Tuesday, June 1, 2010

ဝင်ကစွပ် အပိုင်း ( ၄ )

ဝင်ကစွပ် အပိုင်း ( ၄ )

ရေးသားသူ - ဂျင်ကလိ

အခန်း - ၃ (ခ)

ဒီဆေးရုံမှာ ရှိသည့် လူနာတွေထဲတွင် မင်းခန့်က နည်းနည်းထူးခြားသည်ဟု ဆိုနိုင်သည်။ ပန်းအိဖြူ ဆေးရုံရောက်လာခြင်းက လူစိတ်ဝင်စားစရာ အကြောင်းဖြစ်သလို သေရာကနေ ပြန်ရှင်လာသည် ဆိုသည့် အချက်ကရှိသေးသည်။ သူများတွေ စိတ်ထဲမှာ တွေးစရာတွေ ရှိကောင်း ရှိနိုင်သည်ဟု ထင်မိသော်လည်း မင်းခန့် ကိုယ်တိုင်က အခန်းထဲမှာပဲ နေနေ၍ဘာဆိုဘာမှ မသိပါ။ ဒီလို လူနာတယောက်က လာရောက်ကြည့်ရှု သတင်းမေးကြသည့် မိဘဆွေမျိုးတွေလည်း မလာ၊ မိတ်ဆွေ အပေါင်းအသင်းတွေလည်း ကင်းမဲ့ နေသည့်အဖြစ်က တခြားလူတွေ ဘယ်လိုထင်ထင် မင်းခန့် အတွက်ကတော့ စိတ်သက်သာစရာ ဖြစ်သည်။ ပန်းအိဖြူနှင့် ပတ်သက်သူ တယောက်မှ ရောက်မလာလေ သူ့ အတွက်ခေါင်းရှင်းလေ ဖြစ်သည်ဟု မင်းခန့် ခံယူထားသည်။ ရောက်လာသည့် မမြတ်စုတို့ ညီအမ က လည်း ပြောချင်ရာတွေ ပြောကာ ငွေတသိန်းပစ်ပေး ပြီးပြန်ထွက် သွားကြသည်။

မင်းခန့် ဆေးရုံတက်နေသူတွေထံ သတင်းမေး ရောက်ဖူးပါသည်။ ရောက်တိုင်းလည်း အစားအစာလက်ဆောင်တွေ၊ ရေနွေးဓါတ်ဗူးလိုမျိုးမှ အစ ပန်းကန်ခွက်ယောက် အသုံးအဆောင်တွေကို လူနာနားမှာ မြင်ရတတ်သည်။ အခု မင်းခန့် ဘေးက ဘီရိုလေးကတော့ ရှင်းလင်းနေ၏။ ဆေးပစ္စည်းတွေထည့်ထားသည့် လေးထောင့်ဆန်ကာလေး တခုကလွဲရင်ဘာမှ မရှိ။ ဆရာဝန်ကြီး ရောက်လာပြီး မင်းခန့်ကို ဆန်ပြုတ်သို့ မဟုတ် စွပ်ပြုတ် သောက် နိုင်သည် ဟု ခွင့်ပေးလိုက်ပြီးနောက်မှာ မမအုန်း တော်တော် အလုပ်များသွားရှာသည်။

စွပ်ပြုတ်က မလွယ်ပေမယ့် ဆန်ပြုတ်ကတော့ အလုပ်သမားတွေကို ဝယ်ခိုင်းလို့ ရသည်။ မင်းခန့် ကတော့ ပိုက်ဆံထုတ်ပေးလိုက်ရုံသာ သူ့ခမျာတော့ ဟိုပြေးဒီပြေး နှင့် ပန်းကန်ခွက်ယောက် ငှားရရှာသည်။

“ ရှင့် အိမ်ကလဲ နေနိုင်လိုက်တာ၊ လဲစရာ အဝတ်လေးတောင် လာမပေးဘူး”

အစပိုင်းတုန်းက အလိုက်တသိဘာမှ မပြောဘဲနေနေပေမယ့် မမအုန်း စိတ်ထဲမှာလည်း နားမလည် နိုင်တာတွေ ရှိနေနိုင်သည်။ မင်းခန့်ကို ဇွန်းကလေး နှင့် ဆန်ပြုတ်တိုက်ရင်းတိုးတိုးလေး ညည်း၏။

“ ဒီလောက်တောင် ဖြစ်ထားတဲ့ လူကို...အော်...အင်း ..မနက်ကတော့ လာကြ သားပဲ”

ဘာမှ မှတ်ချက်စကားမပြောဘဲ မင်းခန့် ငြိမ်နေလိုက်ပါသည်။ ဘာပြောလို့ ပြောရမှန်း လည်း မသိပါ။ ဒါပေမယ့် မမအုန်း ပြန်ရင် တော့ပိုက်ဆံပေးလိုက်ပြီး စားရေးသောက်ရေးအတွက် အသုံးအဆောင်ပစ္စည်းလေး ဘာလေး ဝယ်လာပေးဖို့ မှာဖို့ တွေးနေမိ၏။ ပေါင် ပေါ်ပစ်ချပေးသွားသည့် မသဒ္ဒါရေစာ ပိုက်ဆံတွေကို ဒီနေရာမှာ သုံးပစ်ရမည်။

“ ဟိုတယောက်ကတော့ ဆရာမ ကို မမအုန်းလို့ ခေါ်တယ်၊ နာမည် ဘယ်လိုခေါ်သလဲ”

တမင်စကားလွှဲချင်လို့ မေးလိုက်မိခြင်း ဖြစ်ပါသည်။

“ ကျုပ်နာမည်လား၊ တင်တင်အုန်း၊ အသက် ၃၂ နှစ် ကလေး နှစ်ယောက်ရှိတယ်၊ ယောက်ျား က ကုမ္ပဏီမှာ ကားမောင်းတယ်”

မတင်တင်အုန်းက စကားများပေမယ့် သဘောကောင်းပုံရသည်။ ပိုက်ဆံရလို့ ပြုစုပေးရ ပေမယ့် စိတ်ပါလက်ပါကူညီ၏။  ပန်းအိဖြူကတော့ အသက်ဘယ်လောက်ရှိပြီလဲ၊ ဘာတွေလုပ်သလဲ မင်းခန့် မသိပါ။ အသက်သုံးဆယ်ကျော် မတင်တင်အုံးက ရွယ်တူလို စကား ပြောပြီး နော်မြင့်မြင့်မူ လို ကလေးမက အမ ခေါ်သည်ဆိုတော့ မတင်တင်အုန်း တို့ အရွယ်လောက် တော့ ရှိမည် ထင်သည်။ ဒီလို အရွယ်ကိုရောက်မှ ဘာလို့ မဟုတ်မဟပ်တွေ မလုပ်သင့်တာတွေ လုပ်ခဲ့သည် ဆိုတာကတော့ ကာယကံရှင် ကိုယ်တိုင်မှသာသိလိမ့်မည်။

ဆရာဝန်ကြီး မလာခင် မတင်တင်အုန်းက မင်းခန့် ကို ခေါင်းဖြီးပေးသည်။ စနိုးတာဝါက လေး တခုနှင့် မျက်နှာ၊ လည်ပင်း နှင့် ရင်ညွှန့် တွေကို ပွတ်တိုက်သန့် ရှင်းပေး၏။ ပြီးတော့မှန်လေး ထုတ်ပေးသည်။

“ ဘယ်လို နေလဲကြည့်လိုက်ပါဦး”

မင်းခန့် မကြည့်ရဲပါ။ အခုကိုယ့်မျက်နှာ ဖြစ်နေသော တစိမ်းမိန်းမ တယောက်၏ မျက်နှာကို မှန်ထဲမှာ မြင်ဖို့ သတ္တိမရှိ။

“ မကြည့်တော့ပါဘူး”

“ ဘာဖြစ်လို့ လဲ၊ လှပါတယ်”

“ မကြည့်ချင်ဘူး၊ စိတ်ရှုပ်လို့”

“ ရှင်က တမျိုးပဲနော် မသက်ပြင်း၊ အင်းလေ ရှင့်မှာလည်း စိတ်ရှုပ်စရာတွေ ရှိမှာပေါ့”

နေ့လည် နှစ်နာရီ ထိုးခါနီးလောက်မှာတော့ ကောင်မလေးတယောက် အခန်းထဲ ဝင်လာ ပြန်သည်။ သွေးစစ်ရန်ဟု သွေးလာဖေါက်ယူသွားပြီးနောက် မင်းခန့်ခေါင်းရင်း အကာမှာ မှီပြီး မှိန်းနေစဉ် ရောက်လာခြင်း ဖြစ်သည်။ မတင်တင်အုန်း ကတော့ သိုးမွှေးထိုးနေ၏။ အကျ ႌအပြာကွက်နှင့် အနက်ရောင်ယောထမိန် ဝတ်ထားသည့် အသားလတ်လတ် ကောင်မလေးကကိုယ် နေ ပြည့်ပြည့် မျက်နှာဖေါင်းဖေါင်းနှင့် ခင်စရာ မျက်နှာပေးရှိသည်။ ဒါပေမယ့် ပန်းအိဖြူ ဆီ လာကြသူတို့ ထုံးစံထင်သည် ကြည့်သောအကြည့်ကတော့ ဂျစ် ကန် ကန် နှင့်။

လက်ထဲမှာ ကိုင်လာသည့် စက္ကူအိတ်ကလေးကို ဘေးမှာချပြီး မင်းခန့် ဘေးက ခုံတန်း ရှည် မှာစွေ့ကနဲ ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးသည်နှင့် သူမ လုပ်သမျှကို လိုက်ကြည့် နေ သောမင်းခန့် ကို အင်္ကျီအိတ်ထဲက စာရွက်ခေါက်ကလေး တခုထုတ် ပေး ၏။ စကား တ ခွန်းမှ မပြောပါ။ အ များ အ နေသလား ဟုတွေးရင်း စာကို ယူဖွင့်ကြည့်လိုက် မိသည်။

“ ညီမလေး ပန်းအိဖြူ

ဒီစာကို ညီမလေး ဖတ်ခွင့်ရပါစေလို့ ဘုရားမှာ ဆုတောင်းပြီးရေးလိုက်ပါတယ်။ သူများ တွေ ဘယ်လိုပြောကြပြောကြ မချို ရဲ့စာကို ညီမလေး ဖတ်နိုင်လိမ့်မယ်လို့ လည်းယုံကြည်တယ်။ မချို ထွက်သွားရတဲ့ အတွက် စိတ်ဆိုးရင်လည်း ဆိုးပါ။ ဒါပေမယ့် ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။ အရင်က ညီမလေးနဲ့ ပြောခဲ့ ဖူးသလိုပေါ့။ မချို တို့ ဘဝတွေဆိုတာကကိုယ့် စိတ်ထဲမှာ ရှိတဲ့ အတိုင်း လုပ်နိုင်ခွင့်မှ မရှိကြတာ။

ဆရာဝန်ကြီးတွေကို မချိုသေသေချာချာ စောင့်ပြီးမေးပါတယ်။ မျှော်လင့်ချက် မရှိနိုင်တော့ ပါဘူးလို့ ပြောကြတဲ့ အတွက် သွားစရာ ရှိတာကို သွားဖို့ရင်နာနာ နဲ့ ဆုံးဖြတ်လိုက်ရတယ်။ဒါပေမယ့် ညီမလေး အတွက် မချို စိတ်မလျှော့ဘူး ဆိုတာပြချင်လို့ ကြည်မာ့ ကို ဒီစာလေး ပေးခဲ့တယ်။ ကြည်မာက လည်း မချို မရှိတဲ့ နောက်ပိုင်း ညီမလေး ကို သူ့ တာဝန်ထားပါလို့ ကတိပေးပါတယ်။

ကြည်မာက စိတ်ထားကောင်းပါတယ် ညီမလေးရယ်၊ မချို မရှိတဲ့ အချိန်မှာ ညီမလေးတို့ ခင်ခင် မင်မင် နေကြပါ။ မမ ဖုန်းဆက်လို့ ရတာနဲ့ စတိုးဆိုင်ကို လှမ်းဆက်မယ် သိလား၊ညီမလေး ရဲ့ သတင်းကောင်းကို ကြား ရမယ်လို့လဲ မျှော်လင့် နေပါတယ်။ နောက် နှစ်နှစ် ကြာရင်တော့ မချို ဆက်ဆက်ပြန်လာမှာပါ။

တဇွတ်ထိုး မလုပ်ပါနဲ့ ညီမရယ်။ မချိုပြန်လာတဲ့ အချိန်ကျရင် ညီမ အိဖြူကို တည်ငြိမ်အေး ချမ်းတဲ့ ဘဝလေးတခုနဲ့ စိတ်ချမ်းသာနေတာ မြင်ရဖို့ မချို နေ့ တိုင်းဆုတောင်း ပေးနေ မှာပါ။

ညီမလေးရဲ့ မချို”

မချို ဆိုတာ ပန်းအိဖြူကို တော်တော်ခင်မင် ပုံရသည်။ ညီအမ အရင်းအချာတွေ တော့ မဖြစ်နိုင်လို့ ထင်မိသည်။ အရင်း အချာထဲက ဆိုရင် အခုလိုမျိုးပန်းအိဖြူ အတွက် အသက်ရှင်ဖို့ မျှော်လင့်ချက် မဲ့ နေသည့် အချိန်မှာ ဘယ်လို အကြောင်းနှင့်မှ စွန့်ခွာ ထွက်သွား မည် မဟုတ်ပေ။ အနည်းဆုံးတော့ နာရေးကိစ္စ ကိုဆောင်ရွက်ပေးဖို့ စောင့်နေလိမ့်မည်။

စာထဲက ကြည် မာဆိုတာ ရှေ့မှာ ထိုင်နေသည့် ကောင်မလေး ပဲဖြစ်မည်လို့ ထင်သည်။ စာ ဆုံး အောင်ဖတ် ပြီးသွားတော့ နှုတ်က အမှတ်တမဲ့ လိုလို နှင့်ခေါ်ကြည့်လိုက်သည်။

“ ကြည်မာ”

“ ဘာတုန်း”

ထူးလိုက်သည့် အသံက ခပ်တင်းတင်း ဖြစ်သည်။ စမ်းသပ်ချက်အောင်မြင်သွား၍ မင်းခန့် စိတ်ထဲကနေကြိတ်ပြုံးမိသည်။ ကြည်မာဆိုသည့် ကောင်မလေးကို အကဲခတ်ကြည့်လိုက်မိပြန်၏။ အသက်ကတော့ နှစ်ဆယ်ကျော် အစိတ်ဝန်းကျင် ရှိမည် မှန်းရ၏။ မျက်နှာလေး က ကလေး အနည်းငယ်ဆန် တော့ အစိတ်ထက်လည်း ငယ်နိုင်သည်။ ပန်းအိဖြူ နှင့်ကြည်မာ၊ နောက်ပြီးတော့ မချို ဆိုသည့် အမျိုးသမီး။ သူတို့ တွေဘယ်လို ပတ်သက်ကြ သည်ဆို တာကိုတော့ မင်းခန့် မမှန်းနိုင်သေး။ မင်းခန့် ဘာမှမပြောရသေးခင် ကောင်မလေးက လေသံတင်းတင်းနှင့် အရင်စပြော၏။

“ ငါသိပါတယ်၊ နင် မချိုကို အပြစ်တင်ချင်နေတယ် မဟုတ်လား”

“ ဘာဖြစ်လို့လဲ”

“ နင်ဆေးရုံတက် နေတဲ့ အချိန်မှာ နိုင်ငံခြားထွက်သွားလို့လေ”

“ အော်”

မချို နှုတ်ဆက်စာရေးရခြင်း အကြောင်းကို မင်းခန့် နားလည်လိုက်သည်။

“ ဘယ်တုန်းက သွားတာလဲ”

“ မနေ့ ညနေကပဲ၊ ဒီမယ် အိဖြူ နင်အပြစ်တင်ချင်ရင် ငါ့ကိုတင်၊ မချိုကို အပြစ်မတင်နဲ့၊ မချိုကို ငါအတင်းလွှတ်လိုက်တာ၊ သူ့မှာ ဒီအတွက် ရှိတာအကုန်ရင်းထားရတာ နင်လဲသိတယ်၊ သူဒီမှာ ရှိနေလို့လည်း နင့်အတွက် စိတ်ပူနေရုံအပြင် ဘာမှ မတတ်နိုင်ဘူး၊ သူက ဆရာဝန်လဲ မဟုတ်ဘူး၊ ဆရာဝန်တွေ ကိုယ်တိုင်ကလည်း မရနိုင်တော့ပါဘူး ဆိုလို့ ငါ အတင်း တွန်းလွှတ်လိုက်တာ နင်အပြစ်တင်ချင် ငါ့ကိုတင်၊ ငါကတော့ နင်အပြစ်တင်လဲ ဂရုမစိုက်ဘူး၊ စိတ်ဆိုးလဲ ဂရုမစိုက်ဘူး”

ဒီတယောက်ကလည်း ရန်စွယ်နဲ့ ငေါငေါ ပင် ဖြစ်နေသည်။ ပန်းအိဖြူကို ရန်လို သူတွေဒီ လောက်များ နေတာ အကြောင်းတခုခု တော့အမှန်ရှိရမည်။ ကြည့်ရတာ ပန်းအိဖြူဆိုတာ ခပ်ဆိုးဆိုး ခပ်စွာစွာ မိန်းမ ဖြစ်ပုံရသည်။

“ နင်နေ ပြန်ကောင်းလာတာကို သိရင် မချို အရမ်းဝမ်းသာမှာပါ၊ ဆရာဝန်တွေက ဘာ ဖြစ်လို့ မရတော့ဘူး ပြောကြတာလဲ”

သူမ၏ အလုပ်နှင့် ဆိုင်သောကိစ္စ ရောက်လာလို့ ထင်ပါသည်။ မတင်တင်အုံး သိုးမွှေးထိုး နေရာက ထလာ၏။

“ မရတာ မဟုတ်ဘူး၊ သေတောင်သွားသေးတယ်”

“ ဘယ်လို”

ကြည်မာ မတင်တင်အုံး ဖက်ကို မကြည်မလင်နှင့် လှည့်သွားသည်။ သေဆုံးပြီဟု သတ် မှတ် လိုက်ပြီး သယ်ယူသွားတော့မှ သတိပြန်လည်လာခြင်း ဖြစ်ကြောင်း ၊ အသက်လည်းမရှူတော့၊ နှလုံးလည်း မခုန်တော့၊ သူငယ်အိမ်က ဘယ်လို စသည်ဖြင့် စီကာပတ်ကုံး ရှင်း ပြလိုက်တော့ ကြည်မာ ပါးစပ် အဟောင်းသားလေး နှင့် ဖြစ် သွားသည်။ မင်းခန့် ကိုလည်း အခုမှ မြင်ဖူးသူတယောက်လို မျိုးတအံ့တသြနှင့် ကြည့်သည်။

“ ဒါကြောင့် မချိုက သူစိတ်တွေအရမ်းလေးနေတာပဲ၊ လေဆိပ်က ပြန်ရင် နင့်ဆီကိုသွား ကြည့်ပါဆိုပြီး ငါ့ကို အတင်းတွန်း လွှတ်တာကိုး၊ ငါက ဘယ်လိုလုပ်လာမလဲ မိုးချုပ်နေပြီ၊လာဖို့ ရောပြန်ဖို့ ရော အဆင်မပြေတော့ဘူး”

“ ရပါတယ်”

မင်းခန့် အလိုက်သင့်ပြောလိုက်သည့်စကားကို မကြားသလိုနှင့် ကြည်မာ မျက်နှာလွှဲသွား သည်။ မတင်တင်အုံး လည်း မျက်ခုံးလေး ပင့်ကြည့်ပြီး သူမ နေရာ ပြန်သွားထိုင်၏။ ကြည်မာက သူယူလာသည့် စက္ကူအိတ် ထဲက ပိုက်ဆံအိတ် ကလေးတလုံး ထုတ်ထားလိုက် ပြီး စက္ကူ အိတ်ကို မင်းခန့် ရှေ့မှာချပေးလိုက်သည်။

“ နင့် ဖို့ အဝတ်အစားတွေယူလာတယ်၊ နင့်ပစ္စည်းတွေ ကိုင်ရင် နင်ကကြိုက်ချင်မှ ကြိုက် မှာဆိုတော့ မချို ထားခဲ့တာတွေပဲ ယူခဲ့တယ်၊ သစ်တဲ့ဟာတွေ  ရွေးယူလာတာ၊ ရော့ ..ငါလဲ ပြန်တော့ မယ်”

ထိုင်ရာကနေ ထရပ်လိုက်တော့ မင်းခန့် စိတ်လေသွားသည်။ ဒီကောင်မလေးကို မပြန်စေ ချင်သေးပါ။ သူမ ဆီက မင်းခန့် သိချင်တာ တွေ အများကြီးရှိသည်။

“ မြန်လိုက်တာ”

စိတ်ပျက်လက်ပျက်နှင့် ပြောမိတော့ကြည်မာ ခေါင်းခါသည်။

“ ငါအလုပ် သွားရဦးမယ်၊ ပျက်တာ နှစ်ရက်ရှိပြီ။ တနေ့က နင့်ကိစ္စ တွေ မချိုနဲ့ လိုက်နေ ရလို့၊ မနေ့က မချိုကို လေယာဉ်ကွင်း လိုက်ပို့ နေရလို့ အလုပ်မဆင်းနိုင်ဘူး”

“ ဘယ်နိုင်ငံ သွားတာတုန်း”

လွှတ်ကနဲ မေးလိုက်မိတော့ကြည်မာ မျက်လုံးပြူးကြည့်သည်။

“ မလေးရှားလေ၊ နင်ဦးဏှောက်ပျက်သွားပြီလား”

“ မေ့ ...မေ့ သွားလို့ပါ”

“ နင်တော်တော် မချိုကို ဂရုစိုက်တာပဲနော်၊ အေးလေ ငါ့ကိစ္စ မဟုတ်ပါဘူး၊ ငါနောက်နေ့ တွေလည်းလာပါမယ်၊ မချိုကို ငါပေးထားတဲ့ ကတိ မဖျက်ပါဘူး”

လှည့်ထွက်သွားသည့် ကြည်မာ့ကို မင်းခန့် နောက်ကနေငေးကြည့်နေမိသည်။ အနက် ရောင်ယောထမိန် အောက်တွင်ကြည်မာ့တင်ပါးက စွင့်စွင့်ကားကားနှင့် တင်းနေသည်။ ကြည်မာ အပျိုစစ်စစ် ဆိုတာမင်းခန့် ကြိုက်သည့်ကြေးထပ်ပြီး လောင်းရဲပါ၏။ ပိန်မှလှ သည် ထင်ကြသည့် ဒီလိုခေတ်ကြီးမှာ ကြည်မာ့ လို အဆက်အပေါက်မျိုး ရှားသည်။

“ ဒါနဲ့၊ မီတာဘေလ် လာသွားပြီသိလား၊ လေးထောင့်ရှစ်ရာကျတယ်၊ တယောက်ကို ထောင့် ခြောက်ရာ၊ နင့် အတွက် မချိုပေးသွားတယ်”

ရုတ်တရက် လှည့်ပြောလိုက်သောကြောင့် တင်ပါးကို လိုက်ကြည့်နေရာမှ ကယောင်က တန်းနှင့် ခေါင်းညိတ်ပြလိုက်ရသည်။ ဘာမှမသိသည့်ကြည်မာကတော့ တင်ပါးကိုလှပစွာလှုပ်ရမ်းပြီး ထွက်သွားသည်။ နောက်က လိုက်ကြည့်နေသော မင်းခန့်ကို မတင်တင်အုံးက လှမ်းမေးသည်။

“ တအိမ်ထဲနေကြတာလား”

“ ဟုတ်တယ်”

မီတာခကို သုံးယောက်မျှခံရသည် ဆိုကထဲက ဒီတစ်ခုကတော့သေချာပါသည်။ ပန်းအိဖြူ မှာ နေစရာနေရာတခုတော့ ရှိသည်ဟု မင်းခန့် သိခွင့်ရလိုက်ခြင်းလည်း ဖြစ်ပါ၏။ ရှေ့ ဆက်ပြီးဘာတွေဖြစ်လာဦးမည် ဆိုတာတော့ မင်းခန့် မှာသိနိုင်စွမ်း မရှိသေးပါ။

“ အဝတ် အစားရောက်ပြီဆိုရင် လဲလိုက်ပါလား၊ ရှင်ဒါတွေနဲ့ ဘယ်နှစ်ရက် ရှိပြီလဲ၊ လဲပေး ရမလား”

“ ရပါတယ်”

ကိုယ့်အတွေးနှင့် ကိုယ်ငြိမ်နေမိသည့် မင်းခန့်ကို မတင်တင်အုန်း လှမ်းသတိပေးမှ ရှေ့မှာ ချ ထားသည့် စက္ကူအိတ်ကို သွန်ချကြည့်လိုက်သည်။ ကျွပ်ကျွပ်အိတ် နှင့် ထုပ်ထားသည့်အဝတ်တွေ ထွက်လာ၏။ ဖြေကြည့်လိုက်တော့ ထမိန်နှစ်ထည်၊ အင်္ကျီနှစ်ထည်နှင့် ဂါဝန် ရှည် တထည်ထွက်လာသည်။ ကြည်မာပြောသွားသလို မချိုဆိုသည့် အမျိုးသမီး၏အဝတ် တွေပဲ ဖြစ်လိမ့်မည်။ အားလုံး အသစ်နီးပါး အတိုင်းရှိ၏။

ရမ္မက်စိတ်ထရင် မိန်းမတွေပေါင်ကြားထဲ ခေါင်းထိုးသွင်းပြီး လုပ်ချင်ရာလုပ်တတ်သော် လည်း မိန်းမ အဝတ်အစားဆိုတာ ဘုန်းနိမ့်တတ်သည်ဟု စိတ်ထားတတ်သည့် ယောက်ျားတွေထဲမှာ မင်းခန့်လည်းပါသည်။ ဒါပေမယ့် အခုအချိန်မှာတော့ မင်းခန့်မှာ ရွေးချယ်စရာ မ ရှိတော့။ သက်ပြင်းချပြီးနောက် ဂါဝန်ရှည်ကိုပဲ ကောက်ဆွဲလိုက်သည်။ ထမိန်တော့ဝတ်လို့ မဖြစ်။ မင်းခန့် ပုဆိုးပဲ ဝတ်တတ်သည်။

“ ရှင် အဲဒါဝတ်မလို့လား”

အနားရောက်လာသည့် မတင်တင်အုန်းက မေးသည်။

“ အင်း”

“ ကြည့်လဲ လုပ်ပါဦးမမရယ်၊ ဂါဝန်ကြီးနဲ့ ဆိုရင် ရှင့်ကိုဆေးထိုးတိုင်း ကျုပ်တို့က အကုန် လှန်တင်နေရမှာပေါ့၊ ရှင့် ခြေထောက်တွေက တော့ လှပါရဲ့၊ ဒါပေမယ့် ဒီမှာ အမျိုးသား ဆရာဝန်တွေလဲ ရှိတယ်၊ ရော့ရော့ ဒါပဲဝတ်”

အဝါဖျော့ဖျော့ အကျ ႌတထည်နှင့် စိမ်းပြာရောင်မှာ အဖြူပွင့်လေးတွေဖေါ်ထားသည့် ထမိန် ကိုလက်ထဲ လာထည့်၏။ ကြုံသလိုလုပ်ရတော့မည်ဟု စိတ်ကိုတင်းပြီး ပေးတာကိုယူ လိုက်ရသည်။ ကုတင်အောက်ကို ဆင်းပြီး ရေချိုးခန်းဖက်ကို သွားတော့ မတင်တင်အုန်း က

“ ဟိုမှာ သွားလဲမလို့လား၊ မရှက်ပါနဲ့ တော်၊ ရှင့်ကို ကျုပ်တို့က ရောက်ကထဲက မမြင်ချင်အ ဆုံး အကုန်လုံး မြင်ထားပြီးသားပါ”

ဒီမှာတော့လဲလို့ မဖြစ်။ မင်းခန့် စိတ်မလုံပါ။  ဘာမှ ပြန်မပြောဘဲ သွားဖြဲပြပြီး ဆက်သွား တော့ နောက်က လှမ်းခေါ်ပြန်သည်။

“ ကဲ ..ဒါဆိုလဲ၊ ဒါလေးပါလုပ်ခဲ့”

“ ဘာလုပ်ဖို့လဲ”

ပုလင်းလေးတလုံး လှမ်းပေးသည်ကို နားမလည်လို့ မေးမိသည်။

“ ဆီးစစ်ရမယ်လေ၊ ရှင့်မှာ ပေါက်စရာရှိရင် တခါထဲ ပေါက်ထည့်ခဲ့၊ ရှိမှာပါ၊ ရှင်ရေတွေ ချည်း သောက်နေတဲ့ ဟာကို”

ဆရာဝန်ကြီးမလာခင် မင်းခန့် ရေတွေသာ သောက်နေခဲ့ရသည်။ မတတ်သာပဲ ယူလိုက် ရပြီးနောက် အိမ်သာတံခါးဝ နားရောက်တော့ မတင်တင်အုန်းက ထပ်အော်ပြန်သည်။

“ ကြည့်လဲ ပေါက်ဦးနော်၊ တော်ကြာ ပုလင်းထဲကို ရှူရှူးမဝင်ဘဲ ရှူရှူးထဲကို ပုလင်းဝင်နေ ဦးမယ် ဟား ..ဟား”

ဆန်ပြုတ်နည်းနည်း ဝင်ထားလို့ မနက်ကလောက်တော့ ကတုန်ကရီ မရှိတော့ပါ၊ ဒါပေမယ့် ပုလင်းတဖက် အဝတ်အစားတွေ တဖက်ကိုင်ပြီး ဘယ်ဟာကို အရင်လုပ်ရမည် ဆိုတာ မင်းခန့် ဝေခွဲမရဖြစ်နေသည်။ နောက်တော့မှ ဆီးအရင် ယူမည်ဟု ဆုံးဖြတ်လိုက် သည်။ ဆုံးဖြတ်ချက်မှန်သွားပါ၏။ ပုလင်းထဲကို ရှူရှူးဝင်ဖို့ မင်းခန့် တော်တော်အား ထုတ်လိုက်ရသည်။

တင်ပါး ကို အိမ်သာခွက်နှင့် မထိစေရန် ခပ်ကြွကြွလေး ထိုင်ပြီး ရောက်မည်  ထင်သည့် နေရာလောက်မှာ ပုလင်းကို ကိုင်ထားပြီးပေါက်ချလိုက်ရာ အမှန်းလွဲပြီး လက်ပေါ်ကို အရည် နွေးနွေးတွေလာကျ၏။ မရလိုက်မှာစိုးတာနှင့်ဘဲ မကြည့်ချင်သည့် မြင် ကွင်းကို ကြည့်ရင်း ပုလင်းနှင့် လိုက်ခံရသည်။ ပုလင်းလေးနှင့် အပြည့်ဝါညစ်ညစ်အရည် တွေ ရလိုက်သော် လည်း ပုလင်းရော လက်ပါစိုရွှဲကုန်သည်။

“ ဒုက္ခပါပဲ”

ဓါတ်ခွဲသည့် နေရာကို သွားပို့ ပေးရမည့် မတင်တင်အုန်းကို အားနာတာကြောင့် ပုလင်းကို အဖုံး သေသေချာချာ ပြန်ဖုံးပြီး အပြင်ကနေ ရေစင်စင်ဆေးလိုက်သည်။ ပြီးတော့မှ တစ်သျှူး နှင့် ပြောင်စင်အောင် သုတ်လိုက်၏။ အလုပ်ရှုပ်သွားတာကြောင့် မမြင်ချင်ပဲ မြင် ခဲ့ရ သည့် ပန်းအိဖြူ၏ အောက်ပိုင်း မြင်ကွင်းပင် မင်းခန့် မျက်လုံးထဲက ပျောက်သွားသည်။

ပန်းအိဖြူ နာမည်နှင့် လိုက်အောင် အသားဖြူသည် ဆိုတာကိုပဲ သိလိုက်သည်။ပုလင်းသန့် သွားတော့မှ လူကိုလည်းသန့်ရှင်းရေးလုပ်ပြီး အဝတ်လဲဖို့ ပြင်ရသည်။ ထမိန် ကို အသပ်ရပ်ဆုံးဖြစ်အောင် ကြိုးစားရင်း နဖူးမှာချွေးတွေ တောင်စို့၏။ လောလောလတ်လတ် မနက်တုန်းက နော်မြင့်မြင့်မူ ဝတ်သွားသည့် မြင်ကွင်းကို မျက်စိထဲမှာ ပြန်မြင်ယောင် ကြည့်ရင်း တဖြည်းဖြည်းချင်း လိုက်လုပ်ကြည့်ရသည်။ တော်တော်လေး သပ်ရပ်သွားသည်ဟု ထင်တော့မှ အင်္ကျီလဲလိုက်သည်။ ဒါကတော့ ဘာမှ မခက် ကြယ်သီးလေး တပ်လိုက် ရုံသာ။

“ ကြာနေလို့ ကျုပ်က ရှူရှူးထဲ ပုလင်းဝင် နေပြီလားလို့၊ ဟား ..ဟား ..နောက်တာနော်၊ ဒီလို ကျတော့လဲ ရှင်က ကြည့်ကောင်းသားပဲ၊ ရောက်တဲ့ နေ့ကတော့ အတိုနဲ့ အကြပ် နဲ့ဆိုတော့ ကိုရီးယားမ ပုံပေါက်နေတယ် ”

မတင်တင်အုံး၏ ချီးမွမ်းစကားကို မင်းခန့် မသာယာနိုင်ပါ။ ကြိုးစားပမ်းစား ရယူလာ သည့် ပုလင်းလေးကို မတင်တင်အုံး လက်ထဲထည့်ပေးလိုက်သည်။

“ ကျန်တဲ့ အဝတ်တွေ ဘီရိုအောက်ထပ်မှာ ထားလိုက်တယ်သိလား၊ ဟိုကလေးမကလဲ အန်ဒါဝဲယာ တော့ ယူမလာဘူး၊ နောက်တခါလာရင် ပြောလိုက်ဦး၊ ကြာရင် ရှင်ဝဲ ပေါက် လိမ့်မယ်”

“ ဟုတ်ကဲ့”

“ အလိုတော် မသက်ပြင်း၊ ရှင်ကတော့ လုပ်ချလာပြန်ပြီ”

“ ဘာဖြစ်လို့လဲ ၊ နည်းနည်းပဲ ယူရမှာလား၊ ပြန်သွန်လိုက်မယ်လေ ပေး၊ ပေး”

“ အဲဒါ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်လဲ ပြန်ကြည့်ပါဦး ထမိန်က ဇောက်ထိုးနဲ့”

ယောက်ျားတွေဝတ်သည့် ပုဆိုးတွေအများစုက ဒီလိုပဲ ကောက်စွပ်လိုက်ရုံပင်။ မင်းခန့် လည်း သတိလွတ်သွား၏။ မိန်းမ ထမိန်မှာက အထက်ဆင့် လို့ခေါ်သည့် အနက်ရောင် ပိတ်စပါသည်။အခုငုံ့ ကြည့်လိုက်တော့ အနက်ရောင် အရစ်က အောက်မှာရောက်နေ သည်။ ရေချိုးခန်းထဲ ပြန်ဝင်ပြီး အပေါ်အောက်ပြောင်းလိုက်ရသည်။ နည်းနည်း လုပ်တတ် သွားပြီဆိုတော့ အခုန လောက်အချိန်မယူလိုက်ရ ဘဲ ပြီးသွား၏။

ခြေလှမ်းရတာတော့ တမျိုးကြီးပဲ ပုဆိုးဝတ်ပြီး လမ်းလျှောက်ရတာ နှင့် မတူ ဟုတွေးရင်း ပြန်ထွက်လာတော့ မတင်တင်အုန်း ကို အပြင်မှာ မတွေ့ရပါ။ ဆီးစစ်ဖို့ သွားပေး နေ တာပဲ ဖြစ်မည်။ ကုတင်ဆီကို လေးကန်စွာလျှောက် လာပြီး လှဲချလိုက်မိ၏။ ရှေ့ဆက်ပြီး ဒီလို စိတ်ရှုပ်စရာ ရူးချင်စရာ အလွဲအချော်တွေ အများကြီး ရှိနိုင်သေးသည်။

“ ကြာရင်တော့ ရူးမယ် ထင်တယ်”

မင်းခန့် တိုးတိုးလေး ညည်းမိသည်။

.....................................................................................................

အခန်း - ၃ (ဂ)

“ ဆရာ ဟိုတနေ့က တကယ်ဆေးထိုးတာ မဟုတ်ဘူးဆို”

မင်းခန့် အမေးကြောင့် ဒေါက်တာအောင်ဇင်လတ် ခေါင်းကုပ်သည်။ ဒီနေ့ မင်းခန့် ရှိရာ တ တိယ ထပ်မှာတာဝန် ကျတာမဟုတ်ပေမယ့် သတိတရနှင့် လာကြည့်သောဆရာဝန် နှင့် စကားပြော ဖြစ်ရင်း မေးကြည့်လိုက်မိခြင်း ဖြစ်သည်။

“ ဒါ ဘယ်သူလက်ချက်လဲ၊ မူလေးလား အန်တီဆွေ လား၊ မူလေးပဲ နေမှာပါ၊ အန်တီဆွေ ကတော့ ပြောမှာ မဟုတ်ပါဘူး၊ မူလေး မဟုတ်လား”

နော်မြင့်မြင့်မူက သူမကို မပြောသလို တီဗွီကို ကြည့်နေသလို မင်းခန့် ကလည်းအဖြေမပေး ပဲ ထပ်မေးလိုက်သည်။

“ ဟုတ်သလားဆရာ”

“ အဲဒါက ဗျာ၊ ခင်ဗျားကို အိပ်အောင်ဆေးပေးထားတာပဲ၊ ကိုယ့်ဖာသာ မအိပ်တာ၊ ဆေးထိုး ချင်ယောင်ဆောင်လိုက်တော့လည်း အဟုတ်မှတ်ပြီး အိပ်ပျော်သွားတာပဲ မဟုတ်လား”

ပန်းအိဖြူ အဖြစ်နှင့် သတိပြန်လည်လာသည့်ညက အိပ်မပျော်တာနှင့် ဒေါက်တာ အောင် ဇင်လတ်ကို အတင်းဆေးထိုး ခိုင်းမိသည်။ ဒေါက်တာက ဆေးထိုးသလိုလို နှင့် အပ်နှင့်စိုက် ပြီး ညာခဲ့၏။ မင်းခန့် လည်း အဟုတ်ထင်ပြီး အိပ်ပျော်သွားခဲ့သည်။ နောက်တည အိပ်မ ပျော်တော့မှ နော်မြင့်မြင့်မူက အဖြစ်မှန်ကိုပြောခဲ့၏။

“ ပြောရရင် စိတ်ပါပဲဗျာ။ အိပ်ပျော်တာလည်း စိတ်ပဲ၊ အိပ်မပျော်တာလဲ စိတ်ပဲ၊ ခင်ဗျား စိတ်က ဆေးထိုးတယ် ထင်သွားတော့ အိပ်ပျော်သွားတာပေါ့၊ ဒါပါပဲ။ကျွန်တော်တို့ တ တွေက ဒီလိုပဲ ကိုယ့်စိတ်သတ်မှတ်ချက်နဲ့ ကိုယ် နေထိုင် အသက်ရှင်နေကြတာ မဟုတ် ဘူးလား၊ ဖြူတယ် ဆိုတာလဲ ကိုယ့်စိတ်က ထင်တာပဲ၊မဲတယ်ဆိုတာလဲ စိတ်က ထင် တာပဲ”

ပညာတတ် ဆိုတော့လည်း ဆရာဝန်က သူ့ ဆင်ခြေနှင့်သူ ဟုတ်နေအောင်ပြောတတ် သည်။ စိတ်က အရေးကြီးတယ် ဆိုတာမင်းခန့်လည်း နားလည်ပါသည်။ လက်တွေ့အခု သူစိတ် ညစ်နေရတာကလည်း စိတ်ကြောင့်ပဲ ဖြစ်သည်။ မိန်းမ ကိုယ်နှင့် ယောက်ျားစိတ် ဖြစ်နေ ရခြင်းကို ဘယ်လိုနားလည်လက်ခံရမည် မှန်းမသိဖြစ်နေသည်။

ဆရာအောင်ဇင် လတ် ပြော သလို မျိုး စိတ်ဆိုတာတူတူပဲ တခုပဲ ဆိုရင် မင်းခန့်က ကိုယ့် ကိုယ်ကို မိန်းမတ ယောက် အဖြစ်ခံယူလိုက်ရင် အဆင်ပြေသွားမလား တွေးမိသည်။ ဒါပေ မယ့် မဖြစ်နိုင်တာ ကိုယ့်ဖာသာသိသည်။ နှစ်ပေါင်းသုံးဆယ် နီးပါး အရိုးစွဲလာသည့် စိတ် ကို၊ အကျင့်စရိုတ် တွေကို ပြောင်းလည်းပစ်လို့ ရမည်မထင်ပေ။

နောက်ပြီး မိန်းမ ဆိုတာ မင်းခန့် အတွက် အဖြေဖျော်ခံ၊ အသုံးတော်ခံ တခုသာဖြစ် သည်။ သူတို့၏ ရုပ်ရည်၊ သူတို့၏ ကိုယ်ခန္ဓာက မင်းခန့်ကို သာယာကျေနပ်မှုပေးစွမ်းနိုင်သည်။ ခု ချိန်မှာတော့ မင်းခန့် ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး သာယာကျေနပ်မှု မဖြစ်တာ အမှန်ပဲဖြစ် သည်။ အဝတ်အစားလဲချိန်၊ အိမ်သာဝင်ချိန်များတွင်အမှတ်မထင်မြင်ရတာ မျိုးကလွဲလို့ မင်းခန့် မှန်တောင်မကြည့်ဖြစ်ပါ။

မင်းခန့် သိသလောက်ဆိုရင် ပန်းအိဖြူသည် အလုံးအရပ် အနေတော်လို့ပြောရမည့် မိန်းမ တယောက်ဖြစ်သည်။ ပိန်တဲ့ ထဲမှာလည်း မပါသလို ဝလည်းမဝ။ အရပ်က မြင့်သည်လို့ သတ်မှတ်လို့ မရပေမယ့် အရပ်နိမ့်တယ်ဟုလည်း မဆိုနိုင်ပေ။ ပုခုံးအထိရောက်သော အ ညိုရောင် ဆံပင်တွေရှိသည်။ ထိုဆံပင် အဖျားတွေက တခါတလေကျရင် ပုခုံးကို ယား ကျိ ကျိ ဖြစ်စေ၏။ အညိုရောင်ကတော့ ပင်ကိုယ်မဟုတ်နိုင်ဆေးဆိုးထားတာပဲဖြစ်မည်။နောက် တခု မင်းခန့် အံ့သြမိတာက ပန်းအိဖြူသည် အသက်၂၂ နှစ်သာရှိသေးသည်။ မတင်တင် အုန်းက ရွယ်တူလိုပြောဆိုဆက်ဆံနေတာကြောင့် မင်းခန့်က သုံးဆယ်ဝန်းကျင် လောက် ဟု ထင်ထားခဲ့သော်လည်း အနည်းငယ်ထူထူထောင်ထောင် ဖြစ်လာချိန်မှာ ပျင်း ပျင်းနှင့် လူနာမှတ်တမ်း ကိုဖတ်ကြည့်မှ ရှေ့ဆုံးမှာရေးထားသည့် အသက်ကို မြင်ရခြင်းဖြစ် သည်။

လက်ကိုင်အိတ်ထဲမှာ ကွန်ဒွန်တွေ့ရသည့် အတွက် ပန်းအိဖြူသည် အိမ်ထောင်မရှိရင် တောင်မှ အပျိုစင်မဟုတ်နိုင်ပါ။ မင်းခန့် ရရစ်နှင့် လူပြို လုပ်သလို သူမသည်လည်းရရစ် နှင့် လုပ်သည့် အပြိုဖြစ်ရမည်။ သို့ဆိုပါလျှင် သူမ နှင့် ပတ်သက်သည့် ချစ်သူသို့ မဟုတ် ယောက်ျားသားတယောက် ရှိနိုင်သည် ဆိုသည့် အတွေးက မင်းခန့်ကို ကျောချမ်းစေ သည်။ ဝမ်းသွားချင်သလိုလို၊ အဖျားပဲ တက်ချင်လာသလိုလို နှင့် မအူမလည်ကြီးခံစား ရ သည်။ ကံကောင်းထောက်မစွာဖြင့် အခုချိန်အထိတော့ ပန်းအိဖြူ

ထံသို့ ယောက်ျားသား တ ယောက်တလေမှ ရောက်ရှိမလာသေးပေ။ ထို့ကြောင့် မင်းခန့် လည်း နည်းနည်း အ သက် ရှူချောင်နေသည်။ ဒီလို မအီမလည် ဖြစ်တိုင်းမင်းခန့် မေတ္တာ ပို့တတ်တာက စော စောစီး စီး သင်္ဂြ ိုလ် လိုက်ကြသည့် သူငယ်ချင်းတွေ နှင့် မဆင်မခြင် ထားရစ်ခဲ့ကြ သော ဟို တမ လွန်က ပုဂ္ဂိုလ် ကျော်တွေကိုဖြစ်သည်။

အိပ်ယာက နိုးလာတိုင်း အိပ်မက်တခုကနေ လွန်မြောက်လာခြင်းဖြစ်မည်လားဟု ကိုယ့် ကိုယ်ကို ပြန်စမ်းကြည့်မိသည်။ ရင်သားမို့မို့ တွေက ရှိမြဲတိုင်းရှိနေရင် စိတ်မသက်သာစွာ ဖြင့် သက်ပြင်းချရမြဲဖြစ်၏။ နောက်ပြီး ထိုရင်သားတွေက လူလှုပ်ရှားတိုင်း လိုက်ပြီးတုန် ခါနေသလို ခံစားရ၏။ပန်းအိဖြူ ဘဝတွင် မင်းခန့် ဘယ်လောက်အထိ အသားကျအောင် နေနိုင်မည်နည်း။ အခုအချိန်မှာ နှစ်ပေါင်းများစွာအကျင့်စွဲလာသည့် ယောက်ျားတ ယောက် လို ပြောဆိုနေထိုင်ခြင်းကို ထိန်းချုပ်နေရတာက လည်းပင်ပန်းလွန်းသည်။တတ် နိုင် သ လောက် စကားများများ မပြောမိအောင်ထိန်းရသည်။

ပန်းအိဖြူ ဆိုသည့် ဘဝကလည်း သိပ်ပြီး ဘဝင်ကျချင်စရာ မကောင်းပါ။ ခုချိန်ထိ ပန်း အိ ဖြူ နှင့် ပတ်သက်သူ သုံးဦးကို သာ မင်းခန့် ရင်ဆိုင်ရသေးသည်။ တွေ့ရသလောက်ထိုသုံး ဦး၏ ဆက်ဆံပုံတွေကလည်း မကောင်းပါ။ ဆေးကုသစရိတ် ထုတ်ပေးနေသည့် မမြတ်စု နှင့် သူ့ညီမ၏ ဆက်ဆံပုံက ခက်ထန်လွန်းသလို ကြည်မာ၏ ဆက်ဆံပုံကလည်းပန်းအိဖြူ နှင့် ရန်ဖြစ်ဖို့ သူမဖက်က အမြဲအသင့် ဖြစ်နေသလိုပင်။

ဟိုညီ အမ နှစ်ယောက်က ငွေတသိန်း လာပေးပြီးထဲက မလာတော့။ အောက်ဆုံးထပ်က ရုံးခန်း ကိုတော့ ငွေကြေးကိစ္စ ရှင်းလင်းဖို့လာသည်ဟု မတင်တင်အုံးက ပြောသည်။အပေါ် ကို လုံးဝတက်မလာ။ တက်မလာတာပဲ ကောင်းသည် မင်းခန့် ကလည်း သူတို့ နှင့် မတွေ့ ချင်ပါ။

ကြည်မာကတော့ တမျိုးဖြစ်သည်။ မင်းခန့် အခြေအနေကိုတော့ လာကြည့်သည်။ ဒါပေ မယ့် လာရင်လည်း ခနတဖြုတ်သာ။ သူမကိုကြည့်ရသည်မှာ မချိုကို ကတိပေးထား လို့လာနေရသောလည်း ပန်းအိဖြူ နှင့် လုံးဝ မပတ်သက်ချင်သည့် သဘောမျိုးရှိသည်။ ဒုတိ ယ တခေါက် ရောက်လာစဉ်က မင်းခန့် မေ့နေသော်လည်း သတိတရရှိသည့် မတင်တင် အုံးက အတွင်းခံတွေ ယူခဲ့ဖို့ ပြောတော့ပိုသိသာရသည်။

“ မချို ဟာတွေက သူနဲ့ တော်မှာမဟုတ်ဘူး”

“ ဟုတ်ဘူးလေကွယ်၊ ဒီကလေးမကလဲ ရှင့်သူငယ်ချင်း ဟာတွေကိုပြောနေတာ၊ တအိမ် ထဲ နေကြတာဆို”

“ ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ...သူ့ သေတ္တာက သော့လည်းခတ်ထားသေးတယ်၊ ဟို ..လေ..ဟို”

မင်းခန့် ကိုသာဆိုရင် ကြည်မာ ပြတ်ပြတ်သားသား တခုခု ပြောချလိုက်မှာသေချာသည်။ မ တင်တင်အုံး ဖြစ်နေလို့ ဝေ့လည်လည် တွေလျှောက်ပြောနေခြင်း ဖြစ်သည်။ သော့ ဟုဆို လိုက် သည်နှင့် လက်ကိုင်အိတ်ထဲက သော့တွဲလေးကို မျက်စိထဲ ပြေးမြင်လိုက်လို့ မင်း ခန့် ထုတ်ပေးလိုက်မိသည်။ ကြည်မာကြောင်ကြည့်နေသည်။ ချက်ချင်း လှမ်းမယူ

“ ကဲ ...သော့ပေးနေပြီလေ”

မတင်တင်အုံး ဝင်ပြော လိုက်မှ ကြည်မာ တုံ့ဆိုင်းစွာဖြင့်လှမ်းယူသည်။

“ ဒါ ..နင် ပေးတာနော်၊ ပြီးတော့မှ ဟိုဟာဖြစ်လို့ ဒီဟာ ပျောက်လို့ နဲ့ မလုပ်နဲ့”

“ မ ..မ ..လုပ်ပါဘူး”

“ ငါကလဲ နင်မှာတာပဲ ယူမယ်၊ ကျန်တာ မကိုင်ဘူး၊ ဘာယူလာပေးရမှာလဲပြော”

မင်းခန့် ဘာပြောရမှန်းမသိပါ။ ကြည်မာပြောသည့် သေတ္တာ ထဲမှာ ဘာတွေဘယ်လို ရှိ တယ် ဆိုတာကိုလည်း သူမသိ။ မတင်တင်အုံး ပဲ ဝင်ပါရသည်။

“ ဒီကလေးမလေးတွေကတော့လေ၊ ဘယ်လိုမှန်းတောင် မသိတော့ပါဘူး၊ အဓိက ကတော့ ဘရာစီယာပဲ၊ နှစ်ထည်သုံးထည် လောက်ပဲ ယူခဲ့ပေါ့။ ပင်တီ ယူမလာလဲ ရတယ်၊ တထည် လောက် ယူချင်ယူခဲ့၊ အင်္ကျီလုံချည်က တော့ ဒီနေ့ ထပ်ယူလာတာတွေနဲ့ ဆိုရင် လောက် ပါ တယ်၊ ဝတ်ပြီးသားက ဒီမှာ လျှော်ခိုင်းလည်းရတယ်”

ကြည်မာက အဆုံး အဖြတ်တောင်းသလို မင်းခန့် ကိုလှမ်းကြည့်သည်။

“ အင်း ...မမအုန်း ပြောသလိုပဲ လုပ်လိုက်ပါ”

“ ဒါဆိုလဲ ပြီးရောလေ၊ မနက်ဖြန် မနက်စောစောငါလာခဲ့မယ်၊ နေ့ခင်းသွားစရာ ရှိလို့”

ပြောပြီးတာနှင့် ကြည်မာထပြန်သွားသည်။ အညိုရောင်စကပ်ရှည် အောက်မှာ ကြည်မာ့ တင်ပါးတွေက မင်းခန့်ကို တသိမ့်သိမ့် နှုတ်ဆက်သွားသည်။

“ ရှင်တယောက်ထဲ ဆန်းတယ် ထင်တာ၊ ရှင့်သူငယ်ချင်းကလဲ အဆန်းပဲ”

မတင်တင်အုန်း စကားကို ခွန်းတုံ့ မပြန်တော့ပဲ မင်းခန့် ငြိမ်နေလိုက်မိသည်။ သူဘာမှ မ သိ သည့် အကြောင်းအရာတခုအတွက် မှတ်ချက်ပေးစရာ မင်းခန့် မှာမရှိပါ။ မင်းခန့် ဘာ မှမပြောတော့ မတင်တင်အုန်းလည်း သူမ၏ သိုးမွှေးလုံး နှင့် ပြန်အလုပ်ရှုပ်နေတော့သည်။ မ တင်တင်အုန်း ဝါသနာအရ ထိုးတာမဖြစ်နိုင်ပါ။ ကြားပေါက်ဝင်ငွေ အတွက်လုပ်တာဖြစ်လိမ့်မည်။ မင်းခန့် ကို လုပ်စရာရှိတာလုပ်ပေးပြီးသည်နှင့် သိုးမွှေး ထိုးတော့သည်။

နော်မြတ်မြတ်မူကတော့ တမျိုးဖြစ်သည်။ အားရင် တီဗွီ ပဲကြည့်နေတတ်သည်။ ဒါပေမယ့် သူမလည်း မင်းခန့် အပေါ်စေတနာထားပါသည်။ မင်းခန့် မှာလိုက်သည့် အတွက် အော ကတ္တီပါဖိနပ်ကလေး အခန်းထဲမှာ စီးဖို့ ဝယ်လာပေးသည်။ အစားအသောက် အတွက် ရေ နွေးဓါတ်ဗူး နှင့် ပန်းကန်ခွက်ယောက် တွေကိုတော့ မတင်တင်အုန်းက ဝယ် လာပေး သည်။ ဒီပစ္စည်း တွေကို ဆေးရုံက ဆင်းရင် သတို့ နှစ်ယောက်ကို ပေးထားပစ်ခဲ့ မည်ဟု မင်းခန့်စိတ်ကူးထား၏။

မတင်တင်အုန်းမှာ နောက်ထပ် အကျင့်တခုရှိသေးသည်။ မင်းခန့်ကို အလွန်အလှပြင်ပေး ချင်ခြင်း ဖြစ်သည်။ သနပ်ခါး အလိမ်းမခံသည့် အခါ မကြာမကြာခေါင်းဖြီးပေး တတ်သည်။ ဆံပင်ကို နောက်မှာစည်းပေးထားလိုက်၊ ဘယ်ညာခွဲပြီး စည်းပေးလိုက်၊ တခါ တလေကျ ရင် ကလစ်တွေလာထိုးပေးလိုက်နှင့် စိတ်ထဲ ကောင်းမယ် ထင်သလို လုပ်တတ် သည်။ သူမ ဘယ်လိုပြင်ပေးပေးမင်းခန့်က မှန်လုံးဝ မကြည့်သည့် အခါ နားမလည် နိုင် ဘဲ ခေါင်းကုပ်နေတတ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဆေးရုံမှာ သူတို့ နှစ်ယောက်နှင့် ဆုံခဲ့ရလို့ သာအဆင်ပြေပြေနေနိုင် ခြင်းဖြစ်သည်။ မင်းခန့် နှင့် ပိုပြီး လက်ပွန်းတတီးနေဖြစ်တာက အသက်ဆယ့်ကိုးနှစ် ပဲရှိသေးသည့် နော်မြင့်မြင့်မူ ပဲ ဖြစ်သည်။ ယုယုထက် တနှစ်ကျော်ကျော်ကြီးပေမယ့် မြင့် မြင့် မူက ယုယုလောက်မဖွံ့ဖြိုး။ သူ့ အတိုင်းအတာနှင့် သူတော့ ကြည့်ကောင်းပါသည်။ သွယ်သွယ်ကျစ်ကျစ် ကိုယ်လုံးလေးက တမျိုးဆွဲဆောင်မှု ရှိသည်ဟု မင်းခန့် ထင်မိသည်။ သူမ ၏ ကိုယ်လုံးလေး တင်းကြွလာအောင်ထမိန်ကို သေသေချာချာပြင်ဝတ်နေသည့် မြင် ကွင်းမျိုးဆိုရင် မင်းခန့် မျက်တောင်ပင်မခတ်နိုင်ပဲ စူးစိုက်ကြည့်မိတတ်သည်။ ဒီလို အ ကြည့် ကောင်းလို့လည်း ထမိန်ကို ဘယ်လိုသပ်သပ်ရပ်ရပ် ဝတ်ရသည်ဆိုတာကို အမြင် နှင့် ပင်တတ်ခဲ့သည်။

မတင်တင်အုန်း ဝတ်ရင်တော့ မင်းခန့် မကြည့်ပါ။ ကြည့်ချင်စရာလဲ မကောင်း။ မဝတ်ခင် တဗြန်းဗြန်း နှင့် သုံလေးချက်ခါလိုက်သေး၏။ ဒီလို ကဗျာမဆန်သည့် မြင်ကွင်း မျိုးကျ တော့ မျက်နှာလွှဲပြီးနေလိုက်သည်။မင်းခန့် ထူထူထောင်ထောင် ဖြစ်လာတော့ ညဖက်ဆိုရင် နော်မြင့်မြင့်မူ ဘေးမှာသွားထိုင် ပြီး တီဗွီ ကြည့်တတ်သည်။ ဒီလို ကျရင်ကောင်မလေးက မင်းခန့်ကို အားနာသည်။

“ ကုတင် ဖက်ကိုလှည့်လို့ ရတယ်အမ၊ ညီမက အမ အိပ်ရေးပျက်မှာ စိုးလို့ တမင်ဒီဖက်ကို လှည့်ထားတာ”

“ ရပါတယ်၊ ကုတင်ပေါ်က လှမ်းကြည့်ရတာဝေးတယ်”

ပျင်းပျင်းရှိတာ နှင့် မင်းခန့် တခါမှ မကြည့်ဖူးသည့် ကိုရီးယား ကားတွေ ထိုင်ကြည့်ဖြစ် သည်။ ကိုရီးယားကားက မြဝတီကလည်းလာသည်။ မြန်မာ့အသံကလည်းလာသည်။ MRTV4 ကလည်းလာသည်။ ဘယ်သွားသွားမလွတ်။ တခုပဲရှိသည်။ ထိုကားတွေ အ ကြောင်း သရုပ်ဆောင်မင်းသားမင်းသမီးတွေ အကြောင်းပြောလာရင်တော့ မင်းခန့် တခု မှ မသိပေ။

“ အမ အရင်ကမကြည့်ဘူးလား”

“ အိမ်မှာမှ တီဗွီ မရှိတာ”

“ အာ ..အမကလဲ”

ဒီခေတ်ကြီးမှာ တီဗွီ မရှိသည့် အိမ်ဆိုတာမရှိဟု ကလေးမ ထင်ထားပုံရ သည်။ဟုတ်တော့ လည်း ဟုတ်ပါသည်။ မင်းခန့်ကလည်း ပါးစပ်ထဲရှိတာလျှောက်ပြောခြင်းသာ။

“ နည်းနည်း ညောင်းလာပြီ၊ အမ ဘာကြည့်မလဲကြည့်လေ”

ဝါးကနဲ တချက်သမ်းလိုက်ပြီး မင်းခန့် လက်ထဲကို ရီမုဒ် လာထည့်ပေးသည်။

“ ဒီနေ့ စနေနေ့ မဟုတ်လား၊ ဘောလုံးပွဲ ကြည့်ချင်လို့ ဘယ်လိုပြောင်းရလဲ၊ ပြောင်းပေး ပါဦး”

ဟိုပြောင်းဒီပြောင်း နှင့် ဘောလုံးပွဲလိုင်းကို မိလိုက်တော့ မင်းခန့် ထိုင်ကြည့်နေမိသည်။ မင်း ခန့် ဘောလုံးကန်တာ ဝါသနာမပါပေမယ့်ဘောလုံးပွဲကြည့်ရတာတော့ ဝါသနာပါ သည်။ ဘောလုံးကန်တာဝါသနာမပါတာက ပင်ပန်းလို့ ဖြစ်သည်။ ဒီနေရာမှာ မင်းခန့် အ ပင်ပန်းမခံ ချင်။ ခွန်အားမဖြုန်းတီး ချင်ပါ။ ဒီလို အလကားအပင်ပန်းခံမည့် အစား မိန်းမ တယောက်နှင့် အိပ်ယာပေါ်မှာပဲခပ်ကြမ်းကြမ်း အချစ်တပွဲနွှဲပစ်လိုက်ချင်သည်။

ဘောလုံးပွဲကြည့်နေရင်း နှာဝမှာ ရှန်ပူနံ့လိုလိုခပ်သင်းသင်းလေး ရလိုက်လို့ လှည့်ကြည့် လိုက်ရာ နော်မြင့်မြင့်မူ ခုံပေါ်မှာငိုက်ရင်း မင်းခန့် ပုခုံးပေါ်ကို ခေါင်းရောက်လာသည်ကို တွေ့လိုက်ရသည်။

ကောင်မလေးက နေ့ခင်းဖက်ဆိုရင်လည်း အဝေးသင်အတွက် ကျူရှင် တွေတက်နေရလို့ ကောင်းကောင်း အိပ်ရဟန်မတူပါ။ သနားစိတ်နှင့် မင်းခန့် ငြိမ်နေလိုက် တော့ နော်မြင့်မြင့်မူ တအိအိနှင့်မင်းခန့်ဖက်ကို ငိုက်ကျလာပြီးနောက် မင်းခန့် ကိုမှီကာ အိပ်ပျော်သွားသည်။

မင်းခန့် အာရုံတွေ ဘောလုံးပွဲဆီကနေ နော်မြင့်မြင့်မူဆီ ကိုရောက်သွား၏။ ထွက်သက် လေ နွေးနွေးလေးတခုက ပုခုံးကို မှန်မှန်လေးလာရိုတ်ခတ်သည့် အခါ မင်းခန့် အာရုံတွေ က ဘောလုံးပွဲဆီမှာမရှိတော့။ နုသန့်နေသည့် မျက်နှာလေးကိုပဲ စိုက်ကြည့်နေ မိသည်။ ဒီကောင်မလေးမှာ ရည်းစားသနာ ရှိနေမလား မင်းခန့် တွေးရင်းနှင့် မနာလို စိတ် တွေ ပေါ်လာ၏။ ဒီနေ့ မူလေးဝတ်ထားသည့်

ရင်ဖုံးအကျ ႌက သူမနှင့် နည်းနည်းပွသည်။ ပုခုံးပေါ်မှာ မှီထား သည့်အတွက် ဟနေသည့်လည်ပင်းပေါက်က ငုံ့ကြည့်လိုက်သည့် မင်းခန့် မျက်လုံးတွေနှင့် တတန်းထဲဖြစ်နေသည်။ ဖြူနုသောရင်ညွှန့်လေး အသက်ရှူလိုက်တိုင်း နိမ့်လိုက်မြင့်လိုက် နှင့် လှုပ်ရှားနေသည်။ တစွန်းတစပေါ်နေသည့်ရင်သား တဖက်ပေါ်တွင် ဆွဲကြိုးက ပုလဲလုံး လေးတင်နေတာ ကစိတ်လှုပ်ရှားစရာကောင်း၏။

ပြုတ်ကျသွားမလား၊ ပြုတ်ကျသွားမလား ဟု ကြည့်နေသော်လည်း ကြိုးပါသည့် အတွက်ပြုတ်ကျမသွားဘဲ ဒီတိုင်းတင်နေသည်။ ပန်း နုရောင်ဘရာစီယာကလေးကလည်း ဖြူနုသည့် မူလေး၏အသားနှင့် လိုက်ဖက်ပြီး ကြည့် လို့ ကောင်းသည်။

ကြည့်နေရင်းကြည့်နေရင်း နှင့် လက်တအုပ်စာ မရှိတရှိ ရင်သားလေးတွေကို ကိုင်ကြည့် ချင်လာသည်။ ကောင်မလေး ရင်တဖိုဖိုနှင့် တွန့်လိမ်သွားရအောင် ခပ်ဖွဖွလေး ဆုပ်ညှစ် ကြည့်ချင်လာ၏။

မင်းခန့်၏ လက်က မူလေးရင်သားဆီကို တရွေ့ရွေ့နှင့် ဘယ်လိုရောက် သွားမလဲ ဆိုတာကိုတောင် သတိမထားမိတော့ပါ။ မူလေး၏ ရင်သားကို အပေါ်ကနေ အုပ် ကိုင်မိလျက်သားဖြစ်သွားသည်။ညှစ်ခွင့်တော့ မရလိုက်။

“ ဘာ..ဘာဖြစ်လို့လဲ အမ”

သူနာပြုပီပီ မူလေး အအိပ်ဆတ်ပုံရသည်။ ဆတ်ကနဲခေါင်းထောင်ထလာပြီး မေး၏။

“ ပ ..ပ…ပရွက်ဆိတ် တကောင်တွေ့လို့”

အယောင်ယောင် အမှားမှား ပြန်ဖြေလိုက်ပြီး တီဗွီဖက်ကို ပြန်ကြည့်နေလိုက်မိသည်။ မူ လေး ကိုယ်ကိုပြန်မတ်လိုက်သော်လည်း သူမ၏ အမူအရာကိုကြည့်ရသည်မှာ ရိပ်မိပုံ မရ သည့် အတွက်မင်းခန့် စိတ်သက်သာရ၏။

“ ဆောရီးနော် အမ၊ ညီမ အိပ်ပျော်သွားတယ်”

“ ရပါတယ်”

“ ဟာ ..ဟာ ဂိုးသွားပြီ၊ အမရေ”

ဘယ်ဖက်က ဘယ်လိုသွင်းလိုက်မှန်းတောင် မင်းခန့် မသိလိုက်ပါ။ သူ၏ အပြုအမူ အ တွက် မလုံမလဲ စိတ်ကများနေ၏။

“ အမ ...ကြည့်ပါဦး၊ ဂိုးသွင်းလိုက်တဲ့ သူက မပျော်ဘဲနဲ့ ဘာလို့ မျက်နှာကြီးအုပ်ပြီး စိတ်မ ကောင်းဖြစ်နေရတာလဲ”

မင်းခန့်လည်း ဘာဖြစ်မှန်းမသိလိုက်လို့ မပြောတတ်။ အနှေးပြကွက်နှင့် ပြန်ပြတော့မှ ကြည့်ပြီး အဖြေကိုရှင်းသွားသည်။

“ သူက ဘယ်ပျော်မလဲ မူလေးရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းလိုက်တာကိုး”

ကွင်းထဲက ကစားသမားလိုပင် မင်းခန့် အသံကလည်း ထိခိုက်ကျေကွဲနေသည်။

ဘီရိုပုလေး ရှေ့မှာ ခါးကုန်းပြီး ပစ္စည်းတွေထည့်နေသည့် ကြည်မာ့ကို မင်းခန့် နောက်က နေ စိုက်ကြည့်နေမိသည်။ ကြည်မာ ဒီနေ့ ဘောင်းဘီရှည် ဝတ်လာသည်။

ဂျင်းသားထူထူ သည် ကြည်မာ၏ ပြည့်ဖြိုးမှုကို ဖိနှိပ်လို့ မထားနိုင်။ မင်းခန့် ရှေ့မှာ တမင်လာလုပ်ပြနေ သည့်ပမာ မြင်ကွင်းက ကြည့်ကောင်းလွန်းသည်။ ခါးကိုင်းလိုက်သည့် အခါ အင်္ကျီကတို သွားပြီး ဂျင်းဘောင်းဘီ အပြင်ကိုထိုးထွက်နေသည့် အညိုရောင် အတွင်းခံ အပေါ်ပိုင်း ထွက်လာသည်။ အတွင်းခံ သားရေကြိုးနားတွင် အပေါက်လေး နှစ်ပေါက်ပေါက်နေပြီး အောက်က ကြည်မာ့ အသားဝါဝါလေးကို  မြင်နေရသည်။

မင်းခန့် ဒီနေ့ ဆေးရုံက ဆင်းခွင့်ရပြီ ဖြစ်သည်။ မနေ့ကထဲက ကြိုပြောလိုက်လို့ ကြည်မာ ခပ်စောစောရောက်လာသည်။ ဒါပေမယ့် ထုံးစံ အတိုင်း ဆရာဝန်ကြီးကို စောင့်ရလို့ နောက်ကျရပြန်သည်။

“ စက္ကူအိတ် နဲ့ ထည့်ထားတာက လျှော်ထားတာတွေ၊ မလျှော်ရသေးတာက ကျွတ်ကျွတ် အိတ်နဲ့ ထုပ်ထားတယ်”

မတင်တင်အုန်းက ကြည်မာ့ကို ကူညီနေသည်။ မင်းခန့်ကတော့ ဘာ လုပ်ရမှန်း မသိလို့ ဒီတိုင်းထိုင်နေမိ၏။ အဝတ်တွေက အဟောင်းနဲ့ အကောင်းရော နေ သော် လည်းနောက် ဆုံးကျတော့ ကြည်မာယူလာသည့် မြွေအရေခွံ အိတ်ထဲကို အကုန် ပေါင်းပြီး ရောက်သွား သည်။ မင်းခန့် ဘေးမှာတော့ လက်ကိုင်အိတ်နှင့် ဆေးရုံက စာရွက် စာတမ်း တွေ ထည့် ထားသော ကျွတ်ကျွတ် အိတ်ကြီးတလုံးကို မမအုန်း လာချပေးထား သည်။ နောက် သုံး ရက် အကြာမှာ တခေါက်လာပြရဦးမည်ဖြစ်သည်။ သူတို့ စိတ်တိုင်းကျရင် တော့ နောက် ထပ်လာစရာ မလိုတော့ဟုပြော၏။

“ ကဲ ပြီးပြီ”

ကိုယ်ကိုပြန်မတ်ရင်း အောက်ကိုလျှောနေသည့် ဘောင်းဘီကို ကြည်မာပြန်ဆွဲတင်သည်။ ပြည့်ဖြိုးသည့် တင်ပါးကြီးတွေခံနေလို့ အောက် ကိုလျောမည့် ပုံတော့မရှိပါ။ အကျင့်ပါ နေလို့ သာ လုပ်လိုက်တာမျိုးဖြစ်မည်။

“ ကျန်တာတွေကတော့ မမအုန်း တို့ပဲ ယူထားလိုက်တော့၊ နောက်တခါ ဘာမှ မပါဘဲ လာ တက်တဲ့ လူနာရောက်လာရင် အသုံးဝင်တာပေါ့”

“ ရှင့် မျက်နှာသုတ်ပဝါနဲ့ သွားပွတ်တံ တွေတော့ ယူသွားပါတော်၊ ကျုပ်လက်ဆောင်ပေါ့၊ ရှင့်ပိုက်ဆံ နဲ့ဝယ်ထားတဲ့ လက်ဆောင်တွေ ..ဟဲ ..ဟဲ”

ကြည်မာ့ ရှေ့က မြွေအရေခွံ အိတ်ထဲကိုပဲ ပေါင်းထည့်လိုက်ရပြန်သည်။ ဆပ်ပြာနှင့် ဆပ် ပြာခွက်ပါ မတင်တင်အုန်းက ထည့်ပေးလိုက်သည်။ ကျန်ပစ္စည်းတွေ ထားပစ်ခဲ့မည်ဆိုတာ ကို ကြည်မာသိပ်သဘောတွေ့ပုံမပေါ်ပါ။ ဒါပေမယ့် ဘာ မှတော့ ဝင်မပြော။ မင်းခန့် စိတ် အတိုင်းဆိုရင် အဝတ်အစားတွေတောင် ယူမသွားချင်ပါ။ မ ချို ဆိုသည့် အမျိုးသမီး၏ အ ဝတ်တွေဆိုလို့ သာပြန်ယူခြင်း ဖြစ်သည်။ မင်းခန့် ကိုယ်ပေါ် မှာလည်း ပန်းအိဖြူ ပိုင်တာဆို လို့ အတွင်းခံတွေပဲ ရှိသည်။ ဒါတွေကိုတောင်မှ ကြည်မာက အင်တင်တင်နှင့် ယူလာပေး ခြင်းဖြစ်သည်။

“ ငါ ဘာမှ မထိဘူးနော်၊ အရင်ဆုံး တွေ့တာတွေပဲ ယူလာတာ၊ ဟိုအမ ပြောလိုက်တဲ့ အ တိုင်း ဘရာသုံးထည်နဲ့ ဘောင်းဘီတထည် ကွက်တိပဲ”

လာပို့သည့်နေ့က မင်းခန့် ပေးလိုက်သည့်သော့ကို ပြန်ပေးရင်း ပြော၏။

“ ဟုတ်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

ကျေးဇူးတင်စကားကို မကြားသလိုလုပ်ပြီး တဖက်ကိုလှည့်သွားသော ကြည်မာ့ကို နား မလည်သော်လည်း ဒီတိုင်းပဲ ထားလိုက်ပါသည်။ မချိုကို ပေးထားသည့် ကတိအတိုင်းလုပ်နေခြင်းသာဖြစ်ပြီး သူမကိုယ်တိုင်ကတော့ ပန်းအိဖြူနှင့် မပတ်သက်လို ဆိုသည့် သ ဘောကို ပေါ်လွင်အောင်လုပ်နေခြင်း လို့တော့တွေး မိသည်။

အခုလည်း ဆင်းရတော့မည်ဆိုတော့ ကြည်မာ ဝဋ်ကျွတ်ပြီးဟု ထင်ထားပုံရသည်။ ရောက် တာနှင့် ပြန်ဖို့ သာတပြင်ပြင်လုပ်နေ၏။

“ ဆရာအောင်ဇင်လတ်နဲ့ မူလေးကိုလဲ ပြောလိုက်ပါ။ နှုတ်ဆက်သွားပါတယ်လို့”

“ အင်း ..အင်း ...မူလေးကို မနက်က တခါထဲ မနှုတ်ဆက်ခဲ့ဘူးလား”

“ ဆက်ပြီးပြီလေ၊ အခုထပ်ပြောတာ၊”

“ ပြောလိုက်မယ်၊ ပြောလိုက်မယ်၊ ရှင်မရှိရင် ကျုပ်တော့ပျင်းနေတော့မှာပဲ၊ ရှင်က တခါတခါ သိပ်ရယ်ရတာ”

နော်မြင့်မြင့်မူ နှင့် မတင်တင်အုန်း ကို မင်းခန့်တကယ်ကျေးဇူးတင်ပါသည်။ ပန်းအိဖြူ ဘဝ မှာ အသားမကျသည့် အတွက် မင်းခန့် အိုးနင်းခွက်နင်း ဖြစ်သမျှ သူတို့ သည်းခံခဲ့ရသည်။ ချစ်စရာကောင်းသည့် မူလေးကိုတော့ မင်းခန့် မကြာမကြာသတိရနေမိဦးမည်။ စိတ် လွတ် ပြီး ဟိုကိုင်ဒီကိုင် လုပ်မိတတ်တာတွေကို စိတ်ထဲ ဘယ်လိုနေမည် မသိသော်လည်း မင်း ခန့် ဆင်ခြေပေးသမျှကို လက်ခံပြီး ပြုံးနေတတ်သည့် မိန်းကလေးကိုအမြဲ အ မှတ် ရနေ မည် ဖြစ်သည်။

“ မပန်းအိ တကယ်သွားတော့မယ်ပေါ့၊ နောက်တခေါက်ပြန်မလာနဲ့ နော်၊ ပြန်လာရင်လည်း ကြောက်အောင်မလုပ်နဲ့”

တွန်းလှည်းပေါ်မှာ သတိရလာတုန်းက ကြောက်ကြောက်ရွံ့ရွံ့လေး ရောက်လာခဲ့သည့် ဆ ရာမလေး ကလည်းဝင်လာပြီးနှုတ်ဆက်သည်။ ခါးနည်းနည်းတုတ်သော်လည်း ချစ်စရာကောင်းသည့် ဆရာမလေးကို မင်းခန့် အားပါးတရပြုံးပြလိုက်မိသည်။ ပန်းအိဖြူ အနေနှင့် မဟုတ်ဘဲ မင်းခန့် အနေနှင့် သာဒီမှာ ဆေးရုံလာတက်လို့ကတော့ ဒီက ဆရာမလေးတွေ နှင့် ပွဲကြီးပွဲ ကောင်းပဲဟုလည်း မချင့်မရဲ  ဖြစ်ရသည်။

“ ကဲ ..သွားမယ်လေ ..အိဖြူ”

ပြန်ချင်စိတ်စောနေပုံရသည့် ကြည်မာက အိတ်ဆွဲပြီးခြေလှမ်းပြင်သည်။ မင်းခန့်လည်း ဆေးစာတွေထည့်ထားသည့် အိတ်ကြီးနှင့် လက်ကိုင်အိတ်ကို ဆွဲပြီး နောက်က လိုက်ရ သည်။

“ ဟဲ့ ..ဟဲ့၊ ဒီမှာ ဖိနပ်ကျန်ခဲ့ပြီ”

မမအုန်းက ကုတင်အောက်မှ ဖိနပ်ထုပ်ကို သတိတရဆွဲထုတ်လာသည်။ ကြည်မာက တော့ အခန်းပြင်ရောက်သွားလေပြီ။ ဖိနပ်ကို လှမ်းယူပြီး အိတ်သုံးလုံးနှင့် ကသောင်းကနင်း ဖြစ်နေသည့် မင်းခန့်ကိုကြည့်ပြီး မမအုန်းရယ်သည်။

“ မသက်ပြင်းကတော့ လုပ်တော့မယ်၊ ဟိုအိတ်က လွယ်လိုက်လေ၊ လက်မြောက်လိုက်၊ အင်း ..ရပြီ”

မိန်းမတွေလို လက်ကိုင်အိတ်လွယ်လေ့ မရှိသည့် အတွက် လက်ထဲမှာဒီတိုင်းပဲ ကိုင်ထား မိသည်။ ဆေးစာရွက်တွေထည့်ထားသည့် အိတ်က ပေါ့ပေမယ့် အကြီးကြီး ဆိုတော့ ဖိနပ် ထုပ်ပါယူလိုက်သည့် အခါ လက်ရှုပ်သွားခြင်းဖြစ်၏။ အိတ်ကို လွယ်လိုက်မှ အဆင်ပြေသွား သည်။

“ ကျုပ်အောက် အထိလိုက်ခဲ့ပါဦးမယ်တော်”

ဆေးရုံအဝ အထိ မမအုန်းလိုက်ပို့သည်။ ဓါတ်လှေခါးထဲက ထွက်လိုက်သည်နှင့် လူတွေ ရှုပ်ထွေးနေသည့် ဆေးရုံမြင်ကွင်းကို မြင်လိုက်ရသည်။ ဒီလိုမြင်ကွင်း မျိုးမမြင်ရတာကြာပြီဆိုတော့ မင်းခန့် မျက်လုံးထဲမှာ ဆန်းနေသည်။ ကြည်မာကတော့ရှေ့ကနေသုတ်သုတ် သွားနေ၏။ နောက်ကနေခပ်နှေးနှေးလိုက်နေသည့် မင်းခန့်ကို သိပ်ကြည်ဟန်မတူ၊ နေ ကောင်းခါစ ဖြစ်လို့သာ သည်းခံနေပုံရသည်။

မင်းခန့် ကလည်း ကြည်မာ့ကို မျက်ခြည် အပြတ်မခံနိုင်ပါ။ ကြည်မာ မပါရင် ဘယ်ကိုသွား ရမည် ဆိုတာ မသိပါ။

“ ကားငှားလိုက်ပါလား”

“ နင်က သူဌေးလား၊ ဒီအချိန် ကားချောင်ပါတယ်၊ မတွေ့ဘူးလား”

မှတ်တိုင်ဆီဦးတည်သွားနေသည့် ကြည်မာ့ကိုမရဲတရဲပြောလိုက်တော့ကြည်မာ လက်မခံ ပါ။ မိန်းမ အဝတ်အစားတွေနှင့် ဘတ်စ်ကားတိုးစီးဖို့ မရဲပေမယ့် ခုချိန်မှာ ကြည်မာ့ကို လွန်ဆန်လို့ မဖြစ်နိုင်သည့် အတွက် စိတ်လျှော့လိုက်ရသည်။ မင်းခန့် ဟု ဘယ်သူမှ သိကြမှာ မဟုတ်လို့ ဖြေရ၏။ မင်းခန့် ဆိုသူတယောက်က လွန်ခဲ့သောရက် အတန်ကြာကကွယ်လွန်သွားခဲ့ ပေပြီ။

“ ချောင်တယ်တော့၊ မြန်မြန်လာ အိဖြူ”

ဘောင်းဘီရှည်ဝတ်ထားသည့် ကြည်မာက ဖျိုးဖျိုးဖျပ်ဖျပ် တက်သွားပေမယ့် မင်းခန့်က ကားခြေနင်းခုံပေါ်ကို ခြေထောက်ချက်ချင်းတင်လို့ မရ။ ထမိန်က တုပ်နေသည်။

“ လာလာ ညီမလေး”

သန်မာသောလက်တဖက်က မင်းခန့် ခါးကိုဖက်ပြီးဆွဲတင်လိုက်သည်။ စပယ်ယာတွေက ဒါမျိုးဆိုရင် အလွန်ကူညီချင်ကြ၏။ အပေါ်ရောက်တာတောင် ကျေးဇူးရှင်က ရုတ်တရက် မလွှတ်၊ မင်းခန့်က မသိချင်ယောင်ဆောင်ပြီး ကြည်မာထိုင်နေသည့် ဖက်ကို အတင်းတိုး သွားတော့မှ လွှတ်ပေးလိုက်သည်။

နေ့ခင်းလူရှင်းသည့် အချိန်ဆိုတော့ နှစ်ယောက်တွဲခုံမှာနေရာရ၏။ တက်ဆိုလို့သာ တက် လာရသည်။ ဘာကားမှန်း ဘယ်ရောက်မှန်း မင်း ခန့် မသိပါ။ ကြည်မာနှင့် ပန်းအိဖြူတို့ နေ ကြသည့်အိမ်ဆိုတာကိုရောက်မှပဲ နေရာသိမည့် ဘဝ ဆိုတော့ မင်းခန့် ငြိမ်ပြီး လိုက် လာခဲ့ သည်။ ကြည်မာကလည်း စကားမပြော မင်းခန့် ကားခ ထုတ်ပေးတာကို တချက်လှည့် ကြည့်ပြီး သူမဖာသာ ပြတင်းပေါက်ဖက်ကိုငေးနေ သည်။  ကားခကလည်း ပုံသေ ဖြစ်နေ တာ ကံကောင်းသွားသည်။ မှတ်တိုင်အလိုက် ကား ခဖြတ်သည်ဆိုရင်ဘယ်မှတ်တိုင် ဆင်းမယ်ပြောရမှန်း မင်းခန့် မသိပါ။

ကားထွက်လာတော့ ကြည်မာကလည်း ငြိမ်နေသလို မင်းခန့်လည်း အလိုက်တသိ ငြိမ်နေ မိသည်။ ဒီကားကြီးက မသိခြင်းတွေဆီသို့ မင်းခန့်ကို ဆောင်ယူသွားနေသည်ဟု စိတ်ထဲ မှာ ခံစားနေရသည်။ ဘယ်ကိုမှန်းလည်း မသိ၊ ဘာတွေဖြစ်လာမည် မှန်းလည်း မသိနိုင်ပါ။ တမလွန်ဟုယူဆရသည့် နေရာမှာတုန်းက မြူတွေကြားမှာ သွားရသည့် ခရီးကို ပြန်အ မှတ် ရမိ သည်။ အဲဒီတုန်းကလည်း အခုလိုပင် ဘာမှန်းမသိဘဲ ရွေ့လျားနေခဲ့ရသည်။

ဆေးရုံမှာတုန်းက မင်းခန့်၏ အသိုက်အဝန်းက ကျဉ်းကျဉ်းလေးပဲဖြစ်သည်။ ဆရာဝန် တ ချို့နှင့် သူနာပြုဆရာမတွေ၊ ခနတဖြုတ်လာတတ်သည့် ကြည်မာ။ ဒါပဲရှိ၏။ အခုတော့ ကျယ်ဝန်းသည့် လောကသစ်တခုထဲကို တိုးဝင်ရတော့မည် ဖြစ်သည်။ အဲဒီမှာ ပန်းအိဖြူ ကို သိကြသူတွေ အများကြီးရှိလိမ့်မည်။ မင်းခန့် ကတော့သူတို့ကို တယောက်မှ မသိပါ။

တွေးရင်း နှင့် ရင်လေးလာ၏။ ဆေးရုံက ဆင်းလာမိတာကို နောင်တရချင်သလိုလို ဖြစ် လာသည်။ မဆင်းလို့လည်းမရတော့ နေလို့လည်းကောင်းနေပြီ။ ဆက်ပြီးပေကပ်နေရင် ဟို မျက်နှာကျောတင်းညီအမနှင့် ပြောဆိုရင်ဆိုင်နေဦးမည်။

ညတုန်းကဆိုရင် မင်းခန့် ကောင်းကောင်းအိပ်လို့ မပျော်။ ဆေးရုံကဆင်းလာပြီးရင် ဘာ တွေ ဖြစ်လာမလဲ ရင်ထဲမှာတထင့်ထင့်နှင့် ဖြစ်နေသည်။ ပန်းအိဖြူ ဆိုသည့် မကြည်လင်သူပေါသည့် ကောင်မလေး၏ ဘဝကို ဆက်ခံရေးသည် တကယ်ကိုခက်ခဲမည် ဆိုတာမင်း ခန့် တွေးကြည့်လို့ရသည်။ အကြောင်းတခုခု ရှာပြီး ဆေးရုံမှာပဲ နေဖို့ စဉ်းစားကြည့်သေး ပေမယ့် ဟိုညီအမ၏ မခံချင်စရာ အပြောအဆိုလုပ်ရပ်တွေပြန်မြင်ယောင်ပြီး အကောင် အထည် မဖေါ်ဖြစ်တော့။ကြံဖန်ပြောရရင် ဆေးရုံမှာနေခဲ့တာ မင်းခန့် အတွက် တမျိုးကောင်းသည်။ ဘယ်လိုရှိ မှန်း မသိသည့် ပန်းအိဖြူ၏ ဘဝထဲကို ချက်ချင်းလက်ငင်းဝင်သွားရမည့် အဖြစ်ကလွတ်ခဲ့၏။

ယောက်ျားတယောက်လို အပြောအဆိုအနေ အထိုင်မျိုး မပေါ်အောင်ထိန်းချုပ်ဖို့ အလေ့ အကျင့်လုပ်ခွင့်ရခဲ့သည်။အဖြစ်မှန်ပေါ်ပေါက်သွားမှာကို မင်းခန့် အလွန်ကြောက်ပါသည်။ မင်းခန့် ဆိုသည့်ကောင် တကောင် ပန်းအိဖြူဆိုသည့် မိန်းကလေး ဖြစ်သွားကြောင်း တခြား သူတွေသာ သိသွားမည် ဆိုပါက မင်းခန့် နောက်ထပ် ဆယ်ခါလောက်ထပ်သေလိုက်ဖို့ပဲ ရှိတော့သည်။ ဒီ ကြောက်စိတ်ကြောင့်ပဲ မင်းခန့် စိတ်နဲ့ကိုယ်ကို အတတ်နိုင်ဆုံးထိန်းချုပ် နေ နိုင်ခဲ့သည်။

ဒါတောင်မှ မူလေး နှင့်ဆိုရင် စိတ်ကလွတ်ချင်သေးသည်။ ကောင်မလေး က တမျိုးမ တွေးလို့ တော်သေး၏။ဆေးရုံတက်နေသည့် ကာလတွေက မင်းခန့် အတွက် အကျိုးမယုတ်ပါ။ အ နည်းဆုံးတော့ ထမိန်ကို အတော်အသင့် သေသေသပ်သပ် ဝတ်တတ်သွားသည်။ ဝတ် ခါ စက ဇောက် ထိုးဝတ် မိသလို အပေါ်ကညီပြီး အောက်နားကမညီ၊ အောက်နားညီပြန် တော့ အပေါ်က လွဲနှင့် ဖြစ်ခဲ့၏။ မမအုန်း ဆိုရင် တဟားဟားနှင့် ရယ်နေတတ်၏။ မြင်ဆ ရာမ လေး မြင့် မြင့်မူ ကြောင့်သာနောက်ပိုင်းမှာ အဆင်ပြေသွားခြင်းဖြစ်သည်။ အမြဲလိုလို ဘရာစီယာ တထည်ဖြင့် ရင်ကိုစည်းထားရခြင်းကိုလည်း စိတ်ထဲမှာ မထားပဲ အမှတ်တမဲ့နေနိုင် သွား သည်။ ဘရာ စီ ယာဝတ်တာချွတ်တာကတော့ အခက်အခဲမရှိပါ။ မင်းခန့်ရှေ့ မှာ မိန်းမ တွေ အကြိမ်ကြိမ် သူတို့ အတွင်းခံတွေကို ချွတ်ခဲ့ကြသည်။ဝတ်ခဲ့ကြသည်။

မင်းခန့် ကိုယ် တိုင် သူတို့ကို အခါခါချွတ် ပေးဖူးသည်။ဝတ်ပေးဖူးသည် မဟုတ်ပါလား။ကားပေါ်မှာကြည်မာ စကားတခွန်း နှစ်ခွန်းပဲ ပြောသည်။ ဒါတောင်မှ မင်းခန့်ကို မကြည့်ဘဲ မျက်နှာ မသိမသာလွှဲပြီးပြောခြင်း ဖြစ်၏။

“ မနေ့ က မချို ဖုန်းဆက်တယ်၊ နင် ဆေးရုံက ဆင်းရတော့မယ်လို့ ပြောလိုက်တယ်၊ သူလဲ အဆင်ပြေပါတယ်တဲ့”

“ နောက်ဆက်ဦး မှာလား”

စိတ်လှုပ်ရှားစွာ နှင့် မေးလိုက်မိသည်။ မင်းခန့် နှင့်သာဖုန်းဆက်တုန်းတိုးပါက မင်းခန့် ဘာ ပြောလို့ ပြောရမှန်း သိမှာ မဟုတ်ပါ။ တကယ်လို့ နောက်တခါဆက်ရင် ကြည်မာ ရှိသည့်အချိန်မှာ ဆက်ပါစေဟု စိတ်ထဲက ကြိတ်ပြီးဆုတောင်းနေမိသည်။ ကိုယ် မသိသည့်လူတ စိမ်းတယောက်၏ နေရာတွင် ဟန်ဆောင်ဝင်နေရမည့် အရေးသည် တွေးကြည့်လေ ခက် ခဲ လေဖြစ်လာသည်။ နောက်ပြီး ယောက်ျားတယောက်လဲ မဟုတ်ပြန်။ မကြည်လင်သူတွေ ပေါ သည့် မိ်န်း မငယ်လေး တယောက်နေရာမှာ ဘယ်လောက်အထိ အဆင်ပြေအောင်ကပြနိုင် မည် ဆိုတာက မင်းခန့်၏ ကံတရား နှင့်လည်း ဆိုင်သည်။ ကံကြမ္မာ ဆိုတာကလည်း အခုချိန် မှာ မင်းခန့် အကြောက်ရွံ့ ဆုံးနှင့် မယုံကြည်နိုင်ဆုံးသော အရာဖြစ်လို့နေ၏။

“ အဆင်ပြေရင် ဆက်မယ်တဲ့၊ ရောက်ခါစဆိုတော့ သူအပြင်ထွက်ဖို့ မလွယ်ဘူးထင်တယ်၊ ဟန်းဖုန်း တွေဘာတွေ ကိုင်နိုင်ရင်တော့ ဆက်မှာပေါ့၊ သူက နင့်ကို စိတ်ပူနေတာ”

ဒါလောက်ပဲ ပြောပြီး ထပ်မပြောတော့။ ပြတင်းပေါက်ကနေ အပြင်ကို ငေးပြီးနေ ပြန်သည်။ ကြည်မာ ငြိမ်သက်နေတော့ မင်းခန့်လည်း ငြိမ်သက်နေရသည်။ ကားပြတင်းမှာ တရိပ်ရိပ်ဖြတ်သန်းသွားနေသည့် အပြင်လောက ကိုတောင်မှ ကြည့်လိုစိတ် မရှိတော့ပါ။ မျက်စိကို မှိတ်ပြီး ထိုင်ခုံနောက်မှာ မှာခေါင်းတင်ပြီး လိုက်လာခဲ့တော့၏။ နာရီဝက်လောက်ကြာတော့မှ  ထိုင်ခုံကျဉ်းကျဉ်းလေးမှာ မင်းခန့်နှင့် လူချင်းပူးမိနေ သည့် ကြည်မာ၏ ပေါင်တံနှင့် တင်ပါး အိ အိကြီးတွေ လှုပ်ရှားသွားလို့ သူမကိုကြည့်လိုက်သည်။ ကြည်မာ ထဖို့ ပြင်နေခြင်းဖြစ် သည်။

“ ဆင်းမယ်လေ၊ ဘာလုပ်နေတာလဲ”

“ ဟင် ..အင်း ..ရောက်ပြီလား”

“ ကားပြောင်းစီးရမယ်လေ၊ နင်ကလဲ ကြောင်တောင်တောင် နဲ့”

တက်လာခါစ ထက်နည်းနည်းပိုကြပ်သည့် ကားပေါ်ကနေ တိုးဝှေ့ဆင်းခဲ့ပြီး အောက်ကို  ရောက်တော့ မြို့သစ်တခုကို ရောက်နေမှန်းသိလိုက်ရသည်။ မညီမညာပေါက်ပြဲနေ သည့် လမ်း

 တွေ၊ အနက်ရောင်ရေညစ်တွေနှင့် လမ်းဘေးကအိုင်တွေမြောင်းတွေ နှင့် ပျားအုံတခု လို တရွရွ လူတွေ။ ပန်းအိဖြူနေတာ ဒီလိုနေရာမှာလားဟု မင်းခန့် သက်ပြင်းချလိုက်မိ သည်။ လိုက်လာခဲ့ ပြီးမှတော့ ရွေးချယ်ရန် မရှိတော့ပါ။ ရှေ့ကိုပဲ ဘယ်လို ရလဒ် ရောက်လာသည် ဖြစ် စေ ဆက်တိုးရပေ တော့မည်။

...........................................................................

အခန်း - ၃ (ဃ)

ခြံက ကျဉ်းကျဉ်းလေး ဖြစ်သည်။ ဆယ်ပေ၊ ဆယ့်နှစ်ပေ လောက်ပဲ ရှိမည့် အိမ်ကုပ်ကုပ် လေး ၏ တဖက် တချက်တွင် သုံးပေ စီလောက်ပဲ ပိုမည်ထင်သည်။ ပေနှစ်ဆယ်ကွက် ဖြစ်ရမည်ဟု ပွဲစားမျက်စိနှင့် သုံးသပ်လိုက်မိ၏။ ခြုံနွယ်တွေနှင့်  ခြံစည်းရိုးမှာ ဆေးအပြာ ရောင်လွင့်ပျယ်နေသည့် သစ်သားတံခါးလေး တချပ်နှင့် ပိတ်ထားသည်။ အိမ်ရှေ့ခန်းကတံခါးနှင့် သံဆန်ကာတွေကလည်း အပြာရောင်ဖြစ်သည်။ ပျဉ်တွေကိုတော့ ရေနံသုတ် ထား၏။ နည်းနည်းဟောင်းနေသည့် သွပ်မိုးက နိမ့်လို့ အပြင်ကကြည့်လိုက်ရင် အိမ်ထဲမှာမှောင်နေ သယောင်ထင်ရသည်။ ခြံစည်းရိုးနှင့် အိမ်ကြားမှာတော့ မလေးရှားပိတောက်ပင် တပင် ရှိသည်။

အိမ်ရှေ့ မျက်နှာချင်းဆိုင်မှာတော့ ခြံသုံးလေးကွက်စာလောက်လွတ်နေပြီး ရေညှိရောင် ထနေသည့် ရေအိုင်တွေရှိ၏။ အကြောင်းကြောင်းကြောင့် အဆောက်အဦး လာမဆောက်သေးတာဖြစ်မည်။ ဟိုဖက်လမ်းကို တောင် တိုးလျှိုပေါက်မြင်နေရသည်။

လှေခါးထစ်ကလေးတွေကို နင်းတက်သွားသည့် ကြည်မာ့တင်ပါးဝိုင်းဝိုင်းတွေနောက် ကို လိုက်ရင်း ဒီနေရာမှာ နေရတော့မည် ဆိုတာကို စိတ်မှာထူးဆန်းနေ၏်။ သော့ ပွင့်သွားသည်နှင့် မင်းခန့်လည်း နောက်က လိုက်ဝင်လိုက်သည်။ အိမ်ရှေ့ခန်းမှာ ဘုရား စင်သေး သေးလေး တခုနှင့် ကြမ်းပြင်မှာ ခင်းထားသည့် ဖျာလေးတချပ်ရှိသည်။ ဒါဧည့် ခန်း ပဲဖြစ်မည်ထင်သည်။

ဧည့်ခန်း နှင့် နောက်ဖေးခန်းကြားမှာ စင်္ကြ ံလမ်းကျဉ်းလေး တခုရှိ၏။ ထိုလမ်းလေးအတိုင်း ကြည်မာဝင်သွားတော့ လိုက်သွားရင်း အိပ်ခန်းကန့်လိုက်လို့ ဒီလို ကျဉ်းသွားတာဟု သိလိုက် သည်။ အိပ်ခန်းက တံခါးရွက် တောင်မရှိပေ။ အဝါရောင်လိုက်တာ ထူထူ တခုနှင့် ကာ ထား၏။ အခန်းမီးကို ကြည်မာဖွင့်လိုက်တော့ နံရံတဖက်တချက်စီမှာ ကပ်လျက်ချ ထားသည့် အိပ် ယာ နှစ်ခုကိုမြင်ရသည်။ ပန်းအိဖြူ၏ အိပ်ယာ ဘယ်ဟာဖြစ်မလဲ ဆို တာမင်းခန့် အပြင်း အထန် စဉ်းစားရတော့သည်။

ထိုအချိန်မှာကြည်မာက အိမ်ရှေ့ဖက်အခြမ်းက အိပ်ယာဘေးမှာလက်ထဲက အိတ်ကို ဘုတ်ကနဲ ပစ်ချလိုက်တော့ အနောက်ဖက် အခြမ်းက အိပ်ယာသည် ပန်းအိဖြူဟာ ဖြစ် မည်ဟု မင်းခန့်တွက်လိုက်သည်။ ဒါပေမယ့် ကြည်မာက အနောက်ဖက်က အိပ်ယာ ဆီ ကို ဆက်သွားပြီး ခြေပစ်လက်ပစ် ထိုင်ချလိုက်တာကို မြင်လိုက်ရသည်။ ဒါဆိုရင် ကြည် မာအိတ်ချထားသည့် နေရာက ပန်းအိဖြူ၏ နေရာဆိုတာ သေချာသွားသည်။

အားအင်သိပ်မပြည့်ဝသေးသည့် အချိန်မှာ ကားအကြာကြီးစီးခဲ့ ရလို့ မင်းခန့်လည်း ပင် ပန်း နေသည်။ ထို့ကြောင့် ဒီဖက်က အိပ်ယာပေါ်မှာ အသာဝင်လှဲလိုက်သည်။

“ အုပ်ထားတာ မဖယ်တော့ဘူးလား”

“ ဟင့်အင်း ..ပြီးမှ”

ကြည်မာ ဘာမှမပြောတော့ဘဲ အခန်းထဲကနေထွက်သွားသည်။ နောက်ဖေးဖက်က အိုးသံ ခွက်သံတွေလိုလို ကြားရပြီးနောက် ကြည်မာပြန်ဝင်လာသည်။ ဒီတိုင်း ပြန်ဝင်လာတာမ ဟုတ် အင်္ကျီကြယ်သီးတွေကို ဖြုတ်ရင်း ဝင်လာခြင်းဖြစ်သည်။ တင်ကားပေမယ့် ကြည်မာ့ ရင်သားကတော့ သာမန်ပဲဖြစ်ကြောင်း မင်းခန့် မြင်လိုက်ရသည်။ မူလေး ထက်ကြီး လည်း နည်းနည်းပေ။ချက်ကလေးက တော့ တော်တော်နက်၏ ။ဗိုက်ခေါက်နည်းနည်း ရှိတာ ကြောင့်လည်း ဖြစ်နိုင်သည်။

အင်္ကျီကြယ်သီးတွေဖြုတ်ပြီးနောက် ဘောင်းဘီ အပေါ်ဆုံးကြယ်သီးကို ဖြုတ်သည့် အခါ မင်းခန့် အသက်ရှူရပ်သွား၏။ ဇစ်ကိုဆွဲချပြီးသည့် အခါမှာတော့ မင်းခန့် ကိုကျောပေးပြီးဘောင်းဘီကို တွန်းချလိုက်သည်။ အညိုရောင်ပင်တီလေးက အသားမှာကပ်ပြီးပြောင် လက်နေသည်။ ဂျင်းဘောင်းဘီ ဖယ်လိုက်တော့မှ ကြည်မာ့တင်ပါး ပိုကြီးလာသလိုပင်။ မင်းခန့်ဂယောင်ကတန်း နှင့် တံတွေးမြိုချလိုက်ရသည်။ ပင်တီကို ချွတ်ဦးမလားဟု စောင့် ကြည့်နေသေးသော်လည်း ကြည်မာက ခြေရင်းက တန်းမှာ လှွှားထားသည့် ထမိန်ကို ယူ ဝတ်ပြီးမှ ပင်တီကို ချွတ်တာကြောင့် မင်းခန့် စိတ်ပျက်သွားရသည်။ အင်္ကျီချွတ်လဲသေး ပေမယ့် အဝါရောင်ဘရာစီယာလေးက ကြည်မာ့ရင်သားတွေကို လုံလုံခြုံခြုံ ကာကွယ် ထား နိုင်သည်။

မှန်းချက်နှင့် နှမ်းထွက် မကိုက်သည့် အခါ မင်းခန့် အားလျှော့ပြီးပြန်မှိန်းနေလိုက်သည်။ ကားစီးလာလို့ မင်းခန့်က ညောင်းနေသော်လည်း ကြည်မာကတော့ ဘာမှဖြစ်ပုံမရပါ။ အဝတ်လဲ ပြီးတာနှင့် ခေါင်းရင်းဖက်က ပြတင်းပေါက်ကို သွားဖွင့်ပြီး မီးခလုပ်ကို ပြန် ပိတ် လိုက်သည်။ ကြည်မာပြန်လှည့်အလာမှာ မင်းခန့်က လှဲနေရာကနေပြီး အညောင်းပြေအောင် ဘေးနံရံက ကြွက်လျှောက်တန်းပေါ် ခြေထောက်ကို မြှောက်တင်လိုက်၏။ အရင် က လည်း ခြေညောင်းရင် မင်းခန့် ဒီလိုပဲ လုပ်တတ်သည်။

ခြေမြှောက်လိုက်တော့ ထမိန်က ပေါင်တဝက်လောက်အထိလျှောကျလာလို့ လက်နှင့် ဖိ ထားလိုက်ရသည်။ ဖြူဖွေးသည့် ပန်းအိဖြူ၏ ပေါင်တံတွေကို အကြည့်လွှဲထားမိသည်။

“ အိဖြူ အဲဒါ ဘာလုပ်တာလဲ”

“ ညောင်းလို့လေ”

“ အဲလိုလုပ်ရ တယ်လို့ နင့်ကို ဆရာဝန်တွေပြောလိုက်လို့ လား”

“ အင်း”

စိတ်ဝင်စားသွားပုံရသည့် ကြည်မာ့ ကိုကြည့်ရင်း သူမ၏ အကြောင်းကို သိလာသလိုလို ရှိ သည်။ ပန်းအိဖြူက ကြည်မာ့စိတ်ကို သိချင်မှသိမည် မင်းခန့် ကတော့ခန့်မှန်းနိုင်သည်။

ဒီ ကောင်မလေးက ရိုးသားသည်။ အခုလည်း မင်းခန့် ခြေထောက်ကို နံရံမှာတင်ပြီး ငြိမ်နေ တာကို စိတ်ဝင်တစား ကြည့်နေရှာသည်။ ဒီလို မိန်းကလေး နှင့် ပန်းအိဖြူ မတည့်ဘူးဆို ခြင်း မှာ အကြောင်းအရာတွေ အများကြီး ရှိနိုင်၏။

နည်းနည်း အညောင်းပြေသလို ဖြစ်သွားလို့ ခြေထောက်ကို ပြန်ချလိုက်တော့မှ ကြည်မာ အပြင်ကို ပြန်ထွက်သွားသည်။ နောက်ကလိုက်ကြည့်ချင်ပေမယ့် ကြည်မာကြိုက်မကြိုက်

မကျိန်းသေတာကြောင့် ကိုယ့်ဟာကိုယ်ပဲ အနားယူနေရင်း မင်းခန့် အိပ်ပျော်သွားသည်။ နိုးလာလို့ ဘေးကိုကြည့်လိုက်တော့ သူမ၏ အိပ်ယာပေါ်မှာထိုင်ပြီး ခေါင်းဖြီးနေသည့် ကြည်မာ့ကို တွေ့လိုက်ရသည်။

ကြည်မာ အဝတ်အစားလဲ ထားသည်။ အခုနက အဝတ်တွေနှင့် မဟုတ်တော့။ မျက်နှာပေါ် မှာ မိတ်ကပ်တင်ထားပြီး နှုတ်ခမ်းနီဆိုးထား သည်။ မျက်လုံးမှာလည်း အရောင် တွေဆိုးထား ၏။သေသေချာချာပြင်ဆင် လိုက်တော့ လည်း ကြည်မာ ရုပ်ရည် မဆိုး ဟု မင်းခန့် တွေ့လိုက်ရ၏။ ကလေးဆန်သည့် မျက်နှာပေးပျောက်သွားပြီးချောမွေ့သည့် မိန်းမပျိုတယောက်၏ အသွင်ကိုဆောင်နေ၏။

“ နင် ရေတွေဘာတွေချိုးချင်ရင် မချို စည်ထဲကချိုးလိုက်၊ တဝက်လောက်ကျန်သေးတယ်၊ နင့်စည် ထဲမှာတော့ ရေမရှိတော့ဘူး”

ကြည်မာဘာတွေပြောနေသလဲ ဆိုတာမင်းခန့် မသိပါ။ သိချင်တာကိုပဲ မေးလိုက်မိသည်။

“ ဘယ်သွားမလို့လဲ”

“ အလုပ်လေ”

“ အော် ..ဘာအလုပ်တုန်း”

လက်ထဲက ဘီးကို ပစ်ချလိုက်ပြီး မင်းခန့်ဖက်ကို လှည့်လာသည်။

“ သိပ်ကြားချင်တယ်ဟုတ်လား၊ နင်ပြောနေကျ သမာအာဇီဝ မဟုတ်တဲ့ အလုပ်လေ၊ နင် ဘာပြောပြောငါဂရုမစိုက်ဘူးဆိုတာ သိသားနဲ့ ဇာတ်လမ်းပြန်စ မလာနဲ့ဟာ”

“ မဟုတ်ဘူးလေ၊ ငါ ..က”

တအိမ်ထဲတူတူနေသူချင်း ဘာအလုပ်လဲဆိုတာမေးစရာမလိုပါ။ စကားမှားသွားပြီဆိုတာ သိလို့ မင်းခန့်တောင်းပန်ဖို့ ကြိုးစားပေမယ့် စိတ်ဆိုးနေပုံရသည့် ကြည်မာ့ အသွင်ကိုကြည့် ပြီး စကားမဆက်နိုင်တော့။ ပန်းအိဖြူနှင့် ကြည်မာကြားမှာ အလုပ်နှင့် ပတ်သက်သော အ ကျိတ် အခဲလည်းရှိနေပုံရသည်။

ကြည်မာ ထရပ်လိုက်တော့ မင်းခန့်လည်း ထလိုက်မိသည်။ ကြည်မာဝတ်ထားသည့် အ ဝတ် အစားနှင့် အင်္ကျီပေါ်က ရင်ထိုးတံဆိပ်ကို မြင်မှ ကြည်မာ ဘာအလုပ်လုပ် သည် ဆိုတာကို မင်းခန့် ရိပ်မိသွားသည်။ ကြည်မာက အရက်ကုမ္ပဏီမှ အရောင်းမြှင့်တင်ရေး ဝန် ထမ်းတယောက်ဖြစ်ရမည်။ ဒါကြောင့် ကြည်မာဝတ်ထားသည့် ယူနီဖေါင်းကို မြင်ဖူးသလိုလို စိတ်မှာထင်ခဲ့ မိသည်။

ခပ်တိုတို စကပ်၏ စည်းနှောင်မှုအောက်တွင် ကြည်မာ့တင်ပါးတွေက အစွန်းကုန်ဖူးပွင့် ဖူး ကြွရွ နေကြသည်။ ကြည်မာ့ အစားမင်းခန့် ရင်လေးလာမိသည်။ ကြည်မာက စားသောက်ဆိုင်တွေမှာ အရက်လိုက်ရောင်းရသည်။ အရက်လေး တပုလင်းရောင်းရဖို့ အတွက် အရက် ငှဲ့ပေးရသည်။ ဆိုဒါစပ်ရေခဲရော လုပ်ပေးရသည်။ ဒီလိုနေရာမျိုးတွေမှာ လူတရာမှာ ကိုးဆယ် လောက်က မူးနေကြသူတွေ။ သွေးဆူနေကြသူတွေ။ ဒီလိုလူစားတွေ အတွက် ကြည်မာ့တင်ပါးတွေက အကောင်းဆုံးမြည်းစရာ၊ ပြစ်မှား စော်ကားချင်စရာ ဖြစ်နေလိမ့် မည်။

အနည်းဆုံးတော့ ဝိုင်းကိုခေါ်ပြီး ရစ်ကြမှာမလွဲ။ အရက်ရောင်းရဖို့ အတွက်သားပြော မယားပြောတွေလည်း ကြည်မာခံရရှာမည်။ မင်းခန့် လည်း ဒီအထာတွေလုပ်ခဲ့ ဖူးတော့သိ နေသည်။ မူးမူး နှင့် ရစ်ခဲ့ဖူး ရိသဲ့သဲ့ လုပ်ခဲ့ ဖူးသည့်  အရောင်းမိန်းကလေးတွေထဲမှာ ကြည် မာ တောင်ပါနိုင်သည်။

အိပ်ခန်းထဲက ထွက်လာသည့်ကြည်မာ့နောက်ကနေမင်း ခန့် ယောင်ချာချာပါလာ၏။ အိမ် ၀ ရောက်တော့ ဖိနပ်ချွတ်မှာ ချထားသည့် ဗူးထဲက ဒေါက်ဖိနပ်တရံ ယူစီးရင်းကြည်မာမော့ ကြည့် သည်။ မျက်နှာ ထားက စောစောကလောက် မတင်းမာတော့။

“ နင်တံခါးတွေ သေသေချာချာ ပိတ်ပြီးမှ အိပ်နော်”

ကြည်မာတို့ အလုပ်မျိုးက မိုးချုပ်ညဉ့်နက်သည် အထိနေရမှန်း မင်းခန့်သိပါသည်။ စေတ နာ စကားဆိုတော့ ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး အာမခံလိုက်၏။

“ အေးပါ၊ ငါသေသေချာချာ ပိတ်ပါ့မယ်”

ကျော့ကျော့လေး ထွက်သွားသည့် ကြည်မာ့ကို နောက်ကနေလိုက်ငေးပြီး မမြင်ရတော့မှ မင်းခန့် အိမ်ထဲပြန်ဝင်ခဲ့၏။ ကြည်မာ မှာခဲ့သလိုပင် တံခါးကို သေသေချာချာ ဂျက်ထိုးပြီးပိတ်လိုက်သည်။ စိတ်ချအောင် အပေါ်ရောအောက်ပါ ဂျက်နှစ်ခုလုံး ထိုးထားလိုက်သည်။ ပန်းအိဖြူ၏ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်လို့ကတော့ နောက်မှကြည်မာ့ကို လှည့်ပတ်မေးရတော့မည်။

တယာက်ထဲကျန်တော့မှ မင်းခန့် စိတ်ထဲ နည်းနည်းလွတ်လပ်သွားသလိုပင်။ ဆရာမ အ တန်း ထဲကထွက်သွားလို့ စိတ်ပေါ့ပါးနေသည့် ကျောင်းသားတယောက် မမာခံစား ရသည်။

အိမ်ရှေ့ ဖိနပ်ချွတ်လေးက စပြီး အိမ်အခြေအနေကို လှည့်ပတ်ကြည့်ဖြစ်သည်။ ဖိနပ်ချွတ် မှာ အမည်းရောင် ကျွတ်ကျွတ် အိတ်ကြီးနှင့် အုပ်ထားသည့် စင်လေးတခုကို တွေ့လို့ အိတ်ကို ဖယ်ကြည့်လိုက်ရာ အဆင့်နှစ်ဆင့်ပါသော စင်ကလေးမှာ ဖိနပ်တွေ အများကြီး တွေ့ရသည်။ ရေကြည့်တော့ အားလုံး ခြောက်ရံ။ အားလုံး ခွာမြင့် ဖိနပ် တွေ ဖြစ်ပြီး အနိမ့် ဆုံးကလက်နှစ်လုံးနီးပါးတော့ ထူ၏။ အရွယ် အစားကို ကြည့်ပြီး ဘယ်သူ၏ ဖိနပ်တွေ ဆိုတာ မင်းခန့် သိလိုက်ပါသည်။ ဆေးရုံက ပါလာသည့် အိတ်ကို ဖြေပြီး အထဲက ဖိနပ်ကို စင်ပေါ်ပြန်တင်ထားလိုက်၏။

ရှင်းလင်းသောဧည့်ခန်း၏ ထိပ်မှာ ဘုရားစင်ရှိ၏။ ဘုရားစင်မှာ ဆင်းတုတော် မရှိပေမယ့် ဘုရားကားချပ်တခုကို သပ်သပ်ရပ်ရပ် ထောင်ထားသည်။ ပန်း အိုးထဲက ဇော်စိမ်း ပန်း တွေက စိမ်းလန်းနေသလို သန့်သန့် ရှင်းရှင်း သောက်တော်ရေ ခွက် တွေကိုလည်း မြင်ရ သည်။ ပန်းအိဖြူ၏ ထိန်းသိမ်းစောင့်ရှောက်မှု မဖြစ်နိုင်မှန်း မင်း ခန့် အ လိုလိုသိသည်။ မချိုနှင့် ကြည်မာကြောင့်ပဲဖြစ်လိမ့်မည်။ ကြုံခဲ့ရသည့် အတွေ့ အကြုံ တွေ အရ ပန်းအိဖြူ သည် ဘုရားတရားနှင့် သိပ်ပြီးနီးနီး စပ်စပ် နေမည့် မိန်းကလေးမျိုး မဟုတ် နိုင်ပါ။

ဆေးရုံမှာ တုန်းက မူလေးကို ပါးစပ်ထဲရှိတာ လျှောက်ပြောခဲ့တာ တကယ်မှန်နေသည်။ ဒီ အိမ်လေးထဲမှာ ရုပ်မြင်သံကြားစက်မရှိပါ။ ကက်ဆက်လိုမျိုး၊ စီဒီ ပလေယာ လိုမျိုးတောင်မရှိ။ အလွန်ပင် ရိုးရှင်းသည့် အိမ်ဖြစ်နေသည်။ ဖြစ်ကတတ်ဆန်း နေတတ်သည့် မင်းခန့် ဆီမှာတောင်မှ တီဗွီ လေးတလုံး နှင့် တရုတ်ဒီဗီဒီ စက်တလုံးရှိသည်။

မီးဖိုခန်းထဲမှာတော့ ပန်းကန်စင်ပေါ်တွင် အိုးခွက်ပန်းကန် အချို့ နှင့် စားပွဲဝိုင်းသေးသေး လေး တခု ကြမ်းပြင်ပေါ်မှာချထားသည်။ မီးဖိုကတော့ သုံးဖိုတောင်တွေ့သည်။ လျှပ်စစ် မီးဖိုတခု၊ မီးသွေးမီးဖို တခုနှင့် ဂက်စ် မီးဖိုလေးတလုံး။ ဂတ်စ် ဘူးသေးသေးလေး ထည့်ပြီးသုံး ရသည့် အိတ်ဆောင်မီးဖိုမျိုး။ မင်းခန့်လည်း အိမ်မှာသုံးဖူးသည်။ ဘယ်ဟာတွေကဘယ်သူ့ ဟာမှန်းတော့ မခွဲခြားတတ်။ သူတို့မှာက ကန့်သတ်ချက်တွေရှိတော့ ကြည်မာ လာမှပဲ မေး ကြည့်ရဦးမည်။

ရေကိစ္စကြည်မာ ပြောသွားတာသတိရလို့ နောက်ဖေးတံခါးကို သွားဖွင့်ကြည့်မိသည်။ အိမ် နောက်ခြမ်းကတော့ အိမ်ရှေ့ထက်စာရင် ကျယ်သည်လို့ ဆိုနိုင်သည်။ အိမ်နောက်ဖေးအ ဆင်း ရေကပြင်လိုလေး နားတွင် ကျောက်ပြားကြီး တချပ်နှင့် အတူ စီတန်းပြီး ရှိနေသည့် ရေတိုင်ကီ အသေးသုံးခုကို တွေ့လို့ မင်းခန့် ပြုံးလိုက်မိ၏။ တိုင်ကီ နှစ်လုံးက အပြာရောင်ပလပ်စတစ်တွေ ဖြစ်ပြီး တခုကတော့ သံတိုင်ကီ ဖြစ်ပြီး ရေအပြည့်နီးပါးရှိသည်။ ခြံစည်း ရိုးမှာကပ်ပြီး ထရံတချပ်ထောင်ထားတာတွေ့ရသည်။ မိန်းကလေးတွေနေတာဆိုတော့ ရေချိုးသည့် နေရာကို အကာအကွယ်လုပ်ထားတာပဲဖြစ်ရမည်။ ဒါပေမယ့် ဝါးထရံက ဆွေးမြေ့ ပေါက်ပြဲနေပြီး နွယ်တွေတောင်တက်နေ၏။

နောက်နားခပ်ကျကျက အိမ်သာကိုမြင်တော့မှ ကိစ္စတခုရှင်းဖို့ မင်းခန့် သွားသတိရသည်။ အိမ်ရှေ့က ဖိနပ်သွားပြန်ယူလာပြီး အိမ်သာဆီကို လာခဲ့၏။ သွပ်မိုးသွပ်ကာ အိမ်သာလေးက လုံလုံခြုံခြုံတော့ ရှိပါသည်။ အိမ်သာပေါ်မှာ ထိုင်ချလိုက်ပြီးမှ အိမ်သာထဲမှာ သန့်ရှင်း ရေး လုပ်စရာ ဘာတခုမှ မရှိတာမြင်ပြီးခေါင်းနားပန်းကြီးသွား၏။ ရေအိုးရေခွက်လဲမရှိ ရေဘုံဘိုင်လဲ မရှိ။ တစ်သျှူးတွေ ဘာတွေလဲ မတွေ့ရ။ မင်းခန့် က အခုထိ ဘေးနှုတ်ခမ်း သားတွေ မစိုအောင် မပေါက်တတ်သေးပါ။ ထွက်ကျမလာအောင် အားတင်း ထိန်း ပြီး အထဲက ပြန်ထွက်လိုက်မှ အိမ်သာရှေ့မှာ အမဲရောင် ရေပုံးလေးတပုံးတွေ့သည်။ ပုံးထဲ မှာ ပလပ်စတစ်ခွက်တခွက်ရှိ သော်လည်းရေမရှိ။ ဖြစ်နိုင်ချေကို မင်းခန့် ချက် ချင်း သ ဘောပေါက်သွားပါသည်။  

“ ဟာ ...ဒီ သောက် မိန်းမတွေကတော့”

မကျေမချမ်းရေရွတ်လိုက်ပြီး ရေတိုင်ကီတွေဆီ ပြေးလာခဲ့၏။ ပလပ်စတစ်တိုင်ကီ နှစ်လုံး မှာ တလုံးက ရေဖင်ကပ်ပဲ ရှိသည်။ ဒါက ပန်းအိဖြူဟာဖြစ်မည်။ အလယ်က ပလပ်စတစ်စည်မှာတော့ ရေတဝက်ရှိ၏။ ကြည်မာပြောသွားသည့် မချို၏ ရေစည်ဖြစ်မည်။ ဒါကြောင့် ခပ်မြန်မြန်ပင် ပုံးထဲကို ကဲ့ထည့်လိုက်ပြီး အိမ်သာဖက်ကို ပြန်ပြေးလာခဲ့သည်။ ကိစ္စပြီးလို့ပေါ့ပေါ့ ပါးပါးဖြစ်သွားသည့် တိုင်အောင် အိမ်သာရေသုံးဖို့ကိုတောင် သူ့ဟာကိုယ့်ဟာ စ နစ်တကျ လုပ်ကြသည့် ပန်းအိဖြူနှင့် ကြည်မာတို့ တသိုက်အပေါ် အမျက်က မပြေချင်သေး။ ကိုယ့်ကိုယ်ကို မိန်းမ ကျမ်းကျေလှပြီဟု ထင်ထားရာမှ သူမသိသည့် ကိစ္စတွေအများ ကြီး ရှိသေးပါလားဟုလည်း တွေးမိလာသည်။

စိတ်ပျက်လက်ပျက်နှင့် မင်းခန့် အိပ်ခန်းထဲ ရောက်လာပြီးခွေမိပြန်သည်။ စနစ်တကျ ခင်း ကျင်းထားတာ မဟုတ်လို့ အိပ်ရတာလည်းစိတ်ထဲမှာ အဆင်မပြေဟု ထင်မိပြီး ပြန်ထ ကာအိပ်ယာကိုနေရာတကျလုပ်ရ သည်။ အပေါ်မှာဖုံးထားသည့် စောင်ကြမ်းကြီးကို ဘေး ဖယ်ချလိုက်သော အခါ သပ်သပ်ရပ်ရပ် စီထပ်ထားသည့် ခေါင်းအုံးနှင့် စောင်ကိုတွေ့ ရ သည်။ ခြင်ထောင်လဲ ခေါက်ထား၏။ ပန်းအိဖြူက ကြည်မာ နှင့် ကွာခြားသည်။ ကြမ်းပြင် ပေါ် မှာပဲ အိပ်ကြရတာချင်း တူတူ ကြည်မာက ဂွမ်းကပ် ပါးပါးလေး တခုသာ ခင်း ထားပြီးသူမ ကတော့မွေ့ယာနှင့် ဖြစ်သည်။ ခေါင်းအုံးနှင့် ခွခေါင်းအုံး ကလည်းငှက် မွေး သွပ် နိုင် ငံခြားဖြစ်တွေ သုံးသည်။ စောင်ကလည်းနုအိချောမွေ့နေ၏။ ဒါလည်း အကောင်း စားပဲဖြစ်ရမည်။

“ ခင်ကြီးကျယ် နဲ့လာတိုးနေပါလား”

အိပ်ယာပေါ် ပြန်လှဲချရင်းတီးတိုးပြောလိုက်မိ၏။ ပန်းအိဖြူ ဒီလိုကြီးကျယ်တော့လည်း မင်းခန့် ကောင်းကောင်း အိပ်ရသည်လို့ပဲ သဘောထားလိုက်ပါတော့သည်။

“ တယ်ဟုတ်ပါလား”

ခြေရင်းဖက်က ဘီရိုကိုမြင်ပြီးပြောမိသည်။ သံပိုက်လုံးကိုယ်ထည်ပေါ်မှာ အဝတ်နှင့် အုပ် ထား ပြီး ဇစ်ဆွဲဖွင့်ရသည့် အဝတ်ဘီရိုဖြစ်သည်။ ဘေးမှာလည်း ဘီးတပ်သား ရေအိတ်အမာ တလုံးချ ထား၏။ အိတ်က နည်းနည်းကြီးသည်။ နှစ်ခုလုံးသော့  ခတ်ထားတာမြင်ရလို့ ကြည်မာပြန်ပေး ထားသည့် သော့ကိုအိတ်ထဲက ယူပြီးဖွင့်ကြည့်လိုက်မိသည်။ ဒီအိမ်မှာခွဲ ခြားထားသည့် စည်း ကမ်းချက်တွေရှိပေမယ့် ဒါတွေကတော့ ပန်းအိဖြူဟာတွေ ဖြစ်မယ် ဆိုတာသေချာလို့ မင်းခန့် ရဲရဲတင်းတင်း ဖွင့်ကြည့်ခြင်း ဖြစ်ပါသည်။

ဘီရိုထဲမှာ အဝတ်အစားတွေအပြည့်ရှိသည်။ တန်းက ချိတ်တွေမှာ ဆင့်ပေါ်မှာ ရောင်စုံအ ဝတ် အစားတွေ ပြည့်နေသည်။ အလယ်ဆင့် ပေါ်က ပလပ်စတစ်ခြင်းလေးထဲမှာလည်းအ တွင်းခံတွေ အပုံလိုက်ရှိသည်။ မင်းခန့် မိန်းမတွေကို စိတ်ဝင်စားပေမယ့် အဝတ်အစား အ ကြောင်းကိုတော့ သိပ်နားမလည်ပါ။ စိတ်လည်းမဝင်စား။ သူစိတ်ဝင်စားတာကမိန်းမတွေ ၏ အဝတ်မဲ့သော ကိုယ်သာဖြစ်သည်။ ဒါပေမယ့် အခုမြင်နေရတာတွေကတော့ ဒီရပ် ကွက်၊ ဒီအိမ်နှင့် မတန် အောင် တန်ဖိုးကြီးသည့် အဝတ်အစားတွေ ဆိုတာအမြင်နဲ့ပင် မှန်းမိသည်။ ဒါဆိုရင် ဆေးရုံမှာ တုန်းက အပေါစားဖန်စီ တွေဟု ထင်ခဲ့သည့် နားဆွဲ နှင့် လက်ကောက်သည် တန်ကြေးတခုတော့ ရှိနိုင်၏။ ဒါပေမယ့် မင်းခန့် ကတော့ဆေးရုံက ဆင်းမည့် မနက်က မူလေးကို လက်ဆောင်အဖြစ်ပေးပစ်ခဲ့သည်။

ဒီလို မျိုးတွေ ဝယ် နိုင်အောင် သုံးနိုင်အောင် ပန်းအိဖြူ ဘာလုပ်သလဲဆို တာသိချင်လာ သည်။ အိမ်ကထွက်ပြေးပြီး သူငယ်ချင်းတွေနှင့် လာနေသော သူဌေးသမီး လည်းဖြစ်ချင်ဖြစ်လိမ့်မည်။ ဒါပေမယ့် ချမ်းသာ သည့် မိဘ အသိုင်းအဝိုင်းရှိလျှင် သေလုမျောပါး ဖြစ်သည့် အချိန်မှာ ပစ်ထားကြမည် မဟုတ်။ ဆေးကုပေးခဲ့သည့် မမြတ်စုတို့ ညီအမသည်ပန်းအိဖြူ နှင့် တစုံတရာပတ်သက်နေ သလားဟု ထပ်တွေးမိပြန်သည်။

“ တော်ပြီ ဒါတွေစဉ်းစားလို့ ဗိုက်မဝဘူး၊ အချိန်တန်ရင် အဖြစ်မှန်ပေါ်လိမ့်မယ်”

မသိတာတွေကို ကြံဖန်စဉ်းစား မနေတော့ဘဲ သားရေသေတ္တာကို ဖွင့်ကြည့်သည်။ ဖွင့် လိုက် တာနှင့် အဝတ်တွေကိုပဲ မြင်ရသည်။ ဒါလောက်တောင်များတဲ့ အဝတ်အစားတွေကိုဘယ်နှစ် ထည်ရှိသလဲ ဆိုတာပန်းအိဖြူ တောင်သိချင်မှသိလိမ့်မည်။ ဒါကြောင့်လည်း ကြည်မာက ဇယားမရှုပ်စေရန် သေတ္တာတွေကို မဖွင့်လိုဟု ငြင်းခဲ့တာဖြစ်မည်။

“ ပိုက်ဆံ ပြတ်လို့ကတော့ အကုန်ရောင်းစားပစ်မယ်”

စိတ်ထဲက ကြိမ်းဝါးလိုက်ပြီး သေတ္တာကို ပြန်ပိတ်လိုက်သည်။ ဒီသေတ္တာအခွံတောင် တော် တော် တန်ကြေးရှိသည်။ သူခိုးဈေးနှင့် ရောင်းရင်တောင် တသောင်းခွဲ နှစ်သောင်းလောက်ရနိုင်သည် ဟု ထင်၏။ အပြင်က ဖိနပ်တွေလည်း ရှိသေး၏။

“ အား ...ဆာတောင်ဆာလာပြီ”

ဒီကိုရောက်ကထဲက ရေတောင်မသောက်ရသေးတာ မင်းခန့် အခုမှ သတိရသည်။ မီးဖိုခန်း ထဲ မှာတော့ သောက်ရေအိုး တလုံးတွေ့ခဲ့သည်။ ဘယ်သူ့ဟာလဲတော့မသိ။ တခွက် လောက်နှင့် တော့ ဘယ်သူမှ မသိနိုင်ဟု ဆုံးဖြတ်ပြီး ရေသွားသောက်ကာ ညနေစာ အ တွက်စဉ်းစားရ သည်။ ဆေးရုံမှာတုန်းကတော့ မမအုန်းတို့ မူလေး တို့က စီစဉ်ပေးသည်။ လက်ကျန်အချိုရည် တွေမုန့်တွေ ထားပစ်ခဲ့တာ အခုမှ နောင်တရ၏။ ပါလာရင် ညနေစာ အတွက်ခေါင်းစားစရာ မလိုပါ။ မီးဖိုခန်းထဲမှာ ဟင်းချက်စရာတချို့တွေ့သော်လည်း မထိရဲပါ။ ထိရဲရင်လည်း မင်းခန့် က ဘာမှဟုတ္တိပတ္တိ ချက်တတ်တာမဟုတ်။

ကြည်မာနှင့် ဒီကို အလာတုန်းက လမ်းမှာ ဘာဆိုင်မြင်ခဲ့သလဲဟု ပြန်စဉ်းစားကြည့် မိ သည်။ လမ်းထိပ်နားမရောက်တရောက် တွင်စတိုးဆိုင်တခုရှိ၏။ အဲဒီမျက်စောင်းထိုးတွင်အသုတ် ဆိုင်လိုလို မုန့်ဟင်းခါးဆိုင်လိုလို တခုတွေ့သည် ဟုပြန်မြင်ယောင်လာသည်။ စတိုးဆိုင်မှာ တော့ ပေါင်မုန့် ကိတ်မုန့် နှင့် အချိုရည်လောက်တော့ရနိုင်သည်။ နာရီ ကို ကြည့်လိုက်တော့ လေးနာရီ ထိုးဖို့ ငါးမိနစ်။ လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ရှည် လေး ကို ဆွဲယူလိုက်သည်။ အကျွမ်းတဝင် မရှိသည့်နေရာတွင် အပြင်ကို စောစောထွက်တာ ကောင်း၏။

အိမ်ဝမှာ ထမိန်ပြင်ဝတ်ရင်း တံခါးလက်ကိုင်ကွင်းမှာ ချိတ်ထားသည့် သော့ခလောက်ကို မြင်မှ သော့တွဲကို သတိရပြီး သွားယူစမ်းကြည့်ရာ မင်းခန့်ထင်သည့် အတိုင်း သော့အ ကြီးက အိမ် သော့ဖြစ်သည်။ သော့ခတ်ပြီး လမ်းပေါ်ကို ခေါင်းလေး မသိမသာငုံ့ပြီးတက် လာခဲ့သည်။ ပန်း အိဖြူနှင့် သိကျွမ်းသူတွေ နှင့်တိုးမှာစိုး၏။

နေ့ခင်းကတွေ့ခဲ့သည့် အသုတ်ဆိုင်လိုလို ဆိုင်လေးက မရှိတော့။ ခုံတွေတောင်ခေါက် သိမ်း ထားတာကိုမြင်ရလို့ မင်းခန့် စိတ်ပျက်သွားရသည်။ မထူးတော့ဟု လမ်းထိပ်ဖက် ကိုထွက်လာပြီး စတိုးဆိုင်ထဲပဲ ဝင်ခဲ့၏။ ဆိုင်ကပစ္စည်းစုံစုံလင်လင်ရှိပါသည်။ မုန့်တွေလဲ တွေ့ရ၏။

“ အိဖြူ ..နေကောင်းသွားပြီလား”

“ ဟုတ် ..ဟုတ်ကဲ့”

တရုတ်လူမျိုးဖြစ်ပုံရ သည့်ဆိုင်ရှင်မဝဝကြီးက ဆီးနှုတ်ဆက်သည်။

“ မနေ့က ကြည်မာဖုန်းလာဆက်တုန်းက ဒီနေ့ ဆင်းရမယ်လို့တော့ပြောသား၊ အခု ဘယ်လို နေသေးလဲ”

“ ဟုတ်ကဲ့...ကောင်းပါတယ်”

စကားဆက်ရှည်နေရမှာဖိုးလို့ ပေါင်မုန့် တထုပ်နှင့် ပိုကာတဗူး ယူပြီး ပိုက်ဆံထုတ်ပေး လိုက်သည်။ အအေးဗူးယူရင်း ဖရီဇာထဲမှာ ဘီယာဗူးတွေ ပုလင်းတွေတွေ့တော့ လည် ချောင်း  ခြောက်ပြီး ရေငတ်ချင်သလိုလို ဖြစ်လာသည်။ အရက် မဟုတ်တောင် ဘီယာ လေးတော့ အာသာပြေတဗူးလောက်မော့ရ ရင် ကောင်းမှာပဲဟု ဖြစ်လာသည့်စိတ်ကို ချိုးနှိမ်ပြီး ဆိုင်ထဲက မြန်မြန်ပြန်ထွက်ခဲ့ရ၏။

ပေါင်မုန့် တွေအချိုရည်တွေဆိုတာက ဆေးရုံမှာလည်း စားခဲ့ရတော့ သိပ်မစားချင်။ ဘာ ဝယ်ရမှန်း မသိလို့သာ ဝယ်ခဲ့ရခြင်း ဖြစ်သည်။ အချိန်ကလည်းစောသေးတော့ လမ်းမကြီး ပေါ်တက်ကြည့်လိုက်ဦးမည် ဟု အိမ်မပြန်ဘဲ ဆက်လာခဲ့သည်။ တနေရာမှာ ဒန်အိုးတွေ တပြောင်ပြောင် နှင့် ထမင်းဆိုင်လေး တခုကိုမြင်လိုက်တော့ ဝမ်းသာသွားပြီးခပ်သွက် သွက် လာခဲ့၏။

“ ဟာ …အိဖြူလေးတော့ ...ဆေးရုံက ဆင်းလာပြီလား”

ဒီနားတဝိုက်မှာ ပန်းအိဖြူက လူသိများပုံရသည်။ ထမင်းဆိုင်ရှင်အဒေါ်ကြီး ကလည်း ဝမ်းသာအားရ နှုတ်ဆက်၏။

“ ဟုတ်ကဲ့”

“ ဘာဟင်းစားမလဲ သမီး၊ ငါးပြေမ ချဉ်ချဉ်စပ်စပ် လေးလဲရှိတယ်၊ ဆိတ်ကလီစာ၊ ကြက် သား၊ ဒါက ငါးကြော်၊ ဘဲဥ ချဉ်ရည်လဲရှိတယ်”

“ ငါးကြော်နဲ့ ပဲပေးပါ”

အချဉ်အစပ် စားချင်စိတ်မရှိလို့ ငါးကြော်ပဲတောင်းလိုက်သည်။

“ ထမင်းပါ ယူမှာနော်”

“ ဟုတ်ကဲ့၊ ဒီမှာပဲစားမယ်”

“ အော် ...အေးအေး၊ ရတယ်၊ ဒေါ်ကြီးက ပါဆယ်လားလို့”

ပန်းအိဖြူကတော့ ပါဆယ်ဝယ်လေ့ ရှိပုံရသည်။ မင်းခန့်ကတော့ ဝယ်လို့ မဖြစ်။တော် ကြာ ပန်းကန်မှားပြီးထည့်စားမိရင် ကြည်မာနှင့် ရှင်းနေရဦးမည်။ ထို့ကြောင့် ရှေ့က ခုံပုလေးမှာဝင်ထိုင်လိုက်၏။ ထမင်း၊ ငါးကြော်နှင့် ချဉ်ရည်ဟင်း လာချပေးပြီးနောက် အဒေါ်ကြီးက အ နားမှာ ဝင်ထိုင်သည်။ အထူးဧည့်သည်မို့ ဧည့်ခံတာလားဟုတွေးရင်း မင်းခန့် ထမင်းစ စားလိုက်၏။

“ ဒေါ်ကြီးလည်း သတင်းမေးချင်တာ၊ ကြည်မာနဲ့ လည်းမတွေ့၊ ချိုချို ကလည်းမလေးရှား ထွက် သွားပြီဆို”

“ ဟုတ်ကဲ့”

“ ဥက္ကာ ကလည်း ဒေါ်ကြီး ဈေးသွားတိုင်းလာလာစောင့်မေးတယ်၊ ဒေါ်ကြီးလဲ ဘာမှမသိ တော့ ဘာမှ မပြောရဘူးပေါ့၊ အစာအဆိပ်ဖြစ်တယ် ဆိုတာ စတိုးဆိုင်က မအိကို ချိုချိုပြောမှ ဒေါ်ကြီးလဲ ပြန်ကြားရတာ”

“ အော် ..ဟုတ်ကဲ့”

နာမည်သစ်တခုကြောင့် မင်းခန့် ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်မိ၏။ ဥက္ကာ ဆိုသူမှာ ဘယ်သူလဲ မင်းခန့် သိဖို့ လိုကောင်းလိုပါလိမ့်မည်။ အိပ်ဆေးသောက်သည့် အကြောင်းကို လည်း အစာအဆိပ်ဖြစ်သည်ဟု ရပ်ကွက်ထဲမှာ မချိုပြောသွားတာကိုလည်း မှတ်ထားရ၏။

“ ကောင်လေးက ကွယ် ဟိုတနေ့က ဒေါ်ကြီးဆိုင် ...ဒီနား ...ဒီနား ..အထိ လိုက်လာတယ်၊ ဒေါ်ကြီးမှာ လန့်လိုက်တာ၊ အိဖြူတို့ အိမ်ဖက်လဲ ရောက်ခဲ့တယ်တဲ့၊ တော်သေးတာပေါ့ကွယ် နေ့လည်ခင်း ဆိုတော့ သမီးတို့ လမ်းထဲမှာ လဲ ငမားတကောင်ပဲ ရှိလို့၊ ဒင်း ကလဲ မူးပြီး မှောက်နေတယ်လေ”

ပြောပုံက လျှို့ဝှက်သဲဖို ဖြစ်နေတော့မင်းခန့် လည်း ထမင်းတောင် မျိုရတာ အဆင်မပြေ ပါ။ ဥက္ကာဆိုသူက ပန်းအိဖြူကို ချဉ်းကပ်နေသူလား၊ ဒါမှ မဟုတ် ပန်းအိဖြူ နှင့် တစုံတရာပတ်သက်နေသူလား ဆိုတာသိချင်စိတ်ပြင်းပြလာသည်။ စားချင်စိတ်ကုန်သွားလို့ ဇွန်းပြန် ချလိုက်တာကို အဒေါ်ကြီးကကြည့်ပြီး

“ အောင်မယ်၊ ချစ်ချစ် အကြောင်းကြားလိုက်လို့ ထမင်းတောင် မစားနိုင်တော့ဘူးလား၊ စား ပါတော် စားပါ၊ နောက်နေ့ ကျုပ်တွေ့တာနဲ့ အကျိုးအကြောင်းပြောပေးပါ့မယ်”

မစားချင်ပေမယ့် ဗိုက်ပြည့်ဖို့စားရမည် ဆိုသည့် အသိကြောင့် ငါးကြော်ကိုပဲ ဖဲ့ရွဲ့ပြီးကုန် အောင် စားလိုက်သည်။ ဥက္ကာဆိုတာ ပန်းအိဖြူ နှင့် ပတ်သက်နေသူမှန်း သေချာသ လောက်ဖြစ်သွားတော့ ပန်းအိဖြူ အိတ်ထဲမှာတွေ့သည့် ကွန်ဒွန်က အဲဒီဥက္ကာ နှင့် ဆက် စပ်နေသလားဟု တွေးမိသည်။

“ စားလို့ မကောင်းဘူးလားအိဖြူ”

“ ဟုတ်တယ် သိပ်မစားနိုင်သေးဘူး၊ ဘယ်လောက်ကျသလဲ”

“ မပေးပါနဲ့တော်၊ ဆေးရုံတက်တုန်းကလဲ သတင်းမမေးလိုက်ရဘူး၊ လက်ဆောင်လေးဘာ လေး ဝယ်မပေးလိုက်ရဘူး ကြုံတုန်း ကျွေးရတာ၊ နေပစေ၊ နောက်နေ့မှယူမယ်၊ လာဦးမယ်မဟုတ်လား၊ ဒေါ်ကြီး မနက်ဈေးသွားရင်း ဥက္ကာ နဲ့တွေ့ရင်မေးခဲ့မယ်၊ ဘာမှာမလဲလို့”

“ မဟုတ်တာပဲ ..ယူပါ”

ဘယ်လောက်ကျသလဲ မသိသော်လည်း တထောင်တန်တရွက် စားပွဲပေါ်တင်ပေးခဲ့ပြီး ပေါင်မုန့်ထုပ်ကို ဆွဲကာ မြန်မြန်ထွက်သွားလိုက်သည်။ ဆိုင်ရှင်အဒေါ်ကြီးက နောက်က နေ ဘာတွေမှန်းမသိ အော်ပြောနေသေးသော်လည်း မင်းခန့်လှည့်မကြည့်တော့ပါ။ အိမ်ကို ပြန် ရောက်တော့ တံခါးသော့ဖွင့်တာ လက်တွေတုန်နေသည်။ မောလဲမောနေ၏။ အိမ်တံခါးကို ပြန်ပိတ်ပြီးသည်နှင့် အခန်းထဲပြေးဝင်ကာအိပ်ယာပေါ်လှဲချလိုက်မိသည်။ ဘာတွေမှန်းမသိ တာတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပါမည်လားဟု ကိုယ့်ကိုယ်ကို လည်းမသေ ချာ။ ခေါင်း တွေ နောက်ကိုက်လာသည်အထိ စိတ်ရှုပ်မိရသည်။

အမောပြေသွားတော့မှ လက်ကိုင်အိတ်ကိုဖွင့်ပြီး အထဲက ကွန်ဒွန်ကို ထုတ်ယူကာ အိမ် သာထဲ သွားပစ်ချလိုက်၏။ လွှတ်ပစ်ဖို့ လက်ထဲကိုင်သွားရတာကိုတောင် မင်းခန့် ရင် ထဲမှာအော်ဂလီ ဆန်နေသည်။

...........................................................................

“ အိဖြူ ....အိဖြူ”

အိပ်ပျော်နေရာကနေ ခေါ်သံကြားပေမယ့် ကိုယ့်ကို ခေါ်သည်လို့ မထင်။ ခေါ်သံအပြင် တံ ခါး ကို လှုပ်ရမ်းသံ တဝုန်းဝုန်းထွက်လာတော့မှ ခေါင်းကကြည်သွားသည်။ ခေါ်သံက ကြည် မာ့ အသံ။ ကြည်မာ အလုပ်က ပြန်လာပြီထင်သည်။

“ လာပြီ၊ လာပြီ”

အသံပြန်ပေးရင်း ထလိုက်တော့ ထမိန်ပြေကျနေလို့ ကပျာကယာပြန်ဝတ်လိုက်ရသည်။ နောက်နေ့ တွေကျရင်တော့ဂါဝန် ဝတ်အိပ်မှဖြစ်မည်။ မီးခလုပ်က အဝင်အထွက်အပေါက် ဘေးမှာ ဆိုတော့ စမ်းဖွင့်လိုက်ပြီး အလင်းရောင်ရသည်နှင့် အိမ်ရှေ့ကို ခပ်သွက်သွက် ထွက်ခဲ့၏။ ကြည်မာပြန်လာရင် တံခါးဖွင့်ပေးရမည်ဟု ခေါင်းထဲမှာ ရှိသော်လည်း ဘယ်လိုက ဘယ်လို အိပ်ပျော်သွားသည်မသိ။ ဒါတောင်မှ မင်းခန့် တော်တော်နှင့် အိပ်မပျော်ပါ။ ညနေက ထမင်းမဝလို့ ပြန်ဆာလာတာနှင့် ပေါင်မုံ့ နည်းနည်း နှင့် အချိုရည် ထသောက် ပြီးနောက်မှ အိပ်ပျော်သွားခြင်းဖြစ်သည်။

“ နင် ..တမင် လုပ်တာ မဟုတ်လား အိဖြူ”

“ ငါ ...ငါ အိပ်ပျော်သွား”

“ အပိုတွေ၊ နင်ဘာလို့ သော့ခတ်ပေးမထားတာလဲ၊ ငါက တံခါးကိုသေသေချာချာ ပိတ်ပါလို့ ပြောမိတာနဲ့ နင် တမင်အရွဲ့တိုက်ပြီး ချက်ထိုးထားတာ မဟုတ်လား”

တံခါးကို ဒီလို မပိတ်လို့ ဘယ်လိုပိတ်ရမည်နည်း။ ဒေါသတကြီး နှင့်ကြည်မာကတော့ တံ ခါး ပွင့်သွားသည်နှင့် အိပ်ခန်းထဲကို ခြေသံပြင်းပြင်းနှင့် ဝင်သွားသည်။ မင်းခန့်လည်း တံ ခါး မြန်မြန်ပြန်ပိတ်ပြီး နောက်ကနေပြေးလိုက်သွားမိ၏။

“ ငါလဲ သတိထားရင်း အိပ်ပျော်သွားတာပါ။ ဆောရီးနော်ကြည်မာ”

“ အိဖြူ”

လက်ထဲက အိတ်ကို အိပ်ယာပေါ်ပစ်ပေါက်ချလိုက်ရင်း အော်လိုက်သောကြောင့် မင်းခန့် တောင်တုန်သွားသည်။

“ ငါ နင့် အကြောင်းကို မသိတဲ့ နလပိန်းတုံး မဟုတ်ဘူး၊ ငါမှားတယ်၊ မှားတာ၊ သေကောင် ပေါင်းလဲဖြစ်ပြီး ဆေးရုံက ပြန်လာတော့ နင်ပြောင်းလဲလာတယ်၊ တည်ငြိမ်လာတယ်ဆိုပြီး ထင်နေမိတာ။ နောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတော့မယ်လို့ စဉ်းစားထားတာ၊ နင်ဘာမှ မပြောင်းလဲ ဘူး၊ ကြည်မာ နင်စောက်တုံးမပဲ”

ဒေါသတကြီးပြောရင်း ကိုယ်ပေါ်ကအင်္ကျီကို ချွတ်ပြီး အိပ်ယာပေါ်ပစ်ချလိုက်သည်။ စ ကပ် ဇစ်ကို ဆောင့်ဆောင့်အောင့်အောင့် ဆွဲချ၏။ အောက်က ပင်တီစက ဇစ်ထဲ ဝင်ညပ် ပြီး ဆက်ဆွဲမရ။ ကိုယ်ပေါ်မှာ ဒီလောက် တင်းပြီးကပ်နေသည့် ပင်တီက ဘယ်လိုဇစ်ကြား ဝင်သွား သည်ကို မင်းခန့်လည်းနားမလည်ပါ။ ကြည်မာ့ တင်ပါးကြီးတွေက  စကပ်နှင့်လည်း ဆန့်ပုံမရပါ။ ဝင်ကူညီချင်ပေမယ့် ကြည်မာ့မျက်နှာ ထား ကို ကြည့်ပြီး ဝင်မကူရဲ။

“ ကဲ ..ဟယ် ...ကဲ ..ဟယ်”

ဆောင့်ကြီးအောင့်ကြီး ဖြင့် ပင်တီရော စကပ်ပါ အတွဲလိုက်ကြီးချွတ်ချပစ်လိုက်သည်။ ဇစ် က အပြည့်မပွင့်သောကြောင့် ကြည်မာ သူမ၏ အောက်ပိုင်း အပြင်ရောက်လာ အောင်တော်တော် အားစိုက် တွန်းလိုက်ရသည်။ ကြည်မာ့ကိုယ်ပေါ်မှာ ဘရာစီ ယာ လေးတ ထည်ကလွဲပြီး ဘာမှမရှိတော့။ ကြည်မာ့ ညီမလေးက တင်ပါးကြီးတွေလိုပင် ဖေါင်းမို့ပြီးတင်းနေသည်။ သူမနှင့် ချစ်ခွင့် ရသူအတွက် အလွန်အိစက်သော အထိအ တွေ့ ကို ပေး မည်မှာမလွဲပေ။ ကြည်မာနှင့် လက်ထပ်မည့် သတို့သားသည် ရေမြုပ်မွေ့ယာ ဝယ်ရန်မ လို၊ စပရိန် မွေ့ယာမလိုပါ။  ညီမလေးပေါ်က တောအုပ်လေးက လည်းထူထူ သိပ်သိပ်နှင့် မီး ရောင် မှာ နက်ပြောင်နေသည်။ ကြည်မာ၏ အပျိုစင် ညီမလေးကို မင်းခန့် အငမ်းမရ လိုက်ကြည့်နေမိ၏။

“ အိဖြူ ငါစိတ်တိုနေတယ်နော်၊ ငါ့ကို လာမကြည့်နဲ့”

အလွန်မြင်ချင်နေခဲ့သည့် မြင်ကွင်းကို မျက်စိရှေ့ရောက်လာပေမယ့် မင်းခန့် ဆက်ကြည့် လို့ မရတော့။ ကြည်မာ့ဒေါသကို ကြောက်တာနှင့် မျက်နှာလွှဲပြီး ကိုယ့်အိပ်ယာပေါ်မှာပဲပြန်ထိုင်ချလိုက်ရသည်။ ဝုန်းဒိုင်းနှင့် အသံတွေကြားပြီး ခနကြာတော့ ကြည်မာထမိန်ရင် လျားနှင့် မှန်ရှေ့မှာထိုင်ပြီး မျက်နှာပေါ်က မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေကို တစ်သျှူးနှင့် တိုက်ဖျက်နေတာကိုတွေ့ရသည်။ စောစောတုန်းက အဲဒီနားမှာ မှန်မရှိ။ အခုမှ တနေရာ ရာက ယူပြီး နံရံမှာ မှီထောင်လိုက်တာ ဖြစ်ပုံရသည်။

“ ဟုတ်တယ်၊ ဒါ မချိုမှန်၊ ငါ့ကိုပေးသွားတာ ဘာဖြစ်လဲ”

မင်းခန့် လှမ်းကြည့်တာကို မှန်ထဲကမြင်ပုံရသည်။ သူမဖာသာ တွေးချင်သလိုတွေးပြီး ရန် ပြန်ထောင်လိုက်သေး၏။ မင်းခန့် ပြုံးချင်လာတာနှင့် ကြည်မာ မမြင်အောင် အိပ်ယာပေါ်လှဲချပြီး ပြုံးမိသည်။ ကြည်မာနှင့် ပန်းအိဖြူဘာကြောင့် မတည့်ကြသည်ကို မင်းခန့် ရိပ်မိ သလိုလို ဖြစ်လာသည်။

ကြည်မာက ရိုးသားသော်လည်း ဒေါသကြီးသည်။ လူဖြောင့်စိတ်တို ဆိုတာမျိုးဖြစ်လိမ့် မည်။ ပန်းအိဖြူကလည်း မင်းခန့် နားလည်မိသလောက်ဆိုရင် တဇွတ်ထိုးတယူသန် နှင့်သူမ လုပ်ချင်ရာလုပ်တတ်သူဖြစ်သည်။ ကိန်းခန်းလည်းကြီးပုံရ၏။ သူတို့ နှစ်ယောက် ထိပ် တိုက် အကြိမ်ကြိမ်တွေ့ ဖူးကြပါလိမ့်မည်။ ပန်းအိဖြူ၏ စိတ်နေစိတ်ထား အခြေအနေနှင့် ပတ်သက်ပြီး မင်းခန့် ဖက်က ဘာမှ မသေချာသော်လည်း ကြည်မာ့ကိုတော့ သနားမိ သည်။ သူမ၏ အလုပ်ခွင်ဆိုတာက အလွန်စိတ်တိုစရာကောင်းသည့် အရက်သမား တွေကို သည်းခံ ဆက်ဆံရသည့်နေရာဖြစ်သည်။ တခုခု အဆင်မပြေတာရှိရင် ကြည်မာ့လို စိတ် ကြီး သည့် မိန်းကလေး တယောက်အနေနှင့် ထိန်းချုပ်ရတာ အရမ်းကို ခက်ခဲပင်ပန်းပါ လိမ့်မည်။

အခုလည်း အလုပ်မှာ စိတ်တိုစရာတခုခု ကြုံပြီးကြည်မာ ဒီလောက်အထိဖြစ်သွားတာဖြစ် လိမ့်မည်။ သူမ စိတ်ပြေသည် အထိတောင်းပန်မည်ဟု ဆုံးဖြတ်ပြီး မင်းခန့် ပြန်ထကာကြည်မာ့ နားကို တိုးကပ်သွားမိသည်။

“ အလုပ်ထဲမှာ ဘာဖြစ်လာတာလဲ ကြည်မာ၊ အရက်သမားတွေက ဘယ်လိုရစ်လိုက်လို့လဲ”

“ ဘယ်လိုမှ မရစ်ဘူး၊ ဘာမှလဲ မဖြစ်ဘူး၊ အိမ်ရောက်မှ စောက်ချိုးမပြေလို့ စိတ်တိုရတာ”

မင်းခန့် ရင်ထဲဒိန်းကနဲဖြစ်သွားသည်။ မျက်လုံးကို မှိတ်လိုက်သည့်တိုင်အောင် ရင်တွေတ လှပ်လှပ်တုန်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ ကြည်မာ့ ရန်စကားကြောင့်ဒီ လောက်ဖြစ်သွားရတာ မဟုတ်ပါ။ အမှန်မထင်ကြည့်လိုက်မိသည့် မှန်ထဲတွင် ကြည်မာ ၏ နောက်မှ ဆံပင်ညိုညို နှင့် မိန်းကလေးတယောက်၏ မျက်နှာကိုမြင်လိုက်ရသည်။ ဖြူ ဖျော့ သော မျက်နှာက ညိုးငယ် နေ၏။ မင်းခန့် အတွက်ကတော့ တစေ ္ဆ တကောင်ကို မြင် လိုက် ရ သလိုပင်။ သေဆုံးခဲ့ ပြီးပြီ ဖြစ်သော ပန်းအိဖြူ၏ မျက်နှာ ကို သူ၏ မျက်နှာလို့ မင်းခန့် ဘယ် လိုမှ လက်ခံလို့ မရပါ။

ခြေပစ်လက်ပစ်ထိုင်ကျသွားသော မင်းခန့်ကို ကြည့်ပြီး ကြည်မာ မျက်နှာလေးမဲ့ပြီး အခန်း ထဲကနေထွက်သွား၏။ ခုချိန်မှာမင်းခန့် ကြည်မာ့ကို စိတ်မဝင်စားနိုင်တော့ပါ။ ကိုယ့်ထိတ်လန့် မှုထဲမှာကိုယ်ပြန်ပြီးချာလည်လိုက်နေသည်။

“ အဓိက ကတော့စိတ်ပါပဲဗျာ”

ဘာမဆိုင်ညာမဆိုင် ဆေးရုံမှာတုန်းက ဒေါက်တာအောင်ဇင်လတ် ပြောခဲ့သည့် စကား တ ခွန်းက နားထဲကို ပြန်ဝင်ရောက်လာသည်။ မျက်လုံးကို မှိတ်ပြီးကိုယ်ဘာဖြစ်နေသလဲ ဆိုတာ သရုပ်ခွဲဖို့ ကြိုးစားကြည့်သည်။ သေဆုံးပြီးသူတယောက်၏ မျက်နှာဖြစ်နေလို့ မ ကြည့် ဝံ့တာလားဟု တွေးကြည့်၏။ သိပ်မသေချာပါ။ အများသူငါ သတ်မှတ်ချက်တွင် မင်းခန့်သာသေဆုံးသွားခြင်း ဖြစ်ပြီး ပန်းအိဖြူကတော့ အသက်ရှင်လျက်ရှိနေသေး သည်။ ပန်း အိဖြူေ သဆုံးသွားပြီဆိုတာကို မင်းခန့် တယောက်သာသိသည်။ မင်းခန့် မသေဘူးဆို တာကိုလည်း မင်းခန့် တယောက်သာသိသည်။

ရှေ့လျှောက်ရမည့် ခရီးအရှည်ကြီးရှိသေးသည်။ သွေးပျက်နေလို့ မဖြစ်။ ဒေါက်တာအောင် ဇင်လတ်ပြောသလို စိတ်က အရေးကြီးသည်။ ထိုစိတ်ကို တည်ဆောက်နိုင်ဖို့ အရေးကြီး၏။မင်းခန့် မျက်လုံးက ကြည်မာချထားခဲ့သည့် မှန်ဆီသို့ရောက်သွားသည်။ ကောက်ယူလိုက် ချင်ပေမယ့် ကြည်မာနှင့် နောက်ထပ်စကားမပြောချင်။ ပန်းအိဖြူလည်း မိန်းကလေး တယောက်ဖြစ်၏။ မှန်တချပ်တော့ ကိုယ်ပိုင်ရှိမှာမလွဲပါ။

ဟိုဟိုဒီဒီ မျက်စိကစားရင်း ခြေရင်းကသေတ္တာဘေးတွင် လေးထောင့်ခြင်းလေး တလုံးသွား တွေ့သည်။ အဖုံးပါသည့် ခြင်းလေးထဲတွင် နှုတ်ခမ်းနီ၊ လက်သည်းနီ စသည့် အလှပြင်ပစ္စည်း တွေနှင့် အလှဆီ ဗူးတွေ အမျိုးမျိုးတွေ့ရသည်။ လက်သည်းညှပ် လို တိုလီ မုတ် စတွေလည်း ရှိသည်။ မှန်တော့မတွေ့ စိတ်ပျက်ပြီး အဖုံးပြန်ပိတ်လိုက်တော့မှ ခြင်း နှင့်နံရံ ကြား တွင် ထောင်ထားသည့် လေးထောင့် အချပ်တချပ်ကို တွေ့ရသည်။ စိတ် ထင်လို့ ယူ ကြည့်လိုက်တော့ အလျားတတောင် အနံ တပေလောက်ရှိမည့် မှန်ကြီးတချပ် ဖြစ်နေ သည်။

“ နင့်ကိစ္စ တွေ မပြီးသေးဘူးလား၊ ငါပြီးရင် မီးပိတ်တော့မယ်”

ကိုယ့်စိတ်ကူးနှင့် ကိုယ်ရှုပ်နေလို့ ကြည်မာပြန်ဝင်လာတာကိုတောင် သတိမထားလိုက်မိပါ။ ခြင်ထောင်ကြိုးတွေကို ချိတ်ရင်း ပြောလိုက်သည့် ကြည်မာ့စကားကြောင့်

“ ပြီး ...ပြီးပါပြီ”



အပိုင်း (၅) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment