေးမှာ ဖင်ကုန်းစမ်း ”

ထင်ရှားအောင် လောဘကြီးသွားပြီ။ မေချို့ ဖင်ပေါက်လေးကို လုပ်နေရင်း ချူးရဲ့ အဖုတ်လေးပါ လုပ်ချင်စိတ် ပေါက်လာသည်။ ချူးက ထင်ရှားအောင် ဘေးနားမှာ ဖင်လေးကုန်းပေးသည်။ ထင်ရှားအောင်က မေချို့ကို လုပ်နေရင်း လိင်တံကို ဇက်ကနဲ ဆွဲထုတ်ကာ ချူး အဖုတ်လေးထဲသို့ ထိုးထည့်လိုက်သည်။

ချူးရဲ့ ဆံပင်များကို နောက်ကနေ ဆွဲလိုက်ပြီး တဖြေးဖြေး အရှိန်တင်ကာ လုပ်လိုက်သည်။ မေချိုကတော့ ဘယ်အချိန် ထင်ရှားအောင် အလည် ပြန်လာမလဲလို့ ဖင်လေးကော့ကာ စောင့်ဆိုင်းနေသည်။ ထင်ရှားအောင် ချူး ဖင်လုံးလေးများကို တစ်ချက်ပြီးတစ်ချက် ရိုက်ရင်း အားရအောင် ဆောင့်နေသည်။ 

လုပ်ရတာ အားရ သွားတော့ လိင်တံကို ပြန်ထုတ်ကာ မေချို့ဖင်ပေါက်ထဲသို့ အတင်းထိုးထည့်ပြန်သည်။ အပေါက်က နှစ်မျိုး .. အရသာက နှစ်မျိုး .. feeling က နှစ်မျိုး .. နှစ်မျိုးသော ခံစားချက် များစွာကို ထင်ရှားအောင် ခံစားရင်း အရှင်လတ်လတ် နတ်ပြည်ရောက်နေတော့သည်။

“ သခင်လေး တော်ပါတော့ရှင် .. ဒူးတွေ နာနေပြီ ကုတင်ပေါ် တက်ပါရစေနော် ”

ကုတင်ပေါ်ရောက်တော့ ထင်ရှားအောင်ရဲ့ အာရုံက ချူးဘက်သို့ လှည့်သွားသည်။ ချူးကို ကုန်းခိုင်းပြီး အနောက်ကနေ ဆောင့်တော့သည်။ မေချို့ကို သူ့ဘေးနားမှာ Stand By ခေါ်ထားသည်။ ချူး အဖုတ်ထဲကနေ လိင်တံကို ခဏခဏ ထုတ်ပြီး မေချို့ကို စုပ်ခိုင်းသည်။ 

မေချိုက သူ့မျက်စိရှေ့မှာ ထင်ရှားအောင် မိန်းမတစ်ယောက်ကို အားရပါးရ လုပ်နေတာကို ကြည့်ပြီး သဘောကျနေသည်။ ထင်ရှားအောင်ရဲ့ နို့တွေကို လက်နဲ့ ကစားပေးရင်း အရသာခံ ကြည့်နေသည်။ ဒီလိုနဲ့ ဆောင့်လိုက် စုပ်လိုက် အကြိမ်ကြိမ်လုပ်ရင်း ထင်ရှားအောင် ပြီးချင်စိတ်ပေါက်လာလို့ ခဏနားလိုက်ရတော့သည်။

ပြီးလိုက်လို့ မဖြစ်ဘူး .. ဆက်ရန်တွေက ကျန်သေးတယ်လေ။

ထင်ရှားအောင် ကုတင်ခေါင်းရင်းကို ကျောမှီရင်း ဝီစကီသောက်ကာ အမောဖြေလိုက်သည်။ မေချိုက ထင်ရှားအောင် ရင်ခွင်ကို မှီကာ ဆေးလိပ် သောက်နေသည်။ သောက်နေရင်း ထင်ရှားအောင် ပါးစပ်နား ဆေးလိပ်တေ့ ပေးလိုက်သည်။ ထင်ရှားအောင် အားရပါးရ တစ်ချက် ရှိုက်လိုက်သည်။

ခေါင်းမော့ပြီး အငွေ့များ မှုတ်ထုတ်ရင်း အောက်မှာ ချူး မှုတ်ပေးနေတာကို ဇိမ်ခံနေတော့သည်။ မေချိုက ချူး ထင်ရှားအောင်ကို မှုတ်ပေးနေတဲ့ မြင်ကွင်းကို အရသာခံ ကြည့်နေပြန်သည်။

“ ဘယ်လိုလဲ မင်းကောင်မလေး မှုတ်ပေးတာ ကောင်းရဲ့လား ”

“ ကောင်းတယ် .. မမရော ကျွန်တော် လုပ်ပေးတာ ကြိုက်ရဲ့လား ”

“ ကြိုက်တာပေါ့ .. ဆီမသုံးပဲလုပ်တော့ ခုထိ စပ်နေတုန်းပဲ .. ”

“ ဆောရီးပါ မမရယ် .. လည်ပတ်တွေ ဖြုတ်လိုက်ပါတော့နော် .. လည်ပင်း နာနေဦးမယ် .. ”

“ သခင်လေးပုံစံ လုပ်ရတာ သဘောကျရဲ့လား .. မျက်နှာကြီးက မပြောလိုက်ချင်ဘူး .. ”

“ ဟီး .. မိုက်တယ် .. မမ .. ချူးကို လုပ် ပါလား ”

“ ဟာကွာ .. မင်းပဲ လုပ်ပါကွာ .. မမ ဟာက ပိစိလေး .. နောက်ပြီး သူက အိပ်နေပြီ .. ”

“ အိပ်နေရင် ကျွန်တော် နိုးပေးမှာပေါ့ .. ”

ထင်ရှားအောင် မေချို့ရဲ့ လိင်တံလေးကို လက်နဲ့ ကစားပေးလိုက်သည်။ လိင်တံလေးက တော်တော် နဲ့ ပြန်မထသေးဘူး။ ထင်ရှားအောင် ချူးနဲ့ အတူ ကုတင်ခြေရင်းကို သွားကာ မေချို့လိင်တံလေးကို ချူးနဲ့ တစ်ယောက်တစ်လှည့်စီ စုပ်ပေးလိုက်သည်။ ထင်ရှားအောင်တို့နှစ်ယောက်ရဲ့ ပြုစုမှုကြောင့် .. မေချို့လိင်တံလေးမှာ တဖြေးဖြေး ထောင်လာသည်။

“ မမ .. ချူးကို ကျွန်တော်နဲ့အတူ လုပ်ရအောင်နော်။ ကျနော်က အနောက်ပေါက်ကို လုပ်မယ်။ မမက အရှေ့ကို လုပ် ..”

“ ဖြစ်ပါ့မလား .. ချူး .. မင်း အနောက်ပေါက် ခံ ဖူးလား ”

“ ဟင့်အင်း .. တစ်ခါမှ မခံဖူးဘူး .. ဒါပေမယ့် ချူး .. ဟိ .. ချူး ခံကြည့်ချင်တယ် ”

“ အမယ် .. နင်ကလဲ တော်တော် ကဲ ပါလား .. လုပ်မယ့်သူက နှစ်ယောက်နော် .. တော်ကြာ မျက်ဖြူစိုက်နေဦးမယ် ”

“ ဟီး .. မခံနိုင်ရင်တော့ သနားကြပါနော် .. ”

“ ထင်ရှား .. ချောဆီ သုံးပြီး ချူးကို လုပ် .. ဒီအတိုင်းလုပ်ရင် သူ မခံနိုင်လောက်ဘူး .. ”

ထင်ရှားအောင်က ပက်လက် လှဲလိုက်သည်။ ချူးကို သူ့ကို ကျောပေးပြီး အပေါ်ကနေ ထိုင်ခိုင်းသည်။ ချူး ဖင်ပေါက်လေး နဲ့ သူ့လိင်တံကို ချောဆီ ရွှဲရွဲလူးပြီး အသာလေး တေ့ကာ ဖြေးဖြေးချင်း ထိုင်ခိုင်းသည်။ ချူးမှာ တော်တော်နဲ့ မထိုင်ရဲ ဖြစ်နေသည်။ 

မေချိုက ဘေးကနေပြီး ထင်ရှားအောင် လိင်တံကို ထိန်းပေးရင်း ချူးကို နည်းပြ လုပ်ပေးရသည်။ ဒစ်ခေါင်းထိပ် အဝင်အထွက်လောက်ပဲ အရင် ထိုင်ခိုင်းရင်း တဖြေးဖြေး ဖိသွင်းကာ အဆုံးထိ ဝင်အောင် ချော့သွင်းပေးသည်။

“ ချူး .. လက်ကို နောက်ပစ်ပြီး အခုအတိုင်းလေးပဲ နေ .. ထင်ရှား အရမ်းမလုပ်နဲ့ ကျွတ်သွားလိမ့်မယ် ”

ထင်ရှားအောင်က ချူး ဖင်လုံးလေးများကို အောက်ကနေ ပင့်ကိုင်ထားရင်း ဖြေးဖြေးလုပ်ပြီး မကျွတ်အောင် ထိန်းထားသည်။ မေချိုက ချူးနဲ့ မျက်နှာချင်းဆိုင်မှာ ဒူးထောက်လိုက်ပြီး သူ့လိင်တံလေးကို ချူး အဖုတ်ထဲသို့ အသာ ဖြဲထည့်လိုက်သည်။ ချူးကို တစ်ချက်ခြင်း ဆောင့်ရင်း ထင်ရှားအောင်ရဲ့ လိင်တံကို မကျွတ်  အောင် လက်နဲ့ထိန်းပေးသည်။ 

ချူးမှာ တစ်ခါမှ မခံစားဖူးတဲ့ အတွေ့ကြုံသစ်တစ်ခုကို ခံစားရင်း အရသာထူးကို မြည်းစမ်းကြည့်နေတော့သည်။ အနေထားက သုံးယောက်စလုံး ခံတွင်းမိန်စေသော ထမင်းဝိုင်းတစ်ခုပေါ့။

သုံးယောက်စလုံး အတိုင်ဖောက် ညီညီနဲ့ လှုပ်ရှားရင်း ညည်းသံများက အခန်းထဲ လွှင့်ပျံနေတော့သည်။ ခဏနေတော့ ထင်ရှားအောင် နောက်တစ်မျိုး လုပ်ချင်ပြန်သည်။ ချူးကို ဖင်ကုန်းခိုင်းပြီး မေချို့ကို အနောက်ကနေ လုပ်ခိုင်းသည်။ သူကတော့ မေချိုကို အနောက်ကနေ ထပ်ပြီး လုပ်မည့် အနေထား။

ဒီတစ်ခါတော့ မေချို မနာအောင် ချောဆီသုံးပြီး ထည့်လိုက်တာမို့ အဆင်ပြေပြေပဲ အဝင်ထွက် လှသွားသည်။ ချူးက ခေါင်းကို အောက်ကိုငိုင်ကာ ဖင်ကို တတ်နိုင်သလောက် ထောင်ပေးရင်း ခံနေသည်။ မေချိုက ချူးဖင်လေးကို တဖြန်းဖြန်းရိုက်ကာ အနောက်ကနေ လုပ်သည်။ 

ထင်ရှားအောင်က အနောက်ဆုံးကနေ မေချို့ဖင်ကို လက်နဲ့ အားပြု ဖြဲရင်း လုပ်နေသည်။ ထမင်းဝိုင်းက စားကောင်းချက်ဆိုတာ သုံးယောက်စလုံး ဆန္ဒတွေကို တင်းကားသွားတာပဲ။

“ ထင်ရှား .. ငါ ပြီးချင်နေပြီ .. မခံနိုင်တော့ဘူး .. ”

အရှေ့ရော အနောက်ပါ တစ်ပြိုင်တည်း အသုံးပြုနေတာမို့ မေချိုတစ်ယောက် ပြီးချင်နေပြီ။

“ မမ .. ခဏလေးဗျာ .. မမ ဖင်ကို လုပ်ရတာ အရမ်းကောင်းတာပဲ .. ”

ထင်ရှားအောင် အရှိန်တင်ကာ အားရပါးရ ဆောင့်တော့သည်။ မေချိုက ချူးကို မလုပ်နိုင်တော့ဘူး။ ထင်ရှားအောင် ဆောင့်ချက်များကြောင့် ချူး ဖင်လုံးတွေပေါ် ပါးအပ်ရင်း တအင်းအင်း နဲ့ အော်နေတော့သည်။ ထင်ရှားအောင် မေချို့ဆံပင်များကို ဆွဲဆောင့်ကာ အနောက်ကနေ အတွင်းအားသိုင်းကို ဂုဏ်ထူးထွက်တဲ့အထိ ကျင့်လိုက်တော့သည်။

“ ချူး .. မမ ကို စုပ်ပေးလိုက် .. သူ ပြီးချင်နေပြီ .. ”

ချူးက မေချို့ဘက်လှည့်ကာ လိင်တံလေးကို တပြွတ်ပြွတ်နဲ့ အဆက်မပြတ် စုပ်တော့သည်။ မေချို့မှာ မျက်စိစုံမှိတ်ကာ ခေါင်းတွေ ခါရမ်းရင်း အံကြိတ်ခံနေသည်။

“ ထင်ရှား .. ငါ မရတော့ဘူး .. ပြီး .. ပြီး .. ပြီးပြီ .. အမယ်လေး .. ကောင်းလိုက်တာ .. ”

မေချိုက ချူးပါးစပ်ထဲမှာပဲ အားရအောင် ပန်းထုတ်လိုက်တော့သည်။ ချူးက လိင်တံလေးကို အရင်းထိ ငုံထားပေးသည်။ ထင်ရှားအောင်က နောက်ဆုံးတစ်ချက် အားရအောင် ဆောင့်လိုက်ပြီး လိင်တံကို ဆွဲထုတ်လိုက်သည်။ မေချိုမှာ ဒူးတွေ မခိုင်တော့ပဲ ဘေးကို လှဲကာ အကြောဆွဲသွားလေသည်။

“ အမယ်လေး .. ကောင်းလိုက်တာကွာ .. မင်းတို့ သိပ်ဆိုးတာပဲ ... ချူး ဒီကို လာဦး .. ”

မေချိုက တစ်ရှူးတစ်ချို့ယူကာ ချူးပါးစပ်နားမှာ လက်ခံ ပေးလိုက်သည်။

“ ချူး ထွေးထုတ်လိုက် .. မျို မချ နဲ့ .. ”

ချူးက မေချိုပြောသလို အရည်များကို ထွေးထုတ်လိုက်သည်။ မေချိုက ချူးပါးစပ်ကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။ ချူးက မေချို လုပ်ပေးသမျှ ငြိမ်ခံနေသည်။ မေချိုက ချူး မေးစေ့လေးကို ကိုင်ကာ ချူး နှုတ်ခမ်းများကို နမ်းလိုက်သည်။

“ လိမ္မာလိုက်တာ .. ပင်ပန်းနေပြီလား .. ”

“ မပင်ပန်းပါဘူး မမ ရဲ့ ”

“ မင်းဆရာ မပြီးသေးဘူး .. ခံနိုင်သေးရဲ့လား .. ”

ချူးက ခေါင်းငြိမ့်ပြသည်။ မေချိုက တစ်ချက် ပြုံးလိုက်ပြီး ...။

“ ထင်ရှား .. ချူးကို ဒါတွေနဲ့ တုတ်ပြီး လုပ်စမ်း ”

“ ဗျာ .. ”

မေချိုက လည်ပတ် နှစ်ခုကို ချွတ်လိုက်ကာ ထင်ရှားအောင်ကို ပေးလိုက်သည်။

“ မင်း .. ချူးကို ကြိုးတုတ်ပြီး လုပ်နေတဲ့ပုံစံကို ငါ ကြည့်ချင်တယ်။ ရော့ .. ငါပြောတဲ့အတိုင်း ချည်လိုက် .. ဒီတစ်ခါတော့ အပြီးထိ လုပ်လိုက်တော့ .. မင်း အတွေးရေးမှူးလေးက အားကုန်နေပြီ .. ဟင်း .. ဟင်း ..  ”

“ ဟုတ် .. ”

မေချိုက ချူးကို ပေါင်ကား ခိုင်းလိုက်ပြီး ချူးရဲ့ လက်နဲ့ခြေထောက်ကို တစ်ဖက်စီ ပူးပြီး လည်ပတ်နဲ့ ချည်လိုက်သည်။ ချူးမှာ ခြေထောက်များ မိုးပေါ်ထောင်ကာ ကားကားလေး ကြိုးတုတ်ခံထားရသည်။ ထင်ရှားအောင် လိင်တံကို အဆုံးထိ မာသွားအောင် မေချိုက မှုတ်ပေးသည်။ လိင်တံ မာကျော တောင့်တင်းလာတော့ မေချိုက ချူး အနောက်မှာ နေပြီး ချူးကို ပွေ့ဖက်ထားလိုက်သည်။ ချူးက မေချို့ကို ကျောမှီရင်း ခြေထောက်များ မြှောက်ကာ ပေါင်ကို ကားထားရသည်။

ခြေထောက်နဲ့လက်ကို ပူးချည်ထားတာမို့ ပေါင်တွေ ပြန်စိလို့မရတော့ပေ။

ထင်ရှားအောင် လိင်တံကို အရင်းကနေ ကိုင်ပြီး ချူး အဖုတ်ထဲ ဖြေးဖြေးလေး သွင်းလိုက်သည်။ မေချိုက ချူးရဲ့ နို့သီးခေါင်းများကို လက်နဲ့ ကစားပေးရင်း .. အရသာခံ ကြည့်နေသည်။ ထင်ရှားအောင် အားရအောင် လုပ်တော့သည်။ တစ်ချက်လောက် ပြင်းပြင်းဆောင့်လိုက် .. ဆက်တိုက် အထုတ်သွင်းလုပ်လိုက်နဲ့ မနားတမ်း လုပ်တော့သည်။ ချူးမှာ နှုတ်ခမ်းကိုက်ကာ ထင်ရှားအောင် ပြုသမျှ အံကြိတ်ခံရပြန်သည်။ မနားတမ်း ဆက်တိုက်လုပ်နေတာမို့ ချူး မခံနိုင်တော့။

“ ကိုရှား .. မြန်မြန်လေး ဆောင့်ပေးပါ .. ချူး ပြီးချင်နေပြီ .. အာ့ .. ကောင်းလိုက်တာ .. ”

ထင်ရှားအောင် ချူးပြောတာကို ဂရုမစိုက်ပဲ ဆောင့်ချက် ပြင်းပြင်းများဖြင့် ဆက်တိုက်ချနေသည်။ ချူးမှာ မခံနိုင်တော့ပဲ တအားအား နဲ့ အော်ဟစ်ကာ .. ပြီးသွားလေသည်။ မေချိုက ထင်ရှားအောင်ကို ကြည့်ကာ အရမ်းသဘောကျနေသည်။ ထင်ရှားအောင် ဒီလောက် လုပ်နိုင်မှန်း သူလုံး၀ မမျှော်လင့်ထားပေ။

အခုတော့ သူ့ချာတိတ်က သူ့ကို ကျေနပ်အောင် လုပ်ပေးနိုင်တဲ့အပြင် နောက်တစ်ယောက်ကိုပါ ပြီးဆုံးတဲ့အထိ လုပ်ပေးနိုင်တာမို့ အထင်ကြီးနေမိပြီ။ ကျားပေါက်လေးက အတော် လုပ်နိုင်တာပဲ .. ဒါတောင် အစွယ်ပေါက်ကာစပဲ ရှိသေးတယ် ...။

“ ချူး .. ခဏတောင့်တားဦး .. ငါ ပြီးတော့မယ် .. ဟင်း .. စောက်ရမ်းကောင်းနေပြီ ”

“ ထင်ရှား .. ပြီးချင်ရင် ချူး အထဲမှာပဲ ပြီးလိုက် ”

“ ဖြစ်ပါ့မလား မမရဲ့ .. ကွန်ဒုံးမပါဘူးနော် .. ”

“ ငါ ပြောသလိုသာ လုပ်စမ်းပါ .. ”

ထင်ရှားအောင်မှာ အရမ်းပြီးချင်နေပြီမို့ နောက်ဆုံးအကြိမ် ဆက်တိုက်ဆောင့်ကာ ခါးကော့ပြီး လိင်တံကို အဆုံးထိ ဖိသွင်းရင်း ချူး ကိုယ်တွင်းမှာပဲ ပြီးလိုက်သည်။ ချူးမှာ သူပြီးသွားသည့်တိုင် ထင်ရှားအောင် အပြီးထိ တောင့်ခံပေးနေရတာမို့ တစ်ကိုယ်လုံး တုန်နေပြီး မျက်လုံးမှိတ်ကာ မောပန်းသွား တော့သည်။ ထင်ရှားအောင် ချူး နဲ့ မေချို့ကို တစ်ယောက်တစ်လှည့်စီ နမ်းလိုက်သည်။

“ ကျေနပ်ရဲ့လား .. ”

“ အင်း အရမ်းကောင်းတယ် .. တစ်မျိုးစီပဲ .. မမ ကိုလုပ်ရတာလဲ ကောင်းတယ်။ ချူး ပေးတဲ့ အရသာကလဲ တစ်မျိုးကောင်းတယ် .. ”

“ မင်း ကျေနပ်ရင် ပြီးတာပဲ .. နောက်ထပ် လုပ်ဦးမှာလား .. ”

“ မလုပ်နိုင်တော့ပါဘူး မမရယ် .. တော်တော် မောသွားပြီ .. ”

“ သေချာလို့လား .. ”

“ အင်း .. ပင်ပန်းသွားပြီ .. ဟူး .. စောက်ရမ်းမိုက်တယ် .. ”

“ အိုကေ .. ချူး .. မင်း အရမ်း လိမ္မာတာပဲ .. မမ မင်းကို ဆုချချင်တယ် .. မျက်လုံးလေး မှိတ်ထား .. ”

“ ဟုတ် .. ”

ထင်ရှားအောင်က မေချို ဘာများ ဆုချမလဲ စိတ်ဝင်စားသွားသည်။ ဘေးကနေ ဆေးလိပ် သောက်ကာ မေချို နဲ့ ချူးကို ကြည့်ကာ သဘောကျနေသည်။

ချူးက မျက်လုံး မှိတ်လိုက်သည်။ မေချိုက ချူး ပါးစပ်ကို လက်နဲ့အုပ်လိုက်ပြီး နောက်ထပ် လက်တစ်ဖက်က ခေါင်းအုံးအောက်ကို လျှိုလိုက်သည်။

ခေါင်းအုံးအောက်ကနေ ပြန်ထွက်လာတဲ့ မေချို့လက်ထဲမှာ အသွားထက်ထက် ဓါးတစ်လက် ပါလာသည်။ ဓါးကို မြင်လိုက်တော့ ထင်ရှားအောင် မျက်နှာတစ်ချက် ပျက်သွားသည်။ ဒါပေမယ့် သူ ဘယ်လိုမှ တားချိန်မရလိုက်ဘူး။ ဓါးကိုင်ထားတဲ့ မေချို့လက်က မြန်ဆန်စွာ ချူးရဲ့ လည်ပင်းကို အလျားလိုက် မွှန်းလိုက်တော့သည်။ ချူးမှာ မျက်လုံး ပြူးသွားပြီး နာကျင်မှုကြောင့် အတင်း ရုန်းကန်တော့သည်။

မေချို့လက်တစ်ဖက်က ချူး အော်လို့မရအောင် ပါးစပ်ကို တင်းကြပ်နေအောင် ပိတ်ထားလေသည်။

ရုတ်တရက် ပြောင်းလဲသွားတဲ့ မြင်ကွင်းကြောင့် ထင်ရှားအောင် သွေးပျက်သွားသည်။ ချူးမှာ တစ်ကိုယ်လုံး တုန်ခါနေပြီး ရုန်းကန်သော်လဲ ခြေထောက်နဲ့ လက်များကို လည်ပတ်ဖြင့် ချည်နှောင်ထားသောကြောင့် ရုန်းလို့မရပေ။ သွေးများက လည်ပင်းကနေ အဆက်မပြတ် စီးကျနေတော့သည်။ မေချိုက ချူးကို အနောက်ကနေ သိုင်းဖက်ကာ ချုပ်ထားသည်။ အိပ်ယာပေါ် သွေးများ နီရဲသွားလေသည်။

“ ဟာ .. မမ ဘာလုပ်တာလဲ .. ”

ထင်ရှားအောင် မေချို့လက်ထဲက ဓါးကို အမြန် ယူလိုက်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။ ချူးရဲ့ လည်ပင်းကို သူ့လက်နဲ့ ဖိအုပ်ရင်း သွေးမထွက်အောင် တားသည်။ သို့သော် သွေးများက ထင်ရှားအောင် လက်ကြားကနေ တသွင်သွင် စီးဆင်းလို့နေသည်။ ချူးက ထင်ရှားအောင်ကို အကူညီတောင်းတဲ့ မျက်လုံးများဖြင့်ကြည့်ရင်း ..။

“ ကို .. ကိုရှား .. ချူး ... ချူး .. ကို .. ကယ် ... ပါ ... ဦး ... ”

“ ရှူး .. ငြိမ်ငြိမ်လေးနေ .. မရုန်းနဲ့ ... ခဏနေရင် ပြီးသွားမှာပါ .. လိမ္မာလိုက်တာ .. ရှူး .... ရှူး ........... ”

မေချိုက ချူး နားရွက်နားကပ်ကာ တိုးတိုးလေး ပြောလိုက်ပြီး ကုတင်ပေါ်ကနေ ဆင်းသွားသည်။ အရက်ဘားမှာ အရက်တစ်ခွက်ငှဲ့ကာ သောက်လိုက်သည်။

ထင်ရှားအောင်မှာ မေချို့ကို နားမလည်နိုင်ဖြစ်နေသည်။ ချူးကို ချည်နှောင်ထားတာတွေကို အမြန်ဖြုတ်ပေးလိုက်သည်။ ချူးမှာ သူ့လက်ပေါ်မှာပဲ မျက်လုံးများ စင်းလာကာ တဆတ်ဆတ် အကြောဆွဲရင်း တဖြေးဖြေး ငြိမ်သက်သွားကာ နောက်ဆုံး အသက်ပျောက်သွားလေသည်။

“ ချူး .. ချူး .. ဟာ .. ချူး ... ”

ထင်ရှားအောင် အော်သံကို ချူး ဘယ်လိုမှ မကြားနိုင်တော့ပေ။ ထင်ရှားအောင် မျက်ရည်များ စီးကျလာကာ ချူးကို ရင်ခွင်ထဲ ပွေ့ထားလိုက်သည်။

“ မမ .. ခင်ဗျား ရက်စက်လှချည်လား .. ဘာလို့လဲဗျာ .. ”

“ ရက်စက်တာ ငါ မဟုတ်ဘူး .. မင်းကွ .. မင်း .. ”

“ ဘာ .. ”

“ ကိုယ့်ကို သေတွင်းပို့မယ့် သူကိုမှ မင်းက အနားခေါ်ထားချင်တာကိုး .. ”

“ ဘယ်လို .. ”

“ ချူးက မင်းထင်သလို သနားစရာကောင်းတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူး .. အချိန်မတန်သေးလို့ မင်းကို မမြိုသေးပဲ စောင့်နေတဲ့ စပါးကြီးမြွေ တစ်ကောင်ပဲ .. မင်းကိုသာ လိမ်လို့ရမယ် .. ငါ့ကိုတော့ သူ လိမ်လို့မရပါဘူး .. ”

“ မမ ဘာတွေ ပြောနေတာလဲ .. ”

“ ချူးက မင်းအရမ်း သိချင်နေတဲ့ သစ္စာဖောက် တစ်ယောက်ပဲ .. ”

“ ဟာ မဖြစ်နိုင်တာ .. ဒီလောက် ကူရာမဲ့နေတဲ့ မိန်းကလေးတစ်ယောက်က .. ”

“ အဲ့ဒါကြောင့် မင်းကို ငါ စိတ်မချနိုင်သေးတာ ထင်ရှားအောင် .. ချူး မင်းအနားကို ရောက်လာတာ ပုံမှန်လို့ထင်နေလား ..ဟင်း .. ဟင်း .. မင်း အားနည်းချက်ကို နင်းပြီး မင်းအနားကို သူ ရောက်လာတာ။ မင်း သနားတတ်မှန်းသိလို့ သနားချင်အောင် ဟန်ဆောင်ပြီး ရောက်လာတာ .. မင်း မယုံနိုင် ဖြစ်နေတယ်မလား .. အေး .. အဲ့လိုဖြစ်အောင် သူတို့ အကွက်ကျကျ လုပ်နေတာ ”

“ သူတို့ဆိုတာ ဘယ်သူတွေလဲ .. ”

“ မင်း ထင်နေသလို သစ္စာဖောက်က တစ်ယောက်တည်း မဟုတ်ဘူး ထင်ရှား ..ငါတို့အနားမှာ သစ္စာဖောက်က အဖွဲ့လိုက် ရှိနေတယ် .. ငါ မင်းကို အရမ်း စိတ်ပူတာပဲကွာ .. ”

“ မမ ပြောတာတွေ ကျွန်တော် လက်မခံနိုင်ဘူး ဖြစ်နေတယ် .. ”

မေချိုက Remote တစ်ခုယူကာ နှိပ်လိုက်သည်။ ခပ်လှမ်းလှမ်းမှာရှိတဲ့ LCD မှာ ပုံရိပ် တစ်ချို့ ပေါ်လာသည်။ ထင်ရှားအောင် LCD ကို ကြည့်လိုက်တော့ ..။

အခန်းတစ်ခုမှာ ချူးက လေးဘက်ထောက် ဖင်ကုန်းနေပြီး အနောက်မှာ လူတစ်ယောက်က အားရပါးရ ဆောင့်နေသည်။ ထိုသူကို သေချာကြည့်လိုက်တော့ ...။

“ ဟင် .. ကိုကြီး .. ”

..................................

အခန်း (၂၆)

အသက်မဲ့နေတဲ့ ချူးရဲ့ မျက်လုံးများကို ထင်ရှားအောင် မကြည့်ရက် ဖြစ်နေသည်။ မျက်ဝန်းတွေက သူ့ကို အကူညီတောင်းနေဆဲ။

ချူး .. မင်းက တကယ်ပဲ သစ္စာဖောက်လား။ မေချိုက ညဝတ် အဝတ်စားများ ဝတ်လိုက်ပြီး ဦးနိုင် ဆီကို ဖုန်းဆက်လိုက်သည်။

မကြာခင် ဦးနိုင် အခန်းထဲ ရောက်လာသည်။ ကုတင်ပေါ်မှာ အသက်မဲ့နေတဲ့ ချူး ကို မြင်တော့ ဦးနိုင် ထိပ်လန့် အံ့သြသွားသည်။

“ သမီး .. ဘယ်လိုဖြစ်တာလဲ .. ”

“ မြင်တဲ့အတိုင်းပဲ ဦးနိုင် .. ချာတိတ်တွေ ခေါ်ပြီး သန့်ရှင်းရေး လုပ်ပေးပါဦး .. ”

“ သမီးရယ် .. ဘာလို့ စိတ်လိုက်မာန်ပါ လုပ်ရတာလဲ .. ဘာပဲဖြစ်ဖြစ် အချိန်ယူပြီး ဖြေရှင်းမှပေါ့ ..အခုက သမီးအခန်းထဲမှာ .. မသင့်တော်ဘူးကွာ .. ထင်ရှားအောင် .. မင်းက မတားဘူးလား ”

“ တားချိန်ကို မရလိုက်ဘူးဗျာ .. သူ့သဘောနဲ့သူ လှုပ်ရှားလိုက်တာ .. ကျွန်တော်လဲ ဘာပြောရမှန်း မသိတော့ဘူး။ ချူးက သစ္စာဖောက်တဲ့ .. အဲ့ဒါ ဦးနိုင် သိလား ”

“ ဘယ်သိမလဲ .. ဘာတွေ ဖြစ်ကုန်ပြီလဲကွာ .. ကဲ .. မင်းတို့နှစ်ယောက် အခန်းထဲကနေ ခဏ ထွက်နေကြဦး .. ငါ သန့်ရှင်းရေး လုပ်ပြီးမှ လှမ်းခေါ်လိုက်မယ် .. ဟင်း .. ”

ဦးနိုင်က သက်ပြင်းချကာ မေချို့ကို ကြည့်လိုက်သည်။ မေချိုက ဘာမှမပြောပဲ အခန်းထဲကနေ ထွက်သွားသည်။ ထင်ရှားအောင်လဲ မေချို့နောက်ကနေ လိုက်လာခဲ့သည်။ ဧည့်ခန်းထဲရောက်တော့ မေချိုက စားပွဲပေါ်မှာ အသင့်ရှိနေတဲ့ ဝီစကီပုလင်းကို ဖန်ခွက် နှစ်ခွက်ထဲထည့်ကာ တစ်ခွက်ကို ထင်ရှားအောင်ကို ပေးရင်း သောက်လိုက်သည်။

“ မမ .. ဘာတွေ သိထားလဲ ပြောပြပါဦး ”

“ နယ်စပ် ဂိုထောင်က ပစ္စည်းတွေကို လုဖို့ ခိုင်ကြီးတပည့်တွေကို စည်းရုံးသွားတာ တစ်ခြားသူမဟုတ်ဘူး .. ခိုင်ကြီး ကိုယ်တိုင်ပဲ ”

“ မဖြစ်နိုင်တာဗျာ .. ကိုကြီးလို လူမျိုးက ဒီလို ဘယ်တော့မှ မလုပ်ဘူး ”

“ မင်း ဒီလို ပြောလိမ့်မယ်လို့ ငါ ကြိုတွေးပြီးသားပါ။ တကယ်တော့ ခိုင်ကြီးက အချစ်ကျွန် ဖြစ်သွားတာ .. ”

“ မဖြစ်နိုင်ဘူးဗျာ .. ”

“ တစ်ခါမှ မချစ်ဘူးတဲ့ လူပျိုကြီးကို ချူးက မာယာနဲ့ မြှားခေါ်သွားတာပဲ .. ချူးက မင်းနဲ့ မတွေ့ခင် ခိုင်ကြီးနဲ့ ဇာတ်လမ်းတွေ ရှိနေတယ်။

ခိုင်ကြီး တိတ်တိတ်လေး ခိုးစားနေတဲ့ စော်လေး ဆိုပါတော့။ ချူးက အစကတည်းက ခိုင်ကြီးကို အကြံနဲ့ ကပ်ခဲ့တာ .. သူ့ရည်ရွယ်ချက်က

မင်း အနားမှာနေပြီး မင်းဆီကနေ ငါတို့ လုပ်ငန်းတွေကို သတင်းနှိုက်ဖို့ပေါ့။ ချူးကို ငါတို့အလုပ်ဆီ ခေါ်လာတာလဲ ခိုင်ကြီးပဲ။ မာလာ ကို ငါ အားလုံး မေးပြီးပြီ။ ခိုင်ကြီးက သူ့အသိ ချာတိတ်မလေး အလုပ် လိုနေလို့ အလုပ်ပေးဖို့ မာလာကို ပြောခဲ့တယ်။ 

မင်း အောက်ထပ်ကို လာတော့မယ်မှန်း သိလို့ ချူးက မင်း သနားအောင် တမင် ဇာတ်လမ်းဆင်ခဲ့တယ်။ ချူးကို ကြိုးနဲ့တုတ် ရိုက်ခဲ့တယ်ဆိုတဲ့ လူကလဲ ချူး တို့ အဖွဲ့ထဲကပဲ။ သူ တမင် အပြစ်ပေးခံရအောင် လုပ်ဇာတ်ခင်းခဲ့တယ်။ နောက်တော့ မင်း ချူးကို မြင်သွားပြီး သနားသွားတယ်လေ။

သူတို့ အောင်မြင်သွားတာပေါ့။ ဟင်း .. ထင်ရှား .. မင်း ချူးကို ငါ့အခန်းထဲ ခေါ်လာတုန်းက သူ့ပုံစံက မင်းသနားအောင် တမင် ဟန်ဆောင် နေမှန်း ငါ ရိပ်မိတယ်။ သူ့မျက်လုံးတွေက ဂနာ မငြိမ်ဘူး။ ငါ့ရုံးခန်းကို အသေးစိတ် လေ့လာနေတဲ့ မျက်လုံးတွေ။ ဒါပေမယ့် မင်း စိတ်ဆိုးနေချိန်မို့ ငါ အလိုက်ထိုက် ဆက်ဆံခဲ့တယ်။ မင်းက ချူးကို သဘောကျနေတာမလား။ ဒီတော့ မင်းသဘောကျတဲ့ သူကို တစ်ခါလောက် အရသာခံစေပြီးမှ ကိစ္စဖြတ်မယ်လို့ ငါတွေးခဲ့တယ်။ အခု မင်းလဲ အရသာ တွေ့သွားပြီဆိုတော့ ... ”

မေချို စကားကို နားထောင်ရင်း ထင်ရှားအောင် စိတ်တွေ ရှုပ်သွားသည်။ ဒီလောကကြီးက သူထင်တာထက် ပိုပြီး ကောက်ကျစ်ပါလားလို့ တွေးမိသည်။ စကားပြောနေရင်း ဧည့်ခန်းထဲသို့ မိုးကာနဲ့ လုံအောင် ပတ်ထားသော ချူးရဲ့ Dead Body ကို ဦးနိုင်နဲ့ တပည့်တစ်ချို့ သယ်သွားတာ တွေ့လိုက်သည်။ လွန်ခဲ့သော မိနစ် အနည်းငယ်ကမှ ချစ်ပွဲဝင်ခဲ့သော မိန်းကလေးတစ်ယောက် အခုတော့ အသက်မဲ့သွားလေပြီ။ အဖြစ်ပျက်က .. ထင်ရှားအောင်အတွက် တုန်လှုပ် ခြောက်ခြားစရာကောင်းလှသည်။

“ နေပါဦး .. ကိုကြီးက ချူးကို သဘောကျနေတယ်ဆိုရင် ချူး အပြစ်ပေးခံရတုန်းက သူ ဘာမှ လုပ်မပေးဘူးလား .. ဒီအတိုင်းပဲ ကြည့်နေတာလား ”

“ ဒါက မာလာက သူ ဘောက်ဆူး စားထားတာ ပေါ်မှာစိုးလို့ ချူးကို ငါ့စည်းကမ်းအတိုင်း နောက်လူတွေ သင်ခန်းစာယူနိုင်အောင် အပြစ်ပေးမှ ဖြစ်မယ်ဆိုပြီး လုပ်ခဲ့တာ။ ငါ့စည်းကမ်းမို့ ခိုင်ကြီး ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ သူ တစ်ချိန်လုံး ချူးကို ကြည့်ပြီး စိတ်ဆင်းရဲနေတာလေ။ မင်း ချူးကို အပြစ်ပေးတာ ရပ်ခိုင်းတော့ သူ့စိတ်ထဲမှာ အရမ်းပျော်နေမှာပေါ့။ ဒါပေမယ့် မင်းက ချူးကို မင်းအနားခေါ်လိုက်တော့ သူ ခံစားရပြန်ရော ..ဟား .. တကယ်ပဲ ”

“ ချူး အကြောင်းကတော့ ဟုတ်ပါပြီ .. ကိုကြီးအကြောင်း ပြောပါဦး ”

“ ခိုင်ကြီးက ချူးကို အတော် သဘောကျနေတာ .. ချူးကို ငါတို့ဆီ ခေါ်လာတာလဲ သူ့ကောင်မလေးကို သူ့အနားမှာ ခေါ်ထားချင်တဲ့ သဘောပေါ့။

မင်း ချူးကို အတွင်းရေးမှူး ခန့်လိုက်တော့ မင်း ကွယ်ရာမှာ သူ ကမ္ဘာပျက်နေတာပေါ့။ ချူးက ခိုင်ကြီးကို သူနဲ့အတူနေရဖို့ အလုပ်တစ်ခု အကြံပေးတယ်။

အဲ့ဒါက နယ်စပ်က ဂိုထောင်မှာ ပစ္စည်းတွေ သယ်တဲ့အခါ ဖြတ်ယူဖို့ပဲ။ သူ့ အသိ ပွဲစားတစ်ယောက်ဆီမှာ ပစ္စည်းတွေ ရောင်းပြီးရင် အတူတူ ထွက်ပြေးကြမယ်ပေါ့။ ခိုင်ကြီးက အချစ်နွံ နစ်နေတာဆိုတော့ ချူး ပြောတဲ့အတိုင်း လုပ်ခဲ့တယ်။ 

နောက်ပြီး မင်းနဲ့စတွေ့တုန်းက ငါ သူ့အပေါ် လက်လွန်ခဲ့တာကို ခုချိန်ထိ ကျေနပ်ပုံမရဘူး။ ဒါကြောင့် နယ်စပ်က ဂိုထောင်မှာ အစောင့်ချထားတဲ့ သူ့တပည့်တွေကို သူကိုယ်တိုင် စည်းရုံးပြီး လုခိုင်းခဲ့တယ်။ အောင်မြင်သွားရင် တပည့်တွေကို ဝေစုခွဲပေးမယ်ပေါ့။ အဲ့ဒီတော့ .. ငါ့အနေနဲ့ ခိုင်ကြီးကို ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ ”

“ ဟင်း .. မယုံနိုင်သေးဘူးဗျာ .. ကိုကြီး .. ခင်ဗျားဗျာ ... တောက်စ် .. ”

“ မင်း ချစ်ရတဲ့သူဖြစ်နေလို့ ငါ ဇွတ်မလုပ်ချင်ဘူး ထင်ရှား .. တကယ်ဆို ငါ့စည်းကမ်းအရ သစ္စာဖောက်ဆိုရင် သေဒဏ်ပဲ ”

“ ဟာ .. မ .. မလုပ်ပါနဲ့ဗျာ .. ကိုကြီးက တစ်ခါမှ ချစ်ခဲ့ဖူးတာ မဟုတ်ဘူး။ အခုလဲ အချစ်နဲ့တွေ့ပြီး သူ မိုက်ရူးရဲ ဆန်သွားတာဖြစ်မယ်။ ကိုကြီးကို ခွင့်လွှတ်ပေးပါနော် မမ .. ကျွန်တော် ကိုကြီးနဲ့ အေးဆေး စကားပြောကြည့်မယ်။ သူ့အကြောင်း ကျွန်တော် အသိဆုံးပါ ”

“ မင်းကသာ အသိဆုံး ပြောနေ .. အခု ဖြစ်သွားတဲ့ကိစ္စ မင်း ဘာမှ မသိဘူးမလား။ ထင်ရှား .. ငါ မင်းကို စိတ်မချနိုင်သေးတာ ဒါတွေကြောင့်ပဲ .. မင်းက လူတစ်ယောက်ကို ယုံပြီဆို အရမ်းယုံလွန်းတယ်ကွာ .. ကောင်းပြီလေ .. ခိုင်ကြီးက မြေစာပင် ဖြစ်နေတာပဲ။ သူ့စိတ်ရင်းကိုလဲ ငါသိပါတယ်။

မင်းနဲ့ ညီအစ်ကိုလို ခင်နေတော့ ငါ သူ့အသက်ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမယ့် ခိုင်ကြီးကို မင်း သတိထား ဆက်ဆံမှ ဖြစ်တော့မယ်။

ချူး သေသွားတာကိုသိရင် သူ ငါ့ကို လက်စားချေမှာပဲ .. တကယ်လို့ သူ့ဘက်ကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်လာရင်တော့ ငါ့ဘက်က .. လုပ်စရာ ရှိတာလုပ်ရမှာပဲနော် .. ဒါကို မင်း နားလည်စေချင်တယ် ”

“ အင်း .. အခုလောလောဆယ်တော့ ချူး သေသွားပြီဆိုတာ ကိုကြီး မသိအောင် ဒီမှာရှိတဲ့ မမ တပည့်တွေကို နှုတ်ပိတ်ခိုင်းထားပါနော်။ ချူးကို အိမ်မှာပဲ အလုပ် လုပ်ခိုင်းထားသလို ကျွန်တော် သတင်းလွှင့်ထားမယ်။ ချူး မရှိတော့မှန်း ကိုကြီး သိသွားရင် သေချာပေါက် မမ ဆီကို သံတုတ်ကိုင်ပြီး ရောက်လာမှာ .. ဟင်း ... ခက်ကုန်ပြီဗျာ .. ”

“ သူ့ဘာသာ သံတုတ် မကလို့ လောင်ချာပဲ ကိုင်လာလာ ငါ စောက်ဂရုမစိုက်ဘူး ထင်ရှား .. ဒီလောကမှာ ငါ့ကို ကြောက်အောင် ခြောက်နိုင်တာဆိုလို့ တစ်ခုတည်းပဲ ရှိတယ်။ အဲ့ဒါဘာလဲ သိလား .. ”

“ သိတယ် .. အဲ့ဒါ ကျွန်တော် မလား ”

“ အမယ် .. ဟုတ်လို့လား .. ”

“ မသိဘူးလေ .. ထင်တာပြောလိုက်တာ ”

မေချိုက ထင်ရှားအောင်နား ကပ်လိုက်ပြီး ပါးကို နမ်းကာ ပြောလိုက်သည်။

“ မင်း မရှိရင် မမ ချက်ချင်း အသက်ရှူ ရပ်သွားမှာ .. ”

“ ဟင်း .. မမရယ် .. ကျွန်တော့်ကို အဲ့လောက် ချစ်ရလား ”

ထင်ရှားအောင် မေချို့ကို ငေးကြည့်ကာ သက်ပြင်းချလိုက်သည်။ ဘာမှ မတွေးချင်တော့လို့ အရက်ပဲ ဖိသောက်လိုက်တော့သည်။ မေချိုက ထင်ရှားအောင် အခန်းထဲ ဝင်သွားကာ အနားယူလိုက်သည်။ ထင်ရှားအောင် မူးတဲ့အထိ သောက်ကာ မှောက်ချင်လာတဲ့အခါမှ အခန်းထဲဝင်ကာ မေချို့ဘေးနားမှာ ဝင်လှဲရင်း အိပ်လိုက်သည်။ မေချိုက ထင်ရှားအောင်ကို ရင်ခွင်ထဲ ပွေ့ကာ နှစ်ယောက်သား အိပ်ပျော်သွားတော့သည်။

............................

( ................. )

ဖုန်းသံကြားလိုက်လို့ ထင်ရှားအောင် လန့်နိုးသွားသည်။ နာရီကြည့်လိုက်တော့ မနက် ၁၀နာရီထိုးပြီ။ ဘေးကို ကြည့်လိုက်တော့ မေချို မရှိတော့ဘူး။

အလုပ်ကို သွားပြီထင်တယ်။ မနေ့ညက အသောက်လွန်ထားလို့ ခေါင်းတွေနောက်ပြီး အိပ်ယာထ နောက်ကျသွားသည်။ လေးပင်နေသော စိတ်တွေနဲ့ ထင်ရှားအောင် အိပ်ယာထလိုက်တော့သည်။ အဆက်မပြတ် မြည်နေသောဖုန်းကို ကောက်ကိုင်လိုက်တော့ ...။

“ ကိုကို .. ”

“ ပန်းလေး .. ဘာလဲ ပြော ”

“ ကိုကို့ကို သတိရနေလို့ .. မတွေ့ရတာလဲကြာပြီ။ ဒီနေ့ ကိုကို အားရင် ပန်းလေးနဲ့ တွေ့ရအောင်နော် ..  ပန်းလေး Laptop တစ်လုံး ဝယ်ချင်တယ် .. ကိုကို လိုက်ဝယ်ပေးပါနော် ”

“ ဟင် ပန်းလေးမှာ Laptop မရှိဘူးလား ”

“ ဟင့်အင်း မရှိဘူး အခုမှ ဝယ်မလို့ ”

“ ဟာကွာ .. ကိုကို့ကို ဘာလို့ စောစောမပြောတာလဲ .. ဆေးကျောင်းပဲ တက်နေပြီ Laptop လေးတော့ ရှိရမှာပေါ့ .. ကိုကို ဝယ်ပေးမယ်နော် .. ခဏနေ ရေမိုးချိုးပြီး ထွက်ခဲ့မယ် ”

“ ဟင့်အင်း ကိုကို ဝယ်မပေးနဲ့ .. ပန်းလေး ဘာသာ ဝယ်မှာ။ မမကြည်ပြာက ဝယ်ပေးမယ် ပြောပါတယ် .. ဒါပေမယ့် ပန်းလေးက ကိုယ့်လုပ်အားခနဲ့ ရတဲ့ပိုက်ဆံနဲ့ ဝယ်ချင်လို့ ဝယ်မပေးခိုင်းတာ ”

“ ပန်းလေးက ဘယ်ကနေ ပိုက်ဆံရလို့လဲ ”

“ လုပ်ပြီ .. ပန်းလေး စာပြန် ပြတယ်လေ .. ကိုကို့ညီမလေးက စာတော်တယ်ရှင့် .. အဲ့ကနေ ရတဲ့ ပိုက်ဆံလေးတွေ စုထားတာ အခု Laptop လေး ဝယ်ချင်လို့ ကိုကို လိုက်ပို့နော် ”

“ ဟင်း .. ညီမလေးကလဲ ကိုကိုက ဝယ်ပေးချင်ပါတယ်ဆိုမှ .. ကဲ ပြီးရော .. ခဏနေ လာခေါ်မယ် စောင့်နေနော် ”

“ ဟုတ် .. ဒါပဲနော် ”

ထင်ရှားအောင် ရေအမြန်ချိုးက ပန်းလေးဆီကို ထွက်လာခဲ့သည်။ ခေါင်းတွေက နောက်နေတုန်း။ ခေါက်ကိုက်ပျောက်ဆေး တစ်လုံးသောက်ကာ ကားကို ပုံမှန်အတိုင်းမောင်းလာခဲ့သည်။ ပန်းလေးတို့အိမ်ရောက်တော့ ပန်းလေးက အိမ်တံခါးကို သော့ခတ်ကာ ကားပေါ်တက်လာသည်။

“ အိမ်မှာ ဘယ်သူမှ မရှိဘူးလား ”

“ မရှိဘူးလေ .. ကိုကြီး နဲ့ မမကြည်ပြာက အလုပ်သွားပြီ .. ဒီနေ့က ကျောင်းပိတ်ရက်မို့ ပန်းလေးက အိမ်မှာ တစ်ယောက်တည်းရှိနေတာ ”

“ သြော် .. ”

“ ကိုကို .. ဘာတံဆိပ် ဝယ်ရင်ကောင်းမလဲဟင် .. ပိုက်ဆံကတော့ အများကြီးမပါဘူး ၆သိန်းတော့ပါတယ် ”

“ ဝယ်မယ့်ဝယ် အကောင်းဆုံးပဲ ဝယ်မှာပေါ့ လိုတာ ကိုကို စိုက်မယ် ”

“ အာ .. အဲ့လို မလိုချင်ပါဘူးဆိုနေ .. ပါတဲ့ ပိုက်ဆံနဲ့အဆင်ပြေတာပဲ ဝယ်မယ် .. လုံး၀ ဝယ်မပေးရဘူးနော် ”

“ ကဲ .. သဘော သဘော .. ”

ပြောမရမှန်းသိလို့ ထင်ရှားအောင် လက်လျော့လိုက်သည်။ ကိုယ့်အားကိုယ် ကိုးချင်တဲ့ ပန်းလေးရဲ့ စိတ်ဓါတ်လေးကို စိတ်ထဲကနေ ချီးကျူးမိသည်။

ငယ်ကတည်းက ဘဝကို ကိုယ်တိုင် ထိန်းကျောင်းလာရတဲ့ သူတို့အဖြစ်ကို ပြန်တွေးမိရင်း ပြုံးလိုက်သည်။ ဒါနဲ့ ပန်းလေး အရမ်းလှနေရော ... ။

ပန်းလေးနဲ့တွေ့လိုက်ရင် ထင်ရှားအောင်မှာ အမှောင်လောကထဲကနေ အလင်းနယ်မြေထဲသို့ ရောက်ရှိနေသလို ခံစားရသည်။ မွန်းကြပ်တဲ့စိတ်တွေ၊ မောပန်းနေတဲ့ အာရုံတွေ၊ တင်းကြပ်နေတဲ့ ပင်ပန်းမှုတွေ ခဏတာ ပျောက်ကွယ်သွားသလိုပဲ။ ပန်းလေးက FM ကလာတဲ့ သီချင်းကို လိုက်ညည်းနေသည်။

ထင်ရှားအောင် မြို့ထဲဘက်က သူ့အသိ Laptop ဆိုင်တစ်ဆိုင်ကို မောင်းလိုက်သည်။ ဆိုင်ရှေ့ရောက်တော့ ကားပါကင်ထိုးကာ ဆိုင်ထဲ ဝင်လိုက်သည်။

“ ဟာ .. ထင်ရှားအောင် .. ”

“ Hello ကိုပြည့် .. မတွေ့တာ ကြာနေပြီ ”

“ ဟုတ်ပ .. ဘယ်ကနေ ဘယ်လို ငါ့ဆီ ရောက်လာတာလဲ ”

“ Laptop တစ်လုံးလောက် လိုချင်လို့ဗျ .. ကိုပြည့်နဲ့ မိတ်ဆက်ပေးရဦးမယ် ဒါ ကျွန်တော့် ညီမလေး ပန်းနွေငြိမ်း .. ပန်းလေး သူက ကိုကို့ မိတ်ဆွေ ကိုပြည့်စိုးဟိန်း တဲ့ .. ဒီဆိုင် ပိုင်ရှင်လေ ”

“ ငါ သိသလောက် မင်းမှာ ညီမ မရှိပါဘူး .. မဟုတ်မှလွဲရော .. မင်း ညီမ အရင်းတော့ မဟုတ်လောက်ဘူး .. ”

“ ကိုပြည့် ခင်ဗျားက မြင်တာနဲ့ ကြပ်တော့တာပဲ .. ဟုတ်တယ် ပန်းလေးက ကျွန်တော် ညီမလေးလို ချစ်ရတဲ့ ညီမလေးတစ်ယောက်ပါ။ ဟေ့လူ ထပ် မကြပ်နဲ့နော် .. ခင်ဗျားအကြောင်းကို သိနေတယ် ”

“ ဟား .. အေးပါကွာ .. ညီမဆိုလဲ ညီမပေါ့ .. အဒေါ်လို့ပြောလဲ ငါ ယုံပေးရမှာပေါ့ .. မင်းက ငါ့ရဲ့ Royal Customer ကြီးပဲ .. ”

“ လုပ်ပြီ ..”

“ ယွန်း .. မိန်းမရေ .. ဒီ ညီမလေးကို Laptop လေး လိုက်ပြပေးလိုက်ပါဦး .. ”

“ ဟယ် ထင်ရှားအောင် မတွေ့တာကြာပြီနော် .. ”

“ ဟုတ်ပ မမယွန်း နေကောင်းတယ်နော် .. ”

“ ကောင်းပါ့ .. အလဲ့ .. ကောင်မလေး ခေါ်လာပါလား .. နင့်ကောင်မလေးက ချစ်စရာလေးပဲ ”

ယွန်းရတနာ စကားကြောင့် ပန်းလေး ပါးနီ သွားသည်။

“ မမယွန်း .. သူက ကျွန်တော့်ညီမလေးပါဗျ .. ”

“ ညီမလေးတဲ့ မိန်းမရေ .. သူက ညီမလေးဆို မင်းကလဲ ညီမလေးလိုက် .. ငါ့ Customer ကို စိတ်ညစ်အောင် မလုပ်နဲ့ .. တော်ကြာ သူ့အလုပ်ရုံက စက်တွေ ငါ့ဆီ Service မအပ်ပဲ နေဦးမယ် .. ”

“ ခိခိ .. ကဲ .. လာ ညီမလေး .. မမ လိုက်ပြပေးမယ် ”

ပန်းလေးက ယွန်းရတနာနဲ့အတူ လိုက်သွားသည်။

“ ထင်ရှားအောင် .. လာကွာ ရုံးခန်းထဲမှာ အေးဆေး စကားပြောရအောင် .. ”

ထင်ရှားအောင် ပြည့်စိုးဟိန်းနဲ့အတူ ရုံးခန်းထဲ လိုက်သွားလိုက်သည်။

“ ထင်ရှားအောင် မင်းကို တွေ့တာနဲ့အတော်ပဲ .. ငါ မင်းကို မေးချင်နေတာ တစ်ခုရှိတယ် ”

“ ဘာလဲ ကိုပြည့် ”

“ မင်း ဧကရီ နဲ့ သိတယ်ဆို ”

“ ဗျာ .. ဧကရီ နဲ့ ကိုပြည့်က အသိတွေလား ”

“ အေး သူကလဲ မင်းလိုပဲ ငါ့ဖောက်သည်ပဲလေ .. လွန်ခဲ့တဲ့ ၂ရက်က ငါ့ဆိုင်လာပြီး သူ့မောင်အတွက် Laptop တစ်လုံး လာဝယ်တယ်။

နောက်ပြီး ငါ့ကို မင်းအကြောင်းတွေ မေးသွားတယ်။ မင်းနဲ့ငါ ခင်တယ်ဆိုတာ သူ ဘယ်လို သိလဲ မသိဘူး။ ငါလဲ ကြည့်ကောင်းအောင် ပြန်ဖြေလိုက်တယ်။ ဧကရီ က မင်းတို့လိုပဲဆိုတာ ငါသိပါတယ်။ မြဝတီက သူ့အပိုင်ပဲ .. မြဝတီမှာဆို သူ့နာမည်ပြောလိုက်တာနဲ့ ..

အားလုံး အိုကေပဲ။ ဒါပေမယ့် မင်းကို ညီတစ်ယောက်လိုခင်လို့ တစ်ခုလောက် သတိပေးချင်တယ်။ မင်း ဧကရီ နဲ့ အတတ်နိုင်ဆုံး ကင်းကင်းနေတာ ကောင်းမယ်ကွာ။ ဒီလိုပြောလို့ ငါ့ကို တစ်မျိုး မမြင်နဲ့နော် .. မင်း ဘယ်သူလဲဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ..

ဧကရီက မင်းအကြောင်းတွေ မေးနေတဲ့အချိန် မင်းကို စိတ်ဝင်စားနေပုံရတယ်။ ဒါကြောင့် ငါ သတိပေးရတာ။ ဘာလို့လဲဆိုတော့ ..ဧကရီ ဘယ်လောက်ဆိုးလဲဆိုတာ ငါက မျက်မြင်ကွ ”

ပြည့်စိုးဟိန်း စကားကို ထင်ရှားအောင် စိတ်ဝင်စားသွားသည်။

“ ပြောပါဦး .. ဘယ်လို မျက်မြင်လဲဗျ ”

“ ငါ့မိန်းမ မလာခင် အမြန်ပြောပြမယ် .. ငါ နဲ့ ဝင်းအောင် မြဝတီမှာ ပစ္စည်းသွားသယ်တုန်းက နိုက်ကလပ်တစ်ခုမှာ သွားကဲ ကြတယ်။ အစကတော့ အားလုံး အေးဆေးပဲ .. ငါတို့လဲ စော်လေးတွေနဲ့ ငြိမ့်နေတုန်း ရုတ်တရက် သေနတ်သံ ဆက်တိုက်ကြားလိုက်ရတယ်။ အမူးကို ပြေရောကွာ ..

ချက်ချင်းဆိုသလို ကလပ်ထဲက လူတွေ ဟိုပြေး ဒီပြေးနဲ့ကွာ .. ဒါပေမယ့် ကလပ်ထွက်ပေါက်တွေ အကုန် ပိတ်လိုက်တယ်။ ဘယ်သူမှ ကလပ်ထဲကနေ ထွက်မရတော့ဘူး။ ဧကရီက စောက်ရမ်း ဒေါသထွက်နေတဲ့ ပုံစံနဲ့ ကလပ်ထဲ ရောက်လာတယ်။ လက်မှာလဲ M16 ကြီးကိုင်လို့။ ကလပ်ခေါင်မိုးကို တောက်လျောက် ပစ်တယ်။ DJ နားသွားပြီး မိုက်ကိုင်ပြီး ပြောတယ် .... ”

...................

“ အပျော်လေးတွေ ရပ်သွားရင် ဆောရီးနော် .. ကျွန်မ အသဲကွဲနေလို့ ဖြေဆေးလာရှာတာ .. ကျွန်မရဲ့ ဖြေဆေးက ဒီကလပ်ထဲမှာ ရှိတယ်ဆိုလို့ .. ”

ကလပ်ထဲက လူများ အားလုံး ငြိမ်သက်နေကြသည်။ ဧကရီက DJ စက်ခုံပေါ် မတ်တပ်ရပ်ကာ M16 ကိုင်ကာ ရီဝေသော အကြည့်များဖြင့် ကလပ်ထဲက လူများကို တစ်ယောက်ချင်း လိုက်ကြည့်နေသည်။ ကလပ်ထဲက လူတစ်ယောက်က ...။

“ မင်းက ဘာကောင်မလဲ .. လီးမို့ လာသောင်းကျန်းနေတာလား .. ငါလိုးပဲ အာရုံ လာနောက်နေ ..... ”

စကားပင်မဆုံးလိုက် ရင်ဘတ်မှာ ၃ ချက် ပေါက်သွားပြီး နောက်ပြန်လဲသွားလေသည်။

“ ဟင်း ... ဘာကောင်မလဲဆိုတာ ဖြေပေးလိုက်ပြီနော် .. ကြားမှ ကြားသွားရဲ့လား မသိဘူး .. ကဲ .. ကျွန်မကို အသဲခွဲသွားတဲ့ ချစ်သူလေးရေ .. ရှင် ဘယ်မှာ ပုန်းနေတာလဲ .. ရှင် ထွက်မလာရင် ဒီထဲကလူတွေကို ကျွန်မ ချစ်မိတော့မယ် .. မြန်မြန် ထွက်ခဲ့ .. မဟုတ်ရင် အားလုံးကို .. ဧကရီ ရဲ့ အချစ်တွေ ပေးလိုက်မယ် .. ”

ဧကရီပုံစံက အတော် မူးနေပုံရသည်။ ကလပ်ထဲက လူများက ဟိုကြည့် ဒီကြည့်နဲ့ ဧကရီရဲ့ချစ်သူက ဘယ်သူလဲ သိချင်နေကြသည်။

DJ သံလဲ ရပ်တန့်သွားကာ အားလုံး တိတ်ဆိတ်နေတော့သည်။

“ ဧကရီ .. ကို .. ကို တောင်းပန်ပါတယ် ”

“ ဟော .. ဖြေဆေးလေး ရှာတွေ့ပြီ .. ဒီနားလာပါဦး ကို ရဲ့ ”

ကလပ်ထဲမှ လူတစ်ယောက် ဧကရီ ရှေ့နားကို ရောက်လာသည်။ ဧကရီပြောတဲ့ သူ့ချစ်သူဆိုတာ ဖြစ်မည်။

“ ဧကရီ .. ကိုတို့ အေးဆေး စကားပြောရအောင် .. ”

“ ပြောနေတယ်လေ .. ဒီမှာ တိတ်ဆိတ်နေတာပဲ .. အေးဆေးပဲ မဟုတ်လား ”

“ မင်း မူးနေပြီ .. ”

“ ပြောပါဦး ရှင့်ကို လိုလေသေးမရှိ ဒီလောက် ပြည့်စုံအောင် ထားနေတာကို ဘာလို့ ကျွန်မ အသဲကို ခွဲသွားတာလဲ .. ”

“ ကို တောင်းပန်ပါတယ် .. ကို အပျော်ရှာမိတာပါ .. ကို .. ကို တကယ်ချစ်တာ မင်းကိုပါ ဧကရီရယ် .. ဟိုတစ်ယောက်က ခဏ တွဲတာပါ .. စိတ်မဆိုးပါနဲ့ကွာ .. ငါ့ဘဝမှာ မင်းကို အချစ်ဆုံးပါ ”

“ ဟုတ်လား .. ဟိုတစ်ယောက်ကလဲ ရှင်က သူ့ကို အချစ်ဆုံးလို့ ပြောတယ်တဲ့ .. ကျွန်မကို ငွေတွင်းလေးမို့ ခဏအောင်းနေတာပါတဲ့ .. အချိန်တန်ရင် ငွေပိုက်ပြီး အတူ လစ်ကြမလို့ဆို .. ဘာလဲ ငြင်းဦးမလို့လား .. သက်သေလေး ရှိတယ်နော် .. ”

ဧကရီရဲ့ တပည့်တစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချုပ်ကာ ခေါ်လာသည်။

“ ဟာ .. မင်း .. မင်း ဘာလုပ်မလို့လဲ ”

“ ဟယ် .. ဖြစ်သွားလိုက်တာ .. အရမ်းချစ်တဲ့ပုံပဲ .. ”

“ ကိုကို ချစ်ကို ကယ်ပါဦး .. ”

“ ဟော .. ကြားလား ကိုကိုတဲ့ .. ကဲ ကိုကိုရေ .. ရှင့်ချစ်ချစ်လေးကို ဘယ်လို ကယ်မှာလဲ ”

“ တောင်းပန်ပါတယ် .. ကို မင်းကို လိမ်ခဲ့မိတယ် ”

“ ဒီလောက်ပဲ ပြောတတ်တာလား .. ဖြေရှင်းချက်ကြီးက တုံးလိုက်တာကွာ .. ဟင်း ... ကျွန်မက ရှင့်ကို အရမ်းချစ်တာ ..သိရဲ့လား .. အရမ်းချစ်တယ်ကွာ .. ဒီတော့ ရှင့်ကို နောက်ဆုံး ရွေးချယ်ဖို့ အခွင့်ရေးပေးမယ် .. ဟေ့ ယူလာခဲ့ .. ”

ဧကရီ တပည့်နှစ်ယောက်က သေတ္တာ တစ်လုံး သယ်လာသည်။ ဧကရီရဲ့ ချစ်သူဆိုသူ ရှေ့မှာ သေတ္တာကို ချလိုက်ပြီး ဖွင့်ပြလိုက်သည်။

သေတ္တာထဲမှာ ရွှေချောင်းများ အပြည့်ရှိနေပြီး စာရွက်တစ်ချို့လဲ ပါသည်။ ကလပ်ထဲမှ လူများ ရွှေချောင်းအပြည့်ထည့်ထားတဲ့ သေတ္တာကို ကြည့်ကာ အံ့သြကုန်သည်။

“ ရှင် ကျွန်မနဲ့ အတူနေမယ်ဆိုရင် ဒီရွှေ နဲ့ စာချုပ် အကုန်လုံး ရှင့်ကို ပေးမယ် .. မြဝတီမှာ ကျွန်မ ပိုင်ဆိုင်သမျှ လုပ်ငန်းအားလုံး ရှင့် အပိုင်ဖြစ်မယ်။ ဒီမြို့မှာ ရှင် ဘုရင် ဖြစ်သွားမယ်။ ဘယ်လိုလဲ .. ကျွန်မနဲ့အတူနေမှာလား .. ဒါမှမဟုတ် ရှင့်ကောင်မဆီ သွားမှာလား .. ”

“ ကို .. ကို ... မင်းနဲ့အတူနေပါ့မယ် .. သူက အပျော်တွဲမိတာပါ ”

“ သေချာလား ”

“ သေချာတယ်။ မင်းလောက် ငါ့အပေါ်ချစ်တဲ့သူ မရှိဘူး .. သေချာတယ် ဧကရီ .. ကို မှားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်နော် ..ကို မင်းဆီ ပြန်လာပါရစေနော် .. မင်းအနားမှာ တစ်သက်လုံးနေပြီး မင်းကို သေတဲ့အထိ ချစ်သွားပါ့မယ်ကွာ ”

“ ကြားရတာ နားဝင်ချိုလိုက်တာ .. ကဲ သေချာသွားအောင် သက်သေလေးတော့ ပြပေးဦး .. သူ့ကို သေနတ်ပေးလိုက် ”

တပည့်တစ်ယောက်က ဧကရီချစ်သူကို သေနတ်တစ်လက်ပေးလိုက်သည်။ ချစ်သူဆိုသူမှာ အူကြောင်ကြောင် ဖြစ်သွားသည်။

“ ရှင် ကျွန်မကို တကယ်ချစ်တယ်ဆိုရင် ဒီကောင်မကို ကျွန်မရှေ့မှာ သတ်လိုက် ”

“ ဘာ .. ”

“ သူရှိနေရင် ကျွန်မ ဘယ်လိုလုပ် ရှင့်ကို စိတ်ချမှာလဲ .. ရှင့်ဘက်က ကျွန်မကို ချစ်တာ သေချာကြောင်း သက်သေပြပေးလေ။ ကျွန်မ ရှင့်ကို အရမ်းချစ်တာ ကိုရဲ့ .. ကျွန်မဆီ ပြန်လာပါနော် ..  ”

“ ငါ .. ငါ .. မသတ်ရဲ ..... ”

“ ဧကရီ ချစ်သူ လုပ်နေပြီး လူတစ်ယောက်ကိုတောင် မသတ်ရဲဘူးလား .. လုပ်ပါ ကိုရယ် .. သူရှိနေရင် ဧကရီ ဘယ်လိုမှ အဆင်မပြေဘူး။ ဧကရီကို ချစ်တယ်ဆို .. ချစ်ရင် ဧကရီတို့ကြားကို နှောင့်ယှက်နေတဲ့သူကို ရှင်းပစ်ရမှာပေါ့ .. ”

“ မ .. မလုပ်ပါနဲ့ .. ကိုကို .. ချစ်ကို မသတ်ပါနဲ့ .. အီး .. ဟီး .. ”

ကောင်မလေးမှာ ငယ်သံပါအောင် အော်ဟစ် ငိုနေတော့သည်။

“ ကို .. တွေဝေမနေနဲ့ .. ဧကရီ စိတ်ကို သိတယ်နော် .. မြန်မြန်လုပ် .. ဧကရီ ရင်ခွင်က ကို့ကို မျှော်လင့်နေပြီ ”

ဧကရီချစ်သူမှာ လက်တွေ တုန်နေပြီး ဧကရီကိုကြည့်လိုက် သူ့ကောင်မလေးကို ကြည့်လိုက်နဲ့ တုန်လှုပ်နေသည်။ နောက်ဆုံးတော့ ...။

“ ငါ .. တောင်းပန်ပါတယ် .. တောက်စ် ... ”

ဧကရီချစ်သူမှာ သေနတ်ကို သူ့ကောင်မလေးဆီ ချိန်ကာ မျက်လုံးစုံမှိတ်ပြီး ပစ်လိုက်တော့သည်။ သေနတ်သံနဲ့အတူ ကောင်မလေးမှာ ခွေကနဲ လဲကျသွားသည်။ ဧကရီချစ်သူမှာ လက်တွေ တဆတ်ဆတ်တုန်နေသည်။ ဧကရီက တုန်နေတဲ့ လက်တွေကို အသာကိုင်ကာ သေနတ်ကို ယူလိုက်သည်။

“ တော်ပါသေးရဲ့ .. ကို ဧကရီဆီ ပြန်မလာတော့ဘူး ထင်နေတ .. ကိုရယ် နောက်ဆို အဲ့လို မဆိုးနဲ့ကွာ .. ”

“ အင်းပါ .. ကို တောင်းပန်တယ်နော် .. နောက်ဆို ဧကရီကို ဘယ်တော့မှ သစ္စာမဖောက်တော့ပါဘူး .. ”

“ တကယ်နော် .. ချစ်တယ်ကွာ ”

ဧကရီက သူ့ချစ်သူကို နမ်းလိုက်သည်။ ကလပ်ထဲကလူများက သူတို့နှစ်ယောက်ကို ငေးကြည့်နေကြသည်။

“ ဖောင်း ... ”

“ အ .. ဧ .. ဧကရီ .. မင်း .. မင်း ......... အား .. ”

“ ကိုရယ် .. နာသွားလား .. သွားတော့နော် .. ရှင့်ကောင်မလေး စောင့်နေလောက်ပြီ .. ကိုတို့ ပျော်ကြပါစေလို့ ဧကရီ ဆုတောင်းပေးပါတယ် .. နောင်ဘဝမှာ ဧကရီလို ချစ်သူမျိုးနဲ့ ရှင် မဆုံပါစေနဲ့နော် .. ဆုံရင်လဲ ရှင့်ကို ထပ် သတ်မိဦးမှာပဲ .. ခစ် .. ခစ် ”

ချစ်သူဆိုသူမှာ ဧကရီ ခြေရင်းမှာ ခွေကနဲ လဲသွားပြီး အသက်မဲ့သွားလေသည်။ ဧကရီက သူ့ကို စိုက်ကြည့်နေတဲ့ အသက်မဲ့နေတဲ့ သူ့ချစ်သူ မျက်လုံးများကို အသာလေး ပိတ်ပေးလိုက်ပြီး ပါးကို တစ်ချက်ပွတ်ကာ ပြုံးလိုက်သည်။

“ အားလုံးပဲ အနှောင့်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော် .. ဒီဇာတ်လမ်းလေး ဒီမှာတင် ပြီးဆုံးပါပြီရှင့် .. DJ ရေ သီချင်းပြန်ဖွင့်ပေးပါဦး ..  ”

DJ က ကြောက်ကြောက်နဲ့ သီချင်း ပြန်ဖွင့်ပေးသည်။ ဧကရီက လက်ထဲက သေနတ်ကို မိုးပေါ်ထောင် ဝှေ့ယမ်းရင်း DJ သံစဉ်အတိုင်း “ က ” လိုက်သည်။

ကလပ်တစ်ခုလုံးမှာ ဧကရီ တစ်ယောက်သာ “ က ” နေသည်။ အားလုံးက သူနဲ့အတူ လိုက်မကရဲပဲ သူ့ကိုသာ ငေးကြည့်နေကြသည်။ ဧကရီ “ က ” နေချိန် သူ့တပည့်များက သေဆုံးနေတဲ့ အလောင်းနှစ်လောင်းကို သယ်ထုတ်သွားသည်။ ခဏတာ “ က ” ပြီးတော့ ခါးလေးညွှတ်ကာ ကလပ်ထဲက လူများကို အရိုသေပေးပြီး ဧကရီ ကလပ်ထဲကနေ ထွက်ခွာသွားတော့သည်။

.......................

“ အဲ့ဒါပဲ .. ငါ နဲ့ ဝင်းအောင် ဧကရီ ကလပ်ထဲကနေ ထွက်သွားမှ စိတ်သက်သာရာ ရတယ် .. အတော် ဆိုးတယ်ကွာ။ အခု သူက မင်းကို စိတ်ဝင်စားနေပုံမို့ ငါ သတိပေးတာ .. ဟူး .... ”

ပြည့်စိုးဟိန်း ပြောတာတွေ နားထောင်ပြီး ထင်ရှားအောင် ပြုံးလိုက်သည်။ ပြည့်စိုးဟိန်းလို သာမန် စီးပွားရေးသမားအတွက် ဒီအဖြစ်ပျက်က တုန်လှုပ်စရာ ဖြစ်ပေမယ့် ထင်ရှားအောင် အတွက်တော့ သိပ်မထူးဆန်းပေ။ ဧကရီဆိုးတယ်ဆိုတာ မမကို မှီမှာတဲ့လား .....။

“ ထင်ရှားအောင်ရေ .. ပန်းလေးက နောက်ဆုံး မော်ဒယ်တွေ ပြတာကို ဒါလေးပဲ ယူချင်တယ်တဲ့ ”

“ သူ ကြိုက်တာ ရောင်းလိုက် မမယွန်း .. ကျွန်တော် ဝယ်ပေးမယ်ပြောတာကို မရဘူး .. ”

ယွန်းရတနာ ရောက်လာလို့ ထင်ရှားအောင်တို့ စကားစ ဖြတ်လိုက်ကြသည်။ ပန်းလေးက သူလိုချင်တာလေးရလို့ ပျော်နေတော့သည်။

“ ကိုပြည့် .. ပြန်လိုက်ဦးမယ် ”

“ အေး .. နောက်မှ အေးဆေး ဆုံကြသေးတာပေါ့ .. ဝင်းအောင်ကြီးကိုလဲ Date လိုက်မယ် .. ဖြေးဖြေးနော် ”

“ ဟုတ်ကဲ့ .. ကဲ မမယွန်း သွားမယ်နော် ”

“ အေး မောင်လေး .. ဟဲ့ .. သူလေးကို ပျော်အောင်ထားနော် ”

“ အင်းပါဗျ .. ”

ထင်ရှားအောင် ပြည့်စိုးဟိန်းတို့ လင်မယားကို နှုတ်ဆက်ကာ ဆိုင်ထဲကနေ ထွက်လာခဲ့သည်။ ကားပေါ်တက်လိုက်ချိန် ဘောင်းဘီထဲက ဖုန်းမှ နိုတီသံ ကြားလိုက်လို့ ကြည့်လိုက်သည်။ Message တစ်စောင် ရောက်နေသည်။

( ကိုထင်ရှားအောင် .. ကျွန်မ မွေးနေ့က သဘက်ခါနော် .. မေ့နေမှာစိုးလို့ သတိပေးတာ .. မျှော်နေမယ်နော် )

“ ကိုကို .. အလုပ်ကိစ္စလား ”

“ မဟုတ်ပါဘူး .. ကဲ .. လိုချင်တာရပြီဆိုတော့ ဘယ်သွားချင်သေးလဲ ”

“ ကိုကို့ကို ကျေးဇူးတင်တဲ့အနေနဲ့ မုန့်လိုက်ကျွေးမယ် .. ဘာစားချင်လဲ .. ”

“ အင်း ... ကိုကိုတို့ စားနေကြ ထမင်းသုပ်သည် အဒေါ်ကြီးဆီ ပြန်သွားပြီး ထမင်းသုပ် စားရအောင် .. အဒေါ်ကြီး ရောင်းသေးရဲ့လား မသိဘူး .. ”

“ ဟယ် တကယ် .. ဟုတ်ပ အဒေါ်ကြီး ရောင်းသေးရဲ့လားမသိဘူး .. သွားမယ် .. သွားမယ် .. ဟိ ”

ထင်ရှားအောင် ကားစက်နှိုးကာ တစ်ချိန်က သူတို့ ဖိနပ်လေးခုပြီး ထိုင်စားခဲ့သော ထမင်းသုပ်ရောင်းတဲ့ အဒေါ်ကြီးရှိရာ နေရာသို့ ...............။

................................................

အခန်း (၂၇)

“ ထင်ရှားအောင် .. ဧည့်တွေ့ ရောက်နေတယ် 

ထောင်စောင့် စကားကိုကြားတော့ ထင်ရှားအောင် ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်သည်။ ဘယ်သူလဲ .. မေဘယ်လ်နဲ့ ချိန်းထားတဲ့နေ့ မရောက်သေးပါဘူး။

သူ့ကို ဘယ်သူ လာတွေ့တာလဲ။ ဧည့်တွေ့သွားရန် ထောင်တံခါးဝမှာ လက်ထိပ် အခတ်ခံဖို့ အခန်းတံခါးကို ကျောပေးကာ လက်ကို နောက်ပြန်ပေးလိုက်သည်။

လက်ထိပ်များ ခတ်ထားလျက် ဧည့်တွေ့ခန်းသို့ ထင်ရှားအောင် ရောက်လာခဲ့သည်။

ဧည့်တွေ့ခန်းမှာ သူ့ကို စောင့်မျှော်သူက ဦးသက်နိုင် ....။

“ ဦးနိုင် .. ဘာကိစ္စလဲ ”

“ မင်း ခိုင်းထားတာတွေ ဘယ်လောက်ပြီးစီးနေပြီလဲဆိုတာ လာပြတာ ”

ဦးသက်နိုင်က သူ့လက်ထဲမှ ဖိုင်တွဲများကို ထင်ရှားအောင်ကို ပြလိုက်သည်။ ထင်ရှားအောင် တစ်ခုချင်းကြည့်ကာ သဘောကျသွားသည်။

“ ဦးနိုင်ကို စိတ်ချပြီးသားပါ .. လုပ်စရာရှိတာသာ လုပ်ပါ။ အရေးတကြီး ပြောစရာရှိမှသာ လာပါ ”

“ ပြောစရာလဲရှိတယ် ထင်ရှား ”

“ မနက်ဖြန် ဘာနေ့လဲဆိုတာ မင်း သိတယ်မလား ”

“ အင်း .. သိတယ် ”

“ ငါ ဘာလုပ်ပေးရမလဲ ”

“ လောလောဆယ် .. ဆေးလိပ် တစ်လိပ်လောက် ”

ဦးသက်နိုင်က အသင့်ယူလာသော စီးကရက်ဗူးထဲမှ တစ်လိပ် ပေးကာ မီးညှိပေးလိုက်သည်။ ထင်ရှားအောင် တစ်ချက်ရှိုက်ရင်း ....။

“ သူသောက်နေကြဆိုင်ကနေ တစ်လုံးလောက် ဝယ်ပြီး သွားပေးလိုက်ပါ ..ကျွန်တော် မကြာခင် ကိုယ်တိုင်လာခဲ့မယ်လို့လဲ ပြောပေး ”

“ အေး .. စိတ်ချ ဦးနိုင် လုပ်လိုက်မယ် .. ကဲ ဒါပါပဲကွာ .. ဦး ပြန်တော့မယ် ”

“ ဟုတ်ကဲ့ .. ကျန်းမာရေး ဂရုစိုက်နော် ခင်ဗျား သေလို့ မဖြစ်သေးဘူး ”

“ စိတ်ချ ..  မင်း လွတ်လာတာ ကြည့်ပြီးမှ ငါ သေမှာ .. ဟား ”

“ အိုကေ .. ”

ဦးသက်နိုင်က ထင်ရှားအောင်ကို နှုတ်ဆက်ကာ ထွက်တော့မယ်အလုပ် ...။

“ ဦးနိုင် .. ”

“ ဘာလဲ လူလေး ”

“ ပန်းလေး ဘာလေးမွေးလဲ ”

“ မင်း ဘယ်ချိန်မေးမလဲ ငါစောင့်နေတာ .. မိန်းကလေး မွေးတယ် .. သူနဲ့တစ်ပုံစံတည်းပဲ .. နာမည်တောင် ပေးပြီးပြီတဲ့ .. နာမည်က ရှားထက်ခိုင် တဲ့ ”

“ ရှားထက်ခိုင် .. ဟုတ်လား ”

“ အေး .. ကဲ ဦးနိုင်ကို ခွင့်ပြုဦး ”

ထင်ရှားအောင် ခေါင်းငြိမ့်ပြလိုက်သည်။ ပါးစပ်ကနေ ရှားထက်ခိုင် ဆိုတဲ့ နာမည်ကို တောက်လျောက် ရေရွတ်ရင်း ထောင်ခန်းဆီသို့ ပြန်လာခဲ့သည်။ အခန်းထဲရောက်တော့ ကုတင်ပေါ် ပက်လက်လှန်ကာ ....

“ ရှားထက်ခိုင် တဲ့လား .. သြော် .. ပန်းလေး .. ပန်းလေး ... ”

ထင်ရှားအောင် တစ်ယောက်တည်း အားရအောင် ရယ်လိုက်တော့သည်။ ရယ်နေရင်း ပါးပြင်မှာ မျက်ရည်များက အလိုလို စီးကျလာတော့သည်။

............................

ဈေးဝယ်ကို စောင့်မျှော်နေတဲ့ အသုပ်သည်မှာ ရုတ်တရက် သူ့ဆိုင်ရှေ့ကို ကားတစ်စီး ထိုးရပ်လိုက်လို့ ငေးကြည့်နေသည်။

ကားပေါ်မှာဆင်းလာသူ နှစ်ဦးမှာ သူ့ဆိုင်ရှေ့ တည့်တည့်လျောက်လာပြီး ထမင်းသုပ်မှာစားလိုက်ကြသည်။

“ အရင်က ဒီမှာ အဒေါ်ကြီးတစ်ယောက် ရောင်းတာပါ ”

“ ဟုတ်တယ် အစ်မက သူ့သမီးပါ။ အမေက ဆုံးသွားပြီ .. ”

“ သြော် .. စိတ်မကောင်းပါဘူးဗျာ .. ကျွန်တော်တို့က အရင်တုန်းက အဒေါ်ကြီး ထမင်းသုပ် အမြဲစားနေကြမို့ မေးကြည့်တာ ”

“ မောင်လေးတို့ကိုကြည့်ပြီး အစ်မ အံ့သြနေတာ .. ကားအကောင်းစားကြီး စီးလာပြီး အစ်မရဲ့ လမ်းဘေးဆိုင်လေးမှာ လာစားနေလို့ ”

ထင်ရှားအောင် နဲ့ ပန်းလေးတို့ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ကာ ပြိုင်တူ ရယ်လိုက်ကြသည်။ အဒေါ်ကြီးရဲ့ သမီး သုပ်ပေးတဲ့ ထမင်းသုပ်ကို နှစ်ယောက်သား အားရပါးရ စားကြလေသည်။ စားပြီး ဗိုက်တင်းသွားတော့ ....။

“ ဘယ်လောက်ကျလဲ ”

“ အားလုံး ၂၀၀၀ ပါ ”

“ ရော့ .. ”

“ ဟယ် မောင်လေး ၂၀၀၀ ပဲ ကျတာလေ .. တစ်သောင်းတန် ၅ ရွက်ကြီး ”

“ အစ်မကို မုန့်ဖိုးပေးတာပါ။ အစ်မ အမေက အရင်တုန်းက ကျွန်တော့် ညီမလေးကို ငါးဖယ်ကြော် အလကား ကျွေးနေကြဗျ ..ယူပါ အစ်မ .. အစ်မ အမေကို ကျွန်တော်တို့ ကန်တော့တယ်လို့ သဘောထားပေးပါ ”

“ ကျေးဇူးတင်လိုက်တာ မောင်လေးတို့ရယ် .. ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး ”

“ ရပါတယ် .. ပန်းလေး တို့တွေ စားပြီးရင် ဘာလုပ်မလဲ သိတယ်မလား ”

“ ဟိ .. သိတယ် ဟိုး အပင်ကြီးအောက်မှာ ဇိမ်ခံကြမယ် .. ”

“ ဟား .. ဟုတ်ပ .. လာ .. ”

ထင်ရှားအောင် နဲ့ ပန်းလေး အပင်ကြီးအောက်မှာ အရင်တုန်းကလို ထိုင်လိုက်ကြသည်။ ပန်းလေးက ထင်ရှားအောင် ပုခုံးပေါ် ခေါင်းလေး မှီထားရင်း။

“ ကိုကို .. ”

“ ပြော ”

“ မေးချင်တာ တစ်ခုရှိတယ် .. မေးသင့်လားတော့ မသိဘူး .. အရမ်းသိချင်နေလို့ ”

“ မေးလေ .. ဘာများလဲ ”

“ ကိုကို နဲ့ မမကြီးက ချစ်သူတွေလားဟင် ”

ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကြောင့် ထင်ရှားအောင် ဘာဖြေရမှန်း မသိဖြစ်သွားသည်။ မမျှော်လင့်ထားတဲ့ မေးခွန်း။

သူ့အတွက် ဖြေရခက်တဲ့ မေးခွန်း။ ပန်းလေးက သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်ကာ မေးနေသည်။

“ ဖြေလေ ကိုကို ”

ထင်ရှားအောင် ပန်းလေးကို မညာချင်ဘူး။ အခု ညာလဲ နောင်တစ်ချိန် ပန်းလေး သိသွားမှာပဲ။ ဒါပေမယ့် ပန်းလေး ဘာလို့ ဒီမေးခွန်းကို မေးလိုက်လဲ ထင်ရှားအောင် သိချင်နေသည်။ သူ နဲ့ မမ အကြောင်းကို ဦးနိုင်ကလွဲပြီး တစ်ခြားသူ မသိပါဘူး။ ပန်းလေး ဘယ်လို ရိပ်မိသွားတာလဲ။

“ ဟုတ်တယ် .. ကိုကို နဲ့ မမက ချစ်သူတွေ ဖြစ်နေတာ ”

“ ထင်သားပဲ .. ကိုကို ပါးစပ်ကနေ ဝန်ခံတော့ ပိုသေချာသွားတာပေါ့ ”

“ ညီမလေး ဘာလို့ မေးလိုက်တာလဲ .. ”

ပန်းလေးက ပြုံးလိုက်သည်။

“ ရေမွှေးနံ့ကြောင့် ”

“ ဘယ်လို ”

“ ပန်းလေး မမကြီးကို တွေ့ဖူးတဲ့အခါတိုင်း သူ့ဆီကနေ အနံ့ဆူးဆူး ရေမွှေးနံ့ တစ်မျိုး အမြဲရတယ်။ အခု ကိုကို့ဆီကနေ အဲ့ဒီ ရေမွှေးနံ့ ရနေတယ်။

ဒါကြောင့် ကိုကို နဲ့ မမကြီး ပက်သက်မှု ရှိရမယ်လို့ တွေးမိလို့ မေးလိုက်တာ။ ပန်းလေး ထင်တာ မှန်နေတာပေါ့ .. မမကြီးက ကိုကို့ ကို အရမ်းချစ်မှာပဲ။

မမကြီးက ပန်းလေး ဆေးကျောင်းတက်နိုင်တဲ့အထိ ကူညီပေးခဲ့တဲ့ ကျေးဇူးရှင် .. ကိုကိုက ပန်းလေးကို ငယ်ကတည်းက စောင့်ရှောက်လာတဲ့ ကျေးဇူးရှင် ..ကျေးဇူးရှင်နှစ်ယောက် ချစ်နေကြတာ ပန်းလေး ကျေနပ်ပါတယ် ”

ပန်းလေးရဲ့ စကားတွေက ထင်ရှားအောင် ရင်ဘတ်ကို အပ်လေးနဲ့ ထိုးဆွနေသလို ခံစားရသည်။ ကျေနပ်တယ်လို့ ပြောနေတဲ့ ပန်းလေးရဲ့ မျက်နှာက .. ဝမ်းနည်းမှုတွေ သန်းနေသည်။ ထင်ရှားအောင် ပန်းလေးကို မကြည့်ရဲတော့ပဲ မျက်နှာလွှဲထားရတော့သည်။

“ အမှန်တိုင်းပြောရရင် ပန်းလေး ဝမ်းနည်းတယ် သိလား .. ဘာလို့လဲဆိုတော့ ပန်းလေး ကိုကို့ကို ချစ်လို့ မ၀ သေးဘူး ”

“ ပန်းလေး .. ”

“ ဘာမှ မပြောပဲ နားထောင်ပေးပါနော် .. ညီမလေး ကိုကိုနဲ့ ပြန်မတွေ့ရခင်က ကိုကို့ကို အရမ်းသတိရခဲ့တာ။ ကိုခိုင်ကြီးကို အကူညီတောင်းပြီး ကိုကို့ ပုံတွေကို ကိုကိုမသိအောင် ခိုးရိုက်ခိုင်းခဲ့တယ်။ ဒီမှာကြည့် ကိုကို့ပုံတွေ ပန်းလေးဖုန်းထဲမှာ အများကြီးပဲ ”

ပန်းလေး ပြတာကို ကြည့်လိုက်တော့ ထင်ရှားအောင်ရဲ့ လှုပ်ရှားမှု ဓါတ်ပုံတွေ အများကြီး မြင်လိုက်ရသည်။

“ ဒီပုံလေးတွေ နေ့တိုင်းကြည့်ပြီး အလွမ်းဖြေခဲ့ရတာ .. ပြန်တွေ့ရတော့မယ်ဆိုတော့ အရမ်းပျော်တာပဲ သိလား ..ကိုကိုက ပန်းလေးရဲ့ အစ်ကိုဆိုလဲဟုတ်တယ် .. နောက်ပြီး ပန်းလေးရဲ့ အချစ်ဦးပါ .. ဟင့် ... ဟင့် ”

ပန်းလေးက စကားပြောရင်း ဆို့နင့်သွားသည်။ အချစ်ဦး ဆိုတဲ့ စကားကို ကြားတော့ ထင်ရှားအောင် ခေါင်းမွှေးထောင်ချင်သွားသည်။

“ ကိုကို့ရဲ့ ပြောင်းလဲလာတဲ့ ပုံတွေကိုကြည့်ရင်း ပန်းလေးက ကိုကို့ကို တိတ်တခိုးလေး ချစ်နေရသူပါ။ ပန်းလေး အခုလိုပြောလို့ စိတ်မဆိုးပါနဲ့နော် .. ခုချိန်မှ မပြောရင် ပန်းလေးရဲ့ ခံစားချက်တွေကို နောင်ကျဘယ်တော့မှ ပြောလို့ရမှာ မဟုတ်တော့ဘူး။ အခုတောင် နောက်ကျနေပါပြီ .. ညီမလေးက တစ်ချိန်ကျရင် ကိုကို့နားမှာနေပြီး ကိုကို့ကို တစ်သက်လုံး ပြုစုသွားမယ်လို့ စိတ်ကူးတွေ ယဉ်နေတဲ့ အရူးမလေးပါ ”

“ ပန်းလေးရယ် .. ကိုကို တကယ် မသိခဲ့ဘူးကွာ ”

“ မသိသလိုပဲ နေလိုက်ပါတော့ ကိုကိုရယ် .. ပန်းလေးလဲ ခုချိန်ကနေစပြီး ကိုကို့ကို တကယ့်အစ်ကိုရင်း တစ်ယောက်လို ဆက်ဆံပါတော့မယ်။ မမကြီးရဲ့ ချစ်သူဖြစ်နေလို့ ပန်းလေး ကျေနပ်ပါတယ်။ ဒါပေမယ့် ပန်းလေး ကိုကို့အတွက် .. စိုးရိမ်မိနေတယ်။ ဘာလို့လဲမသိဘူး .. မမကြီးကို ညီမလေး ကြောက်လို့လား မသိဘူး။ 

မမကြီးက ကိုကို့ဘဝကို .. အမြဲတမ်း ပိုင်ဆိုင်နေမှာကို သဘောမကျဘူး။ ကိုကို လွတ်လပ်ပါ့မလား .. ကိုကို တစ်သတ်လုံး သူ့အတွက်ပဲ အလုပ်ကျွေး ပြုနေရမှာလား .. ပန်းလေး ကိုကို့ကို ကြည့်ပြီး သနားမိတယ် ”

“ မမက တစ်ခါတစ်လေ အလုပ်နဲ့ပက်သက်ပြီး ဒေါသကြီးတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်။ ဒါပေမယ့် ပန်းလေး ပြောသလို

ကိုကိုလဲ တစ်ခါတစ်လေ သူနဲ့နေရတာ မွန်းကြပ်တယ်။ အခုလို ပန်းလေးနဲ့ အတူနေရရင် စိတ်ထဲမှာ လွတ်လပ်ပြီး ပျော်တယ်။

ဟင်း .. ပန်းလေး .. ငယ်တုန်းက စတိုင်းဆိုင်ရှေ့ ပိုက်ဆံတောင်းတုန်းက အစ်မကြီးတစ်ယောက် ပန်းလေးမျက်နှာကို .. သန့်ရှင်းရေးလုပ်ပေးခဲ့တာ မှတ်မိလား .. ”

“ အင်း မှတ်မိတယ် .. ”

“ ကိုကိုက အဲ့ချိန်ကတည်းက ပန်းလေးကို ချစ်မိသွားတာ ”

“ ရှင် .. ”

“ ဟုတ်တယ် .. ကိုကို့ အချစ်ဦးကို ပြောပါဆိုရင် ပန်းလေးပဲ .. အဲ့တုန်းကတော့ ကလေး သာသာဆိုတော့ အချစ်ကို သေချာ မသိခဲ့ဘူး။

ကိုကို ပန်းလေးကို ပြန်တွေ့လိုက်တော့ အဲ့ဒီ အချစ်တွေ အိပ်ပျော်ရာကနေ နိုးထလာတော့တယ်။ ဒါပေမယ့် ကိုကိုက မမ နဲ့ .... ”

ထင်ရှားအောင် စကားကို ရှေ့ဆက် မပြောချင်တော့လို့ လက်သီးဆုပ်ကာ ခေါင်းမော့ပြီး သက်ပြင်းချလိုက်သည်။

“ ကိုကိုရယ် .. ပန်းလေးတို့က နီးလျက်နဲ့ ဝေးခဲ့ကြတယ်နော် .. ကံကြမ္မာက ရက်စက်လိုက်တာ။  အမှန်ဆို ကိုကို နဲ့ ပန်းလေး ခုချိန်မှာ တစ်ယောက်ကိုယ် တစ်ယောက် အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်နေရမှာ ”

ထင်ရှားအောင် ပန်းလေး မျက်နှာကို သေချာကြည့်ရင်း ...။

“ ကိုကို ဘာလုပ်ရမလဲ .. ပန်းလေးကို ကိုကို ချစ်တယ် .. မမကို ကျေးဇူးရှင်တစ်ယောက်မို့ သံယောဇဉ်ဖြစ်နေတာလား ..ဟုတ်တယ် .. ကိုကို မမကို ပန်းလေးကို ချစ်တဲ့ အချစ်မျိုးနဲ့ ချစ်လို့ မရဘူးဖြစ်နေတယ်။ အဲ့လိုပြောရင် ပန်းလေး ..လက်ခံမှာလား .. ကိုကို အမှန်တိုင်းပြောတာ။ ပန်းလေးကို မတွေ့ခင်ထိ ကိုကို့ဘဝမှာ အချစ်ရဆုံးက မမလို့ ထင်ခဲ့တာ ”

“ ပန်းလေး နားလည်တယ် .. ဒါကြောင့် ပန်းလေး ကိုကို့ကို စိုးရိမ်နေတာပေါ့ .. ကိုကိုက မမကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ သာယာနေရင်း သူ့ကို သံယောဇဉ်ဖြစ်သွားတာပါ။ ကိုကိုရယ် .. ပန်းလေးတို့ ဘာတတ်နိုင်မှာလဲ .. မမကြီးက သာမာန်လူ မဟုတ်ဘူးလေ .. သူ့ကို မျက်ကွယ်ပြုပြီး ပန်းလေးတို့ ဘာများ လုပ်ရဲမှာလဲ ”

“ ဟုတ်တယ် မမက ကိုကို့ကို အရမ်းချစ်တာ။ ကိုကိုသာ ပန်းလေးကို ချစ်နေမှန်းသိရင် ပန်းလေးကို တစ်ခုခု လုပ်မှာ စိုးရိမ်တယ်။ ကိုကိုတို့ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တာကောင်းမယ်။ ပန်းလေးဘဝအတွက် ကိုကိုက အစ်ကိုတစ်ယောက်အနေနဲ့ပဲ နေသင့်တယ်။

ချစ်သူဖြစ်လာဖို့အထိ ကိုကိုတို့ မစွန့်စားသင့်ဘူး။ မမ အကြောင်း ကိုကို အသိဆုံးပဲ .. မဖြစ်ဘူး .. မဖြစ်ဘူး ညီမလေးရယ် ”

“ ကိုကိုရယ် .. ”

“ ပန်းလေး ပြန်ကြစို့နော် .. ဘာမှ မတွေးနဲ့တော့နော် .. ပန်းလေးက ငယ်ပါသေးတယ် .. နောင်ကျ ကိုကို့ထက် သာတဲ့သူနဲ့တွေ့မှာပါ ”

“ တွေ့ခဲ့ရင်တောင် ကိုကို့ကို ချစ်သလို မချစ်နိုင်လောက်ပါဘူး .. ”

ထင်ရှားအောင် ပန်းလေး နှာဖူးကို အသာလေး နမ်းလိုက်သည်။

“ ပန်းလေး ကိုကို့ကို ကတိတစ်ခုပေးပါလား .. ကိုကို မဟုတ်တဲ့ ပန်းလေး ချစ်ရတဲ့သူနဲ့ ဘဝကို ဖြတ်သန်းပါမယ်လို့ ”

“ ဟင့်အင်း .. ”

“ ပန်းလေး .. ကိုကို့ကို ချစ်ရင် အဲ့ကတိလေး ပေးပါကွာ .. ကိုကို ပန်းလေးရဲ့ဘဝကို အမြဲတမ်း သာယာစေချင်တယ် ”

“ ပန်းလေး မပေးချင်ဘူး .. ကိုကို့ကိုပဲ .. ”

“ ပန်းလေး .. ”

ထင်ရှားအောင် လေသံမာမာဖြင့် ပြောလိုက်သည်။ ပန်းလေး မျက်ရည်များ အဆက်မပြတ်စီးကျကာ ...။

“ ဟုတ် .. ပေးပါတယ် .. ”

“ ဒါမှ ငါ့ညီမလေးကွ .. ကဲ ... အိမ်ပြန်ကြစို့ .. ”

ထင်ရှားအောင်လဲ သူ့ပါးပြင်မှာ စီးကျနေတဲ့ မျက်ရည်များကို သုတ်ကာ ပန်းလေးလက်ကိုဆွဲရင်း ထွက်လာခဲ့သည်။ ရင်ဘတ်ထဲမှာ ကျေကွဲမှုတွေ အပြည့်။

ပန်းလေး .. ညီမလေးရယ် .. ဒီဘဝမှာ ကိုကိုက ညီမလေးရဲ့ အစ်ကိုအဖြစ်ပဲ နေထိုင်ပါရစေနော်။ ကိုကို့ဘဝကို ကိုကို မပိုင်တော့ဘူး ညီမလေးရယ် ....။

.........................

( ............... )

“ မမ .. ပြော ”

“ မင်း အခု ဘယ်မှာလဲ ”

“ ကျွန်တော် ပန်းလေး နဲ့ အတူ ကားမောင်းရင်း အိမ်ပြန်နေတယ် ”

“ ခုချက်ချင်း ပန်းလေးကို ကြုံတဲ့နေရာမှာ ချပြီး အိမ်ပြန်လာခဲ့ ”

“ ဘာလို့လဲ မမ .. ပန်းလေးကို အိမ်ပြန်ပို့ပြီးမှ လာခဲ့မယ်လေ ”

“ မပို့နဲ့ .. မင်း ပန်းလေးကို အိမ်ပြန်ပို့လို့ မဖြစ်ဘူး .. ခုချက်ချင်း ကားရပ်လိုက် .. ပန်းလေးကို သူ့ဘာသာ အိမ်ပြန်ခိုင်းလိုက် .. မင်း ခုချက်ချင်း ငါ့ဆီလာခဲ့ ”

“ မမ .. ဘာဖြစ်နေတာလဲ ”

“ ချူး အကြောင်းကို ခိုင်ကြီး သိသွားပြီ ”

“ ဗျာ .. မြန်လှချည်လား ဘယ်လိုသိသွားတာလဲ ”

“ လူသတင်း လူချင်းဆောင်တာပေါ့ကွာ .. အခု မင်းတို့ပြန်အလာကို သူ အိမ်ကနေ စောင့်နေတယ်။ မင်း ပန်းလေးကို အိမ်ပြန်ပို့လို့မဖြစ်ဘူး။

မင်းကို သတ်ဖို့စောင့်နေတယ် ထင်ရှားအောင် .. ငါ ပြောတဲ့အတိုင်းလုပ်စမ်းပါ .. ပန်းလေးကို အိမ်ပြန်ခိုင်းလိုက်တော့။ မင်း ငါ့ဆီ ခုချက်ချင်းလာခဲ့ ..တောက်စ် .. ထင်ရှား .. ငါ ပြောသလို လုပ်စမ်း ”

“ ကိုကြီး ကျွန်တော့်ကို မသတ်ပါဘူး .. စိတ်ချပါ မမ .. ကျွန်တော် သူနဲ့မျက်နှာချင်းဆိုင် ရှင်းချင်တယ်။ မမ စိတ်မပူနဲ့ .. ဒီတစ်ခါ မမ စကားကို ကျွန်တော် နားမထောင်ပါရစေနဲ့ .. ကိုကြီးနဲ့ကျွန်တော် .. အခုမဟုတ်လဲ နောင်ကျ ဖြေရှင်းရမှာပဲ .. စောစောသိသွားတော့ စောစော ရှင်းလိုက်တာပေါ့ ”

“ ဟာ .. ထင်ရှား .. ငါ့ဆီ လာခဲ့စမ်းလို့ .. တောက်စ် .. ”

“ ဆောရီး မမ .. ဒါပဲနော် .. ”

“ ထင်ရှား .. ထင်ရှား .. ခိုင်ကြီး ဘာပြောပြော မယုံ ... ”

မေချိုရဲ့ စကားမဆုံးခင်မှာပဲ ထင်ရှားအောင် ဖုန်းချကာ ပါဝါပိတ်ပစ်လိုက်သည်။ ပန်းလေးက ထင်ရှားအောင်ကိုကြည့်ရင်း ဘာမှန်း သေချာမသိပေမယ့် စိုးရိမ်နေသည်။ ထင်ရှားအောင် ခိုင်ကြီး ရှိရာသို့ အမြန်ဆုံးရောက်အောင် ကားကို အရှိန်မြှင့်မောင်းလိုက်တော့သည်။

.......................................

အခန်း (၂၈)

အိမ်ရှေ့ရောက်တော့ ထင်ရှားအောင် ကားရပ်လိုက်ပြီး အေးဆေးပဲ ဆင်းလာခဲ့သည်။ ပန်းလေးကတော့ ထင်ရှားအောင်ကို တကြည့်ကြည့်နဲ့ .. ဘာတွေဖြစ်နေတာလဲဆိုပြီး စိုးရိမ်နေသည်။ ကားပေါ်မှာ ဘာဖြစ်လဲမေးတော့လဲ ထင်ရှားအောင်က ဘာမှမဖြစ်ဘူးပဲ ပြောခဲ့တယ်။ 

အိမ်ထဲမှာ ခိုင်ကြီးက သူသောက်နေကြ BE တစ်လုံးနဲ့အတူ ထိုင်စောင့်နေသည်။ ခိုင်ကြီးရှေ့က စားပွဲပေါ်မှာ သေနတ်တစ်လက် ချထားသည်။

ထင်ရှားအောင် ခိုင်ကြီးကိုမြင်တော့ ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

“ ကိုကြီး .. အလုပ်က ပြန်လာပြီလား .. ”

“ အေး .. ”

“ ဒီမှာဗျာ ပန်းလေးက laptop လိုချင်တယ်ဆိုလို့ လိုက်ဝယ်ပေးနေတာ .. ကဲ ညီမလေး အပေါ်တက်နားတော့ ..ကိုကိုတို့ ဒီမှာ စကားပြောလိုက်ဦးမယ် ”

“ မနားချင်သေးပါဘူး .. ပန်းလေးလဲ အတူတူ နေမယ်လေ ”

“ ပန်းလေး .. နင့်အစ်ကို ပြောတဲ့အတိုင်းလုပ်စမ်း .. ငါတို့ အလုပ်ကိစ္စ ပြောမလို့ .. သွား အပေါ်တက်တော့ .. ”

ခိုင်ကြီး ဟောက်လိုက်သဖြင့် ပန်းလေး မျက်နှာပျက်သွားသည်။ ပန်းလေးက ထင်ရှားအောင်ကို ဘာဖြစ်နေတာလဲဆိုတဲ့ အကြည့်နဲ့ မေးလိုက်သည်။ ထင်ရှားအောင်က ပြုံးလျက်ပဲ ...။

“ ဘာမှမဖြစ်ဘူး နင့်ကိုကြီး မူးနေပြီ .. သွား နောက်ထပ် အဆူမခံချင်ရင် အပေါ်တက်ပြီး laptop အသစ်လေးကို ကလိတော့ ”

ပန်းလေးမှာ သူတို့နှစ်ယောက်ကို တစ်ယောက်စီ ကြည့်ရင်း အိမ်အပေါ်ထပ်သို့ မတက်ချင် တက်ချင်နဲ့ တက်သွားသည်။ ပန်းလေး မရှိတော့မှ ..ထင်ရှားအောင်က မှန်ဘီရိုထဲက ဝီစကီတစ်လုံး ယူလိုက်ကာ ခိုင်ကြီးနဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။

“ ကိုကြီးက အစောကြီးရှိသေး ချနေပြီ .. အဖော်ရအောင် အတူသောက်မယ်ဗျာ .. ”

ထင်ရှားအောင်က ဘာမှမဖြစ်သလို အေးဆေးပဲ ပြောဆို ဆက်ဆံသည်။ ခိုင်ကြီးက မျက်မှောင်ကြုတ်ပြီး ထင်ရှားအောင်ကို စိုက်ကြည့်နေသည်။

ထင်ရှားအောင် စားပွဲခုံပေါ်က သေနတ်ကို မမြင်ချင်ယောင်ဆောင်ကာ အရက်ငှဲ့ပြီး သောက်လိုက်သည်။

“ ထင်ရှားအောင် .. မင်းကလဲ ငါနဲ့အတူသောက်ပြီး ချီးယားစ် လေးတောင် မလုပ်တော့ဘူးလား ”

“ အာ ဆောရီး .. ရေငတ်နေလို့ သောက်လိုက်မိတယ် .. ကဲ .. ကိုကြီး ချီးယားစ် .. ”

“ ချီးယားစ် .. ဒီတစ်ခွက်က ချူး အတွက် .. ”

ခိုင်ကြီး စကားကိုကြားတော့ ထင်ရှားအောင် မျက်နှာက ပြုံးရာကနေ တည်သွားသည်။ ခိုင်ကြီးက နောက်တစ်ခွက် ထပ်ငှဲ့ကာ ဒုတိယအကြိမ် ချီးယားစ် လုပ်ပြန်သည်။

“ ချီးယားစ် .. ဒီတစ်ခွက်က မင်းကို ယုံခဲ့မိတဲ့အတွက် .. ”

နောက်ထပ် တစ်ခွက်ငှဲ့လိုက်ပြီး ..။

“ ဒီတစ်ခွက်က မင်းနဲ့ ညီအစ်ကို သံယောဇဉ် ပြတ်တော့မှာမို့ .. ”

“ ကိုကြီး .. ”

“ ဘာလဲ .. သောက်လေကွာ .. ဒီနေ့ ချီးယားစ်တွေ မနည်းဘူးပဲ .. ပျော်စရာကြီးပေါ့ ”

“ ကိုကြီး ဘာပြောချင်လဲ ဘာဖြစ်ချင်လဲ ဒဲ့ ပြောဗျာ ”

“ မင်း ဘာလို့ ချူးကို သတ်လိုက်တာလဲ ”

“ မေးခွန်း တစ်ခုစီ အပြန်လှန်မေးပြီး ဖြေကြတာပေါ့ .. ကျွန်တော်လဲ ပြန်မေးမယ် .. ကိုကြီး ဘာလို့ သစ္စာဖောက်တာလဲ ”

“ ငါက သစ္စာဖောက် .. ဟုတ်လား .. ဟား .. ထွီ .. လီးစကားတွေကွာ .. ”

“ ကျွန်တော့်ကို မဖုံးကွယ်နဲ့တော့ ကိုကြီး .. ကျွန်တော် အကုန်သိပြီးပြီ ”

“ ဟုတ်လား .. ဒီတော့ ငါက သစ္စာဖောက်မို့ မင်း နဲ့ မေချိုက ချူးကို သတ်လိုက်တယ်ပေါ့ .. အဲ့လိုလား ”

“ ချူးကို ကျွန်တော် မသတ်ဘူး ”

“ မင်း မသတ်ရင် မေချို ပေါ့ .. ရှင်းနေတာပဲ ”

ထင်ရှားအောင် ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်နေလိုက်ရသည်။ ဒီချိန်မှာ ခိုင်ကြီးကို ဘာမှ ဖုံးကွယ်နေဖို့ မလိုတော့ဘူးလေ။

“ ကျွန်တော် မေးတာ ဖြေပါဦး .. ကိုကြီး ဘာလို့ ကျွန်တော်တို့ကို သစ္စာဖောက်ရတာလဲ ”

“ ဘာလို့ ငါ့ကို သစ္စာဖောက်လို့ စွတ်စွဲရတာလဲ .. ပြောစမ်းပါဦး ”

“ ချူးက ကိုကြီး ထင်သလို သနားစရာကောင်းတဲ့ မိန်းမ မဟုတ်ဘူး။ သူ့နောက်မှာ ကျွန်တော်တို့ကို အနိုင်လိုချင်နေတဲ့ အဖွဲ့စည်းရှိတယ်။ ကိုကြီးကိုလဲ အကွက်ကျကျ စည်းရုံးသိမ်းသွင်းခဲ့တာ။ ကျွန်တော်လဲ သူ့ဂွင်ထဲ ဝင်သွားတယ် .. အဲ့ဒါ သိလား ”

“ ဘာတွေလဲ .. မင်းပြောတာနားထောင်မှ ငါ ပိုမူးလာပြီ .. မင်း ဘာတွေ ပြောနေတာလဲ ထင်ရှားအောင် ”

“ ချူးက ကျွန်တော်တို့ကို ဖျက်ဆီးမယ့် မိန်းမဗျ .. ကိုကြီးကို အကြံနဲ့ချည်းကပ်ခဲ့တာ။ ကျွန်တော့်အနားကိုလဲ ဇာတ်လမ်းဆင်ပြီး ရောက်လာတာ။ အဲ့ဒါ ကိုကြီး မသိဘူးမလား .. ကိုကြီး ဘယ်သိမလဲ .. ကိုကြီးက ချူးရဲ့ အချစ်နွံထဲမှာ နစ်နေတာကိုး .. ”

“ ဘာ .. ချူး က ငါတို့ကို အနိုင်လိုချင်တဲ့ အဖွဲ့ထဲက ဟုတ်လား .. ထွီ .. မင်းကွာ လီးစကားတွေချည်း လာပြောနေတယ်။ မင်း ချူး အကြောင်းကို ဘယ်လောက် သိလို့လဲ .. ငါ့လောက် ချူးအကြောင်းကို မင်းသိမှာတဲ့လား  ”

“ အဲ့ဒါ အလိမ်တွေဗျ .. ကိုကြီးကို မာယာနဲ့သိမ်းသွင်းပြီး ကစားသွားတာ .. နယ်စပ်ဂိုထောင်က ပစ္စည်းတွေ လိုချင်လို့ ကိုကြီးကို စည်းရုံးသွားတာ .. သူ အောင်မြင်သွားတယ်မလား .. ကိုကြီး ကိုယ်တိုင် ခင်ဗျားတပည့်တွေကို လုခိုင်းခဲ့တယ်လေ။

ဘာလို့ အဲ့လို လုပ်ရတာလဲ .. ကျွန်တော်က ကိုကြီးကို ယုံကြည်လို့ ဂိုထောင်တစ်ခုလုံး ခင်ဗျား လက်ထဲ အပ်ခဲ့တာ ”

“ ဘာ .. နယ်စပ်ဂိုထောင်က ပစ္စည်းတွေကို ငါက လုခိုင်းတယ် .. ဟုတ်လား ထင်ရှားအောင် ..  ဟား .. ”

ခိုင်ကြီးမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် အားရပါးရ ရယ်နေလေသည်။ သူ့ရယ်သံများက အသက်မပါပေ။ ထင်ရှားအောင် ခိုင်ကြီးရဲ့ တုံ့ပြန်မှုများကို သေချာ လေ့လာရင်း စိတ်ထဲမှာ တစ်ခုခု လွဲချော်နေတယ်လို့ ခံစားနေရသည်။

“ ငါ သဘောပေါက်ပြီ ထင်ရှားအောင် .. အခု မင်းပြောနေတဲ့ ငါနဲ့ပက်သက်တဲ့ အကြောင်းတွေကို မင်းကို ဘယ်သူပြောခဲ့တာလဲ ”

“ မမ ပြောခဲ့တာ ”

“ သြော် .. ထင်ရှားအောင် .. ထင်ရှားအောင် .. မင်းကို ဉာဏ်ကောင်းတဲ့ လူလည်လေးဆိုပြီး အထင်ကြီးခဲ့တာကွာ ..အခုတော့ မင်းက မေချို ပြောသမျှ အယုံလွယ်တဲ့ ဉာဏ်တိမ်တဲ့ နွားလေးပါလား .. မင်းကွာ .. မေချိုက ချီးစားဆိုလဲ စားမယ့်ပုံပဲ .. ဟား .. ”

“ ကိုကြီး .. ခင်ဗျား ကျွန်တော့်ကို ကြိုက်သလိုပြောလို့ရတယ် .. ခင်ဗျား လုပ်ရပ်တွေကို ရပ်တန်းက ရပ်ရင် ကောင်းမယ် .. ခင်ဗျား ဘာလုပ်လုပ် ကျွန်တော်တို့ အကုန်သိနေတယ် .. ခင်ဗျားကို အစ်ကိုတစ်ယောက်လို ချစ်လို့ အခုလို အေးဆေး ပြောနေတာ။

ခင်ဗျားနေရာမှာ တစ်ခြားတစ်ယောက်သာဆိုရင် ကျွန်တော် သစ္စာဖောက်တို့ သွားရာလမ်းကို ပို့ခဲ့ပြီးပြီ .. ”

“ အင်း .. မင်း ပို့လို့လွယ်အောင် ရှေ့မှာ သေနတ်ချထားတယ် .. ပို့ချင်ရင် အခု ပို့လိုက်လေ ..ငါလဲ ချူး မရှိတော့ ဒီလောကကြီးမှာ မနေချင်တာနဲ့အတော်ပဲ .. ဒီတစ်လုံးတော့ ကုန်အောင် သောက်သွားမယ်။ တမလွန်မှာ အရက်မရရင် အခက်ကွ .. ဟား .. ငါလိုးတဲ့မှ .. ထင်ရှားအောင် .. ငါလိုးပဲကွာ .. လီးပဲ ..မင်း ငါ့ကို စောက်သဲ နှစ်ခါကွဲအောင် လုပ်လိုက်တယ် ”

ခိုင်ကြီးမှာ ထင်ရှားအောင်ကို ဒေါသအကြည့်များဖြင့် ကြည့်ကာ အရက်သောက်လိုက်သည်။ စားပွဲပေါ်မှာချထားတဲ့ သေနတ်ကို ကောက်လိုက်လိုက်ပြီး ထင်ရှားအောင်ကို သေနတ်နဲ့ချိန်ကာ .......။

“ တောက်စ် .. လီးမို့ ချူးကို သတ်လိုက်တာလား .. ငါ ချူးကို ဘယ်လောက်ချစ်လဲ မင်းသိလား .. တောက်စ် ..ငါ စောက်ရမ်းချစ်တာကွ .. ငါ့ဘဝမှာ တစ်ခါမှ မချစ်ဖူးဘူး .. ငါ ချူးကို စောက်ရမ်းချစ်တယ် .. မင်း ချူးကို ခေါ်သွားတော့ ငါ ဘာဖြစ်ခဲ့လဲ သိလား .. စောက်သဲကွဲတယ်ဆိုတာကို ခံစားလိုက်ရတယ် .. လီးပဲ စောက်ရမ်းဆိုးတဲ့ ခံစားချက် .. ငါ ချစ်တဲ့ ချူးကို ခြေတော်တင်မယ့်ကောင်က မင်းဖြစ်နေလို့ ငါ ပို ခံစားရတယ်။ 

နောက်ဆုံးတော့ ..

ချူးဘဝက ငါနဲ့နေတာထက်စာရင် မင်းနဲ့အတူရှိနေတာ အများကြီး ပိုကောင်းပါတယ်ဆိုပြီး ဖြေသိမ့်ရင်း ငါ ချစ်တဲ့သူကို တစ်ခြားသူ ချစ်မှာကို ထိုင်ကြည့်နေရတာ .. ဘယ်လောက်ဆိုးလဲ .. မင်းဆို ငါ့နေရာမှာ ဘယ်လိုဖြစ်မလဲ .. ဟမ် ..

အခု မင်းက ငါ့ကို မတောင်းပန်တဲ့အပြင် ငါ့ကို သစ္စာဖောက်လို့တောင် စွတ်စွဲနေသေးတယ် .. အေး မင်းငါ့ကို ဘာပြောပြော ငါ သည်းခံနိုင်တယ် .. ဒါပေမယ့် ဘာမှ မပြစ်မရှိတဲ့ ချူး ကိုတော့ .. အာ .. တောက်စ် ”

ခိုင်ကြီးမှာ စိတ်မထိန်းနိုင်တော့ပဲ ထင်ရှားအောင်ခေါင်းကို သေနတ်ဒင်နဲ့ ရိုက်လိုက်လေသည်။ ရုတ်တရက် ရိုက်လိုက်တာမို့ ထင်ရှားအောင် ရှောင်ချိန်မရလိုက်ပဲ ခံလိုက်ရသည်။ ခေါင်းပေါက်သွားပြီး သွေးများ စီးကျလာသည်။ 

ထင်ရှားအောင်ရဲ့ လက်များက ခါးကြားမှာထိုးထားတဲ့ သေနတ်ပေါ်သို့ အသင့်ရောက်နေပြီ။ ခိုင်ကြီးက သူ့မျက်နှာရှေ့မှာ သေနတ်ကို တယမ်းယမ်းဖြင့် ပြောနေသည်။

“ မင်း ကောင်မကြီးက မင်းကို လှည့်စားနေတာ။ မင်းကို အစကတည်းက လိုက်မသွားပါနဲ့လို့ ငါ တားခဲ့တယ် ..အဲ့ကတည်းက ငါ သေသွားရမှာ ..  ငါ သေသွားရင် မင်း သူနဲ့လိုက်သွားစရာမလိုတော့ဘူး .. အခုတော့ ..ထင်ရှားအောင် .. မင်းကို နောက်ဆုံးတစ်ခု မေးမယ် ”

ခိုင်ကြီးရဲ့ ပုံစံက သွေးရူးသွေးတန်း ပြောချင်ရာ ပြောနေသဖြင့် ထင်ရှားအောင် သတိကြီးကြီးထားနေရသည်။ ခိုင်ကြီး လက်ထဲက သေနတ်က သူ့အသက်ကို အချိန်မရွေး နုတ်ယူနိုင်သည်။ ထင်ရှားအောင် ခါးကြားမှ သေနတ်ကို ကျစ်နေအောင် ကိုင်လိုက်သည်။

“ ငါ နဲ့ မေချို .. မင်း ဘယ်သူ့ကို ယုံလဲ ”

ထင်ရှားအောင် ချွေးများ ပြန်လာသည်။ တစ်ကိုယ်လုံး ပူထူလာပြီး ခိုင်ကြီးရဲ့ မေးခွန်းကို ဘာဖြေရမှန်း မသိတော့ဘူး။ ခိုင်ကြီးက သူ့အဖြေကို စောင့်မျှော်နေသည်။ သေနတ်မောင်းကို ဆွဲကာ နောက်တစ်ခါ ထပ်မေးသည်။

“ ဖြေလေကွာ .. မင်း ဘယ်သူ့ကို ယုံလဲ ”

ထင်ရှားအောင် သူ့ကိုချိန်ထားတဲ့ သေနတ်ကို စိုက်ကြည့်ရင်း ဖုန်းမချခင် မေချို ပြောတဲ့စကားကို နားထဲ ပြန်ကြားလိုက်သည်။

( ခိုင်ကြီး ဘာပြောပြော မယုံနဲ့ .. )

မမ ပြောတဲ့အတိုင်း ကိုကြီးက ချူးနဲ့ ဇာတ်လမ်းတွေ ရှိခဲ့တယ်။ အခု သစ္စာမဖောက်ပါဘူးပြောနေတယ်။ နယ်စပ်က ဂိုထောင်မှာ စောင့်နေတဲ့လူတွေက ကိုကြီးရဲ့ လူယုံတပည့်တွေ။ ကိုကြီး ကိုယ်တိုင် မညွှန်ကြားပဲ ဘာမှ မလုပ်တဲ့သူတွေ။ ကိုကြီးအပေါ် အရမ်းသစ္စာရှိတဲ့ကောင်တွေ။ 

ဒီကောင်တွေကို အမိန့်ပေးနိုင်တာ ကိုကြီးတစ်ယောက်ပဲ ရှိတယ်။ ဒီအချက်တွေကို ကြည့်ချင်းအားဖြင့် ကိုကြီးက မရိုးသားဘူး။ ငါ ချူးနဲ့ စတွေ့တုန်းက သူ ချူးနဲ့ ပက်သက်နေတယ်ဆိုတာ ဘာလို့ ဖွင့်မပြောခဲ့တာလဲ။ တကယ်ဆို အဲ့ချိန်တုန်းက ချူးက သူ့ချစ်သူပါလို့ ပြောလိုက်ရင် ပြီးနေတာပဲ။ ဘာလို့ မပြောလဲ။

တမင် ချူးကို ငါ့အနား နေစေချင်လို့ မပြောခဲ့တာလား။ သူက ချူးနဲ့အလိုတူ အလိုပါမို့ ငါ့အနားကို ချူးကို တမင် ပို့ခဲ့တာလား။ ဟာ .. ငါ ဘာလုပ်ရမလဲ ..။

မမ .. ကျွန်တော် ဘာပြန်ဖြေရမလဲ .. မမကို မယုံပဲ သူ့ကို ယုံရမှာလား။ မမက ကျွန်တော့်အပေါ် ဘာလို့ လှည့်စားမှာလဲ ...။

( မင်း မရှိရင် မမ ချက်ချင်း အသက်ရှူ ရပ်သွားမှာ )

မေချိုပြောတဲ့ စကားကို အထပ်ထပ် ကြားရင်း ရှုပ်ထွေးနေတဲ့ စိတ်တွေကို တည်ငြိမ်အောင် ကြိုးစားရင်း ထင်ရှားအောင် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်တော့သည်။

“ ကျွန်တော် မမ ကို ယုံတယ် ကိုကြီး။ မမ ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ ကိုကြီး သိပါတယ်။ သူက ကျွန်တော့်ကို ဘာလို့ လှည့်စားမှာလဲ  ”

“ ဟား ... ဟား ... ကောင်းပြီ .. ဒါဆို မင်း သေနတ်ထုတ်ပြီး ငါ့ကို အခုသတ်လိုက် ..  မဟုတ်ရင် ငါ မင်းကို သတ်မယ် .. ပြီးရင် မင်းကောင်မကိုလဲ သတ်မယ် .. ဒါမှ ချူး ကို တမလွန်မှာ ငါ မျက်နှာပြရဲမှာ .. လုပ်လေ .. ပစ်လိုက်စမ်းပါ။

မင်းကို အခွင့်ရေးပေးနေတာနော် .. ငါ့ဘဝက သေမထူး နေမထူးတော့ဘူး .. သစ္စာဖောက်ဆိုရင် ခုပဲ ရှင်းလိုက်လေ ”

ထင်ရှားအောင် သေနတ်ကို တင်းနေအောင်ကိုင်ပြီး ခိုင်ကြီးကို ချိန်လိုက်သည်။ ခိုင်ကြီးက သေနတ်ပြောင်းဝကို ကိုင်ကာ သူ့နှာဖူးကို တည့်တည့်ချိန်လိုက်သည်။

“ မင်း မပစ်ရင် ငါ ပစ်မှာနော် .. ငါလိုးမ ကလေး .. ငါ့ချစ်သူကိုလဲ အပိုင်သိမ်းတယ် .. ငါ့ကိုပါ ခြောက်ချတယ် .. မင်း နဲ့ ငါ ခုချိန်ကစပြီး ညီအစ်ကို သံယောဇဉ်ပြတ်ပြီ .. ငါ့အပေါ်တင်နေတဲ့ အသက်ကြွေးအတွက် အပစ်ခံမယ်။ အေး မင်း ပြန်မယူဘူးဆိုရင်တော့ ငါ မင်းအသတ်ကိုယူပြီး ချူးကို နှစ်သိမ့်ရလိမ့်မယ် ”

“ ကျွန်တော် .. ဘာ .. ဘာလို့ ပစ်ရမှာလဲ .. ခင်ဗျား တကယ် သစ္စာ မဖောက်ဘူးလား .. ”

ထင်ရှားအောင် ထိပ်လန့်ကြောက်ရွံ့နေမိသည်။ သူလေးစားပြီး အစ်ကိုလို ခင်ရတဲ့သူမို့ အားငယ်မှုနဲ့အတူ ကြောက်ရွံ့နေလေပြီ။

“ ဟေ့ကောင် ခုချိန်မှာ အဲ့ဒါ အရေးကြီးလို့လား .. ငါ့ ချစ်သူကို သတ်လိုက်တာလောက် အရေးပါလား .. ”

ခိုင်ကြီးမှာ အမူးလွန်နေပြီ။ မျက်လုံးများ နီရဲနေပြီး ထင်ရှားအောင် ရင်ဘတ်ကို သေနတ်နဲ့တေ့ထားလေသည်။ ထင်ရှားအောင် ဘယ်လိုနည်းနဲ့မှ ခိုင်ကြီးကို မပစ်နိုင်ဘူး။ ခိုင်ကြီးက သစ္စာဖောက်ဆိုရင်တောင် သူ ပစ်နိုင်မှာမဟုတ်မှန်း သူ့ကိုယ်သူ သိနေသည်။ ဒီတော့ စိတ်ကိုလျော့လိုက်ပြီး ..။

“ ကိုကြီးချစ်သူကို သတ်ခဲ့မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကိုကြီး ကြိုက်သလို လုပ်ပါတော့ ”

“ ဟာ .. ငါလိုးမ ကလေး .. ဒါဆိုလဲ ..................... ”

“ ဒိုင်း ........ ”

သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။ ထင်ရှားအောင် မျက်စိ စုံမှိတ်ထားပြီး သူ့ဘဝရဲ့ အဆုံးသတ်က ဒီလိုပါလားလို့ လက်ခံလိုက်သည်။

မမ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်က တစ်ခြားအချိန်မှာ စိတ်မာသလောက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ဆို အသဲငယ်တတ်တယ်ဗျာ။

ထင်ရှားအောင် တစ်ကိုယ်လုံး တုန်နေသည်။ ငါ သေသွားပြီလား .. နာကျင်မှုတစ်ခုမှ မခံစားရဘူး။ ထင်ရှားအောင် မျက်လုံးများ ပြန်ဖွင့်လိုက်တော့ သူ့ခြေရင်းမှာ အသက်ငင်နေတဲ့ ခိုင်ကြီးကို တွေ့လိုက်ရသည်။ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့အတူ သွေးများ ကြမ်းပြင်ပေါ် ဖြန့်ထွက်လာသည်။

“ ကိုကြီး !!! ”

သူနဲ့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတဲ့ ပန်းလေးကို တွေ့လိုက်ရသည်။ ပန်းလေးရဲ့လက်ထဲမှာ သေနတ် တစ်လက်ကိုင်ထားသည်။ ဒါဆို .....။

“ အ .. လီးပဲ .. ဘယ်သူပစ်တာလဲ ပန်းလေးလား .. ”

ခိုင်ကြီးက စကားပြောရင်း ပါးစပ်ကနေ သွေးများ စီးကျလာသည်။ ထင်ရှားအောင် ခိုင်ကြီးကို ပွေ့လိုက်သည်။

“ မင်း .. မင်းကို .. ငါ .. တ .. ကယ် .. ပစ် ပါ့ မလား ကွာ .. မင်း ပစ်တာ ခံချင်လို့ လုပ် နေတာ ...ငါ .. မင်းကို မသတ်ပါဘူး .. ငါ သေရင် မင်းကြောင့်ပဲ သေမယ် .. ထင်ရှားအောင် .. အ ... ”

“ ကိုကြီး .. ကျွန်တော် တောင်းပန်ပါတယ် .. ပန်းလေးက ကျွန်တော့်ကို ကာကွယ်လိုက်တာပါ .. ”

ပန်းလေးမှာ ကြောင်တောင်တောင်ဖြစ်နေပြီး ဘုန်း ကနဲ ဒူးတုတ်ထိုင်ချလိုက်ကာ သူပစ်လိုက်တဲ့ ခိုင်ကြီး အဖြစ်ကိုကြည့်ရင်း မျက်ရည်များ စီးကျလာသည်။ ခိုင်ကြီးက ထင်ရှားအောင်ကို သေနတ်နဲ့ပစ်တော့မယ်ထင်လို့ ပန်းလေးက ခိုင်ကြီးကို ပစ်လိုက်သည်။

ပန်းလေးလက်ထဲမှာ ကိုင်ထားတဲ့ သေနတ်က အပေါ်မှာ ကြည်ပြာ သူ့ဘီရိုထဲမှာ ဝှက်ထားတဲ့ ကြည်ပြာရဲ့ သေနတ်ဖြစ်တော့သည်။

ပန်းလေးက သူတို့စကားပြောတာကို လှေကားပေါ်ကနေ တစ်ချိန်လုံး ခိုးနားထောင်နေပြီး အခြေနေမဟန်မှန်းသိလို့ ထင်ရှာအောင် အတွက် စိုးရိမ်လွန်ကာ ခိုင်ကြီးကို ပစ်လိုက်တော့သည်။

“ ထင်ရှားအောင် .. ချူး .. ချူး ... ငါ့ကို ခေါ်နေပြီ .. ငါ .. ကြား .. ကြားနေတယ် .. ”

“ ကိုကြီး ခင်ဗျား မသေရဘူး .. ကျွန်တော် အခု ဆေးရုံလိုက်ပို့ပေးမယ် .. ဘာမှမဖြစ်ရဘူး ”

“ ထင်ရှားအောင် .. ငါ .. ငါ .. တောင်း .. တောင်းပန်ပါတယ် .. ”

“ ဘာလို့တောင်းပန်တာလဲ .. ခင်ဗျား တကယ် သစ္စာဖောက်ခဲ့တာလား .. ”

ခိုင်ကြီးက သွေးများပလပွ ဖြစ်နေတဲ့ သူ့ပါးစပ်ကို အတတ်နိုင်ဆုံး ရယ်လိုက်ကာ ....။

“ မင်း .. မင်းကို .. ငါ ... ကာ .. ကွယ် .. မပေး နိုင်တော့ဘူး .. ကျေး .. ဇူး .. ရှင် .. လေး  ............. ”

ခိုင်ကြီး ဇတ်ကျိုးသွားတော့သည်။ ခိုင်ကြီးကို ပွေ့ဖက်ကာ ထင်ရှားအောင် အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။

ပန်းလေးက သူ့လက်ထဲမှ သေနတ်ကို လွှင့်ပစ်ကာ တအီးအီးနဲ့ ငိုကြွေးနေတော့သည်။ ခိုင်ကြီးက ရယ်မောလျက်ပင် အသက်ပျောက်သွားလေတော့သည်။

.............................................

အခန်း (၂၉)

အနောက်ကနေ သိုင်းဖက်လိုက်သော အထိတွေ့ကြောင့် ထင်ရှားအောင် သောက်လက်စ အရက်ခွက်ကို ဆက်မသောက်နိုင်ပဲ သက်ပြင်းချလိုက်သည်။

မေချိုက ထင်ရှားအောင် လည်ဂုတ်ကို ဖွဖွလေး နမ်းရင်း အနောက်ကနေ တင်းကြပ်စွာ ဖက်လိုက်သည်။

“ အရမ်း ဝမ်းနည်းနေလား ”

“ ဝမ်းနည်းတာထက် ပိုတယ် မမ .. ကျွန်တော် စောက်ရမ်း ခံစားနေတယ် ”

“ မမ သိပါတယ် ထင်ရှားရယ် .. ဒါကြောင့် မင်းကို မသွားဖို့ တားခဲ့တာပေါ့ .. မင်းက မမ စကားမှ နားမထောင်တာ။ ဒီကိစ္စကို မင်းကွယ်ရာမှာပဲ မမ ဖြေရှင်းချင်တာ .. မမ ခိုင်ကြီးကို မသတ်ပါဘူး။ မင်းချစ်တဲ့သူ ဖြစ်နေလို့ မှတ်လောက်အောင် ဆုံးမပြီးရင် လွှတ်ပေးမလို့ပါ။ ဒါပေမယ့် အခုတော့ .......... စိတ်တွေ လျှော့လိုက်ပါတော့နော် .. မင်းခံစားနေရာ မမ မကြည့်ရက်ဘူး ”

“ မမ .. ကိုကြီးက တကယ်ပဲ သစ္စာဖောက်လား ”

“ မင်း ခုချိန်ထိ လက်မခံနိုင်ဘူးဆိုတာ မမ နားလည်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစွာနဲ့ပဲ ပြောရတော့မယ် .. ခိုင်ကြီးက တကယ် သစ္စာဖောက်ပါ။ ဒါပေမယ့် သူက မင်းကို မထိခိုက်စေချင်တာတော့ သေချာတယ်။ သူတို့အားလုံးက Target က မမ ပဲလေ။ မင်းက ကြားကနေ မြေစာပင် ဖြစ်နေရတာ .. မမ တောင်းပန်ပါတယ် ”

“ ကိုကြီး မသေခင် ကျွန်တော့်ကို မေးခဲ့တယ်။ သူနဲ့ မမ .. ဘယ်သူ့ကို ယုံလဲတဲ့။ ကျွန်တော် မမကို ယုံတယ်လို့ ပြောခဲ့တယ် ”

မေချိုက ထင်ရှားအောင် ဆံပင်များကို ပွတ်သပ်ရင်း ..........။

“ မမကို ယုံကြည်ပေးလို့ မင်းကို ကျေးဇူးတင်ပါတယ် ထင်ရှား .. မမက မင်းအတွက် အရာရာ စတေးရဲတဲ့သူပါ။

မင်း ယုံကြည်မှုကို မမ အသက်ထက် ပိုပြီး တန်ဖိုးထားပါတယ်။ ဖြစ်ပြီးတာတွေကို အတတ်နိုင်ဆုံး မေ့နိုင်အောင် ကြိုးစားပါနော်။ 

မမတို့ ရှေ့ဆက် ရင်ဆိုင်စရာတွေ ရှိသေးတယ်။ မမတို့ကို အနိုင်ယူချင်တဲ့သူတွေက ဒီနည်းမရရင် နောက်တစ်နည်းနဲ့ လုပ်ကြံဦးမှာ။ မမ မင်းကို လိုအပ်တယ်။ မမ အနားမှာ မင်းရှိနေမှ ဖြစ်မယ် ”

“ ကိုကြီးကို အရမ်း သတိရနေတယ်ဗျာ .. ကိုကြီး ကျွန်တော့်ကြောင့် သေရတာ ... အာ .. ”

ထင်ရှားအောင် သောက်လက်စ အရက်ခွက်ကို ကြမ်းပြင်ပေါ် ကောက်ပေါက်လိုက်သည်။ မေချိုက ထင်ရှားအောင်ကို တင်းကြပ်စွာဖက်ထားသည်။

ထင်ရှားအောင် အံကြိတ်ကာ မျက်ရည်များစွာဖြင့် ငိုချလိုက်သည်။ မေချိုက ထင်ရှားအောင် ငိုနေတာကို ကြည့်ရင်း သူပါ မျက်ရည်များ ကျလာသည်။

“ ဒါနဲ့ .. ပန်းလေးရော .. သူ ဘယ်လိုနေလဲ .. အတော်လန့်သွားရှာမှာ ”

“ ပန်းလေးကို ဒီမြို့ကနေ ခဏ ရှောင်ခိုင်းထားတယ်။ မမကြည်ပြာ နဲ့အတူ ဒူဘိုင်းမှာ ၃လ လောက် နေခိုင်းထားတယ်။

စာမေးပွဲလဲ ပြီးပြီဆိုတော့ ကျောင်းပိတ်ရက်ဖြစ်နေတော့ သူ စိတ်ပြေလက်ပျောက်ဖြစ်အောင် ပို့ထားလိုက်တယ်။

သူလဲ အတော် ခံစားနေရတယ်။ နောက်ပြီး ကိုကြီးတပည့်တွေက အခုဆို ကျွန်တော်တို့ကို အသေသတ်ချင်နေမှာပဲ .. မမ ခုချိန်ကစပြီး ဘယ်သွားသွား အစောင့်များများ ခေါ်သွားတော့ .. ကျွန်တော်တို့ မလုံခြုံတော့ဘူး ”

“ ဟုတ်တယ် .. မင်းလဲ ဘယ်သွားသွား ပေါ်ရာတို့အဖွဲ့ကို အမြဲခေါ်သွားနော် .. ဟင်း .. ငါ့ကြောင့် မင်းလဲ မလုံခြုံတော့ပါလား ”

“ မမ .. စိတ်မရှိပါနဲ့ဗျာ .. ကျွန်တော် အခု တစ်ယောက်တည်း နေချင်တယ် .. ကျွန်တော့်ကို နားလည်ပေးပါ ”

“ အင်း .. ဒီမှာပဲ အေးဆေး သောက်နေနော် .. မမ ရုံးခန်းကို ပြန်လိုက်ဦးမယ် .. ပေါ်ရာကို အောက်ထပ်မှာ စောင့်ခိုင်းထားတယ်။ မင်း လိုအပ်တာရှိရင် သူတို့ကို ခေါ်လိုက် .. မမ သွားတော့မယ် ”

မေချိုက ထင်ရှားအောင် နှုတ်ခမ်းကို အသာနမ်းကာ စိတ်မချသော အကြည့်များဖြင့် ကြည့်ကာ လှည့်ထွက်သွားသည်။ ထင်ရှားအောင် အရက်ပုလင်းကိုယူကာ မော့သောက်ရင်း အပူကို အပူနဲ့ ငြိမ်းနိုင်အောင် ကြိုးစားနေရသည်။

.........................

( .................... )

ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ .........

ထင်ရှားအောင် တစ်ယောက်တည်း အေးဆေးနေချင်တာမို့ ဖုန်းမကိုင်ပဲ အရက်ပဲ ဆက်သောက်နေသည်။

( .................. )

နောက်တစ်ကြိမ် ထပ်ခေါ်ပြန်သည်။ ထင်ရှားအောင် ဖုန်းကိုင်လိုက်သည်။

“ ဧကရီ .. ပြော ”

“ ဘာပြောလဲ .. ဒီနေ့ ဘာနေ့လဲ ကိုထင်ရှားအောင် မေ့နေပြီလား .. ”

ဒီနေ့ .. ဟင်း .. ဒီနေ့က ဧကရီ မွေးနေ့ပဲ .. လက်ရှိ အဖြစ်ပျက်တွေကြောင့် ဧကရီ မွေးနေ့ကို ထင်ရှားအောင် မေ့နေခဲ့သည်။

“ Sorry .. ကို တကယ် မေ့သွားတယ်။ လာမယ်လို့ပြောပြီး မလာနိုင်တော့လို့ ကို တောင်းပန်ပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့ ရှိနေလို့ မလာဖြစ်သွားတာ .. ”

“ အခု ရှင် ဘယ်မှာလဲ .. ”

“ MC Hotel မှာ .. ဘာလို့မေးတာလဲ ”

“ လာမလို့လေ .. ဧည့်သည်က မလာမှတော့ မွေးနေ့ရှင်က လာတွေ့ရတော့မှာပေါ့ .. ကျွန်မ မွေးနေ့ကို ရှင်နဲ့အတူ ဖြတ်သန်းချင်တာ .. ရှင်မလာရင် ကျွန်မ လာခဲ့မယ် ”

“ နောက်တစ်ခါ တောင်းပန်ရတော့မယ်။ ကို အခု စိတ်အရမ်းညစ်နေတယ် .. ဖြစ်နိုင်ရင် မလာပါနဲ့။ နောက်နေ့ မင်းဆီလာပြီး Birthday Wish လာလုပ်ပါ့မယ်။ အခုတော့ ဖုန်းထဲကနေပဲ ပြောလိုက်မယ် .. ”

“ ဟင့်အင်း မပြောနဲ့ .. ကျွန်မနဲ့တွေ့မှာပဲ ပြောတော့ .. ဖုန်းထဲက ပြောတာကို မကြားချင်ဘူး .. ရှင် အဲ့မှာပဲ စောင့်နေ .. ကျွန်မ အခုလာခဲ့မယ်။ ရှင့် အသံက တော်တော် အားနည်းနေတယ်။ ဘာဖြစ်လို့လဲဟင် .. ကျွန်မ စိတ်ပူနေတယ် ”

“ စိတ်မပူပါနဲ့ .. မင်း စိတ်ပူရလောက်တဲ့အထိ မင်းနဲ့ကို ပက်သက်မှုက မကြီးမားသေးပါဘူး ..ဒီလိုပြောလို့ စိတ်ဆိုးချင်ဆိုးကွာ .. ဒါပေမယ့် ဒါ အမှန်ပဲလေ .. ”

“ ရှင်ကလေ .. ကျွန်မကို ပြောလိုက်ရင် ဒဲ့ကြီးပဲ .. အဲ့လို ရင်ဘတ်ထဲကလာတာကို ဒဲ့ပြောတာကိုပဲ ကျွန်မက သဘောကျနေတယ် .. ခက်နေပြီ .. ရှင် အခု အရက်သောက်နေတာမလား ”

“ ဟုတ်တယ် .. ”

“ ထင်သားပဲ .. အတူတူ သောက်မယ် .. လာမယ်ဆို လာမယ် .. မလာစေချင်ရင် ကျွန်မ ရောက်မှ .. ကျွန်မ မျက်နှာကို တည့်တည့်ကြည့်ပြီး မောင်းထုတ်လိုက် .. ဒါဆို ကျွန်မ ကျေကျေနပ်နပ် ပြန်မယ်။ မွေးနေ့မှာ ရှင့်မျက်နှာကို မြင်ရရင် ကျေနပ်ပြီ ”

“ ဟင်း .. မင်းက ဇွတ်ပဲ .. အေး ဒီလောက်တောင် လာချင်လဲ လာကွာ .. ငါတော့ မူးနေပြီ .. ငါမူးရင် သွေးဆိုးတယ်နော် .. မင်းကို ကြိုပြောထားမယ်။ ငါ မင်းကို စိတ်ဆိုးအောင် လုပ်မိခဲ့ရင် မင်း အပြစ်နဲ့မင်းပဲ .. ”

“ ခစ် .. ခစ် .. ဟုတ်ပါပြီရှင် .. တွေ့ကြည့်တာပေါ့ .. ဒါပဲ ”

ထင်ရှားအောင် ရီဝေနေတဲ့ စိတ်ကို နောက်ထပ် မှိုင်းတိုက်လိုက်သည်။ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း ရင်ဘတ်ထဲက သောကများရဲ့ ဝေးရာဆီသို့ အတတ်နိုင်ဆုံး ထွက်ပြေးနေတော့သည်။

နာရီဝက်ခန့်ကြာသော် ........။

( ........... )

“ ဘာလဲဗျာ .. ”

“ အောက်ထပ်မှာ မင်းနဲ့ချိန်းထားတယ်ဆိုပြီး ကောင်မလေးတစ်ယောက် ရောက်နေတယ်။ ဟိုတစ်ခါ ပန်းလေးကို ခေါ်သွားတဲ့ ကောင်မလေးပဲ .. မင်း သူနဲ့ ချိန်ထားတာလား ”

“ ဟုတ်တယ် ကိုပေါ်ရာ .. ကျွန်တော့် အခန်းထဲ လွှတ်လိုက် .. ”

“ အေး ပြီးရော .. ”

..............................................

“ ဒေါက် .. ဒေါက် .. ”

“ ဝင်ခဲ့ ဧကရီ .. ”

“ Wow .. တစ်လုံးတောင် ကုန်တော့မှာပါလား .. သောက်လှချည်လား ”

“ မြင်တဲ့အတိုင်းပဲ .. ကဲ .. ငါ့ကို မြင်ပြီမလား .. မင်း ပြန်တော့ .. ငါ စောက်ရမ်းစိတ်ညစ်နေတယ် ”

“ ရှင့်ကို ဒီပုံစံ မြင်ရတာ အဆန်းပဲ .. အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့ ထင်ရှားအောင်ကို ဘယ်အရာကများ ဒီလိုဖြစ်အောင် လုပ်ရတာလဲ .. ကျွန်မ မကျေနပ်ဘူး .. ဖြစ်နိုင်ရင် ပြောပြပါလား ”

“ မပြောနိုင်ဘူး .. မင်း သိစရာလဲ မလိုအပ်ဘူး .. ပြန်ဆို ပြန်ကွာ .. လီးပဲ ”

ထင်ရှားအောင် မူးမူးနဲ့ အော်ဆဲလိုက်သည်။ ပြောပြီးမှ လွန်သွားမှန်း သိလိုက်သည်။ မူးနေတာမို့ အသိစိတ်ကို မနည်းထိန်းနေရသည်။

ဧကရီ မျက်နှာပျက်သွားမယ်လို့ တွေးလိုက်သည်။ သို့သော် .. ဧကရီက မျက်နှာတစ်ချက် မပျက်ပဲ သူ့ကို ပြန်ပြုံးပြလေသည်။

ထင်ရှားအောင် ဘေးမှာ ဝင်ထိုင်ကာ ထင်ရှားအောင် လက်ထဲမှ အရက်ခွက်ထဲသို့ ရေခဲအနည်းငယ်ထည့်ကာ အရက်ငှဲ့ပေးလိုက်သည်။

“ ရှင်သိလား .. ခုချိန်ထိ ကျွန်မကို အဖေကလွဲရင် ဘယ်သူမှ မဆဲဖူးဘူး။ ဆဲဖို့နေနေသာ လေသံမာမာနဲ့တောင် မပြောရဲဘူး ..ရှင်က ကျွန်မကို ဆဲတယ် .. ဒါပေမယ့် ကျွန်မ နာလို့မရဘူးဖြစ်နေတယ် .. ကျွန်မကိုယ် ကျွန်မ သိပ်အံ့သြတာပဲ .. ”

“ Sorry .. ငါ မူးနေပြီ .. ဘာလဲ .. မင်းက ငါ့ကို သဘောကျနေတာလား။ မင်းလို မိန်းမမျိုးက ဘာလို့ ဒီလောက် သည်းခံပြနေတာလဲ .. ငါ့ကို ကြိုက်နေတာလား ”

“ ဟုတ်တယ် .. ကျွန်မ ရှင့်ကို သဘောကျတာထက် ပိုတယ် .. ချစ်မိနေပြီထင်ပါရဲ့ ”

“ စောက်ပြဿနာပဲ .. ငါ့ဟာနဲ့ဟာ တိုင်ပတ်နေတာ ဧကရီ .. မင်းက ငါ့ကို ချစ်တယ် ဟုတ်လား .. ဟား .. ဟား .. ငါဆိုတဲ့ကောင်က ဆော်တော့ ကြည်သားပဲ .. ဟား ”

“ ကျေနပ်နေတယ်ပေါ့လေ .. တိုင်ပတ်နေလဲ ဧကရီ ဖြည်ပေးမှာပေါ့ ကိုရဲ့ .. ”

“ ဘယ်လို .. ငါ့ကို ဘယ်လိုခေါ်လိုက်တယ် .. ”

“ ကို လို့ ခေါ်လိုက်တာလေ .. ရှင်က ကျွန်မရဲ့ အသဲနှလုံးဖြစ်နေပြီ .. ကျွန်မ ရှင့်အကြောင်း မတွေးပဲ မနေနိုင်ဘူး။

ရှင်နဲ့ မတွေ့ခင်ကတည်းက ရှင့်အကြောင်းတွေကြားပြီး စိတ်ဝင်စားနေတာ။ ရှင်က လောင်းကစားမှာလဲ ဆရာကြီး ..ဉာဏ်လဲပြေးတယ် .. စီးပွားရေးမှာလဲ ကျားပဲ .. အဟဲ နောက်ပြီး သေနတ်ပစ်လဲ ကျွမ်းတယ် .. အင်း .. ရှင့်မှာ ကျွန်မ သဘောကျတာတွေ အများကြီးပဲ .. ရှင့်လို လူကိုမှ ကျွန်မ ချစ်သူ မတော်နိုင်ရင် ကျွန်မ သိပ် ညံ့သွားမှာပေါ့ .. ”

“ မင်းက လူကိုချစ်တာလား .. အရည်ချင်းကို ချစ်တာလား .. ”

“ နှစ်ခုစလုံးပဲ .. ”

“ ဒါဆိုရင်တော့ ငါ့ဘက်ကနေ ငြင်းရတော့မယ်။ မင်းကိုငါ ပြန်မချစ်နိုင်ဘူး .. ငါ့မှာ ချစ်သူရှိတယ် ”

“ ရှိရှိပေါ့ .. သူ့ကိုလဲချစ် ကျွန်မကိုလဲ ချစ်လေ .. ရှင် ချစ်သူ ဘယ်နှစ်ယောက်ရှိရှိ ကျွန်မ ဂရုမစိုက်ဘူး။ အဓိက က ရှင် ကျွန်မကို ချစ်တယ်ဆို ကျေနပ်ပြီ ”

ထင်ရှားအောင် နည်းနည်း အမူးပြေသွားသည်။ ဇွတ်ကို ကပ်နေတော့တာပဲ။ အရက်ထပ်သောက်မှ ဖြစ်တော့မည်။

ထင်ရှားအောင် နောက်ထပ်တစ်ခွက် တစ်ခါတည်း မျိုလိုက်ရတော့သည်။

“ သေချာလို့လား .. ငါ သိသလောက်တော့ မင်းက ကွယ်ရာမှာ ဖောက်ပြန်တတ်တဲ့ ချစ်သူမျိုး သိပ်မုန်းတာပဲဆို ”

“ ဟယ် .. ဘယ်လို .. သြော် .. မြဝတီက ကလပ်မှာ ဖြစ်ခဲ့တာကို ရှင်ကြားခဲ့တာဖြစ်မယ် ..ခစ် .. ခစ် .. အဲ့ဒါက ကျွန်မ ပျင်းလို့ အပျော်ရှာတာပါ .. အပျင်းပြေ ရည်းစားလေး ထားကြည့်ပါတယ်ဆိုမှ သိုက်တူးသမားနဲ့ လာတွေ့နေတယ် .. စိတ်ဆိုးလွန်းလို့ သတ်လိုက်မိတယ် .. သေရှာလေရော .. ခစ် ”

“ ဒါဆို .. ငါ အခု မင်းရှေ့မှာ မိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံနေမယ်ဆိုရင် မင်း ဘယ်လို ခံစားရမလဲ ”

ထင်ရှားအောင် စကားကြောင့် ဧကရီ မျက်နှာတည်သွားသည်။ ထင်ရှားအောင် မျက်နှာနား တိုးကာ သေချာစိုက်ကြည့်လိုက်သည်။

ဘောင်းဘီကို အနည်းငယ် မ ကာ ခြေထောက်မှာ ဝတ်ထားတဲ့ လည်ရှည် ရှူးဖိနပ်မှာ ထိုးထားတဲ့ ဓားမြှောင်တစ်ချောင်းကို ယူကာ သူ့ရဲ့ လက်ကောက်ဝတ်ကို အနည်းငယ် ခြစ်လိုက်သည်။ သွေးများ စီးကျလာသည်။ သူ့ဒဏ်ရာကို ထင်ရှားအောင်ကို ပြရင်း ...။

“ အဲ့လိုချိန်ဆို ကျွန်မ နှလုံးသားက ဒီလိုဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်မ စိတ်ကတော့ ကို သာယာနေတာကို ကျေနပ်နေလိမ့်မယ်။ ကို ပျော်နေမယ်ဆို ကျွန်မ ဘာမဆို လက်ခံနိုင်တယ်။ ကျွန်မ ကို့ကို အဲ့လို ချစ်တာ ”

“ Fuck .. ဧကရီ .. မင်းကွာ .. ”

“ ခစ် .. ခစ် .. ကြွေသွားပြီလား ”

ထင်ရှားအောင် ဧကရီ လက်ကောက်ဝတ်က ဒဏ်ရာပေါ်သို့ အရက်အနည်းငယ် လောင်းလိုက်သည်။ ပုဝါတစ်ခုဖြင့် ဒဏ်ရာကို သွေးတိတ်အောင် တင်းတင်းချည်ပေးလိုက်သည်။ ဧကရီက ထင်ရှားအောင် မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ...။

“ ကို့ကို စိတ်ညစ်အောင် ဘယ်သူလုပ်တာလဲ .. ကျွန်မ အဲ့ဒီလူကို သတ်ချင်တယ် ”

ထင်ရှားအောင် ပြုံးလိုက်ပြီး .......။

“ Happy Birthday ဧကရီ .. မင်း အချစ်ကို ငါ ယုံပါတယ် .. ကျေနပ်ပြီလား ”

“ ကျေနပ်တယ် .. မွေးနေ့ရှင်ကို လက်ဆောင် မပေးတော့ဘူးလား ”

“ Sorry .. အခု ကို့မှာ ဘာလက်ဆောင်မှ မရှိဘူး .. နောက်နေ့မှ ပေးမယ် ”

“ အခု ကို့မှာ ဧကရီ လိုချင်တဲ့ လက်ဆောင်ရှိတယ် ”

“ ဘာလဲ ”

ဧကရီက ထင်ရှားအောင် ပါးနှစ်ဖက်ကို တင်းတင်းကိုင်ကာ နမ်းလိုက်တော့သည်။

“ ဧကရီ လိုချင်တဲ့ လက်ဆောင်က ကို့ရဲ့ သွေးသားတစ်ချို့ ဧကရီ ခန္ဓာကိုယ်ထဲ ရောက်စေချင်တယ်။ ပေးမှာလား .. ”

“ ဟင်း ......... ”

“ ကို အရမ်းစိတ်ညစ်နေပုံပဲ .. ဒီည ဧကရီ ကို့ကို ပြုစုပါရစေ .. ခဏလေးဖြစ်ဖြစ် ကို့ဝေဒနာတွေ သက်သာသွားအောင် လုပ်ပေးပါရစေနော် .. ကို့ကို ဧကရီ အရမ်းချစ်တယ် ”

ဧကရီက စကားလုံးများနဲ့အတူ ထင်ရှားအောင်ရဲ့ တီရှပ် အင်္ကျီမှ ကြယ်သီးများကို တစ်လုံးချင်း ဖြုတ်လိုက်တော့သည်။

ထင်ရှားအောင် ဧကရီကို ကြည့်ရင်း စိတ်ထဲကနေ ရေရွတ်မိလိုက်တာက .......။

( Fuck ........ )

..........................


အပိုင်း ( ၅ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment