လိုချင်တာမိဖုရား ညားတော့ဘုရင်မ အပိုင်း ( ၁ )
Steven law - ရေးသည်။
" ဟေ့ကောင် ရန်နိုင် .မင်းကောင်မလေးနဲ့ မင်းကြာရင် အဆင်ပြေပါ့မလား"
" ဘာလို့ မပြေရမှာလဲကွာ"
" မင်းနဲ့ အကျင့်ချင်းမတူဘူးနှော်"
" ဘာဖြစ်လို့လဲ"
" ဘာဖြစ်ရမှာလဲ မင်းကအေးဆေးတယ်။သည်းခံနိုင်တယ်၊ဟိုကဆတ်ဆတ်ကြဲကွ"
" အင်းလေ ငါသည်းခံနိုင်တာကပုံမှန်လောက်ပါပဲကွာ၊သူကအငယ်ဆုံးသမီးဆိုတော့အလိုလိုက်ခံထားရလို့ပါ"
" အေး ငါတို့ကြားဖူးတာကအကြီးဆုံးနှင့်အငယ်ဆုံးလက်ထပ်ရင်အဆင်မပြေကြဘူးတဲ့ကွ"
" ဟုတ်ပါ့မလားကွာ တကယ်ချစ်ရင်အဆင်ပြေမှာပါ"
" အေး ကြည့်လဲလုပ်ကွ၊ငါတို့သိထားတာကမင်းကောင်မလေးကို ကြိုက်တဲ့လူတွေများတယ်နှော်"
" အင်းလေ အဲဒီအထဲကမှ ငါ့ကိုရွေးတာသူတကယ်ချစ်လို့ပါကွာ"
" အေးကွာ မင်းစဉ်းစားလို့ရအောင်ပါ၊မင်းဘဝတစ်သက်လုံးစာအတွက်ပဲ"
" အေးပါကွာ၊ကျေးဇူးပါ"
" ချကွာသောက် နောက်ကျနေပြီ၊မနက်ဖြန်အလုပ်လုပ်ရမယ်"
" အေးပါကွာ"
တနင်္ဂနွေနေ့ညနေသူငယ်ချင်းတွေနဲ့ဆိုင်ထိုင်ရင်းပြောတဲ့စကားတွေပါ။ကျနော်မိန်းကလေးတစ်ယောက်ကိုချစ်မိတယ်။သူအမည်က"အေးချမ်းမိုး"လူကတော့ဇတ်ဇတ်ကြဲလေးပါ။အလုပ်ထဲမှာပဲတွေ့ကြတာပါ။လူပျိုဖြစ်တဲ့ကျနော်ကအေးဆေးတယ်။ငွေကိုလောဘတကြီးမရှာဘူး။လခနဲ့အေးဆေးနေတာပါ။
သူငယ်ချင်းတွေအားလုံးကတော့ကျနော့်အပေါ်လေးစားကြတယ်။ဘာလို့လဲဆိုတော့အလုပ်နဲ့ပတ်သက်ရင်ကျနော်ကကျွမ်းကျင်တယ်။လခလည်းကောင်းတယ်။ကုမ္ပဏီအလုပ်အပြင်အချိန်ပိုင်းအပ်တဲ့လုပ်ငန်းလေးတွေလဲလုပ်သေးတယ်။အပ်တဲ့လူလဲများပါတယ်။ပိုက်ဆံထက်ပိုပြီးလုပ်ပေးတာကြောင့်ပါ။
ဒီတော့ဝင်ငွေလေး မဆိုးဘူးပေါ့ဗျာ။သူနဲ့ကျနော်စတွေ့တုန်းကတော့ကျနော်ကုမ္ပဏီကခွင့်ယူပြီးရွာကိုခနပြန်တာပါ။ပြန်ရောက်တော့သူတို့အလုပ်ခွင်ကိုသွားရင်းတွေ့တယ်။ကျနော်ကသူ့တို့ကုမ္ပဏီမှာအချိန်ပိုင်းအလုပ်လုပ်သေးတာကြောင့်ပါ။ကျနော်နယ်ပြန်တော့ခေါ်လိုက်ကြတာပါ။အမှန်ကသူတို့ကုမ္ပဏီလူရှာမရသေးခင်ကျနော်ကကူပေးတဲ့အဆင့်ပေါ့။
" ကိုရန်နိုင် ပြန်ရောက်ပြီလား"
" ဟုတ်ကဲ့ ပြန်ရောက်ပါပြီ"
" ကိုရန်နိုင်ရေ ကျနော်တို့အခုမှလူရတယ်။ ရတော့လည်းမိန်းခလေးပဲဗျ၊ လာမိတ်ဆက်ပေးရမယ်"
" ညီမအေးချမ်းမိုးရေ ၊ကိုရန်နိုင်လာပြီ၊ညီမနှင့်မိတ်ဆက်ပေးမလို့"
ကောင်မလေးတစ်ယောက်အနားရောက်လာတယ်။တချက်လေးရှိုးလိုက်တယ်။အင်ယာတွေထဲမှာရုပ်လေးမဆိုးဘူးဗျ။အသားအရမ်းကြီးမဖြူပေမယ့်ကြည့်လို့ကောင်းတယ်။တစ်ခုပဲကျနော့်ထက်တော့ညိုတယ်။သေချာကြည့်ရင်အကြည့်ခံတဲ့ရုပ်လေး။
" လာညီမ၊ဒါကိုရန်နိုင်"
" ကိုရန်နိုင်၊သူကအေးချမ်းမိုး၊ကိုရန်နိုင်ကစီနီယာကျတယ်။ညီမလေးလိုသဘောထားပြီးသင်ပေးပါ"
" ရပါတယ်ဗျာ ၊သင်ပေးပါ့မယ်'"
" ညီမ သေချာသင်နှော်။ကိုရင်နိုင်ကငါသိတဲ့အင်ယာတွေထဲမှာ လူငယ်ပေမယ့်ပညာကောင်းတယ်"
" ဟာဗျာ GM ကမြှောက်နေပြန်ပြီ"
" မြောှက်တာမဟုတ်ဘူးကိုရန်နိုင်၊ကျနော်တို့ကကိုရန်နိုင်ကို အားနာနေတာ၊လုပ်ပေးတော့ အချိန်ပိုင်းပဲပြောတာ၊တွက်တာချက်တာကအစကိုရန်နိုင်လုပ်ပေးနေရတာ"
" ဟာ ..ဘာမှပင်ပန်းတာမှမဟုတ်တာ၊ပြီးတော့လည်းတွက်ပေးရတာကလာတဲ့အချိန်ခနပဲ တွက်ပေးတာပဲ"
" အဲဒါပဲညီမ၊ကိုရန်နိုင်က ခနလေးအတွင်းမှာအဖြေပေးတယ်၊သူများတွေလိုမကြာဘူး။သူတွက်ပေးရင်ကွက်တိနီးပါးပဲ"
" ဒီလောက်လဲမဟုတ်ပါဘူးဗျာ"
အေးချမ်းမိုးကကိုရန်နိုင်အပြောလေးကိုကြည့်ပြီးသဘောကျတယ်။အေးဆေးတည်ငြိမ်တဲ့သူမျိုးမို့သဘောကျတာပါ။အသားအရေလဲဖြူတယ်။အရပ်ကငါးပေရှစ်နီးနီးလောက်ရှိတယ်။ပြောပုံကခင်မင်စရာကောင်းတယ်။
" ကိုရန်နိုင် ဆီမှာသင်ယူပါရစေရှင့်"
" ဟုတ်ကဲ့ တတ်သမျှ မှတ်သမျှတော့ သင်ပေးမှာပါ။"
မိုး ကိုရန်နိုင်ကိုတွေ့တော့ ရင်တဒိတ်ဒိတ်ခုန်သွားတယ်။ရည်ရည်မွန်မွန်နဲ့ ထက်ထက်မြက်မြက်ရှိမယ့်ပုံပါပဲ။ GMမြှောက်ပြောနေတာမဟုတ်လောက်ဘူးဆိုတာ မြင်ယုံနှင့်သိတယ်။အသက်ခြင်းကကွာရင် အများဆုံးသုံးနှစ်လောက်ပဲ။ သူရောက်လာတဲ့အခါမှာ Drawing ကို ကြည့်ပြီးအလုပ်သမားခေါင်းဆောင်တွေကိုညွှန်ကြားတယ်။ပြီးတော့အရင်လုပ်ထားတာတွေကိုလှည့်ပတ်ကြည့်ပြီးရုံးခန်းဘက်ကိုလာတယ်။မိုး လည်းသူ့ညွှန်ကြားချက်တွေကိုမှတ်ထားလိုက်တယ်။ပြီးတော့လိုအပ်တဲ့ပစ္စည်းစာရင်းတွေကို Drawingကိုတွက်ပြီးမှာတယ်။
" ဒီတပါတ်အတွက်ကတော့ပစ္စည်းမှာရမှာပဲ အကိုကြီး"
" အေးဟုတ်တယ်၊ဒါနှင့်ကိုရန်နိုင်မှာတာမှာအရင်ရောက်ပြီးသားပစ္စည်းတွေအတွက်ကျ တော့ဘယ်လိုလုပ်မလဲ"
" ရော့ အကို၊ဒီမှာ အခုလိုအပ်တဲ့ပစ္စည်း၊ကျနော်ကြည့်ထားတာကလက်ရှိသုံးလို့ရမယ့်ပစ္စည်းတွေကိုနှုတ်ထားတယ်"
" ဒါနဲ့ကိုရန်နိုင် လက်ကျန်ပစ္စည်းပြတာနည်းနေသလိုပဲ"
" ဟုတ်တယ်။အခုလုပ်ရင်သုံးထားပြီး၊အဲဒီပစ္စည်းကဖြုတ်မရသေးတာတွေပါမယ်"
" အော အဲဒါကြောင့်လက်ကျန်စာရင်းမှာနည်းနေတာပေါ့"
" ဟုတ်ကဲ့၊အခုအရေးကြီးလုပ်တဲ့အပိုင်းမရောက်ခင်မှာလုပ်ရမယ့်အဆင့်တွေတွက်ကခုရောက်နေတဲ့ပစ္စည်းသုံးထားပြီး၊ဖြုတ်ရမယ့်အချိန်ကလိုနေမှာ"
" အိုကေ ကိုရန်နိုင်၊ဒီနေ့အမှာတင်ထားလိုက်မယ်"
" ဟုတ်ကဲ့ပါဗျ"
" တွေ့လားမိုး ခနလေးလှည့်ပတ်ကြည့်ပြီးတပတ်စာမကနှစ်ပတ်စာအတွက်ကြိုတင်ပြီးလုပ်ပေးသွားပြီ"
" ဟုတ်ကဲ့ရှင့်"
ကျမကတော့အတွေ့အကြုံမရှိလို့မသိပေမယ့် ကိုရန်နိုင်ကစီစဉ်ပြီးနေပြီ၊လိုတာလဲဖြည့်စွပ်လုပ်ပေးသွားတယ်။တကယ်ကိုစီမံတာကောင်းတယ်။ မိုးမှာ မိုးကိုကြိုက်တဲ့လူတွေရှိတယ်။လေ့လာကြည့်သလောက်ကတော့မိုးစိတ်ကြိုက်မဖြစ်ဘူး။မိုးကအဖေလိုလူမျိုးကိုမယူချင်ဘူး။အဖေကဒေါသကြီးတယ်။မိုးလည်းဒေါသကြီးတာပဲ။အဖေနှင့်ပြသနာမတက်ရအောင်နေတယ်။မိုးအိမ်ထောင်ပြုရင်မိုးပြောလို့နားထောင်မယ့်လူမျိုးကိုလိုချင်တာ။
ဘာလို့လဲဆိုရင် အဖေကအမေ့စကားဘယ်တော့မှ နားမထောင်ဘူး။ ပြောရင်လည်းအမြဲပြသနာဖြစ်တယ်။ ဒီတော့လာကြိုက်တဲ့သူတွေကိုမိုးကအပြတ်မပြောထားဘူး။စဉ်းစားပါရစေနှင့်ပဲပြောထားတာ။တနည်းကတော့ကြိုးရှည်ရှည်နှင့်လှန်ထားခဲ့တာပါ။သူတို့ကလည်းအထွန့်မတက်ရဲပါ။မိုးကမျက်နှာထားကတည်လို့ပေါ့။
ကျနော်ကမိုးကိုတွေ့ပြီးနောက်မှာမိုးကြောင့်ရင်ခုန်သံမြန်လာခဲ့တယ်။မျက်နှာကြောလေးကနည်းနည်းတင်းတယ်။မတ်သာလို့မာန်လျှော့နေတဲ့ပုံ။အလုပ်ထဲမှာတော့မျက်နှာထားကတည်တယ်။တနေ့ထက်တနေ့အနေနီးလာတော့ချစ်လာတယ်။ဒီတော့လည်းမိုးကိုဖွင့်ပြောလိုက်တယ်။
" မိုး"
" ရှင်"
" မိုးကိုချစ်တယ်"
" ကိုရန်နိုင်ကလဲ၊မိုးကိုတကယ်ချစ်နိုင်လို့လား"
" တကယ်ချစ်တယ်မိုး"
" မိုးစဉ်းစားပါရစေဦး နှော်ကိုရန်နိုင်"
" စဉ်းစားပါဗျာ၊စဉ်းစားနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီဟာကမိုးတစ်ဘဝစာအတွက်ပဲ"
" ဟုတ်တယ် ကိုရန်နိုင်၊ရင်ခုန်တိုင်းအချစ်မဟုတ်သလို၊ချစ်ကြတိုင်းလက်ထပ်ကြရတာမဟုတ်ဘူး၊မိုးတို့မိန်းကလေးအတွက်ကချစ်ပေမယ့် တဘဝစာအတွက်ကျတော့ဖြစ်မလား၊မဖြစ်ဘူးလားတွေးရသေးတာ"
" အင်း၊ဒါဆိုမိုးကကျနော့်ကိုချစ်တယ်ပေါ့"
" ကိုရန်နိုင်က လိပ်မျိုးပဲ၊ကိုယ့်ဘက်ကိုသိပ်ယက်တတ်တာပဲ"
" ဟားးးး ဘာပဲဖြစ်ဖြစ် ကိုယ်မနစ်နာအောင်လို့တော့တွေးတတ်တာအမှန်ပဲ"
" ခစ် ခစ် ခစ်"
" ကဲမိုး ..အဖြေကိုမှန်ကန်အောင်၊ဦးနှောက်နဲ့ရောနှလုံးသားရောတွက်ပါ"
" အမယ် ပြောတတ်တာ"
" ရင်ထဲကစကားတွေပါမိုးရယ်"
တကယ်တမ်းချစ်ရေးဆိုလာတဲ့အခါ မိန်းခလေးသဘာဝအရ မူနေမိတယ်။ စိတ်ထဲမှာကိုရန်နိုင်ကို တကယ်လဲချစ်မိတယ်။ ပြောပြီးမှနောင်တရနေတာ။ကိုရန်နိုင်နောက်ရက်တွေမှာမိုးတို့အလုပ်ကိုမလာဘူး။တခြားအလုပ်တွေနဲ့ရှုပ်နေတယ်။မိန်းခလေးဘဝဆိုတော့ကြိုက်တော့မျှော်ရတယ်ဆိုတာအမှန်ပဲ။တပါတ်လောက်မလာတာကိုအကြာကြီးထင်နေတာ။
သူလာမယ့်လမ်းကိုမျှော်ရတာလဲလည်ပင်းတောင်ရှည်တယ်လို့ထင်မိတယ်။တပါတ်လုံးလုံးလုံးဝပေါ်မလာ။တပတ်ပြည့်တော့အရမ်းလဲဝမ်းနည်းလာတယ်။ညနေစောင်းတော့မိုးအဆောင်ပြန်မယ်ဆိုပြီး အလုပ်ကနေကားမှတ်တိုင်ကိုလမ်းလျောက်လာမှ လမ်းတဝက်မှာစောင့်နေတဲ့ကိုရန်နိုင်ကိုတွေ့တယ်။အပြေးလေးသွားပြီးရင်ဘတ်ကြီးကိုတဒုန်းဒုန်းထုပြီးငိုပစ်ချင်တယ်။မိုးသူ့အနားရောက်တော့
" မိုး"
" မခေါ်နဲ့"
" ဘာဖြစ်လို့"
" ဟွန်း...တပါတ်လုံးပစ်ထားပြီးတော့.."
" လွမ်းနေတာ ပေါ့"
" မလွမ်းပါဘူး"
" ဟားးဟားးးလာ ကားလာပြီ"
မိုးရဲ့ထမင်းချိုင့်လေးကိုဆွဲပြီးမိုးကိုကားပေါ်ခေါ်တယ်။ကားပေါ်မှာနေရာရပါတယ်။ကားပေါ်ရောက်တော့မိုးရဲ့လက်ကိုကိုင်ထားတယ်။မိုးလည်းမရုန်းမိပါဘူး၊တဖက်ကလက်ကိုကိုင်ပြီးတဖက်ကမိုးပုခုံးကိုဖက်ထားတယ်။
" မိုး ချစ်တယ်"
" အယ် ကားပေါ်ကြီးမှာ"
" မိုးလည်းချစ်တယ်မလား"
" ဟွန်းနှော် လူကိုဖက်ထားပြီးမှချစ်တယ်မလားတဲ့"
" ဖြေလေ ၊ချစ်တယ်လို့ပြော"
" အင်း ပါ"
" ဖြေလေ"
" ချစ်တယ်၊ဒါပဲ၊အဆောင်ထိမလိုက်နဲ့တော့"
" ဘာလို့ လဲမိုး"
" ရှက်လို့"
" ဟုတ်ပါပြီဗျာ"
မိုးကားပေါ်ကဆင်းသွားတယ်။ကျနော်လိုက်မဆင်းတော့ဘူး။မြို့ထဲကိုသွားလိုက်တယ်။လက်စွပ်လေးတကွင်းဝယ်လိုက်တယ်။တပတ်လောက်အလုပ်ရှုပ်ပြီး၊ပိုက်ဆံရလာတော့လဲရွှေငါးမူးသားလောက်တော့အေးဆေးဝယ်နိုင်တယ်လေ။တညလုံးလက်စွပ်လေးကြည့်ပြီးရင်ခုန်လိုက်ရတာအရမ်းပဲ၊မနက်မှာဝီရိယရှိစွာနှင့်မိုးတို့အဆောင်ဘက်ရောက်ခဲ့တယ်။
မိုးလည်းပျော်တယ်။အဖြေပေးလိုက်ပြီးပြီဒါပေမယ့်ရှက်တာပဲ။တညလုံးရင်တွေတဒိတ်ဒိတ်ခုန်နေတာ။မနက်မိုးလင်းတော့ကိုရန်နိုင်ကိုဘယ်လိုခေါ်ရမှာလဲတွေးနေမိတယ်။ကိုကိုလို့ပဲခေါ်မှာလို့ဆုံးဖြတ်လိုက်တယ်။မနက်အလုပ်ထဲသွားမလို့အဆောင်ကနေထွက်တော့ကိုကို့ကိုတွေ့လိုက်ရတယ်
" ဟော့တော့ ကိုကို"
" ဟာ မိုး ကိုကိုလို့ခေါ်တယ်ပေါ့"
" အယ် ခေါ်ပါဘူး"
" ခေါ်လိုက်ပါတယ်ကွာ"
" ဟင့်ခေါ်ပါဘူးဆို"
" မခေါ်လိုက်မိဘူးဆိုရင် အခုခေါ်လေ"
" သွား လူလည်ကြီး"
" မိုး ဘာစားပြီးပြီလဲ"
" မစားရသေးဘူး ကိုကို"
" လာလေ တစ်ခုခုစားရေအာင်၊မိုးထမင်းချိုင့်ကိုကို့ကိုပေး"
" ရတယ် ကိုကို"
" ပေးပါမိုးရယ်"
ကိုကိုကမိုးထမင်းချိုင့်လေးဆွဲပြီးတဖက်ကမိုးလက်ကိုကိုင်ကာလဘက်ရည်ဆိုင်တစ်ဆိုင်ကိုဝင်လိုက်တယ်။လက်ဖက်ရည်နှင့်မုန့်မှာတယ်။ပြီးတော့အိတ်ထဲကဗူးလေးကိုထုတ်ပြီး
" မိုး မိုးအတွက်လက်ဆောင်"
" ဟင် ဘာလေးလဲ"
" ဖွင့်ကြည့်လိုက်လေ"
မိုးဖွင့်ကြည့်တော့ လက်စွပ်ကလေး
" ဟယ်လက်စွပ်လေးပါလား၊နေပါဦးကိုကို ဘာလို့တန်ဘိုးရှိတာတွေပေးနေတာလဲ"
" တသက်ရည်မှန်းပြီးမိုးဆီမှာစုထားတာ"
" အယ် ကိုကိုရယ်"
" ချစ်တယ်မလား မိုး"
" ချစ်တယ်ကိုကို"
တကယ်ပါချစ်သူ့ဘဝရောက်တော့ မိုးကိုကို့မိသားစုတွေအကြောင်းပိုလေ့လာဖြစ်တယ်။ မိသားစုအနေနှင့်လည်းပြောစရာမရှိဘူး။ ကိုကိုရဲ့တည်ကြည်တဲ့ စိတ်ကြောင့်မိုးကိုကို့ကိုပိုချစ်လာတယ်။ ထက်မြက်တဲ့စွမ်းဆောင်ရည်ကြောင့်ပိုပြီးပိုင်ဆိုင်ချင်တယ်။ကိုကိုကအကြီးဆုံးသားပီပီ အလိုလည်းလိုက်တယ်။မိုးကအငယ်ဆုံးသမီးပီပီဆိုးနွဲ့သေးတယ်။အလိုလိုက်လေပိုချစ်လေ၊ပိုပိုင်ဆိုင်ချင်တယ်။ကိုကိုလိုလူမျိုးနဲ့မှတွေ့ပြီးလက်မထပ်ရရင်မိုးကံဆိုးလို့လို့ထင်မိတယ်။မိုးကိုကို့ကိုပိုပြီးစိတ်မချဖြစ်လာတယ်။မိုးကမေမေ့ကိုပြောပြလိုက်တယ်။
ဇွတ်တရွက်နိုင်တဲ့မိုးအကြောင်းမေမေသိတယ်ချက်ချင်းပဲ။အမေ့သမီးအကြီးဆုံးတူမလေးနှင့်အတူရန်ကုန်လိုက်လာတယ်။
" တီလေးမိုး"
" ဘာလဲမွန်မွန်"
" ဟိ တီလေးဘဲဘဲကြီးကိုမြင်ဖူးချင်လှပြီ"
" ဒီကလေးမနှော် မကြီးမငယ်နဲ့၊ဘယ်လိုဖြစ်နေတာလဲ"
" ဟိ သမီးတွေးမိလို့ပါ။တီလေးဆိုအားလုံးလန့်ကြတာ၊ဒါကိုလာကြိုက်တဲ့သူကရှိသေးတယ်လို့"
" ဟဲ့မွန် မွန် နင့်ဘာသာနင်အေးအေးဆေးဆေးနေနှော်၊အဲဒါနင့်ကိစ္စမဟုတ်ဘူး၊ငါ့ကိစ္စ"
တူမလေးမွန်မွန်ကိုဖိဟောက်လိုက်ရတယ်။ ဒီကလေးမက အသက်ဖြင့်ဆယ့်ခွန်ရှိနေပြီ၊ကလေးဆန်နေတုန်း၊မိုးကျောင်းတက်နေတုန်းသူကအိမ်မှာ မိုးနေရာအစားထိုးနေတာလေ။အခုကမိုးရော အမေရော အမျိုးအိမ်ရောက်နေတာ။ကိုကို့ကိုအမျိုးအိမ်မှာမေမေရောက်နေလို့အဲဒီအိမ်ကိုလာခေါ်ဖို့ပြောထားတာ။သူလာရင်မေမေကအကဲခတ်လိမ့်မယ်ပေါ့။
ပြောနေတုန်းမှာ Taxiတစ်စီးအိမ်ရှေ့ရောက်လာပြီးကိုကိုအိမ်ရှေ့ရောက်လာတယ်။မိုးအပြင်ထွက်ခေါ်လိုက်တယ်။
" ကိုကိုလာလေ၊အိမ်ပေါ်တက်ဦး"
" အင်း "
ကိုကိုအိမ်ပေါ်တက်လာပြီး ထိုင်ခုံပေါ်ထိုင်တယ်။
" လာကိုကို၊ဒါက မိုးမေမေ"
" မေမေ သမီးပြောထားတဲ့ ကိုရန်နိုင်လေ မေမေ"
" အေး သမီး"
" သမီးကော်ဖီဖျော်လိုက်ဦးမယ်"
" အေးကွယ်သမီး"
မိုးလည်းကော်ဖီဖျော်မလို့နောက်သို့ဝင်လာတယ်။လိပ်ကာနောက်မှာမွန်မွန်ကိုကို့ကိုချောင်းကြည့်နေတယ်။
" မွန် မွန် လာခဲ့၊ကော်ဖီဖျော်ရအောင်"
" ဟုတ်ကဲ့ တီမိုး"
ကော်ဖီဖျော်မလို့ရေနွေးအိုးတည်လိုက်တယ်။မွန်မွန်ကစကားလာပြောတယ်။
" တီမိုး တီမိုးလူကချောသားပဲ"
" အေးလေ ငါလဲချောလို့ကြိုက်တာပဲ"
" အမယ်စကားပြောတာလဲ ရည်မွန်တယ်တော့"
" အင်း"
" တီမိုးနဲ့တောင်မတန်ဘူး"
" ဘာ ..."
" ဟိ ဟိ စတာပါတီလေး"
ကော်ဖီသွားပို့လိုက်ပြီး၊
" ကိုကိုမေမေနှင့်စကားပြောလိုက်ဦး ၊မိုးအဝတ်အစားလဲပြီးလိုက်ခဲ့မယ်"
" ဟုတ်ကဲ့ပါဗျာ"
အဲဒီနေ့ကိုကိုနဲ့အလုပ်ကိုလိုက်ခဲ့တယ်။ပြီးတော့ညနေအဲဒီအိမ်ကိုပြန်လာခဲ့တယ်။မေမေ့ကို
" ဘယ်လိုလဲ မေမေ"
" အင်း မဆိုးပါဘူး"
" ဖွားဖွားကလည်း သဘောကျနေပြီးမဆိုးဘူးတဲ့"
" နင်ရောသဘောတူလားမွန်မွန်"
" မိုက်တယ်တီတီ၊သဘောတူတယ်"
" အယ်ဒီကောင်မလေးနဲ့တော့လေ"
" သမီး သမီးအဖေကိုဘယ်လိုပြောရမှန်းမသိတော့ပါဘူးသမီးရယ်"
" ပြောနေလဲသဘောတူမှာမှမဟုတ်တာ"
" အော်သမီးကလဲ"
" ဖေဖေကသမီးဘာလုပ်လုပ်စိတ်တိုင်းကျတာမဟုတ်ဘူး၊သမီးယောကျ်ားယူမှာတောင်ဖေဖေနှင့်မတူအောင်ရှာထားတာ"
" အော်ဒီကောင်မလေး ကိုယ့်အဖေကို"
မေမေသဘောတူရင်ပြီးပြီလေ၊ဖေဖေ့ကိုထည့်တွက်စရာကိစ္စမှမရှိတာ။ မေမေပြန်သွားတယ်။ဖေဖေကိုပြောမှာကျိန်းသေပဲ။ဖေဖေသဘောတူမှာမဟုတ်ဘူး။သဘောမတူပဲကိုကို့ကိုဘာညာလာပြောရင်ကိုကိုနဲ့ဝေးရမှာ၊နောက်နေ့ကိုကို့နေတဲ့အခန်းမိုးလိုက်သွားတယ်။
" ထိုင်လေမိုး"
" အင်း"
" မိုးမေမေကဘာပြောလဲ"
" ဘာမှမပြောဘူး၊သူကဖေဖေ့ကိုအရမ်းကြောက်တော့ပြောလဲပြောရဲမှာမဟုတွဘူးကိုကို"
" အမ် ၊မိုးဖေဖေသဘောမတူရင်ကောကိုကို့နောက်လိုက်ရဲလား"
" မလိုက်ရဲစရာမရှိဘူးကိုကို"
" တကယ်လားမိုး"
" အင်းလေ"
" မိုးကိုဒီနေ့ပြန်မလွှတ်ရင်မိုးဘယ်လိုလုပ်မလဲ"
" ကိုကိုနဲ့နေတာပဲ ဘာမှမဖြစ်ဘူး"
" လိုက်ပို့မှာပဲ"
" မသွားဘူး၊ဒီနေ့ကိုကိုနဲ့တညလုံးနေမယ်။မနက်ဖြန်မှအဆောင်သွားမယ်"
" ကိုကို့ကိုစိတ်ချလို့လား"
" အမယ် တကယ်လက်ထပ်မယ့်ချစ်သူတွေပါကိုကိုစိတ်မချစရာဘာမှမရှိဘူး"
" ကိုကို့ဘာသာစိတ်မချတာပါ"
" ဟွန်းနှော်ကိုကို"
ကျနော့်အတွေးကတညလုံးမိုးနဲ့ စကားပြောချင်တာပါ။ပြောရင်းဖက်ထားမိတယ်။နမ်းလဲနမ်းမိတယ်။တကယ်တမ်းကျတော့စိတ်ထိန်းနိုင်မယ်ထင်ထားတဲ့ ကျနော်စိတ်မထိန်းနိုင်ဘူးဗျ။အခန်းတစ်ခန်းထဲမှာနှစ်ယောက်သားအတူနေမိတော့ဖြစ်လာတဲ့ ဝေဒနာကအရမ်းသိသာတယ်။ ရင်တွေတဒိတ်ဒိတ်ခုန်ယုံမကညီတော်ကတောင်လွန်းလို့ဘောပါအောင့်တယ်။
နမ်းစုပ်လိုက်တိုင်းမှာဖွားဖက်တော်ကသူ့ကိုထောက်နေမိတယ်။ဘယ်လိုမှစိတ်ထိန်းမရ၊တဖြေးဖြေးနယ်ကျော်ပြီးလည်တိုက်လေးကိုနမ်းစုပ်လိုက်တယ်။နမ်းရင်းနှင့်သူ့ကျောပြင်လေးပွတ်လိုက်တရ်။လက်ကဘော်လီချိတ်ပေါ်ရောက်သွားပြီးဖြုတ်ချလိုက်တော့တယ်။အင်္ကျီကိုအပေါ်တွန်းတင်ပြီးမိုးရဲ့နို့တွေကိုတပြွတ်ပြွတ်စို့လိုက်တယ်။ပြီးတော့ကုတင်ပေါ်မှာအိပ်စေလိုက်ပြီးနို့စို့ရင်းမိုးရဲ့အတွင်းခံကိုဆွဲချွတ်ပြီးအဖုတ်ကိုပွတ်လိုက်တယ်။
" ပြွတ် ပြွတ် ပြွတ်"
" အင်းဟင်းးးဟင်းးးးကိုကို"
မိုးဆီကအသံထွက်လာသလို မိုးအဖုတ်ထဲကအရည်တွေစိုထွက်လာတယ်။ဘယ်လိုမှစိတ်ထိန်းမရတော့တဲ့အတွက်မိုးပေါင်ကြားဒူးထောက်ဝင်ပြီးမိုးအဖုတ်ကိုလက်နှင့်ပွတ်ကာအရေတွေထွက်အောင်လုပ်လိုက်ကာလီးကိုတေ့ပြီးဖိချလိုက်တယ်။
" ဗျစ် ဖြစ် ဖြစ် ဗျစ်"
" အာ့ကိုကို..ဖြေးဖြေး"
လီးကတင်းကျပ်ကျပ်ကြီးဝင်လာတယ်။အဖုတ်ထဲမှာလီးကတစ်ဆို့နေသေးတယ်။အရည်တွေစိုနေတာကြောင့်လီးကအဆင်ပြေကာဝင်သွားတယ်။တဝက်လောက်ဝင်သွားပြီးတော့
" ဗျစ် ဗြိ ဖောက်"
အသံကြားလိုက်ရတယ်။
" အာ့ ကိုကိုအိုး.... နာတယ်"
မိုးရဲ့အော်ညည်းသံကြောင့်နို့စို့ပြီး ချော့လိုးလေးအရင်လိုးလိုက်တယ်။
" ဗျစ် ဘွတ် ဖွတ် ဖွတ် ဖွတ်"
" အာ့ အင်းးဟင်းးဟင်းးးးအားးး"
နို့စို့ရင်းအလိုးခံရတဲ့ မိုးမှာစိတ်ထဲအမျိုးမျိုးခံစားရပြီးကာမအရသာကိုခံစားရလိုက်တယ်။တစ်ဆို့ဆို့လီးကနှုတ်ခမ်းသားတွေကိုပွတ်ဆွဲသွားလေမိုးမှာစိတ်ထဲမနေနိုင်ဖြစ်ကာညည်းတွားမိလေကာမအရသာကိုသိလာလေ
" ဗျစ် ဘွတ် ဖွတ် ဘွတ် ဖွတ်"
" အာ! အင်းဟင်းးးအားးး"
ညည်းသံတွေကသူ့အလိုလိုဖြစ်နေပြီးရှက်နေတဲ့စိတ်တွေပွင့်ထွက်ပြီးညည်းညူသံကြားတဲ့အခါမှာတော့ကျနော်လဲရှေ့ဆက်ပြီးမြန်လိုက်တယ်။အသားဆိုင်ချင်းတဖတ်ဖတ်ရိုက်ခတ်နေသလိုမိုးရဲ့အဖုတ်ကထွက်တဲ့အရည်တွေကြောင့်လီးအဝင်ပိုညက်ညောလာခဲ့တယ်။ကျနော်လည်းခါးကိုကိုင်ကာအားထည့်ပြီးလိုးလိုက်တော့တယ်။
ရှစ်မိနစ်လောက်ကြာချိန်မှာတော့မိုးမှာ တကိုယ်လုံးတုန်သလိုလိုလေထဲမြောက်တက်သလိုဖြစ်လာပြီးပိပိထဲကလှုပ်ပြီးညှစ်လာတယ်။ပြီးတယ်ဆိုတဲ့အရာကိုကိုယ်တိုင်ခံစားမိလိုက်ရပြီး အော်ညည်းလိုက်တော့တယ်။
" အားးရှီးးးရှီးးးကိုကိုအားးး အိုးး"
ကျနော်လည်းပြီးချင်နေတာပါ။တကယ်ကိုလည်းအရမ်းလိုးလို့ကောင်းတယ်။စေးပိုင်နေတဲ့အဖုတ်ကိုလိုးရတဲ့အတွက်စိတ်လဲကျေနပ်သွားတယ်။ပြီးချင်နေတာကြောင့်စိတ်ထိန်းပြီးနောက်ထပ်အချက်ငါးဆယ်ခန့်ဆက်လိုးလိုက်ရာသုတ်တွေထွက်ချင်လာတာမို့လီးကိုဆွဲထုတ်ရင်းမိုးရဲ့ပေါင်ပေါ်ပန်းထုတ်လိုက်လိုက်ပြီးပုဆိုးနဲ့သုတ်ရည်တွေကိုသုပ်ပစ်လိုက်ရတော့တယ်။
အဲဒီကစပြီးကျနော်ရဲ့စိတ်ကမိုးအပေါ်မှာယုံကြည်ပြီးချစ်မြတ်နိုးမိတော့တယ်။သကြန်နီးတော့ရွာကိုခနပြန်ရမယ့်အချိန်မှာမိုးက
" မိုးလည်းလိုက်ခဲ့မယ်ကိုကို"
" မိုး လိုက်ရင်မိုးနဲ့ကိုကိုယူရတော့မယ်"
" ဘာဖြစ်လဲယူလိုက်မှာပေါ့"
" မိုးအိမ်ကိုဘယ်လိုပြောမလဲ"
" ဒီအတိုင်းပြောလိုက်မှာ"
တကယ်ဇွတ်တရွက်နိုင်တဲ့မိုးပါ။ရွာကိုလိုက်ခဲ့တော့တယ်။ရွာရောက်တော့ဓလေ့အရပါပဲရန်နိုင်မိန်းမခိုးလာတယ်ပေါ့ဗျာ။မယူလို့မဖြစ်တော့တဲ့အနေအထားမို့ဖေဖေကမိုးနှင့်စကားပြောတယ်။မေမေကတော့မိုးရဲ့မျက်နှာထားပုံစံသိပ်မကြိုက်ဘူးပေါ့။သားရှင်မို့နှမြောတယ်ထင်လိုက်တာပါ။ဦးလေးနှင့်အဒေါ်တွေကတော့ငါ့တူယူလာရင်ငါ့တူမဆိုပြီးအားပေးကြတယ်။
" ကဲသမီး ဦးမေးမယ်နှော်"
" သမီးက သားကိုတကယ်ချစ်လို့လိုက်လာတာလား"
" ဟုတ်ကဲ့"
" သမီးလိုက်လာတော့မင်္ဂလာဆောင်ပေးရမယ့်တာဝန်ရှိသွားပြီပေါ့လေ၊ဒါပေမယ့်ဦးမေးဦးမယ်သမီး"
" ဟုတ်ကဲ့"
" သမီးရန်နိုင့်အကြောင်းဘယ်လောက်သိလဲ"
" သူကတော်တယ်ဦး၊သမီးရဲ့ခင်ပွန်းအဖြစ်လက်ခံနိုင်တဲ့အရည်အချင်းရှိတယ်"
" အေးသမီးသားကြီးကတော်ပါတယ်၊ဒါပေမယ့်ပြီးပြည့်စုံတဲ့လူမျိုးတော့မဟုတ်ဘူး"
" ဟုတ်ကဲ့"
" သားကြီးကသည်းခံနိုင်တယ်လို့မထင်ဘူးလား"
" ဟုတ်ကဲ့ထင်ပါတယ်"
" မဟုတ်ဘူးသမီး ၊သားကြီးကပြႆနာတစ်ခုကိုကြုံရင်မဖြေရှင်းဘူး၊မြုံထားတယ်။စိတ်ထဲမှတ်ထားတတ်တယ်။ပြီးမှစုပြုံပြီးရှင်းတာ၊အဲဒီအခါမလိုလားအပ်တဲ့ပြသနာတွေကြုံရတယ်။လူပုံကြည့်ရင်အေးဆေးသလိုပဲ၊ရင်ထဲမှာမီးမွှေးထားတတ်တယ်"
" ရှင်"
" အဲဒီလိုစိတ်ရှိတာမို့သမီးလည်းသတိထားပါ"
" ဟုတ်ကဲ့ရှင့်"
" ကဲသားကြီး၊ဖေဖေပြောမယ်"
" ဟုတ်ကဲ့ပါ ဖေဖေ"
" သားချစ်လို့ယူတာနှော်"
" ဟုတ်ကဲ့ဖေဖေ"
" အေးကွာ...ဒီတော့အိမ်ထောင်တစ်ခုပြုတယ်ဆိုတာလွယ်တယ်ကွ၊အဲဒီအိမ်ထောင်ရေးတည်မြဲဖို့သာမလွယ်တာ"
" ဟုတ်ကဲ့ ဖေဖေ"
" ငါပြောချင်တာက ၊လင်မယားဆိုတာရန်မဖြစ်ဘူးဆိုတာမရှိဘူး၊စိတ်ထဲအလိုမကျရင်ဖြစ်ကြတာပဲ၊ဒါကြောင့်လင်နဲ့မယားလျှာနှင့်သွားလို့ပြောကြတာ၊"
" ဟုတ်ကဲ့ ဖေဖေ"
" အဲဒီတော့ကွာ ရန်ဖြစ်တဲ့အခါမှာ ယောက်ျားတွေကလက်ပါတတ်ကြတယ်။အဲဒါမျိုးရှောင်ရမယ်။စကားနဲ့ပြောပါ၊မင်းကြားဖူးတယ်မလား၊အမိယုတ်တော့နှုတ်သရမ်းတယ်၊အဖယုတ်တော့လက်သရမ်းတယ်တဲ့။မင်းကြောင့်အဖေတို့အမေတို့အပြောမခံရပါစေနှင့်ကြားလား"
" ဟုတ်ကဲ့ဖေဖေ"
" ကဲနှစ်ယောက်လုံးနားထောင်၊တစ်ဦးနှင့်တစ်ဦးစကားများရင်တစ်ဦးကလျော့ပေါ့ကွာ"
" ဟုတ်ကဲ့ပါဖေဖေ"
" ဖေဖေတို့အိမ်ထောင်ရေးဘာလို့တည်မြဲလဲဆိုရင်ဖေဖေကအလျော့ပေးလို့ကွမှတ်ထား"
" မိန်းမဆိုတာအချော့ကြိုက်တယ်၊ယောကျ်ားကအမြဲလျော့ရတယ်"
" ဟုတ်ကဲ့ပါဖေဖေ"
ဖေဖေဆုံးမစကားပြီးဆတာ့မင်္ဂလာကိစ္စကိုစီစဉ်ကြတယ်။အလုပ်ပိတ်ရက်ကသကြန်ပြီးရင်ကုန်မှာမို့ နှစ်ဆန်းနှစ်ရက်သတ်မှတ်ကာအကျဉ်းချုံ့လိုက်တယ်။ဒီကြားထဲမှာအမေကပြောတယ်။
" သား ..သားယူတဲ့မိန်းမကမျက်နှာထားတင်းတယ်၊သားတော့ တော်တော်သည်းခံရမယ်"
" ဟုတ်ကဲ့မေမေ၊ဖေဖေထုံးနှလုံးမူပါ့မယ်"
" သားခံနေရမှာစိုးလို့ပါ သားရယ်"
" မေမေအနေနဲ့ကျရငိမေမေဖေဖေ့အပေါ်မှာကောင်းရင် သူလဲကောင်းမှာပါ"
" အင်းပါ သားခံရရင်မေမေဝဋ်လိုက်တရ်လို့ယူဆရမယ့် ပုံသားကပြောတာပါလား။ သားကသားဖေဖေနှင့်မတူဘူး၊သားရဲ့စိတ်ကိုသားကို မွေးထားတဲ့မေမကအသိဆုံးပါကွယ်"
" ဟုတ်ကဲ့ပါမေမေ"
မင်္ဂလာဆောင်လုပ်ရမယ်ဆိုတော့ သူငယ်ချငိးတွေ အိမ်သွားရင်းဖိတ်တာ၊ မိုးကျေလည်ပုံမရဘာလို့လဲဆိုတော့သူငယ်ချင်းမိန်းကလေးတွေနှင့် ဖက်လဲတကင်းပြောတာကိုမကြိုက်ဘူးတဲ့။ မိုးအဲဒီလိုပုံမျိုးပြတော့သူငယ်ချင်းအချို့ကပိုဒေါသထွက်ကြတယ်။တချို့မိန်းကလေးက"ငယ်ကတည်းကပေါင်းလာတာ၊ နင့်မိန်းမရှေ့ငါဖက်နမ်းပြမယ်" ဆိုပြီးကြိမ်းမောင်းတော့ကျနော်လည်းရှောင်နေရတော့တယ်။ဒီလိုနဲ့မင်္ဂလာပွဲလုပ်ပြီးရန်ကုန်ကိုပြန်လာခဲ့တော့တယ်။
အပိုင်း ( ၂ ) ဆက်ရန် >>>>
No comments:
Post a Comment