နှောင်းနောင်တ အပိုင်း ( ၅ )
{ဇာတ်သိမ်းပိုင်း}
ရေးသားသူ - Steven Law
ရတီ အရမ်း စိတ်ညစ်နေစဉ်မှာပင်
" ရတီ ငါ့အိမ်ပြန်မှ ဖြစ်မယ်"
" နင်က ဘာဖြစ်လို့ ပြန်တာလဲ ဆုရယ်"
" ငါ့ အမေ မူးလဲလို့တဲ့"
" ဟုတ်လား ဘာဖြစ်တာတဲ့လဲ"
" မသိဘူးဟာ ၊ငါသွားမှ ရမယ် ထင်တယ်"
" အေး အေး ငါလဲ လိုက်ခဲ့မယ်"
ရတီ နှင့်ဆု သူ့ အမေအိမ် သွားတော့ ငိုယိုထားတဲ့ မျက်နှာက အထင်းသား
" ဘာ ဖြစ်တာလဲ အမေ"
" ငါတို့ ဘဝ ပျက်ပြီ သမီးရဲ့ အီး ဟီးဟီး၊ ခုနက သတိမေ့တုန်းကသာ အသက် ပါသွားရင် ကောင်းသား သမီးရယ်၊ ခုတော့ ရတီမျက်နှာကိုတောင် မော့မကြည့်ရဲပါဘူး သမီး"
" ဟင် အမေ ဘာ ဘာဖြစ်လို့လဲဟင်"
" ရတီသမီး အန်တီ့စကား ဆုံးအောင်နားထောင်ပေးနှော်၊ အန်တီသေချာရှင်းပြပါ့မယ်"
" ဟုတ်ကဲ့ အန်တီ"
" သမီးလေး ပိုက်ဆံကို ချေးထားတာ လေးလရှိတော့ အန်တီက သမီးဆီကို စာချုပ်တောင်းတယ် မဟုတ်လား။ အဲဒီလူကို အတိုးရော အရင်းပါ ပေါင်းပြီးတောင်းတယ် သမီးရယ်"
" ဟုတ်ကဲ့ အန်တီ သူက ဘာပြောလို့လဲ"
" သူ့လုပ်ငန်းတွေ ရှုံးလို့တဲ့ ပြန်မပေးနိုင်ဘူး တရားစွဲပါတဲ့ ကွယ်၊ အန်တီ သမီး ရတီ ငွေကို ဘယ်လို တောင်းရမှန်း မသိတော့ပါဘူးကွယ်"
" ဟင် အန်တီပဲ အာမခံထားတာလေ"
" ဟုတ်တယ် သမီး အန်တီ သေချင်လောက်အောင် စိတ်ညစ်တယ်၊ အန်တီမှာလဲ သမီးကို ပြန်ပေးဖို့ကပိုက်ဆံမရှိတော့လေ အန်တီအိမ်ကို ရောင်းပြီး အန်တီ ရှိသမျှငွေ အကုန်ဆပ်ပါ့မယ်"
" ဟင် အန်တီ ၊အန်တီ အိမ်ရောင်းလို့ ဘယ်လောက်ရမှာမို့လဲ အန်တီ"
" ရသလောက်နဲ့ ရောင်းရမှာပဲ သမီးရယ်"
" အန်တီ ငွေလိုချင်လို့တော့ မဟုတ်ဘူး အန်တီ ဟိုလူကို တရားစွဲလို့ ရအောင် သမီးတို့မှာ ငွေလိုတယ်၊ သမီးပိုက်ဆံ ပြန်ရအောင် တရားစွဲမယ်"
" အင်း ပါ သမီးရယ်"
" ဒုက္ခပါပဲ မေမေရယ်၊သမီးတို့မှာ အိမ်မရှိရင် ဘယ်မှာသွားနေကြမလဲ"
" ဖြစ်သလိုပေါ့ သမီးရယ်"
" ဆုရယ် နင်တို့ ငါ့ကိုကူညီလို့ဖြစ်တာပဲ ငါ့အိမ်မှာ အဆင်ပြေသလောက် နေပေါ့"
" အင်းပါအေ ငါ့ မေမေ အားငယ်ပြီး တစ်ခုခုဖြစ်မှာစိုးလို့ပါ၊ လောလောဆယ် မေမေ့ကို သူ့ညီမအိမ်ပဲ နေခိုင်းပါ့မယ်"
တဖက်မှာလည်း ရတီ ယုံအောင် အိမ်ရောင်းရန် ကြေညာကပ်ပြီး ရတီပြန်ချိန် ပြန်ခွာထားလိုက်တယ်။ ရတီစိတ်ကျေနပ်အောင် အကြွေးကိစ္စအတွက် ရှေ့နေနှင့် ရတီရှေ့တိုင်ပင်ရာ တရားမဝင် ငွေချေးထားသောအရပ်စာချုပ်ဖြစ်နေပြီး အကယ်၍ တရားစွဲလျှင်လဲ တရားမမှု့ဖြစ်ပြီး ကြာမည်ဖြစ်သည်။
တရားနိုင်သော်လည်း ငွေချေးယူမှ စားဝတ်နေရေး အဆင်မပြေတာ အကြောင်းပြပြီး ရသမျှ ဝင်ငွေကို ဖော်ပြကာ မိမိဆပ်နိုင်သော ပမာဏသာ ဆပ်နိုင်သည်ဟု ဆိုလျှင် မည်သို့မျှ တတ်နိုင်မည် မဟုတ် ဟု ပြောရာ၊ ရတီက လူငယ်ပီပီ တရားစွဲ၍ ရအောင် တောင်းမည် ဟု ပြောဆိုရာ တရားစွဲရန် စီစဉ် ရတော့သည်။
ထိုသို့ တရားစွဲရင်စီစဉ်ခိုက်မှ ာဆုရည်တို့အိမ်ရောင်းရာ တစ်ရာ့ရှစ်ဆယ်ခန့် ရသည် ပြောသည်။ ဆုရည် အမေက
" သမီးရေ အန်တီ လေ အန်တီတသက်လုံး နေခဲ့တဲ့ အိမ်လေး နှမြောတယ်၊ အခုတော့ ကိုယ်က ဗိုက်နာပြီလေ၊ ဒီတော့လဲ မတတ်သာတဲ့ အဆုံး ရသလောက်နဲ့ ကျေနပ်ရတာပေါ့။ အန်တီလဲ စားဝတ်နေရေး ရှိသေးတော့ အိမ်စပေါ်လေးပြန်တင်ရအောင် အန်တီကိုငါးဆယ်လောက် ပြန်ပေးပါကွယ်"
" ရပါတယ် အန်တီရယ် အန်တီက သမီးအတွက် လုပ်ပေးတာပဲ"
" ဆု ငါတောင်းပန်ပါတယ်"
" ရပါတယ်ဟာ ၊ငါတို့လဲ ဘာတွေ အကုသိုလ်လုပ်မိပါလိမ့် ရတီရယ်"
ရတီမှာ ငွေရေးကြေးရေး ကိစ္စများနဲ့ ပတ်သက်ပြီး အာရုံများနေသဖြင့် မိမိကိုယ်မိမိမစစ်မိပေ၊ ရာသီမလာသည်မှာ သုံးလဖြစ်တော့သည် ။ ရရှိသော ငွေအားတရားစွဲရန်နှင့် စားသောက်ရန်အတွက် စီစဉ်ရသောအခါ တရားရင်ဆိုင်ရင်း ငွေကကုန်လာသည်၊ ဗိုက်က တဖြေးဖြေးထွက်လာသည်၊
" ဆု ငါတို့တရားစွဲတာလဲကြာပြီ၊ ဟိုလူကို ရှာမတွေ့ဘူးလား၊ တလတလနဲ့ ငါ့မှာလဲ ဒုက္ခရောက်နေရပြီ"
" အေးဟုတ်တယ် ဒီလူအိမ်ရောင်းပြီး ထွက်သွားတာ၊ ခုထိ လိပ်စာရှာမရဘူး၊ ပြီးတော့ ရတီနင့်ဗိုက်ကတရက်ထက်တရက် ပိုထွက်လာပြီ၊နင်ဖျက်ချမလား"
" ဒီအချိန်ရောက်မှ ဘယ်လိုဖျက်မလဲ ဆုရယ်"
" နင့်အဖေ သိရင်တော့ နင့်ကို သတ်မလားမသိဘူး"
" အင်းဟုတ်တယ် ဆု၊ ငါအမေ့ကိုရော အဖေ့ကိုပါ သတိရတယ်ဟာ"
" အင်းပေါ့"
နောက်ထပ်နှစ်လခန့်ကြာပြီး တနေ့မှာတော့ ရဲမှ တရားခံအားရှာတွေ့ပြီ ဖြစ်ကြောင်း တရားစွဲလို့ ရပြီဖြစ်ကြောင်းပြောရာ ရတီလဲ ထိုလူကို တွေ့တော့ ရတီငွေချေးခဲ့သောသူမဟုတ်ပဲ တခြားတစ်ယောက်ဖြစ်နေသည်ကိုတွေ့ရာ
" အန်တီ ဒီလူက ကျမတို့ဆီက ငွေချေးထားတာ မဟုတ်ဘူးလေ"
" ရတီကလဲ ဟုတ်ပါတယ်၊မှတ်ပုံတင်ရော မှန်တယ်လေ"
" မဟုတ်ဘူး ထင်တယ်နှော် အန်တီ"
" ဟုတ်ပါတယ် သမီး ၊သမီးမယုံရင် သူ့မေးကြည့်လေ"
ရတီလဲ ဇဝေဇဝါ ဖြစ်နေပေသည်။ စိတ်ထဲမှာ ဘာကြောင့် လူပြောင်းသွားသလဲ ဟု တွေးနေမိသည်။ သို့သော် အဖြေရှာမရပေ။ မည်သူ့ကိုမေးပြီး စုံစမ်းရမည်ကို မသိပေ။ ရှေ့နေငှားပြီး တရားဆိုင်ကြသောအခါတွင်ငွေကုန်ကြေးကျများလာသည် ။နိုင်လိုသည့်စိတ်က များလာသည်။
အဘယ်ကြောင့်ဆိုသော် မိမိသည် ဖေဖေ့ဆီ ပြန်လို့ မဖြစ်ပေ။ ယခုအခါ ကိုယ်ဝန်လဲရှိပြီး၊ အဖေနာမည်တပ်မရသော အခြေအနေပင် ဖြစ်သည်။ သို့သော်လည်း မည်သို့ မည်ပုံ ဖြစ်ရသည်တော့ ရတီမသိ၊ မိမိရင်၌ ဖြစ်သော သွေးသားကို ရတီချစ်နေသည်။ ကိုယ်ဝန်အားဖျက်ချလိုခြင်းအလျင်းမရှိပေ။
တွေးမိသမျှသော အနာဂတ်မှ ာမိမိ၏သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် မပါလျှင်မပြည့်စုံဟု ထင်မှတ်လာသည်။ထို့ကြောင့် ဤကလေးမွေးရန် ကလေးအနာဂတ်အတွက် ငွေလိုသည်။ မိမိချေးထားသော ငွေတဝက်ခန့် ရလျှင်လဲ မဆိုးသော အခြေအနေမို့ မိမိထံ ငွေချေးထားသေ ာသူအား အကျိုးအကြောင်းပြောပြပြီး တဝက်ခန့်သာပြန်ပေးရန် တောင်းဆိုမည်ဟု ပြောရန်အတွက် ထိုလူ၏အိမ်ကို ရှာပုံတော် ဖွင့်ရတော့သည် ။ တရားရုံးကထွက်လျှင် ထိုသူအား စောင့်၍
" ဦးလေး"
" ဘာကိစ်စလဲ"
" သမီးပိုက်ဆံကို တဝက်ဖြစ်ဖြစ်ပေးပါလား၊ အဲဒါဆို သမီးကျေနပ်တယ်"
" ငါ့မှ ာမရှိလို့မပေးတာ"
" ဦးလေးရယ် သမီးလုံးဝဒုက္ခရောက်နေလို့ပါ၊ တော်ကြာ သမီးက လေးမွေးရတော့မှာ"
" အဲဒါ နင့်ကိစ္စလေ"
" ကလေးမွေးဖို့ စားရိတ်ကို သမီးမှာမရှိလို့ပါ ဦးလေးရယ်"
" လိုးတုန်းကလိုးကြပြီး ကလေးမွေးစရာကျတော့ မရှိဘူးတဲ့လား"
" အဲဒီလိုမပြောပါနှင့်ရှင်၊ ကျမပိုက်ဆံတွေ ဦးလေးကို ချေးလိုက်လို့ပါ"
" နင်တို့က မတရား အတိုးယူတာလေ"
" သမီးက ငါးကျပ်တိုးပဲ ယူရတာပါ"
" ဘာမှလာရှင်းပြမနေနဲ့တော့၊ တရားရုံးရောက်နေပြီ၊ တရားရုံးရောက်မှရှင်း"
" ဦးလေးရယ် သားသမီးချင်း ကိုယ်ချင်းစာပါအုံး"
" ငါ့မှာ ဘာသားသမီးမှမရှိဘူး"
" ဦးလေးရယ် သမီးအနူးအညွတ် တောင်းပန်ပါတယ်"
" သွားစမ်းပါ ၊နင် ငါ့အနားမလာနဲ့ ဘယ်သူနဲ့ ရမှန်းမသိတဲ့ ဗိုက်ကို ပိုင်ရှင် ထင်နေကြမယ်၊ ငါ့က နင်ကို မယူလို့ တရားစွဲမယ် ထင်နေကြမှာ၊ ဒိုးလိုက်တော့"
ရတီ အလွန် ဒေါသဖြစ်သွားတယ်။ ထိုလူပြောပုံက ဖခင် မရှိပဲ မွေးလာသောကလေး၊ ရတီ ဖင်သရမ်းလို့ မွေးလာသော ကလေးဟု စွပ်စွဲနေသလိုဖြစ်၍
" ဒီမှာ ရှင်ကလူလိမ်တွေပဲ၊ သူများပိုက်ဆံယူပြီး ပြန်မဆပ်ချင်တဲ့ လူ၊ သံသရာမှာ သူများအကြွေးဆပ်ရမယ်သူ"
" နင်ဘာပြောတာလဲ ကောင်မ"
ရတီကို ပြောရင်း တွန်းထုတ်လိုက်သဖြင့် ရတီမှာ ယိုင်နဲ့ပြီး ဖင်ထိုင်ကျသွားတော့တယ်။ အခန့်မသင့်သဖြင့်အောက်ပိုင်းမှ သွေးများထွက်လာသဖြင့် ပတ်ဝန်းကျင်ကို အကူအညီတောင်းရာမှ ဆေးရုံသို့ ရောက်ခဲ့ရသည်။
သွေးများ အလွန်အကျွံထွက်ပြီး ဆေးရုံရောက်ရာမှ အရေးပေါ်ခွဲစိတ်ရန်အတွက် စီစဉ်ရတော့သည်။ ဆေးရုံရောက်သော်လည်း လူနာရှင် မပါသောကြောင့် မေးမြန်းသော အခါမှ ဖခင်ဖုန်းနံပါတ်ကို ပေးရသည်။ ဦးထွန်းဇော်မှာ တယ်လီဖုန်းခေါ်သည်နှင့် ဆေးရုံတန်းလာခဲ့သည်။
ခင်ငြိမ်းကိုလဲ လှမ်း၍ ဖုန်းဆက်လိုက်သည်။ ဆေးရုံရောက်သော အခါ ရတီမှာ သတိမေ့နေပြီး အရေးပေါ်ခွဲစိတ်မှု့ပြုလုပ်နေသဖြင့် ခင်ငြိမ်းနှင့်အတူ ဆုတောင်း၍သာ စောင့်နေရတော့သည်။
ရတီ ခွဲစိတ်ခန်းမှ ထွက်လာသောအခါ သတိရတချက်မရတချက် အနေအထားဖြစ်နေသည်၊ သတိရလာသောအခါဖခင်ကိုဦးစွာတွေ့ရပြီး
" ဖေဖေ'"
" သမီးလေး သတိရလာပြီလား"
" ဟုတ်ကဲ့ ဖေဖေ၊ဖေဖေ သမီး ကလေးကရောဟင်"
" စိတ်မကောင်းပါဘူး သမီးရယ်"
" ဟင့် အီးဟီးးးဖေဖေရယ်"
" သမီးရယ် မငိုပါနဲ့ ခေါင်းကိုက်လိမ့်မယ်"
ရတီမှာ ကလေးအား နှမြောစွာငိုမိသည်။
" ရတီ သမီးလေး ဘာမှအားမငယ်ပါနဲ့ အန်တီလဲ ရှိတယ်နှော်သမီး"
" ဟုတ်ကဲ့ အန်တီ"
" မငိုနဲ့တော့ သမီးလေး"
" သမီး ရင်သွေးလေးကို နှမြောလို့ပါ အန်တီ"
" အော် သမီးလေးရယ်၊ မြင်တောင်မမြင်ရသေးတဲ့ သမီးရင်သွေးကို သမီးက ချစ်တယ်လား"
" အန်တီရယ် သမီးရင်သွေးပါ အန်တီ"
" သမီးအဖေ သမီးကို ဘယ်လောက်ချစ်မယ်ဆိုတာ သမီးတွေးကြည့်လိုက်လေ"
" သမီးကို ဖေဖေက ခွင့်လွတ်ပါ့မလား အန်တီရယ်"
" လူဆိုတာ မှားတတ်တယ် သမီး၊ တောင်းဆိုး ပလုံးဆိုးသာ ပစ်နိုင်တာ၊ သားဆိုးသမီးဆိုးကို ပစ်နိုင်တဲ့ မိဘမရှိဘူး သမီးရယ်"
" သမီးမှားမိပါတယ် အန်တီ"
" မှားရင်ပြင်ကြမှာပေါ့၊ ဘာမှစိတ်မပူနဲ့ နှော် သမီး လိုတာရှိရင်အန်တီ့ကိုပြော၊ သမီးအဖေက ယောက်ျားသားဆိုတော့ မိန်းမ ကိစ္စတွေကို နားမလည်လောက်ဘူးကွယ်"
" ဟုတ်ကဲ့ပါ အန်တီ"
" ခုတော့ သမီးနားလိုက်ဦး၊ သမီးကို လုပ်တဲ့ သူကို သမီးအဖေက ခွင့်မလွတ်ဘူး၊ အခု ရဲစခန်းမှာ အမှု့ဖွင့်ထားတယ်သမီး"
" ဟုတ်တယ် အန်တီ အဲလူယုတ်မာတွေကို အပြစ်ပေးရမယ်"
" သမီးဖေဖေနဲ့ အန်တီ စီစဉ်ပါ့မယ်"
" ဟုတ်ကဲ့ အန်တီ"
ရတီ ဆေးရုံကတပတ်ခန့်နေရပြီး ဆင်းရသည်။ ဖေဖေ့ အိမ်မှာပင် နားနေရသည်။ ဆုရည်က ဖုန်းဆက်သည်။ ရတီ ဖေဖေအိမ်ကို ရောက်နေသည်ဖြစ်၍ အိမ်မလာတော့ပါဟု ပြောသည်။
ဦးထွန်းဇော်က သမီးကို ထိခိုက်အောင် လုပ်သော သူကို လုံးဝမကျေနပ်ပေ။ ထို့ကြောင့်ပင် မရမက စုံစမ်းရာက ခြေရာခံမိပြီး ရဲကို ဖမ်းခိုင်းလေရာ ထိုသူအား မိတော့သည်။
" ခင်များကြောင့် အသက်တစ်ချောင်း ဆုံးရှုံးရတယ်၊ခင်များကို လူသတ်မှု့နဲ့ ထောင်ချမှာ"
" မလုပ်ပါနဲ့ဗျာ ၊မတော်တဆ ဖြစ်တာပါ"
" ခင်များက လူမဟုတ်ဘူး၊ သမီးလေးပိုက်ဆံတွေကို လိမ်ညာယူပြီး ကလေးကို သတ်တဲ့လူ"
" ခင်များသမီးပိုက်ဆံ ကျနော်လိမ်ညာယူတာ မဟုတ်ဘူးဗျ"
" ခင်များမလိမ်ရင် ဘယ်သူ လိမ်တာလဲ"
" ခင်များသမီး ရတီရဲ့ သူငယ်ချင်းနဲ့ သူ့အမေ"
" ဘာကွ"
" အဲဒီမိန်းမကိုပါ ထောင်ချရမှာပေါ့"
" ခင်များထောင်ချရဲပါ့မလား"
" ဘာလို့ မချရဲရမှာလဲ"
" ဟင်းးဟင်းး ခုလောက်ဆို ခင်များသမီးရဲ့ တဏှာဆန်တဲ့ ဗီဒီယိုခွေ ပြန့်နေလောက်ပြီ"
" ဘာပြောတယ်"
ဦးထွန်းဇော်မှ ရတီဆီ ဖုန်းဆက်၍ အိမ်မှာ ဖေဖေမရှိကြောင်း၊ ဖေဖေ့ အိမ်ရောက်သွားပြီ ဖြစ်၍ အမှု့ကိစ္စလဲ ဆက်မလုပ်တော့ကြောင်း ဆုရည်ကို တွေ့ချင်ကြောင်း အခုလာတွေ့ပါဟု ပြောခိုင်းလိုက်သည်။ ရတီလည်း ဖုန်းဆက်လိုက်သည်။ ဆုရည်နှင့်ဆုရည်အမေမှာ ဟိုလူနဲ့ အဆက်အသွယ် မရသေးသဖြင့် ရတီအိမ်ကို လာလိုက်သည်။ ဆုရည်အိမ်သို့ ရောက်သောအခါမှ ဦးထွန်းဇော်က ဆုရည်ကို
" လာစမ်းဆုရည်၊ နင်တို့သားအမိ ဘာတွေ ကလိမ်ကကျစ်ကျတယ်ဆိုတာ ငါသိပြီးပြီ၊ ဒီနေ့ကတော့ နင့်တို့သားအမိကို အရှင်မထားဘူး"
" အန်ကယ် သမီးက ဘာလုပ်လို့လဲ"
" ပေးစမ်း နင့်အိတ်"
ဦးထွန်းဇော် အိတ်ကို ဆောင့်ဆွဲယူလိုက်ပြီး ဖုန်းကို ပေါက်ခွဲပစ်လိုက်သည်။
" အန်ကယ် ဘာလုပ်တာလဲ"
" အေး ငါ့သမီးလူပေါင်းမှားတာပဲ နင့်တို့ ဘာလုပ်ထားတယ်ဆိုတာ အကုန်သိတယ်"
" လုပ်လိုက်လေ အန်ကယ်။ ကျမမှာသိမ်းထားသေးတယ်"
ဆုရည်လဲ ဟန်ပါပါနဲ့သာ ပြောလိုက်သည်။
" ဟုတ်လား "
" အေး သိမ်းထားသေးတယ်ဆိုရင် နင်တို့ ငါ့ဆီကိုပြ၊ မပြနိုင်ရင် ငါကနင့်အမေကို တရားစွဲမှာ၊ လိုင်းပေါ်ပြန့်ရင် နင်တို့သားအမိကို သတ်မယ်။ ငါ့သမီးပိုက်ဆံ ပြန်ပေးရင်ပေး မပေးရင်တော့ နင်တို့သားအမိ သေပြီမှတ် တပတ်အချိန်ပေးမယ်၊ သွားတော့"
ဆုရည်မှာ ထိုအိမ်မှ အပြေးထွက်ခဲ့ရသည်၊ ဦးထွန်းဇော်၏ အကြောင်းကို သိသည်။ ဆုရည်တို့ကို လုံးဝခွင့်လွတ်မည် မဟုတ်ပေ။ ဆုရည် အမေ့ဆီကို ပြန်သွားသည်။ ဤသည်မှာလည်း ဆုရည်၏ အမှားပင် ဖြစ်သွားလေသည်။ ဦးထွန်းဇော်မှ ဆုရည်အား နောက်ယောင်ခံလိုက်ခိုင်းလိုက်ခြင်းပင် ဖြစ်သည်။ ဆုရည်အိမ်ရောက်သောအခါ
" မေမေ သမီးတို့ ဘယ်လိုလုပ်မလဲ"
" သမီး ဘာဖြစ်လာတာလဲ"
" ရတီ့အဖေ သိသွားပြီ မေမေ"
" ဘာ ! ဘယ်လိုဖြစ်တာလဲ"
" အမေ့ လူကြောင့် သိသွားတာ မေမေ"
" အဲဒီတော့ ရတီ့အဖေက ဘာလုပ်လို့ ရလို့လဲ၊ သူ့သမီးဟာတွေ သမီးဆီရှိနေတယ် မဟုတ်လား"
" သမီးဖုန်းကို ခွဲပစ်လိုက်တယ်လေ"
" ဟယ် အဲဒါဆို ငါတို့ဘယ်လိုလုပ်မလဲ"
" ရတီအဖေက သူ့သမီးပိုက်ဆံမပေးရင် သမီးတို့ကို သတ်မယ်တဲ့"
" ဟာ ဟသူက လုပ်ရဲလို့လား"
" မေမေ သမီးတို့အိမ်ရှေ့မှာ လူတွေ မေမေ၊ သမီးတို့အိမ်ကို စောင့်ကြည့်နေကြတယ်"
" ဟင် ဟုတ်လား သမီး"
" ဟုတ်တယ် မေမေ"
" ဒုက္ခပါပဲ သမီးရယ်"
" မေမေ သမီးတို့ ဘယ်လိုလုပ်ကြမလဲ"
" မေမေလဲ မကြံ တတ်တော့ဘူး"
" မေမေ သမီးကြောက်တယ် မေမေ"
" အင်းပါ သမီး၊ သူ့အဖေက ဘာပြောလိုက်သလဲ"
" သူ့သမီးပိုက်ဆံ ပြန်ပေးတဲ့ မေမေ"
" အင်း မေမေ သူ့ပိုက်ဆံပြန်ပေးလိုက်ပါ့မယ်"
ဆုရည်က ရတီဆီဖုန်းဆက်လိုက်တယ်။
"ဘာလဲ ဆုရည်"
" မေမေက နင့်ပိုက်ဆံပြန်ပေးခိုင်းလို့"
" အော..အေး နင်ကိုယ်တိုင် လာပေး"
" အေးပါ ရတီရာ"
" ငါဘယ်ကို လာပေးရမလဲ"
" အေး အခု ငါမှော်ဘီက ငါ့အဖေခြံမှ ာရှိတယ်၊ လာပေးလိုက်"
" အေးပါ ရတီ"
ဆုရည်မှာ ရတီပြောတဲ့ အတိုင်းမှော်ဘီကခြံဆီ သွားရတော့သည်။ ခြံထဲရောက်တော့ ရတီ စောင့်နေသည်။
" ဘယ်လိုလဲ ဆုရည်၊ နင်ကကျွေးမွေးတဲ့ ကျေးဇူးမှမထောက် လုပ်ရက်တယ်ဟာ"
" ငါ့ကိုခွင့်လွှတ်ပါ ဟယ်"
" ဘယ်မှာလဲ ငါ့ပိုက်ဆံ"
" ဒီမှာပါ"
" ငါးရာပြည့်လား"
" ပြည့်တယ်"
" အေး ငါတစ်ခုမေးမယ်၊ ကိုရဲက ငါ့ကိုဖြတ်သွားတာ နင့်ကြောင့်မဟုတ်လား"
" အင်း"
" နင် မူဗီရိုက်တာမှာ ဘာတွေပါလဲ"
" ငါမပြောချင်ဘူး ရတီ"
" ဒီနေရာရောက်နေပြီ၊ နင်မပြောရင် ငါခွင့်မလွှတ်ဘူး"
" အင်း နင့်ကို ကိုရဲရောကိုဇော်ရောလုပ်တာကို ငါမူဗီရိုက်လိုက်တယ်"
" ဘာ ငါမူးနေတာကို နင်တို့ လုပ်တာလား"
" အေး"
" အော နင်တို့ကဒီလိုလား"
" ငါ့ကို ခွင့်လွှတ်ပါဟာ"
" နင့်မူဗီတွေ ဘယ်သူ့ကို ပေးလိုက်သေးလဲ"
" ငါဘယ်သူ့ကိုမှ မပေးထားဘူး"
" ငါမယုံဘူး"
" ယုံပ ါ ရတီရယ်၊ ဘုရားပေးပေး ကျမ်းပေးပေးပါ"
" နင် ငါ့ကို လုပ်ရက်တာလေ၊ ငါဘယ်လိုယုံရမလဲ"
" ငါလေ နင်ယုံအောင် ဘာလုပ်ပေးရမလဲ ရတီ"
" ငါယုံအောင် နင်လုပ်ပေးလို့ရတယ်"
" နင်ပြောပါ ငါဘာလုပ်ပေးရလဲ"
" နင်ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ မပြောရဲအောင်လို့၊ ငါ့အဖေခေါ်ထားတဲ့ လူတွေနဲ့ အိပ်လိုက်တော့"
" ဟင်"
" ဘာမှ မဟင်နဲ့ ငါ့ကို ကျတော့ လူကိုလဲ ရစရာမရှိအောင် လုပ်တယ်၊ ငါ့ရင်သွေးလဲ နင်တို့ကြောင့် သေရတယ်၊ နင်ဒီဟာကို လုပ်မှ ငါကျေနပ်မှာ"
" ရတီ"
" မလုပ်ချင်ရင်ပြောလေ၊ နင့်အမေရေ ာနင်ရော သေသွားလိမ့်မယ်"
" အေးပါ ငါလုပ်ပါ့မယ်"
" သူ့ကို ခေါ်သွားလိုက်တော့"
ဆုကို လူနှစ်ယောက်လာခေါ်ပြီး အခန်းထဲကိုခေါ်သွားသည်။ ဆုမှာ ငြင်းဆန်နိုင်ခြင်း မရှိတော့ပေ။ ဝဋ်သည်ချက်ချင်း လည်တတ်သည် မဟုတ်လား။ ဆုကို အဝတ်အစားမဲ့ လူနှစ်ယောက်က စားမတတ်ဝါးမတတ်ကြည့်နေသည်ကို မြင်ပြီး ဆုမှာ အလွန်လန့်သွားတော့သည်။ နောင်တလဲ ရမိသည်။
ရတီလဲ နောင်တရမိသည်။ မိဘကို ခြေကန်ပြီး မိဘရင်ခွင်မှ ထွက်ခဲ့သဖြင့် ကြုံဆုံခဲ့ရသော အဖြစ်အပျက်မှာမိမိဘဝ၏ ငရဲနဲ့ တူခဲ့သည်။ မိမိ ဤသို့ ဖြစ်ခဲ့သော်လည်း ဖေဖေသည် အပြစ်မတင်ပေ။ မိမိအား ယခင်ထက်ပင် ပိုဂရုစိုက်လေသည်။
အန်တီခင်ငြိမ်းသည်လည်း ရတီ၏ တိုးတိုးဖော် တိုင်ပင်ဖက် ဖြစ်လာသည်၊ မိခင်လို တမျိုး သူငယ်ချင်းလိုတမျိုး စောင့်ရှောက်ပေးပေရာ အန်တီအား အထူးကျေးဇူးတင်ပြီး ဖခင်နဲ့ လက်ထပ်ရန် အထူးတိုက်တွန်းရာ ဖခင်လဲ အထူးပင်ကျေနပ်မိတော့သည်။
........................................💚💛💖💝💙........................................
ပြီးပါပြီ။
No comments:
Post a Comment